← Chapters

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အခန်း (၅၅-၅၆)

Vol. 6 Ch. 55-56

အပိုင်း (၅၅)

အစားအသောက်လုံလောက်အောင်ပင် ရုန်းကန်နေရသည့် ကျေးလက်အိမ်ထောင်စုများတွင် ယမကာသည် ဇိမ်ခံပစ္စည်းတစ်ခုဖြစ်သည်။

ဤစားပွဲတွင် အကြီးအကဲများသည် ချန်းနှင့်လုအဘိုးအဘွားများဖြစ်ပြီး နောက်တွင်တော့ ချန်းယိုထျန်း၊ ရှီအာ့လန်နှင့်လုညီအစ်ကိုများဖြစ်သည်။ လူကြီး၆ယောက်သာလျှင် ယမကာသောက်သူများဖြစ်ကြ၏။

စားပွဲဝိုင်းရှိ ဆယ်ကျော်သက်လေးများက ယမကာကိုထိခြင်းထက် ကျိုးနွံစွာထိုင်ခြင်းပိုကောင်းသည်ကို သိကြသည်။

မြို့မှာဖြစ်ဖြစ် ကျေးလက်မှာပဲဖြစ်ဖြစ်၊ အိမ်တွင်းမှာဖြစ်ဖြစ် အိမ်ပြင်မှာပဲဖြစ်ဖြစ် အသက်ကြီးသူများ မစားမချင်း မျိုးဆက်သစ်လူငယ်များ စ မစားရဆိုသည်မှာ ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားသည့် စည်းကမ်းတစ်ခုပင်။ ထို့ကြောင့် ဆယ်ကျော်သက်များသည် လူကြီးများ၏ ပျော်ရွှင်မှုကိုသာ ကြည့်ရှုနိုင်ကြသည်။ သူတို့အားလုံးထဲမှ အကြီးဆုံးဖြစ်သော ရွှမ်းကျူးသည် သူ့ဦးလေး ယမကာသောက်နိုင်ခြင်းကို အားကျနေ၏။ အသက်၁၄နှစ်တွင် သူ့ကို အရက်သောက်ခွင့်မပြုသည့်အပြင် အရသာပင် မြည်းခွင့်မရလိုက်ပေ။

သူတို့၏မျိုးဆက်တွင် ရှီအာ့လန်သည် ပိုတက်ကြွပြီး သောက်စရာကို စိတ်အားထက်သန်နေသည်။ စန်းလော့ ယမကာယူလာတာကိုမြင်တော့ သူသည် လက်ခံရန်အတွက် စိတ်အားထက်သန်စွာထလိုက်လေ၏။

အနီးကပ်ကြည့်လိုက်တော့... အိုးးး... ဒါက သာမန်ယမကာမျိုး မဟုတ်ပါလား။

သူက ကောက်ယူလိုက်ကာ အဖက်ဖက်မှ ကြည့်ရှုစစ်ဆေးလိုက်၏။ သူ၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် ဝင်းလက်သွားလေသည်။

"အားလီရဲ့မိန်းမ၊ ဒါက ဈေးထဲကအထွေထွေကုန်စုံဆိုင်ကဖြစ်ရမယ် ဟုတ်တယ်မလား။ ဒါက အရင်ကမြင်ဖူးပြီးတော့ ၁၈ဝမ်လောက်ရှိမယ် ထင်တယ် ဟုတ်လား"

စန်းလော့သည် သူ့ကိုဈေးနှုန်းသိရန်အထိမမျှော်လင့်ထားလိုက်ပေ။ ထို့နောက်ပြုံးပြလိုက်ပြီး

"ဦးလေးရှီအာ့၊ ဦးလေးက အတော်လေးနားလည်တဲ့သူပဲ။ ကျွန်မက ငွေချွေတာနေရလို့ ပိုကောင်းတာ ဘာမှမတတ်နိုင်ဘူး"

"ပိုမကောင်းဘူး ဟုတ်လား၊ ဒါကအကောင်းဆုံးပဲလေ။ ငါတိုတဲ့ ဦးလေးရှီအာ့က အစားအသောက်ကောင်း ကြိုက်တဲ့သူမဟုတ်ပါဘူး။ အစားကြီးတဲ့ သူတစ်ယောက်ပါပဲ။ သာမန် ယမကာတစ်ပုလင်း ဒါမှမဟုတ် နှစ်ပုလင်းနဲ့ပဲ ပွဲတော်ရက်တွေ‌အတွင်းမှာ ငါ့ဆန္ဒက ပြည့်ဝတာ။ ဒါက တစ်ကယ်ကောင်းတဲ့ဧည့်ခံမှုတစ်ခုပါပဲ"

အဘိုးချန်းနှင့်တစ်ခြားသူများကလဲ သဘောတူကြသည်။

"ဒီလိုယမကာပုလင်းမျိုးကို မဖြုန်းတီးပါဘူး။ အားလီရဲ့မိန်းမ၊ နင့်ရဲ့ဧည့်ဝတ်ကျေမှုက ပြိုင်ဘက်ကင်းပါတယ်"

စန်းလော့က မျက်လုံးများတွန့်သည် အထိပြုံးလိုက်၏။

"‌ဒါဆို အားလုံးပဲ ဒီညတော့ ကောင်းကောင်းစားပြီး သောက်လိုက်ကြရအောင်"

သူမက အဖုံးပိတ်ထားသည့် ယမကာပုလင်းကို မည်သို့ ဖွင့်ရမည်ကို တုံ့ဆိုင်းနေ၏။ ဒါကိုမြင်တော့ ရှီအာ့လန်က ရယ်လိုက်ပြီး

"အဲ့တာအတွက်စိတ်မပူပါနဲ့၊ ဒါကို ‌ကိုင်တွယ်နိုင်ပါတယ်။ ပိတ်ထားတာကို ဖွင့်ဖို့က ကျောက်ခဲတစ်လုံးပဲ လိုတယ်။ နင်က စားပွဲမှာပဲ သွားထိုင်နေလိုက်။ ယမကာထည့်ပေးဖို့ကို ဦးလေးတို့လုပ်လိုက်မယ်"

အမှန်ပင် စန်းလော့က ယောက်ျားကြီးများကို ယမကာဖြင့်ဧည့်ခံရာတွင် အတွေ့အကြုံမရှိပေ။

"ဒါဆို၊ ဦးလေးရှီအာ့ကိုပဲ လွှဲထားလိုက်မယ်နော်"

စားပွဲဝိုင်းရှိအကြီးများကို နှုတ်ဆက်ပြီးနောက် ကလေးများကို စစ်ဆေးရန်သွားလိုက်သည်။

ရှန်းနဉ်က လူများကို သွားခေါ်နေသည်။ ဤစားပွဲဝိုင်း၏တာဝန်ခံဖြစ်သော ရှန်းအန်းသည် အသက်၁၂နှစ်နှင့်အထက် ရှိသောကောင်လေးများက လူကြီးများ၏စားပွဲတွင် ပါဝင်နေသည်ကို တွေ့လိုက်၏။

ကလေးများ၏ စားပွဲဝိုင်းသည် အသက်အကြီးဆုံး ဆယ်နှစ်အရွယ်အားနျို၊ ရှန်းမိသားစုမှအငယ်ဆုံး နှစ်နှစ်အရွယ်ထျန်းယာ၊ ရှီမိသားစုမှ ကလေးဖြစ်ပုံပေါ်သော လေးနှစ် ဒါမှမဟုတ် ငါးနှစ်အရွယ် မိန်းကလေးတစ်ယောက်နှင့် အဲ့ဒီ့နောက်တွင်တော့ အားနျိုနှင့်စန်းနျိုတို့သာ ကျန်သည်။

ကလေး၁၁ယောက်ကို ခုံတန်းရှည်တွင် သုံးယောက်လျှင်တစ်ခုံကျ အတူ တိုးဝေ့ထိုင်နေကြသည်။ ရှန်းထျန်းလိုအငယ်ဆုံးလေးနှင့် ရှီမိသားစုမှ အငယ်ဆုံးသမီးလေးသည် စားပွဲ၌ပင် မထိုင်ကြပေ။ သူတို့အစ်ကိုများ၏ဘေးတွင် ရပ်နေကြပြီး အစာခွံကျွေးမည်ကို စောင့်နေကြ၏။

အခြားသူများနှင့် အားရှူကို ခေါ်ဖို့သွားလိုက်ပြီး အခုထိပြန်ရောက်သေးသည့် ရှန်းနဉ်အတွက် ခုံတန်းပေါ်တွင် နေရာအလုံအလောက် ချန်ထားပေးလိုက်သည်။

ရှန်းအန်းက သူ့မရီးနားသို့ တိတ်တိတ်လေး ချဉ်းကပ်သွားပြီး ပြောလိုက်၏။

"ဟူကျီမှာ တနျိုလို့ခေါ်တဲ့ အစ်မတစ်ယောက်ရှိတယ်။ သူလဲပဲ ဒီနေ့မလာဘူး"

သူက သူ့မရီးကို တိုးတိုးလေးပြောလိုက်၏။

"ဟူကျီက ပြောတယ်။ သူတို့အဘွားက မိသားစုဝင်တွေ အများကြီးလာတာ စိုးရိမ်နေတယ်တဲ့။ အဲ့ဒါကြောင့် သူတို့က ဟူကျီ့အမေရယ်၊ အစ်မရယ်နဲ့မောင်လေးကို အိမ်မှာထားခဲ့ကြတာ။ ပြီးတော့ သူ့ရဲ့အဒေါ်၂ ကိုဒီကို အားရှူကိုခေါ်လာဖို့ပြောလိုက်တယ်"

