← Chapters

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အပိုင်း (၃၂၅) - လုဖေးအာ၏ သရုပ်ဆောင်ချက်နှင့် အရူးလုပ်ခံလိုက်ရသော မားဟုန်ဝေ

"ခဏလေး နေပါဦး။"

လုဖေးအာသည် ထွက်ခွာတော့မည့် ရွှီရှင်းကို ရုတ်တရက် တားဆီးလိုက်သည်။

သူမသည် သူမဝတ်ဆင်ထားသော အပြာရောင်အဆင့် သားရေချပ်ဝတ်ကို လက်ညှိုးထိုးပြကာ "ကျွန်မ ဒါကြီးပဲ ဝတ်သွားရမှာလား။ ကျွန်မက ရှင့်ရဲ့ အစ်မကြီးအဖြစ် သရုပ်ဆောင်ရမှာလေ၊ ရှင့်ရဲ့ ဝတ်စုံက ဒီလောက်အထိ ထူးခြားနေပြီးတော့ ကျွန်မက သာမန် အပြာရောင်အဆင့် သားရေချပ်ဝတ်ကြီး ဝတ်ထားရင် တစ်မျိုးကြီး ဖြစ်မနေဘူးလား" ဟု မေးလိုက်၏။

ရွှီရှင်း သူမ၏ အဝတ်အစားကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက် မေးစေ့ကို ပွတ်လိုက်မိသည်။

"နင်ပြောတာလည်း ဟုတ်သားပဲ..."

ဤကိစ္စတွင်တော့ လုဖေးအာမှာ အမြဲတမ်း ပရော်ဖက်ရှင်နယ် ဆန်လှပေသည်။

အရင်က သူမသည် ရွှီရှင်းကို လိမ်ညာရန် ဒုက္ခရောက်နေသော အမျိုးသမီးအဖြစ် ဟန်ဆောင်စဉ်ကလည်း ဝတ်စားဆင်ယင်မှုအပေါ် များစွာ ဂရုစိုက်ခဲ့သည် မဟုတ်ပါလား။

အတွေ့အကြုံမရှိသေးသူများ ဝတ်ဆင်သော အစုံကို လဲလှယ်ဝတ်ဆင်ခဲ့ရုံသာမက၊ အဝတ်အစားများ ဟောင်းနွမ်းညစ်ပတ်သွားအောင် တောအုပ်ထဲတွင် လူးလှိမ့်ခဲ့သလို၊ ကျောပိုးအိတ်ကိုပင် အဖြူရောင်အဆင့်သို့ လဲလှယ်ခဲ့သည်အထိ အသေးစိတ်ကျခဲ့သူ ဖြစ်၏။

"ဒါက လွယ်ပါတယ်"

လီဝမ်ရှီး လက်ခုပ်တီးကာ ပြုံးလျက် ဆိုလိုက်၏။

"ကျွန်မဆီမှာ အခုလေးတင် ကျိုချက်ထားတဲ့ သံမဏိတုံးတွေ အများကြီး ရှိပါတယ်။ ရွှီရှင်းက နင့်အတွက် အပြာရောင်အဆင့် သံမဏိချပ်ဝတ် တစ်စုံကို အလွယ်တကူ လုပ်ပေးလို့ ရတာပဲ"

"အသစ်တစ်စုံ ဟုတ်လား"

လုဖေးအာ မှင်သက်သွားရသည်။

သူမကတော့ လီဝမ်ရှီး၏ ချပ်ဝတ်ကို ခေတ္တခဏ ငှားဝတ်ပြီးမှ ပြန်ပေးရန်သာ စိတ်ကူးထားခဲ့ခြင်း ဖြစ်သည်။

ယခုတော့ အပြာရောင်အဆင့် သံမဏိချပ်ဝတ် တစ်စုံလုံးကို အလကား ရရှိတော့မည်လား။

တကယ်ကြီးလား။

ဖမ်းဆီးခံထားရသူတစ်ယောက်က ဒီလောက်အထိ ကောင်းမွန်တဲ့ ဆက်ဆံမှုမျိုး ရတာလား။

အပြာရောင်အဆင့် သံမဏိချပ်ဝတ် ဆိုတာက...။

"အင်း... အလုပ်ရုံကို သွားကြစို့။"

ရွှီရှင်းအတွက်တော့ ဒါဟာ ပြဿနာ မဟုတ်ပါပေ။

ယခုအခါ လီဝမ်ရှီးထံတွင် အပြာရောင်အဆင့် သံမဏိတုံးများ အလျှံပယ် ရှိနေချေပြီ။

သူတို့သည် စူးစမ်းရှာဖွေသူများ အဖွဲ့ဝင် အားလုံးကိုပင် အပြာရောင်အဆင့် သံမဏိချပ်ဝတ်များ တပ်ဆင်ပေးရန် စဉ်းစားနေကြသည် မဟုတ်ပါလား။

လုဖေးအာကို တစ်စုံ ပိုပေးလိုက်ခြင်းမှာ ဘာမှ မဟုတ်ပါပေ။

"ဪ... ကောင်းပါပြီ၊ တကယ့်ကို ဝမ်းသာစရာပဲ"

လုဖေးအာ၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားခဲ့ရသည်။

မမျှော်လင့်ဘဲ ရရှိလိုက်သော ဤဝမ်းမြောက်စရာ သတင်းကြောင့် သူမ အံ့အားသင့်နေမိ၏။

ဒီမှာ အဖမ်းခံနေရတာက ဟိုဘက်မှာ ကိုယ့်ဘာသာ စူးစမ်းနေရတာထက်တောင် ပိုပြီး နေလို့ကောင်းနေပါလား။

ရွှီရှင်းသည် လုဖေးအာအတွက် အပြာရောင်အဆင့် သံမဏိချပ်ဝတ် တစ်စုံကို ချက်ချင်း ဖန်တီးပေးကာ သူမထံသို့ ကမ်းပေးလိုက်၏။

သူမသည် ထိုချပ်ဝတ်ကို သူမ၏ သားရေချပ်ဝတ်အပေါ်မှ ထပ်၍ ချက်ချင်းပင် ဝတ်ဆင်လိုက်ရာ ကိုယ်လုံးကိုယ်ပေါက်မှာ ထင်းသွားတော့သည်။

