← Chapters

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အခန်း (၆၉-၇၀)

Vol. 7 Ch. 69-70

အပိုင်း(၆၉) ဘောင်းဘီတစ်ထည်ကို မျှဝေခြင်း

စန်းလော့သည် လာမည့်ရက်အနည်းငယ်အတွင်း ဇီးသီးရိုင်းမုန့်တစ်ချို့ပြုလုပ်ရန် ကောင်းစွာစီစဉ်ထား၏။

သူမက ညဘက်အိပ်ယာမဝင်ခင်တွင် နတ်သမီးတို့ဟူးကိုပြုလုပ်ပြီး နေ့လည်ခင်းတွင် သူမစုဆောင်းထားသော ဇီးသီးရိုင်းများကို အဆင်ပြေစွာ စီမံဆောင်ရွက်လေသည်။ သို့သော် ရာသီဥတုသည် သူမဘက်တွင်မရှိပေ။ ညလယ်တွင် မိုး ရွာလာတော့သည်။

အိပ်ရာမှနိုးလာတော့ စန်းလော့သည် အစပိုင်းတွင် လန့်ဖျပ်သွားသော်လည်း နောက်မှ သူမအိမ်အသစ်နှင့် ကျယ်ဝန်းသောမီးဖိုချောင်ကို သတိရသွားလေသည်။ သူမပြုလုပ်သည့် ဇီးသီးရိုင်းမုန့်များမှာ အပြင်ဘက်တွင် အခြောက်ခံစရာမလိုတော့သော်လည်း မီးဖိုချောင်ထဲတွင် မိုးသောက်ချိန်၌ အခြောက်ခံမည့်စင်အား ခြံအနောက်ဘက်သို့ရွှေ့လိုက်ရန်သာလိုသည်။

သူမသည် စိတ်သက်သာရာရသွား၏။ ယခင်ကကဲ့သို့ အပြင်ဘက်ရှိ သစ်ကိုင်းများပေါ်တွင် အခြောက်ခံပါက ယနေ့ ဇီးသီးရိုင်းမုန့်များသည် ပျက်စီးသွားပေတော့မည်။

မိုးကျသံမှာ ဆူညံလွန်းသောကြောင့် ရှန်းအန်းနှင့်ရှန်းနဉ်တို့သည်လည်း နိုးလာကြ၏။ ရှန်းနဉ်က သူမမျက်လုံးများကို ပွတ်သပ်ရင်း အပြင်ဘက်၌ မိုးရွာနေသည်ကိုနားမလည်ခင်တွင် ခဏမျှ ဇဝေဇဝါဖြစ်နေပြီးနောက် ရုတ်တရက်သတိဝင်လာလေသည်။

"မကြီး၊ အပြင်က ဘဲတွေကြက်တွေ မိုးရေစိုကုန်ပြီလား"

စကားပြောရင်း ရှန်းနဉ်သည် အိပ်ယာမှထရန်အဆင်သင့်ဖြစ်နေပုံရပြီး အပြင်ထွက်စစ်ဆေးရန် ကြံရွယ်ထားသည်။

စန်းလော့က ပြောရင်းဖြင့် သူမကို မြန်မြန်တားလိုက်၏။

"အခုမထွက်နဲ့ဦး။ ကြက်ခြံက ငှက်‌ပျောရွက်တွေနဲ့ ဖုံးထားပြီး ကျယ်ဝန်းတဲ့ ပေါင်းမိုးတစ်ခုရှိပြီး မြေညီအထပ်ကိုကျ ဝါးခြံခတ်ထားပြီး ကောက်ရိုးတွေ ခင်းထားတယ်။ အဲဒါက မိုးလုံတယ်။ ဒါပေမယ့် ညီမလေးသာ မိုးမိပြီးဖျားရင်တော့ ဒုက္ခရောက်လိမ့်မယ်"

ဤသည်ကိုကြားတော့ ရှန်းနဉ်က ချက်ခြင်းစိတ်လျော့လိုက်လေသည်။

ဖျားနာခြင်းသည် စိတ်သောကဖြစ်စေပြီး ကုသမှုအတွက်လည်း မတတ်နိုင်ကြပေ။ လွန်ခဲ့သောနှစ်အနည်းငယ်က ရွာထဲရှိကလေးတစ်ယောက်သည် သာမန်အအေးမိဖျားနာခြင်းကြောင့် သေဆုံးခဲ့သည်။

သူတို့သုံးယောက်မှာ အိပ်ယာပေါ်တွင်ထိုင်နေကြပြီး ပြန်အိပ်ပျော်ရန် ခက်ခဲနေကြသည်။

ရှန်းအန်းက မေးလိုက်၏။

"မကြီး၊ ဒီလိုမိုးသည်းနေရင် မနက်ဖြန်ကျ တို့ဟူးရောင်းလို့ရပါဦးမလား"

လူတိုင်းက ပေးချေပြီးနှင့်သော တို့ဟူးကို ရိုးရိုးရှင်းရှင်း ပြုလုပ်ပြီးပို့ပေးနိုင်သော်လည်း သူသည် အဒေါ်ချန်းနှင့်အ‌ခြားသူများ ရောင်းမည်ကို စိုးရိမ်နေ၏။

စန်းလော့သည်လည်း စိုးရိမ်နေမိ၏။

ပဲစေ့များမှာ အသုံးပြုရန်အတွက် ရေစိမ်ထားပြီးနေပြီဖြစ်သည်။ အကြာကြီးရေစိမ်ထားပါက အကြိမ်များစွာရေလဲပေးမယ်ဆိုလျှင်ပင် ပျက်စီးသွားနိုင်သည်။

အခြားရွေးချယ်စရာသည် အချဉ်ဖောက်ထားသည့် တို့ဟူးအခြောက်ဖြစ်ပြီး ထိုအရာသည် အချိန်ပိုပေးရပြီး လုပ်ရလက်ဝင်သော်လည်း အကြာကြီး သိမ်းဆည်းထားလို့မရနိုင်ပေ။ ထို့အပြင် မနက်စောစောတွင် တာဝန်ခံရွှီဆီသို့ တို့ဟူးအတုံး၅၀ပို့ပေးမည့် ကတိလည်းရှိသေးသည်။

ထိုအရာမှာ သူတို့၏ပထမဆုံးပုံမှန်အမှာစာကြီးဖြစ်ပြီး ချင်ဖန်းညန်သည် သဘောတူညီမှုကိုဖျက်မည့် အလားအလာမရှိပေ။

မိသားစုတိုင်းတွင် မိုးကာများ ရှိသင့်သည်။ တို့ဟူးသယ်စရာများတွင် အဖုံးများရှိပြီး စည်များကိုလည်း ဖုံးအုပ်ထားသည်။ လှည်းမျာကိုလည်း ဖုံးအုပ်လို့ရနိုင်သည်။ တစ်ခုတည်းသောပြဿနာမှာ ခရီးစဉ်၏အခက်အခဲဖြစ်သည်။

စန်းလော့က တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"မိုးတိတ်သွားဖို့ ဒါမှမဟုတ်လည်း အနည်းဆုံး မိုးသောက်လောက်ရောက်ရင် မိုးစဲသွားဖို့ မျှော်လင့်ပါတယ်”

ကလေးများနိုးလာသည်ကိုမြင်တော့ စန်းလော့ကသူတို့အား မစိုးရိမ်တော့ရန်နှင့် အနားယူဖို့အကြံပေးလိုက်၏။

မိနစ်၃၀မျှကြာသောအခါ ဘေးချင်းကပ်အိပ်ယာများမှ အသက်ရှုသံ မှန်မှန်ထွက်လာလေသည်။ အဓိပ္ပာယ်ရှိပါသည်။ ကလေးများက ငှားရမ်းခအခွန်အတွက် စိုးရိမ်နေကြပြီး အိပ်ပျော်ခဲသည်။ သူတို့သည် သူမ ပဲကြိတ်ရာတွင်ကူညီ‌ရန် စောစောထခဲ့ကြပြီး တစ်နေ့လုံးမနားရသေးပေ။ သူတို့ပင်ပန်းနွမ်းနယ်နေကြသည်မှာ အံ့ဩစရာမဟုတ်ပေ။

ပထမတစ်ကြိမ်ကြက်တွန်သံတွင် မိုးသံကြားပြီးထဲက မျက်လုံးမှိတ်ပြီး အနားယူနေသောစန်းလော့သည် ကလေးများမနိုးအောင် ဂရုတစိုက်ဖြင့် အိပ်ယာထဲမှထပြီး တို့ဟူးကြိတ်ရန်မီးဖိုချောင်သို့သွားလိုက်၏။

ခြံတံခါးကို တစ်ယောက်ယောက် လာခေါက်သောအခါ သူမသည် ကြိတ်နေသည်မှာ မကြာသေးချေ။ ချန်းယိုထျန်း၏အသံကိုကြားတော့ သူမသည် သစ်သားပျဉ်ပြားနှင့်တံခါးကိုဖွင့်ရန် အလျင်အမြန်သွားလိုက်၏။

ချန်းယိုထျန်းတစ်ယောက်ထဲဖြစ်ပြီး သူတို့သည် တံစက်မြိတ်အမိုးအောက်တွင် စကားပြောရန်‌ရပ်နေကြသည်။

ချန်းယိုထျန်းသည် မိုးသည်းသောကြောင့် စန်းလော့တစ်ယောက် တို့ဟူးလုပ်ပါ့မလားဟု စိုးရိမ်မိသောကြောင့် စောစောလာလိုက်၏။ သူက မိသားစုသုံးခုလုံးသည် ပုံမှန်အတိုင်းဆက်လုပ်မည်ဟု သဘောတူထားကြောင်းနှင့် အမျိုးသားများသည် စီရင်စုဂိတ်တံခါးသို့တို့ဟူး ကူသယ်ပေးမည့်အကြောင်းကို သူမအား အသိပေးလိုက်လေသည်။

