← Chapters

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အခန်း (၇၁-၇၂)

Vol. 8 Ch. 71-72

အပိုင်း(၇၁) "စီရင်စုက လှလိုက်တာ အစ်ကိုရယ်"

တုန်းဖူစားသောက်ဆိုင်တွင် မီးဖိုချောင်ရှိ စားဖိုမှူးယွီသည် မှိုများဝယ်ပိုင်ခွင့်ရှိ၏။

အစောပိုင်းက စန်းလော့၏ဟင်းချက်နည်းများ လဲလှယ်ပေးသောကြောင့် ကျေးဇူးတင်ကာ အခြောက်ခံရန် ရွေးချယ်ထားသော ကြွက်နားရွက်မှိုအနည်းငယ်မှလွဲ၍ သူမ ယူလာသောမှိုများအားလုံးကိုဝယ်ရန် အဆင်သင့် သဘောတူလိုက်သည်။

ခြင်းနှစ်ခြင်းသည် ပေါင် ဒါဇင်များစွာအလေးချိန်ရှိ၏။ မျိုးကွဲများစွာရှိသော်လည်း စားသောက်ဆိုင်၏လိုအပ်ချက်အတွက် လုံလောက်ရုံမျှ အနိုင်နိုင်ရှိသော ပေါင် အနည်းငယ်ထက် ဘယ်ဟာမျှမပိုပေ။

အတော်အသင့်ပမာဏသည် စားသောက်ဖွယ်စာရင်းသွင်းရန်ပင် မလုံလောက်ပေ။

စားဖိုမှူးယွီထံမှ ဤအကူအညီသည် စန်းလော့၏စီးပွားရေးကို အထောက်အပံ့ပေးသည့် ထင်ရှားသောအမူအရာဖြစ်သည်။

သာမန်ကောက်ရိုးမှိုများမှာ ဈေးသက်သာပြီး တစ်ပေါင်လျှင် ဝမ်အနည်းငယ်သာ ပေးရသည်။ သို့သော် ခေါင်းလောင်းပုံမှိုနက်ကဲ့သို့သော အခြားမှိုများမှာ ဈေးကောင်းရပြီး စားဖိုမှူးယွီသည် တစ်ပေါင်လျှင် ၁၂ ဝမ်ပေး၏။

စန်းလော့က အထူးသဖြင့် သူမ စိတ်အားထက်သန်စွာစုဆောင်းခဲ့သော ခေါင်းလောင်းပုံမှိုနက်များအတွက် ဈေးရ‌သောကြောင့် စိတ်ကျေနပ်သွားလေသည်။ သူမနှင့် ရှန်းနဉ်၏ခြင်းတောင်းများက စုစုပေါင်းဝင်ငွေသည် ၂၈၃ ဝမ်ဖြစ်သည်။

စန်းလော့က မြို့တံခါးအပြင်ဘက်ရှိရွာသားအချို့သည်လည်း စားဖိုမှုးယွီ အလွယ်တကူ ဝယ်ယူရန်သဘောတူထားသည့် နောက်ထပ် ခြင်းလေးခုပါသည့်မှိုများကို စုဆောင်းထားကြကြောင်း ပြောလိုက်လေသည်။

"ဟုတ်ပြီ၊ အဲ့တာတွေကို ဝယ်လိုက်မယ်။ ငါတို့မှာအလုံအလောက်မရှိလို့ အမှာစာအနည်းငယ်ပြီးတာနဲ့ စားဖွယ်စာရင်းထဲကနေ ထုတ်ပစ်လိုက်တော့မလို့ စဉ်းစားနေတာ"

သူက စန်းလော့ပါလာသည့်ခြင်းတောင်းများကို ကူသယ်ရန် ပန်းကန်ဆေးနေသောကောင်လေးကို လှမ်းခေါ်လိုက်လေသည်။

……

ဝင်ခွင့်ကတ်ပြားမရှိသောကြောင့် မြို့ထဲသို့ဝင်ရန်အဆင်မပြေသည့် သူတို့ရွာမှ လူအုပ်စုသည် မြို့တံခါးဝတွင် စိတ်အားထက်သန်စွာစောင့်မျှော်နေကြပြီး စန်းလော့ကို မြင်တော့ သိသိသာသာပင်စိတ်လှုပ်ရှားနေကြသည်။

မြို့တံခါးဝ အတွင်းနှင့်အပြင်ကြားတွင် ပစ္စည်းများဖြတ်သန်းခွင့်ပြုထားပြီး မြို့စောင့်များသည် ပူးပေါင်းဆောင်ရွက်ပေးကြ၏။ စန်းလော့က အမျိုးသမီးချန်းနှင့်အမျိုးသမီးရှီ၏ ဒုတိယချွေးမဆီမှ ယူလိုက်ပြီး ထိုအချိန်တွင် ကောင်လေးသည် အဘွားလုနှင့် လုသညိုတို့ကို ကူညီနေသည်။

တန်းစီချိန်တွယ်ပြီးနောက် အဘွားချန်းနှင့် ရှီမိသားစု၏‌ဒုတိယချွေးမတို့သည် ၁၉၀ ဝမ် နှင့် ၁၄၉ ဝမ် အသီးသီးရရှိကြပြီး ခြင်းတောင်းနှစ်ခုဖြင့် အဘွားလုနှင့်မြေးမလေးတို့သည် ၂၉၆ ဝမ် ရရှိလေသည်။

ငွေပေးချေရန်အတွက် စင်အရှေ့တွင် စန်းလော့သည် မိသားစုသုံးစုအတွက်ငွေများကို ခွဲခြမ်းကာ သူမ၏ကိုယ်ပိုင်ဝေစုကို မတောင်းဆိုဘဲ ၂၈၃ဝမ်ကိုလက်ခံရယူမည့်အစား တုန်းဖူစားသောက်ဆိုင်အား ပြန်ဆပ်ရန်စဉ်းစားနေလေသည်။

ဆိုင်တာဝန်ခံရွှီ မရှိတော့သဖြင့် စန်းလော့လည်း အချိန်ဆွဲမနေတော့ပေ။ ငွေကိုင်နှင့် စားဖိုမှူးယွီကို ကျေးဇူးတင်စကားပြောလိုက်ပြီးနောက် ခြင်းတောင်းအလွတ်၆ခုကို ကိုင်ကာ တုန်းဖူစားသောက်ဆိုင်မှ ထွက်လာလေသည်။

သူမသည် မြို့တံခါးဝအပြင်ဘက်ရှိမိသားစုသုံးစုအား ပိုက်ဆံပေးဝေလိုက်၏။ အဘွားလုသည် အထူးသဖြင့် ဝင်ငွေအများဆုံးရသောကြောင့် စိတ်လှုပ်ရှားနေသည်။

စန်းလော့၏အကူအညီကြောင့် သူတို့၏ပိုင်ဆိုင်မှုကိုတွက်ဆရင်း ဆန်၂ပြည်ကျော်ဝယ်ရန် လုံလောက်သည်ဟု မှတ်ချက်ချကာ အဘွားချန်းသည်လည်း ဝမ်းသာနေ၏။

အဘွားလုနှင့်ရှီမိသားစုမှ ဒုတိယချွေးမတို့သည် စန်းလော့ကို နွေးထွေးစွာဖြင့်ကျေးဇူးတင်လိုက်ကာ သူတို့၏မျက်လုံးများ မှိတ်လုမတတ်ပြုံးပြလိုက်လေသည်။

ရှီမိသားစုဒုတိယချွေးမ၏ လေးစားမှုနှင့်အားကျမှုတို့မှာ မျက်နှာတစ်ခုလုံးတွင် ရေးထားလုမတတ်ပင်ဖြစ်နေသည်။

"စန်းလော့၊ နင်က တစ်ကယ်ကိုလုပ်နိုင်တာပဲနော်။ နင်က ဒီကို ခဏပဲရောက်ဖူးတာဆိုပေမယ့် မြို့ထဲက တည်းခိုခန်းပိုင်ရှင်တွေနဲ့သိတယ်။ ငါတော့ ဒီမှာ ကလေးဘဝထဲကနေလာတာဆိုပေမယ့် စီရင်စုမြို့ကို မရောက်ဖူးသလောက်ပဲ။ လမ်းတွေကိုတောင် သိပ်မသိဘူး"

ရှီမိသားစုဒုတိယချွေးမ၏ လေးစားမှုမှာ အစစ်အမှန်ဖြစ်သည်။ စန်းလော့သည် သူမအား "အဒေါ်"ဟု ခေါ်သော်လည်း သူမမှာ ၂၄နှစ်သာရှိသေးပြီး စန်းလော့ထက်အသက် သိပ်မကြီးပေ။

သူမက သူ့ယောင်းမထက်ပင် စန်းလော့အား အမြဲအထင်ကြီးနေလေသည်။ စန်းလော့သည် သူမအား ထင်ရှားသိသာသော ၁၄၉ဝမ်ရအောင်ကူညီပေးခဲ့သည့် မြို့၌ ယနေ့မှိုခူးရောင်းခြင်းလုပ်ငန်းသည် သူမအား စန်းလော့နှင့် ပိုမိုရင်းနှီးစေသည်။

စန်းလော့နှင့်ပိုမိုရင်းနှီးလာသည်ဟုခံစားရသော သူမက ချဉ်းကပ်ပြီး မေးလိုက်၏။

"ငါတို့အားလုံးက နင့်ကို စန်းလော့လို့ခေါ်ကြတယ်။ ဒါပေမယ့် နင့်ရဲ့ကိုယ်ပိုင်နာမည်က ဘာလဲ"

စန်းလော့က သူမ၏ချဉ်းကပ်မှုကို ပြုံးလိုက်၏။

"ကျွန်မကို စန်းလော့လို့ပဲခေါ်ပါတယ်။ မိသားစုကတော့ အားလော့လို့ခေါ်တယ်"