သူမ၏ ညှပ်ရိုးနားက သွေးရောင်အစင်းကြောင်းများကိုလည်း မမြင်နိုင်တော့ပေ။

လီဝမ်ရှီးကဲ့သို့ပင် သူမသည် သံမဏိချပ်ဝတ်နှင့်ဆိုလျှင် သူရဲကောင်းဆန်သော အရှိန်အဝါများ ထွက်ပေါ်လာသလို၊ သူမ၏ ထူးခြားလှသော ဗီဇပြောင်း အနီရောင်မျက်ဝန်းများက သူမအား ပိုမို ခန့်ညားကာ ထူးခြားသော အလှတရားမျိုးကို ပေးစွမ်းနေတော့သည်။

"ဘာကြည့်နေတာလဲ။ ရှင့်မျက်လုံးတွေကို အခုပဲ ဖောက်ထုတ်ပစ်လိုက်ရမလား"

သူမ၏ မျက်နှာပေးမှာ ရုတ်တရက် အေးစိမ့်သွားကာ ရွှီရှင်းကို မျက်စောင်းထိုးရင်း ပြောလိုက်၏။

အင်း၊ တကယ့်ကို သရုပ်ဆောင်ကောင်းတာပဲ။

"ဝါး။ နင်က စစ်သူရဲမလေး တစ်ယောက်လိုပဲ"

လီဝမ်ရှီး မျက်လုံးများ ပြူးသွားခဲ့ရသည်။

"တကယ့်ကို ကြည့်ကောင်းတာပဲ။ ငါ ဝတ်တာထက်တောင် ပိုပြီး ကြည့်ကောင်းနေသေးတယ်"

"မဟုတ်တာ... မဟုတ်တာ..."

လုဖေးအာ ချက်ချင်းပင် ဟန်ဆောင်မှုများ ပျက်ပြယ်သွားကာ ရှက်ကိုးရှက်ကန်းနှင့် "ဇာတ်လမ်းထဲ စီးမျောသွားလို့ပါရှင်။ ဝမ်ရှီး ဝတ်တာက ပိုကြည့်ကောင်းပါတယ်၊ တကယ်ပါ" ဟု ဆိုရှာသည်။

ဒီတော့ ချပ်ဝတ်ကလည်း အဆင်ပြေ၊ အရှိန်အဝါကလည်း ဂွတ် ၊ သရုပ်ဆောင်တာကလည်း ကောင်းဆိုတော့ အားလုံး အိုကေနေလေပြီ။

...

"ဟင်း"

လီဝမ်ရှီးသည် ငွေရောင်ဘုရင်၏ ကျောပေါ်တွင် အတူတူ ထိုင်နေကြသော သူတို့နှစ်ဦးကို ကြည့်ကာ အနည်းငယ် စိတ်မချမ်းမမြေ့ ဖြစ်နေမိသည်။

လုဖေးအာသည် ရွှီရှင်း၏ အနောက်တွင် ထိုင်နေခြင်းဖြစ်ပြီး၊ သူမ၏ လက်များမှာ ရွှီရှင်း၏ ခါး သို့မဟုတ် သူဝတ်ထားသော မြွေကြေးခွံချပ်ဝတ်၏ ခါးနေရာကို ဆုပ်ကိုင်ထားခြင်း ဖြစ်သည်။

"စိတ်မပူပါနဲ့ ဝမ်ရှီးရယ်၊ ကျွန်မက ဒီလူကြီးကို ဘာမှ စိတ်မဝင်စားပါဘူး။"

သူမသည် လီဝမ်ရှီးဘက်သို့ လှည့်ကာ ပြုံးလျက် ဆိုလိုက်သည်။

"ပြီးတော့ သူ့ရဲ့ မာကျောလှတဲ့ မြွေကြေးခွံချပ်ဝတ်နဲ့ ကျွန်မရဲ့ သံမဏိချပ်ဝတ်ကြားမှာ တစ်ယောက်နဲ့တစ်ယောက် ထိတွေ့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူးလေ။ စိုးရိမ်စရာ မရှိပါဘူး"

"ဘာတွေ ပြောနေတာလဲ"

လီဝမ်ရှီး မျက်နှာလေး နီမြန်းသွားကာ အကြည့်လွှဲလိုက်၏။

"ငါ ဘာမှ စိုးရိမ်မနေပါဘူး"

"ငါတို့ သွားပြီနော်၊ မကြာခင် ပြန်လာခဲ့မယ်။"

ရွှီရှင်းက တောင်ဘက်ရှိ စိမ်းလန်းနေသော နယ်မြေကို ညွှန်ပြကာ ဆိုလိုက်သည်။

"အဲဒီက အစိမ်းရောင်တွေ ပျောက်သွားတာနဲ့ ငါတို့ ပြန်ရောက်လာလိမ့်မယ်"

အစိမ်းရောင်တွေ ပျောက်သွားသည်ဆိုသည်မှာ သစ်ပင်အိမ် ခြောက်သွေ့ကာ ပြိုလဲသွားခြင်းကို ဆိုလိုခြင်း ဖြစ်ပေသည်။

"ကောင်းပါပြီ၊ မြန်မြန်သွားပြီး အမြန်ပြန်လာခဲ့ကြနော်"

လီဝမ်ရှီးကို နှုတ်ဆက်ပြီးနောက် ရွှီရှင်းနှင့် လုဖေးအာတို့သည် တောင်ဘက်သို့ ဦးတည်ထွက်ခွာခဲ့ကြ၏။

မီမီသည် ငွေရောင်ဘုရင်၏ အနောက်မှ လိုက်ပါလာသလို၊ အာဖုမှာမူ မီမီ၏ ကျောပေါ်တွင် ဝပ်လျက် လိုက်ပါလာ၏။

"သတိထားရမှာက ငွေရောင်ဘုရင်၊ မီမီနဲ့ အာဖုတို့က နင့်ရဲ့ စာချုပ်သားရဲတွေလို့ပဲ သတ်မှတ်ရမယ်။ ပြီးတော့ နင့်ရဲ့ ကော်လာကိုလည်း သေသေချာချာ စိထားဦး၊ နင့်ရဲ့ သွေးရောင်အစင်းကြောင်းတွေကို သူ မြင်လို့ မဖြစ်ဘူး"

