← Chapters

အခန်း (၅၉၅-၅၉၆)

Vol. 43 Ch. 595-596

အခန်း (၅၉၅-၅၉၆)

Vol. 43 Ch. 595-596

အခန်း ၅၉၅: သံချပ်ကာစစ်သင်္ဘောများ နောက်တစ်ကြိမ် ထွက်ခွာခြင်း

ရှောင်းယီသည် အလွန်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေသောကြောင့် သူသည် ကျွန်းပေါ်ရှိ တစ်ဦးတည်းသော SS အဆင့် အသက်ရှင်ကျန်ရစ်သူဟု ထင်ထားခဲ့ကြခြင်းဖြစ်သည်။

ယခုအခါ ရွှမ်းယွမ်ဝူဝေ့၏ကျွန်းပေါ်တွင် SS အဆင့် ကျွမ်းကျင်သူတစ်ဦး အမှန်တကယ် ရှိနေခြင်းပေလော။

သူ၏ကျွန်းသည် အလွန်သေးငယ်လွန်းပြီး ဤကဲ့သို့အဆင့်မြင့် အသက်ရှင်ကျန်ရစ်သူတစ်ယောက် မည်သို့ရှိနေနိုင်မည်နည်း။

“ကျုပ် မမှားဘူး။ သူက SS အဆင့် ကျွမ်းကျင်သူတစ်ယောက်ဆိုတာ အမှန်ပဲ။”

ရှောင်းယီက အလွန်ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်သည်။

“ဒါက ရွှမ်းယွမ်ဝူဝေ့ရဲ့ယုံကြည်ချက်ဖြစ်သင့်တယ်။”

“ဒါဆို သံချပ်ကာစစ်သင်္ဘော ရောက်လာတဲ့အထိ စောင့်ပြီးမှ ပေါက်ကွဲမှုစွမ်းအားကိုသုံးပြီး လွှမ်းခြုံပစ်လိုက်ရအောင်။ အနည်းဆုံးတော့ ဒါက SS အဆင့် ကျွမ်းကျင်သူရဲ့ စွမ်းအားကို နည်းနည်းလောက်ဖြစ်ဖြစ် လျော့ပါးသွားအောင် လုပ်နိုင်လိမ့်မယ်။”

ကျန်းရွှဲ့က အကြံပြုလိုက်သည်။

ရှောင်းယီက အနည်းငယ်ခေါင်းညိတ်လိုက်သည်။

“အင်း ငါ ရေမိုင်းတွေအားလုံးကို အရင်ရှင်းပစ်လိုက်မယ်။”

သူထိုသို့စကားပြောနေစဉ်တွင် အပျော်စီးရွက်သင်္ဘောသည် ရှေ့သို့ဆက်လက်၍ အရှိန်မြှင့်ကာ ထွက်ခွာသွားပြီး စစ်ရေးအရ ရှောင်တိမ်းမှုအနည်းငယ်ပြုလုပ်ကာ အမြောက်ဆန်အားလုံးကို သူ၏နောက်တွင် ချန်ထားရစ်ခဲ့သည်။

ကမ်းခြေမှ တိုက်ခိုက်မှုအားလုံး လွဲချော်သွားပြီးနောက် ကျိကျီယင်းသည် ချက်ချင်းပင် တိုက်ခိုက်မှုများကို ရပ်တန့်ခိုင်းလိုက်သည်။

“ဒီလိုတိုက်ခိုက်နေတာက အမြောက်ဆန်တွေကို အလဟဿဖြစ်အောင် လုပ်နေတာပဲ။ ရပ်လိုက်ကြတော့။”

“ဟုတ်ကဲ့ပါ...။ တိုက်ခိုက်မှုတွေ ရပ်လိုက်တော့။”

ရွှမ်းယွမ်ဝူဝေ့က ချက်ချင်းပင် အော်ပြောလိုက်သည်။

ကမ်းခြေမှ တိုက်ခိုက်မှုများ ရပ်တန့်သွားသော်လည်း အပျော်စီးရွက်သင်္ဘောသည် ရပ်တန့်ခြင်းမရှိဘဲ ခေါင်းကြီးချထားသော ရေမိုင်းများကို မရပ်မနားချေမှုန်းနေခဲ့သည်။ လေးတွဲသည့် အသံအနည်းငယ်မှအပ နှစ်သစ်ကူးအခါ ဗျောက်အိုးများဖောက်သကဲ့သို့ ဖြစ်နေခဲ့သည်။

ရွှမ်းယွမ်ဝူဝေ့နှင့် ခေါင်းကြီးတို့နှစ်ဦးစလုံး၏နှလုံးသားများမှာ သွေးစက်စက်ယိုနေပြီဖြစ်သည်။ ဤရေမိုင်းများသည် သူတို့အား သတ္တုနှင့်ယမ်းမှုန့်များစွာ ကုန်ကျစေခဲ့သည်။

ယီရန်ပင်း၏တိုက်ခိုက်မှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် ၎င်းတို့သည် ၎င်းတို့၏ကျွန်းအနီးတွင် ရေမိုင်းအားလုံးနီးပါးကို နေရာချထားခဲ့သည်။

ယီယန်ပင်းသာ ထိုအရာများအားလုံးကို ဖောက်ခွဲပစ်လိုက်ပါ သူတို့သည် ကြီးမားသည့်ဆုံးရှုံးမှုကြီးကို ခံစားရပေလိမ့်မည်။

သို့သော် ယီရန်ပင်းသည် သူ့အပျော်စီးရွက်သင်္ဘော၏အရှိန်ကို အသုံးချပြီး သူတို့ရှေ့တွင် ဝိုင်းပတ်နေသည်မှာ ထင်ရှားနေလေသည်။

တစ်နာရီလုံးလုံး လှည့်ပတ်မောင်းနှင်ပြီးနောက် ရှောင်းယီသည် နောက်ဆုံးတွင် ကြီးမားသောလုံခြုံရေးနယ်မြေတစ်ခုကို ရှင်းလင်းပစ်ခဲ့သည်။

“သံချပ်ကာစစ်သင်္ဘောကို လဲလှယ်တော့။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

