← Chapters

စုမင်၏ မာန်အမှတ်အသား

Vol. 15 Ch. 203

စုမင်၏ မာန်အမှတ်အသား

Vol. 15 Ch. 203

စုမင်၏လိုဏ်ဂူအပြင်ဘက် ကောင်းကင်တွင် ထိုင်နေသည့် အဘိုးအိုသည် စူးလက်တောက်ပသည့် မျက်လုံးတို့ဖြင့် မြေပြင်ကို စိုက်ကြည့်နေခဲ့သည်။ သူ့အမူအရာသည် တဖြည်းဖြည်း ပိုမိုလေးနက်လာခဲ့ပြီး သူ့မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်တို့ပင် ဖြစ်ပေါ်လာခဲ့သည်။

“ဆီးနှင်း အမှတ်အသား ... စစ်မာရှင်းရဲ့ မာန်အမှတ်အသား ကလည်း ဆီးနှင်းအမှတ်အသားပဲ။ သူ့ရဲ့ အေးခဲနေတဲ့ ဆီးနှင်းအမှတ်အသားက အေးခဲကောင်းကင် ကလန် တစ်ခုလုံးကိုတောင် တုန်လှုပ်စေခဲ့ပြီးတော့ သူက အေးခဲကောင်းကင် ကလန်ရဲ့ ပညာရပ်တွေကို လေ့ကျင့်ဖို့ မယုံနိုင်လောက်အောင် သင့်တော်တဲ့သူ ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့တယ်”

“စစ်မာရှင်းရဲ့ မာန်အမှတ်အသားလိုမျိုး တူညီတဲ့ ဆီးနှင်း မာန်အမှတ်အသားမျိုးကို ထပ်တွေ့ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး”

အဘိုးအိုသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး သူ့မျက်လုံးအတွင်းမှ စူးလက်မှုက ပိုမိုတောက်ပလာခဲ့သည်။

“သွေးကြောကျောက်သား နယ်ပယ် ကြီးမြတ်သော ပြည့်စုံဆင့်ကနေ ရုပ်နယ်လွန်ခဲ့တဲ့ မာန်စွမ်းအားရှင် တစ်ယောက်ဆိုတဲ့ အတိုင်းပဲ သူက လုံးဝကို ကွဲပြားခြားနားတဲ့ မာန်အမှတ်အသား နှစ်မျိုးကို အာရုံခံနိုင်ခဲ့တာပဲ။ မင်းက မီးတောက်လကို စွန့်လွှတ်ခဲ့တယ် ... ဒါပေမဲ့  အခု အေးခဲနေတဲ့ ဆီးနှင်း အမှတ်အသားကတော့ မင်းရဲ့အကြိုက်နဲ့ ကိုက်ညီသင့်ပြီ”

“ဒါပေမဲ့ စစ်မာရှင်းဆီကနေ ငါသိခဲ့ရတာက အေးခဲနေတဲ့ ဆီးနှင်းအမှတ်အသားက လူတစ်ယောက်ကို မယုံနိုင်လောက်အောင် သွေးအေးသွားစေတယ် ဆိုတာပဲ။ သူက သူ့ရဲ့စိတ်ခံစားချက်တွေ သူ့ရဲ့ အလိုဆန္ဒတွေအားလုံးကို အေးစက်သွားစေလိမ့်မယ်။ အဲဒါက အကြင်နာကရုဏာ ကင်းမဲ့တဲ့ အေးစက်မှုမျိုးပဲ ... ဒီကလေးက အဲဒါကိုများ ရွေးချယ်မှာလား”

အဘိုးအိုသည် တီးတိုးရေရွတ်လိုက်ရင်း မြေပြင်ကို လေးနက်စွာ စိုက်ကြည့်နေခဲ့သည်။

သူ့အကြည့်သည် အရာအားလုံးကို ဖြတ်သန်းလျက် ဆီးနှင်းတို့ ဖုံးလွှမ်းနေသည့် လိုဏ်ဂူထဲတွင် ထိုင်နေသော ဝမ်းနည်းနေသည့် လူပုဂ္ဂိုလ်ကို ထွင်းဖောက်မြင်နေဟန် ရသည်။

“သူက ဒီအမှတ်အသားကိုလည်း နောက်တစ်ကြိမ် စွန့်လွှတ်လိုက်ပြီးတော့ ... တတိယအမှတ်အသားကို အာရုံမခံနိုင်ခဲ့ဘူး ဆိုရင်တော့ သူနဲ့မကိုက်ညီတဲ့ အမှတ်အသား တစ်ခုကို သူရွေးချယ်လိုက်ရ လိမ့်မယ်။ အဲဒီလိုမှမဟုတ်ပဲ သူမရွေးချယ်ခဲ့ဘူး ဆိုရင်တော့ သူ့စွမ်းအားက ဒီနေရာမှာပဲ အမြဲရပ်တန့်နေပြီး တိုးတက်လာတော့မှာ မဟုတ်ဘူး...”

