← Chapters

အခန်း (၅၉၉-၆၀၀)

Vol. 43 Ch. 599-600

အခန်း (၅၉၉-၆၀၀)

Vol. 43 Ch. 599-600

အခန်း ၅၉၉ ရှေးဟောင်းသိုင်းပညာမိသားစုကို ရိုက်နှက်ခြင်း

ကျိပါ့ထျန်း၏မျက်ခုံးများ ပိုမိုလေးနက်စွာ တွန့်ကွေးသွားခဲ့သည်။ သူသည် သူ၏သားကို သူ၏ကိုယ်ပိုင်အခန်းထဲသို့ ပြန်လည်ခေါ်ဆောင်သွားပြီး ချက်ချင်းပင် ဝေါ်ကီတော်ကီဖြင့် ပြောလိုက်သည်။

“တတိယအကြီးအကဲ ဒီကိုလာခဲ့ပါဦး။”

“ဟုတ်ကဲ့”

မကြာမီ ချောမောခန့်ညားသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး အလျင်အမြန် ရောက်ရှိလာခဲ့သည်။

“ခေါင်းဆောင် ဘာဖြစ်နေတာလဲ။”

ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားက မေးလိုက်သည်။

“ယင်းအာကို တာဝန်ထမ်းဆောင်ဖို့ မင်းစီစဉ်ပေးခဲ့တာလား။”

ကျိပါ့ထျန်းက မေးလိုက်သည်။

သက်လတ်ပိုင်းအရွယ်အမျိုးသားက ခေါင်းညိတ်ပြပြီး ပြန်မေးလိုက်သည်။

“ဘာဖြစ်လို့လဲ။ ပြဿနာရှိလို့လား။”

ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားသည် ရွှမ်းယွမ်ဝူဝေ့ ရည်ညွှန်းခဲ့သော ဦးလေးကျိဖြစ်ပြီး အမည်မှာ ကျိကျန်းထျန်းဖြစ်သည်။

“ဟုတ်တယ်...ယင်းအာ ပြင်းပြင်းထန်ထန်ဒဏ်ရာရခဲ့တယ်။”

ကျိပါ့ထျန်းက နောက်ဘက်ကိုညွှန်ပြလိုက်သည်။

ကျိကျန်းထျန်းသည် ချက်ချင်းပင် အပြေးလာပြီး ကျိကျီယင်း၏ဝမ်းနည်းဖွယ်ရာအခြေအနေကို မြင်လိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။

“ယင်းအာရဲ့ အင်အားနဲ့ဆိုရင် ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။”

ကျိကျန်းထျန်းသည် ကျိပါ့ထျန်းအား မယုံကြည်နိုင်သည့်အကြည့်များဖြင့် ကြည့်လိုက်မိသည်။

ကျိပါ့ထျန်းက ခေါင်းခါလိုက်သည်။ ကျိကျီယင်းသည် လက်ရှိအချိန်တွင် သတိလစ်နေပြီး ဘာဖြစ်သွားသည်ကို သူမသိခဲ့ပေ။

“တတိယအကြီးအကဲ သူ့ကိုဘယ်ကိုပို့ခဲ့တာလဲ။ ဘာအလုပ်တာဝန်လဲ။”

ကျိပါ့ထျန်းက မေးလိုက်သည်။

“မိသားစုခေါင်းဆောင်ကို အစီရင်ခံပါတယ်။ ရွှမ်းယွမ်ဝူဝေ့က ယီရန်ပင်း သူတို့ကျွန်းကို တိုက်ခိုက်တော့မယ်လို့ ပြောခဲ့ပါတယ်။ ယင်းအာရဲ့စွမ်းရည်တွေနဲ့ဆိုရင် ပြဿနာရှိမှာမဟုတ်ဘူးလို့ ကျုပ်ထင်ခဲ့မိတယ်။ တစ်ဖက်လူက ရှေးဟောင်းသိုင်းပညာမိသားစုတစ်ခုကဖြစ်နေရင်တောင် ယင်းအာက ဒီလိုဆုံးရှုံးမှုမျိုးကို မကြုံတွေ့ရသင့်ဘူး။”

ကျိကျန်းထျန်းက သူမြင်နေရသည့်အရာကို မယုံကြည်နိုင်ခဲ့ပေ။

သို့သော် ကျိကျီယင်း၏ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများသည် အချိန်တိုင်း သူ့အား ၎င်းသည်အမှန်တရားဖြစ်ကြောင်း သတိပေးနေခဲ့သည်။

“ကမ္ဘာ့သူရဲကောင်းတွေကို ဘယ်တော့မှ လျှော့မတွက်နဲ့။”

ကျိပါ့ထျန်းက ပြောလိုက်သည်။

“ကံကောင်းတာက ယင်းအာ ပြန်ရောက်လာခဲ့တယ်။ မဟုတ်ရင် ငါတို့ ကျိမိသားစုက ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုနဲ့ ကြုံရလိမ့်မယ်။ လောလောဆယ်အနေနဲ့ ပြင်ပလုပ်ဆောင်မှုတွေအားလုံးကို ဆိုင်းငံ့ထားပြီး ယင်းအာ နိုးလာတဲ့အထိ စောင့်လိုက်ပါ။”

“ဟုတ်ကဲ့”

မူလက ကျိမိသားစု၏ပြင်ပသို့ နယ်မြေချဲ့ထွင်ရေးခြေလှမ်းများသည် ရှောင်းယီမှ ဖိအားပေးခဲ့သည့်အချိန်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

