← Chapters

အခန်း (၂၀၈၄-၂၀၈၆)

Vol. 129 Ch. 2084-2086

အခန်း (၂၀၈၄-၂၀၈၆)

Vol. 129 Ch. 2084-2086

အခန်း (၂၀၈၄) ဂူဗိမာန် စည်းမျဉ်းများကို စုပ်ယူခြင်း

“မင်းတို့ ဒီသောက်ကျိုးနည်းတွေ”

ထိုက်ချန်း၏ မျက်ဝန်းအစုံမှာ နီမြန်းနေပေသည်။ သူ၏ လက်ခြေလေးဖက်လုံးမှာ မူလက ဝမ်ချောင်၏ ရှန်ထိုက်သုံးခုနှင့် မျက်နှာမဲ့လူ၏ မြဲမြံစွာ ဖမ်းဆုပ်ချုပ်နှောင်ခြင်းကို ခံထားရသော်လည်း ဤအချိန်၌ ထိုက်ချန်း၏ ကိုယ်အတွင်းမှ ကြီးမားလှသော စွမ်းအားတစ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့ကာ သူ၏ဘယ်ဘက်လက်မောင်းမှာ ပထမရှန်ထိုက်၏ ချုပ်နှောင်မှုမှ ရုတ်တရက် ရုန်းထွက်သွားခဲ့ပြီး၊ အလွန်အမင်း ဒေါသထွက်နေသည့် စိတ်ဆန္ဒအောက်၌ သူ၏ ဘယ်ဘက်ခြေထောက်ကို ဖက်ထားသော တတိယ ရှန်ထိုက်၏ ကျောပြင်ပေါ်သို့ လက်ဝါးတစ်ချက် ပြင်းထန်စွာ ရိုက်ချလိုက်ပေတော့သည်။

“ဝုန်း”

ဤလက်ဝါးချက်မှာ များစွာလေးလံပြင်းထန်လှပေသည်။ ကြီးမားလှသော စွမ်းအားကြောင့် တတိယ ရှန်ထိုက်၏ တစ်ကိုယ်လုံးရှိ ဂန်ချီများမှာ ပြိုကွဲသွားခဲ့ရုံသာမက၊ သူ၏ကိုယ်တစ်ပိုင်းမှာပင် ထိုက်ချန်း၏ ရိုက်ချက်ကြောင့် မြေအောက်အတွင်းသို့ ကျွံဝင်သွားခဲ့ရပြီး၊ သူ၏ဝိညာဉ်တစ်စိတ်တစ်ဒေသမှာလည်း တိုက်ရိုက်ပင် ပြိုကွဲသွားခဲ့ရကာ ထိုက်ချန်း၏ လက်ချက်ဖြင့် အသက်ပျောက်လုနီးပါး ဖြစ်သွားခဲ့ရပေသည်။

သို့သော်လည်း ဤသို့ဖြစ်သည့်တိုင်အောင် တတိယ ရှန်ထိုက်မှာမူ သွားကို တင်းတင်းကြိတ်ထားလျက် ထိုက်ချန်း၏ ဘယ်ဘက်ခြေထောက်ကို လုံးဝ လွှတ်မပေးခဲ့ပေ။

ဤမျှသာမကဘဲ တတိယ ရှန်ထိုက်သည် သူ၏ အင်အားရှိသမျှ အသုံးပြုလျက်၊ အရာအားလုံးကို ဂရုမစိုက်တော့ဘဲ ရေလှိုင်းများအလား ထိုက်ချန်း၏ ကိုယ်အတွင်းမှ ဂူကောင်းကင်အဆင့်ရှိသော ဂန်ချီများကို ရူးသွပ်စွာ ဝါးမြိုနေပေတော့သည်။

ထိုခဏ၌ပင် ထိုက်ချန်း၏ ရိုက်ချက်ကြောင့် လွင့်စင်သွားသော ပထမရှန်ထိုက်မှာလည်း တစ်ဖန် ပြန်လည်ပြေးဝင်လာခဲ့ပြီး၊ ထိုက်ချန်း၏ ဘယ်ဘက်လက်ကို ပြန်လည် ဖမ်းဆုပ်ကာ သူ့အား မြဲမြံစွာ ထပ်မံ၍ ချုပ်နှောင်လိုက်ပေသည်။

လူလေးဦး၏ မဟာယင်ယန် ကောင်းကင်ဘုံ ဖန်တီးမှုပညာဖြင့် ဝါးမြိုမှုအောက်၌ ထိုက်ချန်း၏ ကိုယ်အတွင်းမှ ဂူဗိမာန်နတ်ဘုရားအဆင့် ဂန်ချီများမှာ ရူးသွပ်စွာ ယိုစိမ့်ထွက်ပေါ်နေခဲ့ပြီဖြစ်ကာ သူ၏တစ်ကိုယ်လုံးရှိ အရှိန်အဝါများမှာလည်း တဖြည်းဖြည်း ပိုမိုအားနည်းလာခဲ့သဖြင့် လူလေးဦး၏ ချုပ်နှောင်မှုမှ ရုန်းထွက်ရန်မှာလည်း ပိုမို၍ ခက်ခဲလာခဲ့ရပေသည်။

“အရှင် သူ့ရဲ့ဦးနှောက်ထဲကို တိုက်ခိုက်ပါ။ သူ့ရဲ့ဂူဗိမာန်နတ်ဘုရားအဆင့် စည်းမျဉ်းဗဟိုချက်က စွမ်းအင်တွေကို ပြန်ဖြည့်ဖို့ ကြိုးစားနေတာ၊ သူ့ရဲ့ ဂူဗိမာန် ဗဟိုချက်ကိုသာ ရိုက်ခွဲနိုင်ပြီးတော့ အထဲက စည်းမျဉ်းတွေကို စုပ်ယူနိုင်မယ်ဆိုရင်တော့ အရှင် သေချာပေါက် ဂူကောင်းကင်အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ပါလိမ့်မယ်”

ထိုအချိန်မှာပင် မျက်နှာမဲ့လူ၏အသံမှာ ဝမ်ချောင်၏နားဘေး၌ ရုတ်တရက် ထွက်ပေါ်လာခဲ့ပေသည်။ သူ၏ လေသံအတွင်း၌လည်း ထူးခြားလှသော ခံစားချက် လှုပ်ခတ်မှု အနည်းငယ် ပါဝင်နေပေသည်။

မျက်နှာမဲ့လူအနေဖြင့် ဂူကောင်းကင်အဆင့်အကြောင်း သိရှိထားသမျှမှာ ဝမ်ချောင်ထံမှ ရရှိထားခြင်း ဖြစ်ပေသည်။ ကက်စပီယန်ပင်လယ်သို့ လာရာလမ်းတစ်လျှောက်၌ ဝမ်ချောင်သည် သူ့အား ဂူဗိမာန်နတ်ဘုရားအဆင့်နှင့် ပတ်သက်သော အကြောင်းအရာများစွာကို ပြောပြခဲ့ဖူးပေသည်။

သိမ်မွေ့နက်နဲသော အဆင့်မှ ဂူကောင်းကင်အဆင့်အတွင်းသို့ ဝင်ရောက်ကာ မြေကမ္ဘာနှင့် ကောင်းကင်ယံ၏ စည်းမျဉ်းများကို နားလည်သိမြင်ပြီးနောက်တွင်၊ ဦးနှောက်အတွင်း၌ ဂူဗိမာန် ဗဟိုချက်တစ်ခု ဖြစ်ပေါ်လာမည် ဖြစ်ပေသည်။

၎င်းမှာ အစွမ်းထက်ဆုံးသော စွမ်းအင်များနှင့် မြေကမ္ဘာ၏ စည်းမျဉ်းများကို တစ်သားတည်း ပေါင်းစပ်ထားခြင်း ဖြစ်၏။

ထို့ပြင် အချိန်နှင့် ဟင်းလင်းပြင် ဖုံးကွယ်မှုများကြောင့် အပြင်လူများအနေဖြင့် ဂူဗိမာန်နတ်ဘုရားအဆင့် ပညာရှင်တို့၏ ဗဟိုချက်ကို အာရုံခံသိရှိနိုင်ရန်မှာ လုံးဝမဖြစ်နိုင်ပေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင်မူ ၎င်းအား တုန်လှုပ်အောင် လုပ်ဆောင်ရန်မှာ ပို၍ပင် မဖြစ်နိုင်တော့ပေ။

သို့သော်လည်း ယခုလက်ရှိ ထိုက်ချန်းမှာမူ ဆက်တိုက်ဆိုသလို ပြင်းထန်စွာ ဒဏ်ရာရရှိထားခဲ့သလို၊ သူ၏ကိုယ်အတွင်းမှ ဂူဗိမာန်နတ်ဘုရားအဆင့် ဂန်ချီများကိုလည်း ဝမ်ချောင်တို့က အတော်များများ စုပ်ယူထားပြီးဖြစ်ရာ၊ ၎င်းမှာ နွေရာသီ၌ မြစ်ရေများ ခန်းခြောက်သွားသဖြင့် မြစ်ကြမ်းပြင်ပေါ်ရှိ ကျောက်တုံးများမှာ ပေါ်ထွက်လာသည့်အလား ရှိနေပေသည်။ ဤကဲ့သို့သော အခြေအနေမျိုးတွင်မူ ထိုက်ချန်း၏ အလုံခြုံဆုံးသော ဂူဗိမာန် ဗဟိုချက်မှာလည်း ဝမ်ချောင်နှင့် မျက်နှာမဲ့လူတို့၏ ရှေ့မှောက်၌ ပေါ်ထွက်လာခဲ့ရပေတော့သည်။

“ဘယ်လိုတောင် အစွမ်းထက်တာလဲ။ ဒါက ဂူဗိမာန်နတ်ဘုရားအဆင့် ဗဟိုချက်ပေါ့ ဟုတ်လား”

မျက်နှာမဲ့လူ သတိပေးရန်ပင် မလိုအပ်ဘဲ ဝမ်ချောင်သည် ထိုက်ချန်း၏ ဦးနှောက်အနက်ရှိုင်းဆုံးရှိ ဂူဗိမာန်နတ်ဘုရားအဆင့် ဗဟိုချက်ကို မြင်တွေ့လိုက်ရပေပြီ။

၎င်းမှာ လက်မအရွယ်အစားခန့်ရှိကာ ဖန်သားတစ်ခုအလား ကြည်လင်ပြတ်သားနေသော စိန်ပုံသဏ္ဌာန် ကျောက်သလင်းတစ်ခုပင် ဖြစ်ပေသည်။

၎င်းမှာ သေးငယ်လှသော်လည်း ၎င်းအတွင်း၌ ကိန်းအောင်းနေသော စွမ်းအားများမှာမူ များစွာ ကြီးမားလှပေသည်။ အရေးအကြီးဆုံးအချက်မှာ ၎င်းအတွင်း၌ သိပ်သည်းလှသော စည်းမျဉ်းစွမ်းအားများ စုစည်းနေခြင်းပင် ဖြစ်၏။ ထိုသေးငယ်လှသော ကျောက်သလင်းမှတစ်ဆင့် ဝမ်ချောင်သည် ၎င်းအတွင်းရှိ အဆုံးမရှိသော အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများကိုပင် ခံစားလိုက်ရပေသည်။

မဟာစကြဝဠာကြီးမှာ မုန်ညင်းစေ့လေးတစ်ခုအတွင်း ကိန်းအောင်းနိုင်သလို၊ သဲမှုန်လေးတစ်ခုအတွင်း၌လည်း ကြယ်တာရာ ကောင်းကင်ယံကို ဖုံးကွယ်ထားနိုင်သည်။

ကျင့်စဉ်အဆင့်မှာ ဂူကောင်းကင်အဆင့်သို့ ရောက်ရှိကာ အချိန်နှင့် ဟင်းလင်းပြင်၏ လျှို့ဝှက်ချက်များကို အလုံးစုံ နားလည်သွားပြီးနောက်တွင်မူ၊ အကြီးနှင့်အသေး ဆိုသည်မှာ ရိုးရိုးရှင်းရှင်း နှိုင်းယှဉ်ချက်တစ်ခုသက်သက်သာ မဟုတ်တော့ပေ။ မုန်ညင်းစေ့လေးတစ်ခုအလား သေးငယ်နေသည့်တိုင်အောင် များစွာကြီးမားလှသော စွမ်းအားများ ကိန်းအောင်းနေနိုင်ခြင်းပင် ဖြစ်၏

အသေးစားလေးမှာပင် များစွာ ကြီးမားနေခြင်း ဖြစ်ပေသည်။

ထိုက်ချန်း၏ ဂူဗိမာန် ဗဟိုချက်မှာ လက်မအရွယ်အစားခန့်သာ ရှိသော်လည်း၊ ၎င်းအတွင်း၌ ကိန်းအောင်းနေသော စွမ်းအင်နှင့် စည်းမျဉ်းစွမ်းအားများမှာမူ စိတ်ကူးမယဉ်နိုင်လောက်အောင်ပင် များပြားလှပေသည်။

၎င်းမှာ မရေမတွက်နိုင်သော သိမ်မွေ့နက်နဲသော အဆင့်ပညာရှင်တို့ အိမ်မက်မက်နေကြသော အရာပင် ဖြစ်ပေသည်

ထိုခဏတာအတွင်းမှာပင် ဝမ်ချောင်၏ မျက်ဝန်းအတွင်း၌လည်း လမ်းပျောက်နေသော အရိပ်အယောင် အနည်းငယ် ပေါ်ထွက်လာခဲ့ကာ ရုတ်တရက် ပေါ်ထွက်လာသော ထိုဂူဗိမာန် ဗဟိုချက်၏ ဆွဲဆောင်ခြင်းကို လုံးဝ ခံလိုက်ရပေသည်။

ဝမ်ချောင်၏ စိတ်နှလုံးမှာ လှုပ်ခတ်သွားခဲ့၏။

အကယ်၍ ထိုက်ချန်းဆီမှ ဂူဗိမာန် ဗဟိုချက်ကို ရရှိနိုင်ပြီး၊ ဂူကောင်းကင်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်မည်ဆိုပါက၊ သူသည် အပြင်ဘက် စွမ်းအားများကို အသုံးမပြုဘဲ မိမိကိုယ်တိုင်၏ အစွမ်းဖြင့်ပင် ထိုက်ရှီနှင့် ထိုက်ချန်းတို့ကဲ့သို့သော ထိုက်မျိုးဆက် ပညာရှင်များကို ရင်ဆိုင်နိုင်မည့် အစွမ်းများကို အမှန်တကယ် ပိုင်ဆိုင်သွားမည် ဖြစ်ပေသည်