စိုးရိမ်ပူပန်မှု အရိပ်အမြွက်သည် အဘိုးအို၏ မျက်နှာတွင် ဖြစ်ပေါ်လာခဲ့သည်။ မာန်အမှတ်အသားများနှင့် ပတ်သက်၍ သူ နက်နက်ရှိုင်းရှိုင်း နားလည်ထားခဲ့သည်။ မာန်စွမ်းအားရှင် မျိုးနွယ်စု၏ သမိုင်းထဲတွင် ဘယ်တုန်းကမှ မာန်အမှတ်အသား မရှိခဲ့သည့် ရုပ်နယ်လွန်အဆင့် မာန်စွမ်းအားရှင်အချို့ ရှိခဲ့သည်။ သို့သော် ထိုလူများအားလုံးသည် သူတို့၏ စွမ်းအားကို တိုးတက်အောင် ဆက်လက်၍ လုပ်ဆောင်မရတော့ပဲ အစဉ်အမြဲ ရပ်တန့်သွားခဲ့ကြသည်သာ ဖြစ်သည်။

မာန်အမှတ်အသားမရှိသည့် မာန်စွမ်းအားရှင် တစ်ယောက်အား မာန်စွမ်းအားရှင် မျိုးနွယ်စု၏ အစစ်အမှန်အဖွဲ့ဝင် တစ်ဦးဟု ယူဆ၍ မရပေ။

“သူက အခုဒါကိုတော့ မစွန့်လွှတ်သင့်တော့ဘူး...”

အဘိုးအိုသည် သူ့ကိုယ်သူ ခပ်တိုးတိုး ပြောဆိုလိုက်ရင်း သူ့အမူအရာက ရုတ်တရက် ပြောင်းလဲသွားခဲ့၏။

စုမင်သည် လိုဏ်ဂူထဲတွင် ထိုင်နေရင်းမှပင် သူ၏ နှလုံးသားအတွင်းမှ ကမ္ဘာထဲတွင် စကားစုတစ်စုက ပဲ့တင်ထပ်သွားခဲ့သည်။

“မင်းရဲ့ စိတ်ခံစားချက်တွေကို မှန်ထဲမှာ ချန်ထားခဲ့။ မင်းလှည့်ထွက်သွားတဲ့ အချိန်ကျရင် သူတို့ကို ပြန်သယ်မသွားနဲ့တော့...”

စုမင် တီးတိုးရေရွတ်လိုက်ရင်း ရေခဲမှန်ထဲမှ နှင်းပန်းပွင့်နှင့် ပန်းနောက်ဘက်မှ ဝတ်ရုံအဖြူနှင့် ယောက်ျားတို့ကို ကြည့်လိုက်သည်။

“ငါက ဒါတွေအကုန်လုံးကို မှန်ထဲမှာထားခဲ့ပြီး ငါနဲ့အတူ ပြန်ယူမသွားပဲ နေနိုင်လို့လား...”

စုမင်မျက်နှာတွင် စိတ်သောက ရောက်မှုတို့ ဖြစ်ပေါ်လာပြီး နောက်တစ်ကြိမ် သက်ပြင်း ချလိုက်မိသည်။

“ငါ့ကတိကို ငါ တစ်ခါ ချိုးဖောက်ခဲ့ပြီးပြီ...”

“ငါ့မှတ်ဉာဏ်တွေကို မစွန့်ပစ်နိုင်သလို ဆယ်ကျော်သက် အရွယ်မှာ ငါခံစားခဲ့ရတဲ့ အချစ်ကိုလည်း ငါမစွန့်ပစ်နိုင်ဘူး ... ငါသာ အဲဒီလိုလုပ်လိုက်မယ်ဆိုရင်၊ ဆီးနှင်း မာန်အမှတ်အသားကို ငါရခဲ့ရင်တောင်မှ ငါက ငါပဲ ဆက်ဖြစ်နေနိုင် ပါဦးမလား...”

စုမင် မျက်လုံးတို့ကို မှိတ်ချလိုက်သည်။

“ငါနားလည်သွားပြီ။ ရုပ်နယ်လွန်အဆင့် မာန်အမှတ်အသားက ငါ ကြားခံအခြေအနေထဲကို ရောက်နေချိန်မှာ အခုလိုမျိုး ပေါ်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့မိဘူး။ ရေကန်ထဲက လနဲ့ မှန်ထဲက ပန်းပွင့်...”

