အမုန်းတရားကြောင့်
Vol. 177 Ch. 2536
ထန်ဟွမ်းကျွန်းပေါ်ရှိ အနောက်အင်ပါမြို့တွင် တည်ရှိသော အနောက်အင်ပါယာနန်းတော်သည် ရှေးဟောင်းမြို့ကြီးတစ်မြို့ကဲ့သို့ ထင်ရသည်။
ထိုအခိုက်တွင် ငွေဖြူရောင်ဆံပင်နှင့်လူတစ်ဦးသည် ရှေးဟောင်းအင်ပါယာနန်းတော်အပြင်ဘက်ရှိ လေပေါ်တွင် ရပ်နေ၏။ သူ့အပေါ်သို့ ထူးဆန်းသောအကြည့်တစ်ချက် ကျရောက်လာသည်။
ထိုသူသည် မည်သူနည်း။
မည်မျှအတင့်ရဲပေသနည်း။ သူသည် အနောက်အင်ပါယာနန်းတော်နှင့် နီးကပ်သည်အထိ ပျံသန်းလာပြီး နန်းတော်အပြင်ဘက် လေထဲတွင် ရပ်နေ၏။
အနောက်အင်ပါယာမြို့တော်သည် အနောက်အင်ပါယာနန်းတော်၏ အလုံးစုံထိန်းချုပ်မှုအောက်တွင် ရှိသည်။ အကယ်၍ အနောက်အင်ပါယာနန်းတော်သာ ထိုလူ၏လာရင်းကို မှားယွင်းကောက်ချက်ချလိုက်ပါက သူ ဝမ်းနည်းဖွယ်ရာအဆုံးသတ်သွားနိုင်၏။
အနောက်အင်ပါယာနန်းတော်၏ ဂိတ်တံခါးသည် ကျန့်တစ်ရာ မြင့်၏။ ထိုဂိတ်တံခါးသည် ကောင်းကင်ဘုံဂိတ်တံခါးကဲ့သို့ပင် ထင်ရသည်။ ရန်ဟောင်အဆင့်ရှိသည့် သန်မာသောအစောင့်တစ်ဖွဲ့သည် ဂိတ်တံခါးတွင် စောင့်ကြပ်နေသည်။ ထိုအခိုက်တွင် သူတို့သည် ရီဖူရှင်းကို သတိပြုမိလိုက်ကြ၏။ သူတို့သည် မော့ကြည့်လိုက်ပြီး ရီဖူရှင်းကို အေးစက်စက်ဖြင့် ရှိန်လောက်ဖွယ် ကြည့်လိုက်သည်။
ရီဖူရှင်းသည် လွန်စွာသန်မာနိုင်ကြောင်း သူတို့သိသော်ငြား ဤနေရာသည် အနောက်အင်ပါယာနန်းတော်ဖြစ်သည်။
“အဲဒီက ဘယ်သူလဲ”
အေးစက်စက်အသံတစ်ခုက ပြောသည်။ ထိုအသံသည် မိုးချုန်းသံကဲ့သို့ ကျယ်လောင်သည်။ လေထုပင် တုန်ခါသွား၏။ ထိုအသံသည် အနောက်အင်ပါယာနန်းတော် ဂိတ်တံခါးမှနေ၍ မိုးကြိုးသွားကဲ့သို့ ရီဖူရှင်းထံသို့ ပျံဝင်သွားသကဲ့သို့ပင်။
ရီဖူရှင်းသည် အောက်သို့ ငုံ့ကြည့်လိုက်ပြီး ဆင်းသွားလိုက်သည်။ သို့သော် သူသည် လေထဲတွင်ပင် ရှိနေပေသည်။ သူသည် နန်းတော်အမိုးနှင့် မျက်စိတစ်တန်းတည်းဖြစ်သောနေရာသို့ ရောက်သောအခါ ရပ်တန့်လိုက်သည်။
“ရီဖူရှင်းက ဒီမှာ ရှီးချီယောင်ကို လာတွေ့တာပါ”
ရီဖူရှင်းသည် အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားပြီး လက်နောက်ပစ်ကာ လေပေါ်တွင် ရပ်နေ၏။ သူသည် တည်ငြိမ်သောလေသံဖြင့် ပြောလိုက်ရာ ခံ့ညား၍ ယုံကြည်မှုရှိသော အငွေ့အသက်ကို ပေးနေ၏။ သူသည် အနောက်အင်ပါယာနန်းတော် အပြင်ဘက်တွင် ရပ်နေသော်လည်း လုံးဝတစ်ပန်းရှုံးနေသည့်ပုံမပေါ်ပေ။ သူသည် နန်းတော်ကြီးကဲ့သို့ပင် အရှိန်အဝါကြီးမားပုံပေါ်နေပေသည်။
“ရီဖူရှင်း...”
