← Chapters

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အခန်း (၄၇-၄၈)

Vol. 5 Ch. 47-48

အပိုင်း (၄၇)

စန်းလော့၏မျက်လုံးများက ၂၆၅ ဝမ် တန်ဖိုးရှိပြီး နေရာချထားဖို့သစ်သားအခြေပါသည့် ကျောက်ကြိတ်ခွဲစက်ပေါ်တွင် ရှိနေလေသည်။ ဈေးဆိုင်တွင် ကျည်ပွေ့တစ်ခုကိုအခမဲ့ရရန် စီစဉ်ရင်း ကျောက်သား အသုံးအဆောင်ဆိုင်ပိုင်ရှင်ကို တစ်နာရီခွဲနီးပါး ဈေးဆစ်ခဲ့၏။

ကျည်ပွေ့မှာအတော်အသင့် အရွယ်အစားရှိသည်။ စန်းလော့၏မိသားစုငယ်အတွက် သင့်လျော်ပြီး ယခုခေတ် ကြက်သွန်ဖြူထောင်းသည့် ကျည်ပွေ့များထက် သုံးဆလောက် အသာလေးကြီး၏။ သူတို့ဆန်ကြိတ်ဖို့မေ့သွားရင်တောင်မှပဲ ဒါကို ယာယီအစားထိုးအဖြစ် အသုံးပြုလို့ရနိုင်တယ်။

နေရာလွတ်ချန်ရန် လက်တွန်းလှည်းပေါ်ရှိ သစ်သားစည်များနှင့် ခြင်းထောင်းများကို နေရာတကျစီပြီးနောက် ဆိုင်ရှင်နှင့်အကူတို့မှာ ကြိတ်ခွဲစက်ကို သယ်ဆောင်လာပြီး ထိုအပေါ်သို့တင်လိုက်၏။

ထိုအရာမှာ အတော်လေးလံသော်လည်း ဖြုတ်ပြီး ပြန်တပ်လို့ရတာကြောင့် တောင်ပေါ်သို့သယ်ယူခြင်းမှာ စိန်ခေါ်မှုတစ်ခုဖြစ်သော်ငြားလည်း လယ်အလုပ်နှင့် နေသားတကျဖြစ်နေသော အမျိုးရှင်တစ်ယောက်အနေဖြင့် အဆင်ပြေအောင် စီစဉ်နိုင်လေသည်။ ချင်ဖန်းညန်သည်လည်း စန်းလော့က သူမကို အထူးတလည် မ,ကူခိုင်းရသည့်အကြောင်းအရင်းကို နားလည်သွားတော့သည်။

ကြိတ်ခွဲစက်အတွက်ငွေပေးချေပြီးနောက် ချင်ဖန်းညန်၏ငွေကြေးနှင့် စန်းလော့၏စုဆောင်းငွေ ပေါင်းထားသည့်ငွေက ကုန်ဆုံးသွားပြီး သူမ ပိုက်ဆံအိတ်ထဲမှ နောက်ထပ်ဝမ်ဒါဇင်အနည်းငယ်ကိုပင် ရေတွက်ခဲ့ရ၏။

မည်သို့ပင်ဆိုစေကာမူ အခက်အခဲမရှိဝယ်ယူနိုင်ခြင်းက အမှန်တကယ်ပင် နှစ်သိမ့်မှုရစေပါသည်။

စန့်လော့က လှည်းကို ဆွဲသွားလိုက်သည်။

"စပါးနည်းနည်း သွားဝယ်ရအောင်။ အိမ်အသစ်မှာပြောင်းနေရင်းနဲ့ ကျွန်မတို့ ကောင်းကောင်းမွန်မွန် စ နေထိုင်သင့်ပြီ။ ပထမဆုံး လုပ်ရမယ့်အရာက ဆန်ထည့်မယ့် ပုံးကိုဖြည့်ဖို့ပဲ။ ပြီးတော့ ရေချိုးကန် ဝယ်ရမယ်။ ဒါဆိုရင် ချောင်းငယ်မှာရေချိုးရတာနဲ့ပတ်သက်ပြီး ကျွန်မ ထပ်ပြီးတော့ စိုးရိမ်စရာမလိုတော့ဘူး"

ဒါကိုကြားတော့ ချင်ဖန်းညန်လည်း ရယ်မောပြီး စန်းလော့ကို လှည်းတွန်းဖို့ အတင်းမပြောတော့ချေ။

"ရှင်က အဒေါ့်လောက်တော့ မငြိမ်သေးဘူး။ စီရင်စုက ခင်းထားတဲ့ လမ်းတွေက အလွယ်တကူ တွန်းသွားလို့ရတယ်။ ဒါပေမယ့် မြို့အပြင်မှာတော့ အဒေါ့်ကို ကူတွန်းခိုင်းရမယ်"

ချင်ဖန်းညန်က လှည်းကိုဆွဲလိုက်ကာ ယခင်က ပြောလက်စ စကားကို ဆက်ပြောလိုက်သည်။

"ချောင်းငယ်ထဲမှာရေချိုးတာက အဆင်မပြေဘူး။ အမြဲတမ်း နည်းနည်းတော့ ထိတ်လန့်စရာကောင်းတယ်"

"အဒေါ်၊ အဒေါ်လဲ ချောင်းငယ်ထဲမှာ ရေချိုးခဲ့ဖူးလား"

"ဟုတ်တယ်၊ ငတ်မွတ်ခေါင်းပါးတဲ့ကာလမှာ ငါတို့တွေ ဒီကိုအရင် ထွက်ပြေးလာချိန်တုန်းကပေါ့။ ငါတို့မှာ ဘာမှမရှိခဲ့ဘူး။ အရင်တုန်းက ဘဝက ရှင့်ဘဝလိုတောင် မကောင်းပါဘူး။ အချိန်နဲ့အမျှ တဖြည်းဖြည်း တိုးတက်လာခဲ့တာပဲရှိတာ"

သူတို့၏အတိတ်တုန်းက ရုန်းကန်ခဲ့ရပုံများကိုပြောရင်း စပါးနှင့် သစ်သားထည်ဆိုင်များကို သွားကြည့်ကြလေသည်။ နောက်ဆုံးတွင် စန်းလော့သည် စပါးတစ်ထုပ်နှင့် လိုချင်နေသည့် ရေချိုးကန်ကို ဝယ်ယူလိုက်၏။

ပစ္စည်းအရေအတွက်ကြောင့် လှည်းကို ဆွဲရာတွင် အနည်းငယ် အားထုတ်ခဲ့ရသည်။ သူတို့သွားရန်အဆင်သင့်မဖြစ်မီတွင် သစ်အချောထည်ဆိုင်မှ လက်ထောက်သည် ကောက်ရိုးကြိုးတစ်လိပ်ကို တစ်ဖက်တစ်ချက်စီတွင် လုံခြုံအောင်အသုံးပြုပြီး လှည်းတိမ်းသွားလျှင်တောင် ပြုတ်မကျအောင် သေချာလုပ်ပေးလိုက်သည်။

ချင်ဖန်းညန်က ဝန်စည်အပြည့်ပါသည့်လှည်းကို ကြည့်လိုက်၏။ စည်ပိုင်းနှစ်ခုအပြင် ခြင်းတောင်းတစ်စုံနှင့် သူမပိုင်ဆိုင်သည့် ကျောပိုးအိတ်တစ်လုံးကိုလဲ သတိပြုမိသည်။ ကြိတ်ခွဲစက်၊ သစ်သားစည်များ၊ ဆန်များ၊ ရေချိုးကန်နှင့် ကျည်ကျည်ကျာကျာမြည်နေသည့် ဘဲပေါက်ကလေးများ အပါအဝင် ကျန်ရှိနေသောပစ္စည်းများသည် စန်းလော့၏ဝယ်ယူမှုများဖြစ်ပြီး မှတ်ချက်ချလိုက်၏။

"ရှင်ရဲ့ဘဝက သေချာပေါက် ဦးမော့လာပြီပဲ"

စန်းလော့သည် နက်ရှိုင်းသည့်ကျေနပ်မှုကို ခံစားလိုက်ရ၏။ အိမ်၊ အစားအစာသိုလှောင်စရာများ၊ တောင်တန်းမြင်ကွင်း၊ အိမ်နားရှိစမ်းချောင်း၊ ခြံဝင်းထဲက ကြက်ပေါက်နဲ့ဘဲပေါက်အနည်းငယ်၊ အသီးအရွက်စိုက်ခင်းမြေနေရာ၊ အပိုအနေနဲ့သုံးစွဲဖို့ငွေနည်းနည်းပါးပါး ရှိနေပြီပဲ။ သူမဘဝမှာ ဘာကိုတောင်းဆိုနိုင်မလဲ။

……

ရွာကိုပြန်ရောက်လာသောအခါ စန်းလော့သည် သစ်သားစည်များနှင့် အသစ်ဝယ်ယူလာသော ဘဲပေါက်များကို အိမ်သို့ ဦးစွာသယ်သွားလိုက်သည်။ သူမပြန်လာသည်ကိုမြင်လိုက်သည်တွင် ခြံထဲတွင်အလုပ်များနေသည့် ချန်းယိုထျန်းသည် လက်ကျန်ပစ္စည်းများကို သယ်ယူရန်အချိန်ကျပြီဟု သိလိုက်၏။ အတည်ပြုပြီးသောအခါတွင် သူသည် အလုပ်နားပြီး တောင်လမ်းအတိုင်း ဆင်းသွားလေသည်။

စန်းလော့သည် စည်များကို ‌နေရာချထားလိုက်ပြီး ရှန်းအန်းနှင့်ရှန်းနဉ်တို့ ချဉ်းကပ်လာချိန်တွင် ဘဲကလေးများ၏ တီးတိုးအော်သံကို ကြားလိုက်ရသဖြင့် ရွှင်မြူးလာကြသည်။

"မကြီး၊ ဘဲတွေဝယ်ခဲ့တာလား"

စန်းလော့က စည်ပိုင်းပေါ်က ဘဲပေါက်သုံးကောင်ပါသည့် ခြင်းကို ထုတ်လိုက်ကာ ကိုင်ထားရင်း

"ဟုတ်တယ်၊ ပျော်ကြရဲ့လား"