စန်းလော့က ပြုံးရင်းပြန်ဖြေလိုက်၏။

"အဲ့တာက ပြီးနှင့်ပါပြီ။ ခါတိုင်းထက် နည်းနည်းနောက်ကျပြီးမှ လာယူလို့ရတယ်"

စိတ်သက်သာရာရသွားသောချန်းယိုထျန်းသည် မိုးကာနှင့်ဦးထုပ်ကိုဝတ်ဆင်ကာ မြန်မြန်ထွက်ခွာသွားတော့သည်။

သူ့အိမ်သို့ပြန်ရောက်သောအခါ ချန်းလောင်ဟန်၊ ချန်းဘွားဘွားနှင့် ချင်ဖန်းညန်တို့သည် နိုးနေကြပြီး ပင်မအခန်းထဲတွင် စောင့်နေကြ၏။ သူပြန်ရောက်သောအခါ သွားခဲ့သည့်အကြောင်းနှင့်ပတ်သက်ပြီး မေးမြန်းကြလေသည်။

ချန်ယိုထျန်းက အစီရင်ခံလိုက်၏။

"တာဝန်ခံရွှီအပေါ်မှာ ကျွန်တော်တို့ ကတိမဖျက်လောက်ဘူးဆိုပြီး ခန့်မှန်းထားတာမလို့ သူမက တို့ဟူးလုပ်နှင့်ပြီးသွားပြီ"

သူ့မိုးကာကိုချိတ်လိုက်ရင်း မှတ်ချက်ပေးလိုက်၏။

"စန်းလော့က သူ့ဝင်ငွေရဖို့ အတော်လေးကြိုးစားတယ်။ ပထမကြက်တွန်သံပဲရှိသေးတယ် သူမက မီး‌ဖိုချောင်ထဲမှာ အလုပ်များနေပြီ"

ယှဉ်ကြည့်ပါက သူတို့သည် မိုးမရွာသည့်နေ့များတွင် ဈေးဆိုင်၌ ဈေးရောင်းရင်းဖြင့်ပင် တစ်နာရီခွဲ ပိုအိပ်လို့ရနိုင်သည်။

အဘွားချန်းက သက်ပြင်းချလိုက်၏။

"ပိုက်ဆံရှာရတာ ခက်ခဲလိုက်တာ။ ဘယ်အရာမှတော့ လွယ်လွယ် မလာပါဘူးလေ"

အထူးသဖြင့် အိမ်တွင်ယောက်ျားသားမရှိသောကြောင့်ပင်။

ချန်းဘွားဘွားသည် နောက်ဆုံးအတွေးတစ်ဝက်ကို သူမဘာသာတွေး နေလေသည်။

အစပိုင်းတွင် သူမသည် စန်းလော့က ရှန်းအန်းနှင့်ရှန်းနဉ်တို့ အပေါ်ဝန်လေးနေသည်ဟု ခံစားခဲ့ရသည်။ သူမအတွက်သာမဟုတ်လျှင် ကလေးများမှာ မကြာခင်တွင် ခွဲထွက်ခြင်းကိုရင်ဆိုင်ရမည်မဟုတ်ပေ။

သို့သော် စန်းလော့ကိုယ်တိုင်အခြေကျစဉ်တွင် မောင်နှမနှစ်ယောက်အား ကောင်းစွာဆက်ဆံပေးလေသည်။ ချန်းဘွားဘွားသည် သူတို့အတွက် ဝမ်းသာပြီး အတူတကွ ရှင်သန်နေသွားနိုင်မည်ဖြစ်သောကြောင့် စိတ်သက်သာရာရလေ၏။

အချိန်ကြာလာသည်နှင့်အမျှ ချန်းဘွားဘွားသည် စန်းလော့အား မြေးမတစ်ယောက်ကဲ့သို့ မြင်နေရပြီး အထူးသဖြင့် "အဘွား"ဟု နွေးထွေးစွာခေါ်သောအခါတွင် ပို၍ သူမကို နှစ်သက်လာလေသည်။ စန်းလော့သည် အစောကြီးကတည်းက တို့ဟူးချက်ရန် အလုပ်များနေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် စိတ်မသက်မသာ ဖြစ်သွားလေသည်။

ယောက်ျားသားတစ်ယောက်သာ အိမ်တွင်ရှိမည်ဆိုလျှင် အမျိုးသမီးတစ်ယောက်အနေဖြင့် ထိုကဲ့သို့အခက်အခဲများကို ကြံ့ကြံ့ခံစရာ လိုမည်မဟုတ်ပေ။

စန်းလော့ကို မုဆိုးမတစ်ယောက်ဟု ယူဆကြသော်လည်း အမှန်တွင် သူမသည် အိမ်ထောင်မပြုရပေးပေ။ ချန်းဘွားဘွားသည် သူမ၏အတွေးရထားကို ဆက်ပြီးမတွေးဝံ့သောကြောင့် ရုတ်ချည်းရပ်တန့်လိုက်လေသည်။

သူမက ထပ်တွေးရင်း စန်းလော့အတွက် နောက်တစ်ယောက်ရှာသင့်သလား။ အဲ့ဒီ့နောက်မှာရော ရှန်းအန်းနဲ့ရှန်းနဉ်တို့ ဘာတွေဆက်ဖြစ်လာမှာလဲ။

သူမက ထိုအရာနှင့်ပတ်သက်ပြီး မတွေးသင့်သည်ကို သိသော်လည်း သူမ၏စိတ်မှာ ပျံ့လွင့်နေသည်။ အိပ်ယာထဲတွင် လှဲရင်း အဆက်မပြတ် ဟိုလှိမ့်ဒီလှိမ့်ဖြင့် ချန်းဘွားဘွားသည် စိတ်မအေးချမ်းနိုင်ဖြစ်နေ၏။

ချန်းလောင်ဟန်သည် သူ့ဇနီးဘက်သို့လှည့်လိုက်၏။

"ဘာတွေဖြစ်နေတာလဲ"

ချန်းဘွားဘွားလည်း ဘာပြောရမှန်းမသိပေ။

"ဘာမှမဟုတ်ပါဘူး၊ အိပ်မပျော်ရုံပါဘဲ။ နိုးလာတာနဲ့ ပြန်အိပ်မပျော်တော့ဘူး။ ရှင်လည်း ဆက်အိပ်ပါ"

စန်းလော့အိမ်ထောင်ထပ်ပြုမည့်အကြောင်းကို စဉ်းစားနေကြောင်း သူမ ဘယ်လိုဝန်ခံနိုင်ပါ့မလဲ။

သက်ပြင်းချလိုက်ပြီး ဤအတွေးများသည် လက်သင့်ခံစရာမဟုတ်ဘဲ ခက်ခဲသော အကြပ်ရိုက်မည့်နည်းလမ်းများပင်ဖြစ်သည်။

……

စန်းလော့သည် သူမနှင့်ရှန်းမောင်နှမအတွက် အဘွားချန်း၏ အိပ်မပျော်သောညများကို လုံးဝသတိမထားမိပေ။ တို့ဟူးအား အပြီးသတ်ပြီးနောက် မိုးကာများဖြင့်မိုးရေထဲတွင် ရင်ဆိုင်နေကြသော ချန်းယိုထျန်းနှင့်အခြားသူများကို လွှဲပြောင်းပေးလိုက်သည်။ သူမက ကလေးများ အိပ်ပျော်နေကြသေးသည်ကို‌လဲတွေ့လေသည်။ မနက်စာမပြင်ဆင်သေးဘဲ အိပ်ရေးပျက်ထားသောကြောင့် အိပ်ယာထဲသို့ဝင်အိပ်ရန် ဆုံးဖြတ်လိုက်၏။

သူမသည် အပြင်ဘက်တွင် အလင်းရောင်အပြည့်အဝ ရသည်အထိအိပ်ပျော်နေပြီး မိုးတိတ်သွားပုံလည်း ပေါ်သည်။ သူမ ဘေးသို့လှည့်လိုက်သောအခါ မောင်နှမ‌နှစ်ယောက်လုံးနိုးနေသည်ကို တွေ့လိုက်ရ၏။

စန်းလော့က အခင်းကိုမ,ကာ အိပ်ယာထလေသည်။ သူမအခန်းထဲမှ ထွက်သွားသည်နှင့် မီးဖိုချောင်အပြင်ဘက်တွင် ရှန်းအန်းကိုတွေ့လိုက်ရပြီး သူ့မျက်လုံးများမှာ အပြုံးဖြင့်တောက်ပနေသည်။

"မကြီး၊ နိုးပြီလား။ နည်းနည်းလောက် ထပ်မအိပ်ချင်ဘူးလား"

မောင်နှမနှစ်ယောက်လုံးက အအိပ်လွန်သည်ကို နိုးလာပြီးနောက်မှ သဘောပေါက်ကြလေသည်။ သူတို့သည် မီးဖိုချောင်ထဲသို့ခိုးဝင်လိုက်ပြီးနောက် ပုံးများနှင့်အင်တုံများပျောက်နေသည်ကို သတိပြုမိကြ၏။ စင်ပေါ်ရှိ လတ်ဆတ်သော တို့ဟူးအနှစ် အင်တုံတစ်ခုက သူတို့၏အစ်မသည် ညဘက်တွင် အလုပ်အားလုံးကို ပြီးမြောက်ခဲ့ကြောင်း ညွှန်ပြနေသည်။

