← Chapters

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅-၇၆)

Vol. 8 Ch. 75-76

အခန်း (၇၅) - ကောင်းကင်တာအို၏ လက်ဆောင်များကို စစ်ဆေးခြင်း၊ ဧကရာဇ်ကျမ်းစာကို နားလည်သဘောပေါက်ခြင်း

ထိုစကားသံထွက်ပေါ်လာသည်နှင့်အမျှ လင်းချန်က ပြုံးလိုက်ပြီး အကြံပြုလိုက်သည်။

“အဖေ... မျိုးနွယ်စုအကြီးအကဲတွေကို ပင်ပင်ပန်းပန်း နောက်ကနေ လိုက်ခိုင်းနေစရာ မလိုပါဘူး။ သားတို့ ကစဉ့်ကလျား မြင့်မြတ်နယ်မြေနဲ့ တိုက်ရိုက် ဆက်သွယ်လိုက်ရအောင်။ သားတို့ရဲ့ ရှေးဟောင်း လင်းမိသားစုက ကစဉ့်ကလျား မြင့်မြတ်နယ်မြေကို လည်ပတ်ချင်ပါတယ်လို့ ပြောလိုက်ပါ။

အဲဒီအချိန်ကျမှ မိသားစုအကြီးအကဲတွေကို သားနဲ့အတူ ကစဉ့်ကလျား မြင့်မြတ်နယ်မြေကို လိုက်ပါခိုင်းလိုက်ရင် ရပါပြီ။

ဒီနည်းနဲ့ သားတို့ လင်းမိသားစုနဲ့ ကစဉ့်ကလျား မြင့်မြတ်နယ်မြေကြားက ဆက်ဆံရေးကို ပိုပြီးခိုင်မာအောင် လုပ်လို့ရပါတယ်။ အခုလို ထူးခြားတဲ့ကာလမျိုးမှာ ဒါက လိုအပ်တယ်လို့ သားထင်တယ်။”

လင်းချန်၏ စကားကို ကြားရသောအခါ လင်းဟောက်ရန်က စဉ်းစားဟန်ဖြင့် မေးစေ့ကို ပွတ်သပ်နေလိုက်သည်။

ဤအကြံမှာ အမှန်တကယ်ပင် ထည့်သွင်းစဉ်းစားသင့်သောအချက် ဖြစ်သည်။ သူတို့၏ လင်းမိသားစုနှင့် ကစဉ့်ကလျား မြင့်မြတ်နယ်မြေတို့မှာ ယခင်ကတည်းက သံတမန်ရေးအရ ဆက်ဆံရေးရှိခဲ့ပြီး ရင်းနှီးကြသူများ ဖြစ်သည်။

ရွှေခေတ်ကြီး ရောက်ရှိလာခြင်းနှင့် တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များ နိုးထလာခြင်းတို့ကြောင့် ယခုကဲ့သို့ အချိန်အခါမျိုးတွင် ကစဉ့်ကလျား မြင့်မြတ်နယ်မြေနှင့် ဆက်ဆံရေးကို ပိုမိုတိုးမြှင့်ထားခြင်းက ကောင်းမွန်သော အကြံတစ်ခုဖြစ်သည်။

နတ်ဘုရားသားတော်နှင့် မိသားစုအကြီးအကဲ အများအပြား အတူတကွ သွားရောက်လည်ပတ်ခြင်းက ကစဥ့်ကလျား မြင့်မြတ်နယ်မြေအတွက် မျက်နှာပန်းလှစေမည်ဖြစ်သည်။

ကစဉ့်ကလျား မြင့်မြတ်နယ်မြေသည်လည်း သူတို့၏ ရည်ရွယ်ချက်ကို နားလည်မည်ဖြစ်ပြီး လျော်ကန်စွာ တုံ့ပြန်လိမ့်မည်ဟု ယူဆရပေသည်။

ရှုပ်ထွေးသော အချိန်ကာလများတွင် နွေးထွေးမှုရရန်အတွက် တစ်ဦးနှင့်တစ်ဦး စုစည်းထားသင့်သည် မဟုတ်ပါလော။

ချက်ချင်းဆိုသလိုပင် လင်းဟောက်ရန်က ဆုံးဖြတ်ချက်ချလိုက်ပြီး လက်သီးဖြင့် လက်ဝါးကို ရိုက်ကာ အတည်ပြုလိုက်သည်။

“ဒါဆိုလည်း ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ အဖေ အကြီးအကဲချုပ်ဆီ သတင်းပို့လိုက်မယ်။ သူ့ကိုပဲ စီစဉ်ခိုင်းလိုက်တာပေါ့။ ဒါပေမဲ့ အခုက နောက်ကျနေပြီ။ မိုးလင်းမှ ထွက်ကြပါ။

သားလည်း နတ်ဘုရားမျှော်စင်ကို တက်ခဲ့ရတာ ပင်ပန်းနေရောပေါ့။ ပြန်ပြီး ကောင်းကောင်း အနားယူလိုက်ဦး။ အင်အားတွေ ပြန်ဖြည့်ပြီးမှ ကစဉ့်ကလျား မြင့်မြတ်နယ်မြေကို သွားကြပေါ့။”