“သူတို့က ပုံရိပ်ယောင် သက်သက်ပဲ။ သူတို့က အစစ်အမှန် မဟုတ်ဘူး။ ဒါတွေအားလုံးက အစစ်အမှန်မဟုတ်ဘူး။ အဲဒီလိုဆိုရင်တောင်၊ မှန်ထဲက ပန်းပွင့်နဲ့ ရေကန်ထဲက လ၊ နှစ်ခုလုံးက ငါ့ရွေးချယ်မှု မဟုတ်သေးဘူး”

စုမင် မျက်လုံးတို့ကို ပြန်ဖွင့်လိုက်သည်။

“မှန်ထဲက ပန်းပွင့်ကိုပဲ ဖြစ်ဖြစ်၊ ရေကန်ထဲက လကိုပဲဖြစ်ဖြစ် ... ငါ ဘယ်ဟာကိုမှ မလိုချင်ဘူး...”

စုမင် ပြောလိုက်သည်နှင့် ချက်ချင်းပင် သူ့ရှေ့ရှိ ရေခဲမှန်တွက် အက်ကြောင်းများ ဖြစ်ပေါ်လာခဲ့၏။ အက်ကွဲသံများ ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် အက်ကွဲပျက်စီး သွားခဲ့သည်။ နှင်းပန်းပွင့်နှင့် ဝတ်ရုံအဖြူဖြင့် လူတို့သည်လည်း စုမင်ရှေ့တွင် ရှိနေသည့် မှန်အကွဲစတိုင်း လိုလိုတွင် ရှိနေခဲ့ကြဟန်တူသည်။

“အရူး...”

ထိုမြင်ကွင်းကို မြင်လိုက်ချိန်တွင် ကောင်းကင်မှ အဘိုးအိုသည် ဖြည်းညင်းစွာ ရေရွတ်လိုက်သည်။ သို့သော် စုမင် သူ၏ ပထမ မာန်အမှတ်အသားကို စွန့်ပစ်လိုက်စဉ် တုန်းကလိုတော့ သူတားဆီးရန် မကြိုးစားခဲ့တော့ချေ။ ထိုအစား စုမင်နောက်ထပ် ဘာဆက်လုပ်မည်ကိုသာ စောင့်ကြည့်ရန် သူရွေးချယ်လိုက်သည်။

‘ဒါပေမဲ့ သူက ရဲရင့်တယ်။ သူ့ရဲ့ ပင်ကိုစရိုက်ကတော့ ငါ့တပည့်ဖြစ်လာနိုင်ဖို့ ထိုက်တန်တယ်။ မင်းရဲ့ ကြားခံအခြေအနေထဲမှာ တတိယမာန် အမှတ်အသားကိုသာ မင်းတကယ် ဖော်ထုတ်နိုင်ခဲ့မယ်ဆိုရင် မင်းက ငါ့စစ်ဆေးမှုကို မအောင်ပဲ ငါ့တပည့် ဖြစ်မလာခဲ့ရင်တောင်၊ မင်း အေးခဲကောင်းကင် ကလန်ထဲ ဝင်ရောက်တဲ့အထိ ငါဆက်ကူညီပေးမှာပါ’

အဘိုးအိုသည် မြေပြင်ကို တိတ်ဆိတ်စွာကြည့်လျက် မသေချာသော်လည်း တတိယအမှတ်အသား ပေါ်ထွက်လာမည်ကို စောင့်ဆိုင်းနေခဲ့မိ၏။

အချိန်တို့ ကုန်လွန်လာပြီး မကြာခင်မှာပင် ညရောက်တော့မည် ဖြစ်သည်။ သို့သော် ညကောင်းကင်သည် အပြာနှင့် အနီရောင် အလင်းများဖြင့်သာ ပြည့်နေခဲ့ပြီး ထူးဆန်းသည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်နေခဲ့သည်။

လိုဏ်ဂူထဲရှိ စုမင်ကိုယ်ပေါ်မှ ဆီးနှင်းတို့လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ လိုဏ်ဂူနံရံများတွင်လည်း ရေခဲသောလည်းကောင်း၊ အေးစက်သည့်လေထု သော်လည်းကောင်း အရိပ်အမြွက်ပင် ရှိမနေတော့ပေ။ တောင်တစ်ခုလုံးသည်လည်း သာမန်အခြေအနေသို့ ပြန်လည်ပြောင်းလဲ သွားခဲ့ပြီဖြစ်၏။

“ဒီတော့ သူ ထပ်မလုပ်နိုင် တော့တာလား...”

အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ပြီး နောက်တွင်တော့ ကောင်းကင်မှ အဘိုးအိုမှာ သက်ပြင်း ချလိုက်မိသည်။

သို့သော် သူထွက်ခွာမသွားပဲ ဆက်လက် စောင့်ဆိုင်းနေခဲ့၏။ တဖြည်းဖြည်းနှင့် ညအချိန်ပင် ကုန်လွန်သွားခဲ့ပြီး ကောင်းကင်သည်ပင် ထွန်းလင်း တောက်ပလာခဲ့ပြီ ဖြစ်သော်လည်း စုမင်သည်တော့ လိုဏ်ဂူအတွင်း၌ လှုပ်ရှားခြင်းမရှိပဲ ဆက်လက်၍ ထိုင်နေဆဲပင် ဖြစ်သည်။ မာန်အမှတ်အသား ဖြစ်ပေါ်လာမည့် မည်သည့် အရိပ်အယောင်မှလည်း ပေါ်မလာခဲ့ပေ။

“သူက မီးတောက်လကို စွန့်လွှတ်ခဲ့တယ်။ ဆိုလိုတာက သူကြီးပြင်းလာတဲ့ မျိုးနွယ်စုက မီးတောက်နဲ့ဆိုင်တဲ့ နည်းလမ်းတွေကို မလေ့ကျင့်ဘူးဆိုတာပဲ။ အဲဒါက သူလေ့ကျင့်တာတွေနဲ့ ကွဲပြားခြားနား နေပြီးတော့ အဲဒီအရာမှာပဲ သူလက်မလျှော့ လိုတဲ့အတွက် သူက အဲဒါကို မရွေးချယ်ခဲ့တာပဲ။ အဲဒီကနေပြီးတော့ ဒီကလေးက မိသားစု ဆက်ဆံရေးကို တန်ဖိုးထားတယ်ဆိုတာ မြင်နိုင်တယ်”

“သူက အကြင်နာမဲ့ပြီး အေးစက်တဲ့ လူတစ်ယောက် မဖြစ်လိုတာကြောင့် ဆီးနှင်းအမှတ်အသားကို စွန့်လွှတ်ခဲ့တယ်။ ဆိုလိုတာကတော့ သူ့ရဲ့ ချစ်ခင်ရသူတွေကို တန်ဖိုးထားတယ်ဆိုတာပဲ...”

“ဒါပေမဲ့ ဒီလိုလူမျိုးတွေက ငါ့ရဲ့ကျင့်စဉ်ကို လေ့ကျင့်ဖို့ မဖြစ်နိုင်သလို ငါ့အမွေအနှစ်ကိုလည်း သင်ကြားနိုင်မှာ မဟုတ်ဘူး။ သူက ဆက်ခံသူတစ်ယောက် မဖြစ်နိုင်ဘူး ... သူက ... ဘာကိုမှလည်း ပြောင်းလဲပေးနိုင်မှာ မဟုတ်ဘူး။ ဘာစစ်ဆေးမှုမှ ဆက်လုပ်စရာ မလိုတော့ပါဘူးလေ”

သုံးရက်ကြာပြီး နောက်တွင်တော့ အဘိုးအိုသည် သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ မြေပြင်ကို လေးနက်စွာ တစ်ချက်ကြည့်လိုက်ပြီး ဆက်လက် စောင့်ဆိုင်းနေရန် မကြိုးစားတော့ပေ။  မာန်စွမ်းအားရှင် တစ်ဦးစီတိုင်းအတွက် ရုပ်နယ်လွန် အဆင့်တက်ခြင်း ဖြစ်စဉ်သည် အချိန်ကွာခြားကြ သော်လည်း သူတို့၏ ကြားခံအခြေအနေမှ နိုးထလာပြီ ဆိုလျှင်တော့ ဖြစ်စဉ်သည် အဆုံးသတ်သွားပြီဟု ဆိုလိုပေသည်။

ထိုအခိုက်အတန့်တွင် လိုဏ်ဂူအတွင်းမှစုမင်၏ မျက်လုံးတို့ ပြန်ပွင့်လာခဲ့သည်ကို သူအာရုံခံမိခဲ့သည်။

“မင်းက အေးခဲကောင်းကင် ကလန်ကို ဝင်ရောက်ဖို့ ရွေးချယ်ခဲ့မယ် ဆိုရင်တော့၊ ငါက မင်းအတွက် စကားတစ်ခွန်း ပြောပေးမှာပါ”

အဘိုးအိုက သူ့ကိုယ်သူ တီးတိုးရေရွတ် လိုက်သည်။

ဝမ်းနည်းမှု၊ နောင်တတို့ဖြင့် အဘိုးအိုသည် အဝေးသို့ လျှောက်လှမ်းသွားခဲ့သည်။ သူ့နောက်ကျောတွက်တော့ အထီးကျန်ဆန်မှုတို့ကို တွေ့မြင်နိုင်လေသည်။ သူထွက်ခွာသွားသည်နှင့် အပြာနှင့် သွေးနီရောင် အလင်းတို့သည်လည်း မှိန်ဖျော့သွားပြီး နောက်ဆုံးတွင် ဤအချိန်အတောအတွင်း၌ တစ်ခါမှ မျက်လုံးမဖွင့်ခဲ့သည့် ကျောက်တုံး ရုပ်တုနှင့်အတူ ပျောက်ကွယ်သွား ခဲ့ကြသည်။

“ငါ ကျရှုံးခဲ့တယ်...”

