← Chapters

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း (၁၇၉-၁၈၀)

Vol. 18 Ch. 179-180

အခန်း ၁၇၉ - အတွင်းအားအမြုတေ။

မြွေဟောက်နက်ကြီးသည် မိစ္ဆာကောင်ကြီးကို အစွမ်းကုန် ရစ်ပတ်ချုပ်နှောင်ထားသော်လည်း ၎င်း၏မျက်နှာတွင် နာကျင်မှုအရိပ်အယောင်များ ပေါ်ပေါက်နေပြီဖြစ်သည်။ ထိုမိစ္ဆာကြီး၏ အဆမတန်ကြီးမားသော ခွန်အားအောက်တွင် မြွေဟောက်နက်ကြီး၏ ခိုင်မာလှသော အရေပြားပင်လျှင် စတင်အက်ကွဲလာသည်ကို လုပေါင်မြင်လိုက်ရသည်။

လုပေါင် အလွန်ထိတ်လန့်သွားသော်လည်း ကံကောင်းသည်မှာ သူနှင့် နွားဦးခေါင်းအလောင်းကောင်ဘုရင်တို့၏ တိုက်ခိုက်မှုကြောင့် မိစ္ဆာကြီးမှာ ပြင်းထန်စွာ ဒဏ်ရာရနေခြင်းပင်။ ထိုစဉ် ချပ်ဝတ်နဂါးကြီး က တစ်ဟုန်ထိုး ပြေးဝင်လာပြီး ၎င်း၏ တုတ်ခိုင်သော ခြေထောက်များဖြင့် မိစ္ဆာကြီး၏ ဗိုက်အောက်ပိုင်းကို အားကုန်ကန်ချလိုက်သည်။

“ဒုန်းးး”

လုပေါင်၏ လျှပ်စစ်လက်သီးနှင့် နွားဦးခေါင်းဘုရင်တို့၏ ထိုးနှက်ချက်ကြောင့် အားနည်းနေသော ထိုနေရာသည် နဂါးကြီး၏ ကန်ချက်အောက်တွင် နောက်တစ်ကြိမ် ပြင်းထန်သော ဒဏ်ရာကို ရရှိသွားပြန်သည်။ သို့သော် အံ့ဩစရာကောင်းသည်မှာ ထိုဒဏ်ရာသည် မိစ္ဆာကြီးကို သေစေလောက်သည်အထိ မပြင်းထန်ခြင်းပင်။

လုပေါင်မှာ ဆွံ့အသွားရသည်။

“ဒီကောင်က လိပ်ထက်တောင် မာသေးတာလား။အားနည်းချက်လို့ ထင်တဲ့နေရာကတောင် ဒီလောက် တောင့်ခံနိုင်တာလား။”

လုပေါင်ပင် ထွက်ပြေးချင်စိတ် ပေါက်သွားသည်။မြွေဟောက်နက်ကြီးမှာ ဆက်လက်တောင့်မခံနိုင်တော့သဖြင့် လုပေါင်က ၎င်းကို အမြန်လွှတ်ပေးရန် အမိန့်ပေးလိုက်သည်။ မိစ္ဆာကြီးသည် ဒေါသအထွတ်အထိပ်သို့ ရောက်နေပြီဖြစ်ရာ မြွေဟောက်နက်ကြီး ဆက်ပြီးချုပ်ထားလျှင် အသက်ဆုံးရှုံးနိုင်ပေသည်။

“ဝေါင်းးး”

အချုပ်အနှောင်မှ လွတ်သွားသော မိစ္ဆာကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ လုပေါင်မှာ ချက်ချင်းပင် လစ်ပြေးချင်တော့သည်။သူ၏ အဓိကတိုက်ခိုက်ရေးသမားအားလုံး ဝိုင်းတိုက်တာတောင် မသေသည့်အပြင် အခု သူကိုယ်တိုင် အမဲလိုက်ခံရတော့မည့် အခြေအနေ ဖြစ်နေသည်။

