← Chapters

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း (၁၆၇-၁၆၈)

Vol. 17 Ch. 167-168

အခန်း ၁၆၇ - ဒါက သန့်သန့်ရှင်းရှင်း ကုသိုလ်လုပ်နေတာပဲ။

ကျောကုန်းချပ်ဝတ်နဂါးကြီးမှာ အလွန်လိမ္မာလှသည်။သူက သလိပ်ခဲကြီး အချို့ကို အကြိမ်ကြိမ် ထွေးထုတ်ပေးရာ လုပေါင်ကလည်း မျောက်ဝံနက်ကြီးများကို ချက်ချင်း အလုပ်စခိုင်းလိုက်သည်။ဘိလပ်မြေထက်တောင် ပိုခိုင်ခံ့သည့် ဤကပ်စေးနှဲရည်ဖြင့်ဆိုလျှင် အုတ်နံရံနှင့် ဗီလာဆောက်ရန်မှာ အမှန်တကယ် ဖြစ်နိုင်ခြေ ရှိလာပြီဖြစ်သည်။

မျောက်ဝံကြီးများ အလုပ်လုပ်နေစဉ် လုပေါင်သည် ကျွန်းပေါ်တွင် ဆက်လက်စူးစမ်းရန် စိတ်ကူးမိသည်။အကြောင်းမှာ မျိုးဗီဇမြှင့်တင်ဆေး ဖော်မြူလာအတွက် ဆေးဖက်ဝင်အပင် အနည်းငယ် လိုအပ်နေသေးသောကြောင့်ဖြစ်သည်။ ထိုစဉ်မှာပင် အချိန်အတော်ကြာ တိတ်ဆိတ်နေသော ကျောက်တုံးဘုရင် ထံမှ သတင်းစကား ရောက်လာသည်။

“ကြွက်တပ်ဖွဲ့က တစ်ခုခု ရှာတွေ့ပြန်ပြီလား။”

နေ့စဉ်နေ့တိုင်း မီးပုရွက်ဆိတ်တပ်ဖွဲ့နှင့် ကြွက်တပ်ဖွဲ့များကို ကျွန်းအနှံ့ စူးစမ်းခိုင်းထားခြင်းမှာ လုပေါင်၏ ပုံမှန်လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။

လုပေါင်သည် အလွန်စိတ်လှုပ်ရှားသွားပြီး ကြွက်များ သယ်လာပေးသည်အထိပင် မစောင့်နိုင်တော့ဘဲ နဂါးကြီးကိုစီး၍ ရတနာရှာပုံတော်ခရီး စတင်လိုက်တော့သည်။ Live ထဲကပရိတ်သက် များမှာလည်း စိတ်လှုပ်ရှားကုန်ကြသည်။

“ဝါး... ရတနာနတ်ဘုရား တစ်ခုခု ရှာတွေ့ပြန်ပြီ။ ညီအစ်ကိုတို့ရေ... အဓိကအပိုင်း ရောက်လာပြီဟေ့။”

လမ်းခရီးတွင် ကျောက်တုံးဘုရင်၏ ဖော်ပြချက်အရ လုပေါင်သည် ကြွက်များ ဘာရှာတွေ့ထားသည်ကို ခန့်မှန်းမိသွားပြီး ပါးစပ်နားရွက်ချိတ်မတတ် ပြုံးပျော်နေတော့သည်။ မကြာမီမှာပင် ထိုနေရာသို့ ရောက်သွားသောအခါ လုပေါင်၏ အမြင်အာရုံထဲတွင် စိမ်းလန်းသော အရွက်များပါသည့် နွယ်ပင်အုပ်ကြီးကို တွေ့လိုက်ရသည်။

ကျေးလက်မှာ ကြီးပြင်းလာသူပီပီ လုပေါင်သည် ဤအပင်နှင့် အလွန်ရင်းနှီးလှသည်။ ကြွက်များ တူးထုတ်ထားသော ခေါင်းလုံးခန့်ရှိသည့် အသီးအချို့ကို မြင်လိုက်ရသောအခါ လုပေါင်၏ ထင်မြင်ချက်မှာ ပို၍ သေချာသွားတော့သည်။

