← Chapters

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း (၁၇၃-၁၇၄)

Vol. 18 Ch. 173-174

အခန်း ၁၇၃ - အကြီးအကျယ် အထင်လွဲခြင်း။

ဗိသုကာပညာရှင် စွမ်းရည်ကြောင့် လုပေါင် အနေဖြင့် ရေကူးကန်နှင့် ပန်းခြံကို မည်သည့်နေရာတွင် ထားရမည်ကို ခေါင်းစားနေစရာ မလိုတော့ဘဲ အဆောက်အအုံများကြားတွင် အချိုးအစားအကျဆုံးနေရာကို အလွယ်တကူ ရှာဖွေနိုင်ခဲ့သည်။ထို့ပြင် မျောက်ဝံနက်ကြီးများ၏ ကြိုးစားအားထုတ်မှုကြောင့် သူလိုအပ်သော သစ်သားကုတင်မှာလည်း မကြာမီမှာပင် အချောသပ်ပြီးစီးသွားတော့သည်။

ကုတင် နှစ်လုံးတောင်မှ ဖြစ်သည်။

ကျောက်မင်နှင့် ကျန်းရွှယ်ချီတို့ကို ဂူထဲမှ ခေါ်ထုတ်လာရန် အချိန်ကိုက်ပင် ဖြစ်သည်။ မိုးသည်းထန်စွာ ရွာထားသဖြင့် မကြာမီ မှောင်တော့မည်ဖြစ်ရာ လုပေါင်သည် အပြင်ထွက်၍ ပြဿနာမရှာတော့ဘဲ ဗီလာကို အရင်ရှင်းလင်းရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူသည် ချပ်ဝတ်နဂါးကြီးကို စီး၍ အမျိုးသမီးနှစ်ဦးရှိရာသို့ သွားကာ ချီလင်လေး နှင့်အတူ သူတို့ကို ခေါ်ဆောင်လာခဲ့သည်။

ဤကျွန်းပေါ်တွင် နေရာတိုင်းမှာ အန္တရာယ်ရှိလှသဖြင့် သူတို့နှစ်ဦးကို လမ်းလျှောက်ခိုင်းလျှင် မည်သည့်အန္တရာယ်နှင့် ကြုံမည်ကို မသိနိုင်ပေ။ ထို့ကြောင့် နဂါးကြီး၏ ကျောပေါ်တွင် အားလုံး စုပြုံစီးသွားခြင်းက အကောင်းဆုံးပင် ဖြစ်သည်။ ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့သည် နဂါးကြီး၏ လည်ပင်းနားတွင် ဂရုတစိုက် တက်ထိုင်ပြီးနောက် နောက်ဘက်တွင် ထိုင်စရာမရှိဘဲ မတ်တတ်ရပ်နေရသော လုပေါင်ကို ကြည့်ကာ အားနာစွာဖြင့် ပြောလိုက်သည်။

“နင်လည်း လာထိုင်ပါလား မတ်တတ်ရပ်နေတာ အရမ်းအန္တရာယ်များတယ်။ ငါတို့ နည်းနည်းဟိုးတိုးပြီး ထိုင်ပေးမယ်... ငါတို့ကတော့ အဆင်ပြေပါတယ်။”

ထိုစကားကို ကြားသောအခါ လုပေါင်က ချက်ချင်းပင် စိုးရိမ်တကြီးဖြင့်

“စိတ်မပူပါနဲ့ ငါ့ရဲ့ မြင်းစီးကွက် က ကျောက်တုံးလို ခိုင်တယ်။ ဘယ်တော့မှ ပြုတ်မကျဘူး။”

သူ၏ပေါင်ကို ပုတ်ကာ ဂုဏ်ယူစွာ ပြောလိုက်သည်။

သူ၏ ဂုဏ်ယူနေသော ပုံစံကို ကြည့်ပြီး အမျိုးသမီးနှစ်ဦးမှာ ဆွံ့အသွားရသည်။ တစ်ဖက်က ရယ်ချင်စရာ ကောင်းသလို တစ်ဖက်ကလည်း စိတ်ပျက်သလို ခံစားလိုက်ရသည်။ Live ထဲမှ ပရိတ်သက် များမှာလည်း လုပေါင်၏ အကွက်ကို မြင်သောအခါ လုံးဝ စကားမပြောနိုင်တော့ပေ။

