← Chapters

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅-၁၆)

Vol. 2 Ch. 15-16

အခန်း (၁၅) - ဒုတိယအဆင့် တံခါးပွင့်ခြင်းနှင့် မျှော်စင်များ ပေါင်းစည်းခြင်း

​လျူယန်သည် သူ၏ အလုပ်အကိုင်စွမ်းရည်များ တိုးတက်ပြောင်းလဲသွားပုံကို စူးစမ်းကြည့်လိုက်၏။

​လေးပစ်စွမ်းရည်ကဏ္ဍတွင် [ငြိမ်သက်စွာ ပစ်ခတ်ခြင်း] ကြောင့် ပိုမိုတည်ငြိမ်လာပြီး၊ [တိကျစွာ ပစ်ခတ်ခြင်း] ကြောင့် မီတာတစ်ရာအကွာရှိ ပစ်မှတ်ကိုပင် စတိမလွဲ ပစ်ခတ်နိုင်လာသည်။ [လျှပ်စီးပမာ ပစ်ခတ်ခြင်း] ကမူ ပြင်းထန်သော တိုက်ပွဲများအတွင်း မြားတံများစွာကို တရစပ် ပစ်ခတ်နိုင်စွမ်း ပေးစွမ်းလေသည်။

​ထောင်ချောက်စွမ်းရည်တွင်မူ [ထောင်ချောက်ဆင်ခြင်း] နည်းလမ်းမျိုးစုံ သူ၏ ဦးနှောက်ထဲ စီးဝင်လာပြီး၊ [ထောင်ချောက်ဖြုတ်ခြင်း] ကြောင့် သူတပါးဆင်ထားသော အန္တရာယ်များကို ဖယ်ရှားနိုင်စွမ်း ရှိလာသည်။ [ထောင်ချောက်အဆင့်မြှင့်တင်ခြင်း] ကမူ သူ၏ ထောင်ချောက်များကို ပိုမို အစွမ်းထက်စေမည် ဖြစ်၏။

​သားရဲအဖော်စွမ်းရည်တွင်မူ [သားရဲခွဲခြားခြင်း] ကြောင့် သတ္တဝါတို့၏ အားနည်းချက်များကို သိမြင်လာပြီး၊ [ယဉ်ပါးအောင် ပြုလုပ်ခြင်း] နှင့် [အကြွင်းမဲ့ အမိန့်ပေးခြင်း] တို့ကြောင့် သူ၏ သားရဲအဖော်နှင့် တိုက်ပွဲဝင်ရာတွင် ပိုမို စည်းချက်ညီလာတော့သည်။ အထူးသဖြင့် [ပေါင်းစည်းခြင်း]ဟူသော စွမ်းရည်ကို သူ အလွန်ပင် စိတ်ဝင်စားနေမိသည်။

​ထိုစဉ် နားနေဆောင်၏ အလယ်၌ ခြောက်ထောင့်ကြယ် အစီအရင်တစ်ခု လင်းလက်လာပြီး ကျောင်းအုပ်ကြီး ရောက်ရှိလာ၏။ ကြောက်လန့်တကြား ဖြစ်နေသော ကျောင်းသား (နိုးထသူ) များကို ကျောင်းအုပ်ကြီးက အားပေးစကား ပြောကြားလိုက်သည်။

​"မင်းတို့က အခု ကျောင်းသားတွေ မဟုတ်တော့ဘူး.. ဖက်ဒရေးရှင်းရဲ့ အနာဂတ် 'နိုးထသူ' တွေ ဖြစ်သွားပြီ... အခု မင်းတို့ သွားရမယ့် ဒုတိယအဆင့်က ဓာတ်ကြီးလေးပါး တောင်ထိပ်ပဲ... အဲဒီမှာ ဓာတ်သဘာဝ နယ်မြေတွေရှိပြီး ရတနာတွေနဲ့ အခွင့်အရေးတွေ အများကြီး ရှိလိမ့်မယ်.. မင်းတို့ လုပ်ရမှာက သတ်မှတ်ထားတဲ့ အချိန်အတွင်း တောင်ထိပ်ကို ရောက်အောင် သွားဖို့ပဲ"

