← Chapters

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အခန်း (၅၁-၅၂)

Vol. 6 Ch. 51-52

အပိုင်း (၅၁)

ကောင်းကောင်းအိပ်မောကျပြီးနောက် အိမ်နောက်ဖေးရှိ ကြက်ဖသည် ဝီရိယဖြင့် မိုးသောက်မရောက်မီတွင် မြည်တွန်နေသည်။

စန်းလော့က အမှောင်ထဲတွင်နိုးလာခဲ့ပြီး မီးဖိုချောင်ထဲသို့ဝင်သွားကာ မီးဖိုကို မီးမွှေးလိုက်သည်။ ရေဆူအောင်တည်နေချိန်တွင် ခဲထားသောနတ်သမီးတို့ဟူးတစ်သုတ်ကို ဆက်လက်လုပ်ဆောင်လိုက်သည်။ ထိုအရာများကို တုံးလိုက်ပြီးနောက် သေးငယ်သောအတုံးများကို ပန်းကန်လုံးအကြီးနှစ်လုံးနှင့် ဖယ်ထား၏။

စန်းလော့က ရေဆူသွားသည်နှင့် မီးအပူချိန်ကိုလျော့လိုက်ကာ ရေကိုခပ်ထုတ်လိုက်သည်။ အိုးအောက်ခြေ ခြောက်သွေ့သွားခါမှ ဝက်ဆီဇွန်းအပြည့်တစ်ဇွန်းကို ထည့်လိုက်ပြီး မနေ့ညကကျန်သော တို့ဟူးအနှစ်တို့နှင့် ရောမွှေလိုက်၏။ ထို့နောက် ဆူပွက်နေသောရေကို အိုးထဲသို့လောင်းထည့်ကာ မီးအေးအေးဖြင့်နှပ်ထားလေသည်။

ထိုအချိန်တွင် သူမသည် မနေ့ညကကျန်သော တောကြက်သွန်များကို လှီးဖြတ်လိုက်သည်။ တို့ဟူးအနှစ်များ လုံးဝဆူနေတာသေချာမှ ဆားနှင့်ငံပြာရည်တို့ဖြင့်ရောနယ်ပြီး ဟင်းချိုပန်းကန်လုံးကြီးတစ်ခုထဲသို့ ထည့်မစားမီ ကြက်သွန်မြိတ်များကို ဖြူးလိုက်၏။

မြေအိုးကို ရေနွေးဖြင့် ကျင်းလိုက်ပြီးနောက် နတ်သမီးတို့ဟူးတစ်ပန်းကန်ကိုလည်း မွှေလိုက်သည်။ သုံးယောက်အတွက် မနက်စာပြင်ဆင်ပြီးဖြစ်၏။

အကောင်းဆုံးမှာ တို့ဟူးအနှစ်များက ပန်ကိတ်အတွက် အကောင်းဆုံးမနက်စာအဖြစ် ဖြည့်စွမ်းပေးနိုင်ပါသည်။ သို့သော် အိမ်မှာရှိသည့် ပါဝင်ပစ္စည်းအကန့်အသတ်တွေကြောင့် ဤရိုးရှင်းသည့် အစားအစာကိုသာ ရွေးချယ်လိုက်ခြင်းပင်။

မျက်လုံးကိုပွတ်ရင်းထွက်လာသော ရှန်းနဉ်သည် မီးဖိုချောင်ထဲသို့ဝင်သွားပြီးနောက် စားပွဲပေါ်တွင်ရှိ စွပ်ပြုတ်ပန်းကန်လုံးကြီးများကို ငေးကြည့်နေမိသည်။ နောက်ဆုံးတွင် သဘောပေါက်သွားပြီး

"မကြီး၊ ဒါက မနေ့ညက ကျန်တဲ့တို့ဟူးအနှစ်တွေမလား"

စန်းလော့က ပြုံးပြလိုက်ပြီး

"ဟုတ်တယ်၊ မနက်စာအတွက် နတ်သမီးတို့ဟူးရှိတယ်။ ဒါပဲစားကြမယ်။ လန်းလန်းဆန်းဆန်းဖြစ်အောင် သွားလုပ်ပြီး လာစားလှည့်"

ရှန်းနဉ်တစ်ယောက်သည် တို့ဟူးအနှစ်များကိုပင် စားလို့ရသည်ကိုသိတော့ အံ့ဩမိလေ၏။

မနက်စာ အဆင်သင့်ဖြစ်နေတာကိုမြင်တဲ့ သူမက အလျင်အမြန်ပဲ ဆေးကြောသန့်စင်လိုက်တယ်။ မောင်နှမနှစ်ယောက်လုံးရောက်လာတော့ စန်းလော့က ကျန်နေသည့်တို့ဟူးအနှစ်များကို အပူပေးလိုက်ကာ ရှင်းပြရင်းဖြင့် စားဖို့ခေါ်လိုက်၏။

"တို့ဟူးအနှစ်က အရသာရှိပြီးအာဟာရလဲရှိတယ်။ ဒါပေမယ့် အများကြီးတော့ စားလို့မရဘူး။ အရေးကြီးတာက လုံးဝကျက်အောင် သေချာချက်ပြုတ်ထားရမယ်။ အစာအိမ်ရောဂါတွေနဲ့ ပိုဆိုးတဲ့ အစာအဆိပ်သင့်တာကို ရှောင်နိုင်ဖို့ပေါ့"

သူတို့၏ဆွံ့အနေသော အမူအရာများကို သတိထားမိသည့် သူမက စိတ်အေးစေရန် ပြောလိုက်၏။

"စနစ်တကျချက်ပြုတ်ထားရင်တော့ အန္တရာယ်မရှိပါဘူး။ ကျန်နေတဲ့ဒါတွေကိုလည်း အပူပေးထားတယ်။ နေ့လည်စာအတွက်ကတော့ ပေါ့ပေါ့ပါးပါပါးပဲ အဲ့တာတွေကို ဆီနဲ့ကြော်မယ်၊ ဆူအောင်ရေထည့်ပြီး အရသာရှိအောင်ချက်မယ်။ ဒါကို ကြက်တွေကိုလဲ ကျွေးလို့ရတယ်ဆိုပေမယ့် မနေ့က နင်တို့ယူလာတဲ့ ဖွဲနုရယ် ကောက်နှံပင်တွေရယ် ပြီးတော့ တောဟင်းရွက်တွေနဲ့ရောပြီး ချက်ထားတဲ့ဟာတွေပဲနော်။ ကြက်အစာတွက်က တစ်ခြားအရာ ၉၀% နဲ့ ချက်ထားတဲ့တို့ဟူးအနှစ် ၁၀%ပဲ။ အဲ့ထက်မပိုရဘူး"

ရှန်းနဉ်၏မျက်လုံးများ လက်သွားခဲ့သည်။

"ကြက်တွေကို ဒါကျွေးလို့ရတာလား"

သူမကိုယ်တိုင်စားခြင်းထက် ကြက်များကိုအစာကျွေးရသည်ကို ပိုပြီး စိတ်လှုပ်ရှားနေပုံပေါ်သည်။

"မကြီး၊ ဒါဆိုရင် ကြက်တွေပိုပြီး မွေးလို့ရတယ်မလား"

ကြက်မွေးမြူခြင်းက အဓိကအားဖြင့် ကောက်ပဲသီးနှံနှင့်ဖွဲနုသာ ကုန်ကျသည်။ တို့ဟူးအနှစ်ကိုသာ ဖွဲနုတစ်ချို့နှင့်အစားထိုးလို့ရပါက တောဟင်းရွက်များနှင့် ကောက်နှံပင်များမှာ အခမဲ့ဖြစ်သောကြောင့် သူတို့သည် ကြက်များကို ပိုမိုမွေးမြူနိုင်မည်ဖြစ်သည်။

စန်းလော့က ချင့်ချိန်စဉ်းစားလိုက်ပြီး ဖြစ်နိုင်ချေရှိသည်ကိုတွေ့ရှိခဲ့၏။

"ဟုတ်တယ်၊ အခုချိန်က ရွာထဲမှာ ကြက်တွေပိုဝယ်ဖို့ဆိုတာ ခက်ခဲနိုင်တယ်။ ဒါပေမယ့် ဘဲတွေ၊ ဘဲငန်းတွေလဲ ဒါကို စားတာပဲ။ နောက်မှ ဘဲတွေနဲ့ဘဲငန်းတွေ ထပ်ဝယ်လိုက်မယ်"

သူတို့က အမြောက်အများမွေးမြူပြီး ဖွဲနုပြတ်လပ်သွားပါက ရိုးရှင်းစွာပင် အများကြီးထပ်ဝယ်နိုင်သည်။

သူတို့သည် အမှောင်ထဲတွင် မနက်စာစားခဲ့ကြသည်။ စန်းလော့က သူတို့ကို အခုချိန်တွင် ဘဲပေါက်လေးများကို မကျက်တကျက်ထမင်းနှင့် သန့်ရှင်းသည့်ရေကိုသာ ကျွေးသင့်ကြောင်း သတိပေးလိုက်၏။