“ဒီကျွန်းပျက်ကြီးပေါ်မှာ ကန်စွန်းဥတွေ ပေါက်နေတာလား။”

လုပေါင် အလွန်အမင်း စိတ်လှုပ်ရှားသွားရသည်။ဒီရက်ပိုင်း သူသည် ပင်လယ်စာနှင့် အသားများကိုသာ အဝစားခဲ့ရသော်လည်း အဓိကစားကုန် တစ်ခုမှ မစားခဲ့ရပေ။ ပင်လယ်စာတွေ အစားများလာသောအခါ သူ အလိုချင်ဆုံးမှာ ထမင်းဖြူ နွေးနွေးလေး တစ်ပန်းကန်ပင် ဖြစ်သည်။ဤနေရာတွင် ထမင်းအတွက် မျှော်လင့်ချက် မရှိသော်လည်း ဤကန်စွန်းဥများကို အဓိကအစားအစာအဖြစ် စားသုံးနိုင်သည်။ မီးဖုတ်စားလျှင်လည်း အလွန်မွှေးကြိုင်လှပေမည်။

လုပေါင်က နဂါးပေါ်က ဆင်းကာ ကန်စွန်းဥများကို တစ်ခုပြီးတစ်ခု တူးထုတ်နေသော်လည်း Live ထဲက ပရိတ်သက် များကတော့ ဇဝေဇဝါ ဖြစ်ကုန်ကြသည်။

“ဒါက... ကန်စွန်းဥတွေလား။ အဲ့ဒါက ဘာထူးခြားလို့လဲ။”

“ရတနာနတ်ဘုရား ရှာတွေ့တဲ့ ရတနာဆိုတာ ဒါပဲလား။ကန်စွန်းဥ တူးတာကို ငါတို့က ဘာကြည့်ရမှာလဲ။”

“ညီအစ်ကိုတို့ စိတ်ပျက်သွားမှာပဲ။”

လုပေါင်သည် Live ထဲက Comment များကို ကြည့်ကာ သက်ပြင်းချလိုက်သည်။ဒီ ပရိတ်သက် တွေက စိတ်ကျေနပ်အောင် ထားရတာ ပိုပိုခက်လာပြီဖြစ်၏။နေ့တိုင်း ရင်သပ်ရှုမောစရာတွေပဲ မြင်ချင်နေကြသည်။သူက လက်ထဲက ကန်စွန်းဥကြီးကို ကိုင်ကာ လူလည်ပြုံး ပြုံးလိုက်ပြီး

“ညီအစ်ကိုတို့... ငါ့လက်ထဲက အရာကို သိကြလားယဟုတ်တယ် ဒါ ကန်စွန်းဥပဲ။ ဒါပေမဲ့ ဒီကန်စွန်းဥက အဖိုးတန်ပစ္စည်းဆိုတာ ငါပြောရဲတယ်။ လူမိုက်တွေလို မသိနားမလည် မလုပ်ကြနဲ့ဦး။”

ပရိတ်သက် များမှာ ဆွံ့အသွားကြသည်။

“ဘုရားရေ... ရတနာနတ်ဘုရားရေ မင်းက ကီးးချီလင်လေးကို လိမ်တယ်၊ ရွှေဖားကြီးကို လိမ်တယ်၊ နဂါးကြီးကိုလည်း လိမ်တယ်၊ အခုတော့ ငါတို့ကိုပါ လာလိမ်နေပြီလား။”

“ကန်စွန်းဥက ကန်စွန်းဥပဲပေါ့ အဲ့ဒါကို ဗဟုသုတ ရှိဖို့တောင် လိုလို့လား။”