သူတို့ မတတ်နိုင်သော်လည်း အပြစ်ရှိသလို ခံစားကြရ၏။

ယခင်နေ့က သူတို့သည် မိသားစုကိုထောက်ပံ့ရန်ဝင်ငွေရှာရာတွင်ကူညီပြီး အလုပ်ကြိုးစားမည်ဟု ကတိပေးခဲ့ကြသော်လည်း ယနေ့တွင် အိပ်ပျော်နေကြသည်။

စန်းလော့က ပြုံးလိုက်၏။

"တော်ပါပြီ၊ ထပ်မအိပ်တော့ပါဘူး။ သားတို့နှစ်ယောက်လုံး မနက်စာစားပြီးကြပြီလား"

ရှန်းအန်းက ခေါင်းခါလိုက်၏။

"ရှန်းနဉ် ဟင်းချက်ပြီးရုံရှိသေးတယ်။ သားတို့က မကြီးနိုးလာမှ အတူတူစားဖို့ စီစဉ်ထားတာ"

ပြောရင်းဖြင့် စန်းလော့အတွက် ဆေးကြောထားသော သက်ကယ်ရိုးတစ်ချို့ကို သယ်ရန် မီးဖိုချောင်ထဲသို့ ပြန်လှည့်သွားလေသည်။

"မကြီး၊ ဆေးကြောလိုက်ပါဦး။ ဆန်ပြုတ်ကျွေးမယ်။ သိပ်မကြာခင် စားလို့ရပါပြီ"

စန်းလော့သည် သူ့ကို ကျေးဇူးတင်စကားပြောလိုက်ပြီး သက်ကယ်ရိုးများကိုယူကာ ဆေးကြောသန့်စင်ရန်ထွက် သွားလေသည်။

ရှန်းနဉ်က အပြင်ဘက်တွင် သူတို့တန်ဖိုးထားရသော ကြက်နှင့်ဘဲများကို အစာကျွေးနေပြီး အနည်းငယ်မလုံမလဲဖြစ်နေပုံပေါ်သည်။

"မကြီး၊ ရှန်းအန်းနဲ့သမီးနှစ်ယောက်လုံး မနက်က အိပ်ယာထ နောက်ကျသွားတယ်"

စန်းလော့သည် ရယ်မောလိုက်၏။

"ညီမလေးကို တမင်သက်သက်မနှိုးတာ မဟုတ်ပါဘူး။ ညီမလေး အိပ်ရေးမဝရင် အရပ်လည်း မရှည်တော့ဘူး။ ပြီးတော့ နောက်ကျအရပ်ပုလွန်းနေတာက မကောင်းဘူးလေ"

"ဟမ်၊ အဲ့တာက တစ်ကယ်ပဲလား"

လေးနက်မှုကြောင့် ရှန်းနဉ်၏မျက်လုံးများကျယ်လာလေသည်။

"ဒါဆို မကြီးလည်း ပိုအိပ်သင့်တယ်လေ"

စန်းလော့: ……

ပါးနပ်တဲ့တိုက်ကွက်လေးပဲ။

မူလပိုင်ရှင်သည် အသက်၁၅နှစ်သာရှိသေးသည်။ နှစ်လကျော်ကြာလျှင် ၁၆နှစ်ပြည့်မည်ဖြစ်သည်။ သူမသည် အမှန်ပင်အရပ်မရှည်ပေ။ စန်းလော့က သူမသည် အများဆုံး ၅ပေကျော်ကျော်လေး ခန့်ရှိမည်ဟု ခန့်မှန်းထားပြီး ထိုအရာမှာ ကလေးဘဝထဲက ကောင်းမွန်စွာအဟာရရရှိခဲ့ခြင်းကို ကျေးဇူးတင်ရမည်။

သူမသည် ဆယ့်ငါးနှစ် သို့မဟုတ် ဆယ့်ခြောက်နှစ်သည် အရပ်ရှည်ရန် အလားအလာရှိနေဆဲဖြစ်ပြီး ကံကောင်းစွာဖြင့် နောက်ထပ်နှစ်နှစ် သို့မဟုတ် သုံးနှစ်အထိဖြစ်နိုင်ကြောင်းကို တွေးတောနေလေ၏။

ဤနည်းလမ်းက သူမအတွက် အဓိပ္ပါယ်ရှိလှသည်မို့ ခေါင်းညိတ်လိုက်သည်။

"ညီမလေးမှန်တယ်။ ဒီနေ့ကစပြီး အစ်မတို့တွေ မမှောင်ခင်ထဲက တို့ဟူးစောစောလုပ်ကြမယ်။ ဆောင်းဦးမိုးရွာပြီးရင် အေးသွားလိမ့်မယ်။ အစ်မထင်တာတော့ ရာသီဥတုက စောစောလုပ်လဲ လတ်ဆတ်မှုကို ထိခိုက်စေမှာတော့ မဟုတ်ဘူး။ ဒါ့အပြင် အစ်မတို့က ဆယ်ရက်လောက်ပဲ ကျန်တော့တဲ့ ရက်တွေအတွက် နတ်သမီးတို့ဟူးကို မရောင်းဘူး။ ပြီးရင်တော့ ညဘက်စောစောအိပ်ပြီး လေးနာရီကျောအောင်အိပ်ကြရအောင်"

ရှန်းနဉ်သည် စိတ်ကြည်နူးကာ အားနှင့်မာန်နှင့်ခေါင်းညိတ်ပြလိုက်ပြီးနောက် စန်းလော့အား လေးလေးနက်နက်ပြောလိုက်၏။

"သမီးတို့လည်း အိပ်ယာစောစောဝင်မယ်။ ပြီးတော့ မကြီး မနက်ပိုင်းအိပ်ယာထရင် တိတ်တိတ်လေးမထပါနဲ့။ ရှန်းအန်းနဲ့သမီးကိုလည်း နှိုးပါ။ တစ်ယောက်ထဲတို့ဟူးကြိတ်ရတာက လက်မောင်းတွေ အရမ်းညောင်းတယ်"

တို့ဖူးကြိတ်သူများသာလျှင် အားထုတ်မှုကို သိ၏။

စန်းလော့ကပြုံးလိုက်၏။

"ကောင်းပါပြီရှင်၊ အစ်မက သားတို့ကို အနှောင့်အယှက်မပေးချင်လို့ပါ။ ဘာလို့လဲဆိုတော့ မနေ့က ကောင်းကောင်းမအိပ်ခဲ့ရဘူးလေ။ အခုကစပြီး ခေါ်ပါ့မယ်"

နောက်ဆုံးတော့ ဤအရာသည် မိသားစု၏ ကြိုးစားအားထုတ်မှုတစ်ခုဖြစ်သည်။ စန်းလော့ထံတွင် ကိုယ်ကျိုးစွန့်သည့် 'အမေကြက်မ' ဆိုသည့် စိတ်ဓာတ်မျိုး မရှိပေ။

ရှန်းနဉ်၏မျက်လုံးမှာ အပြုံးကြောင့်ညွတ်သွားလေသည်။

"ဒါဆို မကြီး၊ မြန်မြန်လုပ်ပြီး ဆေးကြောလိုက်။ သမီး ဒီမနက် အရသာရှ်ိတာ တစ်ခုခုလုပ်ထားတယ်"

စန်းလော့တစ်ယောက် မီးဖိုချောင်ထဲသို့ဝင်သွားသောအခါမှသာလျှင် ရှန်းနဉ်၏အရသာရှိသောအစားအစာမှာ မည်သည့်အရာဖြစ်ကြောင်း သိရှိလေသည်။

တို့ဟူးအနှစ်ပန်ကိတ်မုန့်တွေ။

"နောက်ဆုံးတစ်ကြိမ်တုန်းက ကျန်တဲ့ဂျုံမှုန့်တစ်ချို့ကို သုံးလိုက်ပြီးတော့ အဲ့ထဲကို ကြက်ဥဖောက်ထည့်လိုက်တာ။ မကြီး၊ တို့ဟူးအနှစ်အလုံးလေးတွေကို ဘယ်လိုကြော်လဲဆိုတာကို သမီး အတုယူဖို့ကြိုးစားခဲ့တာ။ ဒါက ဆီအများကြီး မကုန်ပါဘူး။ အဲ့တာတွေကိုကြော်ဖို့ နည်းနည်းလေးပဲလိုတာ"

မိန်းကလေးငယ်တစ်ဦးဖြစ်သောရှန်းနဉ်သည် ဟင်းချက်ရာတွင် အမှန်ပင် ပင်ကိုယ်အရည်အချင်းတစ်ခု ပိုင်ဆိုင်ထားကြောင်းကို စန်းလော့ ဝန်ခံရပေမည်။

ထမင်းစားပွဲနေ့က တစ်ကြိမ်သာကြော်ဖူးသော တို့ဟူးအနှစ်အလုံးလေးများကို ထိုအချိန်က ရှန်းနဉ်ပင်လျှင်မတွေ့ရပေ။ သူမသည် ထိုမုန့်များကို ရိုးရိုးနှစ်သက်ခဲ့ပြီး နောက်ပိုင်းတွင် ထိုမုန့်များအား မည်သို့ပြုလုပ်ရမည်ကို မေးမြန်းလိုက်၏။ ယနေ့တွင် သူမသည် ပန်ကိတ်ပြုလုပ်နည်းကို လိမ္မာပါးနပ်စွာပြုပြင်ခဲ့လေသည်။

တစ်ခုကိုမြည်းကြည့်ပြီးနောက် သဘောကျသောကြောင့်မျက်ခုံးပင့်လိုက်ကာ ရှန်းနဉ်အား လက်မထောင်ပြလိုက်၏။

"အရသာရှိလိုက်တာ"

ချီးကျူးခံရသောရှန်းနဉ်သည် ကြည်နူးမှုကြောင့်ပြုံးလိုက်ပြီး သူမ၏အပြုံးမှာပျောက်ကွယ်မသွားပေ။