အမွှေးပွအကောင်ပေါက်လေးများ၏ ချစ်စရာကောင်းပုံကို သဘောမကျသူက မရှိသလောက်ပင်။

ကလေးများသည် အမှန်တကယ်ပင် စိတ်လှုပ်ရှားနေကြကာ ခြင်းဘေးတွင် ဆောင့်ကြောင့်ထိုင်ရင်း ချောင်းကြည့်နေကြသည်။ ရှန်းနဉ်က အထဲသို့လက်လှမ်းလိုက်ပြီး ဘဲတစ်ကောင်၏ခေါင်းကို ညင်ညင်သာသာလေး ထိလိုက်၏။ စိတ်ကြည်နူးစွာဖြင့် စန်းလော့ဘက်သို့လှည့်ရင်း

"မကြီး၊ ညီမလေး ဘဲလေးတွေကို ဂရုစိုက်ပေးနိုင်ပါတယ်။ အရင်အိမ်တုန်းထဲက ကြက်တွေ ဘဲတွေကို အစားကျွေးနေကျ။ ဒါလေးတွေကို သေချာဂရုစိုက်လိုက်ပါ့မယ်"

"ကောင်းပြီလေ၊ ဒီဘဲသုံးကောင်ကို ညီမကို စောင့်ရှောက်ခိုင်းမယ်။ ညီမတို့နှစ်ယောက်လုံး ဘဲအသိုက်အတွက် မြက်ကောင်းကောင်းလေးတွေကို ရှာပေးလိုက်ကြပါလား၊ နောက်မှ အိမ်ဆောက်ပေးမယ်။ တောင်အောက်ကို နောက်ထပ် နှစ်ခါလောက် ဆင်းဖို့လိုသေးတယ်။ သယ်စရာပစ္စည်းတွေရှိနေလို့လေ"

ထွက်ခွာခါနီးတွင် ရှန်းအန်းက ဘာကူသယ်ပေးစရာလိုလဲဟု စိတ်အားထက်သန်စွာ မေးလိုက်သည်။ စန်းလော့သည် ခဏလောက်စဉ်းစားလိုက်ပြီး

"ရေချိုးကန်၊ ရှန်းအန်း၊ အစ်မနဲ့လိုက်ခဲ့ပြီး ကူသယ်ပေးပါဦး"

ရှန်းအန်းက ချက်ခြင်းသဘောတူလိုက်ပြီး ဘဲပေါက်လေးများတွင် ထပ်ပြီးအာရုံရောက်မနေတော့ဘဲ စန်းလော့နှင့် လိုက်ပါသွားလေသည်။

သစ်သားရေချိုးကန်က အရမ်းကြီးမနက်တာကြောင့် တစ်ယောက်ထဲသယ်လို့ရသော်လည်း ခရီးရှည်အတွက်ကတော့ မလွယ်ကူပေ။ ထိုအရာက လူနှစ်ယောက်ဖြင့်သာဆိုလျှင် အများကြီး ပိုပြီးအဆင်ပြေနိုင်လိမ့်မည်။

……

ချန်းယိုထျန်းသည် စန်းလော့က ကူပြီးနေရာရွှေ့ပေးစေချင်သည်မှာ ကြိတ်ခွဲစက်ဖြစ်သည်ကိုမြင်တော့ အံ့ဩသွားလေသည်။ စန်းလော့မရောက်ခင်တွင် သူ့မိန်းမကို မေးလိုက်သေး၏။

"သူက ဘာလို့ ကြိတ်စက်ဝယ်ဖို့ဆုံးဖြတ်ခဲ့တာလဲ"

ထိုကဲ့သို့ပစ္စည်းမှာ ဈေးမသက်သာပေ။ ချင်ဖန်းညန်လည်း ခေါင်းခါလိုက်လိုက်ပြီး ပြောလိုက်သည်။

"အဲ့တာက အသုံးဝင်တယ်လို့ပြောခဲ့တာ။ ပြီးတော့ ရက်အနည်းငယ်အတွင်းမှာ သိလာရလိမ့်မယ်လို့လဲ ပြောတယ်"

ဒါကိုကြားတော့ ချန်းယိုထျန်းလည်း ထပ်မမေးတော့ပေ။

ကြိတ်ခွဲစက်၏ အပေါ်ကြိတ်ဆုံကျောက်ကို အကဲဖြတ်ကြည့်လိုက်ပြီး ထိုအရာအား စီမံနိုင်သည်ကို သိလိုက်၏။ ချင်ဖန်းညန်ကို အသိပေးလိုက်ပြီးနောက် ကြိတ်စက်ကို မ,ပြီး လျှောက်လာခဲ့သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် နောက်မှလိုက်လာသော စန်းလော့နှင့်ရှန်းအန်းတို့နှင့် တွေ့လေသည်။ ချန်းယိုထျန်းက ကြိတ်စက်ကို မ,လာနှင့်သည်ကို သတိထားမိလိုက်သည်တွင် စန်းလော့သည် မေးလိုက်၏။

"ဦးလေးယိုထျန်း၊ တစ်ယောက်ထဲ မ နိုင်ရဲ့လား"

ချန်းယိုထျန်းက ခေါင်းညိတ်ပြကာ

" မ နိုင်ပါတယ်"

စန်းလော့က သူ အဆင်ပြေနေသည်ကို မြင်တော့ ထပ်ပြီးအတင်းအကျပ် မပြောတော့ဘဲ ရေချိုးကန်သယ်ရန် ရှန်းအန်းနှင့် သွားကြ၏။ အပြန်လမ်းတွင် သူတို့က ချန်းယိုထျန်းကိုစောင့်ခိုင်းလိုက်ပြီး သို့မှသာ အောက်ပိုင်း ကြိတ်ဆုံကျောက်ကို အတူတူသယ်ပေးနိုင်မည်ဖြစ်သည်။

ဆန်အိတ်ကို ဆွဲထုတ်လိုက်ပြီး ချင်ဖန်းညန်ကို တန်းပေးလိုက်သည်။ စန်းလော့က နောက်မှ ဆန်ဖွတ်ပြီး ပြန်ယူလာမည်ဟု စဉ်းစားထားလိုက်သည်။

ကြိတ်ခွဲစက်ကို ပြန်သယ်လာပြီးနောက် ချန်းယိုထျန်းက သစ်သားအခြေကို အံထိုးပြီးဆက်သည့်နည်းဖြင့် ကူညီတပ်ဆင်ပေးသည်။ စန်းလော့အား ထားရမည့်နေရာကို မေးပြီးနောက် မီးဖိုးချောင်ထဲသို့ သယ်သွားလိုက်ကြသည်။ ထို့နောက် ကြိတ်ခွဲစက်ကို စနစ်တကျ တပ်ဆင်ပေးလိုက်သည်။

အလုပ်ပြီးသွားသည်နှင့် ပြောလိုက်၏။

"ရှန်းအန်းအိပ်ရာလုပ်တာ ပြီးသွားပြီ။ ပြန်ရောက်လာတာ ကွက်တိဘဲ။ အခန်းထဲက ဘယ်နေရာမှာ ထားမလဲဆိုတာကို ဆုံးဖြတ်ဦး။ ပြီးရင် ကုတင် လာထည့်ပေးမယ်"

အရာအားလုံးသည် အံထိုးပြီးဆက်သည့် တည်ဆောက်ပုံဖြစ်ပြီး ထိုအရာသည် လက်ရှိတွင် သီးခြားအစိတ်အပိုင်းများ၏ ပစ္စည်းအစုနှင့် တူသည်။ ထိုအရာကိုတပ်ဆင်ရာတွင် မကူညီခဲ့ပါက စန်းလော့သည် အချိန်အကြာကြီး ရုန်းကန်ရဖွယ်ရှိသည်။

"ကုတင်က အဆင်သင့်ဖြစ်ပြီလား" စန်းလော့က ဝမ်းသာမှုဖြင့် အံ့ဩသွား၏။

"အခန်းကို မနက်အစောကြီးထဲက ရှင်းထားပြီးပြီ၊ အဲ့ဒါကြောင့် ခုပဲ ထည့်လို့ရပြီ"

ထိုသို့ပြောရင်း စန်းလော့က ကုတင်ပြားများနှင့် တိုင်များကို ကူသယ်ပေးရန် ချန်းယိုထျန်း နောက်ကလိုက်သွားလေ၏။

အမှန်တွင်တော့ ထိုအရာကို ထောက်တိုင်ဟု ခေါ်ရမည်။ သစ်သားတစ်ပိုင်းထဲမှ ဖြတ်ထားသည့် ကုတင်ခြေထောက်လေးချောင်းက လုံးဝ ဆလင်ဒါပုံဖြစ်ပြီး အပေါ်တွင် အမြာင်းလေးများ ပါရှိပြီး သံနှင့်ရိုက်သည်ထက် ပိုခိုင်ခန့်သည်ဟု ဆိုကြသည့် အံထိုးပြီး ဆက်ထားသည်နှင့် ဆင်တူသည်။

ပစ္စည်းအားလုံးကို အခန်းထဲသို့ရွှေ့ပြီး ချန်းယိုထျန်းက တပ်ဆင်မှုကို စတင်လိုက်သည်နှင့် စန်းလော့လည်း ချောမွေ့သောလုပ်ငန်းစဉ်ကို အံ့အားသင့်စွာဖြင့် ကြည့်ရှုနေမိသည်။

ချန်းယိုထျန်းထံမှ အနည်းငယ်ဖိပြီး ထုရိုက်မှုများကြောင့် တိုင်လေးလုံးနှင့် မညီညာသော ပျဉ်ပြားများသည် ကုတင်တစ်လုံးကို အမြန်ဖြစ်ပေါ်လာသည်။

ကုတင်ပျဉ်ချပ်များကို ခင်းပြီးနောက် စန်းလော့က သူမ၏လက်ဖြင့် စမ်းသပ်ကြည့်လိုက်ရာ အမှန်တကယ်ပင် ခိုင်ခံ့လေသည်။ သူမက ချန်းယိုထျန်းကို လက်မထောင်ပြလိုက်၏။

“ဦးလေးယိုထျန်း၊ ဦးလေးရဲ့လက်ရာက အပြစ်ပြောစရာကိုမရှိပါဘူး"

အစောပိုင်း အိမ်ခွဲကြတုန်းက ရှန်းစန်းပေးလိုက်တဲ့ ခုံတန်းရှည်သုံးခုနဲ့ ပျဉ်ချပ်တွေထက်စာရင် အများကြီးပိုကောင်းတယ်မလား။