ချန်းယိုထျန်းနှင့်ချဉ်ဖန်းညန်တို့က ရှန်းမိသားစု၏အပြင်ဘက်တံခါးကို လာခေါက်လေသည်။

ပစ္စည်းများကိုကောက်ယူနေစဉ် ချန်းယိုထျန်းသည် စီရင်စုသို့သယ်သွားရန် စန်းလော့အကူအညီတောင်းကာ ပြုလုပ်ခိုင်းခဲ့သည့် တစ်ခုခုပါဝင်နေပုံပေါ်သော တို့ဟူးပြားထည့်သည့် လေးထောင့်ဘူးလေးများအပေါ် စိတ်ဝင်စားသွားလေသည်။

သူ၏သိချင်စိတ်ကို သတိထားမိတော့ စန်းလော့က အပြုံးနှင့် ရှင်းပြလိုက်သည်။

"ဒီစားစရာကိုလုပ်ဖို့ ကြိတ်ခွဲစက်ကို ဝယ်ခဲ့တာ။ ဒီနေ့တော့ ကျွန်မ ကိုယ်တိုင်ရောင်းမယ်။ ဒါပေမယ့် ဦးလေးနဲ့အဒေါ်တို့ မနက်ဖြန် စားသောက်ပွဲကိုလာတဲ့အခါ တစ်ချို့ကို မြည်းစမ်းကြည့်ဖို့ ပြင်ထားလိုက်မယ်။ အဒေါ်၊ ရောင်းဖို့ကိုစိတ်ဝင်စားတယ်ဆိုရင် အလုပ်များတဲ့စိုက်ပျိုးရာသီပြီးတဲ့အခါ ကျွန်မဆီကနေ ပစ္စည်းလာယူလှည့်ပါ"

ချန်းယိုထျန်းက မတုံ့ပြန်နိုင်ခင် ချင်ဖန်းညန်၏မျက်လုံးများမှာ အရောင်လက်လာသည်။

"စားစရာအသစ်တစ်ခုလား။ ကြည့်ကြည့်လို့ရမလား"

"ရတာပေါ့"

စန်းလော့က တို့ဟူးပျဉ်ပြားတစ်ချပ်မှ အဖုံးကိုလှပ်ပြီး မြင်သာစေရန် အဝတ်စကို ဆွဲလိုက်ရင်း ပြောလိုက်သည်။

အရုဏ်မတက်မီ မှုန်ပြပြအလင်းရောင်သည် ရှင်းရှင်းလင်းလင်း မဟုတ်သော်လည်း မြင်နိုင်လောက်၏။

"ဒါက နတ်သမီးတို့ဟူးနဲ့တူတာပဲ၊ ဒါပေမယ့် အရောင်မတူဘူး။ ဒီနားမှာ ဒါကို တစ်ခါမှမတွေ့ဖူးသေးဘူး"

သူမ၏မူလမှတ်ဉာဏ်အရ ပဲပြားသည် ချန်မင်းဆက်ကြီးတွင် ရှိခဲ့သည်ကို စန်းလော့ သိလိုက်သည်။

ထိုအရာ၏ထုတ်လုပ်မှုကို အကျိုးအမြတ်အတွက် မမှီခိုဘဲ ထူးခြားမှုကိုသာမြတ်နိုးသည့် အထက်တန်းစားမိသားစုအချို့မှ တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားပြီး သူတို့၏သီးသန့် အသိုင်းအဝိုင်းတွင်သာ မျှဝေခဲ့သည်။

သာမန်ပြည်သူတွေက ဘာစားကြတာလဲ။

အိမ်း၊ အဲ့ဒါက အထက်တန်းစားမိသားစုတွေအတွက် အရေးမကြီးပါဘူး။

အထက်တန်းစားမိသားစုများသည် စာအုပ်များ၊ ရှေးဟောင်းပစ္စည်းများ၊ အနုပညာနှင့် ဟင်းချက်နည်းအမျိုးမျိုးအပါအဝင် အခြားသူများ လက်လှမ်းမမီနိုင်သော အရင်းအမြစ်များနှင့် အမွေအနှစ်များကို ပိုင်ဆိုင်ထားသောကြောင့် ဂုဏ်သိက္ခာရှိနေဆဲဖြစ်သည်။

အထက်တန်းစားမိသားစုမှမွေးဖွားလာသည့် အမျိုးသမီးများအတွက်တော့ ဤအမွေအနှစ်ပစ္စည်းများပါဝင်သည့် သူတို့ရဲ့ခန်းဝင်ပစ္စည်းများကို ရွှေ၊ငွေ ဒါမှမဟုတ် ကျောက်မျက်ရတနာများထက်ပင် ပို၍တန်ဖိုးထားကြသည်။

ထုံးစံအတိုင်း စန်းလော့သည် ဤအရာကို စဉ်းစားပြီး ချင်ဖန်းညန်ကို ရွှင်မြူးစွာဖြင့် ပြန်ဖြေလိုက်၏။

"အဲ့တာက တစ်ကယ်တူပေမယ့် အရသာကွာတယ်။ အဒေါ်၊ မနက်ဖြန်ကျရင် မြည်းကြည့်လိုက်နော်။ နတ်သမီးတို့ဟူးကို ချက်တာထက် ပိုကောင်းတယ်။ ရောင်းမယ်ဆိုရင် နတ်သမီးတို့ဟူးထက် ပိုရောင်းကောင်းနိုင်တယ်"

ချင်ဖန်းညန်တစ်ယောက် စိတ်လှုပ်ရှားသွားသည်။ ဈေးဆိုင်တည်ပြီး ဆယ်ရက်ကျော်အတွင်းမှာ ယခင်က အိပ်မက်ပင်မမက်ဖူးခဲ့သော များပြားလှသည့် ငွေပမာဏကို စုဆောင်းမိခဲ့ကြသည်။ လဝက်မပြည့်မီတွင် သူတို့သည် ငွေတစ်တုံးနှင့်လဲလှယ်ရန် လုံလောက်သော ဝင်ငွေရရှိလေသည်။

ထိုကဲ့သို့သော ဝင်ငွေများကို ငွေအဖြစ်သို့ တိုက်ရိုက်ပြောင်းလဲနိုင်သည်။

ချင်ဖန်းညန်သည် ရာသီအလိုက်ရရှိနိုင်သော နတ်သမီးတို့ဟူး၏ ပါဝင်ပစ္စည်းများနှင့်ပတ်သက်၍ ယခင်က စိုးရိမ်ခဲ့ပြီး ထုတ်ကုန်အသစ်အတွက် စိတ်လှုပ်ရှားခဲ့သည်။ မျက်လုံးထောင့်များတွင် အရေးအကြောင်းများ ပေါ်လာသည်အထိ ပြုံးနေပြီး ပြောလိုက်၏။

"ရောင်းကြမယ်လေ၊ မနက်ဖြန်ကျမှ သေချာစမ်းကြည့်လိုက်မယ်"

ဒီအချိန်မှာ သူမက တစ်ခုခုကို သဘောပေါက်သွားလေသည်။ မနက်ဖြန်က သူမ မိသားစုမှ လာလည်ရုံသက်သက် မဟုတ်တာကြောင့် စန်းလော့က ရှီနဲ့လု မိသားစုတွေကို တို့ဟူးနဲ့ မိတ်ဆက်ပေးဖို့ စီစဉ်နေတာလား။

သူမက ဧည့်ဝတ်ပြုတဲ့အနေနဲ့ ဟင်းပွဲကိုအသုံးပြုနေတာလား ဒါမှမဟုတ် အဲ့ဒီ့အရာက သူမရဲ့ဖန်တီးမှုဖြစ်ကြောင်းကို ထုတ်ဖော်ပြောဆိုခြင်းလား။

ဤအတွေးက သူမခေါင်းထဲမှမထုတ်ခင်အထိ ချင်ဖန်းညန်၏စိတ်ထဲကို ခဏတာဝင်ရောက်လာခဲ့သည်။ အခြားသူများကို ပြောခြင်းမပြောခြင်းက စန်းလော့၏ဆုံးဖြတ်ချက်ဖြစ်သည်။ ဒါကိုရောင်းချတဲ့နေရာမှာသာ ရှီနဲ့လုမိသားစုက စိတ်ဝင်စားပါက စန်းလော့သည် သဘောတူပိုင်ခွင့်ရှိ၏။ သူမ၏ပါဝင်ပတ်သက်မှုသည် ချင်ဖန်းညန်၏မိသားစုအတွက် ကြီးမားသော စာနာထောက်ထားမှုကို ပြသနေပြီဖြစ်သည်။