ဟူကျီသည် တက်ရောက်လာသည့် ဧည့်သည်အပြောင်းအလဲကို သတိမထားမိလိုက်ပေ။

ရှီမိသားစုတစ်ခုလုံးရောက်ရှိလာပြီး သူ၏မောင်နှမများလည်း ရှိနေသည်ကိုတွေ့တော့ ရှန်းအန်းက သူ့ဝမ်းကွဲတနျိုနှင့်အားရှူတို့ မရှိခြင်းကို ပူပန်နေလိုက်သည်။ ထို့ကြောင့် ဤအကြောင်းကို စန်းလော့နှင့်မျှဝေလိုက်၏။

စန်း‌လော့၏ မျက်လုံးများသည် နားလည်မှုဖြင့် တဖျပ်ဖျပ်ဖျပ် ခတ်သွားကာ အဘွားလု၏အစောပိုင်းအပြုအမူတွင် အနည်းငယ် စိတ်မသက်မသာဖြစ်ရခြင်းမှာ ဤအခြေအနေကြောင့် ဖြစ်နိုင်ကြောင်းကို သဘောပေါက်လိုက်သည်။

လုမိသားစု၏ တက်ရောက်သူများအပြောင်းအလဲသည် မိသားစုအတွင်း တက်ကြွမှုများကြောင့်လား ဒါမှမဟုတ် တိုက်ဆိုင်မှုသက်သက် ကြောင့်လားဆိုတာကိုတော့ သူမ သေချာမသိပါ။ လုမိသားစုကိစ္စများကို နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေခြင်းက သူမနေရာမဟုတ်ဟု စဉ်းစားလိုက်၏။ သူမရဲ့ရည်ရွယ်ချက်မှာ လူတိုင်း၏အကူအညီအတွက် ကျေးဇူးတရားကို ဖော်ပြရန်စားသောက်ပွဲ ကျင်းပပေးခြင်းသာဖြစ်သည်။

သူတို့မိသားစုကိစ္စများကို စုံစမ်းစစ်ဆေးရန်မဟုတ်ပေ။

လုမိသားစုမှ ကလေးအရေအတွက်အတိအကျကို မသိသော်လည်း ယခုအချိန်တွင် တနျိုဟုခေါ်သော အခြားမိန်းကလေးတစ်ဦးအကြောင်း ကြားသိရသဖြင့် စန်းလော့သည် ရှန်းနဉ်အား ဖိတ်ကြားခြင်းကို ချန်လှပ်ထားရန် မလိုလားလိုက်ပေ။ ထို့ကြောင့် သူမက ရှန်းအန်းကို ညွှန်ကြားလိုက်လေသည်။

"နောက်ထပ်တစ်ကြိမ်လောက် ထပ်ပြေးပြီးတော့ သားရဲ့ဝမ်းကွဲ တနျိုကိုလည်း ဖိတ်လိုက်ပါဦး"

အိမ်တွင်သုံးယောက်ကို ချန်ထားလိုက်ရန် ရွေးချယ်ခဲ့သောအဘွားလုသည် စာနာစိတ်ရှိပြီး လောကကျင့်ဝတ်ကို သတိထားပုံရသည်။ ဘာကြောင့်လဲဆိုတော့ မိသားစုတစ်စုထဲက အများကြီး တက်ရောက်ခြင်းသည် မသင့်တော်သလို ခံစားရခြင်းကြောင့်ပင်။

စန်းလော့က သူမအိမ်တွင် အကူအညီပေးလိုက်တဲ့သူ အကုန်လုံးဖြစ်တဲ့ ရွှမ်းကျူး၊ ထျယ်ကျူးနဲ့ဟူကျီတို့က ဧည့်သည်စာရင်းဝင်လိုက်တာကြောင့် အဘွားအိုသည် ကလေးများကို လာခွင့်မပေးလိုက်ခြင်းဟု တွေးမိလေသည်။

ယခင်နေ့တွေက အဘွားအို၏ ဒုတိယချွေးမအပေါ် အထူးကြင်နာပြီး ဂရုစိုက်တတ်သောသဘောထားကို သတိရမိတော့ စန်းလော့က အားရှူနှင့်ဒုတိယချွေးမကို ဖိတ်ကြားခြင်းသည် အားကိုးရမည့်အိမ်ထောင်ဦးစီးမရှိသော မိသားစုအတွက် ထည့်သွင်းစဉ်းစားရမည့် လုပ်ရပ်ဖြစ်ကြောင်း သဘောပေါက်လေသည်။

သူ့မရီး၏ အခြားသူများကိုဖိတ်ရန် ညွှန်ကြားချက်ကိုကြားတော့ ရှန်းအန်းက အပြုံးဖြင့်ခေါင်းညိတ်ပြလိုက်ပြီး တစ်ဟုန်ထိုးထွက်မသွားမီ ဟူကျီကို တိတ်တိတ်လေးအသိပေးလိုက်၏။

အမျိုးသမီးများ၏စားပွဲဝိုင်းသို့ စန်းလော့ပြန်ရောက်လာသောအခါ ရှန်းအန်းထွက်သွားတာနဲ့ပတ်သတ်ပြီး တစ်ချို့က မေးမြန်းကြလေသည်။

သူမက အပြုံးနှင့်ရှင်းပြလိုက်၏။

"ဟူကျီ့မှာအစ်မရှိတာကို သိလိုက်ရတယ်။ အဲ့တာကြောင့် သူ့ကိုပါ ဖိတ်ကြားဖို့အတွက် ရှန်းအန်းကို လွှတ်လိုက်တာပါ။ အကုန်လုံးက ဒီမှာရှိနေတဲ့အချိန် သူ့တစ်ယောက်ထဲကို အိမ်မှာချန်ထားလိုက်တာ မဖြစ်သင့်ဘူးလေနော်"

အနည်းငယ်အရှက်ရသလို ခံစားရသောအဘွားလုက တုံ့ပြန်လိုက်၏။

"စန်းလော့ရယ် အဘွားတို့က တစ်ကယ်တော့ အခွင့်အရေး မယူသင့်ဘူးလေ။ ရိုးရိုးသားသားပြောရရင် ဒီမှာ တစ်မိသားစုထဲကနေ ၁၂ယောက်ကျော်ရှိတယ်ဆိုတာ အဘွားတို့ရွာမှာတစ်ခါမှကို မကြားဖူးလိုက်ဘူး"

စန်းလော့က ပြုံးရင်း ကြားဖြတ်ပြောလိုက်၏။

"စည်းမျဉ်းစည်းကမ်းတွေက ပြင်လို့လွယ်ပါတယ် အဘွားရယ်။ ကျွန်မတို့ တွေ့ဆုံပွဲက ပုံမှန်ဂုဏ်ပြုစားပွဲတွေနဲ့ နဲနဲလေးကွဲတယ်။ ဒါက မိသားစုအနည်းငယ်ပဲ အပျော်သဘောနဲ့ တွေ့ဆုံကြတာလေ။ ဒါ့အပြင် နောက်ထပ် လူနည်းနည်းထပ်တိုးတာက ကျွန်မတို့မှာ စားပွဲသုံးလုံးဘဲ ရှိတဲ့အတွက် မပြောင်းလဲဘူး။ အပိုငွေလဲ ကုန်ကျစေမှာ မဟုတ်ပါဘူး။ ကလေးတွေက ထောင့်မှာ တိုးဝှေ့ထိုင်တာ မဟုတ်လဲ မတ်တပ်ရပ်လို့ ရတယ်လေ။ အဲ့လိုမထင်ဘူးလား"

လူတိုင်းကရီမောနေကြပြီး ချန်းဘွားဘွားလည်း ဝင်ပြောလိုက်လေသည်။

"အသေအချာပဲပေါ့၊ ဒီမှာ အဘွားတို့အကုန်လုံးက ရင်းနှီးတဲ့သူတွေကြီးပဲ။ စည်းမျဉ်းတွေကို တအားကြပ်မတ်ဖို့မလိုပါဘူး"

ရှီတလန်၏ဇနီးနှင့် အခြားသူများကလည်း ရီမောကြပြီး အဘွားလုလည်း ပြုံးနေ၏။

"ကောင်းပြီ၊ အခုတော့သိပါပြီ။ စန်းလော့က ရက်ရောတဲ့သူပဲ။ ပြီးတော့ ရှက်လည်းမရှက်တော့ပါဘူး"

ထိုကဲ့သို့သော အားပေးမှုကြောင့် လေထုသည် ချက်ခြင်းပင် သက်ဝင်လှုပ်ရှားလာလေသည်။

ကလေးများက သူတို့စားပွဲတွင်စတင်စားနေကြပြီဖြစ်၏။ လူကြီးများက ယမကာကိုငှဲ့လိုက်ပြီးသည်နှင့် ချန်းလောင်ဟန်(ချန်းအဘိုး)၊ လုလောင်ဟန်(လုအဘိုး)နှင့်အခြားသူများကလည်း စတင်စားသောက်လိုက်ကြပြီး လူတိုင်းကိုလည်း ပါဝင်ရန် ဖိတ်ခေါ်လိုက်လေသည်။

ဒါကိုမြင်တော့ ချန်းဘွားဘွားက သူမ၏စားပွဲဝိုင်းကို အကြံပြုလိုက်၏။

"ငါတို့လဲ စ စားလို့ရပြီမလား"

အခြားသူများကလဲ စိတ်ပါလက်ပါသဘောတူလိုက်ကြသည်။

"ဟုတ်တယ်၊ စားကြရအောင်"

အားလုံးက အစာစားဖို့လက်လှမ်းစဉ်တွင် ရှီတလန်၏ဇနီးသည် တို့ဟူးတစ်တုံးကို ကောက်ယူလိုက်ပြီး စူးစမ်းချင်စိတ်ဖြင့်မေးလိုက်၏။