လုပေါင်က ရယ်မောရင်း ဆက်ပြောသည်။

“ညီအစ်ကိုတို့ စိတ်မဆိုးပါနဲ့။ ငါ ဘယ်သူ့ကိုမဆို လိမ်နိုင်ပေမဲ့ ညီအစ်ကိုတို့ကိုတော့ မလိမ်ပါဘူး။ ဒီကန်စွန်းဥက သာမန်လူလက်ထဲမှာ ဘာမှမဟုတ်ပေမဲ့ ငါ့လက်ထဲမှာတော့ ရွှေထက်တန်ဖိုးရှိတယ်။ ဘယ်သူ လောင်းကြေးထပ်မလဲ။”

“ငါ ရှုံးရင် နှစ်ဆ ပြန်ပေးမယ်။ ဘယ်လိုလဲလက်ခံလား။”

ပရိတ်သက် များကတော့ မခံချင်စိတ်ဖြင့် လောင်းကြေးတွေ ထပ်ကုန်ကြတော့သည်။

“လက်ခံတယ် ကန်စွန်းဥက ရွှေနဲ့ ယှဉ်နိုင်မလား။ငါ ရတနာမြေပုံ တစ်ခုထပ်မယ်။”

“ငါ ၁၀ ခု ထပ်မယ်။”

ထိုစဉ်မှာပင် Ocean ပလက်ဖောင်းမှ Admin ပေါ်လာပြီး

“Live ထဲတွင် လောင်းကစားခြင်းကို တင်းကြပ်စွာ တားမြစ်သည်။”

သို့သော်Fan များက ဝိုင်းဆဲသဖြင့် Admin မှာ ပြန်ထွက်သွားရသည်။

“ဒါက လောင်းကစားတာ မဟုတ်ဘူး၊ ရတနာနတ်ဘုရားက ငါတို့ကို ကုသိုလ်လာလုပ်ပေးတာလို့ ခေါ်တယ်။”

လုပေါင်သည် ခပ်နောက်နောက် Comment များကို ကြည့်ကာ ပြုံးလိုက်သည်။ဒီ ပရိတ်သက် လေးတွေက ငယ်ပါသေးသည်။သူသည် ကန်စွန်းဥများကို အထုပ်လိုက် နဂါးကြီး၏ လည်ပင်းတွင် ချိတ်ကာ ဗီလာဆောက်ရာနေရာသို့ ပြန်လာခဲ့သည်။ မျောက်ဝံကြီးများ၏ လက်ရာမှာလည်း တိုးတက်နေပြီဖြစ်သည်။လုပေါင်သည် မီးပုံကြီးတစ်ခု ပြုလုပ်ကာ ကန်စွန်းဥများကို တိုက်ရိုက် မီးဖုတ်လိုက်တော့သည်။

မကြာမီမှာပင် ချိုမြိန်သော အနံ့များက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားရာ လုပေါင် တစ်ယောက် သွားရည်ကျလာတော့သည်။

အခန်း ၁၆၈ - ထူးဆန်းအံ့သြဖွယ် အပင်များ။

လုပေါင်သည် သူ၏ နဂါးသွေးနှင့် လျှပ်စစ်အားဖြည့်ထားသော အရေပြားကို အားကိုးကာ ကန်စွန်းဥများမှာ ပူလောင်နေသော်လည်း ဂရုမစိုက်ဘဲ အားပါးတရ စားသုံးနေတော့သည်။အဓိကအစားအစာ မစားရသည်မှာ ရက်အတော်ကြာပြီဖြစ်ရာ သူ စားနေသည့်ပုံမှာ Live ထဲမှ ကြည့်နေသူများကိုပင် ဗိုက်ဆာလာစေသည်။

“တောက်... သူ ကန်စွန်းဥမီးဖုတ် စားနေတာ ကြည့်ရတာနဲ့တင် ငါ သွားရည်ကျလာပြီ။”