​ချက်ချင်းပင် မျှော်စင်ကြီးအတွင်း၌ အော်ဟစ်သံတစ်ခု ပဲ့တင်ထပ်သွားတော့သည်။

​[ မျှော်စင်အမှတ် ၁၀၅၊ ၁၀၆ နှင့် ၁၀၇ တို့ကို ပေါင်းစည်းလိုက်ပြီ ဖြစ်သည်။ အဆင့်သတ်မှတ်ချက်ဇယားများအားလုံးကိုလည်း ပေါင်းစည်းလိုက်ပြီ။ ]

​မျှော်စင် (၃) ခုမှ နိုးထသူများ တစ်နေရာတည်းတွင် စုဆုံသွားကြ၏။ လျူယန်သည် မျှော်စင် ၁၀၅ ၏ နံပါတ် (၁) ဖြစ်ပြီး၊ မျှော်စင် ၁၀၆ ၏ နံပါတ် (၁) မှာ သူ၏ အိမ်နီးချင်းညီမလေး ချူလုံ ဖြစ်နေသည်ကို တွေ့ရသဖြင့် အံ့အားသင့်ကာ ဝမ်းသာသွားမိသည်။ သို့သော် မျှော်စင် ၁၀၇ ၏ နံပါတ် (၁) ဖြစ်သူ ဆန်းရန်ကိုမူ သူ မသိပေ။

​ထိုအချိန်တွင် လူအုပ်ကြား၌ လျူယန်ကို မုန်းတီးစွာ ကြည့်နေသူတစ်ဦး ရှိနေ၏။ သူသည် လျူယန်ကြောင့် နံပါတ် (၁) နေရာကို ဆုံးရှုံးသွားရသူ ဆန်းယီပင် ဖြစ်သည်။ ဆန်းယီသည် လျူယန်မှာ ကံကောင်း၍သာ ထိပ်ဆုံးရောက်နေသည်ဟု ထင်မြင်နေပြီး မျှော်စင် ၁၀၇ မှ သူ၏အစ်ကို ဆန်းရန်နှင့် ပူးပေါင်းကာ လျူယန်ကို ဒုတိယအဆင့်တွင် လက်စားချေရန် ကြံစည်နေတော့သည်။

​"လျူယန်... မင်း ငါ့ဆီက လုယူသွားတာတွေကို အားလုံး ပြန်အန်ထုတ်စေရမယ်"

ဆန်းယီက စိတ်ထဲမှ ကြိမ်းဝါးနေ၏။

​လျူယန်သည် ချူလုံကို လူအုပ်ကြားတွင် ရှာတွေ့လိုက်သော်လည်း စကားပြောရန် အချိန်မရလိုက်ဘဲ ဒုတိယအဆင့်သို့ ပို့ဆောင်မည့် အစီအရင်က စတင် အလုပ်လုပ်သွားလေသည်။

​သက်တန့်ရောင်အလင်းတန်းများ မှေးမှိန်သွားပြီးနောက် နိုးထသူများ၏ ရှေ့မှောက်တွင် တိမ်တိုက်များကို ထိုးဖောက်လျက် တည်ရှိနေသော ဧရာမတောင်တန်းကြီးများ ပေါ်လာတော့သည်။ ၎င်းတောင်တန်းများမှာ တစ်ခုနှင့်တစ်ခု မတူညီဘဲ အချို့မှာ စိမ်းလန်းစိုပြေနေပြီး၊ အချို့မှာ မီးတောင်ကျောက်များဖြင့် ပြည့်နှက်နေကာ၊ အချို့မှာမူ ဆီးနှင်းများ ဖုံးလွှမ်းနေ၏။

​"ဒါ ဓာတ်ကြီးလေးပါး တောင်ထိပ်လား.. တကယ့်ကို ထူးဆန်းအံ့ဩဖို့ ကောင်းတာပဲ"

