အခန်း (၃၁၅-၃၁၆)
Vol. 32 Ch. 315-316
အခန်း ၃၁၅
နောက်တစ်နေ့ နံနက်စောစော၊ မိုးလင်းကာစ အချိန်လေးတွင် ဖြစ်ပေသည်။
စစ်လီနှင့် ဝမ်ရှင်းတို့က ကျိုးနိုင်ငံ မြို့တော်အပြင်ဘက်ရှိ လူသူကင်းမဲ့သော တောင်တန်းတစ်ခုပေါ်သို့ ဆင်းသက်လာခဲ့ကြလေ၏။
"အဟွတ်၊ အဟွတ်၊ အဟွတ်။"
စစ်လီက အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီးနောက် သွေးပုပ်တစ်လုပ်ကို ဟပ်ထုတ်လိုက်ရချေပြီ။
"ခွေးမလေး။ အဲဒီ မျက်နှာဖုံးတပ်ထားတဲ့ ခွေးမက ဘယ်သူလဲ။ ဒီအစ်မကြီးနဲ့ နောက်တစ်ခါ ထပ်ပေးမတွေ့စေနဲ့၊ မဟုတ်ရင် သူ့ကို ဇောက်ထိုးဆွဲကြိုးချပြီး ရိုက်ပစ်မယ်။"
စစ်လီက သူမ၏ နှုတ်ခမ်းထောင့်ကို သုတ်လိုက်ရာ သူမ၏ ရင်ဘတ်က ပြင်းထန်စွာ နိမ့်ချည်မြင့်ချည် ဖြစ်နေခဲ့ပေသည်။
မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို တွေးမိလေလေ စစ်လီမှာ ပို၍ ဒေါသထွက်လာလေလေ ဖြစ်တော့၏။
သူမ၏ မှော်ဝင်္ကပါက ပြီးပြည့်စုံစွာ တပ်ဆင်ပြီးစီးနေခဲ့ပြီ ဖြစ်လေသည်။ အကယ်၍ ဘာအမှားအယွင်းမှသာ မရှိခဲ့လျှင် သခင်လေး၏ ပြန်လည်ဝင်စားသူက ကျိုးနိုင်ငံ၏ မြို့တော်အတွင်း ပေါ်လာသရွေ့ သူမအနေဖြင့် သူ့ကို ရှာတွေ့နိုင်မည် ဖြစ်ပေသည်။
သို့သော် ဘယ်သူက ထင်မှတ်ထားခဲ့မည်နည်း၊ ရုတ်တရက် ဓားကျင့်ကြံသူ အမျိုးသမီးတစ်ဦး ပေါ်လာခဲ့လေ၏။
ပြီးတော့ သူမက စကားတစ်ခွန်းမှပင် မဟဘဲ စတင် တိုက်ခိုက်တော့သည်ပင်။
"သောက်ကျိုးနည်း။ ငါက သူ့ကို သွားစစရာ အကြောင်းရှိလို့လား။"
"ငါ သူ့ကို မြင်တောင် မမြင်ဖူးဘူးလေ။"
"ဒါဆို သူက ဘာလို့ ငါ့အစီအစဉ်တွေကို လာဖျက်ဆီးရတာလဲ။"
ကံကောင်းထောက်မစွာဖြင့် သူမနှင့် ဝမ်ရှင်းတို့၏ အဆင့်များက မဆိုးလှသောကြောင့်သာမက ကနဦးဟင်းလင်းပြင်၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ကြောင့် သူတို့က ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပြီး ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ထိုသို့မဟုတ်ပါက သူမ၏ ပြင်းထန်လှသော ဓားချီက အခြေအနေကို တကယ်တမ်း ခက်ခဲသွားစေလိမ့်မည် ဖြစ်လေ၏။
"ညီမလေး ဝမ်ရှင်း၊ နင် အဆင်ပြေရဲ့လား။"
စစ်လီက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းကာ သူမ၏ အတွေးများကို ငြိမ်သက်စေလိုက်ပြီး သူမဘေးရှိ ဝမ်ရှင်းကို ကြည့်လိုက်ပေသည်။
"ညီမ အဆင်ပြေပါတယ်။" ဝမ်ရှင်းက ခေါင်းခါလိုက်လေ၏။
ဝမ်ရှင်း၏ မျက်နှာကလည်း ဖြူဖျော့နေသော်လည်း သူမ၏ ဒဏ်ရာများက ပေါ့ပါးသည်ဟု သတ်မှတ်၍ ရနိုင်ပေသည်။
"ဒါဆိုလည်း တော်သေးတာပေါ့။"
စစ်လီက သူမ၏ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်လေ၏။
"အလယ်ပိုင်းလွင်ပြင်မှာရှိတဲ့ ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် အမျိုးသမီး ဓားကျင့်ကြံသူဆိုလို့ သုံးယောက်ပဲ ရှိတာ။ အဲဒီ အရူးမက ဘယ်သူလဲဆိုတာ လေနားဆင်စံအိမ်ကို စုံစမ်းခိုင်းရမယ်။"
"ဒီအစ်မကြီးက သေချာပေါက် ကလဲ့စားချေရမယ်။ မဟုတ်ရင် ငါ့ကို အလွယ်တကူ အနိုင်ကျင့်လို့ရတယ်လို့ သူက တကယ်ကြီး ထင်သွားလိမ့်မယ်။"
"ဒါပေမဲ့ ကံကောင်းတာက မနေ့ညက ငါတို့ အလကား သက်သက် အလုပ်ရှုပ်ခဲ့ရတာတော့ မဟုတ်ဘူး။"
စစ်လီက သူမ၏ သိုလှောင်အိတ်ထဲမှ မင်စွန်းတစ်ဝက်ကို ထုတ်ယူလိုက်ပေသည်။
