အခန်း (၄၁-၄၂)
Vol. 5 Ch. 41-42
အပိုင်း(၄၁)
ရှန်းအန်းသည် ရှန်းကျင့်နှင့် စားဖွယ်အချို့ကို ဝေမျှပေးမည်ဟု ကတိပြုပြီး နောက်ဆုံးတွင် အငယ်သုံးယောက်လုံး လိုက်ပါသွားကြ၏။ သူနှင့်သူ့မရီးသည်လည်း လက်ကို ဆေးကြောလိုက်ကြပြီး ညစာစားရန်အတွက် ချန်းမိသားစုဆီသို့ ထွက်လာခဲ့လိုက်လေသည်။
မုန်ညင်းချဉ်စိမ်းနှင့် နေ့လယ်ခင်းက ဝက်သားနှပ်ထဲမှ လက်ကျန်တချို့နှင့်အတူ ညစာဟာ ပွဲတော်ဖြစ်နေဆဲပါပင်။ အသားထဲတွင်စိမ့်ဝင်နေသော အရသာရှိသည့် အစိမ်းရောင်အရွက်များသည် ပန်းကန်တစ်ဝက်ကျော်လောက်သာ ကျန်တော့၏။ ဟင်းရွက်ဟင်းပွဲများမှာ ဝက်အဆီနှင့် မွှေကြော်ထားပြီး အသီးအရွက်များနှင့်အသားများကို ရောထည့်ပေးထားသည်။
အားပါးတရစားပြီးနောက် စန်းလော့သည် ထိုနေ့က ကူညီခဲ့သူအားလုံးကို ကျေးဇူးတင်စကားပြောလိုက်၏။ ထို့နောက် အားလုံးက ကိုယ့်အိမ်သို့ကိုယ် ပြန်သွားကြလေသည်။
ရှန်းနဉ်၊ရှန်းအန်းတို့နှင့်အတူ စန်းလော့သည်လည်း မမှောင်ခင်တွင် နတ်သမီးသစ်ပင်မှအရွက်များအား ဆေးကြောဖို့အတွက် ရေခပ်ရန် လောနေလေသည်။ ပြန်ရောက်သောအခါ ပစ္စည်းများကို ခွဲထုတ်ပြီးနောက် ခြင်းတောင်းထဲရှိ တောဟင်းရွက်များအောက်မှ စွံပလွန်သီး လက်တစ်ဆုပ်စာကို ထုတ်ယူလိုက်ပြီး မောင်နှမနှစ်ယောက်ဆီလို့ ကမ်းပေးလိုက်၏။
ရှန်းအန်းနှင့် ရှန်းနဥ်တို့၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။
"မကြီး၊ စွံပလွန်သီးတွေ ခူးခဲ့တာလား။ ဒီနှစ် မှည့်တောင်မှည့်နေပြီလား"
သူတို့သည် ဤအစားအစာကို တောင့်တသည်မှာ ထင်ရှားသည်။
"အဲဒါတွေက မှည့်နေပြီ။ ချဉ်တာကို သည်ခံနိုင်ရင် စားကြည့်လေ"
သူမက အပြုံးဖြင့်ပြောလိုက်ပြီး တစ်တွဲကို ရှန်းနဉ်ကို ပေးလိုက်ပြီး နောက်ထပ်လက်တစ်ဆုပ်စာကို လှမ်းနှိုက်ကာ ရှန်းအန်းကို ပေးလိုက်သည်။
"မစားခင် အရင်သွားဆေးလိုက်ဦး"
မောင်နှမနှစ်ယောက်လုံး စန်းလော့ကို ကျေးဇူးတင်စကားပြောလိုက်ပြီး ကြည်နူးစွာဖြင့် အပြင်ဘက်သို့ ပြေးသွားကြ၏။
တစ်နှစ်ပတ်လုံးတွင် စားစရာအနည်းငယ်သာရှိသော ရွာမှကလေးများသည် တောင်တန်းများမှရှိသည့် ရာသီစာ တောသစ်သီးများကို အမြဲတမ်းမျှော်လင့်နေကြသည်။ ရွာအနောက်ဘက်ရှိ တောင်ကုန်းတော်တော်များများပေါ်၌ ပေါက်ရောက်နေသော စွံပလွန်သီးများမှာ ချဉ်သော်လည်း အလွန်တောင့်တရသည့်အရာပင်။
အိမ်ထောင်စု၏ အိမ်မှုကိစ္စများနှင့် အလုပ်များနေသော စန်းလော့သည် ယခုနှစ်တွင် ဤစွံပလွန်သီးများနှင့်ပတ်သက်၍ လုံးဝကို မေ့နေခဲ့ခြင်းပင်။
ပုံးတစ်ခုနှင့် အရွက်ခြင်းကို သယ်ဆောင်ရင်း ထွက်လာသော စန်းလော့သည် တစ်ယောက်ကိုတစ်ယောက် ပြုံးပြနေကြသော မောင်နှမနှစ်ယောက်ကို တွေ့လိုက်ရသည်။ စွံပလွန်သီးများကို ကိုင်ထားသောလက်များနှင့် သူတို့၏ဇက်ကလေးများကို ပုထားကြပြီး သူတို့၏ ခန္ဓာကိုယ်သေးသေးလေးနှင့် မျက်နှာလေးများက ရှုံ့မဲ့ကာ တွန့်နေကြပြီး ဝမ်းသာပျော်ရွှင်နေကြလေသည်။
ဤသို့ဖြစ်စေကာမူ သူတို့လေးများသည် ကိုယ့်ဟာကိုယ် ပျော်ရွှင်နေပုံရပြီး တစ်ခုစားပြီးသွားလျှင် နောက်တစ်ခုကိုပါ အခွံခွာနေကြလေသည်။
စန်းလော့ထွက်လာသည်ကို မြင်သော ရှန်းနဉ်သည် စွံပလွန်သီးကိုအခွံခွာပြီး ကျွေးလိုက်၏။ စန်းလော့သည် အခုမှ စားပြီးခဲ့သည်။ သို့သော်လည်း စွံပလွန်သီးများတွင် မှော်ပညာရှိနိုင်သည်။ ထိုအသီးအကြောင်းတွေးလိုက်သည်နှင့် သူမကို သွားရည်ကျလာစေ၏။ ရှန်းနဉ်၏လက်မှ တစ်လုံးကို ယူလိုက်ပြီးနောက် သူမ၏ရှုံ့မဲ့သွားသော မျက်နှာအမူအရာကြောင့် မောင်နှမနှစ်ယောက်မှာ အားရပါးရ ရယ်မောကြလေသည်။
ရှန်းနဉ်သည်နောက်ထပ်တစ်လုံးကို ကမ်းပေးခဲ့သော်လည်း စန်းလော့မှာ ခေါင်းခါလိုက်ကာ
"မယူတော့ဘူး။ နှစ်လုံးဆိုတော်ပြီ။ အဲဒါတွေက အရမ်းချဉ်တယ်။ ကိုယ့်ဘာသာပဲစားလိုက်တော့"
ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် သူတို့လက်ထဲရှိ စွံပလွန်သီးများ မကုန်မချင်း ပျော်ရွှင်စွာဖြင့် ဆက်စားနေကြပြီးနောက် ကျေနပ်စွာဖြင့် အလုပ်လုပ်ကြတော့သည်။
အထဲသို့ပြန်ရောက်သောအခါ ဒုတိယပုံးထဲရှိ အရွက်များကို ဆေးကြောရန်ပြင်ဆင်လိုက်ပြီး ရှန်းအန်းသည် တောဟင်းရွက်များကို ကောက်ရိုးမျှင်ဖြင့် စည်းနှောင်ရန် စီစဉ်လေသည်။ စန်းလော့ ယနေ့အသုံးပြုထားသော ခြင်းတောင်းဆီသို့ ရောက်သောအခါတွင် တောဟင်းရွက်များကို ဖယ်လိုက်ပြီးနောက် ခြင်းတောင်းအပြည့်ရှိသော စွံပလွန်သီးများကို တွေ့လိုက်ရ၏။
ဤအသီးများကို နှစ်သက်သော်လည်း ရှန်းအန်းမှာ ကြက်သေသေသွားခဲ့ပြီး မယုံကြည်နိုင်လောက်အောင်ပင် အသီးများကို သူ၏လက်ဖြင့်တူးဆွလိုက်မိ၏။ ဒါတွေအားလုံးက စွံပလွန်သီးတွေပဲ။
စန်းလော့ဝင်လာသည်တွင် ဝေခွမရဟန်ဖြင့် မျက်နှာကို ချဉ်တူးနေဟန် လုပ်ပြလိုက်ပြီး
"မကြီး၊ ဒီလောက်အများကြီးကို ခူးခဲ့တာလား။ မနက်ဖြန်ကျရင် ဒါတွေ အကုန်လုံးကို သယ်သွားပြီး စုရင်စုမှာ ရောင်းမှာလား"
သူက ခေါင်းကို သွက်သွက်ခါပြလိုက်ပြီး
"ဒီအသီးတွေက အရမ်းချဉ်တယ်။ ဘယ်သူမှဝယ်မှာမဟုတ်ဘူး"
သရေစာအဖြစ်စားသော ရွာမှကလေးများကလွဲ၍ ရှန်းအန်းသည် ဤကဲ့သို့ ချဉ်သောအသီးများအား မြို့သူမြို့သားများနှစ်သက်မည်ဟု တွေးပင်မတွေးနိုင်ပေ။
စန်းလော့က ပြုံးလိုက်ပြီး
"မနက်ဖြန်အတွက်မဟုတ်ပါဘူး။ ပစ္စည်းတစ်ချို့ဝယ်ပြီး ပြန်ရောက်လာတဲ့အခါ သရေစာနောက်တစ်မျိုးကို ပြုလုပ်မယ်။ ဒါဆိုရင် လူတွေ ကြိုက်နှစ်သက်ကြလိမ့်မယ်"
ရှန်းအန်းနှင့်ရှန်းနင် "......"
