အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
အခန်း ၁၆၁ - "နတ်သမီးမျက်ရည်"
"ဟင်... ဒါက ဘယ်လိုအလှမျိုးလဲ။"
လုပေါင် တစ်ယောက် နားမလည်နိုင်စွာ ရေရွတ်လိုက်မိသည်။
မကြာမီမှာပင် သူသည် အသံတစ်ခုကို ကြားလိုက်ရသည်။၎င်းမှာ ရှေ့တွင် ကြုံတွေ့ခဲ့ရသော နေမင်းပိုးကောင် များ အုပ်စုလိုက် ပျံသန်းလာစဉ်က ထွက်ပေါ်ခဲ့သော အသံမျိုးနှင့် ဆင်တူလှသည်။နေမင်းပိုးကောင်များ၏ အန္တရာယ်ကို သတိရမိသဖြင့် လုပေါင်သည် ချက်ချင်းပင် သတိဝီရိယ ထားလိုက်သည်။
မကြာမီတွင် လုပေါင်သည် ထိုအသံ၏ အရင်းအမြစ်ကို ရှာတွေ့သွားတော့သည်။ မလှမ်းမကမ်းရှိ တောအုပ်နက်ကြီးထဲမှ ဖြူဖွေးသောအလင်းတန်းကြီး တစ်ခု ထွက်ပေါ်လာသည်။လုပေါင် သေချာကြည့်လိုက်သောအခါ သူ၏ မျက်နှာတွင် အံ့ဩလှုပ်ရှားသွားသော အရိပ်အယောင်များ ပေါ်လာတော့သည်။
ဤအဖြူရောင် အလင်းတန်းကြီးမှာ ဖြူစင်လွန်းပြီး ဖောက်ထွင်းမြင်နိုင်လောက်အောင် ကြည်လင်နေသော လိပ်ပြာအုပ်ကြီးထံမှ ထွက်ပေါ်နေခြင်း ဖြစ်သည်။နေရောင်အောက်တွင် ထိုဖောက်ထွင်းမြင်ရသော လိပ်ပြာများမှာ ဖြူစင်သော အလင်းကို ပြန်ကန်စေပြီး အလွန်ပင် သန့်ရှင်းမြင့်မြတ်လှသည်။တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် မိမိ၏ ဝိညာဉ်ကို ဆေးကြောသန့်စင်ပေးနေသကဲ့သို့ ခံစားချက်ကို လုပေါင် ရရှိလိုက်သည်။
Live ထဲက ပရိတ်သက် များမှာလည်း ထိုလိပ်ပြာများကို မြင်သောအခါ အံ့ဩတကြီး အော်ဟစ်ကုန်ကြသည်။
"ဝါး... ဒီလိပ်ပြာတွေက တကယ်လှတာပဲဖောက်ထွင်းမြင်နေရတာလား။"
"ငါက ပိုးကောင်တွေကိုမြင်ရင် ကြက်သီးထတတ်တဲ့သူပါ ဒါပေမဲ့ ဒီလိပ်ပြာတွေကိုတော့ လက်ထဲမှာ ထည့်ထားချင်တယ်။"
"ဒါက နောက်ထပ် ရှားပါးမျိုးစိတ်တစ်ခု ဖြစ်ဦးမလား တစ်ခါမှ မမြင်ဖူးဘူး။"
ပရိတ်သက် များသာမက လုပေါင်ကိုယ်တိုင်ပင် ထိုမြင့်မြတ်သော အရှိန်အဝါရှိသည့် လိပ်ပြာများကို လက်ထဲတွင် ကိုင်ကြည့်ချင်စိတ် ပေါက်သွားရသည်။လုပေါင်၏ အကြည့်အောက်တွင် ထိုဖောက်ထွင်းမြင်ရသော လိပ်ပြာအုပ်ကြီးသည် မြေနိမ့်ပိုင်းက ပန်းခင်းများပေါ်သို့ လှပစွာ ဆင်းသက်နားခိုလိုက်ကြသည်။