ရန်ဟောင်အဆင့် အစောင့်များ၏ သူငယ်အိမ်များ ကျုံ့ဝင်သွားသည်။ သူတို့သည် ထိုနာမည်ကို ရင်းနှီးသည်။ ဆိုရလျှင် ထိုနာမည်ကြောင့်သာ မကြာသေးခင်က အနောက်အင်ပါယာနန်းတော်သည် ပရမ်းပတာအခြေအနေသို့ ရောက်နေရခြင်းဖြစ်သည်။ နန်းတော်စီမံအုပ်ချုပ်ရေး၏ ထိပ်ပိုင်းမှလူများပင် ပါဝင်နေသည်။ ထို့အပြင် သူတို့သည် ရီဖူရှင်းတစ်ယောက် အနောက်ပင်လယ်ကုန်းမြေတွင် လုပ်ခဲ့သော အုပ်အော်သောင်းနင်းဖြစ်သွားစေသည့် ကိစ္စများကို သိသည်။
သူတို့သည် ရီဖူရှင်းကို အနောက်အင်ပါယာနန်းတော်တွင် တွေ့ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
အစောင့်များသည် ရီဖူရှင်း၏အမည်ကိုကြားလိုက်သောအခါ အေးစက်စက်ဖြင့် မာန်ဝင့်နေသော အပြုအမူကို ပြင်လိုက်ကြ၏။ ကျင့်ကြံခြင်းလောကတွင် အရာအားလုံးသည် အင်အားအပေါ်မူတည်သည်။ သူတို့ရှေ့တွင် ရပ်နေသောသူကို အနောက်ပင်လယ်ကုန်းမြေ၏ ကုန်းမြေသခင်အိမ်တော်ပင် မည်သို့မှမလုပ်နိုင်ခဲ့ချေ။ သူသတ်ဖြတ်မည်ကို သူတို့မည်သို့မှ မတားနိုင်ပေ။ သူ့တွင် မာန်တက်ရန် အကြောင်းများစွာရှိ၏။
“ကျုပ် သွားပြီး သတင်းပို့လိုက်ပါမယ်”
အစောင့်ခေါင်းဆောင်က လေးနက်သောမျက်နှာထားဖြင့် ပြောသည်။
ထို့နောက် သူသည် အနောက်အင်ပါယာနန်းတော်အတွင်းသို့ ခပ်သွက်သွက် ဝင်သွား၏။ မကြာမီတွင် နန်းတော်၏မြေညီထပ်မှနေ၍ ထိုသတင်းကို အနောက်အင်ပါယာနန်းတော်၏ အမြင်ဆုံးအထပ်တွင် တည်ရှိသည့် နန်းတော်စီမံအုပ်ချုပ်ရေးအပိုင်းအထိ အဆင့်ဆင့်တင်ပြလိုက်ကြ၏။
ထိုသတင်းသည် မကြာမီမှာပင် အနောက်အင်ပါယာနန်းတော်၏ ထိပ်ပိုင်းစီမံအုပ်ချုပ်ရေးသို့ ရောက်ရှိသွားသည်။ ထိပ်ပိုင်းမှလူများပင် ဝင်ပါရခြင်းမှာ ရီဖူရှင်းရောက်ရှိလာသောကြောင့်သာဖြစ်သည်။ ထိုအခိုက်တွင် ရီဖူရှင်းသည် မည်မျှနာမည်ကြီးနေကြောင်း မြင်နိုင်သည်။
အနောက်အင်ပါယာနန်းတော်၏ တိမ်များ၊ မြူခိုးများလွှမ်းခြုံနေသော အမြင့်ဆုံးအထပ်မှနေ၍ လူများသည် တစ်ယောက်ပြီးတစ်ယောက် ပျံထွက်လာကြပြီး အနောက်အင်ပါယာနန်းတော်၏ ဂိတ်တံခါးသို့ သွားလိုက်ကြ၏။