ဝုန်း ဝုန်း ဝုန်း

အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိဘဲ ဝမ်ချောင်၏ ရှေးဦးရှန်ထိုက်သုံးခုလုံးနှင့် မျက်နှာမဲ့လူတို့သည်။ တစ်ကိုယ်လုံးရှိ စိတ်ဝိညာဉ်စွမ်းအားအားလုံးကို ပေါက်ကွဲထုတ်ဖော်လိုက်ကြကာ မုန်တိုင်းတစ်ခုသဖွယ် ထိုက်ချန်း၏ ဂူဗိမာန် ဗဟိုချက်ပေါ်သို့ ပြင်းထန်စွာ ရိုက်ခတ်လိုက်ကြပေတော့သည်။

ဟိန်း

တစ်ချိန်တည်းမှာပင် အိမ်မက်သားရဲ၏ ကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအားများသည်လည်း၊ မိုးကြိုးအလား ပြင်းထန်လှသော အရှိန်အဟုန်ဖြင့် ထိုက်ချန်း၏ ဂူဗိမာန် ဗဟိုချက်ပေါ်သို့ အလားတူပင် ရိုက်ခတ်လိုက်ပေသည်။

ကြီးမားလှသော စိတ်ဝိညာဉ် ရိုက်ခတ်မှုများကြောင့် ထိုက်ချန်း၏ ဂူဗိမာန် ဗဟိုချက်မှာ ပြင်းထန်စွာ တုန်ခါလာခဲ့ရကာ ထိုဖန်သားပြင်အလား စိန်ပုံသဏ္ဌာန် ကျောက်သလင်း မျက်နှာပြင်ပေါ်၌မူ စူးရှလှသော အက်ကွဲသံများနှင့်အတူ ပင့်ကူအိမ်အလား သေးငယ်လှသော အက်ကြောင်းများမှာ တစ်ပြိုင်တည်း ပေါ်ထွက်လာခဲ့ပေသည်။

“သခင် မျက်နှာမဲ့လူ ပြောတာ မှန်တယ်။ သူ့ရဲ့ ဂူဗိမာန် ဗဟိုချက်က ခုနက ပေါက်ကွဲမှုအတွင်းမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာ၊ အဲဒီလောက်အထိ မမာကျောတော့ဘူး၊ သူ့ရဲ့ ဂူဗိမာန် ဗဟိုချက်ကိုသာ ရိုက်ခွဲနိုင်မယ်ဆိုရင် သူ့ကို အမြစ်ပြတ် အောင်နိုင်မှာပဲ”

အိမ်မက် သားရဲသည်လည်း ဤအချိန်၌ ဟိန်းဟောက်လျက် ဆိုလိုက်ပေသည်။

ထိုနေရာရှိ လူအားလုံးအနက် သူ၏စိတ်ဝိညာဉ်စွမ်းအားမှာ အစွမ်းထက်ဆုံးဖြစ်ကာ အာရုံခံစားမှုမှာလည်း အထက်မြက်ဆုံးဖြစ်ရာ သူသည် ထိုက်ချန်း၏ ဂူဗိမာန် ဗဟိုချက်၏ အမှန်တကယ် အခြေအနေကို ပထမဆုံးအကြိမ် ရှာဖွေတွေ့ရှိလိုက်ခြင်း ဖြစ်ပေသည်။

သာမန် အခြေအနေမျိုးတွင်မူ ထိုက်ချန်းကဲ့သို့သော ထိပ်တန်းပညာရှင်တို့၏ ဂူဗိမာန် ဗဟိုချက်မှာ အလွန်ပင် ခိုင်မာလှပေသည်။ ဤမျှအထိ အားနည်းနေရန်မှာ လုံးဝမဖြစ်နိုင်သကဲ့သို့၊ တိုက်ကွက် တစ်ချက်တည်းဖြင့် ပင့်ကူအိမ်အလား အက်ကြောင်းများ ပေါ်ထွက်လာရန်မှာလည်း လုံးဝ မဖြစ်နိုင်ပေ။

ယခုလက်ရှိ ထိုက်ချန်းမှာမူ သူတို့ ထင်မှတ်ထားသည်ထက် များစွာ ပိုမိုအားနည်းနေခဲ့ခြင်း ဖြစ်ပေသည်။

ဝုန်း ဝုန်း ဝုန်း….

အနည်းငယ်မျှ တွန့်ဆုတ်ခြင်း မရှိဘဲ တိုက်ကွက် တစ်ချက်ပြီးနောက်တွင် ဝမ်ချောင်၏ ရှန်ထိုက် သုံးခု၊ မျက်နှာမဲ့လူနှင့် အိမ်မက် သားရဲတို့သည် အတူတူ ပူးပေါင်းလျက်၊ ကြီးမားလှသော စိတ်ဝိညာဉ်စွမ်းအားများဖြင့် ထိုက်ချန်း၏ ဂူဗိမာန် ဗဟိုချက်ပေါ်သို့ နောက်ထပ်တစ်ကြိမ် ပြင်းထန်စွာ ထပ်မံ ရိုက်ခတ်လိုက်ကြပြန်ပေသည်။

ယခုတစ်ကြိမ် ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် ထိုက်ချန်းသည် တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရကာ သူ၏ကိုယ်အတွင်းမှ ဂူဗိမာန်နတ်ဘုရားအဆင့် ဂန်ချီများမှာလည်း ခဏချင်းမှာပင် ပိုမို၍ လျင်မြန်စွာ ယိုစိမ့်ထွက်ပေါ်သွားခဲ့ရသလို၊ ဦးနှောက်အတွင်းရှိ ဂူဗိမာန်ဗဟိုချက်မှာလည်း ပိုမိုကြီးမားသော အက်ကြောင်းများ ပေါ်ထွက်လာခဲ့ပြီး၊ ထိုအက်ကြောင်းများမှတစ်ဆင့် စည်းမျဉ်းစွမ်းအားအချို့ပင်လျှင် ယိုစိမ့်ထွက်ပေါ်လာခဲ့ပေတော့သည်။

ဤအပြောင်းအလဲကို ခံစားသိရှိလိုက်ရသည့်အခါ ဝမ်ချောင်သည် စိတ်ဓာတ်များ များစွာတက်ကြွလာခဲ့ကာ သူ၏ တစ်ကိုယ်လုံးရှိ ကျင့်စဉ်စွမ်းအားများကို အထွတ်အထိပ်သို့ မြှင့်တင်လိုက်ပြီး၊ ထိုက်ချန်း၏ ဂူဗိမာန် ဗဟိုချက်အတွင်းမှ ယိုစိမ့်ထွက်ပေါ်လာသော ထိုစည်းမျဉ်းစွမ်းအားများကို ရူးသွပ်စွာ ဝါးမြိုလိုက်ပေတော့သည်။

“တကယ့်ကို ကောင်းတာပဲ”

“ဒါက စည်းမျဉ်းစွမ်းအားပေါ့ ဟုတ်လား”

ဝမ်ချောင်သည် ထိုဂူဗိမာန် စည်းမျဉ်းများအတွင်း၌ ကိန်းအောင်းနေသော စွမ်းအားများနှင့် သတင်းအချက်အလက်များကို ခံစားသိရှိနေရင်း စိတ်ထဲမှ များစွာ ချီးကျူးလိုက်မိပေသည်။

ဤသည်မှာ သူ တစ်ခါမျှ မကြုံတွေ့ဖူးသေးသော အံ့မခန်းလှသော အတွေ့အကြုံတစ်ခုပင် ဖြစ်ပေသည်။

ဂူကောင်းကင်အဆင့်၏ စည်းမျဉ်းများမှာ မည်သည့်စွမ်းအား သို့မဟုတ် စည်းမျဉ်းများနှင့်မျှ မတူညီလှပေ။ ရှေးဦးရှန်ထိုက် နိုးထလာသော မူလနတ်ဘုရားစွမ်းအားများနှင့်လည်း လုံးဝကွဲပြားခြားနားလှပေသည်။ စည်းမျဉ်းစွမ်းအားများမှာ သူ၏ ကိုယ်တွင်းအင်္ဂါများအတွင်းသို့ စီးဝင်သွားသည့် ခံစားချက်မှာ များစွာရှည်လျားလှသော မိုးခေါင်ရေရှားမှုအတွင်း၌ မိုးဦးကျရေကို ရရှိလိုက်သည့်အလား စိတ်နှလုံးကို များစွာ ကြည်လင်လန်းဆန်းသွားစေပေသည်။

ဤကဲ့သို့သော စည်းမျဉ်းများမှာ ဝမ်ချောင်၏ စွမ်းအားကို တိုက်ရိုက် မြင့်တင်ပေးခြင်း မရှိသော်လည်း၊ မြေကမ္ဘာ၏ စည်းမျဉ်းများအပေါ် ဝမ်ချောင်၏ နားလည်သဘောပေါက်မှုကိုမူ များစွာမြင့်တက်သွားစေခဲ့ပေသည်။ အထူးသဖြင့် အချိန်နှင့် ဟင်းလင်းပြင် စည်းမျဉ်းများအပေါ် နားလည်မှုကို ဖြစ်ပေသည်။

ယခုလက်ရှိ ဝမ်ချောင်မှာ ကျင့်စဉ်အဆင့် မလုံလောက်သေးသော်လည်း၊ သူ အဆင့်တက်လှမ်းပြီးနောက်တွင်မူ၊ ဤ စည်းမျဉ်းများ အားလုံးမှာ ဝမ်ချောင်၏ ကိုယ်ပိုင် အစစ်အမှန်ဆုံးသော စွမ်းအားများအဖြစ် ပြောင်းလဲသွားနိုင်မည် ဖြစ်ပေသည်။

“တကယ်ကို မယုံကြည်နိုင်လောက်အောင်ပဲ”

ဝမ်ချောင်သည် ထိုစည်းမျဉ်းစွမ်းအားများအတွင်း၌ အလုံးစုံ နစ်မြုပ်နေပေတော့သည်။

အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားမှာ အခြားသော စည်းမျဉ်းများနှင့် စွမ်းအားများ အားလုံးကို ကျော်လွန်နေပေသည်။ ၎င်းမှာ သိုင်းပညာရှင် အားလုံးကို ဆွဲဆောင်ကာ ရူးသွပ်သွားစေရန် လုံလောက်လှပေသည်။ ၎င်းမှာ အမြင့်ဆုံးသော စွမ်းအားပင် ဖြစ်ပေသည်

တစ်ကြိမ်ပြီးတစ်ကြိမ် ဝမ်ချောင်သည် အိမ်မက် သားရဲ၏ စွမ်းအားနှင့် ပူးပေါင်းလျက်၊ ထိုက်ချန်း၏ ဂူဗိမာန် ဗဟိုချက်ကို ဆက်တိုက်ဆိုသလို ရိုက်ခတ်နေခဲ့ပေသည်။

ပထမဆုံးအကြိမ်အဖြစ် သူသည် ထိုက်ချန်း၏ကိုယ်ပေါ်၌ မိမိ အလိုချင်ဆုံးသော အရာကို ခံစားသိရှိလိုက်ရခြင်း ဖြစ်ပေသည်။

မူလက ဝမ်ချောင်သည် ရှေးဦးရှန်ထိုက်၏ စွမ်းအားကို အမှီပြုလျက်၊ စိတ်အေးလက်အေး ကျင့်ကြံအားထုတ်ပြီးနောက် တစ်နှစ်မှ နှစ်နှစ်ခန့်အတွင်း ဂူကောင်းကင်အဆင့်သို့ တက်လှမ်းရန် ကြံစည်ထားသော်လည်း ယခုအခါတွင်မူ သူသည် ဖြတ်လမ်းတစ်ခုကို မြင်တွေ့လိုက်ရပေပြီ။

အကယ်၍ ထိုက်ချန်း၏ ကိုယ်ပေါ်မှ အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားများကို ရရှိနိုင်မည်ဆိုပါက သူ ဂူဗိမာန်နတ်ဘုရားအဆင့်သို့ တက်လှမ်းရန်အတွက် ထိုမျှအထိ အချိန်ကြာမြင့်စွာ လိုအပ်တော့မည် မဟုတ်ပေ။

“ခရက်”

တိုတောင်းလှသော အချိန်အတွင်းမှာပင် ဝမ်ချောင်နှင့် အိမ်မက် သားရဲတို့၏ ကြောက်မက်ဖွယ်ကောင်းသကဲ့သို့ ထူထပ်လှသော စိတ်ဝိညာဉ် တိုက်ခိုက်မှုများကို အကြိမ်မည်မျှ ခံစားခဲ့ရသည် မသိရဘဲ နောက်ဆုံးတွင်မူ ထိုက်ချန်း၏ ဂူဗိမာန် ဗဟိုချက်ဆီမှ ကျယ်လောင်လှသော အက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။ မူလက ပင့်ကူအိမ်အလား အက်ကြောင်းများမှာ ဝမ်ချောင်တို့၏ ရူးသွပ်စွာ ဝါးမြိုမှုနှင့် တိုက်ခိုက်မှုအောက်၌ ကြီးမားလှသော အက်ကြောင်းကြီးများအဖြစ် ပြောင်းလဲသွားခဲ့ရကာ နောက်ဆုံးတွင်မူ အလုံးစုံ ပေါက်ကွဲသွားခဲ့ပေတော့သည်။

“အခုပဲ”

၎င်းအတွင်းမှ မြစ်မင်းသမုဒ္ဒရာအလား ဟိန်းထွက် စီးဆင်းလာသော ဂူဗိမာန် စည်းမျဉ်းများကို ခံစားသိရှိလိုက်ရသည့် ခဏ၌ ဝမ်ချောင်၏ရှန်ထိုက်သုံးခုလုံးမှာ ချက်ချင်းပင် ပြေးဝင်သွားခဲ့ကြသလို၊ တစ်ချိန်တည်းမှာပင် မဟာယင်ယန် ကောင်းကင်ဘုံ ဖန်တီးမှုပညာ မှာလည်း အလင်းတန်းများ များစွာ တောက်ပလာခဲ့ကာ အထွတ်အထိပ်သို့ ရောက်ရှိအောင် မြှင့်တင်လျက်၊ ထိုကြီးမားလှသော ဂူဗိမာန် စည်းမျဉ်းများကို ရူးသွပ်စွာ ဝါးမြိုကာ လုယူလိုက်ကြပေတော့သည်။

