← Chapters

ဝမ့်ချွမ်းးမြို့တော်ကြီးသို့ ပြန်လာခြင်း

Vol. 71 Ch. 746

ဝမ့်ချွမ်းးမြို့တော်ကြီးသို့ ပြန်လာခြင်း

Vol. 71 Ch. 746

မြင့်မြတ် မြို့တော်ရှိ ထျန်းရှထုန် ပင်မအဆောက်အဦးကြီး

ထန်ထျန်းနှင့် မန်ရှီးတို့က ပြတင်းပေါက်နားတွင် ထိုင်ကာ အတော်ကြာအောင် စကားပြောဖြစ်ခဲ့ကြသည်။

ဘာမှလုပ်စရာမရှိ၍လည်း ဖြစ်နိုင်သလို ထန်ထျန်းက မန်ရှီးပြောပြသမျှ အကြောင်းအရာများစွာကို နားထောင်ပေးနေခဲ့သည်။

ကုန်သွယ်ရေးအသင်းအကြောင်းများသာမက သူမ၏ အရင်က အတွေ့အကြုံများကိုလည်း ပြောပြခဲ့သည်။

မန်ရှီးက မြောင်ယွမ်နှင့် မတူပေ။ သူမက သာမန်မိသားစုမှ ဆင်းသက်လာသူဖြစ်ပြီး ကျင့်ကြံခြင်းပါရမီမှာလည်း ပုံမှန်သာဖြစ်သလို စီးပွားရေးစွမ်းရည်မှာလည်း မြောင်ယွမ်ကဲ့သို့ ထူးချွန်ပြောင်မြောက်လှသည်မျိုး မဟုတ်ပေ။

တကယ်တော့ သူမက ဤကမ္ဘာပေါ်ရှိ အခြေခံအကျဆုံး သာမန်လူသားများထဲမှ တစ်ဦးသာ ဖြစ်သည်။

လူအများစုကဲ့သို့ပင် မန်ရှီးက အစပိုင်းတွင် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ တက်လှမ်းခဲ့သည်။

သူမကို သာမန်မြို့ငယ်လေးတစ်ခုတွင် ပါရမီရှိသူအဖြစ် ရှာဖွေတွေ့ရှိခဲ့ပြီး ကျင့်ကြံရေးဂိုဏ်းတစ်ခုသို့ ခေါ်ဆောင်သွားခြင်း ခံခဲ့ရသည်။

အစပိုင်းတွင် သူမ၌ ရည်မှန်းချက်ကြီးမားစွာ ရှိခဲ့ပြီး သူမကိုယ်သူမ အဆုံးအထိ လျှောက်လှမ်းနိုင်မည့် ကျင့်ကြံခြင်းပါရမီရှင်၊ ခေတ်တစ်ခေတ်၏ အလင်းလက်ဆုံး ကြယ်ပွင့်တစ်ဦး ဖြစ်လာလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် နှစ်အနည်းငယ်ကြာပြီးနောက် ထိုရည်မှန်းချက်များမှာ ရက်စက်လှသော လက်တွေ့ဘဝကြောင့် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။

ဤကမ္ဘာတွင် ပါရမီရှင်များမှာ အလွန်များပြားလှရာ သင်မည်မျှပင် သန်မာပါစေ သင့်ထက် သန်မာသူက အမြဲရှိနေစမြဲပင်။

အစွမ်းကုန် ကြိုးစားသော်လည်း အဆင့်မတက်နိုင်တော့သည့်နောက်တွင် မန်ရှီးက လက်တွေ့ဘဝကို လက်ခံလိုက်ပြီး သူမ၏ သာမန်ဆန်မှုကို အသိအမှတ်ပြုကာ စီးပွားရေးလမ်းကြောင်းပေါ်သို့ ပြောင်းလဲလျှောက်လှမ်းရင်း ဘဝအတွက် ရုန်းကန်ခဲ့သည်။