ရီဖူရှင်းက အနောက်အင်ပါယာနန်းတော်၏ ဂိတ်တံခါးအပြင်ဘက်ရှိ လေထဲတွင် ရပ်နေဆဲဖြစ်သည်။ သူသည် လက်နှစ်ဖက်နောက်ပစ်ကာ တည်တည်ငြိမ်ငြိမ် စောင့်ဆိုင်းနေသည်။ သူသည် တစ်နည်းတစ်ဖုံ ခံ့ညားနေသည်။
ထိုနေ့တွင် သူလာခဲ့ရခြင်းမှာ အနောက်အင်ပါယာနန်းတော်ကို လက်ဆောင်ပေးရန်ဖြစ်သည်။ ထို့အပြင် စီဝေ့အင်ပါယာနန်းတော်သည် ထိပ်သီးအင်အားစုများနှင့် ယှဉ်ပြိုင်နိုင်သော အင်အားစုတစ်စုအဖြစ် တိုးတက်လာပြီဖြစ်သည်။ သူသည် ဤနေရာသို့ နန်းတော်သခင်တစ်ဦးအနေဖြင့် လာခဲ့ခြင်းပင်။ သူရင်ဆိုင်နေရသည်မှာ ရှေးဟောင်းနတ်ဘုရားကလန်ဖြစ်သော်လည်း သူသည် ထိုသူများထက် အဆင့်နိမ့်သကဲ့သို့ ပြုမူနေရန် မလိုပေ။
သူ အနောက်အင်ပါယာမြို့သို့ ရောက်လာစဉ်က ကြားခဲ့ရသည့် ကောလာဟလအချို့ကို သူသိပ်သဘောမကျပေ။ အနောက်အင်ပါယာနန်းတော်မှ လူများစွာသည် သူ့ကိုရန်လိုနေကြပေရာ သူသည်လည်း သူတို့ကို ဖော်ဖော်ရွေရွေဆက်ဆံနေစရာ အကြောင်းမရှိပေ။ သူကျေးဇူးတင်သော တစ်ဦးတည်းသောသူမှာ အနောက်အင်ပါယာနန်းတော်၏နတ်မိမယ် ရှီးချီယောင်သာဖြစ်သည်။
စွမ်းအားကြီးကျင့်ကြံသူတစ်ဦးသည် လှေကားတစ်လျှောက် ပျံဆင်းလာသည်။ သူက အနောက်အင်ပါယာနန်းတော် ဂိတ်တံခါးသို့ လှမ်းအော်လိုက်သည်။
“သူ့ကို ဝင်ခိုင်းလိုက်”
ဂိတ်တံခါးအပြင်ဘက်ရှိ အစောင့်များသည် ချက်ချင်းပင် ရီဖူရှင်းကို တံခါးဖွင့်ပေးလိုက်ကြ၏။
ရီဖူရှင်းက ဂိတ်တံခါးကို ဖြတ်၍ပျံသန်းကာ အနောက်အင်ပါယာနန်းတော်အတွင်းသို့ ဝင်သွားလိုက်သည်။
သူ့ရှေ့တွင် စွမ်းအားကြီးကျင့်ကြံသူအချို့ ရောက်ရှိလာသည်။ တစ်ချိန်တည်းမှာပင် အနောက်အင်ပါယာနန်းတော် အထက်ပိုင်းမှနေ၍ နတ်အာရုံများသည် သူ့အပေါ်သို့ကျရောက်လာသည်ကို သူသိရှိလိုက်သည်။ ထို့ကြောင့် သူမျက်မှောင်ကြုတ်သွားသည်။
ထိုအပြုအမူသည် အတော်မယဉ်ကျေးသောအပြုအမူဖြစ်သည်။
ရီဖူရှင်းသည် လေထဲတွင်ရပ်ရင်း သူ့ရှေ့ရှိ စွမ်းအားကြီးကျင့်ကြံသူများကို ကြည့်လိုက်သည်။ ထိုသူများ၏ ခေါင်းဆောင်သည် ရန်ဟောင်အထွတ်အထိပ်အဆင့်ရှိသည့် အဘိုးအိုတစ်ယောက်ဖြစ်သည်။ ထိုလူများသည် အနောက်အင်ပါယာနန်းတော်၏ အဓိကလူများမဟုတ်ကြောင်း ထင်ရှားသည်။