“အရူးတွေ မင်းတို့ ဒီအရူးတစ်စု”

“ဒီနတ်ဘုရား က မင်းတို့ကို သတ်ပစ်မယ်”

“မင်းတို့ ဒီသောက်ကျိုးနည်းတွေ”

ထိုက်ချန်းမှာ စိုးရိမ်မှုနှင့်အတူ များစွာ ဒေါသထွက်နေခဲ့ရကာ သူ၏ တစ်ကိုယ်လုံးမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိအောင် ဒေါသထွက်နေသကဲ့သို့ ကြောက်ရွံ့မှုများလည်း ပြည့်နှက်နေပေသည်။

သူသည် ယခုကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိသွားလိမ့်မည်ဟု တစ်ခါမျှ ထင်မှတ်မထားခဲ့ပေ

သူသည် အဆက်မပြတ် ရုန်းကန်နေခဲ့ပေသည်။ ဝမ်ချောင်နှင့် မျက်နှာမဲ့လူတို့၏ ချုပ်နှောင်မှုမှ လွတ်မြောက်လိုနေသလို၊ သူတို့အား လွင့်စင်သွားစေကာ ပြင်းထန်စွာ ဒဏ်ရာရရှိအောင်လည်း လုပ်ဆောင်ချင်နေပေသည်။ သူ၏ ကိုယ်ပိုင် အချိန်နှင့် ဟင်းလင်းပြင် စွမ်းအားကို အသုံးပြုလိုသလို၊ အဝေးရှိ မြေပြင်ပေါ်မှ ရွှေရောင် လှံတိုကိုလည်း ထိန်းချုပ်လိုနေပေသည်။

သို့သော်လည်း ဤအရာများ အားလုံးကိုမူ သူ လုံးဝ လုပ်ဆောင်နိုင်ခြင်း မရှိတော့ပေ။

အမှန်တကယ်တော့ သူသည် ယခုအချိန်၌ လှုပ်ရှား၍ပင် မရတော့ပေ။

သူသည် ခံစားသိရှိနိုင်ပေသည်။ သူ၏ ကိုယ်အတွင်းမှ ဂူဗိမာန်နတ်ဘုရားအဆင့် ဂန်ချီများမှာ ခန်းခြောက်လုနီးပါး ဖြစ်နေခဲ့ပြီဖြစ်ကာ သူ၏အသက်စွမ်းအင်များမှာလည်း အဆက်မပြတ် ယိုစိမ့်နေခဲ့ပြီ ဖြစ်သည်။ ထို့ပြင် ဦးနှောက်အနက်ရှိုင်းဆုံး၌ နှစ်ပေါင်း ထောင်ချီအောင် သူ စုဆောင်းထားခဲ့သော ဂူဗိမာန်နတ်ဘုရားအဆင့် စည်းမျဉ်းများမှာလည်း ကြီးမားလှသော ပမာဏဖြင့် ယိုစိမ့်ထွက်ပေါ်နေခဲ့ကာ ဝမ်ချောင်တို့၏ အကြီးအကျယ် လုယူ ဝါးမြိုခြင်းကို ခံနေရပေသည်။

ဤအတိုင်းသာ ဆက်သွားမည်ဆိုပါက၊ သူသည် နတ်ဘုရားအဖွဲ့အစည်း၏ သမိုင်းတစ်လျှောက်၌၊ အရေးမပါလှသော ပုရွက်ဆိတ်များ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည့် ပထမဆုံးသော ထိုက်မျိုးဆက် ပညာရှင် ဖြစ်လာပေတော့မည်။

“မင်းတို့ သေသင့်တဲ့ ကောင်တွေ”

“မင်းတို့ အားလုံးကို ဒီနတ်ဘုရားနဲ့အတူ အသေခံစေရမယ်”

……

ထိုက်ချန်းသည် ဒေါသတကြီး ဟိန်းဟောက်နေကာ သူ၏မုတ်ဆိတ်များနှင့် ဆံနွယ်များမှာလည်း တုန်ယင်နေပေသည်။ သူ၏တစ်ကိုယ်လုံးမှာ အထွတ်အထိပ်သို့ ရောက်ရှိအောင် ဒေါသထွက်နေပေသည်။

“ဝုန်း”

နောက်ဆုံးအခိုက်အတန့်၌မူ ထိုက်ချန်း၏ ဦးနှောက်အနက်ရှိုင်းဆုံး၊ အလွန်အမင်း လျှို့ဝှက်လှသော နေရာတစ်ခု၌ ထိုက်ချန်း၏ ဒေါသတကြီး ဟိန်းဟောက်သံနှင့်အတူ ရွှေရောင် အလင်းစက်ကလေးတစ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့ကာ သံမဏိကဲ့သို့ မာကျောခိုင်မာလျက် ရုတ်တရက် ထိုးထွက်လာခဲ့ပေသည်။ ထို့ပြင် တိုတောင်းလှသော အချိန်အတွင်းမှာပင် သိသိသာသာ ကြီးမားလာခဲ့ကာ အလွန်အမင်း ပြင်းထန်လှသော အလင်းတန်းများကို ပေါက်ကွဲထုတ်ဖော်လိုက်ပေတော့သည်။

ထိုအလင်းတန်းများအတွင်း၌မူ ကမ္ဘာပျက်သုဉ်းစေမည့် ကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားတစ်ခုမှာ ကိန်းအောင်းနေပေသည်။ ၎င်းမှာ နောက်တစ်ခဏ၌ အလုံးစုံ ပေါက်ကွဲထွက်လာတော့မည့်အလား ရှိနေပေသည်။

“မကောင်းတော့ဘူး”

ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည့်အခါ ဝမ်ချောင်၊မျက်နှာမဲ့လူနှင့် အိမ်မက် သားရဲတို့၏ စိတ်နှလုံးများမှာ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရကာ ခဏချင်းမှာပင် လူနှစ်ဦးနှင့် သားရဲတစ်ကောင်လုံးမှာ အလွန်အမင်း အန္တရာယ် ကြီးမားနေကြောင်း ခံစားလိုက်ရပေသည်။

ထိုက်ချန်း၏ ဦးနှောက်အနက်ရှိုင်းဆုံးရှိ ထိုရွှေရောင် အလင်းတန်းမှာ တစ်စုံတစ်ဦးက ကြိုတင်ထားရှိခဲ့သော အလွန်အမင်း ပြင်းထန်လှသည့် တားမြစ် အတားအဆီးတစ်ခု ဖြစ်ဟန် ရှိပေသည်။

ဝမ်ချောင်၏ အာရုံခံစားမှုအရဆိုပါက ထိုစွမ်းအားမှာ ဂူကောင်းကင်အဆင့်ကိုပင် ကျော်လွန်နေဟန် ရှိပေသည်။

ထိုခဏတာအတွင်းမှာပင် ဝမ်ချောင်သည် ခံစားချက်တစ်ခု ရရှိလိုက်ပေသည်။ ထိုအလင်းတန်းများသာ အလုံးစုံ ပေါက်ကွဲထွက်ပေါ်လာမည်ဆိုပါက၊ မိမိဖြစ်စေ၊ မျက်နှာမဲ့လူဖြစ်စေ၊ သို့မဟုတ် အိမ်မက်သားရဲဖြစ်စေ၊ အားလုံးမှာ လုံးဝ ပြိုကွဲပျက်စီးသွားမည်ဖြစ်ကာ အသက်ရှင် ကျန်ရစ်နိုင်စရာ အကြောင်းမရှိပေ။

“မြန်မြန် သွားကြစို့”

ဝမ်ချောင်သည် မူလက ထိုက်ချန်း၏ ဂူဗိမာန် စည်းမျဉ်းများကို ရူးသွပ်စွာ ဝါးမြိုနေခြင်း ဖြစ်သော်လည်း၊ ယခုကဲ့သို့သော အချိန်မျိုး၌မူ ထိုအရာများကို ဂရုမစိုက်နိုင်တော့ဘဲ၊ အလျင်အမြန်ပင် ထိုက်ချန်းအား လွှတ်ပေးလိုက်ကာ အပြင်ဘက်သို့ ချက်ချင်းပင် ထွက်ပြေးရန် ပြင်ဆင်လိုက်ပေသည်။

သို့သော်လည်း နောက်တစ်ခဏ၌မူ၊ ထိုက်ချန်း၏ အေးစိမ့်လှကာ မည်သည့် ခံစားချက်မျှ မပါဝင်သော၊ အရိုးထဲအထိ အေးစိမ့်လှသည့် အသံမှာ နားထဲသို့ ရုတ်တရက် ပဲ့တင်ထပ်သွားခဲ့ပေသည်။

“အခုမှ ထွက်ပြေးဖို့ စဉ်းစားတာ၊ နောက်ကျသွားပြီ”

သူ၏အသံမဆုံးသေးမီမှာပင်၊ ဝမ်ချောင်သည် သူ၏တစ်ကိုယ်လုံး တောင့်တင်းသွားသည်ကို ခံစားလိုက်ရပေသည်။ ပတ်ဝန်းကျင်၌ ဧရာမ ရွှေရောင် အဝိုင်းကြီးတစ်ခုမှာ ရုတ်တရက် ပေါ်ထွက်လာခဲ့ကာ ဝမ်ချောင်၊ ထိုက်ချန်းနှင့် ဟင်းလင်းပြင် တစ်ခုလုံးကိုပါ မြဲမြံစွာ ချုပ်နှောင်ထားလိုက်ပေတော့သည်။

******

အခန်း (၂၀၈၅) နောက်ဆုံး ဟိန်းဟောက်သံ

ထိုဧရာမ ရွှေရောင် အဝိုင်းကြီး ပေါ်ထွက်လာသည့် တစ်ချိန်တည်းမှာပင်၊ ဟင်းလင်းပြင်ထဲ၌ ရေတံခွန်တစ်ခုအလား အနက်ရောင် လျှို့ဝှက်စာလုံးများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့ပေသည်။ ထိုစာလုံး တစ်လုံးချင်းစီအတွင်း၌မူ ပြင်းထန်ကာ သန့်စင်လှသော ပျက်သုဉ်းခြင်း စွမ်းအားများ ကိန်းအောင်းနေပေသည်။ ထိုပျက်သုဉ်းခြင်း စွမ်းအားမှာ ထိုက်ချန်း၏ ဦးနှောက်အနက်ရှိုင်းဆုံးမှ ရုတ်တရက် ပေါ်ထွက်လာသော ရွှေရောင် အလင်းတန်းနှင့် မူလအစခြင်း တူညီနေခြင်းမှာ ထင်ရှားလှပေသည်။

ဤသည်မှာ သေချာပေါက် ထိုတားမြစ် အတားအစီးနှင့်အတူ မွေးဖွားလာသော စွမ်းအားပင် ဖြစ်ပေတော့သည်။

“မင်းတို့ထဲက တစ်ယောက်မှ လွတ်အောင် ပြေးလို့မရဘူး၊ အကုန်လုံး ငါနဲ့အတူ အသေခံကြစမ်း”

ထိုက်ချန်း၏ နာကျည်းမှုများ ပြည့်နှက်နေသောအသံမှာ နောက်ကွယ်မှ ထွက်ပေါ်လာခဲ့ပေသည်။

ထိုရွှေရောင် အလင်းတန်းမှာမူ၊ ထျန်းက သူ့အား ပေးအပ်ထားသော တားမြစ် အတားအစီး တစ်ခုဖြစ်ကာ အလွန်အမင်း အကျပ်ရိုက်ကာ သေရတော့မည့် အခြေအနေမျိုးသို့ မရောက်ရှိပါက လုံးဝအသုံးမပြုရန် မိန့်ကြားထားခြင်း ဖြစ်ပေသည်။

အဘယ်ကြောင့်ဆိုသော် ဤတားမြစ် အတားအစီးကို တစ်ခါ အသုံးပြုလိုက်သည်နှင့် တစ်ပြိုင်နက်၊ သူကိုယ်တိုင် အပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ ထွက်ပြေးလွတ်မြောက်နိုင်ရန်မှာ လုံးဝမဖြစ်နိုင်သောကြောင့် ဖြစ်၏။

အခြားတစ်ဖက်၌မူ ဝမ်ချောင်၏စိတ်ထဲမှ အန္တရာယ် အငွေ့အသက်မှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပေပြီ။

ထိုက်ချန်းမှာ ရူးသွပ်သွားခဲ့ပြီဖြစ်ကာ သူတို့အား လက်စားချေရန်အတွက် မိမိကိုယ်မိမိ ဖောက်ခွဲသည့် နည်းလမ်းမျိုးနှင့် ဆင်တူသော တိုက်ကွက်ကိုပင် အသုံးပြုရန် တွန့်ဆုတ်ခြင်း မရှိတော့ပေ။

သို့သော်လည်း ထိုအလင်းကွင်း၏ ချုပ်နှောင်မှု နယ်ပယ်အတွင်း၌မူ ဝမ်ချောင်အတွက် ထွက်ပြေးစရာနေရာ လုံးဝမရှိတော့သကဲ့သို့၊ မြေလျှိုးခြင်း နတ်ဘုရားစွမ်းအားကိုပင် အသုံးမပြုနိုင်တော့ပေ။

“ဝုန်းးးး”

မသိမသာသော အခြေအနေကြားမှ ဝမ်ချောင်၏ အကြည့်မှာ မြေကမ္ဘာနှင့် ကောင်းကင်ယံကို ဝှေ့ယမ်းကြည့်ရှုလိုက်ရာ၊ ထိုက်ချန်း၏ နောက်ကွယ် ဟင်းလင်းပြင်၌ လူကြီးတစ်ဦး၏ အရွယ်အစားခန့်သာ ကျန်ရှိတော့သည့် အချိန်နှင့် ဟင်းလင်းပြင် တွင်းနက်ကို မြင်တွေ့လိုက်ရသည့်အခါ၊ ဝမ်ချောင်၏ စိတ်ထဲ၌ လှုပ်ခတ်သွားခဲ့ကာ ဦးနှောက်ထဲ၌ အတွေးတစ်ခု လျှပ်ခနဲ ဖြတ်ပြေးသွားခဲ့ပေသည်။

“အစွမ်းကုန် တိုက်ရတော့မှာပဲ”