သို့သော် ထိုစဉ်မှာပင် ပန်းပင်များကြားတွင် ပုန်းနေသော ရွှေဖားကြီးလှုပ်ရှားလာသည်ကို လုပေါင် သတိပြုမိလိုက်သည်။သူ၏ ပါးစပ်ကြီးမှာ ဖောင်းကားနေပြီး တစ်ခုခုကို လုပ်ရန် အဆင်သင့်ဖြစ်နေပုံရသည်။လုပေါင် ကြည့်နေစဉ်မှာပင် ထိုကောင်ကြီး၏ ပါးစပ်ထဲမှ အရိပ်တစ်ခုကဲ့သို့ လျင်မြန်လှသော အရာတစ်ခု ပစ်ထွက်သွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်းသည် ခုနစ်မီတာ ရှစ်မီတာခန့် အကွာအဝေးအထိ ရောက်သွားတော့သည်။ထိုအရာမှာ အခြားမဟုတ်လျှာ ပင် ဖြစ်သည်။ရွှေဖားကြီး၏ လျှာမှာ ရှစ်မီတာခန့်အကွာက ပန်းပွင့်ပေါ်တွင် နားနေသော လိပ်ပြာလေးတစ်ကောင်ကို ပတ်ယူပြီး ပါးစပ်ထဲသို့ ဆွဲသွင်းကာ ကျေနပ်စွာ ဝါးစားပစ်လိုက်သည်။
"တောက်... ဒီလျှာက ဒီလောက်တောင် ရှည်တာလား တကယ်ကို မြန်တာပဲ။"
"ခဏ... ညီအစ်ကိုတို့ ငါ့မှာ ဆန်းကြယ်တဲ့ အတွေးတစ်ခု။"
"အပေါ်ကလူ မင်းရဲ့ ညစ်ပတ်တဲ့ အတွေးတွေကို ရုပ်သိမ်းလိုက်စမ်း။ ဒီ Live က လူကြီးလူကောင်းတွေချည်းပဲ။"
ရွှေဖားကြီးသည် သူ၏ လျှာကို အသုံးချကာ လိပ်ပြာ အကောင်ပေါင်း ဒါဇင်အချို့ကို စားသောက်ပြီးနောက်မှ ရပ်တန့်သွားတော့သည်။လိပ်ပြာအုပ်ကြီးမှာ ထောင်နှင့် သောင်းနှင့်ချီ ရှိနေသဖြင့် အနည်းငယ် ပါသွားခြင်းမှာ ဘာမှမထိခိုက်ပေ။
"ဂွား..."
ရွှေဖားကြီးက အဝစားပြီးနောက် လေတက်လိုက်ရာ လိပ်ပြာအုပ်ကြီးမှာ လန့်ဖျပ်ပြီး တောနက်ထဲသို့ ပျံသန်း ထွက်ပြေးသွားကြတော့သည်။လိပ်ပြာများ ထွက်သွားမှ လုပေါင်သည် ချပ်ဝတ်နဂါးကြီးကို စီး၍ အနားသို့ တိုးသွားလိုက်သည်။
"ဂွား..."
ရွှေဖားကြီးကလည်း လုပေါင်ကို မြင်သည်နှင့် ခင်မင်စွာ နှုတ်ဆက်သည်။လုပေါင်သည် ရွှေဖားကြီးနှင့် ရင်းနှီးအောင် လုပ်ရန် ပင်လယ်စာများ ယူလာခဲ့သော်လည်း ထိုကောင်ကြီးမှာ ဗိုက်ဝနေပြီ ဖြစ်သဖြင့် အချည်းနှီး ဖြစ်သွားရသည်။
သို့သော် လုပေါင်သည် ထူးခြားမှုတစ်ခုကို တွေ့ရှိလိုက်ပြန်သည်။ရွှေဖားကြီးသည် လိပ်ပြာများ နားသွားသော ပန်းပွင့်များဆီသို့ သွားကာ တစ်စုံတစ်ခုကို ဂရုတစိုက် စုဆောင်းနေခြင်းပင်။လုပေါင် အနားသို့ သွားကြည့်သောအခါ ပန်းပွင့်များပေါ်တွင် ကြည်လင်နေသော အရည်စက်လေးများ ရှိနေသည်ကို တွေ့လိုက်ရသည်။၎င်းမှာ နှင်းရည်နှင့်မတူဘဲ လိပ်ပြာများကဲ့သို့ပင် ဖြူစင်မြင့်မြတ်သော အရှိန်အဝါ ရှိနေသည်။