ရှောင်းယီသည် သူ၏အိပ်ခန်းသို့ ပြန်ရောက်သောအခါ အနည်းငယ်စဉ်းစားလိုက်ပြီး ယီထျန်းဂရုထဲတွင် သတင်းစကားတစ်ခု တင်လိုက်သည်။

“ယနေ့ မွန်းလွဲ ၂ နာရီမှာ ကျုပ်တို့အဖွဲ့က ရွှမ်းယွမ်ဝူဝေ့ရဲ့ကျွန်းကို သိမ်းပိုက်ခဲ့ပြီး ယခင်က ကျုပ်တို့လူမျိုးချင်းချင်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အဖွဲ့ဟာ ရွှမ်းယွမ်ဝူဝေ့ စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်။ ရွှမ်းယွမ်ဝူဝေ့ကို ဖမ်းဆီးရမိခဲ့ပြီး နောက်ရက်မှာ စီရင်ချက်ချမယ်။”

ကျောက်တုံးတစ်တုံးက လှိုင်းပေါင်းတစ်ထောင်ကို နှိုးဆွခဲ့၏။

“သေသင့်တယ်...။ လူတိုင်းက မနေ့က ချုံခိုတိုက်ခိုက်ခံရတဲ့ဖြစ်ရပ်ကို ဆွေးနွေးနေကြတုန်းပဲရှိသေးတာ။ အခု ဒါက အမှန်တရားလား။”

“ယီရန်ပင်းသူဌေးကို ကျုပ်ယုံကြည်ပါတယ်။ လင်းအင်ပါယာက မတရားခံလိုက်ရတာပဲ။”

“ကျုပ်ကတော့ သက်သေကို တွေ့ချင်နေတုန်းပဲ။ အကယ်၍ မဟုတ်ခဲ့ရင်ရော။ ကျုပ်ကတော့ ဘယ်သူ့ကိုမှ အလွယ်တကူမယုံကြည်ဘူး။”

“ကျုပ်ကတော့ ယုံကြည်တယ်။ အဲ့ဒီရွှမ်းယွမ်လိပ်က ယခင်က ရန်သူတွေကိုကူညီခဲ့တယ်။ ဒီအကြိမ်မှာ ကိုယ့်လူမျိုးချင်းချင်း ထိပါးခဲ့တယ်။ သူက ဒါမျိုးလုပ်နိုင်တယ်ဆိုတာ ကျုပ်ယုံတယ်။”

“ဟုတ်တယ်...။ အဲ့ဒီကောင်လေး အရင်တစ်ခေါက် ရန်သူကိုကူညီကတည်းက သူကလူကောင်းမဟုတ်ဘူးဆိုတာ ငါသိတယ်။”

“အမှုစစ်ဖို့တောင် လိုသေးလို့လား။ သူ့ကို သတ်ပစ်လိုက်တော့။”

“ဟုတ်တယ်၊ သူ့ကိုသတ်ပစ် +၁။”

ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ရွှမ်းယွမ်ဝူဝေ့၏ ရန်သူကိုကူညီခြင်းနှင့် ဝန်ထမ်းများစီစဉ်ခြင်း၏ သက်သေများကို ထပ်မံပေးပို့ခဲ့သည်။

ရွှမ်းယွမ်ဝူဝေ့ကို ဖမ်းဆီးပြီးနောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ဤသက်သေများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ရွှမ်းယွမ်ဝူဝေ့သည် စရိုက်ကြမ်းသော်လည်း သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အတွက် လုပ်ဆောင်ခွင့်များကို သူ၏လူယုံအနည်းငယ်ထံသို့ ပေးအပ်ထားခဲ့သည်။

ထိုလူယုံများသည် ရွှမ်းယွမ်ဝူဝေ့ ကစားပွဲကို ပြန်လည်ပြောင်းလဲ၍ မရနိုင်တော့ကြောင်း မြင်လိုက်ရသောအခါ သူတို့သည် ပြတ်ပြတ်သားသားပင် သစ္စာဖောက်ခဲ့ကြသည်။

ရှောင်းယီသည် ဤသက်သေများကို ဤနည်းဖြင့် ရရှိခဲ့ခြင်းဖြစ်သည်။

ဤသက်သေများဖြင့် ရန်သူကိုကူညီခြင်းနှင့် လူမျိုးချင်း ထိပါးခြင်းတို့ကို အတည်ပြုနိုင်ခဲ့သည်။

“ဒီခွေးသူတောင်းစားက တကယ်ကိုလူမဟုတ်ဘူး။”

“သေသင့်တယ်။ ငါသူ့ကို သွားပြီးရိုက်နှက်ပစ်ချင်လိုက်တာကွာ။”

“သူဌေး သူ့ကိုသတ်ပစ်လိုက်ပါ။ ဘာမှစစ်ဆေးနေဖို့ မလိုအပ်ဘူး။”

“သူ့ကိုသတ်လိုက်တာက သူ့အတွက် အရမ်းလွယ်ကူလွန်းတယ်။ သူက နာကျင်မှုကို အကြိမ်တစ်ထောင်မက တစိမ့်စိမ့် ခံစားရသင့်တယ်။”

ရှောင်းယီသည် ဂရုထဲရှိ ဆွေးနွေးမှုများကို လျစ်လျူရှုပြီး စဉ်းစားကာ ဆက်ပြောလိုက်သည်။