ရှီမိသားစုဒုတိယချွေးမသည် ပြုံးလိုက်၏။

"ဒါဆို ငါလည်း အားလော့လို့ပဲခေါ်မယ်။ အဲ့တာက ပိုရင်းနှီးသလိုခံစားရတယ်။ အဒေါ်က တစ်ကယ်တော့ နင့်ထက်အသက် သိပ်မကြီးပါဘူး။ မျိုးဆက်ကြောင့်သာ အကြီးဖြစ်နေတာ"

စန်းလော့သည် သူမ၏ယခင်ဘဝထက်ငယ်ပြီး ၂၄နှစ် သို့မဟုတ် ၂၅နှစ်သာရှိပုံပေါ်သည့် ရှီမိသားစုဒုတိယချွေးမကို သတိပြုမိ၏။

သူမက ရွှင်မြူးစွာတုန့်ပြန်လိုက်လေသည်။

"ရတာပေါ့ အဒေါ်၊ ကျွန်မကို အားလော့လို့ခေါ်လို့ရပါတယ်"

အပြန်လမ်းတွင် ရှီမိသားစု၏ဒုတိယချွေးမသည် အဆက်မပြတ် စကားစမြည်ပြောနေပြီး သူမကို အားလော့ဟု ချစ်စနိုးခေါ်ကာ စန်းလီရွာမှနောက်ဆုံးရထားသည့် အတင်းအဖျင်းများကို မျှဝေနေ၏။

အတင်းအဖျင်းပြောလာသောအခါ ရှီမိသားစု၏ဒုတိယချွေးမသည် စန်းလီရွာတွင် ပြိုင်ဘက်ကင်းဖြစ်နေသည်။

သူမသည် ထူးထူးခြားခြား ကောင်းစွာမသိသော်လည်း

အသက်ဝင်ပြီး ကွက်ကွက်ကွင်းကွင်း ပြောတတ်ခြင်းက သူမ၏အတင်းအဖျင်းစကားကို အထူးစွဲဆောင်မှုရှိစေ၏။

သူမက ကျိုးရွာတွင် စပါးဈေးတက်ခြင်းနှင့်ပတ်သက်သည့် လတ်တလောသတင်းများကို စန်းလော့နှင့်အဘွားချန်းတို့ကိုမျှဝေလိုက်သည်။

"မနေ့ညက ညစာစားပြီးတော့ လမ်းလျှောက်ထွက်တုန်း အားလော့ရဲ့ဦးလေးရှန်း ၊ ရှန်းစန်းလို့ပြောတာ၊ သူက လယ်တွေထဲကနေ ပြန်ရောက်လာစပဲ ရှိသေးတယ်၊ လမ်းမှာရှိတဲ့ စပါးဈေးတက်ကြောင်းနဲ့ ငတ်မွတ်ခေါင်းပါးတဲ့အကြောင်းပြောပြီး စပါးသိုလှောင်ဖို့အကြံပေးနေတဲ့ ကျိုးရွာသူကြီးဆီကိုပြေးသွားတယ်လေ။ နင့်ရဲ့ဦးလေးဘယ်လိုတုံ့ပြန်လဲဆိုတယ ခန့်မှန်းကြည့်စမ်း..."

သူမသည် အကျိုးဆက်အတွက်ဆိုင်းငံ့သွား၏။

စန်းလော့ ခန့်မှန်းလိုက်သည်။

"သာယာစရာတစ်ခုမှတော့ မရနိုင်လောက်ဘူး"

ရှန်းစန်းသည် ရွာထဲတွင် ကျေးဇူးမသိတတ်ခြင်းနှင့်နာမည်ပျက်ကြောင့် လူသိများ၏။

ရှီမိသားစု၏ဒုတိယချွေးမသည် ဝမ်းသာသဖြင့်လက်ခုပ်တီးလိုက်၏။

"သေချာတာပေါ့။ နင်ကြည့်ရအောင် ငါ သူ့ပုံစံ လိုက်တုပြမယ်"

လည်ချောင်းရှင်းလိုက်ရင်း လမ်းလျှောက်နေသည်ကို ရပ်လိုက်ကာ သူမဘက်ကို တန်းပြန်လာပြီး မေးစေ့ကိုတင်းတင်းစေ့ကာ မျက်လုံး‌မှေးပြီးသရော်‌ပြုံးဖြင့် အသွင်ကိုတုပပြလိုက်၏။

"ကျိုးရွာသူကြီး၊ ဘာတွေ အဓိပ္ပာယ်မရှိတာပြောနေတာလဲ။ ကျွန်တော်တို့က လယ်သမားတွေလေ။ စပါးဈေးတွေတက်နေတဲ့အချိန် ရောင်းမှာ၊ မဝယ်ဘူး။ အစာလျှော့စားနိုင်တယ်။ နောက်နှစ်ဆောင်းဦးမှာရော စပါးအသစ် မရနိုင်တော့လို့လား။ ဒါက ငွေကို ဖြုန်းတီးနေတာပဲ"

သူမသည် ထေ့ငေါ့ခြင်းနှင့် သရော်မှုကြားတွင် ရစ်ဝဲနေသော ရှန်းစန်း၏ဒွိဟဖြစ်စေသည့် အသံအနေအထားကို လုံးဝအမိအရ တုပနိုင်လေသည်။

အမျိုးသမီးချန်းက ပြုံးလိုက်၏။

"ဒါက တော်တော်လေးကို တူတာပဲ"

ရှီမိသားစု၏ဒုတိယချွေးမသည် ပြုံးလိုက်၏။

"တိကျရမယ်လေ၊ ကျွန်မက အဲ့မှာရှိနေတာကိုး။ ကျိုးရွာသူကြီးက သူ့ကို ခဏလောက်စိုက်ကြည့်လိုက်ပြီး ခေါင်းခါလိုက်ပြီး ဖြစ်လာနိုင်တဲ့ အကြောင်းအရာကိုပဲပြောပြီး ထွက်သွားတယ်လေ"

"ဒါက အံ့ဩစရာတော့ မဟုတ်ပါဘူး။ အဲ့လိုကိစ္စတွေကို အသိပေးတာတောင် ကြင်နာမှုတစ်ခုဖြစ်နေပါပြီ။ ညည်းညူနေတာတွေကို ဘယ်သူက နားထောင်မှာလဲ"

အငယ်ဖြစ်သောစန်းလော့က တတိယမိသားစုနှင့် ပါဝင်မပတ်သက်ချင်ဘဲ ရိုးရိုးလေးပြုံးလိုက်ပြီး အကြောင်းအရာကို ပြောင်းလိုက်၏။

" မနေ့က ကျိုးရွာသူကြီးရဲ့ သတိပေးချက်က ဝယ်သူအများကြီးကို စပါးဝယ်ဖို့ဆွဲဆောင်နိုင်လား"

အမျိုးသမီးချန်းက ခေါင်းခါလိုက်၏။

"ငါတို့မိသားစု ငါးစုကလွဲပြီး ရွာထဲက ဘယ်သူမှ စပါးမသိုလှောင်ကြဘူး"

အများစုမှာ ရှန်းစန်းနှင့်တူညီသော အတွေးအခေါ်ရှိသော်လည်း ရှန်းစန်းသည် သူ့အားကူညီရန်ကြိုးစားသူများကို ခါးခါးသီးသီး ငြင်းဆန်မည်ဟုထင်ပါသည်။

စန်းလော့က သက်ပြင်းချလိုက်၏။

"ကျွန်မလည်း အလကားနေရင်း သတိလွန်ကဲတာမျိုးပဲ ဖြစ်ချင်ပါတယ်"

"အဲ့တာက ပိုက်ဆံဖြုန်းတီးတယ်ဆိုရင်တောင်မှပေါ့"

အများအားဖြင့် ရှီမိသားစု၏ ဒုတိယချွေးမသည် စိတ်ဓာတ်ကျပုံပေါ်သည်။

"အတိအကျပဲ။ ဒီနှစ်မှာ နောက်နှစ်အတွက်အခွန်ဆောင်ပြီးရင်တော့ သူတို့ထပ်မတောင်းလောက်ဖူးလို့ မျှော်လင့်ပါတယ်။ နေ့တိုင်းစားဖို့တောင် ခက်ခက်ခဲခဲ ရုန်းကန်နေရတာ။ ဒီနှစ်မှာ ငါစားခဲ့တဲ့အကောင်းဆုံးအစားအစာက စားသောက်ပွဲတုန်းက အားလော့၊ နင့်ရဲ့အိမ်မှာပဲ"

ဝမ်းနည်းညှိုးငယ်နေသောစိတ်ကို သတိပြုမိသည့် စန်းလော့က ပြုံးပြီး စကားဝိုင်းကိုထိန်းလိုက်၏။

"မနေ့ညက မိုးရွာထားလို့ နောက်ရက်နည်းနည်းလောက်ကြာရင် တောင်ပေါ်မှာ မှိုတွေပိုပေါက်လာလိမ့်မယ်။ ဒီနေ့လည်မှာ နည်းနည်းလောက် သွားခူးကြမလား။ မနက်ဖြန် ဒါတွေကိုမြို့ကိုသယ်ဖို့ အဒေါ်တို့ကို တောင်းဆိုလို့ရနိုင်တယ်။ တို့ဟူးပို့တဲ့အချိန်ကျရင် ဦးလေးယိုထျန်းရဲ့‌မိန်းမက တုန်းဖူစားသောက်ဆိုင်မှာ မေးပေးလို့ရတယ်။ သူတို့မဝယ်ဘူးဆိုရင်လည်း ဈေးမှာရောင်းလို့ရတယ်"