ကျန်းရွှဲ့က ခေါင်းညိတ်လိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ချက်ချင်းပင် သံချပ်ကာစစ်သင်္ဘောများကို လဲလှယ်လိုက်လေသည်။

ဤတစ်ကြိမ်တွင် သံချပ်ကာစစ်သင်္ဘောသုံးစီးလုံးကို လဲလှယ်ခဲ့ပြီး သင်္ဘောသုံးစီးလုံးတွင် အမြောက်များနှင့် လူများ အပြည့်အဝတပ်ဆင်ထားခဲ့သည်။

ထို့အပြင် ကျန်းယွင်ထျန်း၏ လေးလေးနက်နက်တောင်းဆိုမှုကြောင့် ဤသံချပ်ကာစစ်သင်္ဘောသုံးစီးသည် ရက်အနည်းငယ်ကြာအောင် အမြောက်ဆန်များဖြင့် တိုက်ရိုက်လေ့ကျင့်ခဲ့ပြီး သုံးစွဲခဲ့သော အမြောက်ဆန်များမှာ ရှောင်းယီ၏နှလုံးသားကိုပင် အနည်းငယ်နာကျင်စေခဲ့သည်။

သို့သော်လည်း ယခုအချိန်တွင် လေ့ကျင့်ရေးအမြောက်ဆန်များ မရှိတော့ပေ။ ထို့ကြောင့် သူတို့ကို ဤကဲ့သို့သာ လေ့ကျင့်ပေးရတော့မည်ဖြစ်သည်။

အမြောက်ဆန်များဖြင့်ပစ်ခတ်လေ့ကျင့်ခြင်း အနည်းငယ်လောက်သာမရှိပါက စစ်မြေပြင်ပေါ်ရှိ တိုက်ခိုက်မှုများ၌ မည်သို့တိကျနိုင်မည်နည်း။

လက်ဖြောင့်သမားများနှင့် အမြောက်ပစ်ကျွမ်းကျင်သူများကို ကျည်ဆန်များနှင့် အမြောက်ဆန်များဖြင့် ပျိုးထောင်ထားခဲ့ရခြင်းဖြစ်သည်။

ကျည်ဆန်တစ်တောင့်ဖြင့် ရန်သူတစ်ဦးကို ဖယ်ရှားပစ်နိုင်ခြင်းသည် ၎င်း၏နောက်ကွယ်တွင် မရေမတွက်နိုင်သော ကျည်ဆန်များဖြင့် လေ့ကျင့်ခဲ့ရခြင်းဖြစ်သည်။ သို့မဟုတ်ပါက ဤစာကြောင်းသည် သီချင်းစာသားတစ်ခုသာ ဖြစ်သွားပေလိမ့်သည်။

ပင်လယ်ပြင်ပေါ်တွင် သံချပ်ကာစစ်သင်္ဘောကြီးသုံးစီး ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့၏အရွယ်အစားသည် အကြီးစားရွက်သင်္ဘောကြီးများထက် ၅၀ ရာခိုင်နှုန်း ပိုမိုကြီးမားပေသည်။

အနက်ရောက်စစ်သင်္ဘောကြီးသုံးစီးကို တွေ့လိုက်ရပြီးနောက် ရွှမ်းယွမ်ဝူဝေ့ တုန်လှုပ်သွားခဲ့သည်။

“ဒါက ဘယ်လိုသင်္ဘောမျိုးလဲ။ ငါ ဘာလို့ တစ်ခါမှမမြင်ဖူးတာလဲ။”

“သူ့ရဲ့ကုန်ကြမ်းတွေကိုကြည့်လိုက်။ အဲ့ဒါတွေက သစ်သားတွေနဲ့မတူဘူး။ အဲ့ဒါတွေအကုန်လုံးက သတ္တုတွေချည်းပဲသာဆိုရင် သတ္တုတွေ ဘယ်လောက်တောင်လိုအပ်လိုက်မလဲ။”

ခေါင်းကြီးသည်လည်း တုန်လှုပ်စွာ ပြောလိုက်မိသည်။

ထိုသင်္ဘောကြီးသုံးစီးကို မြင်တွေ့လိုက်ရပြီးနောက် ကျိကျီယင်း၏လောဘမှာ ပို၍ပင် ကြီးထွားလာခဲ့သည်။

“ဒီတစ်ကြိမ် ဒီပစ္စည်းကောင်းတွေအားလုံးကိုသာ ငါပြန်ယူသွားနိုင်ရင် ကျိမိသားစုထဲက ငါ့ရဲ့အနေအထားက ပိုပြီးမြင့်တက်လာလိမ့်မယ်။”

စစ်သင်္ဘောသုံးစီးကို ပေးပို့လိုက်ပြီးနောက် သင်္ဘောပေါ်တွင် အဖြူရောင်အလင်းတန်းများ မရပ်မနားဖြာထွက်လာခဲ့သည်။

စစ်သားတစ်ဦးချင်းစီသည် သင်္ဘောပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ ထို့နောက် ချက်ချင်းပင် ၎င်းတို့၏တာဝန်ကျရာနေရာများသို့ ပြေးသွားကြတော့သည်။

“တကယ်ကို ဇိမ်ကျတာပဲ။ ယီရန်ပင်းကို ဖယ်ရှားပြီးတာနဲ့ မြို့ပြန်ကျောက်နဲ့ ဦးတည်ချက်ကို အားသွင်းနိုင်တဲ့ ကိရိယာကို သိမ်းပိုက်ရမယ်။ ဒီလှုပ်ရှားမှုက အရမ်းအဆင်ပြေတယ်။”

ရွှမ်းယွမ်ဝူဝေ့က သူ့စိတ်ထဲတွင် တွေးလိုက်မိသည်။

ထိုစဉ် ချန်းပေါ်သည် ဘေးတစ်ဖက်မှ လမ်းလျှောက်လာခဲ့သည်။

“ဥက္ကဌ၊ သခင်လေးကျိ ကျုပ် အခြားကျွန်းခွဲရှစ်ခုကို အသိပေးပြီးပါပြီ။ သူတို့ရဲ့သင်္ဘောတွေက ကျုပ်တို့ဆီ စုဝေးလာနေပါပြီ။”