ထိုအခိုက်တွင် ကြောက်မက်ဖွယ်အရှိန်အဝါများရှိသည့် လူအနည်းငယ်သည် အနောက်အင်ပါယာနန်းတော်အထက် ကောင်းကင်ကို ဖြတ်၍လျှောက်လှမ်းလာကြသည်။ နန်းတော်၏ ကျင့်ကြံသူများသည် သူတို့ကို ချက်ချင်းဦးညွှတ်၍ အရိုအသေပေးလိုက်ကြသည်။
အနောက်အင်ပါယာနန်းတော်ကို ရှေးဟောင်းနတ်ဘုရားကလန်က တည်ထောင်၊ စီမံနေခြင်းဖြစ်သည်။ နန်းတော်တည်ထောင်ထားခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်၍ ကျင့်ကြံသူများစွာရှိနေပြီဖြစ်ပြီး ရာထူးအဆင့်အတန်းခွဲမှုများလည်း ရှိနေပြီဖြစ်သည်။ ထိပ်ပိုင်းစီမံအုပ်ချုပ်ရေးသည် အောက်ပိုင်းတွင် ပေါ်လာခဲ၏။
“ရန်ဟောင်ရီ... မင်း အနောက်အင်ပါယာနန်းတော်ကိုလာတာက ရှေးဟောင်းအင်ပါယာ နတ်တောင်ပေါ်မှာချန်ခဲ့တဲ့ အမွေအနှစ်ကို ပြန်ပေးဖို့လား”
အောက်သို့ လျှောက်လာသော အဖွဲ့ထဲမှ ခေါင်းဆောင်က မေးလိုက်သည်။ စူးရှသောအရှိန်အဝါရှိသည့် ထိုအဘိုးကြီးသည် ကပ်ဘေးအဆင့်ကျင့်ကြံသူဖြစ်သည်။ သူ့ဘေးမှလူများသည်လည်း ရန်ဟောင်အထွတ်အထိပ်အဆင့်ရှိသူများဖြစ်သည်။
ရီဖူရှင်းသည် သူ့ကိုထီမထင်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ သူက ပြောလိုက်၏။
“ရှေးဟောင်းအင်ပါယာနတ်တောင်ပေါ်မှာ အနောက်အင်ပါယာနန်းတော်ရဲ့ နတ်မိမယ်ရှီးချီယောင်က ကျုပ်ကို အများကြီးကူညီပေးခဲ့ပါတယ်။ ကျုပ် ဒီကိုလာတာ သူ့ကိုတွေ့ဖို့ပါ။ အကြီးအကဲပြောတဲ့ ပြန်ပေးဖို့ကိစ္စဆိုတာကို... အာ.. ကျုပ် နားမလည်ဘူးဖြစ်နေတယ်”
သူနှင့် ရှီးချီယောင်သည် ရှေးဟောင်းအင်ပါယာနတ်တောင်မှ အမွေအနှစ်ကို အတူတကွရရှိခဲ့ခြင်းပင်။ သူတို့၏သဘောတူညီချက်အရ ရှီးချီယောင်လည်း တစ်ဝက်ပိုင်၏။ ထို့ကြောင့် သူသည် သူမရသင့်သည့် ဝေစုကိုသေချာပေါက်ပေးမည်ဖြစ်သည်။ သို့သော် အမွေအနှစ်တစ်ခုလုံး ပြန်ပေးရန်မှာ အဓိပ္ပာယ်မရှိချေ။
ထိုအမွေအနှစ်သည် မည်သည့်အချိန်က အနောက်အင်ပါယာနန်းတော်နှင့် သက်ဆိုင်သွားသနည်း။
“အနောက်အင်ပါယာနန်းတော်က နတ်မြေပုံပေါ်က တည်နေရာကို ဖော်ခဲ့တာ။ အနောက်အင်ပါယာနန်းတော်က ရှေးဟောင်းအင်ပါယာနတ်တောင်ကို အရင်ဆုံးတွေ့ပြီး ချိပ်ပိတ်ခဲ့တာ။ ရှီးချီယောင်ကြောင့်သာမဟုတ်ရင် ရှေးဟောင်းအင်ပါယာရဲ့ အမွေအနှစ်က မင်းလက်ထဲကို ရောက်သွားမှာမဟုတ်ဘူး။ အဲဒီအမွေအနှစ်က သေချာပေါက် အနောက်အင်ပါယာနန်းတော် ပိုင်တဲ့ဟာပဲ”