“ဒါ့အပြင် ရှေးဟောင်းသိုင်းပညာမိသားစုလို့ခေါ်တဲ့ မိသားစုတွေ...ဘာသေးငယ်တဲ့လှုပ်ရှားမှုမှ မပြုလုပ်နဲ့။ လူတိုင်းက ကုန်းမြေသစ်ကို အတူတကွ စူးစမ်းလေ့လာတာက ကောင်းတယ်။ ဒါပေမယ့် ရွှမ်းယွမ်ဝူဝေ့လိုမျိုး အရှက်အကြောက်မရှိဘူးဆိုရင်တော့ ခင်ဗျားတို့ရဲ့ကျွန်းတွေပါ သိမ်းပိုက်ခံရမယ်။ ဂရုထဲမှာရှိတဲ့ ရှေးဟောင်းသိုင်းပညာမိသားစုတွေက သူလျှိုတွေ သူတို့ကို ဒီဝါကျကို ဒီအတိုင်းပြန်ပြောပြလိုက်။ ကျုပ် ယီရန်ပင်း ပြောခဲ့တာလို့သာ ပြောလိုက်ချေ။”

“ရှေးဟောင်းသိုင်းပညာမိသားစုတွေလား။ အဲ့လိုမိသားစုတွေက တကယ်ရှိလို့လား။”

“ကောင်းကင်ပေါ်မှာပျံဝဲပြီး မြေကြီးထဲကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့ သိုင်းပညာရှင်တွေ၊ အတွင်းအားနဲ့ လူတွေကို ဒဏ်ရာရစေနိုင်တဲ့သူတွေလား။”

“သေစမ်း အံ့ဩစရာကောင်းတဲ့အရာတစ်ခုကို ရှာတွေ့လိုက်ရသလိုပဲ။”

“ယီရန်ပင်းက ရှေးဟောင်းသိုင်းပညာမိသားစုတွေကို ဆန့်ကျင်နေတာလား။”

“သူဌေးက အရမ်းကိုဗိုလ်ကျကြီးစိုးတာပဲ။ ရှေးဟောင်းသိုင်းပညာမိသားစုတွေကိုတောင် ဒီလိုမျိုးစိန်ခေါ်ရဲတယ်။”

ယခင်ကမ္ဘာတွင် ရှားနိုင်ငံသည် အလွန်ကျယ်ပြန့်ပြီး ကြွယ်ဝချမ်းသာသောကြောင့် ရှေးဟောင်းသိုင်းပညာမိသားစုများစွာ လက်ဆင့်ကမ်းခဲ့ကြသော်လည်း ၎င်းတို့အားလုံး ကျဆင်းခဲ့ကြသည်။ ၎င်းတို့သည် သာမန်လူများထက် အားကောင်းသော်လည်း သိုင်းပညာဝတ္ထုများကဲ့သို့ ချဲ့ကားပြောဆိုနိုင်ခြင်းမရှိပေ။

သဘာဝအတိုင်းပင် ထိုမိသားစုများထဲမှ သူလျှိုများသည် ချက်ချင်းပင် ထိုမက်ဆေ့ခ်ျကို ပြန်လည်ပေးပို့ခဲ့ကြသည်။

“သူ့ရဲ့စကားလုံးတွေကိုကြည့်ရင် သူက ရှေးဟောင်းသိုင်းပညာမိသားစုတစ်ခုက ဝင်ရောက်လာတဲ့သူမဟုတ်လောက်ဘူး။”

ယွင်မိသားစုမှ အကြီးအကဲယွင်သည် ထိုမက်ဆေ့ခ်ျကို လက်ခံရရှိလိုက်သောအခါ အံ့အားသင့်သွားခဲ့သည်။

ရှောင်းယီသည် ယခင်က ယွင်ဝူ၏အိမ်ဟောင်းကို ဝင်ရောက်စီးနင်းခဲ့သည့်အခါက အကြီးအကဲယွင်သည် ယီရန်ပင်းဟာ ရှေးဟောင်းသိုင်းပညာမိသားစုတစ်ခုမှ ဖြစ်သင့်သည်ဟု ထင်မှတ်ထားခဲ့ခြင်းဖြစ်သည်။

သို့သော် ယခု သူ၏စကားများမှတစ်ဆင့် သူသည် ရှေးဟောင်းသိုင်းပညာမိသားစုတစ်ခုမှ မဖြစ်နိုင်ကြောင်း သိနိုင်ပေသည်။ သို့မဟုတ်ပါက သူသည် ထိုသို့ပြောမည်မဟုတ်ပေ။

“သူက ရှေးဟောင်းသိုင်းပညာမိသားစုတစ်ခုက မဟုတ်ဘူးဆိုတော့ လှုပ်ရှားလို့ဖြစ်နိုင်လောက်မလား။”

အကြီးအကဲယွင် အနည်းငယ်စဉ်းစားလိုက်သည်။

ထိုသို့စဉ်းစားပြီးနောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ မျက်နှာပြင်ကို မကြာသေးမီကဖန်တီးထားသော စကားပြောခန်းသို့ ပြောင်းလဲလိုက်သည်။

ဤသည်မှာ ရှေးဟောင်းသိုင်းပညာမိသားစုများမဟာမိတ်အဖွဲ့ဖြစ်ပြီး ဤကမ္ဘာကြီးသို့ရောက်ရှိလာပြီးနောက် သူတို့သည် သဘာဝအတိုင်း သာမန်လူများကို အထင်သေးကြသည်။ ရှေးဟောင်းသိုင်းပညာမိသားစုများသာလျှင် ၎င်းတို့၏သေးငယ်သောအသိုင်းအဝိုင်းသို့ ဝင်ရောက်နိုင်ပေသည်။

“ဒီယီရန်ပင်းဆိုတာ ဘယ်သူလဲ။ သူက ငါတို့ကို ဘယ်လိုတောင်ပြောရဲရတာလဲ။”