“ကောင်းပြီ သခင်လေးကျိ ဒီမှာရှိနေပြီဆိုမှတော့ သူတို့ထွက်ပြေးမသွားအောင် သေချာအောင်လုပ်ဖို့ပဲ လိုတယ်။”

ရွှမ်းယွမ်ဝူဝေ့က ပြောလိုက်သည်။

“ကျုပ်တစ်ယောက်တည်းက လူတွေအများကြီးကို မစောင့်ရှောက်နိုင်ဘူး။ သူတို့ရဲ့အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအားကို ကျုပ်ဂရုစိုက်လိုက်မယ်။ ကျန်တာတွေကိုတော့ ခင်ဗျားတို့ဘာသာ ဖြေရှင်းရမယ်။”

ကျိကျီယင်းက အကြောင်းပြန်လိုက်သည်။

“ဟုတ်ကဲ့ပါ သခင်လေးကျိ ကျန်တာတွေကို ကျုပ်တို့ ဂရုစိုက်လိုက်ပါ့မယ်။”

ရွှမ်းယွမ်ဝူဝေ့က တုံ့ပြန်လိုက်သည်။

သူတို့စကားပြောနေစဉ်အတွင်း သံချပ်ကာစစ်သင်္ဘောသုံးစီးသည် လူများဖြင့် လုံးဝပြည့်နှက်သွားခဲ့ပြီး ကမ်းခြေဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့သည်။

ရွှမ်းယွမ်ဝူဝေ့သည် သူ၏သင်္ဘောကြီးများကို စေလွှတ်ပြီး စစ်သားများ၏ တည်နေရာကူးပြောင်းမှုကို အနှောင့်အယှက်မပေးချင်ခဲ့ခြင်း မဟုတ်ပေ။ သို့သော် ၎င်းတို့အားလုံးသည် အပျော်စီးရွက်သင်္ဘော၏စွမ်းအားကို သိထားကြပေသည်။

တိုက်ခိုက်မှုကို မဆိုထားနှင့် အပျော်စီးရွက်သင်္ဘောသည် လှည့်ပတ်မောင်းနှင်ပြီး သူတို့နှင့် တိုက်မိရုံမျှဖြင့် သူတို့၏သင်္ဘောကြီးများမှာ ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ထို့ကြောင့် စစ်သင်္ဘောသုံးစီး အပြည့်အဝတပ်ဆင်ပြီး ကမ်းခြေဆီသို့ ချဉ်းကပ်လာသည်ကို မကြည့်ရက်ဘဲ ကြည့်နေခဲ့ရသည်။

“အမြောက်တပ်၊ လောက်လွှဲတပ် အသင့်ပြင်...။”

ချန်းပေါ်က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

အပျော်စီးရွက်သင်္ဘောသည် အလွန်လျင်မြန်သောကြောင့် ၎င်းကို ထိမှန်အောင် ပစ်ခတ်၍မရနိုင်ပေ။ သို့သော်လည်း ဤသတ္တဝါကြီးသုံးကောင်ကိုမူ ပြဿနာမရှိသင့်ဘူးမဟုတ်ပါလား။

ကျန်းယွင်ထျန်းသည် အလယ်ရှိစစ်သင်္ဘောပေါ်တွင် ရပ်နေခဲ့ပြီး ဝေါ်ကီတော်ကီဖြင့် အမိန့်များပေးနေခဲ့သည်။

“ဒီနေ့ လူတိုင်းရဲ့လေ့ကျင့်မှုရလဒ်တွေကို စစ်ဆေးမယ်။ သင်္ဘောတွေအားလုံး ရန်သူ့ရဲ့အမြောက်တပ်ပစ်ကွင်းထဲကို ဝင်ရောက်ပြီး နည်းဗျူဟာမြောက် ရှောင်တိမ်းခြင်း စစ်ရေးလေ့ကျင့်ခန်းတွေကို ‌ဆောင်ရွက်ရမယ်။”

“ဟုတ်ကဲ့...”

စစ်သင်္ဘောကြီးသုံးစီးသည် ကမ်းခြေသို့ ဆက်လက်ချဉ်းကပ်လာခဲ့ပြီး မကြာမီ ရန်သူ့လက်နက်များ၏ ပစ်ကွင်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။

“ပစ်....”

ချန်းပေါ်က အော်ဟစ်လိုက်သည်။

ကမ်းခြေပေါ်ရှိ လောက်လွှဲများနှင့် အမြောက်များသည် ချက်ချင်းပင် ပစ်ခတ်လိုက်ကြတော့လေသည်။

ဆွစ် ဆွစ် ဆွစ်

ကျောက်တုံးများ၊ အမြောက်ဆန်များ စသည်တို့ တစ်ခုပြီးတစ်ခု ပျံသန်းလာခဲ့ကြသည်။

“ဘေးဘက်က ရှောင်မယ်။ အလယ်က ပြန်ဆုတ်။”

ထိုအချိန်တွင် မူလက ကမ်းခြေဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာနေသော သံချပ်ကာသင်္ဘောများ သည် ရုတ်တရက် အရှိန်မြှင့်တင်လိုက်သည်။

“နွားရိုင်တွေနဲ့ဆိုတော့ အရှိန်က တကယ်ကို သိသိသာသာတိုးတက်လာတာပဲ။”

ကျန်းယွင်ထျန်းက သူ၏စိတ်ထဲတွင် တွေးလိုက်မိသည်။

ကျောက်တုံးနှင့် အမြောက်ဆန်အများစုသည် ပင်လယ်ထဲသို့ ကျသွားပြီး အနည်းငယ်သော အမြောက်ဆန်များသာ သင်္ဘောကိုယ်ထည်ကို ထိမှန်ခဲ့သည်။

ကလန်...

