အခန်း (၁၇၁-၁၇၂)
Vol. 18 Ch. 171-172
အခန်း ၁၇၁ - မျောက်ဝံနက်တို့၏ တော်လှန်ရေး။
"သနားစရာကောင်းတဲ့ လျှပ်စစ်လေးရာ... ရတနာနတ်ဘုရားကတော့ သူ့ဆီကနေ နောက်ဆုံးလက်ကျန် စွမ်းအားအထိ ညှစ်ထုတ်တော့မှာပဲ။"
"သူက ကောင်းကင်မိုးကြိုးဒဏ်ကနေ လွတ်မြောက်ခဲ့ပေမဲ့ နောက်ဆုံးတော့ ရတနာနတ်ဘုရားရဲ့ ကိုယ်ကျင့်တရားမရှိမှုအောက်မှာတော့ မလွတ်မြောက်နိုင်ရှာဘူး။လျှပ်စစ်ခါးပတ်ကြီးက တကယ်ရော အဆင်ပြေရဲ့လား။"
"ကိုယ်ကျင့်တရားမရှိတဲ့ နေရာမှာတော့ ရတနာနတ်ဘုရားက ဒီပလက်ဖောင်းတစ်ခုလုံးမှာ နံပါတ်တစ်ပဲဗျာ။ ညီအစ်ကိုတို့ သဘောတူတယ်မလား။"
လုပေါင် ကတော့ မျက်တောင်တစ်ချက်မခတ်ဘဲ သူ့ခါးက လျှပ်စစ်ငါးရှဉ့်ကို ကြည့်ကာ ပြောလိုက်သည်။
"လျှပ်စစ်လေး... မင်းက အခုလေးတင် မိုးကြိုးဒဏ်ကို ခံယူပြီးလို့ ခန္ဓာကိုယ်က အရမ်းအားနည်းနေတာ။ အနားယူဖို့ လိုတယ်။ ငါက အသက် ၂၀ ကျော် လူပျိုသိုးယန်စွမ်းအင် တွေ အပြည့်ရှိတဲ့သူဆိုတော့ ငါနဲ့ ကပ်နေရင် မင်းအတွက် အာဟာရတွေ အများကြီး ရမှာပါ။ ဒါက တရုတ်တိုင်းရင်းဆေး ပညာရပ်ရဲ့ သီအိုရီပဲ မယုံမရှိနဲ့။"
လျှပ်စစ်ငါးရှဉ့်မှာ အားကိုးရာမဲ့စွာဖြင့် ကိုယ်ကို တွန့်လိမ်နေရှာသည်။ သူ မယုံဘူးလို့သာ ပြောလိုက်ရင် ဒီလူယုတ်မာကြီးက နောက်ထပ် ဘာတွေလုပ်ဦးမလဲ မသိနိုင်ပေ။
သူ့ကို လိမ်ညာပြီးနောက် လုပေါင်သည် သူ့ကိုယ်ထဲသို့ စီးဝင်လာသော လျှပ်စစ်ဓာတ်များကို ခံစားကြည့်လိုက်သည်။ မိုးကြိုးဒဏ် ခံပြီးနောက်တွင် ဤလျှပ်စစ်ငါးရှဉ့်၏ လျှပ်စစ်စီးကြောင်းမှာ ကောင်းကင်နှင့် မြေကြီး၏ အရှိန်အဝါများ ပါဝင်လာပုံရသည်။ လုပေါင်သည် သူ့ခန္ဓာကိုယ်ကြီး တစ်ခုလုံး သန်မာလာပြီး အလွန်နေလို့ကောင်းလာသည်ကို ခံစားရသည်။ အထူးသဖြင့် လျှပ်စစ်ငါးရှဉ့်သည် မိုးကြိုး ကို ကျော်ဖြတ်ပြီးနောက် ကိုယ်တွင်းမှ လျှပ်စစ်ဓာတ်များမှာ ဘယ်တော့မှ ကုန်ဆုံးသွားမည့်ပုံ မပေါ်တော့ပေ။
လုပေါင်သည် ကျေနပ်သွားပြီး မျောက်ဝံနက်ကြီးများကို ဗီလာဆက်ဆောက်ရန် အမိန့်ပေးတော့သည်။
"ဒီဗီလာက တစ်ထပ်တည်းဆိုရင် မဖြစ်သေးဘူး အနည်းဆုံး သုံးထပ် ရှိရမယ်။ဒီဘက်မှာ ရေကူးကန်တစ်ခု တူးလိုက် ပြီးရင် တောင်ကျစမ်းရေ သွယ်ထည့်လိုက်။ ဗီလာရှေ့မှာ ပန်းခြံလေးတစ်ခု လုပ်ပြီး ပန်းတွေ စိုက်မယ်။ ကဲ... မြန်မြန် လုပ်ကြစမ်း။"