လင်းချန်က ကန့်ကွက်ခြင်းမရှိဘဲ နာခံမှုရှိစွာ ခေါင်းညိတ်လိုက်သည်။

“ဒါဆို အဖေ... ကစဉ့်ကလျား မြင့်မြတ်နယ်မြေကို အကြောင်းကြားတဲ့ကိစ္စကို အဖေပဲ တာဝန်ယူပေးပါဦး။ သား နတ်ဘုရားသားတော် နန်းဆောင်ကို အရင်ပြန်နှင့်ပါတော့မယ်။”

ထိုသို့ပြောပြီးနောက် လင်းချန်သည် လင်းဟောက်ရန်ကို ဂါရဝပြုကာ နှုတ်ဆက်လိုက်၏။

လင်းဟောက်ရန်က လက်ဝှေ့ယမ်းပြပြီး သာယာစွာ ရယ်မောလိုက်သည်။

“သွားတော့... သွားတော့။ မနက်ဖြန် ကစဉ့်ကလျား မြင့်မြတ်နယ်မြေကို သွားတဲ့အခါ သားရဲ့ ရှေးဟောင်း ရထားလုံးကို ထုတ်သုံးဖို့လည်း မမေ့နဲ့ဦး။

သားက အဖေတို့ လင်းမိသားစုရဲ့ နတ်ဘုရားသားတော်ပဲ။ ကိုယ့်ဘာသာကိုယ် ပျံသွားလို့ ဘယ်ဖြစ်ပါ့မလဲ။”

ထိုစကားကို ကြားသောအခါ လင်းချန်က ရယ်မောရင်း ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် သူသည် ထပ်မနေတော့ဘဲ ခြေတစ်လှမ်း လှမ်းလိုက်ကာ ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

လင်းဟောက်ရန်သည် လင်းချန် ထွက်သွားသည်ကို ကြည့်နေရင်း အပြုံးများ ပျောက်ကွယ်သွားကာ သက်ပြင်းရှည်ကြီး တစ်ချက် ချလိုက်မိလေသည်။

“ဒါက ဒုက္ခများတဲ့ အချိန်တွေပဲ။ ဒါပေမဲ့ ငါ ဧကရာဇ်အဆင့်အဆင့်ကို တက်လှမ်းနိုင်သွားရင်တော့ အခြေအနေတွေက အများကြီး ပိုကောင်းလာမှာပါ...။”

ထိုသို့ပြောပြီးနောက် လင်းဟောက်ရန်သည်လည်း ထိုနေရာတွင် မနေတော့ဘဲ ဟင်းလင်းပြင်မှာ အနည်းငယ် လှိုင်းထသွားကာ သူလည်း ပျောက်ကွယ်သွားတော့သည်။

သူ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားပါက သူသည် သူ၏ အခြေခံအုတ်မြစ်ဖြင့် တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ် တစ်ဦးကိုပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်မည်ဟု ယုံကြည်ပေသည်။

သူတို့အား အနိုင်မယူနိုင်သည့်တိုင် ထိန်းထားနိုင်မည်ဖြစ်သည်။ ထိုအချိန်ကျလျှင် ထိုလူများအနေဖြင့် သူ၏ချန်အာကို ရန်ပြုရန်မှာ လွယ်ကူတော့မည် မဟုတ်ပေ။

နတ်ဘုရားသားတော် နန်းဆောင်အတွင်း၌...။

လင်းချန်၏ ပုံရိပ်သည် ဟင်းလင်းပြင်ထဲမှ ထွက်ပေါ်လာပြီး ကော်ဇောပေါ်တွင် တင်ပလ္လင်ခွေ ထိုင်ချလိုက်သည်။

ခဏမျှ အသက်ရှူနှုန်းကို ထိန်းညှိပြီးနောက် မျက်လုံးများကို ပြန်ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းများတွင် မျှော်လင့်ချက်များ ပြည့်နှက်လာခဲ့တော့လေသည်။

“အချိန်ရတုန်း အရင်က ရခဲ့တဲ့ ဆုလာဘ်တွေကို စစ်ဆေးကြည့်ရမယ်။”

ကောင်းကင်တာအိုက ပေးသနားသော ဆုလာဘ်များနှင့် ပတ်သက်၍ သူသည်ဖူကွမ်းမြိုတွင် ရှိစဉ်က သိုလှောင်လက်စွပ်ထဲသို့သာ ထည့်ထားခဲ့ပြီး စစ်ဆေးရန် အခွင့်အရေး မရသေးပေ။

ယခု အားလပ်ချိန်ရပြီဖြစ်ရာ နတ်ဘုရားမျှော်စင်၏ ပင်မမျှော်စင်ကို တက်လှမ်းရာမှ ရရှိခဲ့သော ဆုလာဘ်များကို သူ စတင်ရေတွက်တော့သည်။

လင်းချန်သည် စိတ်အာရုံတစ်ခုဖြင့် သိုလှောင်လက်စွပ်ထဲတွင် သိမ်းဆည်းထားခဲ့သော ကောင်းကင်တာအိုလက်ဆောင် ဆုလာဘ်အားလုံးကို ထုတ်ယူလိုက်သည်။

“ဝှစ်... ဝှစ်... ဝှစ်...”

