← Chapters

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အခန်း (၁၉၃-၁၉၄)

Vol. 20 Ch. 193-194

အခန်း။ ၁၉၃

ဝုန်း

ထိုအခိုက်အတန့်တွင် မုန့်ယွန့်ထျန်းသည် သူ၏ဒေါသမာန်ကို အစွမ်းကုန်ဖွင့်ချလိုက်ပြီး မဟာလက်ဖဝါးကြီးဖြင့် ဖိနှိပ်လိုက်သည်။

တောက်ပလှသော နတ်ဘုရားအလင်းတန်းများစွာသည် သူ၏လက်ဝါးအတွင်း စုစည်းသွားပြီး ကမောက်ကမဖြစ်တည်မှု လက်ဝါးတံဆိပ်အဖြစ် ပြောင်းလဲသွားကာ ကောင်းကင်၊ မြေပြင်နှင့် ခပ်သိမ်းသော အရာဝတ္ထုတို့ကို အစိတ်စိတ်အမွှာမွှာ ချေဖျက်ပစ်တော့မည့်အလားပင်။

မြေကမ္ဘာမှာ တုန်ခါသွားပြီး ဟင်းလင်းပြင်ကြီးမှာ ပြိုကွဲပျက်စီးကုန်သည်။ ထိုလက်ဝါးကြီး ဖြတ်သန်းသွားရာ နေရာတိုင်းရှိ အရာရာမှာ အမှုန့်အဖြစ်သို့ ပြောင်းလဲကုန်၏။ ထိုလက်ဝါးကြီးအောက်တွင် အရာခပ်သိမ်းမှာ ပုရွက်ဆိတ်ငယ်များမျှသာ ဖြစ်တော့သည်။

“ဒါက နိဗ္ဗာန်နနယ်ပယ်ရဲ့ စွမ်းအားလား”

“တကယ့်ကို ကြောက်စရာကောင်းလိုက်တာ လက်ဝါးတစ်ချက်တည်းနဲ့တင် တောင်တန်းတစ်ခုလုံးကို အမြစ်ပြတ်သွားစေနိုင်တယ်”

အရပ်မျက်နှာအသီးသီးမှ လာရောက်ကြည့်ရှုကြသော ကျင့်ကြံသူအပေါင်းမှာ ထိုမြင်ကွင်းကြောင့် အသက်ရှူမှားမတတ် ဖြစ်သွားကြရပြီး သူတို့၏မျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်မှုများ အထင်အသား ပေါ်ပေါက်လာခဲ့သည်။

“လာစမ်း"

ချင်ထျန်းကျုန်း၏ မျက်ဝန်းအစုံမှာ ကမောက်ကမဖြစ်တည်မှု မြူခိုးများဖြင့် ဆူပွက်လာပြီး သူ၏လက်ထဲမှ ရှေးဟောင်းလှံရှည်ကြီးမှာလည်း စူးရှသော မြည်ဟီးသံများကို အဆက်မပြတ် ထုတ်ဖော်နေသည်။

ဝုန်း…

သူသည် သူ၏လှံရှည်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ကြီးမားလှသော လျှပ်စီးတန်းကြီးတစ်ခု ချင်ထျန်းကျုန်း၏ လက်အတွင်းမှ ပေါက်ကွဲထွက်လာပြီး ထိုဧရာမလက်ဝါးကြီးကို အပိုင်းပိုင်းအစစ ရိုက်ခွဲပစ်လိုက်တော့သည်။

“ဒီနေ့မှာ ရှောင်ပင်းကို ထုတ်မပေးဘူးဆိုရင် ငါကိုယ်တိုင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေထဲကို ဝင်တိုက်ပြီး သူ့ကို ဖမ်းဆီးမယ်”

မုန့်ယွန့်ထျန်း၏ မျက်နှာမှာ အေးစက်ကာ ကြောက်မက်ဖွယ်ကောင်းနေ၏။

မုန့်ဟဲတုန်းသည် မုန့်မိသားစုအတွက် ထာဝရအသက်ရှည်ခြင်း မဟာတာအိုကို သက်သေပြပေးမည့် တစ်ဦးတည်းသော မျှော်လင့်ချက်ဖြစ်ခဲ့သည်။ ယခုအခါ ထိုမျှော်လင့်ချက်မှာ ရိုက်ချိုးခံလိုက်ရပြီဖြစ်ရာ မုန့်ယွန့်ထျန်း၏ စိတ်အာရုံအတွင်း၌ နာကျည်းမှုဒေါသများသာ ပေါက်ကွဲနေပြီး မည်သည့်အရာကိုမျှ ထည့်တွက်စဉ်းစားနေခြင်း မရှိတော့ပေ။

သူ၏စိတ်ထဲတွင် တစ်ခုတည်းသော အတွေးမှာ ကောင်းကင်လှိုင်းကို မြေလှန်ရန်၊ ရှောင်ပင်းကို နှိမ်နင်းရန်နှင့် မုန့်ဟဲတုန်းအတွက် ကလဲ့စားချေရန်သာ ဖြစ်တော့သည်။

ချင်ထျန်းကျုန်းသည် ဘာမျှပြန်မပြောဘဲ ဖြည်းညှင်းစွာ ကောင်းကင်ယံသို့ ပျံတက်လိုက်သည်။

သူ၏မျက်ဝန်းအစုံမှာ ရွှေရောင်နေမင်းနှစ်စင်းအဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတို့ ဖြာထွက်နေ၏။

“လာခဲ့... ငါတို့ ပြင်ပကောင်းကင်ယံမှာ တိုက်ကြတာပေါ့"

ချင်ထျန်းကျုန်းက အေးစက်စွာ ပြောလိုက်သည်။

ဝုန်း…

သူ ခြေတစ်လှမ်းနင်းလိုက်သည်နှင့် ကြယ်တာရာများ ရွေ့လျားသွားပြီး နေနှင့်လမှာလည်း လည်ပတ်သွားကာ ကောင်းကင်နှင့်မြေပြင်မှာ ပြောင်းပြန်လှန်သွားသကဲ့သို့ပင်။ အသက်တစ်ရှူစာအတွင်းမှာပင် ချင်ထျန်းကျုန်းမှာ ကိုးခုမြောက်ကောင်းကင်ယံအထက်သို့ ပျောက်ကွယ်သွားခဲ့သည်။

မုန့်ယွန့်ထျန်းမှာ မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး မုန့်မိသားစုတပည့်များကို ဝေ့ကြည့်လိုက်သည်။

“ကောင်းကင်လှိုင်းကို မြေလှန်ပစ်ကြ"

စကားလေးလုံးတည်းကိုသာ ဆိုလိုက်ပြီးနောက် သူသည်လည်း အလင်းတန်းတစ်ခုအဖြစ် ဟင်းလင်းပြင်အတွင်းသို့ ပျောက်ကွယ်သွားခဲ့သည်။

“သတ်ကြ ကောင်းကင်လှိုင်းကို မြေလှန်ပစ်ကြ”

မုန့်မိသားစု စစ်တပ်ကြီး၏ ဒေါသတကြီး အော်ဟစ်သံများနှင့်အတူ အနက်ရောင်တိမ်တိုက်ကြီးအလား သိပ်သည်းလှသော မုန့်မိသားစု မဟာမိတ်စစ်တပ်ကြီးက ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေဆီသို့ ရူးသွပ်စွာ စတင်ထိုးစစ်ဆင်လာကြတော့သည်။

“ကောင်းကင်လှိုင်းအတွက် တိုက်ပွဲဝင်ကြ”

မုယွဲ့မေနှင့် ထိုပါးကျန်းယီတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် တပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြသည်။

ဝုန်း…

သူတို့သည် ရှေ့ဆုံးမှနေ၍ စတင်လှုပ်ရှားလိုက်ကြသည်။

“ကောင်းကင်လှိုင်းအတွက် တိုက်ပွဲဝင်ကြ”