လုပေါင်၏ အမိန့်များကို ကြားသောအခါ မျောက်ဝံကြီးများမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။Live ထဲမှ ပရိတ်သက် များကတော့ အော်ဟစ်ကုန်ကြသည်။
"ရတနာနတ်ဘုရား... မင်း လူစိတ်ရှိပါဦး မျောက်ဝံတွေကို အခလွတ် အလုပ်သမားတွေအဖြစ် တကယ်ကြီး သုံးနေတာလား။"
"သနားစရာ မျောက်ဝံလေးတွေ... နောက်တစ်ခါ စိတ်ပိုင်းဆိုင်ရာ လှည့်စားခြင်းခံရပြန်ပြီ။"
"ဗီလာပြီးရင် ရေကူးကန် ရေကူးကန်ပြီးရင် ပန်းခြံ... အလုပ်တွေ မပြီးသရွေ့ မင်း သူတို့ကို မိန်းမရှာမပေးဘူးပေါ့လေ။မင်းကတော့ တကယ်ပဲ။"
လုပေါင်၏ ရှေ့မှ မျောက်ဝံကြီးများသည် ပရိတ်သက် များ၏ စကားကို ကြားလိုက်ရသလား သို့မဟုတ် သူတို့ ဂျင်းထည့်ခံနေရသည်ကို ရိပ်မိသွားသလား မသိပါ။ လုပေါင်၏ တောင်းဆိုချက်များကို ကြားပြီးနောက် သူတို့အားလုံး အလုပ်ရပ်လိုက်ကြသည်။ ထိုကောင်ကြီးများသည် သူတို့၏ ကိရိယာများကို မြေကြီးပေါ် ပစ်ချကာ ငြိမ်သက်စွာ ထိုင်နေကြတော့သည်။
သူတို့ သပိတ်မှောက်လိုက်ကြပြီဖြစ်၏။
ဒီနှစ်ရက်အတွင်း မျောက်ဝံကြီးများမှာ အပင်ပန်းခံ လုပ်ပေးခဲ့သော်လည်း လုပေါင်က သူတို့ကို နှုတ်ကတိကလွဲလို့ ဘာမှမပေးခဲ့ပေ။ သူတို့ အလုပ်မလုပ်တော့ခြင်းမှာ မဆန်းပါ။
"ဟားဟား... လိမ်ဦးလေ လိမ်ဦး ရတနာနတ်ဘုရား သူတို့ သပိတ်မှောက်ကုန်ပြီ။ အခု ဘယ်လို ဆက်လိမ်မလဲ ကြည့်ရသေးတာပေါ့။"
"မိန်းမ မျောက်ဝံကြီးတွေက မိန်းမလိုချင်နေတာ။ မင်းကတိပေးထားတဲ့ မိန်းမတွေ ဘယ်မှာလဲ။"
"သမိုင်းမှာ ဒါကို မျောက်ဝံနက်တို့၏ တော်လှန်ရေး လို့ မှတ်တမ်းတင်ရမယ်။"
လုပေါင်မှာတော့ နဖူးတွင် အမည်းစက်များ ထင်ကျန်ရစ်သည်။ သူက ဒီကောင်တွေအတွက် မိန်းမကို ဘယ်မှာ သွားရှာပေးရမလဲ။သို့သော် သူတို့ သပိတ်မှောက်နေလျှင် ဗီလာကြီး ပြီးမည်မဟုတ်ပေ။
လုပေါင် ဘာလုပ်ရမှန်း မသိဖြစ်နေစဉ်မှာပင် ဘေးက တောအုပ်ထဲမှ ထူးဆန်းသော ခံစားချက်တစ်ခုကို ရလိုက်သည်။ သူ လှည့်ကြည့်လိုက်သောအခါ... နှုတ်ခမ်းနီအနီရောင်ကြီး ဆိုးထားပြီး ခေါင်းတွင် ကျစ်ဆံမြီးများ ကျစ်ထားကာ နားနောက်တွင် ပန်းနီလေး တစ်ပွင့် ပန်ထားသော မျောက်ဝံမကြီး က သူ့ကို အချစ်မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။
"သေပြီ... ဒါကတော့ တကယ် BBQ ဖြစ်တော့မယ်။"