အဘွားလုက သဘောတူလိုက်၏။

"ကောင်းလိုက်တဲ့အကြံ။ အဲ့ကနေ ငွေတစ်ချို့ရှာလို့ရတာပဲ။ အဲ့တာတွေကိုမရောင်းနိုင်ရင်တောင် ဆောင်းရာသီအတွက် အခြောက်ခံလို့ရတယ်။ ကောင်းကင်ဘုံက ပေးတဲ့ကောင်းချီးတစ်ခုပဲ။ ဒါကြောင့် အသုံးမချဘဲ မဖြုန်းတီးသင့်ဘူး"

အဘွားချန်းလည်း ပြုံးကာ အကြံပြုလိုက်၏။

"‌တောင်ပေါ်လမ်းကနေ ဘာလို့မပြန်ကြတာလဲ။ လမ်းနဲ့နီးတဲ့ တောင်တန်းတွေနားကနေ လျှောက်လို့ရတယ်လေ။ ဒီနေရာတွေက ဘေးကင်းပြီး ရွာသားအသွားအလာလဲနည်းလို့ မထိရသေးတဲ့မှိုတွေကို တွေ့နိုင်တယ်။ အပြန်လမ်းမှာ အဲ့တာတွေကို ခူးလို့ရတယ်"

ဤအကြံပြုချက်သည် သည်လို စိတ်အားထက်သန်မှုနှင့် တွေ့ဆုံသွားသည်တွင် ရှန်းနဉ်ကပင် ဝမ်းသာအားရ ခုန်လိုက်ပြီး ထောက်ခံလေသည်။ ဒီလိုနှင့် စန်းလီရွာကို ဖြတ်ကျော်ပြီးသည့်နောက်တွင်တော့ အသက်အရွယ် အမျိုးမျိုးကိုဖြတ်သန်းနေသည့် ၆ယောက်အုပ်စုသည် တောင်ပေါ်သို့ ပြန်သွားကြသည်။

ချင်ဖန်းညန်နှင့်အခြားသူများသည် မြို့မှပြန်ရန် နာရီဝက်ကျော်ကြာသော်လည်း သူတို့သည် ရွာကို ခါတိုင်းထက် တစ်နာရီလောက်နောက်ကျပြီးမှ ပြန်ရောက်လေသည်။

ခြင်းတောင်း၆ခုလုံးတွင် မှိုများဖြင့်ပြည့်နေပြီး သူတို့၏သယ်ယူလာမှုမှာ ထင်ရှားသည်။

ရွာသားများသည် မှိုရောင်းရန်မြို့သို့သွားသည်ကိုသတိမထားမိဘဲ တောင်တန်း၏နက်ရှိုင်းသောနေရာများတွင် တစ်မနက်လုံး လိုက်ရှာနေကြသည်ဟု ယူဆကြပြီး အသီးအရွက်အနည်းငယ်မျှစုဆောင်းရန် သူတို့၏မြှုပ်နှံမှုကို အရွှန်းဖောက်ခဲ့ကြသည်။

အဘွားချန်းနှင့် အခြားသူများသည် မြို့တွင်းတွင် မှိုများကို စျေးကောင်းကောင်းဖြင့် ရောင်းချရန် နှုတ်ဆိတ်နေကြလေသည်။

ဒီအကြောင်းကို ပြောပြီး အားလုံးက အဲဒီကို အပြေးအလွှားကြအောင် ဘာလို့လုပ်မှာလဲ။

ဒါက မှိုဈေးတွေကို မြန်မြန်ကျသွားစေမှာလေ။

ထို့အပြင် ဤပေါများမှုသည် မကြာသေးမီက မိုးရွာထားသောကြောင့်ဖြစ်သည်။ မြို့ထဲ၌မရောင်းလျှင်ပင် မိုးရွာပြီးသည့်နောက်တွင်လူတိုင်း စုအုံနေမည်ဖြစ်ပြီး မြင်းစာ၊နွားစာ အနည်းငယ်သာကျန်၏။ ယနေ့ကဲ့သို့ပင် ထိုပမာဏအတွက် အဝေးသို့စွန့်စားရန်လိုအပ်သည်။ ရရှိသောအမြတ်များကို တိတ်တဆိတ်ခံစားရန် အကောင်းဆုံးဖြစ်သည်။

……

စန်းလော့ အိမ်ပြန်ရောက်သောအခါ သူတို့အိမ်အပြင်ဘက်တွင် လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။ ချန်းအာ့ရှန်၊ ဟူကျီ၊ အားနျိုနှင့် ရှန်းအန်းတို့သည် အလုပ်ရှုပ်နေကြပြီး အချို့မှာ ပေါက်ပြားများ ကိုင်ဆောင်ကြပြီး အချို့မှာ အိမ်၏အဝင်ပေါက်မှ စမ်းချောင်းပေါက်ဆီသို့ မြေများပြင်ဆင်ကြသည်။ ပထမတာဝန်မှာ မြက်နှင့် မြက်ခင်းပြင်များကို ရှင်းလင်းရန်ဖြစ်သည်။

စန်းလော့နှင့်ရှန်းနဉ် ပြန်ရောက်လာသည်ကိုမြင်တော့ ရှန်းအန်းသည် ပေါက်တူးကို မြန်မြန်ပစ်ချလိုက်ကာ ပြေးသွားလိုက်ပြီး ရှန်းနဉ်၏ခြင်းတောင်းထဲသို့ သိချင်စိတ်ဖြင့်ချောင်းကြည့်လိုက်သည်။ အံ့ဩဖို့ကောင်းသည်မှာ ထိုအရာထဲတွင်မှိုများပြည့်နေခြင်းဖြစ်သည်။

ရှန်းအန်းက ထိတ်လန့်သွားလေ၏။

"ဒါတွေက မြို့မှာ မရောင်းခဲ့ရတာတွေလား"

ရှင်းနဉ်၏မျက်လုံးများသည်ရွှင်မြူးလျက်ရှိသည်။

"ငါတို့ရောင်းခဲ့တယ်၊ ရောင်းခဲ့တယ်။ တစ်ခြားမှိုတွေရောင်းပြီးလို့ အိမ်ပြန်လာတဲ့လမ်းမှာ ဒါတွေခူးလာတာလေ"

ရှန်းအန်းနားသို့ တိုးသွားပြီး စိတ်လှုပ်ရှားစွာဖြင့် တိုးတိုးလေးကပ်ပြောလိုက်၏။

"အဲ့မှိုတွေကို တုန်းဖူစားသောက်ဆိုင်မှာရောင်းခဲ့တာ ၂၈၃ဝမ်တောင်ရတယ်။ ငါတို့ယောင်းမက ငွေတွေကို မယူဘဲ လက်ခံရရှိငွေကိုပဲ မေးလိုက်ပြီး ငါတို့ဝယ်ခဲ့တဲ့ စပါးဖိုး ၆လျန်ကို ပြန်ဆပ်တဲ့အနေနဲ့ပဲ သဘောထားခိုင်းလိုက်တာ။ ဒီနေ့ခူးလာတဲ့မှိုတွေကိုတော့ မနက်ဖြန်ကျရင် အဒေါ်ဖန်းညန်နဲ့အတူ တုန်းဖူစားသောက်ဆိုင်ကို ထပ်ပို့ပေးဖို့စီစဉ်ထားတယ်"

"အဲ့လောက်အများကြီး ရောင်းခဲ့တာလား"

ရှန်းအန်း၏ မျက်လုံးများသည် အံ့သြခြင်းများဖြင့် တောက်ပလာသည်။

ရှန်းနဉ်သည် ဂုဏ်ယူစွာဖြင့်ခေါင်းညိတ်လိုက်၏။

"အဲတစ်ဝက်ကို ညီမကိုယ်တိုင်ခူးလာတာလေ"

ရှန်းအန်းက အမှန်ပြုံးကာ သူ့ညီမကို ချီးကျူးလိုက်သည်။

"အားနဉ်က တစ်ကယ်ကို အံ့ဩစရာကောင်းတာပဲ။ ငါတို့မနက်ဖြန်ကျရင်ရော မှိုသွားခူးကြမှာလား။ အဲ့လိုဆိုရင် ညီမလေးကို ဘောင်းဘီထပ်ဝတ်ခိုင်းမလို့"

ရှန်းနဉ်က အားတက်သရော ခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်၊ လာမယ့် နောက်ရက်နည်းနည်းအထိပဲ အဆင်ပြေတာမလို့ ငါတို့တွေ ခူးဖို့လိုအပ်တယ်"

သူမ၏မျက်လုံးများတောက်ပနေကာ ရှန်းနဉ်သည် ရှန်းအန်းနှင့်မျှဝေခဲ့သည်။

"စီရင်စုက အရမ်းလှတာပဲ။ လမ်းတွေကလဲ အပြာရောင်ကျောက်ပြားတွေနဲ့ ခင်းထားပြီး အရမ်းသန့်ရှင်းတယ်။ မြို့တံခါးနားက နေရာလေးအကျော်ကဆိုရင် မိုးရွာတဲ့နေ့တွေမှာတောင် ရွှံ့လုံးဝမရှိဘူး။ အဲ့ကလူတွေက အဝတ်အစားကောင်းတွေ ဝတ်ကြပြီး အရောင်အသွေးစုံပြီး ဒီမှာ ငါတို့ဝတ်တာတွေနဲ့ မတူဘူး"

"မြို့ထဲက အပြာရောင်အုတ်နဲ့ ကြွေပြားတွေနဲ့ဆောက်ထားတဲ့ အိမ်တွေကလဲ ကြီးကျယ်ခမ်းနာလိုက်တာ။ နှစ်ထပ်တိုက်တစ်ချို့ကိုတောင် တွေ့ခဲ့သေးတယ်"

