← Chapters

ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခု ပွင့်သွားပြီ

Vol. 32 Ch. 453

ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခု ပွင့်သွားပြီ

Vol. 32 Ch. 453

အခန်း (၄၅၃) ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခု ပွင့်သွားပြီ

အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ပြန်ရန်လမ်းကြောင်းကို အရင်ဆုံး ရှာဖွေကြရပေမည်။ ပြီးမှ အချိန်ရလျှင် ကျန်ရှိသည့်ကိစ္စရပ်များကိုပြုလုပ်ရန် စဉ်းစားရမည် ဖြစ်၏။

အခြားသောကြေးမုံမှန်တစ်ခြမ်း မည်သည့်နေရာတွင်ရှိနေကြောင်း သိရှိပြီးနောက် ရန်ကျောက်ကဲ ယောင်းချန်တောင်သို့ ခရီးထွက်လာခဲ့သည်။ သူနှင့်အတူ ဖန်းယွင်ရှန်းနှင့် အခြားသူများလည်း လိုက်ပါသွားကြ၏။

မိုးကြိုးဂိုဏ်းဌာနချုပ်တည်ရှိရာ ဟော်ချင်းတောင်တန်းဆီသို့ သူတို့ ဦးတည်ထွက်ခွာလာကြသည်။

အရင်ကဆိုလျှင် ဟော်ချင်းတောင်တန်းက မိုးကြိုးဂိုဏ်းနှင့် မိုးကြိုးမိစ္ဆာ၏ နယ်ခြားဒေသဖြစ်သည်။ သို့သော် ရန်ကျောက်ကဲက မိုးကြိုးမိစ္ဆာကို သတ်ဖြတ်လိုက်သည်ဖြစ်ရာ ဟော်ချင်းတောင်တန်းသည် မိုးကြိုးဂိုဏ်း၏ ထိန်းချုပ်မှုလက်အောက်သို့ အလိုလို ကျရောက်သွားသည်။

ရန်ကျောက်ကဲ အနောက်ဒေသမှ ဟော်ချင်းတောင်တန်းသို့ ထွက်ခွာလာကြောင်း သတင်းကြားသည်နှင့် မိုးကြိုးဂိုဏ်းက သူတို့ကို ကြိုဆိုကြသည်။ သို့သော် ရန်ကျောက်ကဲက သူတို့ကို အလွန်အကျွံပါဝင်ပတ်သက်ခွင့်မပြုဘဲ ပေလုတောင်ထွတ်ပတ်ဝန်းကျင်တွင် နယ်မြေရှင်းလင်းထားရန်သာ ညွှန်ကြားခဲ့၏။

မိုးကြိုးကျောက်ပြားကို ဆုံးရှုံးခဲ့ရသည့်အပြင် ရန်ကျောက်ကဲကြောင့် ထိပ်တန်းသိုင်းသမားများစွာ ဒဏ်ရာရခဲ့ကြသဖြင့် မိုးကြိုးဂိုဏ်း၏အင်အားက သိသိသာသာ ကျဆင်းသွားခဲ့သည်။

ထို့ကြောင့် မိုးကြိုးမိစ္ဆာမရှိတော့သည့်တိုင် သွေးနှောမီးခြူးက သူတို့ကို တိုက်ခိုက်ရန်အတွက် ကျားချောင်းချောင်းနေခဲ့လေသည်။ သို့သော် ရန်ကျောက်ကဲတို့အုပ်စုရောက်လာသည့်အခါ သွေးနှောမီးခြူးသည်လည်း မိုးကြိုးဂိုဏ်းလွှမ်းမိုးချုပ်ကိုင်သော နယ်မြေအနားသို့ မကပ်ဝံ့တော့ပေ။

“ယောင်းချန်တောင်က ဒီနားတစ်ဝိုက်မှာ ဖြစ်ရမယ်”

လေထဲတွင်ပျံသန်းလာရင်း ရန်ကျောက်ကဲက နဖူးကိုလက်ဖြင့်ကာလျှက် အဝေးဆီသို့လှမ်းမျှော်ကြည့်ရင်း နယ်မြေအခြေအနေကို စမ်းစစ်လိုက်သည်။

ယောင်းချန်တောင်အနီးသို့ရောက်လာသည်နှင့် ရန်ကျောက်ကဲတို့အုပ်စုက တောင်စောင်းတစ်ခုထက်သို့ ဆင်းသက်လိုက်ကြ၏။

အဝေးဆီမှ ရေကျဆင်းနေသံကိုကြားရပြီး မကြာမီ ရေတံခွန်ကြီးတစ်ခုရှိရာသို့ သူတို့ ရောက်ရှိလာကြသည်။

