ပုံရိပ်ယောင်ကမ္ဘာသို့ တစ်ဖန်ပြန်လာခြင်း
Vol. 71 Ch. 749
သူ့ရှေ့တွင် စိုးရိမ်တကြီးနှင့် ဂရုတစိုက်ဖြစ်နေသော ဝမ်ကန်းကို ကြည့်ပြီး မြောင်ယွမ်၏မျက်နှာတွင် အနေရခက်မှုများ အပြည့်ဖြစ်နေသည်။
အစ်ကိုရာ
ရှင် မျက်စိကန်းနေတာလား
ကျွန်မတို့ရဲ့ အရှင် ရောက်နေတာလေ
သူမက ဝမ်ကန်းကို သတိဝင်လာစေရန် အတင်း မျက်စိမှိတ်ပြနေသည်။
သို့သော် ထိုအချိန်တွင် ဝမ်ကန်း၏ မျက်လုံးထဲ၌ မြောင်ယွမ်တစ်ယောက်သာရှိပြီး သူမ ပြောချင်သည့် အဓိပ္ပာယ်ကို နားမလည်ခဲ့ပေ။
"ဘာဖြစ်လို့လဲ"
"နေမကောင်းလို့လား"
သူက ကြောင်တောင်တောင်ဖြင့် မေးလိုက်သည်။
သူက ယခုအချိန်တွင် မျက်စိနှစ်ကွင်း အလင်းမရသလို ဖြစ်နေသော်လည်း ကျန်ရှိနေသူများမှာမူ မျက်လုံးများ ဖွင့်ထားကြဆဲဖြစ်သည်။
ခဏမျှ မှင်တက်သွားပြီးနောက် အားလုံးက ကပျာကယာ ထရပ်လိုက်ကြပြီး တစ်ညီတစ်ညွတ်တည်း ဦးညွှတ်ကာ အသံကျယ်ကြီးဖြင့် နှုတ်ဆက်လိုက်ကြသည်။ "ငယ်သားတွေ က အရှင်ထန်ထျန်းကို ဂါရဝပြုပါတယ်"
ဟိန်းထွက်သွားသော အသံကြီးက ဝမ်ကန်းကို မိန်းမောနေမှုအတွင်းမှ လက်တွေ့လောကသို့ ဆွဲခေါ်လာခဲ့သည်။
ထို့နောက်မှသာ မြောင်ယွမ်၏ဘေးတွင် ရပ်နေသည့် ရင်းနှီးသော ပုံရိပ်တစ်ခုကို သူ သတိထားမိတော့သည်။
"အာ..."
ဝမ်ကန်း ချက်ချင်းပင် ဆွံ့အသွားသည်။
ခဏအကြာမှ ရုတ်တရက် သတိပြန်ဝင်လာပြီး အမြန်ပင် ခါးညွှတ်ကာ အလေးအနက် ဂါရဝပြုလိုက်သည်။ "ငယ်သား ဝမ်ကန်းက အရှင်ထန်ထျန်းကို ဂါရဝပြုပါတယ်"
သူ၏ ဦးညွှတ်မှုမှာ အခြားသူများထက် ပို၍ နိမ့်ဆင်းသွားပြီး သူ၏ဦးခေါင်းမှာ ခြေထောက်နှစ်ဖက်ကြားထဲအထိ မြုပ်ဝင်သွားတော့မည့်အတိုင်းပင်။
မြောင်ယွမ်က သူမ၏ နဖူးကို လက်ဖြင့်အုပ်ကာ အလွန်အမင်း ရှက်ရွံ့နေသည့် အမူအရာ ဖြစ်နေသည်။
ထန်ထျန်းကမူ ပြုံးလိုက်ပြီး ပြောလိုက်သည်။ "ကဲ... အားလုံး ထကြပါ"
"အချို့ အခြေအနေတွေမှာ လူတစ်ယောက်ရဲ့ မျက်လုံးထဲမှာ လူတစ်ယောက်တည်းပဲ ရှိ တာမျိုး ဖြစ် တတ်ပါတယ်၊ ဒါကို နားလည်ပေးလို့ရပါတယ်"
"အားလုံး ပြန်ထိုင်ကြပါ၊ မင်းတို့ရဲ့ အစည်းအဝေးကို ဆက်လုပ်ကြ"
ပြောပြီးနောက် ထန်ထျန်းက ဘေးတစ်ဖက်တွင် အေးအေးဆေးဆေး ထိုင်လိုက်သည်။
ထို့နောက် အခြားသူများလည်း ခါးဆန့်ကာ ပြန်ထိုင်လိုက်ကြသည်။
ဝမ်ကန်းတစ်ယောက်သာ ခေါင်းငုံ့ထားဆဲဖြစ်ပြီး သူ၏လည်ပင်းအထိ နီရဲနေသည်မှာ သိသာလှသည်။
"ဟေ့ ကောင်၊ ထစမ်း"