ဤသည်မှာ လူအများစု၏ ဘဝပုံရိပ်အစစ်အမှန်ပင် ဖြစ်သည်။

ထို့နောက် နှစ်ပေါင်း ရာချီအောင် လောကဓံကို ကြံ့ကြံ့ခံရင်း ကျင်လည်ခဲ့ပြီးနောက်တွင် သူမက ရင့်ကျက်သော ကုန်သည်တစ်ဦး ဖြစ်လာခဲ့သည်။ ရွှေထက်ပင် တန်ဖိုးကြီးပြီး အစွမ်းထက်သူများ စုဝေးရာ မြင့်မြတ် မြို့တော်ကြီးထဲတွင် သူမအတွက် နေရာတစ်ခုကို ရှာဖွေနိုင်ခဲ့သည်။

အဲ့ဒါကတော့ စားသောက်ဆိုင် စီမံသူ အဆင့်ပင် ဖြစ်သည်။

သို့သော် ဤအဆင့်မှာပင် သာမန်ကျင့်ကြံသူ အများစု မရောက်ရှိနိုင်သော အမြင့်တစ်ခု ဖြစ်နေပြီဖြစ်သည်။

ထိုနေရာမှာပင် သူမ၏ ဘဝလမ်းဆုံးပြီဟု ယူဆကာ ကျန်ရှိသော သက်တမ်းကို ဖြတ်သန်းရန် ပြင်ဆင်နေချိန်၌ ထန်ထျန်းနှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။

ထိုဆုံတွေ့မှုက သူမ၏ ကံကြမ္မာကို ဘဝတွင် အကြီးမားဆုံးသော အချိုးအကွေ့ ကြီး ဖြစ်စေခဲ့သည်။

"အရှင် မသိပါဘူး... အရင်တုန်းက ကျွန်မ မျက်နှာချင်းတောင် ဆုံခွင့်မရတဲ့ လူကြီးလူကောင်းတွေက ထျန်းရှထုန် တည်ဆောက်ပြီးတဲ့နောက်မှာတော့ တစ်ယောက်ပြီးတစ်ယောက် ကိုယ်တိုင်လာတွေ့ကြပြီး အရမ်းကို ယဉ်ကျေးပျူငှာနေကြတာလေ"

"ဒီလို ရုတ်တရက်ကြီး ပြောင်းလဲသွားတဲ့ အခြေအနေကို အတော်ကြာတဲ့အထိ ကျင့်သား မရနိုင်အောင် ဖြစ်နေခဲ့တာ"

မန်ရှီးက ပြောပြသည်။

ထန်ထျန်းက ပြုံးလျက် "ဒါက ပုံမှန်ပါပဲ"

"ဒီနေရာက ထိုက်ယိမြင့်မြတ်နယ်မြေရဲ့ ခြေရင်းက မြို့လေ၊ ဘယ်သူမဆို မြင့်မြတ်နယ်မြေနဲ့ ပတ်သက်ချင်ကြတာပဲ"

" ဒါပေမဲ့ တစ်ခုတော့ သတိထား၊ တချို့လူတွေက မရိုးသားတဲ့ ရည်ရွယ်ချက်နဲ့ လာတာမျိုးလည်း ရှိနိုင်တယ်"

မန်ရှီးက ခေါင်းညိမ့်ကာ "ခေါင်းဆောင် မြောင်ယွမ် က ကျွန်မကို အများကြီး သင်ပေးထားပါတယ်။ အသင်းရဲ့ အကြီးအကဲ အချို့ကလည်း သေချာ စစ်ဆေးပေးနေတာပါ"

" တကယ်တော့ တစ်ခါတလေ ကျွန်မ တွေးမိတယ်..."

"ကျွန်မရဲ့ အရည်အချင်းနဲ့ ဒီရာထူးမှာ ထိုင်နေရတာက ရာထူးနဲ့ လူနဲ့ မတန်သလို ခံစားရတယ်"

ထန်ထျန်းက လက်ယမ်းပြလိုက်သည်။ "လူတိုင်းမှာ တိုးတက်ပြောင်းလဲလာတဲ့ ဖြစ်စဉ်ဆိုတာ ရှိတာပဲ။ အများကြီး လေ့လာသင်ယူပေါ့၊ စိတ်ဖိစီးမှုတွေ အများကြီး မထားပါနဲ့"

