← Chapters

အဂ္ဂရိတ်ဆရာများကို စည်းရုံးရန် တာဝန်ပေးခြင်း

Vol. 177 Ch. 2531

အဂ္ဂရိတ်ဆရာများကို စည်းရုံးရန် တာဝန်ပေးခြင်း

Vol. 177 Ch. 2531

သို့သော် ရှီးချီယောင်သည် မကျေနပ်သည့်ပုံ မပေါ်ပါ။ သူမက ရီဖူရှင်း၏အတိတ်အကြောင်းကို အနည်းငယ်သိပြီး ရီဖူရှင်း၏အကျင့်စရိုက်ကိုလည်း နားလည်၏။ သူသည် ကျေးဇူးကန်းတတ်သူတစ်ဦး မဟုတ်ချေ။

ထို့ကြောင့် ရှီးချီယောင်သည် သူမအနေဖြင့် မည်သို့မှ ပြောနေရန်မလိုဟု တွေးသည်။ သူမ ကူညီပေးခဲ့သည်ကို မဏ္ဍပ်တိုင်တက်နေစရာလိုသလို ရီဖူရှင်းသည်လည်း သူမ၏အကူအညီကို မေ့မည် မဟုတ်ပါ။

ထို့အပြင် ရီဖူရှင်း၏ထွက်သွားရန်ရွေးချယ်မှုသည် လက်ရှိတွင် အကောင်းဆုံးရွေးချယ်မှုဖြစ်သည်။ ဆက်နေလျှင်လည်း မည်သည့်အကျိုးမှရှိမည်မဟုတ်ပေ။

သို့သော် အနောက်အင်ပါယာနန်းတော်မှ လူများသည် ရီဖူရှင်း ထွက်သွားခြင်းကို မကျေနပ်ကြချေ။ ရီဖူရှင်းသည် အကျိုးအမြတ်များကို မမျှဝေဘဲ မောင်ပိုင်စီးကာ ပြေးသွားပြီဟု ထင်နေကြ၏။

ကျွန်းသည် ကျင့်ကြံသူများ၏ အလုအယက်ယူငင်မှုကြောင့် ဖွတ်ဖွတ်ညက်ညက်ကြေနေပေပြီ။ တစ်ခဏအတွင်းမှာပင် နတ်တောင်တစ်တောင်လုံး တောင်ကတုံးဖြစ်သွား၏။ ဆေးပင်တစ်ပင်မှ မကျန်ခဲ့သလို မည်သည့်အပင်တစ်ပင်မှလည်း မကျန်ပေ။ အတော်ပင်အံ့အားသင့်စရာကောင်း၏။

ထို့နောက်တွင် သူတို့သည် ရှီးချီယောင်ထံသို့လာကာ သူမကိုဝန်းရံလိုက်သည်။ ရှေးဟောင်းနတ်ဘုရားကလန်မှ ကျင့်ကြံသူအချို့က သူမကို မေးလိုက်သည်။

“ရှီးချီယောင် မင်း ဘာတွေရခဲ့လဲ”

ရှီးချီယောင်က ထိုလူကိုကြည့်လျှက် ပြန်ပြောသည်။

“ကျွန်မလည်း ရှင်တို့လောက်ပဲရတာပဲ”

“မင်းက ရီဖူရှင်းကို ကူညီပေးခဲ့တာဆိုတော့ သူက အနောက်အင်ပါယာနန်းတော်ကို ပြန်လာမှာပေါ့... ဟုတ်တယ်မလား”

တချို့ကျင့်ကြံသူများက ခန့်မှန်းလိုက်သည်။ ရှီးချီယောင်နှင့် ရီဖူရှင်းတို့သည် အတူပူးပေါင်းလုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် အ‌နောက်အင်ပါယာနန်းတော်သည် အရေးကြီးသောအခန်းကဏ္ဍတွင် ပါဝင်ပေလိမ့်မည်။ မဟုတ်လျှင် အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများက မိုးစက်နတ်ဝင်္ကပါကို အဘယ်ကြောင့် ဆင်မည်နည်း။

“သူ ဘယ်ကိုသွားတယ်ဆိုတာ ဘာလို့ကျွန်မကို လာမေးနေတာလဲ”

ရှီးချီယောင်ကပြုံးလျှက် မေးလိုက်သည်။

သူမ၏စကားကို ကြားလိုက်သောအခါ ထိုလူများထံမှ အေးစက်မှုတစ်ခုထွက်လာပြီး သူမပေါ်သို့ ဖိအားတစ်ခု ကျရောက်သွားတော့မလိုဖြစ်နေသည်။ အနောက်အင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ရှီးချီယောင်၏ဆုံးဖြတ်ချက်ကို သဘောမကျသော်လည်း ထိုအခိုက်တွင် သူတို့သည် ရှေ့သို့ထွက်လာကာ ကြိမ်းမောင်းလိုက်သည်။