သဘာဝအားဖြင့် မိန်းကလေးများသာ ချက်ပြုတ်ခြင်းနှင့်ပတ်သက်၍ ပိုပြီးစူးစမ်းချင်ကြသည်။ ရှန်းနဉ်က မေးလိုက်၏။
"ဒါတွေကို ဘယ်လိုလုပ်မှာလဲဟင်"
စန်းလော့သည် လျှို့ဝှက်ထားလိုစိတ်လေး အနည်းငယ်ဖြစ်သွားပြီး ပြုံးလိုက်၏။
"မနက်ဖြန်ကျရင် သိပါလိမ့်မယ်"
လောလောဆယ် အိမ်တွင် သကြားနှင့် အခြောက်လှန်းဖျာမရှိသောကြောင့် မနက်ဖြန် ဈေးမှ ပြန်လာမှသာ ဆက်လုပ်ရန်စီစဉ်ထားပြီး အသီးများကို နောက်ထပ်တစ်ညလောက် ထပ်ထားရန်ဆုံးဖြတ်လိုက်၏။ ရက်အနည်းငယ်အတွင်းမှာ ထိုအရာများသည် မောင်နှမနှစ်ယောက်အတွက် စားစရာဖြစ်လာပေလိမ့်မည်။
စွံပလွန်သီးမုန့်... ဟင်း... အသစ်အဆန်းစားစရာလိုပဲ။ ဒါကလဲ စီရင်စုမှာ ရောင်းကောင်းနိုင်တယ်။ အဲဒါကို အရင်က ဒီနေရာမှာ ရောင်းချတာ မမြင်ဖူးဘူး။ တာရှည်ခံအောင်ထိန်းသိမ်းထားသော အသီးအနှံများနှင့် သရေစာများ ကြွယ်ဝသော သူမ၏ယခင်ဘဝ မိသားစုတွင်ပင် စွံပလွန်သီးမုန့်က ဘယ်တုန်းကမှ မပြတ်လပ်ချေ။
ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြ၏။ သူတို့အတွက်တော့ သူတို့၏မရီး(ယောင်းမ)စန်းလော့သည် ယခုအချိန်တွင် အရည်အချင်းရှိသည့်သူတစ်ယောက်ဖြစ်၏။
အရေးပါတဲ့မိသားစုက ဆင်းသက်လာတယ်။ စာတတ်တယ်။ အသိပညာကြွယ်ဝပြီး သူတို့အိမ်မှာ ဟင်းချက်နည်းစာအုပ်တွေတောင် ရှိသေးတယ်တဲ့။
အကယ်၍ သူမက အရွက်ကနေ အရသာရှိတဲ့ နတ်သမီးတို့ဟူးကို ပြုလုပ်နိုင်တယ်ဆုမှတော့ သဘာဝအတိုင်း စားသုံးလို့ရတဲ့ စွံပလွန်သီးသာဆိုရင်ရော။
ချက်ချင်းပင် သူတို့၏မျက်လုံးများမှာ တောက်ပလာသည်။ ရှန်းအန်းသည် စိတ်လှုပ်ရှားစွာဖြင့်မေးလိုက်၏။
"မကြီး၊ မကြီးရဲ့မိသားစုစာအုပ်ထဲမှာ စွံပလွန်သီးနဲ့ ဟင်းပွဲပြုလုပ်တဲ့နည်းတွေ ရှိလား"
စန်းလော့သည် ခေါင်းညိတ် အတည်ပြုပေးလိုက်၏။ ဟုတ်တယ်လေ။ သူတို့မှာ ပြီးပြည့်စုံပြီး အဆင်သင့်ဖြစ်နေတဲ့ ဆင်ခြေရှိတာပဲ။
မောင်နှမနှစ်ယောက်သည် ရွှင်မြူးနေကြ၏။ ဆိုလိုသည်မှာ နတ်သမီးတို့ဟူးရောင်းခြင်းအပြင် ငွေနှင့်စပါးများ လဲလှယ်ရန် အခြားအရာများကို ရောင်းချနိုင်လေသည်။
"မကြီး၊ ရွာရဲ့အနောက်ဘက်မှာ တောင်ကုန်းတစ်ချို့ရှိတယ်။ မနက်ဖြန် သွားပြီး ခူးလိုက်မယ်"
အနီးနားတွင်ရှိသည်ဟု ကြားလိုက်ရသည်တွင် စန်းလော့က မေးလိုက်သည်။
"အဲမှာ အများကြီးရှိတာလား"
ရှန်းအန်းသည် ခေါင်းခါလိုက်တာ
"အများကြီးတော့မဟုတ်ဘူး။ သုံးပင်လောက်ပဲ။ သားတို့က တောနက်ထဲထိ မဝင်ရဲဘူး"
စန်းလော့က မလုပ်တော့ရန် အကြံပေးလိုက်လေသည်။
"ဒါဆို မခူးနဲ့တော့။ တခြားရွာက ကလေးတွေလဲ မင်းတို့ ကြိုက်သလို ကြိုက်ကြမှာပဲလေ။ သူတို့စားဖို့ သရေစာအဖြစ်ချန်ထားပေးလိုက်။ တောင်တွေဆီကနေ ခူးခဲ့မယ်"
သူမ၏ ယနေ့စူးစမ်းရှာဖွေမှုမှနေ၍ တောင်ပေါ်ရှိနေရာနှစ်နေရာတွင် အများအပြားရှိပြီး မှည့်ပြီး နေ့စဉ်ကြွေကျနိုင်ခြေပိုများသည်ကို သိရှိခဲ့၏။ အစားအစာအတွက်ဖြင့် ရွာရှိကလေးများနှင့် ပြိုင်ဆိုင်ရန်မလိုအပ်ပေ။
ရှန်းအန်းနှင့် ရှန်းနဥ်တို့သည် ထိုနေ့မွန်းလွဲပိုင်းတွင် စန်းလော့၏ တောင်တန်းများထဲသို့ ပို၍နက်ရှိုင်းစွာ စွန့်စားသွားမည်ကို သိလိုက်ရသဖြင့် သူတို့အား စိုးရိမ်မှုအချို့ကို ဖြစ်ပေါ်လာတော့သည်။
စန်းလော့သည် သူတို့ကို စိတ်ချအောင် ပြောပြလိုက်၏။
"ချန်းအဘွားက မြွေနှင်ဆေးမှုန့် ပေးထားတယ်။ အစ်မသွားတုန်းက အဲဒါကို သုံးခဲ့တယ်လေ။ ပိုနက်တဲ့တောင်တန်းတွေထဲ ရောက်နေတယ်ဆိုပေမယ့်လည်း ရွာနဲ့ နီးနေတုန်းပါပဲ။ အဲနေရာမှာ မြွေကလွဲရင် ကြောက်စရာကောင်းတဲ့ တိရစ္ဆာန်တွေမရှိပါဘူး။ ပြီးတော့ ဘောင်းဘီအဖျားကို ချည်ထားပြီးတော့ အမှုန့်တွေလည်းဖြူးထားတာမလို့ လုံခြုံပါတယ်"
သူမသည် ရှန်းအန်းနှင့်ရှန်းနဉ်တို့အား သတိပေးလိုက်၏။
"ညီမလေးတို့နဲ့အတူလိုက်မယ့် လူကြီးမပါပဲ အဝေးကြီးမသွားကြနဲ့နော်"
တောနက်ထဲထိသွားခြင်းသည် မြွေကာကွယ်ဆေးမှုန့်ပင် ပါစေကာမူ အန္တရာယ်များလွန်းသည်။ လမ်းပျောက်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် မျှော်လင့်မထားသည့်အန္တရယ်နှင့် ပက်ပင်းကြုံခြင်းမှာ အမြဲတမ်းဖြစ်နိုင်၏။ အထူးသဖြင့် ဤကလေးနှစ်ယောက်သည် သူတို့အသက်အရွယ် အများစုထက် ပို၍သတ္တိရှိသောကြောင့် စန်းလော့သည် သူတို့အား ပို၍ သွန်သင်ပေးရန် လိုအပ်သည်ဟု ခံစားရ၏။
ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် စန်းလော့၏ အကြံဉာဏ်ကို အလေးအနက်ထားကာ တောနက်ထဲထိမသွားရန် သဘောတူခဲ့ကြသည်။
သိချင်နေဆဲဖြစ်သော ရှန်းနဉ်သည် မေးခဲ့၏။
"မကြီး၊ ဒီလိုချဉ်တဲ့အသီးတွေကို အရသာရှိအောင် ဘယ်လိုလုပ်မှာလဲ"
"သကြားထည့်မှာ" စန်းလော့သည် ပြန်ဖြေလိုက်၏။ "ဒီနေ့တော့ အိမ်မှာ ဘာမှမရှိဘူး။ ဒါပေမယ့် မနက်ဖြန် ဝယ်လိုက်မယ်။ ပြီးရင် အစ်မတို့ စပြီးချက်လို့ရပြီ"
သကြားဟု ဆိုလိုက်သည်တွင် မောင်နှမနှစ်ယောက်လုံးမှာ ထပ်ပြီး သွားရည်ကျလာပြန်သည်။သို့သော် သကြားမှာ အလွန်ပင် ဈေးကြီးမည်လားဟု စိုးရိမ်နေကြပြန်၏။
ဤစိုးရိမ်မှုများကို ခံနိုင်ရည်မရှိပေ။ အိမ်ထောင်စုသည် မောင်နှမများ၏ ကြိုးစားအားထုတ်မှုအပေါ်တွင် မှီခိုမနေတော့ဘဲ ဆန်စပါးတိုင်းကို အသေးစိတ် ရေတွက်ရန်ပင် မလိုအပ်ပေ။
ယခုအချိန်တွင်တော့ အရာရာတိုင်းသည် သူတို့အစ်မကြီး၏ စီမံမှုအောက်တွင် ရှိနေသည်။
နတ်သမီးတို့ဟူးအတွက် ပါဝင်ပစ္စည်းများကို ပြင်ဆင်နေစဉ် တစ်စုံတစ်ခု ပျောက်ဆုံးနေနိုင်သည်ကို သူမ ရုတ်တရက် သဘောပေါက်သွားသည်။ ဘေးပတ်ပတ်လည်ကိုကြည့်လိုက်မှ သတိရသွား၏။