“ဒီကောင်လေး မာနကြီးလွန်းတယ်။ ကျုပ်တို့ သူ့ကို ဘာလို့ မဖျက်ဆီးရမှာလဲ။ သူ့ကျွန်းပေါ်မှာ ပစ္စည်းကောင်းတွေအများကြီးရှိတယ်လို့ ကျုပ်ကြားထားတယ်။”

“ကျုပ် သဘောတူတယ်။ သူ့ကို တိုက်ရိုက်ဖျက်ဆီးလိုက်။ ပြီးရင် ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ မိသားစုတွေအားလုံးက ကောင်းတဲ့အရာတွေကို တန်းတူခွဲဝေကြမယ်။”

“ဒါပေမယ့် ဒီယီရန်ပင်းရဲ့တည်နေရာကို ကျုပ်တို့မသိဘူးလေ။”

“ဒါက ပြဿနာတစ်ခုပဲ။”

“ဟမ့် ဒါက ပြဿနာမဟုတ်ဘူး။ သူက တရားမျှတမှုကိုကာကွယ်တဲ့သူအဖြစ် သူ့ကိုယ်သူ ယူဆထားတာမဟုတ်ဘူးလား။ ကျုပ်တို့ ကုန်းမြေသစ်ပေါ်က လူတွေကို တိုက်ရိုက်တိုက်ခိုက်ပြီး သူ့ကို ကိုယ်တိုင်ထွက်လာအောင်လုပ်မယ်။”

“စိတ်ကူးကောင်းတယ်။ ကုန်းမြေသစ်က ကမ်းခြေတွေမှာ ချထားတဲ့ ဝန်ထမ်းတွေအားလုံးကို တိုက်ရိုက်သတ်ပစ်ပြီး အဲ့ဒီက တည်နေရာကူးပြောင်းမှုအမှတ်ကို သိမ်းပိုက်လို့ရတယ်။ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။”

လူတိုင်းသည် ယီရန်ပင်းအား မည်သို့ဆွဲဆောင်ရမည်ကို အပူတပြင်း ဆွေးနွေးနေကြစဉ် မိသားစုတစ်ခုစီသည် ချက်ချင်းပင် မက်ဆေ့ခ်ျတစ်ခုကို လက်ခံရရှိခဲ့ပြီး ထိုမက်ဆေ့ခ်ျသည် ၎င်းတို့အပေါ်သို့ ရေအေးဖြင့်လောင်းချလိုက်သကဲ့သို့ ဖြစ်သွားစေခဲ့သည်။

ထိုမက်ဆေ့ခ်ျကို ရှောင်းယီမှ ယီထျန်းဂရုထဲသို့ တိုက်ရိုက်ပေးပို့ခဲ့ခြင်းဖြစ်သည်။

“ကျိမိသားစုရဲ့ ကျိကျီယင်းက ကျုပ်တို့လက်ချက်နဲ့ ဒဏ်ရာရသွားခဲ့တယ်။ သူသာ အဆင့်နိမ့်အဆိပ်တစ်မျိုးကို ယူဆောင်မလာခဲ့ဘူးရင် သူသေသွားလောက်ပြီ။ အခြားမိသားစုတွေက ဒါကို သတိပေးချက်တစ်ခုအနေနဲ့ ယူဆကြပါစေ။”

ယီထျန်းဂရုထဲတွင် ထိုဝါကျကိုမြင်လိုက်ကြရသောအခါ လူတိုင်းသည် ထိုထူးဆန်းသည့်အမည်ကြောင့် ဆွဲဆောင်ခံခဲ့ကြရသည်။

လူတိုင်း၏ အာရုံစူးစိုက်မှုက အမြဲတမ်း လမ်းလွဲသွားကြစမြဲပင်။

“ဒီနာမည်က တကယ်အံ့သြစရာပဲ။”

“သူ့ကို ဒီနာမည်ပေးဖို့အတွက် သူ့အဖေ ဘာတွေတွေးနေခဲ့တာလဲမသိဘူး။”

“အကြမ်းဖျင်းပြောရမယ်ဆိုရင် အမည်တွေကို ချို့တဲ့တဲ့အရာတွေပေါ်မူတည်ပြီး ပေးကြတာ။ ဥပမာ ဒြပ်စင်ငါးပါးမှာ မြေကြီးဓာတ်ချို့တဲ့နေတာမျိုးပေါ့။”

“ဒါဆို သူ့မှာ တင်းမာမူ ကင်းမဲ့နေတာလား။”

“ကျိမိသားစုအတွက် ကျုပ်ရဲ့ လျူဝေ့တိဟွမ်းဝမ်ကို စဉ်းစားကြည့်နိုင်ပါတယ်။ ကျောက်ကပ်အားနည်းခြင်းအတွက် တန်ဖိုးရှိတယ်။”

ဆေးရောင်းသူစွန်းယောင်သည် ဂရုထဲတွင် ချက်ချင်းပင် ဝင်ရောက်ပြောဆိုလိုက်လေသည်။

“ဒီဆေးအတုရောင်းတဲ့သူက ဒီအချိန်မှာ ပေါ်လာသင့်တယ်လို့ ငါတွေးနေတာ။ မင်းတကယ်ပဲပေါ်လာတာပဲ။”

“ဟုတ်တယ်...။ ကျိမိသားစုက ဒါကို စဉ်းစားကြည့်သင့်တယ်။ အဲဒါက မိသားစုအမွေဆက်ခံမှုနဲ့ပတ်သက်တဲ့ အဓိကကိစ္စတစ်ခုပဲ။”

