← Chapters

ငါ သိသွားပြီ။ အဲဒီတော့ နောင်တတွေနဲ့ သက်ပြင်း ချလိုက်မိတာ ငါပေါ့ ...

Vol. 15 Ch. 202

ငါ သိသွားပြီ။ အဲဒီတော့ နောင်တတွေနဲ့ သက်ပြင်း ချလိုက်မိတာ ငါပေါ့ ...

Vol. 15 Ch. 202

“ဒီကလေးက ဒုတိယမြောက် မာန်အမှတ်အသားကို တကယ် ခံစားသိနိုင်ခဲ့တာပဲ”

နှင်းများ ကျဆင်းနေသည့် အလယ်တွင် အဘိုးအိုသည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိရင်း မြေပြင်ကို ငုံ့ကြည့်လိုက်ပြီး သူ့မျက်လုံးများအတွင်း မျှော်လင့်ချက်များ၊ စိတ်အားထက်သန်မှုများ ဖြစ်ပေါလာခဲ့သည်။

“သူ့ရဲ့ ပထမအမှတ်အသားက ကောင်းကင်အမှတ်အသား ဖြစ်ပြီးတော့ ဒုတိယအမှတ်အသားက နှင်းတွေ။ ဒီနှင်းတွေက ကောင်းကင်က ကျဆင်းလာတယ် ဆိုပေမဲ့ မြေပြင်နဲ့လည်း သက်ဆိုင်တယ်လို့ ပြောလို့ရတယ်။ ဒါတွေက ကောင်းကင်နဲ့ မြေပြင်ကြားက အရာတွေပဲ။ ဒီလို မာန်အမှတ်အသားမျိုးက ... အရမ်းကိုရှားပါးတယ်”

“မာန်အမှတ်အသား ဆိုတာက စိတ်ဝိညာဉ်ကို ရောင်ပြန်ဟပ်နေတာပဲ။ အရမ်းကိုထူးခြားတဲ့ ပါရမီ မရှိသေးသရွေ့ မာန်အမှတ်အသား အများစုက သာမန်ပဲ။ ဒီကလေးရဲ့ ပထမအမှတ်အသားက လတစ်စင်းပဲ။ ဒါပေမဲ့ လက အေးမြမနေပဲ မီးတွေနဲ့ပြုလုပ်ထားတဲ့ လတစ်စင်း ဖြစ်နေခဲ့တယ်။ အဲဒီမီးတောက်လက သူ့ဘဝအပေါ်မှာ ကြီးမားတဲ့ လွှမ်းမိုးမှုရှိနေတာ သေချာတယ်”

“ဒါက ဘာကြောင့် သူရုပ်နယ်လွန် ပြီးခဲ့တဲ့အချိန် ကြားခံအခြေအနေထဲမှာ မီးတောက်လကို အာရုံခံမိခဲ့တာလဲ ဆိုတာပဲ”

“ဒုတိယမာန် အမှတ်အသားကတော့ ဆီးနှင်းအဖြစ် ပြောင်းလဲသွားခဲ့တဲ့ အေးစက်စက်လေထုပဲ ... အဲဒါက ဘယ်နေရာကမှ ထွက်ပေါ်လာတာ မဟုတ်ဘူး ... ပြီးတော့  အဲဒီ ... အဲဒီအထဲမှာ စွဲလမ်းမှုအချို့ ရှိနေတယ်”

အဘိုးအိုသည် တီးတိုးရေရွတ်လိုက်ရင်း သူ့မျက်လုံးများက စူးရှတောက်ပ လာခဲ့သည်။ တောင်ပေါ်ရှိ နှင်းများထဲမှ မပီဝိုးတဝါး ပုံရိပ်နှစ်ခုကို သူ ငေးကြည့်နေခဲ့မိသည်။ ၎င်းတို့သည်  နှင်းမုန်တိုင်းထဲတွင် လမ်းလျှောက်နေသကဲ့သို့ ပုံစံဖြင့် လက်ချင်း ချိတ်ထားပြီး လျှောက်လှမ်းနေသည့် လူပုံရိပ်နှစ်ခုပင် ဖြစ်သည်။ ထိုပုံရိပ်နှစ်ခုသည် အချိန်ကြာမြင့်စွာအထိ ပျောက်ကွယ်မသွားခဲ့ပေ။