“ရိုင်းစိုင်းလိုက်တဲ့ကောင်တွေ”

ရှီးချီယောင်၏မျက်နှာသည်လည်း အေးစက်သွားသည်။ သူမ၏မျက်လုံးများသည် စူးရှလာပြီး ထီမထင်ဟန် ပေါ်လာသည်။ သူမထံမှ ဖျော့တော့သောအေးစက်မှုတစ်ခု ထွက်ပေါ်လာ၏။ သူမက အေးစက်စွာ ပြောလိုက်၏။

“ရှင်တို့ အခုရပ်နေတဲ့နေရာက အနောက်ပင်လယ်ကုန်းမြေထဲမှာဆိုတာ မမေ့နဲ့နော်...”

အနောက်ပင်လယ်ကုန်းမြေသည် အနောင်အင်ပါယာနန်းတော်၏နယ်မြေဖြစ်သည်။ သူတို့သည် အခြားရှေးဟောင်းနတ်ဘုရားကလန်မှ ဖြစ်လျှင်လည်း အနောက်ပင်လယ်ကုန်းမြေတွင် အနောက်အင်ပါယာနန်းတော်၏နတ်မိမယ်ကို စိန်ခေါ်ဝံ့မည်မဟုတ်ပေ။

ထိုကျင့်ကြံသူများသည် မျက်နှာပျက်သွားကြသည်။ သူတို့သည် ဤတစ်ကြိမ်တွင် ကောလာဟလများကြောင့်သာ လာခဲ့ခြင်းဖြစ်ပြီး သူတို့နှင့်အတူ ထိပ်သီးအဆင့် ကျင့်ကြံသူများပါမလာပေ။ ဤအနောက်ပင်လယ်ကုန်းမြေထဲတွင် အနောင်အင်ပါယာနန်းတော်မှ ထိပ်သီးများသာ စစ်ကူအဖြစ်လာခဲ့ပါက သူတို့အတွက် အဆုံးသတ်လှမည်မဟုတ်ပေ။

“အနောက်အင်ပါယာနန်းတော်နဲ့ ရီဖူရှင်းတို့ ပူးပေါင်းသွားပြီဆိုတာ အကုန်လုံးသိသွားအောင် လုပ်ပစ်လိုက်မယ်။ တကယ်လို့ အနောက်အင်ပါယာနန်းတော်က ကောင်းကင်ဒေသရဲ့ ဘုံရန်သူဖြစ်ချင်တယ်ဆိုရင်တော့ တကယ်ဖြစ်လာအောင်လုပ်ပေးရမှာပေါ့”

တစ်စုံတစ်ယောက်က အေးစက်စွာ ခြိမ်းခြောက်လိုက်သည်။

ရီဖူရှင်းသည် ကောင်းကင်ဒေသတွင် ဘုံရန်သူတစ်ဦးဖြစ်သည်ဆိုခြင်းမှာ ချဲ့ကားပြောနေခြင်းမဟုတ်ပေ။ ရီဖူရှင်းသည် ဒွန်ဟောင်အင်ပါယာနန်းတော်၏ရန်သူဖြစ်သော အင်ပါယာရီချင်၏ဆက်ခံသူဖြစ်ကြောင်း လူတိုင်းသိသည်။ ထို့ကြောင့် သူသည်လည်း အလိုလို ကောင်းကင်ဒေသ၏ဘုံရန်သူ ဖြစ်လာသည်။

“သွားစို့...”

ထိုလူများသည် အဝေးသို့ပျံသန်းသွားပြီး ထိုနေရာမှ ဆုတ်ခွာသွားသည်။ မကြာခင်မှာပင် သူတို့အားလုံး ပျောက်ကွယ်သွား၏။ သူတို့မှာ အကျိုးအမြတ်အနည်းငယ်ရခဲ့သော်လည်း အကြီးမားဆုံးအကျိုးအမြတ်ကို ရီဖူရှင်းက ယူသွားခဲ့လေသည်။ သူသည် အင်ပါယာအဆင့်ရတနာတစ်ခုကိုယူ၍ ထွက်ပြေးသွားခြင်းဖြစ်ရပေမည်။

“ဒီကိစ္စမှာ အနောက်အင်ပါယာနန်းတော်က ဘာမှမရခဲ့ဘူး။ ငါတို့က အလကားကူညီပေးလိုက်ရတာပဲ။ ပြီးတော့ ငါတို့က ကောင်းကင်ဒေသက အင်အားစုတွေကို အပြစ်ပြုမိခဲ့ပြီ... ဒွန်ဟောင်အင်ပါယာနန်းတော်ကိုတောင် မကျေမနပ်ဖြစ်သွားစေလောက်တယ်။ ဒါက နတ်မိမယ်လိုချင်တဲ့ ရလဒ်လား”