ရွှီရှင်းက သူ၏ ရင်ခွင်ထဲက ခဲခဲလေးကို ပုတ်ပေးရင်း၊ အနောက်က လုဖေးအာကို သတိပေးလိုက်သည်။

"စိတ်အေးအေးထားပါရှင်၊ ကျွန်မက ဒီကိစ္စမှာ ပရော်ဖက်ရှင်နယ်ပါ။ ရှင် စဉ်းစားမိတဲ့အရာမှန်သမျှကို ကျွန်မကော မစဉ်းစားမိဘဲ နေမလား"

လုဖေးအာ၏ လေသံမှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံရသည်။

"ဒါနဲ့... သူ မြင်သွားရင်ရော ဘာဖြစ်မှာလဲ။ ကျွန်မက ဗီဇပြောင်းလဲမှုကနေတစ်ဆင့် အင်အားတွေ ရလာတာပဲလေ။ ဒါက ပြဿနာ ရှိလို့လား"

" နင် အဲဒီလောက်အထိ ရန်လိုတဲ့ပုံစံမျိုး မပြတာ အကောင်းဆုံးပဲ။ သူက အလွန် သတိကြီးတဲ့သူ။ အန္တရာယ်ရှိတယ်လို့ အနည်းလောက် ခံစားရတာနဲ့ သူ ငါတို့ကို သူ့အိမ်ထဲ ပေးဝင်မှာ မဟုတ်သလို၊ တိုက်တောင် တိုက်ခိုက်လိမ့်မယ်"

မာဟုန်ဝေ၏ စရိုက်ကို သူ ပြီးခဲ့သည့်အကြိမ်ကတည်းက ကြုံတွေ့ခဲ့ရဖူးသည်။

သတိကြီးလွန်းလှသဖြင့် ကြောက်တတ်သူဟုပင် ခေါ်ဆိုနိုင်ပေသည်။

"စိတ်မပူပါနဲ့၊ ကျွန်မတို့ ၁၈၇ နယ်မြေမှာ အချင်းချင်း ပြဿနာဖြစ်နိုင်ခြေက တော်တော်လေး နည်းပါတယ်"

လုဖေးအာက ရွှီရှင်း၏ အနောက်မှနေ၍ ရှင်းပြလိုက်သည်။

"မနေ့က ကျန်းတောက်ကွမ်က ၁၈၇ နယ်မြေက လူတိုင်းဆီကို အကြောင်းကြားစာ ပို့ထားတယ်။ နယ်မြေအချင်းချင်း ပဋိပက္ခဖြစ်နေတဲ့ အခြေအနေတွေကို လူတိုင်းကို အသိပေးလိုက်ပြီး၊ နယ်မြေတစ်ခုတည်းကလူတွေ များများကျန်လေ ရှင်သန်နိုင်ခြေ ပိုများလေပဲလို့ ပြောထားတယ်။ သူက အဆင့် ၁၀ အတွင်းကလူတွေကို အချင်းချင်း ရန်မဖြစ်ဖို့ အထူးသတိပေးထားသလို၊ အချင်းချင်း တိုက်ခိုက်ရင် အပြစ်ပေးခံရလိမ့်မယ်လို့လည်း ပြောထားတယ်။ ဒါကြောင့် ကျွန်မနဲ့ မာဟုန်ဝေကြား တိုက်ရိုက် ပဋိပက္ခဖြစ်နိုင်ခြေက အတော်လေး နည်းပါတယ်"

အချင်းချင်း တိုက်ခိုက်ရင် အပြစ်ပေးခံရမယ် ဟုတ်လား။

ဒါဟာ မဖြစ်နိုင်ပါပေ။

ကျန်းတောက်ကွမ်က အချင်းချင်း ရန်မဖြစ်အောင် တစ်ခုခုကို လျှောက်ပြောထားခြင်းသာ ဖြစ်ရမည်။

ဘာပဲဖြစ်ဖြစ် နယ်မြေတစ်ခုတည်းက လူဖြစ်စေကာမူ၊ သူ၏ မြေပုံပေါ်တွင် ထိုရှင်ကျန်သူများမှာ ကြားနေ များသာဖြစ်ပြီး၊ ကမ္ဘာကြီးက အသိအမှတ်ပြုထားသော တကယ့် မဟာမိတ်များ မဟုတ်ကြချေ။

ရွှီရှင်း ခေါင်းကို အနည်းငယ် စောင်းကာ အနောက်က လုဖေးအာကို လှမ်းကြည့်လိုက်သည်။

"ဒါဆိုရင် တခြား ရှင်ကျန်သူတွေက ဒီသတင်းကို ကြားတော့ ဘယ်လို တုံ့ပြန်ကြလဲ"

"အင်း... လူတိုင်းကတော့ တော်တော်လေး စိတ်အားထက်သန်နေကြတာပေါ့။ ကျန်းတောက်ကွမ်က သူတို့ကို ပြောထားတာက နောက်ဆုံးမှာ နယ်မြေတစ်ခုကလူတွေပဲ ရှင်သန်နိုင်မှာတဲ့။ တခြားနယ်မြေက လူတွေက အကုန်လုံး ရန်သူတွေပဲပေါ့။ ကိုယ့်နယ်မြေပြင်ပက လူတစ်ယောက်ကို သနားညှာတာမိရင် အသေခံရမှာက ကိုယ်ပဲ ဖြစ်လိမ့်မယ်တဲ့လေ"

အခန်း ၃၂၅ ပြီး။

အခန်း (၃၂၆) - လုဖေးအာ၏ သရုပ်ဆောင်ချက်နှင့် အရူးလုပ်ခံရသော မားဟုန်ဝေ (၂)

"ဒါဆိုရင်တော့..." ရွှီရှင်း အတွေးထဲ နစ်မျောသွား၏။

သူ့သစ်ပင်အိမ်ရဲ့ တောင်ဘက်မှာရှိတဲ့ လူတစ်ယောက်ကို သူ ပြေးမြင်မိလိုက်သည် ထိုသူကား လဲ့ယိုဖန်း ပင်။