“တိုက်ပွဲကြောင့် လအမှတ်အသား ပေါ်လာခဲ့တယ်။ အချစ်ကြောင့် ဆီးနှင်းအမှတ်အသား ပေါ်လာခဲ့တယ် ... ဒီကလေး၊ သူသာ ငါ့စံနှုန်းတွေကို ပြည့်မီနိုင်ပြီးတော့ ငါ့တပည့် ဖြစ်လာမယ်ဆိုရင် ... အဲဒါက ငါ့အတွက် အကောင်းမွန်ဆုံး ကံကြမ္မာ ဖြစ်လာလိမ့်မယ်။ ပြီးတော့ သူ့အတွက်လည်း အခွင့်အရေးတစ်ခု ဖြစ်လာလိမ့်မယ်”

အဘိုးအိုသည် သက်ပြင်းချလိုက်ရင်း လေးနက်သည့် အမူအရာဖြင့် ညာလက်ကိုမြှောက်လျက် သူ့မျက်ခုံးများ အလယ်သို့ ဖိကပ်လိုက်သည်။

“ဒီကလေးရဲ့ ရုပ်နယ်လွန်ခြင်း အတွေးတွေထဲကို ဝင်ရောက်ဖို့ ထာဝရဖန်တီးမှု ပညာရပ်ကို ငါဆက်သုံးလို့ မရတော့ဘူး။ အိုး ကောင်းပြီလေ၊ သူက ငါ့ရဲ့ ချိပ်တံဆိပ်တွေထဲက တစ်ခုကိုချိုးဖျက်ဖို့ ထိုက်တန်ပါတယ်လေ”

အဘိုးအိုက တီးတိုးရေရွတ် လိုက်သည်။

သူ့မျက်ခုံးများ အလယ်သို့ ဖိထားသည့် ညာဘက်လက်ညှိုးတွင် အပြာရောင် အလင်းတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ ထိုအလင်းသည် အဘိုးအို၏ ခန္ဓာကိုယ်တစ်ခုလုံးကို ချက်ချင်း ဖုံးအုပ်သွားပြီး သူ့နောက်မှ သွေးပင်လယ်ကြီးကို အပြာရောင် သွေးပင်လယ်ကြီးအဖြစ် ပြောင်းလဲသွားစေသည်။ အပြာရောင် သွေးပင်လယ်အတွင်းမှ ကျောက်တုံး ရုပ်တုကြီးသည်ပင် ထူးဆန်းသည့် အပြာရောင် အလင်းတစ်ဖြာ ထုတ်လွှတ်ပေး နေခဲ့သည်။

ကောင်းကင်တွင် အပြာရောင်အလင်း တောက်ပသွားသည်နှင့် ကျဆင်းနေသော နှင်းများသည်လည်း အပြာရောင် စွန်းထင်းသွားခဲ့ကြသည်။ အဘိုးအိုသည် ရုတ်တရက်ဆိုသလို ညာလက်ကို မြှောက်လိုက်ပြီး မြေပြင်သို့ ညွှန်ပြလိုက်သည်။

“ရှေးဟောင်း စကားလုံးများ၊ ထာဝရဖန်တီးမှု သုံးမျိုး”

အဘိုးအိုက ခပ်တိုးတိုး ဟိန်းဟောက်လိုက်သည်။ သူ ထိုသို့  ပြောလိုက်သည်နှင့် မြေပြင်သည် တုန်ခါသွားပြီး ပုံရိပ်ယောင် ကမ္ဘာကြီးတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး လီထောင်ပေါင်းများစွာ ဧရိယာကို စတင် ပုံပျက်လာစေသည်။

အဘိုးအို၏ ခန္ဓာကိုယ်အတွင်း ပမာဏများပြားလှသော စွမ်းအင်များ စုဝေးသွားပြီး  ထူးဆန်းသည့် ရုပ်ပုံတစ်ခုက သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ ထိုရုပ်ပုံကြီးသည် ... ထူးဆန်းသော ရုပ်ပုံသုံးခုဖြင့် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။

ပထမဆုံးပုံသည် သူ၏မေးစေ့အောက်တွင် ထွင်းထုထားခဲ့သည်။ ၎င်း၏ အပိုင်းအစများသည် လိပ်ခွံပေါ်မှ အက်ကြောင်းများနှင့် ဆင်တူပြီး အပြာရောင် အလင်းများဖြင့် ပြည့်နေခဲ့သည်။