သတ္တုချင်း ပွတ်တိုက်သံများ အလွန်ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။

သင်္ဘောကိုယ်ထည်ကို ထိမှန်သွားသော အမြောက်ဆန်များသည်လည်း အောက်သို့ ထပ်မံလိမ့်ကျသွားခဲ့ကြလေသည်။

ထိမှန်ခံလိုက်ရသောနေရာများတွင် ပျက်စီးမှုမှာ မရှိသလောက်ပင်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ အဲ့ဒါတွေအားလုံးက သတ္တုတွေနဲ့ပြုလုပ်ထားတာပဲ။ ပြီးတော့ ဒီလိုမျိုးသင်္ဘောတွေရဲ့ခံစစ်က အံ့သြစရာကောင်းတယ်။”

ခေါင်းကြီးက အော်ဟစ်လိုက်မိသည်။

“အဲ့ဒီရေမိုင်းတွေကို အပျော်စီးသင်္ဘောနဲ့ မဖောက်ခွဲခဲ့ဘူးဆိုရင်တောင် ဒီလိုမျိုးသင်္ဘောတွေရဲ့ကိုယ်ထည်ကို ဖျက်စီးနိုင်မှုက ကန့်သတ်ချက်ရှိတယ်လို့ ခန့်မှန်းရတယ်။”

ကျန်သည့်သူများကလည်း သဘောတူညီဟန်ဖြင့် ခေါင်းညိတ်မိလိုက်ကြသည်။

“လူတိုင်းပဲ အမြောက်ဆန်တွေရဲ့ အနီးစပ်ဆုံးဆင်းသက်မယ့်နေရာကို အာရုံစိုက်ထား။ အရမ်းဝေးလွန်းနေလို့မရဘူး။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

ဤအကြိမ်တွင် အမြောက်ဆန်အများစုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း မရှောင်နိုင်တိမ်းခဲ့သော ကျည်ဆန်အချို့လည်း ရှိနေသေးသည်။

သဘာဝအတိုင်းပင် လုံးဝရှောင်တိမ်း၍မရသော အချို့လည်း ရှိသေးသည်။ အဘယ်ကြောင့်ဆိုသော် သံချပ်ကာစစ်သင်္ဘောသည် အလွန်ကြီးမားလွန်းပြီး ထိုအကြောင်းကြောင့် ၎င်း၏လှုပ်ရှားနိုင်စွမ်းကို အမြဲတစေ သက်ရောက်စေခဲ့သည်။

ဤနည်းဖြင့် ကမ်းခြေ၏တိုက်ခိုက်မှုကို သုံးကြိမ် ရန်စပြီးနောက် သံချပ်ကာသင်္ဘောများသည် ပြန်လည်ဆုတ်ခွာကာ ပင်လယ်ပြင်ပေါ်တွင် ငြိမ်သက်သွားခဲ့ကြသည်။

“သူတို့ ဘာလုပ်ကြမလို့လဲ။”

ခေါင်းကြီးသည် သင်္ဘောသုံးစီး၏လှုပ်ရှားမှုများကို မြင်လိုက်ရသောအခါ သံသယဝင်သွားခဲ့သည်။

“သူတို့က အမြောက်တွေနဲ့ ပစ်ကြတော့မှာလား။”

“ကမ်းခြေက လူတွေကို သတိထားဖို့ ပြောလိုက်။”

ကျိကျီယင်းက ပြောလိုက်သည်။

“သူတို့တွေ အမြောက်နဲ့ပစ်တော့မယ်။”

“ဒါက သိပ်တော့မမှန်ဘူး။ အကွာအဝေးက အရမ်းဝေးလွန်းတယ်။ သူတို့က ကျုပ်တို့ကမ်းခြေကို ထိမှန်အောင် ပစ်လို့မရဘူးမဟုတ်မလား။”

ခေါင်းကြီးက မယုံသင်္ကာဖြင့် ပြောလိုက်သည်။

စစ်သင်္ဘောများနှင့် ကမ်းခြေကြားရှိ အကွာအဝေးသည် ၎င်းတို့အမြောက်ဆန်၏ ပစ်မှတ်အကွာအဝေးထက် နှစ်ဆဖြစ်ပြီး အမြောက်ဆန်များသည် မည်သို့ပင်အဆင့်မြင့်မားနေစေကာမူ ဤအကွာအဝေးအတွင်းသို့ ရောက်ရှိရန်မှာ မဖြစ်နိုင်ပေ။

သူ၏စကားမဆုံးမီ စစ်သင်္ဘောသုံးစီးလုံးရှိ အမြောက်များမှ အသံများ ထွက်ပေါ်လာခဲ့သည်။

ဘုန်း ဘုန်း ဘုန်း

ထိုအသံသည် ကောင်းကင်ကိုပင် တုန်ခါသွားစေခဲ့ပြီး ကမ်းခြေပေါ်တွင် ရပ်နေသူအားလုံး အသံကြောင့် တုန်လှုပ်သွားခဲ့ရသည်။

“အရမ်းကျယ်လွန်းမနေဘူးလား။”

ခေါင်းကြီးက သူ၏နားကို ကုတ်ခြစ်ရင်း ပြောလိုက်သည်။

သူ၏စကားမဆုံးမီ ကျိကျီယင်းက ချက်ချင်း အော်ဟစ်လိုက်၏။

“အာရုံစိုက်ပြီး ပုန်းကြ။”

ရွှမ်းယွမ်ဝူဝေ့နှင့် ချန်းပေါ်တို့သည် သူ၏သတိပေးချက်ကို ကြားလိုက်ရသောအခါ အနီးရှိကဒုတ်ကျင်းထဲသို့ ခုန်ဆင်းကာ အတွင်းတွင် လဲလျောင်းလိုက်ကြသည်။

ခေါင်းကြီးသည် တဒင်္ဂတုန်လှုပ်သွားပြီးနောက် သတိလစ်သွားတော့လေသည်။

ဘုန်း ဘုန်း ဘုန်း

အခန်း ၅၉၆: အမြောက်တပ်၏စွမ်းအား၊ အရင်ဆုံး စကားပြောကြရအောင်၊ သူ့မှာ ဆေးလုံးတွေရှိတယ်