သူတို့ရဲ့ ပထမဆုံးအကြိမ် ဆက်သွယ်မှုက တော်တော်လေး အဆင်ပြေခဲ့သော်လည်း၊ အခုတော့ အခြေအနေတွေက သာယာမနေတော့ပေ။

ရွှီရှင်းက သူ့ဘက်ကို တစ်ခါမှ မသွားဖြစ်ခဲ့တာက တစ်ကြောင်း၊ သူ့ရဲ့ ခွန်အားက သာမန်ပဲလို့ သူယူဆခဲ့တာက တစ်ကြောင်းကြောင့် ဖြစ်သည်။

ဒါ့အပြင် နယ်မြေ ၁၈၇ က သာမန်ရှင်ကျန်သူတွေဟာ နယ်မြေချင်း ပဋိပက္ခဖြစ်နေတာကို မသိကြသေးသလို၊ သူကိုယ်တိုင်လည်း ရက်ပိုင်းအတွင်း အလုပ်ရှုပ်နေတာကြောင့် ဒီကိစ္စကို ခေတ္တဘေးဖယ်ထားခဲ့ခြင်း ဖြစ်၏။

အခုတော့ သူတို့နှစ်ယောက်ဟာ ရန်သူတွေဖြစ်သွားပြီဆိုတာ ထင်ရှားနေပြီဖြစ်ရာ၊ ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းဖို့ လိုအပ်နေချေပြီ။

"အခုဆို နယ်မြေ ၁၈၇ မှာ လူ ခုနစ်ရာကျော်ပဲ ကျန်တော့တယ်"

လုဖေးအာက သူမရဲ့ နာရီကို ပွတ်ဖွင့်ပြီး ရွှီရှင်း မြင်သာအောင် ရှေ့ကို ကမ်းပြလိုက်သည်။

"ကြည့်ဦး။ အဲဒါကြောင့်လည်း ကျန်းတောက်ကွမ်က တော်တော်လေး စိုးရိမ်နေပြီး၊ လူတိုင်းကို အချင်းချင်း ရန်မဖြစ်ဖို့နဲ့ တခြားနယ်မြေကလူတွေ့ရင် ချက်ချင်း သတ်ပစ်ဖို့ တိုက်တွန်းနေတာပေါ့"

ရွှီရှင်း လှမ်းကြည့်လိုက်ရာ၊ အမှန်ပင် ခုခံကာကွယ်ရေးတိုက်ပွဲအပြီးတွင် နယ်မြေ ၁၈၇ ၏ မူလလူဦးရေ ၈၀၀ ကျော်မှ ယခုအခါ ၇၄၆ ဦးသာ ကျန်ရှိတော့သည်ကို တွေ့ရ၏။

လူပေါင်း ဆယ်ဂဏန်းလောက် သေသွားတာလား။

ဒီလောက်တောင် များတာလား။

ဒီအရေအတွက်ထဲမှာ ရွှီရှင်းနဲ့ ကျိချောင်းယန်တို့လည်း ပါဝင်ပတ်သက်နေကြ၏။

သူက မာဟုန်ယွီကို သတ်ခဲ့သလို ကျိချောင်းယန်က အမျိုးသမီးတစ်ဦးကို ဖမ်းဆီးခဲ့ရာ နယ်မြေ ၁၈၈ အတွက် လူတစ်ယောက် တိုးလာစေခဲ့သည်။

ဒါတွေအပြင် သူ့နောက်မှာရှိနေတဲ့ လုဖေးအာကတော့ အခုဆိုရင် နယ်မြေ ၁၈၇ ရော ၁၈၈ ပါ နှစ်ခုလုံးနဲ့ ပတ်သက်နေသူ ဖြစ်သွားချေပြီ။

"နယ်မြေချန်နယ်ထဲမှာ လူဦးရေတွေ လျော့ကျနေတာကို မြင်တော့ တခြားရှင်ကျန်သူတွေလည်း တော်တော်လေး ထိတ်လန့်နေကြတာ။ ကျန်းတောက်ကွမ်ရဲ့ စကားတွေကြောင့် သူတို့ အကြောင်းရင်းကို သိသွားကြတာပေါ့"

လုဖေးအာက သူမရဲ့ ဘယ်ဘက်လက်ကို ပြန်ရုတ်လိုက်ပြီး နယ်မြေချန်နယ်ကို နှစ်ချက်ပုတ်ကာ ဖတ်ရင်း ပြောလိုက်သည်။

"အခုဆို နယ်မြေ ၁၈၇ က လူတွေဟာ အပေါ်ယံမှာတော့ တော်တော်လေး စည်းလုံးနေကြပြီး၊ ပြင်ပလူတွေကိုဆိုရင် တကယ့်ကို ရန်လိုမုန်းတီးနေကြတာပဲ"

ကြည့်ရတာ သူတို့ရဲ့ စိတ်ခံစားချက်တွေကို ကျန်းတောက်ကွမ်က ကောင်းကောင်း ဆွပေးလိုက်ပုံရပေသည်။

ရွှီရှင်းသည်လည်း လွန်ခဲ့သည့် ရက်ပိုင်းအတွင်း နယ်မြေ ၁၈၈ ၏ ချန်နယ်ကို ရံဖန်ရံခါ စစ်ဆေးခဲ့ဖူး၏။

သူတို့နယ်မြေမှာတော့ လူဦးရေ လျော့ကျသွားခြင်းမျိုး မရှိခဲ့ပါပေ။

အခုဆိုရင် လူတိုင်းနီးပါးဟာ စူးစမ်းရှာဖွေသူများ အဖွဲ့ဆီကနေ အဆင့်မြင့်လေးမြှားတွေကို ဝယ်ယူထားကြသလို၊ အပြင်မှာ အေးနေတာကြောင့် အပြင်ထွက်သူလည်း နည်းပါးလှသည်။

အအေးမိလို့ နေမကောင်းဖြစ်လျှင်တောင် ချီရွှယ်ဖေး ရှိနေတာကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လူဦးရေ လုံးဝ မလျော့သွားခဲ့ခြင်း ဖြစ်၏။