"ရေစစ်ဘယ်မှာလဲ"
သူမသည်ပုံမှန်အားဖြင့် ညတိုင်း လျှော်ဖွပ်ပြီး အိမ်အတွင်းရှိလျှော်ကြိုးတန်းပေါ်တွင် လှမ်းထားလေ့ရှိသည်။ သို့သော် ယနေ့တွင် သူမ မတွေ့ခဲ့သောကြောင့်အခုလေးတင်မှ ပျောက်သွားခြင်းသာ ဖြစ်နိုင်သည်ဟု သဘောပေါက်လေသည်။
"အဲဒါက သားဆီမှာပါ" ရှန်းအန်းက အိတ်ကပ်ထဲမှ နှိုက်လိုက်ပြီး ဖြေလိုက်သည်။
"သားတို့ နေ့လည်စာစားဖို့ တောင်ပေါ်ကဆင်းခဲ့ရပြီး ဘယ်သူမှမရှိဘဲ ထားခဲ့ဖို့က မလုံခြုံလို့။ ဒါကို ဝှက်ထားဖို့လိုတယ်ထင်လို့ ခေါက်ပြီး သားနဲ့အတူ ယူထားလိုက်တာ။ အဲဒါကို ပြန်လှန်းဖို့မေ့သွားတယ်"
စန်းလော့သည် ကောင်ငယ်လေး၏ စေ့စပ်တိကျမှုကို အထင်ကြီးသွား၏။
သူ့ကို လက်မထောင်ပြလိုက်ပြီး
"တော်တယ်။ အစ်မတို့မှာသာ အပိုငွေရှိတယ်ဆိုရင် တံခါးတစ်ချပ်ရနိုင်ပြီး ဒီလာက်အထိ စရာမလိုတော့ဘူး"
……
နောက်တစ်နေ့တွင် အနောက်ဈေး၌ နတ်သမီးတို့ဟူးများကို ရောင်းပြီးနောက် စန်းလော့သည် သကြားညို ပေါင်တော်တော်များများကို ဝယ်လိုက်၏။ တကယ်တော့ သူမကိုယ်တိုင်လည်း လုပ်တတ်ပါတယ်။ အွန်လိုင်းပေါ်မှာ လုပ်နည်းကို လေ့လာခဲ့ပြီး ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်သွားတော့ ဗီဒီယိုတစ်ခုတောင် တင်ခဲ့သေးတယ်။ သို့သော် လက်ရှိအိမ်တွင် အဆင်မပြေမှုများစွာ ရှိနေတာကြောင့် အသင့်စားသကြားကိုဝယ်ကာ အရည်ကျိုပြီး အသုံးပြုခြင်းသည် ပို၍ သင့်လျော်၏။
သူမသည် ချင်ဖန်းညန်နှင့် အရှေ့ဈေးတွင်တွေ့ဆုံခဲ့ပြီး ပစ္စည်းအခြောက်ခံရန်အတွက် ကြီးပြီး ဝိုင်းသော ဝါးဇကောနှစ်ခုနှင့် ဆန်ပြာရန် ဇကောအသေးတစ်ချပ်ကို ဝယ်ခဲ့လိုက်၏။ ထိုအရာသည် ထမင်းခူးခပ်ရာတွင် အသုံးဝင်နိုင်သည်။ မီးဖိုချောင်ကိုပြင်ဆင်ပြီးသည်နှင့် မီးဖိုချောင်သုံးပစ္စည်းများမှာလဲ အဆင်သင့်ဖြစ်နေမည်ဖြစ်သည်။
သေချာတာပေါ့။ ဒီခြင်းတွေကို ချက်ပြုတ်ခြင်းနဲ့လျှော်ဖွပ်တဲ့နေရာမှာ ရေစစ်ဖို့အသုံးပြုတာက တော်တော်လေးကို အဆင်ပြေစေမှာ။
သူတို့ထွက်ခွာခါနီး ဟူမုန့်ဆိုင်နားမှ ဖြတ်သွားစဉ် အမွှေးနံ့က စန်းလော့ကို သတိပေးနေလေသည်။ မနေ့က ရှန်းအန်းနှင့် စကားပြောစဉ်က သူမသည် ဟူမုန့်ကို ထပ်ဝယ်ခဲ့လျှင် သူ့ကိုလည်း နည်းနည်းကျွေးပါဟု ရှန်းကျင့်၏ တောင့်တသံကို ကြားမိလိုက်သည်။
ပြီးခဲ့သည့်အခေါက်က သူမဝယ်ခဲ့သော ဟူမုန့်ကို ရှန်းအန်းနှင့် ရှန်းနဉ်တို့မှာ တစ်ကိုက် နှစ်ကိုက်သာ စားခဲ့ရသည်ကို သတိရလိုက်ပြီး သူမသည်ရွှ င်မြူးစွာဖြင့် ဝမ်သုံးပြားကို ထုတ်လိုက်၏။ စဉ်းစားပြီးနောက် နောက်ထပ် သုံးပြားထပ်ထည့်ကာ အဘိုးအိုထံမှ ဆီစိမ်စက္ကူဖြင့် သေချာထုပ်ပိုးထားသော ဟူမုန့်နှစ်လုံးကို ဝယ်လိုက်လေသည်။
ချင်ဖန်းညန်သည် မကြာသေးမီက သူတို့၏ ကုန်ပစ္စည်းများ အနည်းငယ် တိုးလာသည်ကို သတိပြုမိသောကြောင့် ရွှင်မြူးမိ၏။
နောက်ပြီး သူတို့သည် ပုံမှန်အားဖြင့် နေ့လယ်ခင်းပြီးမှသာ သူတို့၏ဆာလောင်မှုကို ပြေပျောက်စေရန် နတ်သမီးတို့ဟူး နမူနာကို စားကြသည်။ ထို့ကြောင့်ဈေးတွင် စားစရာဝယ်ရန်မလိုပေ။
ဟူမုန့်အတွက်ငွေပေးချေနေသော စန်းလော့ကိုမြင်သောအခါ သူမသည် ပြုံးလိုက်၏။
"ရှောင်အန်းနဲ့နဉ်အတွက် စားစရာထပ်ဝယ်သွားမလို့လား"
စန်းလော့သည် ခေါင်းညိတ်ပြီးထပ်ပြောလိုက်၏။
"မှတ်မိလား အဒေါ်၊ အခုဆိုရင် အိမ်အနောက်ကမြေကွက်ကို ရှင်းလင်းနေတဲ့ ကလေးခုနစ်ယောက်ရှိတယ်။ ဒါကို သူတို့ကိုလဲ မျှဝေပေးဖို့ ပြန်သယ်သွားမှာ"
ထိုစကားက ချင်ဖန်းညန်ကို ထိုနေရာတွင် သူမ၏ကလေးနှစ်ယောက် ရှိနေခြင်းကို အမှတ်ရစေပြီး ခပ်ယဲ့ယဲ့ပြုံးလေသည်။
"အဒေါ့်သမီးလေးကတော့ အပျော်သဘောနဲ့ပါ။ သူက ဘာကို ရှင်းလင်းနိုင်မှာလဲ။ ပြီးတော့ သူတို့အတွက် ဘာလို့သရေစာဝယ်မှာလဲ"
ထို့အပြင် စန်းလော့သည် စုစုပေါင်း ဝမ်ခြောက်ပြား ကုန်ကျသော ဟူ မုန့်နှစ်လုံးကိုဝယ်ခဲ့သည်။ တစ်နေ့လုံး တောဟင်းရွက်ရောင်းရာမှ ဝမ်ခုနစ်ပြားသာရသော ချင်ဖန်းညန်သည် စန်းလော့၏ အလွန်အကျွံရက်ရောမှုကို တွေ့ခဲ့ရ၏။ အထူးသဖြင့် သူမ၏မိသားစုသည် မကြာသေးမီက စန်းလော့နှင့်အတူ အသားနှင့်ထမင်းနှစ်မျိုးလုံးကို မည်သို့ကောင်းစွာ စားသောက်ခဲ့ကြောင်းကို သုံးသပ်မိသည်။ ချင်ဖန်းညန်ကိုယ်တိုင်သည် သူမ၏ကလေးများအတွက် ထိုကဲ့သို့ စားစရာများ ဝယ်ရန်ဝန်လေးနေ၏။
သို့သော် စန်းလော့အတွက်မူ နတ်သမီးတို့ဟူးရောင်းခြင်းမှရရှိသော ပုံမှန်၀င်ငွေသည် ဤကမ္ဘာသို့ရောက်ရှိပြီးနောက် သူမ၏ ကနဦးရုန်းကန်မှုနှင့် နှိုင်းယှဉ်ပါက သူမ၏ နေထိုင်မှုအခြေအနေမှာ သိသိသာသာ တိုးတက်လာ၏။ သူမအား ရက်အတော်ကြာ ကူညီပေးခဲ့ကြတဲ့ ကလေးတွေကို ပျော်ရွှင်စေဖို့ရန် အကြွေစေ့အနည်းငယ်ကို သုံးစွဲခြင်းက သူမကို စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ချေ။
သူမက ပြုံးကာ ရှင်းပြလိုက်၏။
"သူတို့လည်း ကူညီပေးတယ်လေ၊ ပြီးတော့ ဒါကို နေ့တိုင်းဝယ်တာ မဟုတ်ဘူး။ သူတို့ကို ခဏတာ ပျော်ရွှင်အောင် လုပ်ဖို့ပဲလေ"
အမေတစ်ယောက်အနေဖြင့်ချင်ဖန်းညန်သည် မနှိုင်းယှဉ်နိုင်အောင်ပင် ခံစားလိုက်ရသည်။
"ရှင်ကတော့ ဒီကလေးတွေကို တစ်ကယ် အလိုလိုက်နေတာပဲ။ သူတို့အားလုံး ရှင့်နေရာကို သွားကြတာ အံ့သြစရာ မရှိပါဘူး"
"အဒေါ် စိတ်မရှိသရွေ့ပေါ့လို့"
"စိတ်လား။ ဘာကြောင့် သူတို့ ဟူမုန့်စားတာနဲ့ပတ်သက်ပြီး စိတ်ရှိရမှာလဲ"