ရှီးချီယောင်၏ဦးရီးတော်က အေးစက်စက် မှတ်ချက်ပြုလိုက်သည်။

အပြင်လူများထွက်သွားပြီးနောက်တွင် သူသည် ဆက်၍ရိုကျိုးမနေနိုင်တော့ပေ။ သူက သူမကို ချီယောင်ဟုပင် မခေါ်တော့ဘဲ “နတ်မိမယ်” ဟု ခေါ်လိုက်လေသည်။

“ဦးရီးတော်က အစိုးရိမ်လွန်နေတာပါ။ ကောင်းကင်ဒေသက အင်အားစုတွေက ဘယ်တုန်းကများ တရင်းတနှီးရှိခဲ့ကြလို့လဲ။ အခုကိစ္စက ဘာမှပြောပလောက်တဲ့ ကိစ္စမဟုတ်ပါဘူး။ ပြီးတော့ ဒွန်ဟောင်အင်ပါယာနန်းတော်ကလည်း အင်အားစုတွေကြားက ကိစ္စတွေမှာ ဘယ်တုန်းကမှ ဝင်ပါခဲ့တာမဟုတ်ပါဘူး။ ဒီကိစ္စကနေ အနောက်အင်ပါယာနန်းတော်က ဘာမှမရလိုက်ဘူးဆိုတာကိုတော့...”

ရှီးချီယောင်က ပြုံးလိုက်သည်။

“ကျွန်မ လက်မခံဘူး”

“ဟမ့်…”

ဦးရီးတော်သည် မကျေနပ်သေးဘဲ အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ သူက ပြောလိုက်၏။

“ငါ အနောက်အင်ပါယာနန်းတော်ကို ပြန်ရောက်ရင် ဒီကိစ္စကို နန်းတော်သခင်ဆီ တင်ပြရမှာပဲ”

“ဦးရီး‌တော် ကြိုက်သလိုလုပ်လို့ရပါတယ်”

ရှီးချီယောင်က ဤနေရာတွင် ဖြစ်ပျက်ခဲ့သည့် မည်သည့်ကိစ္စကိုမှ အရေးမစိုက်သည့်အလား သိမ်မွေ့စွာပြုံးလျှက် ပြောသည်။

“သွားစို့...”

တခြားတစ်ဦးက ပြောသည်။ သူတို့ ခေါင်းညိတ်လိုက်ကြ၏။ ထို့နောက်တွင် သူတို့သည် လေထုကိုဖြတ်သန်းကာ ထွက်ခွာသွားပြီး အနောင်အင်ပါယာနန်းတော်သို့ ပြန်သွားကြလေသည်။

အနောက်ပင်လယ်၏ထိုနေရာတွင် ခြောက်ကပ်ကပ်ကျွန်းတစ်ကျွန်းသာ ကျန်ခဲ့၏။ ထိုနေရာတွင် နတ်ဆန်သည့် ကိစ္စများဖြစ်ပျက်ခဲ့သည်ဟု ပြောနိုင်လောက်သည့် အရိပ်အယောင်တစ်ခုပင် မကျန်ခဲ့ချေ။ ထိုကျွန်းသည် လုယက်ယူငင်ခံရပြီး‌နောက်တွင် ခြောက်ကပ်ကပ်ကျွန်းတစ်ခုအဖြစ်သာကျန်ခဲ့လေသည်။

ရီဖူရှင်းသည် ရှေးဟောင်းအင်ပါယာနတ်တောင်မှ အမွေအနှစ်ကို ရရှိသွားသည်ဟူသောသတင်းသည် အ‌နောက်ပင်လယ်ကုန်းမြေတွင် လျင်မြန်စွာပျံ့နှံ့သွားပြီး အနောက်ပင်လယ်ကုန်းမြေတစ်ခွင်လုံးကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေ၏။

မကြာသေးခင်ကပင် ရီဖူရှင်းသည် ယင်ကျိုးမြို့တွင် ရုတ်ရုတ်သဲသဖြစ်သွားစေခဲ့သည်။ သူ၏ ကုန်းမြေသခင်အိမ်တော်ကို တိုက်ခိုက်မှုသည် အိမ်တော်မှကျင့်ကြံသူများကို ခြေချုပ်မိသွားစေသည်။ ကုန်းမြေသခင်အိမ်တော်သည် ထိုကိစ္စတွင် မပါဝင်ပေ။ ထို့ကြောင့် သူတို့သည် ရီဖူရှင်းကြောင့် မည်မျှကြောက်လန့်သွားသည်ကို ပေါ်လွင်စေသည်။