အမှန်တော့ လူဦးရေ အနည်းငယ်တောင် တိုးလာခဲ့သေးသည်။

အကြောင်းမှာ သူ့ဘက်မှာရော၊ ချင်ယွင်လုံ ညီအစ်ကိုတွေနဲ့ ဝမ်ကွေ့ရှင်းတို့ဘက်မှာပါ ပြင်ပနယ်မြေက လူတွေကို ဖမ်းဆီးနိုင်ခဲ့ကြခြင်းကြောင့် ဖြစ်ပေသည်။

ဒါ့အပြင် သစ်ပင်အိမ်ထဲမှာ စိုက်ထားတဲ့ သစ်သီးဝလံတွေကလည်း အများစု ရင့်မှည့်နေပြီဖြစ်ရာ လူတိုင်းမှာ စားနပ်ရိက္ခာ ဖူလုံနေကြပြီ ဖြစ်သည်။

နယ်မြေချန်နယ်ထဲက အခြေအနေမှာ အလွန်ပင် ကောင်းမွန်နေပြီး၊ လူတိုင်းက အနာဂတ်အတွက် အကောင်းမြင်နေကြတော့သည်။

"ဒါနဲ့... နယ်မြေ ၁၈၇ က ထိပ်သီး ၁၀ ယောက်ကို စုံစမ်းခိုင်းထားတာ၊ ဘာများ ထူးသေးလဲ"

ရွှီရှင်း ခေါင်းကို အနည်းငယ် စောင်းကာ မေးလိုက်၏။

"အဲဒါကတော့..."

လုဖေးအာ ခေါင်းလေးကို ပုလိုက်ရှာသည်။

သူမအနေနဲ့ ပေါ့လျော့နေခဲ့မိတာကို ဝန်မခံဝံ့သဖြင့် "ကျွန်မ ဘယ်လိုစုံစမ်းရမှန်း မသိတာနဲ့ပဲ၊ နယ်မြေချန်နယ်ထဲမှာ မိုးရာသီတုန်းက အလင်းစက်တွေ မြင်ခဲ့ရတဲ့သူ ရှိလားလို့ပဲ လူသိရှင်ကြား မေးကြည့်လိုက်တာ။ အဖြေပေးတဲ့သူတွေတော့ ရှိပါတယ်၊ ဒါပေမဲ့ သူတို့က အဆင့်မြင့်တဲ့သူတွေ မဟုတ်ကြဘူး..." ဟု ဆင်ခြေပေးလိုက်တော့သည်။

"အဲဒီထဲမှာ အဆင့်အမြင့်ဆုံးက ဘယ်သူလဲ"

"အဆင့်အမြင့်ဆုံးကတော့ လဲ့ယိုဖန်း တဲ့။ သူက အရင်လုပ်ဆောင်ချက်တွေတုန်းက အဆင့် ၂၀၀ ကျော်မှာ ရှိခဲ့တာ"

လဲ့ယိုဖန်းလား။ သူ့အဆင့်က တော်တော်မြင့်တာပဲ။

ဒါပေမဲ့လည်း အကယ်၍ သူ့အဆင့်သာ မမြင့်ခဲ့ရင် အခုကျန်နေတဲ့ လူ ၈၀၀ ကျော်ထဲမှာ ပါဝင်နေမှာ မဟုတ်ပေ။

"နင် အဲဒီထိပ်သီး ၁၀ ယောက်ကို တစ်ယောက်ချင်းစီ လိုက်မမေးကြည့်ဘူးလား"

"... မမေးဖြစ်ဘူး။ ကျွန်မ သူတို့နဲ့ သိပ်ပြီး မဆက်ဆံချင်လို့"

"နယ်မြေချန်နယ်ကို လူတိုင်းက အမြဲစောင့်ကြည့်နေမှာ မဟုတ်ဘူးလေ။ နင့်ရဲ့မေးခွန်းကို မြင်ရင်တောင် သူတို့က ပြန်ဖြေချင်မှ ဖြေမှာပေါ့။ ဒီနေ့တော့ တစ်ယောက်ချင်းစီကို လိုက်မေးကြည့်လိုက်ဦး၊ အနီးအနားမှာ ရှိနေတဲ့ အဖော်တွေကို ရှာနေတာပါလို့ ပြောလိုက်ပေါ့"

"ကောင်းပါပြီလေ..."

လုဖေးအာက ဝန်လေးစွာနှင့် သဘောတူလိုက်ရ၏။

"အီးးး"

ရွှီရှင်းရဲ့ ရင်ခွင်ထဲက ခဲခဲလေးက ရုတ်တရက် အသံပြုလိုက်ရာ၊ မာဟုန်ဝေရဲ့ သစ်ပင်အိမ်နဲ့ တော်တော်လေး နီးကပ်နေပြီဖြစ်ကြောင်း သတိပေးလိုက်ခြင်း ဖြစ်ပေသည်။

သူတို့နှစ်ဦးဟာ ထိုသုံးထပ် အပြာရောင်အဆင့် သစ်ပင်အိမ်နဲ့ မီတာ ရာဂဏန်းလောက်သာ ဝေးတော့သည်။

"တိုက်ရိုက်ပဲ သွားကြစို့၊ ငွေရောင်ဘုရင်"

"ဝူးးး"

ငွေရောင်ဘုရင်ဟာ အရင်တစ်ခါက ရွှီရှင်း အနားမကပ်ခိုင်းခဲ့တာကြောင့် ခေတ္တ ရပ်တန့်ချင်နေသော်လည်း၊ အခု ရွှီရှင်းက ခွင့်ပြုလိုက်ပြီဖြစ်ရာ အရှိန်ပြန်မြှင့်ပြီး ရှေ့ကို တစ်ဟုန်ထိုး ပြေးထွက်သွားတော့သည်။

စက္ကန့်အနည်းငယ်အတွင်းမှာပင် သူတို့ဟာ ခြောက်ကပ်နေတဲ့ တောအုပ်ထဲကနေ ထွက်လာခဲ့ကြပြီး၊ မီတာတစ်ရာလောက် အကွာမှာတော့ မာဟုန်ဝေရဲ့ သစ်ပင်အိမ်ကြီး ရှိနေပေသည်။

မီမီဟာ ငွေရောင်ဘုရင်ရဲ့ နောက်ကနေ ကပ်လိုက်လာခဲ့သော်လည်း အခုတော့ တော်တော်လေး ပင်ပန်းနေပုံရပြီး ရပ်လိုက်တာနဲ့ မြေပြင်ပေါ်မှာ ဗိုက်မှောက်လဲလျက် အသက်ကို ပြင်းပြင်းရှူနေရတော့သည်။