ရန်ကျောက်ကဲက သူနှင့်အတူယူလာသော ကြေးမုံမှန်ကို ထုတ်ယူလိုက်သည်။ ထိုနေရာရောက်သည်နှင့် ကြေးမုံမှန်တစ်ခြမ်းဖြင့် ပေါင်းစပ်ထားသော ပုံရိပ်ယောင်ဖန်သားပြင်က လေထဲတွင် မျောလွင့်ပျောက်ကွယ်သွားပြီး ကျန်ရှိနေသည့်မှန်တစ်ခြမ်းသည်လည်း အရောင်မှေးမှိန်လျှက်ရှိသည်။

ထိုကြေးမုံမှန်တစ်ခြမ်းက စွမ်းအားပြန်လည်ပြည့်ဝလာခြင်းမရှိသေးသော်လည်း ယောင်းချန်တောင်ပတ်ဝန်းကျင်သို့ ရောက်ရှိသည်နှင့် မူမမှန်စွာ တုန်ခါလာသည်။

ရန်ကျောက်ကဲ ၊ ဖန်းယွင်ရှန်း ၊ အားဟူနှင့် အခြားသူများအားလုံး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြရင်း...

“ဒီနေရာပဲ...”

ရန်ကျောက်ကဲက သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရကို ကြေးမုံမှန်တစ်ခြမ်းအတွင်းသို့ ထည့်သွင်းလိုက်ပြီး သူ့အရှေ့မှ ရေတံခွန်အား အခြေအနေ စောင့်ကြည့်နေသည်။

ထိုစဉ် ကြေးမုံမှန်တစ်ခြမ်းအတွင်းမှ များပြားလှစွာသောအလင်းတန်းများ တောက်ပလာပြီး ပုံရိပ်ယောင်များ ထင်ဟပ်လာသည်။ ကြေးမုံမှန်မျက်နှာပြင်ထက်မှ အလင်းတန်းတစ်ခု ထိုးဖောက်ထွက်ပေါ်လာပြီး ပုံရိပ်ယောင်တစ်ဝက် အစစ်အမှန်တစ်ဝက်ဖြင့် မိုးမြေတစ်ခွင့် လှည့်ပတ်ပျံ့လွင့်နေသည်။

အတန်ကြာသည့်အခါ လှည့်ပတ်နေသောအလင်းတန်းက ရေတံခွန်အောက်ရှိ‌ ကျောက်ဆောင်ကြီးတစ်ခုဆီသို့ မျဉ်းကြောင်းတစ်ခုပမာ ကျရောက်သွား၏။

ကျောင်ဆောင်ကြီးတုန်လှုပ်သွားသည့်အခါ ရန်ကျောက်ကဲ ပြုံးလိုက်လေ၏။

ရန်ကျောက်ကဲလက်ထဲမှ ကြေးမုံမှန်တစ်ခြမ်းအလယ်ဗဟိုမှ ထွက်ပေါ်နေသော အလင်းတန်းက ကျောက်ဆောင်အောက်မှ တည်ရှိမှုတစ်ခုနှင့် ချိတ်ဆက်သွားသည်။

ထိုအချိန် ရန်ကျောက်ကဲထံမှ ဓားရောင်တစ်ချက်လင်းလက်သွားပြီး ကျောက်ဆောင်ကြီးကို နှစ်ပိုင်းခွဲချလိုက်သည်။

ကျောက်ဆောင်အက်ကွဲကြောင်းအတွင်းမှ ထူးဆန်းသောရတနာအလင်းတန်းများထွက်ပေါ်လာပြီး ကောင်းကင်ထက်တိုင် မြင့်တက်သွားသည်။ ထို့နောက် ကျောက်ဆောင်ထဲမှ အနက်ရောင်အရိပ်တစ်ခု ပျံသန်းထွက်ခွာလာပြီး ရန်‌ကျောက်ကဲလက်ထဲသို့ ဆင်းသက်လာသည်။

ထိုအရာက ကြေးမုံမှန်၏ အခြားသောမှန်တစ်ခြမ်း ဖြစ်လေ၏။

ပုံသဏ္ဌန် ၊ အသွင်အပြင်နှင့် အထဲတွင်ပါရှိသော ဝိညာဉ်စွမ်းအားများက ရန်ကျောက်ကဲလက်ထဲတွင်ရှိနေသော ကြေးမုံမှန်တစ်ခြမ်းနှင့် အတူတူပင် ဖြစ်သည်။

