← Chapters

အခန်း (၂၀၈၁-၂၀၈၃)

Vol. 129 Ch. 2081-2083

အခန်း (၂၀၈၁-၂၀၈၃)

Vol. 129 Ch. 2081-2083

အခန်း (၂၀၈၁) ဘေးဒုက္ခ ကျရောက်ခြင်း၊ ဒေါသထွက်နေသော ထိုက်ချန်း

“ထိုက်ချန်း၊ ဒါ ထိုက်ချန်းပဲ။ သူ မသေသေးဘူး”

အဝေး၌ မျက်နှာမဲ့လူ၏ စိတ်နှလုံးမှာ တုန်လှုပ်သွားခဲ့ရကာ တစ်ကိုယ်လုံး အေးစိမ့်သွားပြီး အသက်ရှူသံပင် ရပ်တန့်တော့မည့်အလား ရှိနေပေသည်။

အဝေးဆီမှ သူ၏ စိတ်နှလုံးအတွင်းမှ အသံကို ပြန်လည် တုံ့ပြန်လိုက်သည့်အလား၊ ဧရာမ ရွှေဝါရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းတစ်ခုမှာ ဟင်းလင်းပြင်ထဲ၌ ပေါ်ထွက်လာခဲ့ပေသည်။ အလင်းကွင်းအတွင်း၌မူ ဟင်းလင်းပြင်မှာ ပြိုလဲနေခဲ့ပြီး အလင်းရောင် တစ်ချက် လက်သွားသည်နှင့်အတူ ထိုက်ချန်းသည် ဆံနွယ်များ ဖရိုဖရဲ ဖြစ်နေလျက် အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်းအတွင်းမှ ရုတ်တရက် ထွက်ပေါ်လာခဲ့ပေတော့သည်။

သူ၏ကိုယ်ပေါ်၌မူ ထိုအမှတ်အသားတစ်ခုသဖွယ်ဖြစ်သော ငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း၊ မူလက ခန့်ညားလှသော ထိုငွေရောင်ဝတ်ရုံမှာ အချိန်အတော်ကြာကတည်းက စုတ်ပြတ်နေခဲ့ပြီဖြစ်ကာ ကိုယ်ပေါ်၌လည်း သွေးများ ပြည့်နှက်နေပေသည်။ သူ၏ ခန့်ညားထည်ဝါမှုနှင့် အေးဆေးတည်ငြိမ်မှုများမှာလည်း လုံးဝ ပျောက်ကွယ်နေခဲ့ပြီ ဖြစ်၏။

ထိုက်ချန်းတစ်ကိုယ်လုံးရှိ အရှိန်အဝါများမှာ ဖရိုဖရဲ ဖြစ်နေခဲ့ကာ သူ၏ရင်ဘတ်မှာပင် အနည်းငယ် ချိုင့်ဝင်နေပေသည်။ ခုနက ဧရာမ ပေါက်ကွဲမှုကြီးအတွင်း၌ ထိုက်ချန်းသည် များစွာကြီးမားလှသော ထိခိုက်မှုများကို ကြုံတွေ့ခဲ့ရခြင်းမှာ ထင်ရှားလှပေသည်။ သို့သော်လည်း သူသည် နောက်ဆုံးတွင် အသက်ရှင် ကျန်ရစ်ခဲ့ပေသည်။

“ရှူး…”

ထိုက်ချန်းက လက်ဝါးကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ ထိုရွှေရောင် လှံတိုလက်နက်မှာ စူးရှလှသော အသံနှင့်အတူ အထပ်ထပ်သော ဟင်းလင်းပြင်များကို ဖြတ်ကျော်လျက် သူ၏လက်အတွင်းသို့ ပြန်လည် ကျရောက်လာခဲ့ပေသည်။

ထိုက်ချန်းတစ်ကိုယ်လုံးမှာလည်း သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပြည့်နှက်နေခဲ့ကာ သူ၏အလွန်အမင်း အေးစိမ့်လှသော မျက်ဝန်းအစုံဖြင့် တစ်ဖက်ရှိ ဝမ်ချောင်ကို စူးစိုက်ကြည့်လိုက်ပေသည်။

“မင်းတို့ ထွက်ပြေးနိုင်မယ် ထင်နေတာလား”

ထိုက်ချန်းသည် သွားကို တင်းတင်းကြိတ်ကာ ဆိုလိုက်ပေသည်။ ထိုအေးစက်လှသော အသံမှာ မြေကမ္ဘာနှင့် ကောင်းကင်ယံ တစ်ခွင်လုံး၌ ပဲ့တင်ထပ်သွားခဲ့၏။

အခြားတစ်ဖက်၌မူ ဝမ်ချောင်၊ အိမ်မက် သားရဲနှင့် မျက်နှာမဲ့လူတို့မှာ အသက်ရှူသံပင် ရပ်တန့်တော့မည့်အလား ရှိနေကြပေသည်။

မသေသေးဘူး။

ဤမျှ ကြီးမားလှသော ပေါက်ကွဲမှု၊ ထိုမျှ ကြောက်မက်ဖွယ်ကောင်းလှသော ပျက်သုဉ်းခြင်း စွမ်းအင်များကြား၌ ဝမ်ချောင်၏တွက်ချက်မှုအရဆိုလျှင် မည်သူတစ်ဦးတစ်ယောက်မျှ အသက်ရှင် ကျန်ရစ်နိုင်စရာ အကြောင်းမရှိပေ။ သို့သော်လည်း သူ လုံးဝ ထင်မှတ်မထားခဲ့သည်မှာ ထိုက်ချန်းသည် အောင်မြင်စွာ အသက်ရှင် ကျန်ရစ်ခဲ့ရုံသာမက၊ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားကိုပင် ဆက်လက်၍ ထိန်းချုပ်နိုင်စွမ်း ရှိနေသေးခြင်းပင် ဖြစ်ပေသည်။

ထိုခဏ၌ ဝမ်ချောင်သည် စိတ်ထဲမှ အေးစိမ့်သွားကာ တစ်ကိုယ်လုံး ရေခဲတိုက်အတွင်းသို့ ကျရောက်သွားသကဲ့သို့ ခံစားလိုက်ရပေသည်။

“သွားကြစို့”

ဝမ်ချောင်၏တစ်ကိုယ်လုံး တင်းကျပ်နေခဲ့ကာ သူ၏ဦးနှောက်ထဲ၌ အတွေးတစ်ခုသာ ကျန်ရှိတော့ပေသည်။

ထိုက်ချန်း၏ အစွမ်းထက်ပုံမှာ သူ၏ခန့်မှန်းချက်များကို များစွာကျော်လွန်နေခဲ့ပြီဖြစ်ရာ တိုက်ခိုက်မည်ဆိုပါကလည်း သေချာပေါက် အနိုင်ရရန် မဖြစ်နိုင်ပေ။

ထိုက်ချန်းမှာ ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး အစွမ်းများ များစွာ ကျဆင်းနေသော်လည်း၊ ဝမ်ချောင်သည်လည်း ခုနက ပေါက်ကွဲမှုအတွင်း၌ အလားတူပင် ပြင်းထန်စွာ ဒဏ်ရာရရှိထားခြင်း ဖြစ်ပေသည်။ အထူးသဖြင့် ဝမ်ချောင်၏ ပထမရှန်ထိုက်မှာ ထိုက်ချန်း၏ ပြင်းထန်လှသော တိုက်ခိုက်မှုကို ခံစားထားရခြင်း ဖြစ်၏။

ထိုရွှေရောင်လှံမှာ မည်သည့် ပစ္စည်းဖြင့် တည်ဆောက်ထားသလဲ မသိရသော်လည်း၊ စွမ်းအားမှာ ယုံကြည်နိုင်လောက်အောင်ပင် ပြင်းထန်လှပေသည်။ ပထမ ရှန်ထိုက်ပင်လျှင် ခုခံနိုင်စွမ်း မရှိရာ၊ အခြားသော ရှန်ထိုက်များအတွက်မူ ပြောနေရန်ပင် မလိုတော့ပေ။

ဝမ်ချောင်၏ အစီအစဉ်မှာ အလုံးစုံ ပျက်ပြားသွားခဲ့ပြီ ဖြစ်ရာ အသက်ရှင် ကျန်ရစ်လိုပါက အမြန်ဆုံး ထွက်ပြေးရန်မှလွဲ၍ အခြားလမ်း မရှိတော့ပေ။

“မြန်မြန် သွားကြစို့”

“တစ်ယောက်တစ်လမ်းစီ ခွဲပြီး ထွက်ပြေးကြစမ်း”

ဝမ်ချောင်က အဝေးရှိ မျက်နှာမဲ့လူကို ကြည့်ကာ ပြတ်သားလှသော အသံဖြင့် အော်ဟစ်လိုက်ပေသည်။

ထိုက်ချန်းမှာ အလွန်အမင်း ကြောက်စရာ ကောင်းလှပေသည်။ လူလေးဦး အတူတူ ရှိနေပါက သေလမ်းသာ ရှိပေလိမ့်မည်။ ယခုကဲ့သို့ ခွဲပြီး ထွက်ပြေးမည်ဆိုလျှင် ထိုက်ချန်း၏ပစ်မှတ်မှာ မိမိသာ ဖြစ်သဖြင့် အနည်းဆုံးတော့ မျက်နှာမဲ့လူ အနေဖြင့် အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ပေလိမ့်မည်။

“ဝုန်းးးး”

ဝမ်ချောင်၏ ပထမရှန်ထိုက်သည် ပြင်းထန်လှသော နာကျင်မှုကို အတင်းအကျပ် အောင့်ထားလျက်၊ ဒုတိယနှင့် တတိယရှန်ထိုက်များကို လှမ်းဆွဲကာ မြေဓာတ် မြေလျှိုးခြင်း နတ်ဘုရားစွမ်းအားကို လျင်မြန်စွာ အသုံးပြုလိုက်ပေသည်။ မြေပြင်ပေါ်၌ လှိုင်းတွန့်များ ပေါ်ထွက်လာခဲ့ပြီး ရှန်ထိုက်သုံးခုလုံးမှာ အံ့အားသင့်ဖွယ် ကောင်းလှသော အရှိန်အဟုန်ဖြင့် မြေအောက်အနက်ရှိုင်းဆုံးဆီသို့ လျှိုးဝင်သွားခဲ့ကြပေတော့သည်။

ထိုက်ချန်း၏ ထိုလှံတိုချက်မှာ အလွန်ပင် ရက်စက်လှပေသည်။ ၎င်းမှာ သူ၏ ရှန်းကျုံးနေရာကို တိုက်ရိုက် ထိုးဖောက်သွားခြင်း ဖြစ်ရာ၊ အကယ်၍သာ သွေးသားခန္ဓာကိုယ်ဆိုပါက အချိန်အတော်ကြာကတည်းက သေဆုံးသွားခဲ့ပြီ ဖြစ်ပေသည်။

သို့သော်လည်း ရှေးဦးရှန်ထိုက်မှာ နှစ်ပေါင်း ထောင်ချီ၊ သောင်းချီအောင် စုစည်းမှုမှတစ်ဆင့် ဖြစ်ပေါ်လာသော မြေကမ္ဘာနှင့် ကောင်းကင်ယံ၏ ရတနာတစ်ခု ဖြစ်သဖြင့် ရှင်သန်နိုင်စွမ်းမှာ များစွာ ပြင်းထန်လှပေသည်။ သို့သော်လည်း ဝမ်ချောင်၏ ပထမ ရှန်ထိုက်မှာ များစွာသော ထိခိုက်မှုများကို ကြုံတွေ့ခဲ့ရသလို၊ ပထမ ရှန်ထိုက်ပေါ်၌ ကပ်ညှိထားသော ဝမ်ချောင်၏ အသိစိတ်နှင့် ဝိညာဉ်များမှာလည်း အလားတူပင် ပြင်းထန်စွာ ထိခိုက်ခဲ့ရပေသည်။

ဘေးတစ်ဖက်စီမှ မြေသားများမှာ ရေစီးကြောင်းကဲ့သို့ ကွဲအက်သွားခဲ့ကာ ဝမ်ချောင်၏ ပထမ ရှန်ထိုက်သည် အံ့အားသင့်ဖွယ် အရှိန်ဖြင့် မြေအောက်သို့ လျှိုးဝင်နေခဲ့ပြီး၊ ဒုတိယနှင့် တတိယ ရှန်ထိုက်များမှာမူ ၎င်းတို့၏ တစ်ကိုယ်လုံးရှိ ကျင့်စဉ်စွမ်းအားများကို ပထမ ရှန်ထိုက်၏ ကိုယ်အတွင်းသို့ အစွမ်းကုန် ထည့်သွင်းပေးလျက် ထွက်ပြေးရန်အတွက် ကူညီပေးနေကြပေသည်။

ဂူကောင်းကင်အဆင့်ရှိသော ပညာရှင်တို့အတွက်မူ၊ ကောင်းကင်နှင့် မြေပြင်မှာ သူတို့၏ ကမ္ဘာပင် ဖြစ်ပေသည်။ ဝမ်ချောင်မည်သို့ပင် ထွက်ပြေးပါစေ ထိုက်ချန်းထံမှ လွတ်မြောက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။

ဝမ်ချောင်အနေဖြင့် ထိုက်ချန်း၏ လက်အောက်မှ ထွက်ပြေးလွတ်မြောက်ရန်အတွက် တစ်ခုတည်းသော အခွင့်အရေးမှာ မြေအောက်ပင် ဖြစ်ပေသည်။ ယခုလက်ရှိ အခြေအနေအရ ကြည့်လျှင် ဟွမ်လုံနတ်မင်း၊ ထိုက်ရှီ သို့မဟုတ် ထိုက်ချန်းတို့ကဲ့သို့သော ထိုဂူဗိမာန်နတ်ဘုရားအဆင့် ပညာရှင်များသည် အစွမ်းထက်လှသော်လည်း၊ မည်သူမျှ မြေလျှိုးခြင်း နတ်ဘုရားစွမ်းအားကိုမူ ပိုင်ဆိုင်ထားကြခြင်း မရှိပေ။

“ဂူကောင်းကင်အဆင့်ပညာရှင်တစ်ဦးရဲ့ စိတ်ဝိညာဉ်စွမ်းအား လွှမ်းမိုးမှု နယ်ပယ်က မိုင်ပေါင်း တစ်ရာခန့် ရှိတာပဲ၊ ဒီနယ်ပယ်ကနေ လွတ်အောင် ထွက်ပြေးနိုင်ရင်တော့ ထိုက်ချန်းဘယ်လောက်ပဲ အစွမ်းထက်နေပါစေ ဘာမှ လုပ်နိုင်မှာ မဟုတ်တော့ဘူး”