"ဒါက ဘာဟင်းလဲ။ ဒါကို အရင်က မမြင်ဖူးဘူးထင်တယ်"

ချန်းအဘွားက ရှီတလန်ဇနီး၏ ပါးနပ်မှုကိုသဘောကျရင်း ရီလိုက်၏။

"ရှီမိသားစုထဲမှာ ကန်းရှီက အပါးနပ်ဆုံးပဲ။ တစ်ချို့က အမြင်အားဖြင့် သပ်ရပ်ပေမယ့် တစ်ခြားသူတွေကတော့ မသိမသာလေးပါးနပ်ကြတယ်။ ရှီသလန်က အရင်ဖြစ်ပြီးတော့ ဒီကန်းရှီကတော့သေချာပေါက် နောက်ကပေါ့"

သူမက စကားတစ်ခွန်းမှမပြောဘဲ ပြုံးရုံပြုံးကာ တို့ဟူးတစ်တုံးကို အရသာခံဖို့ ကောက်ယူလိုက်လေသည်။

စန်းလော့ကပြုံးရင်းပြောလိုက်၏။

"ဒါကို တို့ဟူးလို့ခေါ်ပါတယ်။ ဒီနေရာမှာတော့ သိပ်မရှိဘူး။ အားလုံးပဲ၊ ကျေးဇူးပြုပြီးစားကြည့်ကြပါဦး"

သိချင်နေကြသောဧည့်သည်များသည်လည်း တို့ဟူးကို လက်လှမ်းလိုက်လေသည်။ အစောက အသားကို ကောက်ယူထားသည့်သူများကလဲ တို့ဟူးကိုစမ်းကြည့်ရန် အသားကို ဘေးချထားလိုက်၏။

သူတို့သည် အရသာမြည်းပြီးနောက် ထိုအရာ၏ နူးညံ့မှုနှင့် လေးပင်သည့်အရသာကို သဘောကျသွားကြသည်။ ရှီသလန်၏ဇနီးက မေးမြန်းလိုက်၏။

"ဒါကို ဘယ်ကဝယ်လိုက်တာလဲ။ ဈေးကြီးလား။ ဒါကို ရောင်းတာ တစ်ခါမှမတွေ့ဖူးဘူး"

တို့ဟူးကိုအရသာခံရင်း ကန်းရှီက အဖြေတစ်ခုအတွက် စန်းလော့ကို လှမ်းကြည့်လိုက်သည်။

အရာအားလုံးကို စားပွဲပေါ်တွင် ချခင်းနေသည့်စန်းလော့က ဘာကိုမှ ဖုံးကွယ်မထားပေ။ သူမက ထုတ်ဖော်ပြောလိုက်သည်။

"ဒါက အမေ့ဘက်ကနေရလိုက်တဲ့ မိသားစုဟင်းပွဲတစ်မျိုးပါ။ ဒါကို ကိုယ်တိုင် လုပ်ထားတာလေ"

ချန်းဘွားဘွားနှင့် ချင်ဖန်းညန်တို့မှလွဲ၍ ကန်းရှီနှင့်အခြားသူများမှာ အံ့အားသင့်မှုကြောင့် ရပ်တန့်သွားလေသည်။ အကုန်လုံးရဲ့စိတ်ထဲကို တူညီသည့်အတွေးများ ဝင်လာကြ၏။

အိမ်ဆောက်ဖို့တတ်နိုင်တာ မဆန်းပါဘူး။ တောဟင်းရွက်ရောင်းခြင်းက ဤကဲ့သို့ ကောင်းမွန်သော အစားအစာနှင့် အိမ်ရာများကို မထောက်ပံ့နိုင်ပေ။

စန်းလော့က ပြုံးရင်းဖြင့် နတ်သမီးတို့ဟူးတစ်တုံးကို ကောက်ယူကာ ပြောလိုက်လေသည်။

"ဒါကို နတ်သမီးတို့ဟူးလို့ခေါ်ပြီး အိမ်မှာလုပ်ထားတာပါ။ ဒါကို ရိုးရိုးလေးပဲ သကြား‌ရည်နဲ့ရောထားတာ။ အဘွားနဲ့အဒေါ်တို့ ကျေးဇူးပြုပြီး သုံးဆောင်ကြပါဦး။ ခံတွင်းတွေ့မယ်လို့ ထင်ပါတယ်"

လူတိုင်းနီးပါးက နတ်သမီးတို့ဟူးကိုအလိုလိုလက်လှမ်းလိုက်ကြသည်။

သို့သော်နတ်သမီးတို့ဟူး၏အရသာသည် သူတို့မြည်းစမ်းခဲ့‌ဖူးသော တို့ဟူးလောက် မရိုးရှင်းပေ။ သူတို့အားလုံးသည် ချန်းဘွားဘွားနှင့် ချင်ဖန်းညန်တို့၏တုံ့ပြန်မှုကို မသိမသာ စိုက်ကြည့်နေကြသည်။

သူမ၏ပွင့်လင်းမှုကြောင့် လူသိများသော ရှီတလန်၏ဇနီးသည် ချင်ဖန်းညန်ကို တိုက်ရိုက်မေးမြန်းလိုက်သည်။

"ဖန်းညန်၊ အရင်က စီရင်စုကိုသွားလိုက်တုန်းက နင်‌ရော ဒါကိုရောင်းတာလား"

ချင်ဖန်းညန်တစ်ယောက် အံ့အားသင့်သွားလေသည်။

သူကိုယ်သူတွေးမိတာက "ဖန်တီးတဲ့သူက ရှေ့မှာရှိနေတာကို ဘာလို့ ငါ့ကို လာမေးနေတာတဲ့လဲ"

ကန်းရှီ:...

စကားမပြောခင်ကို မစဉ်းစားဘဲ ထပ်ပြောလိုက်ပြန်ပြီ။

ချင်ဖန်းညန်ကို စန်းလော့အရှေ့မှာမေးမယ့်အစား သူမကို တိုက်ရိုက်မေးလိုက်တာကမှ ပိုကောင်းဦးမယ်။

အနည်းငယ် အဆင်မပြေသလိုခံစားရပြီး အရာအားလုံး ချောချောမွေ့မွေ့ ဖြစ်အောင်ကြိုးစားနေသည့် စန်းလော့က ပြုံးရင်း ကြားဖြတ်ပြောလိုက်လေသည်။

"ဟုတ်ပါတယ်၊ အခုချိန်မှာ ကျွန်မတို့က နဲနဲပိုပြီး သိကျွမ်းလာကြပြီလေ။ ပြီးတော့ကျွန်မက တို့ဟူးကို အပြင်မှာထုတ်ပြထားလိုက်ပြီဆိုတော့ ဖုံးကွယ်ထားစရာ ဘာမှမရှိတော့ပါဘူး။ စီရင်စုမှာ တောဟင်းရွက်တွေ ရောင်းတာကတော့ တစ်ကယ်ပါ။ ပြီးတော့ ဒီနတ်သမီးတို့ဟူးကိုရောပေါ့။ ငွေကြေးကုန်ကျများတဲ့ စားသောက်ဖွယ်တော့ မဟုတ်ပါဘူး။ တစ်တုံးကို နှစ်ဝမ်ပါပဲ။ နေ့စဉ်အသုံးစရိတ်အတွက်တော့ ငွေအနည်းငယ်ရတာက လုံလောက်ပါတယ်။ အစပိုင်းတုန်းကတော့ တိုးတိုးတိတ်တိတ်နေပေးဖို့ အဘွားချန်းကို တောင်းဆိုခဲ့တာပါတယ်"

အဲ့‌ဒီ့နောက်မှာတော့ အားလုံးက နားလည်သွားကြလေသည်။ ထူးခြားသည့်ဟင်းချက်နည်းပိုင်ဆိုင်ထားသည့် စန်းမိသားစု သိုသိုသိပ်သိပ်နေသည်မှာ အကြောင်းပြချက်ကောင်းရှိ၏။

"အိမ်ဆောက်ပြီး အကာအရံတွေ ဆောက်ဖို့ အလျင်စလို လုပ်နေကြတာ အံ့သြစရာတော့ မရှိပါဘူး"

လုံလုံခြုံခြုံ သော့ခတ်နိုင်သော အနောက်တံခါးကို မြင်လိုက်ရတော့ သူတို့ ပိုလို့ပင် နားလည်လာ၏။

ကန်းရှီက ဤအခြေအနေကိုအမိအရဆုပ်ကိုင်ကာ မှတ်ချက်ပေးလိုက်သည်။

"မိသားစုတစ်ခုရဲ့ဟင်းချက်နည်းကို စားဝတ်နေရေးအတွက်အသုံးချဖို့က တစ်ကယ်ကို ချင့်ချိန်သင့်တယ်။ ငါ့ယောင်းမက စကားတအားမြန်တယ်။ ငါတို့မမေးသင့်ဘူး။ စိတ်မပူပါနဲ့ စန်းလော့ရယ်၊ ဒီမှာဆွေးနွေးလိုက်တာတွေက ငါတို့ကြားမှာပဲရှိနေမှာပါ"

ရှီသလန်၏ဇနီး၊ လုမိသားစု၏အမေနှင့်ချွေးမတို့က သဘောတူ ခေါင်းညိတ်လိုက်ကြသည်။ အထူးသဖြင့် ရှီသလန်၏ဇနီးနှင့် လုသလန်၏ဇနီးတို့သည် ချင်ဖန်းညန်အား သိသိသာသာ အားကျနေကြ၏။

