← Chapters

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အခန်း (၇၃-၇၄)

Vol. 8 Ch. 73-74

အပိုင်း (၇၃) လက်တွဲကြရအောင်

ဆိုင်ရှင်သည် သူမကိုယ်သူမ တည်ငြိမ်အောင်မထိန်းနိုင်မီ စန်းလော့၏လက်အား ဆွဲကိုင်ပြီး သူမ၏မျက်လုံးများသည် စန်းလော့ သယ်ဆောင်လာသော ခြင်းတောင်းနှစ်ခုအား လှစ်ကနဲကြည့်လိုက်လေသည်။

"မိန်းကလေး၊ နင်ကလဲ ငါ့ကို စောင့်ခိုင်းထားလိုက်တာဟယ်၊ ဒီနေ့ စီရင်စုကို ရောက်လာတာ မုန့်ရေကြည်တွေရောင်းဖို့လား"

စန်းလော့၏ မျက်ခုံးများ တွန့်သွားပြီး သူမက ပြုံးလိုက်သည်။

"ဟုတ်ပါတယ်။ ကျွန်မအခုမှ မြို့ထဲကိုရောက်တာမလို့ တစ်ခြားမုန့်ဆိုင်နှစ်ဆိုင်မှာ စုံစမ်းကြည့်မလို့စီစဉ်နေတာ။ ဆိုင်ပိုင်ရှင်က ကျွန်မကိုရှာနေတာလား"

တစ်ခြားမုန့်ဆိုင်တွေကို စုံစမ်းမလို့စီစဉ်နေတာ..

ဤအကြောင်းကိုကြားသည်နှင့် ဆိုင်ပိုင်ရှင်အမျိုးသမီးက စန်းလော့အင်္ကျီလက်ကို တင်းတင်းဆုပ်ကိုင်ကာ ချက်ခြင်းပင် သတိဝင်လာလေသည်။

ခဏလောက်အမောလိုက်ဖြေရင်း သူမက ပြုံးပြီးပြောလိုက်၏။

"မသွားပါနဲ့ဦး။ လာပါ၊ ကျွန်မဆိုင်မှာ အရင်ထိုင်ပါဦး။ နားနားနေနေ စကားပြောလို့ရပါတယ်"

စန်းလော့က ယနေ့တွင် သူမ၏ထုတ်ကုန်များကို အခြားနေရာတွင် ရောင်းချရန်မလိုအပ်ဟု ခံစားရလေသည်။ ဝယ်သူမှာ စိတ်ဝင်စားနှင့်နေပြီဖြစ်၏။

ပြုံးလိုက်ရင်း သူမက သဘောတူကာ ဆိုင်ရှင်နောက်သို့လိုက်သွားလေသည်။ ထို့နောက်မှသာ ယုံဖန်းကျိုင်ရှေ့ကို မတော်တဆဖြတ်သွားသည့်သူမသည် ဆိုင်ရှင်၏ရှာဖွေနေသူဖြစ်ကြောင်း ရှင်းပြသောကြောင့် သဘောပေါက်လေသည်။

ယုံဖန်းကျိုင်အထဲတွင် ဆိုင်ရှင်သည် စန်းလာ့အား ဆိုင်၏အနောက်ဘက်ခြံသို့ ဖိတ်ကြားလိုက်ပြီး လက်ဘက်ရည်နှင့်မုန့်များကိုပင် ဧည့်ခံပေးခဲ့သေးသည်။

ဤအမူအရာကို စန်းလော့က ဝယ်ယူခြင်း သို့မဟုတ် တစ်စုံတစ်ယောက်ကို မုန့်ရေကြည်ဝယ်ရန်ကူညီခြင်းထက်ပို၍ ပတ်သက်သည်ကို သံသယရှိနေသည်။

အသေအချာပင်။ ဆိုင်ရှင်က စတင်လိုက်၏။

"မိန်းကလေး၊ တစ်ကယ်ပဲ မုန့်ရေကြည်ချက်နည်းကို ရောင်းဖို့ ဆန္ဒမရှိဘူးလား။ ငါတို့တွေ ဈေးကောင်းတစ်ခု ညှိနှိုင်းလို့ရပါတယ်"