စကားစမြည်ပြောရင်းရီမောနေကြသော အမျိုးသမီးနှစ်ဦးသည် အရှေ့ဈေးမှ တွန်းလှည်းကို တွန်းလာကာ စီရင်စုမှမထွက်ခွာမီ ဆန်အချို့ကိုဝယ်ယူရန် ဆန်ဆိုင်သို့ဝင်ကြ၏။
……
ရွာကိုပြန်ရောက်သည်နှင့် ရွာအပြင်တွင် ရပ်ထားဖို့လိုအပ်သည်။ တောဟင်းရွက် ရောင်းရာတွင် မလိုအပ်သည့် ရေပုံးများနှင့် မြေအိုးများကဲ့သို့သော် ပစ္စည်းများကို စန်းလော့က ဖြတ်လမ်းမှ အရင်ဆုံး သယ်ပြန်လာလိုက်သည်။ ရေပုံးများထဲတွင်တော့ ဝယ်ပြန်လာသည့် သကြားညိုနှင့် ဟူမုန့်တို့ကို ဝှက်ထည့်လာသည်။
ပစ္စည်းများကို အိမ်တံခါးဝသို့ သယ်ဆောင်လာပြီး စန်းလော့သည် ကလေးများအတွက် ဟူမုန့်နှစ်တုံးဝယ်ရန် ထပ်ဆောင်း၍ ဝမ်သုံးပြားသုံးစွဲခြင်းကို တွေးကာကျေနပ်မိနေလေသည်။
အိမ်ပြန်ရောက်မှသာလျှင် ယနေ့ မြေယာရှင်းလင်းရေးအဖွဲ့သည် ခုနစ်ယောက်မဟုတ်ဘဲ ကလေးရှစ်ယောက်ဖြစ်ကြောင်းကို သိလိုက်ရလေ၏။
မူလအသင်းထဲတွင် ရှိနေသောချန်းအာ့ရှန်သည် လူကြီးများနှင့် ရွှံ့စေးအဝါသယ်ရန်သွားခဲ့ပြီး စန်းလော့ မမှတ်မိသော ကလေးအသစ် နှစ်ယောက်ရှိသည်။ တစ်ယောက်သည် ဟူကျီဟုခေါ်ပြီး နောက်တစ်ယောက်မှာ အားနျိုဖြစ်ကြောင်း ရှန်းအန်းထံမှကြားသိရသည်။
ရှန်းအန်း မကြာခဏပြောပြဖူးသည့် ဟူကျီသည် လုသလန်၏သားဖြစ်ပြီး သူမ အကြိမ်အနည်းငယ်သာ ကြားခဲ့ရသော အားနျိုက လုသလန်၏တူဖြစ်သည်။
လုသလန်သည် အနည်းငယ်ရှက်သွားပြီး ပြုံးကာ ရှင်းပြလေသည်။
"မနေ့က ကျွန်တော် အိမ်ပြန်ရောက်တော့ ရှန်းအန်းနဲ့တစ်ခြားသူတွေ အိမ်အနောက်က မြေကွက်ကို ရှင်းလင်းနေတဲ့အကြောင်း ပြောပြလိုက်တယ်။ ရှန်းအန်းနဲ့ သူငယ်ချင်းကောင်းတွေဖြစ်တဲ့ ဟူကျီနဲ့အားနျိုတို့က ကြားသွားပြီး ဒီနေ့တော့ သူတို့နဲ့ ပါလာကြတာ"
လုမိသားစုနှင့်ရှန်းမိသားစုသည် အိမ်နီးချင်းများဖြစ်ကြသည်။ ယခင်နေ့က ရှန်းမိသားစု၏အိမ်ဆောက်ခြင်းအတွက် အသီးအရွက်များနှင့် ချက်ပြုတ်ထားသော ဝက်သားနှပ်၏အနံ့သည် နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။ ညစာစားပြီးသွားသောအခါတွင် မလွဲဧကန် ဝိုင်းဖွဲ့ပြီး စကားစမြည်ပြောကြ၏။ အားလုံးထွက်သွားပြီးနောက် သူတို့၏မိသားစုနှစ်စုသာ ကျန်လေသည်။ လုသလန်သည် သတင်းကြားထားကြသည့် အိမ်နောက်ဘက်တွင် အလုပ်လုပ်နေသော ကလေးငယ်များကို ခေါ်လာရတော့သည်။
ပုံမှန်အားဖြင့် ရှန်းအန်းနှင့် မရင်းနှီးသောကလေးများသည် ပါဝင်ခြင်းမရှိပေ။ သို့သော် သူနှင့်ကစားလေ့ရှိသောကလေးများသည် ချန်းမောင်နှမများနှင့် ရှန်းကျင့်တို့ကူညီနေကြသည်ကို ကြားခြင်းကြောင့် ပါဝင်ရန် စိတ်အားထက်သန်နေကြ၏။ မနက်ခင်းတွင် သူတို့မိသားစုများအား အသိမပေးဘဲ ကိုယ်ပိုင်ပေါက်ပြားသေးသေးလေးများကို သယ်လာကြ၏။
ရွှံ့အုတ်များလုပ်နေသည့် လုသလန်နှင့် စကားစမြည်ပြောဆိုပြီးနောက် စန်းလော့သည် ကလေးအုပ်စုကို ခေါ်ရန် လှည့်လိုက်လေသည်။ သူတို့ကို ကျေးဇူးတင်စကားပြေားပြီးနောက် ဟူမုန့်ကို ထုတ်ကာ ကလေးများကို ခွဲဝေပေးဖို့ ရှန်းအန်းကို ပေးလိုက်၏။
ရှီအာ့လန်နှင့် အခြားသူများသည် ရွှံ့သယ်ရန် ထွက်သွားကြပြီး ထိုအရာကို မမြင်ရသော်လည်း လုသလန်မှာ သိသိသာသာ အံ့အားသင့်သွားခဲ့သည်။
ရိတ်သိမ်းချိန်ကာလ၌ စီရင်စုတွင် ရံဖန်ရံခါ လက်တိုလက်တောင်း ကြားပေါက်အလုပ်များ လုပ်လေ့ရှိကြသော ဤလူများသည် ဟူမုန့်များ၏စျေးနှုန်းကို ကောင်းစွာသိရှိကြ၏။ ကလေးတစ်အုပ် စားဖို့အတွက် ဟူမုန့်နှစ်တုံးကို ဝယ်ခဲ့တယ်တဲ့လား။
လုသလန်သည်အံ့ဩမှုကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားပြီး
ပြန်ပိတ်ရန်ပင် မတတ်နိုင်ပေ။
" စွံပလွန်မုန့်နှင့် တို့ဟူးအတွက် သူ့အစီအစဉ်ကို စဉ်းစားလိုက်ပြီး စန်းလော့၏စိတ်ထဲတွင် အခြားအကြံအစည်အချို့ရှိ၏။ အခြားရွာသားများကို သတိထားနေချိန်တွင် သူမသည် ကူညီရန်လာရောက်သော ရှီနှင့်လု မိသားစုများနှင့် ပိုမိုပွင့်လင်းရပေသည်။
ရှန်းအန်းထံသို့ ဟူမုန့်ကို လှမ်းပေးလိုက်ပြီးနောက် အနီးနားတွင် ချန်းအာ့ရှန်ကို မမြင်မိသောကြောင့် ချန်းအာ့ရှန်အတွက် တစ်ပိုင်းချန်ထားရန် သတိပေးလိုက်၏။ ထို့နောက် ပုံးများကို အထဲသို့နေရာချပြီးနောက် ချင်ဖန်းညန်သည် ရွာထိပ်တွင် သူမကိုစောင့်နေသောကြောင့် လုသလန်ကို နှုတ်ဆက်ကာ ထွက်ခွာလေသည်။
လုသလန်သည် ယခင်ညနှင့်ယနေ့၏ အစားအစာများကို ပြန်စဉ်းစားနေ၏။ နေ့လည်တွင် အသီးအရွက်နှင့် ဝက်ဗိုက်သားနှပ်လောက် အလွန်အကျွံမဟုတ်သော်လည်း တစ်နပ်ချင်းစီတိုင်းသည် လုံလောက်၏ - မနေ့ညက အသား၊ ဒီနေ့က ပြုတ်ပြီးချက်ထားတဲ့ဝက်အသည်း - ရွာမှာရှိတဲ့တခြားအိမ်တွေရဲ့ ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ ပုံမှန်အသားချပ်တွေနဲ့ မတူဘူး။
အထူးသတိမထားမိသော်လည်း လုသလန်သည် တောဟင်းရွက်များရောင်းချခြင်းအပြင် စန်းလော့ထံတွင် ကိုယ်ပိုင်ငွေရှာနိုင်သည့် နည်းလမ်းများ ရှိနိုင်ကြောင်း စတင်သိရှိလာသည်။ ဒီရက်ပိုင်း သူတို့နှင့်အတူ စီရင်စုသို့သွားရောက်နေသော ချင်ဖန်းညန်နှင့် ချန်းမိသားစုမှ စီစဉ်ပေးသည့် အလုပ်များအား တွေးကြည့်သောအခါ သူ၏သံသယများမှာ ပိုပိုတိုးလာလေ၏။
စိတ်ထင်နေမိသည့်တိုင် အာရုံစူးစိုက်မှုကို ရှောင်ရှားရန် လမ်းကြားလေးမှ ပြန်လာသည့် စန်းလော့ကို မြင်မိတော့ လုသလန်သည် စန်းလော့မှာ သူမ၏ကိစ္စရပ်များကို လူသိရှင်ကြား ထုတ်ဖော်ရန် မလိုလားခြင်းဖြစ်မည်ဟု သုံးသပ်လိုက်ပြီး ထိုအကြောင်းကို ပြောဖို့ အလိုလိုပင် မစဉ်းစားမိတော့ချေ။
