← Chapters

ကမ္ဘာကြီး ဖရိုဖရဲ ဖြစ်ခြင်း

Vol. 71 Ch. 741

ကမ္ဘာကြီး ဖရိုဖရဲ ဖြစ်ခြင်း

Vol. 71 Ch. 741

ထန်ထျန်း ဝူယွဲ့ ချောက် ကမ်းပါးမှ ထွက်လာသည်မှာ အမှန်တကယ်တော့ အချိန်သိပ်မကြာသေးပေ။

ကျွင်းယာကျိကျွင်းတို့တစ်စုမှာလည်း ပြန်မရောက်ကြသေးဘဲ လင်းယွင်တောင်တန်းတွင် လေ့ကျင့် မှုများ ပြုလုပ်နေဆဲဖြစ်သည်။

သို့သော် ထိုက်ယိမြင့်မြတ်နယ်မြေ ဘက်မှာမူ အခြေအနေက ဖရိုဖရဲ ဖြစ်နေပြီဖြစ်သည်။

ကျွင်းချန်ချင်း၏ ဝိညာဉ်များ လွတ်မြောက်သွားခြင်းမှာ ထိုဝိညာဉ်များ ချိပ်ပိတ်ခံထားရသည့် အောက်ကမ္ဘာများကိုသာ ထိခိုက်စေခဲ့သည်မဟုတ်။

အထက်ကမ္ဘာ မှာလည်း ပြင်းထန်သော တိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ရသည်။

အရေးကြီးဆုံးနေရာတစ်ခုဖြစ်သည့် ကပ်ဘေးကုန်းမြေ မှာ ပထမဆုံး ထိုးနှက်ခံလိုက်ရသည်။

ကပ်ဘေးကုန်းမြေ ဆိုသည်မှာ မြင့်မြတ်နယ်မြေတိုင်း၏ အရေးအကြီးဆုံးသော နေရာများထဲမှ တစ်ခုဖြစ်ပြီး အချိန်ပြည့် အစောင့် အမြောက်အမြားဖြင့် စောင့်ကြပ်ထားလေ့ရှိသည်။

ထို့ကြောင့် အပြင်းထန်ဆုံးသော တိုက်ပွဲများမှာလည်း ထိုနေရာ၌ပင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုက်ယိမြင့်မြတ်နယ်မြေ၏ ကပ်ဘေးကုန်းမြေ မှာ အခြားသော ဟင်းလင်းပြင် တစ်ခုအတွင်း တည်ရှိနေသော်လည်း ဝင်ပေါက်မှာမူ ထိုက်ယိပင်မတောင်ထိပ်ပေါ်တွင် ရှိနေခြင်းဖြစ်သည်။

ထန်ထျန်းနှင့် လုံကျိုကျိုးတို့ ပြန်ရောက်လာသည့်အချိန်တွင် ထိုက်ယိပင်မတောင်ထိပ်မှာ ဗုံးကြဲခံထားရသကဲ့သို့ ကြေမွပျက်စီးနေပြီဖြစ်သည်။

တောင်ထိပ် တစ်ခုလုံးမှာ ထွန်ယက်ဖျက်ဆီးခံထားရသကဲ့သို့ ပျက်စီးယိုယွင်းနေပြီး ကြည့်ရသည်မှာ အလွန်ပင် ရင်နာစရာကောင်းလှသည်။

ကြောက်မက်ဖွယ်ကောင်းသော တာအိုကျင့်စဉ် များ၏ ဖျက်ဆီးမှု အမှတ်အသားများကို နေရာအနှံ့ တွေ့မြင်နေရသည်။ နာရီဝက်ခန့်သာ ကြာမြင့်ခဲ့သည့် ဤရုတ်တရက် စစ်ပွဲအတွင်း ထိုက်ယိတပည့် ပေါင်းမည်မျှ သေဆုံးခဲ့ရသည်ကို မည်သူမျှ မသိနိုင်ပေ။

ဤသို့သော အခြေအနေမှာပင် ထိုက်ယိမြင့်မြတ်နယ်မြေ၏ အခြေအနေမှာ အခြားနေရာများနှင့် ယှဉ်လျှင် တော်သေးသည်ဟု ပြောရမည်ဖြစ်သည်။