"အဲ့လို မကြုံဖူးသေးတဲ့ စားကောင်းသောက်ဖွယ်အတွက် တစ်တုံးကို နှစ်ဝမ်ကတော့ ရောင်းကောင်းမှာပဲ"

စန်းလော့က လူတိုင်း၏တုံ့ပြန်မှုကို သတိထားမိတော့ ထပ်ပြောလိုက်၏။

“စိတ်ပူစရာမရှိတော့ပါဘူး။ အခုတော့ ကျွန်မအိမ်လေးက ဆောက်ပြီးသွားပါပြီ။ ဒီတို့ဟူးချက်နည်းတွေက သင်ယူဖို့မလွယ်ကူဘူး။ ဒါကြောင့် နောက်ဆုံးတော့ ဒါတွေကို ဈေးထဲမှာ ရောင်းချဖို့ စီစဉ်ထားပါတယ်။ ကျွန်မရဲ့အားအင် အကန့်အသတ်အရ နေ့တိုင်းတို့ ဟူးပြုလုပ်တာက လက်ဝင်ပြီး စီရင်စုကို အသွားအပြန်လုပ်ရတာလဲ ခြေကုန်လက်ပန်းကျတယ်။ ဒါကြောင့် မေးချင်တာ‌လေးတစ်ခုက တစ်ကယ်လို့ အဒေါ်တို့အဘွားတို့မိသားစုတွေကသာ အဘွားချန်းတို့လို ဒီလုပ်ငန်းမှာ ပါဝင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် ဒီစားကောင်းသောက်ဖွယ်တွေကို ကူရောင်းဖို့ အိမ်ကတစ်ယောက်ယောက် ပါဝင်နိုင်‌ပေးနိုင်မလားပေါ့"

အထူးသဖြင့်ကလေးများ၏ ဆူညံသံများနှင့် လူများပြည့်နေသည့်ခြံဝင်းထဲတွင် စန်းလော့၏အသံသည် ကျယ်လောင်ခြင်းမရှိပေ။ သူမ၏အဆိုပြုချက်ကို သူမစားပွဲရှိလူများသာ ကြားနေရသည်။

ဒါကိုမျှော်လင့်ထားပြီးဖြစ်သည့် ချန်းဘွားဘွားနှင့်သူ့ချွေးမက ပြုံးလိုက်လေသည်။

လုနှင့်ရှီမိသားစုမှအမျိုးသမီးများက အံ့ဩပြီးစိတ်လှုပ်ရှားသွား၏။

"တစ်ကယ်လား၊ ငါတို့လဲ ဒီတို့ဟူးကိုရောင်းလို့ရတာလား"

"ရတာပေါ့၊ အရင်စားလိုက်ရအောင် ပြီးမှ အသေးစိတ်ပြောကြတာပေါ့"

မိသားစုနှစ်ခုသည် ကောင်းကင်က ကျလာသည့်ပိုင်မုန့်တွေ သူတို့ဆီ ရောက်လာတဲ့ပုံဖြင့် ကြောင်အမ်းအမ်းဖြင့် မယုံကြည့်နိုင်အောင် ဖြစ်သွားလေသည်။

ထို့နောက် ခြံဝင်းအပြင်ဘက်မှ ရှန်းနဉ်၏အသံမှာ ထွက်ပေါ်လာလေသည်။

"မကြီး၊ လုဒေါ်လေး ရောက်လာပြီ"

ရှန်းနဉ်၊ ရှန်းအန်းတို့နဲ့အတူလိုက်ပါလာသည့် ဖုန်းလျိုညန်၊ တနျိုနှင့်အားရှူတို့ ပြန်ရောက်လာတာကို မြင်တော့ လူတိုင်းက မှင်သက်သွားကြလေသည်။ သူတို့အားလုံးက နွေးထွေးစွာ နှုတ်ဆက်ရန်အတွက် အစာစားခြင်းကို ရပ်ထားလိုက်ကြ၏။

"လျိုညန်၊ ဒီကိုလာပါဦး"

သူတို့၏ မျက်နှာများသည် အပြုံးများဖြင့် ပွင့်လန်းနေကြသည်။

ဖုန်းလျိုညန်: ???

...

အပိုင်း (၅၆)

မကြာမှီတွင်သူမသည် သူတို့၏ ဝမ်းသာစိတ်လှုပ်ရှားနေကြသည့် အကြောင်းအရင်းကို သိရှိသွားလေသည်။

ကလေးများ၏စားပွဲက လျှပ်တပြကါအတွင်း စားသောက်ပြီးစီး သွားလေသည်။ ပြီးမြေက်သွားသည်နှင့်တပြိုင်နက် သူတို့က အပြင်သို့ပြေးထွက်ကာ ကစားကြတော့သည်။ ယောက်ကျားသားများ၏ စားပွဲကတော့ ယမကာများ မှီဝဲနေကြသည်ဖြစ်ရာ အခုမှစားသောက်ခါစ ဖြစ်လေသည်။ အမျိုးသမီးများ၏စားပွဲကတော့ စားသောက်ပြီးစီးသွားသည်နှင့် သိမ်းဆည်းရန် ကူညီနေကြလေသည်။

စားပွဲများကို သိမ်းဆည်းပြီးသွားသည့်နောက် သူတို့အားလုံးက ပြန်ထိုင်ချလိုက်ကာ သူတို့၏မျက်နှာပေါ် တွင် စိတ်လှုပ်ရှား ဝမ်းသာသည့် အရိပ်များတောက်ပ နေတော့သည်။

" စန်းလော့ ခုနတုန်းက ရှင် ပြောတဲ့စကားလေ အဲဒီ့အကြောင်းကို ငါတို့ကို အသေးစိတ်ရှင်းပြပေးလို့ရမလား "

အရင်ဆုံးစကားပြောလာသူက အဘွားလု ဖြစ်လေသည်။

ကလေးများက အပြင်ဘက်တွင် ကစားနေကြပြီး ခြံဝန်းက တော်တော်လေးကို တိတ်ဆိတ်နေ၏။ တစ်ခြားစားပွဲက အမျိုးသားများကလည်း ထိုစကားကိုကြားလိုက်ပြီး လှည့်ကြည့်လိုက်ကြသည်။ အမျိုးသမီးများ၏စားပွဲက အသက်ဝင်လှုပ်ရှားနေကာ မိန်းမဖြစ်သူ၏ မျက်လုံးက တောက်ပနေသည်ကို မြင်လိုက်သည်တွင် ရှီအာ့လန်က သိလိုစိတ်ဖြင့် မေးလိုက်လေသည်။

" မင်းတို့တွေ ဘာအကြောင်း ဆွေးနွေးနေကြတာလဲ "

ဘေးတွင်ရှိနေကြသည့် လူများက စန်းလော့ သူ့ကိုပြန်ဖြေလာမည့်အဖြေကို စိတ်ဝင်တစားဖြင့် နားထောင်နေကြသည် သို့သော်ငြား သူ့မိန်းမက လေသံတိုးတိုးဖြင့် ရှင်းပြလိုက်သည် "

" စားပွဲပေါ်က တို့ဟူးကို စားကြည့်ပြီးပြီလား၊ အဖြူတစ်ခုနဲ့အစိမ်းတစ်ခုလေ၊ အဲဒါတွေကို စန်းလော့ရဲ့မိသားစုဟင်းချက်နည်းကနေ ပြုလုပ်ထားတာတဲ့၊ ကျွန်မတို့က အဲဒါကိုရောင်းပေးဖို့ စိတ်ဝင်စားသလားလို့ သူက မေးနေတာ "

ရှီအာ့လန်က ရုတ်ချည်းဆိုသလို လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။

စန်းလော့၏ အိမ်ကို တောဟင်းရွက်များ ရောင်းခြင်းဖြင့် ဆောက်လုပ်ထားခြင်း မဟုတ်မှန်း သူတို့က သတိထားမိလေသည်။

ဒီတော့ တို့ဟူးကြောင့်များလား။

သူတို့စားပွဲက အမျိုးသားအားလုံးက နားစွင့်ထားလိုက်ကြသည်။

သူတို့ကို သံသယဖြင့်ဆက်မရှိနေစေချင်သည့် စန်းလော့က သူမနှင့်ချင်ဖန်းညန်တို့ စီရင်စုတွင် တောဟင်းရွက်နှင့်နတ်သမီးတို့ဟူးများ ရောင်းခဲ့သည့်အကြောင်းကို အတိုချုပ်ရှင်းပြလိုက်လေသည်။

" စီရင်စုမှာ စျေးခွန်ပေးမှဝင်လို့ရတဲ့ စျေးတွေရှိတယ်၊ နောက်တခုက ပစ္စည်းကိုသယ်ပြီးတော့ လမ်းကြားလေးထဲမှာ ပတ်ရောင်းလို့ရတာရှိတယ်၊ နောက်ထပ် ရွေးချယ်စရာတစ်ခုက စန်းလီရွာရဲ့စျေးနဲ့ အနီးအနားကရွာတွေကို သွားရောင်းလို့ရတယ်၊ တို့ဟူးတစ်တုံး၂ဝမ်က နေ့တိုင်းရောင်းလို့ရမှာတော့ မဟုတ်ဘူး ဒါပေမဲ့ လူတွေက မကြာခဏဆိုသလိုတော့ ဝယ်ကြတယ် "