အာဖုကတော့ မီမီရဲ့ ကိုယ်ပေါ်ကနေ အတောင်ပံခတ်ပြီး ပျံတက်သွားခဲ့၏။

ဒီအကွာအဝေးဟာ ငွေရောင်ဘုရင်အတွက် သိပ်မဝေးလှသော်လည်း ကီလိုမီတာ ဆယ်ဂဏန်းလောက် ရှိတာကြောင့်၊ မီမီလို သတ္တဝါမျိုးအတွက် တစ်ဆက်တည်း ပြေးလာဖို့ကတော့ တော်တော်လေး ပင်ပန်းလှပေသည်။

"မင်းအတွက်တော့ ဒါက ဝေးလွန်းနေပုံရတယ်။ မနေ့က ငါတို့တွေ ဒီထက်ဝေးတဲ့နေရာကို သွားခဲ့ကြတာလေ။ အဲဒါကြောင့် မနေ့က ငါ မင်းကို မခေါ်ခဲ့တာပေါ့"

ရွှီရှင်း ဝံပုလွေပေါ်က ဆင်းလိုက်ပြီး လဲနေတဲ့ မီမီကို တစ်ချက် ကြည့်လိုက်၏။

မီမီကတော့ အားမရှိသလို တစ်ချက် အော်ဟစ်လိုက်ပြီး ငြိမ်နေဆဲပင်။

"သူ့ရဲ့ လေးမြှားစနစ်တွေက တကယ်ကို များတာပဲ။"

လုဖေးအာဟာ ရှေ့က သစ်ပင်အိမ်ကို စူးစမ်းကြည့်ရင်း သူမရဲ့ မျက်နှာကြွက်သားတွေကို အသာအယာ ညှိလိုက်ရာ၊ ချက်ချင်းဆိုသလိုပဲ အေးစိမ့်ပြီး တောက်ပတဲ့ အရှိန်အဝါရှိတဲ့ အစ်မကြီး တစ်ယောက်အဖြစ် ပြောင်းလဲသွားတော့သည်။

"အီး..."

ခဲခဲလေးကတော့ သူမရဲ့ ရုတ်တရက် အပြောင်းအလဲကြောင့် နားမလည်နိုင်သလို ငေးကြည့်နေရှာ၏။

သစ်ပင်အိမ်တစ်ခုလုံးမှာ လေးမြားစနစ်တွေ အစီအရီ တပ်ဆင်ထားတာကြောင့် ကြည့်ရတာ တကယ့်ကို ကျောစိမ့်စရာကောင်းလှသည်။

ဒီတစ်ခါမှာတော့ ပြီးခဲ့တဲ့အကြိမ်ထက်တောင် မြားစက်ကြီးများမှာ ဆယ်ဂဏန်းလောက် ပိုများနေပြီး၊ သစ်ပင်အိမ်ကြီးဟာ လုံးဝကို ခံစစ်ခံတပ်ကြီးတစ်ခုလို ဖြစ်နေပေပြီ။

အလွန် အန္တရာယ်များလှပေသည်။

ဒီအကွာအဝေးကတော့ အဆင်ပြေပါသေး၏။

ဒါပေမဲ့ ပိုပြီး နီးကပ်သွားလို့ မာဟုန်ဝေက ရုတ်တရက် တိုက်ခိုက်လာမယ်ဆိုရင် သူတို့တွေ ထွက်ပြေးနိုင်ရင်တောင်မှ တစ်ခုခုတော့ ဆုံးရှုံးသွားနိုင်သည် မဟုတ်ပါလား။

ဒီအကွာအဝေးမှာတော့ သူ့ရဲ့ ဒီနေ့ အကြားအာရုံမြှင့်တင်မှု အရ သစ်ပင်အိမ်ထဲက စားနေတဲ့ အသံတွေကိုတောင် သူ ကြားနေရပြီ ဖြစ်သည်။

မာဟုန်ဝေတစ်ယောက် အထဲမှာ ဘာတွေ လုပ်နေသလဲဆိုတာတော့ မသိနိုင်ပါချေ။

အခန်း ၃၂၆ ပြီး။

အခန်း (၃၂၇) - လုဖေးအာ၏ သရုပ်ဆောင်ချက်နှင့် အရူးလုပ်ခံရသော မားဟုန်ဝေ (၃)

ရွှီရှင်း အသက်ဝဝရှူလိုက်ပြီးနောက် သစ်ပင်အိမ်ရှိရာသို့ လှမ်းအော်လိုက်သည်။

"မာအစ်ကိုကြီး... ကျွန်တော်တို့ ရောက်ပြီဗျို့"

လုဖေးအာက ရှေ့ဆုံးမှ ဦးဆောင်လျှောက်လှမ်းသွားပြီး သူနှင့် ငွေရောင်ဘုရင်က သူမ၏အနောက်မှ လိုက်ပါသွားကြသည်။

မီမီသည်လည်း အားအင်ချည့်နဲ့စွာဖြင့် ထရပ်ကာ သူတို့နောက်မှ လိုက်လာခဲ့၏။

ရွှီရှင်း၏ အော်သံကို ကြားလိုက်ရသောအခါ မာဟုန်ဝေသည် သစ်ပင်အိမ် ပြတင်းပေါက်မှ ခေါင်းပြူထွက်ကြည့်လာ၏။

"ဟ မင်းနောက်က နှစ်ကောင်က ဗီဇပြောင်းသတ္တဝါတွေလား"

မာဟုန်ဝေသည် သူတို့နှစ်ဦး၏အနောက်က မီမီနှင့် ငွေရောင်ဘုရင်ကို ချက်ချင်း သတိပြုမိသွားပြီး အံ့သြတကြီး အော်ဟစ်လိုက်မိသည်။

"ဒါတွေက... လုဖေးအာရဲ့ အိမ်မွေးတိရစ္ဆာန်တွေလား"

သူ၏အမြင်တွင်တော့ အဆင့် ၁၀၀ ပြင်ပက ကူဟုန်ဟောင်လိုလူမျိုးက ဤကဲ့သို့ အစွမ်းထက်လှသော ဗီဇပြောင်းသတ္တဝါများကို ပိုင်ဆိုင်နိုင်စရာ အကြောင်းမရှိပါပေ။