ဒုတိယပုံသည် သူ၏နဖူးအလယ်တွင် ဖြစ်ပေါ်လာသည့် ချိုနှစ်ချောင်းနှင့် နွားသိုးတစ်ကောင် ဖြစ်သည်။

တတိယ ရုပ်ပုံသည်တော့ သွေ့ခြောက်နေသည့် အပင်အိုတစ်ခု၏ ပုံဖြစ်သည်။ ၎င်းသည် အဘိုးအို၏ မျက်နှာပေါ်တွင် ပျံ့နှံ့နေခဲ့ပြီး သူ့မျက်နှာကို ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသည့် အသွင်အပြင်မျိုး ဖြစ်ပေါ်နေစေသည်။

ရုပ်ပုံတစ်ခုစီတိုင်းတွင် ထိုးသွင်းထားခဲ့သည့် ဓားတစ်ချောင်းစီ ရှိနေခဲ့သည်။ ထိုဓားသုံးချောင်းသည် အရောင်မှုန်မှိုင်းနေ ခဲ့သော်လည်း ထိုအချိန်မှစ၍ ၎င်းတို့ထဲမှ တစ်ချောင်းသည် အပြာရောင်အလင်းတို့ တောက်ပလာ ခဲ့ချေသည်။

တောင်ထဲရှိလိုဏ်ဂူ အတွင်းတွင်တော့ စုမင်သည် တိတ်ဆိတ်စွာ ထိုင်နေဆဲပင် ဖြစ်သည်။ သူ့ခန္ဓာကိုယ် တစ်ခုလုံးကိုတော့ ဆီးနှင်းအလွှာ တစ်ခုဖြင့် ဖုံးအုပ်နေခဲ့သည်။ သူ့ပတ်လည် ဧရိယာ တစ်ဝိုက်တွင်တော့ ပြန့်ကျဲနေသည့် ရေခဲတုံးလေးများပင် ရှိနေခဲ့၏။ စုမင်သည် လှုပ်ရှားခြင်းအလျင်း မရှိသော်လည်း သူ့မျက်နှာပေါ်တွင်တော့ အထီးကျန်ဆန်သည့် အရိပ်အယောင်တစ်ခု ရှိနေခဲ့သည်။

စုမင်မျက်စိရှေ့ရှိ ကမ္ဘာကြီးထဲတွင်တော့ ရကန်ကြီးက ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းရေကန်ကြီးကို ရေခဲတို့မှ ဖြစ်ပေါ်နေသည့် ဧရာမရေခဲမှန်ကြီး တစ်ချပ်ဖြင့် အစားထိုးသွား ခဲ့ချေသည်။

ထိုမှန်ရှေ့တွင် ရပ်လျက်မှ  မှန်ထဲတွင် ရောင်ပြန်ဟပ်နေသည့်  သူ၏ကိုယ်ပိုင်ပုံရိပ်ကို မြင်လိုက်ရသည်။ မှန်ထဲသို့ ကြည့်နေရင်းမှ သူ့အားတီးတိုးခေါ်နေသံ တစ်ခုကို စုမင်ကြားလိုက်ရသည်။ ထိုအသံသည် သူ၏စိတ်ဝိညာဉ်ကို ဆွဲထုတ်နေပြီး မှန်ထဲသို့ တဖြည်းဖြည်း ပေါင်းစပ်ပေးနေ သကဲ့သို့ပင် ... သူ့သိစိတ်တို့ ကြည်လင်ပြတ်သား လာခဲ့သည်နှင့် သူ့ရှေ့မှ အဆုံးမရှိသည့် နှင်းပြင်ကျယ်ကြီးကို စုမင်တွေ့လိုက်ရသည်။ ထိုဧရိယာသည် သူနှင့်ရင်းနှီးကျွမ်းဝင် နေခဲ့၏။

သူ ယခင်ကမြင်ခဲ့သည့် ရေကန်ထဲမှ လနှင့်ယှဉ်လျှင် ဤတစ်ကြိမ်တွင်တော့ စုမင် မိမိခန္ဓာကိုယ်ကိုပင် ပြန်မြင်နိုင်နေသည်။ မှန်အတွင်းမှ လောကသည် ပုံရိပ်ယောင်တစ်ခု မဟုတ်သကဲ့သို့ပင် ဖြစ်သည်။ ၎င်းက အစစ်အမှန်ပင် ဖြစ်နေခဲ့သည်။