" ကျွန်မအနေနဲ့ကတော့ ကျွန်မက နတ်သမီးတို့ဟူးကိုဘဲလုပ်လာခဲ့တာ၊ အခု ကျွန်မက နောက်ထပ် တို့ဟူးတစ်မျိုးကို ထပ်ထည့်မယ်၊ အမှန်အတိုင်းပြောရရင် ပြီးခဲ့တဲ့လအနည်းအတွင်းမှာ အငတ်ဘေးက ထွက်ပြေးလာပြီး ရှင်သန်အောင်လုပ်ရတဲ့အတွက် ကျွန်မရဲ့ကျန်းမာရေးက ယိုယွင်းလာခဲ့တယ်၊ ဒီအစားအသောက်တွေကို ပြုလုပ်ရတာကလည်း အချိန်အရမ်းပေးရတယ်၊ ကျွန်မက စီရင်စုကိုအသွားအပြန် လီ၂၀လောက် ဆက်ပြီးမလုပ်နိုင်ဘူး၊ ကျွန်မ နည်းနည်းတော့ အနားယူဖို့လိုတယ်၊ ရှင်တို့အားလုံးက ကျွန်မကို ဒီအိမ်အတွက် ကူပြီးတော့ ဆောက်ပေးခဲ့ကြတာ၊ ကျွန်မကလဲ ရှင်တို့ကိုပြန်ပြီး ကျေးဇူးဆပ်စရာ များများစားစားမရှိဘူး၊ ဒါကြောင့်မလို့ ရှင်တို့ကများ အဒေါ်ဖန်းညန်လိုမျိုး ကျွန်မဆီကတို့ဟူးတွေယူပြီး အသက်မွေးဝမ်းကြောင်းပြုဖို့ ရောင်းချင်သလားလို့ စဥ်းစားမိလို့ပါ "

" ဒါပေါ့ ငါတို့လုပ်ချင်တာပေါ့၊ မလုပ်ချင်ဘဲဘယ်နေပါ့မလဲ "

အမျိုးသမီးများက ပြန်မဖြေရသေးခင်မှာပင် အမျိုးသားများက အားတက်သရော သဘောတူကြလေသည်။

ချမ်းသာခြင်းလမ်းကို တိုက်ရိုက်ရောက်နိုင်မဲ့လမ်းကို ငြင်းဆန်တာက အရူးပဲနေမှာပေါ့။

ကျေးလက်ဒေသများတွင် စိုက်ပျိုးရေးမှလွဲလျှင် ငွေရှာနိုင်သည့်နည်းလမ်းက မရှိသလောက်ပင် စီရင်စုတွင် မကြာခဏ လုပ်အားပေး သွားတာမျိုးတော့ရှိပေသည်။ သို့သော်ငြားလည်း ဒါက အလွယ်တကူရသည့် အလုပ်မဟုတ်ချေ။ အလုပ်မရခဲ့လျှင်ပင် မြို့ဝင်ကြေးအခွန်က ပေးရသေးသည်။

ရှီနှင့်လုမိသားစုတို့က သူတို့၏ စိတ်ဝင်စားခြင်းကို ထုတ်ပြောပြလိုက်သည်တွင် စန်းလော့ကလည်း ဆက်ပြောလိုက်သည်။

" သဘောတူလိုက်ကြပြီဆိုတော့ ကျွန်မအနေနဲ့ သတ်မှတ်ချက်တွေကို ရှင်းပြပါ့မယ်၊ ကျွန်မဆီက တို့ဟူးနဲ့နတ်သမီးတို့ဟူးတွေကို နှစ်တုံး၃ ဝမ်နဲ့ ယူရပါမယ်၊ ရှင်တို့တွေကတော့ တစ်တုံးကို၂ဝမ်နဲ့ ရောင်းပေးရမယ်၊ ၂တုံးရောင်းရရင် ၁ ဝမ်အမြတ်ရမယ်၊ ဒါက၂၅ရာခိုင်နှုန်းပေါ့၊ အများကြီးလို့ မထင်ရပေမယ့် ကျွန်မရောင်းတဲ့ ကာလအတောအတွင်းမှာ တော်တော်လေး အမြတ်ရပါတယ် အရင်တုန်းက ကျွန်မက နတ်သမီးတို့ဟူးကိုပဲ ရောင်းခဲ့တာ၊ စီရင်စုမှာ ကျွန်မက တစ်နေ့ကို အတုံး၅၀ကနေ ၆၀အထိ အလွယ်တကူရောင်းနိုင်ခဲ့တယ်၊ ဒါပေမဲ့ တစ်ဦးချင်းစီရဲ့ရောင်းအားက အဲဒီ့လူရဲ့ရောင်းချပုံရောင်းချနည်းနဲ့ ကံတရားအပေါ်လည်း မူတည်သေးတာပေါ့၊ ဒီတော့ ရှင်တို့တွေကလည်း တူညီတဲ့အောင်မြင်မှုကို ရမယ်လို့ ကျွန်မအာမ မခံပေးနိုင်ဘူး "

အားလုံးက ထိုသဘောတရားကိုနားလည်သဖြင့် ခေါင်းငြိမ့်လိုက်လေသည်။ လုအဘွားက ပြုံးကာပြောလိုက်၏။

" ငါတို့ နားလည်ပါတယ် "

နတ်သမီးတို့ဟူးကိုတော့ နောက်ထပ်တစ်လနှစ်လလောက်သာ ရောင်းနိုင်ပြီး ရိုးရိုးတို့ဟူးကိုတော့ တနှစ်ပတ်လုံးရောင်းနိုင်သည်ဟု စန်းလော့က ပြောပြလိုက်လေသည်။

" ဒီတို့ဟူးကို လုပ်ရတာက တော်တော်လေးကို အားစိုက်ရတယ်၊ ဒါကြောင့်မလို့ မိသားစုသုံးခုကို တစမိသားစုစီအတွက် သတ်မှတ်ထားတဲ့ ပမာဏလောက်ဘဲ လုပ်ပေးနိုင်မှာ၊ ဟုတ်ပါတယ် တကယ်လို့ အများကြီးမရောင်းနိုင်ဘူးလို့ ထင်တယ်ဆိုရင်လည်း မရောင်းရတဲ့ အပျက်အစီးတွေကို လျှော့ချဖို့အမှာစာကို လျှော့လိုက်လည်းရပါတယ်၊ မနက်စောစောမှာ လိုချင်တဲ့ပမာဏလောက်ကို ကျွန်မကို အသိပေးရုံပါပဲ ကျွန်မက မှာထားတဲ့အတိုင်း ပြင်ဆင်ပေးမှာပါ "

အစောပိုင်းက အနည်းငယ်သံသယဖြစ်နေသည့် ရှီအာ့လန်က မြန်မြန်သဘောတူလိုက်လေသည်။

" ဒီလိုဆိုရင် အဆင်ပြေတာပေါ့ အစပိုင်းကိုတော့ သတိလေးနဲ့ စလိုက်တာက ပိုကောင်းတယ်လေ၊ အခြေအနေကို စမ်းသပ်ပြီးမှ တဖြည်းဖြည်း တိုးလိုက်လည်း ရတာပဲ"

ကန်းရှီကလည်း မေးလိုက်လေသည်။

" တစ်ခြားလိုအပ်ချက်တွေများ ရှိသေးလား "

စန်းလော့က ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။

" ဟုတ်တယ် တစ်ချို့စည်းကမ်းတွေတော့ရှိတယ် အဒေါ်ဖန်းညန်က အရှေ့စျေးမှာရောင်းနေတာ ဒီတော့ ကျွန်မတို့က တစ်ယောက်နဲ့တစ်ယောက် လုပ်ငန်းချင်း အနှောက်အယှက်မဖြစ်သင့်ဘူး၊ ရှင်တို့တွေက ကျွန်မဆီက ပစ္စည်းတွေယူပြီးသွားကြရင် စီရင်စုရဲ့အရှေ့ဘက်စျေးကိုရှောင်ဖို့ အကြံပေးချင်တယ်၊ ရှင်တို့အချင်းချင်းလည်း အရှေ့စျေးကိုဘယ်သူသွားမယ် ဘယ်သူကတော့ လမ်းပေါ်မှာပတ်ရောင်းမယ်စသဖြင့် တိုင်ပင်လို့ရပါတယ်၊ ကျွန်မကဝင်ပြီးတော့ မစွက်ဖက်ပါဘူး၊ ဒါပေမဲ့ တစ်နေရာတည်းမှာ ရောင်းချတာကိုရှောင်ရင်တော့ အကောင်းဆုံးပါဘဲ၊ စျေးနှုန်းကိုတော့ ကျွန်မ သတ်မှတ်ပေးတဲ့ နှုန်းအတိုင်းရောင်းချတာကအဆင်ပြေမယ် တိုးလည်းမရောင်းရသလို လျှော့ ပြီးတော့လည်းမရောင်းရဘူး၊ တည်ငြိမ်တဲ့စျေးနှုန်းတစ်ခုကို ထားမှ ရေရှည်လုပ်ငန်းတစ်ခုကို အာမခံပေးနိုင်မှာ၊ ကျွန်မရဲ့တောင်းဆိုချင်တာကတော့ ဒီလောက်ပါဘဲ "

မိသားစုသုံးစုလုံးက ခေါင်းငြိမ့်သဘောတူလိုက်လေသည်။ သူတို့တွေက အချင်းချင်း ကောင်းကောင်းခင်မင်ကြလေရာ လုပ်ငန်းလုပ်ဖို့နေရာတစ်ခုကို ယှဥ်ပြိုင်ခြင်းကြောင့် ဆက်ဆံရေးကိုမထိပါးစေလိုချေ။

အဖိုးလုက ပြောလိုက်သည်။

ငါတို့တွေ ညကျရင်အိမ်မှာ ဒီကိစ္စကိုတိုင်ပင်ပြီး ဒီအလုပ်ကို ဘယ်သူက တာဝန်ယူမယ်ဆိုတာကို ဆုံးဖြတ်မယ်။ ရိတ်သိမ်းကာလပြီးသွားရင်တော့ အလုပ်စကြတာပေါ့။