ခဏချင်းတွင်ပင် အစွမ်းထက်သော အရှိန်အဝါများ ပြည့်နှက်နေသည့် နတ်ဘုရားလက်နက်များနှင့် မှော်ရတနာများသည် နတ်ဘုရားသားတော်နန်းဆောင်အတွင်း ပြည့်နှက်သွားတော့သည်။

ဤနတ်ဘုရားလက်နက်များသည် ပုံသဏ္ဌာန်မျိုးစုံ ရှိကြ၏။ ဓားရှည်၊ လှံ၊ သန်လျက်၊ ကောက်စိပ်လှံ၊ တုတ်ကောက်၊ တူ နှင့် ချပ်ဝတ်တန်ဆာများအထိ အစုံအလင်ပင်။ အနိမ့်ဆုံးအဆင့်မှာ အဆင့်မြင့် နတ်ဘုရားလက်နက်များဖြစ်ပြီး အရေအတွက်အားဖြင့် ဆယ်ဂဏန်းမက ရှိသည်။

ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်များမှာ အရေအတွက် နည်းသော်လည်း ၁၀ ခုကျော် ရှိနေသေးရာ အလွန်ပင် ခမ်းနားလှသည်ဟု ဆိုရပေမည်။ သို့သော် ထိပ်တန်းအဆင့် နတ်ဘုရားလက်နက်များသည်ပင် ဤမှော်ရတနာများထဲတွင် အစွမ်းအထက်ဆုံး မဟုတ်ကြချေ။

အဆင့်မြင့်နှင့် ထိပ်တန်းအဆင့် လက်နက်များစွာ ဝန်းရံထားသည့်အလယ်တွင် မဟာဧကရာဇ်တစ်ဦး၏ အရှိန်အဝါများ ထွက်ပေါ်နေသော အစွမ်းထက် မှော်ရတနာ ငါးခုက ငြိမ်သက်စွာ ရှိနေ၏။

၎င်းတို့မှာ ဧကရာဇ်တစ်ပိုင်းလက်နက် ငါးခု ဖြစ်ပေသည်။

ဧကရာဇ်လက်နက် စစ်စစ် မဟုတ်သေးသော်လည်း ၎င်းနှင့် အနီးစပ်ဆုံး အစွမ်းထက်သော ရတနာများပင် ဖြစ်သည်။

ထိုဧကရာဇ်တစ်ပိုင်းလက်နက် ငါးခု၏ ဘေးတွင်တော့ မထူးခြားလှဘဲ ဝေဝါးသော အရှိန်အဝါရှိသည့် သတ္တုလုံး ၁၀ ခုကျော် ရှိနေသည်။ သို့သော် လင်းချန်က ၎င်းတို့မှာ သာမန်အရာများ မဟုတ်ကြောင်း သိထား၏။ ၎င်းတို့မှာ ဧကရာဇ်လက်နက် သန္ဓေသားလောင်းများ ဖြစ်ကြသည်။

၎င်းတို့ဖြင့် ကျင့်ကြံသူ၏ စိတ်ကူးအတိုင်း မိမိအလိုရှိသော ပုံသဏ္ဌာန်နှင့် စတိုင်လ်ဖြစ်လာအောင် တစ်စချင်း ပုံဖော်ယူနိုင်ပေသည်။ နောက်ဆုံးတွင် ပိုင်ရှင်ဖြစ်သူက မဟာဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်သည့်အခါ ဤလက်နက်သန္ဓေလောင်းများသည်လည်း အသွင်ပြောင်းလဲသွားပြီး အစစ်အမှန် ဧကရာဇ်လက်နက်များ ဖြစ်လာမည်ဖြစ်သည်။

လင်းချန်သည် ထိုလက်နက်အမြောက်အမြားကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ဤမျှများပြားသော ရတနာများ ရှိနေသဖြင့် သူ၏ အသုံးအဆောင် ပစ္စည်းများအတွက် များစွာ စိတ်ပူစရာ မလိုတော့ပေ။

သူသည် ယခင်က ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူတို့ကို ဧကရာဇ်တစ်ပိုင်းလက်နက် သို့မဟုတ် ဧကရာဇ်လက်နက်သန္ဓေသားလောင်း တစ်ခုစီ ပေးရန် စဉ်းစားခဲ့သေးသည်။ သို့သော် နောက်ဆုံးတွင် ထိုအစီအစဉ်ကို ယာယီ လက်လျှော့လိုက်၏။

အကြောင်းမှာ သူတို့၏ ရှေးဟောင်း လင်းမိသားစုတွင် အစစ်အမှန် ဧကရာဇ်လက်နက် အနည်းငယ် ရှိပြီးသားဖြစ်သောကြောင့်ပင်။ မိသားစုခေါင်းဆောင်တစ်ဦးအနေဖြင့် လင်းဟောက်ရန်သည် ထိုလက်နက်တစ်ခုကို ထိန်းချုပ်ခွင့်ရှိပြီး ဧကရာဇ်အဆင့်တစ်ပိုင်းသို့ ရောက်ရှိပြီးနောက် ဧကရာဇ်လက်နက်၏ စွမ်းအားအများစုကို အသုံးပြုနိုင်မည်ဖြစ်သည်။