လူတစ်ယောက်သည် ကောင်းကင်ထက်မှ ပျံဆင်းလာသည်။ စွမ်းအားကြီးသော လူအချို့သည် သူနောက်မှ လိုက်လာကြသည်။ သူတို့အားလုံးသည် ကျင့်ကြံခြင်းအဆင့်မြင့်သည်။
ရီဖူရှင်းသည် ရှီးချီယောင်၏ဦးရီးတော်အပါအဝင် ရင်းနှီးသောမျက်နှာအချို့ကို မြင်လိုက်ရသည်။ သူသည် ထိုသူများကို ရှေးဟောင်းအင်ပါယာနတ်တောင်အပြင်တွင် တစ်ခါတွေ့ဖူး၏။
သူတို့တွင် ကြောက်မက်ဖွယ်အရှိန်အဝါများရှိနေပြီး ထိုနေရာကို ချိပ်ပိတ်ရန် ကြံရွယ်နေသည်ဟု ထင်ရသည်။
ရီဖူရှင်းသည် အနောက်အင်ပါယာနန်းတော်သို့ လူကိုယ်တိုင်လာခဲ့သဖြင့် သူတို့အတော်လေးအံ့အားသင့်နေကြ၏။ သူတို့သည် ရီဖူရှင်းကို အလွှတ်မပေးနိုင်ပေ။
‘အနောက်အင်ပါယာနန်းတော်ထဲမှာ သိပ်ပြီးမငြိမ်းချမ်းတဲ့ပုံပဲ’
ရီဖူရှင်း တွေးလိုက်သည်။ သို့သော် ထိုသို့ဖြစ်ခြင်းမှာ သာမန်ပင်ဖြစ်သည်။ ရှေးဟောင်းနတ်ဘုရားကလန်ကဲ့သို့ နှစ်သောင်းချီတည်ရှိခဲ့သော အင်အားစုများသည် အဖွဲ့ပေါင်းများစွာရှိပေရာ ထိုအဖွဲ့တိုင်းသည် တစ်စိတ်တစ်ဝမ်းထဲ ရှိမနေနိုင်ပေ။
ရှီးချီယောင်သည် နတ်မိမယ်အဖြစ် အမြင့်ဆုံးရာထူးကိုရခဲ့ခြင်းမှာ သူမ၏အရည်အချင်းသည် အခြားသူများထက် သာလွန်၍ဖြစ်သည်။ သို့သော် အဖွဲ့များစွာသည် ထိုကိစ္စကို ကျေနပ်မည်မဟုတ်ပေ။ အနောက်အင်ပါယာနန်းတော်၏ပလ္လင်ကို တစ်ယောက်သာ ဆက်ခံနိုင်သည်မဟုတ်ပါလား။
ရှေးဟောင်းအင်ပါယာနတ်တောင်မှ ကိစ္စသည် သူတို့အတွက် အကြောင်းပြချက်တစ်ခု ရသွားစေ၏။ ရီဖူရှင်းကိုယ်တိုင် ဤနေရာသို့ရောက်လာခဲ့ရာ သူတို့သည် ထိုအခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ပေ။
ရီဖူရှင်းသည် ထိုစွမ်းအားကြီးကျင့်ကြံသူများကို ကြည့်လိုက်သည်။ ထို့နောက် သူသည် အနောက်အင်ပါယာနန်းတော်ကို ကြည့်လျှက် ကျယ်လောင်သောအသံဖြင့်ပြောသည်။
“နတ်မိမယ်ချီယောင် ဘယ်မှာလဲ”
သူအသံသည် ခပ်ဝေးဝေး၊ ခပ်မြင့်မြင့်သို့ ရောက်ရှိသွားသည်။
“အတင့်ရဲတယ်...”