ထန်ထျန်းက ရယ်မောလျက် သူ၏ တင်ပါးကို တစ်ချက် ကန်လိုက်မှ ဝမ်ကန်းက ခုန်ထလာပြီး တဟဲဟဲ ရယ်မောကာ လက်တွေခြေတွေ ဘယ်နားထားရမှန်းမသိဘဲ အနေရခက်နေသည့် ပုံစံ ဖြစ်နေသည်။
"အ... အရှင်"
"အရှင် ရောက်လာတာကို ကျွန်တော် တကယ် သတိမထားမိလိုက်လို့ပါ၊ မတွေ့ရတာ ကြာပြီဆိုတော့ ကျွန်တော်က စိတ်ကူးယဉ်နေတာလို့ ထင်မိသွားတာ"
"ဒါတွေက ကျွန်တော့်အပြစ်တွေပါ၊ အရှင့်ကို ကျွန်တော် တကယ်ကို လွမ်းနေလို့ပါ"
ဝမ်ကန်းက စကားတွေပင် ရှေ့နောက်မညီအောင် ပြောနေတော့သည်။
ထန်ထျန်းက နှုတ်ခမ်းမဲ့လိုက်သည်၊ ဒါက တကယ့်ကို အပေါစား ဆင်ခြေတစ်ခုပင်။
"ရပါတယ် ရပါတယ်၊ နားလည်ပေးလို့ရတယ်"
"တချို့လူတွေက တစ်ခဏလေး မတွေ့ရတာတောင် အဲ့ဒီလောက်အထိ လွမ်းနေတတ်ကြတာ၊ ငါတို့က မတွေ့ရတာ ခြောက်လကျော်ပြီဆိုတော့ စိတ်ကူးယဉ်တာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား"
သူက တမင်တကာ နောက်ပြောင်လိုက်ခြင်း ဖြစ်သည်။
သို့သော် ဝမ်ကန်းကမူ ထိုနောက်ပြောင်မှုကို နားမလည်ဘဲ ခေါင်းကုတ်လျက် ရိုးရိုးအေးအေးကြီး ရယ်မောကာ "ဟုတ်ကဲ့ ဟုတ်ကဲ့၊ အဲ့ဒီအတိုင်းပါပဲ"
"အရှင်ပြောတာ တစ်စက်ကလေးမှ မမှားပါဘူး"
မြောင်ယွမ်မှာမူ ခေါင်းငုံ့သွားတော့သည်။
ဤနေရာတွင် အဆင့်မြင့်အကြီးအကဲ များစွာ ရှိနေသည်၊ ဒါက လူပုံအလယ်မှာ အရှက်ကွဲတာနဲ့ ဘာခြားမှာလဲ...
ရယ်စရာမောစရာများ ပြီးဆုံးသွားပြီးနောက် လူတိုင်းက အဓိကကိစ္စများကို စပြော လာကြသည်။
ယနေ့ ဤနေရာတွင် အစည်းအဝေးလုပ်နေသူများမှာ ထျန်းရှထုန် ကုန်သွယ်ရေးအသင်းနှင့် ပုံရိပ်ယောင်ကမ္ဘာ၏ အမာခံ အဆင့်မြင့်အကြီးအကဲ များ ဖြစ်ကြပြီး လီဟုန်နှင့် လန်ယွီ ညီအစ်မတို့လည်း ပါဝင်သည်။
သူတို့သည်လည်း အလွန်ပင် စိတ်လှုပ်ရှားနေကြသည်။ ထန်ထျန်းက သူတို့အတွက် တစ်ဦးတည်းသော အားကိုးရာဖြစ်ပြီး ထန်ထျန်းကို မြင်ရရုံနှင့်ပင် သူတို့၏ စိတ်နှလုံးထဲတွင် အတိုင်းမသိ တည်ငြိမ်သွားကြကာ ပြဿနာအားလုံးမှာ ပြဿနာမဟုတ်တော့သလို ခံစားကြရသည်။
ခဏမျှ နှုတ်ဆက်စကားပြောပြီးနောက် ထန်ထျန်းက သူတို့ကို ထျန်းရှထုန်နှင့် ပုံရိပ်ယောင်ကမ္ဘာ၏ နောက်ဆက်တွဲ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကို ဆက်လက် ဆွေးနွေးခိုင်းလိုက်ပြီး သူကိုယ်တိုင်မှာမူ ဘေးမှ နားထောင်နေခဲ့သည်။