"နှစ်ထပ်တိုက် ဟုတ်လား"

ရှန်းအန်း၏မျက်လုံးများသည် အံ့သြစွာဖြင့် ပြူးကျယ်သွားသည်။

"အထပ်နှစ်ထပ်နဲ့ အိမ်တွေကို တကယ်ဆောက်နိုင်တာလား"

"ဟုတ်တယ်၊ အဲ့တာ အဘွားချန်းပြောပြတာ။ အဲ့အဆောက်အအုံအမြင့်တွေမှာ အောက်ထပ်နဲ့အပေါ်ထပ် နှစ်ထပ်လုံးမှာနေထိုင်လို့ရတယ်တဲ့"

စန်းလီရွာမှလွဲ၍အခြားနေရာများသို့မရောက်ဖူးသော ရှန်းအန်းသည် သူတို့၏သက်ကယ်အိမ်အသစ်သို့လှည့်ကြည့်ကာ နှစ်ထပ်တိုက်၏ပုံစံကို စိတ်ကူးကြည့်၍ပင်မရနိုင်ပေ။

သူ့ညီမပြောသည့် မှိုမှရသည့်ပိုက်ဆံများနှင့် စီရင်စုအကြောင်းကို နားထောင်ရင်း သူ့မျက်လုံးများမှာ တောင့်တမှုဖြင့်ပြည့်နှက်နေသည်။

"တစ်နေ့ကျရင် ငါလည်း မရီးနဲ့ မြို့ထဲသွားချင်လိုက်တာ၊ မြို့တံခါးကနေ မတ်တပ်ရပ်ပြီး အထဲကိုကြည့်ရုံနဲ့တင် ကောင်းပါတယ်"

ရှန်းအန်းသည် နောက်ဆုံးတွင် နှစ်ထပ်အိမ်ပုံစံကို မြင်နိုင်မည်ဟု စိတ်ကူးနေလေသည်။

စန်းလော့က ရယ်မောလိုက်၏။

"နောက်ကျရင် အခွင့်အရေး ရလာလိမ့်မယ်နော်။ နောက်တစ်ကြိမ်သွားရင် ငါတို့တွေ မြို့တံခါးဝမှာပဲမရပ်တော့ဘဲ အထဲကို ဝင်ကြမယ်။ ငါ ဒီနေ့ ရှန်းနဉ်ကိုပဲ ခေါ်သွားရဲတယ်။ ဘာလို့လဲဆိုတော့ အဒေါ်ချန်းနဲ့တစ်ခြားသူတွေက ငါတို့နဲ့အတူတူတံခါးဝမှာ ရှိတယ်လေ။ ငါသာ မင်းကိုတံခါးနားမှာ တစ်ယောက်ထဲထားခဲ့ရင် ငါပြန်ထွက်လာတဲ့အချိန် မင်းကို အစောင့်တွေက မောင်းထုတ်လိုက်မှာ ကြောက်တယ်"

အစောင့်များအကြောင်းကြားတော့ နောက်ဆုံးတွင် ရှန်းအန်းသည် ငြိမ်သက်သွားပြီး ထိုနေ့ကသူ့ညီမ၏ကံကောင်းခြင်းကို ပို၍ပင်အားကျနေလေသည်။

မောင်နှမနှစ်ယောက်သည်ခြံထဲသို့ရောက်သည်အထိ တက်တက်ကြွကြွဖြင့် စကားစမြည်ပြောကာ အိမ်သို့ပြန်လာကြသည်။ ထို့နောက် ရှန်းအန်းသည် မေးရန်သတိရသွား၏။

"မကြီးနဲ့အားနဉ်တို့ ခုထိ နေ့လည်စာ မစားရသေးဘူးမလား။ သား တစ်ခုခုချက်ထားတယ်။ အခု မကြီးတို့နှစ်ယောက်လုံးစားသင့်ပြီ"

စန်းလော့က အံ့ဩသွားလေသည်။

"ရှောင်အန်းက ဟင်းချက်တတ်တာလား"

အများအားဖြင့် သူမအိမ်တွင်မရှိပါက အားနဉ်သာ ချက်ပြုတ်တတ်၏။

နေ့လည်ကချက်သည့် ပဲအနှစ်များကိုသတိရတော့ ရှန်းအန်းသည် ရှက်သလိုခံစားလိုက်ရ၏။ သူ့မရီးနှင့်အားနဉ် အမြဲတမ်းချက်နေကျနှင့် နှိုင်းယှဉ်ပါက သူ၏ဟင်းချက်လက်ရာမှာ.... သူက ကိုးရို့ကားယားဖြင့် ခေါင်းကုတ်လိုက်၏။

"ဟုတ်တယ်၊ ချက်လို့တော့ပြီးပြီ၊ ဒါပေမယ့် အရသာတော့ မကောင်းလောက်ဘူး"

သူ့မရီးနှင့်ညီမတို့သုံးနေကျ တူညီသည့်နည်းလမ်းများကို သုံးသော်လည်း သူ့ဟင်းပွဲမှာ ဘာကြောင့်ကွဲပြားသွားသည်ကို နားမလည်နိုင်ပေ။

ဤအတွေးဖြင့်သူသည် ခြံဝင်းထဲတွင်မနေနိုင်တော့ဘဲ သူလုပ်နေကျအတိုင်း ခြင်းတောင်းများကူသယ်ရာတွင် အနှောင့်အယှက်မပေးဘဲ ပြောလိုက်၏။

"မကြီး၊ သား လမ်းတူးဖို့ ပြန်သွားတော့မယ်"

ထိုစကားကြောင့် သူသည် ခြံအပြင်ဘက်သို့ အမြန်လှည့်ထွက်လာလိုက်တော့သည်။

...

အပိုင်း (၇၂)

မှိုများကိုသိမ်းဆည်းပြီး လက်များကိုဆေးကြောပြီးနောက်တွင် စန်းလော့နှင့်ရှန်းနဥ်တို့သည် မီးဖို၏စားပွဲပေါ်က ဟင်းလျာနှစ်ခုကို ဖွင့်ကြည့်လိုက်လေသည်။ ထိုအကာမှ ရှန်းအန်းပြောသည့် ချက်ထားရုံလောက်လေးသာဟူသည့် စကားကို နားလည်သွားကြတော့သည်။

တကယ်ပဲ ချက်ထားရုံလေးပဲ...

သမီးယောင်းမနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ စန်းလော့က အကြံပြုလိုက်၏။

"ငါတို့တွေ စားကြည့်ကြမလား"

ရှန်းနဥ်က ခေါင်းညိတ်လိုက်သည်။

သူတို့က ပန်းကန်တစ်လုံးစီကို ယူလိုက်ပြီး ဟင်းလျာကိုတစ်ချက်ကြည့်ပြီးနောက် စဥ်းစားလိုက်ကာ ထမင်းကို တော်သင့်ရုံပမာဏ ခူးထည့်လိုက်လေသည်။ စန်းလော့က ချက်ပြုတ်ထားသည့်ပဲနှစ်ကို တစ်ဇွန်းအပြည့် ဂရုတစိုက် ခူးလိုက်ပြီး အရည်များကိုစစ်ရန် ပန်းကန်လုံးကိုဇွန်းနှင့်ကပ်ကာ အနည်းငယ် စောင်းထားလိုက်ပြီးမှ သူမ၏ ပန်းကန်ထဲကို ထည့်လိုက်လေသည်။

သူမက ရေကို စစ်ထုတ်ရလိုက်ရသည်။ ကြည့်ရတာ.... အင်း... ရေလေးပုံ ပဲနှစ်ခြောက်ပုံထည့်ရမှာကို... ရှန်းအန်းက ရေဘယ်လောက်တောင် ထည့်လိုက်သလဲမသိဘူး။

ဟင်းလျာကိုကြည့်လိုက်တော့လဲ ကြက်သွန်ပင်နဲ့အနှစ်တွေ ထည့်ထားတဲ့ပုံပါပဲ ဒါပေမဲ့ ရလာဒ်ကတော့ ထူထူးခြားခြားကို ဖြစ်မနေဘူး။

သမီးယောင်းမနှစ်ယောက်က တစ်ယောက်ချင်းစီ တစ်လုတ်လောက် မြည်းကြည့်လိုက်ကြသည်။

လုံးဝကြီးဆိုးနေတာတော့ မဟုတ်သလို အင်း ကောင်းတယ်ရယ်တော့ မဟုတ်ဘူးပေါ့။

ရေနှင့်ပြုတ်ထားတဲ့ ပဲအနှစ်ကတောင် ရှန်းအန်းချက်ထားတဲ့ဟာထက် ပိုပြီးတော့ အရသာရှိလိမ့်အုံးမယ်။

စားပွဲပေါ်တွင် သခွားသီးတဝက်စာ လှီးထားသည်ကိုလဲ တွေ့လိုက်ရသည်။ ဒီနေရာတွင်တော့ ထိုအရာကို ဟူးကွား ဟုခေါ်သည်။ ဒါတွေက မနက်တုန်းက အဘွားချန်းပေးထားတဲ့ ဟာတွေပဲ။ ပဲအနှစ်ဟင်းကတော့ စားလို့မရနိုင်ဘူး။ ဒါပေမဲ့ သခွားသီးကတော့ အကျက်လွန်သွားပြီး ပျော့ပြဲပြီး အရောင်ကမဲနေတယ် ဆိုပေမဲ့ အဆင်ပြေလောက်ပါတယ်။

စန်းလော့နှင့်ရှန်းနဥ်တို့သည် တစ်ယောက်ချင်းစီ တစ်ကိုက်လောက် စားလိုက်ပြီးနောက်တွင် အေးခဲသွားကြတော့သည်။