သူတို့၏အနောက်တွင်လည်း မရေမတွက်နိုင်သော ကောင်းကင်လှိုင်းတပည့်များက တုံ့ပြန်လိုက်ကြ၏။

ဆန့်ကျင်ဘက် အင်အားစုနှစ်ခုမှာ ချန်ထန်မြစ်၏ ဒီရေလှိုင်းကြီးနှစ်ခုကဲ့သို့ပင် တစ်ဖက်နှင့်

တစ်ဖက် ပြင်းထန်စွာ တိုးဝှေ့၍ ရိုက်ခတ်မိသွားကြတော့သည်။

မဟာတိုက်ပွဲကြီးမှာ ချက်ချင်းဆိုသလို စတင်ခဲ့သည်။

ထိုပါးကျန်းယီ၏အနောက်၌ ဂူကောင်းကင်ဆယ်ခုမှာ ပေါ်ထွက်လာပြီး ကမ္ဘာပျက်တော့မည့်အလား စွမ်းအားများဖြင့် ကောင်းကင်ယံကို ထိုးဖောက်တော့မည့် လက်သီးချက်များကို ပစ်လွှတ်လိုက်သည်။

မုယွဲ့မေမှာမူ တည်ငြိမ်အေးဆေးစွာဖြင့် သူမ၏ယပ်တောင်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ကြီးမားလှသော ဝိညာဉ်စွမ်းအင်များမှာ မုန့်မိသားစုတပည့်များစွာ၏ နတ်ဘုရားအာရုံများကို ခဏချင်းမှာပင် ရိုက်ခွဲ၍ ဖျက်ဆီးပစ်လိုက်သည်။

သဋတို့အပြင် ဘိုးဘေးကြီးနှစ်ဦးနှင့် ချင်ထျန်းကျုန်း၏အနားတွင် အမြဲရှိနေတတ်သော ဝတ်စုံနက်နှင့် အဖိုးအိုတို့သည်လည်း နိဗ္ဗာန်နအရှိန်အဝါများကို ထုတ်ဖော်ကာ မဟာနတ်ဘုရားအတတ်ပညာများကို အစွမ်းကုန် ပြသနေကြသည်။

ထို မဟာနိဗ္ဗာန်နပုဂ္ဂိုလ်ငါးဦး ပေါ်ထွက်လာမှုက တိုက်ပွဲတစ်ခုလုံးကို အောက်ခြေမှနေ၍ ခိုင်မာစွာ ထိန်းကျောင်းပေးလိုက်သကဲ့သို့ပင်။

တစ်ချိန်တည်းမှာပင် လျှို့ဝှက်ငှက်သုံးကောင် ဆွဲလာသော ရွှေ့လျားနန်းတော်အတွင်းမှ လူရိပ်အချို့ ထွက်ပေါ်လာခဲ့သည်။

“လာကြစမ်း... ကောင်းကင်လှိုင်းရဲ့ အစွမ်းထက်တဲ့ နတ်ဘုရားအာရုံအတတ်နဲ့ ရုပ်ခန္ဓာအတတ်တွေအကြောင်း ငါ အများကြီး ကြားဖူးထားတယ်။ မုန့်မိသားစုတစ်ယောက်အနေနဲ့ အဲဒါတွေကို စမ်းသပ်ကြည့်ချင်နေတာ ကြာပြီ"

ထိုအခိုက်အတန့်တွင် ထာဝရအလင်းတန်းများ ပျံ့နှံ့သွားပြီး နိဗ္ဗာန်နနယ်ပယ်၏ ကြီးမားလှသော အရှိန်အဝါမှာ ကောင်းကင်လှိုင်းတောင်တံခါးအပြင်ဘက် တစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။

ခရမ်းရွှေရောင် သရဖူကို ဆောင်းထားပြီး ကြယ်တာရာဝတ်ရုံကို ဝတ်ဆင်ထားကာ မုန့်ယွန့်ထျန်းနှင့် အသွင်သဏ္ဌာန်တူသည့် လူရိပ်တစ်ခုသည် ခြေတစ်လှမ်းချင်းစီတွင် ပုံရိပ်ယောင်များစွာ ချန်ရစ်ထားရင်း ထွက်ပေါ်လာခဲ့သည်။ သူ၏တည်ရှိမှုမှာ ကမ္ဘာပေါ်သို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးအလား အလွန်တရာ ဖိအားပေးလွန်းလှသည်။

ထို့နောက် ဒုတိယမြောက်လူရိပ် ပေါ်ထွက်လာပြန်သည်။ သူ၏ဆံနွယ်များမှာ ရေတံခွန်အလား ဝဲဖြာနေပြီး တစ်ကိုယ်လုံးတွင်လည်း တစ်လောကလုံးကို တုန်လှုပ်စေနိုင်သော အလင်းတန်းများ ဖုံးလွှမ်းနေ၏။

၎င်းနောက်တွင် တတိယမြောက်လူရိပ်မှာ ရွှေရောင်တိုက်ပွဲဝင်သံချပ်ကာကို ဝတ်ဆင်ထားလျက် ပေါ်ထွက်လာသည်။ သူ၏ခြေဖဝါးအောက်တွင် နေနှင့်လတို့ ပေါ်ထွက်နေပုံမှာ တကယ့်ကို အံ့သြစရာကောင်းလှသည်။

...

“မုန့်မိသားစုရဲ့ ပဉ္စမမြောက်သားတော် မုန့်ချန်းဂဲ”

“မုန့်မိသားစုရဲ့ စတုတ္ထမြောက်သားတော် မုန့်ချန်းကျောက်”

“မုန့်မိသားစုရဲ့ တတိယမြောက်သားတော် မုန့်ချန်းနန်”

အဝေးမှနေ၍ ဤလူရိပ်များကို မြင်တွေ့နေရသော ကျင့်ကြံသူအပေါင်းမှာ အကြီးအကျယ် တုန်လှုပ်သွားကြရသည်။ ထိုသူတို့၏ အရှိန်အဝါမှာ အလွန်တရာ ကြီးမားလွန်းလှပြီး ထာဝရအလင်းတန်းများ ဝန်းရံနေပုံမှာ ထာဝရအသက်ရှည်ခြင်းနယ်ပယ်သို့ပင် တက်လှမ်းတော့မည့်အလား ပြိုင်ဘက်ကင်းသော စွမ်းအားများကို ပြသနေကြသည်။

သူတို့မှာ မုန့်မိသားစု၏ သားတော်ကိုးပါးအနက် သုံးဦးပင်။

မုန့်ယွန့်ထျန်း၏ သားတော်ကိုးပါးစလုံးမှာ နဂါးများကဲ့သို့ပင် ထူးချွန်ကြသည်။ သူတို့အနက် အချို့မှာ တိုက်ပွဲတွင် ကျဆုံးသွားခြင်း သို့မဟုတ် ငယ်ရွယ်သေးခြင်းတို့ ရှိနေသော်လည်း ခုနစ်ဦးမှာမူ နိဗ္ဗာန်နနယ်ပယ်သို့ ရောက်ရှိပြီးသား ဖြစ်ကြသည်။ သူတို့မှာ မုန့်ယွန့်ထျန်းပြီးလျှင် မုန့်မိသားစု၏ အစွမ်းအထက်ဆုံး ကျောရိုးတိုင်ကြီးများ ဖြစ်ကြ၏။

အမှန်စင်စစ် သူတို့သည် သားတော်များဟု ဆိုသော်လည်း မုန့်ယွန့်ထျန်းနှင့် မရှေးမနှောင်းပင် ကျင့်ကြံလာခဲ့ကြသူများ ဖြစ်သည်။ ဇီဝေချန်မိသားစုမှ ချန်တောက်ယန်မှာ မျိုးနွယ်စုခေါင်းဆောင်ဖြစ်ပြီးမှ သားသမီးရခဲ့ခြင်းနှင့် မတူဘဲ မုန့်ယွန့်ထျန်းမှာ သူ ကျော်ကြားခြင်းမရှိခင်ကတည်းက သားသမီးများကို ပိုင်ဆိုင်ခဲ့ခြင်းပင်။

ဝုန်း….