ထို့အပြင် ဤမက်ဆေ့ခ်ျသည် ရှေးဟောင်းသိုင်းပညာမိသားစုများ၏နားထဲသို့ရောက်ရှိသွားသောအခါ ၎င်းတို့သည် နောက်တစ်ကြိမ် ထပ်မံအံ့အားသင့်သွားခဲ့ကြပြန်သည်။

အခန်း ၆၀၀ ရှေးဟောင်းသိုင်းမိသားစုများ ထိတ်လန့်သွားခြင်း၊ အနာဂတ်အကြောင်းပြောဆိုခြင်း။

“ဘာတွေဖြစ်နေတာလဲ။ ကျိမိသားစုရဲ့ သခင်လေးကျိက ရှုံးနိမ့်သွားခဲ့တာလား။”

“ဒါက မဖြစ်နိုင်ဘူး။ သူက လူငယ်မျိုးဆက်သစ်တွေထဲမှာ နံပါတ်တစ်ပဲ။”

“လူငယ်မျိုးဆက်သစ်တွေတင်မကဘူး အခု သူ့ကိုအနိုင်ယူနိုင်တဲ့သူ ရှိသေးလို့လား။”

“ခင်ဗျားတို့ ကျုပ်တို့ဘိုးဘေးတွေအတွက် မျက်နှာသာလေးနည်းနည်းလောက် ချန်ထားပေးပါဦး။”

“@ကျိပါ့ထျန်း အကြီးအကဲကျိ ဘာတွေဖြစ်နေတယ်ဆိုတာ ရှေ့ထွက်ပြီးပြောပြပေးလို့ရမလား။”

“ခင်ဗျားတို့အားလုံးကို စိတ်လိုက်မာန်ပါမလုပ်ကြဖို့ ကျုပ်အကြံပေးချင်တယ်။”

ကျိပါ့ထျန်းက ပြန်ဖြေလိုက်သည်။

“အကြီးအကဲကျိ ခင်ဗျား ဘာကိုဆိုလိုတာလဲ။ ယီရန်ပင်းပြောတာက အမှန်ပဲလား။”

“ဟုတ်တယ်...။ ကျုပ်ရဲ့ ယင်းအာ တကယ်ပဲပြင်းပြင်းထန်ထန်ဒဏ်ရာရသွားခဲ့တယ်။ ဒါပေမယ့် တိကျတဲ့အခြေအနေကိုတော့ အခုထိ ရှင်းရှင်းလင်းလင်း မသိရသေးဘူး။ ယင်းအာ သတိရလာတဲ့အထိ စောင့်ရမယ်။”

“ဟစ်”

လူတိုင်းသည် သက်ပြင်းရှိုက်မိလိုက်ကြသည်။

“ယီရန်ပင်းက ရှေးဟောင်းသိုင်းပညာမိသားစုတစ်ခုကမဟုတ်ပေမယ့် သူက မရိုးရှင်းဘူးဆိုတာတော့ သေချာတယ်။ အဲ့ဒါကြောင့် စိတ်လိုက်မာန်ပါ မလှုပ်ရှားကြပါနဲ့။”

ကျိပါ့ထျန်းက ပြန်ပြောလိုက်သည်။

စောစောက ပျော်ပျော်ရွှင်ရွှင်အော်ဟစ်နေကြသော မိသားစုအနည်းငယ်သည် ချက်ချင်းပင် ပါးစပ်ပိတ်သွားခဲ့ကြသည်။

“ကျုပ်တို့ကို ယီရန်ပင်း လှောင်ပြောင်နေတာကို ကျုပ်တို့ ဒီတိုင်းပဲ ကြည့်နေရမှာလား။ ကျုပ်တို့ ရှေးဟောင်းသိုင်းပညာမိသားစုတွေရဲ့ မျက်နှာကို ဘယ်နားသွားထားရမှာလဲ။”

“ခင်ဗျားရဲ့မျက်နှာ အဖက်ဆယ်ချင်ရင် စမ်းကြည့်လိုက်လေ။”

“မင်း! ကျုပ်တို့က အခု အုပ်စုတစ်ခုဖြစ်နေပြီ။ ဂုဏ်သိက္ခာတွေကို အတူတူမျှဝေထားကြတာ။ ကျုပ်ရဲ့အကြံပြုချက်ကတော့ ကျုပ်တို့အတူတူပူးပေါင်းပြီး တိုက်ခိုက်ကြဖို့ပဲ။ ယီရန်ပင်းက အားကောင်းတယ်ဆိုပေမယ့် ကျုပ်တို့ရှေးဟောင်းသိုင်းမိသားစုတွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို ခံနိုင်မှာမဟုတ်ဘူး။”

“ဒါက စဉ်းစားဖို့ ထိုက်တန်ပါတယ်။ အကြီးအကဲကျိ ခင်ဗျားရော ဘယ်လိုထင်လဲ။”

“ကျုပ်ကတော့ ဝင်မပါဝင်ဘူး။ တိကျတဲ့သတင်းအချက်အလက် မရမချင်း ကျုပ် ဘာအမြင်မှ ပြောမှာမဟုတ်ဘူး။”

ကျိပါ့ထျန်းက ချက်ချင်းပြန်ဖြေလိုက်သည်။

“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်၊ အခု ရန်သူက အမှောင်ထဲမှာ ကျုပ်တို့က အလင်းထဲမှာ။ စကားမစခင် သတင်းအချက်အလက်အချို့ကို အရင်ဆုံး စုံစမ်းကြည့်ကြရအောင်။”

“ဟုတ်ပြီ ကျုပ်ကလည်း မိသားစုခေါင်းဆောင်ကျိရဲ့အမြင်ကို သဘောတူပါတယ်။ လူတိုင်းပဲ စကားမပြောခင် ပိုပြီးစုံစမ်းစစ်ဆေးသင့်တယ်။”