"ဒါဆို အဲ့တာတွေကို မကြာခဏပိုလုပ်ပေးပါ့မယ် မကြီး"

စန်းလော့ထိုင်နေသည့်စားပွဲပေါ်တွင် အသုံးပြုရန် အဆင်ပြေသော ထိုင်ခုံတစ်လုံးသာရှိ ၏။ မောင်နှမနှစ်ယောက်သည် ထမင်းစားစဉ်တွင် မတ်တပ်ရပ်နေကြသော်လည်း သူတို့၏အစားအစာကို အလွန်နှစ်သက်နေကြသည်။

မနက်စာစားပြီးနောက် စန်းလော့သည် မနေ့က မပြီးဆုံးသေးသော ဘောင်းဘီကို ထုတ်မယူခင် ခေတ္တမတ်တပ်ရပ်လိုက်၏။ နာရီဝက်မပြည့်ခင်တွင် သူမသည် ထိုအရာများကိုချုပ်ပြီးသွားကာ ကလေးကို စမ်းဝတ်ကြည့်ရန် ပြောလိုက်လေသည်။

စိတ်လှုပ်ရှားစွာဖြင့် ရှန်းအန်းသည် အထဲကိုဝင်သွားပြီး မကြာမီတွင် အသစ်စက်စက် ဘောင်းဘီကို ဝတ်ဆင်ကာ ထွက်လာတော့သည်။ သူသည် အဖက်ဖက်မှ သဘောကျကာ ဝမ်းသာပီတိဖြစ်မိသည်။

"မကြီး၊ ဒီဘောင်းဘီက တော်တော်လေးကို ကွက်တိဖြစ်တယ်။ ဒီနေ့ မကြီးနဲ့အတူတူ တောင်တွေဆီကို လိုက်လို့ရမလား"

"ရတာပေါ့"

စန်းလော့သည် ပြုံးလိုက်၏။

"နောက်မှဖြေချဖို့ အောက်ခြေမှာ လက်မနည်းနည်းလောက်ချန်ခဲ့တယ်။ အဲ့တာတွေက နှစ်ထပ်မလို့ သား အရပ်ရှည်လာလဲ အစ်မတို့ပြင်လို့ရတယ်။ တောင်တွေဆီကို နောက်မှသွားကြရအောင်။ နေထွက်‌လာတော့မယ့်ပုံပဲ။ မိုးရွာထားလို့ နည်းနည်းလောက်ခြောက်သွားအောင် လေတိုက်တာစောင့်ရမယ်။ အခုက အကောင်းဆုံးအချိန်ပဲ။ မိုးရွာပြီးရင် တောင်တွေမှာ မကြာမကြာမှိုပေါက်တယ်။ အစ်မတို့ နည်းနည်းလောက် ရှာတွေ့နိုင်မလားလို့သွားကြည့်ကြရအောင်"

ယခင်က သူမ တောင်ပေါ်၌နေထိုင်စဉ်တွင် စပါးရိတ်သိမ်းရန်အဆင်သင့်ဖြစ်ချိန် မိုးရွာပါက ခေါင်းလောင်းပုံမှိုနက်များကို ပေါများစွာတွေ့နိုင်သည်။ သူမ၏မူလကမ္ဘာတွင် အရည်အသွေးကောင်းသောမှိုနက်များသည် အတော်လေးဈေးကြီးပြီး တစ်ကီလိုဂရမ်လျှင် ၃၀ မှ ၆၀ ယွမ်အထိ ရောင်းကြ၏။

သူမသည် ဤကမ္ဘာတွင်ထိုအရာများရှိမရှိကို သေချာမသိပေ။ သို့သော် အပင်များနှင့်အပင်ပေါက်များမှာ တူသည်ဟုယူဆရပြီး စန်းလော့က အတော်လေး တူသည်ဟုခံစားရ၏။

မှိုများခူးမည့်အကြောင်းကြားတော့ ရှန်းနဉ်၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုကြောင့် အ‌ရောင်လက်လာသော်လည်း သူမတွင် တောင်များအတွက်သင့်တော်သည့် ဘောင်းဘီအရှည် တစ်ထည်မှမရှိသည်ကို သတိရသွားပြီး ရှန်းအန်းအား တောင့်တနေသောမျက်လုံးများဖြင့် ကြည့်လိုက်လေသည်။

တောင်ပေါ်ခရီးစဉ်ကို အချိန်ကြာကြီးစောင့်မျှော်ခဲ့ရသော ရှန်းအန်း: “…”

သူ့ညီမ၏စိတ်အားထက်သန်သည့်အကြည့်ကို မြင်တော့ လိုက်လျောလိုက်၏။ နောက်ဆုံးတွင် သူ့ညီမလေးအား ညှာတာရလေသည်။

"ငါ့ရဲ့ဘောင်းဘီအသစ်ကို တစ်ရက်လောက်ငှားပေးရင်ရော ဘယ်လိုလဲ"

စန်းလော့: “...???!!!”

သနားကြင်နာမှု အသေးအမွှားများအတွက် ကျေးဇူးတင်မိကာ ပြီးခဲ့သောခေတ်တွင် မြင်းစီးခြင်းနှင့်မြှားပစ်ခြင်း၊ အတွင်းခံများပင် ရှိနေပြီဖြစ်ပြီး ယခုခေတ်နှင့် အတော်လေးကွာခြားသော်လည်း စိတ်သက်သာရာရလေသည်။ ထိုသို့မဟုတ်ပါက... အတွေးသည် စိတ်ကူးယဉ်ရန်အတွက် အရမ်းလှပလွန်း၏။

ထို့အပြင် ရှန်းအန်း၏စကားများသည် အပြင်ထွက်ရသူတိုင်းဝတ်ဆင်သော သူတို့ပိုင်ဆိုင်သည့် တစ်ခုတည်းသော ဘောင်းဘီတစ်ထည်ကို မျှဝေလေ့ရှိသည့် အတိတ်ကဆင်းရဲတွင်းမှ စန်းလော့ကို အမှတ်မထင် သတိရသွားစေသည်။

ဒါနဲ့ သူတို့မိသားစုက အခုအချိန်မှာ ပုံပြင်ထဲကလို ဘောင်းဘီတစ်ထည်ကိုမျှဝေတဲ့ အနေအထား ရောက်နေပြီလား။

သေချာပေါက်မဟုတ်ဘူး။ လုံးဝမဟုတ်ဘူး။ ရှန်းနဉ် ကလေးမလေးက နောက်တစ်ခါမှပဲ တောထဲ သွားသင့်တာပါ။

မဖြစ်သေးပါဘူး။၊ ဆင်းရဲတွင်းက လွတ်မြောက်ဖို့ ကြိုးစားတာ ပိုကောင်းတယ်!!!

...

အပိုင်း (၇၀)

ရှန်းနဥ်ကတော့ ဒီအခြေအနေနှင့်ပတ်သတ်ပြီး တစ်ခုခုမှားယွင်းသည်ဟု မမြင်ချေ။ သူမက ဝမ်းသာအားရ ခုန်ပေါက်နေလိုက်ပြီး ရှန်းအန်းကို အိမ်ထဲသို့ ဆွဲခေါ်သွားလေသည်။ တံခါးနားအရောက်တွင် သူမက တစ်ခုခုကို သဘောပေါက်သွားပြီး ရှန်းအန်းကိုအထဲသို့ တွန်းပို့လိုက်ကာ တံခါးနားတွင် ရပ်စောင့်နေလိုက်သည်။

"ကိုကြီး အဝတ်မြန်မြန်လဲလိုက် ပြီးရင် ငါလိုက်ဝင်လာပြီး အဝတ်အစားလဲမယ်"

မောင်နှစ်မနှစ်ယောက်က ဘောင်းဘီလဲဝတ်လိုက်သည့် အချိန်က မကြာလိုက်ပေ။ စန်းလော့လုပ်ထားသည့် ဘောင်းဘီအသစ်လေးက ရှန်းနဥ်ဝတ်လိုက်သည့်အချိန်တွင် အနည်းငယ် ရှည်နေလေသည်။ အမွှာမောင်နှမ ဖြစ်သော်ငြားလည်း အရပ်ကွာခြားချက်ကတော့ ရှိသေးသည်။ စန်းလော့သည် ကလေးမလေးက အိမ်ထဲကထွက်လာပြီး သူမ၏ဘောင်းဘီကို လက်ဖြင့်ပင့်ထားသည်ကို မြင်လိုက်လေသည်။

လှိုက်လှိုက်လှဲလှဲ အော်ရယ်မိလိုက်ပြီး စန်းလော့က ရှန်းနဥ် ၏ဘောင်းဘီကို လိပ်တင်ပေးလိုက်ပြီးနောက် ဘောင်းဘီအနားကို သေချာလေး စည်းပေးလိုက်လေသည်။

ရှန်းအန်းက ဘေးတွင်စောင့်ကြည့်နေပြီး တော်တော်လေး ဝမ်းသာနေကာ ဒီနေ့ကတော့ သူ့ညီမဖြစ်သူ၏ အလှည့်ဖြစ်ပြီး မနက်ဖြန်ကတော့ သူ့အလှည့်ဖြစ်မည်ဟု စဥ်းစားလိုက်သည်။

တောတောင်ထဲတွင် နေကြသည့်လူများက သစ်တောထဲမှ ရာသီအလိုက် ထောက်ပံ့ပေးသည့် အစားအစာများကို ကောင်းကောင်းသိကြသည်။ ထို့ကြောင့် စန်းလော့က ရှန်းနဥ်အတွက် ဘောင်းဘီကို လိပ်တင်ပေးရင်း အလုပ်များနေစဥ် ရှောင်ယာက ခြံဝန်းထဲသို့ပြေးဝင်လာပြီး အထဲသို့ချောင်းကြည့်ကာ အားလုံးရှိနေသည်ကို မြင်လိုက်ရတော့ သူမက ဝမ်းသာအားရ ဝင်လာတော့သည်။