ဝမ်ချောင်၏ ဦးရေပြားများ ထုံကျဉ်နေကာ နှလုံးခုန်သံများလည်း မြန်ဆန်နေပေသည်။ နောက်ကွယ်မှ ထိုက်ချန်း ယူဆောင်လာသော အန္တရာယ် အငွေ့အသက်များမှာ အရိုးထဲအထိ စိမ့်ဝင်နေကာ ဖယ်ထုတ်၍ မရနိုင်သော အရာတစ်ခုသဖွယ် ရှိနေပေသည်။

သူ၏ ယခုလက်ရှိ တစ်ခုတည်းသော မျှော်လင့်ချက်မှာ အထပ်ထပ်သော မြေကမ္ဘာ၏ အတားအဆီးများကို အသုံးပြုလျက်၊ ထိုက်ချန်းအနေဖြင့် မိမိကို အောင်မြင်စွာ မကိုင်တွယ်နိုင်စေရန်သာ ဖြစ်ပေသည်။

“ဝုန်း”

တစ်ချိန်တည်းမှာပင် ပြင်းထန်လှသော အန္တရာယ် အငွေ့အသက်တစ်ခုမှာ နောက်ကွယ်မှ ထွက်ပေါ်လာခဲ့ပေသည်။ အသေးစိတ် စဉ်းစားရန် အချိန်မရှိသဖြင့် ဝမ်ချောင်သည် သူ၏ကိုယ်ကို တစ်ချက် လှုပ်ရှားလိုက်ကာ လျှပ်စီးလက်သည့်အလား တိုတောင်းလှသော အချိန်အတွင်းမှာပင် အရပ်မျက်နှာကို ရုတ်တရက် ပြောင်းလဲလိုက်ပြီး၊ မြေအောက်၌ အကွေးပုံစံအတိုင်း အခြားသော အရပ်ဆီသို့ လျှိုးဝင်သွားခဲ့ပေသည်။

ဝမ်ချောင်အရပ်မျက်နှာ ပြောင်းလဲလိုက်သည့် တစ်ချိန်တည်းမှာပင်၊ ရွှေရောင် လှံတိုတစ်ချောင်းမှာ ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပေါ်ထွက်လာခဲ့ကာ ဝမ်ချောင်မူလရှိနေသော နေရာပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်လိုက်ပေသည်။ ပြင်းထန်လှသော ဂန်ချီများမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ မြေအောက်တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့ပေသည်။

အကယ်၍ ဝမ်ချောင်အနေဖြင့် တုံ့ပြန်မှု များစွာ မမြန်ဆန်ခဲ့ဘဲ အရေးကြီးသော အချိန်၌ ဤတိုက်ကွက်ကို မရှောင်တိမ်းနိုင်ခဲ့ပါက သူသည် သေချာပေါက် ပြင်းထန်စွာ ဒဏ်ရာရရှိသွားပေလိမ့်မည်။

“ရှူး”

တိုက်ကွက် လွဲချော်သွားသည်နှင့်အမျှ၊ ရွှေရောင် လှံတို၏ ပတ်ဝန်းကျင်၌ လက်ဖဝါးအရွယ်အစားခန့်ရှိသော အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းတစ်ခုမှာ ဟင်းလင်းပြင်ထဲ၌ ပေါ်ထွက်လာခဲ့ကာ ခေတ္တမျှ တုန်ခါသွားပြီးနောက်၊ ထိုရွှေရောင် လှံတိုမှာ ၎င်းအတွင်းသို့ တိုးဝင်ကာ ပျောက်ကွယ်သွားခဲ့ပေတော့သည်။

အချိန်နှင့် ဟင်းလင်းပြင် စွမ်းအား..

ဝမ်ချောင်သည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ စိတ်ထဲမှ ထိတ်လန့်သွားခဲ့ရသည်။ သူသည် ထိုက်ချန်းအနေဖြင့် ထိုဖျက်ဆီး၍ မရနိုင်သော ရွှေရောင် လှံတိုကို အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများနှင့် ပေါင်းစပ်လျက်၊ မြေကမ္ဘာ၏ အတားအဆီးများကို ကျော်ဖြတ်ကာ မိမိအား တိုက်ရိုက် တိုက်ခိုက်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားမှာမူ ကာကွယ်ရန် များစွာ ခက်ခဲလှပေသည်။ ဤသို့ဆိုလျှင် ဝမ်ချောင်အနေဖြင့် မြေအောက်သို့ လျှိုးဝင်နေသည့်တိုင်အောင်၊ ထိုက်ချန်း၏ ရွှေရောင် လှံတိုမှာမူ မည်သည့် အတားအဆီးမျှ မရှိဘဲ သူ့အား ဆက်လက်၍ တိုက်ခိုက်နိုင်မည် ဖြစ်ပေသည်။

“ဝုန်း”

တွေးတောနေစဉ်မှာပင် နောက်ထပ် ပြင်းထန်လှသော အန္တရာယ် အငွေ့အသက်တစ်ခုမှာ စိတ်ထဲ၌ ဖြစ်ပေါ်လာပြန်သည်။ ဝမ်ချောင်၏ စိတ်ထဲ၌ တင်းကျပ်သွားခဲ့ကာ ချက်ချင်းပင် အရပ်မျက်နှာကို ထပ်မံပြောင်းလဲလိုက်ပြီး အောက်ဘက်စောင်းသို့ လျှိုးဝင်သွားခဲ့ပေသည်။

သူ မူလရပ်နေသော နေရာ၌မူ ရွှေရောင် လှံတိုမှာ တစ်ဖန် ပြန်လည် ပေါ်ထွက်လာခဲ့ကာ ဝမ်ချောင်အား ထပ်မံတိုက်ခိုက်ခဲ့ပြန်ပေသည်။ ယခုတစ်ကြိမ် စွမ်းအားမှာ အရင်ကထက်ပင် ပိုမိုကြီးမားလှကာ ပြင်းထန်လှသော ပေါက်ကွဲမှုများနှင့်အတူ ပတ်ဝန်းကျင် ပေပေါင်း ရာနှင့်ချီသော နေရာအတွင်းရှိ မြေလွှာများမှာ သက်ရောက်မှုများ ကြုံတွေ့ခဲ့ရကာ တစ်ခုပြီးတစ်ခု ပြိုလဲပျက်စီးကုန်လျက်၊ လှံတို တည်ရှိရာ နေရာဆီသို့ ပြိုကျသွားခဲ့ပေတော့သည်။

“ဝုန်းးးး”

ရွှေရောင် သေးငယ်လှသော အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်း တစ်ခု လက်သွားခဲ့ကာ ထိုရွှေရောင်လှံတိုမှာ တစ်ချက်ခုန်တက်လိုက်ပြီး ၎င်းအတွင်းသို့ တစ်ဖန် ပြန်လည် တိုးဝင်လျက် ပျောက်ကွယ်သွားခဲ့ပြန်ပေသည်။

ဤခဏ၌မူ မြေပြင်ပေါ်တွင် ထိုက်ချန်းသည် လက်ဝါးကို ဖြန့်ကျက်လိုက်ရာ အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်း တစ်ခုမှာ သူ၏ရှေ့မှောက်၌ လက်သွားခဲ့ပြီးနောက်၊ ထိုအစွမ်းထက်လှသော ရွှေရောင် လှံတိုမှာ သူ၏ လက်အတွင်းသို့ တစ်ဖန် ပြန်လည် ကျရောက်လာခဲ့ပေသည်။

တိုက်ခိုက်မှု နှစ်ကြိမ်လုံးမှာ ဝမ်ချောင်က အပြည့်အဝ ရှောင်တိမ်းနိုင်ခဲ့သော်လည်း၊ ထိုက်ချန်းမှာမူ အမူအရာ အေးစက်နေဆဲဖြစ်ကာ မည်သည့် လှုပ်ခတ်မှုမျှ ရှိမနေသကဲ့သို့ စိတ်ဓာတ်ကျခြင်းမျိုးလည်း မရှိပေ။

အလင်းရောင် တစ်ချက် လက်သွားခဲ့ကာ သူသည် ခြေတစ်လှမ်းတည်းဖြင့် ပေပေါင်း ရာနှင့်ချီသော အကွာအဝေးသို့ ရောက်ရှိသွားခဲ့ပြီး ဟင်းလင်းပြင်ထဲ၌ ဧရာမ အကွေးပုံစံတစ်ခုကို ရေးဆွဲလိုက်သည့်အလား၊ ဝမ်ချောင်မြေလျှိုးခြင်း နတ်ဘုရားစွမ်းအားကို အသုံးပြုလျက် နောက်ဆုံး ပျောက်ကွယ်သွားခဲ့သော နေရာပေါ်သို့ ချက်ချင်းပင် ကျရောက်သွားခဲ့ပေတော့သည်။

“ဟင်း ထွက်လာခဲ့စမ်း မင်းတို့ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး”

ထိုက်ချန်း၏အကြည့်မှာ ရက်စက်လှပေသည်။ သူသည် ကိုယ်ကို အနည်းငယ် ငုံ့လိုက်ကာ မျက်ဝန်းအတွင်းမှ အေးစိမ့်လှသော အလင်းတန်းများ လှုပ်ခတ်သွားလျက်၊ တစ်ချိန်တည်းမှာပင် လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်ကာ မြေအောက်ဆီသို့ ပြင်းထန်စွာ ဖမ်းဆုပ်လိုက်ပေသည်။

“ဝုန်း ဝုန်း ဝုန်း”

ခဏချင်းမှာပင် မြေပြင်ကြီးမှာ တုန်ခါလာခဲ့ကာ ထိုက်ချန်းကို ဗဟိုပြုလျက် ပတ်ဝန်းကျင် ပေပေါင်း ထောင်နှင့်ချီသော နေရာအတွင်းရှိ မြေပြင်မှာ ပြင်းထန်စွာ တုန်ယင်လာခဲ့ပေသည်။ ရွှေဝါရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများမှာ လျင်မြန်စွာ ပြန့်နှံ့သွားခဲ့ကြပြီး မြေအောက်အနက်ပိုင်းဆီသို့ စိမ့်ဝင်သွားခဲ့ကြပေတော့သည်။

တစ်ချိန်တည်းမှာပင် မြေအောက်အနက်ရှိုင်းဆုံး၌၊ ဝမ်ချောင်သည် မြေအောက်အောက်ခြေဆီသို့ အရှိန်အဟုန်ဖြင့် လျှိုးဝင်နေစဉ်အတွင်း၊ ရုတ်တရက်ဆိုသလို ပတ်ဝန်းကျင်၌ ရွှေရောင် အလင်းတန်းများ လက်သွားခဲ့ကာ မူလကရေစီးကြောင်းအလား ရှိနေသော မြေသားများမှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် သံမဏိကဲ့သို့ မာကျောသွားခဲ့ရပြီး၊ တစ်ချိန်တည်းမှာပင် ရွှေဝါရောင် ဧရာမ အဝိုင်းကြီးတစ်ခုမှာ ဝမ်ချောင်၏ ရှန်ထိုက် သုံးခုလုံးကို အလယ်ဗဟို၌ မြဲမြံစွာ ဝိုင်းပတ် ချုပ်နှောင်လိုက်ပေတော့သည်။

“မကောင်းတော့ဘူး”

ဤအပြောင်းအလဲကို ခံစားသိရှိလိုက်ရသည့်ခဏ၌ ဝမ်ချောင်၏ မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွားခဲ့ရ၏။

သူသည် အလိုအလျောက်ပင် ကိုယ်အတွင်းရှိ ဂန်ချီများကို ပေါက်ကွဲစေလျက် ချုပ်နှောင်မှုများမှ ရုန်းထွက်ရန် ကြိုးစားခဲ့သော်လည်း၊ အရာရာမှာ နောက်ကျသွားခဲ့ပြီ ဖြစ်ပေသည်။

ဝုန်း… ကောင်းကင်တုန်ဟိန်းစေသော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ကြီးမားလှသော စွမ်းအားတစ်ခုမှာ ဝမ်ချောင်၏ ကိုယ်ပွား သုံးခုလုံးကို အတင်းအကျပ် ဆွဲယူလိုက်ရာ မြေပြင်ပေါ်သို့ လျင်မြန်စွာ ပျံတက်သွားခဲ့ရပေတော့သည်။

“ထွက်လာခဲ့စမ်း”

ထိုက်ချန်း၏ အရိုးထဲအထိ အေးစိမ့်လှသောအသံမှာ ရုတ်တရက် ထွက်ပေါ်လာခဲ့ပေသည်။ ထိုအသံမှာ ဟိန်းထွက်နေကာ နားဘေး၌ပင် ရှိနေသကဲ့သို့ ခံစားရပေသည်။

ထိုအသံနှင့်အတူ မူလက မှောင်မိုက်နေသော မြေအောက်မှာ ခဏချင်းမှာပင် ပျောက်ကွယ်သွားခဲ့ကာ နှင်းပွင့်လေးများမှာ ကောင်းကင်မှနေ၍ လွင့်ကျလာနေကြပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝမ်ချောင်၏ ကိုယ်ပွား သုံးခုလုံးမှာ မြေပြင်ပေါ်သို့ တစ်ပြိုင်တည်း ပေါ်ထွက်လာခဲ့ကြပေပြီ။

၎င်းတို့၏ရှေ့မှောက်၌မူ ထိုက်ချန်း၏ ရင်းနှီးလှသော ပုံရိပ်မှာ မလှုပ်မယှက် ရှိနေသော တောင်စဉ်တောင်တန်း တစ်ခုအလား ဝမ်ချောင်၏ရှေ့၌ ခံ့ညားစွာ ရပ်တည်နေပေသည်။

ထိုခဏ၌ ဝမ်ချောင်၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရကာ သူ၏ နှလုံးသားမှာရေအောက်ခြေသို့ နစ်မြုပ်သွားသကဲ့သို့ ရှိနေပေတော့သည်။

အချိန်နှင့် ဟင်းလင်းပြင် ကွဲအက်ခြင်း။

ထိုက်ချန်း၏အကြည့်မှာ ရက်စက်သွားကာ သူ၏ လက်ချောင်းငါးချောင်းကို ဖြန့်ကျက်လိုက်ပေသည်။ အချိန်နှင့် ဟင်းလင်းပြင်မှာ တုန်ခါသွားခဲ့ပြီး ရွှေရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများမှာ ခဏချင်းမှာပင် ပေါက်ကွဲထွက်ပေါ်လာခဲ့ကာ ဝမ်ချောင်တို့အပေါ်သို့ လွှမ်းခြုံသွားခဲ့ပေသည်။