​နိုးထသူများမှာ စိတ်လှုပ်ရှားစွာ ရေရွတ်နေကြသော်လည်း လျူယန်ကမူ အချိန်မဖြုန်းပေ။ သူသည် ဟင်းလင်းပြင်လက်စွပ်ထဲရှိ သူ၏သားရဲအဖော် ဝံပုလွေလေး 'ဒရင်းမ်' ထံမှ ပြင်းထန်သော တိုက်ပွဲဝင်လိုစိတ်ကို အာရုံခံမိလိုက်သည်။ 'ဒရင်းမ်' သည် တောင်ထိပ်သို့ အရောက်သွားရန် အလွန်ဆန္ဒစောနေပြီး ထိုနေရာတွင် သူ့အတွက် ဆွဲဆောင်မှုရှိသော အရာတစ်ခုခု ရှိနေပုံရ၏။

​လျူယန်သည် သူ၏ [လျှပ်စီးခြေလှမ်း] စွမ်းရည်ကို အသက်သွင်းကာ တောင်ပေါ်သို့ တစ်ရှိန်ထိုး ပြေးတက်သွားတော့သည်။ သူ၏ ကြောက်မက်ဖွယ်ကောင်းသော လျင်မြန်မှုနှုန်းကြောင့် အခြားနိုးထသူများမှာ လျူယန်၏ ကျောပြင်ကိုပင် မမြင်လိုက်ရဘဲ အဝေးတွင် ကျန်ရစ်ခဲ့ကြ၏။

​"ဟေ့... အဲဒါ ဘယ်သူလဲ... မိစ္ဆာတစ်ကောင်လား... ဒီလောက်မြန်ရတာ"

​လျူယန် ပြေးတက်နေသော တောင်မှာ မီးဓာတ်ကြီးစိုးသော တောင်ဖြစ်၏။ သူသည် လမ်းခရီးတစ်လျှောက်တွင် တွေ့သမျှ အဆင့် (၂) နှင့် အဆင့် (၃) သားရဲများကို သူ၏ လေးပစ်စွမ်းရည်များဖြစ်သော [ငြိမ်သက်စွာ ပစ်ခတ်ခြင်း] နှင့် [တိကျစွာ ပစ်ခတ်ခြင်း] တို့ဖြင့် အလွယ်တကူ သုတ်သင်ကာ 'နတ်ဘုရားအဆင့် ထုတ်ယူခြင်း' ကို အသုံးပြု၍ အဆင့်အတန်းအမှတ် များကို တစ်စက်ချင်း စုဆောင်းလာခဲ့သည်။

​[ အဆင့် (၃) သားရဲအလောင်းထံမှ ထုတ်ယူခြင်း အောင်မြင်ပါသည်။ ခံနိုင်ရည် +၂၁၊ လျင်မြန်မှု +၁၈၊ စိတ်ဝိညာဉ် +၁၅ ရရှိသည်! ]

​မကြာမီမှာပင် လျူယန်သည် တောင်ထိပ်သို့ ရောက်ရှိသွားတော့သည်။ ထိုနေရာတွင် သူသည် တောင်စောင့်သားရဲကြီးဖြစ်သော မီးချီလင်နှင့် ရင်ဆိုင်လိုက်ရ၏။

​[ မီးချီလင် ]

​အဆင့်: ၈

​အလားအလာ: S-အဆင့်

​အဆင့် (၈) ရှိသော S-အဆင့် သားရဲကြီးကို မြင်လိုက်ရသဖြင့် လျူယန် အံ့အားသင့်သွားမိသည်။ ၎င်းသည် လူအများအပြားစာခန့် ကြီးမားပြီး မီးတောက်များဖြင့် ဖုံးလွှမ်းနေ၏။ တောင်ထိပ်မှာ ကွင်းပြင်အတိ ဖြစ်နေသဖြင့် လျူယန်အတွက် ပုန်းကွယ်ရန် နေရာမရှိပေ။

​မီးချီလင်ကြီးမှာ လျူယန်ထံသို့ လျှပ်စီးပမာ ခုန်အုပ်လာတော့သည်။ လျူယန်သည် အချိန်မရှိတော့သဖြင့် လေးကို သိမ်းကာ ဓားမြှောင်ကို ထုတ်လိုက်ပြီး 'ခွန်အားမြှင့်တင်ခြင်း'ကို အသက်သွင်းကာ (၃) ဆသော ခွန်အားဖြင့် မိစ္ဆာအသွင်သို့ ဝင်ရောက်လိုက်သည်။