“ညီအစ်ကိုတို့ရေ... ထားလိုက်ပါတော့။ ရတနာနတ်ဘုရား တစ်သက်လုံး ရည်းစားမရတာ အဆန်းမဟုတ်ပါဘူး။”

“ဒီလောက်အထိ တုံး တဲ့သူကို ငါ ဘာမှ မပြောချင်တော့ဘူး။”

“အော်... ပေါင်ပေါင်ရာ တခြားနေရာမှာဆို လူလည်ကျသလောက် ဒီလိုနေရာမျိုးကျမှ ဘာလို့ ဒီလောက်တောင် တုံးအ ရတာလဲ။”

“အခုအချိန်က မြင်းစီးကွက် ကျင့်ရမယ့် အချိန်လားဗျာ။”

လုပေါင်ကတော့ ဘာကိုမှ ဂရုမစိုက်ပေ။ဒါပေါင် နှင့် ဟေးမီ တို့ကိုပါ တက်ခိုင်းပြီးနောက် နဂါးကြီးကို ဗီလာဆီသို့ အမြန်မောင်းနှင်လိုက်သည်။ ကျောက်မင်နှင့် ကျန်းရွှယ်ချီတို့သည် အဝေးမှ ကျောက်တုံးဗီလာကြီးကို မြင်သောအခါ အံ့ဩမှင်တက်သွားကြပြီး လုပေါင်ကို ကြည့်ကာ။

“ဒါကို နင် ဘယ်လိုလုပ်လိုက်တာလဲ။”

ဤအန္တရာယ်များသော ကျွန်းပျက်ပေါ်တွင် ဗီလာဆောက်သည်ဆိုသည်မှာ စိတ်ကူးယဉ်အိပ်မက်တစ်ခုလိုပင်။ လုပေါင်က ဘာမှပြန်မပြောဘဲ အနားသို့ ရောက်သောအခါ အလုပ်ရှုပ်နေကြသော မျောက်ဝံကြီးများကို မြင်လိုက်ရသဖြင့် သူတို့နှစ်ဦးမှာ ပို၍ပင် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

“ဒီမျောက်ဝံတွေက နင့်စကားကို နားထောင်အောင် ဘယ်လိုလုပ်လိုက်တာလဲ။”

“သူတို့က တက်ကြွပြီး အလုပ်လုပ်ချင်စိတ် ရှိနေကြလို့ပါ ငါလည်း မတားနိုင်ဘူးလေ။”

လုပေါင်က ခပ်ပေါ့ပေါ့ပင် ဖြေလိုက်သည်။

လုပေါင်သည် သူတို့ကို အပေါ်ထပ်တွင် နေခိုင်းပြီး သူကတော့ အောက်ထပ်တွင် နေရန် စီစဉ်ပေးလိုက်သည်။ အမျိုးသမီးနှစ်ဦးသည် သစ်သားကုတင်ပေါ်တွင် နူးညံ့သော မြက်ခြောက်များ ခင်းထားသည်ကို မြင်သောအခါ သုံးနှစ်ပတ်လုံး ဂူထဲတွင် ခက်ခဲစွာ နေခဲ့ရသဖြင့် မျက်ရည်ပင် ဝဲသွားကြသည်။ ဤသည်မှာ သူတို့အတွက် အကြီးကျယ်ဆုံးသော ဇိမ်ခံမှုပင် မဟုတ်ပါလား။

ထို့နောက် လုပေါင်သည် ညစာအတွက် ပင်လယ်စာသွားရှာရန် ကမ်းခြေသို့ ဆင်းခဲ့သည်။ နေရောင်အနည်းငယ် ကျန်သေးသဖြင့် ပင်လယ်ထဲသို့ ဒိုင်ဗင်ထိုးဆင်းသွားသော လုပေါင်ကို ကြည့်ပြီး ကျောက်မင်တို့ စိုးရိမ်သွားသော်လည်း မကြာမီမှာပင် လုပေါင်သည် ပင်လယ်စာပုံကြီးကို ပိုက်၍ ပြန်တက်လာခဲ့သည်။