ကလေးများအနေနှင့် ဤကိစ္စများအားမစဥ်းစားနိုင်ဘဲ သူတို့၏မျက်လုံးများသည် ရှန်းအန်း၏လက်ထဲမှ ဟူ မုန့်ကိုသာ စူးစိုက်ကြည့်နေကြသည်။
ရှန်းကျင့်သည် အလွန်ဝမ်းသာသွားပြီး ရှန်းအန်းအနားတွင် အမြီးလေးကဲ့သို့ ရစ်သီရစ်သီဖြင့် ပျော်ရွှင်စွာခုန်ပေါက်လုနီးပါး ဖြစ်နေ၏။
……
စန်းလော့နှင့်ချင်ဖန်းညန်တို့ ရွာသို့ပြန်ရောက်လာသောအခါ ရွာသားများသည် အခြေခံစားသောက်ကုန်များ၊ ဈေးကြီးသော မီးဖိုချောင်သုံး ဝါးနှင့်လုပ်ထားသည့် ပစ္စည်းအနည်းငယ်နှင့် ဟောင်းနွမ်းနေသော ကျောပိုးအိတ်အဟောင်းအချို့ကိုသာ တွေ့လိုက်ကြသည်။
သူတို့ မသိကြသည်က တောင်ပေါ်တွင် အလုပ်လုပ်နေကြသည့် ကလေးရှစ်ယောက်မှာ စိတ်ဓာတ်တက်ကြွနေကြပြီး ရွှံသယ်ရာမှ ပြန်ရောက်လာသည့် ချန်းအာ့ရှန်ပါလျှင် စုစုပေါင်း ကိုးယောက်ရှိနေလေသည်။
ကလေးကိုးယောက်လုံး လက်ဆေးပြီးနောက် ဟူမုန့်များ မျှဝေရန် စုဝေးလိုက်ကြပြီး နှစ်သစ်ကူးပွဲများထက် ပိုထူးကဲသော ပျော်ရွှင်စရာ အခိုက်အတန့်ပင်ဖြစ်လေသည်။
"ရှန်းကျင့်က ဒီနေ့လက်ဆေးခဲ့လား"
ဟုတ်ပါသည်။ အကြောင်းမှာ ပုံးများနှင့်ပြန်ရောက်လာသည့် စန်းလော့က မုန့်များကို ထုတ်လိုက်ပြီး ရှန်းအန်းကို ခွဲဝေခိုင်းလိုက်ခြင်းကြောင့်ပင်။ သူမက အထူးသဖြင့် မုန့်တွေမဝေမျှခင်မှာ လက်အရင်ဆေးဖို့ရန် ပြောခဲ့တာကြောင့်ဖြစ်၏။
ရှန်းအန်းသည် ရှန်းကျင့်အား လက်ဆေးရန်မဖျောင်းဖျနိုင်သော်လည်း စန်းလော့၏စကားများသည် အံ့ဩစရာကောင်းလောက်အောင်ပင် ထိရောက်လေသည်။
သေချာတာပေါ့။ အဲဒါတွေက ထိရောက်တယ်လေ။ ရှန်းကျင့်ရဲ့ မျက်လုံးထဲတွင်တော့ သူ့မရီးသည် မယုံကြည်နိုင်လောက်အောင် စေတနာကောင်းတာကိုး။
သူမက တကယ်ပဲ ဟူမုန့်ကိုတောင် ဝယ်ခဲ့ပေးတယ်။
သူ့မှာ ဒီဟူမုန့်ကို တောင့်တနေတာ ကြာပြီလေ။
ငယ်ရွယ်သော ရှန်းကျင့်သည် "စေတနာ"၏ အဓိပ္ပာယ်ကို သေချာနားမလည်သော်လည်း အယူအဆကို ရိပ်ဖမ်းသံဖမ်းတော့ ရှိပေသည်။
သူ့မရီးသာ တစ်ချက်ပြောလိုက်။ လက်ဆေးရုံတင်မဟုတ်ဘူး။ သူမက သူ့ကို မုန့်မစားခင် မျက်နှာသစ်၊ ပါးစပ်ဆေး၊ တောင်ကျစမ်းရေထဲမှာ ခေါင်းနှစ်ခဲ့လို့ ပြောရင် သူက အားလုံးကို လုပ်ပစ်မှာပဲ။
အဲလိုပြောဖို့ အခွင့်အာဏာ သူမမှာ ရှိတယ်လေ။
ရှန်းအန်း "......"
...
အပိုင်း (၄၂)
နေ့လည်ခင်းတိုင်းတွင် ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် နတ်သမီး သစ်ရွက်များကို တိတ်တိတ်ကလေး သွားခူးလိုက်ကြသည်။ ရှန်းမိသားစုအိမ်တွင် နေ့လည်စာ စားပြီးနောက် စန်လော့၏ပထမဆုံးအလုပ်မှာ စွံပလွန်သီးများကို မုန့်လုပ်ရန်ပင်ဖြစ်လေသည်။
ဟူပင်းမုန့်နှစ်ခုကြောင့် သက်ကယ်တဲနောက်က ကလေးများသည် တက်ကြွလန်းဆန်းနေကြကာ သူတို့အတွက် ဟူပင်းမုန့် ဝယ်လာပေးသည့် သူတို့၏မရီး စန်းလော့အကြောင်းကို အထူးတလည် သိချင်နေကြလေသည်။
သူတို့သည် သိချင်စိတ်များဖြစ်လာသလောက် ပိုပြီးတော့လဲ ရင်းနှီးလာချင်ကြလေသည်။
ကလေးများက ရှက်ရွံ့ကာကြောက်ရွံ့နေကြပြီး ဘယ်သူကမှ သူမထံ မချဥ်းကပ်လာရဲပေ။
ဒီအခြေအနေက အသစ်ရောက်လာသည့် ကလေးနှစ်ယောက်အတွက်လဲ ချွင်းချက်မဟုတ်ပေ ။အမှန်တွင်တော့ ရှန်းအန်း၊ ရှန်းနဥ်နှင့် မုန့်စားပြီးသွားသဖြင့် ရွှံ့များကိုသွားတူးပေးနေသည့် ချန်းအာ့ရှန်တို့ကလွဲရင် ကျန်ကလေးများက ထိုနည်းတူစွာရှိန်နေကြလေသည်။ အထူးသဖြင့် ရှန်းကျင့်ပင်။
ရှန်းကျင့်တစ်ယောက်သည် ဟူပင်းမုန့်၏အရသာရှိလှသည့် အစားအသောက်ကို မမေ့နိုင်ခဲ့ချေ။ စန်းလော့ ပြန်လာသည်ကို မြင်လိုက်သည်တွင် ဘောင်းဘီထဲသို့ ပုရွက်ဆိတ်ဝင်နေသလို ဂနာမငြိမ်ဖြစ်နေပြီး သူမကို ခိုးကာကြည့်နေလိုက်လေသည်။ သို့သော်ငြား သူမကတော့ သူ့ကိုလစ်လျူရှုထားပြီး သက်ကယ်တဲလေးထဲသို့ တန်းဝင်သွားလိုက်လေသည်။
ရှန်းကျင့်က သူ့ခြေထောက်များကို ရှက်တိုက်ပြီး လျှောက်လာလိုက်သော်လဲ မသိမသာလေးသာဖြစ်ရာ လုံးဝရွေ့မလာသလောက်ပင်။
သို့သော်ငြား ရှန်းအန်းသည် မည်သူမို့ပါနည်း။ သူသည် ရှန်းကျင့်၏အကြံစည် သေးသေးလေးကို ချက်ချင်းပင် သတိထားမိသွားကာ ရှေ့သို့တလှမ်းလှမ်းနေရင်းမှ ရှန်းကျင့်ကို ပြန်ဆွဲခေါ်လာလိုက်လေသည်။
"မင်းဘာတွေကြံစည်နေတာလဲ၊ ကိုယ့်အလုပ်ကို ပြန်သွားလုပ်တော့ ဘာဘဲဖြစ်ဖြစ် မင်းအဲ့ဒီကိုမသွားရဘူး။ ငါ့မရီးက မနက်မိုးလင်းလာကတည်းက ချီယန်စီရင်စုကို သွားခဲ့တာ အခုအရမ်းပင်ပန်းနေပြီ အနားယူဖို့လိုတယ် မင်းသူ့ကိုသွားမနှောက်ယှက်နဲ့”
အမှန်တွင်တော့ သူ့မရီးက ထိုနေ့လည်ခင်းတွင် စွံပလွန်သီးများကို မုန့်လုပ်မည်မှန်း ရှန်းအန်း ကောင်းကောင်းသိပေသည်။
စွံပလွန်သီးတွေက ဘယ်လိုလုပ်ပြီး အရသာရှိတဲ့ပစ္စည်းတခု ဖြစ်လာနိုင်မှာလဲ။ ရှန်းအန်းမှာ ထိုအကြောင်းကို အကြိမ်ကြိမ်စဥ်းစားမိသော်လဲ စဥ်းစားလို့ မတတ်နိုင်ချေ။
သို့သော်ငြားလဲ ဒါသည် သူ့မရီးမိသားစု၏ လျို့ဝှက်လုပ်နည်းဖြစ်ရာ သူသည် ရှန်းကျင့်ကို အထဲဝင်ခွင့်မပေးနိုင်ပေ။ ထို့ကြောင့် ရှန်းအန်းသည် ရှန်းကျင့်ကို အထူးတလည် သတိဖြင့် စောင့်ကြည့်နေလေတော့သည်။
ရှန်းကျင့်ကတော့ မြေကြီးကို ပေါက်ပြားနှင့်ဆက်ပေါက်နေပြီး စိတ်ရှုပ်ရှုပ်ဖြင့် ကျောက်တုံးများကို ကောက်ယူနေလေသည်။ သူသည် အမှန်တွင်တော့ သူမ အနားသို့ မချဥ်းကပ်ရဲပါချေ။
သူက မရီးစန်းလော့ကို သူ သစ္စာရှိကြောင်းဘဲ ပြသချင်တာပါ။ သူမနဲ့ ရင်းနှီးအောင်လုပ်ပြီးတော့ သူ့အပေါ်အရင်က ရှိနေတဲ့ မကောင်းတဲ့အမြင်တွေကို ပြောင်းလဲပစ်စေချင်တာ။