ယင်ကျိုးမြို့တွင် ဖြစ်ပျက်သွားခဲ့သောကိစ္စသည် ရီဖူရှင်းကို ကျော်ကြားသွားစေသည်။ သို့သော် ထိုကိစ္စပြီး‌နောက်တွင် ရီဖူရှင်းသည် နတ်မြေပုံကိုရရှိသွားကာ အမွေအနှစ်ကိုယူသွားနိုင်ခဲ့၏။ ထိုကိစ္စမှာ လူအားလုံးကို အံ့အားသင့်သွားစေသည်။ ထိုကိစ္စထဲတွင် တာအိုဘုန်းတော်ကြီးမူက မည်သည့်အခန်းကဏ္ဍမှပါဝင်ခဲ့သနည်း။

မကြာမီမှာပင် အနောက်ကုန်းမြေတစ်ခွင်တွင် အမျိုးမျိုးသော ယူဆချက်များ ထွက်ပေါ်လာ၏။ တာအိုဘုန်းတော်ကြီးမူက နတ်မြေပုံကို ခိုးယူပြီးနောက်တွင် အနောက်အင်ပါယာနန်းတော်သို့သွားခဲ့ပြီး သူတို့နှင့်ပူးပေါင်းလုပ်ဆောင်ရန် ကမ်းလှမ်းခဲ့သည်ဟု အချို့က ဆိုကြသည်။ ထို့နောက်တွင် အနောက်အင်ပါယာနန်းတော်သည် ရီဖူရှင်းကို သူ့တို့အတွက် တာဝန်ထမ်းဆောင်စေပြီး အင်အားပူးပေါင်း၍ အမွေအနှစ်ကို ရယူရန် လုပ်ခဲ့သည်။

ယခုတွင် ရီဖူရှင်းသည် ရယူခဲ့သည်များကို ဝေမျှရန် အနောက်အင်ပါယာနန်းတော်သို့ သွားခဲ့ပြီလော။

ရီဖူရှင်းနှင့် အနောက်အင်ပါယာနန်းတော်၏ နတ်မိမယ်ရှီးချီယောင်တို့၏ ဆက်ဆံရေးသည် လွန်စွာကောင်းမွန်ပေလိမ့်မည်။

သို့သော် ရီဖူရှင်းသည် အနောက်အင်ပါယာနန်းတော်သို့ မသွားပေ။ ယခုတွင် သူသည် ကျိုးရိနတ်တောင်ထိပ်တွင် ရှိနေ၏။ ရီဖူရှင်းသည် တောင်ထွတ်တစ်ခုပေါ်တွင် တိတ်တဆိတ်ရပ်နေ၏။ သူ၏ငွေဖြူရောင်ဆံပင်များမှာ လေထဲတွင် ဝဲလွင့်နေ၏။

ထိုအချိန်တွင် ရီဖူရှင်း၏နောက်တွင် လူတစ်ယောက်ပေါ်လာသည်။ သူက ရီဖူရှင်းကို ခေါ်လိုက်သည်။

“နန်းတော်သခင်...”

ထိုလူကား တာအိုဘုန်းတော်ကြီးမူပင်။

တာအိုဘုန်းတော်ကြီးမူက ခံစားချက်မျိုးစုံရှိနေသော မျက်ဝန်းများဖြင့် ရီဖူရှင်းကိုကြည့်နေသည်။ ရီဖူရှင်းသည် ရှေးဟောင်းအင်ပါယာ၏အမွေအနှစ်ကို ရရှိသွားပြီဆိုသောစကားများ ကျိုးရိမြို့ထဲတွင် ပျံ့နှံ့နေသည်။

“နန်းတော်သခင် အဲဒါကို တကယ်ရခဲ့တာလား”

တာအိုဘုန်းတော်ကြီးမူက ရီဖူရှင်းကို အနည်းငယ်မယုံသင်္ကာဖြင့် မေးလိုက်သည်။

ရီဖူရှင်းသည် ခေါင်းလှည့်ကာ တာအိုဘုန်းတော်ကြီးမူကိုကြည့်လျှက် ခေါင်းညိတ်ပြလိုက်သည်။

“ဟူး...”

တာအိုဘုန်းတော်ကြီးမူက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်သည်။ ရီဖူရှင်းသည် သူအိပ်မက်မက်ခဲ့ရသော နတ်ရတနာကို ရလာပေပြီ။ အကယ်၍ သူ့ဘာသာလုပ်ခဲ့လျှင် ထိုကိစ္စသည် လွန်စွာခက်ခဲသောကိစ္စဖြစ်ပေလိမ့်မည်။ သို့သော် ရီဖူရှင်းမှာ အလွယ်တကူ အောင်မြင်ခဲ့၏။

“အဲဒါက အနောက်အင်ပါယာနန်းတော်လက်ထဲရောက်သွားပြီလား... ဒါမှမဟုတ်....”