သူမ၏ ဦးလေးရှန်းစန်းအကြောင်း ပြောရလျှင် သူမက တစ်ကယ်ပင် မှတ်ချက်ပေးလိုစိတ် မရှိပေ။

ချန်းယိုထျန်းသည် ချီးကျူးခံရပြီးနောက် ပြုံးကာ သူ့ပစ္စည်းကိရိယာများကို စုဆောင်းရင်း ပြောလိုက်သည်။

"ဦးလေးတို့မိသားစုမှာ ကောက်ရိုးသန့်သန့်ရှိတယ်။ နောက်ကျရင် ပျော့ပြောင်းတဲ့အိပ်ရာအတွက် အိပ်မယ့်ဖျာအောက်မှာ ဖြန့်ခင်းဖို့ ကောက်ရိုးတစ်ချို့ကို ယူလို့ရတယ်။ ဈေးကနေ ဖျာဝယ်ဖို့မလိုတော့ဘူး။ အိမ်မှာ အမေ ယက်နေပြီလေ။ ညနေလောက်တော့ အဆင်သင့် ဖြစ်လောက်တယ်။ ပြီးတော့ အဲ့တာက မင်းရဲ့အိမ်သစ်ကို ဂုဏ်ပြုမယ့် ဦးလေးတို့ရဲ့လက်ဆောင် ဖြစ်လိမ့်မယ်။ သူတို့ကတော့ အဲဖျာကို ဒီနေ့ညမှာ ပို့မယ့်ပုံတော့ရှိတယ်"

ချန်းအဘွားသည် ယခင်ကတည်းက သက်ကယ်အိမ်ထဲသို့ ရောက်ခဲ့ဖူးသည်။ အိပ်ရာဟု ဆိုသည့်အရာက ဘယ်လိုဖြစ်နေမှန်း သူမ ကောင်းကောင်းသိခဲ့ရသည်။ အလွန်ကျဉ်းမြောင်းပြီး လူသုံးယောက် ဆန့်ရုံမျှသာဖြစ်ပြီး သေချာသလောက်ကတော့ နွေရာသီ၏အပူဒဏ်ကို မခံနိုင်ပေ။

ထို့ကြောင့် လက်ဆောင်ပေးရန်အတွက် အထူးအချိန်အခါသမယကို စောင့်ရန်မလိုပါ။ အိပ်ယာနှင့်ဖျာများအဆင်သင့်ဖြစ်သည်နှင့် ပို့ပေးလိုက်မည်ဖြစ်သည်။

အဘွားက ဖျာယက်လုပ်ခြင်း ပြီးခါနီးပြီဖြစ်ကြောင်း ကြားလိုက်ရတော့ စန်းလော့တစ်ယောက် အံ့ဩသွားလေသည်။ အမှန်ပင် စိတ်လှုပ်ရှားမိပြီး သည်လို ရင်ထဲထိရသည့် အခိုက်အတန့်လေးမှာ သူမ၏ကျေးဇူးတင်စိတ်ကိုပင် ဖော်မပြတတ်အောင် ဖြစ်ရသည်ကို သိလိုက်ရလေသည်။

သူမက ပြုံးလိုက်ပြီး

"ကျွန်မတို့ရဲ့ရှောင်အန်းက ကံကောင်းတာပဲ။ ဒီညတော့ အိပ်ရာအသစ်လေးနဲ့ အိပ်ရပြီပေါ့"

ချန်းယိုထျန်းက အသံထွက်ရယ်လိုက်ပြီး တစ်ခုခုကို သတိရသွားလေသည်။

"အို့၊ ဟုတ်သားပဲ၊ မင်း မွေးချင်တဲ့ကြက်ကလေးတွေလေ။ အမေက အနီးနားမှာ လိုက်မေးကြည့်ထားတာ။ လုမိသားစုက နှစ်ကောင်ပေးဖို့ ရှိတယ်။ ပြီးတော့ ရွာထဲက တစ်ခြားမိသားစုကလည်း နှစ်ကောင်ပေးလိမ့်မယ်။ လေးကောင်မွေးနိုင်တယ်ဆိုရင် သူတို့နှစ်ယောက်လုံးဆီကနေ ဝယ်လို့ရတယ်။ အဲ့လိုမှမဟုတ်လဲ တစ်ဦးဆီကနေ တစ်ကောင်ဆီရွေးလို့ရတယ်။ မိသားစုနှစ်စုလုံးက သူတို့ကို သေချာမွေးထားတာလေ"

စန်းလော့လည်း အားပါးတရပြုံးလိုက်၏။

"ဒီနေ့က ကြက်တွေနဲ့ဘဲတွေကို နေရာချဖို့ ကောင်းတဲ့နေ့လေးပဲ။ ဦးလေး၊ ကြက်တွေပြန်သယ်လာဖို့ကို ဦးလေးနဲ့အတူလိုက်ခဲ့မယ်နော်။ ဦးလေးရဲ့ပစ္စည်းကိရိယာတွေရော ငှားလို့ရမလား။ ဝါးကိုသုံးပြီး ကြက်လှောင်အိမ်နဲ့ ဘဲလှောင်အိမ်ဆောက်ဖို့ စဉ်းစားထားတယ်”

"ရတာပေါ့။ ငါ မငြင်းပါဘူး" ချန်းယိုထျန်းက ပြောလိုက်၏။

"အခုပြန်လာခဲ့မယ်။ ဒီကိရိယာတွေကို သုံးပြီး ကျန်နေတဲ့သစ်သားတွေကို သေချာသုံးလို့ရတယ်။ ဒါက နောက်လုပ်မယ့်အစီအစဉ်အတွက် အသုံးဝင်မှာပါ"

စန်းလော့က သဘောတူပြီး ချန်းယိုထျန်းကို ခေတ္တစောင့်ရန် ပြောလိုက်သည်။ ပိတ်စအိတ်အဟောင်းကို ယူရန်အထဲကိုဝင်သွားခဲ့ပြီး ပြန်ထွက်လာစဉ် မြက်ခြောက်များနှင့်ပြန်လာသော ရှန်းအန်းနှင့်ရှန်းနဉ်အား ပက်ပင်းတွေ့လေသည်။ သူမသည် ပြောလိုက်၏။

"အချိန်ကိုက်ပဲ။ အားနဉ်၊ အိမ်မှာနေနော်။ ‌ရှောင်အန်း၊ အဒေါ်ချန်းအိမ်ကနေ ကောက်ရိုးတစ်ချို့ယူဖို့ အစ်မနဲ့လိုက်ခဲ့"

အိပ်ရာသစ် ဆောက်ပြီးသွားသည်ကို သတိမထားမိသေးသည့် ရှန်းအန်းက သူ့မရီး၏တောင်းဆိုချက်ကို ကြားတော့ သယ်လာသည့်မြက်များကို သူ့ညီမကို လှမ်းပေးလိုက်ပြီး တောင်အောက်သို့ လိုက်ဆင်းသွားလေသည်။

ချန်းအိမ်ထောင်စုသို့ရောက်တော့ အဘွား ဖျာယက်ပြီးသည့်အချိန်နှင့် ကွက်တိပင်။ ချန်းယိုထျန်းနှင့်အတူပါလာသော စန်းလော့နှင့်ရှန်းအန်းကို မြင်တော့ ပြုံးပြီးပြောလိုက်၏။

"အချိန်ကိုက်ရောက်လာကြတာပဲ။ ဒီဖျာက သားအတွက်။ အိမ်ကို သယ်သွားလိုက်နော်"

သူမက ချန်းယိုထျန်းကို လှည့်မေးလိုက်၏။

"ကုတင် ပြီးသွားပြီလား"

ချန်းယိုထျန်းသည် ခေါင်းညိတ်ပြလိုက်၏။

"ပြီးပါပြီ။ ကောက်ရိုးမျှင်တစ်ချို့နဲ့ ဖျာကိုခင်းလိုက်ရင် သုံးလို့ရပြီ"

ရှန်းအန်း၏မျက်လုံးများမှာ လက်သွားပြီး

"ဦးလေးယိုထျန်း၊ သား ကုတင်က ပြီးသွားတာလား"

ငါထွက်သွားတုန်းက သစ်သားပုံအတိုင်းရှိနေသေးတာလေ။

ချန်းယိုထျန်းက ပြုံးလိုက်၏။

"ပြီးသွားပါပြီ။ မင်းဘာသာ ကောက်ရိုးမျှင်တွေပြန်ယူရလိမ့်မယ်။ မင်းရဲ့အစ်မက ကြက်သွားဝယ်နေလို့ သယ်နိုင်မှာမဟုတ်ဘူး"

ဒါကိုကြားတော့ အဘွားချန်းက ရယ်မောလိုက်လေသည်။

"ခဏလောက်စောင့်ဦး။ ရှောင်အန်း၊ အဘွားနဲ့လိုက်ခဲ့။ ကောက်ရိုးသွားယူပေးမယ်"

"ဟုတ်"

ရှန်းအန်းက ဝမ်းသာအားရ လက်ခံလိုက်ပြီး စန်းလော့ကို ပြောကာ အဘွားချန်းနောက်က ပျော်ပျော်ရွှင်ရွှင် လိုက်သွားလေသည်။

သူတို့အိမ်အတွက် အိပ်ရာအသစ်တစ်ခုတဲ့။ ပြီးတော့ ခဏနေကျရင် ကြက်လေးတွေလည်း ရအုံးမယ်။ သူ့ခမျာ ပျော်ရွှင်မှုကို ဘယ်လိုထိန်းရမလဲဆိုတာကိုပင် မသိတော့ပေ။

...