"မမရှန်း ဒီနေ့ အစ်မတောင်ပေါ်သွားမှာလားလို့ အဘွားက မေးခိုင်းလိုက်တယ်၊ အဘွားရယ် အဒေါ်လုရယ် အဒေါ်ရှီရယ်တို့က မှိုခူးသွားမလို့တဲ့လေ"

"သွားမှာ"

စန်းလော့က ရွှင်ရွှင်လန်းလန်း ဖော်ဖော်ရွေရွေဖြင့် ပြန်ဖြေလိုက်သည်။ ရှောင်ယာကို လက်ယပ်ခေါ်လိုက်သည်။

"ညီမလေးရဲ့အဘွားနဲ့ တခြားသူတွေက ဘယ်အချိန် သွားကြမှာလဲ"

ကလေးမလေးက ပြုံးပြီးဝင်လာလိုက်ကာ

"သမီးတို့တွေ ခဏနေသွားကြမှာ အဘွားကပြောတယ်၊ လိုက်မယ်ဆိုရင် အိမ်မှာဘဲစောင့်နေတဲ့ မီးဖိုထဲကအလုပ်တွေ ပြီးသွားရင် အဒေါ်လုကိုခေါ်ပြီး အစ်မကို ဝင်ခေါ်မယ်တဲ့"

စန်းလော့သည် သည်ခေတ်အကာကို ရောက်ကတည်းက သူမနှင့်ကလေးများသည် တနေ့ကို ထမင်းသုံးနပ်စားကြပြီး အိမ်ထောင်စုအများစုထက် ပိုပြီးတော့စောလေသည်။ သူတို့သည် ဒီနေ့ နောက်ကျမှ ထခဲ့ကြပြီး မနက်ပိုင်းစာစာပြီးနောက်တွင် ဘောင်းဘီကို ချုပ်လုပ်ပေးလိုက်ကာ သူမက တခြားသူများလဲ မနက်စာစာပြီးချိန်ကို ခန့်မှန်းလိုက်ပြီး ပန်ကန်ဆေး ကြက်စာကျွေးသည့်အလုပ်များလဲ ရှိနေမည်ဟု ခန့်မှန်းလိုက်သည်။

သူမက ရှန်းနဥ်၏ဘောင်းဘီကို သေချာကြည့်ပေးလိုက်ပြီးသည်နှင့် စန်းလော့က ပြုံးလိုက်သည်။

"ကောင်းပြီ ငါတို့တွေ အိမ်မှာဘဲစောင့်လိုက်မယ်"

ထို့နောက် သူမက ကလေးမလေးကို ခဏစောင့်ခိုင်းလိုက်ပြီး ရှန်းအန်းကို သူမအတွက် မီးဖိုထဲက တို့ဟူးပန်ကိတ်ကို သွားယူလာခိုင်းလိုက်သည်။

ကလေးမလေးက အစားအသောက် အကြောင်း ကြားလိုက်သည်တွင် အနည်းငယ် အနေခက်သွားတော့သည်။

"အစ်မစန်း သမီး အိမ်ကမနက်စာ စားခဲ့ပြီးပါပြီ မှာထားတာလာပြောပြီးရင် ချက်ခြင်း အိမ်ပြန်တော့မှာပါ"

သူမက အိမ်ပြန်ဖို့ ပြင်လိုက်သည်တွင် ရှန်းနဥ်က သူမကို တားလိုက်သည်။

"ပြီးခဲ့တဲ့တခေါက်တုန်းက ငါတို့လုပ်ထားတဲ့ အသားလုံးကြော်နဲ့တူတယ်၊ ဒါပေမဲ့ ဒါကတော့ပန်ကိတ်လေ ငါလုပ်ထားတာ စားကြည့်စမ်းပါအုံး"

စန်းလော့က ဒီမြင်ကွင်းကို သဘောကျသွားပြီး ကလေးနှစ်ယောက်ကို စကားပြောခိုင်းထားလိုက်ကာ သူမကတော့ လက်ဆေးလိုက်သည်။ ကလေးမလေးအတွက် လက်ကျန်တို့ဟူးအနှစ်များကို ခူးပေးဖို့ မီးဖိုချောင်ထဲသို့ ပြန်သွားလိုက်ကာ အကြံပေးလိုက်လေသည်။

"ဒါကို အဘွားအတွက် ယူသွားလိုက် ဆီနည်းနည်းလေးထည့် ရေထည့် ပြီးရင် ပြုတ်ပြီးတော့ အစာပလာ ထည့်လိုက်ရုံဘဲ သေသေချာချာလေး ပြုတ်ဖို့တော့လိုတယ်နော် မဟုတ်လျှင် ဗိုက်အောင့်တတ်တယ်"

ရှောင်ယာက လက်တဖက်တွင် ရွှေဝါရောင်သမ်းနေသည့် ပန်ကိတ်ကိုကိုင်ထားပြီး ကျန်လက်တဖက်တွင်တော့ မရင်းနှီးသည့် အစားအသောက် ပန်းကန်လေးတစ်လုံးကို ကိုင်ထားကာ ဇဝေဇဝါ ဖြစ်နေလေသည်။ သူမက အမှာစကားကို လာပြောပေးခြင်းဖြစ်ပြီး နောက်ဆုံးတော့ ပစ္စည်းအများကြီးဖြင့် ယူပြန်လာခဲ့ရသည်။

စန်းလော့က သူမ၏ တုံ့ပြန်ပုံကို မြင်လိုက်ရသည်တွင် တခစ်ခစ်ရယ်လိုက်ကာ အကြံပေးလိုက်လေသည်။

“ရှန်းနဥ် နင့်ရဲ့ သူငယ်ချင်းမလေးကို အဖော်လုပ်ပြီးပြန်ပို့ပေးလိုက်ပါလား၊ ဒီတို့ဟူးအနှစ်ကိုလည်း ချက်ပြုတ်နည်းကို အဘွားချန်းကို ရှင်းပြလိုက်”

ရှောင်ယာ၏ အသက်အရွယ်နှင့် မှာကြားထားသည့် အကြောင်းအရာကို အတိအကျ ပြန်မပြောပေးနိုင်မည်ကို စိုးရိမ်သဖြင့် ထိုအရာကလဲ သေချာမချက်ပြုတ်လျှင် အစာချေစနစ်ကို ဒုက္ခပေးနိုင်သဖြင့် စန်းလော့က ကိုယ့်ဟာကိုယ် ဒုက္ခပြန်မပေးမိစေရန် ရည်ရွယ်ချက်ဖြင့် ပြောလိုက်လေသည်။

ရှန်းနဥ်က အလိုက်သင့် သဘောတူလိုက်သည်။ ရှောင်ယာ၏လက်ထဲက တို့ဟူးအနှစ်ပန်းကန်လုံးကို ယူလိုက်ပြီး သူမနှင့်အတူလျှောက်ကာ ထွက်သွားတော့သည်။

ခြံဝန်းအပြင်ဘက်သို့ အရောက်တွင် ရှောင်ယာက မှတ်ချက်ပေးလေသည်။

"အစ်မရှန်းနဥ် အစ်မတို့ရဲ့ ကျောက်ခင်းလမ်းလေးက ကောင်းလိုက်တာ ဖိနပ်က လုံးဝမညစ်ပတ်တော့ဘူး"

သူမက လမ်းလျှောက်လာရသဖြင့် ညစ်ပတ်နေပြီ သားဖြစ်သည့် သူမ၏ဖိနပ်လေးကို လှမ်းကြည့်လိုက်လေသည်။ သို့သော်ငြားလည်း ရှန်းနဥ်၏ဖိနပ်ကတော့ တော်တော်လေးကို သန့်ရှင်းနေသည်။

ဒီမနက်ခင်းတွင် ရှန်းနဥ်ကလဲ ကျောက်ခင်းထားသည့် သူ့တို့ဝန်းထဲကလမ်းတွင် အပြင်ကကျောက်မခင်းထားသေးသည့် မြေကြီး၏ကွာခြားချက်ကို ထင်ထင်ရှားရှား သတိထားမိသည်။အစောပိုင်းတုန်းက သူမက အလှရသအမြင်ဖြင့် သဘောကျရုံသာရှိသော်လည်း ဒီနေ့တွင်တော့ လက်တွေ့အကျိုးကျေးဇူးကို အမှန်တကယ် သိလိုက်ရလေသည်။

"ငါ့အစ်ကိုကပြောနေတာ ခြံဝန်းကနေခြံထောင့်အထိ ကျောက်ခင်းလမ်းလေးတွေ ခင်းမယ်တဲ့ ကြက်ခြံ ဘဲခြံအထိ နောက်ပြီးတော့ နောက်ထပ်ရက်ပိုင်းလောက်နေရင် စိုက်ခင်းအထိတဲ့"

သူတို့သည် ဒီရက်ပိုင်းအတွင်း ကျောက်တုံးအပုံအကြီးကြီးကို စုဆောင်းလာရာ လုံလောက်သင့်ပေသည်။

ရှောင်ယာက ရှန်းနဥ်၏ဘောင်းဘီကို လှမ်းကြည့်လိုက်ပြီး ဖာထေးရာ တစ်ခုလေးမှမပါသည်ကို တွေ့လိုက်ရသည်။

“ဒါက အစ်မရဲ့ယောင်းမ အစ်မအတွက် လုပ်ထားပေးတဲ့ ဘောင်းဘီအသစ်လား”