ထိုမင်စွန်းထံမှ အနီရောင်အလင်းတန်း တစ်ခု ဖြာထွက်နေခဲ့လေ၏။
"အစ်မစစ်လီ၊ ဒါက ဘာလဲဟင်။" ဝမ်ရှင်းက သိချင်စိတ်ဖြင့် မေးလိုက်ပေသည်။
"မနေ့က နင် အဲဒီအရူးမကို အချိန်ဆွဲထားပေးတုန်းက အခြေအနေမကောင်းဘူးဆိုတာ ငါသိလိုက်လို့ မှော်ဝင်္ကပါကို နည်းနည်း ပြင်ဆင်လိုက်ပြီး ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး မှော်ဝင်္ကပါရဲ့ ပင်မကိုယ်ထည်ကို မင်စွန်းပေါ်မှာ ထွင်းထုလိုက်တာ။ ဒါက မနေ့ညက မှော်ဝင်္ကပါလောက် သခင်လေးရဲ့ တည်နေရာကို တိတိကျကျ မထောက်ပြနိုင်ပေမဲ့ ဘာမှမရှိတာထက်တော့ ကောင်းပါတယ်။"
စစ်လီက ဝိညာဉ်စွမ်းအင်တစ်စကို မင်စွန်းတစ်ဝက်ထဲသို့ စီးဆင်းစေလိုက်လေ၏။
မင်စွန်း၏ ဓားသွားပေါ်တွင် မှော်ဝင်္ကပါတစ်ခု ပေါ်လာပြီး ဓားသွားက ချက်ချင်းပင် မရပ်မနား တုန်ခါလာတော့သည်။
သွေးကဲ့သို့ နီရဲနေသော ဓားချီတစ်စက မြို့တော်ဆီသို့ ပျံသန်းသွားခဲ့ပေသည်။
ကံမကောင်းစွာဖြင့် ဤဓားချီက နန်းတော်အပြင်ဘက် ဆယ်လီအကွာရှိ လင်းမိသားစု ပဲပြားဆိုင်အထက်တွင် ဖြည်းညှင်းစွာ လွင့်စင်ပျောက်ကွယ်သွားခဲ့လေ၏။
သို့သော် စစ်လီ၏ အမြင်တွင်တော့ ဤမျှဆိုလျှင် လုံလောက်နေပြီ ဖြစ်ပေသည်။
စစ်လီက လေချွန်လိုက်ရာ ကောင်းကင်ယံမှ အနက်ရောင် ကျီးကန်းတစ်ကောင် ပျံသန်းဆင်းသက်လာပြီး စစ်လီ၏ ပခုံးပေါ်တွင် နားခိုလိုက်လေ၏။
"မြို့တော်အရှေ့ဘက်က လင်းမိသားစု ပဲပြားဆိုင်ကို ဗဟိုပြုပြီး ဆယ်လီ ပတ်လည်အတွင်းမှာ လေနားဆင်စံအိမ်ကို ရှာဖွေခိုင်းလိုက်။"
"အာ... အာ..." ကျီးကန်းက ခေါင်းညိတ်ပြကာ အတောင်ပံများကို ဖြန့်ကျက်ပြီး ချက်ချင်းပင် ပျံသန်းထွက်ခွာသွားခဲ့ပေသည်။
စစ်လီက မြင့်မားသော နေရာတွင် ရပ်ကာ မှော်ဝင်္ကပါဖြင့် ဖုံးလွှမ်းထားသော ကျိုးနိုင်ငံ၏ နန်းတော်ကြီးကို တစ်ဖန် ပြန်လည်ကြည့်ရှုလိုက်လေ၏။
တိုက်ဆိုင်စွာပင် နန်းတော်ကြီး တစ်ခုလုံးကလည်း ထိုဆယ်လီပတ်လည် အကွာအဝေးအတွင်းတွင် ရှိနေခဲ့ပေသည်။
"ဖြစ်နိုင်တာက..."
စစ်လီ မျက်မှောင်ကြုတ်သွားခဲ့လေ၏။
သူမအနေဖြင့် နန်းတော်ထဲသို့ ဝင်ရောက်နိုင်ရန် နည်းလမ်းရှာဖွေဖို့ လိုအပ်ပေလိမ့်မည်။
နန်းတော်အတွင်း၌မူ ရှောင်မိုက တာအိုမေးမြန်းခြင်းယဇ်ပလ္လင်၌ သူ၏ ဓားသိုင်းကို ဆက်လက် ကျင့်ကြံနေခဲ့ပေသည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျန်းချင်ရီ၏ လမ်းညွှန်မှုနှင့်အတူ ခြင်ဆီသန့်စင်ခြင်း နှစ်ကြိမ် ပြုလုပ်ထားမှုတို့ ပေါင်းစပ်သွားသောအခါ ရှောင်မို၏ ဓားတာအိုအပေါ် နားလည်သဘောပေါက်မှုက ပိုမိုနက်ရှိုင်းလာပြီး သူ၏ ကျင့်ကြံခြင်း အရှိန်အဟုန်ကလည်း သဘာဝကျကျပင် ပို၍ပို၍ မြန်ဆန်လာခဲ့လေ၏။
ရှောင်မိုက အများဆုံး လဝက်အတွင်း သူ ချီစုစည်းမှုအဆင့် ကိုးလွှာသို့ ဝင်ရောက်နိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်အတွက် ပြင်ဆင်နိုင်မည်ဟု ခံစားနေရပေသည်။
သို့သော် ရှောင်မိုမှာ အတော်လေး စိတ်လှုပ်ရှား ခံစားနေရဆဲ ဖြစ်လေ၏။
သူ့ မူလပါရမီက ဘယ်လောက်တောင် ညံ့ဖျင်းနေခဲ့သနည်း။
ခြင်ဆီသန့်စင်ခြင်း နှစ်ကြိမ်တိုင်တိုင် ပြုလုပ်ပြီးမှသာ သူက ယခုအဆင့်သို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပေသည်။