မြေကမ္ဘာကို တုန်လှုပ်စေသော နောက်ထပ်ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာပြန်သည်။

လျှို့ဝှက်ငှက်သုံးကောင်မှာ တစ်ပြိုင်နက်တည်း ခေါင်းငုံ့လိုက်ကြသည်မှာ ဘုရင်တစ်ပါး၏ ပေါ်ထွန်းလာမှုကို ကြိုဆိုနေသကဲ့သို့ပင်။ မုန့်မိသားစု၏ သားတော်သုံးဦးစလုံးမှာလည်း အနောက်သို့ လှည့်ကြည့်လိုက်ကြသည်။

ဖြူစင်သော ဆံနွယ်များရှိသော်လည်း လူငယ်တစ်ဦးကဲ့သို့ ရုပ်သွင်ရှိကာ တစ်ကိုယ်လုံး တောက်ပနေသော အဖိုးအိုတစ်ဦးသည် နန်းတော်အတွင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။

“အစ်ကိုကြီး"

မုန့်မိသားစု သားတော်သုံးဦးစလုံးမှာ ရိုသေစွာဖြင့် တညီတညွတ်တည်း နှုတ်ဆက်လိုက်ကြသည်။

ဤအဖိုးအိုသည် ရှေးဟောင်းအရှိန်အဝါတို့ကို ထုတ်ဖော်နေပြီး ရုပ်သွင်အရဆိုလျှင် မုန့်ယွန့်ထျန်းထက်ပင် ပို၍ အသက်ကြီးပုံပင်။ သူ၏မျက်ခုံးနှစ်ခုကြားတွင် ပန်းတစ်ပွင့်အလား မဟာတာအို ရှေးဟောင်းစာသားတစ်ခု ရှိနေပြီး သူ၏ဝေဝါးနေသော မျက်ဝန်းများမှာမူ အနက်ရောင်တွင်းပေါက်ကြီးနှစ်ခုကဲ့သို့ နက်ရှိုင်းလှသဖြင့် ကြည့်မိသူတိုင်းကို ထိတ်လန့်စေသည်။

သူသည်ကား မုန့်မိသားစု၏ သားတော်ကိုးဦးအနက် အကြီးဆုံးဖြစ်သော မုန့်ချန်းလုံပင်။

သူ၏ ကျင့်ကြံခြင်းသက်တမ်းမှာ မုန့်ယွန့်ထျန်းထက် အနှစ်နှစ်ဆယ်မျှသာ လျော့နည်း၏။

ချင်းပြည်နယ် မုန့်မိသားစု၏ အစစ်အမှန်အင်အားမှာ ယခုမှသာ စတင်ပေါ်ထွက်လာတော့သည်။

မုန့်ချန်းလုံနှင့် မုန့်ယွန့်ထျန်းတို့က ခေတ်ပြိုင်များဟုပင် ပြောနိုင်သည်။

ခဏချင်းမှာပင် မုန့်မိသားစု၏ သားတော်လေးဦးသည် ဟင်းလင်းပြင်ကြီးကို လွှမ်းမိုးထားကြပြီး ထာဝရအလင်းတန်းများ ဝန်းရံလျက် ကမ္ဘာပေါ်သို့ ဆင်းသက်လာသော နတ်ဘုရားလေးပါးအလား စိုက်ကြည့်ရန်ပင် ခက်ခဲလှသည်။

သို့သော် ဤသည်မှာ အဆုံးမဟုတ်သေးပေ။ နောက်ထပ် လူရိပ်သုံးခုမှာလည်း အရပ်မျက်နှာအသီးသီးမှ ရောက်ရှိလာကြပြန်သည်။ ၎င်းတို့မှာ မုန့်မိသားစု၏ မဟာဘိုးဘေးကြီးနှင့် မုန့်မိသားစု မဟာမိတ်အဖွဲ့များမှ ခေါင်းဆောင်များဖြစ်ကြပြီး အားလုံးမှာ နိဗ္ဗာန်နနယ်ပယ်သို့ ရောက်ရှိထားသူများ ဖြစ်ကြ၏။

မုန့်မိသားစု၏ မဟာနိဗ္ဗာန်နခုနစ်ဦးနှင့် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ မဟာနိဗ္ဗာန်နငါးဦးတို့သည် တစ်ဖက်နှင့်တစ်ဖက် ရင်ဆိုင်လျက် ရှိနေကြပြီ ဖြစ်သည်။ မူလက တိုက်ပွဲကို ထိန်းချုပ်နိုင်စွမ်းရှိသော မုန့်ယွဲ့မေတို့၏ အရှိန်အဝါမှာလည်း ရုတ်တရက်ဆိုသလို ပြင်းထန်စွာ ဖိနှိပ်ခြင်း ခံလိုက်ရတော့သည်။

“လူငယ်တွေကို မထိခိုက်စေဖို့အတွက် ငါတို့တိုက်ပွဲကို တခြားနေရာတစ်ခုမှာ ပြောင်းတိုက်ကြမလား”

မုန့်မိသားစု၏ အကြီးဆုံးသား မုန့်ချန်းလုံက အိုမင်းသောလေသံဖြင့် အေးဆေးစွာ ပြောလိုက်သည်။

“သဘောတူပါတယ်"

ထိုပါးကျန်းယီက ခေါင်းညိတ်လိုက်ရာ သူ၏အနောက်ရှိ ဂူကောင်းကင်ဆယ်ခုမှာ သွေးနီရောင်နေမင်းများအလား လည်ပတ်နေပြီး စွမ်းအင်ပေါင်းများစွာ ကိန်းအောင်းနေသည်။

“ဒါဆိုရင်တော့... ကြွကြပါဦး"

မုန့်ချန်းလုံက လက်ကို ဝှေ့ယမ်းလိုက်ရာ သူနှင့်အတူ သားတော်သုံးဦးစလုံး ဝေးလံလှသော ကိုးခုမြောက်ကောင်းကင်ယံထက်သို့ ပျံတက်သွားကြသည်။

“ငါ နှစ်ယောက်ကို တာဝန်ယူမယ်"

ဝတ်စုံနက်နှင့် အဖိုးအိုက ထိုပါးကျန်းယီကို အသာပြုံးပြလိုက်ရင်း

“ကျန်တဲ့ ငါးယောက်ကိုတော့ ခင်ဗျားတို့ လေးယောက် တာဝန်ယူလိုက်ကြပေါ့"

“ပြဿနာမရှိဘူး"

မုယွဲ့မေနှင့် အခြားသူများက ခေါင်းညိတ်လိုက်ကြသည်။

ဝုန်း…

သူတို့အားလုံး ခြေတစ်လှမ်း ပြိုင်တူနင်းလိုက်ကြရာ သူတို့အောက်ရှိ ဟင်းလင်းပြင်မှာ ကျောက်ခဲတစ်လုံး ပစ်ချခံလိုက်ရသည့် ရေကန်အလား ဂယက်ထသွားပြီး မဟာတာအိုလှိုင်းတံပိုးများ ထွက်ပေါ်လာခဲ့သည်။ သူတို့အားလုံး၏ ပုံရိပ်များမှာလည်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားကြတော့သည်။

နိဗ္ဗာန်နနယ်ပယ် ကျင့်ကြံသူအားလုံး ထွက်ခွာသွားသည်နှင့်အမျှ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ အပြင်ဘက်တစ်ခုလုံးမှာ ကမောက်ကမဖြစ်နေသော စစ်တလင်းပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“မလှုပ်မယှက် တောက်ပသော ဘုရင်ရုပ်ခန္ဓာ”

ခန်ရုံ၏ မျက်ဝန်းများမှာ အနက်ရောင်သင်္ကေတများအဖြစ် ပြောင်းလဲသွားပြီး တစ်ကိုယ်လုံးတွင်လည်း မန္တန်စာသားများ စီးဆင်းနေ၏။ သူ၏လက်သီးချက်တစ်ချက်မှာ ကောင်းကင်

နှင့်မြေပြင်ကို ပြိုကွဲစေတော့မည့်အလားပင်။

စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ဆဌမအဆင့်ရှိသော ဝါရင့်ကျင့်ကြံသူတစ်ဦးပင်လျှင် ခန်ရုံ၏ ဖိအားပေးမှုအောက်တွင် တုန်လှုပ်ချောက်ချားစွာဖြင့် နောက်သို့ တစ်လှမ်းချင်း ဆုတ်ခွာနေရ၏။

ဝုန်း….