ထိုအချိန်တွင် အစစ်အမှန် ဧကရာဇ်လက်နက်ကို ကိုင်ဆောင်ထားသော လင်းဟောက်ရန်၏ တိုက်ခိုက်ရေးစွမ်းအားမှာ လက်နက်သန္ဓေသားလောင်း သို့မဟုတ် ဧကရာဇ်တစ်ပိုင်းလက်နက်ကို ကိုင်ဆောင်ထားသည်ထက် ပိုမို အားကောင်းမည်မှာ သေချာပေသည်။ အစစ်အမှန် ဧကရာဇ်လက်နက် ရှိနေပါက ကျန်အရာများမှာ မလိုအပ်တော့ပေ။

သို့သော် လင်းချန်က သူ၏မိဘများ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းပြီးနောက်တွင် ဧကရာဇ်လက်နက်သန္ဓေသာစလောင်း တစ်ခုစီ ပေးရန် ဆုံးဖြတ်ထားဆဲဖြစ်သည်။ လက်နက်သန္ဓေသားလောင်း ရှိထားပါက နောင်တစ်ချိန်တွင် သူတို့ကိုယ်ပိုင် ဧကရာဇ်လက်နက်များကို ပျိုးထောင်နိုင်မည်ဖြစ်သည်။

၎င်းကို အဆင့်တက်ခြင်းအတွက် ဂုဏ်ပြုလက်ဆောင်အဖြစ် သတ်မှတ်နိုင်ပေသည်။ အကယ်၍ သူတို့က ဧကရာဇ်တစ်ပိုင်းလက်နက်ကိုပါ လိုချင်ပါကလည်း သူ ငြင်းမည်မဟုတ်ပေ။ အကြောင်းမှာ ဤအရာများကို သူတစ်ယောက်တည်း ကိုင်ထားလည်း အသုံးဝင်လှသည် မဟုတ်သောကြောင့်ပင်။

စိတ်ကို ပြန်လည်တည်ငြိမ်အောင် ထားပြီးနောက် လင်းချန်၏ အကြည့်သည် လက်နက်များ၏ ဘေးဘက်သို့ ရောက်ရှိသွား၏။ ထိုနေရာတွင် ပြင်းထန်သော ဆေးရနံ့များ ထွက်ပေါ်နေသည့် ဆေးဖက်ဝင်အပင် အချို့ ရှိနေလေသည်။

လင်းချန်သည် ထိုဆေးပင်အချို့ကို မှတ်မိသော်လည်း အချို့ကိုတော့ မမှတ်မိပေ။ သို့သော် ၎င်းတို့အားလုံးမှာ နှစ်ပေါင်းတစ်သန်းသက်တမ်းရှိ အနှိုင်းမဲ့ ဆေးပင်များ ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ ထိုအနှိုင်းမဲ့ ဆေးပင် အားလုံးပေါင်းလိုက်လျှင် ၁၀ ပင် တိတိ ရှိပေသည်။

ပုံသဏ္ဌာန် အမျိုးမျိုးရှိသော ထိုအနှိုင်းမဲ့ ဆေးပင်များကို ကြည့်ရင်း လင်းချန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားတော့သည်။

အကယ်၍ သူ၏ဖခင်နှင့် မိခင်တို့သည် နောင်တစ်ချိန်တွင် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး ဧကရာဇ်တစ်ပိုင်း ကောင်းကင်ဘုံအတိဒုက္ခနှင့် ရင်ဆိုင်ရပါက...

ထိုမတိုင်မီ သူတို့တစ်ယောက်ချင်းစီကို အနှိုင်းမဲ့ဆေးပင် တစ်ပင်စီ ပေးရမည်ဖြစ်သည်။ သူတို့အတွက်မူ ဤဆေးပင်များသည် အသက်ကယ်တင်ပေးနိုင်သော မှော်ရတနာများ ဖြစ်လာပေလိမ့်မည်။

ထိုဆေးပင်များအပြင် ကျန်ရှိနေသော အနှိုင်းမဲ့ဆေးပင်များသည်လည်း အရေးကြုံလာပါက သူ၏အသက်ကို ကယ်တင်ပေးနိုင်မည့် ရတနာများဖြစ်သည်။

ကောင်းကင်တာအိုသည် အရာရာကို အသေအချာ ထည့်သွင်းစဉ်းစားပေးထားသည်ဟု ဆိုရပေမည်။ တားမြစ်နယ်မြေ အထွတ်အထိပ်ပုဂ္ဂိုလ်များက သူ့ကို ပစ်မှတ်ထားနေသည်ကို သိရှိသည့်အတွက် တိုက်ခိုက်ရေးလက်နက်များရော အသက်ကယ်ဆေးပင်များကိုပါ ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။

ညစ်ညမ်းသော လေထုကို သက်ပြင်းတစ်ချက်နှင့်အတူ မှုတ်ထုတ်လိုက်ပြီးနောက် လင်းချန်၏ အကြည့်တို့သည် မထင်မရှား နေရာတစ်ခုသို့ ထပ်မံရွှေ့လျားသွားပြန်သည်။

ထိုနေရာတွင် အလွန်လက်ရာမြောက်လှသော ကျောက်စိမ်းပေလွှာ ငါးခုသည် လေထဲတွင် ဝဲပျံနေပြီး ဆန်းကြယ်၍ အံ့ဖွယ်ကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်နေခဲ့သည်။