အပိုင်း (၄၈)

အဘွားချန်း၏တောင်းဆိုမှုကြောင့် စန်းလော့အတွက် ကြက်ပေါက်လေးများကို ရှာကူပေးမည်ဟု သဘောတူထားသည့် အဘွားလုက သူတို့ ဒီနေ့ရောက်လာမည်ကို ခန့်မှန်းမိသဖြင့် မျှော်လင့်တကြီး အိမ်တွင်စောင့်စားနေလေသည်။

ဟုတ်ပါသည်။ သူတို့ရောက်လာခဲ့သည်။

အဘွားလုက သူတို့ကို နွေးထွေးသည့်အပြုံးဖြင့် ကြိုဆိုလိုက်ပြီး သူတို့ဝင်လာသည်တွင် စန်းလော့ကို လေ့လာလိုက်‌လေသည်။

အနီးကပ်လေ့လာလိုက်ပြီးနောက် သူမက မှတ်ချက်ပေးလိုက်၏။ တကယ်တော့ စန်းလော့မှာ ကောင်းမွန်တဲ့ရုပ်သွင်ပြင်တွေရှိတာပဲ။ သူက နည်းနည်းလေး ပြည့်ဖြိုးလာတာနဲ့ တော်တော်လေးဆွဲဆောင်မှုရှိမယ်ဆိုတာ သံသယဖြစ်စရာတောင်မလိုဘူး။

အဘွားလု၏အာရုံကို အထူးတလည် ဆွဲဆောင်ထားသည့်အရာကတော့ စန်းလော့၏မျက်လုံးများပဲဖြစ်လေသည်။ တောက်ပသည်။ ကြည်လင်သည်။ ရိုးသားမှုရှိလေသည်။

သူမက စဉ်းစားလိုက်ပြီး ဒီလိုလူမျိုးက သေချာပေါက် ပြတ်သားတဲ့ ရုပ်အသွင်အပြင်ရှိတယ်။ ဖြောင့်မတ်တဲ့အတွေးအခေါ်တွေ ရှိတယ်။

"အိမ်မှာ ကလေးတွေ နင့်အကြောင်း ပြောနေတာကို ခဏခဏကြားနေရတာ၊ အခုမှ ငါ နင့်ကို တွေလိုက်ရတော့ နင်က တကယ်ကို လုပ်ရည်ကိုင်ရည်ရှိတဲ့သူပဲ"

သူမက စန်းလော့ကို ချီးကျူးစကားပြောလိုက်ပြီး အဘွားလုသည် သူမ၏ချွေးမကို လှမ်းခေါ်လိုက်ကာ ပရုတ်လက်ဖက်ရည် ပြုလုပ်ခိုင်းလိုက်သည်။ ထိုနောက် ဧည့်သည်များကို ဧည့်ခံရန်အတွက် ဖရုံစေ့ ယူထုတ်ယူလာခိုင်းလိုက်သည်။ အသံများကို ကြားလိုက်ရသည့် ချွေးမအငယ်လေးက အဘွားချန်းကို နှုတ်ဆက်လိုက်ပြီး စန်းလော့ကို ခေါင်းညိတ်ပြလိုက်ကာ ထိုနောက်တွင်တော့ မီးဖိုချောင်ထဲသို့ ဦးတည်သွားလိုက်တော့သည်။

စန်းလော့က အဘွားလုကိုခေါ်ကာ ဖြတ်ပြောလိုက်သည်။ “အဘွား ကျေးဇူးပြုပြီး ဒုက္ခမရှာပါနဲ့၊ ကျွန်မက ကြက်ပေါက်လေးတွေ လာဝယ်ရုံပါ၊ ကျွန်မ ဒီနေ့ ဘဲပေါက်လေးတွေလည်း ဝယ်လာခဲ့သေးတယ်၊ ကျွန်မ အိမ်ကို အမြန်ပြန်ရအုံးမယ်၊ သူတို့အတွက် အစာခွက်လေးတွေ လုပ်ပေးရအုံးမယ်၊ တကယ်လို့များ အဘွားက စကားပြောချင်တာ ရှိတယ်ဆိုရင်တော့ ဖြန်နက်ခါကျရင် ကျွန်မ အိမ်ကို အလည်လာခဲ့ပါလား၊ အဲဒီအချိန်ကျရင်တော့ ကျွန်မမှာ အချိန်အများကြီးရှိတဲ့အတွက် အဘွားရယ် အဒေါ်ရယ် ဦးလေးရယ်တို့ကို ဧည့်ခံပေးပါမယ်"

စန်းလော့၏ဖိတ်ခေါ်တဲ့စကားကို ကြားလိုက်ရချိန်တွင် အဘွားလုက ပြုံးကာ လက်ခံလိုက်လေသည်။ “ဒါဆိုလဲ ကောင်းပြီလေ၊ နင်က အလုပ်များနေတာဆိုတော့ ငါ အတင်းကြီးမပြောတော့ပါဘူး၊ အနောက်ဘက်မှာ ကြက်ပေါက်လေးတွေကြည့်ဖို့ နင်တို့ကို ခေါ်သွားပေးမယ်၊ နင်တို့ကြိုက်တဲ့နှစ်ကောင်ကို ရွေးလိုက်ပေါ့"

သူမက ချွေးမအငယ်လေးကို အနားလာဖို့ လက်ဟန်ပြလိုက်ပြီး သူမကို စန်းလော့နှင့် မိတ်ဆက်ပေးလိုက်လေသည်။ " ဒါက ငါ့ရဲ့ဒုတိယချွေးမလေ နင် သူ့ကို အဒေါ်နှစ်လို့ ခေါ်လို့ရတယ်”

အဲဒီနောက် သူမက ပြုံးလိုက်ပြီး သူမရဲ့ချွေးမကို ပြောလိုက်သည်။ "လျိုညန် ဒါက အားလီရဲ့မိန်းမလေ နင် သူ့ကိုသိလောက်ပါတယ်"

ဝမ်းလျိုညန်က အမှန်ပင်သိလေသည်။ အားရွှီက သူမအကြောင်းကို ခဏခဏ ထုတ်ပြောဖူးသည်။ သူက သူတို့၏ဝမ်းကွဲမှာ ရှန်းအန်၏အိမ်တွင် အလုပ်သွားလုပ်နေရသည်ကို အထူးတလည်အားကျနေခြင်းကြောင့်ပင်။ ရှားရှားပါးပါး အပြုံးလေးတခုဖြင့် သူမက စန်းလော့ကို ခေါင်းညိတ်ပြကာ ဖော်ဖော်ရွေရွေ အသိမှတ်ပြုလိုက်လေသည်။

စန်းလော့ကလည်း အပြုံးဖြင့်ပြန်နှုတ်ဆက်လိုက်ပြီး သူမကို ‘ဒေါ်လေးလု’ ဟု နှုတ်ဆက်လိုက်လေသည်။

ဝမ်းလျိုညန် ခပ်ရေးရေးအပြုံးလေးကို လေ့လာကြည့်လိုက်မိသည့် အဘွားချန်းက တွေးတွေးဆဆ ရုပ်လေးတခု ဖြစ်သွားလေသည်။ ထိုအချိန်တွင် အဘွားလု၏နှုတ်ခမ်းများက အသာအယာ အပေါ်သို့ ကွေးတက်သွားလေသည်။ သူမက ချွေးမဖြစ်သူကို ကြင်ကြင်နာနာဖြင့် လှမ်းခေါ်လိုက်သည်။

“နင်လည်း ဒီကိုရောက်နေပြီဆိုတော့ ခဏလောက်နားလိုက်အုံး၊ တချိန်လုံး အထဲမှာနေပြီး အထည်တွေရက်မနေနဲ့ နည်းနည်းပါးပါး လှုပ်ရှားသွားလာတာကလည်း ကောင်းတယ်လေ၊ အရိုးတွေသန်မာစေတယ် တတချိန်လုံးအထည်တွေရက်လုပ်နေရင် နင် မျက်လုံး တွေနာလိမ်မယ်၊ နင် သတိမထားမိတဲ့အချိန်ကျရင် အရမ်းနောက်ကျသွားလိမ့်မယ်"

ဝမ်းလျိုညန်က ခေါင်းညိတ်ပြလိုက်ပြီး

ကျွန်မ နားလည်ပါတယ် အမေ"

သူမ၏အသံက ပျော့ပြောင်းနူးညံနေသော်လည်း ရှင်းမပြတတ်သည့် လွမ်းတသသခံစားချက်တခုကို သယ်ဆောင်ထားသယောင်။

အဘွားလုက အချိန်ဆွဲမနေပဲ အဘွားချန်းနှင့်စန်းလော့တို့ကို အိမ်အနောက်ဘက်က ခြံဝင်းဆီသို့ ခေါ်သွားလိုက်သည်။ ချင်ဖန်းညန်နှင့် သက်တူရွယ်တူလောက်ရှိသည့် အမျိုးသမီးတ‌စ်ယောက်က မီးဖိုထဲမှ ထွက်လာပြီး ကြက်ပေါက်လေးများကို ဖမ်း‌နေသည့်အသံ ကြားလိုက်သည့်အချိန်တွင် သူတို့အဖွဲ့နောက်က ဘာမှမပြောပဲ လိုက်လာခဲ့လေသည်။ အဘွားလုက သူမကို တွေ့လိုက်တော့ မိတ်ဆက်ပေးလိုက်၏။

"ဒါက ငါ့ရဲ့ ချွေးမအကြီးလေ သူ့ကို ဒေါ်ကြီးလုလို့ ခေါ်လို့ရတယ်"

စန်းလော့က သူမကို အဒေါ်ကြီးလု ဟု သဘဝကျကျ နှုတ်ဆက်လိုက်လေသည်။

အမျိုးသမီးက စန်းလော့ကို ပြုံးပြလိုက်ပြီး

“ရှင်က အားလီရဲ့မိန်းမပဲ ဖြစ်မယ်၊ ရှင့်အကြောင်းကိုလေ ရွှမ်းကျူး၊ ထျယ်ကျူးနဲ့ ဟူကျီတို့က ခုတလော ပြောပြောနေတာ ကြားတယ်လေ”

သူမ၏အသံက ရွှင်လန်းတက်ကြွလာပီး ပထမဆုံးအကြိမ်ထွက်လာတုန်းက အသံနှင့် လုံးဝခြားနားနေတော့သည်။

စန်းလော့က အပြုံးလေးဖြင့် ပြန်ဖြေလိုက်၏။

ကျွန်မက သူတို့ကို ကျေးဇူးတင်ရမှာပါ ကလေးတွေက တကယ်ကို အကူအညီဖြစ်ရှာပါတယ်၊ သူတို့သာမရှိရင် ကျွန်မလည်း ဒီနေ့ အိမ်အသစ်ကို ပြောင်းရွှေ့နိုင်မှာ မဟုတ်ဘူး"

စန်းလော့၏ သားဖြစ်သူများကို ချီးကျူးသံကြားလိုက်ရချိန်တွင် အဒေါ်ကြီးလုက ပျော်ရွှင်ဝမ်းသာမှုဖြင့် လင်းလက်သွားတော့သည်။

လုမိသားစုသည် ကြက်ခြံက သူတို့၏အိမ်အ‌နောက်ဘက် တောင်ဘေးတွင် ရှိလေသည်။ ကြက်ပေါက်လေးများက ကြက်ခြံထဲတွင် ရှိမနေသော်လည်း အိမ်အနောက်ဘက်က မြေကြီးထဲတွင် အစားအသောက်များကို တတောက်တောက်နှင့် ဆိတ်စားနေကာ စုစုပေါင်း အကောင်ရေ ဆယ့်နှစ်ကောင်နီးပါးရှိ‌သည်။