"ဘယ်သူကမှ မကျေမနပ် ဖြစ်မှာကိုလည်း စိုးရိမ်မနေနဲ့"

" ထျန်းရှထုန် ရဲ့ ချဲ့ထွင်မှုနှုန်းက အရမ်းမြန်တော့ အမြဲတမ်း လူအင်အား မလုံလောက်တာပဲ ရှိတာ။ လူတိုင်းအတွက် စွမ်းဆောင်နိုင်မယ့် နေရာလွတ်တွေ အများကြီး ရှိပါတယ်"

"နောက်ပြီးတော့ တိုးချဲ့မှုနှုန်းက ပိုပြီး မြန်လာဦးမှာ၊ မင်းအနေနဲ့ ပိုပြီး တာဝန်ယူရတာတွေ ရှိလာလိမ့်မယ်"

" အခွင့်အရေးက အကန့်အသတ်မရှိဘူး၊ ဒါပေမဲ့ နောက်ဆုံး ဘယ်လောက်အထိ မြင့်မားတဲ့ နေရာကို ရောက်မလဲဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်"

မန်ရှီးက အလေးအနက် ခေါင်းညိမ့်ကာ "မန်ရှီး အစွမ်းကုန် ကြိုးစားပါ့မယ်"

ထန်ထျန်းက ခေါင်းညိမ့်ပြလိုက်သည်။

ထို့နောက် သူက ပင်မအဆောက်အဦးကို ကြည့်ပြီး မေးလိုက်သည်။ "ဒီအဆောက်အဦးရဲ့ ၇ ထပ်၊ ၈ ထပ်နဲ့ ၉ ထပ်တွေကို ဘာလို့ အလွတ်ထားထားတာလဲ"

အဆောက်အဦးမှာ စုစုပေါင်း ၉ ထပ် ရှိသော်လည်း မန်ရှီးက ၆ ထပ်တွင် ရုံးထိုင်ပြီး ၇၊ ၈၊ ၉ အထပ်များမှာ အသုံးပြုထားသည့် အမှတ်အသားမရှိဘဲ အလွတ်ဖြစ်နေသည်။

မန်ရှီးက ပြုံးလျက် ရှင်းပြသည်။ "ဒါက အရှင့်အတွက် သီးသန့် ချန်ထားတဲ့ နေရာပါ"

"ကုန်သွယ်ရေးအသင်းရဲ့ ပင်မအဆောက်အဦးတိုင်းကို ဒီလိုပဲ ဒီဇိုင်းဆွဲထားတာပါ။ အခုလည်း ဒီလိုပဲ၊ နောင်လည်း ဒီလိုပဲ ဖြစ်နေမှာပါ"

"ဒါက ခေါင်းဆောင် မြောင်ယွမ် နဲ့ ခေါင်းဆောင် ဝမ်ကန်း တို့ တိုင်ပင်ပြီး ဆုံးဖြတ်ထားတဲ့ အချက်ပါ"

ထန်ထျန်း ခဏမျှ ကြောင်သွားသည်။

ပထမဆုံး ထျန်းရှထုန် အဆောက်အဦးကို ရှင့်ပေါင် ကျွန်း မှာ တည်ဆောက်တုန်းက ၇၊ ၈၊ ၉ အထပ်တွေကို သူ့အတွက် သီးသန့်နေရာအဖြစ် ဖယ်ထားခဲ့ဖူးသည်။

ဝမ်ကန်းက ဒီစနစ်ကို အဆောက်အဦးတိုင်းမှာ ကျင့်သုံးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

နေရာဖြုန်းတီးသလို ခံစားရသော်လည်း ထားလိုက်ပါတော့ဟု သူ တွေးလိုက်သည်။

"ကုန်သွယ်ရေးအသင်းက အလုပ်သမားတွေ အကုန်လုံးက ယူနီဖောင်းတွေ ဝတ်ထားကြတာကို တွေ့ခဲ့တယ်။ အဲ့ဒါလည်း သူတို့ပဲ စီစဉ်တာလား"

ထန်ထျန်းက ထပ်မေးသည်။

မန်ရှီးက "ဟုတ်ပါတယ်"