သူတို့သည် တောင်ပေါ်မှဆင်းပြီး လှည်းကိုတင်ကာ အမှောင်ထဲတွင် ထွက်ခွာသွားကြသည်။

……

သူတို့သည်စီရင်စုသို့ ဦးတည်သွားကြသည်။ အထူးသဖြင့် အနောက်ဈေးသို့ပင်။

စွံပလွန်မုန့်များရောင်းအားသည် အိမ်ရှိ အမျိုးသမီးများနှင့်ကလေးများက နှစ်သက်ကြသောကြောင့် ယနေ့တွင် ပြန်လာသူများနှင့် ရောင်းအားထိုးတက်သွားသည်။ တစ်ချို့ဆိုလျှင် ပမာဏအများကြီးကိုပင် ဝယ်သွားကြသည်။ တို့ဟူးနှင့်ပတ်သက်ပြီးတော့ အရင်က နတ်သမီးတို့ဟူးနှင့် မိတ်ဆက်ပေးခဲ့ပြီး တော်တော်များများက စားစရာအသစ်ကို သိချင်နေကြ၏။ စန်းလော့က ချက်ပြုတ်နည်းအမျိုးမျိုးကို ရှင်းပြပြီးနောက် ရောင်းအားအများစုမှာ အောင်မြင်ခဲ့သည်။

နှိုင်းယှဉ်ရလျှင် နတ်သမီးတို့ဟူး၏ရောင်းအားသည် တို့ဟူးအသစ်၏ လွှမ်းမိုးမှုကြောင့် အနည်းငယ်လျော့ကျသွား၏။ တစ်ချို့မှာ နှစ်မျိုးလုံး ဝယ်သော်လည်း ငွေကြေးကြပ်တည်းသူများသည် အသစ်အဆန်းကိုသာ ရွေးချယ်ကြသည်။ ထို့ကြောင့် နတ်သမီးတို့ဟူးသည် ယခင်ကထက် အနည်းရောင်းအား နှေးသွား၏။

ကံကောင်းချင်တော့ စုစုပေါင်း လေးဆယ့်ရှစ်တုံးရှိသည့် တို့ဟူးအသစ် သုံးသုတ်သာရှိသေးသည်။ မနက်ဈေးတွင် တစ်နာရီခွဲမျှရောင်းချပြီးနောက် နတ်သမီးတို့ဟူး၏ ရောင်းအားမှာမြင့်တက်လာပြီး ကုန်လုနီးပါးပင် ဖြစ်သွားသည်။

နေ့လည်တွင် အကုန်ရောင်းကုန်ပြီးနောက် စန်းလော့သည် ထုတ်ပိုးပြီး အနောက်ဈေး အနှံ့လျှောက်သွားခဲ့၏။ သူမက ပိုက်ဆံကို ရေတွက်ရင်း နောက်မှ မီးဖိုချောင်သုံးဓားဝယ်မည့် အစီအစဉ်ကြောင့် ငွေပိုသုံးခြင်းကို သတိထားကာ ကြက်အရှင်နှင့်ဘဲတစ်ကောင်ကို ဝယ်ယူလိုက်သည်။ ထို့နောက်သူမသည် အနောက်ဈေးဝင်ပေါက်တွင် ချင်ဖန်းညန်ကို စောင့်နေလေ၏။

စန်းလော့တွင် ရောင်းစရာပစ္စည်းများရှိပြီး ပစ္စည်းအကုန်လုံးကို တစ်ယောက်ထဲသယ်ရမည်ဖြစ်သဖြင့် ဤသို့ စီစဉ်ထားခဲ့ပြီးဖြစ်ရာ အရှေ့ဈေးတွင်ရှိသော ချင်ဖန်းညန်ကိုသွားတွေ့ရန်မှာ မဖြစ်နိုင်ပေ။ အနောက်ဈေးဝင်ပေါက်တွင် သူမကို စောင့်နေရန်မနက်အစောပိုင်းက သဘောတူခဲ့ကြပြီးဖြစ်သည်။

အဝင်ဝရှိ ကျောက်ခုံတန်းပေါ်တွင်ထိုင်ရင်း စန်းလော့သည် ချင်ဖန်းညန်မှာလှည်းနှင့်အတူ သူမနေရာသို့ အရှိန်တင်ကာ ချဉ်းကပ်လာသည်ကို မမြင်ခင်အထိ ၁၅မိနစ်ခန့်စောင့်ဆိုင်းခဲ့ရသည်။

တွေ့ဆုံသည့်အခါ ချင်ဖန်းညန်က စန်းလော့တစ်ယောက် အကောင်ထွားပုံပေါ်သော ကြက်နှင့်ဘဲတစ်ကောင် ဝယ်ထားသည်ကို သတိပြုမိပြီး ကုန်ကျစရိတ်မှာ အနည်းဆုံး ဝမ်တစ်ရာ့နှစ်ဆယ်ရှိမည်ဟု ခန့်မှန်းခဲ့သည်။

မနက်ဖြန်ပွဲအတွက် တွေးရင်း သဘောကျနေပြီး ဟင်းပွဲမှာ အတော်ခမ်းနားနေမည်ကို သူမ သဘောပေါက်သွား၏။

ယခုနှစ်အခွန်များကို နွေဦးရာသီတွင် ကြိုတင်ကောက်ခံခဲ့သည်ဟု စဉ်းစားမိလိုက်ပြီး ကျိုးမျိုးနွယ်ကဲ့သို့သော ချမ်းသာသော မိသားစုများမှလွဲ၍ စီရင်စုအတွင်းရှိ လယ်သမားအများစုသည် သူတို့၏ခါးပတ်ကို တစ်နှစ်ခွဲကျော် တင်းကြပ်ထားခဲ့ကြရသည်။ (ချွေတာစားခြင်းကိုဆိုလိုသည်။) ပွဲတော်အခါများတွင်ပင် ဤကဲ့သို့ ခမ်းနားထည်ဝါသော ပြင်ဆင်မှုများကို အနည်းငယ်သာ တတ်နိုင်ကြသည်။

သူမစိတ်ထဲသို့ ဤအတွေးများဝင်လာတော့ ချင်ဖန်းညန်က စန်းလော့ဝယ်လာသည့်ပစ္စည်းများကို လှည်းပေါ်သို့ကူတင်ပေးပြီး မေးလိုက်၏။

"ဒီနေ့ နောက်ထပ် တစ်ခြားဝယ်စရာတစ်ခုခု ရှိသေးလား"

စန်းလော့ကပြောလိုက်၏။

"မီးဖိုချောင်သုံးဓား ဝယ်ဖို့လိုသေးတယ်။ ပိုက်ဆံမလောက်မှာကို စိုးရိမ်နေတာ။ အဲ့တာကြောင့် အနောက်ဈေးမှာ ဒီကြက်နဲ့ဘဲအပြင် တစ်ခြားဘာတစ်ခုမှကို မဝယ်ရဲဘူးရယ်"

ချင်ဖန်းညန်က ခဏလောက်စဉ်းစားပြီး ပြောလိုက်၏။

" ၃၄၅ဝမ်လောက် ကုန်ကျမှာမလား။ ပြီးခဲ့တဲ့နှစ်တွေမှာ စစ်ပွဲအတွင်း သံနဲ့လုပ်တဲ့အရာမှန်သမျှက ဈေးကြီးလာတယ်။ ဒါက အဒေါ့်ရဲ့ ခန့်မှန်းချေသက်သက်ပါ။ အဒေါ်တို့မိသားစုကတော့ အိမ်ဟောင်းကနေ ထွက်ပြေးလာခဲ့တဲ့အချိန်တုန်းက ယူလာတဲ့ သံဓားကို အသုံးပြုနေတုန်းပဲ"

မီးဖိုချောင်သုံးဓား၊ ပေါက်ပြားနှင့် ပုဆိန်များကဲ့သို့ အဖိုးတန်ပစ္စည်းများကို လက်နက်အဖြစ် အသုံးပြုနိုင်ပြီး အဖိုးတန်ပစ္စည်းများကို ထွက်ပြေးစဉ်အတွင်း သယ်ဆောင်သွားခဲ့ပြီး ကြီးမားသောပစ္စည်းများသာ ထားခဲ့ကြသည်။

စကားပြောပြီးနောက် သူမ၏ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်ပြီး ပြောလိုက်၏။

"ဒါက ဒီနေ့တို့ဟူးရောင်းရငွေပါ။ ရေကြည့်လိုက်ပါဦး"

ဤစီးပွားရေးတွင် အချိန်အတော်ကြာရှိနေရင်း သူမသည် ငွေရေးကြေးရေးစီမံမှုတွင် ကျွမ်းကျင်လာလေသည်။

ပုံမှန်အားဖြင့် သူမ၏ဝေစုကို အင်္ကျီအိတ်ကပ်ထဲတွင် သိမ်းဆည်းထားပြီး ကျန်ရှိနေသည်များကို စန်းလော့အတွက် ပိုက်ဆံအိတ်ထဲတွင် ထည့်ထားလိုက်သည်။ ဈေးရောင်းပြီးပါက ပြန်ရေတွက်ရန် မလိုအပ်တော့ပေ။

စန်းလော့က ပိုက်ဆံများကို ရေတွက်ခဲ့ပြီး သူခိုးများရန်မှ ရှောင်ရှားရန် ပိုက်ဆံအိတ်ကို သူမအင်္ကျီရင်ဘက်ထဲသို့ ထည့်လိုက်ရင်း ပြောလိုက်၏။