ကြေးမုံမှန်နှစ်ခြမ်း အပြည့်အဝ ပြန်လည်ပေါင်းစည်းသွားကြသည်။ ယခင်က ပြီးပြည့်စုံသောမှန်တစ်ချပ် နှစ်ခြမ်းကွဲသွားခဲ့ပြီး ယခုတော့ ပြန်လည်ပေါင်းဆုံနိုင်ခဲ့ပေပြီ။

ရန်ကျောက်ကဲက သူ့လက်နှစ်ဖက်မှ ကြယ်တာရာချီစွမ်းအားများကို ထုတ်လွှတ်လျှက် ကြေးမုံမှန်နှစ်ခြမ်းကို ပြန်လည်ပေါင်းစည်းစေလိုက်သည်။

ကြေးမုံမှန်နှစ်ခြမ်းပေါင်းစည်းသွားသည်နှင့် မှန်သားမျက်နှာပြင်ထက်မှ များပြားလှစွာသောအလင်းတန်းများ ထွက်ပေါ်လာပြီး မိုးမြေတစ်ခွင် လင်းထိန်တောက်ပသွား၏။ ကြေးမုံမှန်အလင်းနှင့် ထိမိသောဗလာနယ်တိုင်းက အနည်းငယ် ပုံပျက်သွားလေသည်။

ဒါကိုတွေ့တော့ ရန်ကျောက်ကဲမျက်ဝန်းများတောက်ပလာပြီး...

“ဒီကြေးမုံမှန်ရဲ့ မူလအရည်အသွေးက အရမ်းကောင်းတယ် ၊ ကမ္ဘာဖြတ်ကျော်တဲ့နည်းလမ်းအတွက် အလုံအလောက်စွမ်းအားရှိပြီး အသေးစိတ်ကျသလို သိမ်မွေ့တဲ့ထိရောက်မှုလည်းရှိတယ် ၊ ဒီကြေးမုံမှန်သာ နှစ်ခြမ်းကွဲမသွားခဲ့ဘူးဆိုရင် ဘာအပြစ်အနာအဆာမှ ရှိမှာမဟုတ်ဘူး ၊ အဲဒါဆိုရင် ကမ္ဘာဖြတ်ကျော်ခရီးသွားရတာအတွက် အရမ်းအကျိုးရှိမှာပဲ”

ထိုစဉ် ကြေးမုံမှန် မျက်နှာပြင်ထက်တွင် ‘စန့်ချုန်’ ဆိုသော စာလုံးနှစ်လုံး ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်ကာ ပြုံးရင်း...

“စန့်ချုန်... ဒီမှန်က စန့်ချုန် ကြေးမုံမှန်လား ၊ စိတ်ဝင်စားစရာပဲ ၊ အမေက ဘယ်ကမ္ဘာကရောက်လာသလဲဆိုတာ ငါ အရမ်းသိချင်သွားပြီ”

ရွှယ်ချူးချင်သည် မျောလွင့်ဝိညာဉ်ကမ္ဘာမှမဟုတ်ဘဲ ဤကမ္ဘာကို ဖြတ်သန်းသွားလာခဲ့သူတစ်ယောက်မျှသာဖြစ်ကြောင်း ကြေးမုံမှန်ကိုကြည့်ရင်း ထပ်မံအတည်ပြုနိုင်ခဲ့သည်။

မိခင်ဖြစ်သူ ချန်ထားခဲ့သောစကားများအရဆိုလျှင် သူမသည် ကမ္ဘာပေါင်းများစွာကိုကျော်လွန်သော အထက်ဘုံကမ္ဘာမှရောက်လာခြင်းဖြစ်နိုင်သည်။ သို့ဆိုလျှင် အထက်ဘုံကမ္ဘာတွင်လည်း သိုင်းသူတော်စင်အဆင့်အောက် ကျင့်ကြံသူများနေထိုင်ကြသည်ဟု ယူဆနိုင်ပေ၏။

အထက်ဘုံကမ္ဘာတွင် သာမန်လူများ ၊ ကျင့်ကြံသူများနှင့် ကိုယ်တိုင်ဖန်တီးထားသော မတူကွဲပြားသည့် ယဉ်ကျေးမှုများ ရှိနေပါသလား။

မျောလွင့်ဝိညာဉ်ကမ္ဘာ ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် မီးတောက်မိစ္ဆာကမ္ဘာမှ သက်ရှိများအနေဖြင့် အထက်ဘုံကမ္ဘာသို့သွားရောက်လိုလျှင် သိုင်းသူတော်စင်တတိယအဆင့် အောင်မြင်သည်အထိ ကျင့်ကြံရမည် ဖြစ်သည်။

မဟုတ်ပါက ထူးခြားသည့် ရတနာပစ္စည်းများ၏ အကူအညီကို မှီခိုအားထားရပေလိမ့်မည်။ သို့သော် ထိုသို့သောရတနာပစ္စည်းများကို ရှာဖွေရန် အလွန်တရာ ခဲယဉ်း၏။

ရန်ကျောက်ကဲစိတ်ထဲ အနည်းငယ် တုန်ခါသွားပြီး...