တာအိုဘုန်းတော်ကြီးမူက ထပ်မေးလိုက်သည်။ သူသည် ဆက်မမေးသင့်သော်လည်း သူ၏ပြင်းပြသောသိလိုစိတ်က သူ့ကိုထပ်၍မေးစေ၏။ ထိုကိစ္စသည် အလွန်အရေးကြီးသည်။ သို့မဟုတ် ထိုကိစ္စသည် အထူးသဖြင့် သူ့အတွက်အရေးကြီးသည်ဟု ဆိုနိုင်သည်။

“ရှီးချီယောင်က အများကြီးကူညီပေးခဲ့တယ်။ သူရဲ့အကူအညီမပါဘဲ အဲဒါကို အခုလို မြန်မြန်ရနိုင်ဖို့ ခက်ခဲလိမ့်မယ်။ ကျုပ်တို့က မဟာမိတ်ဆက်ဆံရေးပဲ... ဒီတစ်ခေါက် ကျုပ်တို့ နတ်ရတနာကို ရခဲ့တယ်... အဲဒီတော့ အနာဂတ်မှာ အနောက်အင်ပါယာနန်းတော် ရသင့်တာကိုလည်း မှန်မှန်ကန်ကန် ပေးရမှာ‌ပေါ့”

ရီဖူရှင်း ပြန်ဖြေလိုက်သည်။ တာအိုဘုန်းတော်ကြီးမူက ချက်ချင်းသဘောပေါက်သွားသည်။

ထိုအဖြေသည် အပြင်တွင်ပျံ့နှံ့နေသော ကောလာဟလများနှင့် လုံးလုံးကွဲပြားသည်။ အနောက်အင်ပါယာကဦးဆောင်ခဲ့ခြင်းမဟုတ်ဘဲ ရီဖူရှင်းနှင့် နတ်မိမယ်ရှီးချီယောင်တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ဖြင်းဖြစ်သည်။ ရှီးချီယောင်က ရီဖူရှင်း နတ်ရတနာကိုရအောင် ကူညီပေးခဲ့သည်။

ထိုအချက်ကြောင့် ရီဖူရှင်းသည် ဦးဆောင်သူဖြစ်ပြီး နတ်ရတနာသည် အနောက်အင်ပါယာနန်းတော်နှင့်မသက်ဆိုင်ဘဲ သူနှင့်သာသက်ဆိုင်ကြောင်း သိနိုင်၏။

“ဒီမှာ လုပ်ရမယ့်ကိစ္စတွေရော ဘယ်လိုအခြေအနေရှိလဲ”

ရီဖူရှင်းမေးလိုက်သည်။

“အကုန်လုံး လုပ်ထားပြီးပါပြီ”

တာအိုဘုန်းတော်ကြီးမူက ပြန်ဖြေလိုက်၏။

“ဆရာကြီးရဲ့ မိသားစုကို သွားခေါ်မလား...”

ရီဖူရှင်းက ပြောသည်။

“အင်း...”

တာအိုဘုန်းတော်ကြီးမူ ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ဦးသည် မည်သို့မှ ဆက်မပြောတော့ဘဲ တောင်ထွတ်ပေါ်မှ အတူ ပျောက်ကွယ်သွားကာ ကျိုးရိမြို့မှ ထွက်ခွာသွား၏။

သူတို့သည် တာအိုဘုန်းတော်ကြီးမူ၏မိသားစုကို သွားခေါ်ပြီးသောအခါ နောက်တစ်ဆင့်အတွက် စီဝေ့ကြယ်ကောင်းကင်သို့ ပြန်ခဲ့ကြသည်။ နောက်တစ်ဆင့်မှာ အဂ္ဂရိတ်လုပ်ငန်းဖြစ်လေသည်။

***

စီဝေ့ကြယ်ကောင်းကင်ရှိ စီဝေ့အင်ပါယာနန်းတော်သို့ ရီဖူရှင်းသည် တာအိုဘုန်းတော်ကြီမူတို့မိသားစုဖြင့် ပြန်ရောက်လာသည်။

စီဝေ့အင်ပါယာနန်းတော်၏ လက်ထောက်နန်း‌တော်သခင် ရန်ဟောင်ချန်သည် သူတို့ကို ထွက်ကာနှုတ်ဆက်လေသည်။ သူက ရီဖူရှင်းထံသို့လျှောက်သွား၍ ပြောသည်။

“နန်းတော်သခင်ပြန်လာပါပြီလား”

“အင်း...”