ချဥ်လိုက်တာ။

ရှာလကာရည်ချဥ်သည့် အရသာ မဟုတ်ချေ။ ဟင်းအနှစ်ကို မွှေကြော်ထားသဖြင့် ချဥ်နေခြင်းဖြစ်လေသည်။

ရှန်းနဥ်က မျက်နှာ ရှုံ့မဲ့သွားသည်။

"နောက်တခါကျရင်တော့ သခွားသီးတွေက အစိမ်းစားတာလဲ အရသာရှိတဲ့အကြောင်း အစ်ကိုကို ပြောပြရအုံးမယ်"

စန်းလော့ကလဲ ထိန်းချုပ်ထားရင်းက ရယ်မိသွားတော့သည်။

"စားရအောင်ပါ နင့်အစ်ကိုချက်ထားတဲ့ထမင်းကို စားရတာ ရှားတယ်မဟုတ်လား"

ရှေးခေတ်အခါက ယောက်ျားသားများသည် မီးဖိုချောင်ထဲသို့ တော်ရုံတန်ရုံ မဝင်ကြချေ။ ရှန်းအန်းလို အသက်၉နှစ်အရွယ် ကောင်လေးတစ်ယောက်က ချက်ပြုတ်ဖို့ရန်ဆိုသည်ကတော့ အရသာက မကောင်းမွန်သော်ငြားလည်း ဒါက အကျင့်လုပ်ပေးလျှင် ရသည့်ကိစ္စပင်။

သူတို့နှစ်ယောက်မှာလဲ ငြီးငြူဖို့ရာ အလွန်မှဗိုက်ဆာနေပြီဖြစ်သည်။ ပုံမှန်ဆိုလျှင် တနေ့ကို သုံးနပ်စားနေကြဖြစ်ရာ အခုတော့ နေ့လည်ခင်းစောင်းနေပြီတောင် ဖြစ်သည်။ သူတို့က အခုမှ နေ့လည်စာအတွက် ပြန်ရောက်လာကာ မည်သို့ အဆာခံထားနိုင်ပါမည်နည်း။

ထို့ကြောင့် ရှန်းအန်းက နောက်ပိုင်းမှ တိတ်တိတ်ကလေး လာပြီးချောင်းကြည့်ချိန်တွင် သူ၏မရီးဖြစ်သူနှင့်အားနဥ်တို့က သူ ဆိုးဆိုးရွားရွား လုပ်ထားသည့်နေhလည်စာကို တဝက်လောက် ကုန်အောင် စားနှင့်နေပြီဖြစ်သည်ကို တွေ့လိုက်ရတော့သည်။

တစ်ဝက်တဲ့လေ သူကိုယ်တိုင်တောင်မှ အဲလောက်အများကြီး မစားနိုင်ဘူး။

ကောင်ကလေးမှာ ရင်ထဲထိသွားတော့သည်။ သူက ပန်းကန်ဆေးသည့် အလုပ်ကို အားတက်သရော တာဝန်ယူလိုက်တော့သည်။

စန်းလော့ကလဲ မငြင်းလိုက်ချေ။ သူမနှင့်ရှန်းနဥ်တို့သည် ကောင်လေးများက လမ်းဘေးကို တူးဆွနေသည်ကို ကြည့်ဖို့ ထွက်လာခဲ့ကြသည်။ ခဏလောက် အနားယူလိုက်ပြီးနောက်တွင် သူတို့က မှိုအပြည့်ပါသည့်ခြင်းကို ဂရုတစိုက် ဖွင့်လိုက်ကြသည်။ ဒီနေ့မှမခူးလျှင် အသီးများက တရက်နှစ်ရက်လောက်နေလျှင် ပျက်စီးသွားပေလိမ့်မည်။

ခြင်းအလွတ်ကို မြင်လိုက်သည်တွင် ရှန်းအန်းက အနားရောက်လာပြီး မေးလိုက်၏။

"မကြီးတို့တွေ တောင်ပေါ်ကို ထပ်သွားအုံးမလို့လား"

ရှန်းနဥ်က တိတ်တိတ်လေး ခေါင်းညိတ်ပြသည်။

"ဒီမနက်ခင်းတုန်းကလေ မြေပေါ်မှာ စွန်ပလွန်သီးတွေ အများကြီး ကြွေကျနေတာကို တွေ့ခဲ့တယ်၊ ငါတို့တွေ ဒီနေ့သွားမကောက်ဘူးဆိုရင် ပျက်စီးသွားလိမ့်မယ် ဒီတော့ အခုသွားကောက်မှ ရမှာ"

ရှန်းအန်းကလဲ လိုက်သွားဖို့ စိတ်အားထက်သန်နေသည်။ သို့သော်ငြားလည်း သူ့တွင် သူ့အလုပ်ကရှိနေသည်။ သူ့သူငယ်ချင်းများက သူ့အိမ်အတွက် ကျောက်ခင်းလမ်းကို ခင်းကူနေကြခြင်းပင်။ သူသည် ခေါင်းညိတ်ကာ လက်ခံလိုက်ရုံသာ ရှိတော့သည်။

"သွားကြလေ"

သူက မြွေနှင်ဆေးကို သွားယူပေးလိုက်သည်။ရှန်းနဥ်၏ ဖိနပ်နှင့်ဘောင်းဘီပေါ်တွင် အနည်းငယ်ဖျန်းပေးလိုက်ပြီး နောက်ထပ် အကာအကွယ်တခုရရန် ဘောင်းဘီခြေထောက်ကို စည်းထားသည့်နေရာတွင်လဲ နောက်ထပ်အမှုန့်တွေကို ဖြူးပေးလိုက်သည်။

စန်းလော့ကတော့ သူမကိုယ်သူမ ပြင်ဆင်လိုက်ပြီး ဆေးအိတ်များကို ထည့်လိုက်ကာ ရှန်းနဥ်ကို ခေါ်ပြီး ထွက်လာခဲ့တော့သည်။

တချိန်ထဲတွင် လူတချို့ကလဲ တောထဲသို့ ဝင်ရောက်လာသည်။ သူတို့သည် တောင်ပေါ်မှပြန်လာကြပြီး သူတို့ကို နှုတ်ဆက်ကြသည့် ရွာသားတစ်ယောက် နှစ်ယောက်နှင့်လဲ မကြာခဏတွေ့ကြသည်။

"အိုး စန်းရှီက တော်တော်လေး လုံ့လရှိတာပဲ"

စန်းလော့က အပြုံးဖြင့်သာ ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် ကျွန်မတို့မှာက စိုက်ပျိုးစရာ မြေအများကြီးမရှိဘူးလေ၊ ကျွန်မတို့က ရာသီပေါ် မှို တွေအများကြီးကိုပဲစုပြီး နောက်ပိုင်းကျရင် အခြောက်ခံထားဖို့ စဥ်းစားရတာပေါ့"

စကားတစ်ခွန်းနှစ်ခွန်းလောက် နှုတ်ဆက်ပြီးနောက်တွင် သူတို့က ဆက်သွားလိုက်ကြသည်။

တောထဲသို့ မနက်ကလမ်းအတိုင်းလျှောက်လာသည်တွင် သူတို့သည် စောစောကမမြင်ခဲ့သည့် မှိုများကိုတွေ့လိုက်ရပြီး မကြာခဏဆိုသလို တစ်ပွင့်နှစ်ပွင့်လောက် ခူးလိုက်ကာ ရှန်းနဥ်၏ ခြင်းထဲတွင် ထည့်လိုက်လေသည်။ မနက်ခင်းက သူတို့တွေ့ခဲ့ကြသည့် ပထမဦးဆုံး စွန်ပလွန်သီးအပင်နားရောက်သည့်အထိ လျှောက်လာခဲ့ကြသည်။ သူတို့၏ခြေလှမ်းများက ဝမ်းသာအားရဖြင့် မြန်ဆန်နေကာ စွန်ပလွန်သီးများကို စတင် ကောက်လိုက်ကြသည်။

ရှန်းနဥ်၏ ခြင်းထဲတွင် ဖိလို့မရသည့် မှိုများရှိနေသဖြင့် သူတို့က စန်းလော့၏ ခြင်းထဲတွင် စွန်ပလွန်သီးများကို ထည့်လိုက်ကြသည်။ အပင်တစ်ပင်အောက်တွင် ခြင်းတဝက်လောက် ကောက်ပြီးနောက်တွင် သူတို့က စွန်ပလွန်သီးပင်ကို ခါမချဖို့ ဆုံးဖြတ်လိုက်ပြီး နောက်ထပ် အပင်များဆီသို့ ဆက်သွားလိုက်ကြသည်။

သူတို့သည် မနက်ခင်းက တွေ့ခဲ့သည့် အပင်တော် တော်များများဆီမှ စွန်ပလွန်သီးများကို ကောက်လိုက်ကြသည်။ စန်းလော့၏ခြင်းကလဲ မကြာမှီပင် လေးပုံသုံးပုံခန့် ပြည့်သွားတော့သည်။ ရှန်းနဥ်၏ ခြင်းထဲက မှိုများကို စွန်ပလွန်သီးအပေါ်တွင် ဂရုတစိုက် ပြန်ထည့်ထားလိုက်သည်။

ရှန်းနဥ်၏ခြင်းက တဝက်လောက်ပြည့်နေပြီး နောက်ပိုင်းတွင် အောက်က စွန်ပလွန်သီးများကို ဂရုတစိုက်ဖုံးကာ အပေါ်မှနေ၍ မှိုများ ကြွက်နားရွက်မှိုနှင့် တောဟင်းရွက်များ သေသေချာချာ ထည့်ထားလိုက်သည်။ သူတို့က ပြန်လာခဲ့ကြတော့သည်။