အသံတစ်ခုက ပြောသည်။ စွမ်းအားကြီးသော လူငယ်ကျင့်ကြံသူတစ်ဦးသည် မြေပေါ်သို့ ဆင်းသက်လာသည်။ ထိုလူငယ်သည် အားကောင်းသောအရှိန်အဝါရှိပြီး ရှီးချီယောင်၏ပြိုင်ဘက် ဖြစ်ခဲ့ဖူး၏။ သူ့နာမည်သည် ရှီးချီဖန်းဖြစ်သည်။ သူသည် ရန်ဟောင်အထွတ်အထိပ်အဆင့်ရှိသည့် ပါရမီပါသောကျင့်ကြံသူတစ်ဦးဖြစ်သည်။
ရီဖူရှင်းက ရှီးချီဖန်းကို ကြည့်လိုက်သည်။ သူသည် ထိုအခိုက်အထိ တည်ငြိမ်အေးချမ်းစွာ ပြောနေခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုအခိုက်တွင် သူ့ကိုယ်ပေါ်၌ မဟာလမ်းစဉ်၏ နတ်အလင်းများ စတင်စီးဆင်းလာသည်။ သူ၏အကြည့်များသည် ခက်ထန်လာကာ ခြိမ်းခြောက်သည့်အရိပ်အယောင်များ ပေါ်လာသည်။ သူသည် ရှီးချီဖန်းကိုကြည့်လျှက် ရုတ်တရက် အော်ပြောသည်။
“ငါက ရှီးချီယောင်ကို လာတွေ့တာ.. မင်းဘာမှဝင်ပြောနေစရာမလိုဘူး... ထွက်သွား...”
“ထွက်သွား...ထွက်သွား...ထွက်သွား...”
သူအသံသည် အနောက်အင်ပါယာနန်းတော်တစ်ခွင်တွင် ပဲ့တင်ထပ်သွားသည်။ လူများစွာသည် နားပင်းတော့မလိုပင်ဖြစ်သွားပြီး သူတို့၏ဦးခေါင်းသည် ပေါက်ကွဲထွက်သွားတော့မလို ခံစားနေရ၏။ ရှီးချီဖန်းသည် သူ၏သွေးများဆူပွက်လာသည်ကိုခံစားလိုက်ရပြီး သူ၏အူကလီစာများသည်လည်း တုန်ခါသွားသည်။ သူ၏ စိတ်ဝိညာဉ်သည်ပင် တုန်လှုပ်သွားသည်။ သူသည် နှာတရှုပ်ရှုပ်လုပ်ကာ သရဲတစ်ကောင်ကဲ့သို့ ဖြူဖျော့နေပြီး ပြန်ဆုတ်ရန် ဖိအားပေးခံလိုက်ရသည်။
ထိုမြင်ကွင်းသည် လူအုပ်ကို တိတ်ဆိတ်သွားစေသည်။ လူများစွာသည် ရီဖူရှင်း၏အင်အားနှင့် ထီမထင်မှုတို့ကြောင့် မှင်တက်သွားကြသည်။
သူသည် အနောက်အင်ပါယာနန်းတော်ထဲတွင် ရမ်းကားနေခြင်းပင်။ ထိုကိစ္စကို ယုံရန်ခက်ခဲသည်။
ဝုန်း...ဝုန်း...ဝုန်း...
စွမ်းအားကြီးအရှိန်အဝါများ ပေါက်ကွဲထွက်ပေါ်လာ၏။ ထိုနေရာရှိ ကျင့်ကြံသူအားလုံးသည် ရီဖူရှင်းကို ဖိနှိပ်ရန် ကြောက်မက်ဖွယ်လမ်းစဉ်အရှိန်အဝါကို ထုတ်လိုက်ကြ၏။ ထိုအခိုက်တွင် အရှိန်အဝါများသည် လွန်စွာအေးစက်စက်နိုင်နေသော ရီဖူရှင်းပေါ်သို့ ကျဆင်းသွားကြသည်။
“ဟင်း... အပြောကောင်းနေတယ်ပေါ့လေ... မင်း တော်တော်တရားလွန်သွားပြီ”
အကြီးအကဲတစ်ဦးက ပြောသည်။
“အနောက်အင်ပါယာနန်းတော်မှ ဘယ်သူမှ ဒီလိုအချိုးမျိုးလာချိုးလို့ မရဘူး”
တစ်စုံတစ်ယောက်က ပြောလိုက်ပြန်၏။ ထိုနေရာတွင် ရုတ်ခြည်း အခြေအနေတင်းမာသွား၏။
“ဟုတ်လား...”