စန်းလော့က ကမ်းလှမ်းမှုကြောင့် စိတ်ပါသွားသော်လည်း ရှေးခေတ်အချိန်သို့ ထောက်ပံ့မှုမရှိဘဲ ကလေးနှစ်ယောက်နှင့် ရောက်ရှိလာသောကြောင့် အမြန်ငွေများများရခြင်းထက် ပုံမှန်ဝင်ငွေကိုသာ ပိုနှစ်သက်လေသည်။

ဟင်းချက်နည်းကို ရောင်းတာက ငွေအမြန်ရပေမယ့် ချက်နည်း တစ်ခု ဒါမှမဟုတ် နှစ်ခုကို ရောင်းပြီးတဲ့နောက် ရေရှည်အတွက်ကရော ဘယ်လိုလဲ။

တောင်များတွင် အရင်းအမြစ်များစွာရှိသော်လည်း တောနက်ထဲထိမစွန့်စားလျှင် အနည်းငယ်လောက်သာ အာမခံသည့်အကျိုးအမြတ်ရှိပြီး ထိုအရာများသည်ပင် ရာသီစာများဖြစ်သည်။

ဆေးဖက်ဝင်အပင်များတွင် အလားအလာရှိသည့် အကျိုးအမြတ်ရှိသော်လည်း စန်းလော့သည် ကောင်းစွာမသိပေ။ သူမ၏ဆေးဖက်ဝင်အပင်များ၊ စွန်ပလွန်စေ့များ ရောင်းချရန် ကြိုးပမ်းခြင်းသည် ဆေးဝါးဖော်စပ်သူထံ များများစားစား မယူသွားပေးနိုင်ပေ။ သူတို့သည် လုံလောက်ပြီဟုမပြောမီ အကြိမ်အနည်းငယ်သာ ဝယ်ခဲ့ကြပြီး ကျန်သည့်အရာများကို တောင်ပေါ်သို့ ပြန်လွှင့်ပစ်ခဲ့ရသည်။

သူမ၏စွန်ပလွန်မုန့်ချက်နည်းကို ထုတ်ဖော်ရမှာ ကြောက်နေသော သူမက ကျန်ရှိသောစွန်ပလွန်များကို ပုတီးစေ့လိုက်ကာများ ပြုလုပ်ခြင်းကဲ့သို့သော မည်သည့်ရည်ရွယ်ချက်အတွက်မဆို အသုံးပြုခြင်းမှ ရှောင်ရှားလေသည်။

ထို့ကြောင့် စန်းလော့သည် သူမ သိသောအရာကို အတတ်နိုင်ဆုံးဆုပ်ကိုင်ထားရန် ရည်ရွယ်လိုက်၏။

ထို့ကြောင့် ဈေးညှိနှိုင်းရန်ဆိုင်ရှင်၏ကမ်းလှမ်းမှုမှာ ဆွဲဆောင်မှုရှိသော်လည်း စန်းလော့သည် ခေါင်းခါလိုက်လေသည်။

"စိတ်‌မကောင်းပါဘူး၊ ဆိုင်ရှင်ရယ်၊ ဒါပေမယ့် ကျွန်မတို့မိသားစုက အသက်မွေးဝမ်းကျောင်းပြုဖို့ ဒီကျွမ်းကျင်မှုအပေါ်မှာ မှီခိုနေရတာပါ"

ဆိုင်ရှင်သည် ဤခေတ်တွင် မျိုးဆက်အဆင့်ဆင့်မှ ဆင်းသက်လာသော ဝမ်းစာအဖြစ် အဖိုးတန်ဟင်းချက်နည်းများကို အနီးကပ်စောင့်ရှောက်လေ့ရှိပြီး ထိုသို့ဖြစ်လာရန် အလားအလာမရှိသည်ကို ခန့်မှန်းထားပြီးဖြစ်၏။ လူတစ်ယောက်သာ သေရေးရှင်ရေး အကြပ်အတည်းမဖြစ်ခဲ့ပါက ထိုသို့သောဟင်းချက်နည်းများကို အလွယ်တကူ ရောင်းမည်မဟုတ်ပေ။

သူမ၏နှလုံးသားထဲတွင် သက်ပြင်းတစ်ချက်ချကာ မျက်နှာပေါ်မှ နှမျောအရိပ်အယောင်အနည်းငယ်ဖြင့် သူမက ပြောလိုက်၏။