အကယ်၍ သူ၏ မူလပါရမီအတိုင်းသာ ဆိုလျှင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ဆိုသည်မှာ မျှော်လင့်ချက်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။
သူ ကျင့်ကြံနေစဉ် ရှောင်မိုက သူ့ကိုယ်သူ မေ့လျော့နေသည့် အခြေအနေသို့ တစ်ဖန် ဝင်ရောက်သွားခဲ့ပြီး တာအိုအတွင်း ဝင်ရောက်ခြင်း အခြေအနေကို ရရှိသွားခဲ့လေတော့သည်။
ရှောင်မိုကိုယ်တိုင်ပင် သူ၏လက်ထဲရှိ ဓားရှည်ကို ဝှေ့ယမ်းလိုက်ချိန်တွင် ဓားချီကို ဖြစ်ပေါ်စေနိုင်နေပြီ ဖြစ်ကာ သဲ့သဲ့မျှရှိသော ဓားချီများက ဓားဆန္ဒအဖြစ်သို့ စုစည်းသွားမည့် အရိပ်အယောင်များကိုပါ ပြသနေပြီ ဖြစ်ကြောင်း မသိရှိခဲ့ချေ။
ဓားသိုင်း တစ်ကျော့ကို အဆုံးသတ်ပြီးနောက် ရှောင်မိုက သက်ပြင်းရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်လေ၏။
သူ သတိပြန်ဝင်လာချိန်တွင် တာအိုမေးမြန်းခြင်းယဇ်ပလ္လင်၏ စကျင်ကျောက်ကြမ်းပြင် ကြွေပြားများပေါ်တွင် ရှောင်မို၏ ဓားချီများကြောင့် ဓားခုတ်ရာများက ပြည့်နှက်နေခဲ့ချေပြီ။
"မဆိုးဘူးပဲ။"
ရှောင်မို ကျေနပ်သွားချိန်မှာပင် ကျန်းချင်ရီ၏ အသံက သူ၏ နားထဲသို့ ဝင်ရောက်လာခဲ့ပေသည်။
ရှောင်မို ခေါင်းမော့ကြည့်လိုက်ရာ ကျန်းချင်ရီက နံရံပေါ်တွင် ခြေချိတ်ထိုင်နေပြီး သူမ၏ ဂါဝန်အောက်မှ ဖြူဝင်းနေသော ခြေကျင်းဝတ်လေးများကို မြင်တွေ့လိုက်ရလေ၏။
ကျန်းချင်ရီက နံရံပေါ်မှ ခုန်ချကာ မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့ပေသည်။ "အရှင်မင်းကြီးရဲ့ ပါရမီက ကျွန်မ မျှော်လင့်ထားတာထက် တကယ်ကို နည်းနည်းလောက် သာလွန်နေတာပဲ။"
"နတ်မိမယ်ကျန်းနဲ့ ယှဉ်ရင်ကော ဘယ်လိုနေလဲ။" ရှောင်မိုက နောက်ပြောင်လိုက်လေ၏။
"ဟက်။" ကျန်းချင်ရီက မဲ့ပြုံးပြုံးလိုက်ပြီး ပြန်မဖြေခဲ့ချေ။
"....."
ရှောင်မိုမှာ ခဏမျှ အနေရခက်သွားခဲ့ပြီး သူ တကယ်ပင် ပြဿနာကို သွားရှာမိခဲ့ကြောင်း နားလည်လိုက်ပေသည်။
"နတ်မိမယ်ကျန်း ဘယ်တုန်းက ပြန်ရောက်တာလဲ။" ရှောင်မိုက စကားလွှဲလိုက်လေ၏။
"မကြာသေးဘူး၊ မိုးလင်းကာစလေးတင်။" ကျန်းချင်ရီက သူမ၏ ဆံကေသာရှည်များကို ပခုံးနောက်သို့ သပ်တင်လိုက်ပေသည်။ "မနေ့ညက အချိန်နည်းနည်း ပိုကြာသွားပေမဲ့ အားလုံးကို ဖြေရှင်းပြီးသွားပါပြီ။"
"ကျွန်မအကြောင်း မပြောကြရအောင်။" ကျန်းချင်ရီက ရှောင်မိုကို ကြည့်လိုက်လေ၏။ "အရှင်မင်းကြီးက ဓားတစ်သောင်းဂိုဏ်းထဲ ဝင်ဖို့ ကျွန်မ ထောက်ခံပေးတာကို တကယ်ပဲ မလိုချင်တာလား။ အရှင်မင်းကြီးက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်တော့မယ်။ တကယ်လို့ ဒီဧကရာဇ်ပလ္လင်ပေါ်မှာပဲ ဆက်နေမယ်ဆိုရင် ဒီဘဝမှာ ဘယ်တော့မှ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ထဲကို လှမ်းဝင်နိုင်မှာ မဟုတ်ဘူး။"
"ကျွန်တော် စမ်းကြည့်ပါရစေ။" ရှောင်မိုက ပြုံးလျက် ခေါင်းခါလိုက်ပေသည်။ "လွန်ခဲ့တဲ့ နှစ်သောင်းပေါင်းများစွာက ဧကရာဇ်တွေလည်း ကျင့်ကြံနိုင်ခဲ့တယ်လို့ ဒဏ္ဍာရီလာ ရှိတယ်လေ။ တကယ်လို့ ကျွန်တော်လည်း လုပ်နိုင်ခဲ့ရင်ကော ဘယ်လိုလုပ်မလဲ။"
"အဲဒီလိုဆိုမှတော့ အရှင်မင်းကြီး လက်လျှော့လိုက်တဲ့အခါကျမှပဲ ဆက်ပြောကြတာပေါ့။" ကျန်းချင်ရီက ရှောင်မိုကို မနိုင်ဘူးဟူသော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် စကားဖြတ်ကာ သူမ၏ လက်ထဲရှိ ဓားရှည်ကို ဆွဲထုတ်၍ ရှောင်မိုဆီသို့ တည့်မတ်စွာ ထိုးသွင်းလိုက်လေတော့သည်။
