← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 18 Ch. 177-178

အခန်း ၁၇၇ - ရတနာနတ်ဘုရားရဲ့နာရေးအတွက်ရန်ပုံငွေ ရှာကြရအောင်။

ကြွက်တပ်ဖွဲ့ကြီးက ဆက်လက်တူးဖော်နေစဉ်မှာပင် ဘီလူးအရိုးစုများနှင့် မတူညီသော အခြားအရိုးဖြူကြီးများ ထွက်ပေါ်လာပြန်သည်။ ဤတစ်ကြိမ်တွင်မူ လုပေါင် သည် တစ်ချက်ကြည့်ရုံနှင့်ပင် သိလိုက်ရသည်။

နဂါးများ။

၎င်းတို့မှာ သူ့ဘေးနားရှိ ချပ်ဝတ်နဂါးကြီးနှင့် တည်ဆောက်ပုံချင်း တူညီသော်လည်း အရွယ်အစားမှာ သိသိသာသာ ပို၍ပင် ကြီးမားကြသည်။ ထိုစဉ် လုပေါင်သည် စနစ်က သူ့ကို ပေးထားသော အချက်အလက်ကို သတိရသွားသည်။သူ၏ နဂါးလေးသည် ကမ္ဘာပေါ်တွင် နောက်ဆုံးကျန်ရစ်သော နဂါးဖြစ်သည်။ဤအရိုးစုများသည် နဂါးလေး၏ ဘိုးဘေးဘီဘင်များ ဖြစ်ပေလိမ့်မည်။လုပေါင်သည် စိတ်မကောင်းဖြစ်နေသော နဂါးကြီး၏ လည်ပင်းကို နှစ်သိမ့်သည့်အနေဖြင့် ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။

သို့သော် ထိုနဂါးအရိုးစုများ၏ ဘေးတွင် လက်သီးဆုပ်ခန့်ရှိသော လုံးဝန်းသည့် အရာဝတ္ထုများကို လုပေါင် တွေ့လိုက်ရသည်။ ထူးခြားသည်မှာ ထိုအရာများဆီမှ အလွန်အားကောင်းသော ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်နေခြင်းပင်ဖြစ်၏။

“ဟမ်... ဒါတွေက ဘာတွေလဲ။”

အခြားအရိုးစုများတွင် မရှိဘဲ ဤအလုံးလေးများတွင်သာ ထူးခြားသော အရှိန်အဝါ ရှိနေသည်။ Live ထဲမှ ပရိတ်သက် များကလည်း အမျိုးမျိုး ခန့်မှန်းနေကြသည်။

“ပေါင်ပေါင်ရာ... မင်းကတော့ ကံကောင်းလွန်းတယ်။ဘီလူးအရိုးစုပြီးတော့ နဂါးအရိုးစုတဲ့လား။”

“ဒီအရိုးစုတွေက တကယ့် သိပ္ပံနည်းကျ အဖိုးတန်ပစ္စည်းတွေပဲ။ အစိုးရကို လှူသင့်တယ်။”

“အော်... ဟိုက လူတော်ကြီးတွေ ပေါ်လာပြန်ပြီ။ ပစ္စည်းကောင်းတွေ့ရင် လှူရမယ်ဆိုတဲ့ အကျင့်ကြီးကတော့ မဖျောက်နိုင်သေးဘူး။”

“ဒါကို မီးရှို့လိုက်ရင် ဓါတ်တော်တွေ ထွက်လာမလား မသိဘူးနော်။”

‘ဓါတ်တော်...’

ထိုစကားလုံးက လုပေါင်ကို တစ်ခုခု သတိရသွားစေသည်

“တောက်... ဒါတွေက နဂါးအရိုး ဓါတ်တော်။”

လုပေါင် စိတ်လှုပ်ရှားသွားပြီး ကြွက်တပ်ဖွဲ့ကို ထိုအလုံးများကို ကောက်ခိုင်းလိုက်သည်။ လက်ထဲတွင် ကိုင်ကြည့်လိုက်သောအခါ ကျောက်စိမ်းကဲ့သို့ နွေးထွေးချောမွေ့နေသဖြင့် ၎င်းတို့မှာ အဖိုးတန် ရတနာများဖြစ်ကြောင်း သူ အတည်ပြုနိုင်လိုက်သည်။