"ရလောက်ပြီ ထင်တယ်။ ဓား သွားဝယ်ရအောင်။ ဝယ်ပြီးသွားရင် အဒေါ့်အိတ်ကို ပြန်ပေးမယ်နော်"

ဝယ်ပြီးလျှင် ပိုက်ဆံအိတ်မှာ အလွတ်ဖြစ်သွားလိမ့်မည်။

ချင်ဖန်းညန်သည် စန်းလော့အတွက် ရယ်စရာကောင်းသည် ဟုခံစားမိသည်။ ဝင်ငွေများများရသော်လည်း စန်းလော့သည် ဤရက်ပိုင်းအတွင်း မည်သည့်ငွေကိုမျှ မစုဆောင်းနိုင်ခဲ့ပေ။

သံဆိုင်သို့ရောက်သောအခါ အသင့်လုပ်ထားသည့် ဓားတစ်လက်ဈေးသည် ချင်ဖန်းညန်ခန့်မှန်းထားသည်ထက်ပိုများပြီး ၃၈၅ဝမ် ကျသင့်မည်ဖြစ်သည်။

စန်းလော့သည် ချင်ဖန်းညန်၏အိတ်ကို ထုတ်သုံးလိုက်ပြီး သူမ၏အိတ်ကပ်နှင့် ကိုယ်ပိုင်အိတ်ကို စတင်စစ်ဆေးကြည့်လိုက်တော့ ဝမ်များစွာကို ကိုင်တွယ်ရန် ကို့ရို့ကားယားနိုင်ကြောင်း သိလိုက်ရသည်။

"ဝမ်တွေကို ကိုင်တွယ်ရတာ တစ်ကယ်မလွယ်ဘူး။ အဲ့တာတွေက နေရာလဲတစ်အားယူတယ်၊ လေးလဲလေးတယ်။ ဓားတစ်ချောင်းအတွက် အိတ်ကပ်ဘယ်နှစ်ခုလောက် အလွတ်ထားရမလဲ"

ဒါဟာ ကို့ရို့ကားယားနိုင်ပြီး ရယ်ချင်စရာကောင်းပါတယ်။

ဤသည်မှာ ''စည်းစိမ်နှင့်ပြည့်စုံခြင်း'' သည် ချဲ့ကားမှုတစ်ခုဖြစ်ကြောင်း ပြသနေခြင်းသာဖြစ်၏။ ကိုယ့်ပတ်ဝန်းကျင်က ကံကောင်းခြင်းက တလွှာပြီး တလွှာ ဖြတ်သွားတာခံရရင်တောင် ဝမ် ၁သောင်းစုဖို့က မဖြစ်နိုင်သေးပေ။

မီးဖိုချောင်သုံးဓားနှင့် လဲလှယ်ရန်အတွက် အိတ်ကပ်တော်တော်များများကိုသုံးပြီးနောက် စန်းလော့သည် မြင့်မားသောစျေးနှုန်းများနှင့် ဝမ်အသုံးပြုခြင်း၏ အဆင်မပြေမှုများကို တွေးတောရင်း သူမတွင် ဝမ် ၃၈ပြားသာ ကျန်ရှိတော့ကြောင်းကို သတိထားမိ‌လေသည်။

သူတို့ရဲ့ပစ်မှတ်ကတော့ ဂျုံမှုန့်နဲ့ပဲပိစပ်များပါပဲ။

ပဲပိစပ်သည် ထိုညတွင် တိုဟူးပြုလုပ်ရန်အတွက်လိုအပ်ပြီး နောက်နေ့ဈေးတွင် အသားနှင့်ဥအတွက် ငွေအနည်းငယ်ရှာရန် လိုအပ်ပါသည်။

ဂျုံမှုန့်အတွက်ကတော့ တို့ဟူးပြုလုပ်ခြင်းမှ လတ်လတ်ဆတ်ဆတ် ပဲဖတ် (တို့ဟူးလုပ်ရာမှ ထွက်လာသော အကျန်)ဖြင့် မနက်စာအတွက် ပဲဖတ်ပန်ကိတ်နှင့် ပဲဖတ်အလုံးလေးများ ပြုလုပ်ရန်စီစဉ်ထားသော်လည်း ဆင်းရဲမှုကြောင့် ပါဝင်ပစ္စည်းများ နည်းပါးနေ၏။

ယခုတော့ ကျန်ရှိနေသောငွေတစ်ချို့ဖြင့် ယနေ့တွင်ဂျုံမှုန့်နှင့် နောက်နေ့တွင်ဥများဝယ်ရန် ငွေပိုရှာနိုင်ခဲ့သည်။ သူမ၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးရုံသာမကဘဲ ဧည့်သည်များအတွက် သရေစာနှင့် များပြားလှသော ဟင်းပွဲများကိုလည်း သေချာစေပါသည်။

ကျေနပ်စွာဖြင့် သူမ၏ထက်မြက်မှုနှင့် ချွေတာတတ်သော ဘဝနေထိုင်မှုပုံစံအတွက် သူမကိုယ်သူမ ချီးမွမ်းလိုက်မိသည်။

သူမသည် ဂရုတစိုက်တွက်ချက်ကာ ပစ္စည်းများကို လုံလောက်အောင်သာ ဝယ်ယူခဲ့၏။ ကျန်ရှိနေသောဝမ်အနည်းငယ်ဖြင့် နှပ်ရန်အတွက် စမုံစပါးတစ်ချို့နှင့် သစ်ကြမ်းပိုး‌ခေါက်ကိုဝယ်ရန် ဆေးဆိုင်သို့ဦးတည်သွားခဲ့သည်။

ထိုအချိန်က နှပ်ရာတွင်လိုအပ်‌သောပါဝင်ပစ္စည်းများမှာ ဆေးဆိုင်များတွင်အဓိက ရနိုင်သည်။ စန်းလော့ကဲ့သို့သော လူနည်းစုသာ သတိပြုမိသော်လည်း ဟင်းခတ်အမွှေးအကြိုင်များအဖြစ် ထိုအရာများ၏အသုံးပြုပုံကို ကျယ်ကျယ်ပြန့်ပြန့် မသိခဲ့ကြပေ။

ဤတောင်းဆိုမှုများနှင့်ရင်းနှီးသော ဆေးဆိုင်ရှိကောင်လေးသည် ချက်ပြုတ်ဖို့ရန် သူမ ပြောလိုက်သည့်ဆေးအမည်များကို ခန့်မှန်းနိုင်သည်။

ဆေးဆိုင်စာရေးက အရေအတွက်အနည်းငယ်အတွက် စန်းလော့၏ နိမ့်နိမ့်ချချ ဆောင်းဆိုမှုကို မအံ့ဩချေ။ အကြောင်း ဝယ်ယူသူများက သည်လိုပစ္စည်း အနည်းငယ်ကို လာဝယ်နေကြသည်က ပုံမှန်ဖြစ်သောကြောင့်ပင်။

အတူတူထုပ်ပိုးထာသည့် ပစ္စည်းအမျိုးမျိုးက စန်းလော့၏အိတ်ထဲက နောက်ဆုံးလက်ကျန် ဝမ်တစ်ချို့ကို ပြောင်သွားအောင် လုပ်လိုက်တော့သည်။

သို့သော်ငြား ယခုအချိန်တွင်တော့ သူမတွင် နှပ်ရန်လိုအပ်သည့် ပါဝင်ပစ္စည်းများ ရှိနေပြီပင်။

...

အပိုင်း (၅၂)

၈လပိုင်း၂၅ရက်နေ့တွင် အာရုံမတက်ခင်မှာပင် ချီလီရွာ၏ အိမ်များတွင်ဆီးမီးများ တဖြည်းဖြည်း ထွန်းလင်းလာလေသည်။

တချန်းမင်းဆက်၏ ရာသီဥတုသည် စန်းလော့လာခဲ့သည့်နေရာနှင့် အချိန်ကွဲပြားမှုကြောင့် အနည်းငယ် ကွာခြားလေသည်။ မည်သို့ဆိုစေ ချီယန်စီရင်စု၏ ချင်ဖူးမြို့နယ်ထဲက ရွာကလေးများသည် လာမည့်၂ရက်ကာလအတွင်း စပါးများကိုရိတ်သိမ်းမှု စတင်ပေတော့မည်။

ပုံမှန်ဆိုလျှင် တနေ့နှစ်နှပ်သာ စားကြသည့်လယ်သမားများသည် သူတို့၏ တနေ့တာကို ဆာလောင်ခြင်းဖြင့် မစတင်မိရန် သေချာအောင်ပြုလုပ်ကြလေသည်။ အမျိုးသမီးများက အာရုံမတက်ခင်ကတည်းက ထပြီးချက်ပြုတ်ကြကာ တနေ့ထမင်းနှစ်နပ်မှသုံးနပ်သို့ပြောင်းလဲပြီး ပင်ပန်းလွန်းလှသည့် စိုက်ပျိုးရေးလုပ်ငန်းအတွက် ရက်ပေါင်းများစွာလိုအပ်သည့် စွမ်းအင်ကို ထိန်းသိမ်းထားပေးရန် အခြောက်ခံထားသည့် အစားအသောက်များကိုလည်း ပြုလုပ်ပေးလေသည်။