ရှောင်မို ချက်ချင်း တုံ့ပြန်လိုက်ပြီး ခုခံကာကွယ်လိုက်ပေသည်။
ကျန်းချင်ရီ၏ တိုက်ခိုက်မှုက ပြင်းထန်လှသော်လည်း သူမက အဓိကအားဖြင့် ရှောင်မိုကို လှုပ်ရှားမှုများ သင်ကြားပေးနေခြင်းသာ ဖြစ်လေ၏။
ထို့အပြင် ကျန်းချင်ရီထံမှ ဓားချက်တိုင်းတွင် သူမက ရှောင်မိုကို တကယ်တမ်း ထိုးသတ်ချင်နေသည့်အလား ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုစိတ်များ ပါဝင်နေသော်လည်း သူမက အကြိမ်တိုင်းတွင် ပြီးပြည့်စုံစွာ ထိန်းချုပ်ထားနိုင်ခဲ့ပေသည်။
ဤကဲ့သို့သော ဖိအားများအောက်တွင် ဓားသိုင်းကျင့်ကြံရသောကြောင့် တစ်နေ့နေ့တွင် အမှန်တကယ် အသက်လုတိုက်ပွဲနှင့် ကြုံတွေ့ရလျှင်ပင် ရှောင်မိုအနေဖြင့် တုန်လှုပ်၍ ဓားလွတ်ကျသွားလိမ့်မည် မဟုတ်ချေ။
"မှန်လှပါ အရှင်မင်းကြီး။" ရှောင်မိုနှင့် ကျန်းချင်ရီတို့ ကျင့်ကြံခြင်းတွင် နစ်မြုပ်နေစဉ်မှာပင် တံခါးအပြင်ဘက်မှ ဝေ့ရွှန်း၏ အသံ ထွက်ပေါ်လာခဲ့ပေသည်။ "ချင်ယန်မင်းသမီး ရောက်ရှိနေပါတယ်။"
ရှောင်မိုက သူ၏ ဓားလှုပ်ရှားမှုများကို ရုပ်သိမ်းလိုက်ပြီး ဓားကို ကိုင်ဆောင်လျက် အရိုအသေပေးလိုက်လေ၏။ "နတ်မိမယ်ကျန်း၊ တောင်းပန်ပါတယ်။ ကျွန်တော် ခဏလောက် ခွင့်ပန်ပါရစေ။"
ကျန်းချင်ရီက မျက်မှောင်ကြုတ်သွားပြီး သူမ၏ ဓားရှည်ကို သိမ်းဆည်းကာ အေးစက်စက် လေသံဖြင့် ပြောလိုက်ပေသည်။ "အကယ်၍ အရှင်မင်းကြီး အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ကို ရောက်တော့မယ်ဆိုရင် ကျွန်မကို အသိပေးပါ။"
စကားပြောပြီးနောက် ကျန်းချင်ရီက လှည့်ကာ တာအိုမေးမြန်းခြင်းယဇ်ပလ္လင်မှနေ၍ ပျံသန်းထွက်ခွာသွားခဲ့ပြီး သူမ၏ လုပ်ရပ်က တုံ့ဆိုင်းမှုကင်းမဲ့ကာ ပြတ်သားလွန်းလှပေသည်။
"မင်းသမီးကို အထဲ ဖိတ်ခေါ်လိုက်ပါ။" ရှောင်မိုက တာအိုမေးမြန်းခြင်းယဇ်ပလ္လင် အပြင်ဘက်သို့ လှမ်းအော်လိုက်လေ၏။
တာအိုမေးမြန်းခြင်းယဇ်ပလ္လင်၏ တံခါးပွင့်လာသည်နှင့် မိန်းကလေးက ရှောင်မိုဆီသို့ ပျော်ရွှင်စွာ ပြေးလာပြီး ပြေးလာရင်းမှ အော်ဟစ်လိုက်ပေသည်။ "အစ်ကိုတော် အရှင်မင်းကြီး... မုကျိုးက အစ်ကိုတော်နဲ့ ကစားဖို့ ထပ်ရောက်လာပြန်ပြီနော်။"
သူ၏အရှေ့တွင် တက်ကြွလန်းဆန်းမှုများ အပြည့်အဝ ရှိနေသော အမျိုးသမီးကို ကြည့်ရင်း သူမနှင့် တစ်ကြိမ်သာ ဆုံတွေ့ဖူးသေးသော်လည်း ရှောင်မို၏ ရင်ထဲတွင် ရင်းနှီးကျွမ်းဝင်သော ခံစားချက်တစ်ခု ပေါ်ထွက်လာခဲ့လေ၏။
အမှန်တကယ်တော့ သူမကို မြင်တွေ့ရတိုင်း ရှောင်မိုက သူမကို သူ၏ အနာဂတ် မောင်းမမိဿံ တစ်ဦးထက် သူကြီးပြင်းလာသည်အထိ စောင့်ကြည့်လာခဲ့ရသော အိမ်နီးချင်း ညီမလေးတစ်ယောက်နှင့် ပို၍တူသည်ဟု အမြဲတမ်း ခံစားရပေသည်။
ယင်းက သူမ၏ ရွှင်လန်းတက်ကြွသော ကိုယ်ရည်ကိုယ်သွေးနှင့် သက်ဆိုင်နေပြီး လူများကို သဘာဝကျကျပင် ရင်းနှီးကျွမ်းဝင်စေသည်ဟု ရှောင်မို တွေးလိုက်မိလေ၏။
"မင်းသမီးက ဒီနေ့ ဘာကိစ္စများ ရှိလို့လဲ။" ရှောင်မိုက ပြုံးလျက် မေးလိုက်ပေသည်။
"အစ်ကိုတော် အရှင်မင်းကြီး... ကျွန်မကို မင်းသမီးလို့ မခေါ်ပါနဲ့တော့၊ မုကျိုး လို့ပဲ ခေါ်ပါ။"