ရီဖူရှင်း ခေါင်းညိတ်ပြလိုက်သည်။

“ဒီမှာရော ဘယ်လိုအခြေအနေရှိလဲ”

“အားလုံးကောင်းပါတယ်”

ရန်ဟောင်ချန်က ပြောသည်။

“တုန်းဟွာနန်းတော်ကကိစ္စ ဖြစ်ပြီးသွားကတည်းက အကုန်လုံးက နန်းတော်သခင်တစ်ယောက်တည်း အပြင်ကိုထွက်သွားလို့ စိတ်ပူနေကြတာ။ ဒါပေမဲ့ နန်း‌တော်သခင် ဘေးကင်းကင်းနဲ့ ပြန်ရောက်လာပြီဆိုတာ သိသွားရင် သူတို့လည်းစိတ်အေးသွားမှာပါ”

တုန်းဟွာနန်းတော်တွင် ကုန်းမြေသခင်ရှီဟိုင်သည် အင်အားပြရန် မော့ယွင်ကျီးကို သတ်ပစ်ခဲ့သည်။ ထို့ကြောင့် ရီဖူရှင်းသည် အခြားသူများကို ထွက်သွားခိုင်းလိုက်ပြီး သူက နောက်တွင်ကျန်နေ၏။

“အနောက်ပင်လယ်ကုန်းမြေသခင်အိမ်တော်က တန်ကြေးပြန်ပေးပြီးပါပြီ။ အခုကစပြီး အပြင်သွားရင် ဘယ်သူမှ ကျုပ်တို့ကိုထိရဲမှာ မဟုတ်‌တော့ဘူး”

ရီဖူရှင်းက ယုံကြည်မှုရှိရှိပြောသည်။

“ဒါပေမဲ့ အခု လောကကြီးက ပရမ်းပတာဖြစ်နေပြီး မူလဘုံကလည်း ရှုပ်ထွေးနေတယ်။ ကျုပ်တို့သာ စီဝေ့ကြယ်ကောင်းကင်ကို ဖွင့်လှစ်ချင်ရင် ပိုပြီး သန်မာဖို့လိုလိမ့်မယ်။ ဒီမျှော်လင့်ချက်ကို ခင်ဗျား ပခုံးထမ်းသယ်ဆောင်ရလိမ့်မယ် ရန်ဟောင်ချန်”

“ကျုပ်ကလား...”

ရန်ဟောင်ချန်သည် မူလက အနည်းငယ်အံ့အားသင့်သွားသော်လည်း ရီဖူရှင်းဆိုလိုသည်ကို နားလည်သွားသည်။ သူက ပြုံးလျှက် ပြောသည်။

“ကျုပ်က ပထမကောင်းကင်ကပ်ဘေးကို လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက ကျော်ဖြတ်ခဲ့ပြီးပြီဆိုပေမယ့် ဒုတိယကောင်းကင်ကပ်ဘေးကို မခံနိုင်လောက်သေးပုံပဲ။ အဲဒါက နည်းနည်းခက်ခဲလောက်တယ်”

စီဝေ့ကြယ်ကောင်းကင်တွင် သူ၏ကျင့်ကြံခြင်းအဆင့်သည် အမြင့်ဆုံးဖြစ်သည်။ ရီဖူရှင်းသည် မျှော်လင့်ချက်မှာ သူ့ပခုံးထက်တွင် ရှိသည်ဟု ပြောခဲ့သည်။ ထိုစကားသည် ရီဖူရှင်းက စီဝေ့ကြယ်ကောင်းကင်တွင် သူ့ကို ပထမဆုံး မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်လွှားနိုင်သူ ဖြစ်လာစေရန် မျှောင်လင့်၍ အားပေးခြင်းဖြစ်သည်။

“ရန်ဟောင်ချန်က အခု စီဝေ့လှံကို ကိုင်ဆောင်ရတဲ့သူမလား။ ပြီးတော့ ကြယ်တာရာကျင့်ကြံခြင်းနန်းတော်လည်း ရှိသေးတယ်။ ကျုပ် အင်ပါယာကြယ်ကို ဆွဲပြီး ရန်ဟောင်ချန်ကို ကူညီပေးပါမယ်။ အဲဒီကြယ်ကိုသုံးပြီး အဆင့်တက်နိုင်အောင် ကျင့်ကြံပေါ့။ ရန်ဟောင်ချန်လည်း ကျင့်ကြံနိုင်ဖို့ ယုံကြည်ချက်ရှိလောက်မှာပါ”

ရီဖူရှင်းက ပြောသည်။

ရန်ဟောင်ချန်သည် ရီဖူရှင်း၏စကားများကို ကြားလိုက်သောအခါ မျက်နှာထားထူးဆန်းသွားသည်။ သို့သော် သူသည် ဣန္ဒြေရရ ခေါင်းညိတ်လိုက်သည်။