ကျွမ်းကျင်သော ကိစ္စများကို ကျွမ်းကျင်သူများကသာ ကိုင်တွယ်ခိုင်းလိုက်ခြင်းဖြစ်ပြီး သူက ဝင်ရောက်ရှုပ်ရှက်ခတ်အောင် မလုပ်တော့ပေ။
ယနေ့ အစည်းအဝေး၏ အဓိကအကြောင်းအရာမှာ မြောင်ယွမ် အရင်က ပြောခဲ့သည့်အတိုင်း အထက်နှင့် အောက်ကမ္ဘာ ဆက်သွယ်ရေး ကိစ္စပင် ဖြစ်သည်။
ထို့ပြင် သူတို့သည်လည်း အခြေခံအားဖြင့် သဘောတူညီမှု ရရှိထားကြပြီး ယခုအချိန်က ဆက်သွယ်ရန် အချိန်တန်ပြီဟု ယူဆထားကြသည်။
ထို့နောက် ထန်ထျန်း၏ သဘောတူညီချက်ပါ ရရှိလိုက်သဖြင့် ဤကိစ္စကို လုံးဝ အတည်ပြုလိုက်ကြသည်။
ဆက်လက်ပြီး မြောင်ယွမ်က ထန်ထျန်း အရင်က ပြောပြထားသည့် ကိစ္စများကို အခြားသူများထံသို့ လက်ဆင့်ကမ်း ပြောပြလိုက်သည်။
ကုန်သွယ်ရေးအသင်းနှင့် ပုံရိပ်ယောင်ကမ္ဘာက မကြာမီတွင် အခြားသော မြင့်မြတ်နယ်မြေများနှင့် အခြားသော အောက်ကမ္ဘာများအတွင်းသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့မည်ဖြစ်ရာ လူတိုင်းသည် မကြုံစဖူးသော စိန်ခေါ်မှုကြီးတစ်ခုကို ရင်ဆိုင်ရတော့မည် ဖြစ်သည်။
သို့သော် ထိုကဲ့သို့သော စိန်ခေါ်မှုများက သူတို့ကို ကြောက်ရွံ့သွားစေခြင်း မရှိဘဲ ပို၍ပင် စိတ်ဓာတ်တက်ကြွလာစေကာ တစ်ယောက်ပြီးတစ်ယောက် အင်္ကျီလက်ပင့်လျက် အကြီးအကျယ် လုပ်ဆောင်ရန် အသင့်ပြင်လိုက်ကြသည်။
ထို့နောက် မြောင်ယွမ်နှင့် ဝမ်ကန်းတို့၏ ပူးတွဲဦးဆောင်မှုအောက်တွင် လူတိုင်းက နောက်ဆက်တွဲ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်များနှင့် ဦးတည်ချက်များကို တစ်ဆင့်ပြီးတစ်ဆင့် အသေးစိတ်ခွဲခြမ်းစိတ်ဖြာကာ မဟာဗျူဟာများ ချမှတ်ကြသည်။
လူတိုင်းမှာ ထူးချွန်သူများဖြစ်ကြပြီး ဤနေရာတွင် နှစ်ပေါင်းများစွာ ရှိနေခဲ့ကြသူများဖြစ်ရာ ကုန်သွယ်ရေးအသင်းနှင့် ပုံရိပ်ယောင်ကမ္ဘာ၏ ပုံစံများကို အလွန်ပင် ရင်းနှီးနေကြသဖြင့် အကြမ်းဖျင်း ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တစ်ခုကို လျင်မြန်စွာ အတည်ပြုနိုင်ခဲ့သည်။
ဤကိစ္စအတွင်း ထန်ထျန်းက သူတို့ကို အခြားသော သတင်းအချက်အလက်အချို့ ဖြည့်စွက်ပေးခဲ့သည်။ ဥပမာအားဖြင့် လူအင်အား အများအပြား လာရောက် ပူးပေါင်းကြမည်ဖြစ်သဖြင့် လူအင်အား မလုံလောက်မှုအတွက် စိုးရိမ်စရာမလိုကြောင်း၊ လူအင်အားကို မည်သို့ ခွဲဝေရမည်ဆိုသည်မှာ ပို၍ အရေးကြီးသော စဉ်းစားချက်ဖြစ်ကြောင်း ပြောပြခဲ့သည်။