​သူသည် [လျှပ်စီးခြေလှမ်း] နှင့် [စိတ်ဝိညာဉ်အမြင်အာရုံ] တို့ကို ပေါင်းစပ်ကာ မီးချီလင်၏ တိုက်ခိုက်မှုများကို ကျွမ်းကျင်စွာ ရှောင်တိမ်းရင်း ၎င်း၏ အားနည်းချက်ကို ပစ်မှတ်ထားကာ ဓားဖြင့် အစွမ်းကုန် ထိုးနှက်လိုက်လေတော့သည်။

​အခန်း (၁၆) - နတ်ဘုရားအဆင့် ထုတ်ယူခြင်းဖြင့် ပထမဆုံး A-အဆင့် စွမ်းရည်ကို ရရှိခြင်း

​လျူယန်သည် သူ၏ ဓားမြှောင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ပြီး သားရဲကြီး၏ အားနည်းချက်ကို အားကုန် ထိုးနှက်လိုက်၏။ သို့သော် "ဒုန်း" ခနဲ အသံနှင့်အတူ ဓားမှာ လွင့်ထွက်သွားပြီး မီးချီလင်မှာမူ အနာအဆာမျှပင် မရှိချေ။

​သူသည် [လျှပ်စီးခြေလှမ်း] ကို အသုံးပြု၍ အမြန် နောက်ဆုတ်လိုက်ရသည်။ မီးချီလင်၏ အကြေးခွံများမှာ မယုံနိုင်လောက်အောင် ထူထဲလှ၏။ သူ၏ ကြီးမားလှသော ခွန်အားနှင့် (၃) ဆသော 'ခွန်အားမြှင့်တင်ခြင်း' အာနိသင်ဖြင့်ပင် ၎င်းကို မဖောက်ထွင်းနိုင်ချေ။ ဤသည်မှာ လျူယန်၏ အားနည်းချက်ဖြစ်သော 'အနီးကပ်တိုက်ခိုက်မှု' ကို ပေါ်လွင်စေခဲ့သည်။

​လျူယန်သည် အရှိန်ကို အသုံးချကာ ရှောင်တိမ်းနေသော်လည်း တန်ပြန်တိုက်စစ်ဆင်ရန် အခွင့်မသာဘဲ ဖြစ်နေစဉ်မှာပင် ဟင်းလင်းပြင်လက်စွပ်ထဲရှိ ဝံပုလွေလေး 'အရိပ်'(အရိပ်ဖြစ်သွားပြန်ပြီ) ၏ ဆန္ဒကို အာရုံခံမိလိုက်သည်။ အရိပ်​လေးသည် အပြင်ထွက်၍ ကူညီတိုက်ခိုက်ပေးချင်နေခြင်းပင်။

​လျူယန်သည် အခြေအနေမဟန်တော့သဖြင့် 'အရိပ်' ကို ဆင့်ခေါ်ထုတ်လွှတ်လိုက်၏။ ဝံပုလွေပေါက်လေးမှာ မီးချီလင်နှင့်ယှဉ်လျှင် အလွန်သေးငယ်သော်လည်း မီးချီလင်ကြီးမှာ 'အရိပ်' ကို မြင်သည်နှင့် ကြောက်လန့်တကြား ထွက်ပြေးရန် ကြိုးစားတော့သည်။ အရိပ်သည် မီးချီလင်ကို အမိအရ ဟန့်တားပေးထားသဖြင့် လျူယန်အတွက် လေးပစ်ရန် အခွင့်အရေး ရသွားတော့၏။

​လျူယန်သည် ချက်ချင်းပင် 'သားရဲတစ်သောင်းလေး' ကို ထုတ်ယူကာ 'အဆိပ်ထိန်းချုပ်ခြင်း' နှင့် 'ခွန်အားမြှင့်တင်ခြင်း' တို့ကို ပေါင်းစပ်ပြီး မြားချက်များကို တရစပ် ပစ်ခတ်တော့သည်။ ထို့နောက် [မြူမှောင်]စွမ်းရည်ကိုပါ ထုတ်ဖော်လိုက်ရာ မီချီလင်မှာ မြူများကြားတွင် လမ်းပျောက်ကာ လျူယန်၏ မြားချက်များကို မရှောင်နိုင်ဘဲ နောက်ဆုံးတွင် လဲကျသေဆုံးသွားလေတော့သည်။