မသွားရဘူးဆိုတော့လဲ ကောင်းတာပါဘဲ။ မရီးစန်းလော့က လေးနက်လာတဲ့ အချိန်မှာဆိုရင် ကြောက်စရာနဲနဲတော့ ကောင်းတယ်။ ငါ သူမကို သွားမရှုပ်ရဲပါဘူး။
စန်းလော့သည် အမှန်ပင် စွံပလွန်သီးမုန့်ကို ပြုလုပ်နေပေသည်။ အပြင်ဖက်က စပ်စုနေကြသည့်မျက်လုံးများကြောင့် သူမက အပြင်ထွက်မလာဘဲ အထဲတွင်သာ မုန့်များကို ဇကာ နှစ်ခုစာပြုလုပ်လိုက်ပြီး အိမ်ထဲသို့ရေနှစ်ပုံးခပ်လာခဲ့လေသည်။ ထို့နောက်တွင် သက်ကယ်တဲ၏ တံခါးလေးကိုပိတ်လိုက်ကာ နောက်ဆက်တွဲ လုပ်ရမည့်အလုပ်များကို ဆက်လုပ်လိုက်လေသည်။
စွံပလွန်သီးမုန့်ပြုလုပ်ခြင်းက ခက်ခဲသည်တော့ မဟုတ်ပေ။ တောင်ပေါ်တွင်နေစဥ်ကလဲ ဒါသည် စန်းလော့က နှစ်တိုင်းသူမအတွက် ပြုလုပ်နေကြ မုန့်တမျိုးဖြစ်ပေသည်။ သူမက ပမာဏ တော်တော်များများကို ပြုလုပ်ထားပြီး အခြောက်ခံကာ ဗူးများထဲတွင် ထည့်ပြီး သိမ်းထားလိုက်သည်။ အာဟာရဖြစ်ပြီး သန့်ရှင်းကာ အရသာရှိသည့်မုန့်တစ်ခုပင်။ ပြည့်စုံလုံလောက်သည့် ပါဝင်ပစ္စည်းများ ရှိနေသဖြင့် စွံပလွန်သီးမုန့်က သူမအကြိုက်ဆုံး မုန့်များထဲကတစ်ခု ဖြစ်လာခဲ့သည်။
အခုတော့မတူညီသည့် နေရာတစ်ခုတွင်လဲ စန်းလော့သည် စွံပလွန်သီးများကို လုပ်ရာတွင် ကျွမ်းကျွမ်းကျင်ကျင် ရှိလှပေသည်။ စွံပလွန်သီးများကို ဆေးကြောလိုက်ပြီး ဆူပွတ်အောင်တည်ကာ အခွံခွာလိုက်၏။ ထို့နောက် အစေ့ထုတ်ထားလိုက်၏။ ထို့နောက်တွင် စွံပလွန်သီးများကို အရည်ဖျော်ထားသည့် သကြားညိုနှင့် ဖြေးဖြေးချင်း ရောနှယ်လိုက်၏။ စွံပလွန်သီးမုန့်မှာ လက်တွေ့ကျကျပင် ပြီးဆုံးသွားလေသည်။ ဒါသည် လုပ်အားထက် ကျွမ်းကျင်မူကို ပိုပြီးလိုအပ်ပေသည်။
သူမက မနက်ခင်းက ပြင်ဆင်ထားသည့် ဇကာများကို ထုတ်လာပြီး ဇကာများပေါ်တွင် လက်တဆုပ်စာ စွံပလွန်သီးများကို နေရာချထားလိုက်သည်။ စွံပလွန်သီးများက စိုစွပ်ပြီး ပျော့ပျောင်းနေစဥ်တွင် သူမက စွံပလွန်သီးအနှစ်များကို အဝိုင်းပုံသဏ္ဍန် လက်ဖြင့် ပုံဖော်လိုက်သည်။
ဇကာနှစ်ခုကို အပြည့်ထည့်လိုက်ပြီးနောက် အခွံနှင့် အစေ့များကို အိတ်ထဲထည့်လိုက်ကာ စန်းလော့သည် နောက်ဆုံးတော့ သက်ကယ်တဲ၏တံခါးကို ဖွင့်ကာထွက်လာခဲ့လေသည်။
အခြောက်လှမ်းသည့် စင်မရှိသဖြင့် အိမ်ထဲက ကုလားထိုင်အားလုံးကို ထုတ်ကာအပေါ်တွင် အိပ်ယာခင်းပျဥ်းပြားဖြင့် ခင်းလိုက်ပြီး သင့်တော်သည့် သစ်ကိုင်းတချို့ကို ယူကာ သဘာဝကျကျပြုလုပ်ထားသည့် အခြောက်လှမ်းစင်တခုကို ပြုလုပ်လိုက်လေသည်။ ကျောက်တုံးကြီးတခုဖြင့် အခြေခိုင်မာမှုကို စမ်းသပ်ပြီးနောက် သူမက ဇကာများကို သယ်ထုတ်လာပြီး အပေါ်တွင် တင်ထားလိုက်သည်။ သုံးရက်ကြာပြီး နောက်တွင်တော့ စွံပလွန်သီးမုန့်များက အဆင်သင့် ဖြစ်နေပေလိမ့်မည်။
ရွှံ့များကို သယ်လာပြီး အခုလေးတင်မှ ပြန်လာကြသည့် လုသလန်နှင့် ရှီအာ့လန်တို့သည် စန်းလော့က သစ်ကိုင်းခြောက်များပေါ်တွင် တခုခုတင်ပြီး အခြောက်လှမ်းနေသည်ကို မြင်လိုက်ရသော်လည်း ထိုအရာက ဘာဖြစ်နေမှန်းကိုတော့ သူတို့လဲ မသိနိုင်ပေ။
နှစ်ယောက်စလုံးက သင့်တင့်လျှောက်ပတ်သည့် လူ့ကျင့်ဝတ်တခု ရှိလေရာ ထိုအရာများက ရောင်းမထွက်သွားသည့် ဒရင်ကောက်ပင်များဟု မှတ်ယူလိုက်လေသည်။ သူတို့၏ ဇနီးများကလဲ နှစ်စဥ် ဒရင်ကောက်ပင်များကို အခြောက်လှမ်းကာ ဆောင်းတွင်းအတွက် သိမ်းထားတက်ကြပြီး ရေထဲတွင်စိမ်ကာ ပေါ့ပေါ့ပါးပါး ဟင်းတနှပ် ပြုလုပ်တက်ကြလေသည်။
ဒီအလုပ်များကိုပြီးသွားသည့်နောက် စန်းလော့က ခြင်းအလွတ်တလုံးကို ယူလိုက်ပြီး သူ့မ၏ဘောင်းဘီခြေထောက်ကို ချည်လိုက်ကာ မြွေနှင်သည့် အမှုန့်များကို ဖြူးလိုက်ပြီး တောင်ပေါ်သို့တက် သွားလေတော့သည်။
စွံပလွန်သီးများကို ရှာတွေ့ထားသဖြင့် သူမက ချန်းမိသားစုအိမ်သို့သွားကာ ဝဥတူးရန်အတွက် ပေါက်ပြားတခုကို မငှားလိုက်တော့ပေ။ အိမ်ပတ်ဝန်းကျင်တွင် လူဆယ်နှစ်ယောက်ကျော်လောက် ရှိနေသည့်အတွက် အခန်းထဲတွင် စွံပလွန်ပလီးလုပ်ရခြင်းက ပိုပြီးတော့ အဆင်ပြေလေသည်။ သို့သော်ငြား ဝဥ ကတော့ ထိုမျှလောက် အဆင်ပြေလိမ့်မည် မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ဒီရက်ပိုင်းတွင် အလျှင်မလိုသဖြင့် သူမက အိမ်ဆောက်ပြီးသည် အထိစောင့်ရန်ဆုံးဖြတ်လိုက်လေသည်။
ရှန်းအန်း နှင့် ရှန်းနဥ်တို့ကို လိုအပ်သည်များ မှာကြားပြီးနောက် ရှီအာ့လန်နှင့် တခြားသူများကို နူတ်ဆက်လိုက်ကာ စန်းလော့သည် တောင်ပေါ်ထဲသို့ ဝင်သွားတော့သည်။
မနေ့က လမ်းအတိုင်း ဝင်လာခဲ့သည်နောက်တွင် စန်းလော့သည် သစ်တောထဲသို့ ပိုပြီးတော့နက်အောင် ဝင်သွားလေသည်။ သူမက ခြင်းထဲတွင် ကြာရွက်များဖြင့် ထုတ်ထားသည့် စွံပလွန်စေ့များကို ဖယ်လိုက်ကာ သစ်ရွက်ဆွေးများ များပြားလှသည့် နေရာတခုတွင် မြုပ်ထားလိုက်ပြီး ကျောက်တူရွင်းဖြင့် တွင်းလေးတခုကို တူးလိုက်လေသည်။ စွံပလွန်သီး အစေ့များကတော့ ပြုလုပ်နည်းအဆင့်ဆင့်ဖြင့် ရရှိလာနိုင်သည့်ဆေးဝါးအမျိုးအစား တမျိုးဖြစ်ပေသည်။
ပြုလုပ်နည်းအဆင့်ထဲတွင် အခြောက်ခံခြင်းကလဲ တခုအပါအဝင်ပင်။ သို့သော်ငြား အစေ့များကို အိမ်တွင် အခြောက်ခံခြင်းက မသင့်တော်ချေ။ လူများက စွံပလွန်သီးမုန့် ပြုလုပ်သည်ကို မမှတ်မိနိုင်သော်လည်း စွံပလွန်သီးအစေ့များကိုတော့ အလွယ်တကူ မှတ်မိနိုင်ပေသည်။ ရွာထဲက လူတိုင်းက စွံပလွန်သီးများကို စားကြသည်။ စန်းလော့၏ ဒေသသည်လျှင်ပင် တောင်ပိုင်းစွံပလွန်သီးကို ဝူးရန်အသီးဟုသိကြပြီး အစေ့မှာ အလွန်မှ ထင်သာမြင်သာ ရှိလှလေသည်။