ရီဖူရှင်းထံမှ အရှိန်အဝါသည် ပြင်းထန်အားကောင်း၏။ မဟာလမ်းစဉ်၏ နတ်အလင်းများသည် သူ့ပတ်ပတ်လည်တွင် စီးဆင်းကာ ထိုအရှိန်အဝါများကို ခုခံနေသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ လေထုသည် တုန်ခါနေသည်။ မဟာလမ်းစဉ်သည် မြည်ဟည်းနေပြီး ထိုစွမ်းအားကြီးကျင့်ကြံသူများကို အံ့အားသင့်တုန်လှုပ်နေစေ၏။
မည်မျှ စွမ်းအားကြီးသောအရှိန်အဝါပေနည်း။ ရီဖူရှင်းသည် ကပ်ဘေးအဆင့်ကျင့်ကြံသူများကိုပင် ယှဉ်နိုင်သော တိုက်ခိုက်စွမ်းအား အမှန်ပင် ရှိပေသလော။
“ကျုပ်က စီဝေ့အင်ပါယာနန်းတော်ရဲ့ အရှင်သခင်ပဲ။ ခင်ဗျားတို့က တော်တော်လေး ယဉ်ကျေးမှု မရှိတာပဲ။ သူကဘယ်သူလဲ။ ဘယ်လိုလုပ် ကျုပ်ကို အဲဒီလေသံနဲ့ ပြောရဲရတာလဲ”
ရီဖူရှင်း၏အသံသည် လေထဲတွင် ပဲ့တင်ထပ်သွားသည်။ သူသည် အေးစက်စက်လေသံဖြင့် ဆက်ပြောသည်။
“အခု အနောက်အင်ပါယာနန်းတော်က ကျုပ်ကို ဒီလိုဆက်ဆံမှတော့ ကျုပ် ပြန်တော့မယ်”
“ခဏနေပါဦး ရန်ဟောင်ရီ...”
လေထဲမှနေ၍ အသံတစ်ခု ရောက်ရှိလာသည်။ ပို၍စွမ်းအားကြီးသော အရှိန်အဝါများ ချဉ်းကပ်လာသည်။ စွမ်းအားကြီးသော လူတစ်စုရောက်ရှိလာ၏။ သူတို့ကြားတွင် ရှီးချီယောင်လည်း ပါ၏။
သူမကို စွမ်းအားကြီးသူများစွာက ဝန်းရံထား၏။ ထိုသူများသည် သူမကိုထောက်ခံသူများဖြစ်သည်။
သူမတို့သည် ခပ်သွက်သွက်လျှောက်လာကြသည်။ အနောက်အင်ပါနန်းတော်မှ လူနှစ်ဖွဲ့သည် တစ်ဖွဲ့ကိုတစ်ဖွဲ့ မုန်းတီးပုံရ၏။ ရှီးချီယောင်သည် အခြားသူများကို အရေးမစိုက်ဘဲ ရီဖူးရှင်းကို ပြောသည်။
“ရန်ဟောင်ရီ... အနောက်အင်ပါယာနန်းတော်ထဲကို ဝင်ခဲ့ပါ”
“မဝင်တော့ပါဘူး...”
ရီဖူရှင်း ပြောလိုက်၏။ သူသည် လက်ဝှေ့ယမ်းလိုက်ပြီး ဆေးလုံးအချို့ကိုထုတ်ကာ ထိုဆေးလုံးများကို ရှီးချီယောင်ကို ပေးလိုက်သည်။
ရှီးချီယောင်သည် ထိုဆေးလုံးများကို အလေးအနက်ယူလိုက်သည်။ သူက အမှန်ပင် ဆေးလုံးများ ဖော်စပ်နိုင်ခဲ့ပြီလော။
“ဒီဆေးလုံးတွေက ကျုပ် ဖော်စပ်ထားတာပါ။ အဲဒီဆေးလုံးအကုန်လုံးက အဆင့်မြင့်ကြပါတယ်။ အဲဒီထဲမှာ ကပ်ဘေးအဆင့်ကျင့်ကြံသူတွေအတွက် အထောက်အကူရမယ့် နတ်ဘုရားတစ်ဝက်ဆေးလုံးတွေလည်း အများကြီးပါတယ်။ နတ်မိမယ်ချီယောင်... အခုအဲဒီဆေးလုံးတွေက နတ်မိမယ်ရဲ့အပိုင်ဖြစ်သွားပါပြီ”
ရီဖူရှင်းက ပြောသည်။ သူ့စကားလုံးများက ထိုနေရာရှိ စွမ်းအားကြီးကျင့်ကြံသူအားလုံး၏ သူငယ်အိမ်များကို ကျုံ့သွားစေ၏။
နတ်ဘုရားတစ်ဝက်ဆေးလုံးများ...