သို့သော် ထိုစဉ်မှာပင် လုပေါင်၏ ဦးနှောက်ထဲတွင် စနစ်ဆီမှ သတိပေးသံ ထွက်ပေါ်လာသည်။

“တီ...မဖြစ်မနေ လုပ်ဆောင်ရမည့် မစ်ရှင်လိုအပ်ချက်- မိစ္ဆာကောင်ကြီးကို သတ်ပါ။

“ဆုလာဘ်- မရှိပါ။”

“အထူးသတိပေးချက်-အကယ်၍ လက်ရှိ ပိုင်ရှင် သည် ဤမစ်ရှင်ကို မအောင်မြင်ပါက ရှင်သန်ရေးမစ်ရှင်သည် ပျက်ပြယ်သွားမည်ဖြစ်သည်။”

လုပေါင်သာ အချိန်ရလျှင် စနစ်ကို ရွာထိပ်က အဒေါ်ကြီးတွေလို အားရပါးရ ဆဲဆိုလိုက်ချင်တော့သည်။

‘ဒီစနစ်ယုတ်ကအရေးကြီးချိန်ကျမှ ဘာတွေလာလုပ်နေတာလဲ။မဖြစ်မနေ လုပ်ခိုင်းတာ ထားပါဦး။်ဆုလာဘ်တောင် မပေးဘူးတဲ့လား။’

သို့သော် လုပေါင်သည် စိတ်ကို အမြန်ငြိမ်အောင် ထိန်းလိုက်ရသည်။ဒီစနစ်က သူ့ကို အသေတိုက်ခိုင်းနေခြင်း ဖြစ်သည်။ အကယ်၍ ဒီမစ်ရှင်ကို မအောင်မြင်လျှင် ကျွန်းပေါ်မှာ အခုထိ ကြိုးစားခဲ့သမျှ ပျက်ပြယ်သွားမည်ဆိုလျှင်တော့ မဖြစ်ပေ။ အဓိက မစ်ရှင်၏ ဆုလာဘ်များကို သူ အလွန်မျှော်လင့်ထားသည် မဟုတ်ပါလား။

လုပေါင်သည် ဦးနှောက်ကို အမြန်အလုပ်ပေးလိုက်ပြီး ဤမိစ္ဆာကြီးကို သတ်နိုင်မည့် နည်းလမ်းကို ရှာဖွေလိုက်သည်။ ထိုစဉ် သူ့ခေါင်းထဲတွင် အကြံတစ်ခု လက်ခနဲ ပေါ်လာသည်။

“သရဲသင်္ဘောရဲ့ အပိုင်းအစ။”

နဂါးကြီး၏ ကိုယ်ပေါ်တွင် တစ်ချိန်က စိုက်ဝင်နေခဲ့သော ထိုငရဲသင်္ဘောအပိုင်းအစမှာ နဂါးကြီး၏ အကြေးခွံကိုပင် ဖောက်ထွက်နိုင်သည်အထိ ထက်မြက်လှသည်။ လုပေါင်သည် ၎င်းကို သူ၏ အောက်ခြေမရှိသောတွင်းထဲမှ ချက်ချင်း ထုတ်ယူလိုက်သည်။ သို့သော် ၎င်းကိုယ်တိုင် သွားတိုက်ရန် အန္တရာယ်များသဖြင့် သူသည် ထိုအပိုင်းအစကို နွားခေါင်းအလောင်းကောင်ဘုရင်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

နွားခေါင်းဘုရင်သည် လုပေါင်၏ အမိန့်ကို ၁၀၀ ရာခိုင်နှုန်း နာခံသူဖြစ်ရာ ထိုအပိုင်းအစကို ကိုင်၍ မိစ္ဆာကြီးဆီသို့ အားကုန်ပြေးဝင်သွားတော့သည်။ မိစ္ဆာကြီးမှာ ဒဏ်ရာကြောင့် မနာလန်ထနိုင်သေးခင်မှာပင် နွားခေါင်းဘုရင်သည် ထိုထက်မြက်လှသော အပိုင်းအစဖြင့် မိစ္ဆာကြီး၏ ဗိုက်ကို ထိုးစိုက်လိုက်သည်။

ရလဒ်မှာ လုပေါင် တွေးထားသည့်အတိုင်းပင်။ ထိုသရဲသင်္ဘောအပိုင်းအစသည် မိစ္ဆာကြီး၏ မာကျောလှသော အရေပြားကို ထောပတ်ကို ဓားဖြင့် လှီးသကဲ့သို့ အလွယ်တကူပင် ဖောက်ထွက်သွားတော့သည်။