စန်းလော့က နတ်သမီးအပင်မှသစ်ရွက်များကို မခူးခဲ့ရသည့်အတွက် နှမြောမိနေသည်။ နေ့ခင်းကအရောင်မှိန်လာသည်တွင် သူတို့က ခြင်းကိုအလွတ်ထားရန် မြန်မြန်ပြန်လာကြပြီး ထိုနေ့ညအတွက် နတ်သမီးတို့ဟူးလုပ်ဖို့ရန် သစ်ရွက်များကိုခူးဖို့ မမှောင်ခင် ပြန်သွားဖို့ စီစဥ်ထားလိုက်သည်။

ခရီးနှစ်ခေါက်သွားပြီးနောက်တွင် သူတို့သည် ကံအားလျော်စွာ အနီးအနားက နတ်သမီးသစ်ပင်ကို ရှာတွေ့သွားကြလေသည်။ အထဲထိဝင်ဖို့ မလိုတော့ချေ။ အိမ်သို့ပြန်လာပြီး ပြန်ရောက်ချိန်တွင် တခြားမိသားစုများက ညနေစာအတွက် ပြင်ဆင်သည့်အချိန် ဖြစ်နေလေသည်။

ရှန်းအန်းက မိသားစု၏ တို့ဟူးအမှာစာကို တာဝန်ယူပေးလိုက်ပြီး စန်းလော့ကို ပြောလိုက်သည်။

"အဒေါ်လုက ကျွန်တော်တို့အတွက် ဟင်းသီးဟင်းရွက် ခြင်းတဝက်ကို ယူလာပေးတယ်၊ အဒေါ်ရှီက ကြက်ဥလေးလုံးကို ယူလာပေးတယ်၊ ဒီနေ့ တုန်းဖူစားသောက်ဆိုင်မှာ မှိုတွေကိုရောင်းကူပေးတာ ကျေးဇူးတင်လို့တဲ့"

သူက အဒေါ်လုယူလာပေးသည့် ဟင်းသီးဟင်းရွက်များကို အသေးစိတ် ပြောပြလိုက်သည်။ ထိုစကားကိုကြားလိုက်သည်တွင် သူတို့က လတ်လတ်ဆတ်ဆတ်စားရမည့် ဟင်းသီးဟင်းရွက်နှင့် အထားခံသည့် ဟင်းသီးဟင်းရွက် နှစ်မျိုးစလုံးယူလာပေးလိုက်သည်ကို နားလည်လိုက်လေသည်။ သူတို့သည် ရက်ပိုင်းလောက်အတွက် အသီးအရွက်ကို စိတ်ပူစရာမလိုတော့သဖြင့် စိတ်အေးလိုက်ရသည်။

သူတို့ရဲ့ အနောက်ဖက်စိုက်ခင်းလေးမှာ အသင့်ခူးလို့ရတာဆိုလို့ နှမ်းရွက်နဲ့ပူစီနံရွက်ပဲရှိတာ။ စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေကလဲ အခုမှသီးတုန်း စားလို့မရသေးဘူး။ ပုံမှန်ဆိုရင်တော့ သူတို့က စီရင်စုကနေ အသီးအရွက်တွေကို ဝယ်တာပဲဖြစ်ဖြစ် တို့ဟူးအတွက် အလဲအလှယ်အနေနဲ့ မိသားစုသုံးစုဆီက နည်းနည်းပါးပါးလောက် လက်ခံတာဖြစ်ဖြစ် ရှိခဲ့တယ်။ အခုတော့ သူတို့မှာ ရက်တော်တော်ကြာအောင် အသီးအရွက်တွေ ပြတ်လပ်တော့မှာ မဟုတ်ဘူး။

မမှောင်ခင်တွင် စန်းလော့က ညနေစာပြင်ဆင်လိုက်သည်။ ရှန်းအန်းနှင့်ရှန်းနဥ်တို့ကတော့ စွန်ပလွန်သီးများကို အိမ်ထဲတွင် သစ်သားစည်ကြီးထဲသို့ ပြောင်းထည့်လိုက်သည်။ သူတို့က မှိုများကို စန်းလော့ညွှန်ကြားသည့်အတိုင်း ခွဲထုတ်လိုက်သည်။ အသေးများကိုတော့ သူတို့၏ ညစာအတွက်သိမ်းထားပြီး ပိုကောင်းသည့် အရာများကိုတော့ ခြင်းထဲတွင် အမျိုးအစားခွဲကာ ထည့်ထားလိုက်သည်။ နောက်တနေ့ စီရင်စုတွင်ရောင်းဖို့ ချင်ဖန်းညန်နှင့်ထည့်ပေးလိုက်ရန် အဆင်သင့် လုပ်ထားလိုက်လေသည်။

မှိုရောင်းသည့်အလုပ်က သုံးရက်သာကြာလိုက်သည်။ ဒုတိယနေ့နှင့် တတိယနေ့တွင် ချင်ဖန်းညန်က စန်းလော့အတွက် ၂၁၂ဝမ်နှင့် ၁၃၀ ဝမ် တို့ကို အသီးသီး ယူပြန်လာပေးခဲ့သည်။

နောက်ပိုင်းတွင်တော့ အဘွားချန်းနှင့်တခြားသူများက နေရာကို ကောင်းကောင်းသိသည့်တိုင် ရွာသားများကလဲ နောက်တွင်မကျန်ခဲ့ပေ။ ရှိသမျှမှိုအားလုံးသည် ခူးဆွတ်ခံလိုက်ရပြီး ပိုပြီးနက်သည့်နေရာကတော့ မြွေနှင်ဆေးရှိသော်ငြားလဲ သူတို့ရှာနိုင်သည့်ငွေပမာဏအတွက် စွန့်စားလွန်းရာကျလွန်းသည်။

သည်သုံးရက်အတွင်းတွင် မှိုရောင်းကြသူများသည် သိပ်ပြီးမရှာနိုင်ခဲ့သည့် ရှီအာ့လန်၏မိန်းမကပင် ၂၇၀ ဝမ်နီးပါး ရှာနိုင်ခဲ့သည်။ လူနှစ်ယောက်ခူးကြသည့် စန်းလော့နှင့်လုမိသားစုတို့က ဝမ်၆၀၀လောက်ရှာနိုင်ခဲ့သည်။ ဒါက ဒီမိသားစုအတွက် သိသာထင်ရှားသည့် မမျှော်လင့်ပဲ ရလာသည့် ငွေပမာဏပင်။

အမှန်တွင်တော့ မှိုများအားလုံးက စျေးမပေါကြမှန်း သူတို့လဲသိလေသည်။ အများစုက စျေးမကြီးပေ။ အထူးသဖြင့် တောင်တန်းများပေါများသည့် ကျေးလက်ဈေးများတွင် ဖြစ်သည်။ သို့သော်ငြား ခေါင်းလောင်းမှိုကဲ့သို့ ထူးခြားသည့် မှိုအမျိုးအစားကတော့ မတူပေ။ သူတို့၏ စျေးနှုန်းက အသားစျေးနှုန်းနီးပါး ရှိလေသည်။

ရွာသားများကတော့ စားလို့ရသမျှမှိုအားလုံးကို အမျိုးအစားမခွဲပဲ ချက်စားလိုက်သည့် အရင်တနှစ်နှင့်ယှဥ်လိုက်လျှင် ဒီနှစ်ရခဲ့သည့် ငွေပမာဏကို စဥ်းစားလိုက်ပြီး မှိုများ၏တန်ဖိုးကို စောစောစီးစီး မသိရလေခြင်းဟု ဝမ်းသာမိသလို ဝမ်းနည်းမိသလို ဖြစ်လေသည်။

သို့သော်ငြားလည်း စန်းလော့အတွက်တော့ အဘွားချန်း၏အဖွဲ့နှင့်လိုက်ပြီး ရွာပတ်ဝန်းကျင်ရှိ တောင်များသို့ လိုက်ဝင်ရသည်တွင် နတ်သမီးသစ်ပင်များကို ရှာတွေ့ခဲ့ရုံတင်မကပဲ စွန်ပလွန်သီးများနှင့်ဝဥများကိုလဲ ရှာတွေ့ခဲ့လေသည်။ သူမက နောက်ပိုင်းရက်များတွင် စွန်ပလွန်သီးမုန့် တော်တော်များများကို ပြုလုပ်လိုက်ပြီး မုန့်များကို အခြောက်ခံဖို့ရန်အတွက် ချန်းမိသားစု၊ ရှီမိသားစုနှင့် လုမိသားစုတို့ထံမှ ဇကောကြီးများကို ငှားရမ်းလိုက်လေသည်။

သူမ၏ လက်တွေ့ကျသည့် အရည်အချင်းက ထင်သာမြင်သာ ရှိလှသည်။ သူမက အခြောက်ခံစင် နှစ်ခုကို ပြုလုပ်ခဲ့သည်။ မဟုတ်လျှင် သူမ၏ခြံဝန်းသေးသေးလေးက အရာအားလုံးကို ထည့်သွင်းဖို့ရန် ဖြစ်နိုင်မည်မဟုတ်ပေ။

သဘောတူထားသည့်အတိုင်း ဆိုင်တာဝန်ခံရွှီအတွက် သတ်သတ်လွတ်အူကြမ်းကို လုပ်ရမည့်အချိန်ရောက်လာသည်တွင် စန်းလော့က ချင်ဖန်းညန်၏ အကူအညီဖြင့် ပြင်ဆင်လိုက်သည်။ ပထမရက်တုန်းက ၁၀ကျင်းသည် ၁၁ကျင်းအဖြစ် ပြောင်းလဲသွားသည်။ ၁ကျင်းပိုလာသည်တွင် သူမက မိသားစုအတွက် သိမ်းထားလိုက်ပြီး လုမိသားစု၏ ချိန်ခွင်ကိုသုံးကာ အတိအကျ တိုင်းတာပေးလိုက်သည်။