သို့သော် လုပေါင် ရေထဲမှ တက်လာချိန်တွင် ကျောက်မင်နှင့် ကျန်းရွှယ်ချီတို့သည် မျက်နှာကို လက်ဖြင့်အုပ်ကာ လှည့်ပြေးသွားကြတော့သည်။ လုပေါင်မှာ ကြောင်သွားရသည်။

“ဒီမိန်းကလေးတွေဘာဖြစ်ကြတာလဲ။”

သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လိုက်မှ အကြောင်းရင်းကို သိလိုက်ရသည်။ရေစိုနေသော သူ၏ အဖြူရောင် တီရှပ်မှာ တစ်ကိုယ်လုံး ကပ်နေပြီး ကြွက်သားများမှာ အထင်သား ပေါ်လွင်နေသည်။သို့သော် ထိုမျှနှင့် သူတို့ လှည့်ပြေးမည် မဟုတ်ပေ။ အဓိက ပြဿနာမှာ... လုပေါင်၏ ခါးတွင် ပတ်ထားသော လျှပ်စစ်ငါးရှဉ့်ကြီးမှာ အားပြတ်နေသဖြင့် လုပေါင်၏ ဘောင်းဘီအတွင်းဘက်မှနေ၍ အောက်သို့ တွဲလောင်းကျနေခြင်းပင် ဖြစ်သည်။

၎င်းမှာ ကြည့်ရသည်မှာ အလွန်ပင် ဖောင်းကြွနေပြီး မည်သို့မှ ကြည့်မကောင်းသော ပုံစံ ဖြစ်နေတော့သည်။

“တောက်... မင်းကတော့ ငါ့ကို ဒုက္ခပေးပြီငါက အဲ့ဒီလို လူမျိုးမဟုတ်ပါဘူးကွာ။”

လုပေါင်ကခါးက ငါးရှဉ့်ကို ကြိမ်းမောင်းလိုက်သည်။

Live ထဲမှ ပရိတ်သက် များမှာတော့ အခြေအနေကို ရိပ်မိသွားပြီး ဝက်ဝက်ကွဲ ရယ်မောကုန်ကြတော့သည်။

“ဒါကတော့ တကယ့်ကို အကြီးအကျယ် အထင်လွဲတာပဲဟေ့။”

အခန်းး ၁၇၄ - ရတနာနတ်ဘုရားရဲ့ ပထမဆုံး သီချင်း အောင်မြင်သွားပြီလို့ ငါကြေညာတယ်။

“ဟားဟားဟား... ရတနာနတ်ဘုရားရာ မင်းက အရမ်း Sexy ကျလွန်းနေတော့ ငါတို့တောင် မကြည့်ရဲတော့ဘူး။”

“ငါတော့ မခံနိုင်တော့ဘူး Admin က ဘာလို့ သတိပေးချက် မထုတ်တာလဲ။ဒါက အပြာဗီဒီယို ကြည့်နေရသလိုပဲ။”

“ပေါင်ပေါင်ရာ... မင်းကတော့ တကယ်ပဲ။ ငါတို့သာ ဒီမှာ အားလုံးရှိမနေရင် မင်းကတော့ ကာမမှုနဲ့ တရားစွဲခံရမှာ သေချာတယ်။”

လုပေါင်မှာ ရှက်ကိုးရှက်ကန်းဖြင့် သူ၏ခါးတွင် ပတ်ထားသော လျှပ်စစ်ငါးရှဉ့်ကြီးကို အမြန်ပြန်ပြင်လိုက်ရသည်။ပြီးနောက် သူသည် လတ်ဆတ်သော ပင်လယ်စာများကို ဗီလာအပြင်ဘက်သို့ သယ်ဆောင်လာကာ မီးမွှေး၍ အိုးဖြင့် ပြုတ်လိုက်တော့သည်။ ကန်စွန်းဥများကိုမူ မီးပုံထဲသို့ တိုက်ရိုက်ပစ်ထည့်ထားလိုက်သည်။

ပင်လယ်စာများ ကျက်ခါနီးအချိန်တွင် ကန်စွန်းဥမီးဖုတ်နံ့ မွှေးမွှေးလေးမှာ လေထဲတွင် ပျံ့လွင့်လာသည်။ လုပေါင်က မီးခဲများကို ဖယ်လိုက်သောအခါ အပြင်ခွံ မည်းတူးနေသော်လည်း အတွင်းသားမှာ ရွှေဝါရောင်သန်းနေသော ကန်စွန်းဥများ ထွက်ပေါ်လာသည်။ ထိုအခါမှ သူသည် ကျန်းရွှယ်ချီနှင့် ကျောက်မင်တို့ကို ခေါ်လိုက်တော့သည်။ အမျိုးသမီးနှစ်ဦးမှာ ခုနက အဖြစ်အပျက်ကြောင့် အနည်းငယ် နေမရထိုင်မရ ဖြစ်နေကြဆဲပင်။