“နန်းတော်သခင်ပြောတာ မှန်ပါတယ်... ကျုပ်က အသက်အရွယ်ရလာပြီဆိုတော့ သိပ်ပြီးရည်မှန်းချက်မရှိတော့ဘူး။ စီဝေ့ကြယ်ကောင်းကင်က နန်းတော်သခင်ပြန်ရောက်လာတော့ အများကြီးပိုပြီး သက်တောင့်သက်သာရှိလာတယ်”

“ဒါက တာအိုဘုန်းတော်ကြီးမူနဲ့ သူ့မိသားစုပါ။ သူက ကပ်ဘေးအဆင့်ရှိတဲ့ အဂ္ဂရိတ်ဆရာပဲ”

ရီဖူရှင်းသည် တာအိုဘုန်းတော်ကြီးမူကို ရန်ဟောင်ချန်နှင့် မိတ်ဆက်ပေးလိုက်သည်။ ရန်ဟောင်ချန်က အနည်းငယ်အထင်ကြီးသွားပုံပေါ်လေသည်။ သူက တာအိုဘုန်းတော်ကြီးမူကို အနည်းငယ်ဦးညွှတ်လိုက်လျှင် တာအိုဘုန်းတော်ကြီးမူကလည်း ပြန်ဦးညွှတ်လိုက်၏။

“တခြားလုပ်စရာလေးတွေရှိသေးတယ်။ တာအိုဘုန်းတော်ကြီးမူနဲ့ အဖော်လိုက်သွားဖို့ ခင်ဗျားကိုပဲ ကျုပ် ဒုက္ခပေးရတော့မှာပဲ”

ရီဖူရှင်းက ထပ်ပြောသည်။ သူသည် ဤနေရာသို့ လူအချို့ခေါ်လာရန်လိုပြီး သူ့အတွက် တာအိုဘုန်းတော်ကြီးမူကို အဂ္ဂရိတ်ဆရာအဖွဲ့တစ်ဖွဲ့ ဖွဲ့ခိုင်းရပေမည်။

“ကိစ္စမရှိပါဘူး...”

ရန်ဟောင်ချန်က ချက်ချင်းသဘောတူလိုက်သည်။

“ကျင့်ကြံခြင်းနန်း‌တော်ကို အရင်သွားကြတာပေါ့”

ရီဖူရှင်း ပြောလိုက်ပြီး ကျင့်ကြံခြင်းနန်းတော်ဘက်သို့ ထွက်သွားလိုက်သည်။ သူတို့အုပ်စုသည် ကြယ်တာရာကျင့်ကြံခြင်းနန်းတော်သို့ ရောက်ရှိသွားပြီး လူများစွာသည် သူ့ကိုလာနှုတ်ဆက်ကြသည်။

“အစ်ကိုပြန်ရောက်လာပြီပေါ့...”

ဟွာဂျီယူသည် သူ့ထံလျှောက်လာသည်။

“အင်း...”

ရီဖူရှင်းသည် ‌‌ရှေ့သို့လျှောက်၍ သူမ၏လက်ကိုကိုင်လိုက်သည်။ ထို့နောက် သူသည် ဘေးမှလူများကိုကြည့်ကာ ပြောသည်။

“ကျုပ် ခဏလောက် သီးခြားကျင့်ကြံရဦးမယ်... ကျုပ်ကိုစိတ်မပူဘဲ ကိုယ့်ကျင့်ကြံခြင်းကိုသာ အာရုံစိုက်ကြပါ”

အားလုံးသည် သူပြောသည်ကိုကြားလိုက်သောအခါ ရယ်လိုက်ကြ၏။ သူသည် ပြန်ရောက်ရုံသာရှိသေးသော်လည်း သီးခြားကျင့်ကြံချင်နေပေပြီ။ သူတို့သည် ပြုံးလျှက်ခေါင်းခါကာ ဘေးမှဖယ်ပေးရုံသာ တတ်နိုင်၏။

“ကျုပ်နဲ့ လိုက်ခဲ့ပါ”

ရီဖူရှင်းက တာအိုဘုန်းတော်ကြီးမူကို ပြောလိုက်၏။ သူသည် ဟွာဂျီယူနှင့်အတူတွဲလျှောက်နေပြီး တာအိုဘုန်းတော်ကြီးမူက သူတို့နောက်မှ လျှောက်လာသည်။ သူတို့မှာ ကြယ်တာရာကောင်းကင်ထဲရှိ တစ်နေရာသို့ရောက်ရှိသွားသောအခါ ရီဖူရှင်းသည် နောက်လှည့်၍ တာအိုဘုန်းတော်ကြီးမူနှင့်မျက်နှာချင်းဆိုင်လိုက်သည်။

“ဆရာကြီးက ဖန်ဆင်းခြင်းကြာပွင့်ကို ကျင့်ကြံတာမလား... ကျုပ် ဆရာကြီးကို မီးတောက်မဟာလမ်းစဉ် ကျင့်ကြံနည်းတစ်ခုကို သင်ပေးပါမယ်။ ကျုပ်ကို မခုခံပါနဲ့”

“အင်း...”