အခြား မြင့်မြတ်နယ်မြေများမှာ မည်မျှ ကြောက်စရာကောင်းသည့် ကပ်ဘေးနှင့် ရင်ဆိုင်နေရမည်ကို ခန့်မှန်းကြည့်ရုံနှင့် သိနိုင်သည်။

အဆက်မပြတ် သွားလာလှုပ်ရှားနေကြသော လူအုပ်ကြားတွင် ထန်ထျန်းက ချန်ဝူဟွေ့ကို တွေ့လိုက်ရသည်။

ယခုအချိန်တွင် သူက အခြားသော အထွတ်အထိပ် တာအိုအရှင် နှစ်ဦးနှင့်အတူ ရပ်နေပြီး မြင့်မြတ်နယ်မြေ၏ အဓိက အင်အားစုများကို အမိန့်များ အဆက်မပြတ် ပေးနေသည်။

ထန်ထျန်းနှင့် လုံကျိုကျိုးတို့က ကိုယ်ယောင်ဖျောက်ကာ ၎င်းတို့အနီးသို့ ရောက်ရှိသွားကြသည်။

“ နတ်ဘုရား အရှင် အရှင်ထန်ထျန်းအရှင်”

“နောက်ဆုံးတော့ ပြန်ရောက်လာကြပြီပဲ”

ချန်ဝူဟွေ့က သူတို့ကို မြင်သည်နှင့် ဟင်းလင်းပြင်ထဲတွင် ဒူးတစ်ဖက် ထောက်လိုက်သည်။

စိတ်ပူနေသောကြောင့် ထန်ထျန်း၏ တကယ့်သရုပ်မှန် ဖုံးကွယ်မနေတော့ပေ။

အခြား တာအိုအရှင် နှစ်ဦးမှာလည်း မျက်လုံးထဲတွင် အံ့သြမှုများ ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ဒူးထောက်လိုက်ကြသည်။

“ငယ်သား တွေက နတ်ဘုရား အရှင်ကို ဂါရဝပြုပါတယ်”

လုံကျိုကျိုးက လက်ကို မြှောက်ပြကာ မတ်တပ်ရပ်ပြီး စကားပြောရန် အချက်ပြလိုက်သည်။

“ နတ်ဘုရား အရှင်... လွန်ခဲ့တဲ့ ခဏလေးကပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ အင်အားစုတစ်ခုက ကျွန်တော် တို့ရဲ့ ပင်မတောင်ထိပ်ကို တိုက်ခိုက်ခဲ့ပါတယ်”

“သူတို့က အရမ်းသန်မာပြီး ကြောက်စရာကောင်းတဲ့ လက်နက်မျိုးစုံ ပါလာကြတယ်။ကျွန်တော် တို့ အစွမ်းကုန် ခုခံခဲ့ပေမဲ့ မတားနိုင်ခဲ့ဘူး၊ သူတို့က ကပ်ဘေးကုန်းမြေ ထဲကို အတင်းတိုးဝင်သွားကြတယ်"

" အဲဒါအပြင် အောက်ကမ္ဘာ အတော်များများလည်း တစ်ချိန်တည်းမှာပဲ တိုက်ခိုက်ခံခဲ့ရတယ်...”

ချန်ဝူဟွေ့က ဖြစ်ပျက်ခဲ့သမျှကို အမြန် အစီရင်ခံနေသည်။

သို့သော် လုံကျိုကျိုးက လက်မြှောက်ကာ တားလိုက်ပြီး “ဘာဖြစ်ခဲ့လဲဆိုတာ ငါသိပြီးသား"

" အခု အခြေအနေက ဘယ်လိုလဲ”

ချန်ဝူဟွေ့ ကြောင်သွားပြီးမှ လေသံတိုးတိုးဖြင့် ပြန်ပြောသည်။ “အကျ အရှုံး အရမ်းများပါတယ်”

“အဲဒီလူတွေက ရုတ်တရက်ကြီး ရောက်လာကြတာ၊ သူတို့ကို ပထမဆုံး တားဆီးခဲ့တဲ့သူတွေကတော့... အကုန်လုံးနီးပါး သေကုန်ကြပြီ"

" ကပ်ဘေးကုန်းမြေ ထဲမှာ စောင့်ကြပ်နေတဲ့ အင်အားစုတွေလည်း အကုန် အသတ်ခံလိုက်ရတယ်"

" အောက်ကမ္ဘာတွေရဲ့ အခြေအနေကလည်း မကောင်းဘူး၊ တားမြစ်ရုပ်တု တွေ အကုန် ဖျက်ဆီးခံလိုက်ရတယ်...”