ထို့နောက်တွင်တော့ လုပေါင် မှင်သက်သွားရသည်။ထိုကောင်ကြီးသည် ထိုအရည်များကို သူ၏ ခန္ဓာကိုယ်ပေါ်တွင် လိမ်းကျံနေခြင်းပင်။ထိုအရည်များ လိမ်းလိုက်သောအခါ ရွှေဖားကြီး၏ အရေပြားမှာ ရုတ်တရက် တောက်ပလာသည်ကို လုပေါင် သတိပြုမိလိုက်သည်။
"အော်... မင်းရဲ့ အရေပြားက ဘာလို့ ဒီလောက် ချောမွတ်နေတာလဲလို့ ငါ စဉ်းစားနေတာ။ အသားအရေ ထိန်းသိမ်းနေတာကိုး။"
ရွှေဖားကြီးက လုပေါင်၏ ဇဝေဇဝါဖြစ်မှုကို ရိပ်မိပုံရပြီး ထိုအရည်စက်များကို ညွှန်ပြကာ
"ကောင်းတဲ့အရာာ"
စနစ်မှတစ်ဆင့်ဘာသာပြန်လိုက်သည်။
လုပေါင်သည် စနစ်မှ ရရှိထားသော အဖိုးတန်ဆေးဖက်ဝင် အပင်များ ရုပ်ပြအုပ် ကို သတိရသွားပြီး ထိုအရည်စက်ကို စကန် ဖတ်ကြည့်လိုက်သောအခါ စာတန်းတစ်ခု ထွက်ပေါ်လာသည်။
"နတ်သမီးမျက်ရည် အဆင့်မြင့် ဆေးဖက်ဝင်ပစ္စည်း။ အလင်းနတ်သမီးလိပ်ပြာမှ ထုတ်လုပ်သည်။ဆေးဝါးအဖြစ် သုံးနိုင်သလို အသားအရေ ထိန်းသိမ်းမှုအတွက် အမြင့်ဆုံးအဆင့်ရှိသော ပစ္စည်းဖြစ်သည်။"
ထိုဖော်ပြချက်ကို မြင်လိုက်ရသောအခါ လုပေါင် ဆွံ့အသွားတော့သည်။သူ ရှာဖွေနေသော မျိုးဗီဇမြှင့်တင်ဆေးဖော်မြူလာထဲက ပါဝင်ပစ္စည်းတစ်ခုမှာလည်း နတ်သမီးမျက်ရည်ဟု ခေါ်သည် မဟုတ်ပါလား။အပင်ပန်းခံ ရှာနေစရာမလိုဘဲ မထင်မှတ်ဘဲ ရှာတွေ့သွားခြင်းပင် ဖြစ်သည်။
အခန်း ၁၆၂ - လူတိုင်းက ချီလင်လေးကို ရယ်ကြပေမဲ့ လူတိုင်းဟာ ချီလင်လေးတွေပါပဲ။
“ဒါဆို ခုနက လိပ်ပြာတွေကအလင်းနတ်သမီးလိပ်ပြာတွေပေါ့။အမည်နဲ့လည်း လိုက်ဖက်ပါပေတယ်။အဲ့ဒီလို မြင့်မြတ်တဲ့ အရှိန်အဝါမျိုးက တကယ့် နတ်သမီးတစ်ပါးအတိုင်းပဲ။”
လုပေါင် တစ်ယောက် စိတ်လှုပ်ရှားစွာ တိုးတိုးလေး ရေရွတ်လိုက်သည်။
“ပြီးတော့ ဒီ နတ်သမီးမျက်ရည်ရဲ့ အာနိသင်ကလည်း ထူးခြားလွန်းတယ်။ အလှအပနဲ့ အသားအရေ ပြန်လည် နုပျိုစေတယ် ဟုတ်လား။ ဒါ သဘာဝ အသားအရေ ထိန်းသိမ်းရေး ပစ္စည်းတွေ မဟုတ်လား။”
“အာနိသင်ကို သိချင်ရင် ဟို ရွှေဖားကြီးရဲ့ အရေပြားကို ကြည့်လိုက်ရုံနဲ့ သိနိုင်တယ်။ဒါကိုသာ အပြင်လောကကို ယူသွားရင် နာမည်ကြီး အလှကုန်တွေအားလုံး ဘေးဖယ်ထားလိုက်ရမှာပဲ။”
Live ထဲက ပရိတ်သက် များကတော့ ရယ်မောနေကြသည်။
“တောက်... ရွှေဖားကြီးက အသားအရေ ထိန်းသိမ်းနေတာလား။”
“ဒီဖားအဘိုးကြီးကတော့ တကယ့်ကို အဆင့်အတန်းရှိတာပဲ။ပန်းစိုက်တယ်၊ လယ်လုပ်တယ်၊ အပ်ချုပ်တယ်၊ အခုတော့ အသားအရေပါ ထိန်းသိမ်းနေပြီ။ ငါတောင် မနာလိုဖြစ်မိတယ်။”