အမြဲတမ်း ရသေ့တစ်ပါးကဲ့သို့ တည်ငြိမ်ပြီး စိတ်ကိုထိန်းချုပ်နိုင်သော ကျိကျီယင်းပင်လျှင် သူ၏ပုံရိပ်ကိုင် တစ်စစီပျက်စီးခံကာ ကဒုတ်ကျင်းထဲသို့ ပြေးလွှားပုန်းအောင်းလိုက်ရသည်။

ချန်းပေါ်သည် ယခင်တိုက်ပွဲတစ်ခုတွင် အမြောက်အချို့ကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းတို့ကို ကာကွယ်ရန်အတွက် ကဒုတ်ကျင်းများဆောက်လုပ်ရန် ချက်ချင်း အကြံပြုခဲ့သည်။

အစပိုင်းတွင် ရွှမ်းယွမ်ဝူဝေ့သည် သဘာဝအတိုင်း ထိုအကြံပြုချက်ကို ဂရုမစိုက်ခဲ့ပေ။ သို့သော် ကျွန်းပေါ်တွင် ဒေသခံအကျဉ်းသားအချို့လည်း ရှိပြီး ၎င်းတို့တွင် အခြားမည်သည့်အရာကိုမျှ လုပ်စရာမရှိခဲ့ပေ။ ခေါင်းဆောင်တစ်ဦးအနေဖြင့် သူ၏လက်အောက်ငယ်သားများ အားလျားနေသည်အား မြင်နေရသည်ကို သည်းမခံနိုင်ခဲ့ပေ။ ထို့ကြောင့် သူသည် ၎င်းတို့အား ဤကဒုတ်ကျင်းကို ဆောက်လုပ်စေခဲ့ခြင်းဖြစ်သည်။

၎င်းသည် ယခုအချိန်၌ ဤမျှအသုံးဝင်လာလိမ့်မည်ဟု သူလုံးဝမျှော်လင့်မထားခဲ့ပေ။

ဘုန်း ဘုန်း ဘုန်း

အမြောက်ဆန်များသည် ကမ်းခြေပေါ်သို့ ကျရောက်သွားပြီး ပြင်းထန်သောပေါက်ကွဲမှုများကို ဖန်တီးပစ်ခဲ့သည်။

ဘာမှပြင်ဆင်ထားခြင်းမရှိသော ရွှမ်းယွမ်ဝူဝေ့နှင့် အခြားသူများသည် ချက်ချင်းပင် ၎င်းတို့၏အကြားအာရုံများကို ဆုံးရှုံးလိုက်ကြရသည်။ သူတို့၏စိတ်ထဲတွင် အတွေးတစ်ခုတည်းသာ ကျန်ရစ်ခဲ့လေသည်။

“ခေတ်မီအမြောက်ဆန်တွေက ပေါက်ကွဲနိုင်တယ်လို့ ဘာလို့ ဘယ်သူမှ ငါ့ကို မပြောခဲ့တာလဲ။”

ကဒုတ်ကျင်းထဲသို့ အချိန်မီ ပုန်းအောင်းနိုင်သူများသည် အဆင်ပြေသော်လည်း တုံ့ပြန်မှုအနည်းငယ်နှေးကွေးသွားသူများမှာ ဆိုးရွားစွာ ခံစားခဲ့ကြရသည်။

ပေါက်ကွဲမှုတစ်လှည့်ပြီးနောက် ကမ်းခြေတွင် နာကျင်စွာအော်ဟစ်ညည်းညူးနေသံများဖြင့် ပြည့်နှက်သွားခဲ့သည်။

အမြောက်ဆန်များဖြင့် တိုက်ရိုက်ထိမှန်ခံခဲ့ရသူအချို့သည် အပိုင်းပိုင်း ဖြတ်တောက်ခံလိုက်ခဲ့ရပြီး ချက်ချင်းပင် သေဆုံးသွားခဲ့ကြသည်။

ရွှမ်းယွမ်ဝူဝေ့သည် မတ်တပ်ရပ်ပြီး အပြင်သို့ချောင်းကြည့်ရန်ပင် သတ္တိမရှိခဲ့ပေ။ အကြားအာရုံ ယာယီဆုံးရှုံးသွားခြင်းသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီးနောက် အပြင်ဘက်မှ မရပ်မနားအော်ဟစ်နေသောအသံများက နေရာယူသွားခဲ့သည်။ သူသည် သူ့ဆီးအိမ်အား ထိန်းချုပ်နိုင်စွမ်းပင် ပျောက်ဆုံးလုနီးပါးဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။

ကျိကျီယင်းသည် သူ၏ခေါင်းကိုခါယမ်းကာ သူ့ဦးခေါင်းပေါ်ရှိ သဲများကိုခါထုတ်လိုက်ပြီး သူ့ရှေ့ရှိ ရှုပ်ထွေးနေသောမြင်ကွင်းကို တုန်လှုပ်စွာ ကြည့်ရှုလိုက်မိသည်။

“ယီရန်ပင်းက ဒီခေတ်မီအမြောက်တွေနဲ့ အမြောက်ဆန်တွေကို ဘယ်ကရခဲ့တာလဲ။”

သူတို့ ပြန်လည်မသက်သာလာသေးမီ သံချပ်ကာစစ်သင်္ဘောပေါ်ရှိ အမြောက်များသည် နောက်ထပ်ကျယ်လောင်စွာ ပေါက်ကွဲထွက်လာခဲ့ပြန်သည်။

ဤအကြိမ်တွင် အမြောက်ဆန်၏မီးတောက်များသည် ကြွေကျလာသော ဥက္ကာခဲများကဲ့သို့ ဖြစ်နေခဲ့သည်။ ၎င်းတို့၏ကိုယ်လက်အင်္ဂါများ အပြည့်အစုံရှိသူများဖြစ်စေ၊ အစိတ်အပိုင်းများပျောက်ဆုံးနေသူများဖြစ်စေ လူတိုင်းသည် ယခင်က ဆောက်လုပ်ထားသော ကဒုတ်ကျင်းများဆီသို့ အသက်လုကာ ကြိုးစားပမ်းစား ထွက်ပြေးကြတော့‌သည်။