“လက်နှက်ချကြစမ်း”

ထိုကြောက်မက်ဖွယ်ကောင်းလှသော အန္တရာယ်အငွေ့အသက်မှာ အထွတ်အထိပ်သို့ ရောက်ရှိနေသဖြင့်၊ ဤခဏ၌ ဝမ်ချောင်သည် အခြားသောအရာများကို ဂရုမစိုက်နိုင်တော့ဘဲ၊ ကိုယ်ပွား သုံးခုလုံးမှာ တစ်ပြိုင်တည်း ပျံတက်သွားခဲ့ကြကာ အရိပ်နတ်ဆိုး ကိုယ်ဖျောက်အတတ်ကို အစွမ်းကုန် အသုံးပြုလျက်၊ ထိုက်ချန်း၏ အန္တရာယ်ရှိလှသော အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများကို ရှောင်တိမ်းရင်း၊ ထိုက်ချန်းဆီသို့ အင်အားရှိသမျှ ပြန်လည် တိုက်ခိုက်လိုက်ကြပေတော့သည်။

မဟာ ပျက်သုဉ်းခြင်း အတတ်ပညာ။

မဟာလော့၏ သတ်ဖြတ်ခြင်း။

လောကနှင့် နတ်ဘုရားများအား ချေမှုန်းခြင်း

……

ပြင်းထန်လှသော တိုက်ကွက်များမှာ တောင်ပြိုခြင်းနှင့် ပင်လယ်လှိုင်းတံပိုးများအလား ဝမ်ချောင်၏ ရှန်ထိုက် သုံးခုလုံး၏ ကိုယ်အတွင်းမှနေ၍ ပေါက်ကွဲထွက်ပေါ်လာခဲ့ပေသည်။ အထူးသဖြင့် နောက်ဆုံးတိုက်ကွက်မှာ ပိုမို၍ထက်မြက်လှကာ ပြိုင်ဘက်ကင်းလှပေသည်။ ၎င်းမှာ အမှန်တကယ်တော့ စုကျန်းချန်က ဝမ်ချောင်အား သင်ကြားပေးခဲ့သော လောကနှင့် နတ်ဘုရားများအား ချေမှုန်းခြင်း ဖြစ်ကာ ယခုအခါတွင် ဒုတိယ ရှန်ထိုက်က ပေါက်ကွဲထုတ်ဖော်လိုက်ခြင်းပင် ဖြစ်ပေသည်။

“ဝုန်း”

ဝမ်ချောင်၏ မုန်တိုင်းအလား ပြင်းထန်လှသော တိုက်ခိုက်မှုများမှာ ထိုအချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများနှင့် ရိုက်ခတ်မိသွားသည့်အခါ၊ မူလက အလွန်အမင်း ခိုင်မာလှသော အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများမှာ ချက်ချင်းပင် အလင်းရောင်များ မှေးမှိန်သွားခဲ့ကာ ပြင်းထန်စွာ တုန်ခါလာခဲ့ပေသည်။

“အရာ ထင်နေပြီ”

ဝမ်ချောင်သည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ စိတ်ထဲမှ များစွာဝမ်းမြောက်သွားခဲ့ရပေသည်။

အကယ်၍သာ အရင်က ထိုက်ချန်းဆိုပါက လူတိုင်း၏ တိုက်ခိုက်မှုမှာ သူ့အပေါ် မည်သည့် သက်ရောက်မှုမျှ ရှိလိမ့်မည် မဟုတ်သော်လည်း၊ ယခုအခါတွင်မူ ဝမ်ချောင်၏ တိုက်ခိုက်မှုမှာ ထိုအချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများ၏ တားဆီးခြင်းကို ခံလိုက်ရသည့်တိုင်အောင်၊ ထိုအလင်းကွင်းများမှာ တုန်ခါနေကာ သိသိသာသာပင် အလွန်အမင်း မတည်မငြိမ် ဖြစ်နေခြင်းမှာ ထိုက်ချန်း၏ဒဏ်ရာမှာ မိမိထင်မှတ်ထားသည်ထက် များစွာပိုမိုဆိုးရွားနေကြောင်း သက်သေပြနေခြင်းပင် ဖြစ်ပေသည်။ အနည်းဆုံးတော့ သူတို့အနေဖြင့် ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိနေဆဲ ဖြစ်ပေသည်။

“လူရွှင်တော်တွေပဲ”

ထိုက်ချန်း၏ အေးစက်တည်ငြိမ်သော အသံမှာ နားဘေးမှ ထွက်ပေါ်လာခဲ့ပေသည်။ သူ၏ အသံမဆုံးသေးမီမှာပင် သူ၏လက်ချောင်းငါးချောင်းကို လှုပ်ရှားလိုက်ရာ၊ ကောင်းကင်ပြည့်နှက်နေသော အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများမှာ ဝမ်ချောင်တို့အပေါ်သို့ လွှမ်းခြုံသွားခဲ့ပြီး သူတို့အား အမြစ်ပြတ် ဆွဲဖြဲပစ်တော့မည့်အလား ရှိနေပေသည်။

သို့သော်လည်း ထိုအချိန်မှာပင်

“ဟိန်း”

စူးရှလှသော ဟိန်းဟောက်သံကြီး တစ်ခုမှာ ထပ်မံ၍ ထွက်ပေါ်လာပြန်ပေသည်။ သူ၏အသံမဆုံးသေးမီမှာပင် အိမ်မက် သားရဲ၏ ကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအားများမှာ မိုးကြိုးအလား၊ ထိုက်ချန်း၏ ဦးနှောက်အတွင်းသို့ တစ်ဖန် ပြန်လည် ပြင်းထန်စွာ ရိုက်ခတ်လိုက်ပေတော့သည်။

ခဏတာအတွင်းမှာပင် ထိုက်ချန်း၏မျက်နှာမှာ ဖြူလျော့သွားခဲ့ရကာ ကောင်းကင်ပြည့်နှက်နေသော ရွှေဝါရောင် အချိန်နှင့်ဟင်းလင်းပြင် အလင်းကွင်းများမှာလည်း ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး၊ ထိုအထဲမှ တစ်ဝက်ခန့်မှာပင် တစ်ခုပြီးတစ်ခု ကွဲအက်လျက် ပျောက်ကွယ်သွားခဲ့ရပေသည်။

“သခင် သူ့ရဲ့ဝိညာဉ်က ဒဏ်ရာရနေတာ၊ ပြီးတော့ ထင်ထားတာထက်တောင် ပိုပြီးတော့ ဆိုးတယ်၊ သူ့ရဲ့ အသိစိတ်အာရုံကို တိုက်ခိုက်ဖို့ နည်းလမ်းရှာပါ”

အိမ်မက် သားရဲ၏ အရေးပေါ် အော်ဟစ်သံမှာ ဝမ်ချောင်၏ဦးနှောက်ထဲ၌ ရုတ်တရက် ထွက်ပေါ်လာခဲ့ပေသည်။

ဤခဏ၌ အိမ်မက် သားရဲသည် ထိုက်ချန်း၏ ကိုယ်ပေါ်မှ ကြီးမားလှသော ဟာကွက်တစ်ခုကို ရုတ်တရက် ရှာဖွေတွေ့ရှိလိုက်ခြင်း ဖြစ်ပေသည်။ သူ၏ရှေ့မှ ထိုက်ချန်းမှာ အပြင်ပန်းအားဖြင့် ကြည့်လျှင် နတ်ဘုရားတစ်ပါးအလား အစွမ်းထက်နေဆဲ ဖြစ်သော်လည်း၊ သူ၏အသိစိတ်အာရုံ အနက်ရှိုင်းဆုံး၌မူ ထိုသို့မဟုတ်ပေ။

ကက်စပီယန်ပင်လယ်အနား၌ ဖြစ်ပေါ်ခဲ့သော ထိုပြိုလဲမှုကြီးမှာမူ၊ နေရာကူးပြောင်းခြင်းဂိတ်အတွင်းရှိ အချိန်နှင့် ဟင်းလင်းပြင်များ ပျောက်ကွယ်သွားခြင်းသက်သက်သာ မဟုတ်ဘဲ ထိုတောင်ကုန်းတစ်ခုအလား ကြီးမားလှသော ပြာလဲ့သည့် စွမ်းအင်ဗဟိုချက်၏ ပြင်းထန်လှသော ပေါက်ကွဲမှုလည်း ပါဝင်နေပေသည်။

မြေအောက်၌ ရှိနေစဉ်ကတည်းက ဝမ်ချောင်တို့သည် ထိုစွမ်းအင်ဗဟိုချက်မှာ များစွာထူးခြားလှကာ စိတ်ဝိညာဉ်နှင့် အသိစိတ်အာရုံများအပေါ် များစွာသော အနှောင့်အယှက်နှင့် ထိခိုက်မှုများကို ပေးစွမ်းနိုင်ကြောင်း ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်သည်။ ၎င်းသည် လူ၏ ဝိညာဉ်ကိုပင် ခဲသွားစေနိုင်သည့် အစွမ်းမျိုး ရှိနေပေသည်။

ထိုက်ချန်းမှာမူ ပေါက်ကွဲမှု၏ ဗဟိုချက်၌ ရှိနေခဲ့သူဖြစ်ရာ သူသည် ကံကောင်းစွာဖြင့် အသက်ရှင် ကျန်ရစ်ခဲ့သော်လည်း၊ သူ၏အသိစိတ်အာရုံ တစ်ခုလုံးမှာမူ ပြင်းထန်စွာ ထိခိုက်ခဲ့ရပြီး အစိတ်စိတ်အမြွှာမြွှာ ကွဲအက်လုနီးပါး ဖြစ်နေခဲ့ခြင်းပင် ဖြစ်ပေတော့သည်။

******

အခန်း (၂၀၈၂) အသက်နှင့်သေခြင်း တစ်ခဏ

“သောက်ကျိုးနည်း မင်းကိုး၊ ဝိညာဉ်အကြွင်းအကျန်လေး တစ်ခုကတောင် ဒီနတ်ဘုရားရဲ့ ရှေ့မှာ ရဲတင်းဝံ့တယ်ပေါ့”

တစ်ချိန်တည်းမှာပင် ထိုက်ချန်း၏အကြည့်မှာ အေးစက်သွားကာ တစ်စုံတစ်ရာကို ရှာဖွေတွေ့ရှိသွားဟန် ရှိပေသည်။ သူ၏လက်ညှိုးကို ဆန့်ထုတ်ကာ အဝေးမှနေ၍ တစ်ချက် ထောက်လိုက်ရာ၊ အလွန်အမင်း ပြင်းထန်လှသကဲ့သို့ အချိန်နှင့် ဟင်းလင်းပြင် ကြေမွစေသည့် စွမ်းအားများ ပါဝင်နေသော လက်ညှိုးလှိုင်း တစ်ခုမှာ ရုတ်တရက် ထိုးထွက်လာခဲ့ပြီး၊ ဝမ်ချောင်၏ ရင်ခွင်အတွင်းရှိ အိမ်မက် သားရဲ၏ ဝိညာဉ်အမြုတေဆီသို့ ဦးတည်သွားခဲ့ပေသည်။

အကယ်၍ ဤလက်ညှိုးချက်သာ ထိမှန်သွားပါက၊ အိမ်မက် သားရဲ၏ ဝိညာဉ်အမြုတေမှာ ခဏချင်းမှာပင် ပျောက်ကွယ်သွားရပေလိမ့်မည်။

“သတိထား”

ဝမ်ချောင်လည်း ထိုခဏ၌ စိတ်ထဲတွင် ထိတ်လန့်သွားခဲ့ရသည်။ ထိုက်ချန်းနှင့် တိုက်ခိုက်နေစဉ်အတွင်း သူသည် အမှန်တကယ်တော့ အိမ်မက်သားရဲ၏ အငွေ့အသက်များကို တမင်တကာ ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်သော်လည်း၊ ထိုက်ချန်းကဲ့သို့သော ဂူဗိမာန်နတ်ဘုရားအဆင့် ပညာရှင် ရှေ့မှောက်၌မူ ခေတ္တမျှသာ လှည့်စားနိုင်ခဲ့ပြီး နောက်ဆုံးတွင် သိရှိသွားခြင်းပင် ဖြစ်ပေသည်။

“ဝုန်း”

အလင်းရောင် တစ်ချက် လက်သွားခဲ့ကာ ဝမ်ချောင်သည် ကောင်းကင်ဘုံ ၃၃ထပ်ကို တိုက်ရိုက် ခေါ်ယူလိုက်ပြီး သူ၏ ရင်ခွင်အတွင်းရှိ အိမ်မက် သားရဲ၏ ဝိညာဉ်အမြုတေကို အစွမ်းကုန် ကာကွယ်လိုက်ပေသည်။ ဝုန်းခနဲမြည်ဟည်းသံနှင့်အတူ ဝမ်ချောင်၏ ပထမရှန်ထိုက်မှာ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရကာ ကြိုးပြတ်သွားသော စွန်တစ်ခုအလား ထိုက်ချန်း၏ စွမ်းအားကြောင့် လွင့်စင်သွားခဲ့ရပေတော့သည်။

ရေခဲ ကမ္ဘာ။

ထိုက်ချန်းမှာ လိုက်လံသတ်ဖြတ်တော့မည်ကို မြင်တွေ့လိုက်ရသဖြင့် ဝမ်ချောင်၏ စိတ်ထဲ၌ တင်းကျပ်သွားကာ တတိယ ရှန်ထိုက်မှာ ချက်ချင်းပင် ရှေ့သို့ ပြေးဝင်သွားခဲ့ပြီး၊ တစ်ချိန်တည်းမှာပင် သူ၏ တစ်ကိုယ်လုံးရှိ ဂန်ချီများကို အထွတ်အထိပ်သို့ မြှင့်တင်လျက် ပေါက်ကွဲထုတ်ဖော်လိုက်ပေသည်။

အပြာရောင် အလင်းတန်းများ လက်သွားခဲ့ကာ ရေခဲစများမှာ ပတ်ဝန်းကျင် မိုင်ပေါင်း ဆယ်ဂဏန်းခန့်ရှိသော မြေပြင်ကို ချက်ချင်းပင် ပိတ်ဆို့လိုက်ကြပေသည်။ ဖြူဖွေးလှသော နှင်းခဲများမှာ ဟင်းလင်းပြင်ထဲမှ ပေါ်ထွက်လာခဲ့ကြကာ အရပ်မျက်နှာအနှံ့ ကျဆင်းနေခဲ့ကြပြီး၊ လှမ်းကြည့်လိုက်သည့်အခါ တစ်ကမ္ဘာလုံးမှာ ခဲသွားခဲ့သည့်အလား အရာရာတိုင်းမှာ လှုပ်ရှားခြင်းမရှိဘဲ ငြိမ်သက်နေပေသည်။