ကျောက်စိမ်းပေလွှာများ၏ အောက်တွင်တော့ ထူထပ်သော စာသားများဖြင့် ဖုံးလွှမ်းနေသည့် အံ့ဖွယ်ရွှေရောင် အဆောင်စာရွက်များနှင့် သာမန်သစ်သားဟု ထင်ရသော အစီအရင်ပြား ငါးခု ရှိနေ၏။

ထိုပစ္စည်းများကို မြင်သောအခါ လင်းချန်သည် လက်ဝါးကို မြှောက်လိုက်ပြီး မိမိထံသို့ ဆွဲယူလိုက်သည်။

ကျောက်စိမ်းပေလွှာများမှာ ဧကရာဇ်ကျမ်းစာများ ဖြစ်ကြပြီး၊ ရွှေရောင်အဆောင်စာရွက်များမှာ ဧကရာဇ်အဆင့် အဆောင်များ ဖြစ်ကာ၊ သစ်သားပြားများမှာ ဧကရာဇ်အဆင့် အစီအရင်ပြားများပင် ဖြစ်သည်။

ရွှေရောင်အဆောင်စာရွက်တစ်ရွက်ကို ကိုင်ကာ ခေတ္တမျှ စစ်ဆေးကြည့်သော်လည်း လင်းချန် ဘာမှ ရှာမတွေ့ခဲ့ပေ။ ၎င်းပေါ်ရှိ စာသားတစ်ခုကိုမျှ သူနားမလည်နိုင်ဘဲ အလွန်ပင် နက်နဲလွန်းလှပေသည်။

သို့သော် ၎င်းအတွင်း၌ ကိန်းအောင်းနေသော အစွမ်းထက်သည့် အရှိန်အဝါကိုမူ သူခံစားမိ၏။ အဆောင်တစ်ခုကို အသက်သွင်းလိုက်ရုံဖြင့် ဧကရာဇ်တစ်ပိုင်း အဆင့် ပညာရှင်တစ်ဦးကို ချက်ချင်း သတ်ဖြတ်နိုင်ပေလိမ့်မည်။

“အခု မင်းတို့က ငါ့ရဲ့ အသက်ကယ်ဝှက်ဖဲတွေထဲက တစ်ခုဖြစ်သွားပြီ။”

ရွှေရောင်အဆောင်စာရွက်များကို သိုလှောက်လက်စွပ်ထဲသို့ ဂရုတစိုက် ပြန်ထည့်လိုက်ပြီးနောက် လင်းချန်၏ အကြည့်သည် လက်ရာမြောက်လှသော ကျောက်စိမ်းပေလွှာ ငါးခုပေါ်သို့ ကျရောက်သွားကာ စမ်းသပ်ကြည့်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာခဲ့သည်။

“မိုးလင်းဖို့ အချိန်နည်းနည်း ကျန်သေးတာပဲ။ ဒီဧကရာဇ်ကျမ်းစာ ငါးခုကို ဘာလို့ ကြည့်မထားရမှာလဲ။

ဒီကနေတစ်ဆင့် ငါ့အတွက် အသိအမြင်သစ်တွေတောင် ရလာနိုင်သေးတယ်။”

စဉ်းစားမိသည်နှင့် ချက်ချင်းပင် လင်းချန်သည် ကျောက်စိမ်းပေလွှာများမှအပ ကျန်ရှိသောအရာအားလုံးကို သိမ်းဆည်းလိုက်၏။ ထို့နောက် အသက်ပြင်းပြင်းတစ်ချက်ရှူကာ ကျောက်စိမ်းပေလွှာတစ်ခုကို ကောက်ယူပြီး သူ၏နဖူးတွင် ကပ်လိုက်တော့လေသည်။

ဧကရာဇ်ကျမ်းစာများ မှတ်တမ်းတင်ထားသော ဤကျောက်စိမ်းပေလွှာများကို အကြိမ်ကြိမ် ပြန်လည်ကြည့်ရှုနိုင်ပြီး တစ်ကြိမ်ကြည့်ရုံနှင့် ပျောက်ကွယ်သွားမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် ဦးစွာ အနက်အဓိပ္ပာယ်များကို နားလည်အောင် ကြိုးစားမည်ဖြစ်ပြီး နောက်မှသာ ဤကျောက်စိမ်းပေလွှာများကို မိသားစု၏ နတ်ဘုရားစွမ်းရည်ခန်းမဆောင်းတွင် သိမ်းဆည်းရန် ပေးအပ်လိုက်မည်ဖြစ်သည်။

“ဝုန်း...”