သို့သော် လုပေါင်သည် အဓိကအလုပ်ကို မမေ့ပေ။ သူသည် ကန်စွန်းဥမီးဖုတ်အချို့ကို ယူကာ နဂါးကြီးကိုစီး၍ ရွှေဖားကြီးနေထိုင်ရာ ချိုင့်ဝှမ်းဆီသို့ ဦးတည်လိုက်သည်။လုပေါင် ရောက်လာသည်နှင့် တစ်ပြိုင်နက် ပရိတ်သက် များမှာ မကောင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။

လုပေါင်သည် ကန်စွန်းဥများကို ထုတ်ကာ ရွှေဖားကြီးကို စတင် ဂျင်း ထည့်တော့သည်။

“ဖားလေးရာ... မင်းရဲ့ ဝမ်းချုပ်တဲ့ ဝေဒနာကို ကုပေးရဦးမယ်။ စကားပုံရှိတယ်မဟုတ်လား စားနိုင်မှ ဝမ်းသွားနိုင်တာလေ။ ကဲ... ဒီကန်စွန်းဥတွေကို အရင်စားကြည့်လိုက်။”

ရွှေဖားကြီးသည် ကန်စွန်းဥမီးဖုတ်များကို သံသယဖြင့် ကြည့်နေသော်လည်း မွှေးကြိုင်လှသော အနံ့ကို မအောင့်နိုင်ဘဲ လျှာဖြင့် လှမ်းယူကာ တစ်လုံးပြီးတစ်လုံး မျိုချလိုက်တော့သည်။တစ်လုံးစားပြီးသည်နှင့် ရွှေဖားကြီး၏ မျက်လုံးများမှာ ကျေနပ်အားရမှုဖြင့် ဝင်းပသွားသည်။

ပရိတ်သက် အချို့က လုပေါင် ဘာလုပ်တော့မည်ကို ရိပ်မိသွားပြီး Comment များ ရေးကြသည်။

“ရတနာနတ်ဘုရား မင်း ဒီလောက်တောင် ယုတ်မာတာလား။”

“ပေါင်ပေါင်ရာ... မင်းက ရွှေဖားကြီးကို ကန်စွန်းဥတွေ ကျွေးပြီး ရွှေတွေအများကြီး ပါခိုင်းမလို့မလား။”

လုပေါင်က ပြုံးလိုက်ပြီး

“ငါက ညီအစ်ကိုတို့ကို အနိုင်ကျင့်တာ မဟုတ်ပါဘူး။မြို့ပေါ်မှာ နေတဲ့သူတွေ ဖြစ်နေလို့ ဒီစကားကို မသိကြတာပါ။ ကဲ... မှတ်စုစာအုပ်ထုတ်ပြီး မှတ်ထားလိုက်ကြ ‘ကန်စွန်းဥ တစ်ပိဿာစားရင် ဝမ်းက သုံးပိဿာ ထွက်တယ်’ တဲ့။အမှန်တော့ အဲ့ဒီထက်တောင် ပိုဦးမယ်။”

လုပေါင်သည် ထိုသို့ပြောပြီးနောက် လက်ပိုက်ကာ ရွှေဖားကြီး ဝမ်းသွားမည့်အချိန်ကို အေးအေးဆေးဆေး စောင့်နေတော့သည်။ ကျေးလက်မှာ ကြီးပြင်းလာသူပီပီ ကန်စွန်းဥစားပြီးနောက် ဝမ်းသွားသည့် ပမာဏမှာ မည်မျှ များပြားကြောင်း သူ ကောင်းကောင်းသိသည်။

Live ထဲက ပရိတ်သက် များမှာလည်း လက်လျှော့သွားကြသည်။

“ဘုရားရေ... မင်းက ဂိမ်းထဲက Bug ကို အသုံးချနေတာလား။”

“ရတနာနတ်ဘုရား... မင်းကို ပါရမီရှင် အဂ္ဂိရတ်ဆရာ လို့ပဲ ခေါ်ပါတော့မယ်။ ကန်စွန်းဥကျွေးပြီး ရွှေဥတွေ ပြန်ထုတ်ခိုင်းတာ... ဒါက တကယ့်ကို အမြတ်အစွန်းကြီးပဲ။”