အမျိုးသားများကလည်း အိမ်သို့မြန်မြန်ပြန်ပြီး လုပ်ငန်းအသစ်အတွက်တိုင်ပင်ရန် အားတက်သရောဖြစ်နေကြလေသည်။ သူတို့၏စားသောက်နေသည့်နှုန်းကလည်း သိသိသာသာ မြန်ဆန်လာကြတော့သည်။

အားလုံးက စားသောက်ပြီးစီးသွားသည်နှင့် အမျိုးသမီးအဖွဲ့က စားပွဲကိုရှင်းလင်းပေးကာ ပန်းကန်များကို ဆေးကူကြလေသည်။ စန်းလော့က ကျန်နေသည့်ဟင်းလျာများကို စစ်ဆေးကြည့်လိုက်၏။ ဧည့်သည်အရေအတွက် များပြားသည့်အတွက် ကြက်သား ဘဲသားနှင့် ဝက်သားအများစုက ကုန်သွားကာ များများစားစား မကျန်တော့ချေ။

သူမက ကလေးများနောက်ကျလျှင်စားဖို့ရန်အတွက် အနည်းငယ်ကို ချန်ထားလိုက်ပြီး ကျန်သည့်အရာများကို မိသားစုသုံးခုအား ခွဲဝေပေးလိုက်လေသည်။

" ဟင်းလျာတွေကို သိမ်းထားဖို့က အရမ်းကိုပူပြင်းလွန်းတယ်၊ မိသားစုတစ်ခု စီအတွက်အသားက အနည်းငယ်လေးပါပဲ၊ ကလေးတွေစားသောက်ဖို့ လုံလောက်တာပေါ့ "

ဒါသည် ကျေးဇူးတင်စကားကို ဖော်ပြရန်အတွက် ပြုလုပ်ခြင်းဖြစ်သည့်အပြင် သူမ၏အတိတ်ဘဝတွင်လည်း စန်းလော့သည် ကျန်နေသည့်အစားအသောက်များကို စားလေ့မရှိပေ။ အထူးသဖြင့် အစောပိုင်းအစားအသောက်များမှ လက်ကျန်ကို မစားခဲ့ပေ။

သူမတွင် ၁ဝမ်သာကျန်သည့်တိုင် အိမ်တွင် ကြက်ဥ၂လုံး ပဲပိစပ်အနည်းငယ် တစ်ခြားမိသားစုများကပေးထားသည့် အသီးအရွက်များလည်းကျန်ရှိနေသေးရာ ခြင်းငယ်လေးတစ်လုံး အပြည့်ပင်။

ထို့ကြောင့်သူမက အစားအသောက်ကုန်သွားမည်ကို မစိုးရိမ်ဘဲ ကျန်နေသည့်ဟင်းများကို ဝမ်းသာအားရဖြင့် ခွဲဝေပေးလိုက်တော့သည်။

သည်လိုနှင့်သူမသည် မိသားစုများအကြားတွင်အစားအသောက်ကို ရက်ရက်ရောရောဝေငှလိုက်လေသည်။

...

ခြံဝန်းငယ်လေးထဲက စည်ကားနေခြင်း အမှုသည် နောက်ကျနေသည်အထိ ငြိမ်သက်မသွားသေးပေ။ ထိုအချိန်တွင် ခြံဝန်း၏ထောင့်တိုင်းနှင့်မီးဖိုချောင်ကို လူတစ်စုက သန့်ရှင်းရေး လုပ်ပေးပြီးဖြစ်ခဲ့သည်။ စန်းလော့က မိသားစုများအကြားတွင် ဟင်းအကျန်များကို ဝေပေးထားသဖြင့် စားပွဲ ထိုင်ခုံ ပန်းကန်လုံး ဟင်းပန်းကန်များကိုလည်း သယ်ပေးသွားကြကာ သူမနှင့် ကလေးနှစ်ယောက်တို့က တဖန်သန့်ရှင်းရေး လုပ်စရာမလိုအောင် ခြံဝန်းလေးက သန့်ရှင်းလျက် ကျန်ခဲ့လေသည်။

အပြင်ဘက်က ကလေးငယ်လေးများကပင် အသီးအရွက်ဥယျာဥ်ကို ခြံစည်းရိုးအပြည့်ခတ်ရာတွင် ကူညီပေးခဲ့ကြလေသည်။

သည်နေ့တွင် အားလုံးက သူတို့၏လယ်ယာလုပ်ငန်းနှင့် စန်းလော့ကလည်း အလုပ်များခဲ့လေသည်။ ခြံဝန်းက လူများနှင့်စည်ကားနေသဖြင့် သူမမှာ ဒီနေ့အတွက် နတ်သမီးသစ်ရွက်များကို မခူးနိုင်ခဲ့ချေ။ နေ့ခင်းက သူမဝယ်လာခဲ့သည့် ပဲပိစပ်၂လီတာသာရရှိလေသည်။ ဒီနေ့ညတော့ သည်ကိစ္စကို စိတ်ရှုပ်မခံတော့ဘူးဟု ဆုံးဖြတ်လိုက်ကာ သူမက စောစောစီးစီးရေချိုးပြီး အနားယူလိုက်၏။

မအိပ်ခင်တွင်သူမကပဲပိစပ်များကို ရေစိမ်ထားပြီး နောက်တစ်နေ့ မနက်စောစောမှ တို့ဟူးပြုလုပ်ရန် စီစဥ်ထားလိုက်သည်။ မနက်စာအတွက်တော့ လတ်လတ်ဆတ်ဆတ်လုပ်ထားသည့် တို့ဟူးနှောက်နွေးနွေးလေးကို စားမည်ဟု စိတ်ကူးထားလိုက်သည်။

ဒီဖက်က သမီးယောင်းမနှစ်ယောက်က ကြက်စာနှင့်ဘဲစာများကို ကျွေးလိုက်ပြီး သက်တောင့်သက်သာ ရေချိုးလိုက်ပြီးနောက်တွင် အိပ်ယာထဲသို့ စောစောဝင်ကြကာ မြန်မြန်အိပ်ပျော်သွားကြလေသည်။

တစ်ဖက်တွင်တော့ ချန်းမိသားစုက ပုံမှန်အတိုင်းဖြစ်ပါသော်လည်း လုမိသားစုနှင့်ရှီမိသားစုတို့ကတော့ အိပ်မရသည့်ညတစ်ည ဖြစ်ခဲ့လေသည်။

ရှီမိသားစုကတော့ဝမ်းသာအားရဖြစ်နေစဥ်တွင် လုမိသားစုတွင်တော့ ဝမ်းနည်းစရာဖြစ်နေလေသည်။

ဝမ်ချွန်းညန်က အိမ်ထဲတွင် မျက်ရည်များကို သုတ်နေသည်။

" အမေက အရမ်းမျက်နှာလိုက်တာပဲ၊ စန်းမိသားစုကို အိမ်ဆောက်ကူတာက ရှင့်နဲ့ကျွန်မတို့သားဖြစ်ရက်သားနဲ့၊ ကျွန်မတို့က ဒီအခွင့်အရေးကို သူတို့က ရှင်တို့ကိုကျေးဇူးတင်တဲ့အနေနဲ့ ရခဲ့တာပဲ၊ သွားသင့်တဲ့သူက ကျွန်မဖြစ်သင့်တာပေါ့၊ ဟုတ်တယ်မလား၊ ဒါပေမဲ့ ငြင်းလိုက်ပြီးတော့ ယောင်းမအငယ်ကိုပဲလွှတ်ဖို့ ခေါင်းမာနေတယ်လေ”

လုသလန်ကလည်း အခက်တွေ့နေတော့သည်။ သူသည် အစောပိုင်းက ဝမ်းသာရသော်လည်း အမေဖြစ်သူက သည်ကိစ္စကို အပြင်ဘက်တွင် တိုင်ပင်ချိန်က သူ့မိန်းမက ဘာတစ်ခွန်းမှမပြောခဲ့ချေ။ သို့သော်ငြားလည်း သူတို့ အိမ်ပြန်ရောက်လာသည်နှင့် သူမက အငိုမရပ်တော့ပေ။

" မင်းပဲသွားသွား မင်းရဲ့ယောင်းမငယ်လေးဘဲသွားသွား အတူတူပဲ မဟုတ်ဘူးလား၊ ဒါကမိသားစုလုပ်ငန်းပဲလေ၊ ငွေကလည်း နောက်ဆုံးတော့ အမေလက်ထဲကိုပဲအပ်ရမှာ ဟုတ်တယ်မလား "

ဝမ်ချွန်းညန်က စိတ်ပျက်သွားတော့သည်။

" ဘယ်လိုလုပ်ပြီးတူမှာလဲ၊ ဒါက ငွေကိုစီမံရမယ့် အခွင့်အရေးလေ၊ လမ်းမှာ တောဟင်းရွက်တွေ ရောင်းရတယ်ဆိုရင်တောင် ငွေအပိုက ရှာနိုင်အုံးမှာ၊ ဒါကလည်းငွေ မဟုတ်ဘူးလား၊ ကျွန်မက အိမ်မှာနေလို့ ဘာကိုစီမံရမှာလဲ "

မိန်းမဖြစ်သူက အမြဲလိုလို သီးသန့်ငွေကို စုဆောင်းထားချင်သည်။ လုသလန်က ထိုအကြောင်းကို သိပါသော်လည်း စုဆောင်းထားဖို့က ခက်ခဲပေသည်။ သူက မမြင်သလိုနေလိုက်ပြီး စကားကို စိတ်ရှုပ်ခံကာ အများကြီးမပြောခဲ့ချေ။