၎င်းအပြင် မည်သည့် အဟန့်အတားမျိုးကိုမှ စိုးရိမ်ရန် မလိုကြောင်း၊ နယ်မြေအားလုံးက ကုန်သွယ်ရေးအသင်းနှင့် ပုံရိပ်ယောင်ကမ္ဘာ၏ တိုးချဲ့မှု လုပ်ဆောင်ချက်များကို အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ပေးကြလိမ့်မည် ဖြစ်ကြောင်းလည်း ပြောပြခဲ့သည်။
ဤကဲ့သို့သော အားကောင်းသည့် ယုံကြည်မှုက ထန်ထျန်း၏ အံ့ဖွယ်စွမ်းဆောင်ရည်များကို ကျင့်သားရနေကြသော သူတို့ကိုပင် အံ့အားသင့်စေခဲ့သည်။
အဲ့ဒါက မြင့်မြတ်နယ်မြေ တစ်ဒါဇင် ကျော်နဲ့ မတူညီတဲ့ အောက်ကမ္ဘာ ရာဂဏန်း၊ ထောင်ဂဏန်းတွေလေ။
ထန်ထျန်းက အထက်ကမ္ဘာသို့ ရောက်ရှိလာသည်မှာ တစ်နှစ်ပင် မပြည့်သေးသော်လည်း ဤကဲ့သို့သော ကိစ္စများကို အကုန်လုံး အဆင်ပြေအောင် လုပ်ဆောင်နိုင်ခဲ့သည်။
ယခုအခါ သူက မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော အဆင့်သို့ ရောက်ရှိနေပြီနည်း။
လူအင်အားနှင့် ဒေသ အဟန့်အတားများမှာ တိုးချဲ့မှုလမ်းကြောင်းပေါ်ရှိ အကြီးမားဆုံးသော ပြဿနာနှစ်ခု ဖြစ်သည်။
သို့သော် ယခုမူ ထိုပြဿနာနှစ်ခုလုံးကို ထန်ထျန်းက ဖြေရှင်းပေးခဲ့ပြီးဖြစ်ရာ သူတို့အတွက် ကျန်ရှိနေသည်မှာ မည်သို့ စီမံခန့်ခွဲရမည်ဆိုသည့် ကိစ္စသာ ဖြစ်သည်။
ဒါက နှိုင်းယှဉ်လျှင် အတော်လေး လွယ်ကူလှသဖြင့် ပဏာမ အစီအစဉ်တစ်ခုမှာ သူတို့၏လက်ထဲတွင် ပုံကြမ်းပေါ်ထွက်လာခဲ့သည်။
သေချာပေါက်ပင် အသေးစိတ် အချက်အလက်များကိုမူ ပိုမိုနက်ရှိုင်းစွာ ဆွေးနွေးရန် လိုအပ်ဆဲဖြစ်ပြီး ဤကိစ္စက အနည်းဆုံး လဝက် ခန့် ကြာမြင့်နိုင်ပါသည်။
ထန်ထျန်းက ထိုအချိန်အထိ စောင့်မနေနိုင်သဖြင့် ပဏာမ အစီအစဉ်၏ ဦးတည်ချက်မှာ ပြဿနာမရှိကြောင်း အတည်ပြုပြီးနောက် အချိန်ကို အခြားသူများအား လွှဲပေးလိုက်သည်။ ထို့နောက် ဝမ်ကန်း၊ လီဟုန်၊ လန်ယွီ ညီအစ်မတို့ကဲ့သို့ သူတို့၏ အစောဆုံး ငယ်သားများကို အစည်းအဝေးခန်း အပြင်သို့ ခေါ်ထုတ်လာခဲ့သည်။
ဖန်တီးခြင်း မျှော်စင်၏ ထိပ်ဆုံးထပ်တွင် ထန်ထျန်းက ပြတင်းပေါက်နားတွင် ရပ်ကာ အောက်ဘက်ရှိ စည်ကားလှသော ကောင်းကင်မြို့တော် ကို ငုံ့ကြည့်နေသည်။
ဤနေရာမှာ အထက်ကမ္ဘာ၏ ကောင်းကင်မြို့တော် ဖြစ်သော်လည်း ပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ ဝင်ရောက်လာသူများမှာ တကယ်တော့ အောက်ကမ္ဘာနှင့် အလွန်အမင်း ကွာခြားခြင်းမရှိဘဲ တာအိုအဆင့် အထက်ရှိ ပုဂ္ဂိုလ်များကို သိပ်မတွေ့ရပေ။