ထို့ကြောင့်စန်းလော့က အစေ့များကို မပြုလုပ်တော့ဖို့ ဆုံးဖြတ်လိုက်၏။ သူမက ညနေပိုင်းတွင် အစေ့များကို သေချာဆေးပြီး အခြောက်ခံရန် စဥ်းစားထားလိုက်သည်။ ထို့နောက် အစေ့များကို အဝတ်အိတ်ထဲတွင် ထည့်သိမ်းထားလိုက်ပြီး နောက်တနေ့မြို့သို့ တက်သည့်အခါမှ ဆေးဆိုင်တွင် ရောင်းလို့ ရ မရ စုံးစမ်းရပေမည်။
စန်းလော့သည် တောထဲတွင် စွံပလွန်သီးများကို ဆက်ပြီးတော့ကောက်လိုက်၏။ သဘာဝ၏ ပေါများကြွယ်ဝခြင်းကို အပြည့်အဝ အသုံးချသင့်ပေသည်။ အထူးသဖြင့် စွံပလွန်သီး ရာသီမှည့်ချိန်တွင် အသုံးဝင်သည်။
စွံပလွန်သီးမုန့်လုပ်ရာတွင် အသုံးပြုရသည့် အချိန်ကို စဥ်းစားပြီးနောက် စန်းလော့သည် စွံပလွန်သီးများကို ခြင်းအပြည့်ကောက်လာကာ ပြန်ရောက်လာချိန်တွင်တော့ ညနေခင်းရောက်နေပြီ ဖြစ်သည်။သက်ကယ်တဲ ပတ်ဝန်းကျင်က စည်ကားနေသည့် အခြေနေကလဲဘဲ ငြိမ်သက်သွား၏။ ရှန်းအန်းနှင့် ရှန်းနဥ်တို့ နှစ်ယောက်သာ သူမကို စောင့်စားရင်း အပြင်ဖက်တွင် အလုပ်များနေကြလေသည်။
စန်းလော့ပြန်လာသည်ကို မြင်လိုက်သည်တွင် မောင်နှမ နှစ်ယောက်က စိတ်အေးသွားကာ သက်ပြင်းချလိုက်သည်။ သူတို့၏ တူရွင်းများကို ချထားလိုက်ကာ သူမကို နူတ်ဆက်လိုက်ကြလေသည်။
"မကြီး အဝေးကြီး သွားခဲ့တာလား"
တောင်များထဲသို့ ဝင်သွားသည်ဖြစ်ရာ မှောင်လာသည့်တိုင်အောင် သူမ၏ အရိပ်အယောင်မမြင်ရသဖြင့် မောင်နှမ နှစ်ယောက်မှာ အလိုလို စိတ်ပူလာကြလေသည်။
စန်းလော့က ပြုံးကာပြောလိုက်၏။
"ရပါတယ် မနေ့ကထက်နဲနဲလေး ပိုပြီးတော့ အတွင်းအထိသွားလိုက်တာ"
ရှန်းနဥ်က စိုးရိမ်စိတ်ဖြင့် မျက်မှောင်ကျုံ့လိုက်ပြီး "မကြီးရယ် နောက်ကျနေရင် တော အနက်အထဲထိ မသွားပါနဲ့၊ ညပိုင်းဆိုရင် တောင်ဖက်က အန္တရာယ်များတယ်"
"အေးပါနောက်တခါကျရင် ငါ ဂရုစိုက်ပါ့မယ်"
စန်းလော့က သူတို့နှစ်ယောက်ကို နွေးနွေးထွေးထွေးဖြင့် အာမခံပေးလိုက်ပြီး ဘေးဘီကိုကြည့်လိုက်လေသည်။
"အားလုံးက ညနေစာ သွားစားကြပြီလား နင်တို့နှစ်ယောက်က ဘာလို့ လိုက်မသွားတာလဲ"
ရှန်းအန်းက ပြုံးကာပြောလိုက်၏။
"ကျွန်တော်တို့ ဗိုက်မဆာသေးလို့ပါ ကျွန်တော်တို့ မကြီးကို စောင့်ချင်တာလဲ ပါတယ်"
သူက ခြေဖျားထောက်လိုက်ပြီး စန်းလော့နောက်က ခြင်းကိုချောင်းကြည့်လိုက်ကာ တီးတိုးပြောလိုက်လေသည်။
"အပေါ်မှာတော့ တော်ဟင်းရွက်တွေပေါ့ ဟုတ်လား အောက်ကတော့ စွံပလွန်သီးတွေလား"
ရှန်းနဥ်ကလဲ စိတ်လူပ်ရှားသွားပြီးအိမ်၏ ဘေးဖက်ကို လက်ညိုးထိုးပြလိုက်ကာ "မနေ့က မကြီးခူးလာတဲ့ အသီးတွေကို ဒီနေ့ နေ့လည်ခင်းမှာ မုန့်လုပ်လိုက်ပြီလား"
သူမ နှင့် အစ်ကိုဖြစ်သူနှစ်ယောက်စလုံးက သစ်ပင်ပေါ်တွင် ချိတ်ဆွဲထားသည့် ဇကောကြီးများကို တွေ့လိုက်ကြသဖြင့် သိချင်မိကြသော်လည်း သူတို့၏ အရပ်ပုပုလေးကြောင့် မမြင်နိုင်ပေ။
စန်းလော့က ရယ်မောကာ ခေါင်းငြိမ့်ပြလိုက်၏။
"နေလှမ်းဖို့ နောက်ထပ်သုံးရက်တော့ လိုသေးတယ်၊ ဒီနေ့ညကျရင် ငါ နောက်ထပ် နှစ်သုတ်လောက်လုပ်ပြီးတော့ လတ်လတ်ဆတ်ဆတ် စွံပလွန်သီးမုန့်ကို နင်တို့ နှစ်ယောက်ကို ကျွေးမယ်၊ ဒါပေမဲ့ ငါတို့တွေ ဒါကို ဒီအတိုင်းတော့ ခေါ်လို့မရဘူး ငါတို့တွေ ဒီမုန့်ကို နာမည် အသစ် တခုတော့ပေးမှ ဖြစ်မယ်”
"မဟုတ်ရင်တော့ တခြားသူတွေကို နည်းပေးလမ်းပြသလို ဖြစ်သွားလိမ့်မယ်"
မောင်နှမ နှစ်ယောက်စလုံးက တပြိုင်တည်းခေါင်းငြိမ့်ပြလိုက်ပြီး ဒီပစ္စည်း၏နာမည်အစစ်အမှန်ကို အပြင်လူများ ရှေ့တွင် ထုတ်မပြောဖို့ စိတ်ထဲတွင် မှတ်ထားလိုက်ကြလေသည်။ သူတို့သည် အိမ်တွင်ရောင်းရလျှင်ပင် ထိုအသီး၏ နာမည်ကို ပြောကြမည်မဟုတ်ပေ။
ရှန်းနဥ်သည် နေ့လည်ခင်းက စွံပလွန်သီးမုန့်လုပ်နည်းကို မမြင်လိုက်ရသဖြင့် အစောပိုင်းက နှမြောသသစိတ်ဖြစ်နေရာ အခုတော့ ဒီနေ့ညတွင် နောက်ထပ်စွံပလွန်သီးမုန့် ပြုလုပ်မည်ကို ကြားလိုက်သောအခါ မျက်လုံးများ လင်းလက်သွားတော့သည်။ အထူးသဖြင့် မုန့်များက အရသာ ရှိပေလိမ့်မည်။
"ညီမလေးတို့တွေ တကယ်ပဲ စားရမှာလား"
သကြားညိုက စျေးကြီးလှပေသည်။ စန်းလော့က ထို့နေ့က ဟူပင်းမုန့်ကို သူတို့အတွက်ပင် ဝယ်လာပေးခဲ့သည်။
"ဒါပေါ့ ကိုယ့်အိမ်မုန့်ကို ဘာဖြစ်လို့ နင်တို့ကို မကျွေးရမှာလဲ၊ သန့်ရှင်းရေးလုပ်ပြီးတော့ လက်ဆေးပြီးရင် ညနေစာ သွားစားကြမယ်၊ ငါ နင်တို့ရဲ့ အဒေါ်ချန်း ဆီကနေပြီးတော့ ဇကောနဲနဲလောက် ထပ်ပြီးသွားငှားရမယ်။ ဒါမှငါတို့တွေ စွံပလွန်သီး တခြင်းစာလုံးကို လုပ်နိုင်မှာ”
သူတို့သည် ချန်းမိသားစုက ညနေစာအတွက် သူတို့ကို စောင့်ဆိုင်းနေရမည်ကို မလိုလားပေ။
ညပိုင်းတွင် စွံပလွန်သီးများကို ထပ်လုပ်မည်ဟု ကြားလိုက်ရသည်ပင် မောင်နှမ နှစ်ယောက်သည် တက်ကြွလာပြီး မြန်မြန်ဆန်ဆန် လက်သွားဆေးလိုက်ကြတော့သည်။
စန်းလော့ကလဲ အိမ်ထဲသို့ဝင်သွားကာ ခြင်းများကို နေရာချထားလိုက်သည်။
သူတို့သည်ထွက်ခွာလာမည်ဟု ပြင်လိုက်စဥ်တွင် အိမ်အပြင်ရောက်သွားပြီးမှ ရှန်းအန်းကရုတ်တရက် ရပ်လိုက်ပြီး
"မကြီး ကျွန်တော် အိမ်မှာဘဲ နေခဲ့မယ် ကျွန်တော့်အတွက် ထမင်းယူလာပေးပါလား"
ရှန်းအန်း အမြင်တွင်တော့ သူတို့၏အိမ်တွင် နတ်သမီးတို့ဟူးများကိုသာ ပြုလုပ်နေသည်မဟုတ်ဘဲ စွံပလွန်မုန့်များကိုလဲ ပြုလုပ်နေသည်။ ထိုအရာများက သူတို့၏ အနာဂတ်ဝမ်းရေးအတွက် အရေးကြီးပေးသည်။ အထဲတွင် စွံပလွန်သီးအပြည့်ပါသည့် ခြင်းတောင်းတခု ရှိနေတာလေ။ တကယ်လို့များ ရွာထဲက တစ်ယောက်ယောက်က အိမ်ထဲခိုးဝင်လာပြီး တွေ့သွားကြရင် ဘယ်လိုလုပ်မလဲ။ ဒီလိုဆိုရင်တော့ လူတွေက သူတို့ ဘာကိုသုံးပြီး စွံပလွန်သီးမုန့်လုပ်တယ်ဆိုပြီး ခန့်မှန်းမိသွားကြမှာပေါ့။