နေ့လည်ခင်းတွင် ချင်ဖန်းညန်က ၁၇၀ ဝမ် ဖြင့်ပြန်လာလေသည်။

ရှန်းအန်းက ထို ပြေစာများကို ဂရုတစိုက် လိပ်ထားလိုက်သည်။ ငွေအတွက်သုံးသည့် သူတို့၏မြေအိုးဟောင်းလေးထဲတွင် ထည့်သိမ်းထားလိုက်သည်။ သူတို့၏စုဆောင်းငွေများးကို ရေတွက်လိုက်ရာတွင် သူတို့တွင် ဒီ ငွေပြေစာလေးခုအပြင် လတ်တလောက တို့ဟူးရောင်းအား ၁၅၂၃ဝမ် ကိုထည့်ပေါင်းလိုက်ရာ ၂၅၀၀ ဝမ်ကျော်ကျော် ရှိသွားတော့သည်။

ခြောက်လုနီးပါးဖြစ်နေသည့် စွန်ပလွန်ကိတ်မုန့်များကို ကြည့်လိုက်ပြီး စန်းလော့က စီရင်စုသို့ နောက်ထပ်တခေါက်သွားရမည့် အချိန်တန်ပြီဟု စဥ်းစားလိုက်သည်။

သူမက နောက်တနေ့တွင် သတ်သတ်လွတ်အူကြမ်းဟင်းများကို ကိုယ်တိုင်သွားပို့ဖို့ ပြင်ဆင်လိုက်သည်။

ဒီနေ့တွင်တော့ စီရင်စုမြို့သို့ သွားကြသူမှာ သူမနှင့်ချင်ဖန်းညန်တို့သာ မဟုတ်ပေ။ လူတော်တော်များများလဲ ပါလေသည်။ ချန်းယိုထျန်းနှင့်သူ့အဖွဲ့က ပြီးခဲ့တဲ့ နှစ်ရက်လောက်ကတည်းက စီရင်စုဝင်ခွင့်ကဒ်ပြားကို ရခဲ့ပြီးဖြစ်လေသည်။ ငွေ အကန့်အသတ်နှင့် မြို့ထဲတွင်ဝယ်ယူရမည့် စပါးကြောင့် သူတို့က နေ့တိုင်း စီရင်စုဈေးသို့လာသည့် အမျိုးသမီးဖြစ်သူများနှင့်အတူ စပါးအတွက် တန်းစီးဖို့ လိုက်လာခဲ့ရသည်။

ဒီရက်ပိုင်းတွင် ကျိုးသူကြီးကပင် သူတို့နှင့်လိုက်ပါလာသည်။ စပါးဝယ်ဖို့ရန်အတွက် စီရင်စုသို့ စောစောစီးစီး လာခဲ့ကြသည်။ စောစောသွားဖို့ရန်က လိုအပ်ပေသည်။ စန်းလီရွာရှိ အထွေထွေကုန်စုံဆိုင်ပိုင်ရှင်ကပင် သူ သိုလှောင်ထားသည့်စပါးက တဖြည်းဖြည်း ကုန်လာသည်ဖြစ်ရာ ဆန်များက ထိုနေရာတွင် ရောင်းချဖို့ရန် မကျန်တော့ချေ။

စီရင်စုရှိ ဆန်ဆိုင်များကလည်း နေ့တိုင်း ဂိုဒေါင်များကို ဖွင့်ပေးလေသည်။ သို့သော်ငြားလည်း ပစ္စည်းအကန့်အသတ်ဖြင့် ဝယ်ယူမှု များပြားလေရာ မနက်ခင်း အလယ်အချိန်လောက် ရောက်လျှင် ပိတ်လိုက်ရသည်။ သူတို့သာ စီရင်စုသို့ စောစောမသွားခဲ့လျှင် မြို့ထဲတွင်နေထိုင်ကြသည့် စပါးဝယ်ယူသူများနှင့် ယှဥ်ပြီး ဝယ်နိုင်မည်မဟုတ်ချေ။

ကျိုးရွာသူကြီးသည် စန်းလော့၏ တို့ဟူးလုပ်ငန်းပမာဏကို လတ်တလောမှ သိလာရလေသည်။ နေ့တိုင်း မိသားစုသုံးစုက လှည်းတစ်စီးစာ ပစ္စည်းအပြည့်ဖြင့် ရောင်းချဖို့အတွက် ပို့ပေးရသည်။

ဒီနေ့တွင်တော့ စီရင်စုသို့သွားရာတွင် သူတို့နောက်လိုက်လာသည့် ကျိုးသူကြီးက စန်းလော့ကို လျှော့တွက်ခဲ့မိမှန်း သိလိုက်ရတော့သည်။ သူမသည် တို့ဟူးကို ရောင်းသည့်အပြင် တုန်းဖူစားသောက်ဆိုင်အတွက် သီးသန့်အစားအသောက်ကိုလဲ လုပ်ပေးလေသည်။

ကျိုးရွာသူကြီးက ထူဆန်းသည့် အပြုအမူမဖြစ်သော်လည်း စိတ်ထဲတွင်တော့ စန်းလော့၏ လုပ်နိုင်စွမ်းကို တအံ့တသြ ဖြစ်မိလေသည်။

ဒီစန်းမိသားစုက တကယ့်ကို ထူးခြားတာပဲ။

စန်းလော့ကို တွေ့လိုက်ရတော့ ဆိုင်တာဝန်ခံရွှီက သိသိသာသာ ဝမ်းသာသွားတော့သည်။

“ကျွန်တော်တို့တွေ သတ်သတ်လွတ်အူကြမ်း ပမဏကို တိုးဖို့လိုနေတာ”

အစောပိုင်းအမှာစာ ၁၀ကျင်းသည် လုံလောက်ရုံသာရှိပေသည်။ လတ်ဆတ်သည့် ဟင်းလျာများကို အလွယ်တကူ ရောင်းချနိုင်သည်။ ၁၀ကျင်းထဲနှင့် နေလည်စာစားချိန်လောက်တွင် ကုန်သွားတတ်သည်။

"စန်းမိန်ကလေး ဒီနေ့ကစပြီး တရက်ကို ၂၀ကျင်းကနေစလိုက်ကြမယ် မင်းရဲ့ပစ္စည်းက သိမ်းထားဖို့တောင် မလွယ်ဘူး၊ မဟုတ်ဘူးဆိုရင် တခြားစီရင်စုက ကျွန်တော်ရဲ့သူဌေးကလဲ မင်းရဲ့တို့ဟူးနဲ့ သတ်သတ်လွတ်အူးကြမ်းတွေကို တခြားစီရင်စုက သူ့ဆီမှာ တင်ချင်နေတာ၊ ဒီပမာဏက အများကြီးလိုနေတာပဲ”

ထိုစကားလုံးများက နှမြောတသသည့် အရိပ်အယောင် ဆောင်ထားလေသည်။

စန်းလော့က ပြုံးပြလိုက်၏။

"၂၀ကျင်းက အဆင်ပြေပါတယ် ဒါပေမဲ့ အဲဒီထက်ပိုလာရင်တော့ အခုလောလောဆယ်တော့ ကျွန်မ မလုပ်နိုင်သေးဘူး၊ ဒါက တော်တော်လေးကို ခက်ခဲနေတယ်"

ကုန်ကြမ်းပစ္စည်းတွေက မကုန်နိုင်တဲ့အရာမျိုးမဟုတ်ဘူးလေ။

ဒါကြောင့်မလို့လဲ သူမက ဆိုင်တာဝန်ခံရွှီနဲ့ နေ့စဥ်ပုံမှန်ပေးနိုင်တဲ့ ၁၀ကျင်းကိုပဲ ၆လစာ စာချုပ် ချုပ်ရဲတာပေါ့။ အဲဒီ့ထက်ပိုလာရင် သူမအတွက် ဖြည့်ဆည်းပေးဖို့က ခက်လာလိမ့်မယ်။

ဒါက ငွေနဲ့အလွယ်တကူ ဝယ်ယူလို့ရပြီး နေရာတိုင်းမှာ စိုက်ပျိုးနေတဲ့ ပဲပိစပ်နဲ့မတူဘူးလေ။

ဆိုင်တာဝန်ခံရွှီက ပြုံးကာ ထောက်ခံလိုက်လေသည်။

စည်းမျဥ်းစည်းကမ်းအတိုင်း စန်းလော့က ပြေစာတခုတောင်းလိုက်သည်။ ဆိုင်တာဝန်ခံရွှီက မှတ်ချက်ပေးလိုက်သည်။

"မိန်းကလေးစန်း မင်းက အိမ်အသုံးစရိတ်အတွက်လဲ နည်းနည်းလောက်တော့ သိမ်းထားသင့်သေးတယ်။ ဒီငွေတွေကို ပြန်ဆပ်ဖို့ လောနေစရာ မလိုပါဘူး နေ့တိုင်းလဲ ပြေစာကိုယူနေဖို့ မလိုဘူးလေ”

စန်းလော့က ပြုံးလိုက်၏။

"ဆိုင်တာဝန်ခံရွှီက မေ့သွားပြီလား ကျွန်မမှာ တခြားအလုပ်တွေလဲ ရှိပါသေးတယ်"

ထိုသို့ပြောလိုက်ပြီးနောက် သူမက အင်္ကျီလက်ထဲက ငွေအပြည့်ထည့်ထားသည့် အိတ်နှစ်အိတ်နှင့်ငွေအတွဲများကို ထုတ်လိုက်ကာ ကောင်တာပေါ်တွင် ပုံလိုက်ပြီး အပြုံးတခုဖြင့် စာရေးကို ပြောလိုက်လေသည်။