ထိုရေခဲကမ္ဘာ၏ အလယ်ဗဟိုတည့်တည့်၌မူ ထိုက်ချန်း၏ တစ်ကိုယ်လုံးပေါ်တွင် နှင်းခဲလွှာတစ်ခု ဖုံးလွှမ်းသွားခဲ့ကာ နောက်တစ်ကြိမ် ရေခဲပြင်အတွင်းသို့ ကျရောက်သွားခဲ့ပြန်သည်။

“အခွင့်ကောင်းပဲ၊ တိုက်စမ်း”

ရေခဲကမ္ဘာက ထိုက်ချန်းကို နောက်တစ်ကြိမ် ခဲသွားအောင် လုပ်ဆောင်နိုင်ခဲ့သည်ကို မြင်တွေ့လိုက်ရသဖြင့် ဘေးတစ်ဖက်မှနေ၍ ဒုတိယ ရှန်ထိုက်သည် သူ၏ အင်အားရှိသမျှကို အသုံးပြုလျက်၊ ကောင်းကင်ဘုံ ၃၃ထပ်ကို လျင်မြန်စွာ ခေါ်ယူကာ ပေပေါင်း ဆယ်ဂဏန်းခန့် ရှည်လျားသော ရွှေရောင် လှံရှည်ကြီးတစ်ခုအဖြစ် ပြောင်းလဲလိုက်ပြီး၊ မည်သည့်အရာကိုမျှ ထပ်မံမစဉ်းစားတော့ဘဲ ထိုက်ချန်းဆီသို့ ပြင်းထန်စွာ ပစ်လွှတ်လိုက်ပေတော့သည်။

“ခရက် ခရက် ခရက်”

သို့သော်လည်း စူးရှလှသော အက်ကွဲသံများနှင့်အတူ ဒုတိယ ရှန်ထိုက်၏ ရွှေရောင် လှံရှည်ကြီးမှာ အနားသို့ မရောက်ရှိသေးမီမှာပင်၊ ထိုက်ချန်း၏ ကိုယ်ပေါ်ရှိ ထူထဲလှသော ရေခဲလွှာများမှာ တစ်ခုပြီးတစ်ခု ကွဲအက်သွားခဲ့ရပေသည်။ ထိုကွဲအက်နေသော ရေခဲစများကြားမှနေ၍ ကျောက်စိမ်းကဲ့သို့ ဖြူဖွေးလှသော လက်သီးတစ်ချက်မှာ ရုတ်တရက် ထိုးထွက်လာခဲ့ပြီး၊ တိုက်ကွက် တစ်ချက်တည်းဖြင့်ပင် ဒုတိယ ရှန်ထိုက်နှင့် တတိယ ရှန်ထိုက် နှစ်ဦးလုံးကို တစ်ပြိုင်တည်း လွင့်စင်သွားစေခဲ့ပေသည်။

“တူညီတဲ့ တိုက်ကွက်တစ်ခုတည်းနဲ့ ဒီနတ်ဘုရားက ဒုတိယအကြိမ် ထပ်ပြီး အမှားခံလိမ့်မယ်လို့ မင်းတို့ ထင်နေတာလား”

ထိုက်ချန်း၏ အကြည့်မှာ အလွန်အမင်း အေးစက်နေပေသည်။ သူ၏ ကိုယ်ကို တစ်ချက်မျှ ခါယမ်းလိုက်ရုံဖြင့် တတိယ ရှန်ထိုက်၏ ရေခဲကမ္ဘာ ချုပ်နှောင်မှုမှ ချက်ချင်းပင် ရုန်းထွက်နိုင်ခဲ့ပေသည်။

အကယ်၍သာ တတိယ ရှန်ထိုက် ပထမဆုံးအကြိမ် ရေခဲကမ္ဘာကို အသုံးပြုစဉ်တုန်းက ထိုက်ချန်းကို တစ်စက္ကန့်ထက်မက တားဆီးထားနိုင်ခဲ့သည်ဆိုပါက ယခုအခါတွင်မူ တူညီသော တိုက်ကွက်ကို ထိုက်ချန်းအပေါ် အသုံးပြုသည့်အခါတွင် အချိန်မှာ တစ်ဝက်မက တိုတောင်းသွားခဲ့ရကာ တစ်စက္ကန့်၏ တစ်ဝက်ခန့်ပင် မရှိတော့ပေ။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ဤခဏ၌ ဟင်းလင်းပြင်ထဲ၌ လွင့်စင်သွားသော တတိယ ရှန်ထိုက်သည် ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ စိတ်နှလုံး တုန်လှုပ်သွားခဲ့ရကာ မျက်နှာမှာလည်း ခဏချင်းမှာပင် ဖြူလျော့သွားခဲ့ရပေသည်။

ယခုလက်ရှိ အခြေအနေအရ ကြည့်လျှင် ထိုက်ချန်းမှာ သူ၏ရေခဲကမ္ဘာအပေါ်၌ ခုခံနိုင်စွမ်းများ သိသိသာသာ ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ ဤသည်မှာ လူတိုင်းအတွက် များစွာ အခြေအနေ မဟန်တော့ပေ။

အဝေး၌ရှိသော ထိုက်ချန်းမှာမူ လက်ဝါးကို တစ်ချက် ဝှေ့ယမ်းလျက် ရှန်ထိုက် သုံးခုလုံးကို လွင့်စင်သွားစေပြီးနောက်တွင်၊ ဤမျှနှင့် ရပ်တန့်သွားခြင်း မရှိပေ။

“ငါ့အတွက် သေကြစမ်း”

ထိုက်ချန်း၏ အမူအရာမှာ အေးစက်နေကာ လူတိုင်းကို လွင့်စင်သွားစေသည့် တစ်ချိန်တည်းမှာပင် သူသည် ခြေတစ်လှမ်းကို ပြင်းထန်စွာ လှမ်းလိုက်ပေသည်။ ထိုခဏ၌ ဟင်းလင်းပြင်ထဲ၌ မိုးကြိုးသံများ ဝေဝါးစွာ ထွက်ပေါ်လာခဲ့သလို၊ ၎င်း၏ နောက်မှ ကပ်လျက် ထိုက်ချန်းကို ဗဟိုပြုကာ ကြီးမားလှသော စိတ်ဝိညာဉ် မုန်တိုင်းတစ်ခုမှာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပေတော့သည်။

“ဝုန်း ဝုန်း ဝုန်း”

ပြင်းထန်လှသော ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့ကာ ရှန်ထိုက် သုံးခုလုံးမှာ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ကြပြီး ပြင်းထန်စွာ ရိုက်ခတ်ခြင်း ခံလိုက်ရသည့်အလား နောက်တစ်ကြိမ် ထပ်မံ၍ လွင့်စင်သွားခဲ့ကြရပြန်သည်။

ဒဏ်ရာ အပြင်းထန်ဆုံး ရရှိထားသော ပထမရှန်ထိုက်နှင့် တတိယ ရှန်ထိုက်တို့မှာမူ မျက်နှာတစ်ခုလုံး ဖြူလျော့နေခဲ့ကြပြီး၊ ထိုက်ချန်း၏ တိုက်ခိုက်မှုကြောင့် သူတို့၏ ဝိညာဉ်များပင် ကြေမွသွားတော့မည့်အလား ရှိနေပေသည်။

အစွမ်းထက်သူမှာ ကျဆုံးသွားသည့်တိုင်အောင် အားနည်းမသွားသေးဟု ဆိုကြသည့်အတိုင်းပင်၊ ထိုက်ချန်း၏ဝိညာဉ်မှာ ဧရာမ ပေါက်ကွဲမှုကြီးအတွင်း၌ ပြင်းထန်စွာ ထိခိုက်ခဲ့ရသည်မှာ အမှန်တရားဖြစ်သော်လည်း၊ ဤသို့ဖြစ်သည့်တိုင်အောင် သူ၏ အစွမ်းမှာ ဝမ်ချောင်တို့ထက် များစွာသာလွန်နေဆဲ ဖြစ်ပေသည်။

“ဒီနတ်ဘုရားက ပြင်းထန်စွာ ဒဏ်ရာရထားတယ်ဆိုရင်တောင်မှ မင်းတို့ကို သတ်ဖို့ကတော့ လက်တစ်ဖက် လှန်ရသလောက် လွယ်ကူနေတုန်းပဲ”

ထိုက်ချန်း၏ အသံမှာ အလွန်အမင်း အေးစိမ့်လှပေသည်။ သူ၏ လက်ဝါးကို တစ်ချက် လှန်လိုက်ရာ ရွှေရောင် အလင်းတန်းများ ပေါ်ထွက်လာခဲ့ပြီး၊ ထိုကြောက်မက်ဖွယ်ကောင်းလှသကဲ့သို့ ဖျက်ဆီး၍ မရနိုင်သော ရွှေရောင် လှံတိုမှာ သူ၏ လက်အတွင်း၌ တစ်ဖန် ပြန်လည် ပေါ်ထွက်လာခဲ့ပေသည်။

“ဝုန်း”

အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိဘဲ၊ ထိုက်ချန်းသည် အင်အားရှိသမျှ အသုံးပြုလျက် ပစ်လွှတ်လိုက်ရာ၊ ရွှေရောင် လှံတိုမှာ သူ၏လက်မှ လွတ်ထွက်သွားခဲ့ပေတော့သည်။

တစ်ချိန်တည်းမှာပင် ဝမ်ချောင်၏ စိတ်နှလုံးမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ကာ ပြင်းထန်လှသော အန္တရာယ် အငွေ့အသက်တစ်ခုမှာ စိတ်ထဲသို့ တိုးဝင်လာခဲ့ပေသည်။

သူသည် ထိုရွှေရောင် လှံတို၏ စွမ်းအားကို ကိုယ်တိုင် ခံစားဖူးခဲ့သဖြင့် ထိုက်ချန်း၏ ဤ ရွှေရောင်လှံတိုမှာ မည်မျှအထိ အစွမ်းထက်သနည်းဟူသည်ကို သူ နက်နဲစွာ သိရှိထားပေသည်။ ၎င်းမှာ လုံးဝကို ခုခံနိုင်စွမ်း မရှိသော အရာပင် ဖြစ်၏။

ပြင်းထန်လှသော မြည်ဟည်းသံကြီး တစ်ခုနှင့်အတူ အလင်းရောင် တစ်ချက် လက်သွားခဲ့ကာ ဘယ်ဘက်အစွန်းဆုံးရှိ တတိယ ရှန်ထိုက်မှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရွှေရောင် လှံတို၏ ထိမှန်ခြင်းကို ခံလိုက်ရပေသည်။ အရေးကြီးသော အချိန်၌ ဝမ်ချောင်သည် ကိုယ်ကို ဘေးတိုက်သို့ အတင်းအကျပ် ရွှေ့လိုက်နိုင်သဖြင့် အသက်အန္တရာယ်ရှိသော နေရာများကို သီသီလေး ရှောင်တိမ်းနိုင်ခဲ့သော်လည်း၊ တတိယ ရှန်ထိုက်၏ ဘယ်ဘက်ပုခုံးမှာမူ ရွှေရောင် လှံတို၏ ထိုးဖောက်ခြင်းကို ခံလိုက်ရကာ ကြီးမားလှသော သွေးပေါက်ကြီးတစ်ခု ကျန်ရစ်ခဲ့ပေသည်။

ဤမျှသာမကဘဲ ရွှေရောင် လှံတိုအတွင်း၌မူ ထူးခြားလှသော စိတ်ဝိညာဉ်စွမ်းအား တစ်ခု ပါဝင်နေပုံရပေသည်။ ဝမ်ချောင်၏ဦးနှောက်အတွင်း၌ နာကျင်မှုကို ခံစားလိုက်ရကာ တတိယ ရှန်ထိုက်၏ ဦးနှောက်အတွင်းရှိ ဝိညာဉ်တစ်ဝက်ခန့်မှာမူ ရွှေရောင်လှံတို၏ တုန်ခါမှုကြောင့် ကိုယ်တွင်းမှနေ၍ အပြင်သို့ ထွက်ပေါ်လာခဲ့ရကာ ပြိုကွဲပျက်စီးတော့မည့်အလား ရှိနေပေသည်။

အလားတူ အခြေအနေမျိုးမှာ ဒုတိယ ရှန်ထိုက်ဆီ၌လည်း ဖြစ်ပေါ်ခဲ့ပေသည်။ ထိုက်ချန်း၏ ရွှေရောင် လှံတိုမှာ ဟင်းလင်းပြင်ထဲ၌ ဧရာမ အကွေးပုံစံတစ်ခုကို ရေးဆွဲလျက်၊ တတိယ ရှန်ထိုက်ကို ထိုးဖောက်ပြီးနောက်တွင် ၎င်း၏ နောက်မှ ကပ်လျက် ဒုတိယ ရှန်ထိုက်၏ ကိုယ်ထည်ကိုပါ ထပ်မံ၍ ထိုးဖောက်သွားခဲ့ပြန်ပေသည်။

ဤတိုက်ကွက် တစ်ချက်တည်းဖြင့်ပင်၊ ထိုက်ချန်း၏ ရွှေရောင် လှံတိုမှာ ဝမ်ချောင်၏ ရှန်ထိုက် ကိုယ်ပွား နှစ်ခုလုံးကို ဆက်တိုက်ဆိုသလို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ခြင်း ဖြစ်ပေသည်။

“မဟာ ပျက်သုဉ်းခြင်း အတတ်ပညာ”

လျှပ်စီးလက်သည့်အလား တိုတောင်းလှသော အချိန်အတွင်းမှာပင် ရွှေရောင်လှံတို၏ စွမ်းအားများမှာ မကုန်ဆုံးသေးဘဲ မိမိဆီသို့ ဆက်လက်၍ ပစ်ဝင်လာနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ပထမရှန်ထိုက်သည် မဟာပျက်သုဉ်းခြင်း အတတ်ပညာကို တိုက်ရိုက် ပေါက်ကွဲထုတ်ဖော်လိုက်ပေတော့သည်။