နေ့လည်စာတစ်နပ်ကိုတော့ အသားနည်းနည်းပါအောင် သေချာပြုလုပ်ပေးသည်။ အဆင်းရဲဆုံးအိမ်ထောင်စုသည်ပင် လယ်ထဲတွင်အလုပ်လုပ်ကြ မည့်ယောက်ကျားသားများ၏ ခွန်အားကို ထိန်းသိမ်းပေးဖို့ရန်အတွက် အစားအသောက်တွင် အာဟာရတစ်ချို့ ဖြည့်တင်းပေးကြသည်။

ရှီလီရွာကအမျိုးသမီးများသည် အလုပ်များနေကြစဥ် စန်းလော့ကတော့ ခါတိုင်းလိုပင် ပုံမှန်အလုပ်ကိုလုပ်နေလေသည်။ ချင်ဖန်းညန်က ဒီနေ့တွင် နတ်သမီးတို့ဟူးကို မရောင်းသော်လည်း စန်းလော့ကတော့ ပဲပြား၂ ဗန်းနှင့်အတူ ရောင်းရပေအုံးမည်။

ငွေကြေးချင့်ချိန်သုံးစွဲရခြင်းသာမရှိခဲ့လျှင် သူမကပိုပြီးလုပ်နိုင်လိမ့်မည်။ ထို့ကြောင့် သူမကသူမ၏ဝယ်ယူရေးအစီအစဥ်ကို စနစ်တကျပြုလုပ်ခဲ့ရပြီး ပဲပြား၂ဗန်းသာရခဲ့လေသည်။

သူမက ထိုနေ့ညနေခင်းအတွက် ချက်ပြုတ်ဖို့ရန် အိမ်တွင်ပဲပြားသုံးတုံးကို ချန်ထားခဲ့လိုက်ပြီး ၂၉တုံးကိုတော့စျေး တွင်ရောင်းဖို့ရန်အတွက် ယူလာခဲ့သည်။

ကံအားလျော်စွာသူမတွင် နတ်သမီးတို့ဟူးရောင်းရန်လည်း ကျန်ရှိနေသေးရာ ဒီခရီးမှ ကောင်းမွန်သည့်အမြတ်တစ်ခု သေချာပေါက်ရနိုင်လေသည်။

၁၀ရက်ကျော်ကြာလာပြီးနောက်တွင် နောက်ဆုံးတော့ ရှန်းအန်းသည် မရီးဖြစ်သူကို အဖော်ပြုကာ လုပ်ငန်းများကိုလုပ်လာနိုင်လေသည်။

ရှန်းအန်းသည် စိတ်လှုပ်ရှားနေပြီး မနက်အစောကြီးကတည်းက အားတက်သရောပြင်ဆင်နေလေသည်။ သူသည် တနေ့ကတည်းက ကြာရွက်များကိုခူးကာ ရေဆေးထားပြီး ယခုတွင် ထိုကြာရွက်များကို သူ့ကျောပေါ်ကခြင်းတောင်းထဲသို့ အပြည့်ထည့်ကာ သယ်လာလေသည်။ စန်းလော့ကတော့ တနည်းနည်းဖြင့်လေးဖင့်နေကာ ပဲပြားနှင့်နတ်သမီးတို့ဟူးများကို ပုခုံးထက်တွင် လွယ်လိုက်လေသည်။

တော်သေးသည်က နေ့တိုင်းမိုင်နှစ်ဆယ်လောက် လမ်းလျှောက်လာခြင်းသည် သူမ၏ရုပ်ပိုင်းဆိုင်ရာအခြေအနေကို သိသိသာသာ တိုးတက်လာစေခဲ့ခြင်းပင်။ ရှီလီရွာက မိသားစုများက သူတို့၏မီးအိမ်များကို ထွန်းကာ မနက်စာအတွက် အလုပ်များနေကြစဥ် စန်းလော့နှင့်ရှန်းအန်းတို့က အိမ်မှထွက်လာကြလေသည်။

ရှန်းနဥ်ကတော့ အိမ်စောင့်ကျန်ရစ်ရလေသည်။ စန်းလော့သည် သေ့ာခလောက်တစ်ခုဝယ်ဖို့ရန် လုံလောက်သည့်ငွေမစုဆောင်းနိုင်ဘဲ ရှန်းနဥ်က လိုက်လာခဲ့ချင်လျှင်တော့ အိမ်တွင် စောင့်ကြည့်ပေးမည့်လူတစ်ယောက် နေခဲ့ဖို့လိုအပ်လေသည်။

စန်းလော့သည် စန်းလီရွာသို့ မရောက်သည်မှာ တော်တော်ကြာသွားပြီဖြစ်၏။ အစောပိုင်းက စီရင်စုတွင်သူမ၏ ဆိုင်လေးနှင့်အလုပ်များနေခဲ့သည်ဖြစ်ရာ သူမသည် စန်းလီရွာ၏စျေးကြီးတွင် အလုပ်မလုပ်နိုင်ခဲ့ချေ။ အစောပိုင်းစျေးနေ့များတွင် စန်းလော့သည် စျေးဆိုင်တည်ဖို့ရန်အတွက် အဘွားချန်းကို အကူအညီ တောင်းရတတ်သည်။ အဘွားချန်းက ဆန္ဒရှိလျှင် စန်းလော့က သူမအတွက်နတ်သမီးတို့ဟူး ခွဲတမ်းတစ်ခုကို ယူလာပေးလိုက်သည်။

သို့သော်ငြား ဒီနေ့တွင်တော့ အဘွားချန်းက နတ်သမီးတို့ဟူးများ ရောင်းချပေးရန် အလွန်မှအလုပ်များနေလေသည်။ စန်းလော့ကလည်း ငွေလိုနေသည်ဖြစ်ရာ သူမကိုယ်တိုင်ဒီခရီးကို ရောက်လာခဲ့ရတော့သည်။ စျေးသို့ရောက်လာသည်တွင် သူမ၏ပထမဦးဆုံးရပ်နားရာနေရာက အသားဆိုင်ဖြစ်သည်။ သူမက အပြုံးတစ်ခုနှင့် အသားဆိုင်ရှင်ကို နှုတ်ဆက်လိုက်ပြီး ဆိုင်ရှင်က သူမကို ခဏလောက် သေသေချာချာကြည့်လိုက်ပြီးမှ မှတ်မိသွားလေသည်။

" မင်းက ဟိုနတ်သမီးတို့ဟူးရောင်းတဲ့ ငါ့သမီးရဲ့မိတ်ဆွေ မဟုတ်လား "

စန်းလော့က ရယ်မောလိုက်သည်။

" ဟုတ်ပါတယ် ကျွန်မပါပဲ ဦးလေး၊ ဦးလေးကဉာဏ်အရမ်းကောင်းတော့ ကျွန်မကိုတောင်မှတ်မိသေးတယ်နော် "

အသားဆိုင်ရှင်က သွားများပေါ်သည်အထိ ရယ်မောလိုက်သည်။

"ဒါပေါ့ မှတ်မိတာပေါ့ ဒါပေမဲ့ မင်းတို့နှစ်ယောက် အခုပိုပြီးတော့ကျန်းမာလာတဲ့ပုံဘဲနော် ငါ့မှာ မင်းကိုမြင်မြင်ချင်းတောင် မမှတ်မိတော့သလိုဖြစ်သွားတယ် ဒီတော့ ဒီနေ့ မင်းတို့က ဒီမှာအသားလာဝယ်တာလား "

စန်းလော့သည် ခေါင်းညိတ်ပြလိုက်၏။

" ဟုတ်ပါတယ် ကျွန်မအသားဝယ်ဖို့လိုလို့ပါ၊ ဒီနေ့အိမ်မှာ စားသောက်ပွဲအတွက် စားပွဲဝိုင်းသုံးခုစာ ပြင်ဆင်ပေးမလို့လေ၊ ဒါပေမဲ့ ကျွန်မမှာ ခုလောလောဆယ် ငွေကနည်းနည်း လိုနေသေးတယ် ကျွန်မယူလာတဲ့ပဲပြားနဲ့ နတ်သမီးတို့ဟူးကို အရင်ရောင်းပြီးမှ အသားဝယ်တော့မယ်။ ဒီနေ့က စပါးစပြီးတော့ ရိတ်သိမ်းတဲ့နေ့ဆိုတော့ အသားတွေ ဝယ်လိုအားအရမ်းများမှာလေ၊ ကျွန်မက ကျွန်မရဲ့ပစ္စည်း ရောင်းကုန်သွားတဲ့အချိန်ကျရင် အသားကောင်းလေးတွေ မကျန်တော့မှာ စိုးတယ်၊ ဒါကြောင့်မလို့ ကျွန်မက အသားနည်းနည်းလောက် ချန်ထားပေးဖို့ အထူးတလည်တောင်းဆိုချင်လို့ပါ၊ ဒီနေ့ ခဏနေ ကျွန်မအသားအတွက် ငွေပေးနိုင်တဲ့အထိ နည်းနည်းလောက် ချန်ထားပေးလို့ရမလား "