ချင်စီယောင်က သူမ၏ လက်နှစ်ဖက်ကို နောက်ပစ်လျက် ရှေ့သို့ တစ်လှမ်း တိုးလာကာ အနည်းငယ် ကိုင်းညွှတ်ပြီး ရှောင်မိုကို မော့ကြည့်လိုက်လေ၏။
"ပြီးတော့ အစ်ကိုတော် အရှင်မင်းကြီးက မုကျိုးကို ကြိုမဆိုချင်ဘူးလား။" ထိုသို့ပြောဆိုစဉ် ချင်စီယောင်၏ မျက်ဝန်းများထဲတွင် မကျေမနပ်ဖြစ်နေသော အရိပ်အယောင်လေးတစ်ခု လက်ခနဲ ဖြစ်သွားခဲ့ပေသည်။ "ဒီရက်ပိုင်းတွေမှာ ကျွန်မက ကျိုးနိုင်ငံရဲ့ ဓလေ့ထုံးတမ်းတွေကို ကြိုးကြိုးစားစား သင်ယူနေခဲ့ရတာ။ အစ်ကိုတော် အရှင်မင်းကြီးက ကျွန်မကို ချီးကျူးဖို့တောင် မစဉ်းစားဘူးလား။"
"မုကျိုး... တကယ်ပဲ ပင်ပန်းသွားပြီ။" ရှောင်မိုက ပြုံးလိုက်သော်လည်း သူမနှင့် သတ်မှတ်ထားသော အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားဆဲ ဖြစ်လေ၏။ "မုကျိုး ပိုးစုန်းကြူး ဥယျာဉ်ကို သွားကြည့်ချင်လား။"
"အစ်ကိုတော် အရှင်မင်းကြီး... အခုမှ မနက်ပဲ ရှိသေးတာလေ။ ပိုးစုန်းကြူး ဥယျာဉ်ကို သွားမယ်ဆိုရင်တောင် ညဘက်မှ သွားရမှာပေါ့။"
ချင်စီယောင်က ပါးစပ်ကိုအုပ်ကာ တခစ်ခစ် ရယ်မောလိုက်လေ၏။
"ဒါနဲ့ စကားမစပ်၊ အစ်ကိုတော် အရှင်မင်းကြီးက မုကျိုးကို ငါးကြင်းတစ်သောင်းရေကန်ဆီ ခေါ်သွားပေးလို့ ရမလား။ နန်းတော်ထဲမှာ ငါးကြင်းတစ်သောင်းရေကန် ရှိတယ်လို့ ကြားတယ်။ ပြီးတော့ ငါးစာနည်းနည်းလောက် ပစ်ကျွေးလိုက်တာနဲ့ ငါးကြင်း ထောင်သောင်းချီပြီး ကူးလာကြတယ်တဲ့။"
"ရတာပေါ့။ ဒါဆိုရင် မင်းသမီးကို အဲဒီကို ခေါ်သွားပေးပါ့မယ်။" ရှောင်မိုက သဘောတူလိုက်လေ၏။
"ကျေးဇူးတင်ပါတယ် အစ်ကိုတော် အရှင်မင်းကြီး။" ချင်စီယောင်က ချိုမြိန်စွာ ပြုံးလိုက်ပြီး သကြားလုံးရရှိသွားသော မိန်းကလေးငယ်တစ်ဦးကဲ့သို့ ချက်ချင်းပင် ကျေနပ်သွားခဲ့ပေသည်။
ဤမျှ ချိုမြိန်ပြီး ရိုးရှင်းကာ ဟန်ဆောင်မှုကင်းမဲ့သော မိန်းကလေးက တကယ်ကို ချစ်ခင်နှစ်လိုဖွယ် ကောင်းလှပေသည်။
အခန်း ၃၁၆
နာရီဝက်ခန့် ကြာပြီးနောက် ရှောင်မိုက ချင်စီယောင်ကို ငါးကြင်းတစ်သောင်းရေကန်ပေါ်ရှိ အဆောင်ရှည်ကြီးဆီသို့ ခေါ်ဆောင်သွားခဲ့လေ၏။
ဤရေကန်ကြီးမှာ လူလုပ်တူးဖော်ထားခြင်း မဟုတ်ဘဲ သဘာဝအလျောက် တည်ရှိနေသည်ကိုမှ ချဲ့ထွင်ထားခြင်း ဖြစ်ပေသည်။
ဒဏ္ဍာရီများအရ ကျိုးနိုင်ငံ၏ တည်ထောင်သူ ဘိုးဘေးကြီးက ဤငါးကြင်းတစ်သောင်းရေကန်ကြီးကြောင့်သာ ဤနေရာ၌ နန်းတော်ကို တည်ဆောက်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုကြလေသည်။
"အရှင်မင်းကြီး၊ ဒီအစေခံအိုကြီး အရင် သွားခွင့်ပြုပါ။ ကျွန်တော်မျိုး နန်းရင်းဝန်ကြီးဆီကို ပစ္စည်းတချို့ သွားပို့စရာလေး ရှိနေလို့ပါ။"
ဝေ့ရွှန်းက ကျောက်စိမ်းပန်းကန်လုံးတစ်လုံးထဲတွင် ငါးစာအချို့ကို ယူဆောင်လာပြီး ရှောင်မိုကို ထိုသို့ လျှောက်တင်လိုက်ခြင်း ဖြစ်ပေသည်။
"သွားလေ။" ရှောင်မိုက ကျောက်စိမ်းပန်းကန်လုံးကို လှမ်းယူလိုက်၏။
ဝေ့ရွှန်း ပြောသွားသော ပစ္စည်းတချို့ သွားပို့စရာရှိသည် ဆိုသည်မှာ တကယ်တမ်းတွင် သူ၏ အခြေအနေများကို ယန်ရှန်းအောက်ထံ သွားရောက် သတင်းပို့မည်ကို ရှောင်မို ကောင်းကောင်း သိထားခဲ့ပေသည်။
ဤကိစ္စနှင့် ပတ်သက်၍ သူတို့နှစ်ဦးကြားတွင် နှုတ်ဆိတ်နေသော နားလည်မှုတစ်ခု ရှိနေခဲ့လေ၏။