ဝေခွဲမရမှုတို့ဖြင့် နှင်းမုန်တိုင်းထဲတွင် စုမင် တိတ်ဆိတ်စွာ ရှေ့ဆက်လျှောက် လာခဲ့သည်။ နှင်းတို့သည် သည်းသည်းမဲမဲ ကျဆင်းနေခဲ့ပြီး ကောင်းကင် တစ်ခုလုံးကိုပင် ဖုံးအုပ်ထားခဲ့သဖြင့် ကောင်းကင်တွင် ချိတ်ဆွဲနေသည့် ကြယ်များကိုပင် သူမမြင်ရပေ။ သူမြင်နိုင်သည့် တစ်ခုတည်းသော အရာသည် သိပ်သည်းစွာ ကျဆင်းနေသော နှင်းများပင် ဖြစ်သည်။ ၎င်းတို့သည် ကောင်းကင်တွင် လွင့်မျောကခုန်နေပြီး သူ့မြင်ကွင်းနှင့် ရှေ့ဆက်လျှောက်ရမည့် လမ်းတို့ကို ပိတ်ကာထားသည့် နှင်းကန့်လန့်ကာ တစ်ခုကို ဖန်တီးထားခဲ့ကြသည်။

စုမင် စကားတစ်ခွန်းမှ မဆိုပဲ နှင်းတို့ကိုကြည့်လျက် ရှေ့ဆက်လျှောက် လာခဲ့သည်။ တဖြည်းဖြည်းဖြင့် သူ့ပတ်ဝန်းကျင်သည် ပိုမိုရင်းနှီးကျွမ်းဝင် လာသည်ဟု သူခံစားလာရ၏။ အဝေးမှနေ၍ ငွေဆည်းလည်းသံ လေးများသဖွယ် ခပ်လွင်လွင်ရယ်သံလေး သူ့နားထဲသို့ ရောက်ရှိလာချိန်တွင်တော့ သူ ချက်ချင်း တုန်ယင်သွားခဲ့မိသည်။ ခေါင်းကိုလျင်မြန်စွာ မော့လျက် ရယ်သံ ထွက်ပေါ်လာရာဆီသို့ လှမ်းကြည့်လိုက်မိသည်။

“ဒါက...”

စုမင် ထိတ်လန့်တုန်လှုပ် သွားမိ၏။ မြေပြင်ပေါ်မှ ဆီးနှင်းပွင့်များ လေထဲသို့ လွင့်မျောသွားသကဲ့သို့  သူလည်း မြေပြင်ပေါ်သို့ ဖိနင်းလျက် လေထဲသို့ ခုန်တက်လိုက်သည်။ လေထဲတွင် ရပ်နေရင်းမှပင် နှင်းမုန်တိုင်းအား ဖြတ်လျက်  အဝေးရှိ သိပ်မကြီးမားသည့် မြို့တော်တစ်ခုကို သူမြင်လိုက်ရသည်။ ထိုမြို့တော်သည် အမှောင်ထုအလယ်တွင် ကြမ်းပြင်၌ လဲလျောင်းအိပ်စက်နေသည့် သားရဲကြီးတစ်ကောင် ကဲ့သို့ပင်...

“လေပြေစီးကြောင်း ... ရွှံ့မြေကျောက်သား မြို့တော်”

မြို့တော်၏ အနောက်ဘက်မှ ပျံ့နှံ့နေသော မမြင်ရသည့် လှိုင်းဂယက် ငယ်လေးများကိုပင် စုမင်မြင်နေရသည်။ ၎င်းတို့အောက်တွင်တော့ ချိပ်ပိတ်ထားသည့် တောင်တစ်လုံးကို သူရှင်းလင်းစွာ တွေ့လိုက်ရသည်။

ထိုတောင်ကို မြင်လိုက်ချိန်တွင် စုမင် ပိုမိုပြင်းထန်စွာ တုန်လှုပ်သွားမိသည်။ သူအခြားအရပ်မျက်နှာ တစ်ခုသို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်မိသည်။

သစ်တောရှိရာဘက်သို့ ကြည့်လိုက်ခြင်း ဖြစ်သည်။ ဤအမြင့်မှနေ၍ ကျယ်ပြန့်သည့် တောအုပ်နောက်ကွယ်မှ လက်ငါးချောင်းပုံစံ တောင်ထိပ်ကြီး ငါးခုကို သူရေးတေးတေး မြင်လိုက်ရသည်။

“နက်မှောင်တောင်...”