အဘွားလုက ပြောလိုက်သည်။

“ ဒါတွေက ငါ့တို့ရဲ့ ကြက်ပေါက်တွေလေ၊အရွယ်ရောက်ပြီးသား ကြက်ပေါက်တချို့ကို လေးလပိုင်းတုန်းက အိမ်က ကြက်မတွေကပဲ ဥထားခဲ့တာ၊ တချက်လောက်ကြည့်လိုက် ဘယ်တစ်ခုကိုလိုချင်လဲ ပြောလိုက်‌လေ ငါ နင်တို့အတွက်ဖမ်းပေးမယ်"

စန်းလော့က လှမ်းကြည့်လိုက်ပြီး အော်ရယ်လိုက်လေသည်။ “ အဘွားလု... အဘွားလုရဲ့ကြက်ပေါက်လေးတွေက အရမ်းကိုတက်ကြွတာပဲ၊ ဘယ်တစ်ကောင်ပဲဖြစ်ဖြစ် အဆင်ပြေမှာပါ၊ ကျွန်မ ရွေးစရာမလိုပါဘူး၊ ဒီအတိုင်း အတောင်လေးနည်းနည်းရင့်တဲ့ နှစ်ကောင်လောက်ကိုပဲ ရွေးပေးလိုက်ပါ"

သူမ၏ မှတ်ချက်ပေးလိုက်သည့် ပထမအပိုင်းက မြှောက်ပင့်ပြောနေခြင်းသက်သက် မဟုတ်ပေ။ ရွာများတွင် လွတ်လွတ်လပ်လပ် မွေးမြူးထားသည့် ကြက်ပေါက်များသည် နှုံးခွေကာ မှိုင်တွေနေကြခြင်းမရှိပဲ ဒီကြက်အုပ်ကြီးက ချွင်းချက်မဟုတ်ပေ။ သူတို့တစ်ကောင်ချင်းစီက တက်ကြွနေကြလေသည်။

စန်းလော့၏အကြည့်က အရွယ်ရောက်ပြီးသား ကြက်ပေါက်ကလေးဆီကို ရောက်သွားပြီး အကြမ်းခံမည့်တစ်စုံစီကို ရွေးလိုက်ကာ အထီးအမတစ်စုံဆီ ရွေးလိုက်လေသည်။

အဘွားလုက တဟင်းဟင်းရယ်ကာ ထောက်ခံလိုက်ပြီး သို့သော်ငြား သူမက ဘာမှမလုပ်ရသေးခင်မှာပဲ အဘွားလု၏ အကြီးဆုံးချွေးမက ကြားဝင်လာပြီး

“အမေ ကျွန်မ လုပ်လိုက်ပါ့မယ်”

သူမက ကြက်ပေါက်ကလေးများထံသို့ ကျွမ်းကျွမ်းကျင်ကျင် ချဉ်းကပ်သွားလိုက်ပြီး လှုပ်ရှားမှုနည်းနည်းလေးမှာပင် စန်းလော့ရွေးထားသည့် ကြက်တစ်ကောင်ကို ဖမ်းလိုက်လေသည်။ သူမ၏လက်ထဲတွင် မြဲမြံစွာ ကိုင်ထား၏။

ကြက်တစ်ကောင် အဖမ်းခံလိုက်ရခြင်းက တခြားကြက်အားလုံးကို အလန့်တကြားဖြင့် နေရာအနှံထွက်ပြေးသွားစေတော့သည်။ ကြောက်ရွံမနေပဲ အဘွားလု၏ချွေးမက ကောက်ရိုးကြိုးဖြင့် ကြက်ပေါက်လေးများ၏ ခြေ‌ထောက်ကို ချည်နှောင်ထားလိုက်လေသည်။ ထိုနောက် စန်းလော့၏အဝတ်အိတ်ထဲတွင် ထည့်ပေးလိုက်လေသည်။ ထို့နောက် အစာဗန်းကို သွားယူလိုက်၏။ အစာဗန်းကို တတောက်တောက်နှင့်ခေါက်ကာ ကြက်ပေါက်လေးများကို ဆွဲဆောင်လိုက်သည်။ ဖွဲနုများနှင့် အသီးအရွက်များကို မြေကြီးပေါ်တွင် ဖြန့်ကျဲပေးလိုက်လေသည်။ ပြန့်ကျဲနေသည့် ကြက်အုပ်ကြီးကို အစားစာဖြင့် မျှားခေါ်လိုက်လေသည်။

သူမက ဒုတိယကြက်ပေါက်ကလေးကို အလွယ်တကူ ဖမ်းလိုက်နိုက်လေသည်။

အနားတွင်ရပ်နေသည့် အဘွားချန်းက အပြုံးတခုဖြင့် အဘွားလုကို မှတ်ချက်ပေးလိုက်၏။

“ရှင့်ချွေးမ ချွန်းညန်က တကယ်လုပ်ရည် ကိုင်ရည်ရှိတာပဲ၊ ရှင့်မှာ သူရှိနေတာက ကံကောင်းတာ "

အဘွားလုက နွေးနွေးထွေးထွေးဖြင့်ထောက်ခံသည်။ ဒီအခွင့်အရေးကို ယူလိုက်ပြီး သူမကလည်း ချန်းလျန်ညန်ကို ချီးမွမ်းပြောဆိုလိုက်သည်။

အဘွားကြီးနှစ်ယောက်၏အပြန်န်အလှန် ချီးမွမ်းစကား ပြောနေကြသည့်အချိန်တွင် စန်းလော့ကတော့ အဝတ်အိတ်ကို ကျွမ်းကျွမ်းကျင်ကျင် ချည်နှောင်လိုက်ပြီး အဘွားလု၏ချွေးမကို ကမ်းပေးလိုက်ကာ ပြောလိုက်လေသည်။

"အဒေါ်ကြီးလု ကျေးဇူးပြုပြီးတော့ ကျွန်မအတွက် ဒီကြက်နှစ်ကောင်ချိန်ပေးလို့ ရမလား"

အဘွားလု၏ချွေးမက ခေါငိးငြိမ့်လိုက်ပြီး အထဲဝင်သွားကာ ချိန်ခွင်သွားယူလေသည်။ ထိုနောက်တွင်တော့ အဘွားလုက အဘွားချန်းနှင့်စန်းလော့ကို အိမ်ထဲသို့ပြန်ဖိတ်‌ခေါ်လာပြီး အပြင်ကအပူရှိန်ကို ရှောင်ရှားဖို့ရန်အတွင်းဘက်တွင် ကြက်များကို ချိန်ပေးမည်ဟု အကြံပေးလေသည်။

အထဲသို့ ရောက်လာသည်နှင့် အဘွားလု၏ ချွေးမက ချိန်ခွင်ကို ယူထုတ်လာပြီး ဖြစ်သည်။ စန်းလော့နှင့်တခြားသူများ ရောက်လာသည်တွင် သူမက ကြက်ပေါက်ကလေး ထည့်ထားသည့်အိတ်ကို ချိန်ခွင်တွင် ချိတ်လိုက်သည်။ စန်းလော့ကို အလေးချိန်ကို ပြသလိုက်ကာ စုစုပေါင်းအလေးချိန်ကို ပြောပြလိုက်လေသည်။

သူတို့သည် ကြက်ပေါက်ကလေးများ၏‌ ဈေးနှုန်းကို ပေါက်ဈေးအတိုင်း ပေးမည်ဟု အစောကြီးကတည်းက သဘောတူထားပြီးသားဖြစ်လေသည်။ စန်းလော့ကငွေပမာဏကို ရေတွက်လိုက်ပြီး သူမ၏အိတ်ထဲက ‌ကြိုးနဲ့ချည်ထားသည့် ငွေအကြွေပြားများကို ထုတ်လိုက်ကာ ဝမ်း လေးဆယ်နှစ်ဝမ်း ရေတွက်လိုက် ပြီး ပိုက်ဆံများကိုအဘွားလုဆီ လှမ်းပေးလိုက်ပြီး အပြုံးနှင့်အပြုံးဖြင့် ပြောလိုက်လေသည်။

“အဘွား ဒီမှာ ၅၈ဝမ်နော်၊ ကျေးဇူးပြုပြီးတော့ စစ်ပေးပါအုံး"

အဘွားလုက စုစုပေါင်းပမာဏကို ကြားလိုက်ရသည်တွင် ခေါင်းခါပြလိုက်လေသည်။

"ဘာဖြစ်လို့ ငါးဆယ့်ရှစ်ဝမ်ယူရမှာလဲ၊ ရွာသားအချင်းချင်း ဝယ်ယူကြတဲ့အခါမှာ ပေါက်ဈေးအတိုင်းတောင်းတာက ရွာဓလေ့မဟုတ်ဘူး"

ရေတွက်မနေတော့ပဲ သူမက စန်းလော့ သူမကိုပေးလာသည့် ငွေအ‌‌ကြွေများထဲက နှစ်ဝမ်းကို နှုတ်လိုက်ကာ သူမကို ပြန်ပေးလိုက်လေသည်။

"ငါးဆယ့်ခြောက်ဝမ်ပဲ၊ တစ်ကောင်ကို တစ်ဝမ် လျှော့ပေးတယ်လို့ မှတ်လိုက်” စန်းလော့က သွားများပေါ်သည့်အထိ ပြုံးပြလိုက်ပြီး ပိုက်ဆံကို လက်ခံလိုက်လေသည်။

"ဒါဆိုရင်လည်း ကောင်းပါပြီ၊ အဘွားရဲ့ စေတနာကို မငြင်းတော့ပါဘူး၊ ကျေးဇူးတင်ပါတယ်နော် အဘွားလု"

အဘွားလု၏မျက်လုံးများက သဘောကျသွားကာ တလက်လက်ဖြစ်သွားပြီး အဘွားချန်းကို မှတ်ချက်ပေးလိုက်လေသည်။

"သူ့ရဲ့စေတနာကတော့ တကယ့်ကိုပဲ ချစ်စရာကောင်းလိုက်တာ"

" အမှန်ပဲရှင့်” အဘွားချန်းက တခစ်ခစ်ရယ်ကာ ထောက်ခံလိုက်လေသည်။ အဘွားကြီးနှစ်ယောက်က လူများနှင့်ပစ္စည်များကို ဝေဖန်အကဲဖြတ်ရာတွင် တူညီသည့်အကြောင်းအရာ အပေါ်အခြေခံထားကြလေသည်။