ဟင်းလင်းပြင်ထဲ၌ အလင်းရောင် တစ်ချက် လက်သွားခဲ့ကာ ဧရာမ တွင်းနက်ကြီးတစ်ခု ချက်ချင်း ပေါ်ထွက်လာခဲ့ပြီး အချိန်နှင့် ဟင်းလင်းပြင်များပင်လျှင် ပြိုလဲသွားခဲ့ရပေသည်။

ဤတိုက်ကွက်မှာ နောက်ဆုံးတွင်မူ ရွှေရောင် လှံတို၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သော်လည်း၊ ဤသို့ဖြစ်သည့်တိုင်အောင် ပထမ ရှန်ထိုက်၏ ရင်ဘတ်မှာ နာကျင်မှုကို ခံစားလိုက်ရကာ ရွှေရောင် လှံတိုမှာ သူ၏ ရင်ဘတ်ရှိ ရှန်းကျုံးနေရာကို နောက်တစ်ကြိမ် ထပ်မံ ထိမှန်သွားခဲ့ပြန်ပေသည်။

ဤသည်မှာ ဝမ်ချောင်က အရင်က ဒဏ်ရာရရှိထားသော နေရာကို အသုံးပြုလျက် ရွှေရောင် လှံတိုအား လက်ဦးမှုယူ ရင်ဆိုင်လိုက်ခြင်း ဖြစ်ပေသည်။ ဤသို့ဖြင့် ခံစားရမည့် ရိုက်ခတ်မှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချခဲ့ခြင်း ဖြစ်၏။

ပထမရှန်ထိုက်သည် တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရကာ သွေးတစ်ချက်ကို ဝုန်းခနဲ အန်ထုတ်လိုက်ရပြီး နောက်တစ်ကြိမ် ထပ်မံ၍ လွင့်စင်သွားခဲ့ရပြန်သည်။

“အရမ်းကို အစွမ်းထက်တာပဲ”

ဝမ်ချောင်၏ မျက်နှာမှာ သေလူတစ်ဦးအလား ပြာနှမ်းသွားခဲ့ရပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုက်ချန်းသည် ဒဏ်ရာရရှိထားသော ကိုယ်ထည်ဖြင့်ပင် သူ၏ ရှေးဦးရှန်ထိုက်သုံးခုလုံးကို ချေမှုန်းနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ရွှေရောင် လှံတိုအတွင်း၌ ကိန်းအောင်းနေသော ဂူကောင်းကင်အဆင့်ရှိသော ဂန်ချီများမှာ ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်သည့် ခဏ၌ သူ၏ ကိုယ်အတွင်းရှိ ဂန်ချီအားလုံးကိုပင် ပြိုကွဲစေတော့မည့်အလား ရှိနေသဖြင့် ဝမ်ချောင်သည် တစ်ကိုယ်လုံး အလွန်အမင်း နာကျင်မှုကို ခံစားနေရကာ လှုပ်ရှား၍ပင် မရတော့လောက်အောင် ဖြစ်နေရပေသည်။

ဤအရာများမှာလည်း ပြီးဆုံးသွားခြင်း မရှိသေးပေ။

“ဟွန်း ဒီနတ်ဘုရားရဲ့ နေရာကူးပြောင်းခြင်းဂိတ်ကို ဖျက်ဆီးဝံ့တယ်ပေါ့၊ ဒါဆိုရင်လည်း ငါ့ရဲ့ နေရာကူးပြောင်းခြင်းဂိတ်နဲ့အတူ အတူတူ အသေခံကြပြီး၊ အရိုးတွေပါ ကြေမွသွားတဲ့ ခံစားချက်ကို မြည်းစမ်းကြည့်ကြစမ်း”

ထိုက်ချန်း၏မျက်နှာမှာ ဖြူလျော့နေကာ ဒေါသများလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပေသည်။ သူ၏လက်ချောင်းငါးချောင်းကို ရုတ်တရက် ဆုပ်လိုက်ရာ ပစ်လွှတ်လိုက်သော ရွှေရောင် လှံတိုမှာ သူ၏လက်အတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့ပေသည်။

သူသည်လည်း မူလကပင် ဒဏ်ရာ အပြင်းအထန် ရရှိထားသူ ဖြစ်ရာ၊ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများကို ဆက်တိုက်ဆိုသလို အသုံးပြုနေရခြင်းမှာ ထိုက်ချန်းအတွက်ပင်လျှင် များစွာသော ဝန်ထုပ်ဝန်ပိုးနှင့် ကုန်ဆုံးမှုများကို ဖြစ်ပေါ်စေခဲ့ပေသည်။

သို့သော်လည်း ထိုက်ချန်းအနေဖြင့် ထိုမျှအထိ ဂရုမစိုက်နိုင်တော့ပေ။ ဤ ကြွက်ငယ်လေး သုံးကောင်သည် သူ ခက်ခက်ခဲခဲ အချိန်နှင့် အားအင်များစွာ ပေးလျက် တည်ဆောက်ခဲ့သော နေရာကူးပြောင်းခြင်းဂိတ်ကို ဖျက်ဆီးခဲ့ကြသည်။ အရေးအကြီးဆုံးအချက်မှာ စွမ်းအင်ဗဟိုချက်ပင်လျှင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ၊ ဤသည်မှာ သူ နေရာကူးပြောင်းခြင်းဂိတ်ကို ပြန်လည်တည်ဆောက်ရန်မှာ မဖြစ်နိုင်တော့ကြောင်း ဖော်ပြနေသကဲ့သို့၊ နောက်ပိုင်းတွင် ပြုလုပ်မည့် သန့်စင်ခြင်း အစီအစဉ်ကိုပါ ထိခိုက်စေတော့မည် ဖြစ်ပေသည်။

ထျန်းအမျက်ထွက်မည့် ပုံစံကို သူ အချိန်အတော်ကြာကတည်းက ကြိုတင် မြင်ယောင်နေခဲ့ပြီ ဖြစ်၏။

ထိုက်ချန်းကို ပိုမို၍ ဒေါသထွက်စေသည်မှာမူ၊ ဤ ကြွက်ငယ်လေး သုံးကောင်မှာ သူ့အား လှည့်စားဝံ့ခဲ့ကြခြင်းပင် ဖြစ်ပေသည်။ အရင်က ဧရာမ ပေါက်ကွဲမှုကြီးအတွင်း၌ အကယ်၍ သူသည် နောက်ဆုံးအခိုက်အတန့်၌ သေးငယ်လှသော အချိန်နှင့် ဟင်းလင်းပြင် အက်ကြောင်းလေးတစ်ခုကို ရှာမတွေ့ခဲ့ဘဲ၊ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားကို အသုံးပြုလျက် ၎င်းအတွင်းသို့ မလျှိုးဝင်နိုင်ခဲ့ပါက သူသည်လည်း အချိန်အတော်ကြာကတည်းက မြေမှုန့်အဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်ပေသည်။

သို့သော်လည်း ဤသို့ဖြစ်သည့်တိုင်အောင် ထိုကြောက်မက်ဖွယ်ကောင်းလှသော ပေါက်ကွဲမှုကြီးအတွင်း၌ ထိုက်ချန်းသည် ပြန်လည်ကုသ၍ မရနိုင်သော ဒဏ်ရာများကို ရရှိခဲ့ခြင်းဖြစ်ပေသည်။ သူ၏အစွမ်းများ ထိခိုက်သွားခဲ့ရုံသာမက ကိုယ်တွင်းအင်္ဂါများပါ ပြင်းထန်စွာ ဒဏ်ရာရခဲ့သလို၊ စိတ်ဝိညာဉ် အသိစိတ်နှင့် သူ၏ အဖိုးတန်လှသော ဂူဗိမာန် စည်းမျဉ်းများမှာပါ ကြီးမားလှသော ရိုက်ခတ်မှုနှင့် ထိခိုက်မှုများကို ကြုံတွေ့ခဲ့ရပေသည်။

အမြဲတမ်း ဂုဏ်ယူဝင့်ကြွားနေခဲ့သော ထိုက်ချန်းအတွက်မူ ဤသည်မှာ သူ တစ်ခါမျှ မကြုံတွေ့ဖူးသော ကြီးမားလှသည့် အရှက်ရမှုတစ်ခုပင် ဖြစ်ပေသည်။

ဤကြွက်ငယ်လေး သုံးကောင်အား အနာကျင်ဆုံးနှင့် အညှဉ်းပန်းဆုံးသော နည်းလမ်းဖြင့် မသတ်ဖြတ်နိုင်ခဲ့ပါက သူ၏စိတ်ထဲမှ နာကျည်းမှုများကို အဘယ်သို့ ဖြေဖျောက်နိုင်ပါမည်နည်း။

“ဖတ်”

နောက်တစ်ခဏ၌ ထိုက်ချန်းသည် ကိုယ်ကို လှည့်လိုက်ကာ လက်ချောင်းကို တစ်ချက် တောက်လိုက်ရာ ရွှေရောင်တောက်ပလှသော ဧရာမအချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းတစ်ခုမှာ သူနှင့် ဝမ်ချောင်၏ ရှေးဦးရှန်ထိုက် ကိုယ်ပွားသုံးခုလုံးကို အလယ်ဗဟို၌ ချက်ချင်းပင် ဝိုင်းပတ်ချုပ်နှောင်လိုက်ပေသည်။ တစ်ချိန်တည်းမှာပင် ကက်စပီယန်ပင်လယ်အနားသို့ ဦးတည်သော အချိန်နှင့် ဟင်းလင်းပြင် လမ်းကြောင်း တစ်ခုကိုလည်း ဖွင့်လှစ်လိုက်ပေတော့သည်။

မျက်တောင်တစ်ခတ်အတွင်းမှာပင်၊ ပြင်းထန်လှသော ပင်လယ်လှိုင်းသံများမှာ နားထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သလို၊ အေးစိမ့်လှသော လေပြင်းများမှာလည်း ဓားဖြင့် မွှန်းနေသည့်အလား သူ၏ မျက်နှာပေါ်သို့ ကျရောက်လာခဲ့ပေသည်။ ဝမ်ချောင်၏ စိတ်ထဲ၌ ထိတ်လန့်သွားကာ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည့်အခါ၊ သူသည် ထိုက်ချန်း၏ ခေါ်ဆောင်မှုကြောင့် နေရာကူးပြောင်းခြင်းဂိတ် အနားသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ကြောင်း ထိတ်လန့်ဖွယ် ရှာဖွေတွေ့ရှိလိုက်ရပေသည်။

ပိုမို၍ စိုးရိမ်ပူပန်စရာ ကောင်းသည်မှာမူ၊ ဟင်းလင်းပြင် အမြင့်ပိုင်းရှိ ဧရာမ တွင်းနက်ကြီး တစ်ခုမှာ မုန်တိုင်းတစ်ခုသဖွယ် ရှိနေကာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါများကို ထုတ်လွှတ်နေခြင်း ဖြစ်ပေသည်။ ထိုတွင်းနက်ကြီးမှတစ်ဆင့် ဝမ်ချောင်သည် ၎င်းအတွင်းရှိ အဆုံးမရှိသော အချိန်နှင့် ဟင်းလင်းပြင် ပျက်သုဉ်းခြင်း ရနံ့များကိုပင် ခံစားသိရှိနိုင်ပေသည်။

၎င်းမှာ ပျောက်ကွယ်ခြင်း မရှိသေးသော နေရာကူးပြောင်းခြင်းဂိတ် ပင် ဖြစ်ပေတော့သည်

ဝမ်ချောင်သည်လည်း စွမ်းအင်ဗဟိုချက်ကို ဧရာမ နေရာကူးပြောင်းခြင်းဂိတ်အတွင်းသို့ ပစ်ထည့်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော ပေါက်ကွဲမှုမှာ ဤမျှအထိ ကြောက်စရာ ကောင်းလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ အချိန်အတော်ကြာ ကုန်လွန်သွားခဲ့သည့်တိုင်အောင် ထိုပျက်သုဉ်းခြင်း စွမ်းအင်များမှာ ပျောက်ကွယ်ခြင်း မရှိသေးပေ။

ဝမ်ချောင်၏ နှလုံးသားမှာ ပြင်းထန်စွာ ခုန်လှုပ်နေပေသည်။ ဤခဏ၌ သူသည် ထိုက်ချန်း၏ အကြံအစည်ကို နားလည်သွားခဲ့ပေပြီ။

ထိုက်ချန်းသည် သူ၏ ရှန်ထိုက် သုံးခုလုံးကို၊ ဟင်းလင်းပြင် အမြင့်ပိုင်း၌ ပြန်လည် မစေ့နိုင်သေးသော ထိုအချိန်နှင့် ဟင်းလင်းပြင် တွင်းနက်အတွင်းသို့ အကုန် ပစ်ထည့်လျက်၊ အချိန်နှင့် ဟင်းလင်းပြင် ပျက်သုဉ်းခြင်း စွမ်းအားများကို အသုံးပြုကာ ၎င်းတို့အား အရိုးပင် ရှာမတွေ့နိုင်လောက်အောင် ချေမှုန်းပစ်ရန် ကြံစည်နေခြင်းဖြစ်ပြီး၊ ဤသို့ဖြင့် သူ၏ စိတ်ထဲမှ နာကျည်းမှုများကို ဖြေဖျောက်လိုနေခြင်း ဖြစ်ပေသည်။

“အခုပဲ ဒီနတ်ဘုရား အတွက် သေကြစမ်း”

ထိုက်ချန်း၏ အေးစိမ့်လှသော အသံမှာ မည်သည့် ခံစားချက်မျှ မပါဝင်ဘဲ မြေကမ္ဘာနှင့် ကောင်းကင်ယံ တစ်ခွင်လုံး၌ ပဲ့တင်ထပ်သွားခဲ့ပေသည်။

“ဝုန်းးးး”

အလင်းရောင် တစ်ချက် လက်သွားခဲ့ကာ အချင်း ပေပေါင်း ဆယ်ဂဏန်းခန့် ရှိသော အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းတစ်ခုမှာ မြေပြင်ပေါ်၌ ပေါ်ထွက်လာခဲ့ပြီး၊ ခဏချင်းမှာပင် ဟင်းလင်းပြင် ဗလာနယ် တစ်ခုလုံးကို မြဲမြံစွာ ချုပ်နှောင်လိုက်ပေသည်။ ဝမ်ချောင်အနေဖြင့် ဟင်းလင်းပြင်ထဲသို့ ပျံတက်လိုသည်ဖြစ်စေ၊ သို့မဟုတ် မြေအောက်သို့ လျှိုးဝင်လိုသည်ဖြစ်စေ၊ လုံးဝ ထွက်ပြေးလွတ်မြောက်နိုင်ရန် လမ်းစ မရှိတော့ပေ။