ထို့ကြောင့် အကယ်၍ အထက်နှင့် အောက်ကမ္ဘာ ဆက်သွယ်သွားခဲ့လျှင်လည်း လူအုပ်ကြီး ပေါင်းစည်းမရသည့် အခြေအနေမျိုး ဖြစ်ပေါ်လာမည် မဟုတ်ပေ။
"လတ်တလော ဘယ်လိုလဲ"
"ငါဆိုလိုတာက တိမ်တိုက်ထျန်းဖူ ဘက်ကို ပြောတာပါ"
ထန်ထျန်းက စမေးလိုက်သည်။
ဝမ်ကန်းက ထိုအချိန်အထိ အနည်းငယ် အနေမခက်သေးဘဲ လီဟုန်နှင့် လန်ယွီ ညီအစ်မတို့ကို မျက်စိမှိတ်ပြလိုက်သည်။
လီဟုန်က ခေါင်းအနည်းငယ်ခါကာ ပြောလိုက်သည်။ "ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေက အခြေခံအားဖြင့် ပြီးစီးသွားပါပြီ၊ ထျန်းချီတောင် တောင်မှ ပြန်လည် တည်ဆောက် နိုင်ခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဘေးဒုက္ခကြီးဟာ အခုတော့ သမိုင်းတစ်ခု ဖြစ်သွားပါပြီ"
"မကြာသေးခင်ကပဲ နေလအင်မော်တယ်နန်းတော် ရဲ့ အဆင့်မြင့်အကြီးအကဲ တချို့နဲ့ ထူးချွန်တပည့်တွေလည်း ထျန်းဖူနန်းတော် အတွင်းကို ရောက်ရှိလာကြပါတယ်"
"ပုံရိပ်ယောင်ကမ္ဘာ ပျံ့နှံ့လာတာနဲ့အမျှ တစ်ကမ္ဘာလုံးက အခုဆိုရင် အလွန်အမင်း စည်းလုံးနေပါပြီ။ အရင်တုန်းက ရှိခဲ့တဲ့ ဝေးကွာလှတဲ့ အကွာအဝေးတွေက မရှိတော့သလိုပါပဲ"
ထန်ထျန်းက "အင်း" ဟု တစ်ချက် ဆို လိုက်သည်၊ ဒါက ကြိုတင်ခန့်မှန်းနိုင်သည့် ကိစ္စပင်။
ပုံရိပ်ယောင်ကမ္ဘာဆိုသည်မှာ တကယ်တော့ သူ၏ အရင်ဘဝက အင်တာနက် နှင့် အကျိုးသက်ရောက်မှုချင်း ဆင်တူလှသည်။
၎င်းအပြင် ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ကမ္ဘာနှင့် မခြားနားသော ပြီးပြည့်စုံသည့် ကမ္ဘာတစ်ခုကို တည်ဆောက်ထားသဖြင့် ၎င်း၏ သက်ရောက်မှု မှာ အင်တာနက်ထက်ပင် ပို၍ အားကောင်းလှသည်။
"ဒါနဲ့ ချီယွမ် ရယ်၊ ယွင်ခုံး ရယ်လည်း ပုံရိပ်ယောင်ကမ္ဘာထဲကို ဝင်လာကြပါပြီ"
"ချီယွမ်ကတော့ အရမ်းကို ပျော်နေပြီး စားဖို့အိပ်ဖို့တောင် မေ့တယ့်အထိ ဖြစ်နေပါတယ်"
လီဟုန်က ပြုံး လျက် ပြောပြသည်။
ထန်ထျန်းလည်း လိုက်ပြီး ပြုံး လိုက်သည်။
ပုံရိပ်ယောင်ကမ္ဘာ၏ ဖျော်ဖြေမှုများမှာ ချီယွမ် သို့မဟုတ် မင်ရွှမ် အင်မော်တယ်အရှင် ကဲ့သို့သော တာအိုလမ်းစဉ်တွင် တိုးတက်ရန် နေရာမရှိတော့ဘဲ ငြိမ်ငြိမ်မနေတတ်သူများအတွက် အလွန်ပင် ဆွဲဆောင်မှု ရှိလှသည်။
ဒါပေမဲ့ ဒါက မကောင်းတဲ့ကိစ္စလို့ ဘယ်သူပြောနိုင်မှာလဲ
အသက်ကြီးပိုင်းမှာ ပျော်ပျော်ရွှင်ရွှင် နေရတာက စိတ်ဓာတ်ကျနေတာထက်စာရင် အများကြီး ပိုကောင်းတာပေါ့။