"လွန်ခဲ့တဲ့ရက်အနည်းငယ်က နင့်ဆီကနေ မုန့်ရေကြည်တစ်ချို့ကို ဝယ်ပြီး ထုပ်ပိုးလိုက်ပြီးတဲ့နောက် တုန်းမိသားစုကို ပို့ပေးခဲ့တယ်။ တုန်းမိသားစုက သခင်မတွေ၊ သခင်မလေး‌တွေနဲ့ သခင်လေးတွေက တစ်ကယ် ကြိုက်နှစ်သက်ကြတယ်။ သခင်မကြီးဆို အိုးနှစ်လုံးကိုတောင် သိမ်းထားသေးတယ်။ ဒါကြောင့် ငါတို့ရဲ့တုန်းမိသားစုက ဟင်းချက်နည်းကိုဝယ်ပြီး အဲ့တာကို ပြန်ပြင်ဆင်ပြီး ဆိုင်မှာရောင်းချဖို့ စဉ်းစားနေတာ"

စန်းလော့က ပြုံးလိုက်ပြီး သူမဆက်ပြောသည်ကို စောင့်နေ၏။

စန်းလော့၏တည်ငြိမ်သည့်အမူအရာကိုမြင်တော့ ဆိုင်ရှင်သည် ရွေးချယ်စရာမရှိတော့သော်လည်း တုန်းမိသားစု၏တစ်ခြားအဆိုပြုချက်ကို ကမ်းလှမ်းလေသည်။

"ဟင်းချက်နည်းကို တစ်ကယ်မရောင်းချင်ဘူးဆိုရင်လည်း လက်တွဲလုပ်မယ့်အကြောင်းကို ပြောလို့ရပါတယ်"

စန်းလော့က အပြုံးနှင့်မေးလိုက်၏။

"ဘယ်လိုလက်တွဲမှာလဲရှင်"

ဆိုင်ရှင်က သူတို့၏သတ်မှတ်ချက်များအတိုင်း ထုတ်ကုန်ပြုလုပ်ရာတွင် အဓိကအားဖြင့် စည်းမျဉ်းစည်းကမ်းများကို အကြမ်းဖျင်းဖော်ပြထားပြီး သူတို့အတွက် သီးသန့်ပုံမှန်ထောက်ပံ့မှုကို သေချာအောင် လုပ်ထားသည်။

စန်းလော့သည် ပထမနှင့်နောက်ဆုံးအချက်ကို သဘောတူနိုင်သော်လည်း အလယ်အလတ်သတ်မှတ်ချက်မှာ သူမအတွက်မရနိုင်ပေ။

စွံပလွန်သီးများသည်တောထဲတွင် သဘာဝအတိုင်းပေါက်ရောက်နေပြီး သူမ စိုက်ပျိုးထားခြင်းမဟုတ်သောကြောင့် တစ်သမတ်တည်းတွေ့နိုင်ခြင်းကို မည်သို့အာမခံနိုင်မည်နည်း။ ဒေသ၏မိုးလေဝသနှင့် ရာသီဥတုကိုထည့်တွက်သော် နောက်တစ်လခွဲအကြာတွင် ထိုအရာများကိုမရနိုင်တော့ပေ။

"အမှန်ပင် သူမသည် ဤအရာနှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်း မပြောဆိုနိုင်ပေ။ အကြောင်းပြချက်အစစ်ကိုထုတ်ဖော်ခြင်းသည် ဟင်းချက်နည်းကို အဓိပ္ပာယ်ဖော်ရန် ပိုမိုလွယ်ကူစေမည်ဖြစ်သည်။

ထို့ကြောင့် စန်းလော့က သည်အတိုင်းခေါင်းခါလိုက်လေ၏။

"ရှင့်ရဲ့ပုံစံခွက်တွေကို သုံးပြီးလုပ်လို့ရတယ်။ ပြီးတော့ ရှင့်ကိုလဲ သီးသန့်ပို့ပေးလို့ရပါတယ်။ ဒီသတ်မှတ်ချက်တွေကို စီစဉ်နိုင်သေးတယ်။ ဒါပေမယ့် တစ်သမတ်တည်းပို့ပေးဖို့က မဖြစ်နိုင်ဘူး။ ဒီမုန့်ရေကြည်တွေလုပ်တာအပြင် ကျွန်မတို့မိသားစုမှာ တခြားလုပ်ငန်းတွေ အများကြီးရှိသေးတယ်။ အလျင်မီဖို့ကလည်း အရမ်းအလုပ်များတယ်လေ၊ ပြင်ပလူတွေကိုငှားရမ်းတာက ဟင်းချက်နည်း ပေါက်ကြားတဲ့အန္တရာယ်ဖြစ်စေနိုင်တယ်။ ဒါကြောင့် ကျွန်မတို့မှာ အချိန်ပိုရှိမှပဲ အဲ့တာတွေကို ထုတ်လုပ်နိုင်ပါတယ်"