ယီရန်ပင်းအား တိုက်ခိုက်ရန် အဖွဲ့အစည်းတစ်ခုတည်ထောင်ရန် လုပ်ခဲ့ကြသော မဟာမိတ်အဖွဲ့သည် ရှောင်းယီ၏စကားများကြောင့် ယာယီပြိုကွဲသွားခဲ့သည်။

ယီထျန်းဂရုအတွင်းတွင် လူတိုင်းသည် ရှေးဟောင်းသိုင်းပညာကိစ္စများကို စူးစမ်းလေ့လာနေဆဲပင်။

“သူဌေးက ရှေးဟောင်းသိုင်းပညာမိသားစုတွေနဲ့ ထိတွေ့ပြီးသွားပြီဆိုတော့ သူတို့က ဘယ်လိုလဲ။ နတ်ဘုရားတွေလိုမျိုးလား။”

“မဟုတ်ဘူး။ သူတို့ကလည်း သာမန်လူတွေပါပဲ။ သာမန်လူတွေထက်တော့ ပိုပြီးအားကောင်းတယ်။ ယခုချိန်မှာ ခင်ဗျားတို့လည်း သာမန်လူတွေထက် ပိုပြီးအားကောင်းလာနိုင်တဲ့ အခွင့်အလမ်းရှိတယ်။ အဲ့ဒါကြောင့် သူတို့ကို မနာလိုဖြစ်နေစရာမလိုဘူး။”

“အာ...ကျုပ် ရှေးဟောင်းသိုင်းပညာမိသားစုတွေက ကောင်းကင်တခွင်မှာ ဝဲပျံနေတဲ့လူတွေလို့ ထင်ထားတာ။”

“လူတိုင်းပဲ လမ်းမှားရောက်နေကြပြီလို့ ကျုပ်ထင်တယ်။ သူတို့ကလည်း သာမန်လူပါပဲ။ ဒါပေမယ့် ငယ်ငယ်ကတည်းက သိုင်းပညာကို လေ့ကျင့်ခဲ့တာကြောင့် သူတို့ရဲ့ခန္ဓာကိုယ်က ကျုပ်တို့ထက်ပိုပြီးအားကောင်းနေတာပါ။”

“အို... ငါ့ရဲ့သိုင်းပညာအိပ်မက်လေးတော့ ပျက်စီးသွားပြီ။”

“မဟုတ်ဘူး...ဆန့်ကျင်ဘက်အားဖြင့် ဒီကမ္ဘာမှာ မင်းဟာ မင်းရဲ့အိပ်မက်ကို တကယ်ပဲ အကောင်အထည်ဖော်နိုင်တယ်။”

“ကျုပ်ပြောနေတဲ့ သိုင်းပညာဆိုတာက ကောင်းကင်ထဲမှာ ပျံသန်းပြီး ပြုတ်ကျမသွားတဲ့ဟာမျိုးပါ။”

“ဒါဆိုရင်တော့ အာကာသယာဉ်ကို မြန်မြန်လွှတ်တင်လိုက်လေ။ ဒါဆို ကောင်းကင်ပေါ်ကနေ လုံးဝပြုတ်မကျတော့ဘူး။”

“ဒီကမ္ဘာကြီးက ကျုပ်တို့ကို ကောင်းကင်ဘုံကို သွားခွင့်ပေးမယ်လို့ ခင်ဗျားတို့ထင်လား။”

“ဘာကိုဆိုလိုတာလဲ။”

“သူတို့က ကျုပ်တို့ကို အာကာသကို လုံးဝမစူးစမ်းစေချင်တာမျိုးရော မဖြစ်နိုင်ဘူးလား။”

“ဒါတော့ မဖြစ်သင့်ဘူး။ ဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင်က တကယ်ကို စွမ်းအားကြီးတယ်။ တစ်နေ့မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုပြီး အာကာသယာဉ်တစ်စီးဆောက်မယ်။ ပြီးရင် အာကာသကို ဖြတ်သန်းသွားလာနိုင်လိမ့်မယ်လို့ ကျုပ်ရဲရဲကြီးပြောဝံ့တယ်။”

“ဒါဆိုရင် ကျုပ်တို့ ဒီဒေသခံတွေနဲ့ ပင်လယ်သတ္တဝါတွေကို ရင်ဆိုင်စရာမလိုတော့ဘူးပေါ့။ တွေးကြည့်ရင် အံ့သြစရာပဲ။”

“အံ့သြစရာလား။ အာကာသထဲက အန္တရာယ်တွေက ဂြိုဟ်ပေါ်က အန္တရာယ်တွေထက် မနိမ့်ကျဘူး။ ဒါ့အပြင် ကျုပ်တို့ အာကာသထဲကို တကယ်သွားနိုင်မယ်ဆိုရင် နောက်ကွယ်ကကြိုးကိုင်သူက ဘယ်လိုစိန်ခေါ်မှုမျိုးတွေ စီစဉ်ပေးမလဲဆိုတာ မသိနိုင်ဘူး။”

“ခင်ဗျားက ကျုပ်ကို နည်းနည်းကြောက်အောင်လုပ်နေတာပဲ။ အဲ့ဒီနောက်ကွယ်က ကြိုးကိုင်သူက အရမ်းအားကောင်းတယ်။ ကျုပ်တို့ကောင်းကင်ဘုံကိုရောက်သွားရင်တောင် သူက ကျုပ်တို့ကို ထိန်းချုပ်နိုင်ဦးမှာလား။”