"ခေါင်းဆောင် နှစ်ယောက်လုံးက ဒီလိုလုပ်တာဟာ ကိုယ့်ပုံရိပ် ကို တိုးစေပြီး စည်းလုံးမှုကို ပိုကောင်းစေတယ်လို့ ယူဆကြပါတယ်။ ကျွန်မတို့ ကုန်သွယ်ရေးအသင်းကိုလည်း အခြားအသင်းတွေနဲ့ မတူဘဲ ထူးခြားနေစေတာပေါ့"

"ဒါ့အပြင် တခြား သေးသေးမွှားမွှား ကောင်းမွန်တဲ့ ဒီဇိုင်းပေါင်းများစွာကိုလည်း ခေါင်းဆောင်နှစ်ယောက်က အကောင်အထည်ဖော်ထားပါသေးတယ်"

"ရလဒ်ကတော့ တကယ်ကို ကောင်းမွန်ပါတယ်"

ထန်ထျန်း တိတ်ဆိတ်သွားသည်။

ဒါမျိုးတွေကတော့ ကျွမ်းကျင်သူတွေနဲ့ပဲ တန်သည် မဟုတ်ပါလား။

သူသာဆိုလျှင် ဒီလောက်အထိ အသေးစိတ် တွေးမိလိမ့်မည် မဟုတ်ပေ။

ခဏမျှ စကားစမြည် ပြောပြီးနောက် ထန်ထျန်းက ထွက်သွားရန် ပြင်လိုက်သည်။

နေနတ်ဘုရား၏ ဦးဆောင်မှုအောက်တွင် ကုန်သွယ်ရေးအသင်း၏ အတိုင်းအတာမှာ ပေါက်ကွဲထွက်မတတ် လျင်မြန်စွာ ကျယ်ပြန့်လာတော့မည် ဖြစ်ရာ နောင်နှစ်များတွင် မန်ရှီးတို့ အတော်လေး အလုပ်ရှုပ်ကြပေလိမ့်မည်။

အေးဆေးနေရတဲ့ သူဌေး အဖြစ် နေရတာကမှ တကယ်ကောင်းတာပဲဟု သူတွေးလိုက်သည်။

ထျန်းရှထုန် အဆောက်အဦးမှ ထွက်ခွာပြီးနောက် ထန်ထျန်းက မြင့်မြတ် မြို့တော်တွင် ဆက်မနေတော့ပေ။

ကောင်းကင်ယံတွင် ရပ်ကာ ခဏစဉ်းစားပြီးနောက် သူက ဝမ့်ချွမ်းမြို့တော် ဘက်သို့ အရှိန်အဟုန်ဖြင့် ပျံသန်းသွားခဲ့သည်။

ယခုတစ်ကြိမ်တွင် သူက အစီအရင်ဖြင့် တည်နေရာကူးပြောင်း ခြင်း သို့မဟုတ် ဟင်းလင်းပြင်ကို ဖြတ်ကျော်ခြင်းမျိုး မလုပ်ဘဲ လွင်ပြင်ကျယ်ကြီးများကို အေးအေးဆေးဆေး ဖြတ်သန်းရင်း ကောင်းကင်နှင့် မြေကြီး ၏ သဘာဝအလှတရားများကို ခံစားခဲ့သည်။

လမ်းတစ်လျှောက်တွင် သူက ကောင်းကင်ထိပ်ဆုံးကမ္ဘာ ရှိ သာမန်သက်ရှိများ၏ အစစ်မှန်ဆုံးသော ရှင်သန်မှု အခြေအနေများကို တွေ့မြင်ခဲ့ရသည်။

တစ်ခွန်းတည်းနှင့် ဖော်ပြရလျှင် "သဲကန္တာရထဲက အိုအေစစ်" ကဲ့သို့ပင်။

ကောင်းကင်ထိပ်ဆုံး ၏ နေရာအများစုမှာ ကြီးမားသော အက်ကြောင်းကြီးများဖြင့် ပြည့်နှက်နေပြီး သက်ရှိများ ရှင်သန်ရန် မသင့်တော်ပေ။