ဆိုင်ပိုင်ရှင်အမျိုးသမီး : “……”

"နင်ပြောချင်တာက ပိုက်ဆံရှာဖို့အရမ်းအလုပ်ရှုပ်နေတာပေါ့"

သူမသည် သံသယရှိနေပုံပေါ်၏။

စန်းလော့က ပွင့်ပွင့်လင်းလင်းရှင်းပြလိုက်၏။

"မကြာသေးခင်ကမှ စီရင်စုမှာရောင်းခဲ့တဲ့ နတ်သမီးတို့ဟူးနဲ့တို့ဟူးတွေကလဲ ကျွန်မတို့မိသားစုစီးပွားရေးရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။ တုန်းဖူစားသောက်ဆိုင်နဲ့လဲ ပူးပေါင်းမှုတစ်ချို့ရှိတယ်။ ကျွန်မတို့က တကယ်ကိုအလုပ်တွေပိနေလို့ပါ ကျေးဇူးပြုပြီး နားလည်ပေးပါ ဆိုင်ရှင်ရယ်။ ဟုတ်ပါတယ်။ ကျွန်မက အကောင်းဆုံးကြိုးစားပြီးတော့ အချို့အသုတ်ကိုတော့ ကြိုကြားကြိုကြားလေးလုပ်ပြီး ယူလာပေးပါ့မယ်"

နတ်သမီးတို့ဟူးနှင့်တို့ဟူးအကြောင်းကိုကြားတော့ ဆိုင်ရှင်အမျိုးသမီး၏ မျက်လုံးများသည် အံ့ဩမှုကို‌ပြသနေသည်။

နောက်ဆုံးတွင် စန်းလော့၏စကားများကို ယုံကြည်လာလေသည်။

"ဒါဆိုလဲ ကောင်းပါပြီ"

စကားဝိုင်းသည် ဤနေရာသို့ရောက်လာသောအခါ ဆိုင်ရှင်တွင် ရွေးချယ်စရာ မရှိတော့ပေ။ သူမဆိုင်ရှိမုန့်စားဖိုမှူးများသည် စန်းလော့ပေးခဲ့သော မုန့်ရေကြည်အိုးတစ်ဝက်အား ပုံတူကူးယူရန် ရက်များစွာ စဉ်းစားနေခဲ့ပြီး အကြိမ်တစ်ဒါဇင်ကျော်ကို ကြိုးစားခဲ့ပြီး မအောင်မြင်ခဲ့ကြချေ။

ထို့နောက် သူမက စန်းလော့သယ်လာသောခြင်းဘက်သို့ အာရုံပြောင်းလိုက်၏။

"ဒီနေ့ စွန်ပလွန်မုန့်တွေ ဘယ်လောက်တောင်ယူလာတာလဲ"

"၈၃၆တုံး"

စန်းလော့က အံ့‌ဩလောက်အောင် အတိအကျပြောလိုက်၏။

အရေအတွက်အတိအကျကို စန်းလော့မှတ်မိရသည့်အကြောင်းအရင်းမှာ အိုးများကို သူမထုပ်ပိုးလာခဲ့ခြင်းဖြစ်ပြီး ၃၉တုံးမှာ အပိုဖြစ်သည်။ သူမသည် အစပိုင်းတွင် ၉တုံးအား မောင်နှမနှစ်ယောက်အတွက် သရေစာအဖြစ်ချန်ထားပြီး အတုံး၈၃၀ကို စီရင်စုသို့ယူသွားရန် စီစဉ်ထားလေသည်။ သို့သော် မိသားစု၏အကြွေးနှင့်ပတ်သက်ပြီး စိုးရိမ်နေကြသော ကလေးများသည် သုံးခုထက်ပိုမချန်ဖို့ ငြင်းဆိုပြီး ကျန်ရှိသည်များကို ထုပ်ပိုးခိုင်းကြ၏။