“ရတနာနတ်ဘုရားရဲ့ ယုတ်မာမှု +2”

ပရိတ်သက် များမှာ ရယ်ရခက် ငိုရခက် ဖြစ်နေသော်လည်း ကတိအတိုင်း Gift များ ပေးကြသဖြင့် Screen တစ်ခုလုံး Gift effect များဖြင့် ပြည့်နှက်သွားသည်။ လုပေါင်ကလည်း လူလည်ပြုံး ပြုံးကာ။

“အော်... ညီအစ်ကိုတို့ရာ ဘာလို့ ဒီလောက် အတည်ပေါက်ကြီး ဖြစ်နေတာလဲ။ ငါတို့က ညီအစ်ကိုတွေပဲဟာ အတည်ယူစရာ မလိုပါဘူး။ Gift တွေက အရေးမကြီးပါဘူး၊ ငါ ပိုက်ဆံကို စိတ်မဝင်စားပါဘူးလို့ ပြောထားသားပဲ။ ဒါကြောင့် Gift တွေ ပို့တာကို မရပ်လိုက်ပါနဲ့ဦး။”

Gift များစွာ ရရှိထားသဖြင့် လုပေါင် စိတ်အခြေအနေ အလွန်ကောင်းနေသည်။ရွှေဖားကြီး ဝမ်းသွားရန် အချိန်လိုသေးသဖြင့် သူသည် ချိုင့်ဝှမ်းအတွင်း လမ်းလျှောက်ကြည့်ကာ အပင်ဆန်းများကို စူးစမ်းတော့သည်။

သူသည် တစ်ပင်တည်းမှာတင် ခုနစ်ရောင်စုံ ပွင့်နေသော ခုနစ်ရောင်ခြည်ပန်းကို တွေ့သလို ခြင်နှင့် ပိုးမွှားများကို အလိုအလျောက် ဖမ်းယူစားသောက်သော ပိုးစားပင် တစ်မျိုးကိုလည်း တွေ့လိုက်ရသည်။

“ဟား... ဒါက ကောင်းတာပဲ။ နွေရာသီမှာ အိပ်ရာဘေးမှာ ဒါတစ်ပင်လောက် ထားထားရင် ခြင်ထောင်တောင် လိုမှာ မဟုတ်ဘူး။”

ထို့ပြင် လေထုကို သန့်စင်ပေးနိုင်သော အဖြူရောင် ပန်းပွင့်လေးများပါသည့် အပင်ကိုလည်း တွေ့လိုက်ရသည်။လုပေါင်မှာ လက်ကားဒိုင် ရောက်နေသကဲ့သို့ ခံစားနေရသည်။ရွှေဖားကြီး၏ ခြံဝင်းထဲတွင် ထူးဆန်းသော အပင်များစွာ ရှိနေပြီး တစ်ပင်ချင်းစီမှာ အံ့ဩဖွယ် အာနိသင်များ ရှိကြသည်။

မကြာမီ ရွှေဖားကြီး၏ လှုပ်ရှားမှုကို သတိပြုမိသဖြင့် လုပေါင် အပြေးအလွှား သွားကြည့်လိုက်သည်။ရွှေဥများ တစ်လုံးပြီးတစ်လုံး ထွက်ပေါ်လာရာ ပမာဏမှာ လုပေါင်ကိုပင် အံ့အားသင့်စေသည်။

“ကန်စွန်းဥ တစ်ပိဿာ ဝမ်း သုံးပိဿာ ဆိုတာ တကယ်ပဲ။”

ရွှေဥပုံကြီးကို ကြည့်ရင်း လုပေါင်၏ မျက်နှာတွင် လူလည်ပြုံးကြီး ပေါ်လာပြန်ရာ သူ့အကျင့်ကို သိနေသော ပရိတ်သက် များမှာလည်း ကျောချမ်းသွားကြတော့သည်။

All Chapters