စန်းလော့က အိမ်တွင်လုပ်စရာများရှိ‌ေနသေးသည်ကို သိလိုက်သဖြင့် အဘွားချန်းကပြောလိုက်၏။

"ကဲ ကောင်းပြီ၊ ကျွန်မတို့ နောက်ထပ်ကြက်နှစ်ကောင်ဝယ်ဖို့ ရွာသူကြီးအိမ်ကို သွားရအုံးမယ်၊ ရှင်တို့လည်း ရှင်တို့အလုပ်ကို ဆက်လုပ်လိုက်ကြ"

အဘွားလု၏ အကြီးဆုံးချွေးမဖြစ်သူသည် စန်းလော့က ကြက်ပေါက်လေးများ နောက်ထပ်ဝယ်ယူရန် စိတ်ကူးရှိသည်ဟု ကြားလိုက်ရသည်တွင် သူမ၏မျက်လုံးများက တလက်လက်တောက်ပသွားလေသည်။ သူတို့သည် ထွက်လျှောက်လာပြီးနောက် သူမက ယောက္ခမဖြစ်သူကို တိုးတိုးလေးပြောလိုက်၏။

"အမေ စန်းလော့ကြည့်ရတာ တော်တော်အဆင်ပြေနေတဲ့ပုံပဲ"

အဘွားလုက သူမကို လှမ်းကြည့်လိုက်ပြီး

"အလုပ်ကြိုးစားပြီး ဇွဲလုံလရှိတဲ့သူတွေက သူတို့ရဲ့ဘဝမှာ အလိုလို တိုးတက်လာတာပဲ"

ချွေးမဖြစ်သူက ရှက်ကိုးရှက်ကန်းနှင့်ပြုံးလိုက်ပြီး စကားကို ဆက်မပြောလိုက်တော့ချေ။

လုအိမ်နှင့်အနည်းငယ်ဝေးလာသည်တွင် စန်းလော့ သိလိုစိတ်နှင့် မေးမြန်းလိုက်လေသည်။

"အဘွား ကျွန်မဦးကြီးလုနဲ့ တတိယဦးလေးကိုပဲတွေ့တယ်နော် ဒါပေမဲ့ ဒုတိယဦးလေးလုကိုတော့ မတွေ့ဘူး"

အဘွားချန်းက ခဏလောက်တွေဝေသွားပြီးနောက် တိုးတိုးတိတ်တိတ် ပြန်ဖြေ‌လေသည်။

"သူကဆုံးသွားပြီ ထင်ပါတယ်"

ဒီလိုမမျှော်လင့်ထားသည့်အဖြေကြောင့် စန်းလော့သည် တဒင်္ဂ ကြောင်အမ်းအမ်းဖြစ်သွားလေသည်။

"ဘယ်လိုဖြစ်တာလဲ "

အဘွားချန်းက သူမကိုကြည့်လိုက်ပြီး သက်ပြင်းချလိုက်၏။

"နင့်ယောင်္ကျားအားလီရယ် ငါ့ရဲ့သား သရှန်းရယ် လုအာ့လန်ရယ် နောက်ပြီးတော့ အရင်မိသားစု ရှီသကျွင်းရယ် သူတို့အားလုံးက အဲဒီနှစ်တုန်းက စစ်မှုထမ်းသွားလိုက်ရတာလေ သူတို့တင်မဟုတ်ပါဘူး ငါတို့ရွာက အရွယ်ရောက်ပြီသား လူဆယ့်နှစ်ယောက်လောက်ကလည်း ပြန်မလာပဲ ဆုံးရှုံးခဲ့ရတယ်လေ"

" ဒီနှစ်အစမှာလည်း ငါတို့တွေက တချို့လူတွေ ပြန်လာတာကို ကြားခဲ့ရတယ်၊ ငါတို့တွေလည်း တစ်ရွာပြီးတစ်ရွာ သွားခဲ့ကြပေမဲ့ ဆယ်ရွာလောက်နီးပါးမှာ တော်တော်များများက အယောက်နှစ်ဆယ်လောက်ပဲ ပြန်လာတယ်လို့ ပြောကြတယ်"

အဘွားကြီး၏ပုခုံးက အနည်းငယ်လျောကျသွားသယောင်ဖြစ်သွားပြီး သူမက ထိုအကြောင်းကို ပြောပြလိုက်သည်။

သူမကအားတင်းကာ ပြုံးပြလိုက်ပြီး စိတ်ခွန်အားကိုကြိုးစားမြှင့်တင်ရင် စန်းလော့ကို သတိပေးလိုက်လေသည်။

"ဖိန်နွဲခါကျရင် ငါတို့အိမ် စားသောက်ပွဲပြုလုပ်တဲ့ခါကျရင် ရှီတကျွင်းရဲ့မိန်းမလည်း လာလောက်တယ်၊ မှတ်ထားနော် သူ့ယောကျာ်းအကြောင်းကို အစ မဖေါ်မိစေနဲ့"

" အခုတလောနှစ်တွေမှာဆိုရင် အိမ်တစ်အိမ်မှာ ယောကျာ်းတစ်ယောက် ပျောက်နေတယ်ဆိုတာတွေ့လိုက်ရင် ငါတို့ပတ်ဝန်းကျင်ကလူတွေက အလိုလိုမေးမြန်တာတွေ မလုပ်တော့ဘူး ဒါက လူတစ်ယောက်ရဲ့ ဝမ်းနည်းစိတ်ကိုသွာပြီး‌တော့ ထိခိုက်စေတယ်လေ"

ထိုအခါမှ အဘွားလု၏ဒုတိယချွေးမက ပြုံးနေပါသော်လည်း မျက်လုံးထဲတွင် ဝမ်းနည်းစိတ်ရှိနေကာ တက်ကြွမှုပျောက်ဆုံးနေသည်ကို စန်းလော့မှာ နားလည်သွားတော့သည်။

သူမသည် အစောပိုင်းက အိမ်ထောင်စုပစ္စည်းများကို စုဆောင်းနေသည်နှင့် ပတ်သက်ပြီး အကောင်းမြင်သည့်စိတ်ရှိနေပါသော်လည်း အခုတော့ ဝမ်းနည်းသည့်ခံစားချက်က လှိုက်တက်လာလေသည်။

ရှေးခေတ်က စစ်ပွဲတွေက သာမန်လူတွေအတွက်တော့ တကယ်ကို ကြီးမားတဲ့ ကပ်ဆိုးကြီးတခုပဲ။ သူမ စဉ်းစားလိုက်၏။ ငါ ဒီခေတ်တစ်လျှောက်လုံးမှာ မရှိခဲ့ဘဲ ကိစ္စတွေအများကြီး မတွေ့ကြုံခဲ့ရတာ တော်ပါသေးရဲ့။

စန်းလော့က အမြဲတစေ စစ်ဖြစ်နေရသည့်အကြောင်းအရင်းကို မမေးတော့ပဲ ဒီအတိုင်းခေါင်းညိတ်ပြလိုက်ကာ " ကျွန်မနားလည်ပါပြီ"

ထိုတူညီသည့်အခြေအနေတွင် ရောက်နေသည့် အဘွားချန်း၏ အကြီးဆုံးမြေးလေးအကြောင်းကို စဉ်းစားမိလိုက်သော် စန်းလော့က သူမကို တောင်းပန်သည့်အကြည့်နှင့် ကြည့်လိုက်လေသည်။ အဘွားချန်းက ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်၏။

"ရပါတယ် နင်မှ မသိတာ နောက်ပြီးတော့ ဒီလိုအချိန်အခါမျိုးမှာ နေထိုင်ရတာလဲ ငါတို့မှာက ကိုယ့်ဟာကို ပြန်ဖြေသိမ့်ဖို သင်ယူတတ်ရတယ်လေ ငါတို့က ဘာတတ်နိုင်မှာလဲ"

"ငါတို့တွေက ဘယ်လိုဆက်ပြီးတော့ အသက်ရှင်နေမှာလဲ"

ပင့်သက်တချက်ရှိုက့်လိုက်ပြီး အဘွားချန်းက သူမကိုသူ အိန္ဒြေဆယ်လိုက်ကာ စကားလမ်းကြောင်းလွှဲလိုက်သည်။ စန်းလော့ကို ရွာသူကြီးမိသားစုအကြောင်း စတင်ပြောပြလိုက်လေသည်။

" ငါတို့ရွာမှာတော့ လုမိသားစုနဲ့ ရွာသူကြီးတို့ ကျိုးမိသားစုကပဲ ချမ်းသာတဲ့ အိမ်ထောင်စုဝင်တွေထဲက တစ်စု နှစ်စု ဖြစ်တယ်"

"ကျိုးမိသားစု ဟုတ်လား၊ သူတို့တွေက ကျိုးလီကျန်း (အုပ်ချုပ်ရေးမှူး)နဲ့အမျိုးလား "

အဘွားချန်းက ခေါင်းညိတ်ပြလိုက်ပြီး နောက်တွင် ခေါင်းပြန်ခါပြလိုက်သည်။

"သူတို့တွေက မျိုးဆက်တစ်ခုတည်းက ဆင်းသက်လာတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ အခုက သူတို့က မျိုးဆက်လေးခုမြောက်လေ၊ ဒီတော့ သူတို့က သွေးဝေးတဲ့ ဆွေမျိုးတွေလို့ ပြောရမှာပေါ့"

မိဘမဲ့တစ်ယောက်ဖြစ်ခဲ့သည့် စန်းလော့သည် ဆွေမျိုးများ၏အယူအဆကို အနည်းငယ်သာသိသော်လည်း မူလခန္ဓာကိုယ်ပိုင်ရှင်၏မှတ်ဉာဏ်ထဲတွင် အဘွားချန်းပြောသည့် သွေးဝေးသည့်စကားကို နားလည်လိုက်လေသည်။

သချန်းမင်းဆက်တွင် ပထမမျိုးဆက်သည်မောင်နှမရင်းချာများဖြစ်သည်။ ဒုတိယမျိုးဆက်မှာ ပထမဝမ်းကွဲများဖြစ်ပြီး တတိယမျိုးဆက်မှာ ဒုတိယဝမ်းကွဲများဖြစ်ကာ စတုတ္ထမျိုးဆက်က‌တော့ အဘွားချန်းပြောခဲ့သည့် အတိုင်းသွေးဝေးသွားသည့် မျိုးဆက်များဖြစ်သည်။