အသားဆိုင်ရှင်က ထိုစကားကိုကြားလိုက်သည်တွင် တဟင်းဟင်း ရယ်မောလိုက်လေသည်။

" အဲ အဓိပ္ပါယ်ရှိသားဘဲ... အခုရက်ပိုင်းမှာ အနီးအနားကရွာတွေက မိသားစုတိုင်းက စပါးရိတ်ဖို့အတွက် သူတို့ရဲ့အင်အားတွေကို ဖြည့်တင်းဖို့အသားတွေ နည်းနည်းပါးပါး လာဝယ်ကြတယ်လေ၊ မင်းသာ အရမ်းနောက်ကျသွားရင် အသားကောင်းကောင်းတွေ ကျန်တော့မှာ မဟုတ်ဘူး၊ ကောင်းပြီလေ ဘယ်အပိုင်း မင်း လိုချင်လဲပြောထားလိုက်၊ ကျုပ် မင်းအတွက် ချန်ထားပေးမယ်၊ နေ့လည်မရောက်ခင်တော့ သေချာပေါက်လာယူရမယ်နော် နည်းနည်းလေး နောက်ကျသွားရင်တော့ ကျုပ်က မင်းအတွက် ချန်ထားပေးနိုင်မှာမဟုတ်ဘူး "

အသားကို ပူပြင်းသည့် ရာသီဥတုတွင် ကောင်းကောင်း ထိန်းသိမ်းမထားနိုင်ချေ။ နေ့လည်ခင်းကျော်သွားလျှင် ပုံမှန်အားဖြင့် ဝယ်သူများကနည်းပါးသွားပြီး ရောင်းမကုန်သည့်အသားများ ကျန်ခဲ့နိုင်ပေသည်။

" နားလည်ပါတယ်ရှင်၊ နေ့လည်ခင်းအထိ ချန်ထားပေးပါနော်၊ သေချာပေါက်လာယူပါ့မယ်၊ ဦးလေးကရော ပဲပြား ဒါမှမဟုတ် နတ်သမီးတို့ဟူးလေးများ မဝယ်တော့ဘူးလား "

မနက်ခင်းအချိန်စောသေးပြီး အသားဆိုင်ရှင်၏ဝယ်သူများကလည်း မရှိသေးရာ သူမက သိလိုစိတ်ဖြင့် မေးလိုက်လေသည်။

"ကျုပ် နတ်သမီးတို့ဟူးကိုတော့ သိပါတယ် ဒါပေမဲ့ ဒီတို့ဟူးကဘာလဲ "

ဖြတ်ထိုးဉာဏ်ကောင်းလွန်းသည့်ရှန်းအန်းက ချက်ချင်းဆိုသလို တို့ဟူးထည့်ထားသည့်ဘယ်ဖက်အခြမ်းကို ဖွင့်လိုက်ပြီး အပေါ်ကအုပ်ထားသည့်အဝတ်စကို မလိုက်ကာ အပြုံးလေးဖြင့် ပြောလိုက်လေသည်။

" ကြည့်ပါ ဒီလိုမျိုးလေ၊ ဒီတို့ဟူးက ချက်ပြုတ်ရင် အရမ်းစားလို့ကောင်းတယ် "

စန်းလော့သည် သူ့ကိုလှမ်းကြည့်ရင်းအနည်းငယ် သဘောကျသွားတော့သည်။

နင်က တို့ဟူးကြမ်းဘဲစားဘူးတာလေ။ သြော်... ပဲနို့နဲ့ တို့ဟူးအနှစ်ကိုလည်း စားဖူးသားပဲ။ ဘယ်တုန်းကချက်ထားတဲ့ တို့ဟူးကိုစားဖူးလို့တုန်း.။

သို့သော်ငြားလည်း လုပ်ငန်းကိုစိတ်ဝင်စားလာအောင်ကူညီပေးနေသည့် ကောင်လေး၏ပါးနပ်မှုကို ချီးမွမ်းပေးလိုက်ပြီး စန်းလော့က ဆက်ပြောလိုက်လေသည်။

" ဒီတို့ဟူးက နတ်သမီးတို့ဟူးနဲ့ နည်းနည်းဆင်တယ်၊ ဒါပေမဲ့ သူ့ကို ဟင်းလျာတစ်မျိုးလိုပြင်ဆင်လိုက်ရင် ပိုပြီးတော့အရသာရှိသွားတယ်၊ အဆီကြောင်းများတဲ့ ဝက်သားနဲ့တိုဟူးကို ရောနှပ်တာဘဲဖြစ်ဖြစ်၊ တို့ဟူးကို ချက်တဲ့အခါ ဝက်အဆီထုတ်ပြီးသားထည့်ချက်တာဘဲဖြစ်ဖြစ်၊ အရသာရှိတဲ့အသားမပါဘူးဆိုရင်တောင် မျက်နှာပြင်နှစ်ဖက်စလုံးကို ရွှေဝါရောင်သမ်းတဲ့အထိ ဒီအတိုင်းကျော်ပြီးတော့ ကြက်သွန်ဖြူနည်းနည်းနဲ့ အရသာအတွက် အနှစ်ကိုထည့်လိုက်ပြီး အပေါ်ကနေ ကြက်သွန်မိတ်ဖြူးလိုက်ရင် တကယ့်ကို လက်ရာမြောက်တဲ့ ဟင်းတစ်မယ်ရလာမှာ၊ အရသာက အသားထက်တောင် မလျော့ဘူးနော် "

" အသားထက်တောင် ပိုပြီးအရသာရှိတယ်ဟုတ်လား” အသားဆိုင်ရှင်က သံသယဖြစ်သွားလေသည်။

" ဒါတော့ ယုံရခက်တယ် "

စန်းလော့က ပြုံးလိုက်သည်။

" ဦးလေးရယ် တစ်ခါလောက်စမ်းကြည့်လိုက်ရင် သိလာပါလိမ့်မယ်၊ သူ့ကို ကျွမ်းကျွမ်းကျင်ကျင်သာချက်ပြုတ်လိုက် အရသာက ဦးလေးအတွက် ထပ်စားချင်စရာဖြစ်သွားလိမ့်မယ် နောက်ပြီးတော့ ဒီတို့ဟူးကို ပြင်ဆင်တဲ့နည်းလမ်း အများကြီးရှိသေးတယ် ကျွန်မက ဦးလေးကို သင်ပေးစရာလိုမယ်လို့ မထင်ပါဘူး အဒေါ်က အချက်အပြုတ် ကောင်းတယ်လေ သူက သူ့ဟာသူဟင်းပွဲအမျိုးမျိုးကို ရှာကျန်ပေးနိုင်လိမ့်မယ် "

အသားဆိုင်ရှင်သည် စန်းလော့၏ယုံကြည်ဖွယ်ရာကောင်းသည့် လေသံထဲတွင် စိတ်ယိမ်းယိုင်သွားကာ လည်ပင်းကိုဆန့်လိုက်ပြီး တို့ဟူးကို စူးစမ်းကြည့်လိုက်လေသည်။

" ကောင်းပြီလေ တို့ဟူးတစ်တုံးနဲ့နတ်သမီးတို့ဟူးနှစ်တုံး ပေးလိုက် "

အသားဆိုင်ရှင်၏မိသားစုကလည်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ပြီး တနေ့တာအတွက်အလုပ်များခဲ့လေသည်။ အရံဟင်းလျာအပြင် နတ်သမီးတို့ဟူးကို သကြားရည်နည်းနည်းထည့်ကာ လန်းဆန်းစေသည့် သရေစာအဖြစ် စားသောက်ကြသည်။ အထူးသဖြင့် စပါးရိတ်သိမ်းသည့် ပူပြင်းသည့်နေ့ရက်ကာလအတွင်းတွင် အကျိုးရှိလေသည်။

" ရပါတယ် ဦးလေး ထည့်စရာပန်းကန်လုံးလေး တစ်ခုလောက် ယူလာပေးပါလား၊ ကြာရွက်တွေကို သုံးတာထက် ပိုပြီးတော့အဆင်ပြေတယ်လေ "

တွေဝေမနေဘဲ အသားဆိုင်ရှင်က အိမ်ထဲကသူ့မိန်းမကို လှမ်းခေါ်လိုက်လေသည် မကြာမှီတွင် သူ့မိန်းမက ဟင်းရည်ပန်းကန်လုံး အကြီးနှစ်လုံးကိုသယ်ကာ ထွက်လာခဲ့သည်။

ဟုတ်ပါသည်။ ပန်းကန်လုံးကြီးများကို လိုအပ်လေသည်။ စန်းလော့၏ တို့ဟူးနှင့်နတ်သမီးတို့ဟူးတို့က တော်တော်လေး အရွယ်အစားကြီးမားကာ ပုံမှန်အိမ်သုံးပန်းကန်လုံးများက တစ်ပန်းကန်ကို တစ်တုံးသာထည့်နိုင်ပေသည်။

စန်းလော့က အသားဆိုင်ပိုင်ရှင်၏မိန်းမထံသို့ တို့ဟူးများကို ကမ်းပေးလိုက်ရာ သူမသည် နူးညံ့အိစက်ပြီးတုံကာနေသည့် အထိအတွေ့ကို သဘောကျသွားကာ သူတို့အိမ်ကလုပ်သည့် ဝက်ဆီဖတ်ထက်ပင်ပိုပြီးတော့ ဆွဲဆောင်မှုသည်ဟု ထင်ရလေသည်။

သူမက တအံ့တသြ ပြောလိုက်သည်။

" ဒါက လုပ်ထားတာတော်တော်လေး လှတာပဲ ငါတို့တွေကဒါကို ဘယ်လိုစားရမှာလဲ."