မျောက်ဝံအထီးတွေက မိန်းမလိုချင်လို့ သပိတ်မှောက်နေချိန်မှာ မျောက်ဝံမက သူ့ကို လာကြွေနေတာ... ဒါက ပြဿနာကို ပိုကြီးစေတော့မည်။ မျောက်ဝံတွေက 'ငါတို့က အပင်ပန်းခံ အလုပ်လုပ်ပေးရတယ် မင်းက ငါတို့မိန်းမတွေကို ယူမလို့လား' ဟု တွေးသွားလျှင် သူ၏ သားရဲရင်းနှီးမှုမှု +100စွမ်းရည်လည်း ကယ်နိုင်တော့မည်မဟုတ်ပေ။
သို့သော် လုပေါင်သည် ချက်ချင်း အကြံရသွားသည်။ မနက်က ရွှေဖားကြီးဆီက ရခဲ့သော နတ်သမီးမျက်ရည်များကို သတိရလိုက်သည်။ သူသည် သူပထမဆုံးတွေ့ခဲ့သော မျောက်ဝံနက်ကြီးကို အနားခေါ်ကာ တိုးတိုးလေး မှာကြားလိုက်တော့သည်။
ထို့နောက် နတ်သမီးမျက်ရည် အနည်းငယ်ကို ထိုမျောက်ဝံ၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ မျောက်ဝံနက်ကြီးက ထိုနတ်သမီးမျက်ရည်များကို ယူကာ မျောက်ဝံမကြီးဆီသို့ လျှောက်သွားသည်ကို မြင်မှသာ လုပေါင် သက်ပြင်းချနိုင်တော့သည်။
"ဒီတစ်ခါတော့... ငါ နိုင်ပြီထင်တယ်။"
အခန်း ၁၇၂ - သူ၏ ပစ္စုပ္ပန်သည် သင်တို့၏ အနာဂတ်ပင်ဖြစ်သည်။
မကြာမီမှာပင် မျောက်ဝံနက်ကြီးသည် လုပေါင်ကို အချစ်မျက်လုံးများဖြင့် စိုက်ကြည့်နေသော သူ၏ဇနီးရှိရာ တောအုပ်လေးဆီသို့ စိတ်လှုပ်ရှားစွာ ပြေးသွားတော့သည်။ မျောက်ဝံမကြီးသည် သူမ၏ အမျိုးသားကို မြင်သောအခါ အစပိုင်းတွင် မကျေမနပ် ဖြစ်နေသော်လည်း မျောက်ဝံကြီးက နတ်သမီးမျက်ရည်များကို ထုတ်ယူကာ သူမ၏ မျက်နှာပေါ်တွင် လိမ်းပေးလိုက်သောအခါ သူမ၏ အမူအရာမှာ ချက်ချင်းပင် အလွန်အမင်း ဝမ်းသာပီတိဖြစ်မှုသို့ ပြောင်းလဲသွားတော့သည်။
အလှအပကို မြတ်နိုးခြင်းမှာ အမျိုးသမီးတိုင်း၏ သဘာဝဖြစ်ရာ မျောက်ဝံမများလည်း ချွင်းချက်မဟုတ်ပေ။နတ်သမီးမျက်ရည်၏ အာနိသင်မှာ ပြောနေစရာပင် မလိုတော့ဘဲ သိသိသာသာ ထူးခြားလှသည်။ မျောက်ဝံမကြီး၏ မျက်နှာပေါ်မှ အမွေးမရှိသော အရေပြားပိုင်းလေးမှာပင် ချက်ချင်းဆိုသလို နူးညံ့ချောမွေ့ကာ ဝင်းပလာတော့သည်။
မျောက်ဝံမကြီးသည် အလွန်စိတ်လှုပ်ရှားသွားပြီး သူမ၏ အမျိုးသားကို အားပါးတရ နမ်းလိုက်ပြီးနောက် မြစ်ကမ်းဘေးသို့ ပြေးသွားကာ သူမ၏ အလှကို ရေထဲတွင် ပြန်ကြည့်ရန် ပြင်တော့သည်။လုပေါင် စေလွှတ်လိုက်သော မျောက်ဝံကြီးမှာလည်း ရင်ဘတ်ကို မတ်မတ်ထားကာ တောအုပ်ထဲမှ ဂုဏ်ယူစွာဖြင့် ထွက်လာခဲ့သည်။ ၎င်း၏ မျက်နှာပေါ်တွင် နီရဲနေသော နှုတ်ခမ်းနီရာကြီးမှာ ကျန်မျောက်ဝံများအားလုံးကို မနာလိုဖြစ်စေတော့သည်။