ထိုက်ချန်း၏ ညာဘက်လက်ချောင်းငါးချောင်းမှာမူ အနည်းငယ်မျှ ဖြန့်ကျက်ထားကာ လက်ချောင်းထိပ်များမှနေ၍ မရှိရာမှ ရှိလာခဲ့ပြီးနောက်၊ သေးငယ်လှသော ရွှေရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းတစ်ခု ပေါ်ထွက်လာခဲ့ပေသည်။

ထိုသေးငယ်လှသော အချိန်နှင့်ဟင်းလင်းပြင် အလင်းကွင်းမှာ တုန်ခါနေကာ အလွန်အမင်း မြန်ဆန်လှသော အရှိန်ဖြင့် လည်ပတ်နေပေသည်။ ၎င်းနှင့်အတူ နယ်မြေတစ်ခုလုံးရှိ အချိန်နှင့် ဟင်းလင်းပြင် အားလုံးမှာလည်း လိုက်လံ တုန်ခါလာခဲ့ပေသည်။

ဤခဏ၌ အငွေ့အသက်များမှာ အလွန်အမင်း တင်းကျပ်နေပေပြီ။

ဝမ်ချောင်၏ စိတ်ထဲမှ အန္တရာယ်အငွေ့အသက်များမှာလည်း အသက်ရှူပင် ကျပ်စေလောက်အောင် ပြင်းထန်လှပေသည်။

အသက်နှင့်သေခြင်းမှာ တစ်ခဏအတွင်းမှာပင် ရှိနေပေသည်။

ဝမ်ချောင်သည် ကောင်းစွာ သိရှိထားပေသည်။ ထိုက်ချန်းသာ လက်ဦးမှုယူ တိုက်ခိုက်လိုက်ပြီး မိမိအား ထိုအချိန်နှင့် ဟင်းလင်းပြင် တွင်းနက်ရှိရာ နေရာသို့ ပစ်ထည့်လိုက်မည်ဆိုပါက သူသည် အမှန်တကယ်ပင် အလောင်းပင် ရှာမတွေ့ဘဲ သေဆုံးရမည်ဖြစ်ကာ မည်သည့် အခွင့်အရေးမျှ ထပ်မံရှိတော့မည် မဟုတ်ပေ။

“ဘယ်လိုလုပ်ရမလဲ”

လေပြင်းများမှာ ဟိန်းဟောက်နေကာ ဝမ်ချောင်၏ မျက်ဝန်းအတွင်းမှ အလင်းတန်းများ လှုပ်ခတ်သွားလျက် မျက်တောင်တစ်ခတ်အတွင်းမှာပင် အတွေးပေါင်းများစွာမှာ ဖြတ်ပြေးသွားခဲ့ပေသည်။

ထိုက်ချန်း၏ အစွမ်းမှာ များစွာ ကြီးမားလှပေသည်။ ခွန်အားပိုင်း၌ဖြစ်စေ သို့မဟုတ် စိတ်ဝိညာဉ်စွမ်းအားပိုင်း၌ဖြစ်စေ၊ အားလုံးမှာ ၎င်းတို့ထက် များစွာ သာလွန်နေရုံသာမက၊ သူ၏ လက်ထဲ၌မူ အံ့အားသင့်ဖွယ် စွမ်းအားရှိသော ရွှေရောင် လှံတိုလည်း ရှိနေပေသည်။ သူသည် အင်အားရှိသမျှ အစွမ်းကုန် ကြိုးစားခဲ့သည့်တိုင်အောင် ထိုက်ချန်း၏ ပြိုင်ဘက် မဟုတ်ခဲ့ပေ။

ထိုက်ချန်း၏ အစွမ်းမှာမူ လုံးဝကို ဖိနှိပ်နိုင်စွမ်းရှိသော အဆင့်တွင် ရှိနေခြင်းပင် ဖြစ်၏

မှန်ပါသည်။ ၎င်းမှာ တစ်ခဏတာမျှသာ ဖြစ်သော်လည်း၊ များစွာ ရှည်လျားလှသော ရာစုနှစ်ပေါင်းများစွာ ကုန်လွန်သွားသကဲ့သို့ပင် ထင်မှတ်ရပေသည်။ ဝုန်းးးး၊ နောက်ဆုံးအခိုက်အတန့်သို့ ရောက်ရှိလာသည့် အခါတွင်မူ မသိမသာသော အခြေအနေကြားမှ အတွေးတစ်ခုမှာ သူ၏ဦးနှောက်ထဲသို့ ဖြတ်ပြေးသွားခဲ့ပေသည်။ ဝမ်ချောင်၏တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရကာ သူ၏လက်ချောင်းငါးချောင်းကို တင်းတင်းဆုပ်လျက် ရုတ်တရက် ဆုံးဖြတ်ချက် ချလိုက်ပေတော့သည်။

အစွမ်းကုန် တိုက်ကြစို့။

“မတတ်နိုင်ဘူး၊ အဲဒီ တိုက်ကွက် တစ်ခုပဲ ရှိတော့တယ်”

ဝမ်ချောင်သည် အံကို တင်းတင်းကြိတ်ကာ သူ၏မျက်နှာပေါ်၌လည်း ခိုင်မာပြတ်သားလှသော အမူအရာတစ်ခု ထွက်ပေါ်လာခဲ့ပေတော့သည်။

******

အခန်း (၂၀၈၃) ရူးသွပ်စွာ ဝါးမြိုခြင်း

“ဝုန်း”

ထိုက်ချန်းသည် သူတို့အား အချိန်နှင့် ဟင်းလင်းပြင် တွင်းနက်အတွင်းသို့ ပစ်ထည့်ရန် ပြင်ဆင်နေသည့် ခဏ၌ပင် ဝမ်ချောင်၏ ရှေးဦးရှန်ထိုက် သုံးခုမှာ မြေပြင်မှ ဝုန်းခနဲ ထရပ်လိုက်ကြပြီးနောက် လောက၏ မြည်ဟည်းသံများကြား၌ တစ်ကိုယ်လုံးရှိ အင်အားရှိသမျှ အသုံးပြုလျက် သူ၏ ရှေ့မှောက်ရှိ ထိုက်ချန်းဆီသို့ လက်ဦးမှုယူ တိုက်ခိုက်လိုက်ကြပေတော့သည်။

“ကောင်းကင်နဲ့မြေကြီး ဖုန်မှုန့်ဖြစ်တည်ခြင်း”

“အရာခပ်သိမ်း ပြာကျခြင်း”

လျှပ်စီးလက်သည့်အလား တိုတောင်းလှသော အချိန်အတွင်းမှာပင် ဒေါသတကြီး ဟိန်းဟောက်သံ နှစ်ချက်မှာ ဆက်တိုက် ထွက်ပေါ်လာခဲ့ပေသည်။

သူ၏အသံမဆုံးသေးမီမှာပင် ဟင်းလင်းပြင် အမြင့်ပိုင်း၌ ကြောက်မက်ဖွယ်ကောင်းလှသော အရှိန်အဝါတစ်ခုမှာ မုန်တိုင်းတစ်ခုသဖွယ် ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာခဲ့ပေသည်။ ထိုက်ချန်း၏ဘယ်ဘက်ခြမ်း၌မူ ဝမ်ချောင်၏ ဒုတိယ ရှန်ထိုက်မှာ ဧရာမ မီးလျှံလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။ မဟုတ်ပေ။ ၎င်းမှာ မီးလျှံတစ်ခုသက်သက် မဟုတ်ဘဲ သွေးအလား နီရဲနေကာ အဆုံးမရှိသော အပူရှိန်များကို ထုတ်လွှတ်နေလျက် ပြင်းထန်လှသော ဧရာမ မီးစွမ်းအင်လုံးကြီးတစ်ခုပင် ဖြစ်ပေသည်။

အခြားတစ်ဖက်၌မူ ရေခဲဓာတ် မူလနတ်ဘုရားစွမ်းအားရှိသော တတိယ ရှန်ထိုက်သည်လည်း သူ၏တစ်ကိုယ်လုံးရှိ ကျင့်စဉ်စွမ်းအားများကို ပေါက်ကွဲထုတ်ဖော်လိုက်ရာ အလွန်အမင်း အေးစိမ့်လှသော ငွေရောင် အလင်းလုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။

ထိုဧရာမ စွမ်းအင်လုံးကြီး နှစ်ခုမှာ ယင်တစ်ဖက် ယန်တစ်ဖက်၊ အပူတစ်ဖက် အအေးတစ်ဖက် ရှိနေကြကာ မြေကမ္ဘာနှင့် ကောင်းကင်ယံကြားရှိ အပြန်အလှန် ပဲ့တင်ထပ်လျက် အောင်နိုင်ခြင်းကို ဖြစ်ပေါ်စေသော စွမ်းအားနှစ်မျိုးကို ကိုယ်စားပြုနေကြပေသည်။

ဝုန်း…

မျက်တောင်တစ်ခတ်အတွင်းမှာပင် ဒုတိယနှင့် တတိယရှန်ထိုက်တို့ ပြောင်းလဲထားသော ထိုဧရာမ စွမ်းအင်လုံးကြီး နှစ်ခုမှာ ဟင်းလင်းပြင်ထဲ၌ ပြင်းထန်စွာ ရိုက်ခတ်မိသွားခဲ့ကြသည်။ လုံးဝကွဲပြားခြားနားလှသော စွမ်းအားနှစ်မျိုးမှာ အချင်းချင်း ရောယှက်သွားခဲ့ကြကာ အဆက်မပြတ် ပြောင်းလဲနေခဲ့ပြီး၊ ဧရာမ ထိုက်ကျိပုံရိပ်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းတော့မည့်အလား ရှိနေပေသည်။

ကောင်းကင်နဲ့မြေကြီးတို့မှာ ဖုန်မှုန့်များအလား၊ အရာအားလုံးမှာ ပြာများအလားပင်။

ဤသည်မှာ တာလာ့စ်တိုက်ပွဲအတွင်း၌ ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ်လူအိုကြီး ဆရာတပည့် နှစ်ဦး ပူးပေါင်းလျက် ကူတိုင်ဘာအား အောင်နိုင်ခဲ့သော တိုက်ကွက် ဖြစ်သကဲ့သို့ ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ်လူအိုကြီးတို့ အသစ်စက်စက် ဖန်တီးထားသော အကြောက်မက်ဖွယ် အကောင်းဆုံး စွမ်းအားရှိသည့် တိုက်ကွက်လည်း ဖြစ်ပေသည်။

ဤတိုက်ကွက်မှာ “မဟာယင်ယန် ကောင်းကင်ဘုံ ဖန်တီးမှုပညာ” အတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း မူလအသွင်သဏ္ဌာန်မှ လုံးဝခွဲထွက်လျက် နတ်ဘုရားအဆင့်သို့ ရောက်ရှိနေခြင်း ဖြစ်ပေသည်။ ၎င်း၏ အနှစ်သာရမှာလည်း ယင်နှင့်ယန် ဟူသော အစွန်းနှစ်ဖက်၏ နောက်ဆုံးသော လျှို့ဝှက်ချက်များကို ထိုးဖောက် သိမြင်ထားခြင်းဖြစ်ကာ ကျင့်စဉ်ကိုယ်တိုင်ထက်ပင် ကျော်လွန်လျက် အလွန်ပင် ထူးခြားဆန်းကြယ်လှသော အဆင့်တစ်ခုသို့ ရောက်ရှိနေခြင်း ဖြစ်၏။

ဤသည်မှာလည်း ဝမ်ချောင်နှင့် သူ၏ဆရာ မိစ္ဆာဧကရာဇ် လူအိုကြီးတို့ အရင်က ကူတိုင်ဘာကို အောင်နိုင်ခဲ့ရသည့် အကြောင်းရင်းပင် ဖြစ်ပေသည်။

သို့သော်လည်း ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးတို့ စိတ်အေးလက်အေး ရှိချိန်၌ ဤတိုက်ကွက်ကို ပြန်လည် ဆန်းစစ်ကြည့်ရှုကာ ၎င်းအား မဟာယင်ယန် ကောင်းကင်ဘုံ ဖန်တီးမှုပညာ၏ ပုံသေသတ်မှတ်ထားသော တိုက်ကွက်တစ်ခုအဖြစ် ပြုလုပ်ရန် ကြိုးစားခဲ့သည့် အခါတွင်မှ အရာရာတိုင်းမှာ ထင်မှတ်ထားသကဲ့သို့ လုံးဝမရိုးရှင်းကြောင်း သိရှိခဲ့ရပေသည်။

ဤတိုက်ကွက်ကို အသုံးပြုနိုင်ရန်အတွက် ပထမဦးစွာ မဟာယင်ယန် ကောင်းကင်ဘုံ ဖန်တီးမှုပညာကို ကျင့်ကြံထားရမည်ဖြစ်သလို၊ မြေကမ္ဘာနှင့် ကောင်းကင်ယံကြားရှိ ယင်ယန် အနှစ်သာရ နှစ်ပါး၏ နက်နဲလှသော အမှန်တရားများကိုလည်း အလုံးစုံ နားလည်ထားရမည် ဖြစ်ပေသည်။

ဤအဆင့်အတန်းတစ်ခုတည်းမှာပင် လူအများအပြားအတွက် ရောက်ရှိနိုင်ရန် မဖြစ်နိုင်သော အရာဖြစ်ပေသည်။

ဒုတိယအချက်မှာ ယင်နှင့်ယန် အစွန်းနှစ်ဖက်၏ ဟန်ချက်ညီမှုပင် ဖြစ်ပေသည်။

အကယ်၍ ယန်ဓာတ် လွန်ကဲသွားခြင်း သို့မဟုတ် ယင်ဓာတ် လွန်ကဲသွားခြင်းဟူသော အခြေအနေမျိုး အနည်းငယ်မျှပင် ကွာဟသွားခဲ့ပါက ယင်ယန် ဟန်ချက် ပျက်ပြားသွားမည်ဖြစ်ကာ ၎င်းမှတစ်ဆင့် ဧရာမ ပေါက်ကွဲမှုကြီးကို ဖြစ်ပေါ်စေမည် ဖြစ်ပေသည်။

တာလာ့စ်တိုက်ပွဲအတွင်း၌ ဝမ်ချောင်နှင့်မိစ္ဆာဧကရာဇ်လူအိုကြီးတို့ ဤတိုက်ကွက်ကို အသုံးပြုနိုင်ခဲ့ခြင်းမှာ အမှန်တကယ်တော့ ကံတရား၏အကျိုးသက်ရောက်မှု များစွာပါဝင်နေခြင်း ဖြစ်၏။