စန်းလော့သည် တို့ဟူးကိုချက်ပြုတ်နည်းနှင့် စားသုံးပုံအမျိုးမျိုးကို စိတ်ရှည်ရှည်နှင့်ရှင်းပြလိုက်လေသည်။

ချက်ပြုတ်နည်းအနည်းငယ်ကို နားထောင်ပြီးနောက်တွင် အသားဆိုင်ပိုင်ရှင်၏ဇနီးက ဆုံးဖြတ်လိုက်လေသည်။

" နောက်ထပ်တို့ဟူးနှစ်တုံးနဲ့ နတ်သမီးတို့ဟူးတစ်တုံးကို ယူလိုက်ကြမယ် ဒါဆိုရင် စုစုပေါင်းသုံးခုစီပေါ့."

ထို့နောက်တွင် သူမကယောက်ကျားဖြစ်သူကို ပြောလိုက်လေသည်။

" ကျွန်မတို့သမီးအတွက်လည်း နည်းနည်းလောက်ယူသွားပေးရမယ် သူကဒီနတ်သမီးတို့ဟူးကို အမြဲ တမ်းတောင်းတနေတာလေ ဒီတို့ဟူးကလည်း စားကောင်းမဲ့ပုံဘဲ ဒါပေမဲ့ ဘယ်လိုလုပ်ထားလဲဆိုတာတော့ သေချာမသိသေးဘူး တော်တော်လေး လက်ရာမြောက်တယ် "

စန်းလော့က သည်အတိုင်းပြုံးပြလိုက်သည်။ ချီးမွမ်းစကားထဲတွင် နစ်မြောမနေဘဲ သမီးဖြစ်သူအကြောင်းစကားလမ်းကြောင်း လွဲလိုက်လေသည်။

" အဒေါ့်သမီးက သေချာပေါက် ဝမ်းသာတော့မှာပဲ၊ ဦးလေးနဲ့အဒေါ်တို့က သူ့ကို အရမ်းဂရုစိုက်တာနော်၊ သူက ဒီလိုချစ်တတ်တဲ့မိဘမျိုးရထားတာ အရမ်’ ကံကောင်းတာပဲ "

သူမပြောလိုက်သည့် အကြောင်းအရာကြောင့် အသားဆိုင်ရှင် လင်မယားသည် ဝမ်းသာသွားကြပြီး တော်တော်လေး ကျေနပ်သွားကြလေသည်။

စန်းလော့သည် အရင်ဆုံးအသားကို လာဝယ်လိုက်ချိန်တွင် တို့ဟူးငါးတုံး အရင်ဆုံးရောင်းထွက်သွားပြီး သူမ၏တနေ့တာကို ကောင်းမွန်သည့် အစပြုလိုက်လေသည်။

အသားဆိုင်ရှင်က အသားဖိုးကိုထည့်တွက်မည့်အစား သူမကို တို့ဟူးအတွက် ၁၀ ဝမ် အပြည့်ပြန်ပေးလိုက်လေသည်။

စန်းလော့ကလည်း ဘာမှမပြောဘဲ ပိုက်ဆံကို လက်ခံထားလိုက်ကာ သူမ၏ပိုက်ဆံအိတ်ထဲသို့ ထည့်လိုက်ပြီးနောက် သူမ၏တို့ ဟူးဗန်းကို သေသေချာချာဖုံးအုပ်လိုက်ပြီးနောက် အသားကို ရွေးလိုက်လေသည်။

သူမက ကြီးမားပြီးသေချာလှီးဖြတ်ထားသည့် ဝက်ဗိုက်သား၊ တစ်ပေါင်ခွဲရှိသည့်အဆီအသား၊ ဝက်နားရွက်၊ ဝက်လျှာ၊ ဝက်အရိုးနှင့် အဆီထုတ်ဖို့ရန်အတွက် အဆီပါသည့်အသား နောက်ထပ်တစ်ပေါင်ကို ရွေးလိုက်လေသည်။

အသားဆိုင်ရှင်နှင့် အခုလေးတင်ဝင်သွားသည့်မိန်းမဖြစ်သူက တအံ့တသြနှင့် နားထောင်နေလေသည်။ စားပွဲသုံးခုစာ စားသောက်ပွဲတဲ့လား။ တော်တော်လေးကို များတာပဲ။

အသားကို ဒီလိုအလျှံပယ်သုံးခြင်းက မနှစ်ကဆိုလျှင် ပုံမှန်ဖြစ်သော်ငြားလည်း ဒီနှစ်လို ရှားပါးသည့်နှစ်များတွင် လူအများစုက အစာအိမ်ကို တစ်ဝက်ဖြည့်ဖို့ရန်ပင် ရုံးကန်နေရလေသည်။

သူတို့သည် စန်းလော့၏ ပစ္စည်းထည့်ထားသည့်ခြင်းကို ကြည့်လိုက်ပြီး နားလည်သွားကြလေသည်။ သူမက ပိုက်ဆံရှာတဲ့နေရာမှာ တော်တော်လေး အရည်အချင်းရှိတာဘဲ။

အသားဆိုင်ရှင်က သူမတောင်းဆိုသမျှအသားအားလုံးကို သွက်သွက်လက်လက်နှင့်လှီးဖြတ်ပေးကာ ချိန်ပေးလိုက်လေသည် သူသည် အလေးချိန်လိုက်ပြီး ပစ္စည်းတစ်ခုချင်းစီ၏စျေးကို တွက်ပေး လိုက်ရာ စုစုပေါင်း၈၇ဝမ် ကျလေသည်။

စန်းလော့က မငြင်းလိုက်သည်ကို တွေ့လိုက်သည်တွင် သူက သူ့မ၏အသားအားလုံးကို ဘေးကဇလုံထဲတွင် ထည့်ပေးထားလိုက်ပြီး သူ့ကောင်တာဘေးတွင် ချထားပေးကာ အပိုအနေနှင့် ဝက်အသည်းတစ်တုံးကို ထပ်ထည့်ပေးလိုက်လေသည်။

" မင်းက အများကြီးဝယ်ထားတာဆိုတော့ မင်းအသားလာယူတဲ့အချိန်ကျရင် မင်းအတွက် အရိုးခုတ်ထားပေးမယ်”

စန်းလော့က အပြုံးတစ်ခုဖြင့် သူ့ကို ကျေးဇူးတင်စကားပြောလိုက်သည်။ အိမ်ထောင်စုအများစုက အရိုးခုတ်ထစ်ဖို့ရန်အတွက် သူတို့၏မီးဖိုချောင်သုံးဓားကို မသုံးချင်ကြမှန်းသိကြလေသည်။ ဓားအသွာတုံးမြန်‌သောကြောင့်ပင်။

အသားကို မှာပြီးသည့်နောက်တွင် သူမက ချက်ခြင်းထွက်မသွားသေးဘဲ သူမ၏ပစ္စည်းကို ချထားလိုက်ကာ အသားဆိုင်ရှင်ကို မေးလိုက်လေသည်။

" ဦးလေး ကျွန်မ ဦးလေးရဲ့ဆိုင်ဘေးမှာ ခဏလောက် ဆိုင်လေးခင်းထားရင် အဆင်ပြေမလား."