စွန့်စားသူများ သို့မဟုတ် လူဆိုးဂိုဏ်းများသာ ထိုဒေသများတွင် လှည့်လည်သွားလာကြသည်။

သက်ရှိအများစုမှာ အက်ကြောင်းကြီးများ သိပ်မပြင်းထန်သော နေရာများတွင် ရွာငယ်လေးများ သို့မဟုတ် ဟေးယာ မြို့ကဲ့သို့သော မြို့ငယ်လေးများ တည်ဆောက်ကာ ရှင်သန်နေကြသည်။

သူတို့က ပင်လယ်ပြင်ကြီးထဲရှိ ကျွန်းငယ်လေးများကဲ့သို့ ဖြစ်နေပြီး နေရာအတော်များများမှ လူများက တစ်သက်လုံး ပြင်ပလောကနှင့် အဆက်အသွယ် မပြုလုပ်နိုင်ကြပေ။

ထိုအခါမှသာ ထန်ထျန်းသည် သူ အရင်က ပြောခဲ့ဖူးသော "မန်ရွာ" ဆိုသည့် သီးခြား ရွာလေးအကြောင်းကို ဘာကြောင့် မည်သူကမျှ သံသယမရှိခဲ့ကြသလဲ ဆိုသည်ကို နားလည်သွားခဲ့သည်။

အကြောင်းမှာ ဤမြေပြင်ပေါ်တွင် မန်ရွာကဲ့သို့သော လူသူမသိသည့် နေရာများမှာ အလွန်ပင် များပြားလှသောကြောင့် ဖြစ်သည်။

ထန်ထျန်းက နေရာအနှံ့ ကြည့်ရှုရင်း မည်သည့်နေရာတွင်မျှ ရပ်နားခြင်းမရှိသဖြင့် အရှိန်မှာ မနှေးလှပေ။ ၁၀ ရက်ခန့်အကြာတွင် သူက ဝမ့်ချွမ်းမြို့တော် အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။

ကြည့်လိုက်လျှင် မြို့တံခါး တစ်ဒါဇင်ခန့် တွင် လူတန်းကြီးများမှာ အဆုံးမရှိအောင် ရှည်လျားနေသည်။

ဒါက မြို့တော်ကြီးတစ်ခု၏ နေ့စဉ်မြင်ကွင်းပင် ဖြစ်သည်။

မြို့တော်အတွင်းသို့ ဝင်ထွက်သွားလာသူ အရေအတွက်မှာ အလွန်ပင် များပြားလှသည်။

သို့သော် ထန်ထျန်းက တန်းစီရန် အစီအစဉ်မရှိပေ။ မြို့ကာကွယ်ရေး အစီအရင် ကလည်း သူ့ကို မတားဆီးနိုင်ရာ ပုံရိပ်တစ်ခု လျှပ်ခနဲ ပြလိုက်သည်နှင့် သူက ဝမ့်ချွမ်းးမြို့တော်အတွင်းသို့ ရောက်ရှိသွားခဲ့သည်။

ခြောက်လကျော် ကြာပြီးနောက်တွင် မြောင်ယွမ် ကြီးကြပ်သော ထျန်းရှထုန် ဌာနချုပ်မှာ ဟေးယာမြို့မှ ဝမ့်ချွမ်းမြို့သို့ ပြောင်းရွှေ့လာခဲ့ပြီ ဖြစ်သည်။

မြင့်မြတ် မြို့တော်မှာကဲ့သို့ပင် ထျန်းရှထုန်က ဝမ့်ချွမ်းမြို့၏ အစည်ကားဆုံးနေရာတွင် တည်ရှိနေသည်။

အလွန်ပင် ထင်ရှားလှ၏။

ထို့နောက် ထန်ထျန်းက ပင်မအဆောက်အဦး၏ ၆ ထပ်မြောက်တွင် မြောင်ယွမ်ကို တွေ့လိုက်ရသည်။

သို့သော် ယခုအချိန်တွင် သူမက ပုံရိပ်ယောင်ကမ္ဘာ အတွင်းသို့ ဝင်ရောက်နေပုံရသည်။

ထန်ထျန်းက အချိန်ဆွဲမနေဘဲ ပင်မအဆောက်အဦးဆီသို့ ပျံသန်းသွားလေတော့သည်။

All Chapters