ရှန်းအန်းက သူ့မကြီး၏ လုပ်နည်းများကို အင်မတန် အကာအကွယ်ပေးလေရာ သတိအလွန်အကျွံဖြစ်နေသည့် အနေအထားပင်။
ထိုအတွေးကို စဥ်းစားမိလိုက်ပြီးနောက် သူက စန်းလော့၏အဖြေကိုပင် မစောင့်တော့ဖို့ ဆုံးဖြတ်လိုက်၏။
"ဒါဆိုရင် ဒီလိုဘဲ မှတ်လိုက်တော့မယ်နော် မကြီး ၊ မကြီး နဲ့ အားနဉ်က သွားစားလိုက်၊ ကျွန်တော့်အတွက် အစားအသောက်ဘဲ ယူပြန်လာပေးခဲ့”
စန်းလော့က ကောင်လေး၏ စိုးရိမ်ပူပန်မူကို နားလည်သဖြင့် အာမခံပေးလိုက်လေသည်။ သူမ ဒီကိုရောက်လာစကလဲ တော်တော်လေးကို ဆင်းရဲလှသည့် အခြေနေဖြစ်ခဲ့သည်။ အမှန်တွင်တော့ သူတို့သည် ယခုတိုင်လဲ ဆင်းရဲသေးပေးသည်။ သူတို့ရှာသမျှ ပိုက်ဆံအားလုံနီးပါးကို အစားအသောက်နှင့် အိမ်သုံးပစ္စည်းများအတွက် သုံးနေရသည်။ သူမက အာရုံစိုက်ခံရမူကို ရှောင်ရှားဖို့ရန်အတွက် ငွေအများအပြားပင် မစုမိခဲ့ပေ။ နေ့စဥ် လုံလောက်သည့်အစားအသောက်ကို ဝယ်ယူရသဖြင့် အပိုငွေပင် မစုဆောင်းနိုင်ပေ။
ထို့ကြောင့် စန်းလော့သည် လက်ရှိတွင် သူမ၏ ပိုက်ဆံအိတ်ထဲ၌ ဝမ် တစ်ရာပင် မစုဆောင်းနိုင်သေးချေ။
ညသန်းခေါင်တွင် နတ်သမီးတို့ဟူးကို ထလုပ်ရပြီး မနက်မိုးသောက်ချိန်တွင် အိမ်ကထွက်ကာ စျေးဆိုင်တည်ရသည်။ နေ့တိုင်းအသွားအပြန် လီနှစ်ဆယ်လောက် လမ်းလျှောက်ရသည်။ ဒါက ပြောလျှင်တော့ စကားအနည်းငယ်သာ ဖြစ်သော်ငြားလဲ နေ့စဥ်နေ့တိုင်း ရံဖန်ရံခါ လုပ်နေရသည်က အမှန်ပင် ပင်ပန်းရလေသည်။
သို့တိုင် ဒီကလေးနှစ်ယောက်က အလွန်မှနားလည်မူရှိပြီး စန်းလော့ကို ဂရုစိုက်တက်ပေရာ သူမအားထုတ်မူက အချည်းအနှီး မဖြစ်ပေဟု ခံစားရလေသည်။ သူတို့သည် ခန္ဓာကိုယ် သေးသေးလေးနှင့် ခွန်အားသေးသေးလေးသာ ရှိသော်ငြားလဲ သူတို့သည် ဒီမီသားစုအတွက် ရှိသမျှအားလုံးကို ပေးဆပ်ကာ အိမ်ထောင်စုနှင့် သူမ နှစ်ခုစလုံးအတွက် အကာအကွယ်ပေးပြီး ထောက်ပံ့ပေးလေသည်။
အမြဲတမ်းလိုလို အထီးကျန်နေတတ်သည့် စန်းလော့က ဒီလောကထဲက စန်းလော့ဖြစ်လာပြီးနောက်မှ မိသားစုရှိရခြင်း၏ ခံစားချက်ကို နားလည်သဘောပေါက်လာပြီး ဒီလို ဘာမှ မတော်စပ်သည့် ကလေးနှစ်ယောက်ဆီက အဖော်ပြုခြင်းကို ခံခဲ့ရလေသည်။
သူမက ရှန်းအန်း၏ ခေါင်းလေးကိုအသာပွတ်ပေးလိုက်ပြီး
"ကောင်းပါပြီ နင့်ရဲ့ အားထုတ်မူအတွက် ကျေးဇူးဘဲနော် ရှောင်အန်း၊ အစ်မ ခဏနေကြရင် နင့်အတွက် စားစရာတချို့ ယူလာပေးမယ်"
ဒါက ချီးမွှမ်းလိုက်တာမလား။
ထို့အပြင် ငါတို့ရဲ့ ရှောင်အန်းဟူသည့် စကားက ရှန်းအန်းအတွက်တော့ သူ့အစ်မကြီးဆီက ဒီလိုကြင်ကြင်နာနာ စကားကြားရသည်မှာ ပထမဆုံးပင်။
ကောင်ကလေးက အလွန်မှ ဝမ်းသာလိူက်လှဲသွားလေသည်။
ငယ်ရွယ်သော်ငြားလဲ ရှန်းအန်းသည် ထိုမျှလောက် မငယ်တော့ပေ။ အထူးသဖြင့် မိဘများကို စောစောစီးစီး ဆုံးရူံးလိုက်ရပြီး နောက်တွင် အစ်ကိုအကြီးဆုံးဖြစ်သူကို ဆုံးရူံးခဲ့ရပေသည်။ သူကိုယ်တိုင်က အစ်ကိုကြီးတစ်ယောက် ဖြစ်သည်နှင့်အလျောက် သူသည် ညီမဖြစ်သူကို ကာကွယ်ပေးရန်လိုအပ်ကာ သူ့ရွယ်တူ ကလေးများထက် ပိုပြီးတော့ ရင့်ကျက်နေလေသည်။
ရှန်းအန်းက တချို့ကိစ္စများကိုနားလည်သည်။ ဥပမာ သူ၏ မကြီးက တတိယ အဒေါ်ဖြစ်သူ၏ ဆန်တဝက်နှင့် အလှယ်အလှဲ လုပ်ကာ ခေါ်လာသည့်သူဖြစ်ပြီး သူမသည် အစ်ကိုဖြစ်သူနှင့်လဲ အမှန်တကယ် လက်မထပ်ခဲ့ရသေးပေ။ သူသည် ရွာထဲက မင်္ဂလာပွဲများကို မြင်ခဲ့ဖူးပြီး စုံတွဲများက မင်္ဂလာဝတ်စုံကို ဝတ်ဆင်ကြပြီး မိုးနှင့်မြေကို ကန်တော့ကြသည်။ ထို့နောက်တွင်မှ ဒါကို အမှန်ပင် လက်ထပ်သည်ဟု မှတ်ယူနိုင်ပေသည်။
ထို့ကြောင့် မရီးဖြစ်သူက အမှန်ပင် ငြင်းဆန်ပြီး သူနှင့် သူ့ညီမ ဖြစ်သူကို တာဝန်မယူပင်လျှင် ကိစ္စတော့မရှိပေ။
စိတ်ထဲတွင်တော့ ရှန်းအန်းက ထိုအကြောင်းကို သိနေလေသည်။ ထို့ကြောင့် သူက သူ့နှလုံးသားထဲတွင် ကြောက်ရွံ့မူနှင့် မရေမရာ ခံစားချက်ကို ခံစားနေရ၏။
ဒါပေမဲ့ မရီးက သူတို့ကို စွန့်ပစ်သွားဖို့ လုံးဝမစဥ်းစားခဲ့တာလေ။ အရင်တုန်းကလဲ သူတို့ ဗိုက်အရမ်းဆာလို့ ဖွဲနုဘဲ စားနိုင်ခဲ့တယ်။ အဲ့ဒီတုန်းကလဲဘဲ သူတို့ကို မစွန့်ပစ်ခဲ့ဘူး။ ဒီရက်ပိုင်းမှာ သူမက သူနဲ့ ညီမ ဖြစ်သူကို စိတ်ရင်းနဲ့ ကြင်နာပေးခဲ့တယ်။
သို့သော်ငြား ဒီလိုနှလုံးသားခြင်း ရင်းနှီးမူရှိလာခြင်းက ‘ငါတို့တွေ မီသားစုတခု ဖြစ်လာပြီ’ဟု ခံစားချက် ဖြစ်လာမိပြီး ရှန်းအန်းသည် ထိုခံစားချက်ကို အခုမှ သေချာသိလိုက်ရလေသည်။
သူသည် အနည်းငယ် စိတ်လူပ်ရှားသွားပြီး လျှာလေးကိုပင် လိပ်ထားမိကာ ခဏလောက် စကားလုံးတချို့ကို ကြိုးစား စဥ်းစားလိုက်လေသည်။
"ကျွန်တော် တစ်ယောက်တည်း ပင်ပန်းခဲ့တာ မဟုတ်ပါဘူး၊ မရီးကမှ တကယ့်ရုန်းကန်ခဲ့တဲ့သူပါ"
တစ်စုံတစ်ယောက်နှင့် ရင်းနှီးလိုပြီး ကျေနပ်စေချင်သည့် ပျော်ရွှင်သယောင် စိတ်အားထက်သန်မူ ခံစားချက်ကြောင့် ရှန်းအန်းမှာ ပြောချင်သည့် စကားကိုပင် မပြောနိုင်ခဲ့ပေ။ သူက မျက်လုံးများကွေးသွားအောင် ပြုံးပြလိုက်ပြီး တိုက်တွန်းလိုက်၏။
" မရီး သွားသင့်ပြီနော်"
သူက စဥ်းစားလိုက်၏။ ခဏနေကြရင် ဘာမှလဲလုပ်စရာ မရှိတော့ဘူးဆိုတော့ နတ်သမီးသစ်ရွက်အားလုံးကို ဆေးကြောထားလိုက်မယ်။ ဒါမှ မရီးက ပြန်ရောက်လာတဲ့အချိန်မှာ အလုပ်နည်းသွားမှာ။
...