"ဒါတွေက ငါ့အပိုင်တွေပဲ။"

လုဖေးအာ၏ လေသံမှာ အစောပိုင်းကထက် များစွာ အေးစိမ့်နေပေသည်။

"နင် ငါ့ကို အထင်သေးပြီး၊ နင့်မြောက်ဘက်က မိန်းမကို ငါ မကိုင်တွယ်နိုင်ဘူးလို့ ပြောခဲ့တယ်ဆို အခုရော အဲဒီအတိုင်း ထင်နေတုန်းပဲလား"

"ဘုရား... ဘုရား"

မားဟုန်ဝေသည် ဤမျှလောက်ကြီးမားလှသော ဗီဇပြောင်းသတ္တဝါမျိုးကို တစ်ခါမှ မမြင်ဖူးပါပေ။

၎င်းတို့၏ ကြောက်မက်ဖွယ်ကောင်းသော ဝံပုလွေသွားများနှင့် စူးရှလှသော ကျားသစ်လက်သည်းများမှာ တကယ့်ကို ရင်သပ်ရှုမောဖွယ်ရာပင်။

"လုဖေးအာ... မဟုတ်ဘူး၊ ဖေးအာ အစ်မကြီးရာ... နင်က တကယ့်ကို အစွမ်းထက်တာပဲ"

သူသည် ချက်ချင်းပင် သူမအား 'ဖေးအာအစ်မကြီး' ဟု ပြောင်းလဲခေါ်ဆိုလိုက်တော့သည်။

"ကျွန်တော် ပြောသားပဲ၊ ဖေးအာအစ်မကြီးက တကယ်ကို သန်မာပါတယ်လို့။ ခင်ဗျား ဘာမှ စိုးရိမ်စရာ မလိုပါဘူး"

ရွှီရှင်းက ရယ်မောလျက် ဝင်ပြောလိုက်၏။

"နင့်ကို စကားပြောခိုင်းလို့လား"

လုဖေးအာက သူ့ကို ရုတ်တရက် အေးစက်စက် လှမ်းကြည့်လိုက်သည်။

ဘာလားဟ...

ရွှီရှင်း မျက်ခုံးအနည်းငယ် လှုပ်ခတ်သွားရ၏။

ဒီမိန်းမ... သူမ တမင် သက်သက် ကလဲ့စားချေနေတာလား။

"တခြားသူတွေနဲ့ စကားပြောနေဖို့ မလိုဘူး၊ ငါ့နောက်ကနေ လိမ္မာပါးနပ်စွာပဲ လိုက်ခဲ့"

လုဖေးအာသည် ဇာတ်လမ်းထဲသို့ အပြည့်အဝ စီးမျောသွားကာ၊ အမိန့်ပေးသည့် လေသံဖြင့် သူ၏ ရင်ဘတ်ချပ်ဝတ်ကို လက်ဖြင့် အသာအယာ ပုတ်လိုက်၏။

သူမက သူ ချမှတ်ပေးထားတဲ့ ဇာတ်ကောင်အတိုင်း တကယ့်ကို ပီပီပြင်ပြင် သရုပ်ဆောင်နေပါလား။

ရွှီရှင်းသည် မနေ့ညက မာဟုန်ဝေနှင့် ပြောဆိုခဲ့သမျှ အသေးစိတ်အချက်အလက်များကို လုဖေးအာအား ပြောပြထားခဲ့ခြင်း ဖြစ်သည်။

၎င်းမှာ သူမ ပိုမို ပီပြင်စွာ သရုပ်ဆောင်နိုင်ရန်အတွက် ဖြစ်ပေသည်။

သူ မေ့တော့မလို့ပင်။

မာဟုန်ဝေက တကယ့် ကူဟုန်ဟောင်ကို ဆက်သွယ်မိမှာ စိုးသဖြင့်၊ သူသည် လုဖေးအာအား အလွန်အမင်း ချုပ်ချယ်တတ်သော မိန်းမတစ်ဦးအဖြစ် ပုံဖော်ခဲ့ဖူးရာ၊ သူမက ယခု ထိုအတိုင်း ကွက်တိ သရုပ်ဆောင်နေခြင်း ဖြစ်၏။

သေချာပေါက် သူမ၏ လုပ်ရပ်ထဲတွင် ကိုယ်ပိုင်ကလဲ့စားချေလိုမှု အချို့လည်း ပါဝင်နေပေလိမ့်မည်။

ဒါ့အပြင် လုဖေးအာအနေဖြင့် ကလဲ့စားချေချင်ရုံသာမကဘဲ ရွှီရှင်းကို စကားမပြောစေချင်ခြင်းလည်း ဖြစ်ပေသည်။

သူမ၏ အမြင်တွင်တော့ သူ၏ သရုပ်ဆောင်ချက်မှာ ညံ့ဖျင်းလှသဖြင့်အနှောင့်အယှက်မပါဘဲ ဦးဆောင်သွားခြင်းကသာ ပို၍ အဆင်ပြေမည်ဟု ယူဆထားပုံရသည်။

"အီး"

ခဲခဲလေးမှာတော့ လုဖေးအာ၏ မျက်နှာကို လက်သည်းနှင့် ကုတ်ပစ်ချင်သည့်အလား ရုတ်တရက် ခုန်ထွက်တော့မလို ဖြစ်သွားရှာသည်။

ငွေရောင်ဘုရင်နှင့် မီမီတို့ကလည်း လုဖေးအာကို ကြည့်သည့် အကြည့်များမှာ ထူးဆန်းလာခဲ့ရာ ရွှီရှင်းသာ အမိန့်ပေးလိုက်လျှင် လုဖေးအာကို ဝိုင်းအုပ်ပစ်တော့မည့် ပုံစံမျိုးပင်။

ရွှီရှင်းသည် သူ၏ကျောနောက်မှနေ၍ သားရဲနှစ်ကောင်ကို စိတ်အေးအေးထားရန် လက်ဟန်ခြေဟန် ပြလိုက်ပြီး၊ ခဲခဲလေး၏ ခေါင်းလုံးလုံးလေးကို ပုတ်ပေးကာ ဘာမှ ထပ်မပြောတော့ပေ။

သူမ၏ သရုပ်ဆောင်ချက်ကိုသာ ထိုင်ကြည့်နေလိုက်တော့မည်။

"ဟား... တကယ့်ကို သနားစရာပဲ..."