အချိန်တို့ ဖြည်းဖြည်းချင်း ကုန်လွန်သွားခဲ့ပြီး အချိန်ဘယ်လောက် ကြာသွားမှန်းပင် သူမသိတော့ပေ။ ငွေဆည်းလည်းသံသဖွယ် ရယ်သံလေး နောက်တစ်ကြိမ် ထွက်ပေါ်လာ ခဲ့ချိန်တွင်တော့ ၎င်းအသံသည် ဤတစ်ကြိမ်တွင် ယခင်ကထက် ပိုမိုနီးကပ်လာခဲ့ပြီ ဖြစ်ပြီး စုမင် တွေဝေ မိန်းမောနေရာမှ ပြန်လည် သတိဝင်လာခဲ့မိသည်။ ခဏအကြာတွင် သူ့မျက်နှာပေါ်၌ မျက်ရည်စီးကြောင်း နှစ်ခုက ကျဆင်းလာခဲ့ချေသည်။

“ငါ အိမ်ကို ပြန်ရောက်လာ ခဲ့တာလား...”

စုမင် ဝမ်းနည်းစွာဖြင့် ခေါင်းငုံ့ ကြည့်လိုက်မိရင်း နှင်းများပေါ်တွင် ပျော်ရွှင်စွာ ရယ်မောလျက် လျှောက်လာနေသည့် ကောင်မလေး တစ်ယောက်ကို သူတွေ့လိုက်ရသည်။

ကောင်မလေး၏နောက်မှ မိုက်မဲသောအသွင်ဖြင့် ကောင်လေး တစ်ယောက်ကိုလည်း သူမြင်လိုက်ရသည်။ သူ့မျက်နှာတွင်တော့ ပျော်ရွှင်မှုများရှိနေခဲ့ပြီး ကောင်မလေး အနောက်မှ လိုက်ပါလာနေခဲ့သည်။

ပူပင်ကြောင့်ကြမဲ့စွာဖြင့် ရယ်မောသံများသည် လေထုထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ ကောင်လေးသည် ကောင်မလေးကို ဖမ်းမိသွားချိန်တွင်တော့ နှင်းများထဲတွင် သူမနှင့်အတူ ဆော့ကစားနေခဲ့ကြ၏။

ထိုအရာများအားလုံးကို စုမင် တိတ်ဆိတ်စွာ ကြည့်နေခဲ့သည်။ ကောင်လေးထံမှ ရိုးစင်းမှုနှင့် သူ၏ ပူပင်ကြောင့်ကြမဲ့သည့် စိတ်ထားတို့ကို ကြည့်နေခဲ့ပြီး ကောင်လေး၏ မျက်လုံးများအတွင်းမှ စူးရှတောက်ပမှုများနှင့် အမာရွတ်မရှိသည့် မျက်နှာလေးကို သူသေချာစောင့်ကြည့် နေခဲ့မိသည်။

အရိုင်းဆန်ဆန် အလှတရားတို့ဖြင့် ကောင်မလေးကိုလည်း သူကြည့်နေခဲ့မိသည်။ သူမ၏ တလက်လက် တောက်ပနေသည့် မျက်လုံး ဝိုင်းကြီးများသည် အိပ်မက် တစ်ခုနှင့်တူပြီး အခြားသူများကို မူးယစ်သွားစေမည် ဖြစ်သည်။

“ဒါက အိပ်မက်တစ်ခုလား”

သူ့နှလုံးသားတစ်ခုလုံး ဆုပ်ညှစ်ခံလိုက်ရသလို နာကျင်သွားရသည်။ သူ့ခန္ဓာကိုယ်သည် လေထဲမှ ဖြည်းညင်းစွာ ကျဆင်းလာပြီး ကောင်လေးဘေး၌ မတ်တတ်ရပ် လိုက်သည်။ နှင်းများထဲတွင် ထိုင်လျက် သူရင်းနှီးနေသည့် စကားလုံးတို့ကို ပြောဆိုနေသည့် သူ့ရှေ့မှ လူနှစ်ဦးကို ကြည့်လိုက်မိသည်။

စုမင် သူတို့ကို မြင်နိုင်သည်။

သို့သော် သူတို့ကတော့ စုမင်ကို မမြင်နိုင်ကြပေ။

“စုမင်၊ နောက်ဆယ်နှစ်လောက်ဆို ငါတို့တွေ ဘယ်လို ဖြစ်နေမလဲဟင်။ အခုလိုမျိုးပဲ အပူအပင်ကင်းကင်း နေနိုင်နေဦးမှာလား”