အရှင်သခင်ငယ်ဖုန်းနိုင်းသည် မုန့်မိသားစုမှ အကြီးအကဲတစ်ဦးကို လက်သီးဖြင့် ထိုးနှက်လိုက်ပြီးနောက် ကောင်းကင်ယံ၌ ဖျက်ဆီးခြင်းအလင်းတန်းများကို မှုတ်ထုတ်နေသည့် လျှို့ဝှက်ငှက်သုံးကောင်ကို မော့ကြည့်လိုက်သည်။

“ငါ့ဇာတိမြေကနေ ထွက်လာကတည်းက လျှို့ဝှက်ငှက်သား မစားရတာ ကြာပြီပဲ"

“တတိယအဆင့်... အတောင်ပံနှစ်ဖက်ပါ ကျဆုံးသွားသော နတ်ဆရာမိစ္ဆာ... စတင်စေ”

ဝုန်း

ဖုန်းနိုင်း၏ ရုပ်ခန္ဓာမှာ တစ်ဟုန်ထိုး ကြီးထွားလာခဲ့သည်။ သုံးမီတာ၊ ငါးမီတာ၊ ရှစ်မီတာ... နောက်ဆုံး ဆယ်မီတာခန့်အထိ မြင့်မားသွား၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် သုံးထပ်တိုက်တစ်လုံးစာမျှ မြင့်သော လူသားဆန်သည့် ဘီလူးကြီးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

သူ၏ ကြွက်သားများမှာ သံမဏိတုံးများအလား ထုံးခဲကာ ကြီးထွားလာပြီး သွားများမှာလည်း သွေးဆာနေသော ပါးစပ်အတွင်းမှ စူးရှသော အစွယ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူ၏နှုတ်ခမ်းထောင့်များမှာ မေးရိုးအထိ ပြဲထွက်သွားပြီး မညီမညာရှိသော သွားချွန်များနှင့် အပြင်သို့ ထိုးထွက်နေသော အစွယ်ကြီး လေးခုမှာ ပေါ်ထွက်လာ၏။ ကျောရိုးတစ်လျှောက်တွင်လည်း အနက်ရောင် အမွေးအမှင်များ ပေါက်ထွက်လာခဲ့သည်။

သူ၏အရေပြားမှာ မှောင်မိုက်သောအသွေးသို့ ပြောင်းလဲသွားပြီး ကျောပြင်မှလည်း ကြီးမားလှသော အနက်ရောင်အတောင်ပံများ ထွက်ပေါ်လာခဲ့သည်။

“မင်းကို ငါ စားပစ်မယ်”

ဖုန်းနိုင်း၏ မျက်လုံးများမှ ကြောက်မက်ဖွယ်ကောင်းသော အနီရောင်အလင်းများ ထွက်ပေါ်လာပြီး လည်ချောင်းအတွင်းမှလည်း နက်ရှိုင်းလှသော ရယ်သံများ ထွက်ပေါ်လာသည်။

ဝုန်း

နောက်တစ်ခဏ၌သူ ခြေတစ်ချက်စောင့်လိုက်သည်နှင့် လေထုမှာ ပေါက်ကွဲထွက်သွားပြီး သူသည် ထိုလျှို့ဝှက်ငှက်ကြီးဆီသို့ သွေးဆာနေသော ပါးစပ်ကို ဖြဲကာ ပြေးဝင်သွားတော့သည်။

ဝုန်း ဝုန်း ဝုန်း….

ဤအခိုက်အတန့်တွင် ကမ္ဘာပျက်မတတ် တိုက်ပွဲကြီးမှာ တစ်ဟုန်ထိုး ပေါက်ကွဲထွက်လာခဲ့သည်။ အမျိုးမျိုးသော တာအိုအတတ်ပညာများ၊ ဓားအလင်းတန်းများနှင့် နတ်ဘုရားအလင်းများမှာ ကောင်းကင်ယံ၌ အချင်းချင်း ရိုက်ခတ်မိကာ မိုးခြိမ်းသံများအလား ပဲ့တင်ထပ်နေ၏။ သတ်ဖြတ်လိုစိတ်များမှာ ကောင်းကင်ယံသို့ ထိုးတက်နေပြီး သွေးများမှာလည်း ပန်းထွက်နေကြသည်။ ထူးဆန်းလှသော နတ်ဘုရားရုပ်သွင်များမှာလည်း ကောင်းကင်ယံ၌ ပြင်းထန်စွာ တိုက်ခိုက်နေကြတော့သည်။

...

...

တစ်ချိန်တည်းမှာပင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေအတွင်းရှိ နတ်ဘုရားသားတော်နန်းတော်၏ အနက်ရှိုင်းဆုံးနေရာ၌ အခန်းတစ်ခုအတွင်း လူငယ်တစ်ဦးသည် တင်ပလ္လင်ခွေထိုင်လျက် မျက်လုံးများကို မှိတ်ထား၏။ သူသည် ကျောက်ရုပ်တစ်ခုအလား ဤပုံစံအတိုင်း မည်မျှကြာအောင် နေခဲ့သည်ကိုမူ မည်သူမျှ မသိနိုင်ချေ။

ရုတ်တရက်ဆိုသလို သူ၏ပတ်ဝန်းကျင်၌ ကြောက်မက်ဖွယ်ကောင်းသော ဖြစ်ရပ်ဆန်းများ ပေါ်ပေါက်လာခဲ့သည်။ ကြယ်တာရာများအားလုံးကို ကြွေကျသွားစေနိုင်သည့် ဆွဲငင်အားနယ်ပယ်တစ်ခု ပေါ်ထွက်လာသလို ကမ္ဘာကြီးကို ဖျက်ဆီးပစ်နိုင်သော မီးလျှံများမှာလည်း ဟင်းလင်းပြင်ကြီးကို ပွက်ပွက်ဆူစေလျက် ရှိသည်။ ကောင်းကင်ဘုံမှ အရှင်သခင်တစ်ပါးက တရားဟောကြားနေသကဲ့သို့သော မဟာတာအို မြည်ဟီးသံများမှာလည်း ထွက်ပေါ်နေ၏။

နောက်တစ်ခဏ၌ ထိုလူငယ်သည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ဖြစ်ရပ်ဆန်းအားလုံးမှာ သူ၏ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်စုပ်ယူခြင်း ခံလိုက်ရ၏။

ကမောက်ကမဖြစ်တည်မှု နတ်ဆရာမိစ္ဆာတစ်ဦး၏ အရှိန်အဝါမျိုးမှာ သူ၏ထံမှ ဖြာထွက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်ပေါ်၌ နတ်ဘုရားအလင်းတန်းများ စီးဆင်းနေပြီး မရေမတွက်နိုင်သော မဟာတာအိုစာသားများမှာလည်း သူ့ကို ဝန်းရံလျက် ရှိနေကြသည်။ သူ၏ ဆံနွယ်နက်များမှာပင် ထာဝရအလင်းတန်းများအတွင်း စိမ်ထားသကဲ့သို့ တောက်ပနေ၏။

“နယ်ပယ်သုံးခုကို တစ်ဆက်တည်း ဖြတ်ကျော်နိုင်ခဲ့ပြီ"

“စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ဆဌမအဆင့်... နောက်ဆုံးတော့ ရောက်ရှိသွားခဲ့ပြီပေါ့"