“ရပြီ။”

လုပေါင်စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

နွားခေါင်းဘုရင်သည် ထိုအပိုင်းအစကို ဗိုက်ထဲတွင် မွှေနှောက်လိုက်ရာ မိစ္ဆာကြီး၏ ဗိုက်မှာ အစအဆုံး ကွဲထွက်သွားတော့သည်။ မိစ္ဆာကြီးသည် မကျေမနပ်ဖြစ်နေသော မျက်လုံးများဖြင့် နောက်ဆုံးတွင် လဲကျသေဆုံးသွားပါတော့သည်။

စနစ်ဆီမှ မစ်ရှင်အောင်မြင်ကြောင်း သတိပေးချက် ကြားလိုက်ရသော်လည်း ဆုလာဘ် မရသဖြင့် လုပေါင် စိတ်ပျက်သွားသည်။ သို့သော် သေဆုံးသွားသော မိစ္ဆာကြီး၏ ကိုယ်ပေါ်မှ မွှေးကြိုင်သော ဆေးနံ့များ ထွက်ပေါ်နေသဖြင့် ၎င်း၏ အသားနှင့် သွေးမှာပင် အဖိုးတန် ဆုလာဘ်ဖြစ်ကြောင်း သူ သိလိုက်သည်။

ထိုစဉ် မိစ္ဆာကြီး၏ ကွဲထွက်နေသော ဗိုက်ထဲမှ လူဦးခေါင်းခွံအရွယ်အစားရှိသော အသားလုံးကြီးတစ်ခု လိမ့်ထွက်လာသည်။ ထိုအရာဆီမှ အလွန်ကြီးမားသော စွမ်းအင်များကို လုပေါင် အာရုံခံမိလိုက်သည်။

“အတွင်းအားအမြုတေလား။”

သို့သော် လုပေါင် သေချာမကြည့်ရသေးခင်မှာပင် ဘေးနားရှိ နဂါးကြီးက ထိုအနှစ်ခဲကြီးကို တစ်လုတ်တည်း မျိုချလိုက်တော့သည်။ လုပေါင်လည်း မတားလိုက်နိုင်တော့ပေ။ နဂါးကြီးသည်လည်း ဤအရာ၏ အကျိုးကျေးဇူးကို သိနေပုံရသည်။

“ထားလိုက်ပါတော့... စားလိုက်ပြီဆိုမှတော့လည်း။”

လုပေါင်ကခပ်ပေါ့ပေါ့ပင် တွေးလိုက်သည်။ ခုနက တိုက်ပွဲမှာ နဂါးကြီးက အစွမ်းကုန် ကူညီပေးခဲ့တာကြောင့် ဒီလောက်တော့ ပေးသင့်ပါပေသည်။

ထိုစဉ် မြွေဟောက်နက်ကြီးကလည်း တောင်းဆိုသည့် အမူအရာပြလာသည်။

“မင်းက ဒီမိစ္ဆာကြီးရဲ့ အသားနဲ့ သွေးတွေကို စားချင်တာလား။”

လုပေါင်ကမေးလိုက်ရာ မြွေဟောက်နက်ကြီးက ထောက်ခံသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်ပါတော့သည်။

အခန်း ၁၈၀ - အလွန်အမင်း အားရှိစေသော အရာ။

မြွေဟောက်နက်ကြီး၏ တစ်ကိုယ်လုံးတွင် အက်ကွဲနေသော ဒဏ်ရာများကို ကြည့်ပြီး လုပေါင်ငြင်းဆန်ရန် အကြောင်းမရှိပေ။ သူက ချက်ချင်းပင် ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။

ခွင့်ပြုချက်ရသည်နှင့် မြွေဟောက်နက်ကြီးသည် ၎င်း၏ ဧရာမပါးစပ်ကြီးကို ဟပြီး မိစ္ဆာကောင်ကြီး၏ အသားများကို စတင်ဝါးမြိုတော့သည်။ မြင်ကွင်းမှာ အလွန်ပင် သွေးပျက်စရာကောင်းလှသည်။ သို့သော် မကြာမီမှာပင် လုပေါင် အံ့ဩသွားရသည်မှာ မြွေဟောက်နက်ကြီး၏ ကိုယ်ပေါ်မှ ဒဏ်ရာများသည် သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ပြန်လည်ကျန်းမာလာခြင်းပင် ဖြစ်သည်။