ဝေ့ရွှန်းက သူ့ကို သစ္စာဖောက်လိမ့်မည် မဟုတ်ကြောင်းကိုလည်း ရှောင်မို ယုံကြည်ထားပေသည်။
"မှန်လှပါ အရှင်မင်းကြီး။"
ဝေ့ရွှန်းက အရိုအသေပေးလိုက်ပြီးနောက် လျင်မြန်စွာ ဆုတ်ခွာသွားခဲ့လေတော့သည်။
ငါးကြင်းတစ်သောင်းရေကန်ဘေး ခပ်လှမ်းလှမ်းတွင် အလုပ်အကျွေးပြုရန် နန်းတွင်းအစေခံမ အချို့သာ ကျန်ရစ်နေခဲ့တော့၏။
"စမ်းကြည့်မလား။" ရှောင်မိုက ကျောက်စိမ်းပန်းကန်လုံးကို ချင်စီယောင်ထံ ကမ်းပေးလိုက်ပေသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုတော် အရှင်မင်းကြီး။" ချင်စီယောင်က ခေါင်းညိတ်လိုက်ပြီး ငါးစာများကို ကြဲပက်လိုက်လေ၏။
ငါးစာများ ရေပြင်ထက်သို့ ကျဆင်းသွားသည်နှင့် တစ်ပြိုင်နက် အနီ၊ အဖြူ၊ အစိမ်းနှင့် အဝါရောင် အစရှိသော အရောင်အသွေးစုံလင်လှသည့် အလှမွေးငါးကြင်းများ စုရုံးရောက်ရှိလာကြကာ ငါးစာများရှိရာသို့ ကူးခတ်လာသော အရောင်အသွေးစုံလင်သည့် မြစ်ကြောင်းအလား ဖြစ်ပေါ်သွားပြီး အလွန် ကြည့်ကောင်းသော မြင်ကွင်းတစ်ရပ် ဖြစ်လာခဲ့လေတော့သည်။
ချင်စီယောင်၏ မျက်ဝန်းများက တောက်ပသွားပြီး သူမက ပျော်ရွှင်စွာဖြင့် ငါးစာများကို ဆက်လက် ကြဲပက်နေခဲ့ပေသည်။
ရှောင်မိုက မိန်းကလေးကို ဘေးမှနေ၍ ကြည့်နေခဲ့၏။ မိန်းကလေး၊ ကျယ်ပြောလှသော ရေကန်ပြင်ကြီးနှင့် အလှမွေးငါးကြင်း တစ်သောင်းတို့က လှပသော ပန်းချီကားချပ်တစ်ခုကို ဖန်တီးထားသည့်အလား ရှိနေလေတော့သည်။
"အစ်ကိုတော် အရှင်မင်းကြီး၊ ကျွန်မ သူတို့ကို ကိုင်ကြည့်လို့ ရမလားဟင်။" ချင်စီယောင်က ပျော်ရွှင်စွာဖြင့် လှည့်ကြည့်လာပေသည်။
"ရတာပေါ့။" ရှောင်မိုက ခေါင်းညိတ်လိုက်လေ၏။ "လာ၊ ဟိုဘက် သွားရအောင်။"
ရှောင်မိုက ချင်စီယောင်ကို အခြား ရေပေါ်အဆောင်တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့ပေသည်။
ဤရေပေါ်အဆောင်တွင် လက်ရန်းများ မရှိချေ။ သစ်သားပျဉ်ပြားများပေါ်တွင် ဒူးထောက်ကာ ကိုင်းညွှတ်လိုက်ရုံဖြင့် အလှမွေးငါးကြင်းများကို ထိတွေ့နိုင်ပေသည်။
ချင်စီယောင်က သူမ၏ ဂါဝန်စကို ညင်သာစွာ ဖယ်ရှားလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်ရာ သူမ၏ ပုံစံလေးက ပွင့်ဖတ်များ ပြန်လည်ရုပ်သိမ်းသွားသော နှင်းပန်းလေးတစ်ပွင့်နှင့်ပင် တူနေတော့၏။
သူမက ကျောက်စိမ်းကဲ့သို့ ဖြူဝင်းနေသော လက်သေးသေးလေးကို ဆန့်ထုတ်လိုက်ပြီး ငါးစာစားရန် စုရုံးနေကြသော အလှမွေးငါးကြင်းများကို ညင်သာစွာ ပွတ်သပ်ပေးနေခဲ့ပေသည်။
"သတိထားဦး၊ ရေထဲ ကျသွားမယ်။" ရှောင်မိုက သူမကို သတိပေးလိုက်လေ၏။
"စိတ်မပူပါနဲ့ အစ်ကိုတော် အရှင်မင်းကြီး။ မုကျိုးက ရေထဲမကျပါဘူး... အား..." ချင်စီယောင် စကားတစ်ဝက်တွင်ပင် ခြေချော်သွားပြီး သူမ၏ ခန္ဓာကိုယ်က အရှေ့သို့ လဲကျသွားခဲ့လေတော့သည်။
ရှောင်မိုက ချင်စီယောင်ကို ပြန်ဆွဲရန် သူ၏ လက်ကို အလျင်အမြန် ဆန့်ထုတ်လိုက်ပေသည်။
သို့သော် ရုတ်တရက် ရှောင်မို၏ ခြေထောက်ကလည်း ချော်ထွက်သွားပြီး အရှေ့သို့ လဲကျသွားခဲ့လေ၏။
"အစ်ကိုတော် အရှင်မင်းကြီး..." ချင်စီယောင်မှာ လန့်ဖျပ်သွားခဲ့ပေသည်။
"ဗွမ်း။"
သူတို့နှစ်ဦးစလုံး ရေထဲသို့ ပြုတ်ကျသွားပြီး ရေပက်ဖြန်းသံများ ထွက်ပေါ်လာခဲ့လေတော့သည်။