လိုဏ်ဂူအတွင်း၌ စုမင် မျက်လုံးတို့ကို ပြန်ဖွင့်လိုက်ရင်း သူ့အရှေ့မှ နံရံများကိုကြည့်လျက် တိုးသဲ့စွာ ရေရွတ်လိုက်သည်။ သူ့ပတ်ဝန်းကျင်သည်တော့ မှောင်မည်းနေခဲ့သည်။ တိတ်ဆိတ်မှု အလယ်တွင် စုမင် ခေါင်းကိုမော့လိုက်သည်။

သူ့အမူအရာသည်တော့ တည်ငြိမ်နေခဲ့ပြီး နောင်တ တရားသော်လည်းကောင်း၊ အခြားစိတ်ခံစားချက် အရိပ်အယောင်များ သော်လည်းကောင်း ရှိမနေခဲ့ပေ။ ထိုအစား အမှောင်ထုထဲတွင် တိတ်ဆိတ်စွာထိုင်လျက် အစွမ်းထက်သည့် မာန်အမှတ်အသားနှစ်ခုကို စွန့်လွှတ်လိုက်ခြင်းသည် ထိုက်တန်မှုရှိရဲ့လားဆိုသည်ကို သူ့ကိုယ်သူ ပြန်မေးနေမိသည်။

‘မီးတောက်လဆိုတာ ငါ့မျိုးနွယ်စုက အရာတစ်ခုမဟုတ်ဘူး။ မီးတောက် မာန်စွမ်းအားရှင်တွေထဲက တစ်ဦးဖြစ်လာဖို့အတွက် ငါ့ရဲ့ မျိုးနွယ်စုကို စွန့်လွှတ်လိုက်ရရင် ငါက  နက်မှောင် တောင်မျိုးနွယ်စုဝင် တစ်ယောက် ဖြစ်နိုင်တော့မှာ မဟုတ်ဘူး ... ငါ အဲဒီလိုမျိုး မဖြစ်ချင်ဘူး’

‘အေးခဲနေတဲ့ ဆီးနှင်းကလည်း ငါ့ခံစားချက်တွေကို မှန်ထဲမှာ ထားခဲ့ပြီးတော့ အဲဒီခံစားချက်တွေကို စွန့်လွှတ်စေချင်ခဲ့တယ်။ ငါ အဲဒါကိုလည်း မလုပ်နိုင်ဘူး။ ဒီလိုဆိုရင်တော့ ဒါအတွက် ငါ နောင်တရစရာ မလိုပါဘူးလေ’

ကြားခံအခြေအနေအတွင်း သူရရှိခဲ့သည့် မာန်အမှန်အသား နှစ်မျိုးကို စွန့်လွှတ်လိုက်သည်နှင့် သူ၏ရုပ်နယ်လွန်အဆင့် စွမ်းအားများသည် လျော့နည်းလာ ခဲ့သည်ဟု စုမင်ခံစားလိုက်ရသည်။ သူ၏စွမ်းအားများသည် ယိုယွင်းနေသကဲ့သို့ပင် ဖြစ်သည်။

“အမှတ်အသားဆိုတာ ဘာလဲ”

သူ၏စွမ်းအားများ ယုတ်လျော့လာခြင်းနှင့် ပတ်သက်၍ စုမင် စိတ်အနှောင့်အယှက် အဖြစ်ခံမနေပေ။ ထိုအစား လိုဏ်ဂူ၏ မှောင်မှောင်းမည်းမည်း မျက်နှာကြက်ကိုသာ မော့ကြည့်လိုက်ရင်း တီးတိုးရေရွတ် လိုက်သည်။

“အမှတ်အသားဆိုတာ နှလုံးသားရဲ့ ရောင်ပြန်ဟပ်မှုတစ်ခုပဲ။ အဲဒါက လူတစ်ဦးတည်းနဲ့သာ သက်ဆိုင်တဲ့ ထူးခြားတဲ့အခြေအနေ တစ်ခုဆိုလည်း ဟုတ်တယ်”

၎င်းသည် အတိတ်တုန်းက သူ့အား အကြီးအကဲမှ ပြောပြခဲ့ခြင်းဖြစ်ပြီး စုမင်ထိုအရာကို အစဉ်အမြဲ အမှတ်ရနေခဲ့သည်။

“ငါတို့ရဲ့ မာန်အမှတ်အသားတွေကို ရှာဖွေတဲ့အချိန်မှာ ငါတို့က ဘာလို့ ကြားခံအခြေအနေထဲကို ဝင်ရောက်ဖို့ လိုအပ်ရတာလဲ...”