ထို့ကြောင့် စန်းလော့သည် အထူးသဖြင့် ဤကိန်းဂဏန်းများနှင့်ပတ်သက်၍ ရှင်းလင်းပါသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းက သူမနှင့် ရှန်းနဉ် သို့မဟုတ် ရှန်းအန်းတို့သည် အနီးနားရှိတောင်တန်းဒါဇင်များစွာကို စေ့စေ့စပ်စပ် ရှာဖွေကြလေသည်။ သူတို့သည် သဘာဝအတိုင်း ကြွေကျနေသောအသီးများကိုသာ ကောက်ယူကြ၏။ စွံပလွန်ပင်များမှာ အလွန်မြင့်ပြီး အကိုင်းအခက်များမှာလည်း တက်ရန် ကြွပ်ဆပ်လွန်း၏။ ထိခိုက်မှုမရှိဘဲ ကြွေကျနေသောအသီးများသည် ရက်အနည်းငယ်ကြာရှည်ခံနိုင်ပြီး လူများ စုဆောင်းနိုင်ရန် အချိန်လုံလောက်စွာပေးသောကြောင့် သူတို့သည် သဘာဝအတိုင်းကြွေကျသော အမှည့်လွန်အသီးများကို အဓိကကောက်ယူကြခြင်းဖြစ်သည်။

ဝမ်ရှစ်ရာသည် အများအပြားဟု ထင်ရသော်လည်း ခက်ခက်ခဲခဲ ရခဲ့ခြင်းဖြစ်သည်။ သူတို့သည် တောင်များပေါ်တွင် နေ့တိုင်းအကြိမ်ပေါင်းများစွာ အသွားအပြန်လုပ်ရင်း အချိန်ကုန်ဆုံးကြရသည်။ အနီးနားရှိ အသီးများကို ခူးပြီးသည်နှင့် သူတို့သည် တောင်ခြေလမ်းများပေါ်တွင် အချိန်ကုန်ဆုံးရင်း ပိုမိုစွန့်စားကြရသည်။

ညဘက်တွင် စွန်ပလွန်မုန့်များကို အိမ်တွင်ပြုလုပ်ကြသည်။ ကောက်နှံရိတ်သိမ်းရသည့်ရက်များတွင် ညနက်မှအလုပ်လုပ်ရခြင်းသည် မောပန်းနွမ်းနယ်စေသည်။

ယခုချိန်တွင် ရှန်းအန်းနှင့်ရှန်းနဉ်ပင်လျှင် စွန်ပလွန်ကို အခွံနွှာခြင်းနှင့်ကြိတ်ချေရာတွင်ကျွမ်းကျင်လာပြီဖြစ်သည်။

ဆိုင်ရှင်အမျိုးသမီးက ရယ်မောလိုက်၏။

"ဒါတွေအကုန်ယူလိုက်မယ်။ မှတ်‌ထားနော်၊ နောက်ကျရင် ဒီမုန့်ရေကြည်တွေကို ယုံဖန်းကျိုင်ကိုပဲရောင်းပါ"

စန်းလော့သည် လိုလားသည်ထက်ပင်ပိုပြီး ထိုအရာများကို ရေတွက်ရန် ချက်ချင်းပြောလိုက်၏။

ဆိုင်ရှင်အမျိုးသမီးက မဆိုင်းမတွလုပ်ဆောင်လိုက်၏။ အသီးများကိုရေတွက်လိုက်ပြီး စန်းလော့ထံသို့ ငွေ၈တွဲ (ဝမ်၁၀၀တွဲထားသည့်အတွဲ ၈တွဲ)နှင့် ၃၆ ဝမ်ကို လွှဲပေးလိုက်သည်။ သူမကလည်း ငွေရေတွက်ရန် စန်းလော့အား အချိန်ပေးလိုက်၏။

စန်းလော့သည် ယခုအကြိမ်တွင်တုံ့ဆိုင်းခြင်းမရှိဘဲ သူမရရှိထားသော ဝမ်ရှစ်ရာကျော်အတွက် အသေးစိတ်အစီအစဉ် ချမှတ်ထားလေသည်။ သူမက ဆိုင်ရှင်အား ငွေကိုချည်ရန် ကြိုးကိုပင် တောင်းလိုက်သေးသည်။

ကြိုးတစ်ချောင်းလျှင် ၈၈ ဝမ်နှင့် ၉ကြိုးဆွဲထားကာ ၄၄ ဝမ်ကိုသာ ကြိုးအသေးနှင့်ချည်ဆွဲထား၏။