“မဖြစ်နိုင်တာ ဒီမိစ္ဆာကြီးရဲ့ အသားက ဒီလောက်တောင် အစွမ်းထက်တာလား။”

ကြီးမားလှသော မိစ္ဆာကောင်ကြီး၏ အလောင်းကို ကြည့်ပြီး လုပေါင်၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းလာသည်။

“ဒါက တကယ့်ကို အားဆေးအစစ်ပဲ ဒီလောက်ကြီးတဲ့ အလောင်းဆိုရင် အားဆေးတွေ အများကြီး ရမှာပဲ။”

ကံကောင်းသည်မှာ နဂါးကြီးသည် အတွင်းအားအမြုတေကို တစ်ကောင်တည်း စားထားသဖြင့် အသားကို ထပ်ပြီး မျက်စိမကျတော့ပေ။ နွားခေါင်းအလောင်းကောင်ဘုရင်များကမူ အစာစားရန် မလိုသဖြင့် ဤအသားမှာ သူတို့အတွက် အသုံးမဝင်ပေ။

မြွေဟောက်နက်ကြီးသည် အဝစားပြီးနောက် ဒဏ်ရာများ ပျောက်ကင်းသွားရုံသာမက ၎င်း၏ အရှိန်အဝါမှာလည်း သိသိသာသာ မြင့်တက်လာသည်။ ၎င်း၏ ဗိုက်မှာလည်း ဖောင်းကားနေပြီး ထပ်စား၍ မရတော့သည့် အနေအထား ဖြစ်နေသည်။ ကျန်ရှိနေသော အသားပေါင်း ပိဿာတစ်ထောင်ကျော်ကိုမူ လုပေါင်က သူ၏ အောက်ခြေမရှိသောတွင်းကြီးဟု ခေါ်သော ဟင်းလင်းပြင်ထဲသို့ သိမ်းဆည်းလိုက်သည်။ ၎င်းသည် ကြွက်တပ်ဖွဲ့နှင့် ပုရွက်ဆိတ်နီတပ်ဖွဲ့ကိုလည်း ဤအသားနား မကပ်ရန် တင်းကြပ်စွာ အမိန့်ပေးလိုက်သည်။ အကြောင်းမှာ ထိုတပ်ဖွဲ့များမှာ အရေအတွက် သိန်းချီရှိသဖြင့် ဤအသားမှာ သူတို့အတွက် သွားကြားညပ်ရုံသာ ရှိပေလိမ့်မည်။

မိစ္ဆာကြီးကို ရှင်းလင်းပြီးနောက် လုပေါင်သည် နဂါးဘိုးဘေးတို့၏ နဂါးအရိုး ဓါတ်တော်များနှင့် အရိုးစုများကို အကုန်သိမ်းဆည်းကာ ဗီလာဆီသို့ ပြန်လာခဲ့သည်။ နဂါးကြီး၏ ကျောပေါ်တွင် ထိုင်နေစဉ် နဂါးကြီး၏ ကိုယ်ထဲ၌ ကြီးမားသော စွမ်းအင်များ ဖြစ်တည်နေသည်ကို လုပေါင် အာရုံခံမိသည်။ ၎င်းမှာ အတွင်းအားအမြုတေကို အစာခြေနေခြင်း ဖြစ်ပေမည်။

ဗီလာသို့ ပြန်ရောက်သောအခါ မျောက်ဝံနက်ကြီးများမှာ တောထဲတွင် ပုန်းနေကြပြီး ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့မှာလည်း ထိတ်လန့်နေကြသည်ကို တွေ့ရသည်။ခုနက တိုက်ပွဲမှာ အလွန်ပြင်းထန်သဖြင့် သူတို့ စိုးရိမ်နေကြခြင်း ဖြစ်သည်။ လုပေါင်ကို မြင်မှသာ သူတို့ စိတ်အေးသွားကြတော့သည်။