စုမင် ပြုံးလိုက်မိသည်။

သူ့အပြုံးသည် မထင်ရှားသော်လည်း ထိုခပ်ရေးရေး အပြုံးထဲတွင် အခြားမည်သူမှ မမြင်နိုင်သည့် နားလည်သွားမှု အရိပ်အမြွက်အချို့ ပါဝင်နေခဲ့သည်။

“အဲဒါက ဘာလို့လဲဆိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ လူတွေက သူတို့ကိုယ်သူတို့ နားမလည်တာကြောင့်ပဲ။ သူတို့ရဲ့နှလုံးသားကို သူတို့နားမလည်ကြဘူး။ ဒါကြောင့်ပဲ သူတို့ရဲ့နှလုံးသားထဲမှာ ဘာတွေတည်ရှိနေလဲ ဆိုတာကို အာရုံခံဖို့အတွက် သူတို့က ကြားခံအခြေအနေထဲကို ဝင်ရောက်ကြရတာ”

“မာန်အမှတ်အသားဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်မှုပုံစံ တစ်မျိုးပဲ”

စုမင်မျက်လုံးများသည် တည်ငြိမ်နေခဲ့ပြီး တဖြည်းဖြည်းနှင့် ၎င်းတို့ထဲတွင် လေးနက်မှုတို့ ဖြစ်ပေါ်လာခဲ့သည်။

“ငါက  ငါ့ကိုယ်ငါ ဆန်းစစ်ခဲ့ပြီးပြီ။ ငါ့ရဲ့ ကိုယ့်ကိုယ်ကို ဆန်းစစ်မှုထဲမှာ မှန်ထဲကပန်းပွင့်နဲ့ မီးတောက်လတွေ ထွက်ပေါ်လာခဲ့တယ် ဆိုရင်တောင် သူတို့က ငါအမှန်တကယ် လိုချင်တဲ့အရာ မဖြစ်နိုင်ဘူး”

စုမင် ညာလက်ကိုမြှောက်လျက် သူ့ရှေ့တွင် ထားလိုက်သည်။

သူ၏ညာလက်ကို ကြည့်နေရင်းမှပင် ထူးဆန်းသည့် အလင်းတစ်ဖြာက သူ့မျက်လုံးများထဲတွင် ဖြစ်ပေါ်လာခဲ့သည်။

“တခြားတစ်ဖက်မှာတော့ ဒီတစ်ကြိမ်မှာ  ငါအခုလို ကြားခံအခြေအနေထဲ ဝင်ပြီး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်လိုက်တာကြောင့် ငါ့အတွက် ဘာကိုအမှန်တကယ် လိုအပ်တာလဲဆိုတာ ငါသိခဲ့ရတယ်”

စုမင် ပြုံးလိုက်ပြီး ညာလက်ညှိုးကို ကိုက်ချလိုက်သည်။ သွေးများ ကျဆင်းလာကြ၏။ ဤသွေးတို့သည် အလွန်စေးကပ်နေပြီး ၎င်းတို့ထဲ၌ စုမင်၏ခန္ဓာကိုယ်အတွင်းမှ ရုပ်နယ်လွန်အဆင့် စွမ်းအားများ ပါဝင်နေခဲ့သည်။

ဤသွေးတို့သည် ရုပ်နယ်လွန်အဆင့် စွမ်းအားအောက်တွင် စုဝေးသွားခဲ့ကြသည့် မာန်သွေးစက်များပင် ဖြစ်သည်။

“မင်းရဲ့ မာန်အမှတ်အသားကို မာန်သွေးစက်တွေနဲ့ ရေးဆွဲပါ...”

တုံ့ဆိုင်းခြင်း အလျင်းမရှိပဲ လက်ညှိုးကို သူ၏ မျက်ခုံးနှစ်ခုအလယ်သို့ ဖိကပ်ပြီးနောက် မေးစေ့ရောက်သည်အထိ ဆွဲသားချလိုက်ရင်း သူ့မာန်အမှတ်အသား၏ ပထမဆုံးစုတ်ချက်ကို စတင်ရေးဆွဲလိုက်သည်။

၎င်းသည် မျက်လုံးများထဲတွင် ထိတ်လန့်သွား စေနိုင်သည့် သွေးအမှတ်အသားကြီး တစ်ခုဖြစ်သည်။ ၎င်းသည် သူ၏ မျက်ခုံးအလယ်မှ စတင်၍ နှာခေါင်းနှင့် နှုတ်ခမ်းများကို ဖြတ်သန်းလျက် သူ၏မေးစေ့ထိတိုင်အောင် သွယ်ဆက်ထားခဲ့သည်။