နောက်ပိုင်းတွင် ဝမ်ချောင်နှင့် မိစ္ဆာဧကရာဇ် လူအိုကြီးတို့သည် အကြိမ်ပေါင်းများစွာ စမ်းသပ်ခဲ့သော်လည်း အားလုံးမှာ ရှုံးနိမ့်ခဲ့ရပေသည်။ ထို့ပြင် ဤတိုက်ကွက်သည် လူနှစ်ဦး၏ စွမ်းအားများကို စုပ်ယူလိုက်သဖြင့် ပေါက်ကွဲမှု၏ စွမ်းအားမှာလည်း အလွန်အမင်း ပြင်းထန်လှရာ လူနှစ်ဦးလုံးမှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြသဖြင့် နောက်ဆုံးတွင်မူ စမ်းသပ်မှုများကို ရပ်တန့်ခဲ့ရပေတော့သည်။

ဤတိုက်ကွက်မှာ ပြည့်စုံမှု မရှိသေးသလို အန္တရာယ်လည်း များစွာကြီးမားလှသဖြင့် ဝမ်ချောင်သည် အရင်တုန်းက ဤတိုက်ကွက်ကို အသုံးပြုရန် လုံးဝမစဉ်းစားခဲ့ခြင်း ဖြစ်ပေသည်။

သို့သော်လည်း ယခုအခါတွင်မူ အသက်နှင့်သေခြင်းမှာ ဆံချည်မျှင်မျှသာ ခြားနားတော့သဖြင့် ဝမ်ချောင်အနေဖြင့် ထိုမျှအထိ ဂရုမစိုက်နိုင်တော့ပေ။ ဤသည်မှာလည်း သူ၏ ကိုယ်ပေါ်၌ ထိုက်ချန်းကို ခြိမ်းခြောက်နိုင်မည့် တစ်ခုတည်းသော ဧရာမ တိုက်ကွက်ပင် ဖြစ်ပေတော့သည်။

“ဝုန်း”

ဝမ်ချောင်၏ ရှေးဦးရှန်ထိုက် ကိုယ်ပွားနှစ်ခုသည် ယင်နှင့်ယန် အစွန်းနှစ်ဖက်၏ စွမ်းအားများကို အသီးသီး ထုတ်ဖော်လျက် တစ်သားတည်း ပေါင်းစပ်လိုက်သည့်အခါ၊ ထိုစွမ်းအားများ ပြောင်းလဲသွားပြီးနောက် ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများကြောင့် ထိုက်ချန်းပင်လျှင် အမူအရာ အနည်းငယ် ပျက်ယွင်းသွားခဲ့ရပေသည်။

သို့သော်လည်း ထိုအချိန်မှာပင် သဘာဝချင်း လုံးဝ ဆန့်ကျင်နေသော ထိုစွမ်းအင်နှစ်ခုမှာ အလုံးစုံ ပေါင်းစပ်သွားခြင်း မရှိသည့်အပြင်၊ တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ ရိုက်ခတ်လာကြပြီး မတည်မငြိမ်ဖြစ်သော ပေါက်ကွဲမှု အခြေအနေသို့ ရောက်ရှိလာခဲ့ပေသည်။

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်၏ စိတ်နှလုံးမှာ အောက်ခြေသို့ နစ်မြုပ်သွားခဲ့ရပေသည်။

ဒုတိယ ရှန်ထိုက်နှင့် တတိယ နတ်ဘုရားသန္ေသားတို့၏ စွမ်းအားများမှာ ဟန်ချက် မညီမျှခဲ့ခြင်းမှာ ထင်ရှားလှပေသည်။ ဤတိုက်ကွက်မှာ ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်၏။

ဤတစ်ကြိမ်တွင်မူ ၎င်းတို့သည် အမှန်တကယ်ပင် အလောင်းပင် ရှာမတွေ့ဘဲ သေဆုံးရတော့မည်လား

ဝမ်ချောင်၏ မျက်နှာမှာ ဖြူလျော့သွားခဲ့ရပေသည်။

မဟုတ်သေးဘူး၊ နောက်ဆုံးသော အခွင့်အရေး တစ်ခု ကျန်သေးတယ်။

ထိုစွမ်းအင်လုံးကြီး နှစ်ခုမှာ ပေါက်ကွဲတော့မည့်ခဏ၌ လျှပ်စီးလက်သည့်အလား ဝမ်ချောင်သည် အံကို တင်းတင်းကြိတ်လိုက်ကာ ပထမရှန်ထိုက်၏ တစ်ကိုယ်လုံးရှိ ကျင့်စဉ်စွမ်းအားများကို ချက်ချင်း ပေါက်ကွဲစေလိုက်ပေသည်။

“မဟာယင်ယန် ကောင်းကင်ဘုံ ဖန်တီးမှုပညာ”

ထိုက်ချန်းလက်ဦးမှုယူ မတိုက်ခိုက်မီမှာပင် ဝမ်ချောင်သည် ပြိုင်ဘက်ကင်းလှသော ဤထိပ်တန်းကျင့်စဉ်ကို ချက်ချင်း အသုံးပြုလိုက်ပေသည်။

ထိုစွမ်းအင်လုံးကြီးနှစ်ခု ပေါက်ကွဲတော့မည့် ခဏ၌ အလင်းရောင် တစ်ချက် လက်သွားခဲ့ကာ ဝမ်ချောင်၏ ပထမရှန်ထိုက်မှာ ၎င်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့ပေသည်။

နောက်တစ်ခဏ၌မူ တစ်ခုနှင့်တစ်ခု ရိုက်ခတ်နေသော ထိုစွမ်းအင်လုံးကြီး နှစ်ခုမှာ သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော အရှိန်အဟုန်ဖြင့် ပြန်လည် တည်ငြိမ်သွားခဲ့ကြကာ လည်ပတ်လျက် ပေါင်းစပ်သွားခဲ့ကြပြီး နောက်ဆုံးတွင်မူ ဧရာမ ထိုက်ကျိပုံရိပ်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပေသည်။

မသိမသာသော အခြေအနေကြားမှ ပထမ ရှန်ထိုက်မှာ ယင်ယန်ကို ညှိနှိုင်းပေးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ခြင်းဖြစ်ကာ ဆန့်ကျင်ဘက်ဖြစ်သော ယင်ယန် စွမ်းအားနှစ်မျိုးကို နောက်ဆုံးအခိုက်အတန့်၌ အထွတ်အထိပ်သို့ ရောက်ရှိအောင် ဟန်ချက်ညီသွားစေခဲ့ခြင်း ဖြစ်ပေသည်။

“ကောင်းကင်နဲ့မြေကြီး ဖုန်မှုန့်ဖြစ်တည်ခြင်း၊ အရာခပ်သိမ်း ပြာကျခြင်း”

“သွားစမ်း”

ဝမ်ချောင်သည် ထပ်မံ၍ မစဉ်းစားတော့ဘဲ တစ်ကိုယ်လုံးရှိ အင်အားရှိသမျှကို ချက်ချင်း ပေါက်ကွဲထုတ်ဖော်လိုက်ပေသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ရှန်ထိုက် သုံးခုလုံး၏ အင်အားများကို စုစည်းထားသော သမိုင်းတစ်လျှောက် မရှိဖူးသေးသည့် ပြင်းထန်လှသော ထိပ်တန်း တိုက်ကွက်ကြီးတစ်ခုမှာ မွေးဖွားလာခဲ့ပေတော့သည်။

“ဝုန်း”

အလင်းရောင် တစ်ချက် လက်သွားခဲ့ကာ ရှေးဦးရှန်ထိုက်သုံးခုလုံး၏ အင်အားများမှာ တစ်သားတည်း ပေါင်းစပ်သွားခဲ့ကြပြီး အထွတ်အထိပ်သို့ ရောက်ရှိနေသော ပျက်သုဉ်းခြင်း စွမ်းအားများ ပါဝင်နေသည့် အနက်ရောင် ဧရာမစွမ်းအင်လုံးကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကာ မိုးကြိုးအလား ပြင်းထန်လှသော အရှိန်အဟုန်ဖြင့် ရှေ့မှ ထိုက်ချန်းဆီသို့ ပြင်းထန်စွာ တိုက်ခိုက်လိုက်ပေတော့သည်။

“ဒါ ဘာအရာကြီးလဲ”

ဤခဏ၌ ထိုက်ချန်းပင်လျှင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သော အမူအရာများ ထွက်ပေါ်လာခဲ့ကာ မျက်လုံးများကို ပြူးကျယ်လျက် ကြည့်ရှုလိုက်မိပေသည်။

ရှေးဦးရှန်ထိုက်သုံးခု၏ အစွမ်းမှာ ပြင်းထန်လှသော်လည်း ထိုက်ချန်းကဲ့သို့သော ဂူကောင်းကင်အဆင့်ရှိသော ထိပ်တန်းပညာရှင်ရှေ့၌မူ များစွာအားနည်းနေဆဲ ဖြစ်ပေသည်။ ထို့ကြောင့်လည်း ထိုက်ချန်းက သူတို့အား ကြွက်ငယ်လေး သုံးကောင်ဟု အမြဲခေါ်ဝေါ်နေခဲ့ခြင်း ဖြစ်ပေသည်။

ထိုက်ချန်း၏ အမြင်၌မူ ထိုသူ သုံးဦးမှာ အချိန်မရွေး သတ်ဖြတ်နိုင်သော သိုးသူငယ်လေးများသာ ဖြစ်ကြပေသည်။

သို့သော်လည်း ဤခဏ၌ ဝမ်ချောင်၏ ရှန်ထိုက်သုံးခု ပူးပေါင်းလျက် ကြောက်မက်ဖွယ်ကောင်းလှသော ဤစွမ်းအားများ ပါဝင်နေသည့် တိုက်ကွက်ကို ထုတ်ဖော်လိုက်သည့်အခါတွင်မူ၊ ထိုက်ချန်းပင်လျှင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရပေတော့သည်။

“ဝုန်းးးး”

ထိုက်ချန်းသည် လက်ချောင်းကို တစ်ချက်တောက်လိုက်ရာ အကြီးအသေး အစုံအလင်ရှိသော အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများမှာ အံ့အားသင့်ဖွယ် အရှိန်ဖြင့် ပုံဖော်လာခဲ့ကြပြီး သူ၏ ရှေ့မှောက်၌ တားဆီးထားလိုက်ကြပေသည်။

ထိုက်ချန်းသည် ဤနည်းလမ်းဖြင့် ဝမ်ချောင်၏ “ကောင်းကင်နဲ့မြေကြီး ဖုန်မှုန့်ဖြစ်တည်ခြင်း၊ အရာခပ်သိမ်း ပြာကျခြင်း ” တိုက်ကွက်ကို ခုခံရန် ကြိုးစားလိုက်ခြင်း ဖြစ်၏။

သို့သော်လည်း တစ်ခဏအတွင်းမှာပင် ထိုက်ချန်း၏ အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်း အားလုံးမှာ ဝမ်ချောင်၏ ထိုတိုက်ကွက်ရှေ့၌ စက္ကူချပ်များအလား အားနည်းလျက် တစ်ခုပြီးတစ်ခု ကွဲအက် ပျက်စီးသွားခဲ့ရပေသည်။

သေခြင်းတရား အငွေ့အသက်များ အပြည့်အဝ ပါဝင်နေသော ထိုအနက်ရောင် ဧရာမ စွမ်းအင်လုံးကြီးမှာ အတားအဆီးများ အားလုံးကို ထိုးဖောက်ပြီးနောက်တွင် ထိုက်ချန်း၏ ကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ကာ သူ့အား နောက်ကွယ် ဟင်းလင်းပြင်၌ ပျောက်ကွယ်တော့မည့် “အချိန်နှင့် ဟင်းလင်းပြင် တွင်းနက်” ဆီသို့ လွင့်စင်သွားစေခဲ့ပေသည်။

“အား”

စူးရှလှသော အော်ဟစ်သံ တစ်ချက်နှင့်အတူ ထိုက်ချန်းသည် သွေးတစ်ချက်ကို ဗွက်ခနဲ အန်ထုတ်လိုက်ရကာ ချက်ချင်းပင် ပြင်းထန်စွာ ဒဏ်ရာရရှိသွားခဲ့ပြီး သူ၏မျက်နှာမှာလည်း စက္ကူတစ်ချပ်အလား ဖြူလျော့သွားခဲ့ရပေသည်။

သူ၏ မူလဂူကောင်းကင်အဆင့်ရှိသော ကြီးမားလှသည့် စွမ်းအားများမှာလည်း၊ ဝမ်ချောင်၏ ကြောက်မက်ဖွယ်ကောင်းလှသော ဤတိုက်ကွက်ကြောင့် သိသိသာသာပင် ကျဆင်းသွားခဲ့ရကာ ကျင့်စဉ်အဆင့်တစ်ခုပင် ခဏချင်းမှာပင် ပြုတ်ကျသွားခဲ့ရပေသည်။

သို့သော်လည်း ဝုန်းခနဲ မြည်ဟည်းသံနှင့်အတူ ထိုက်ချန်း၏ နောက်ကွယ်၌ ဧရာမ ရွှေရောင် အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းတစ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့ကာ သူ နောက်သို့ လွင့်စင်သွားနေမှုကို အတင်းအကျပ် တားဆီးထားနိုင်ခဲ့သဖြင့် အချိန်နှင့် ဟင်းလင်းပြင် တွင်းနက်အပြင်ဘက်၌ သီသီလေး ရပ်တန့်နိုင်ခဲ့ပေသည်။

“မင်းတို့ သေသင့်တဲ့ကောင်တွေ ”

ထိုက်ချန်းသည် သူ၏ကိုယ်ဟန်ကို ပြန်လည် တည်ငြိမ်အောင် ထိန်းသိမ်းလိုက်ကာ သွားကို တင်းတင်းကြိတ်လျက် ဝမ်ချောင်၏ ရှန်ထိုက်သုံးခုကို စူးစိုက်ကြည့်နေပေသည်။ သူ၏ မျက်ဝန်းအတွင်း၌လည်း သတ်ဖြတ်လိုသည့် စိတ်ဆန္ဒများမှာ ပြည့်နှက်နေသော်လည်း၊ သူ၏ စကားမဆုံးသေးမီမှာပင် ရုတ်တရက် နာကျင်စွာ အော်ဟစ်လိုက်ရပြန်ပေသည်။