“ညီအစ်ကိုတို့ရေ... ငါ့ရည်းစားက ရွှေဖားကြီး လိမ်းနေတဲ့ အရာကို လိုချင်လွန်းလို့ သေတော့မယ်။ ငါ ဘာလုပ်ရမလဲ။”
“အပေါ်ကလူ... မင်း အထုပ်ပြင်ပြီး တစ်ညတွင်းချင်း ထွက်ပြေးဖို့ အကြံပေးချင်တယ်။ အခုထိ ဘာလို့ မပြတ်သေးတာလဲ မင်းရည်းစား ပါးရိုက်တာကိုခံချင်နေတာလား အမြဲတမ်း ဒါလိုချင်တယ် ဟိုဟာလိုချင်တယ်နဲ့ ဖြုန်းတီးလွန်းတဲ့ မိန်းမပဲ။”
ပရိတ်သက် များ၏ စနောက်မှုကို ဂရုမစိုက်ဘဲ လုပေါင်သည် သူ၏ ပစ္စည်းများထဲမှ ဖန်ဗူးတစ်ဗူးကို ထုတ်လိုက်သည်။ထို့နောက် နတ်သမီးမျက်ရည်များကို ဂရုတစိုက် စတင် စုဆောင်းတော့သည်။အကယ်၍ ဤအရည်များက အသားအရေကို တကယ် ကောင်းမွန်စေပါက ၎င်းသည် ရွှေထက်ပင် တန်ဖိုးကြီးမားလှပေမည်။လက်ရှိခေတ်တွင် အမျိုးသမီးများ၏ အလှအပအတွက် အသုံးစရိတ်မှာ အလွန်များပြားသဖြင့် လုပေါင်သည် ကြီးမားသော စီးပွားရေးအခွင့်အလမ်းကို ချက်ချင်း မြင်လိုက်သည်။
မကြာမီမှာပင် လုပေါင်သည် နတ်သမီးမျက်ရည် တစ်ဗူးအပြည့် စုဆောင်းမိသွားပြီး ကျွန်းပေါ်တွင် အဆင်သင့်ရှိနေသော စမ်းသပ်ခံနှစ်ဦးထံသို့ ပြန်လာခဲ့သည်။ အလှကုန်ပစ္စည်းများနှင့် ပတ်သက်လာလျှင် အမျိုးသမီးများ၏ မှတ်ချက်ကသာ အမှန်ကန်ဆုံး မဟုတ်ပါလား။ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့မှာလည်း အလှအပကို နားလည်သော မင်းသမီးလေးနှင့် လေယာဉ်မယ်လေးများ ဖြစ်ကြသည်။
လုပေါင်သည် နတ်သမီးမျက်ရည်များကို ယူကာ ကျောကုန်းချပ်ဝတ်နဂါးကြီးကို စီး၍ ဂူဆီသို့ ပြန်လာခဲ့သည်။လမ်းတွင် အနီရောင်တောက်တောက် အရွက်များပါသော ချုံပုတ်တစ်ခုကို တွေ့သဖြင့် ရပ်တန့်လိုက်သည်။ မနေ့ညက မျောက်မကြီး ဆိုးထားသော နှုတ်ခမ်းနီအရွက်များပင် ဖြစ်သည်။ုဤအရွက်၏ အရောင်မှာ ဈေးကွက်ထဲက နှုတ်ခမ်းနီများထက်ပင် ပို၍ သဘာဝကျပြီး လှပလှသည်။
“အသားအရေ ထိန်းသိမ်းရေး ပစ္စည်းရပြီဆိုမှတော့ နှုတ်ခမ်းနီလည်း တစ်ခါတည်း ယူသွားရမှာပေါ့။”
ဂူရှေ့သို့ ပြန်ရောက်သောအခါ အမျိုးသမီးနှစ်ဦးမှာ လုပေါင်ကို တွေ့သဖြင့် စိတ်အေးသွားကြသည်။လုပေါင်၏ ရင်ခွင်ထဲက ချီလင်လေးမှာလည်း ဂူသို့ရောက်သည်နှင့် နိုးလာကာ ကျောက်မင်၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်တော့သည်။ကီလင်လေးက ကျောက်မင်၏ ရင်သားများနှင့် ပွတ်သီးပွတ်သပ် လုပ်နေသည်ကို မြင်သောအခါ လုပေါင်မှာ စိတ်ပျက်လက်ပျက် ဖြစ်သွားရသည်။