“အိမ်မက် သားရဲ စိတ်ဝိညာဉ်စွမ်းအားနဲ့ သူ့ကို ထိန်းထားစမ်း”

“မျက်နှာမဲ့လူ၊ ငါနဲ့အတူ သူ့ကို အဲဒီ အချိန်နဲ့ ဟင်းလင်းပြင် တွင်းနက်ထဲ တွန်းပို့ရအောင်”

ဝမ်ချောင်သည် အံကို တင်းတင်းကြိတ်ကာ ကျယ်လောင်လှသော အသံဖြင့် အော်ဟစ်လိုက်ပေတော့သည်။

အရင်က ထိုက်ချန်းသည် သူ၏ ဒေါသကို ဖြေဖျောက်ရန်အတွက် ၎င်းတို့အား နေရာကူးပြောင်းခြင်းဂိတ် အနားသို့ တမင်တကာ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကာ ၎င်းတို့အား အချိန်နှင့် ဟင်းလင်းပြင် တွင်းနက်အတွင်းသို့ ပစ်ထည့်ရန် ကြံစည်ခဲ့သော်လည်း၊ ယခုလက်ရှိ အခိုက်အတန့်၌မူ ၎င်းမှာ သူတို့အတွက် အသက်ရှင် လွတ်မြောက်ရန် တစ်ခုတည်းသော အခွင့်အရေး ဖြစ်လာခဲ့ပေသည်။

အချိန်ကား များစွာမရှိလှပေ။ ထိုက်ချန်း၏ ကိုယ်အတွင်းမှ ပေါက်ကွဲထွက်ပေါ်နေသော ရွှေရောင် အလင်းတန်းများမှာ အရင်ကထက် အဆပေါင်း ရာကျော်မက ပိုမိုပြင်းထန်လာခဲ့ပြီဖြစ်ကာ အဝေးမှ လှမ်းကြည့်လိုက်ပါက လူသားကမ္ဘာအတွင်းသို့ ကျရောက်လာသော ဧရာမ နေမင်းကြီး တစ်ခုအလား ရှိနေပေသည်။ ထိုပျက်သုဉ်းခြင်း အငွေ့အသက်များမှာလည်း အထွတ်အထိပ်သို့ ရောက်ရှိနေပေပြီ။

ယခုအချိန်၌ ထိုက်ချန်းမှာမူ အရာအားလုံးကို စွန့်လွှတ်ထားခဲ့ပြီ ဖြစ်ပေသည်။

“ဝုန်း”

လျှပ်စီးလက်သည့်အလား တိုတောင်းလှသော အချိန်အတွင်းမှာပင်၊ ဤခဏ၌ အိမ်မက် သားရဲက လက်ဦးမှုယူ တိုက်ခိုက်လိုက်ပေသည်။ သံမဏိကဲ့သို့ မာကျောလှသော ကြီးမားလှသည့် စိတ်ဝိညာဉ်စွမ်းအားတစ်ခုမှာ ထိုက်ချန်း၏ ဦးနှောက်အတွင်းသို့ ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့သလို၊ တစ်ချိန်တည်းမှာပင် ဝမ်ချောင်၏ ရှန်ထိုက်သုံးခုနှင့် မျက်နှာမဲ့လူတို့မှာ တစ်ပြိုင်တည်း ပြေးဝင်သွားခဲ့ကြကာ ထိုက်ချန်း၏ ရှေ့မှောက်၌ ချက်ချင်း ပေါ်ထွက်လာခဲ့ကြပြီး၊ လက်ဝါး ရှစ်ဖက်လုံးကို ထိုက်ချန်း၏ ကိုယ်ပေါ်သို့ တစ်ပြိုင်တည်း ပြင်းထန်စွာ တင်လိုက်ကြလျက်၊ အစွမ်းအထက်ဆုံးသော ဂန်ချီများကို ပေါက်ကွဲထုတ်ဖော်လိုက်ကြပေတော့သည်။

“အား”

“မဖြစ်ဘူး”

ထိုက်ချန်းသည် မျက်လုံးများကို ပြူးကျယ်လျက် စူးရှစွာ အော်ဟစ်လိုက်ရပေသည်။ သူသည်လည်း ဝမ်ချောင်နှင့် မျက်နှာမဲ့လူတို့မှာ ထွက်ပြေးခြင်း မရှိဘဲ တစ်ဖန် ပြန်လည် တိုက်ခိုက်လာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ပေ။

သူသည် အလိုအလျောက်ပင် လက်ဝါးကို ဆန့်ထုတ်ကာ ၎င်းတို့အား တားဆီးရန် ကြိုးစားခဲ့သော်လည်း၊ ယခုလက်ရှိ ထိုက်ချန်းမှာ ဂူဗိမာန် ဗဟိုချက် ပြိုကွဲပျက်စီးထားရုံသာမက၊ ကိုယ်တွင်းရှိ ဂန်ချီများမှာလည်း အကုန်အစင် စုပ်ယူခြင်း ခံထားရသဖြင့် သာမန် သိုင်းပညာရှင် တစ်ဦးလောက်ပင် အစွမ်းထက်နေခြင်း မရှိတော့ပေ။ သူ၏လက်ဝါးကို ဆန့်ထုတ်လိုက်ရုံမျှသာ ရှိသေးသော်လည်း ချက်ချင်းပင် ထိုကြောက်မက်ဖွယ်ကောင်းလှသော စွမ်းအားများကြောင့် လွင့်စင်သွားခဲ့ရကာ ကြိုးပြတ်သွားသော စွန်တစ်ခုအလား သူ၏ နောက်ကွယ်မှ ပြန်လည်မစေ့နိုင်သေးသော အချိန်နှင့် ဟင်းလင်းပြင် တွင်းနက် အတွင်းသို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ပေတော့သည်

“ဝုန်း ဝုန်း ဝုန်း”

ကောင်းကင်တုန်ဟိန်းစေသော ပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ထိုကြောက်မက်ဖွယ်ကောင်းလှသော အချိန်နှင့် ဟင်းလင်းပြင် တွင်းနက်ကြီးမှာ လျင်မြန်စွာ ပြိုလဲလျက် ကျုံ့ဝင်သွားခဲ့ကာ ထိုက်ချန်း၏ ကိုယ်ထည်မှာလည်း ထိုအဆုံးမရှိသော အချိန်နှင့် ဟင်းလင်းပြင်များကြား၌ ပြင်းထန်စွာ ပေါက်ကွဲသွားခဲ့ပေတော့သည်။

ထိုဧရာမ ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော လှိုင်းတွန့်များမှာ၊ မြေပြင်တစ်ခုလုံးကို ပြင်းထန်စွာ တုန်ခါသွားစေခဲ့သလို၊ နောက်ကွယ်ရှိ ကျယ်ပြောလှသော ကက်စပီယန်ပင်လယ်ရေများမှာလည်း လိုက်လံလှုပ်ခတ်လာခဲ့ကာ နားစည်ကို ကွဲအက်စေမည့် လှိုင်းရိုက်သံကြီးများကို ဆက်တိုက် ထွက်ပေါ်စေနေပေတော့သည်။

ကြီးမားလှသော ပေါက်ကွဲမှုလှိုင်းများကြောင့် ဝမ်ချောင်၏ ရှန်ထိုက်သုံးခုနှင့် မျက်နှာမဲ့လူတို့မှာလည်း အဝေးသို့ လွင့်စင်သွားခဲ့ကြရကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားခဲ့ကြရပေသည်။

လေပြင်းများမှာ ဟိန်းဟောက်နေခဲ့ရာ အချိန်မည်မျှ ကုန်လွန်သွားခဲ့သည် မသိရသော်လည်း၊ ကက်စပီယန်ပင်လယ်အနား၌ အရာရာမှာ နောက်ဆုံးတွင်မှ ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိသွားခဲ့ပေသည်။ ထိုက်ချန်း၏ အရှိန်အဝါမှာလည်း လုံးဝပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ ထပ်မံ၍ တည်ရှိမနေတော့ပေ။

“အဟွတ် အဟွတ်”

အချိန်အတော်ကြာပြီးနောက် ချောင်းဆိုးသံ အနည်းငယ်နှင့်အတူ မြေပြင်ပေါ်၌ ဝမ်ချောင်၏ ရှန်ထိုက် သုံးခုနှင့် မျက်နှာမဲ့လူတို့မှာ တစ်ဦးပြီးတစ်ဦး ခက်ခဲစွာဖြင့် ထရပ်လိုက်ကြပေသည်။

“နောက်ဆုံးတော့ သေသွားပြီပေါ့”

“ထိုက်မျိုးဆက်က ပညာရှင်တွေကတော့ တကယ့်ကို ကြောက်စရာ ကောင်းတာပဲ”

ဝမ်ချောင်၏ အကြည့်မှာ ပတ်ဝန်းကျင်ကို ဝှေ့ကြည့်လိုက်ပြီးနောက် ဗလာကျင်းနေသော ကက်စပီယန်ပင်လယ်အနားကို ကြည့်ရှုရင်း၊ အရင်က ထိုက်ချန်းနှင့် တိုက်ခိုက်ခဲ့သော ဖြစ်စဉ်များကို ပြန်လည် တွေးတောမိသည့်အခါ စိတ်ထဲမှ ထိတ်လန့်နေမိပေသည်။

ယခုအချိန်အထိဆိုလျှင်၊ ဤသည်မှာ ဝမ်ချောင်ကြုံတွေ့ခဲ့ဖူးသမျှ အခက်ခဲဆုံးသော တိုက်ပွဲတစ်ခုပင် ဖြစ်ပေသည်။ အကြိမ်ပေါင်းများစွာ ထိုက်ချန်း၏ လက်ထဲ၌ အသက်ပျောက်လုနီးပါး ဖြစ်ခဲ့သော်လည်း၊ ကံကောင်းထောက်မစွာဖြင့် နောက်ဆုံးတွင်မူ သူသာ အောင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

“သွားကြစို့၊ ငါတို့ ဒီကနေ ထွက်ခွာရတော့မယ်”

ဝမ်ချောင်သည် မတ်တပ်ရပ်လိုက်ကာ ရှေ့ကို ကြည့်လျက် ဘေးနားရှိ မျက်နှာမဲ့လူကို ဆိုလိုက်ပေသည်။

သူ၏ လက်ဝါးကို ဖြန့်ကျက်လိုက်ရာ၊ အဝေးရှိ မြေပြင်ပေါ်သို့ ကျရောက်နေကာ မြေမှုန့်များကြား၌ တစ်ဝက်ခန့် နစ်မြုပ်နေသော ရွှေရောင် လှံတိုမှာ ဟင်းလင်းပြင်ထဲမှ ပျံတက်လာခဲ့ပြီး ဝမ်ချောင်၏ လက်အတွင်းသို့ ကျရောက်လာခဲ့ပေသည်။

ယခုတစ်ကြိမ်တွင်မူ များစွာ ကြီးမားလှသော အန္တရာယ်များကို ရင်ဆိုင်ခဲ့ရသော်လည်း၊ ရလဒ်မှာလည်း များစွာကြီးမားလှပေသည်။ အရေးအကြီးဆုံးအချက်မှာ ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်း၏ နေရာကူးပြောင်းခြင်းဂိတ် တစ်ခုကို အောင်မြင်စွာ ဖျက်ဆီးနိုင်ခဲ့ခြင်းပင် ဖြစ်ပေသည်။

“နောက်ပိုင်း ကိစ္စတွေကတော့ မြို့တော်ဘက်က အခြေအနေအပေါ်မှာပဲ မူတည်တော့မှာပဲ”

……

ယခုအချိန်၌ ဝမ်ချောင်အနေဖြင့် မသိရှိနိုင်သေးသည်မှာမူ ထိုက်ချန်းအနေဖြင့် အချိန်နှင့် ဟင်းလင်းပြင် တွင်းနက်အတွင်းသို့ ကျရောက်လျက် လုံးဝပျောက်ကွယ်သွားခဲ့သည့် ခဏ၌၊ အခြားသော ဝေးကွာလှသည့် နေရာတစ်ခုတွင် သံကြိုးများမှာ လှုပ်ရှားသွားခဲ့ကာ မျက်ဝန်းတစ်စုံမှာ ရုတ်တရက် ရွှေရောင် ဒေါင်လိုက် မျက်လုံးများကို ဖွင့်ကြည့်လိုက်ခြင်းပင် ဖြစ်ပေသည်။

“ထိုက်ချန်းလား”

“နေရာကူးပြောင်းခြင်းဂိတ် ပျက်စီးသွားပြီ၊ ထိုက်ချန်းလည်း သေသွားပြီ”

ထိုခဏ၌၊ ထိုရွှေရောင် ဒေါင်လိုက် မျက်ဝန်းအစုံအတွင်း၌ သိသိသာသာပင် တုန်လှုပ်မှု အရိပ်အယောင်များ ပေါ်ထွက်လာခဲ့ရပေသည်။

“ဒါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ၊ လီထိုက်ယီလည်း မရှိတော့ဘူးလေ၊ ဒီလောကမှာ ထိုက်ချန်းကို သတ်နိုင်တဲ့သူ ရှိနေသေးလို့လား”

“ဘယ်သူရှိလဲ။ အခုချက်ချင်း ကက်စပီယန်ပင်လယ်အနားကို သွားပြီး စုံစမ်းစမ်း”

……

တစ်ချိန်တည်းမှာပင်၊ ပြင်းထန်လှသော တုန်လှုပ်ခြောက်ခြားမှုများကို ခံစားလိုက်ရသူမှာ ထျန်းတစ်ဦးတည်း မဟုတ်ပေ။

မြို့တော်၏ ညဉ့်အမှောင်ထုအတွင်း၌၊ ပုံရိပ်တစ်ခုမှာ ဟင်းလင်းပြင် ဗလာနယ်ထဲ၌ ငြိမ်သက်စွာ ထိုင်နေပေသည်။ သူ၏ အရှိန်အဝါမှာ ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေကာ လှုပ်ရှားခြင်းမရှိဘဲ ရှိနေပေသည်။

“ဝုန်းးးး”