“နင် စိတ်ဆိုးနေတုန်းလား”

“စိတ်မဆိုးပါနဲ့တော့”

“ငါ စိတ်မဆိုးပါဘူး”

“နောက်ဆယ်နှစ် ကြာသွားရင်လည်း ငါတို့အခုလိုပဲ အပူအပင် ကင်းကင်းနဲ့ ရှိနေဦးမှာပါ ... ပြီးတော့ အဲဒီအချိန်ကျရင် ငါ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကလည်း သေချာပေါက် မြင့်မားနေမှာ”

“နောက်ကျရင် ငါက လေပြေစီးကြောင်း မျိုးနွယ်စုမှာပဲ နေရတော့မယ်လို့ အကြီးအကဲက ငါ့ကိုမနေ့က ပြောခဲ့တယ်။ ငါက ရဲဝမ်လိုပဲ လေပြေစီးကြောင်း အကြီးအကဲရဲ့ သင်ကြားပြသမှု အောက်မှာပဲ ရှိနေရလိမ့်မယ်တဲ့။ ဖြစ်နိုင်တာက နောက်ဆယ်နှစ်ဆိုရင် ငါက ရုပ်နယ်လွန် အဆင့်ကိုတောင် ရောက်ခါနီး နေလောက်ပြီ”

လူငယ်၏ စိတ်ကူးစိတ်သန်းများ ပါဝင်နေသည့် စကားသံတို့က စုမင်နားထဲသို့ ရောက်ရှိလာခဲ့သည်။ စုမင် ကောင်မလေး၏ ဘေးနားတွင် တိတ်ဆိတ်စွာ ထိုင်ချလိုက်ပြီး သူမကို နွေးထွေးကြင်နာစွာ ကြည့်လိုက်မိသည်။ အချိန်အတော်ကြာ ပြီးနောက်တွင် လူငယ်စုံတွဲသည် မတ်တတ် ထရပ်လိုက်ကြ၏။ ပျော်ရွှင်စွာ ရယ်မောလျက် ကောင်လေးသည် ကောင်မလေးကို ကျောပိုးလိုက်သည်။ ကောင်မလေးကတော့ သူမ၏ဦးခေါင်းကို ကောင်လေး၏ကျောတွင် ရှက်ရွံ့စွာဝှက်လိုက်ရင်း သူတို့နှစ်ဦးသည် အဝေးသို့ ထွက်ခွာသွားရန် ပြင်လိုက်ကြသည်။

“အရူးကျနေတာပဲ...”

ကောင်မလေးက နူးညံ့စွာခပ်တိုးတိုး ရေရွတ်လိုက်သည်။

အတိတ်တုန်းက စုမင် သူမပြောသည်ကို ရှင်းရှင်းလင်းလင်း မကြားခဲ့ရပေ။

သို့သော် ယခုတော့ သူမဘေးတွင် ရပ်နေခဲ့သဖြင့် သူရှင်းလင်းစွာ ကြားလိုက်ရသည်။

သူသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်တော့ပဲ လေပြေစီးကြောင်း မြို့တော်သို့ ရောက်သည်အထိ နှင်းတို့ကို ဖြတ်လျှောက်လျက် လူငယ်စုံတွဲနောက်မှ  လိုက်ပါသွားခဲ့မိသည်။

စုမင် မြို့တော်ထဲတွင်ရပ်လျက် ရှက်ရွံ့သည့် အပြုံးလေးဖြင့် ကောင်လေး၏ ခန္ဓာကိုယ်ပေါ်မှ နှင်းတို့ကို ခါထုတ်ပေးနေသည့် ကောင်မလေးကို သူကြည့်နေမိ၏။

“စုမင် ... နောက်ခုနစ်ရက်ကြာရင် ငါ့အတွက် အရေးကြီးတဲ့နေ့ ရောက်လာတော့မယ်။ အရင်ကတော့ အဲဒီနေ့ကို အကြီးအကဲနဲ့ပဲ ဖြတ်သန်းကုန်ဆုံးပေမဲ့ ဒီတစ်နှစ်တော့ နင်နဲ့အတူ ဖြတ်သန်းချင်တယ်။ ဟုတ်ပြီလား...”