“ငါတို့က အထက်ဘုံကိုသွားချင်ရင် တော်တော်ခက်ခဲနိုင်ပေမယ့် သူတို့က ငါတို့ဆီလာချင်ရင်တော့ သိပ်ပြီးခက်ခဲမယ် မထင်ဘူး”

“သိုင်းသူတော်စင်တတိယအဆင့်ဆိုတာက ကန့်သတ်ချက်တစ်ခုပဲ ၊ အဲဒီအဆင့်ကိုမရောက်မချင်း ကမ္ဘာပေါင်းများစွာကိုကျော်လွန်ပြီး အထက်ဘုံကိုသွားနိုင်မှာ မဟုတ်ဘူး ၊ ဒါဆိုရင်... ပြောင်းပြန်တွေးကြည့်ရင် အဲဒီအဆင့်ကိုရောက်သွားရင် ငါတို့နေထိုင်တဲ့ကမ္ဘာမှာရော ဆက်နေထိုင်နိုင်ပါဦးမလား”

ရန်ကျောက်ကဲစိတ်ထဲ အတွေးများဖြင့် ပြည့်နက်သွားသည်။

“မဟာကပ်ဘေးကြီးက ကမ္ဘာကြီးကို ဘယ်လိုပုံစံမျိုး ပြောင်းလဲသွားစေတာလဲ”

“ပြီးတော့... နေသူတော်စင်ဂိုဏ်းက ခရမ်းရောင်နေသူတော်စင်’ကျန်းချောင်’ က သိုင်းသူတော်စင်တတိယအဆင့်ကို အောင်မြင်သွားလို့ အစွန်းရောက်ရှစ်ပါးကမ္ဘာက ပျောက်ကွယ်သွားခဲ့တာလား”

ခဏမျှစဉ်းစားပြီးနောက် ရန်ကျောက်ကဲက သူ့အတွေးများကို ငြိမ်သက်စေလိုက်ပြီး အရှေ့မှ စန့်ချုန်ကြေးမုံမှန်ကို ပြန်လည်အာရုံစိုက်လိုက်သည်။

“သွား...”

ရန်ကျောက်ကဲ စိတ်ဖြင့်စေစားလိုက်သည်နှင့် တစ်ခြမ်းတောက်ပပြီး တစ်ခြမ်းကမှေးမှိန်နေသော ကြေးမုံမှန်ဆီမှ အလင်းတန်းများထွက်ပေါ်လာပြီး ကောင်းကင်ထိတိုင် ထိုးဖောက်ဝင်ရောက်သွားသည်။ အလင်းတန်းများက လေထုထဲ လွင်းပျံသွားပြီး အရွယ်အစားအမျိုးမျိုးရှိသော ကြယ်မှုံလေးများပမာ ပြောင်းလဲသွား၏။

ရန်ကျောက်ကဲတို့အုပ်စုက အလင်းမှုံလေးများသွားလာနေသည့်လမ်းကြောင်းများကို အာရုံစိုက်လိုက်ပြီး သူတို့အထဲမှ အထင်ရှားဆုံးအလင်းမှုံတစ်ခုကို အာရုံစိုက်လိုက်ကြသည်။

ရန်ကျောက်ကဲက...

“ဒီနေရာကနေ မြောက်ဘက် လီပေါင်း တစ်သောင်းလေးထောင်ခြောက်ရာ”

ရန်ကျောက်ကဲက အလင်းမှုံများလှည့်ပတ်နေသည့် လမ်းကြောင်းများနှင့် မျောလွင့်ဝိညာဉ်ကမ္ဘာ၏ ဝိညာဉ်စွမ်းအားစီးဆင်းမှုများ ပေါင်းစပ်လျှက် အခြေအနေကို ခွဲခြမ်းစိတ်ဖြာ ကြည့်လိုက်သည်။

ခဏမျှ တွက်ချက်ပြီးနောက် ရွှီဖေးကလည်း ခေါင်းညိတ်လိုက်၏။

“အင်း... ဟုတ်တယ် ၊ အဲဒီနေရာမှာ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ပြန်နိုင်မယ့် ကမ္ဘာဖြတ်လမ်းကြောင်း ရှိနေနိုင်တယ် ၊ ဒါပေမဲ့ ဝင်ပေါက်က မတည်ငြိမ်ဘူးဆိုတော့ ငါတို့ အဲဒီကိုရောက်တဲ့အခါ တည်နေရာတွေလည်း ပြောင်းလဲနေနိုင်တယ်”

ရန်ကျောက်ကဲက...