“ဒါပေမဲ့ သူတို့က ဒါတွေလုပ်ပြီးတာနဲ့ ချက်ချင်းပဲ ပြန်ဆုတ်သွားကြတယ်"

"အခု ကျွန်တော် တို့က ဒဏ်ရာရတဲ့သူတွေကို ကယ်ဆယ်နေပြီး အဲဒီလူတွေ နောက်တစ်ကြိမ် ထပ်လာမှာစိုးလို့ ခံစစ်စည်းတွေ တည်ဆောက်ဖို့ ပြင်နေပါတယ်”

လုံကျိုကျိုးက ခေါင်းခါလိုက်ပြီး “မလိုတော့ဘူး၊ ကယ်ဆယ်ရေးကိုပဲ အင်တိုက်အားတိုက် လုပ်လိုက်ပါ၊ အဲဒီလူတွေ ထပ်မလာတော့ဘူး"

" အဲဒါအပြင် နတ်ဘုရားဆင်းသက်ခြင်း လမ်းကြောင်း ကို ဖွင့်ပြီး အောက်ကမ္ဘာမှာ ရှိနေတဲ့ အဲဒီအင်အားစုတွေကို အကုန် သတ်ပစ်လိုက်၊ အမြစ်ကနေ လှန်ပစ်လိုက်”

နတ်ဘုရားဆင်းသက်ခြင်း လမ်းကြောင်း ဆိုသည်မှာ အမှန်စင်စစ် အထက်ကမ္ဘာမှ အောက်ကမ္ဘာသို့ ဆင်းသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။

ထိုစဉ်က ဝမ်ကျိယွီသည်လည်း ဤလမ်းကြောင်းမှတစ်ဆင့် တိမ်တိုက်ထျန်းဖူ ကမ္ဘာသို့ ဆင်းသက်ခဲ့ခြင်းဖြစ်သည်။

ဤလမ်းကြောင်းကို ဖွင့်ရန် အရင်းအမြစ် အမြောက်အမြား ကုန်ကျသဖြင့် ပေါ့ပေါ့ဆဆ မဖွင့်ကြပေ။

လုံကျိုကျိုး ဤသို့ ပြောလိုက်သည်နှင့် ချန်ဝူဟွေ့တို့တစ်စုမှာ ဤကိစ္စက သူတို့၏ စွမ်းဆောင်နိုင်ရည် အတိုင်းအတာကို ကျော်လွန်နေပြီဖြစ်ကြောင်း နားလည်သွားကြသည်။

တာအိုအရှင်များ အနေဖြင့် ကျိကျွင်း အဆင့်၏ ကိစ္စရပ်များတွင် ဝင်ပါ၍မရကြောင်းလည်း သူတို့ သိကြသဖြင့် ချက်ချင်း အမိန့်ကို နာခံကာ လှုပ်ရှားကြတော့သည်။

“ကပ်ဘေးကုန်းမြေ ကို သွားကြည့်ရအောင်”

လုံကျိုကျိုးက ပြော၏ ။

ထန်ထျန်း ခေါင်းညိမ့်လိုက်သည်။

ထိုက်ယိမြင့်မြတ်နယ်မြေ၏ ကပ်ဘေးကုန်းမြေ မှာ အရာအားလုံး၏ အစပျိုးရာနေရာဟု ဆိုနိုင်သည်။

တကယ်ပင် သွားကြည့်သင့်သည့် နေရာတစ်ခုပင်။

ထို့နောက် လုံကျိုကျိုးက ဟင်းလင်းပြင်ကို လက်ဖြင့် ဖြဲလိုက်ပြီး အတွင်းသို့ ဝင်သွားသည်။