ရုတ်တရက်ဆိုသလို၊ မသိမသာသော လှုပ်ခတ်မှုတစ်ခုမှာ အထပ်ထပ်သော ဟင်းလင်းပြင်များကို ဖြတ်ကျော်လျက် ထိုက်ရှီ၏ကိုယ်ပေါ်သို့ ကျရောက်လာခဲ့ပေသည်။ ထိုက်ရှီမှာ တစ်ကိုယ်လုံး တုန်လှုပ်သွားခဲ့ရကာ ဝုန်းခနဲ မျက်လုံးများကို ဖွင့်ကြည့်လိုက်မိပေသည်။

“ဒီ အငွေ့အသက်ကတော့…… ထိုက်ချန်းပဲ”

ထိုက်ရှီ၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရကာ မျက်နှာတစ်ခုလုံး မယုံကြည်နိုင်လောက်အောင် ဖြစ်နေရပေသည်။

နတ်ဘုရားအဖွဲ့အစည်းအတွင်း၌မူ ကျင့်စဉ်အဆင့်မှာ ထိုက်မျိုးဆက် အဆင့်သို့ ရောက်ရှိနေသော ပညာရှင်များအကြား၌ မသိမသာသော အာရုံခံစားမှုလေးတစ်ခု အပြန်အလှန် ရှိနေကြပေသည်။

ဤအာရုံခံစားမှုမှာ ပုံမှန်အချိန်များတွင်မူ မထင်ရှားသော်လည်း၊ အကယ်၍ တစ်ဖက်ဖက်၌ ကြီးမားလှသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့မည်ဆိုပါက အခြားသော ထိုက်မျိုးဆက် ပညာရှင်များမှာ ထိုသတင်းအချက်အလက်များကို ချက်ချင်း သိရှိနိုင်ကြခြင်း ဖြစ်ပေသည်။

နတ်ဘုရားအဖွဲ့အစည်းအတွင်း၌ ထိုက်ချန်းမှာ ဝါရင့်လှသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သကဲ့သို့၊ အစွမ်းမှာလည်း များစွာ ပြင်းထန်လှပေရာ ဘယ်လိုနည်းနဲ့မှ လွယ်လွယ်ကူကူ ပြဿနာ တက်နိုင်စရာ အကြောင်းမရှိပေ။

“အမှန်တကယ် ဘာတွေ ဖြစ်ကုန်တာလဲ၊ ထိုက်ချန်းက ဘာကြောင့် ရုတ်တရက် ကျဆုံးသွားရတာလဲ”

ထိုက်ရှီ၏ အမူအရာမှာ လေးနက်တည်ငြိမ်နေကာ စိတ်ထဲ၌လည်း များစွာတုန်လှုပ်နေမိပေသည်။

အလွန် ရုတ်တရက် ဆန်လွန်းလှပေသည်။

ထိုက်ရှီနှင့် ထိုက်ချန်းမှာ အတူတူပင် ထိုက်မျိုးဆက် ပညာရှင်များ ဖြစ်ကြကာ အစွမ်းမှာလည်း အပြန်အလှန် ရှိနေကြပေသည်။ ယခုအခါ ထိုက်ချန်းရုတ်တရက် ကျဆုံးသွားခဲ့ပြီဖြစ်ရာ သူ၏ စိတ်ထဲ၌ စိုးရိမ်ပူပန်မှုနှင့် သံသယများ ဖြစ်ပေါ်လာရန်မှာ မလွဲဧကန်ပင် ဖြစ်ပေသည်။

“ဘယ်သူရှိလဲ”

ထိုက်ရှီက ရုတ်တရက် စကားဆိုလိုက်ပေသည်။

သူ၏ အသံမဆုံးသေးမီမှာပင် ပုံရိပ်တစ်ခုမှာ တစ္ဆေတစ်ကောင်အလား သူ၏ နောက်ကွယ် ဟင်းလင်းပြင်၌ ရုတ်တရက် ပေါ်ထွက်လာခဲ့ပေသည်။

“အခုချက်ချင်း သွားစမ်း၊ ကက်စပီယန်ပင်လယ်အနားမှာ၊ ထိုက်ချန်းရဲ့ ကိုယ်ပေါ်မှာ အမှန်တကယ် ဘာတွေ ဖြစ်ခဲ့သလဲဆိုတာ ငါ သိချင်တယ်”

ထိုက်ရှီက ပြတ်သားလှသော အသံဖြင့် ဆိုလိုက်ပေသည်။

“ဟုတ်ကဲ့ပါ”

သူ၏အသံအဆုံး၌ ထိုပုံရိပ်မှာ လေထုအတွင်း၌ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားခဲ့ပေတော့သည်။

အရာရာမှာ ပြန်လည် တိတ်ဆိတ်သွားသည့် အခါတွင်မူ၊ ထိုက်ရှီသည် ရှေ့ဘက်ရှိ မီးရောင်များ လင်းထိန်နေကာ ရှောင်ကျိုးကျိုး အစီအရင်၏ ဖုံးလွှမ်းခြင်းကို ခံထားရသော မြို့တော်ကို လှမ်းကြည့်လိုက်မိပေသည်။

“ထိုက်ချန်း ကျဆုံးသွားတဲ့ ကိစ္စက အများကြီးအရေးကြီးလှတယ်၊ ထျန်းဘက်ကတော့ သေချာပေါက် များစွာ အမျက်ထွက်နေမှာပဲ၊ ငါလည်း အစီအစဉ်ကို အရှိန်မြှင့်ပြီး အဲဒီပျက်သုဉ်းခြင်း၏ သားတော်ကို အမြစ်ပြတ် ရှင်းပစ်ရတော့မယ်”

……

အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်သွားခဲ့ရာ၊ မြို့တော်အတွင်း၌ ဝမ်ချောင်၏ မူလကိုယ်ထည်မှာ တပ်စွဲထားလျက်၊ လီဟန်နှင့်အတူ နန်းတွင်းနှင့် နန်းပြင် အပြန်အလှန် ပူးပေါင်းကာ ထန်မင်းဆက်၏ အခြေအနေများကို အတူတူ ထိန်းချုပ်နေကြပေသည်။

ဤမျှသာမကဘဲ၊ ရှောင်ကျိုးကျိုး အစီအရင် ရှိနေသဖြင့် ဝတ်စုံမည်းဝတ်လူများမှာလည်း မြို့တော်အတွင်းသို့ မဆင်မခြင် ဝင်ရောက် နှောင့်ယှက်ရန် မဝံ့ရဲကြပေ။

ထို့ကြောင့်ပင် ထန်မင်းဆက်ဟူသော ဤစစ်ပွဲစက်ယန္တရားကြီးမှာ အရှိန်အဟုန်အပြည့်ဖြင့် ရူးသွပ်စွာ လည်ပတ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။

“အရှင် တစ်လအတွင်းမှာတင် တစ်နိုင်ငံလုံးက စစ်မှုထမ်းဖို့ လာရောက်လျှောက်ထားသူ အရေအတွက်က သန်းနဲ့ချီ ရှိနေပါပြီ၊ သေသေချာချာ စိစစ်ပြီးတဲ့နောက်မှာတော့ သင်တန်းဆင်းဖို့အတွက် လေးသိန်းကို ရွေးချယ်ထားပြီးပါပြီ”

“အရင်က ကျွန်တော်တို့ စုစည်းထားတဲ့ သုံးသိန်းနဲ့ ပေါင်းလိုက်ရင်တော့ အခု စစ်သည်သစ် အရေအတွက်က ခုနစ်သိန်း ရှိနေပါပြီ၊ တကယ်လို့ ပုံမှန် စစ်တပ်နဲ့သာ ပေါင်းလိုက်ရင်တော့ ကျွန်တော်တို့ ထန်မင်းဆက်ရဲ့ စစ်အင်အားက ၁.၃ သန်းအထိ ရှိနေပါပြီ”

နန်းဆောင်အတွင်း၌ ကျန်းချွယ်သည် ကိုယ်ကို အနည်းငယ် ကိုင်းလျက်၊ ဟိန်းထွက်နေသော အသံဖြင့် ဝမ်ချောင်အား စစ်သည်စုဆောင်းရေး လုပ်ငန်းစဉ်များကို အသေးစိတ် အစီရင်ခံနေပေသည်။

“လေ့ကျင့်ရေး အခြေအနေကရော ဘယ်လိုရှိလဲ”

ဝမ်ချောင်သည် မျက်လုံးများကို အနည်းငယ် မှေးလိုက်ကာ မေးမြန်းလိုက်ပေသည်။

“ဒီတစ်ခေါက် စစ်သည်စုဆောင်းရေးမှာ လူတိုင်းရဲ့ စိတ်အားထက်သန်မှုက အရမ်းကို မြင့်မားနေတာမို့ လေ့ကျင့်တဲ့ အခါမှာလည်း အရမ်းကို အာရုံစိုက်ကြသလို အစွမ်းလည်း ထက်ကြပါတယ်။ အချိန်က တိုတောင်းနေသေးတယ်ဆိုပေမဲ့လည်း စစ်တပ်တစ်ခုရဲ့ အသွင်သဏ္ဌာန်ကတော့ ပေါ်ထွက်နေပါပြီ”

“ဒါ့အပြင် လေ့ကျင့်ရေးကို တာဝန်ယူပေးမယ့် အလယ်အလတ်အဆင့် ဗိုလ်ချုပ်တွေကတော့ မလုံလောက်သေးပါဘူး၊ ကျွန်တော်မျိုး အနေနဲ့ စုဟန်ရှင်းနဲ့ လီစီယီဗိုလ်ချုပ် နှစ်ယောက်နဲ့ ဆွေးနွေးပြီးပါပြီ၊ အလယ်အလတ်အဆင့် စစ်အရာရှိ တစ်စုကို စစ်သည်သစ်တွေကို လေ့ကျင့်ပေးဖို့အတွက် စေလွှတ်သွားမှာပါ၊ ဗိုလ်ချုပ် နှစ်ယောက်လုံးကလည်း သဘောတူပြီးပါပြီ”

ကျန်းချွယ်က ပိုမို၍ ရိုသေကိုင်းရှိုင်းသော အမူအရာဖြင့် ဆိုလိုက်ပေသည်။

“အင်း”

ဝမ်ချောင်က မသိမသာ ခေါင်းညိတ်ပြလိုက်ပေသည်။

ကျန်းချွယ်မှာ ယခုအခါ လက်ရှိ လုပ်ငန်းဆောင်တာများအပေါ် ပိုမို၍ ကျွမ်းကျင်ကာ ပိုင်နိုင်လာခဲ့ပြီ ဖြစ်သည်။ သူသည် သတင်းအချက်အလက် စုဆောင်းရေးကိုသာ တာဝန်ယူရုံမျှမကဘဲ ဝမ်ချောင်က သူ့အား လက်အောက်ရှိ စစ်တပ်များနှင့် ဗိုလ်ချုပ်များအကြား အပြန်အလှန် ချိတ်ဆက်ဆောင်ရွက်ရေး လုပ်ငန်းများကိုပါ စတင်၍ တာဝန်ပေးထားခဲ့ခြင်း ဖြစ်၏။

ဝမ်ချောင်သည် ဤပြောင်းလဲမှုကို အပေးအယူမျှမျှတတ ပူးပေါင်းစစ်ဆင်ရေးဟု အမည်ပေးထားခဲ့ကာ ၎င်း၏ရည်ရွယ်ချက်မှာ သတင်းအချက်အလက်များ ထွန်းကားနေသော အခြေအနေမျိုး၌ ထန်မင်းဆက်တစ်ခွင်ရှိ ဗိုလ်ချုပ်များအကြား တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကူညီဖလှယ်နိုင်ကြစေရန်နှင့်၊ စစ်တပ်တစ်ခုချင်းစီ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အထွတ်အထိပ်သို့ ရောက်ရှိအောင် ဖော်ဆောင်နိုင်ရန်အတွက်ပင် ဖြစ်ပေသည်။

“ဒါ့အပြင် နောက်ထပ် ကိစ္စတစ်ခုလည်း ရှိပါသေးတယ်”

ကျန်းချွယ်က ဤနေရာသို့ ရောက်ရှိသည့်အခါ ဝမ်ချောင်ကို တိတ်တဆိတ် မော့ကြည့်လိုက်ပေသည်။

“ပြော”

ဝမ်ချောင်က တည်ငြိမ်သော အမူအရာဖြင့် ဆိုလိုက်ပေသည်။

“ဒီတစ်ခေါက် စစ်သည်စုဆောင်းရေးမှာ စစ်သည်တွေရဲ့အရည်အချင်းက အရမ်းကိုမြင့်မားနေတာကြောင့် လူအများစုရဲ့အစွမ်းက စစ်မှန်သော သိုင်းအဆင့်ကို ကျော်လွန်နေကြသလို၊ ရွှမ်ဝူသိုင်းအဆင့်ကို ရောက်နေတဲ့သူတွေလည်း မနည်းပါဘူး၊ ကျိုကျိုးတစ်ခွင်မှာ အရင်က ပုန်းအောင်းနေခဲ့ကြတဲ့ ပညာရှင်တွေ အကုန်လုံး ဒီတစ်ခေါက် စစ်သည်စုဆောင်းရေးမှာ ပါဝင်လာကြပုံရပါတယ်။ အရပ်ရပ်က ဗိုလ်ချုပ်တွေ၊ နယ်ခြားစောင့် ဗိုလ်ချုပ်တွေအပါအဝင် မြင်းစီးစစ်သည်တွေနဲ့ ခြေလျင်စစ်သည်တွေ အကုန်လုံးက ဒီ စစ်သည်အင်အားကို မျက်စိကျနေကြပါတယ်”

“ကျန်းချိုးကျန့်ချုံးအကြီးအကဲအနေနဲ့ အဲဒီထဲက ထိပ်တန်းစစ်သည် အနည်းဆုံး သုံးသောင်းကို အန်းနန်နယ်ခြားစောင့် စစ်တပ်ဆီကို ခေါ်ယူသွားပါပြီ။ နန်းတွင်း ကိုယ်ရံတော်တပ်နဲ့ ရွှမ်းဝူတပ်ဖွဲ့တို့ကလည်း တစ်ဖွဲ့ကို ငါးထောင်ကျော်စီ ခေါ်ယူသွားကြပါတယ်”

“မင်းဆရာအကြီးအကဲဘက်ကလည်း နာမည်စာရင်းကို တောင်းယူသွားပြီးတော့ ပထမတန်းစား ထိပ်တန်းစစ်သည် တစ်သောင်းငါးထောင်ကို ခေါ်ယူသွားခဲ့ပါတယ်”