မားဟုန်ဝေ၏ တိုးတိုးလေး ရေရွတ်သံမှာ ရွှီရှင်း၏ စူးရှလှသော အကြားအာရုံထဲသို့ ရောက်ရှိလာ၏။

"ဒါပေမဲ့ ဒီလောက်လှတဲ့ အလှလေးလည်း ဖြစ်၊ အစွမ်းလည်း ထက်ဆိုတော့... နစ်နာတယ်လို့တော့ မပြောနိုင်ဘူးပေါ့။ ဒီကောင် ကူ လေးကတော့ တကယ့်ကို ကံထူးတာပဲ... တောက် ဒီခပ်ချောချောကောင်လေးတွေကတော့..."

ရွှီရှင်း : "..."

"ဒါနဲ့... နင်က ငါတို့ကို အပေါ်တက်ဖို့ ဖိတ်ခေါ်မှာ မဟုတ်ဘူးလား"

လုဖေးအာ မျက်မှောင်ကြုတ်လျက် သစ်ပင်အိမ် ပြတင်းပေါက်ရှိရာသို့ လှည့်ကြည့်ကာ မေးလိုက်၏။

"ငါက နင့်ကို ဒီလိုမျိုး မော့ကြည့်နေရမှာလား"

"ဟို..."

မားဟုန်ဝေက အူကြောင်ကြောင်နှင့် "အဲဒါကလေ... နင့်ရဲ့နာရီက အခု ဆက်သွယ်လို့ ရနေပြီ မဟုတ်လား။ ငါ့ဆီကို သီးသန့် မက်ဆေ့ခ်ျလေး တစ်ခုလောက် ပို့ပေးလို့ ရမလား။ နင့်ရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကိုတော့ ငါ အသေအချာ အတည်ပြုဖို့ လိုသေးတယ်လေ"

သူ့စိတ်ထဲမှာ လုဖေးအာ မည်သူမည်ဝါဖြစ်ကြောင်းကို အပြည့်အဝ လက်ခံထားပြီးဖြစ်သော်လည်း၊ သူ၏ သတိကြီးလှသော စရိုက်ကြောင့် ထိုသို့ ထပ်မံ တောင်းဆိုလိုက်ခြင်းပင်။

ဒါဟာ သူ၏နယ်မြေဖြစ်သဖြင့် လုဖေးအာ၏ အရှိန်အဝါကြောင့် သူကတော့ အကြောက်အလန့် မရှိပါပေ။

သို့သော် သေချာအောင် လုပ်ဆောင်ဖို့ကတော့ လိုအပ်သည် မဟုတ်ပါလား။

"... ကောင်းပြီလေ။"

လုဖေးအာ စကားအများကြီး မပြောဘဲ သူမ၏နာရီကို ပွတ်လိုက်ကာ မာဟုန်ဝေထံသို့ သင်္ကေတတစ်ခု ပို့လိုက်တော့သည်။

"ဟာ... ဖေးအာအစ်မကြီး၊ ကြိုဆိုပါတယ်ဗျာ... ကြိုဆိုပါတယ်"

မာဟုန်ဝေ မက်ဆေ့ခ်ျကို လက်ခံရရှိသည်နှင့် ချက်ချင်းပင် စိတ်အေးသွားခဲ့၏။

ထို့နောက် သူသည် သစ်ပင်အိမ်ပေါ်မှ ဆင်းလာခဲ့ပြီး၊ ပြုံးရွှင်နေသော မျက်နှာဖြင့် သူတို့နှစ်ဦးထံ လျှောက်လာကာ လုဖေးအာအား လက်ဆွဲနှုတ်ဆက်ရန် လက်လှမ်းလိုက်တော့သည်။

ကျန်းတောက်ကွမ်ဆီက သတင်းတွေ ရထားပြီးဖြစ်သဖြင့်၊ သူသည် နယ်မြေတစ်ခုတည်းကလူတွေက သူ့ကို အန္တရာယ်ပြုမည်မဟုတ်ဟု ယူဆထားခြင်း ဖြစ်ပေသည်။

အချင်းချင်း သတ်ဖြတ်ပါက အပြစ်ပေးခံရမည် မဟုတ်ပါလား။

ဒါ့အပြင် တစ်နယ်မြေတည်းက ထိပ်သီး ၁၀ ယောက်ဆိုသည်မှာ အကျိုးစီးပွားတူညီသူများဖြစ်ရာ၊ အချင်းချင်း ပြိုင်ဆိုင်နေဖို့က အဓိပ္ပာယ် မရှိလှပေ။

ထို့ကြောင့်ပင် သူသည် တိုက်ရိုက် ဆင်းလာခဲ့ခြင်းဖြစ်သော်လည်း သူ၏သတိကြီးလှသော စရိုက်ကြောင့် သူ၏ခါးတွင် သစ်ပင်အိမ်မြစ်များကို ပတ်ထားဆဲဖြစ်ကာ၊ အန္တရာယ်ရှိပါက သစ်ပင်အိမ်ပေါ်သို့ ချက်ချင်း ပြန်လည် ဆွဲတင်ခံရရန် ပြင်ဆင်ထားဆဲ ဖြစ်၏။

ဘာပဲဖြစ်ဖြစ် သူတို့အနောက်က သားရဲနှစ်ကောင်ကတော့ ကြည့်ရတာ တကယ့်ကို အန္တရာယ်ရှိလှသည် မဟုတ်ပါလား။

လခွမ်းပဲ... အဲဒီမှာ လင်းနို့ကြီးတစ်ကောင်လည်း ပါသေးတယ်ဟ။

မိမိ၏ရှေ့တည့်တည့်သို့ ရောက်ရှိလာသော မာဟုန်ဝေကို ကြည့်ရင်း၊ ရွှီရှင်း၏ မျက်ဝန်းများမှာ မသိမသာ မှေးသွားတော့၏။

အခန်း ၃၂၇ ပြီး။

All Chapters