ချင်စီယောင်က ရှောင်မိုကို တင်းကျပ်စွာ ဖက်တွယ်ထားလိုက်ပြီး သူမ၏ ရင်ဘတ်က သူ့အပေါ် ဖိကပ်နေကာ သူမ၏ နူးညံ့လှပသော ခန္ဓာကိုယ်လေးက အနည်းငယ် တုန်ရီနေခဲ့ပေသည်။
"မလန့်နဲ့၊ ကိုယ့်ကို တင်းတင်းဖက်ထား။"
ရှောင်မိုက ပြောလိုက်ပြီး ချင်စီယောင်၏ သွယ်လျသော ခါးလေးကို ဖက်တွယ်ရန် လက်ဆန့်ထုတ်လိုက်လေ၏။ ပိုးသားကဲ့သို့ နူးညံ့သိမ်မွေ့သော ထိတွေ့မှုနှင့် မိုးမခပင်ကဲ့သို့ သွယ်လျလှသော သူမ၏ ခါးလေးကြောင့် ရှောင်မိုမှာ ကိုယ်နှင့်ကပ်နေသော အဝတ်အစားများအောက်ရှိ သူမ၏ ခန္ဓာကိုယ်အချိုးအစားကို မသိမသာ တွေးတောစိတ်ကူးမိသွားခဲ့ရတော့သည်။
စကားမစပ်၊ သစ်သားပျဉ်ပြားများပေါ်တွင် ဘာမှ မရှိပါဘဲလျက် သူက ဘာကြောင့် စောစောက ရေခဲပေါ် နင်းမိသွားသကဲ့သို့ ခံစားလိုက်ရပါသနည်း။
ချင်စီယောင်က ခေါင်းညိတ်လိုက်ပြီး ရှောင်မိုကို တင်းကျပ်စွာ ဖက်တွယ်ကာ သူမ၏ ခေါင်းလေးကို သူ၏ ရင်ခွင်ထဲသို့ ဖိကပ်ထားလိုက်လေ၏။
ရှောင်မိုက ချင်စီယောင်ကို ရေပေါ်အဆောင်ပေါ်သို့ ပြန်တက်နိုင်ရန် လျင်မြန်စွာ ကူညီပေးလိုက်ပေသည်။
"အဟွတ်၊ အဟွတ်၊ အဟွတ်။" ချင်စီယောင်က ရေကန်ထဲမှ ရေများကို သီးကာ ချောင်းဆိုးနေခဲ့လေ၏။
ဤအချိန်တွင် မိန်းကလေး၏ အဝတ်အစားများက ကန်ရေများကြောင့် လုံးဝ စိုရွှဲနေခဲ့ချေပြီ။
သူမ၏ ဆံနွယ်လေးများက ဖြူဝင်းနုဖတ်သော ပါးပြင်ပေါ်တွင် ကပ်တွယ်နေပေသည်။ ကန်ရေများက ကျောက်စိမ်းကဲ့သို့ နူးညံ့သော သူမ၏ မေးစေ့မှတစ်ဆင့် လျှောကျလာပြီး သစ်သားပျဉ်ပြားများပေါ်သို့ တစ်ပေါက်ချင်းစီ ခုန်ဆင်းနေကြလေ၏။
ပါးလွှာသော ဂါဝန်လေးက သူမ၏ ကျော့ရှင်းလှပသော ခန္ဓာကိုယ်အချိုးအစားနှင့် ကပ်နေပြီး မိန်းကလေး၏ ရင်ခွင်ဖုံးကို ဝေဝါးဝါး မြင်တွေ့နိုင်ကာ သူမ၏ ခြေတံအလှကလည်း ဂါဝန်အောက်တွင် ပြီးပြည့်စုံစွာ ပေါ်လွင်နေခဲ့တော့သည်။
"အစ်ကိုတော် အရှင်မင်းကြီး၊ တောင်းပန်ပါတယ်။ မုကျိုးက တမင်သက်သက် လုပ်လိုက်တာ မဟုတ်ပါဘူး။"
ချင်စီယောင်က ခေါင်းမော့လိုက်လေ၏။ ရေစိုနေသော သူမ၏ မျက်ဝန်းလေးများနှင့် ရေစိုရွှဲနေသော မိန်းကလေး၏ ပုံစံတို့ ပေါင်းစပ်သွားသောအခါ သူမကို သနားဖို့ကောင်းရုံတင်မက ချစ်ခင်ဖွယ်ကောင်းနေစေတော့သည်။
"ရပါတယ်။ အအေးမပတ်သွားအောင် ကိုယ် မင်းကို အဝတ်အစား သွားလဲခိုင်းမယ်။" ရှောင်မိုက ပြောလိုက်ပေသည်။
"ဟုတ်ကဲ့ အစ်ကိုတော် အရှင်မင်းကြီး။"
ချင်စီယောင်က မတ်တတ်ရပ်လိုက်ပြီး ရှောင်မို၏ နောက်မှလိုက်ကာ ငါးကြင်းတစ်သောင်းရေကန်ဘေးရှိ ကွမ်လီနန်းဆောင်ဆီသို့ လျှောက်လှမ်းသွားခဲ့လေ၏။
ရှောင်မိုက နန်းတွင်းအစေခံမတစ်ဦးကို သူမ လဲလှယ်ရန် အဝတ်အစားတစ်စုံ ယူလာပေးစေပြီး သူကမူ အပြင်ဘက်အခန်းတွင် တာအိုဝတ်ရုံသစ်တစ်ထည်ကို လဲလှယ်ဝတ်ဆင်လိုက်ပေသည်။
ရှောင်မိုက ချင်စီယောင် ထွက်လာမည့်အချိန်ကို စောင့်ဆိုင်းနေစဉ်မှာပင် သဲ့သဲ့မျှသော မွှေးရနံ့တစ်ခုကို ရလိုက်လေ၏။
အစပိုင်းတွင် ရှောင်မိုက ဂရုမစိုက်မိခဲ့ချေ။
သို့သော် မကြာမီမှာပင် ရှောင်မိုက အိပ်ချင်စိတ်များ စတင် ခံစားလာရပေသည်။
အချိန်သိပ်မကြာလိုက်ခင်မှာပင် ရှောင်မို၏ မျက်ခွံများက လေးလံလာပြီး အပြင်ဘက်အခန်းရှိ နူးညံ့သော ကုတင်ပေါ်တွင် အိပ်ပျော်သွားခဲ့လေတော့သည်။
"အစ်ကိုတော် အရှင်မင်းကြီး၊ ကျွန်မ အဝတ်အစား လဲပြီးသွားပြီ။ အစ်ကိုတော် အရှင်မင်းကြီး..."