ကျောက်စိမ်းပေလွှာ သူ၏ နဖူးနှင့် ထိတွေ့လိုက်သည်နှင့် ကျယ်ပြောနက်နဲလှသော သတင်းအချက်အလက်များသည် လင်းချန်၏ စိတ်အာရုံထဲသို့ အဆက်မပြတ် တိုးဝင်လာ၏။

လင်းချန်သည် စိတ်ကို အာရုံစူးစိုက်လိုက်ပြီး ဧကရာဇ်ကျမ်းစာ၏ ဆန်းကြယ်မှုများကို စတင်နားလည်အောင် ကြိုးစားလိုက်တော့သည်။

ဤဧကရာဇ်ကျမ်းစာ၏ အမည်မှာ ထိုက်ယီ နှလုံးသားကျမ်းစာပင် ဖြစ်လေသည်။

အခန်း (၇၆) - ဧကရာဇ်ကျမ်းစာမှ ရရှိသော အကျိုးကျေးဇူးများ၊ ကစဉ့်ကလျား မြင့်မြတ်နယ်မြေသို့ ထွက်ခွာရန် ပြင်ဆင်ခြင်း

ထိုက်ယီ နှလုံးသားကျမ်းစာသည် ဧကရာဇ်အဆင့် ကျင့်စဉ်ဖြစ်ပြီး မည်သည့်မဟာဧကရာဇ်က ဖန်တီးခဲ့လော၊ ကောင်းကင်တာအိုကိုယ်တိုင်က ဖန်တီးခဲ့သည်လော ဆိုသည်ကို မသိရပေ။

၎င်း၏ အဓိကဂုဏ်သတ္တိမှာ မျှတခြင်းတာအို အပေါ်တွင် အခြေခံထားပြီး တိုက်စစ်နှင့် ခံစစ်ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။ မည်သည့်အချက်တွင်မဆို အစွန်းမရောက်ဘဲ ဟန်ချက်ညီနေပြီး တစ်ဖက်တွင်လည်း ထူးကဲသာလွန်သည့် အချက်ဟူ၍ သီးသန့်မရှိပေ။

သို့သော် ၎င်းတွင် အားသာချက်မရှိဟု မဆိုလိုချေ။ ၎င်း၏ ထူးခြားသော ဟန်ချက်ညီမှုတရားကြောင့် လင်းချန်သည် ထိုအထဲတွင် စိတ်နှစ်ကာ နစ်မြောသွားခဲ့လေသည်။

မျှတခြင်းတာအို၏ ဟန်ချက်ညီမှုဆိုသည်မှာ အရာအားလုံး စနစ်တကျရှိနေခြင်းဖြစ်ပြီး မည်သည့်စွမ်းအားမျှ ၎င်းကို ကျော်လွန်၍ မရနိုင်ပေ။

ထို လုံးဝဥဿုံ ထိန်းချုပ်နိုင်စွမ်းသည် မျှတခြင်းတရားနှင့် အနည်းငယ် ဆန့်ကျင်ဘက်ဖြစ်နေသကဲ့သို့ ရှိသော်လည်း ၎င်းအတွင်း၌ပင် ကိန်းအောင်းနေပြီး အလွန်တရာ နက်နဲလှပေသည်။

ထို့ပြင် လင်းချန်သည် ထိုထိန်းချုပ်နိုင်စွမ်းကို အခြားရှုထောင့်တစ်ခုမှ နားလည်ခဲ့၏။ အကယ်၍ တစ်ဦးတစ်ယောက်သည် ဤထိန်းချုပ်နိုင်စွမ်းကို ပိုင်ဆိုင်ပါက မိမိ၏ ကိုယ်ပိုင်စွမ်းအားအပေါ် ကျွမ်းကျင်ပိုင်နိုင်မှုမှာ အဆမတန် တိုးတက်လာမည်ဖြစ်သည်။

ထိုအချိန်တွင် မိမိ၏ စွမ်းအားပမာဏမှာ ပြောင်းလဲခြင်း မရှိသော်လည်း ၎င်းစွမ်းအား၏ အာနိသင်ကို ၂၀၀ ရာခိုင်နှုန်းမှသည် ၁၀၀၀ ရာခိုင်နှုန်းအထိ ထုတ်ဖော်အသုံးပြုနိုင်မည် ဖြစ်သည်။

အချိန်များ ကုန်ဆုံးသွားပြီး တစ်နာရီခန့် ကြာမြင့်သွားခဲ့သည်။

ထိုတစ်နာရီအတွင်း လင်းချန်သည် သူ၏စိတ်အာရုံတစ်ခုလုံးကို ထို လုံးဝဥဿုံ ထိန်းချုပ်နိုင်စွမ်းကို နားလည်သဘောပေါက်ရန် နှစ်မြှုပ်ထားခဲ့၏။ တစ်နာရီအကြာတွင် သူသည် ပမာဏ အများအပြား ရရှိခဲ့ပြီး လုံးဝဥဿုံ မတတ်မြောက်သေးသော်လည်း လက်တစ်ကမ်းအကွာသို့ ရောက်ရှိနေပြီဖြစ်သည်။ သူကိုယ်တိုင် တစ်ကြိမ်မျှ လက်တွေ့စမ်းသပ် အတည်ပြုနိုင်ရုံဖြင့် ထိုထိန်းချုပ်နိုင်စွမ်းကို ရရှိတော့မည် ဖြစ်သည်။

“ဟူး...”