“ကြည့်ကြစမ်း ဒါက အလုပ်ကြိုးစားမှုရဲ့ ရလဒ်ပဲ။ မင်းတို့အားလုံး စိတ်အားထက်သန်စွာနဲ့ အလုပ်လုပ်မယ်ဆိုရင် ဒီကောင်လိုပဲ လှပတဲ့ မိန်းမတွေရဲ့ အချစ်ကို ရမှာပဲ ကဲ... အားလုံး အလုပ်စကြတော့ သူ့ရဲ့ ပစ္စုပ္ပန်ဟာ မင်းတို့ရဲ့အနာဂတ်ပဲ။”
မှော်အစွမ်းပါဝင်နေသည့်နှယ် လုပေါင်၏ အသံကြီး ထွက်ပေါ်လာပြန်သည်။ ခုနက သပိတ်မှောက်၍ ထိုင်နေသော မျောက်ဝံများမှာ တစ်ကောင်ပြီးတစ်ကောင် အားတက်သရော အော်ဟစ်ကာ ဗီလာတည်ဆောက်ရေးထဲသို့ စိတ်အားထက်သန်စွာ ပြန်လည်ဝင်ရောက်သွားကြတော့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း လုပေါင်မှာ ကျေနပ်သွားသော်လည်း Live ထဲမှ ပရိတ်သက် များမှာတော့ ပါးစပ်အဟောင်းသား ဖြစ်ကျန်ရစ်ခဲ့သည်။
“ရတနာနတ်ဘုရားရေ... မင်းကတော့ တကယ်ပဲ။ဒါက တကယ့်ကို ဆရာကြီးအဆင့်ပဲ။”
“ရှေးခေတ်လူတွေက မက်မွန်သီးတစ်လုံးနဲ့ သူရဲကောင်းသုံးယောက်ကို သတ်ခဲ့တယ် ဒီနေ့မှာတော့ ငါတို့ ပေါင်နတ်ဘုရားက မျောက်ဝံမတစ်ကောင်နဲ့ အလုပ်သမားအုပ်ကြီးကို ထိန်းချုပ်လိုက်ပြန်ပြီ။”
“အော်... ငါ့ရဲ့ မျောက်ဝံလေးတွေရာ မင်းတို့အတွက််ကတော့ စိတ်ပျက်စရာပဲ။မျောက်ဝံမတစ်ကောင် မြင်တာနဲ့တင် အလုပ်ပြန်လုပ်ကြပြီလား ဂျင်းထည့်ခံနေရတာ။”
“သမိုင်းမှာ ဒါကို မျောက်ဝံနက်တို့၏ တော်လှန်ရေး ၃ မိနစ် လို့ မှတ်တမ်းတင်ရမယ်။ ရတနာနတ်ဘုရားကတော့ မျောက်ဝံနိုင်ငံတော်ရဲ့ အမြင့်ဆုံး ဂျင်းထည့် ဘုရင်အဖြစ် ဆက်လက် တည်ရှိနေဆဲပါပဲ။”
Live ထဲမှ ပရိတ်သက် များမှာလည်း ကဗျာတွေ၊း လင်္ကာတွေ ရေးစပ်ကာ လှောင်ပြောင်နေကြသဖြင့် လုပေါင်မှာပင် ကြည့်ရင်း ရယ်မောနေရသည်။
နောက်တစ်ကြိမ် အလိမ်ခံရပြန်သော မျောက်ဝံကြီးများမှာ ယခင်ကထက်ပင် ပို၍ စိတ်အားထက်သန်နေကြသည်။ ပေါင် ၁၀၀ ကျော်လေးသော ကျောက်တုံးများကို ပခုံးပေါ်ထမ်းကာ ပြေးလွှားနေကြသည်မှာ လုပေါင်ကိုပင် လန့်သွားစေသည်။
“ရေကူးကန် တူးမလို့လား အခုချက်ချင်း စမယ်။”
“ပန်းခြံ လုပ်မလို့လား။အခုပဲ စီစဉ်လိုက်ပြီ။”
ထို့ပြင် လုပေါင်ကို ပိုမိုကျေနပ်စေရန်အတွက် မျောက်ဝံကြီးများသည် သစ်သားများကို ယူဆောင်လာကာ ပရိဘောဂအချို့ကိုပင် စတင် တပ်ဆင်ကြတော့သည်။ စားပွဲကုလားထိုင်နှင့် ခုံတန်းလျားများမှာလည်း အစုံအလင် ရှိနေပြီဖြစ်သည်။
လုပေါင်မှာ ဒါကိုမြင်သောအခါ အကြံရသွားပြီး Live စနစ်ကို အသုံးပြုကာ ဖုန်းထဲမှ သစ်သားပရိဘောဂ ဒီဇိုင်းပုံစံများကို ရှာဖွေ၍ မျောက်ဝံများအား လေ့လာရန် ချပြလိုက်တော့သည်။