ချန်ကျီရှင်းသည် သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။ သူသည် သူ၏ကျင့်ကြံမှုကို ခေတ္တမျှ စမ်းသပ်ကြည့်လိုက်၏။

ထို့နောက်တွင်မူ မည်သည့်နှောင့်နှေးမှုမျှမရှိဘဲ သူသည် ခြေတစ်လှမ်း လှမ်းလိုက်ရာ ဝေးလံလှသော ခရီးလမ်းမှာ သူ၏ခြေဖဝါးအောက်၌ လက်မအနည်းငယ်မျှသာ ရှိတော့သည်။

သူသည် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ အပြင်ဘက်သို့ ချက်ချင်းပင် ရောက်ရှိသွားခဲ့တော့သည်။

အခန်း။ ၁၉၄

ဝုန်း ဝုန်း ဝုန်း

မကြုံစဖူးသော မဟာကဗျာကဲ့သို့ တိုက်ပွဲကြီးမှာ ဤအခိုက်အတန့်တွင် ပေါက်ကွဲထွက်လာခဲ့သည်။ အဝေးမှ စောင့်ကြည့်နေကြသော ကျင့်ကြံသူပေါင်းများစွာမှာလည်း ရင်ထဲတွင် အကြီးအကျယ် တုန်လှုပ်ချောက်ချားနေကြရသည်။

နိဗ္ဗာန်နနယ်ပယ်၏ ထိပ်တန်းအစွမ်းထက်ဆုံး ပုဂ္ဂိုလ်ကြီးများဖြစ်ကြသော မုန့်ယွန့်ထျန်းနှင့် ချင်ထျန်းကျုန်းတို့မှာ ဤလောကကြီးထဲမှ ပျောက်ကွယ်သွားသည်မှာ ကြာပြီဖြစ်ပြီး ပြင်ပကောင်းကင်ယံတွင် အပြင်းအထန် တိုက်ခိုက်နေကြသည်မှာ မည်သည့်သတင်းမျှ မကြားရတော့ချေ။

ဝေးလံလှသော အရပ်၌မူ မုန့်မိသားစု၏ သားတော်များနှင့် အခြားသော နိဗ္ဗာန်နအရှင်သခင်များသည် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှ နိဗ္ဗာန်နငါးဦးနှင့် ရင်ဆိုင်နေကြရာ ထိုကောင်းကင်နယ်မြေတစ်ခုလုံးမှာ ကမောက်ကမဖြစ်နေသော သမုဒ္ဒရာကြီးအလား ပြောင်းလဲသွားခဲ့သည်။

အဆုံးမဲ့သော ကမောက်ကမဖြစ်နေသောချီစွမ်းအင်များမှာ ဟင်းလင်းပြင်ကြီးကို ရိုက်ခွဲပစ်နေပြီး ကောင်းကင်နှင့်မြေပြင်ကိုပင် ခွဲခြား၍ မရတော့ချေ။ ဟင်းလင်းပြင်မုန်တိုင်းများသာ ကျန်ရှိတော့ပြီး မြေ၊ ရေ၊ လေ၊ မီး ဒြပ်လေးပါးကို ပြန်လည်ဖန်တီးကာ ကမ္ဘာသစ်တစ်ခုကို ပုံဖော်နေသကဲ့သို့ပင်။

ကျင့်ကြံသူများသည် အစွမ်းကုန် အားစိုက်ကြည့်ကြသော်လည်း ထိုကမောက်ကမဖြစ်တည်မှုများကြား၌ ဝေဝါးနေသော လူရိပ်ဆယ်ဂဏန်းခန့်မှာ အဆက်မပြတ် သတ်ဖြတ်နေကြသည်ကိုသာ မြင်ရပြီး မည်သူမည်ဝါဖြစ်ကြောင်း လုံးဝ ခွဲခြား၍ မရနိုင်တော့ချေ။

သို့သော် အခမ်းနားဆုံးသော တိုက်ပွဲမှာမူ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ အပြင်ဘက်ရှိ အလုံးအရင်းနှင့် တိုက်ခိုက်နေကြသော စစ်တလင်းပြင်ကြီးပင်။ မူလက တောင်တန်းကြီးများ အဆုံးမဲ့သွယ်တန်းနေသော ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေမှာ ယခုအခါ၌မူ တောင်တန်းရာနှင့်ချီ၍ ပြိုလဲပျက်စီးသွားခဲ့ပြီး မြေလှန်ခံထားရသော မြေရိုင်းပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အကယ်၍ ဂိုဏ်းစောင့်ရှောက်ရေးအစီရင်စုသာ မရှိခဲ့လျှင် ဤနေရာမှာ တိုက်ပွဲ၏ အရှိန်အဟုန်ကြောင့် ပြာအတိ ဖြစ်သွားခဲ့သည်မှာ ကြာလှပြီဖြစ်သည်။

“နှစ်ဖက်စလုံးက တော်တော်အစွမ်းထက်တာပဲ”

“ဟား... မန္တန်စာသားတွေ ဖုံးလွှမ်းနေတဲ့လူက တကယ်ပဲ မလှုပ်မယှက် တောက်ပသောဘုရင်အဖြစ် ပြောင်းလဲသွားတာလား သူက စစ်မှန်သောကိုယ်ပိုင် စတုတ္ထအဆင့်ပဲ ရှိသေးတာကို သတ္တမအဆင့်ကျင့်ကြံသူကို ဖိနှိပ်ထားနိုင်တယ်လား”

“ပြီးတော့... ဟိုဘက်က ဘီလူးကြီးကရော ဘာလဲ ဘုရားရေ ရုပ်ခန္ဓာချင်း ယှဉ်ပြီး လျှို့ဝှက်ငှက်သားရဲကြီးကို တိုက်ခိုက်နေနိုင်တာလား”

“အင်အားချင်းကတော့ ကောင်းကင်လှိုင်းနဲ့ မုန့်မိသားစုက အတူတူပဲ။ ဒါပေမဲ့ နှမြောဖို့ကောင်းတာက မုန့်မိသားစုဘက်မှာ အဖွဲ့အစည်းပေါင်းစုံ ပါဝင်နေတာပဲ။ နိဗ္ဗာန်နရော စစ်မှန်သောကိုယ်ပိုင်အဆင့်မှာပါ လူအင်အားက ကောင်းကင်လှိုင်းထက် အများကြီး သာနေတယ်"

“ဒီအတိုင်းသာ ဆက်သွားရင် ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေက မရှုံးနိမ့်ရင်တောင် အကြီးအကျယ် အထိနာသွားလိမ့်မယ်”

စောင့်ကြည့်နေသူတိုင်းမှာ လေးနက်သောလေသံဖြင့် တီးတိုးဆိုရင်း မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။ တိုက်ပွဲအတွင်း၌မူ ခန်ရုံနှင့် ဖုန်းနိုင်းတို့က အသာစီးရနေသော်လည်း အခြားသော စစ်မှန်သောကိုယ်ပိုင်နယ်ပယ်အရှင်သခင်များမှာမူ အလွန်တရာ ရုန်းကန်နေကြရသည်။ အထူးသဖြင့် လီရန်မှာ ကျင့်ကြံသူနှစ်ဦး၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းကို ခံနေရပြီး အန္တရာယ်ရှိသော အခြေအနေများနှင့် အဆက်မပြတ် ရင်ဆိုင်နေရ၏။

“သန့်စင်သောမိန်းကလေး လီရန်... ငါက မုန့်မိသားစု အကြီးအကဲ မုန့်ရှန်းချူပဲ မင်း စေ့စပ်ကြောင်းလမ်းမှုကို လာဖျက်တုန်းက ငါ မင်းကို ဖျောင်းဖျခဲ့တာ မှတ်မိသေးလား”

“သူနဲ့ စကားအများကြီး ပြောမနေနဲ့။ ဒီမိန်းမယုတ်သာ စေ့စပ်ပွဲကို မဖျက်ခဲ့ရင် ဒီနေ့လို အခြေအနေမျိုး ဘယ်ဖြစ်မလဲ။ ဒီကပ်ဘေးရဲ့ အရင်းအမြစ်ကို သတ်ပစ်ရမယ်”