လင်းချန် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏မျက်ဝန်းများတွင် အံ့ဩတုန်လှုပ်မှုများ ပြည့်နှက်နေခဲ့သည်။ သူ၏ နားလည်သဘောပေါက်နိုင်စွမ်းဖြင့် ဧကရာဇ်ကျမ်းစာများကို နားလည်နိုင်သော်လည်း သူ၏ လက်ရှိကျင့်စဉ်အဆင့်မှာ ထိုမျှမမြင့်မားသေးသဖြင့် ၎င်းတို့ကို ပြုပြင်မွမ်းမံခြင်း သို့မဟုတ် အသစ်ပြန်လည် ဖန်တီးခြင်းမျိုးတော့ မပြုလုပ်နိုင်သေးပေ။

ထိုက်ယီ နှလုံးသားကျမ်းစာကို လေ့လာပြီးနောက် သူ၏ခံစားချက်ကို စကားလုံးတစ်လုံးတည်းဖြင့် ဖော်ပြရလျှင် ‘ ပြောင်မြောက်လှသည်’ ဟုသာ ဆိုရပေမည်။ ဧကရာဇ်ကျမ်းစာဟူသော အမည်နာမနှင့် ထိုက်တန်လှပေ၏။

ယခုအချိန်တွင် သူသည် ရှေးဟောင်း လင်းမိသားစု၏ ဧကရာဇ်ကျမ်းစာများကို လေ့လာစဉ်ကကဲ့သို့ပင် အသေးစိတ် အချက်အလက်တိုင်းကို အရသာခံ လေ့လာနေမိသည်။

သူသည် ထိုက်ယီ နှလုံးသားကျမ်းစာအား မှတ်တမ်းတင်ထားသော ကျောက်စိမ်းပေလွှာကို သိုလှောင်လက်စွပ်ထဲ ပြန်ထည့်လိုက်ပြီးနောက် သူရရှိခဲ့သော အသိဉာဏ်များကို ပြန်လည်ဆင်ခြင်းသုံစသပ်နေလိုက်သည်။

သူသည် လက်တွေ့ ထပ်မံစမ်းသပ်ကြည့်သော်လည်း နောက်ဆုံးတွင် အနည်းငယ် လိုအပ်နေသေးကြောင်း တွေ့ရှိလိုက်ရသည်။ ထို့ကြောင့် လက်တွေ့စမ်းသပ်မှုကို ခေတ္တရပ်နားထားရန် ဆုံးဖြတ်လိုက်၏။ အကြောင်းမှာ ကျန်ရှိနေသေးသော အချိန်အတွင်း အခြားဧကရာဇ်ကျမ်းစာများကိုပါ လေ့လာရန် ရှိသေးသောကြောင့်ပင်။

ကစဉ့်ကလျား မြင့်မြတ်နယ်မြေသို့ သွားသည့်လမ်းခရီးတွင် အခွင့်အရေးရှာကာ လက်တွေ့စမ်းသပ်ပြီး လုံးဝဥဿုံ တတ်မြောက်အောင် လုပ်မည်ဟု ဆုံးဖြတ်ထားလိုက်သည်။

မိမိကိုယ်ပိုင်စွမ်းအားကို လုံးဝဥဿုံ ထိန်းချုပ်နိုင်စွမ်း ရရှိသွားသည်နှင့် သူနှင့် ကျင့်စဉ်အဆင့်တူသူများကြားတွင် သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ နောက်ထပ်တစ်ဆင့်သို့ အသွင်ပြောင်းလဲသွားလိမ့်မည်ဟု သူယုံကြည်ပေသည်။

စိတ်ကို ပြန်လည်တည်ငြိမ်စေပြီးနောက် လင်းချန်သည် နောက်ထပ် ကျောက်စိမ်းပေလွှာတစ်ခုကို ကောက်ယူကာ နဖူးတွင်ကပ်၍ မျက်လုံးမှိတ်လျက် အာရုံစူးစိုက်လိုက်ပြန်သည်။

ဧကရာဇ်ကျမ်းစာ... ဖျက်ဆီးခြင်း နှလုံးသားကျမ်းစာ။

ဤကျမ်းစာ၏ လမ်းစဉ်မှာ ထိုက်ယီကျမ်းစာ၏ မျှတခြင်းတရားနှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည်။

ဤသည်မှာ သန့်စင်သော သတ်ဖြတ်ခြင်း၊ သန့်စင်သော ဖျက်ဆီးခြင်းနှင့် အဆုံးစွန်သော တိုက်စစ်ဆင်ခြင်းတို့ ဖြစ်သည်။ အကောင်းဆုံးသော ခံစစ်မှာ ဖျက်ဆီးခြင်းနှင့် တက်ကြွစွာ တိုက်စစ်ဆင်ခြင်းသာ ဖြစ်သည်။

ခဏချင်းတွင်ပင် လင်းချန်သည် အသိအမြင်သစ်များထဲတွင် ထပ်မံနစ်မြောသွားပြန်၏။ သူ၏ နားလည်သဘောပေါက်နိုင်စွမ်းမှာ နတ်ဘုရားအဆင့် ဖြစ်သောကြောင့် မည်သည့်အဆင့်တွင်မဆို နတ်ဘုရားနယ်ပယ်မှ ပညာရှင်များ သို့မဟုတ် ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများ၏ နားလည်နိုင်စွမ်းသည်ပင်လျှင် သူ့ကို မယှဉ်နိုင်ဟု ဆိုလျှင် ပိုမည်မထင်ပေ။

မကြာမီမှာပင် နောက်ထပ်တစ်နာရီ ကုန်ဆုံးသွားခဲ့ပြီး ကောင်းကင်ယံမှာ စတင်ထိန်လင်းဟန် ရှိလာခဲ့လေသည်။