လုပေါင်က ရှင်းပြချင်သော်လည်း ရှင်းပြလေ ရှုပ်လေဖြစ်မည်စိုးသဖြင့် ဘာမှမပြောတော့ဘဲ စားစရာများဖြင့်သာ ဧည့်ခံလိုက်သည်။ အမျိုးသမီးနှစ်ဦးမှာ ကန်စွန်းဥများကို အားပါးတရ စားနေကြသော်လည်း ပင်လယ်စာများကိုတော့ စိတ်မဝင်စားကြပေ။ နောက်ဆုံးတွင် ပင်လယ်စာအားလုံးမှာ အသားစားသတ္တဝါလေး ချီလင်လေး၏ ဗိုက်ထဲသို့ အကုန်လုံးရောက်သွားတော့သည်။

လုပေါင်ကလည်း ကန်စွန်းဥ နှစ်လုံးနှင့် ပုစွန်ထုပ်ကြီးတစ်ကောင် စားပြီးနောက် ဗိုက်ကားသွားသည်။ အမျိုးသမီးနှစ်ဦးမှာ စားပြီးသည်နှင့် ဗီလာထဲသို့ ချက်ချင်းဝင်သွားကြသည်။ ချီလင်လေးကတော့ ပါးစပ်ဘေးမှာ ကန်စွန်းဥအခွံတွေကြောင့် နှုတ်ခမ်းမွေးလေးလို မည်းနေပြီး ပင်လယ်စာတွေကို ဆက်လက် တိုက်စစ်ဆင်နေတုန်းပင်။

“ချီလင်လေး... မင်းရဲ့ စားနိုင်ပုံက ငါနဲ့တူလိုက်တာ။”

လုပေါင်ကချီးကျူးလိုက်တော့သည်။

ချီလင်လေးက ပြန်ထူးသည့်အနေဖြင့် သူ့နောက်ကနေ ဗွမ်းခနဲ အသံကျယ်ကြီးဖြင့် အနံ့ပြင်းသောအီးတစ်ချက် ထုတ်လိုက်ရာ အနားမှာ အိပ်ပျော်နေသော ဒါပေါင်နှင့် ဟေးမီတို့ပါ လန့်နိုးသွားတော့သည်။

Live ထဲက ပရိတ်သက် များကတော့ ကီလင်လေးကို ဝိုင်းချစ်နေကြသည်။ လုပေါင်ကတော့ ဗိုက်ကိုပွတ်ရင်း ခါးက ခါးပတ်အဖြစ် သုံးထားသော လျှပ်စစ်ငါးရှဉ့်ကို ပြန်သတိရသွားသည်။ ကောင်လေးက တစ်ဝက်သေနေသလို ဖြစ်နေသဖြင့် သူ ခါးပတ်ကို လျှော့ပေးလိုက်သည်။

“လျှပ်စစ်လေး... ငါက မင်းကို ခါးပတ်အဖြစ် သုံးချင်လို့ မဟုတ်ပါဘူး။ ဒါက တရုတ်တိုင်းရင်းဆေး နည်းလမ်းအရ မင်းကို အားဖြည့်ပေးနေတာပါ။”

လျှပ်စစ်ငါးရှဉ့်၏ အားနာစရာ မျက်လုံးများကို မြင်သောအခါ လုပေါင်သည် သူ၏ တောင်နတ်ပုံရိပ်ယောင်ကျင့်စဥ် ကို ထုတ်ကာ ငါးရှဉ့်ကို လေ့ကျင့်ခိုင်းလိုက်သည်။ မိုးကြိုးဒဏ်ကို ခံထားရသော ငါးရှဉ့်သည် ဤပုံရိပ်၏ လွှမ်းမိုးမှုအောက်တွင် တဖြည်းဖြည်း ပြောင်းလဲလာပြီး အရှိန်အဝါများ ပိုမိုနက်ရှိုင်းလာသည်။