ရှန်းနဥ်က ခေါင်းကာပြသည်။

"မဟုတ်ဘူး ဒါတွေက ငါ့အစ်ကိုအတွက်လေ၊ ဒါပေမဲ့ တောင်ပေါ်ကိုသွားတဲ့သူတိုင်း ဒါကိုဝတ်ရမှာ၊ ငါက ဒီနေ့ ဒါကိုဝတ်တာက ငါ့ယောင်းမနဲ့အတူတူ မှိုခူးသွားမလို့လေ"

"အစ်မတို့ယောင်းမက အစ်မတို့နှစ်ယောက်စလုံးအပေါ် တကယ် ကောင်းတာဘဲနော်"

ကလေးမလေးနှစ်ယောက်က ပျော်ပျော်ရွှင်ရွှင် စကားပြောလာရင်း တောင်ပေါ်က ဆင်းသွားလိုက်လေသည်။

ခြံထဲတွင် တံမြက်စည်းလှည်းနေသည့် လီရှီက ပန်းကန်တစ်လုံးကိုင်လာသည့် ရှန်းနဥ်နှင့် ရွှေဝါရောင်ပန်ကိတ်လေး ကိုင်ထားသည့် ချန်းမိသားစုက ကလေးမလေး လှမ်းမြင်လိုက်လေသည်။

"ကြည့်ရတာ စန်းလော့က ချန်းမိသားစုအိမ်ကို တစ်ခုခု လာပို့တာဖြစ်မယ်"

သူမက အထင်သေးရွံရှာဟန်ဖြင့် တံတွေးထွေးလိုက်လေသည်။

"အမြဲတမ်းဘဲ ဖားယားနေတာပဲ"

လေသံဖြင့်တီးတိုးရေရွတ်နေရင်းက သူမသည် အထင်အမြင်သေးသည့်ဟန်ကို ပေါ်တင်ထုတ်ပြလိုက်လေသည်။

အသံက မကျယ်သော်ငြားလည်း ခြံဝန်းထဲတွင်ရှိသည့် ရှန်းကျင့်နှင့်တခြားသူများက သူမအသံကို ကြားလိုက်သည်။ ရှန်းကျင့်က စပ်စုပြီး အပြင်ကိုချောင်းအကြည့်တွင် ရှန်းနဥ်နှင့် လက်ထဲတွင် ရွှေဝါရောင်ပန်ကိတ်လေးကို ထူးထူးခြားခြား ကိုင်ထားသည့် ချန်းမိသားစုက ရှောင်ယာတို့ကို တွေ့လိုက်လေသည်။

သူ၏ ပထမဦးဆုံးတုံ့ပြန်မှုမှာ စားချင်စိတ်ဖြစ်ပြီး ထိုနောက်တွင်တော့ ဇဝေဇဝါ ဖြစ်သွားလေသည်။ သူ့အမေကရှန်းနဥ်ကို ဆဲနေတာလား ဒါမှမဟုတ် သူရဲ့မရီးကို ဆဲနေတာလား။

ရှန်းကျင့်၏ မျက်နှာက ငုံ့ကျသွားသည်။ ပန်ကိတ်ကို မြင်လိုက်ရသဖြင့် စောစောက ပျော်ရွှင်မှုများက မြန်မြန်ပင် မှေးမှိန်သွားတော့သည်။

သူ၏ တုံ့ပြန်မှုကို မြင်လိုက်ရသည်တွင် လီရှီက ဖတ်ခနဲ ရိုက်လိုက်လေသည်။

"နင်က ဘာကြည့်နေတာလဲ၊ သူတို့တွေက နင့်ကို နည်းနည်းပါးပါး ပေးမယ်လို့များ ထင်နေတာလား"

ရှန်းကျင့်က နီးကပ်လာသည့် ရှန်းနဥ်ကို စိုးရိမ်တကြီး လှမ်းကြည့်လိုက်သည်။ သူ့အမေ သူ့ကို ပြောလိုက်သည့်စကားကို ကြားသွားမှာ စိုးရိမ်သွားတော့သည်။ သူ့မျက်နှာက နီမြန်းသွားပြီး သူက ချက်ခြင်းပြောလိုက်သည်။

"သူ့တို့တွေက ကျွန်တော့်ကို တခါမှ မကျွေးဖူးဘူးလို့ ဘယ်သူပြောလို့လဲ၊ မရီးနဲ့ရှန်းအန်းတို့က ကျွန်တော့ကို စားစရာတွေ အများကြီးကျွေးတယ်"

လီရှီ၏ မျက်နှာက ပိုပြီး ညိုမဲသွားတော့သည်။

“ဟုတ်တယ် အမှန်ဘဲ နင်က တကယ်ကို တတ်နိုင်တဲ့သူပဲ၊ မိသားစုက နင့်ကို ဘယ်တုန်းကမှ ပင်ပင်ပန်းပန်း မခိုင်းခဲ့ဖူးဘူး၊ ဒါကိုတောင် နင်က နင့်ရဲ့ညီနှစ်ယောက်ကိုခေါ်ပြီး အစားအသောက်အတွက် နင့်ရဲ့လုပ်အားကို ရောင်းစားရက်တယ်၊ နင်ကလေ တကယ့်ကိုမှ တစ်ခုခုပဲ... ဘာလို့များ စားပိုးနင့်ပြီး သေမသွားသလဲ”

ရှန်းနဥ်သည် နီးကပ်လာပြီး စကားကိုကြားလိုက်သည်နှင့် သူမက အဒေါ်ဖြစ်သူနှင့်ရှန်းကျင့်တို့ကို လှမ်းကြည့်လိုက်ကာ သူမ၏နှုတ်ခမ်းများက တင်းတင်းစေ့သွားပြီး အမူအရာက မျက်နှာသေဖြစ်သွားတော့သည်။ သူမ၏ အဒေါ်ဖြစ်သူကို အာရုံမစိုက်နေဘဲ သူမက ချန်းမိသားစု၏ခြံဝန်းထဲသို့ ချန်းရှောင်ယာနောက်မှနေ၍ ချက်ခြင်းလိုက်သွားလေသည်။

လီရှီက ဒေါသ ထွက်တော့သည်။တကာတုန်းက သူမဆီကနေ အစားအသောက် လာတောင်းစားတတ်တဲ့ ကလေးမက အခုတော့ ဒီလို အရည်အချင်းမျိုးတောင် ပြနေပြီပေါ့လေ။

မဲ့ရွဲ့ကာဖြင့် သူမက အထင်သေးသည့် အကြည့်ဖြင့် ရှန်းနဥ်ကို လှမ်းကြည့်လိုက်လေသည်။ “ဒီလို အကျင့်စရိုက်ရှိရမယ်လို့ ဘယ်သူက နင့်ကို သင်ထားတာလဲ”

ရှန်းနဥ်က သူမ၏ခြေလှမ်းများကို လှမ်းကြည့်လိုက်ပြီး ချန်းရှောင်ယာကို အသာအယာ လှမ်းဆွဲလိုက်ကာ တစ်ခုခု တီးတိုးပြောလိုက်ပြီးမှ သူမက နောက်ကလိုက်သွားလေသည်။

ရှန်းကျင့်ခမျာ လည်ဂုတ်များနီရဲလာသည့်အထိ အင်မတန်ရှက်ရွံ့သွားပြီး အမေဖြစ်သူကို ဆက်မပြောတော့ဖို့ ကြိုးစားပြီး တားမြစ်လေသည်။

လက်မခံလိုသည့်လီရှီက ရှန်းနဥ်သည် ခဏလေးရပ်သွားပြီးနောက် ဆက်လျှောက်သွားသည်ကို မြင်လိုက်သည်တွင် သူမ၏ဒေါသက ပိုပြီးထွက်သွားတော့သည်။

ဒီဒေါသသည် ပင်မအိမ်ထောင်၏ အိမ်ဆောက်စဥ်ကတည်းက စုပုံလာသည့်ဒေါသ ဖြစ်ပေသည်။ သူတို့ရှိပါရဲ့နှင့် ဘေးအိမ်က ချန်းမိသားစုက အသားကို နေ့တိုင်းစားရသည်။ ထိုဒေါသက ဆောင်းဦးရိတ်သိမ်းချိန်ကာလအတွင်း ပင်ပန်းတကြီးအလုပ်လုပ်ပြီး မှောင်ချိန်မှပြန်လာသည်တွင် ပင်မအိမ်ထောင်စုက အိမ်တက်ပွဲလုပ်သည်တွင် သူတို့ကိုမဖိတ်ရသည့် အကြောင်းအရင်းများကို ရွာသားများက မေးပြီး လှောင်ပြောင်သည့်အကာတွင်တော့ ဒေါသက အထွတ်အထိပ်သို့ ရောက်သွားတော့သည်။

ထိုဒေါသက ပေါက်ကွဲမည့် အနေအထားအထိ ဖြစ်လာခဲ့သည်။

စန်းလော့က ဟင်းချက်နည်းအမယ်တစ်ခု ရခဲ့ပြီး စီရင်စုတွင် ရောင်းချရန် အစားအသောက် ပြုလုပ်သည့်အကြောင်း ရွာထဲတွင် ကောလဟာလများလဲ ထွက်လာလေသည်။ အခုတော့ ချန်းမိသားစု၊ ရှီမိသားစုနှင့် လုမိသားစုတို့က အမျိုးသမီးများက စီရင်စုတွင် ဆိုင်သွားခင်းလေရာ မနက်စောစော အိမ်မှထွက်ကြပြီး နေ့လည်ခင်း ပြန်ရောက်လာကြသည်။ အားလုံးက ထိုအရာကို သတိထားမိကြလေသည်။