နဖူးမှ ကျောက်စိမ်းပေလွှာကို ဖယ်ရှားကာ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်ရင်း လင်းချန်သည် မျက်လုံးများကို ဖွင့်ကာ ခပ်မှိန်မှိန် ပြုံးလိုက်သည်။

အသိအမြင်သစ်များနှင့် အကျိုးကျေးဇူးသစ်များကြောင့် သူသည် သတ်ဖြတ်ခြင်း ရည်ရွယ်ချက်နှင့် ဖျက်ဆီးခြင်း ရည်ရွယ်ချက် စွမ်းအားများကို ပိုမိုနားလည်လာသည်ဟု ခံစားလိုက်ရသည်။

လုံးဝဥဿုံ ထိန်းချုပ်နိုင်စွမ်းကဲ့သို့ပင်... သူသည် စိတ်ကိုတည်ငြိမ်စေလိုက်ပြီး လက်တွေ့စမ်းသပ် အတည်ပြုနိုင်သည်နှင့် စစ်မှန်သော တတ်မြောက်မှုကို ရရှိပေလိမ့်မည်။

ရလဒ်ကောင်းတွေ ရနေတာပဲ။ ဆက်လုပ်ရမယ်။

ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ရာ အချိန်အနည်းငယ် ကျန်သေးသည်ကို တွေ့လိုက်ရသဖြင့် လင်းချန်သည် မဆိုင်းမတွပင် နောက်ထပ် လက်ရာမြောက်လှသော ကျောက်စိမ်းပေလွှာအသစ်တစ်ခုကို ကောက်ယူကာ အာရုံစူးစိုက်မှုထဲ ပြန်လည်နစ်မြောသွားပြန်သည်။

ဤကဲ့သို့ပင် နောက်ထပ် နှစ်ကြိမ်၊ နှစ်နာရီခန့် ထပ်မံကြာမြင့်သွားခဲ့ရာ စုစုပေါင်း သုံးနာရီနီးပါး ကုန်လွန်သွားခဲ့၏။

မည်သည့်အချိန်ကတည်းက ထိန်လင်းလာသည်မသိသော ကောင်းကင်ထက်တွင် နေမင်းကြီးသည် ကောင်းကင်အလယ်ဗဟိုသို့ တက်လှမ်းရန် ပြင်ဆင်နေပြီဖြစ်သည်။ ထိုအချိန်တွင် နတ်ဘုရားတားမြစ်ချက် တောင်ထိပ် အထက်တွင် အနည်းငယ်အိုမင်းသော်လည်း နူးညံ့သိမ်မွေ့သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“နတ်ဘုရားသားတော်... ကစဉ့်ကလျား မြင့်မြတ်နယ်မြေကို ထွက်ခွာဖို့ အချိန်တန်ပါပြီ။”

နတ်ဘုရားသားတော် နန်းဆောင်အတွင်း၌...။

လင်းချန်သည် အနည်းငယ် အားမရသေးသည့် အမူအရာဖြင့် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်၏။

“အချိန်တန်ပြီလား...။ ဒါဆိုလည်း ကစဉ့်ကလျားမြင့်မြတ်နယ်မြေကို အရင်သွားကြတာပေါ့။”

ထိုသို့ပြောရင်းဖြင့် သူသည် သူ၏လက်ထဲရှိ ကျောက်စိမ်းပေလွှာကို သိမ်းဆည်းကာ ဖြည်းညှင်းစွာ ထရပ်လိုက်၏။ တစ်ညလုံး လေ့လာဆန်းစစ်ခဲ့ပြီးနောက် သူရရှိခဲ့သော အကျိုးကျေးဇူးများမှာ အမှန်တကယ် များပြားလှပေသည်။

သူသာ အချိန်အနည်းငယ်ပေးပြီး စိတ်နှစ်ထားနိုင်မည်ဆိုပါက သူ၏ ဝိညာဉ်စွမ်းအား ကျင့်စဉ်အဆင့် တက်လှမ်းနိုင်ရုံသာမက မိမိကိုယ်ပိုင်စွမ်းအားအပေါ် ထိန်းချုပ်နိုင်စွမ်းမှာလည်း အဆမတန် တိုးတက်လာမည်ဟု သူယုံကြည်ပေသည်။

အရေးအကြီးဆုံးမှာ သဘောတရားစွမ်းအား အသစ်အချို့ကို နားလည်သဘောပေါက်လာနိုင်ခြင်းပင် ဖြစ်သည်။

ဤအချက်သည် နောင်တစ်ချိန်တွင် သူ နတ်ဘုရားနယ်ပယ်မှ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းရာတွင် အတိုင်းအဆမရှိ အထောက်အကူဖြစ်စေမည်ဖြစ်သည်။

ဝတ်ရုံကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးနောက် လင်းချန်သည် အပြင်သို့ ခြေတစ်လှမ်း လှမ်းလိုက်ရာ နတ်ဘုရားသားတော် နန်းဆောင်မှတစ်ဆင့် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ရှောင်ဖန်... မင်း ငါ့ကို နောက်တစ်ကြိမ် ပြန်တွေ့ရတဲ့အခါ ဘယ်လိုမျက်နှာပေးမျိုးနဲ့ ကြည့်မလဲဆိုတာ ငါသိချင်မိတယ်။

All Chapters