ဒါကသွေးသားရင်းချာဆက်စပ်မှုနှင့်ကြည်လျှင် တော်တော်လေးဆွေးမျိုးဝေးသည်ဟု ပြောနေခြင်းပင်။

ရွာသူကြီးဆိုသည်မှာ ရွာထဲတွင် အဆင့်အတန်းမြင့်ဆုံး လူ‌နေမှုစနစ်ရှိသည့်သူကို ဆိုလိုပေသည်။

ရွာသူကြီးကျိုးမိသားစုကလည်း ထိုနည်းတူပင် သူတို့သည် အားလုံးနည်းတူ ရွှံ့နှင့်ဆောက်ထားသည့်အိမ်တွင် နေကြသော်လည်း သူတို့၏အိမ်ခေါင်မိုးများကတော့ ကောက်ရိုးနှင့် လုပ်ရမည့်အစား အုတ်ကြွပ်မိုးများဖြစ်သည်။ ဒါက သူတို့၏အိမ်ကို ပိုပြီးတော့ သိသာထင်ရှားစေသည်။ သူတို့၏မိသားစုသည်ကြီးမားပြီး ကြွယ်ဝကာ သူတို့၏ ရွှံ့အုတ်နှင့်‌ဆောက်ထားသည့်အိမ်မှာ ရွာထဲက တခြားအိမ်များနှင့်ယှဉ်လျှင် ပိုပြီးတော့ သားနားနေသယောင်ဖြစ်လေသည်။

အဘွားချန်းကအားလုံးနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိပုံရပြီး အမြဲတမ်းစကားကို ဖော်ရွေရွေပြောတတ်ကာ ကျိုးမိသားစု၏သူကြီးနှင့်လည်း ထိုနည်းတူပင်။

သူတို့၏လာရင်းကိစ္စကို အကျဉ်းချုံးပြောပြလိုက်ပြီးနောက် ရွာသူကြီး၏မိန်းမက စန်းလော့ကို လေ့လာကြည့်လိုက်၏။

" ဒီတော့ မင်းက အားလီရဲ့မိန်းမကိုး၊ မင်းက ရွာကို ရောက်လာတာ အချိန်တခုလောက် ရှိပြီးဆိုပေမဲ့ ငါတို့တွေ အရင်က မတွေ့ခဲ့ကြဖူးဘူးနော် "

အိမ်ထောင်စုစာရင်းသွင်းခြင်းကိစ္စကို အိမ်နီးချင်းရွာက ရွာသူကြီးထံတွင်တိုက်ရိုက် ဆောင်ရွက်ရပြီး ရွာသူကြီးကတော့ ရွာအတွင်းကိစ္စရပ်များနှင့် အငြင်းပွားဖွယ်ရာများကိုသာ ဒိုင်ခံဖြေရှင်းပေးရသည်။ ထိုကြောင့်သူကြီးမိသားစုက အပြင်ထွက်လေ့မရှိသည့် စန်းလော့ကို မမြင်ဖူးခြင်းမှာလည်း အထူးတစ်ဆန်းတော့ မဟုတ်ချေ။

အဘွားချန်းက မိတ်ဆက်ပေးလိုက်၏။ “ဒါက ရွာသူကြီးရဲ့မိန်းမလေသူ့ကို အဒေါ်ကြီးလို့‌ခေါ်လို့ရတယ်”

ရွာသူကြီး၏မိန်းမက ချင်ဖန်းညန်နှင့် သက်တူရွယ်တူရှိပုံရသော်လည်း ပြောရမယ်ဆိုရင်တော့ သူကြီးကျိုး၏မိန်းမက တော်တော်လေးငယ်‌ပုံရသည်။

စန်းလော့က ပြုံးကာနှုတ်ဆက်လိုက်၏။

" တွေ့ရတာဝမ်းသာပါတယ် အဒေါ်ကြီးကျိုး”

အဒေါ်ကျိုးက ပြုံးကာ သူတို့ကို ကြက်ခြံထဲသို့ ခေါ်သွားရင်က ပြောပြလိုက်လေသည်။

"ကျွန်မတို့မှာ ကြက်ပေါက်လေးတွေ အများကြီးတော့မရှိဘူး၊ ဒါပေမဲ့ ကျွန်မကြားထားတာတာ့ ရှင်က အိမ်သစ်တစ်လုံးဆောက်နေတယ်ဆို၊ အခုက ကြက်ပေါက်ကလေးတွေလည်း ဝယ်တဲ့ရာသီမဟုတ်ဘူးလေ၊ ဒါကြောင့်မို့ ရှင်တို့အတွက် နှစ်ကောင်လောက်ချန်ထားပေးတာကလည်း ပြဿနာမဟုတ်နေဘူး ရှင်တို့တွေ ကိုယ်တိုင်ရွေးလို့ရပါတယ်"

စန်းလော့သည် ဒီတစ်ကြိမ်တွင်တော့ ကြက်မလေးနှစ်‌ကောင်ကို ရွေးလိုက်လေသည်။ လုမိသားစုအိမ်က ဝယ်လာသည့်နှစ်ကောင်နှင့် ပေါင်းလိုက်လျှင် ကြက်ဖတစ်ကောင် ကြက်မသုံးကောင်ရပေသည်။ နှစ်လ သုံးလလောက်နေလျှင် သူတို့သည် ကြက်ဥများကို စတင်ဥပေလိမ့်မည်။ ကြက်မသုံးကောင်ရှိသဖြင့် သူမက တနေ့လျှင် ကြက်ဥသုံးလုံးကို မျှော်လင့်လို့ရပီး သူတို့မိသားစု၏ စားသောက်စရိတ်အတွက် လုံလောက်ပေမည်။

ရွာသူကြီး၏မိန်းမဖြစ်သူ အမျိုးသမီးကျိုးက ကြက်ကလေးများကို ကျွမ်းကျွမ်းကျင်ကျင် ဖမ်းလိုက်ပြီး ကြိုးဖြင့်ချည်ပေးလိုက်ကာ မြန်မြန်ဆန်ဆန်ပင် အလေးချိန်ပေးလိုက်သည်။

ဒီကြက်နှစ်ကောင်က လုမိသားစုအိမ်က ကြက်များထက်အနည်း ပေါ့သည်။ သို့ပေမဲ့ ဈေးကိုတော့ ငါးဆယ့်ခြောက်ဝမ်းပေးလိုက်သည်။ မိသားစုနှစ်ခုကြားတွင် ရင်းနှီးသည့်ဆက်ဆံရေး မရှိသဖြင့် လျော့ဈေးတောင်းဖို့က မျှော်လင့်လို့မရပေ။ အမျိုးသမီးကျိုးက ငွေချေလိုက်သည်ကို ဝမ်းသာအားရလက်ခံလိုက်ပြီးနောက် စန်းလော့နှင့် အဘွားချန်းတို့က နှုတ်ဆက်ပြီးပြန်လာခဲ့ကြသည်။

ချန်းမိသားစုအိမ်သို့ ဖြတ်လျှောက်လာသည်တွင် စန်းလော့သည် ဒီနေ့ စီရင်စုထဲက ဟင်းသီးဟင်းရွက်များကို မဝယ်ရခဲ့သေးဖို့ သတိရလိုက်၏။

ညနေစာကိုစဉ်းစားမိလိုက်ပြီး အိမ်တွင် တောဟင်းရွက်များရှိသေးသည်ဖြစ်ရာ သူမက အဘွားချန်းဆီက ကြက်ဥနှစ်လုံးတောင်းဝယ်လိုက်လေသည်။

စန်းလော့က ပြောရင်းဆိုရင်း သူမ၏ပိုက်ဆံအိတ်ထဲက နှစ်ဝမ်ကို ထုတ်ပေးလိုက်၏။ အိမ်ဆောက်နေသည့်ကာလအတွင်းတွင် သူမသည် ချန်းမိသားစုအိမ်၌ ချက်ပြုတ်ရချိန်တွင် အဘွားချန်းကသူမ၏အစားအသောက်ထဲတွင် ကြက်ဥများကို ဘာမှမပြောပဲ ထည့်ပေးခဲ့မှန်း သူမက သိလေသည်။ အစပိုင်းတွင်တော့ စန်းလေ့ာက ဒါကို သတိမထားမိခဲ့ပေ။ သို့သော် အချိန်ကြာလာသည့်နှင့်အမျှ သူမသည် ဤစေတနာကို သတိထားမိလာလေသည်။

အိမ်စဆောက်ကတည်းက ချန်းမိသားစု၏ကြက်များက ဝပ်သည့်ကြက်ဥများကို သူမကို ပေးခဲ့ခြင်းဖြစ်သည်။

ထိုအချိန်က မိသားစုနှစ်ခုက အတူတူမျှစားခဲ့ကြသည်။ အဘွားချန်းက ဆန်အဖြူနှင့်အသားများကို စားနရသည့်အတွက် စိတ်မလုံမလဲ ခံစားချက် အမြဲဖြစ်နေလေရာ သူမက စန်းလေ့ာအပေါ် အခွင့်အရေးယူမိနေသည်ဟု ထင်မိနေလေသည်။ ထို့ကြောင့်လည်း ထိုစိတ်ဖြင့် သူမက သူမ၏အသိဖြင့် အစားအသောက်များထဲတွင် ကြက်ဥများကို တိုးတိုးတိတ်တိတ်ထည့်ပေးခြင်းပင်။

ထို့ကြာင့်လည်း စန်းလော့က ဒီကိစ္စနှင့်ပတ်သက်ပြီး အများကြီးမပြောခဲ့ပေ။ သို့‌သော်ငြား အခုတော့ သူမ၏ကိုယ်ပိုင်အိမ်က ဆောက်လုပ်ပြီးစီးသွားကာ အိမ်တွင်လည်း ချက်ပြုတ်နေပြီဖြင့်သဖြင့် သူမသည် ဒီစေတနာမျိုးကို ဆက်ပြီးလက်မခံနိုင်တော့ပေ။

စန်းလော့၏အမူအရာကို မြင်လိုက်သည်တွင် အဘွားချန်းက တဟင်းဟင်းရယ်လိုက်၏။

" စိတ်မပူပါနဲ့လေ ငါပိုက်ဆံယူမှာပါ၊ ဒီကြက်ဥတွေက ငါ့ရဲ့ဝင်ငွေထဲက တစ်စိတ်တစ်ပိုင်းပဲ"