ကောင်းရှန်းကျစ်နဲ့ အန်းစီရှန်းနယ်ခြားစောင့် ဗိုလ်ချုပ်နှစ်ယောက်ကတော့ အာရပ်မှာ ဝေးဝေးရှိနေကြပေမဲ့၊ ဒီစစ်သည်စုဆောင်းရေး အကြောင်းကို ကြားလိုက်ရတဲ့အခါ ကိုယ်စားလှယ်တွေ စေလွှတ်ပြီးတော့ တစ်ယောက်ကို လူအင်အား နှစ်သောင်းစီ ခေါ်ယူပြီး သူတို့ရဲ့ ရှန်ဝူတပ်ဖွဲ့နဲ့ လုံရှန်းတပ်ဖွဲ့တွေဆီကို ဖြည့်တင်းလိုက်ကြပါတယ်”

“နောက်ဆုံးတော့ အာပုစစ်ဗိုလ်ချုပ်ကြီးတောင်မှ စစ်သည်နှစ်ထောင်ကို ခေါ်ယူသွားခဲ့ပါသေးတယ်”

ကျန်းချွယ်က ဤသို့ ပြောဆိုပြီးနောက်တွင် သူ၏အကြည့်မှာ များစွာထူးဆန်းနေပေသည်။

“ထုံလော့စစ်သည် တစ်သောင်းမပြည့်စေနဲ့၊ ပြည့်သွားရင်တော့ ဘယ်သူမှ မယှဉ်နိုင်တော့ဘူး” အာပုစစ်၏ ပြင်းထန်လှသော ထုံလော့ သံချပ်ကာ မြင်းစီးစစ်သည်များကို ရည်ညွှန်းပြောဆိုလေ့ ရှိကြသော်လည်း၊ ထုံလော့ မြင်းစီးစစ်သည်များ၏ ဖွဲ့စည်းပုံမှာ အမြဲတမ်းပင် တစ်မျိုးနွယ်တည်းသာ ဖြစ်ကာ မိမိတို့၏ လူမျိုးစုဝင်များကိုသာ စုဆောင်းလေ့ရှိပြီး ဟူလူမျိုးများကိုပင် လက်မခံခဲ့ကြကြောင်း လူတိုင်း သိရှိထားကြပေသည်။ သို့သော်လည်း ယခုတစ်ကြိမ်တွင်မူ သူတို့သည်လည်း ခြွင်းချက်အနေဖြင့် ပါဝင်လာခဲ့ကြခြင်း ဖြစ်ပေသည်။

နန်းဆောင်အတွင်း၌ ဝမ်ချောင်သည် တိတ်ဆိတ်နေကာ ကျန်းချွယ်၏ စကားကို ကြားလိုက်ရသည့်အခါ သူ၏မျက်ဝန်းအတွင်း၌ အနည်းငယ်မျှသာ လှုပ်ခတ်သွားခဲ့ပြီး များစွာအံ့အားသင့်ခြင်း မရှိပေ။

ယခုတစ်ကြိမ် စုဆောင်းရရှိသော ထိပ်တန်း စစ်သည်အရေအတွက်မှာ အမှန်တကယ်ပင် စိတ်ကူးယဉ်မှုများကို ကျော်လွန်နေခဲ့ပြီ ဖြစ်ရာ၊ မင်းဆရာ၊ ကျန်းချိုးကျန့်ချုံးနှင့် ဝေးကွာလှသော အာရပ်ရှိ ကောင်းရှန်းကျစ်၊ အန်းစီရှန်းတို့ စိတ်လှုပ်ရှားသွားခြင်းမှာ အံ့အားသင့်စရာ မဟုတ်ပေ။

အရင်က ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သော စစ်ပွဲကြီးများကြောင့် ထန်မင်းဆက်၏ စစ်တပ်အသီးသီးမှာ များစွာထိခိုက်ခဲ့ရသဖြင့်၊ သွေးသစ်လောင်းရန်အတွက် အချိန်မီ လိုအပ်နေခြင်း ဖြစ်ပေသည်။ ထိုကဲ့သို့သော ထိပ်တန်း စစ်သည်များကို စစ်တပ်အတွင်းသို့ ခေါ်ယူနိုင်ခြင်းမှာ၊ လျင်မြန်စွာပင် တိုက်ခိုက်ရေးစွမ်းရည်များကို ဖြစ်ပေါ်စေနိုင်သလို မလိုအပ်သော လေ့ကျင့်ရေးများကိုလည်း များစွာလျှော့ချနိုင်မည် ဖြစ်ပေသည်။

သေချာပေါက်ပင် ထိုနယ်ခြားစောင့် ဗိုလ်ချုပ်များနှင့် ဗိုလ်ချုပ်ကြီးများ စဉ်းစားနေကြသည်မှာ စစ်သည်အင်အား ဖြည့်တင်းရန်သက်သက်သာ မဟုတ်ဘဲ၊ စစ်တပ်ကိုပါ တိုးချဲ့ရန်အတွက် ရည်ရွယ်နေကြခြင်း ဖြစ်ပေလိမ့်မည်။

ဤအချက်ကိုမူ အရင်တုန်းက အစည်းအဝေး ပြုလုပ်စဉ်ကတည်းက လူတိုင်းက ဝမ်ချောင်အား ကြိုတင်၍ အသိပေးထားခဲ့ကြခြင်း ဖြစ်ပေတော့သည်။

******

အခန်း (၂၀၈၆) ဝတ်စုံမည်းဝတ်လူတို့၏ လှုပ်ရှားမှု

"ဒါ့အပြင် လီစီယီနဲ့ ချွေဖျောင်ချီတို့ကိုလည်း အရည်အသွေးမြင့်တဲ့ စစ်သည်သစ်တချို့ကို ရွေးထုတ်ပြီး ဝူးရှန်းသံချပ်ကာမြင်းတပ်နဲ့ မိုဓားတပ်ဖွဲ့ဆိုတဲ့ ဒီစစ်တပ်နှစ်ခုထဲကို ဖြည့်တင်းဖို့ အကြောင်းကြားလိုက်ပါ။ ဒီစစ်တပ်နှစ်ခုလည်း အင်အားတိုးချဲ့သင့်ပြီ" ဝမ်ချောင်က ပြောလိုက်သည်။

စစ်ပွဲကြီးက အချိန်မရွေး ဖြစ်ပွားနိုင်တဲ့ အခြေအနေမှာ ရှိနေပေပြီ။ ဝူးရှန်းသံချပ်ကာမြင်းတပ်နဲ့ မိုဓားတပ်ဖွဲ့တွေဟာ အရင်တုန်းကဆိုရင်တော့ အကျပ်အတည်း အမျိုးမျိုးကို ရင်ဆိုင်ဖို့အတွက် လုံလောက်မှု ရှိခဲ့ကြပေမဲ့၊ ကပ်ဘေးကြီးသာ ကျရောက်လာမယ်ဆိုရင်တော့ ဒီစစ်အင်အားလောက်နဲ့ လုံးဝ မလုံလောက်နိုင်တော့ပေ။

ဝူးရှန်းသံချပ်ကာမြင်းတပ်ဟာ အစပိုင်းမှာ ဝူးရှန်းလူမျိုးတွေရဲ့ အစွမ်းထက်မှု၊ တောတောင်တွေထဲမှာ လျင်မြန်စွာ လှုပ်ရှားနိုင်မှုနဲ့ တစ်ဦးနဲ့တစ်ဦး အပေးအယူ မျှမျှတတ ရှိမှုတွေကြောင့် ပေါ်ပေါက်လာခဲ့တာ ဖြစ်ပေသည်။ ဒါပေမဲ့ ဝူးရှန်းလူမျိုးတွေဆီကနေပဲ စစ်သည်တွေကို အမြဲတမ်း ရွေးထုတ်နေမယ်ဆိုရင်တော့ ဝူးရှန်းလူမျိုးတွေအတွက် မတရားသလို ဖြစ်နေရုံတင်မကဘဲ စစ်အင်အား ရရှိရာလမ်းကိုလည်း ကန့်သတ်လိုက်သလိုဖြစ်နေပြီး ဝူးရှန်းသံချပ်ကာမြင်းတပ်ကို ပိုပြီး မြင့်မားတဲ့ အဆင့်တစ်ခုဆီကို မရောက်ရှိနိုင်အောင် အဟန့်အတား ဖြစ်နေပေလိမ့်မည်။

အခုစုဆောင်းထားတဲ့ စစ်သည်သစ်တွေထဲမှာ ထိပ်တန်း အရည်အချင်းရှိတဲ့သူတွေ အများကြီး ပါဝင်နေတာကြောင့် ပြုပြင်ပြောင်းလဲမှု လုပ်ဖို့အတွက် အချိန်တန်ပြီ ဖြစ်ပေသည်။

"ဒါကတော့…… လီဗိုလ်ချုပ်ဘက်က နယ်ခြားစောင့်ဗိုလ်ချုပ်တွေနဲ့ ဗိုလ်ချုပ်ကြီးတွေ စစ်သည်သစ်တွေ ခေါ်ယူနေတာကို မြင်တော့ အချိန်အတော်ကြာကတည်းက အဲဒီအတိုင်း လုပ်နေပါပြီ။ သူက ထိပ်တန်းစစ်သည် ငါးသောင်းကို ရွေးထုတ်ပြီး မိုဓားတပ်ဖွဲ့နဲ့ ဝူးရှန်းသံချပ်ကာမြင်းတပ်တွေဆီကို ဖြည့်တင်းလိုက်ပါပြီ၊ ပြီးတော့ ဒါကို အရှင် သိအောင် တိတ်တဆိတ် အကြောင်းကြားပေးဖို့ ကျွန်တော့်ကို အကူအညီ တောင်းထားပါတယ်၊ အရှင်က သဘောတူပေးလိမ့်မယ်လို့လည်း သူ မျှော်လင့်နေပါတယ်"

ခမ်းမဆောင်ကြီးအတွင်း၌ ဝမ်ချောင်သည် ထိုစကားကို ကြားလိုက်ရသည့်အခါ အစပိုင်းတွင် ခေတ္တမျှ အဆင့်သင့် ဖြစ်မနေဘဲ အံ့အားသင့်သွားသော်လည်း၊ နောက်ပိုင်း၌မူ ခေါင်းကို ခါယမ်းကာ ရယ်မောလိုက်မိပေတော့သည်။

လီစီယီဟာ အပြင်ပန်းအားဖြင့်တော့ ကြမ်းတမ်းခက်ထန်တဲ့ လူမိုက်တစ်ယောက်လို ထင်ရပေမဲ့ တကယ့်တကယ်မှာတော့ အတွေးအခေါ် သိမ်မွေ့နက်နဲသူ ဖြစ်ပေသည်။ ကြည့်ရတာ ဒီစစ်သည်အင်အားတွေကိုမြင်တော့ လီစီယီလည်း စိတ်လှုပ်ရှားသွားပုံ ရပေသည်။

"သိပြီ" ဝမ်ချောင်က လက်ကာပြလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

အရာရာတိုင်းဟာ အစီအစဉ်အတိုင်း တရွေ့ရွေ့နဲ့ တိုးတက်နေပေပြီ။ အနည်းဆုံးတော့ ဒီစစ်သည်တွေဟာ လီစီယီဆီကိုပဲ ရောက်ရောက်၊ ဒါမှမဟုတ် နယ်ခြားစောင့်ဗိုလ်ချုပ်ရုံးတွေဆီကိုပဲ ရောက်ရောက်၊ အနှစ်သာရအားဖြင့်တော့ မဟာထန်မင်းဆက်ရဲ့ စစ်တပ်ထဲကို ဝင်ရောက်သွားတာပဲ ဖြစ်ပေသည်။

တစ်ဖက်မှာတော့ မင်းဆရာ ဝမ်ကျုံးစစ်၊ စစ်ရေးရာဝန်ကြီးကျန်းချိုးကျန့်ချုံးတို့ဖြစ်စေ၊ ဒါမှမဟုတ် ကောင်းရှန်းကျစ်၊ အန်းစီရှန်းနဲ့ လီစီယီတို့ဖြစ်စေ သူတို့အားလုံးဟာ အကြည့်အမြင် မြင့်မားသူတွေ ဖြစ်ကြပေသည်။ အထူးသဖြင့် ဝူးရှန်းသံချပ်ကာမြင်းတပ်ဆိုတာ စစ်သည်အင်အားကို လွယ်လွယ်နဲ့ တိုးချဲ့လေ့ရှိတဲ့ တပ်ဖွဲ့ မဟုတ်ပေ။

သူတို့တွေရဲ့ မျက်စိကျခြင်းကို ခံရတာဟာ ကောင်းတဲ့ကိစ္စပဲ ဖြစ်ပေသည်။ ဒါက ဒီတစ်ခေါက် စစ်သည်သစ်တွေရဲ့ အရည်အသွေးဟာ တကယ်ကို မြင့်မားတယ်ဆိုတာကို သက်သေပြနေတာပဲ ဖြစ်ပေသည်။

"ရှေ့တန်းအခြေစိုက်စခန်းဘက်ကရော ဘယ်လို အခြေအနေ ရှိလဲ” ဝမ်ချောင်က စကားလမ်းကြောင်းကို လွှဲကာ ရှေ့တန်းကိစ္စကို မေးမြန်းလိုက်ပေသည်။

"အရာရာတိုင်းဟာ အစီအစဉ်အတိုင်းပဲ ရှိနေပါတယ်၊ ခံစစ်ပြင်ဆင်မှုတွေ စတင် တည်ဆောက်နေပါပြီ။ အန်းလုရှန်းနဲ့ ယိုးကျိုးဘက်က သတင်းရရချင်းမှာတော့ ရှေ့တန်းအခြေစိုက်စခန်းမှာ လာကူညီဖို့ စစ်ကူတွေ စေလွှတ်ချင်တယ်လို့ တောင်းဆိုခဲ့ကြပေမဲ့ မင်းဆရာရဲ့နာမည်ကို ကြားလိုက်ရတဲ့အခါမှာတော့ ငြိမ်ကျသွားခဲ့ကြပါတယ်။ ဒါ့အပြင် ထုံလော့ဗိုလ်ချုပ်ကြီးအာပုစစ်နဲ့ သူရဲ့ လက်အောက်ခံ ထုံလော့သံချပ်ကာမြင်းတပ်တွေလည်း အဲဒီကို ရောက်ရှိနေပြီဖြစ်လို့ အန်းလုရှန်းဟာ ပိုပြီးတော့လည်း စိုးရိမ်ထိတ်လန့်နေပါတယ်" ကျန်းချွယ်က လေးနက်သောအမူအရာဖြင့် အလျင်အမြန် ပြောပြလိုက်သည်။