“အရှင် သူ အခု အင်အားကုန်နေပြီ၊ ငါတို့ ဒီအခွင့်အရေးကို သုံးပြီး သူ့ရဲ့ ကျင့်စဉ်စွမ်းအားတွေကို အကုန် စုပ်ယူပစ်ရအောင်”

ထိုက်ချန်း၏ ခြေဖဝါးအနား၌ မည်သည့်အချိန်က ပေါ်ထွက်လာခဲ့သည် မသိရသော မျက်နှာမဲ့လူသည်။ သူ၏အမှတ်အသားဖြစ်သော အနက်ရောင် မျက်နှာဖုံးကို ဝတ်ဆင်ထားလျက် ထိုက်ချန်း၏ ဘယ်ဘက်ခြေထောက်ကို အတင်းအကျပ် မြဲမြံစွာ ဖက်ထားပေသည်။ တစ်ချိန်တည်းမှာပင် သူ၏ကိုယ်အတွင်း၌ အလင်းတန်းများ လှုပ်ခတ်သွားခဲ့ကာ သူ၏ နောက်ကွယ်ရှိ ဟင်းလင်းပြင်ထဲ၌ ဝေဝါးလှသော အလင်းတန်းများနှင့်အတူ နေလ ပုံရိပ်ယောင် နှစ်ခုမှာ ဝေဝါးစွာ ပေါ်ထွက်လာခဲ့ပေသည်။ သူသည် အမှန်တကယ်ပင် မဟာယင်ယန် ကောင်းကင်ဘုံ ဖန်တီးမှုပညာကို အသုံးပြုလျက်၊ ထိုက်ချန်း၏ ကိုယ်အတွင်းမှ ဂန်ချီများကို ရူးသွပ်စွာ ဝါးမြိုနေခြင်းပင် ဖြစ်ပေတော့သည်။

“မင်း သေချင်နေတာပဲ”

ထိုက်ချန်းမှာ များစွာဒေါသထွက်သွားခဲ့ရကာ လက်ဝါးတစ်ချက်ကို ပြင်းထန်စွာ ရိုက်ချလိုက်ပြီး မျက်နှာမဲ့လူ၏ကျောပြင်ကို အားကုန် ရိုက်နှက်လိုက်ပေသည်။ ထိုလက်ဝါးချက်မှာ များစွာ ပြင်းထန်လှသဖြင့် မျက်နှာမဲ့လူ၏ တစ်ကိုယ်လုံးရှိ ဂန်ချီများမှာ ပြိုကွဲကုန်ခဲ့ရကာ ချွေးပေါက်များမှတစ်ဆင့် သွေးများမှာလည်း ပန်းထွက်လာခဲ့ပြီး သူ၏တစ်ကိုယ်လုံးရှိ အရှိန်အဝါများမှာလည်း လျင်မြန်စွာပင် မှေးမှိန်သွားခဲ့ရပေသည်။

အကယ်၍သာ အရင်တုန်းကဆိုပါက ထိုက်ချန်း၏ ဤကဲ့သို့သော ဒေါသတကြီး တိုက်ခိုက်မှုအောက်၌ မျက်နှာမဲ့လူ၏ ကျင့်စဉ်အစွမ်းဖြင့်ဆိုလျှင် အချိန်အတော်ကြာကတည်းက အသက်ပျောက်သွားခဲ့ပြီ ဖြစ်သော်လည်း၊ ယခုတစ်ကြိမ်တွင်မူ မျက်နှာမဲ့လူသည် သွေးများကို အန်ထုတ်လျက် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့်တိုင်အောင် သေဆုံးသွားခြင်း မရှိပေ။

ဤမျှသာမကဘဲ မျက်နှာမဲ့လူသည် ထိုက်ချန်း၏ ဘယ်ဘက်ခြေထောက်ကို ပိုမို၍ပင် မြဲမြံစွာ ဖက်ထားလိုက်ကာ တစ်ချိန်တည်းမှာပင် မဟာယင်ယန် ကောင်းကင်ဘုံ ဖန်တီးမှုပညာကို အစွမ်းကုန် ဆက်လက် အသုံးပြုလျက် သူ၏ ကျင့်စဉ်စွမ်းအားများကို စုပ်ယူနေပေတော့သည်။

“တိုက်ကြစမ်း”

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်သည်လည်း ခဏချင်းမှာပင် တုံ့ပြန်လိုက်ပေသည်။ ရှန်ထိုက် သုံးခုလုံးမှာ လျှပ်စစ်တန်းတစ်ခုအလား ပြေးထွက်သွားကြကာ ထိုက်ချန်းဆီသို့ တစ်ပြိုင်တည်း ပြေးဝင်သွားခဲ့ကြပေသည်။

ဝုန်း ဝုန်း ဝုန်း

လျှပ်စီးလက်သည့်အလား တိုတောင်းလှသော အချိန်အတွင်းမှာပင် ဟင်းလင်းပြင်ထဲ၌ မြည်ဟည်းသံများ ထွက်ပေါ်လာခဲ့ကာ နေလ ပုံရိပ်ယောင်များမှာ တစ်ခုပြီးတစ်ခု ဟင်းလင်းပြင်ထဲ၌ ပေါ်ထွက်လာခဲ့ကြပေသည်။ ဝမ်ချောင်၏ ရှန်ထိုက် သုံးခုလုံးမှာ ထိုက်ချန်း၏ အခြားသော လက်နှစ်ဖက်နှင့် ညာဘက်ခြေထောက်တို့ကို တစ်ပြိုင်တည်း ဖမ်းဆုပ်လိုက်ကြပြီးနောက် မဟာယင်ယန် ကောင်းကင်ဘုံ ဖန်တီးမှုပညာကို အတူတူ အသုံးပြုလိုက်ကြပေတော့သည်။

ကျင့်စဉ်အဆင့်အရဆိုပါက ဝမ်ချောင်၏ ရှန်ထိုက် သုံးခုမှာ မျက်နှာမဲ့လူထက် များစွာ သာလွန်နေပေသည်။

နေလ ပုံရိပ်ယောင်များ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာလျက် ဟင်းလင်းပြင်ကို လင်းထိန်သွားစေသည့်အခါ ထိုက်ချန်း၏ ကိုယ်အတွင်းမှ ဟိန်းထွက်လှုပ်ခတ်နေသော ဂူကောင်းကင်အဆင့်ရှိသော ဂန်ချီများမှာ ခဏချင်းမှာပင် ရေကာတာ ကျိုးသွားသည့် ရေလှိုင်းများအလား ဝမ်ချောင်၏ ရှန်ထိုက် သုံးခု၏ ကိုယ်အတွင်းသို့ ရူးသွပ်စွာ စီးဝင်သွားခဲ့ကြပေတော့သည်။

အကယ်၍သာ အခြားသော အချိန်မျိုးတွင်ဆိုပါက၊ ထိုက်ချန်းသာ ထိုနေရာ၌ ငြိမ်သက်စွာ ရပ်နေခဲ့မည်ဆိုလျှင်၊ ဝမ်ချောင်အနေဖြင့် မဟာယင်ယန် ကောင်းကင်ဘုံ ဖန်တီးမှုပညာကို အသုံးပြုသည့်တိုင်အောင် သူ၏ ကိုယ်အတွင်းမှ ဂူဗိမာန်နတ်ဘုရားအဆင့် ဂန်ချီများကို စုပ်ယူနိုင်ရန်မှာ လုံးဝမသေချာလှပေ။ သို့သော်လည်း ယခုအချိန်မှာမူ ထိုက်ချန်း၏ အားအနည်းဆုံး အခြေအနေ ဖြစ်နေကာ ဧရာမ နေရာကူးပြောင်းခြင်းဂိတ် ပေါက်ကွဲမှု၏ ရိုက်ခတ်မှုများကို ဆက်တိုက် ခံစားထားရရုံသာမက ဝမ်ချောင်၏ “ကောင်းကင်နဲ့မြေကြီး ဖုန်မှုန့်ဖြစ်တည်ခြင်း၊ အရာခပ်သိမ်း ပြာကျခြင်း” တိုက်ကွက်ကိုပါ ခံစားထားရသဖြင့်၊ ယခုလက်ရှိ ထိုက်ချန်းမှာမူ အင်အားကုန်ခမ်းနေပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။

“မင်းတို့ သေချင်နေကြတာပဲ”

ထိုက်ချန်းမှာ ထိတ်လန့်မှုနှင့်အတူ များစွာဒေါသထွက်သွားခဲ့ရပေသည်။ သူသည်လည်း ဝမ်ချောင်တို့မှာ ဤမျှအထိ ရူးသွပ်ကြလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။ သူတော်စင် သိုင်းအဆင့်နှင့် သိမ်မွေ့နက်နဲသော အဆင့်သာရှိသော ဤမျှနိမ့်ပါးလှသည့် ကျင့်စဉ်အစွမ်းများဖြင့် ဂူကောင်းကင်အဆင့်ရှိသော ပညာရှင်တစ်ဦး၏ စွမ်းအားများကို ဝါးမြိုရန် ကြိုးစားနေကြခြင်းပင် ဖြစ်၏။

ထိုက်ချန်းသည် စိတ်အာရုံ လှုပ်ရှားလိုက်ရာ အချိန်နှင့် ဟင်းလင်းပြင်မှာ တုန်ခါသွားခဲ့ပြီး၊ အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများမှာ တစ်ခုပြီးတစ်ခု တစ်ဖန် ပြန်လည် ပေါ်ထွက်လာခဲ့ပြန်ပေသည်။ ထိုအလင်းကွင်းများအနက် တစ်ခုအတွင်းမှနေ၍ အလင်းရောင် တစ်ချက် လက်သွားခဲ့ကာ အလွန်အမင်း ထက်မြက်လှသကဲ့သို့ ဖျက်ဆီး၍ မရနိုင်သော ထိုရွှေရောင် လှံတိုမှာ တစ်ဖန် ပြန်လည် ပေါ်ထွက်လာခဲ့ပေသည်။

သို့သော်လည်း အရင်နှင့် နှိုင်းယှဉ်ပါက ရွှေရောင်လှံတိုပေါ်ရှိ အရှိန်အဝါများမှာ သိသိသာသာပင် အားနည်းသွားခဲ့ရသလို၊ ပတ်ဝန်းကျင်ရှိ အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများမှာလည်း အရောင်များ မှေးမှိန်နေကာ အလွန်အမင်း မတည်မငြိမ် ဖြစ်နေပြီး အချိန်မရွေး ကွဲအက်သွားတော့မည့်အလား ရှိနေပေသည်။

ထိုက်ချန်းကို ပို၍ထိတ်လန့်စေသည်မှာမူ သူသည် ကျင့်စဉ်စွမ်းအားများကို ပိုအသုံးပြုလေလေ သူ၏ ကိုယ်တွင်းမှာ ပိုမို၍ ဟာလာဟင်းလင်း ဖြစ်လာလေလေဖြစ်ကာ ဝမ်ချောင်၏ ရှန်ထိုက် သုံးခု၏ မဟာယင်ယန် ကောင်းကင်ဘုံ ဖန်တီးမှုပညာ မှာလည်း ပိုမို၍လျင်မြန်စွာ စုပ်ယူနေခဲ့ပြီး သူ၏ကိုယ်အတွင်းမှ ဂူဗိမာန်နတ်ဘုရားအဆင့် ဂန်ချီများမှာလည်း ပိုမို၍ကြောက်မက်ဖွယ်ကောင်းလောက်အောင် ယိုစိမ့်ထွက်ပေါ်နေခြင်းပင် ဖြစ်ပေသည်။

အခြားတစ်ဖက်မှာတော့ ထိုက်ချန်း တစ်ဖန်ပြန်လည်၍ ရွှေရောင်လှံတိုကို ထုတ်ဖော်လိုက်သည်ကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်သည်လည်း အမူအရာ များစွာပြောင်းလဲသွားခဲ့ရကာ စိတ်ထဲမှ ပြင်းထန်လှသော အန္တရာယ် အငွေ့အသက်တစ်ခု တိုးဝင်လာခဲ့ပေသည်။

“အိမ်မက် သားရဲ”

ဝမ်ချောင်သည် စိတ်ထဲမှ ပြတ်သားလှသော အသံဖြင့် အော်ဟစ်လိုက်ပေသည်။

“ဟိန်း”

ဝမ်ချောင်၏ အသံနှင့်အတူ အိမ်မက်သားရဲ၏ ကောင်းကင်တုန်ဟိန်းစေသော ဟိန်းဟောက်သံကြီးမှာ နောက်တစ်ကြိမ် ထပ်မံထွက်ပေါ်လာခဲ့ပြန်ပေသည်။

ထိုက်ချန်းလက်ဦးမှုယူ တိုက်ခိုက်တော့မည့် ခဏ၌ လျှပ်စီးလက်သည့်အလား တိုတောင်းလှသော အချိန်အတွင်းမှာပင်၊ အိမ်မက် သားရဲ၏ ပြင်းထန်လှသော စိတ်ဝိညာဉ်စွမ်းအားများမှာ ကြီးမားလှသော စွမ်းအားများဖြင့်၊ ထိုက်ချန်း၏ ဦးနှောက်အတွင်းသို့ တစ်ဖန် ပြန်လည်၍ ပြင်းထန်စွာ ရိုက်ခတ်လိုက်ပေတော့သည်။

“ဖုန်း ဖုန်း ဖုန်း”

ဆက်တိုက်ဆိုသလို ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ပေသည်။ ထိုက်ချန်းမှာ လူလေးဦးနှင့် သားရဲတစ်ကောင်တို့၏ အစွမ်းကုန် တိုက်ခိုက်မှုအောက်၌၊ သူ၏ ပတ်ဝန်းကျင်ရှိ အချိန်နှင့် ဟင်းလင်းပြင် အလင်းကွင်းများကို နောက်ဆုံးတွင် ဆက်လက်၍ မတည်ငြိမ်အောင် မထိန်းသိမ်းနိုင်တော့ဘဲ တစ်ခုပြီးတစ်ခု ပေါက်ကွဲ ပျက်စီးသွားခဲ့ရပေသည်။ သူ၏ရွှေရောင် လှံတိုမှာလည်း ဤ ပေါက်ကွဲမှုလှိုင်းများကြောင့် အဝေးသို့ ပြင်းထန်စွာ လွင့်စင်သွားခဲ့ရကာ “ဂျလွန်း” ဟူသော အသံနှင့်အတူ မြေပြင်ပေါ်သို့ ကျရောက်သွားခဲ့ပေတော့သည်။

All Chapters