သို့သော် လုပေါင် ဓါတ်တော်များကို သိမ်းဆည်းပြီးခါစမှာပင် ရင်ထဲ၌ မကောင်းသော အငွေ့အသက်တစ်ခုကို ခံစားလိုက်ရသည်။ တူးဖော်နေသော ကြွက်တပ်ဖွဲ့ကြီးမှာလည်း ထိတ်လန့်တုန်လှုပ်ကုန်ကြသည်။ ကြွက်ဘုရင်နှစ်ကောင်သာ ရှိမနေလျှင် သူတို့အားလုံး ထွက်ပြေးကုန်ကြမည်မှာ သေချာသည်။

“ဝေါင်းးး”

သူ့ဘေးက နဂါးကြီးပင်လျှင် သတိပေးသည့်အနေဖြင့် ဟိန်းဟောက်လိုက်သည်။ ပြင်းထန်လှသော ရက်စက်ကြမ်းကြုတ်သည့် အရှိန်အဝါတစ်ခု ၎င်းတို့ဆီသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေသည်။

“အကုန် ပုန်းကြတော့။”

လုပေါင်က ချက်ချင်း အမိန့်ပေးလိုက်ရာ ကြွက်သိန်းချီမှာ တောအုပ်ထဲသို့ ဒီရေအလား ဆုတ်ခွာသွားကြသည်။ Live ထဲက ပရိတ်သက် များမှာလည်း ကြောက်လန့်ကုန်ကြသည်။

“ဘာဖြစ်တာလဲ။လေထုက ကြောက်စရာကြီး။”

“ဒါက ရုတ်တရက် ထိတ်လန့်စရာ Horror ကား ဖြစ်သွားတာလား။ရတနာနတ်ဘုရား... တစ်ခုခု ပြောပါဦး ငါ ကြောက်လို့။”

ထိုစဉ် တောအုပ်ထဲမှ သစ်ပင်များ ကျိုးပဲ့သံနှင့်အတူ ဧရာမ အနက်ရောင် သတ္တဝါကြီးတစ်ကောင် ခုန်ထွက်လာသည်။ ၎င်း၏ အရွယ်အစားမှာ နဂါးကြီးထက်ပင် သိသိသာသာ ပိုကြီးသည်။ ၎င်းသည် မျိုးစိတ်ပေါင်းစုံ ရောနှောနေသည့် မိစ္ဆာကောင်ကြီး နှင့် တူလှသည်။ ခြေလက်များက တုတ်ခိုင်ပြီး ခေါင်းမှာလည်း အလွန်အရုပ်ဆိုးလှသည်။

ထိုသတ္တဝါကြီးသည် လုပေါင်ကို မြင်သည်နှင့် ရန်လိုသော မျက်လုံးများဖြင့် အားကုန်ပြေးဝင်လာတော့သည်။ လုပေါင်၏ ဦးရေပြားပင် ကျိန်းစပ်သွားရသည်။ ကံကောင်းသည်မှာ နဂါးကြီးက ရှေ့ကနေ ခံစစ်ပြင်ပြီး နဂါးအသက်ရှူငွေ့ ဖြင့် ပစ်ခတ်လိုက်ခြင်းပင်။ သို့သော် ထိုမိစ္ဆာကောင်မှာ မမှုဘဲ နဂါးကြီးနှင့် အရှိန်အဟုန်ဖြင့် တိုက်မိကြရာ ဖုန်မှုန့်များ ဝေထသွားတော့သည်။

ဖုန်များ ငြိမ်သွားသောအခါ လုပေါင်၏ မျက်နှာ ပျက်သွားသည်။ နဂါးကြီးမှာ မြေကြီးပေါ်သို့ လဲကျသွားပြီး ပြန်ထရန် ရုန်းကန်နေရသည်။ ထိုမိစ္ဆာကြီးကမူ သူတို့ကို အသာစီးဖြင့် ကြည့်နေဆဲပင်ဖြစ်၏။

“ရတနာနတ်ဘုရား... မင်း ပြေးတော့ နဂါးကြီးတောင် မခံနိုင်ရင် မင်းရဲ့ ခန္ဓာကိုယ်လေးကတော့ ထိုသတ္တဝါကြီးရဲ့ သွားကြားညပ်ဖို့တောင် မလောက်ဘူး။”