မုန့်မိသားစု အကြီးအကဲနှစ်ဦးမှာ အရပ်နှစ်မျက်နှာမှနေ၍ တိုက်ခိုက်လာကြပြီး သူတို့၏လက်အတွင်းမှ နတ်ဘုရားအလင်းများမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများဖြင့် လီရန်၏ ခန္ဓာကိုယ်ပေါ်၌ ဒဏ်ရာများကို ချန်ရစ်သွားစေသည်။ လီရန်မှာ ဘာမျှပြန်မပြောဘဲ လျင်မြန်စွာ ခုခံကာကွယ်ရင်း တစ်လှမ်းချင်း ဆုတ်ခွာနေရ၏။

ထိုစဉ်မှာပင်

ဝုန်း…

မြေကမ္ဘာတုန်ဟည်းသွားသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်တွင်မူ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေဘက်မှ ဝမ်းနည်းကြေကွဲဖွယ် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့၏။

“နီ.. အမွေဆက်ခံသူနီ... ကိုယ့်ကိုကိုယ် ဖောက်ခွဲပစ်လိုက်ပြီ”

လီရန်၏ မျက်နှာမှာ ချက်ချင်းပျက်ယွင်းသွားပြီး လှည့်ကြည့်လိုက်မိသည်။ မြောက်ဘက်တောင်ထိပ်၏ အမွေဆက်ခံသူ နီရှောင်လုံမှာ သူ၏လက်မောင်းများကို ရှေးဟောင်းနဂါးနှစ်ကောင်အဖြစ် ပြောင်းလဲကာ မုန့်မိသားစု မဟာမိတ်မှ စစ်မှန်သောကိုယ်ပိုင်အဆင့်ရှိသော ဘိုးဘေးတစ်ဦးကို တင်းကျပ်စွာ ပွေ့ဖက်ထားလျက် သူ၏အခြေခံအင်အားကို ဖောက်ခွဲပြီး အတူတကွ သေဆုံးသွားခဲ့သည်။

၎င်းကို မြင်ရလျှင် လီရန်၏ ရင်ထဲ၌ နာကျင်သွားခဲ့ရသည်။ သူမသည် ယခင်က နီရှောင်လုံနှင့် လက်ရည်စမ်းခဲ့ဖူးပြီး ပြိုင်ဘက်ဟု သတ်မှတ်ခဲ့သော်လည်း ထိုပြိုင်ဘက်ဆိုသည်မှာ ဂိုဏ်းအတွင်းမှ တိုက်ပွဲငယ်များသာ ဖြစ်သည်။

"အခုတော့ နီရှောင်လုံက စစ်မြေပြင်မှာ ပထမဆုံး ကျဆုံးသွားတဲ့ စစ်မှန်သောကိုယ်ပိုင်အရှင်သခင် ဖြစ်သွားပြီ။ ဒါကို ကြည့်ပြီး ငါ့အနေနဲ့ ဘယ်လိုလုပ် ဝမ်းမနည်းဘဲ နေနိုင်မှာလဲ"

“တော်လောက်ပြီ”

မုန့်မိသားစု အကြီးအကဲနှစ်ဦးက ပြင်းထန်စွာ ချဉ်းကပ်လာသည်ကို မြင်လျှင် လီရန်သည် နှုတ်ခမ်းကိုကိုက်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။ အကယ်၍ လမ်းဆုံးကို ရောက်သွားခဲ့လျှင် သူမသည်လည်း နီရှောင်လုံကဲ့သို့ပင် သူမ၏ အသက်ကိုရင်း၍ ဤနှစ်ဦးကို အတူတကွ ဆွဲခေါ်သွားမည်ဟု ကြံရွယ်လိုက်၏။

ဒိုင်း ဒိုင်း ဒိုင်း

နောက်ထပ် အပြန်အလှန် တိုက်ခိုက်မှု အကြိမ်ပေါင်းများစွာ စစ်မြေပြင်တစ်ခုလုံးမှာ ပို၍ပင် ဆိုးရွားလာခဲ့သည်။ ကွမ်းထျန်းယု၊ ဖုလုံ၊ ဖုယွမ်၊ ယွမ်ကျင့်နှင့် အခြားသော အကြီးအကဲများမှာလည်း ဒဏ်ရာကိုယ်စီ ရထားကြပြီဖြစ်သည်။

“နိမိတ်မကောင်းတဲ့ မိန်းမ... သေပေတော့”

မုန့်မိသားစု အကြီးအကဲနှစ်ဦးမှာ ကျယ်လောင်စွာ ရယ်မောလိုက်ကြပြီး လှံရှည်များကို မြှောက်ကာ လီရန်ကို သတ်ဖြတ်ရန် တစ်ပြိုင်နက်တည်း ပစ်ချလိုက်ကြသည်။ လီရန်၏ ညာဘက်လက်မောင်းမှ သွေးများ စီးကျနေပြီး သူမကိုယ်သူမ ဖောက်ခွဲရန် ပြင်ဆင်လိုက်စဉ်မှာပင်

ရှူး

နှင်းပွင့်ကဲ့သို့ ဖြူစင်သော ဝတ်စုံဝတ် လူရိပ်တစ်ခုမှာ သူမ၏ရှေ့၌ ဖျတ်ခဲဆို ပေါ်လာခဲ့သည်။

ချွင် ချွင်

ကြည်လင်သော အသံနှစ်ချက် ထွက်ပေါ်လာသည်။ လှံရှည်နှစ်စင်းစလုံးကို ဖြူစင်ပြီး ကျောက်စိမ်းကဲ့သို့ ချောမွတ်သော လက်ဖဝါးတစ်ဖက်က တိုက်ရိုက် ဖမ်းဆုပ်လိုက်ခြင်းပင်။

“ရှောင်... ရှောင်ပင်း”

လီရန်မှာ တစ်ကိုယ်လုံး တုန်ယင်သွားပြီး သူမရှေ့ရှိ ဆံနွယ်နက်များနှင့် ခန့်ညားလှသော ထိုလူရိပ်ကို ကြည့်လိုက်မိသည်။

သူမ စကားပြောလိုက်သည်နှင့် မုန့်မိသားစုမှ စစ်မှန်သောကိုယ်ပိုင်အဆင့်ရှိသော အကြီးအကဲနှစ်ဦး၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီးနောက် သူတို့၏မျက်နှာထက်၌ ပြင်းထန်သော ဝမ်းသာအားရမှုများ ပေါ်ပေါက်လာခဲ့သည်။

“ရှောင်ပင်း ဒါ ကောင်းကင်လှိုင်း နတ်ဘုရားသားတော် ရှောင်ပင်းပဲ”

“ဟားဟားဟား... သူက ကောင်းကင်လှိုင်းထဲမှာ ပုန်းမနေဘဲ တစ်ယောက်တည်း ထွက်လာတာလား”

“သတ်ပစ်ကြ ဟဲတုန်းအတွက် ကလဲ့စားချေကြ”

အကြီးအကဲနှစ်ဦးမှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး သူတို့၏ စစ်မှန်သောကိုယ်ပိုင်အနှစ်သာရစွမ်းအားများကို အစွမ်းကုန် ထုတ်ဖော်လိုက်ကြသည်။ မုန့်ဟဲတုန်းကို ခြေမှုန်းခဲ့သော ဤလူငယ်ကို ရင်ဆိုင်ရာတွင် သူတို့သည်လည်း စစ်မှန်သောကိုယ်ပိုင်အဆင့်ဖြစ်ကြသော်လည်း ရင်ထဲ၌ အနည်းငယ်မျှပင် အထင်သေးဝံ့ခြင်း မရှိကြချေ။

“လုပ်ကြ”