“ဟက်...။ ငါတို့က သူတို့လက်ထဲက စစ်တုရင်ရုပ်တွေပဲ။ သူတို့ စိတ်ကြိုက်ဆော့ကစားခံနေကြရတာ။ ဒီကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကြည့်ရုံနဲ့ ဒီနောက်ကွယ်ကကြိုးကိုင်တဲ့လူက အကောင်ကြီးကြီးတစ်ယောက်ဖြစ်တယ်ဆိုတာ မင်းတွေ့နိုင်ပါတယ်။”

“မင်းတို့ စိုက်ပျိုးရေးခေတ်ကိုတောင် ကျော်ဖြတ်ပြီးသေးလို့လား။ အာကာသခေတ်ကိုတောင် တွေးနေကြပြီပေါ့။ ဒါက ငါတို့နဲ့ အရမ်းအလှမ်းဝေးလွန်းသေးတယ်။ ဘာလို့အများကြီးတွေးနေတာလဲ။ မြန်မြန်စိုက်ပျိုးရေးလုပ်ပြီး ဒီစိုက်ပျိုးရေးခေတ်ကို မြန်မြန်ကျော်ဖြတ်ရမယ်။ ဒါက ငါတို့သွားရမယ့်လမ်းပဲ။”

“ဟုတ်တယ်...ကျုပ်တို့ နည်းနည်းယိုစိမ့်နေသလိုပဲ။ ကျုပ်တို့က ဒီမှာပဲရှိသေးတာကို အာကာသထဲသွားဖို့ တွေးနေကြပြီ။”

“မေ့လိုက်တော့...။ ကျုပ် မြေကြီးပဲ တူးတော့မယ်။ ကျုပ် လောင်ယွမ်နဲ့တိုင်ပင်ခဲ့တယ်။ လောင်ယွမ်ရဲ့လမ်းညွှန်မှုအတိုင်း ကျွန်းမှာစိုက်ဖို့ သင့်တော်တဲ့သီးနှံတွေကို ဆုံးဖြတ်ခဲ့တယ်။ နောက်ဆုံးတော့ ပထမဆုံးအကြိမ် စားနပ်ရိက္ခာတွေကို စိုက်ပျိုးနိုင်ခဲ့ပြီ။ ရိတ်သိမ်းမှုက သာမန်ပဲဆိုပေမယ့် အနည်းဆုံးတော့ အကျိုးအမြတ်ရှိတယ်။”

“တကယ်လား။ ဒါဆို ကျုပ်လည်း အရင်ကဝယ်ထားတဲ့မျိုးစေ့တွေကို ပြန်စရမယ်။ ကျုပ် အရမ်းဖြုန်းတီးမိခဲ့တာပဲ။ အခု ပြန်စရမယ်။”

“ရာသီဥတုက အတော်လေးကောင်းနေသေးတုန်း မြန်မြန်စိုက်ပျိုးလိုက်ပါ။ စည်းမျဉ်းအရ ဒီဆောင်းရာသီက နှစ်ပတ်ဖြစ်ဖို့များတယ်။”

လက်ရှိအချိန်တွင် နွေဦးနှင့် နွေရာသီသည် နှစ်ပတ်ကြာမြင့်ခဲ့ပြီးဖြစ်ကာ နောက်ဆောင်းဦးနှင့် ဆောင်းရာသီသည်လည်း နှစ်ပတ်ကြာမြင့်နိုင်သည်။

သူတို့၏ကျွန်းများပေါ်တွင် မြို့ပြများမရှိပေ။ ဖန်လုံအိမ်အများစု တည်ဆောက်ထားသောသူမှာ အလွန်နည်းပါးလှသည်။ ထို့ကြောင့် ဆောင်းဦးရာသီ အရမ်းမအေးလာမီအချိန်၌သာ စိုက်ပျိုးနိုင်ပေသည်။

အပူချိန်ကျဆင်းလာသည်နှင့်အမျှ ၎င်းတို့သည် ၎င်းတို့၏ကျွန်းများပေါ်တွင် ဆက်လက်စိုက်ပျိုးနိုင်တော့မည်မဟုတ်ပေ။

ထိုဆောင်းရာသီသို့ မရောက်ရှိမီ ၎င်းတို့သည်သိုလှောင်ထားရန် စားနပ်ရိက္ခာများ ပိုမိုလိုအပ်ပေသည်။

အထူးသဖြင့် မျိုးနွယ်စုများစွာကို ဖမ်းဆီးထားသော ကျွန်းများဖြစ်သည်။ ၎င်းတို့သည် အသက်ရှင်ကျန်ရစ်သူများသာဖြစ်ပါက ရှိပြီးသားစားနပ်ရိက္ခာဖြင့် အသက်ရှင်နိုင်သေးသည်။

သို့သော် မျိုးနွယ်စုအနည်းငယ်ကို ဖမ်းမိသည်နှင့် ကျွန်းပေါ်ရှိ ဒေသခံဦးရေသည် ချက်ချင်းတိုးပွားလာခဲ့သည်။

ထိုဒေသခံများသည် အလုပ်လုပ်ရာတွင် ကျွမ်းကျင်သူများဖြစ်ပြီး မည်သူမျှ ၎င်းတို့ကို စွန့်လွှတ်လိုမည်မဟုတ်ပေ။

အခြားသော တည်ငြိမ်သည့်စားနပ်ရိက္ခာအရင်းအမြစ်များ မရှိသောအခါ စိုက်ပျိုးခြင်းသည်သာ လူတိုင်း၏တညီတညွတ်တည်းရွေးချယ်မှုဖြစ်လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ယွမ်နွန်သည်လည်း အလုပ်များလာခဲ့ပြီး အပြင်ဘက်သို့ မျိုးစေ့များရောင်းချခြင်းတစ်ခုတည်းသာမက နည်းပညာဆိုင်ရာ လမ်းညွှန်မှုများအတွက်လည်း တာဝန်ရှိလာခဲ့သည်။