“မင်းကတော့လေ... စားချိန်တန်ရင်လည်း အချိန်မှန်နိုးတယ် အခုလည်း လှတဲ့သူမြင်တာနဲ့ အလိုလို နိုးလာတာပဲလား။”
Live ထဲက ပရိတ်သက် များမှာလည်း အားကျမနာလို ဖြစ်ကုန်ကြသည်။
“ငါတို့ရဲ့ ချီလင်လေးကတော့ ပျက်စီးသွားပြီ။”
“လူတိုင်းက ချီလင်လေးကို ရယ်ကြပေမဲ့ လူတိုင်းဟာ ချီလင်လေးတွေပါပဲ ကိုယ်တိုင်လည်း အဲ့လိုလုပ်ချင်ကြတာကို။ ဘယ်သူက လှတဲ့သူနဲ့ နီးနီးကပ်ကပ် မနေချင်ဘဲ နေမှာလဲ။”
လုပေါင်သည် သူ၏ ရည်ရွယ်ချက်ကို မမေ့ဘဲ နတ်သမီးမျက်ရည်များနှင့် အနီရောင်အရွက်များကို ထုတ်ပြလိုက်သည်။
“ဒါက အသားအရေ ထိန်းသိမ်းဖို့ပဲ။ မင်းတို့ လိုအပ်မယ် ထင်လို့။”
Skincare ဟု ကြားလိုက်ရုံနှင့် အမျိုးသမီးနှစ်ဦး၏ မျက်နှာမှာ ဝင်းပသွားတော့သည်။ သုံးနှစ်တိုင်တိုင် ကျွန်းပေါ်မှာ ပိတ်မိနေသော်လည်း အလှအပကို မြတ်နိုးခြင်းမှာ မိန်းမသားတို့၏ သဘာဝပင် ဖြစ်သည်။ သူတို့သည် ထိုဗူးကို ကြည့်ကာ
“လောင်ကန်မား လား။ငါတို့ အပြင်လောကနဲ့ ဝေးနေတာ သုံးနှစ်ရှိပြီဆိုတော့ အလှကုန်လုပ်ငန်းထဲတောင် လောင်ကန်မားက ဝင်လာပြီလား။”
ကျောက်မင်ကဗူးခွံကိုကြည့်ကာ ဇဝေဇဝါ မေးလိုက်သည်။လုပေါင်က စွပ်ပြုတ်ချက်ရန် ဟင်းခတ်ဗူးအဟောင်းကို သုံးထားခြင်း ဖြစ်သည်။
အမျိုးသမီးနှစ်ဦးမှာ မျက်နှာကို အရင် သန့်စင်လိုက်ကြသည်။သုံးနှစ်တာ ဒုက္ခများကြောင့် ညှိုးနွမ်းနေသော်လည်း သူတို့မှာ အခြေခံလှပသူများ ဖြစ်ကြသည်။သူတို့သည် နတ်သမီးမျက်ရည်များကို မျက်နှာပေါ်တွင် ပညာရှင်ဆန်စွာ လိမ်းကျံလိုက်သောအခါ... လုပေါင် မှင်တက်သွားရသည်။
အာနိသင်မှာ အလွန်ပင် ကောင်းမွန်လှသည်။ သူတို့၏ အသားအရေမှာ ချက်ချင်းဆိုသလို စိုပြေဝင်းပလာပြီး ပင်ပန်းနွမ်းနယ်မှုများ ပျောက်ကွယ်သွားသလို ခံစားရသည်။ ထို့နောက် အနီရောင်အရွက်ကို နှုတ်ခမ်းပေါ်တွင် ဖိကပ်လိုက်သောအခါ မိတ်ကပ်မပါဘဲ သဘာဝအတိုင်း လှပလွန်းသော မျက်နှာများ ဖြစ်သွားတော့သည်။
Live ထဲက Comment များမှာလည်း ပေါက်ကွဲကုန်ကြသည်။
“တောက်... ရွှေဖားကြီး သုံးတဲ့ အလှကုန်က ဒီလောက်တောင် အစွမ်းထက်တာလား။”
“မင်းသမီးလေးတွေ တကယ်လှတာပဲ။”
“ရတနာနတ်ဘုရားရေ... မင်း နောက်ထပ် စီးပွားရေးအခွင့်အလမ်းတစ်ခုကို ရှာတွေ့ပြန်ပြီပဲ။”