ထိုအကြောင်းကို ပြန်စဥ်းစားကြည့်လိုက်တော့ ချင်ဖန်းညန်က စန်းလော့နောက်သို့ လိုက်သည်က အစပြုလေသည်။ ထို့နောက်တွင် ရှီမိသားစုနှင့်လုမိသားစုတို့က စန်းလော့ကို အိမ်ဆောက်ကူပေးရာမှ သူ သူမနှင့်လက်တွဲခဲ့သည်။ သည်ကိစ္စတွင် စန်းလော့က အဓိကနေရာမှ ပါဝင်နေသည်က သိသာပေသည်။

လီရှီက ရှန်းမိသားစု၏မိသားစုဝင် ဖြစ်သော်လည်း ဘာအကျိုးအမြတ်မှ မရလိုက်ဘဲ ချန်းရှီ၏ အမြဲတမ်းရွှင်လန်းနေသည့် အမူအရာကြောင့် စိတ်အနှောက်အယှက် ဖြစ်ရကာ မုန်းတီးမိသလို ခံစားရတော့သည်။

ဒီအခိုက်တွင် လီရှီက ပင်မအိမ်ထောင်စုနှင့် ပတ်သတ်ပြီး ကျေနပ်စရာတစ်ခုမှ မတွေ့သလို ချန်းမိသားစု လုမိသားစု ရှီမိသားစု ပင်မအိမ်အတွက် အလုပ်လုပ်ပေးခဲ့သည့် သူမ၏သားကိုပင် အပြစ်မြင်မိတော့သည်။ ရှန်းနဥ်ကို ဘာမှမလုပ်နိုင်သဖြင့် သူမက သားဖြစ်သူက လှမ်းအတားတွင် အင်္ကျီလက်ကို ဆွဲကာ ဖတ်ခနဲ ရိုက်လိုက်တော့သည်။

ရှန်းကျင့်က နာကျင်သဖြင့် နောက်သို့တွန့်သွားပြီး ရှန်းနဥ်ထွက်သွားသည်ကို မြင်လိုက်တော့မှ ဝေ့လည်ဝေ့လည် လုပ်မနေတော့ဘဲ မျက်လုံးနီများဖြင့် သူ့အခန်းထဲသို့ ပြန်သွားတော့သည်။

ရှန်းယင်နှင့်ရှန်းထျယ်တို့က သူ့နောက်မှ တိတ်တိတ်လေး လိုက်လာကြသည်။

"ကိုကြီး ဒုတိယအစ်ကိုရဲ့ အိမ်အပြင်ဘက်မှာ ကျောက်တုံးပုံတွေရှိတယ်လို့ အစ်ကိုပဲပြောခဲ့တာ မဟုတ်လား၊ ငါတို့တွေ ဒီနေ့ သွားကောက်ပြီးရင် သွားပို့ပေးမှာမဟုတ်လား၊ ငါတို့တွေ အခုသွားကြမလား"

စိတ်ဆင်းရဲနေသည့် ရှန်းကျင့်မှာ ဖျာအောက်က ကောက်ရိုးတစ်မျှင်ကို ဆွဲလိုက်ပြီး

"ဟင့်အင်း ငါမသွားဘူး၊ သူတိုနဲ့မျက်နှာချင်းဆိုင်ရမှာ အရမ်းရှက်ဖို့ ကောင်းတယ်လေ"

ရှန်းနဥ်က လမ်းတွင် သူမအဒေါ်ဆီမှ ကြားခဲ့သည့် သရောသည့်မှတ်ချက်ကို စိတ်ထဲတွင် မထည့်နေချေ။ သူမ၏ ယောင်းမဖြစ်သူကို စိတ်အနှောက်အယှက် မဖြစ်လိုသဖြင့် သူမက အိမ်တွင် ထိုအကြောင်းကို ထုတ်မပြောခဲ့ချေ။

ချန်းအဘွားတို့အုပ်စုက မြန်မြန်ရောက်လာပြီး အဘွားလု ရှီအာ့လန်၏မိန်းမ လုမိသားစုက လုသာ့ညိုလို့ခေါ်သည့် မိန်းကလေးတို့ ပါလေသည်။

အဘွားလုက စန်းလော့အတွက် ပဲနှစ်ပန်းကန်ကြီး တစ်ပန်းကန် သခွားသီးနှင့်တရုတ်ပန်းဂေါ်ဖီတို့ကို လက်ဆောင်အဖြစ် ယူလာပေးလေသည်။

ရှားရှားပါးပါး မိုးရွာပြီးနောက်တွင် ရွာကအမျိုးသမီးများသည် မှိုခူးရန် တောထဲသို့သွားကြလေ့ရှိသည်။ စန်းလော့က ဒီခရီးတွင် အဘွားချန်းနှင့် ရွာကတခြားအမျိုးသမီးများနောက် လိုက်ခဲ့လေသည်။

အမျိုးသမီးကြီးနှစ်ယောက်၏ လမ်းညွှန်ချက်ဖြင့် သူတို့သည် မရင်းနှီးသည့် နယ်မြေများဆီသို့ သွားခဲ့ကြသည်။ ရွာထဲတွင် နှစ်ပေါင်းများစွာ နေလာခဲ့သည့် အဘွားကြီးများက တောင်ပတ်ဝန်းကျင်အကြောင်းကို ကောင်းကောင်းသိထားကာ သူတို့ အစောပိုင်းက မှိုတွေ့ခဲ့သည့်နေရာသို့ သွားသည့်လမ်းကို ခေါ်လာခဲ့ကြသည်။

မြွေနှင်ဆေးနှင့် အမျိုးသမီးအများအပြားပါသဖြင့် သူတို့တွေက တခြားရွာက အမျိုးသမီးများထက် တောထဲသို့ ပိုနက်အောင်ဝင်သွားလိုက်ကာ ပိုပြီးများပြားသည့် ရလာဒ်ကို ရရှိခဲ့လေသည်။

သူတို့သည် နှင်းမှို ထင်းရှူးမှို ကောက်ရိုးမှို ကြွက်နားရွက်မှိုအပြင် စန်းလော့ အထူးတလည် တောင့်တနေသည့် တန်ဖိုးကြီးလှသည့် ဟွိုင်ကူး မှို စသည့် မှိုအမျိုးမျိုးကို ခူးခဲ့ကြလေသည်။

မှိုများက အစုလိုက်အပြုံလိုက် ပေါက်တတ်ကြပြီး အိုဟောင်းနေသည့်သစ်ပင်နှင့် ထင်ရှူးပင်များအောက်တွင် ပြန့်ကျဲနေအောင်ပေါက်တတ်ကာ အထူးသဖြင့် မိုးတစ်ည ရွာပြီးနောက်တွင် ပိုများလေသည်။

လူခြောက်ယောက်အဖွဲ့က သူတို့သည် ရတနာသိုက်တစ်ခုကို မတော်တဆ တွေ့လိုက်မိသယောင် ဝမ်းသာအားရဖြင့် မှိုများကို ခူးဆွတ်ကြတော့သည်။

အသက်အရွယ်ကြီးရင့်သော်လဲ အဘွားချန်းက သိသိသာသာ သွက်လက်ပြီး မျက်စိလျင်လေသည်။ စန်းလော့ကဲ့သို့ပင် မှိုအများကြီးကို ခူးဆွတ်နိုင်ခဲ့သည်။ အဘွားလုကလည်း တော်တော်လေး ကျွမ်းကျင်မှုရှိသည်။ ၁၀နှစ်အရွယ်သာ့ညိုနှင့် ၉နှစ်အရွယ်ရှန်းနဥ်တို့ကလည်း နောက်က လိုက်နိုင်ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ရှီအာ့လန်၏မိန်းမတစ်ယောက်ကသာ နောက်တွင် အနည်းငယ် ကျန်ရစ်ခဲ့လေသည်။

သူတို့သည် လမ်းတလျှောက်တွင် အများအပြား စုဆောင်းမိကြသည်။ အဘွားကြီးနှစ်ယောက်က ပြုံးရွှင်နေကြသည်။ တနေရာတွင် ခူးဆွတ်ပြီးနောက် သူတို့က စန်းလော့နှင့်တခြားသူများကို နောက်ထပ် ထင်ရှူးတောဆီသို့ ခေါ်သွားလေသည်။ လမ်းတလျှောက်တွင် သူတို့က စွန်ပလွန်သီးများကို ကောက်ကြပြီး တချို့ကို စန်းလော့၊ ရှန်းနဥ် နှင့် သာ့ညိုတို့အား ပေးလိုက်ကာ ထိုအသီး၏ ချဥ်ပြုံးပြုံးအရသာ အကြောင်းကို မှတ်ချက်ပေးနေလေသည်။

သူတို့က သူတို့မြေးများအတွက် ယူပြန်ပေးဖို့ စွန်ပလွန်သီး အပိုနောက်ထပ်ကို ကောက်ခဲ့လေသည်။

သူတို့၏ဥပမာကိုယူကာ သာ့ညိုကလဲ နည်းနည်းလောက်စားလိုက်ပြီး သူမအိတ်ကပ်ထဲသို့ လက်တစ်ဆုပ်အပြည့် စုဆောင်းလိုက်ကာ သူမ၏ မောင်လေးများအတွက် အိမ်ယူပြန်လေသည်။

ရှန်းနဥ်ကလဲ စွန်ပလွန်သီးများကို ကောက်ခဲ့ပြီး သူမ၏အိတ်ထဲတွင် ထည့်ထားလိုက်သည်။ မြေကြီးပေါ်တွင် ကျဲပြန့်နေသည့် စွန်ပလွန်သီးများကိုကြည့်ရင်း သူမက ရှေ့ဆက်သွားဖို့ရန် ခက်ခဲနေရာ ထိုအသီးအားလုံးကို သူမ၏ခြင်းလေးထဲသို့ အားလုံး ကောက်သွားချင်နေလေသည်။ စန်လော့က သူမကို တားမြစ်ဟန်ဖြင့် လက်ကို အသာအယာ ဆွဲညှစ်လိုက်သည်။ ရှန်းနဥ်ကလဲ ထူးဆန်းသည့် အမူအရာတစ်ခု မပြမိအောင် သတိထားမိလိုက်လေသည်။