ပရိတ်သက်များက စိုးရိမ်တကြီး ပြောနေကြစဉ်မှာပင် လုပေါင်က ခပ်တိုတိုပဲ ပြောလိုက်သည်။

“ညီအစ်ကိုတို့ရေ... Live ကို ခဏပိတ်လိုက်ပြီ။ ငါ့မှာ အရေးကြီးတဲ့ ကိစ္စရှိလို့။”

ဝုန်းခနဲ Live မှာ ပိတ်သွားသဖြင့် ပရိတ်သက် များမှာ ဆွံ့အကုန်ကြသည်။

“ရတနာနတ်ဘုရား ပြောတဲ့ အရေးကြီးကိစ္စဆိုတာ... အထုပ်ပြင်ပြီး ထွက်ပြေးဖို့များလား။”

“ပေါင်ပေါင်ရာ... ငါတို့ မင်းကို နောက်ဆုံးတွေ့ရတာလား။”

“ရတနာနတ်ဘုရားရဲ့ အလောင်းကို ကောက်ဖို့ ရန်ပုံငွေ ရှာကြရအောင်။”

Live ပိတ်သွားသော်လည်း လုပေါင်ကတော့ အတည်ပေါက် ဖြစ်နေသည်။ နဂါးကြီးလည်း ပြန်ထလာပြီး တိုက်ပွဲဝင်ရန် ပြင်နေသည်။ လုပေါင်သည် ရွှေရောင်အလင်း ဂါထာတော်ကို ရွတ်ဆိုကာ သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ရန် ပြင်လိုက်ပါတော့သည်။

အခန်း ၁၇၈ - လျှပ်စစ်လက်အိတ်များ။

ချပ်ဝတ်နဂါးကြီး က အချိန်ဆွဲပေးထားသဖြင့် လုပေါင်သည် ရွှေရောင်အလင်း ဂါထာတော်ကို အမြန်ရွတ်ဆိုနိုင်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာပြီး လုပေါင်၏ တစ်ကိုယ်လုံးကို အကာအကွယ်ပေးထားလိုက်သည်။

ရန်လိုနေသော ထိုမိစ္ဆာကောင်ကြီးမှာ အလွန်ပင် အစွမ်းထက်လှသည်။ နဂါးကြီးတောင်မှ အသာစီးမရနိုင်သည်ကို ကြည့်ပြီး လုပေါင် အနည်းငယ် စိုးရိမ်မိသော်လည်း ၎င်းသည် သူ၏ ပထမဆုံး လက်တွေ့တိုက်ပွဲဖြစ်ရာ စိတ်လှုပ်ရှားမိသည်။

“ဒုန်းးး”

ကျယ်လောင်သော အသံကြီးနှင့်အတူ နဂါးကြီးမှာ မိစ္ဆာကောင်၏ တိုက်ခိုက်မှုအောက်တွင် နောက်တစ်ကြိမ် အားနည်းသွားရပြန်သည်။ ထိုအခါ လုပေါင်သည် အလှအပကို ဂရုမစိုက်နိုင်တော့ဘဲ ရှေ့သို့ အားကုန်ပြေးဝင်သွားတော့သည်။

‘နဂါးလေးတောင်အစွမ်းကုန် ကြိုးစားနေတာ ငါကတော့ နောက်ကျကျန်နေလို့ မဖြစ်ဘူး။’

လုပေါင် သတိထားမိသည်မှာ ထိုမိစ္ဆာကြီးသည် နဂါးကြီးနှင့် တိုက်ခိုက်နေရင်းမှ နဂါးဘိုးဘေးတို့၏ နဂါးအရိုး ဓါတ်တော် များကို လောဘတကြီး ကြည့်နေခြင်းပင်။၎င်းသည် ထိုရတနာများကို လိုချင်နေခြင်း ဖြစ်ကြောင်း သိသာလှသည်။

“ငါတွေ့ထားတဲ့ ပစ္စည်းမှန်သမျှ ငါ့ပစ္စည်းပဲ။ မင်းကများ လာလုချင်သေးတယ်လား။”