“ကိစ္စမရှိပါဘူး ၊ အဲဒီကမ္ဘာဖြတ်လမ်းကြောင်းတွေ ဘယ်လိုအလုပ်လုပ်လဲဆိုတဲ့ သဘာဝနိယာမတွေကို ငါ နားလည်နေပြီ ၊ ဒါကြောင့် အဲဒီနေရာကိုရောက်ရင် ဝင်ပေါက်ကိုရှာရတာ ပိုပြီးလွယ်ကူမှာပါ ၊ ပြီးတော့ စန့်ချုန်ကြေးမုံမှန်ကလည်း ငါတို့ကို ကူညီပေးနိုင်တယ်လေ”

ပြောနေရင်း ရန်ကျောက်ကဲ မျက်မှောင်ကြုတ်လိုက်သည်။

“နေဦး...”

သူ ခေါင်းမော့ကြည့်လိုက်၏။

ကောင်းကင်ထက်တွင် ပျံ့နှံ့နေသည့်အလင်းရောင်များက ဆုံချက်တစ်ခုဆီသို့ စုစည်းသွားသောမြင်ကွင်းကို ရုတ်တရက် တွေ့မြင်လိုက်ရလေ၏။

တစ်စုံတစ်ခု မူမမှန်သည်ကို သတိပြုမိသွားပြီးနောက် အခြားသူများသည်လည်း ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်ကြသည်။

ထိုနေရာတွင် ဗလာနယ်လေထုက အဆက်မပြတ်တုန်ခါနေပြီး တဖြည်းဖြည်း အက်ကွဲစပြုလာသည်။

ကမ္ဘာဖြတ်လမ်းကြောင်းစွမ်းအားက ကြောက်မက်ဖွယ်ရာ ထွက်ပေါ်လာပြီး ဗလာနယ်က အဆက်မပြတ်ပုံပျက်လျှက် ကောင်းကင်ထက်တွင် ကြီးမားသောအက်ကွဲကြောင်းကြီး တဖြည်းဖြည်း ထင်ဟပ်လာသည်။

ထိုအက်ကွဲကြောင်းထဲတွင် အချိန်အတန်ကြာ အလင်းရောင်များ တဖျတ်ဖျတ်တောက်ပလာပြီးနောက် ပြန်လည်ပျောက်ကွယ်သွားသည်။

အလင်းရောင်မှိန်ဖျော့သွားသည်နှင့် လေထုထဲမှအက်ကွဲကြောင်းက ပုံရိပ်ယောင်တစ်ခုပမာ ဝေဝါးသွားပြီး ကမ္ဘာဖြတ်လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာလေ၏။

ရန်ကျောက်ကဲ မျက်ဆံများကိုကြုံ့ရင်း...

“ဒီလမ်းကြောင်းက အစွန်းရောက်ရှစ်ပါးကမ္ဘာကို ဦးတည်တာမဟုတ်ဘူး ၊ တခြားနေရာတစ်ခုကို ဦးတည်နေတာပဲ”

“မျောလွင့်ဝိညာဉ်ကမ္ဘာရဲ့ ကမ္ဘာဖြတ်လမ်းကြောင်းစွမ်းအားက လက်ရှိမှာ တခြားကမ္ဘာတွေထက် ပိုပြီးပါးလွှာနေတယ် ၊ ပြီးတော့ တစ်ဖက်ကမ္ဘာက ဗလာနယ်လည်း ပုံပျက်နေတယ် ၊ ကြည့်ရတာ ကမ္ဘာဖြတ်လမ်းကြောင်းစွမ်းအားနှစ်ခု တူညီတဲ့ဆုံချက်မှာ စုစည်းသွားလို့ ကမ္ဘာနှစ်ခုကြားက လမ်းကြောင်းပွင့်လာတာ ဖြစ်ရမယ်”

သေသေချာချာ စူးစိုက်ကြည့်မည်ဆိုလျှင် တစ်ဖက်ခြမ်းမှ မထင်မရှားပုံရိပ်များက မျောလွင့်ဝိညာဉ်ကမ္ဘာသို့ လျှင်မြန်စွာ ပျံသန်းလာသည်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ တွေ့မြင်လိုက်ကြရလေသည်။

All Chapters