သူတို့၏ အရေပြားပေါ်တွင် မာန်အမှတ်အသား ဆွဲသားသူ မည်သူမဆို သူတို့ခန္ဓာကိုယ်အတွင်းမှ ရုပ်နယ်လွန်အဆင့် စွမ်းအားတို့ကို အသက်သွင်းလိုက် မိလိမ့်မည်ပင် ဖြစ်သည်။ သူတို့၏ အရေပြားတို့ကို အနီရောင်မြူများ ဖုံးအုပ်ခံထားရသည့် မြင်ကွင်းမျိုး ဖြစ်ပေါ်လာရမည် ဖြစ်သော်လည်း ထိုမြင်ကွင်းက ယခုအထိ ဖြစ်ပေါ်မလာသေးချေ။

“ငါ့ရဲ့ အမှတ်အသားက ငါ့စိတ်ဆန္ဒရဲ့ ရောင်ပြန်ဟပ်မှုတစ်ခုပဲ...”

စုမင်မျက်လုံးတို့သည် ပိုမိုတောက်ပလာ ခဲ့သည်မှာ ၎င်းတို့၏ အနက်ရှိုင်းဆုံးနေရာတွင် မြင်ကွင်းအချို့ ရှိနေသကဲ့သို့ပင် ဖြစ်သည်။

ထိုမြင်ကွင်းများသည်တော့ သူ့စိတ်ထဲတွင် မှတ်သားထားပြီး ဘယ်တော့မှ မေ့ပျောက်သွားလိမ့်မည် မဟုတ်သော အရာများပင်ဖြစ်သည်။

သူ၏ ညာလက်ညှိုးဖြင့် ဘယ်ဘက်မျက်လုံးကို ဖြတ်လျက် နောက်ထပ် စုတ်ချက်တစ်ခုကို ဆွဲသားလိုက်သည်။ သို့သော် သူ ဒုတိယစုတ်ချက် ဆွဲသားပြီးချိန် တိုင်အောင်ပင် သူ့အတွင်းမှ ရုပ်နယ်လွန်အဆင့် စွမ်းအားများသည် အသက် ဝင်မလာသေးပဲ ငြိမ်သက်နေဆဲပင် ဖြစ်သည်။

စုမင်မျက်လုံးတို့ကို ပိတ်ချလိုက်ပြီး ညာလက်ညှိုးဖြင့် တတိယစုတ်ချက်ကို ထပ်မံဆွဲသားလိုက်သည်။ ထိုအချိန်တွင်တော့ သူ့မျက်နှာပေါ်တွင် ရှည်လျားသည့် သွေးစီးကြောင်းကြီး သုံးခုရှိနေခဲ့ပြီ ဖြစ်သော်လည်း သူမည်သည့်အရာကို ဆွဲသားရန် ကြိုးစားနေခြင်း ဖြစ်ကြောင်း မြင်နိုင်ရန် ခက်ခဲနေခဲ့ချေသည်။ ဖြစ်နိုင်သည်မှာ သူ၏ပိတ်နေသည့် မျက်လုံးများအတွင်းမှ မြင်ကွင်းသည်သာ သူဆွဲသားလိုသည့် မာန်အမှတ်အသားကို ဖော်ပြပေးနိုင် ပေလိမ့်မည်။

“အဲဒါက မီးတောက် မာန်စွမ်းအားရှင်တွေရဲ့ လ မဟုတ်ဘူး”

စုမင် လေးချက်မြောက်၊ ငါးချက်မြောက် စုတ်ချက်တို့ကို ထပ်မံဆွဲသား လိုက်ပြန်သည်...

“အဲဒါက အေးခဲနေတဲ့ ဆီးနှင်းတွေလည်း မဟုတ်ဘူး”

သူ့မျက်နှာပေါ်မှ သွေးစီးကြောင်းတို့သည် အနည်းငယ် ဖရိုဖရဲ ဖြစ်နေဟန်ပေါ်သည်။ စုတ်ချက်အနည်းငယ် ရှိနေခဲ့ပြီဖြစ်သော်လည်း ၎င်းတို့အားလုံးကို ချိတ်ဆက်ပေးမည့် လမ်းကြောင်းတစ်ခု ကင်းမဲ့နေဟန်တူပြီး အခြားသူများအနေဖြင့်  စုမင်ဆွဲသားလိုနေသည့် အရာကို မမြင်နိုင်ပဲ ဖြစ်နေစေသည်။

“ဒါက...”