​[ တိုက်ပွဲအနိုင်ရမှုအတွက် ဂုဏ်ယူပါသည်။ အတွေ့အကြုံမှတ် (EXP) ၄၈၀ ရရှိပါသည်! ]

​အဆင့် (၈) တောင်စောင့်သားရဲကြီးမှာ လျူယန်ကို အတွေ့အကြုံမှတ် အမြောက်အမြား ပေးအပ်ခဲ့ရာ သူသည် အဆင့် (၅) သို့ ရောက်ရန် တစ်ဝက်နီးပါး လိုတော့သည်။ လျူယန်သည် မီးချီလင် စောင့်ကြပ်နေသော အဖိုးတန်ရတနာ 'မီးတောက်ကျောက်'ကို ကောက်ယူလိုက်၏။ ၎င်းမှာ A-အဆင့်ရှိသော်လည်း အသုံးပြုရန် ခဲယဉ်းလှသဖြင့် လျူယန်သည် ၎င်းအပေါ် 'နတ်ဘုရားအဆင့် ထုတ်ယူခြင်း' ကို တိုက်ရိုက် အသုံးပြုလိုက်သည်။

​[ မီးတောက်ကျောက်ထံမှ ထုတ်ယူခြင်း အောင်မြင်ပါသည်။ A-အဆင့်စွမ်းရည် 'မီးတောက်ထိန်းချုပ်ခြင်း'ကို ရရှိပါသည်! ]

​[ မီးတောက်ထိန်းချုပ်ခြင်း ]

​အဆင့်: A

​အာနိသင်: ပြင်းထန်သော မီးတောက်များကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ပြီး ကြီးမားသော ပျက်စီးမှုကို ပေးစွမ်းနိုင်သည်။ ထို့ပြင် မီးဒဏ်ခံနိုင်ရည်ကိုလည်း အဆမတန် မြှင့်တင်ပေးသည်။

​လျူယန်က လက်ချောင်းကို အသာဝှေ့ယမ်းလိုက်ရာ လက်သည်းခွံခန့်ရှိသော မီးတောက်လေးမှာ ချက်ချင်းပင် (၂) မီတာခန့်ကြီးသော မီးလုံးကြီးအဖြစ် ပြောင်းလဲသွားသဖြင့် သူကိုယ်တိုင်ပင် အံ့ဩသွားရသည်။ ဤသည်မှာ သူ၏ ပထမဆုံးသော A-အဆင့် စွမ်းရည် ပင် ဖြစ်တော့သည်။

​လျူယန်သည် မီးချီလင်၏ အလောင်းကို ထုတ်ယူရန် ပြင်လိုက်စဉ်မှာပင် 'အရိပ်' က ထိုအလောင်းကို စားသုံးချင်နေသည့် ပြင်းပြသော ဆန္ဒကို အာရုံခံမိလိုက်ပြန်သည်။

​မီးချီလင်၏ အသားကို စားသုံးခြင်းဖြင့် အရိပ်၏ အင်အားမှာ တိုးတက်လာနိုင်သလော။ လျူယန်သည် တွေးတောနေခြင်းမရှိဘဲ ဝံပုလွေလေးကို လွှတ်ပေးလိုက်ရာ ၎င်းမှာ မီးချီလင်အလောင်းကို အငမ်းမရ ဝါးမြိုတော့သည်။

​လျူယန်သည် 'နတ်ဘုရားအဆင့် ထုတ်ယူခြင်း' ကို မိမိကိုယ်တိုင်အတွက် အသုံးမပြုတော့ဘဲ အရိပ်လေးကိုသာ ပေးကမ်းလိုက်၏။ အကြောင်းမှာ အရိပ်လေးသည် သူ၏ အားနည်းချက်ဖြစ်သော အနီးကပ်တိုက်ခိုက်မှုကို ဖြည့်ဆည်းပေးနိုင်မည့် အကောင်းဆုံး အဖော်ဖြစ်သောကြောင့်ပင်။