မကြာမီမှာပင် လျှပ်စစ်ငါးရှဉ့်သည် ထိုအခြေအနေမှ နိုးထလာသည်။

“လျှပ်စစ်လေး... ဘာတွေ ထူးခြားသွားလဲ။ မြန်မြန်ပြစမ်း။”

လျှပ်စစ်ငါးရှဉ့်သည် လုပေါင်ကို စိတ်မပျက်စေခဲ့ပါ။ ၎င်း၏ကိုယ်ပေါ်မှ လျှပ်စစ်စီးကြောင်းများမှာ ခေါင်းဆီသို့ စုစည်းသွားပြီးနောက် ပါးစပ်မှနေ၍ လျှပ်စစ်အမြောက်ဆန်တစ်ခုကို ပစ်ထုတ်လိုက်သည်။ ၎င်းမှာ မြေကြီးပေါ်သို့ ကျရောက်ကာ ပေါက်ကွဲသွားပြီး ကျင်းကြီးတစ်ခု ဖြစ်သွားတော့သည်။

“တောက်... ဒါက အသက်ရှိတဲ့ လျှပ်စစ်အမြောက်ပဲ။”

လုပေါင်အလွန်စိတ်လှုပ်ရှားသွားသည်။

ယခင်က ၎င်းသည် ကိုင်တွယ်မှသာ လျှပ်စစ်လိုက်ခြင်းကိုသာလုပ်နိုင်သော်လည်း အခုတော့ အဝေးပစ် စွမ်းရည်ကိုပါ ရရှိသွားပြီဖြစ်သည်။

Live ထဲမှ ပရိတ်သက် များမှာလည်း အံ့ဩမှင်တက်သွားကြသည်။

“လျှပ်စစ်လေး ဒါက တကယ့်ကို မိုက်လွန်းတယ်။”

“ဒါပေမဲ့ ရတနာနတ်ဘုရားရဲ့ လူယုတ်မာအကွက်တွေထဲမှာ ဒီလျှပ်စစ်လေး ဘယ်လို အသုံးချခံရဦးမလဲဆိုတာတွေးကြည့်ရင် ရင်လေးစရာပဲ။”

လုပေါင်ကတော့ လူလည်ပြုံး ပြုံးကာ လျှပ်စစ်ငါးရှဉ့်ကို ပင်လယ်ထဲသို့ ပစ်ချလိုက်ပြီး ငါးများကို လျှပ်စစ်ဖြင့် ပစ်ခတ်ခိုင်းလိုက်သည်။ ငါးများစွာမှာ လျှပ်စစ်မိပြီး ရေပေါ်သို့ ဗိုက်လှန်တက်လာကြသည်။ ထိုစဉ် လုပေါင်သည် သူ၏ လျှပ်စစ်အသံပါရမီကို အသုံးချကာ အသံကို Electronic အသံပြောင်းပြီး သီချင်းတစ်ပုဒ်ကို သီဆိုလိုက်တော့သည်။

“မိုးကြိုးသံတွေ ဟိန်းဟောက်လို့... ကောင်းကင်ယံက ပြိုကျ... ခရမ်းရောင် လျှပ်စီးတွေ လက်လို့...”

ပြင်းထန်သော Electronic အသံနှင့်အတူ လျှပ်စစ်ငါးရှဉ့်၏ လျှပ်စစ်အမြောက်များ ပင်လယ်ပြင်ကို ဗုံးကြဲနေသည့် မြင်ကွင်းမှာ တကယ့်ကို ရင်သပ်ရှုမောဖွယ်ပင်။

“ဘုရားရေ... ရတနာနတ်ဘုရား ဆိုတဲ့ Startling Thunder။က တကယ်ကို ကောင်းတာပဲ။”

“ဒီမြင်ကွင်းနဲ့ တကယ်ကို လိုက်ဖက်လွန်းတယ်။ လျှပ်စစ်လေးကလည်း တစ်ချက်ဆို တစ်ချက် မိုးကြိုးပစ်ပေးနေတာ။”

“ရတနာနတ်ဘုရားရဲ့ ပထမဆုံး Debut Single သီချင်းသစ်အောင်မြင်သွားပြီလို့ ငါ ကြေညာတယ်ဟေ့။”

All Chapters