စန်းလော့က နတ်သမီးသစ်ပင်၊ စွန်ပလွန်သီး၊ ဝဥပင်များရှိရာနေရာကို စိတ်ထဲတွင် မှတ်ထားလိုက်ပြီး နောင်တနေ့သုံးဖို့အတွက် စွန်ပလွန်သီးကို စုဆောင်းရန်နှင့် နတ်သမီးသစ်ပင်မှအရွက်များကို ခူးဆွတ်ရန် ညနေ့ခင်းကျမှ တိတ်တိတ်လေး ထပ်လာမည်ဟု စဥ်းစားထားလိုက်သည်။

ဝဥများကတော့ မြေကြီးပေါ်တွင် ပျက်စီးသွားခြင်းမရှိသဖြင့် ဘယ်သူမှလဲ မလိုချင်သဖြင့် စန်းလော့က မှိုများကို စိတ်ကြိုက်ခူးဆွတ်ပြီးမှ ပြန်လာတူးမည်ဟု စီစဥ်ထားလိုက်သည်။ သူမက ဒေသခံလူအဖွဲ့အစည်းက အဆိပ်တစ်ခုဟု နားလည်လက်ခံထားသည့် တစ်စုံတစ်ရာကို တူးနေသည်အား မမြင်အောင် သတိထားရလေသည်။

အဘွားကြီးနှစ်ယောက်၏ ဦးဆောင်မှုဖြင့် သူတို့သည် မနက်ခင်းအချိန်တဝက်မှာပင် ခြင်းအပြည့်ဖြစ်သွားတော့သည်။ သို့သော် သူတို့သည် တော်တော်လေး တောထဲသို့နက်လာပြီ ဖြစ်သဖြင့် ရှေ့သို့ ဆက်ပြီးမသွားရဲကြတော့ချေ။

အဘွားလုက ပြန်ဖို့ အကြံပေးလေသည်။

"ပြန်ကြမယ် ငါတို့တွေ ထပ်မသယ်နိုင်ကြတော့ဘူး နေထွက်လာရင် အိမ်ပြန်ပြီးတော့ ဒါတွေကို အခြောက်ခံကြမယ်"

စန်းလော့က စိတ်ဝင်တစား မေးလိုက်လေသည်။

"သူတို့တွေကို တာရှည်ခံပစ္စည်းအဖြစ် ထားဖို့ အခြောက်ခံမှာလား"

အဘွားလုက ခေါင်းငြိမ့်ပြသည်။

"သူတို့တွေကို တစ်ခါတော့ လတ်လတ်ဆတ်ဆတ်လေး ချက်စားမယ်၊ ကျန်တာကိုတော့ ဆောင်းတွင်းအတွက် အခြောက်ခံထားမှာ"

စန်းလော့က သူမ အများကြီးခူးလာခဲ့သည့် ဟွိုင်ကူး ခေါင်းလောင်းမှိုအကြောင်းကို စဥ်းစားလိုက်၏။ သူတို့ကို အခြောင်ခံလိုက်လျှင် အလကားဖြစ်သွားတော့မှာပဲ။ သူတို့ရဲ့လတ်လတ်ဆတ်အရသာက အခြောက်ခံတဲ့အရသာထက် အများကြီး ပိုကောင်းတာလေ။

သူမက အဆိုပြုလိုက်လေသည်။

"ကျွန်မကတော့ ကြွက်နားရွက်မှိုတွေကိုဘဲ အခြောက်ခံမယ် ဒါပေမဲ့ ဒီလတ်လတ်ဆတ်ဆတ်မှိုတွေကတော့ စျေးကောင်းတစ်ခုရသင့်တယ်၊ ကျွန်မကတော့ ဒါတွေကို စီရင်စုကိုယူသွားဖို့ စဥ်းစားထားတယ်၊ တုန်းဖူစားသောက်ဆိုင်က ဒါတွေကိုဝယ်ဖို့ စိတ်ဝင်စားမလား သွားပြကြည့်ချင်တယ်"

ဒါတွေကို အရသာရှိတဲ့ဟင်းလျာတွေလို့ သတ်မှတ်ကြတယ်လေ။ တုန်းဖူစားသောက်ဆိုင်ရဲ့ မျက်နှာချင်းဆိုင်က စားသောက်ဆိုင်ရဲ့ မာနကြီးလွန်းတဲ့ စာဖိုမှူးကတောင် တောထွက်ဟင်းလျာတွေက စားသောက်ဖို့တန်တယ်လို့ ပြောတယ်။ ဒီစားသောက်ဆိုင်တွေက ဒီလိုပစ္စည်းမျိုးကို သေချာပေါက် ဝယ်လိမ့်မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။

စန်းလော၏စိတ်ကူးကို ကြားလိုက်ကြသည်တွင် တခြားသူတွေကလဲ စိတ်ဝင်စားသွားသည်။ သို့သော် အဘွားချန်းကတော့ စဥ်းစားလေသည်။

"တုန်းဖူစားသောက်ဆိုင်က ဒါတွေအားလုံးကို တကယ်ဘဲဝယ်ပါ့မလား"

စန်းလော့ကလဲ သေချာတော့မသိချေ၊သို့သော် အကြံပေးလိုက်၏။

"ဒါတွေကို ယူသွားပြီးစမ်းကြည့်ကြတာပေါ့၊ သူတို့တွေ ဝယ်တယ်ဆိုရင်လဲ ကောင်းတာပေါ့၊ မဝယ်ဘူးဆိုရင်လဲ ကျွန်မတို့က စျေးထဲမှာ တခြားဆိုင်တွေဆီ မြန်မြန်ယူသွားလို့ရတယ်လေ၊ ဒါတွေကို အဲဒီ့မှာရောင်းလို့ရမှာပါ"

အဘွားချန်းက သဘောတူလိုက်သည်။

"စိတ်ကူးကောင်းတယ် ငါတို့တွေ အခု သွားကြမလား"

ကျေးလက်ဒေသများတွင် ဒီလိုတောထွက်ပစ္စည်းများကို စုဆောင်းသူတွေက စားသုံးသည်ထက် ငွေအတွက် ရောင်းချသည်က ပိုများလေသည်။

အဘွားချန်းက သူတို့နှင့်အတူ လိုက်မည်ဟုဆုံးဖြတ်လိုက်သည်တွင် အဘွားလုကလဲ သွားဖို့ သဘောတူလိုက်သည်။

"ငါတို့တွေ အချိန်မှီမသွားရင် အလွန်ဆုံးနေ့တစ်ဝက် လမ်းလျှောက်ပြီး အချိန်ကုန်တယ်ပေါ့၊ သူတို့ကို ပြန်သယ်လာလိုက်ရုံဘဲ၊ ကြီးကြီးမားမား ဆုံးရှုံးတာမျိုးမရှိပါဘူး"

မိသားစုလေးခုတွင် သုံးခုက သွားဖို့ဆုံးဖြတ်လိုက်သည်။ကျွမ်းကျင်ကြသည့် အဘွားချန်းနှင့်အဘွားလုတို့ ခေါင်းဆောင်မှုအောက်တွင် သူတို့သည် တောင်များကို ကျော်ဖြတ်လာပြီး စန်းလီရွာသို့သွားသည့် ဖြတ်လမ်းကိုလျှောက်လာကာ အကွာအဝေးက တဝက်လောက် သက်သာသွားလေသည်။

ဒါသည် အမှန်ပင် မြန်ဆန်သည့် ခရီးတစ်ခုဖြစ်သွားသည်။

လမ်းတွင် သူတို့က ချန်းလျိုထန်းနှင့်တခြားသူများကို မမျှော်လင့်ဘဲ တွေ့ခဲ့ရသည်။ တစ်ယောက်ချင်းစီက မနက်ခင်းက သူတို့၏မိန်းမများနှင့်ခယ်မများကို စီရင်စုသို့သွားပို့ပေးလိုက်ပြီး ဆန်တစ်အိတ်စီသယ်ကာ ပြန်လာကြလေသည်။

နှင်းမှုန်များက မရှင်းလင်းသေးရာ သူတို့သည်စီရင်စုသို့ မဝင်နိုင်သေးချေ။ ထို့ကြောင့် သူတို့၏ ဆွေမျိုးများကို ချပေးခဲ့ပြီးနောက် သူတို့က စန်းလီရွာက အထွေထွေကုန်စုံဆိုင်မှ စပါးဝယ်ရင်း မိုးခိုကာ တထောက်နားလိုက်ကြသည်။ ထို့နောက်တွင်မှ သူတို့သည် ပြန်လာခဲ့ကြလေသည်။

သူတို့ကို တွေ့လိုက်သည်တွင် စန်းလော့က ချန်းယိုထန်းကို အလျင်စလို နှုတ်ဆက်လိုက်သည်။ သူတို့သည် မှိုသွားရောင်းဖို့ စီရင်စုသို့သွားလိုက်ကာ အိမ်ပြန်နောက်ကျမည်ဟု ရှန်းအန်းဆီသို့ အကြောင်းကြားခိုင်းလိုက်လေသည်။

ရှန်းအန်းကို အကြောင်းမကြားမိလျှင် ကောင်လေးက စိတ်ပူလို့မဆုံးနိုင်ဖြစ်ကာ သူတို့က တောထဲကပြန်မလာသေးဟု စဥ်းစားမိပေလိမ့်မည်။

...

All Chapters