ဘုန်း ဘုန်း ဘုန်း

အမြောက်ဆန်များသည် ကမ်းခြေရှိ သဲမြေများကို ပြောင်းပြန်လှန်ပစ်လိုက်ပြီး လူတိုင်းကို သဲများဖြင့် အခမဲ့ရေချိုးပေးလိုက်လေသည်။

ကမ်းခြေရှိလူများသည် ကဒုတ်ကျင်းများတွင် ပုန်းအောင်းနေပြီး အပြင်မထွက်ဝံ့တော့ကြောင်း မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သည်။

“ကမ်းပေါ်တက်ဖို့ အသင့်ပြင်ကြ။”

“ဟုတ်ကဲ့”

သံချပ်ကာစစ်သင်္ဘောသုံးစီးသည် ချက်ချင်းပင် ကမ်းခြေဆီသို့ ရွက်လွှင့်သွားပြီး ရှောင်းယီသည်လည်း အပျော်စီးရွက်သင်္ဘောဖြင့် ကမ်းခြေဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ကျိကျီယင်းသည် သူတောက်ပရမည့်အချိန် ကျရောက်လာပြီဖြစ်ကြောင်း သိသော်လည်း သူ၏အခြေအနေမှာ အလွန်ဆိုးရွားနေပြီး ဖုန်မှုန့်များ၊ အညစ်အကြေးများဖြင့် ဖုံးလွှမ်းနေကာ သဲထမ်းသူတစ်ဦးကဲ့သို့ ဖြစ်နေခဲ့သည်။

သူသည် သူ၏ကိုယ်ခန္ဓာပေါ်ရှိ သဲများကို ပုတ်ချလိုက်၏။ ထို့နောက် သံချပ်ကာစစ်သင်္ဘောများသည် အမြောက်ဆန်များပစ်ခတ်ခြင်းကို ရပ်တန့်လိုက်ပြီဖြစ်ကြောင်း သတိပြုမိသွားခဲ့ပြီးနောက် မတ်တပ်ထရပ်လိုက်လေသည်။

“မင်းက ယီရန်ပင်းလား...။”

ကျိကျီယင်းက ရှောင်းယီကို ကြည့်ကာ မေးလိုက်သည်။

အပျော်စီးရွက်သင်္ဘော၏ကုန်းပတ်ပေါ်၌ ရပ်နေသူများထဲတွင် ရှောင်းယီတစ်ဦးတည်းသာ သူ့အား အန္တရာယ်ရှိသည့်ခံစားချက်ကို ပေးစွမ်းနေခဲ့ခြင်းဖြစ်သည်။ သူသည် အခြားသူများကို သူ၏လက်ချောင်းတစ်ချောင်းတည်းဖြင့်ပင် ချေမှုန်းနိုင်သည်ဟု ခံစားရသည်။

“ဟုတ်တယ် မင်းက ဘယ်သူလဲ။”

ရှောင်းယီက ပြန်မေးလိုက်သည်။

“ကျိမိသားစု ကျိကျီယင်း”

“အို မင်းဘာလို့ ဒီလောက်ထိရိုင်းရိုင်းစိုင်းစိုင်းပြောနေတာလဲ။”

ရှောင်းယီက မေးလိုက်၏။

ကျိကျီယင်းသည် ချက်ချင်းပင် အမွှေးများပင် ထောင်ထိသွားသည်အထိ ဒေါသထွက်သွားခဲ့သည်။

“’ကံကောင်းခြင်း’ ရဲ့ ‘ကျိ’၊ ‘ရုပ်ရှင်ပြသခြင်း’ ရဲ့ ‘ယင်း’ ကွ။”

“ဘာပဲဖြစ်ဖြစ်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

“မင်းရဲ့မိဘတွေက တကယ်အံ့ဩစရာကောင်းတယ်။”

“မင်းက သေခြင်းတရားကို ရှာဖွေနေတာပဲ။”

ကျိကျီယင်းသည် ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း သူသည် အလောတကြီး မလုပ်ဆောင်ခဲ့ပေ။ သူသာ ယခုအချိန်တွင် စီးနင်းဝင်ရောက်သွားပါက မည်သည့်အကျိုးအမြတ်ကိုမျှ ရရှိမည်မဟုတ်ကြောင်း သိထားပေသည်။

လတ်တလော များပြားလှသည့် အမြောက်များဖြင့် ပစ်ခတ်မှုပြီးနောက် သူ၏သွေးနှင့်စွမ်းအင်များမှာ လှိုင်းထနေခဲ့ပြီး ထိုအရာများကို တည်ငြိမ်အောင်ပြုလုပ်ရန် လိုအပ်ပေသည်။

သို့သော် သူတည်ငြိမ်အောင်မလုပ်နိုင်မီမှာပင် ယီရန်ပင်းက သူ၏တည်ငြိမ်မှုကို ချိုးဖျက်လိုက်ပြီဖြစ်သည်။

“မင်းက ရှေးဟောင်းသိုင်းပညာမိသားစုကလား။”

ရှောင်းယီသည် တိုက်ခိုက်ရန် အလျင်မလိုပေ။ အဘယ်ကြောင့်ဆိုသော် သူသည် အချက်အလက်အချို့ကိုစုဆောင်းရန် လိုအပ်နေသောကြောင့်ပင်။

ယခုအချိန်တွင် သူတို့သည် လုံလုံလောက်လောက်နီးကပ်နေပြီဖြစ်သောကြောင့် မြို့ပြန်ကျောက်ကို အသုံးပြု၍ ထွက်ပြေးသွားမည်ကို စိုးရိမ်ရန်မလိုအပ်တော့ပေ။ သူသည် ကျိကျီယင်းကို စိတ်အနှောက်အယှက်ပေးနိုင်ပေသည်။ ထို့ပြင် တပိုင်သည် စက္ကန့် ၂၀ အတွင်း အခြားသူများကို သေချာပေါက်ကိုင်တွယ်နိုင်ပေသည်။

“မင်းကရော မဟုတ်လို့လား။”