နောက်တစ်ခဏတွင် သူတို့သည် အတူတကွ အော်ဟစ်လိုက်ကြပြီး လှံရှည်များကို မြှောက်ကာ ချန်ကျီရှင်းဆီသို့ မိုးကြိုးနှစ်စင်းအလား ခုတ်ပိုင်းချလိုက်ကြတော့သည်။

ချန်ကျီရှင်းမှာမူ သူ၏မျက်ဝန်းများကို အသာအယာ မြှင့်၍ ကြည့်လိုက်ရုံသာ ရှိသေးသည်။

ဝုန်း ဝုန်း…

လေထုအတွင်း၌ ထိုအကြီးအကဲနှစ်ဦး၏ တိုက်ခိုက်မှုမှာ ချန်ကျီရှင်းဆီသို့ မရောက်မီမှာပင် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးမြူတိမ်တိုက်နှစ်ခုအဖြစ်သို့ ရိုက်ခွဲခံလိုက်ရသကဲ့သို့ ပေါက်ကွဲထွက်သွားတော့သည်။

သူတို့နှစ်ဦးမှာ ဘာဖြစ်သွားမှန်းပင် မသိလိုက်ဘဲ အသက်ပျောက်သွားကြရရှာသည်။ ဤသည်မှာ ချန်ကျီရှင်း၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားအသစ်ပင်။

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးသည် စစ်မြေပြင်တစ်ခုလုံးကို တစ်ခဏချင်းမှာပင် တုန်လှုပ်သွားစေခဲ့သည်။

“ဒါက... စစ်မှန်သောကိုယ်ပိုင်အရှင်သခင်တွေ ကျဆုံးသွားတဲ့ အရှိန်အဝါပဲ”

“စစ်မှန်သောကိုယ်ပိုင်နယ်ပယ် ကျင့်ကြံသူနှစ်ယောက် တပြိုင်နက်တည်း အသတ်ခံလိုက်ရတာလား”

မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော အကြည့်များမှာ ဤနေရာသို့ စုပြုံရောက်ရှိလာကြသည်။ ထို့နောက် ထိုအကြည့်များအားလုံးမှာ ချန်ကျီရှင်း၏ မျက်နှာထက်၌သာ ရပ်တန့်သွားကြတော့သည်။ ဤမျက်နှာကို သူတို့အားလုံး အလွန်တရာ ရင်းနှီးနေကြခြင်းပင်။

“ကောင်းကင်လှိုင်း နတ်ဘုရားသားတော် ရှောင်ပင်း”

“ရှောင်ပင်း ရောက်လာပြီ”

“ဟား... တိုက်ကွက်တစ်ကွက်တည်းနဲ့တင် မုန့်မိသားစုရဲ့ စစ်မှန်သောကိုယ်ပိုင်အကြီးအကဲနှစ်ယောက်ကို ချက်ချင်း သတ်ပစ်လိုက်တာလား”

စောင့်ကြည့်နေသူ ကျင့်ကြံသူပေါင်းများစွာမှာ တုန်လှုပ်ကုန်ကြသည်။ တစ်ဖက်တွင်မူ မုန့်မိသားစုဘက်၌ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့၏။

“ဟားဟားဟား... ရှောင်ပင်း ထွက်လာပြီဟေ့”

“ရှောင်ပင်းကို သတ်ကြ ဟဲတုန်းအတွက် ကလဲ့စားချေကြ”

“မျိုးနွယ်စုခေါင်းဆောင်က ပြောထားတယ်။ ရှောင်ပင်းကို သတ်နိုင်တဲ့သူက နောက်လာမယ့် သုံးနှစ်အတွင်း မိသားစုရဲ့ အရင်းအမြစ်အားလုံးကို အပိုင်စားရမယ်တဲ့”

“သတ်ပစ်ကြ”

မုန့်မိသားစု ကျင့်ကြံသူ အမြောက်အမြားမှာ ရူးသွပ်စွာ ရယ်မောလိုက်ကြပြီး သူတို့ရှေ့မှ ရန်သူများကို ထားရစ်ကာ ချန်ကျီရှင်းဆီသို့ အလုံးအရင်းနှင့် ပြေးဝင်လာကြသည်။

ကောင်းကင်ယံ၌ ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေကို ရင်ဆိုင်နေသော စစ်သင်္ဘောကြီးများမှာလည်း အစီရင်စုပုံစံများကို အသက်သွင်းလိုက်ကြပြီး ကုန်းပတ်ပေါ်ရှိ ဖျက်ဆီးခြင်း နတ်ဘုရားအမြောက်များကို ချန်ကျီရှင်းဆီသို့ ဦးတည်လိုက်ကြတော့သည်။ ဤစစ်သင်္ဘောကြီးများသည် ကောင်းကင်လှိုင်းတပည့်များအတွက် အကြီးမားဆုံး အန္တရာယ်ဖြစ်ခဲ့ခြင်းပင်။

စစ်မှန်သောကိုယ်ပိုင်အဆင့်ရှိသော ဘိုးဘေးကြီးတစ်ဦးပင်လျှင် ထိုအမြောက်ဒဏ်ကြောင့် ရုပ်ခန္ဓာ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။ ယခုအခါတွင်မူ အမြောက်ပေါင်း တစ်ရာကျော်မှာ ချန်ကျီရှင်းတစ်ယောက်တည်းကိုသာ ပစ်မှတ်ထားထားကြပြီး အရပ်မျက်နှာအသီးသီးမှ ပြေးဝင်လာသော မုန့်မိသားစုဝင်များ၏ ဖိအားမှာလည်း လေထုကိုပင် လေးလံသွားစေသည်။

“နတ်ဘုရားသားတော်”

“မဖြစ်ဘူး... နတ်ဘုရားသားတော်က အခုမှ ထွက်လာတာဆိုတော့ ဒီအမြောက်တွေရဲ့ အစွမ်းကို မသိသေးဘူး။ တစ်ခုခု ဖြစ်သွားရင် ဒုက္ခပဲ”

“နတ်ဘုရားသားတော်က အရမ်း စိတ်လိုက်မာန်ပါ လုပ်နေတာပဲ”

ကောင်းကင်လှိုင်းတပည့်များမှာ ဝမ်းသာရမလိုလို ဖြစ်နေစဉ်မှာပင် သူတို့၏မျက်နှာများမှာ ချက်ချင်း ပြာနှမ်းသွားကြရပြန်သည်။

ရှူး...

ထိုစစ်သင်္ဘောကြီးများ၏ ပြောင်းဝများ၌ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ စတင်စုစည်းလာခဲ့သည်။

နောက်တစ်ခဏ၌

ဝုန်း

ဖျက်ဆီးခြင်းအလင်းတန်းပေါင်း ရာနှင့်ချီ၍ တစ်ပြိုင်နက်တည်း ပစ်လွှတ်လိုက်ရာ လေထုအတွင်း၌ ခရမ်းရင့်ရောင် အလင်းတန်းကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားပြီး ချန်ကျီရှင်းဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။

“အခုအချိန်ကစပြီး...”