သို့သော်ငြား အခုတော့အိမ်တွင် နေ့စဥ်ငွေကိုင်ရမည့်အလုပ်တစ်ခုက ရုတ်တရက် ပေါ်ပေါက်လာသည်။ ထိုအလုပ်ကို အမေဖြစ်သူက ခယ်မလေးဆီကို အထူးတာဝန် ပေးလိုက်သည်။ ငွေကိုင်ရမည့်အခွင့်အရေး လွဲချော်သွားသည်ကိုကြည့်ပြီး အပြင်ဘက်တွင် စကားအများကြီး မပြောရဲသည့်မိန်းမဖြစ်သူက အိမ်ပြန်ရောက်သည်နှင့် အငိုမရပ်တော့ဘဲ သူ့ကို စိတ်ရှုပ်အောင် လုပ်နေတော့သည်။

လုသလန်က ဒီကိစ္စကို စိတ်ထဲမရှိသော်လည်း သူသည် သူမကိုမည်သို့ချော့မြူရမည် မသိဖြစ်နေတော့သည်။

ခဏအကြာတွင် ဝမ်ချွန်းညန်က သူမ၏မျက်ရည်များကိုသုတ်ကာ ယောက်ကျားဖြစ်သူက နှုတ်ဆိတ်နေသည်ကိုတွေ့လိုက်ရသည်တွင် သူမကပြောလိုက်တော့သည်။

“ရှင် ရှင့်အမေကိုသွားပြောလိုက်၊ ကျွန်မကို သွားခိုင်းဖို့၊ ယောင်းမငယ်လေးက စကားအများကြီး ပြောတာမဟုတ်ဘူး၊ ရောင်းဝယ်ဖောက်ကားဖို့ မသင့်တော်ဘူးလေ၊ သူလည်း တကယ်သွားချင်တယ်လို့ ကျွန်မတော့မထင်ဘူး”

လုသလန်က ခေါင်းခါလိုက်လေသည်။

" ခယ်မလေးက နည်းနည်းပါးပါး တွန့်ဆုတ်နေတာမျိုး မတွေ့ပါဘူး၊ သူက ကောင်းကောင်းမလုပ်နိုင်မှာကို ဘဲစိုးရိမ်နေတာ ယိုထန်းရဲ့မိန်းမလည်း စကားနည်းတာပဲ မဟုတ်လား၊ ဒါပေမဲ့ သူလည်း ကောင်းကောင်းလုပ်နိုင်တာပဲ၊ အဖေက မေးကြည့်လိုက်တော့ သူက တစ်နေ့ကို ဝမ်၃၀လောက်ရှာနိုင်တယ်တဲ့၊ ခယ်မလေးက တစ်နေ့လုံးထိုင်ပြီး ရက်ကန်းရက်နေတာလေ၊ အမေရဲ့အစီအစဥ်က ကောင်းတယ်လို့ ငါထင်တယ်၊ ဒါကသူ့ကို အပြင်ထွက်စေပြီးတော့ သူရဲ့စိတ်အခြေအနေလည်း တဖြည်းဖြည်းတိုးတက်လာလိမ့်မယ်"

ဒီလိုပြောလိုက်ပြီးနောက် လုသလန်၏မျက်နှာက အပြစ်ရှိသလိုဖြစ်သွားပြီး သူ့အသံကလည်း အားနည်းသွားလေသည်။

" ငါတို့တွေ ခယ်မလေးအပေါ်အများကြီး မတရားလုပ်ခဲ့မိတာပဲ၊ မင်းက ယောင်းမအကြီးလေ ကိစ္စတိုင်းမှာ သူနှင့်ပြိုင်မနေပါနဲ့"

ဝမ်ချွန်းညန်မှာ ဆွံ့အသွားပြီး ထုတ်မပြောနိုင်သည့်စိတ်ပျက်မှုများဖြင့် သူမ၏မျက်ရည်ကိုသာ သုတ်လိုက်လေတော့သည်။

အချိန်အကြာကြီးငိုယိုပြီး နောက်တစ်နေ့မနက်ခင်းတွင် သူမ၏ မျက်လုံးများက ယောင်ကိုင်းလို့နေသည်။

အဘွားလုက မီးဖိုချောင်ထဲသို့ဝင်လာပြီး မှိန်ပြပြဆီးမီးအရောင်၏အောက်တွင် တစ်ချက်ကြည့်ရုံနှင့် သတိထားမိလိုက်သည်။ သူမက ချွေးမအငယ်လေး အပြင်ဘက်တွင် ထင်းချောင်းများသွား မယူခင်အထိ ဘာမှမပြောသေးချေ။ ထို့နောက်တွင်တော့ သူမက မေးလိုက်လေသည်။

" နင့်ယောင်းမငယ်လေးကို တို့ဟူးထွက်ရောင်းခိုင်းပြီး နင့်ကိုတော့အိမ်မှာပဲ ရက်ကန်းရက်ခိုင်းတဲ့ ငါ့ရဲ့ဆုံးဖြတ်ချက်ကို နင့်ကစိတ်ပျက်နေတာလား”

ဝမ်ချွန်းညန်က နှုတ်ဆိတ်နေလေသည်။

အဘွားလု: " နင်မကျေနပ်ဘူးဆိုရင်လည်း ထုတ်ပြောလိုက်ပါ၊ ကျိုးကြောင်းဆီလျော်တာဖြစ်ဖြစ် မဆီလျော်တာဖြစ်ဖြစ် ငါ ကြားချင်တယ်။ ကျိုးကြောင်းဆီလျော်တယ်ဆိုရင်တော့ ငါ နင့်ကို လက်ခံပေးမယ်၊ မဟုတ်ဘူးဆိုရင်တော့ နင်ရဲ့သဘောထားကို ထုတ်ပြောလိုက်လို့ရတာပေါ့ စိတ်ထဲမှာ သိမ်းထားစရာ မလိုတော့ဘူးလေ"

ထိုစကားထဲက တစ်ချို့အကြောင်းအရာက ဝမ်ချွန်းညန်ကို တစ်ခုခုကို သတိရသွားစေသည်လား သူမကပင် အမှန်ပင်နစ်နာရသည်ဟု ခံစားရသည်လား မပြောတတ်ချေ။ ထို့ကြောင့် သူမက နောက်ဆုံးတော့ ထုတ်ပြောလိုက်လေသည်။

"အမေက သမီးကိုကျိုးကြောင်းဆီလျော်တဲ့စကား ပြောခိုင်းစေချင်တယ်ဆိုတော့ ကျွန်မပြောပါ့မယ်၊ အမေ ဒီလုပ်ငန်းအခွင့်အရေးက စန်းမိသားစုကနေပြီးတော့ သလန်နဲ့တစ်ခြားသူတွေက သူတို့ကိုကူညီပေးတဲ့အနေနဲ့ ကျေးဇူးတင်တဲ့အတွက်ရလာတာ၊ ကျွန်မယောက်ျားနဲ့ ကျွန်မကလေးတွေကလည်း ကူညီပေးခဲ့တာပဲ၊ ဒီတော့သွားသင့်တဲ့သူက ကျွန်မဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ မဟုတ်ဘူးလား၊ နောက်ပြီးတော့ သူရဲ့စိတ်နေသဘောထားနဲ့ဆိုရင် ယောင်းမက ကျွန်မ လောက်သင့်တော်ပါ့မလား၊ ကျွန်မကတော့ ဒါကို အဓိပ္ပါယ်ရှိတယ်လို့ မထင်ဘူး”

အဘွားလုက သူမကို လှမ်းကြည့်လိုက်လေသည်။

" နင်က အဓိပ္ပါယ်မရှိဘူးလို့ ထင်နေတာ မဟုတ်ပါဘူး၊ နင်က ဒါကို လက်မခံနိုင်တာလေ၊ နင့်ယောက်ကျား နင့်ကလေးတွေက ကူညီခဲ့တယ်၊ ဒီတော့ နင်က အကျိုးအမြတ်ကို ရိတ်သိမ်းဖို့အတွက် အခွင့်အရေးရှိတယ်လို့ ထင်တယ်၊ ဒါကလဲ နင်မနေ့ကစားသောက်ပွဲမတိုင်ခင်မှာ လျိုညန်ကို မကျေမနပ်ပြောခဲ့တဲ့ စကားတွေဘဲ မဟုတ်ဘူးလား”

ဝမ်ချွန်းညန်သည် အဘွားကြီးက သည်အကြောင်းကို သိနေလိမ့်မည်ဟု မထင်ထားခဲ့ရာ သူမ၏မျက်နှာက အနည်းငယ်ပြောင်းလဲသွားပြီး မျက်နှာကို လွှဲထားလိုက်လေသည်။

အဘွားလုက ခပ်တိုးတိုး ရှုံ့ချလိုက်သည်။

" ဝမ်ချွန်းညန် တစ်ခါတစ်လေကျရင် ညည်းကလေ သိတတ်ပါပေတယ်၊ နင့်ယောက်ျားဟုတ်လား၊ နင့်ကလေးဟုတ်လား၊ လျိုညန်ရဲ့ယောက်ျားက ဘယ်မှာလဲ၊ အာ့လန် ဘယ်ရောက်သွားလဲ"