တာအိုဘုန်းတော်ကြီးမူက လေးနက်သည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး သူ၏အာရုံကို ဖွင့်ပေးလိုက်သည်။ ရီဖူရှင်းထံမှ နတ်အလင်းတစ်ခု ပျံထွက်သွားသည်။ ထိုနတ်အလင်းသည် တာအိုဘုန်းတော်ကြီးမူ၏ မျက်ခုံးနှစ်ခုအကြားကို ဖောက်ဝင်သွားပြီး သူ့ကို ကျင့်ကြံနည်းပေးလိုက်လေသည်။

ခေတ္တမျှကြာပြီးနောက် တာအိုဘုန်းတော်ကြီးမူက သူမျက်လုံးများကို ပြန်ဖွင့်လိုက်၏။ သူသည် ရင်ခုန်မြန်နေပြီး သူ့မျက်ဝန်းများထဲတွင် ‌တောက်ပသောအလင်းတစ်ချက် လက်သွားသည်။

ထိုကျင့်ကြံနည်းသည် မဟာအင်ပါယာထံမှ ရထားသော နတ်နည်းလမ်းဖြစ်သည်။

ရီဖူရှင်းသည် တာအိုဘုန်းတော်ကြီးမူကို ယခုမှ ထိုကျင့်ကြံနည်းကို ပေးခြင်းသည် တာအိုဘုန်းတော်ကြီးမူတစ်ယောက် သူ့မိသားစုနှင့်အတူ စီဝေ့ကြယ်ကောင်းကင်သို့ ရောက်မလာခင်အထိ သူ့ကိုအပြည့်အဝမယုံကြည်ခဲ့၍ဖြစ်သည်။ နောက်ဆုံးတွင် ရီဖူရှင်းသည် တာအိုဘုန်းတော်ကြီးမူကို သူဘက်သားတစ်ဦးအဖြစ် ဆက်ဆံနိုင်သည်အထိ ယုံကြည်လာပြီဖြစ်သည်။ တာအိုဘုန်းတော်ကြီးမူက ထိုအကြောင်းကို နားလည်သည်။ သူတို့သည် တစ်ဦးကိုတစ်ဦး ပုံမှန်မဟုတ်သည့် အခြေအနေဖြင့် သိကျွမ်းခဲ့ရသည် မဟုတ်ပါလား။

“ကျေးဇူးတင်ပါတယ် နန်းတော်သခင်...”

တာအိုဘုန်းတော်ကြီးမူက သူ့ကို ကျေးဇူးတင်စွာဦးညွှတ်လိုက်သည်။ ရီဖူရှင်းသည် သူ့ကိုနတ်နည်းလမ်းတစ်ခု ပေးခဲ့သည်။ သူ့အပြုအမူက သူသည် မည်မျှကြင်နာတတ်သူဖြစ်ကြောင်း ဖော်ပြနေသည်။

“အဲဒီလိုတွေပြောနေစရာမလိုပါဘူး။ ဆရာကြီးနဲ့ ရန်ဟောင်ချန်တို့ကို ခက်ခဲတဲ့တာဝန်က စောင့်ကြိုနေတယ်။ အဲဒီကိစ္စကို အဖုအထစ်မရှိဘဲ အောင်မြင်အောင်လုပ်နိုင်မှရမယ်”

ရီဖူရှင်းက ပြောသည်။

“တကယ်လို့ ဆရာကြီး စည်းရုံးချင်တဲ့ စွမ်းအားကြီးတဲ့သူတစ်ယောက်ယောက်ကို တွေ့ခဲ့လို့ လိုအပ်ခဲ့မယ်ဆိုရင် ဒီနတ်နည်းလမ်းရဲ့တစ်စိတ်တစ်ပိုင်းကို အဲဒီလူကို ပေးလို့ရပါတယ်”

“နားလည်ပါပြီ”

တာအိုဘုန်းတော်ကြီးမူက ခေါင်းညိတ်လိုက်သည်။ ထို့နောက် နောက်လှည့်ကာ ထွက်သွား၏။ သူသည် ရီဖူရှင်းနှင့် ထိုက်တန်သည့် အဂ္ဂရိတ်အဖွဲ့တစ်ဖွဲ့ကိုဖွဲ့ရန် အစွမ်းထက်အဂ္ဂရိတ်ဆရာများကို ကြိုးစားစည်းရုံးရပေမည်။

All Chapters