ကျိကျီယင်းသည် သူ၏စကားလုံးများထဲ၌ ပုန်းကွယ်နေသော အဓိပ္ပါယ်တစ်ခုကို ကြားလိုက်ရသည်။

ရှောင်းယီသည် သူ၏ပခုံးကိုတွန့်ကာ ပြန်ဖြေလိုက်သည်။

“မင်းတို့ရှေးဟောင်းသိုင်းပညာမိသားစုတွေက ဒီလောက်အားကောင်းတာ ဘာလို့ စောစောထပြီး မရပ်တည်ခဲ့တာလဲ။”

“ဒါက ဘာအကျိုးကျေးဇူးရှိလို့လဲ။”

ကျိကျီယင်းက ပြောလိုက်သည်။

“အမှန်ပဲ မင်း ပြန်ကောင်းပြီလား။”

ရှောင်းယီက မေးလိုက်သည်။

ကျိကျီယင်း အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

‘ရန်သူက ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့ကို ပြန်လည်ကောင်းမွန်ဖို့ အချိန်ပေးနေတာလား။’

“မင်းက ယုံကြည်မှုအရမ်းရှိနေတဲ့ပုံပဲ။”

ကျိကျီယင်းက ပြောလိုက်သည်။

“ဒါပေါ့...ဒါက SS အဆင့် ရုပ်ခန္ဓာကိုယ်လေးပဲမဟုတ်ဘူးလား။ မင်းတို့ရှေးဟောင်းသိုင်းပညာကမ္ဘာထဲမှာ မင်းတို့က အောက်ခြေစားသူတွေပဲလေ။”

ရှောင်းယီက အမူအရာမဲ့စွာဖြင့် ပြန်ဖြေလိုက်သည်။

ဤအချိန်တွင် ရွှမ်းယွမ်ဝူဝေ့သည် ပြန်လည်ကောင်းမွန်လာခဲ့ပြီး နောက်ဆုံးတွင် သူ၏ဆီးအိမ်ကို ထိန်းချုပ်သွားနိုင်ခဲ့သည်။ ရှောင်းယီ၏စကားကို ကြားလိုက်ရသောအခါ သူသည် ချက်ချင်းပင် ထရပ်ပြီး ပြောလိုက်သည်။

“သောက်တောသား မင်းဘာသိလို့လဲ။ သခင်လေးကျိက ကျိမိသားစုရဲ့ နံပါတ်တစ်ပါရမီရှင်ကွ။”

ထိုစကားကိုကြားပြီးနောက် ရှောင်းယီ၏နှလုံးသားတစ်ခုလုံး လှုပ်ရှားသွားခဲ့သည်။

‘ရှေးဟောင်းသိုင်းပညာမိသားစုတွေက ကြီးကျယ်ခမ်းနားနေတာမျိုး မဟုတ်ဘူးပဲ။ ငါမျှော်လင့်ထားသလောက် စွမ်းအားမကြီးဘူး။’

ထိုအချိန်တွင် သံချပ်ကာစစ်သင်္ဘောသုံးစီးသည် ကမ်း‌ကပ်လာပြီဖြစ်ပြီး စစ်သားတပ်ဖွဲ့တစ်ဖွဲ့သည် ချက်ချင်းပင် ဆင်းသက်လာခဲ့ကြသည်။

ရွှမ်းယွမ်ဝူဝေ့က ချက်ချင်း အော်ဟစ်လိုက်သည်။

“လူတိုင်းပဲ တိုက်ပွဲအတွက် ပြင်ဆင်ကြ။”

သို့သော်လည်း သူ့ကို တုံ့ပြန်လိုက်သည်မှာ လူတိုင်း၏ နာကျင်တကြီးညည်ညူးသံများပင်ဖြစ်သည်။ ကဒုတ်ကျင်း၏အနောက်မှ ဘယ်သူမှ ထရပ်မလာခဲ့ကြပေ။

“လက်နက်ချလိုက်ပါ...ဒါဆို လူတိုင်း အားအင်ချွေတာနိုင်တာပေါ့။”

ရှောင်းယီက ပြောလိုက်သည်။

“ဟမ့် မင်းမှာ အဲ့လိုစွမ်းရည်မျိုး ရှိ၊မရှိ ကြည့်ရတာပေါ့။”

ကျိကျီယင်းက အေးစက်စွာပြောလိုက်သည်။

သူ၏စကားမဆုံးမီမှာပင် ကျိကျီယင်းသည် ကဒုတ်ကျင်း၏အနောက်ဘက်မှ ခုန်ထွက်လာကာ ဓားရှည်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ထို့နောက် တိုက်ရိုက်ပင် သူ၏ဓားဖြင့် ရှောင်းယီအား ညွှန်ပြလိုက်လေသည်။

ရှောင်းယီသည်လည်း သူ၏ဓားရှည်ကို ဆွဲထုတ်ကာ အပျော်စီးရွက်သင်္ဘောပေါ်မှ ခုန်ချလိုက်သည်။

ရှောင်းယီသည် အောက်သို့ခုန်ချလိုက်သည်နှင့်တပြိုင်နက် ဓားချက်တစ်ခုကို ပစ်လွှတ်လေသည်။ ထို့နောက် ကျိကျီယင်းသည် သူ၏တိုက်စစ်ကို ခံစစ်အဖြစ်သို့ ပြောင်းလဲလိုက်ရသည်။

ကလန်...