သူတို့အနေဖြင့် ဝင်ပေါက်မှတစ်ဆင့် သွားနေရန် မလိုပေ။

ထန်ထျန်းလည်း နောက်မှ လိုက်သွားခဲ့သည်။

မြင်ကွင်းက တဖျတ်ဖျတ် ပြောင်းလဲသွားပြီး နောက်တစ်ခဏတွင် သူတို့က နီမှောင်သော ကောင်းကင်နှင့် မြေပြင်ရှိသည့် ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားကြသည်။

ဤနေရာမှာ အလွန်မကျယ်ဝန်းလှဘဲ ဝူယွဲ့ ချောက် ကမ်းပါး၏ ဧရိယာလောက်တောင် မရှိပေ။ သီးသန့် ခွဲထုတ်ထားသည့် လွင်ပြင်ငယ်လေးတစ်ခုနှင့် တူနေသည်။

အပင် တစ်ပင်မှ မရှိပေ။

ယခုအခါ ထိုက်ယိတပည့် အမြောက်အမြားမှာ ထိုနေရာတွင် သွားလာလှုပ်ရှားနေကြပြီး ဒဏ်ရာရသူများနှင့် အလောင်းများမှာ နေရာအနှံ့ ရှိနေသည်။

လွင်ပြင်တစ်ခုလုံးကို ဖြတ်သန်းသွားသော ကြီးမားသည့် အက်ကြောင်းကြီးတစ်ခုမှာ ကမ္ဘာ အလယ်တွင် ရှိနေသည်။

အက်ကြောင်း၏ အဆုံးတွင် မြင့်မားသော ယဇ်ပလ္လင် တစ်ခု ရှိနေပြီး ထိုယဇ်ပလ္လင်မှာလည်း အက်ကွဲပျက်စီးနေပြီဖြစ်သည်။

လုံကျိုကျိုးက အောက်ရှိ တပည့်များကို အနှောင့်အယှက်မပေးဘဲ ထန်ထျန်းနှင့်အတူ ယဇ်ပလ္လင်အထက်သို့ ရောက်လာသည်။

“ဒါက ကပ်ဘေးကုန်းမြေ ပေါ့လေ”

အောက်ရှိ ယဇ်ပလ္လင်ကို ကြည့်ရင်း ထန်ထျန်း၏ အမြင်အာရုံမှာ တိမ်တိုက်ထျန်းဖူ ကမ္ဘာ အပါအဝင် အောက်ကမ္ဘာ အတော်များများနှင့် ဆက်သွယ်မိသွားသည်။

မီးခိုးရောင် ကြိုး အချို့မှာ ကောင်းကင်တွင် လွင့်မျောနေပြီး အဆုံး ပိုင်းမှာ တဖြည်းဖြည်း ပျောက်ကွယ်နေသည်။

ထိုမီးခိုးရောင် ကြိုး များသည် ယခင်က အောက်ကမ္ဘာရှိ ကမ္ဘာ့အရှင် ရုပ်တု တစ်ခုချင်းစီနှင့် ချိတ်ဆက်ထားခြင်းဖြစ်ကြောင်း ထန်ထျန်း သိလိုက်သည်။

သို့သော် ယခုအခါ ၎င်းတို့ အားလုံး ပြတ်တောက်သွားပြီဖြစ်သည်။

“တကယ်လို့ အဲဒီတုန်းက ငါသာ အဲဒီအရိုးစုရဲ့ အခြေအနေကို ကိုယ်တိုင် စစ်ဆေးခဲ့မယ်ဆိုရင် အခုလို ကိစ္စတွေ ဖြစ်လာမှာ မဟုတ်ဘူး”

လုံကျိုကျိုးက လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

သူပြောနေသည်မှာ ဝါးတော တာအိုဆရာ ၏ ကိစ္စဖြစ်ကြောင်း ထန်ထျန်း သိသည်။

“သူတို့က မင်း ဝူရှန့်ကျိကျွင်း အဆင့်ကို တက်လှမ်းမယ့် အချိန်ကို သေချာ ရွေးချယ်ခဲ့တာပဲ”

ထန်ထျန်းက အေးဆေးစွာ ပြောလိုက်သည်။ “အဲဒါအပြင် မင်းဆီမှာ မဟုတ်ရင်တောင် တခြားသူတစ်ယောက်ဆီမှာ ဖြစ်လာမှာပဲ"