ဒဏ္ဍာရီလာ နတ်ဘုရားတစ်ဝက်ဆေးလုံးများသည် ကပ်ဘေးအဆင့်ရှိသည့် ကျင့်ကြံသူများအတွက် လွန်စွာအထောက်အကူဖြစ်၏။ ထိုဆေးလုံးများသည် ထိုကျင့်ကြံသူများကို အဆင့်တက်နိုင်ရန်ပင် ကူညီပေးနိုင်သည်။ ကောင်းကင်ဒေသတွင် နတ်ဘုရားတစ်ဝက်ဆေးလုံးတစ်လုံးကိုပင် ရှာတွေ့ရန် ခက်ခဲသည်။ ၎င်းတို့သည် အလွန်ရှားပါးသည်။
သို့သော် ရီဖူရှင်းသည် ရှီးချီယောင်ကို နတ်ဘုရားတစ်ဝက်ဆေးလုံးများပေးရန် ဤနေရာသို့လာခဲ့၏။
ရှီးချီယောင်၏ဘေးမှ လူများ၏မျက်လုံးများထဲတွင် သာမန်မဟုတ်သောအလင်းတစ်ခု ပေါ်လာသည်။ သူတို့အားလုံးသည် ထိုဆေးလုံးများကို ကိုယ်တိုင်ကြည့်ရှုလိုနေကြ၏။ ထိုဆေးလုံးများသည် အနောက်အင်ပါယာနန်းတော်အတွက် အဖိုးမဖြတ်နိုင်ပေ။
သို့သော် ရှီးချီယောင်သည် ဆေးလုံးများကို ကြည့်ပင်မကြည့်ဘဲ ယူလိုက်သည်။ ထိုဆေးလုံးများကို ရီဖူရှင်းကိုယ်တိုင် သူမအားလာပေးသည်ဖြစ်ရာ ၎င်းတို့မှာ အတုမဖြစ်နိုင်ပေ။
“ကျုပ် သွားတော့မယ်... နောက်မှတွေ့ကြတာပေါ့”
ရီဖူရှင်းက ပြောသည်။ ထို့နောက် သူနောက်လှည့်၍ ထွက်ခွာသွား၏။
“ရီဟောင်ရီ... ကျေးဇူးပြုပြီး သဘောထားကြီးပေးပါ”
ရှီးချီယောင်က ပြောသည်။
“အနောက်အင်ပါယာနန်းတော်က လူတွေအများကြီးက အမုန်းတရားတွေနဲ့ တစ်ယောက်ကို တစ်ယောက် ထိခိုက်အောင်လုပ်နေကြတာပဲ။ ဒီလိုနေရာက ကျုပ် ရှိနေရမယ့် နေရာမဟုတ်ဘူး။ ကျုပ် နတ်မိမယ်နဲ့ နောက်တော့မှ တွေ့ပါမယ်”
ရီဖူရှင်းသည် ပြတ်သားသောအသံဖြင့် ပြောသည်။
“ခဏနေပါဦး ရန်ဟောင်ရီ...”
ကောင်းကင်ထက်မှနေ၍ နောက်ထပ်အသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံသည် မကျယ်လောင်သော်လည်း အနောက်အင်ပါယာနန်းတော်တစ်ခွင်လုံးတွင် ထိုအသံကိုကြားနိုင်သည်။
“ရန်ဟောင်ရီ... အနောက်အင်ပါယာနန်းတော်ရဲ့မယဉ်ကျေးမှုကို ကျုပ်က ကိုယ်စားတောင်းပန်ပါတယ်”
အသံထပ်မံထွက်ပေါ်လာ၏။ ထို့နောက် အေးစက်သော အမိန့်ပေးသံတစ်သံ ဆက်၍ထွက်ပေါ်လာ၏။
“မင်းတို့အကုန်လုံး ရန်ဟောင်ရီကို တောင်းပန်လိုက်ကြ”
ထိုအသံသည် လွန်စွာ လွှမ်းမိုးနိုင်စွမ်းရှိရာ မနာခံရန် မတတ်နိုင်ပေ။ ထိုသို့ပြောလိုက်သူမှာ အနောက်အင်ပါယာနန်းတော်၏ နန်းတော်သခင်ဖြစ်သည်။