လုပေါင်သည် အလွန်စိတ်လှုပ်ရှားနေပြီး ချက်ချင်းပင် မီးမွှေးကာ အိုးတစ်လုံးဖြင့် မိစ္ဆာကြီး၏ အသားကို စမ်းသပ်ချက်ပြုတ်ရန် ပြင်ဆင်တော့သည်။ သူသည် မျောက်ဝံကြီးများကိုလည်း တောဝက်နှင့် ယုန်ကြီးများ သွားဖမ်းခိုင်းလိုက်သည်။ ၎င်းမှာ အမျိုးသမီးနှစ်ဦးအတွက် ဖြစ်ပြီး မိစ္ဆာကြီး၏ အသားမှာ ပြင်းထန်လွန်းသဖြင့် သူတို့အား မပေးရဲပေ။

လုပေါင်သည် အသားတစ်တုံးကို သစ်သားချောင်းဖြင့် ထိုးကာ မီးကင်လိုက်သည်။ ကင်နေစဉ် ထွက်ပေါ်လာသော အနံ့မှာ အလွန်မွှေးကြိုင်လှပြီး ဆေးနံ့နှင့် သန့်စင်သော စွမ်းအင်များ ပါဝင်နေသည်။ သူ စားတော့မည့် အချိန်တွင် ချီလင်လေးရောက်လာပြီး သူ့ကို ချစ်စဖွယ် မျက်လုံးလေးများဖြင့် ကြည့်နေတော့သည်။

“ချစ်စရာလေး... မင်းလည်း စားချင်လို့လား။”

လုပေါင်က အသားကို မြှူလိုက်ရာ ချီလင်လေးမှာ ဝေခွဲမရဖြစ်နေပြီး နောက်ဆုံးတွင် ခေါင်းခါပြလိုက်သည်။ လုပေါင် အံ့ဩသွားရသည်။ ကျောက်မင်တို့က ချီလင်လေးကို ခွေးလေးတစ်ကောင်လို သဘောထားပြီး အပြင်က လူတွေကျွေးတဲ့ အစာကို လျှောက်မစားရဘူး ဟု သင်ပေးထားခြင်းက တကယ်ပဲ အလုပ်ဖြစ်နေပုံရသည်။ သို့သော် ချီလင်လေး၏ ပါးစပ်ဘေးက စီးကျလာသော သွားရည်များကတော့ ၎င်း၏ စိတ်ရင်းကို ဖော်ပြနေသည်။

လုပေါင်က အသားကို ပေးလိုက်သောအခါ ချီလင်လေးသည် တစ်လုပ်တည်း မျိုချလိုက်ပြီး အလွန်ကျေနပ်သွားသည့် အမူအရာပြလာသည်။ လုပေါင်လည်း နောက်တစ်တုံးကို ကင်ပြီး စားလိုက်ရာ ချက်ချင်းပင် ထူးခြားမှုကို ခံစားလိုက်ရသည်။

စွမ်းအင်များမှာ သူ၏ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွားပြီး ခုနက တိုက်ပွဲကြောင့် ကုန်ခမ်းသွားသော ခွန်အားများမှာ ချက်ချင်း ပြန်ပြည့်လာရုံတင်မက ပို၍ပင် လန်းဆန်းလာတော့သည်။အသားမှာလည်း ဘာဟင်းခတ်အမွှေးအကြိုင်မှ မပါဘဲ အလွန်အရသာရှိလှသည်။

ဘေးနားရှိ ဒါပေါင် နှင့် ဟေးမီတို့က တောင်းဆိုသည့် အမူအရာပြနေသော်လည်း လုပေါင်က သူတို့ကို မပေးပေ။ အကြောင်းမှာ ဤအသား၏ စွမ်းအင်မှာ အလွန်ပြင်းထန်သဖြင့် သူတို့ တောင့်ခံနိုင်မည် မဟုတ်သောကြောင့် ဖြစ်သည်။

“ငါက ကပ်စေးနှဲနေတာ မဟုတ်ဘူးနော်။”

လုပေါင်ကသူတို့ကို ပြောလိုက်ပါတော့သည်။

All Chapters