ချင်စီယောင်က အတွင်းခန်းမှ ထွက်လာပြီး ရှောင်မို အိပ်ပျော်နေသည်ကို မြင်သောအခါ သူမ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားခဲ့ပေသည်။
သူမက အနီးသို့ လျှောက်သွားကာ ရှောင်မို၏ ဘေးတွင် ခပ်စောင်းစောင်း ထိုင်လိုက်ပြီး လက်ကို ဆန့်ထုတ်ကာ သူ၏ ပါးပြင်ကို ညင်သာစွာ ပွတ်သပ်လိုက်ပြီးနောက် သူ၏ လည်ပင်းကိုပါ ဆက်လက် ပွတ်သပ်နေခဲ့လေ၏။
"အစ်ကိုတော်ရှောင်... ကျွန်မ တကယ်ပဲ လွမ်းနေခဲ့တာ..."
ချင်စီယောင်က ညင်သာစွာ ကိုင်းညွှတ်လိုက်ပြီး ရှောင်မို၏ လည်ပင်းကို ဖွဖွလေး ကိုက်လိုက်ပေသည်။
ပြန်လည်မတ်တတ်ရပ်လိုက်ချိန်တွင် ချင်စီယောင်၏ နှလုံးသားက ပို၍ပို၍ မြန်ဆန်စွာ ခုန်ပေါက်နေခဲ့လေ၏။ သူမက သူမ၏ ခါးစည်းကြိုးကို ဖြုတ်လိုက်ရာ သူမ အခုလေးတင် ဝတ်ဆင်ထားသော ဂါဝန်က ရုတ်တရက် လျော့ရဲသွားပြီး သူမ၏ နုဖတ်နေသော အသားအရည်ကို ပေါ်လွင်သွားစေတော့သည်။
ချင်စီယောင်က ရှောင်မို၏ တာအိုဝတ်ရုံကို ဖြေချရန် ဟန်ပြင်လိုက်ချိန်မှာပင်။
ရုတ်တရက် ချင်စီယောင်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့ပေသည်။
ချင်စီယောင်က ခေါင်းမော့လိုက်လေ၏။ သူမ၏ မျက်ခုံးနှစ်ခုကြားမှ လက်နှစ်လုံးခန့်အကွာတွင် ဓားရှည်တစ်လက်က ချိန်ရွယ်ထားလျက် ရှိနေပေသည်။
ဤဓားရှည်က ချင်စီယောင်၏ နဖူးပြင်ကို တည့်မတ်စွာ ထိုးခွဲချင်နေသော်လည်း ယင်းက သံကြိုးများဖြင့် တုပ်နှောင်ခံထားရသည့်အလား လက်တစ်ဆစ်မျှပင် ရှေ့သို့ မတိုးနိုင်တော့ချေ။
ချင်စီယောင်က သူမ၏ လက်ကို ဆန့်ထုတ်လိုက်ပြီး ကျောက်စိမ်းကဲ့သို့ သွယ်လျသော လက်ချောင်းလေးဖြင့် ညင်သာစွာ ခေါက်လိုက်ရာ ဓားရှည်က နောက်သို့ လွင့်စဉ်သွားပြီး အဖြူရောင် ဝတ်စုံရှင် အမျိုးသမီး၏ လက်ထဲသို့ ကျဆင်းသွားခဲ့လေတော့သည်။
"ဂုဏ်သိက္ခာကြီးမားလှတဲ့ ဓားတစ်သောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်က တခြားလူတွေ ချစ်တင်းနှီးနှောနေတာကို ခိုးကြည့်နေတာ နည်းနည်းတော့ မလွန်လွန်းဘူးလား။" ချင်စီယောင်က သူမအရှေ့ရှိ အမျိုးသမီးကို ခံစားချက်မဲ့စွာ ကြည့်လျက် ပြောလိုက်ပေသည်။
ကျန်းချင်ရီက မျက်မှောင်ကြုတ်သွားပြီး သူမ၏ မျက်လုံးများက ဓားများအလား စူးရှနေကာ သူမ၏ အမြတ်နိုးဆုံးအရာကို ကျူးကျော်ခံရတော့မည့်အလား သူမ၏ သတ်ဖြတ်လိုစိတ်များကို လုံးဝ ဖုံးကွယ်မထားခဲ့ချေ။ "နင့်အဝတ်အစားတွေ ဝတ်ပြီး ထွက်သွားစမ်း။"
"ဂိုဏ်းချုပ်ကျန်းရဲ့ အကြည့်က ထိတ်လန့်ဖွယ်ကောင်းလှချည်လား..." ချင်စီယောင်က အနည်းငယ် ပြုံးလိုက်လေ၏။ "ကျွန်မက ထွက်မသွားဘူးဆိုရင်ကော ဘာဖြစ်မှာလဲ။"
ကျန်းချင်ရီ၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့ပေသည်။ "စမ်းကြည့်လိုက်လေ။"