သူ စုတ်ချက် မည်မျှပြုလုပ်ခဲ့မိမှန်း စုမင်မသိခဲ့ပေ။ ထိုတစ်ခဏတွင်တော့ သူ့ညာလက်ညှိုးက ရပ်တန့်သွားခဲ့သည်။ ထို့နောက် သူမျက်လုံးတို့ကို ဖြည်းညင်းစွာ ပြန်ဖွင့်လိုက်ရင်း ဤအချိန် အခိုက်အတန့်မှာပင် ဖရိုဖရဲဖြစ်နေသော မျဉ်းကြောင်းများကို ဖြတ်လျက် စုတ်ချက်တစ်ခုကို ဆွဲသားလိုက်သည်။ အဆုံးသတ်စုတ်ချက် တစ်ခုသဖွယ်ပင် ၎င်းသည် သွေးမျဉ်းကြောင်းတို့ကို အတူတကွ ချိတ်ဆက်လျက် တောင်ထိပ်ငါးခုရှိသည့် တောင်ကြီးတစ်လုံးအသွင် ဖြစ်ပေါ်လာခဲ့သည်။

တောင်ထိပ်ငါးခုဖြင့် တောင်ကြီးတစ်လုံး တစ်နည်းအားဖြင့် နက်မှောင်တောင်... နက်မှောင်တောင် အမှတ်အသား ဖြစ်ပေါ်လာချိန်မှာပင် စုမင်ခန္ဓာကိုယ် အတွင်းမှ ရုပ်နယ်လွန်အဆင့် စွမ်းအားများသည် ပေါက်ကွဲထွက်လာခဲ့ပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးကို များစွာသော အနီရောင်မြူတို့ဖြင့် ပြည့်နှက်သွား စေခဲ့သည်။ ထိုမြူတို့သည် တောင်ထိပ်ငါးခု အမှတ်အသား အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး နက်မှောင်တောင် အမှတ်အသားသည် အသက်ဝင်လာသကဲ့သို့ ဖြစ်ပေါ်လာခဲ့သည်။

ထျန်းရှဲ့ကျီသာ ထွက်ခွာမသွားခဲ့ပဲ ဤအမှတ်အသားကို မြင်ခဲ့မည်ဆိုလျှင် သူသက်ပြင်း ချမိလိမ့်မည်မှာ အသေအချာပင် ဖြစ်သည်။ ဤအရာသည် တောင်အမှတ်အသား တစ်ခုဖြစ်ပြီး မာန်အမှတ်အသားများ အားလုံးထဲတွင် အခြေခံအကျဆုံး မာန်အမှတ်အသား တစ်ခုပင် ဖြစ်သည်။ သို့သော် သူ သက်ပြင်းချပြီးသည်နှင့် ထိုသက်ပြင်းသည် ထိတ်လန့် တုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွားလိမ့်မည် ဖြစ်ပြီး သူ သေချာပေါက် အသက်ပြင်းပြင်း ရှူရှိုက်လိုက်မိလိမ့်မည်ပင် ဖြစ်သည်။

ထိုထိတ်လန့် တုန်လှုပ်မှုသည် စုမင်၏ မီးတောက်လနှင့် အေးခဲဆီးနှင်း အမှတ်အသားများကို သူအာရုံခံခဲ့မိစဉ်က ခံစားခဲ့ရသည့် ထိတ်လန့်မှုများထက် အဆပေါင်းများစွာ သာလွန်နေလိမ့်မည်ပင် ဖြစ်သည်။ ၎င်းသည် သူ့အား မယုံကြည်နိုင် ဖြစ်နေသည့် အခြေအနေအနေ တစ်ခုအတွင်းသို့ပင် ကျရောက်သွားစေ နိုင်လေသည်။

မာန်အမှတ်အသားများ အားလုံးသည် ရိုးရိုးရှင်းရှင်း ပင်ဖြစ်သည်။ ပစ္စည်းအမျိုးအစားနှစ်မျိုး ပါဝင်သော မာန်အမှတ်အသား တစ်ခုကိုပင်လျှင် ရှုပ်ထွေးနေချေပြီဟု သတ်မှတ်၍ ရပြီဖြစ်သည်။ သို့သော် ဤလူကတော့ ... စုမင်သည် သူ့အင်္ကျီကို ဖွင့်ပစ်လိုက်သည်။ နက်မှောင်တောင်ကို ရေးဆွဲပြီးသော်လည်း သူ့ညာလက်ညှိုးက ရပ်တန့်မသွားခဲ့ပေ။ ထိုအစား သူ့မျက်လုံးများထဲတွင် နူးညံ့မှု၊ လွမ်းဆွမ်းတမ်းတမှုများ ဖြစ်ပေါ်လာခဲ့ပြီး ညာလက်ညှိုးဖြင့် ရင်ဘတ်ပေါ်တွင် တစ်ချက်ချင်း ဆွဲသားခဲ့၏။  သူ ဆွဲသားခဲ့သော အရာသည်... မျိုးနွယ်စုတစ်ခုပင် ဖြစ်သည်။

***

All Chapters