“ဒါဆို ကတိနော်”

ထိုစကားလုံးတို့ကို ကြားလိုက်ရချိန်တွင် စုမင်နှလုံးသားထဲမှ နာကျင်မှုတို့သည် အမြင်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။ သူ့မျက်နှာသည် ဖြူရော်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။ သူ့ရင်ဘတ်သည် နာကျင်နေခဲ့ပြီး နှလုံးသားထဲမှ နာကျင်မှုကို ထပ်မံမခံစားရစေရန် သူ့လက်ကိုအသားထဲသို့ ထိုးစိုက်လိုက်မိသည်။

သူသည် စိတ်လွန်ဆွဲနေဟန် အမူအရာဖြင့် ဘေးတွင်တိတ်ဆိတ်စွာ ရပ်နေခဲ့သည်။ ထိုစိတ်လွန်ဆွဲမှုသည် ဝမ်းနည်းပူဆွေးမှုမှ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်မှာ အသေအချာပင်...

“ကတိပေါ့။ ခုနစ်ရက်ကြာရင် ငါဘယ်နေရာ ရောက်နေနေ၊ ဘာတွေပဲလုပ်နေနေ သေချာပေါက် မင်းကိုလာရှာမယ်...”

သူ့ဘေးမှကောင်လေး ပြောသည့် စကားလုံးများနှင့် တူညီသည့် စကားလုံးတို့ကို စုမင် တီးတိုးရေရွတ်လိုက်သည်။

စကားလုံးတစ်လုံးမျှပင် မလွဲမှားခဲ့သော်လည်း သူတို့အကြားရှိ အသက်အရွယ်နှင့် အချိန်များ ကွာခြားသွားမှုကြောင့် သူတို့စကားများ၏ အဓိပ္ပာယ်တို့သည်တော့ ကွဲပြားခြားနား သွားခဲ့ကြသည်။

သူထိုစကားတို့ကို ပြောပြီးသွားသည်နှင့် ကောင်မလေး၏ မျက်နှာကနီရဲသွားပြီး ရှက်ရွံ့စွာဖြင့် နဂါးနက်တောင် မျိုးနွယ်စု၏ တည်းခိုရာအခန်းသို့ လှည့်ပြေးသွားခဲ့သည်။ ကောင်လေးသည်တော့ ပျော်ရွှင်ရူးမိုက်စွာ ရယ်မောလျက် အခြားလမ်းကြောင်း တစ်ခုသို့ လျှောက်လှမ်းသွား ခဲ့သည်ကို သူကြည့်နေခဲ့မိသည်။

စုမင်၏ ရယ်မောသံသည် နောက်ဆုံးတွင် တိတ်ဆိတ်သွားခဲ့ပြီး သက်ပြင်းချသံ တစ်ခုအဖြစ် ပြောင်းလဲသွားပြီး လေထုအတွင်း ပျံ့လွင့်သွားခဲ့သည်မှာ အတိတ်တုန်းက ထိုအသံကို ကြားခဲ့ချိန်တွင် မည်သူသက်ပြင်း ချလိုက်သည်ကို မသိခဲ့ရသလိုပင် ဖြစ်သည်။

“ငါသိသွားပြီ။ ဒီတော့ နောင်တတွေနဲ့ သက်ပြင်းချလိုက်မိတာ ငါပဲပေါ့...”

စုမင် ကောင်းကင်ကို မော့ကြည့်လိုက်မိပြီး မျက်လုံးတို့ကို မှိတ်ချလိုက်မိသည်။

သူနောက်တစ်ကြိမ် မျက်လုံး ပြန်ဖွင့်လိုက်ချိန်တွင်တော့ သူသည် မှန်အတွင်းမှ လောကထဲတွင် မဟုတ်တော့ပေ။ ထိုအစား သူသည် ရေခဲမှန်၏အရှေ့တွင် ရပ်နေခဲ့ခြင်းဖြစ်ပြီး မှန်ထဲတွင် အဖြူရောင်ပန်းလေး တစ်ပွင့် ဖြစ်ပေါ်လာခဲ့သည်။

ထိုပန်းလေးသည် ဆီးနှင်းပွင့်နှင့်တူပြီး အဖြူရောင်က ၎င်းတွင် စိတ်ဝိညာဉ်တစ်ခု ပိုင်ဆိုင်နေသကဲ့သို့ ဖြစ်ပေါ်နေစေသည်။