ဝမ်ချွန်းညန်သည် အမှတ်တမဲ့ တွန့်ဆုတ်သွားတော့သည်။

သို့သော်ငြားလည်း အဘွားလုက သူမကို အလွတ်ပေးဖို့ အသင့်မဖြစ်ချေ။

" အာ့လန် ဘယ်ရောက်သွားလဲ၊ သူတို့တွေကို စစ်မှုထမ်းခိုင်းတဲ့အချိန်တုန်းက သွားရမယ့်သူက သလန်ဖြစ်ခဲ့တာ၊ ဒါပေမဲ့ နင်က ငိုယိုပြီးပြသာနာရှာလို့ ကိုယ့်ဟာကိုယ်နဲ့ ကလေးတွေကို သေကြောင်းကြံမယ်လို့ ခြိမ်းခြောက်လို့ အာ့လန်က သူအစ်ကိုအစား သွားခဲ့ပေးတာလေ။ လျိုညန်က သူ့ယောက်ျားကို သွားစေချင်တယ်လို့ ထင်နေလား၊ သူ့မှာလည်း ကလေးမရှိလို့လား၊ အားရှူက ရှီထိုထက်တောင် တစ်နှစ်ငယ်သေးတယ် "

" အမေ "

ဝမ်ချွန်းညန်၏ နှုတ်ခမ်းများက တုန်ရီနေလေသည်။

" ကျွန်မ ကလေးရဲ့အဖေတွေက ပြီးခဲ့တဲ့ဆောင်းတွင်းတုန်းက တူးမြောင်းလုပ်ရင်း အသက်ဆုံးရှုံးရမလို ဖြစ်ခဲ့တာလေ၊ သူ့ရဲ့ကျန်းမာရေးကလည်း ယိုယွင်းသွားခဲ့တယ်၊ အမေ ကျွန်မက သူရှေ့တန်းမရောက်ခင်မှာပဲ သေသွားမှာစိုးခဲ့တာပါ "

သူမ၏ဒုတိယသားအကြောင်း ပြောလိုက်ချိန်တွင် အဘွားလု၏မျက်လုံးများကလည်း စိုစွတ်လာတော့သည်။ သူမက မျက်တောင်ခတ်ရင်း မျက်ရည်များကို ဖယ်ရှားလိုက်ကာ မီးဖိုချောင်အပြင်ဘက်သို့ လှမ်းကြည့်လိုက်လေသည်။ လေသံတိုးတိုးဖြင့်သူမက ပြောလိုက်၏။

"ဟုတ်တယ် ညည်းကညည်းရဲ့ယောက်ကျားအတွက် စိတ်ပူတယ်၊ ညည်းမှာလည်း ညည်းအကြောင်းပြချက်ရှိတယ်၊ ဒီလိုဆိုရင် အာ့လန်က သူ့အစ်ကို ကိုယ်စားသွားပေးခဲ့တယ်၊ လျိုညန်က လည်းငိုခဲ့တာဘဲ ဒါပေမဲ့ သူက ပြသာနာမရှာခဲ့ဘူး "

" အခု အာ့လန်က မရှိတော့ဘူး၊ လျိုညန်နဲ့အားရှူတို့က ယောက်ကျားမရှိ အဖေမရှိ ကျန်ခဲ့ကြတယ်၊ အမေတစ်ခုသားတစ်ခု "

" ဝမ်ချွန်းညန် ညည်း တော်တော်လေး အတင့်ရဲလှချည်လား၊ ညည်းယောက်ကျားနဲ့သားကို ဆင်ခြေတစ်ခုလို အသုံးချနေတယ်၊ အာ့လန်သာ သလန်နေရာမှာ အစားမသွားခဲ့ဘူးဆိုရင် လျိုညန်က သူ့ယောက်ကျားကို ဆုံးရှုံးခဲ့ရမှာတဲ့လား၊ အားရှူကရော သူ့အဖေကို ဆုံးရှုံးခဲ့ရမှာတဲ့လား၊ သူက ညီလေးမရှိ ညီမလေးမရှိတဲ့ အသက်ငါးနှစ်အရွယ် ကောင်လေးတစ်ယောက်ပဲ ဖြစ်နေပါ့မလား၊ ညည်း ဟာလေတော်တော်ကိုပဲ..."

ယောက္ခမဖြစ်သူ၏တင်းမာသည့် မဖြစ်မနေထုတ်ပြောလိုက်သည့်မေးခွန်းကြောင့် အလန့်တကြားဖြစ်သွားကာ ဝမ်ချွန်းညန်က အလန့်တကြားဖြင့် နေက်သို့ခြေတစ်လှမ်းဆုတ်မိသွားပြီး မီးဖိုနှင့်ဝင်တိုက်မိသွားတော့သည်။ သူမ၏မျက်လုံးထဲက မျက်ရည်များ စီးကျလာတော့သည်။

" အမေရယ် ကျွန်မက တမင်လုပ်တာ မဟုတ်ပါဘူး၊ နည်းနည်းပါးပါးပဲ ရင်ဖွင့်ထုတ်ခဲ့မိတာပါ၊ ညီမလေးက ကြားသွားမယ်လို့ မထင်ထားခဲ့ဘူး၊ ဒီတစ်နှစ်လုံးမှာလည်း ညီမလေးက ကျွန်မကို စိတ်ပျက်ပြီးစကားတစ်ခွန်း နှစ်ခွန်းတောင်မပြောသလို သဘောကျတဲ့ပုံစံလည်း မပြသခဲ့ဘူး၊ ကျွန်မက ဒီအကြောင်းကို တစ်ခွန်းမှ ထုတ်မပြောရဲခဲ့ပါဘူး အမေရယ် "

အဘွားလုက စိတ်ပျက်ပျက်ဖြင့်အော်ရယ်တော့သည်။

" ဘာတဲ့၊ သူက နင့်ကို ရင်းရင်းနှီးနှီး ပြန်မပြောဘူးဟုတ်လား၊ အာ့လန် ဆုံးသွားတာတစ်နှစ်တောင် မပြည့်သေးဘူးလေ၊ သူက နင့်ကို ပြုံးပြရအုံးမတဲ့လား "

" နင်လေ ဘာမှမပြောနဲ့တော့၊ နင်က ဘာထပ်ပြောချင်နေသေးတာလဲ လူတစ်ယောက်ရဲ့စိတ်အင်အားကို ချေမွပစ်လိုက်တာ၊ ဒါကနင့်ရဲ့ပုံစံဘဲ "

" ဒီနေ့ နင်ကမေးလာပြီဆိုတော့ ငါလည်း ရှင်းအောင်ပြောလိုက်မယ်၊ နင်သာ နင့်စကားတွေကို မနေ့က သာမပြောခဲ့ဘူး၊ နင့်မောင်နဲ့ယောင်းမအငယ်လေးကိုလည်း မတိုက်ခိုက်ခဲ့ဘူးဆိုရင် နင့်ရဲ့အကျင့်ကို စဥ်းစားပေးပြီး ငါက တို့ဟူးအလုပ်ကို နင့်ကိုလွှဲပေးဖို့ စဥ်းစားချင် စဥ်းစားပေးအုံးမှာ၊ ဒါပေမဲ့ နင်ပြောလိုက်တဲ့ ဒီစကားတွေကြောင့် အလုပ်ကိစ္စကိုထပ်ပြီး မစဥ်းစားနဲ့တော့ "

" ငါက မျက်နှာလိုက်တယ်လို့ နင်ကပြောတယ်၊ အေး ဟုတ်တယ်၊ နင့်မှာက ယောက်ကျားနဲ့ သားလေးယောက်ရှိတယ်၊ နင့်မှာ မေတ္တာမငတ်ဘူး၊ ဒါပေမဲ့ နင့်မောင်နဲ့ နင့်ယောင်းမငယ်လေးကတော့ သူတို့ကိုယ်တိုင်ရပ်တည်ဖို့အတွက် ငါက ထောက်ပံ့ပေးဖို့လိုတယ်၊ အထူးသဖြင့် အခုဆိုရင် သူတို့မှာ အားရှူတစ်ယောက်ပဲရှိတာ၊ နင်က ဒါကိုနားမလည်သေးဘူး လက်မခံနိုင်သေးဘူးဆိုရင်တော့ အဝတ်အထည်တွေကိုပဲထပ်ပြီး ရက်လုပ်နေလိုက်တော့၊ စိတ်တည်ငြိမ်သွားအောင် အထည်တွေကို ရက်လုပ်နေလိုက်၊ ဖြည်းဖြည်းချင်းစဥ်းစား၊ တစ်ရက်မရရင် တစ်လစဥ်းစား တစ်လမရရင် တစ်နှစ်လောက် စဥ်းစားနေလိုက်"

မီးဖိုချောင်နှင့်သိပ်မဝေးလှသည့် တံတိုင်း၏ထောင့်တစ်နေရာတွင် ဖန်းလျိုညန်သည် ထင်းများကိုမကောက်ဘဲ ခဏလောက်ငြိမ်ငြိမ်လေးရပ်နေကာ မျက်နှာပေါ်က မျက်ရည်များစီးကျလျက် ယောက္ခမဖြစ်သူက သူမ၏ယောက်ကျားနှင့် သူမအတွက်ကာကွယ်ပြီး ပြောဆိုပေးနေသည်ကို နားထောင်လိုက်လေသည်။

လက်ဖဝါးဖြင့် မျက်ရည်များကို ဖိကာသုတ်လိုက်ပြီး သူမက ခဏလောက်အိန္ဒြေပြန်ဆည်လိုက်ကာ ထင်းသွားယူဖို့ထင်းတဲဆီသို့ တိတ်တိတ်လေး ဦးတည်သွားလိုက်တော့သည်။ ယောက္ခမကြီးပြောတာ မှန့တယ်။ သူ့မှာ အားရှူရှိသေးတယ်။ မပြီးနိုင်မစီးနိုင် ဝမ်းနည်းနေလို့မဖြစ်ဘူး။ ကလေးအတွက် မားမားမတ်မတ်ရပ်တည်ပြီး ပြန်ထရပ်မှ ဖြစ်လိမ့်မယ်။

...

All Chapters