ဝမ်ချောင်က ခေါင်းကို အနည်းငယ် ညိတ်လိုက်ပြီး အတွေးနက်နေပေသည်။

သူ ခံစားနေရသည်မှာ ထိုက်ရှီဟာ မြို့တော်ရဲ့ အပြင်ဘက်မှာ ထွက်မသွားသေးဘဲ လှည့်လည်နေဆဲ ဖြစ်ပေသည်။

ဒါက ဝတ်စုံမည်းဝတ်လူအဖွဲ့အစည်းအတွင်းက ထိုက်မျိုးဆက် ပညာရှင်တွေဟာ ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း အထင်ကြီးတတ်ကြတာကြောင့် ဖြစ်ပေသည်။ အခုလို အခြေအနေမျိုးမှာ သူတို့ရဲ့ဂုဏ်သိက္ခာကို လျှော့ချပြီး သာမန် လောကီစစ်ပွဲတွေထဲမှာ ဝင်ရောက်ပါဝင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တဲ့ ကိစ္စပဲ ဖြစ်ပေသည်။ ဒါ့အပြင် အကယ်၍သာ အာပုစစ်နဲ့ ဝမ်ကျုံးစစ်လိုမျိုး ကမ္ဘာကျော် ဗိုလ်ချုပ်တွေကို လက်ဦးမှုယူ သတ်ဖြတ်မယ်ဆိုရင်တော့ သူတို့ရဲ့ တည်ရှိမှုကို တစ်လောကလုံးကို ကြေညာလိုက်သလို ဖြစ်သွားမှာဖြစ်ပြီး လူတိုင်းက ဝတ်စုံမည်းဝတ်လူအဖွဲ့အစည်းရဲ့ တည်ရှိမှုကို သိရှိသွားကြပေလိမ့်မည်။

အာပုစစ်နဲ့ ဝမ်ကျုံးစစ်လိုမျိုး ထိပ်တန်း ပညာရှင်တွေဟာ စစ်ပွဲတွေ မရှိတဲ့ အခြေအနေမျိုးမှာ ရုတ်တရက် သေဆုံးသွားဖို့ဆိုတာ လုံးဝ မဖြစ်နိုင်သလို သူတို့ကို လွယ်လွယ်နဲ့ သတ်နိုင်တဲ့သူဆိုတာလည်း မရှိပေ။

ဒါဟာ ဝတ်စုံမည်းဝတ်လူအဖွဲ့အစည်းရဲ့ လောကီရေးရာကနေ ကင်းကွာခြင်းနဲ့ လျှို့ဝှက်စွာ နေထိုင်ခြင်းဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ လုံးဝဆန့်ကျင်နေပေသည်။ ဝတ်စုံမည်းဝတ်လူ အဖွဲ့အစည်းဟာ အချိန်အတော်ကြာအောင် တည်ရှိနေခဲ့ပေမဲ့ မည်သည့်သမိုင်းမှတ်တမ်းမှာမျှ ပါဝင်ခြင်း မရှိခဲ့တာဟာ ဒီလိုလျှို့ဝှက်တဲ့ စည်းမျဉ်းတွေကြောင့်ပဲ ဖြစ်ပေသည်။

ဒါပေမဲ့ ဒါတွေအားလုံးဟာ အမြဲတမ်း ပုံသေကားချပ်တော့ မဟုတ်ပေ။

ပိုင်မန်ကျမ်းရဲ့ တည်ရှိမှုက ပြသနေတာကတော့ အချိန်အခါတစ်ခုခုမှာ ဒီဝတ်စုံမည်းဝတ်လူတွေဟာ လောကီရေးရာတွေကို တိုက်ရိုက် ဝင်ရောက်စွက်ဖက်လိမ့်မယ်ဆိုတာပဲ ဖြစ်ပေသည်။

ဒါကြောင့် ဝမ်ချောင်အနေနဲ့ စွန့်စားလို့ မဖြစ်သလို မျှော်လင့်ချက် အားလုံးကိုလည်း ထိုက်ရှီတို့လို လူတွေရဲ့ကရုဏာအပေါ်မှာပဲ ပုံအပ်ထားလို့ မရနိုင်ပေ။

ဆက်လက်ပြီး ဝမ်ချောင်ဟာ စစ်တပ်အတွင်းက ကိစ္စရပ်တချို့ကို ထပ်မံမေးမြန်းခဲ့ပေသည်။ မကြာမီမှာပဲ အရာရာကို သေချာ စိစစ်ပြီးစီးသွားခဲ့ပြီး ကျန်းချွယ်ဟာ ရိုသေစွာ ဦးညွှတ် အလေးပြုလျက် အလျင်အမြန် ထွက်ခွာသွားခဲ့ပေတော့သည်။

ကျန်းချွယ် ထွက်သွားပြီးနောက်မှာတော့ ခမ်းမဆောင်အပြင်ဘက်ကနေ ငှက်တောင်ပံ ခတ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့ပေသည်။

"နန်းတော်ထဲမှာ ဘာသတင်း ထူးသလဲ” ဝမ်ချောင်က အထက်ကနေ ထိုင်လျက် အမူအရာ လေးနက်စွာဖြင့် ဗလာကျင်းနေတဲ့ ခမ်းမဆောင်ကြီးဆီကို မေးမြန်းလိုက်ပေသည်။

တိတ်ဆိတ်ငြိမ်သက်ခြင်း ခမ်းမဆောင်ကြီးအတွင်းမှာ ဘာမှ ဖြစ်မလာခဲ့ပေ။

သို့သော် မကြာခင်မှာပင် ခန့်ညားထည်ဝါတဲ့ ပုံရိပ်တစ်ခုက လက်မောင်းပေါ်တွင် စာပို့ချိုးငှက်တစ်ကောင်ကို တင်ထားလျက် အပြင်ဘက်ကနေ လျှောက်လှမ်း ဝင်ရောက်လာခဲ့ပေသည်။ သူကတော့ သိန်းငှက်အိုကြီးပင် ဖြစ်ပေသည်။

"နန်းတော်ထဲမှာတော့ အရာရာတိုင်းဟာ ပုံမှန်အတိုင်းပါပဲ၊ လီဗိုလ်ချုပ်နဲ့ နဂါးကိုယ်ရံတော်တွေ အမြောက်အမြား စောင့်ကြပ်နေတာကြောင့် ဧကရာဇ်မင်းမြတ်ဆီမှာ ပြဿနာ တက်စရာ အကြောင်းမရှိပါဘူး။ ဒါပေမဲ့ ပျန့်လင်းချန်ရဲ့ နန်းတွင်းကိုယ်ရံတော်တွေဆီက သတင်းရတာကတော့ အခုတလော နန်းတော်အတွင်းမှာ ထူးခြားတဲ့ လှုပ်ရှားမှုတွေ ခဏခဏ ဖြစ်နေတယ်လို့ ဆိုပါတယ်။ နန်းတွင်းသူတွေ၊ မိန်းမစိုးတွေနဲ့နန်းတွင်းတပ်ဖွဲ့တွေအဖြစ် ဟန်ဆောင်ပြီး နန်းတော်ထဲကို ခိုးဝင်လာသူတွေကို နန်းတွင်းကိုယ်ရံတော်တွေက အယောက် နှစ်ဆယ်၊ သုံးဆယ်လောက် ဖမ်းမိထားပါပြီ၊ ပြီးတော့ အခုနောက်ပိုင်း ရက်တွေမှာ ပိုပြီးတော့တောင် များလာပါတယ်"

"လူအတော်များများဟာ ထိုက်ကျိနန်းဆောင်ဘက်အထိတောင် ရောက်လာခဲ့ကြပြီး အစီအရင်တစ်ခုခုကို တည်ဆောက်ဖို့အတွက် ကုတ်ကုတ်ကုတ်ကုတ်နဲ့ လုပ်ဆောင်နေကြပုံ ရပါတယ်" သိန်းငှက်အိုကြီးက ကိုယ်ကို ကိုင်းညွှတ်လျက် ပြောပြလိုက်ပေသည်။

ကျန်းချွယ် ကိုင်တွယ်ရမယ့်ကိစ္စတွေက တစ်နေ့ထက်တစ်နေ့ ပိုများလာသလို နန်းတော်အတွင်းက လီဟန်ရဲ့ အခြေအနေကလည်း အလွန်အမင်း အရေးကြီးတာကြောင့် ဝမ်ချောင်ဟာ သိန်းငှက်အိုကြီးနဲ့ ပျန့်လင်းချန်တို့ကို အပြန်အလှန် ဆက်သွယ်ပြီး သတင်းဖလှယ်ဖို့ အထူးစီစဉ်ပေးခဲ့ခြင်း ဖြစ်ပေသည်။

ထို့အပြင် မျိုးနွယ်ခြားဘုရင်စံအိမ်‌သည် နန်းတော်နှင့်လည်း နီးကပ်သောကြောင့် တစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့မယ်ဆိုလျှင် ဝမ်ချောင်သည် အချိန်မီ နန်းတော်ထဲကို ရောက်ရှိသွားနိုင်ပြီး လီဟန်ရဲ့လုံခြုံရေးကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပေသည်။

ဧကရာဇ်အသစ် နန်းတက်လာတဲ့ အချိန်မှာ ပတ်ဝန်းကျင်က နိုင်ငံတွေဖြစ်စေ၊ အန်းလုရှန်း ဖြစ်စေ၊ ဒါမှမဟုတ် ဝတ်စုံမည်းဝတ်လူတွေဘက်ကဖြစ်စေ သူ့ကို လုပ်ကြံဖို့အတွက် ခိုင်လုံတဲ့ အကြောင်းပြချက်တွေ ရှိနေကြပေသည်။

ဒါကြောင့် ဝမ်ချောင်ဟာ ခဏလေးတောင်မှ ပေါ့ဆလို့ မရနိုင်ပေ။

သူတော်စင်ဧကရာဇ် ကွယ်လွန်သွားခဲ့ပြီဖြစ်ရာ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် လီဟန်ကိုတော့ ဘာမှအဖြစ်မခံနိုင်ပေ။

"သိပြီ" ဝမ်ချောင်က မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး မျက်လုံးတွေကို မှိတ်လျက် ပလ္လင်နောက်မှီကို မှီကာ အတွေးနက်နေသော အမူအရာမျိုး ပြသလိုက်ပေသည်။

"အရှင် အဲဒါဝတ်စုံမည်းဝတ်လူတွေရဲ့ လက်ချက်ပဲ မဟုတ်လား" သိန်းငှက်အိုကြီးက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် စမ်းသပ်ကာ မေးမြန်းလိုက်ပေသည်။

"အင်၊ သူတို့ကလွဲရင် တခြား ဘယ်သူမှ မရှိနိုင်ဘူး" ဝမ်ချောင်က ခေါင်းညိတ်ပြလျက် တည်ငြိမ်စွာ ဆိုလိုက်ပေသည်။

ရှောင်ကျိုးကျိုး အစီအရင်အကြောင်းကို ဝမ်ချောင်ရဲ့ဘေးနားမှာ သိတဲ့လူ သိပ်မရှိသလို သိဖို့လည်း မလိုအပ်ပေ။ သို့သော် သိန်းငှက်အိုကြီးကတော့ ဒါကို သိရှိထားသူ တစ်ဦး ဖြစ်ပေသည်။

"အရှင် နန်းတွင်းကိုယ်ရံတော်တွေဘက်က ဒီလူတွေကို ရှာဖွေဖို့ အစွမ်းကုန် ကြိုးစားနေကြပေမဲ့ သူတို့ကို တားဆီးလို့ မရသေးပါဘူး၊ ဒါတင်မကဘဲ လူဦးရေကလည်း ပိုပြီးတော့ များလာပါတယ်။ အရင်ကဆိုရင် နန်းတော်ထဲမှာ အစီအရင် အသေးစားလေးတွေ လာပြီး တပ်ဆင်နေတာကိုတောင် တွေ့ခဲ့ရပါတယ်၊ ဒီအတိုင်းဆိုရင် တကယ်ပဲ အဆင်ပြေပါ့မလား” သိန်းငှက်အိုကြီးက ပြောလိုက်ရာ သူ၏အမူအရာအတွင်းမှာမူ စိုးရိမ်ပူပန်မှုတွေ ဝေဝါးစွာ ပေါ်ထွက်နေပေသည်။

"မြို့တစ်ခုလုံးကို အကြီးအကျယ် ပိုက်စိပ်တိုက် ရှာဖွေပြီး သူတို့အားလုံးကို ဖမ်းဆီးလိုက်ရင် မကောင်းဘူးလား” သူက ဆက်လက် မေးမြန်းလိုက်ပေသည်။

နန်းတော်ဟာ ဧကရာဇ်ရဲ့ အာဏာစက် တည်ရှိရာ နေရာဖြစ်သလို အင်ပါယာ၏ ဗဟိုချက်လည်း ဖြစ်ပေသည်။ သို့သော် ကြည့်ရသည်မှာ ထိုအချက်တွေက ဝတ်စုံမည်းဝတ်လူတွေအတွက်တော့ မည်သည့်ခြိမ်းခြောက်မှုမှ မရှိတဲ့အပြင် လှုပ်ရှားမှုတွေကလည်း ပိုပြီးများပြားလာနေပေသည်။

နန်းတော်တင်မကဘဲ မျိုးနွယ်ခြားဘုရင်စံအိမ်ဘက်မှာလည်း အခုတလော ထူးခြားတဲ့ လှုပ်ရှားမှုတွေ ခဏခဏ ဖြစ်ပေါ်နေပေသည်။ ဒါပေမဲ့ အခုအချိန်အထိတော့ ကြီးမားတဲ့ ပြဿနာမျိုး မတက်သေးပေ။

မျိုးနွယ်ခြားဘုရင်စံအိမ်‌ဆိုတာ အထဲကို လွယ်လွယ်နဲ့ ခိုးဝင်နိုင်တဲ့ နေရာမျိုး လုံးဝ မဟုတ်ပေ။

သိန်းငှက်အိုကြီး ဟာ လူအင်အားကို အသုံးပြုပြီး ခိုးဝင်လာသူ အုပ်စုတော်တော်များများကို ရှင်းလင်းထားပြီး ဖြစ်ပေသည်။