လုပေါင်သည် မိစ္ဆာကြီး၏ ရှေ့သို့ ရောက်သွားသည်။ သို့သော် တောင်အလား ကြီးမားသော ထိုသတ္တဝါကြီးမှာ ရွှေရောင်အလင်းတန်းများ ထွက်နေသည့် ဤလူသားအသေးလေးကို အရေးပင် မလုပ်ပေ။ ၎င်း၏ အာရုံမှာ နဂါးကြီးဆီမှာပဲ ရှိနေသဖြင့် လုပေါင် ဝမ်းသာသွားသည်။

“ဒါက ငါလိုချင်တဲ့ အခွင့်အရေးပဲ။ ပေါင်သခင်လေးရဲ့ တိတ်တဆိတ် တိုက်ခိုက်မှုကို ခံစားစမ်း။”

သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ ခြေလှမ်းတစ်ရာ နတ်မင်းလက်သီးကို အားသွင်းလိုက်သည်။ လုပေါင်၏ မျက်လုံးများက ထိုကောင်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် အားနည်းချက်ကို ရှာဖွေလိုက်ရာ တစ်ကိုယ်လုံး မည်းနက်ပြီး အလွန်မာကျောသော်လည်း ဝမ်းဗိုက်အောက်ပိုင်းရှိ အရေပြားမှာမူ ဖြူလျော့လျော့ဖြစ်နေပြီး အတွင်းရှိ သွေးကြောများကိုပင် မြင်နေရသည်။

“ဒီလက်သီးကို ခံစားလိုက်စမ်း။”

အားအပြည့်သွင်းထားသော လက်သီးမှာ မိစ္ဆာကြီး၏ ဗိုက်အောက်ပိုင်းကို တိုက်ရိုက် ထိမှန်သွားသည်။ ထိုအခါ လုပေါင် အံ့ဩသွားသည်မှာ သူ၏ လက်သီးနှင့်အတူ လျှပ်စီးကြောင်းများပါ ထွက်ပေါ်လာခြင်းပင်။ ၎င်းမှာ မိုးကြိုးဒဏ်ခံထားရသော လျှပ်စစ်လေးထံမှ ရရှိသည့် စွမ်းအင်ဖြစ်ကြောင်း သူ သိလိုက်သည်။

ရုပ်ပိုင်းဆိုင်ရာနှင့် လျှပ်စစ်စွမ်းအင် ရောယှက်နေသော ထိုလက်သီးကြောင့် မိစ္ဆာကြီးမှာ နာကျင်စွာဖြင့် တောအုပ်တစ်ခုလုံး တုန်ခါသွားအောင် အော်ဟစ်လိုက်တော့သည်။

“သေစမ်း... ငါ သူ့ကိုဒေါသတကြီး အခြေအနေ ထဲ ရောက်အောင် လုပ်လိုက်မိတာလား။”

မိစ္ဆာကြီးသည် ဒေါသတကြီးဖြင့် နဂါးကြီးကို ဝေးရာသို့ ရိုက်ထုတ်လိုက်ပြီး သွေးဆာနေသော မျက်လုံးများဖြင့် လုပေါင်ကို စိုက်ကြည့်လာသည်။ လုပေါင်မှာ ဦးရေပြား ကျိန်းစပ်သွားသော်လည်း အခုမှတော့ ပြေးလို့ မရတော့ပေ။ ထိုကောင်ကြီး၏ တိုက်ခိုက်နိုင်စွမ်းမှာ အလွန်ကြောက်စရာကောင်းသဖြင့် သူသည် သိက္ခာကို ဂရုမစိုက်တော့ဘဲ မြွေဟောက်နက်ကြီးနှင့် ရွှေချပ်ဝတ်နွားဦးခေါင်း အလောင်းကောင်ဘုရင် နှစ်ကောင်ကို ဆင့်ခေါ်လိုက်သည်။

နျူကလီးယား လက်နက်ဖြစ်သည့် ချီလင်လေးကို ပါမလာမိသည်ကိုသာ သူ နောင်တရမိတော့သည်။ သို့သော် အခုရှိနေသော အဖွဲ့မှာလည်း အားနည်းသည်တော့ မဟုတ်ပေ။