သူ့ကိုခေါ်နေသည့် တီးတိုးသံများသည် မှန်ထဲရှိပန်းလေးထံမှ ထွက်ပေါ်လာခဲ့သည်။ စုမင် ယခုလေးတင် မြင်တွေ့ခဲ့ရသည့် အရာအားလုံးသည် သူမှန်ရှေ့တွင်ရပ်လျက် တွေဝေမိန်းမောသည့် ကြားခံအခြေအနေ တစ်ခုသို့ ကျရောက်သွား ခဲ့ခြင်းကြောင့် ဖြစ်သကဲ့သို့ပင် ... မှန်အတွင်းမှ ပန်းလေး၏နောက်တွင် မပီဝိုးတဝါး ပုံရိပ်တစ်ခုရှိနေခဲ့၏။ ထိုပုံရိပ် ကြည်လင်ပြတ်သား လာသည်နှင့် ၎င်းသည် ဆံပင်အဖြူနှင့် ယောက်ျားတစ်ဦး ဖြစ်ကြောင်း စုမင်တွေ့လိုက်ရသည်။

ထိုလူတွင် အေးစက်စက် အရှိန်အဝါတစ်ခုရှိပြီး သူ့ဆံပင်များက လေထဲ၌ လွင့်မျောနေခဲ့သည်။ သူ့မျက်နှာတွင် မည်သည့်အမာရွတ်မှ ရှိမနေသော်လည်း သူ၏ပုံစံသည်တော့ စုမင်နှင့် ထပ်တူညီလုနီးပါးပင် ဖြစ်သည်။ သူသည် မှန်အတွင်းမှနေ၍ အေးစက်စက် အမူအရာဖြင့် စုမင်ကို ငေးစိုက်ကြည့်နေခဲ့သည်။

သူ၏ နဖူးအလယ်တွင်တော့ နှင်းပန်းပွင့် အမှတ်အသားတစ်ခု ရှိနေခဲ့သည်။ သူသည် အဖြူရောက်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ အေးစက်စက်အကြည့်နှင့် စုမင်အကြည့်တို့ တွေ့ဆုံသွားခဲ့ချိန်တွင် ၎င်းတို့အတွင်းမှ သနားကရုဏာ ကင်းမဲ့မှုတို့ကို စုမင်တွေ့လိုက်ရသည်။

“မင်းဟာ ကရုဏာကင်းမဲ့မှပဲ အကြင်နာကင်းမဲ့ နိုင်လိမ့်မယ်။ မင်းဟာ အကြင်နာကင်းမဲ့မှ မင်းရဲ့နှလုံးသားက အေးချမ်းသွားလိမ့်မယ်။ မင်းကိုယ်တိုင်က အေးစက်သွားမှ ကမ္ဘာပေါ်မှာရှိတဲ့ အေးစက်မှုတွေကို မင်းထိန်းချုပ်နိုင်လိမ့်မယ် ... မင်းက သနားကရုဏာ အကြင်နာကင်းမဲ့မှ မင်းရဲ့နှလုံးသားက အေးချမ်းမှာ ဖြစ်ပြီးတော့ အဲဒီလိုမှ မင်းလျှောက်လှမ်းရမယ့် လမ်းကြောင်းကို မင်းရှာတွေ့လိမ့်မယ်”

“မင်းရဲ့ စိတ်ခံစားချက်တွေကို မှန်ထဲမှာ ထားခဲ့။ မင်းလှည့်ထွက်သွားတဲ့ အချိန်ကျရင် သူတို့ကို ပြန်သယ်မသွားပါနဲ့တော့...”

တီးတိုးသံတို့သည် မရေမရာ ဝေဝေဝါးဝါးသာ ဖြစ်နေခဲ့ပြီး ၎င်းတို့သည် စိတ်ထင်ယောင်ထင်မှား ဖြစ်နေခြင်းလား ၎င်းတို့ကို သူအမှန်တကယ် ကြားနေရခြင်းလား စုမင်ဝေခွဲ၍ မရပေ။ ဝတ်ရုံအဖြူနှင့်လူသည် စုမင်ရွေးချယ်မည်ကို စောင့်ဆိုင်းနေဟန်ဖြင့် အေးစက်စက် သီးခြားဆန်သည့် အကြည့်တစ်ခုဖြင့် စုမင်ကို ဆက်လက် စောင့်ကြည့်နေခဲ့သည်။

***

All Chapters