ချန်ကျီရှင်းက အေးဆေးစွာ ဆိုလိုက်ပြီးနောက် လက်သီးတစ်ချက်ကို ပစ်လွှတ်လိုက်သည်။

“စစ်မြေပြင်ကို ငါ ထိန်းချုပ်လိုက်ပြီ"

ဝုန်း…

ကြီးမားလှသော တုန်ခါလှိုင်းကြီးတစ်ခု ချန်ကျီရှင်း၏ လက်သီးမှ ထွက်ပေါ်လာခဲ့သည်။ ထူထပ်လှသော ဖျက်ဆီးခြင်းအလင်းတန်းကြီးမှာ ထိုတုန်ခါလှိုင်းနှင့် ထိမိရုံမျှဖြင့် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားပြီး အလင်းစက်များအဖြစ် ကြွေကျကုန်သည်။ ထိုတုန်ခါလှိုင်းမှာ ရပ်တန့်မသွားဘဲ ကောင်းကင်၌ ပျံသန်းနေသော စစ်သင်္ဘောကြီးများဆီသို့ တည့်တည့်မတ်မတ် တိုးဝင်သွားခဲ့၏။

ဒိုင်း ဒိုင်း ဒိုင်း…

တောင်တန်းကြီးများအလား လေးလံလှသော စစ်သင်္ဘောကြီးများမှာ တိုက်ရိုက် ထိမှန်ခြင်း ခံလိုက်ရကာ ဖောက်ထွက်သွားပြီး ကျိုးပဲ့ကာ ပျက်စီးသွားတော့သည်။

ကောင်းကင်ယံကို ဖုံးလွှမ်းထားသော စစ်သင်္ဘောကြီးများမှာ အလယ်မှ ကျိုးပြတ်ကုန်ခြင်း၊ ပေါက်ကွဲထွက်ကုန်ခြင်းတို့ဖြစ်ကာ မီးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။ သင်္ဘောအပျက်အစီးများမှာ ကောင်းကင်မှ မြေပြင်သို့ ပြင်းထန်စွာ ပြုတ်ကျလာခဲ့သည်။ သင်္ဘောပေါ်ရှိ မုန့်မိသားစုဝင် အမြောက်အမြားမှာလည်း သွေးအိုင်ထဲ၌ ခန္ဓာကိုယ်များ ကြေမွကုန်ကြရသည်။

ကောင်းကင်လှိုင်းသန့်စင်ရာနယ်မြေ၏ အပြင်ဘက်၌ သွေးမိုးများ ရွာချလိုက်သကဲ့သို့ပင်

တစ်ခဏချင်းမှာပင် ပတ်ဝန်းကျင်တစ်ခုလုံးမှာ တိတ်ဆိတ်သွားခဲ့ရသည်။ မုန့်မိသားစု ကျင့်ကြံသူများ၊ ကောင်းကင်လှိုင်းတပည့်များနှင့် အဝေးမှ စောင့်ကြည့်နေသူများမှာ ချန်ကျီရှင်းကို ကြည့်ကာ မှင်တက်နေကြရသည်။

သုံးချက်မျှ အသက်ရှူစာအတွင်းမှာပင်

“သတ်ကြ”

မုန့်မိသားစုဝင်များမှာ ခေတ္တမျှ မိန်းမောသွားရာမှ သတိပြန်ဝင်လာပြီး ချန်ကျီရှင်းဆီသို့ ဒီရေအလား ထပ်မံတိုးဝင်လာကြပြန်သည်။ ကောင်းကင်လှိုင်းတပည့်များမှာ ၎င်းကိုမြင်လျှင် တားဆီးရန် ပြင်လိုက်ကြသော်လည်း

“ညီအစ်ကိုတို့... စစ်မြေပြင်ကနေ ဆုတ်ခွာလိုက်ကြပါ"

ချန်ကျီရှင်းက လက်နှစ်ဖက်ကို ဖြန့်လိုက်ရင်း စကားလေးလုံးကို တိုးတိတ်စွာ ပြောလိုက်သည်။

“အကြွင်းမဲ့ ဆွဲငင်အား"

ချက်ချင်းပင် ချန်ကျီရှင်းကို ဗဟိုပြု၍ ကြောက်မက်ဖွယ်ကောင်းသော ဆွဲငင်အားတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။ အရပ်မျက်နှာအသီးသီးမှ ပြေးဝင်လာသော မုန့်မိသားစုဝင်များမှာ မမြင်နိုင်သော တံတိုင်းတစ်ခုနှင့် တိုက်မိလိုက်သကဲ့သို့ ချက်ချင်းပင် ရပ်တန့်သွားကြရ၏။ ထို့နောက် ထိုဆွဲငင်အားမှာ ဖိနှိပ်မှုအဖြစ် ပြောင်းလဲသွားပြီး စစ်မှန်သောကိုယ်ပိုင်အဆင့်အောက်ရှိ မုန့်မိသားစု မဟာမိတ်စစ်တပ် အင်အားတစ်ထောင်ကျော်ကို မြေပြင်သို့ အင်တိုက်အားတိုက် ဖိချလိုက်တော့သည်။

ဝုန်း ဝုန်း ဝုန်း…

ကျင့်ကြံသူ တစ်ထောင်ကျော်တို့မှာ မြေပြင်သို့ ပြုတ်ကျကုန်ပြီး လှုပ်ပင်မလှုပ်နိုင်အောင် ဖြစ်သွားကြရသည်။

“ကလေးကစားစရာတွေ”

မုန့်မိသားစုမှ စစ်မှန်သောကိုယ်ပိုင် သတ္တမအဆင့်ရှိသော အကြီးအကဲ မုန့်ရွှမ်ထိန်သည် ချန်ကျီရှင်းဆီသို့ ဦးစွာရောက်ရှိလာပြီး လက်သီးဖြင့် အားရပါးရ ထိုးနှက်လိုက်သည်။

“ကောင်းကင်ဘုံရဲ့ စည်းစိမ်တွေက ငါ့အတွက်ပဲ”

“ရှောင်ပင်း... မှတ်ထားလိုက် မင်းကို သတ်တဲ့သူက မုန့်မိသားစုရဲ့ တတိယမြောက်အကြီးအကဲ မုန့်ရွှမ်ထိန်ပဲ”

မုန့်ရွှမ်ထိန်၏ လက်မောင်းပေါ်၌ အဆုံးမဲ့သော စွမ်းအင်များ စုစည်းနေပြီး လေမုန်တိုင်းများနှင့် မိုးခြိမ်းသံများမှာလည်း ထွက်ပေါ်နေ၏။ လက်သီးချက်မရောက်မီမှာပင် သူ၏အရှိန်အဝါကြောင့် ဟင်းလင်းပြင်မှာ ပြိုလဲလုနီးပါး ဖြစ်နေသည်။

“အားနည်းတဲ့ အရှိန်အဝါပဲ"

ချန်ကျီရှင်း၏ မျက်ဝန်းအတွင်း၌ အလင်းတန်းများစွာ လည်ပတ်နေပြီး သတ္တမအဆင့်ရှိသော မုန့်ရွှမ်ထိန်ကို ကြည့်ကာ မည်သည့်ခံစားချက်မျှ မပြချေ။

လက်သီးကို မြှောက်လိုက်ကာ ရှေ့သို့ တွန်းထုတ်လိုက်ပြီး ထိုးနှက်လိုက်သည်။

ဝုန်း…

လက်သီးချင်း ထိမိသွားကြကာ မြေကမ္ဘာတုန်ဟည်းသော ပေါက်ကွဲသံလည်း မရှိသလို ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲအရှိန်လည်း မရှိပေ။

ထိမိလိုက်ရုံမျှဖြင့်

မုန့်ရွှမ်ထိန်၏ လက်မောင်းတစ်ခုလုံးမှာ သံတူနှင့် ရိုက်ခံလိုက်ရသကဲ့သို့ပင် မျက်စိရှေ့မှာတင် တစ်လက်မချင်းစီ အမှုန့်ဖြစ်သွားခဲ့ရသည်။ ၎င်းနောက်တွင် သူ၏ ခန္ဓာကိုယ်တစ်ဝက်မှာလည်း တပြိုင်နက်တည်း ကြေမွပျက်စီးသွားခဲ့၏။

“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

မုန့်ရွှမ်ထိန်၏ မျက်နှာမှာ အကြီးအကျယ် ပျက်ယွင်းသွားပြီး မယုံကြည်နိုင်စွာဖြင့် အော်ဟစ်ရင်း နောက်သို့ ဆုတ်ရန် ကြိုးစားလိုက်သည်။

ဝုန်း…

သူ နောက်သို့ ဆုတ်လိုက်သည်နှင့် သူ၏ရုပ်ခန္ဓာမှာ ထိုဒဏ်ကို ဆက်လက်မခံနိုင်တော့ဘဲ သွေးမြူတိမ်တိုက်တစ်ခုအဖြစ်သို့ လုံးဝ ပေါက်ကွဲထွက်သွားတော့သည်။

All Chapters