"ဒါက အနှေးနဲ့အမြန် ဖြစ်လာမယ့် ကိစ္စပဲလေ"

" လူတိုင်း ဒီသဘောကို နားလည်ကြတယ်၊ ဒါကြောင့်လည်း နေနတ်ဘုရားက မင်း ရှိနေတာကို ခွင့်ပြုပေးခဲ့ပြီး အဓိက လူ ထဲအထိတောင် ထည့်သွင်းပေးခဲ့တာပေါ့”

လုံကျိုကျိုးက လေသံတိုးတိုးဖြင့် “ဒါပေမဲ့ သူက ငါ့ဆီမှာ ပြန်ရှင်လာတာပဲလေ"

" ကျွင်းချန်ချင်း...”

သူက လက်သီးကို ဖြည်းဖြည်းချင်း ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။

“ငါ့ရဲ့ ဒီအမှားကို ငါ သေချာပေါက် ပြန်ပြင်မယ်၊ သူ့ကို အနန္တငရဲ ထဲကို ပြန်ရောက်အောင် လုပ်မယ်”

ထန်ထျန်း တိတ်ဆိတ်သွားသည်။

အမှားဟု ဆိုလျှင် သူ၏ အမှားမှာ ပို၍ပင် ကြီးမားနေသေးသည်။

ထိုစဉ်က အကြောင်းမဲ့ ထိုဓားချက်ကို မထုတ်ခဲ့လျှင် ကျွင်းချန်ချင်း ပြန်လည်ရှင်သန်ရန် အခွင့်အရေးမှာလည်း ပေါ်လာလိမ့်မည် မဟုတ်ပေ။

အသေအချာ ပြောရလျှင် သူကိုယ်တိုင်လည်း ဤကိစ္စအတွက် တာဝန်ရှိသည်။

“ဒါနဲ့ သူတို့ အရင်က ပြောင်းလဲထားတဲ့ ကောင်းကင်တာအို က အခုထိ ပြန်မပြင်ရ သေးဘူးနော်"

" ပြန်ပြင်လိုက်ရင် ကောင်းမလား၊ ဝမ်ကျိယွီက အခုထိ ဘာမှ မမှတ်မိသေးဘူးလေ”

ထန်ထျန်းက လေးလံနေသည့် အကြောင်းအရာကို လွှဲလိုက်သည်။

ဝမ်ကျိယွီ၏ ကိုယ်ပေါ်တွင် ထန်ထျန်းက အထူး အကာအကွယ် လုပ်ပေးထားသဖြင့် ဤကပ်ဘေးတွင် ဘာမှ မဖြစ်ခဲ့ပေ။ ယခုအခါ သူက လျိုထျန်းဟုန်တို့နှင့်အတူ ကယ်ဆယ်ရေးတွင် ပါဝင်ကူညီနေသည်။

လုံကျိုကျိုး ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိမ့်လိုက်သည်။

ထို့နောက် သူတို့သည် ယခင်က အတင်း ပြောင်းလဲခံထားရသည့် ကောင်းကင်တာအိုနှင့် ကမ္မလမ်းကြောင်းများကို ပြန်လည် ရှာဖွေလိုက်ကြသည်။

စုစုပေါင်း လမ်းကြောင်း နှစ်ခုရှိပြီး တစ်ခုမှာ ဝမ်ကျိယွီနှင့် ဆက်စပ်နေကာ အခြားတစ်ခုမှာမူ ပို၍ ရှေးကျသည်။

၎င်းမှာ လင်းရင် နှင့် လုမင် တို့၏ လမ်းကြောင်းပင်ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင် ထိုကမ္မလမ်းကြောင်းများကို စစ်ဆေးကြည့်သောအခါ ထန်ထျန်းမှာ အသစ်တစ်ခုကို တွေ့ရှိသွားသည်။

ကောင်းကင်တာအိုကို အတင်း ပြောင်းလဲခဲ့သည့် ထိုလျှို့ဝှက်ဆန်းကြယ်သည့် လူမှာ... ယုံကြည်နိုင်စရာ မရှိလောက်အောင်ကို အစွမ်းထက်နေခြင်းပင်

All Chapters