"ဒါက၂၅၀၀ ဝမ်ပါ ကျေးဇူးပြုပြီး ရေတွက်ပြီးမှလက်ခံပါနော်"

စာရေးက တဒင်္ဂ ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ ခေါင်းညိတ်လိုက်ကာ အကူနှစ်ယောက်ကို ခေါ်လိုက်ပြီး ငွေများကို ရေတွက်လိုက်လေသည်။

ဆိုင်တာဝန်ခံရွှီက ဒါကို မြင်လိုက်သည်တွင် ရယ်မောလိုက်လေသည်။

"မိန်းကလေးစန်းက တကယ့်ကို လုပ်ရည်ကိုင်ရည်ရှိလှပါတယ်။ ကျွန်တော့်ရဲ့ အကူအညီ မပါပဲနဲ့တောင် မင်းက ဒါကိုဖြေရှင်းဖို့ ပြသာနာမဖြစ်လေဘူး"

"အဲလိုတော့လဲ မဟုတ်ပါဘူး။ စပါးစျေးက ၈၈ဝမ်အထိတောင် တက်သွားပြီလေ၊ ဆိုင်တာဝန်ခံရွှီရဲ့ အကူအညီသာမရရင် ကျွန်မက ဆန်ဆိုင်ရှေ့မှာတန်းစီပြီး ကျွန်မရဲ့နေ့ရက်အများစုကို အချိန်ဖြုန်းရတော့မှာ စိုးရိမ်မိတယ်"

သူမ၏ အိမ်မှလာရသည့်ခရီးက မတိုပေ။ နောက်ကျမှရောက်လာလျှင် စပါးဝယ်ယူမည့် အခွင့်အရေးဆုံးရှုံးရမည့် အဓိပ္ပါယ်ပင်။

နေ့တိုင်းစီရင်စုသို့ စောစောစီးစီး သွားရသည့် ချန်းယိုထျန်းနှင့် တခြားသူများကဲ့သို့ ဖြစ်လိမ့်မည်။

စန်းလော့က ချန်းယိုထျန်းနှင့်တခြားသူများကို စပါးဝယ်ရာတွင် ကူညီပေးရန်အတွက် ဆိုင်တာဝန်ခံရွှီ၏ အကူအညီကို အားကိုးဖို့ စဥ်းစားကြည့်ခဲ့လေသည်။

သို့သော်ငြားလည်း ပထမအချက်မှာ ဆိုင်တာဝန်ခံရွှီ ကိုယ်တိုင်က ဆန်ဆိုင်ပိုင်ရှင် မဟုတ်သလို စပါးဝယ်ယူဖို့အတွက်ကလဲ ငွေများကို ထုတ်ဖို့လိုသေးသည်။ သူမကို ကူညီပေးခြင်းကပင် မျက်နှာသာပေးရာ ကျနေပြီဖြစ်သည်။ ရွာသားများအတွက် အကူအညီပေးဖို့ တောင်းဆိုခြင်းက နည်းနည်းတော့ လွန်ရာကျသည်။ သူတို့သည် ရင်နှီးကျသည့်အသိမိတ်ဆွေများ မဟုတ်သည်ကို စဥ်းစားမိလိုက်ပြီး ဒီအကူအညီက ဝန်လေးရပေနိုင်သည်။

ဒုတိယအချက်မှာ ကျိုးသူကြီး၏မိသားစုက ငွေရှိသည်ဆိုရုံလောက်ပင်။ ချန်းမိသားစု ရှီမိသားစု နှင့် လုမိသားစုတို့ကလည်း ထိုမျှလောက် မလျော့ချေ။ သူတို့သည် စပါးကို တစ်ချီတည်း ဝယ်ယူနိုင်မည် မဟုတ်ချေ။ နေ့စဥ် စပါးဝယ်ယူရသည့်ငွေကို တို့ဟူး တောဟင်းရွက်နှင့်မှိုများ ရောင်းချခြင်းမှ ရလေသည်။ နောက်ပိုင်းတွင် ချင်ဖန်းညန် နှင့် တခြားသူများက တောဟင်းရွက်များကို စီရင်စုတွင် ရောင်းချဖို့အတွက် ယူလာရသေးသည်။ ထိုအခါမှ မိသားစုအတွက် နေ့စဥ် စပါးဝယ်ယူမည့် ငွေပမာဏကို တတ်နိုင်လေသည်။

တုန်းဖူစားသောက်ဆိုင်တွင် လက်ဖက်ရည်တစ်ခွက်လောက် သောက်လိုက်ပြီး စာရေးက ငွေများကို ရေတွက်နေသည်ကို စောင့်ရင်း ပြေစာထုတ်ပေးအပြီးတွင် စန်းလော့က ဆိုင်တာဝန်ခံရွှီကို နှုတ်ဆက်ကာ သူမ၏ ခြင်းများကိုသယ်ရင်း ပြန်လာခဲ့လိုက်သည်။

ဆိုင်တာဝန်ခံရွှီက သူမသယ်လာသည့်ခြင်းထဲက အိုးများကိုကြည့်ရင်း စန်းမိန်ကလေးက သတ်သတ်လွတ်အူကြမ်း နှင့်တို့ဟူးရောင်းချခြင်းအပြင် တခြားဘာများလုပ်သေးသလဲဟု သိချင်မိသွားတော့သည်။

သူက မေးမြန်းဖို့ရာလဲ မသင့်တော်ဟု ခံစားမိသည်။

စန်းလော့က သူမ၏ စွန်ပလွန်သီးမုန့်များကို သွားရောင်းဖို့ ထွက်လာခဲ့ခြင်းပင်။ အဘွားကြီးများနှင့် တောင်၁၂တောင်လောက်ကို လှည့်လည်လာခဲ့သည့် ကျေးဇူးကြောင့် သူမသည် ကုန်ကြမ်းအများအပြား ရခဲ့လေသည်။ သည်နေ့တွင် သူမက ဝမ်၈၀၀လောက်ရှာနိုင်မည့် မုန့်လေးအိုးကို ယူလာခဲ့သည်။

သူမက အရင်က မဝင်ခဲ့ရသည့် မုန့်ဆိုင်နှစ်ဆိုင်တွင် သူမ၏ ကံကိုစမ်းကြည့်ဖို့ စဥ်းစားထားလေသည်။

ယုံဖန်းကျိုင်လို နာမည်ကြီးမုန့်ဆိုင်တစ်ခုက အပြင်ကလုပ်သည့် အစားအသောက်များကို ရောင်းချလိမ့်မည် မဟုတ်ပေ။ သိုသော်ငြားလည်း မုန့်ဆိုင်အသေးလေးများကတော့ အထူးတလည် ငြင်းပယ်လိမ့်မည်မဟုတ်ပေ။

တခုပဲ စိုးရိမ်မိတယ် စျေးကို သိသိသာသာ နှိမ်လိုက်မှာလား မသိဘူး။

သူမ၏ စိတ်ထဲတွင် ချိန်ဆလိုက်ပြီးနောက် စန်းလော့က သူမ၏ပစ္စည်းကိုသယ်ကာ အပြင်သို့ထွက်လာသည်။ တစ်ယောက်ယောက်က စျေးဆစ်ဖို့ကြိုးစားလျှင် သူမလက်ခံနိုင်သည့် အနိမ့်ဆုံးစျေးနှုန်းကို စဥ်းစားလာခဲ့လေသည်။ ရုတ်တရက်ဆိုသလို သူမ၏နောက်မှ တစ်စုံတစ်ယောက်က အလောတကြီး လှမ်းခေါ်လိုက်သည်။

"မိန်းကလေး... မိန်းကလေး "

အစပိုင်းတွင်တော့ စန်းလော့က သူမကိုခေါ်နေသည်ဟု မထင်မိချေ။ စီရင်စုတွင် ဘယ်သူကမှ သူမကို မသိပေ။ သိသူများကလည်း သူမကို အားလီမိန်းမ သို့မဟုတ် စန်းရှီဟု ခေါ်ကြလိမ့်မည်။ သူစိမ်းများက သူမကို မည်သို့ သည်လိုခေါ်ပါမည်နည်း။

ထို့ကြောင့် သူမက အလေးထားမနေပဲ သူမကိုခေါ်သည်ဟု စဥ်းစားမနေမိချေ။ သူမ၏ ပစ္စည်းများကို ဆက်ပြီး သယ်သွားလိုက်သည်တွင် သူမသည် ငွေရှာမည့်အတွေးထဲတွင် နစ်မျောရင်းသာ နောက်ကိုလှည့်မကြည့်ပဲ ဆက်လျှောက်သွားမိလေသည်။

တစုံတစ်ယောက်က အမောတကောနှင့် သူမနောက်သို့လိုက်မှီလာပြီး လှမ်းခေါ်လိုက်သည့် အခါမှ သတိထားမိတော့သည်။

“မိန်းကလေး မုန့်ရေကြည်ရောင်းတဲ့မိန်းကလေး ကျေးဇူးပြုပြီး စောင့်ပါအုံး”

မုန့်ရေကြည်ဟု ကြားလိုက်သည်တွင် စန်းလော့က သူမမှာ မိန်းကလေးဟု အခေါ်ခံနေရသူ ဖြစ်မှန်း သိလိုက်တော့သည်။ သူမက အလိုလိုရပ်လိုက်ပြီး လှည့်ကြည့်လိုက်၏။

အမောတကောဖြင့် သူမဆီ အပြေးလာနေသည့် မျက်နှာဝိုင်းဝိုင်းနှင့် အမျိုးသမီးမှာ တခြားသူမဟုတ်ပဲ ယုံဖန်းကျိုင်၏ အမျိုးသမီးဆိုင်တာဝန်ခံ ဖြစ်နေတော့သည်။

...

All Chapters