“သွားကြစမ်း”

လုပေါင်ကခပ်တည်တည်ဖြင့် နောက်ဆုတ်လိုက်သည်။

နွားခေါင်းဘုရင် နှစ်ကောင်မှာ သံမဏိအမြောက်ဆန်များကဲ့သို့ မိစ္ဆာကြီးကို အားကုန်ပြေးတိုက်ရာ မိစ္ဆာကြီးမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ ၎င်း၏ အရေပြားပေါ်တွင် အထင်သား ဒဏ်ရာရသွားပြီး သွေးများ စီးကျလာသည်။ ထူးခြားသည်မှာ ထိုသွေးများဆီမှ အလွန်မွှေးကြိုင်သော ဆေးနံ့များ ထွက်ပေါ်နေခြင်းပင်။

“ဟုတ်ပြီ!ယ ဒီကောင်ကြီးက ဒီကျွန်းပေါ်က အဖိုးတန်ဆေးပင်တွေကို ဘယ်လောက်တောင် စားထားလို့ ဒီလောက်ကြီးလာတာလဲ မသိဘူး။ သူ့သွေးတွေက တကယ့် အားဆေးပဲ။”

ပြောရင်းလုပေါင် သွားရည်ကျမိသည်။

သို့သော် မိစ္ဆာကြီးမှာ ဒဏ်ရာရလေ ပိုကြမ်းလေ ဖြစ်လာပြီး ၎င်း၏ ဧရာမ လက်တံကြီးများဖြင့် နွားခေါင်းဘုရင်များကို ပြန်လည် ရိုက်ထုတ်လိုက်သည်။ ထိုအခါ နွားခေါင်းဘုရင်များ၏ ရွှေချပ်ဝတ်များဆီမှ ရွှေမှုန်များ လွင့်စင်ကုန်သဖြင့် လုပေါင် ရင်နာသွားရသည်။

ထိုစဉ် မြွေဟောက်နက်ကြီးက မိစ္ဆာကြီး၏ ကိုယ်ပေါ်သို့ လျင်မြန်စွာ တွားတက်သွားပြီး တစ်ကိုယ်လုံးကို ရစ်ပတ်ကာ ချုပ်နှောင်လိုက်သည်။ ဤအခွင့်အရေးကို လုပေါင် လက်လွှတ်မခံပါ။ သူသည် ဗိုက်အောက်ပိုင်းက အားနည်းချက်ကို ထပ်မံတိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

လုပေါင်သည် ထူးခြားသော အကြံတစ်ခု ရသွားပြီး ခါးက လျှပ်စစ်လေး ကို ဆွဲထုတ်ကာ သူ၏လက်တွင် ပတ်လိုက်သည်။ ၎င်းမှာ ရိုးရှင်းသော်လည်း စွမ်းအားကြီးသော လျှပ်စစ်လက်အိတ်ဖြစ်သွားတော့သည်။

လျှပ်စစ်ငါးရှဉ့်လေး၏ အံ့ဩမှင်တက်နေသော မျက်နှာကို ဂရုမစိုက်ဘဲ လုပေါင်သည် လျှပ်စစ်လက်သီးဖြင့် မိစ္ဆာကြီး၏ ဗိုက်ကို ထပ်မံ ထိုးနှက်လိုက်သည်။ လျှပ်စီးကြောင်းများမှာ ယခင်ကထက် ပိုမိုပြင်းထန်စွာ ထွက်ပေါ်လာပြီး မိစ္ဆာကြီးကို အပြင်းအထန် ဒဏ်ရာရစေတော့သည်။

အခုအချိန်မှာ Live လွှင့်မထားတာ လျှပ်စစ်လေးအတွက် ကံကောင်းသည်ဟု ဆိုရမည်။ မဟုတ်လျှင် ပရိတ်သက် များမှာ လုပေါင်၏ ရက်စက်မှု ကို ဝိုင်းပြီး ပြစ်တင်ကြပေလိမ့်မည်။ လုပေါင်နှင့်အတူ နွားခေါင်းဘုရင်များကလည်း ထိုအားနည်းချက်ကိုပင် အဆက်မပြတ် ဝိုင်းဝန်း ထိုးနှက်ကြပါတော့သည်။

All Chapters