အဖွဲ့ဝင်များ၏ ဆွေးနွေးမှုကိုကြည့်ရင်း ရှောင်းယီ၏နှလုံးသားသည် အနည်းငယ်တုန်လှုပ်သွားခဲ့သည်။

“ငါတို့က အနာဂတ်မှာ ကြယ်ပင်လယ်ထဲကို တကယ်ပဲ ဝင်ရောက်နိုင်မှာလား။”

မည်သူကမျှ ဤမေးခွန်းကို သူ့အား အဖြေမပေးနိုင်ခဲ့ပေ။ သူသည် ၎င်းကို စဉ်းစားနေခြင်းသာဖြစ်သည်။

ခေါင်းကိုခါယမ်းလိုက်ပြီးနောက် ရှောင်းယီသည် သီးသန့်မက်ဆေ့ခ်ျကို နှိပ်လိုက်သည်။ ထိုနေရာတွင် မျောက်နက်နိုင်ငံမှ ကျန်းယုက မက်ဆေ့ခ်ျတစ်ခု ပေးပို့ထားခဲ့သည်။

“ကျွန်းပိုင်ရှင် ကျုပ် ဒီမှာရှိတဲ့အရာတွေကို ပြုပြင်ပြီးပါပြီ။ ကျုပ် ဘယ်အချိန် ခင်ဗျားနဲ့တွေ့နိုင်မလဲ။”

ကျန်းယုက ပြောထားခဲ့သည်။

“အင်း ခင်ဗျား ဘယ်အချိန်မဆိုလာလို့ရပါတယ်။ ခင်ဗျားလာရင် အဲ့ဒီကအိုင်ဒီကို ရှားနိုင်ငံဘာသာစကားကိုနားလည်တဲ့သူတစ်ဦးကို တာဝန်ပေးထားခဲ့လိုက်ပါ။ အကယ်၍ တစ်ခုခုဖြစ်လာခဲ့ရင် သူ့ကို အဲ့ဒီအိုင်ဒီနဲ့ ဆက်သွယ်ခိုင်းလိုက်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ထိုအိုင်ဒီသည် အမြဲတမ်းတာဝန်ကျသူတစ်ဦးရှိနေမည်ဖြစ်ပြီး ဖြစ်လာသည့်ပြဿနာများကို ကျန်းယုထံသို့ အချိန်မီအသိပေးနိုင်‌ပေသည်။

“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင် ကျုပ် မနက်ဖြန်လာခဲ့ပါမယ်။”

ကျန်းယုက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ”

ရှောင်းယီက တုံ့ပြန်လိုက်သည်။

ကျန်းယုနှင့် စကားပြောဆိုမှုကို အဆုံးသတ်လိုက်ပြီးနောက် ရှောင်းယီ စဉ်းစားလိုက်သည်။

သူသည် ဂရုထဲရှိ ရှေးဟောင်းသိုင်းပညာမိသားစုများကို သတိပေးခဲ့ပြီးဖြစ်သည်။ သူသည် ထိုလူများကို အလောတကြီးမလုပ်မိစေရန် သတိပေးခဲ့သည်။ သို့မှသာ သူ့တွင် ဖွံ့ဖြိုးတိုးတက်ရန် အချိန်ရှိမည်ဖြစ်သည်။

ကျိကျီယင်း၏အင်အားအရ ရှေးဟောင်းသိုင်းပညာမိသားစုများသည် အလွန်အမင်း အင်အားမကြီးမားလှသော်လည်း ၎င်းတို့သာ ပူးပေါင်းလိုက်ပါက အလွန်ကြီးမားသော အင်အားစုတစ်ခု ဖြစ်နေဆဲပင်။

ထို့အပြင် ၎င်းတို့တွင် အဆက်မပြတ် ထောက်ပံ့ထားသော ဆေးဝါးများလည်းရှိသေးသည်။ သူတွေ့ဆုံခဲ့ရသော ရှေးဟောင်းသိုင်းပညာမိသားစုများသည် ၎င်းတို့၏စွမ်းအားကို အတင်းအကျပ်တိုးမြှင့်ပေးနိုင်သော ဆေးဝါးများရှိခဲ့သည်ချည်းပင်။

ထိုသို့ဆိုလျှင် ၎င်းတို့တစ်ဦးစီတွင် တစ်ခုစီရှိပြီး ငယ်စဉ်ကတည်းက သိုင်းပညာကိုလေ့ကျင့်ခဲ့သည်ကို ထပ်ပေါင်းလိုက်လျှင် ၎င်းတို့နှင့်တိုက်ခိုက်ပါက မည်သို့သောရလဒ်များ ထွက်ပေါ်လာမည်ကို ပြောရန်ခက်ခဲလှပေသည်။

သို့သော် ယခုအချိန်တွင် ၎င်းတို့သည် ၎င်းတို့၏စွမ်းအားကို မထုတ်ဖော်နိုင်သေးပေ။ ၎င်းတို့တွင် သံသယများရှိနေသရွေ့ စုံစမ်းစစ်ဆေးကြရမည်ဖြစ်သည်။

ထိုစုံစမ်းစစ်ဆေးသည့်အချိန်သည် ရှောင်းယီအတွက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရမည့်အချိန်ဖြစ်သည်။ သူသည် နောက်ထပ် အဆင့်တက်သွားခြင်းမျိုးပင် ဖြစ်နိုင်ပေသည်။

All Chapters