ကျိကျီယင်း၏ တုန်လှုပ်နေသောအကြည့်များအောက်တွင် သူ၏လက်ထဲရှိဓားရှည်သည် ရှောင်းယီ၏ခုတ်ချက်ကြောင့် အမှန်တကယ် ထက်ပိုင်းကျိုးသွားခဲ့သည်။

ကျိကျီယင်းသည် သူ၏ခြေဖဝါးကို ဖိနင်းလိုက်ပြီး သူ၏ကိုယ်ခန္ဓာတစ်ခုလုံးကို လျှောတိုက်ကာ အကွာအဝေးတစ်ခုအထိ ပြန်ဆုတ်သွားပြီး ရှောင်းယီ၏ဓားချက်ကို ရှောင်တိမ်းလိုက်သည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။”

ကျိကျီယင်းသည် သူ့လက်ထဲရှိ ဓားကျိုးကိုကြည့်ကာ ထိတ်လန့်သွားခဲ့သည်။

သူ့လက်ထဲရှိဓားသည် ပစ္စည်းသေတ္တာထဲမှ တွေ့ခဲ့ရသည့် S အဆင့် ရတနာဓားတစ်ချောင်းဖြစ်ပြီး ကြယ်ကိုးလုံးနဂါးဟိန်းသံဓားဟုခေါ်ဆိုကာ သံကို ရွှံ့လို ဖြတ်တောက်နိုင်ပေသည်။

ဤရတနာဓားသည် ယနေ့မှ ဘာကြောင့် ရွှံ့ဖြစ်သွားရသနည်း။

ကျိကျီယင်းသည် ရှောင်းယီလက်ထဲရှိ ဓားရှည်ကို ကြည့်ရှုရင်း သူ၏စိတ်နှလုံးတစ်ခုလုံး လှုပ်ခတ်သွားခဲ့သည်။

“ဒါက... ရွှမ်းယွမ်ဓားပဲ။”

“ဘာ ရွှမ်းယွမ်ဓားဟုတ်လား။ ဒါက ကျုပ်တို့မိသားစုရဲ့ဓားမဟုတ်ဘူးလား။”

ဘေးတစ်ဖက်တွင်ရပ်နေသော ရွှမ်းယွမ်ဝူဝေ့က အလန့်တကြားဖြင့် မေးလိုက်သည်။

ကျိကျီယင်းသည် ရွှမ်းယွမ်ဝူဝေ့ကို လျစ်လျူရှုလိုက်၏။ သို့သော်လည်း ထိုအစား သူသည် ရှောင်းယီလက်ထဲရှိ ဓားရှည်ကို လောဘကြီးစွာ စိုက်ကြည့်ကာ ပြောလိုက်သည်။

“ရွှမ်းယွမ်ဓားကို အပ်လိုက်...။ ဒါဆို ငါ မင်းရဲ့အသက်ကို ချမ်းသာပေးမယ်။”

“မင်းပြောနေတဲ့ပုံစံက မင်းက ငါ့ကို အနိုင်ယူလိုက်နိုင်သလိုပဲ။”

ရှောင်းယီက မထီမဲ့မြင်ပြုကာ ပြန်ဖြေလိုက်သည်။

“ဒီလိုဆိုမှတော့ ရှေးဟောင်းသိုင်းပညာမိသားစုရဲ့ အခြေခံအုတ်မြစ်ကို မင်းကို ပြလိုက်မယ်။”

ကျိကျီယင်းသည် ဆေးလုံးတစ်လုံးထုတ်ယူပြီး သူ့၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

“သောက်ကျိုးနည်း ရှေးဟောင်းသိုင်းပညာမိသားစုတိုင်းမှာ ရူးသွပ်ဆေးတွေ ရှိနေတာလား။”

ရှောင်းယီသည် လုံးဝထိတ်လန့်မသွားခဲ့ပေ။ ထိုအစား စူးစမ်းလိုစိတ်ဖြင့် မေးလိုက်မိသည်။

“ဒါက လူတစ်ယောက်ရဲ့ရုပ်ခန္ဓာအလားအလာကို ယာယီလှုံ့ဆော်ပေးတဲ့ဆေးပဲ။ ဒါကို ရှေးဟောင်းသိုင်းပညာမိသားစုတိုင်းက သုတေသနလုပ်ခဲ့ကြတယ်။ အခု မင်းမှာ အခွင့်အရေးရှိသေးတယ်လို့ မင်းထင်နေသေးလား။”

ကျိကျီယင်း၏ စွမ်းအားလှိုင်းများက ပိုမိုအားကောင်းလာခဲ့သည်။

“ငါ မင်းကို အရင်က အခွင့်အရေးပေးခဲ့တယ်။ ဒါပေမယ့် မင်းက တန်ဖိုးမထားခဲ့ဘူး။ အခု သေလိုက်တော့...။”

ကျိကျီယင်း၏အဆင့်သည် SS အဆင့်မှ SSS အဆင့်သို့ အတင်းအကျပ် မြှင့်တင်ခံလိုက်ရသော်လည်း ရှောင်းယီသည် သူ၏စွမ်းအားလှိုင်းများမှာ အနည်းငယ်မတည်မငြိမ်ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။

“ဒါက မင်းပြောနေတဲ့ ဆေးမျိုးလားဆိုတာတော့ ငါမသိဘူး။”

ရှောင်းယီ၏လက်ထဲတွင် ထူးခြားသည့် အနက်ရောင်ဆေးလုံးတစ်လုံး ထွက်ပေါ်လာခဲ့သည်။

ထိုဆေးလုံးကို မြင်လိုက်ရသောအခါ ကျိကျီယင်း အံ့အားသင့်သွားခဲ့သည်။

“ရှေးဟောင်းသိုင်းပညာမိသားစုတွေအကြောင်း မင်းမသိဘူး မဟုတ်ဘူးလား။ မင်းမှာ ဒါတောင်ရှိနေတာကို ရှေးဟောင်းသိုင်းပညာမိသားစုတွေအကြောင်း မင်း မသိဘူးလို့ပြောတယ်ပေါ့။ မင်း လူငယ်လေး... မင်းမှာ ဘာသိုင်ပညာစည်းမျဉ်းမှမရှိပါလား။”

သို့သော်လည်း သူ၏အရှိန်မှာ နှေးကွေးမနေခဲ့ပေ။ သူသည် ချက်ချင်းပင် ရှောင်းယီဆီသို့ ဦးတည်ကာ ပြေးဝင်သွားခဲ့သည်။

ထိုအချိန်တွင် ဘေးတစ်ဖက်မှ အဖြူရောင်ပုံရိပ်တစ်ခုသည် ထိုးထွက်လာပြီး ကျိကျီယင်းကို ဘေးတိုက် ဝင်တိုက်ပစ်လိုက်လေသည်။

All Chapters