အဘွားချန်းက ငွေကို ဝမ်းသာအားရအိတ်ကပ်ထဲ ထည့်လိုက်ပြီး ကြက်ဥနှစ်လုံးသွား ထုတ်ယူပေးလိုက်သည်။ သူမပြန်လာချိန်တွင်တော့ ခရမ်းသီးနှစ်လုံးကို အပိုယူလာပြီ ပြောလိုက်သည်။

" ဒီမှာ ဒါတွေကိုလည်းယူသွားလိုက်"

စန်းလော့က ရယ်မောလိုက်ပြီး တွေဝေမနေပဲ သူမကို ကျေးဇူးတင်စကား ပြောလိုက်သည်။ ကြက်ပေါက်လေးများ ထည့်ထားသည့်အိတ်တစ်လုံး၊ ခရမ်းသီးနှင့်ကြက်ဥများကို ကိုင်ထားလိုက်လေသည်။ သူမက ပြန်တော့မည် ပြင်လိုက်စဉ်တွင် သူမဝယ်လာသည့်ဆန်အိတ်ကို သတိရသွားပြီး နောက်မှ ဆန်လာဖွတ်မည်ဟု ပြောလိုက်လေသည်။

အဘွားချန်းက သူမ၏အိမ်ကို လှမ်းကြည့်ပြီး‌နောက် ပြုံးပြလိုက်လေသည်။

"အဲဒီအတွက်တော့ပြန်လာနေဖို့ မလိုပါဘူး၊ နင့်အဒေါ်က ဆန်ဖွတ်ပေးပြီးသွားပြီး နင့်အိမ်ကိုတောင် ပို့ပေးပြီးသွားပြီ၊ အိမ်ပြန်ရောက်ရင် ကြည့်လိုက်အုံး"

အမှန်ပင် စန်းလော့သည် အိမ်ပြန်ရောက်လာချိန်တွင် စောစောက သူမဝယ်လာသည့် ဆန်အိတ်မှာ သူမ၏ကောက်ရိုးအိမ် တံစက်မြိတ်‌အောက်တွင် မှီထားသည်ကို တွေ့လိုက်ရ‌လေသည်။ ရှန်းအန်းကတော့ အိပ်ယာအသစ်အတွက် ‌ကောက်ရိုးနှင့်ဖျာများကို အသွားအပြန် သယ်ယူလိုက်ရကာ အခုတော့ ကောင်းကောင်းမွန်မွန် နေရာချပြီးသားဖြစ်နေသည်။

မောင်နှမနှစ်ယောက်က အိပ်ယာပေါ်တွင် စိတ်လှုပ်ရှားကာ ထိုင်လိုက်လဲ‌လျောင်းလိုက် လုပ်ကာ အိပ်ယာ၏ခံနိုင်ရည်အားကို စမ်းသပ်နေတော့သည်။ စန်းလော့ပြန်လာသည်ကို ကြားလိုက်သည်တွင် သူတို့က အိပ်ယာပေါ်မှ ဆင်းကာ သူမကို ဝမ်းသာအားရ လာကြိုဆိုကြတော့သည်။

" မကြီး ညီမလေး ဘဲတွေကို ရေထဲချပေးပြီးသွားပြီး နောက်ပြီး ခြံထဲကိုလည်း ပြန်ထည့်ပေးလိုက်ပြီ "

"အစ်မကြီး အဒေါ်ချန်းက ဆန်ဖွတ်‌ပေးသွားတယ် ကျွန်တော် ဆန်တွေကို ဆန်အိုးထဲ ထည့်ပြီးတော့ ဖွဲနုတွေကို အဝတ်အိတ်ထဲမှာ ထည့်သိမ်းထားတယ် "

မောင်နှမနှစ်ယောက်သား စန်းလေ့ာထံသို့ အားတက်သရောပြေးလာကြပြီး သူမသိဖို့လိုအပ်သည်ဟုထင်သည့် သူတို့တွေးမိသမျှအရာအားလုံးကို မြန်မြန်ဆန်ဆန် သတင်းပို့ကြလေသည်။

သူတို့၏မျက်လုံးများက သူမ၏လက်ထဲက လှုပ်လှုပ်ရွရွဖြစ်နေသည့် အဝတ်အိတ်ကိုကြည့်နေကြ၏။ ရှန်းအန်းက သူမဆီက ခရမ်းသီးနှင့်ကြက်ဥများ ကူသယ်ပေးလိုက်ပြီး သူ့မျက်လုံးများက တောက်ပနေရင်းက မေးလိုက်လေသည်။

"မကြီး ကြက်ပေါက်တွေကိုလည်း ဝယ်လာတာလား "

စန်းလော့က ပြုံးပြလိုက်၏။

" ဟုတ်တယ် ငါ ကြက်‌ပေါက်တွေ ဝယ်လာခဲ့တယ်၊ သူတို့တွေကို ခြံအနောက်ဘက်မှာပဲ အရင်ဆုံးမွေးထားအုံးမယ်၊ ကြက်ခြံတခုဆောက်ပြီးမှ သူတို့တွေကို အပြင်မှာလွတ်ထားပြီး ညပိုင်းကျရင် ကြက်ခြံထဲမှာ သွင်းထားရမယ်"

အိတ်ကို အနောက်ဘက်ခြံသို့ သယ်သွားလိုက်ပြီး သူမက တခါးကို ပိတ်လိုက်ကာ အိတ်ကို မြေကြီးပေါ်သို့ချလိုက်ပြီး ခြေထောက်များတွင် မြက်ကြိုးဖြင့် ချည်ထားသည့်ကြိုးများကို ဖြည်ပေးလိုက်ပြီး ကြက်လေးများကို ဂရုတစိုက်လွှတ်ပေးလိုက်လေသည်။

လွတ်လပ်သွားသည့်နှင့်တစ်ပြိုင်နက် ကြက်ကလေးများက ခြံထဲတွင် ဟိုဒီပြေးလွှားလေရာ ထောင့်တခုနားက မြက်ခြောက်‌ပေါ်တွင်ဝပ်နေသည့် ဘဲပေါက်ကလေးများသည် အလန့်တကြားဖြစ်သွားတော့သည်။ အစောပိုင်းက တိတ်ဆိတ်‌နေသည့် အနောက်ဘက်ခြံလေးသည် ကြက်များနှင့်ဘဲပေါက်ကလေးတို့၏ ဆူညံသည့်အသံကြောင့် ရုတ်ချင်းဆိုသလို စည်ကားလာလေသည်။

ရှန်းနဉ်၏မျက်လုံးများက လင်းလက်သွား၏။

"မကြီး ညီမလေးက ဒုတလီပင်ရယ် ဘဲစာပင်တွေရယ်ကို သွားခူးလာပြီး အဲဒီအပင်တွေကို ဖွဲနုနှင့်ရောပြီး ကြက်စာကျွေးလိုက်မယ်"

ကလေးမလေးက ကြက်ငှက်မွေးမြူရေးတွင်အတွေ့အကြုံရှိသည်မှာ ထင်ရှားလှသည်။ စန်းလေ့ာက လက်ခံပေးလိုက်၏။

"ကောင်းပြီးလေ ဒါပေမဲ့ သတိတော့ထားနော်၊ နောက်တစ်ရက် နှစ်ရက်မှ အစာနဲ့ရောကျွေးလိုက်၊ ဘဲတွေက ကြက်စာကို မစားအောင်တော့ သေချာလုပ်နော် ‌ဘဲတွေက ငယ်‌သေးတယ် သူတို့တွေက အဲဒီအစာကို မစားနိုင်ဘူး၊ သူတို့ရဲ့အစားအသောက်ကို သီသန့်ပြင်ဆင်‌ပေးဖို့ လိုသေးတယ်"

" နားလည်ပါပြီ” မောင်နှမနှစ်ယောက်က တပြိုင်တည်း ပြန်ဖြေလိုက်ပြီး လိုအပ်သည့်ပစ္စည်းများကို စု‌ဆောင်းရန် ပြန်ထွက်သွားလိုက်ကြ‌လေသည်။

စန်းလော့က ဘဲပေါက်လေးများကို စစ်ဆေးလိုက်ပြီး သူတို့ကို နေရာတကျ ချထားပေးသည်ကို သိလိုက်ရသည်။ အသစ်ဝယ်လာသည့် ကြက်က‌လေးများက အချိန်ခဏကြာပြီးနောက်တွင် ငြိမ်သက်သွားပြီး ဘဲပေါက်ကလေးတွေကို ရန်မလိုတော့သည်လိုတွေ့လိုက်ရသည်။ သူမကကျေနပ်စွာဖြင့် အနောက်ဘက်ခြံထဲက ထွက်လာလိုက်၏။ ကောက်ရိုးအိမ်‌လေး၏အထဲတွင် အိပ်ယာကို ထောင့်တွင် ချန်ထားသည့်ကောက်ရိုး‌များဖြင့် သပ်သပ်ရပ်ရပ်‌လေးဖြစ်အောင် ပြင်ဆင်ထားသည်။ စန်းလော့က ထိုကောက်ရိုး‌လေးများကို ကြက်ကလေးများနှင့် ဘဲများအတွက် အသိုက်လုပ်ပေးရန် အသုံးပြုဖို့စဉ်းစားထားခြင်းပင်။

အလုပ်မစခင်တွင် သူမက ရေချိုးခန်းထဲကို သွားခဲ့လိုက်သည်။ သေသေချာချာ ရွေးလာသည့် ရေပုံးနှစ်လုံးကို ‌ရေဖြည့်ထားသည်ကို တွေ့လိုက်ရကာ ချောမွေ့သည့် ကျောက်တုံးလေးများကိုလည်း ခင်းထားသည်ကို တွေ့ရသည်။ ‌ကျောက်တုံးလေးများက သန့်ရှင်းနေပြီး အပေါ်တွင် ဘာဖုန်မှုန့်မှမရှိပဲ သပ်သပ်ရပ်ရပ်စီတန်းထားလေသည်။

စန်းလော့က ဇဝေဇဝါဖြင့်စဉ်းစားလိုက်၏။ ဒီလောက်လှတဲ့ ကျောက်တုန်းအများကြီးကို အဲလောက်မြန်မြန် ဘယ်လိုများစုဆောင်းနိုင်ခဲ့တာလဲ။ ငါ သူတို့ကိုတမြန်နေ့ညကမှ ပြောခဲ့တာလေ။

...

All Chapters