ဒီလိုအလုပ်များသည့် ရိတ်သိမ်းသည့်နေ့ရက်မျိုးတွင် အနည်းငယ်သောစျေးသည်များကသာ စျေးသို့လာရောက်သည်။ ပုံမှန်ဆိုလျှင် အသက်ဝင်စည်ကားနေကြ ရွာ၏စျေးလေးက တော်တော်လေး လူသူကင်းမဲ့လို့နေသည်။ လူအများစုက အသားကိုသာဝယ်ကြပြီး အသီးအရွက်ကတော့ အိမ်တွင်ပေါများလေသည်။ ထို့ကြောင့် ဒီနေ့သည် စျေးနေ့ဖြစ်သည့်တိုင် တကယ့်စည်ကားသည့်နေရာက အသားဆိုင်ဘေးတွင်သာ ဖြစ်လေသည်။

အသားဆိုင်ရှင်က နေ့တစ်နေ့၏စည်းကားပုံကို နားလည်ထားလေရာ အပြုံးဖြင့် ပြန်ဖြေလိုက်လေသည်။

" ရတာပေါ့ ငါ့ရဲ့အသားဆိုင်ကိုတော့ မပိတ်ထားနဲ့နော် "

" ဟုတ်ကဲ့ ဟုတ်ကဲ့ "

စန်းလော့က အသားဆိုင်ဘေးတွင် သူမ၏ဆိုင်လေးကို ဝမ်းသာအားရ ခင်းလိုက်လေသည်။ ပတ်ဝန်းကျင်ရွာအားလုံးက စန်းလီရွာသို့ အသားလာဝယ်သည့် မည်သူမဆို သူမ၏တို့ဟူးဆိုင်လေးကို အရင်ဆုံး မြင်ရပေလိမ့်မည်။

အသားဆိုင်ရှင်က သူမ၏ဆိုင်လေးကို ဘာမှမဖြစ်သလို လှမ်းကြည့်လိုက်၏။ သူတို့သည် မတူညီသည့်ပစ္စည်းများကို ရောင်းချနေသည်ဖြစ်ရာ သူက သူမရှိနေသည်ကို စိတ်ထဲမထားသလို သူမကိုလည်း သူ့လုပ်ငန်း၏ ပြိုင်ဘက်လို့မမြင်ချေ။

ထို့ကြောင့် အသားဝယ်ရန် ရောက်လာကြသူများသည် အသားဆိုင်ဘေးကပ်ရပ်တွင် တည်ထားသည့် သူမဆိုင်လေးကို သတိထားမိကာ မရင်းနှီးလှသည့် အဖြူနှင့်အစိမ်းပစ္စည်းများကို ရောင်းနေသည်ကို တွေ့လိုက်ရလေသည်။ မရင်းနှီးခြင်းက ပြသာနာတော့မဟုတ်ပေ။ စန်းလော့သည် စကားပြောကောင်းသူ တစ်ယောက်ဖြစ်ပေသည်။ လူများက အသားဝယ်နေချိန်တွင် အသားဆိုင်ရှင်၏လုပ်ငန်းကို အနှောက်အယှက် မဖြစ်စေလို့ရာ သူမက နှုတ်ဆိတ်ကာ နေလိုက်လေသည်။ သို့သော်ငြား သူတို့က ပိုက်ဆံရှင်းပြီးသည့်နှင့် သူမက သူတို့နှင့်စကားစပြောတော့သည်။

" အဒေါ်အရင်က တို့ဟူးစားဖူးလား၊ ဒါကို သက်သက်လွတ်အသားလို့ လဲခေါ်တယ်၊ သဘောက အသားလိုပဲ အာဟာရပြည့်ပေမယ့် စျေးသက်သာတယ်၊ တစ်တုံးကိုမှ ၂ဝမ်ပဲလေ၊ အရသာရှိတယ် သူ့ကိုအသားနဲ့ နှပ်စားလိုက်ရင် အရသာအားလုံးကို စုပ်ယူသွားပြီး အသားအတိုင်းပဲဖြစ်သွားတာနော်”

" ၂ဝမ်...၂ဝမ်ပဲနော်၊ သူ့ကို ထူထူလေးလှီးပြီး ရွှေဝါရောင်သမ်းလာတဲ့အထိ ကြော်လိုက်ပြီးရင် ပါးပါး လေးလှီးထားတဲ့ ဝက်ဗိုက်သားလေးတွေကိုထည့် ဒါမှမဟုတ် အသားချည်းသက်သက်ကို နုတ်နုတ်စင်းထားပြီး နည်းနည်းလောက်ထည့် သူတို့ကိုပေါင်းပြီးနှပ်လိုက်၊ အရမ်း အရသာ ရှိတာနော်၊ အသားကိုတောင် သတိရတော့မှာ မဟုတ်ဘူး "

အရသာလည်းရှိတယ်။ အသားနဲ့အိုးနှပ်ချက်လိုက်ရင်လည်းကွက်တိပဲ။ အသားအရသာတွေ အားလုံးကိုစုပ်ယူသွားပေးတယ်တဲ့။ ၂ဝမ်ထဲနဲ့ အသားစားရသလို အရသာရှိလေတယ်တဲ့။

သူမ စကားလှမ်းပြောလိုက်သည့် အမျိုးသမီးက ဒီစကားဝိုင်းထဲက အဓိကအချက်များကို သိရှိသွားပြီး ထွက်သွားတော့မည် ရည်ရွယ်ထားသည့် သူမ၏ခြေလှမ်းများသည် ရုတ်တရက်ရပ်တန့်သွားကာ စန်းလော့၏ ဆိုင်သို့ချဥ်းကပ်လာတော့သည်။

အမျိုးသမီးက ရပ်တန့်သွားသည့်နှင့်တပြိုင်နက် ရောင်းရဖို့အတွက်တော့ မခက်ခဲတော့ချေ။ စန်းလော့တွင် ပြောစရာစကားများရှိပြီးသားပင်။ သူမက အစားအသောက်အကြောင်းကို ပြောရင်း အမျိုးသမီး၏ အာရုံကို ဖမ်းဆွဲထားလိုက်တော့သည်။

အနားက အသားပိုင်ရှင်ကလည်း ကူညီပြီးထောက်ပြ ပြောဆိုပေးလေသည်။

" ဒီအမျိုးသမီးငယ်လေး လုပ်ထားတဲ့နတ်သမီးတို့ဟူးက တကယ့်ကိုတန်တယ်၊ အထူးသဖြင့် အဲဒီအစိမ်းရောင်လေ၊ သူ့ကိုဆားနဲ့ပဲ အရသာထည့်ထည့် အချိုရ အောင်သကြားပဲထည့်ထည့် အရသာရှိတယ်၊ ဒီလိုပူအိုက်တဲ့ရာသီမှာဆိုရင် လန်းဆန်းသွားတာပဲ၊ ကျုပ်တို့မိသားစုက ဒီတို့ဟူးကို တော်တော်လေးကြိုက်ကြတယ်၊ သူတို့တွေက စျေးနေ့တိုင်းမှ တစ်ခါလာကြတာလေ၊ အဖြူတစ်ခုကတော့ အသစ်ပဲ၊ ဒါပေမဲ့ တော်တော်လေးကောင်းတဲ့ပုံပါပဲ၊ ၂ဝမ်ပဲပေးရတော့ မြည်းကြည့်ရလည်း တန်တယ်လေ၊ ဒီလိုပင်ပန်းရတဲ့နေ့တွေ ပြီးသွားတဲ့အချိန်မှာ အစားအသောက်ကို ကောင်းကောင်းလေးချက်စားရတာကလည်း အဆင်ပြေတာပဲပေါ့“

ဆွဲဆောင်ခံထားရပြီဖြစ်သည့်အမျိုးသမီးသည် အသားဆိုင်ရှင်၏ ထောက်ခံမှုကြောင့် ချက်ချင်းစိတ်ယိုင်သွားတော့သည်။

သူမသည် ထိုအရာကအသားလောက် အရသာရှိနိုင်သည်ဟု အပြည့်အဝမယုံကြည်ပါသော်လည်း စျေးတွင် ဒီလိုရောင်းချနေသည်ဖြစ်ရာ ဒီအစားအသောက် နှင့်ပတ်သတ်ပြီး မှန်ကန်မှုတစ်ချို့ တော့ရှိရမည်ဟု စဥ်းစားလိုက်လေသည်။ ၂ဝမ်ပဲလေ ဘာလို့မစမ်းကြည့်ရမှာလဲ။

သို့နှင့် သူမသည် ပစ္စည်းဝယ်ဖို့ရန်အတွက် ပိုက်ဆံကို ထုတ်လာလိုက်တော့သည်။

စန်းလော့မှာ သူမ၏ပစ္စည်းများနှင့်ပတ်ပြီး ရောင်းဖို့ရန် အလျဉ်မလိုလိုက်ချေ။ သူမ၏ပစ္စည်းများကို အသားဆိုင်ဘေးတွင် ချထားလေရာ အသားလာဝယ်သူ ဆယ်ယောက်တွင် ခြောက်ယောက်ကို သူမ၏ တို့ဟူးနှင့်နတ်သမီးတို့ဟူးများဝယ်ရန် ဆွဲဆောင်နိုင်ခဲ့လေသည်။

ချန် (မနက်၇နာရီနှင့် ၉နာရီကြား) အချိန်ကျော်လွန်လာပြီး စစ်(၉နာရီနှင့်၁၂နာရီ) အချိန်မရောက်ခင်တွင် သူမ ယူလာသည့် တို့ဟူးအများစုက ရောင်းထွက်သွားခဲ့သည်။ အားလုံးက အလုပ်များနေကြသည်။ အထူးသဖြင့် မနက်စောစော လယ်ယာကိစ္စအတွက် အကူအညီပေးရမည့် အမျိုးသမီးများသည် သူ့တို့၏အသားများကို အလွန်မှအချိန်စောစောလာရောက် ဝယ်ကြလေသည်။

အတုံးငယ်လေးတစ်ချို့သာ ကျန်တော့သည်။ တိုက်တိုက်ဆိုင်ဆိုင် အသားလာဝယ်သည့်သူများထဲတွင် ရင်နှီးသည့်မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။

ကျိုးချွင်းကျန့်၏ မိန်းမ။

ရွာသူကြီးကျိုး၏ မိန်းမဖြစ်လေသည်။

...

All Chapters