"မလိုတော့ဘူး” ဝမ်ချောင်က လက်ကာပြလိုက်ပြီး သိန်းငှက်အိုကြီး၏ အကြံပြုချက်ကို တွန့်ဆုတ်ခြင်းမရှိဘဲ ပယ်ချလိုက်ပေသည်။

"ဒီတစ်ခေါက် မြို့တော်ထဲကို ခိုးဝင်လာတဲ့သူတွေက အစစ်အမှန် ဝတ်စုံမည်းဝတ်လူတွေ မဟုတ်ဘူး၊ သူတို့ ထိန်းချုပ်ထားတဲ့ ရုပ်သေးတွေ၊ ဒါမှမဟုတ် ခြိမ်းခြောက်ခံထားရတဲ့ အစောင့်တပ်ဖွဲ့တွေ၊ ပြီးတော့ ငှားရမ်းလာတဲ့ ကြေးစားသိုင်းသမားတွေနဲ့ လူသတ်သမားတွေပဲ ဖြစ်လိမ့်မယ်၊ အားလုံးက အသုံးချခံနေရတဲ့ သာမန်လူတွေပဲ။ မင်းက တစ်မြို့လုံးကို လိုက်ပြီး ရှာဖွေမယ်ဆိုရင် ဘယ်သူက ဘယ်သူလဲဆိုတာ ဘယ်လို ခွဲခြားမလဲ။ ပြီးတော့ ဘယ်နှစ်ယောက်ကို ဖမ်းနိုင်မှာလဲ။ တစ်မြို့လုံးမှာ ရှိတဲ့လူတွေကို အကုန် လိုက်ဖမ်းမှာလား”

"ဒါကတော့…" သိန်းငှက်အိုကြီးသည် ထိုစကားကို ကြားလိုက်ရသည့်အခါ ချက်ချင်းပင် မှင်တက်သွားခဲ့ရပေသည်။

သူသည် ဤအတိုင်း လွှတ်ထားလို့ မဖြစ်နိုင်ကြောင်း ဗီဇအရ ခံစားမိသော်လည်း ဤအချက်ကိုမူ ထည့်သွင်း စဉ်းစားခဲ့ခြင်း မရှိပေ။

"ဒါပေမဲ့လည်း……” သိန်းငှက်အိုကြီးက တစ်စုံတစ်ရာကို ဆက်လက် ပြောဆိုလိုသော်လည်း စကားစကို ရပ်တန့်လိုက်ပေသည်။

"စိတ်အေးအေးထားပါ၊ အသုံးမဝင်ပါဘူး။ ရှောင်ကျိုးကျိုး အစီအရင်ဟာ ဒီလောက်အထိ လွယ်လွယ်နဲ့ ဖျက်ဆီးလို့ ရမယ်ဆိုရင် တစ်မြို့တော်လုံးကို ကာကွယ်ပေးနိုင်မှာ မဟုတ်တော့ဘူး။ သူတို့ အခုလို လုပ်နေတာတွေက အချည်းနှီး ဖြစ်သွားမှာပဲ” ဝမ်ချောင်က သိန်းငှက်အိုကြီး ဘာတွေ တွေးနေသလဲဆိုတာကို သိရှိသဖြင့် လက်ကို အနည်းငယ် ဝှေ့ယမ်းကာ ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက်ပေသည်။

"ကိုးကောင်းကင် ဆယ်ကမ္ဘာ ဧကရာဇ်သုံးပါး အစီအရင်"သည် ထိုက်ကျိနန်းဆောင်ရဲ့ မြေအောက်အနက်ရှိုင်းဆုံးမှာ ရှိနေတာဖြစ်ပြီး အလယ်ပိုင်းဒေသတစ်ခွင်မှာ အကြီးမားဆုံးနဲ့ စွမ်းအားအရှိဆုံး ရှေးဟောင်းအစီအရင်ကြီးတွေထဲက တစ်ခုပဲ ဖြစ်ပေသည်။ ၎င်းကို စတင်တည်ဆောက်ကတည်းက လူတွေရဲ့ဖျက်ဆီးခြင်း ခံရနိုင်ခြေတွေကိုပါ ထည့်သွင်း စဉ်းစားခဲ့ပြီးသား ဖြစ်ပေသည်။

ဒါကြောင့် မင်းဆက်အသီးသီးက ဒီအစီအရင်ကို ကာကွယ်ဖို့အတွက် အပြင်ဘက်မှာ ထပ်ဆင့် တည်ဆောက်ထားတဲ့ အစီအရင်တွေဟာ မရေမတွက်နိုင်အောင် ရှိနေပေသည်။

အစီအရင် ပေါင်း တစ်သိန်းလား။

တစ်သန်းလား။

ဒါမှမဟုတ် ကုဋေကုဋာမက များပြားတာလား။

ဝမ်ချောင်ပင်လျှင် ဤမျှများပြားလှသော အရေအတွက်ကို စိတ်ကူးမယဉ်ဝံ့ပေ။ အဘယ်ကြောင့်ဆိုသော် စိတ်ဝိညာဉ်စွမ်းအားဖြင့် စူးစမ်းရှာဖွေခြင်းများကိုပင် လုံးဝပိတ်ဆို့ထားသောကြောင့် ဖြစ်၏။

ဤကိုးကောင်းကင်ဆယ်ကမ္ဘာ ဧကရာဇ်သုံးပါးအစီအရင် စုစည်းထားတဲ့ စွမ်းအင်တွေကိုတော့ အသုံးပြုနိုင်ပေမဲ့ ဒါကို ဖျက်ဆီးပစ်ဖို့ဆိုတာတော့ မဖြစ်နိုင်ပေ။ ဒါဟာ မင်းဆက်တွေ တစ်ခုပြီးတစ်ခု ကူးပြောင်းလျက် မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာခဲ့တဲ့ စည်းမျဉ်းပဲ ဖြစ်ပေသည်။

ထိုလောက်အထိ အစွမ်းထက်လှတဲ့ ရှေးဟောင်းအစီအရင်ကြီးကို အပေါ်ယံမှာ အစီအရင် အသေးစားလေး အနည်းငယ် တပ်ဆင်ရုံနဲ့ ဖျက်ဆီးနိုင်မယ်လို့ ထင်မှတ်ထားတာဟာ အမှန်တကယ်တော့ ကလေးဆန်လွန်းတဲ့ အတွေးအခေါ်ပဲ ဖြစ်ပေသည်။

ဒါဟာလည်း နန်းတော်အတွင်းမှာ လူတွေ အသေခံပြီး ခိုးဝင်လာနေကြသလို အစီအရင်တွေ လာရောက် တပ်ဆင်နေကြတာကို ကြားရတဲ့တိုင် ဝမ်ချောင်အနေနဲ့ အနည်းငယ်မျှပင် ဂရုမစိုက်ရတဲ့ အကြောင်းရင်းပဲ ဖြစ်ပေသည်။

ဘာဖြစ်လို့လဲဆိုတော့ လုံးဝကိုလုပ်ဆောင်နိုင်စရာ အကြောင်းမရှိတဲ့အတွက်ကြောင့်ပဲ ဖြစ်ပေသည်။

ဒီကိစ္စထက်စာရင် ဝမ်ချောင်ပိုပြီးအာရုံစိုက်နေတာကတော့ နောက်ထပ် ကိစ္စတစ်ခုပဲ ဖြစ်ပေသည်

"ထိုက်ရှီ"

ဝမ်ချောင်သည် ထိုင်ခုံပေါ်မှာ ထိုင်နေရင်း ခေါင်းကို အနည်းငယ် မော့ကြည့်လိုက်မိပေသည်။ လျှပ်စီးလက်သည့်အလား ဦးနှောက်ထဲ၌ အတွေးတစ်ခု ဖြတ်ပြေးသွားခဲ့၏။

နန်းတော်အတွင်းမှာ ဖြစ်ပျက်နေတာတွေရော၊ မျိုးနွယ်ခြားဘုရင်စံအိမ်‌ပတ်ဝန်းကျင်မှာ လှည့်လည်နေတဲ့ ပုံရိပ်တွေ အားလုံးဟာ ဝတ်စုံမည်းဝတ်လအဖွဲ့အစည်းရဲ့ လက်ချက်တွေပဲ ဖြစ်ပေသည်။

သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ရှောင်ကျိုးကျိုး အစီအရင်ကို ဖျက်ဆီးပစ်ဖို့ဆိုတာကလွဲလို့ တခြား မရှိပေ။

ဒါပေမဲ့ ဒီလို လှည့်ကွက် အသေးစားလေးတွေနဲ့တော့ သူ့ကို ဘယ်လိုမှ မတတ်နိုင်တာ ထင်ရှားလှပေသည်။

ဝတ်စုံမည်းဝတ်လူအဖွဲ့အစည်းရဲ့ နောက်ထပ်လှုပ်ရှားမှုတွေဟာ သေချာပေါက် ပိုပြီးပြင်းထန်လာသလို ပိုပြီးတော့လည်း ရူးသွပ်လာလိမ့်မယ်လို့ သူ ခန့်မှန်းထားပေသည်။

နောက်ပြီးတော့ အခုသူတော်စင်ဧကရာဇ် ကွယ်လွန်သွားခဲ့ပြီဖြစ်ရာ ရှောင်ကျိုးကျိုး အစီအရင်ဟာ သန့်စင်လှတဲ့ ကာကွယ်ရေး အစီအရင်တစ်ခုသာ ဖြစ်ပေသည်။ ဝတ်စုံမည်းဝတ်လူတွေသာ ဒီနယ်မြေထဲကို ဝင်မလာဘူးဆိုရင် သူတို့ကို ဘာထိခိုက်မှုမှ ဖြစ်စေမှာ မဟုတ်သလို မြို့တော်တစ်ခုလုံးမှာလည်း သူတို့ စိတ်ဝင်စားလောက်မယ့် အရာမျိုးလည်း ရှိမနေသင့်ပေ။

ဒါပေမဲ့ သူတော်စင်ဧကရာဇ် ကျဆုံးသွားခဲ့တာကနေ အခုအချိန်အထိ အချိန်အတော်ကြာအောင် ကုန်လွန်သွားခဲ့ပေမဲ့ ထိုက်ရှီကတော့ မြို့ပြင်မှာပဲ ထွက်မသွားဘဲ လှည့်လည်နေဆဲ ဖြစ်တာဟာ များစွာထူးဆန်းနေပေသည်။

ကြည့်ရတာ မြို့ထဲမှာ ထိုက်ရှီအရမ်းကို လိုချင်နေတဲ့ အရာတစ်ခုခု ရှိနေပုံ ရပေသည်။

ထိုအတွေးတွေ သူ၏ဦးနှောက်ထဲ ဖြတ်ပြေးသွားခဲ့ပြီးနောက် ဝမ်ချောင်သည် အသက်ကို ခပ်ပြင်းပြင်း တစ်ချက် ရှူလိုက်ကာ မကြာမီမှာပဲ စိတ်ကို ပြန်လည် စုစည်းလိုက်ပေသည်။

"မင်းဘာပဲ လုပ်ချင်လုပ်ချင်၊ ငါ မင်းကို သေချာပေါက် တားဆီးပြမယ်"

"ဝုန်းးးး"

ဝမ်ချောင်ဟာ မျက်လုံးအစုံကို မှိတ်လိုက်ပြီး ငြိမ်သက်စွာ ထိုင်နေလျက် သူရဲ့ အသိစိတ်တစ်ခုကို အဝေးကနေ မြို့တော်ဆီကို လာနေကြတဲ့ ပထမ၊ ဒုတိယနဲ့ တတိယ ရှန်ထိုက်တွေဆီကို ပို့လွှတ်ပြီး ဆက်သွယ်လိုက်ပေသည်။

ရှန်ထိုက်သုံးခုလုံးဟာ နောက်ထပ် ခေတ္တမျှ ကြာလျှင် မြို့တော်ကို ရောက်ရှိလာတော့မှာကို သူ ခံစားသိရှိနေပေသည်။

ယခုတစ်ခေါက် တာဝန်အောင်မြင်ခဲ့သောကြောင့် ရလဒ်တွေက သူ ထင်မှတ်ထားတာထက်တောင် ပိုပြီးများပြားလှသည်။ ရှန်ထိုက် သုံးခုလုံး မြို့တော်ကို ပြန်ရောက်လာတဲ့အခါမှသာ သူ၏နောက်ထပ် အစီအစဉ်တွေကို စတင်လုပ်ဆောင်နိုင်မှာဖြစ်သလို သူ၏ကိုယ်ပိုင်စွမ်းအားတွေကိုလည်း အကြီးအကျယ် မြင့်တင်နိုင်တော့မှာ ဖြစ်သည်။

……

အချိန်တွေက တရွေ့ရွေ့နဲ့ ကုန်လွန်သွားခဲ့ပြီး ရက်အနည်းငယ် ကြာပြီးနောက် ညဉ့်နက်ပိုင်း လူတိုင်း အိပ်မောကျနေချိန်တွင်

"ဝုန်းးးး"

မြို့တော်၏ အပြင်ဘက် ဟင်းလင်းပြင်ထဲတွင် အလင်းရောင် တစ်ချက် လက်သွားခဲ့ပြီး ပုံရိပ်နှစ်ခုသ်ည ဟင်းလင်းပြင်ထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူတို့က ဟင်းလင်းပြင် အလယ်မှာ ရပ်တန့်နေကြပြီး အောက်ဘက်က မီးရောင်လေးတွေ ဝေဝါးနေကာ များစွာခန့်ညားထည်ဝါလှသည့် မြို့တော်ကို ငုံ့ကြည့်နေကြပေသည်။

"ငါတို့ရဲ့လှုပ်ရှားမှုတွေ အားလုံး ရှုံးနိမ့်သွားခဲ့ပြီ၊ ဒီမြို့တော်ရဲ့ အစီအရင်ကတော့ အခုထိ ဒီမှာ ရှိနေတုန်းပဲ"

ဟင်းလင်းပြင် အလယ်တွင် ဝတ်ရုံတွေ တဖျပ်ဖျပ် လွင့်နေသည့် ထျန်းဖူနတ်မင်းသည် ခေါင်းကို ဖြည်းညှင်းစွာ မော့ကြည့်လိုက်ပြီး အပေါ်ဘက်ကို လှမ်းကြည့်လိုက်ပေသည်။

******

All Chapters