​ခေတ္တအကြာတွင် လျူယန်မှာ အံ့အားသင့်စွာဖြင့် ကြည့်နေစဉ်မှာပင် အရိပ်သည် မိမိထက် (၇) ဆ (၈) ဆခန့် ကြီးမားသော မီးချီလင်ကြီးကို တစ်စစီ အကုန်အစင် စားတော်ပွဲ တည်လိုက်လေသည်။ ထို့နောက် အရိပ်၏ ခန္ဓာကိုယ်မှ နီရဲသော အလင်းတန်းများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင် အပူချိန်မှာလည်း ရုတ်တရက် မြင့်တက်သွားတော့၏။ ၎င်းသည် ဆင့်ကဲပြောင်းလဲတော့မည် ဖြစ်သည်။

​နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာပြီးနောက် အရိပ်လေးသည် ပြန်လည်မတ်တပ်ရပ်လာသည့်အခါ ၎င်း၏ ကိုယ်ထည်မှာ လူတစ်ရပ်စာခန့်အထိ ကြီးမားသွားပြီး ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော မီးပြာတောက်များ လောင်မြိုက်နေတော့သည်။

​လျူယန်သည် ရှဲဒိုး၏ အချက်အလက်ကို ပြန်လည်စစ်ဆေးလိုက်ရာ -

​[ ငရဲအရိပ်ဝံပုလွေ ]

​အဆင့်: ၃

​အလားအလာ: S-အဆင့်

​အဆင့် (၃) သာ ရှိသေးသော်လည်း ၎င်း၏ အခြေခံအမှတ်များမှာ လျူယန်၏ အမှတ်များနှင့်ပင် နီးကပ်နေချေပြီ။ ဤသားရဲလေး၏ အင်အားမှာ အခြားသော နိုးထသူအားလုံးထက်ပင် သာလွန်နေနိုင်ကြောင်း လျူယန် သိမြင်လိုက်သည်။

​တစ်ဖက်တွင်မူ ဆန်းရန်နှင့် ဆန်းယီညီအစ်ကိုတို့သည် အခြားသော နိုးထသူများကို ဦးဆောင်၍ တောင်ပေါ်သို့ တက်လှမ်းနေကြသည်။ ဆန်းယီမှာ လျူယန်၏ မြန်နှုန်းကို မနာလိုဖြစ်နေသော်လည်း အစ်ကိုဖြစ်သူ ဆန်းရန်ကမူ လှောင်ပြောင်ပြောဆိုနေ၏။

"စိတ်မပူနဲ့... တောင်ထိပ်မှာ အရမ်းအစွမ်းထက်တဲ့ တောင်စောင့်သားရဲကြီး ရှိတယ်... လျူယန် အရင်ရောက်သွားတာက သူ့ကိုယ်သူ သေတွင်းထဲ ပို့လိုက်တာပဲ"

​ဆန်းရန်သည် တောင်ထိပ်မှ ပြင်းထန်သော သားရဲအရှိန်အဝါတစ်ခုကို အာရုံခံမိလိုက်ပြီး ၎င်းမှာ ဆင့်ကဲပြောင်းလဲသွားသော သားရဲတစ်ကောင်ဖြစ်ကြောင်း သိလိုက်သည်။ ၎င်းသည် သူ၏ A-အဆင့် 'သားရဲထိန်းချုပ်ခြင်း' စွမ်းရည်အတွက် အကောင်းဆုံး သားရဲဖြစ်မည်ဟု ဆုံးဖြတ်ကာ အားလုံးကို ရပ်တန့်စေလိုက်သည်။

​"မျှော်စင် ၁၀၇ က လူတွေ သိကြတဲ့အတိုင်း ငါက အဆင့် (၁) ရခဲ့သူ ဖြစ်သလို အဆင့်မြင့်နိုးထသူလည်း ဖြစ်တယ်... ငါ့နောက်ကို လိုက်မယ်ဆိုရင် မင်းတို့ အသက်ရှင်ဖို့ အခွင့်အရေး ပိုများလိမ့်မယ်"

​ဆန်းရန်၏ A-အဆင့် စွမ်းရည်အကြောင်းကို ကြားလိုက်ရသောအခါ ကျန်ရှိနေသော နိုးထသူများမှာ အံ့အားသင့်သွားကြပြီး သူ့ကို အားကိုးတကြီး ကြည့်လိုက်ကြလေတော့သည်။

All Chapters