မထွက်ခွာခင် ဆိုင်ရှင်အမျိုးသမီးက စန်းလော့ကို ခေတ္တစောင့်ရန်ပြောလိုက်ပြီး သူမအတွက်သေတ္တာအသေးတစ်လုံးယူရန် အထဲသို့ဝင်သွားလေသည်။

စန့်လော့သည် ထိုအရာများမှာအချိုပွဲလုပ်မည့် ပုံစံခွက်များဟု သဘောပေါက်လိုက်၏။ သူမ၏စွန်ပလွန်မုန့်များအတွက် ထိုအရာကိုသာ အသုံးပြုပါက သပ်ရပ်ပြီး ပုံစံတစ်ညီတစ်ညာထဲ ထွက်လာရုံသာမက ယုံဖန်းကျိုင်တံဆိပ်ရိုက်နှိပ်ပြီးသားဖြစ်သည်။

"နောက်အမှာစာတွေမှာ ဒီပုံစံခွက်ကိုအသုံးပြုပေးနိုင်မလား။ နင်ရော ဘယ်လိုထင်လဲ"

ဆိုင်ရှင်က မေးမြန်းလိုက်လေသည်။

အချိုပွဲများပေါ်ရှိ ဝါးလှေ့ခြင်းတောင်းမှ ဖိရသည်။ ထိုအရာများကို နှစ်သက်မှုလျော့ပါးစေမည်မှာ သေချာ၏။

ပုံစံခွက်များကို စစ်ဆေးကြည့်ရှုပြီးနောက် ထိုအရာများမှာ သူမ ယခုအသုံးပြုနေသည်များနှင့် အရွယ်အစားဆင်တူသည်ကို တွေ့ရသည့် စန်းလော့က ခေါင်းညိတ်ပြလိုက်လေသည်။

"ကောင်းပြီ၊ ဒါတွေကို နောက်လာမယ့်အသုတ်အတွက် သုံးလိုက်ပါမယ်"

သူမသည် ပုံစံခွက်များကို ဂရုတစိုက်စစ်ဆေးခဲ့ပြီး တစ်ခုစီသည် အပိုင်းနှစ်ဆယ်ရှိသော စတုဂံပုံသဏ္ဍာန်ဖြစ်ကြောင်း သတိပြုမိသည်။ ပိုင်ရှင်က ပုံစံခွက်၁၀ခုကို ယူထုတ်လာခြင်းသည် စန်းလော့မှာ တစ်ကြိမ်လျှင်မုန့်ရေကြည် အတုံး၂၀၀လုပ်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ စန်းလော့က မျက်မှောင်အနည်းငယ်ကြုံ့လိုက်၏။

“ရှင့်မှာသာပုံစံခွက်တွေရှိသေးရင် အပိုနည်းနည်းလောက် ထပ်လုပ်ပေးလို့ရမှာ။ ဒီ‌မုန့်ရေကြည်တွေက ကျကျနနသိမ်းမယ်ဆိုရင် အတော်လေးအထားခံတယ်။ ကျွန်မတို့ကအဲ့တာကို မကြာခဏမလုပ်ဖြစ်ဘူး။ ဒါကြောင့် ကျွန်မတို့က တစ်သုတ်ကိုများများလုပ်တယ်"

စွံပလွန်သီးရာသီမှာ တိုတောင်းသောကြောင့် စန်းလော့သည် ပစ္စည်းလက်ဝယ်ထားရှိရန်နှင့် အစီအစဉ်ချရန်လိုအပ်နေသည်။ ဤနည်းဖြင့် သူမက ရာသီကုန်သွားပြီးလျှင်ပင် မုန့်ရည်ကြည်ကို စားသုံးကြသူများက တောင်ပေါ်မှရသည့် စွန်ပလွန်သီးဖြင့် မုန့်ရည်ကြည်ကို လုပ်ထားသည့်အကြောင်း မသိနိုင်အောင် လုပ်ထားနိုင်မည်ဖြစ်ပြီး ယုံဖန်းကျိုင်ကို ဆက်လက်ထောက်ပံ့ပေးနိုင်မည်ဖြစ်သည်။

ပိုင်ရှင်အမျိုးသမီးက မျက်မှောင်ကြုံ့လိုက်၏။ သူမဆိုင်အတွက် ပိုလတ်ဆတ်သောထုတ်ကုန်များကို နှစ်သက်ကြောင်းနားလည်လေသည်။ သို့သော် သူ့သူဌေးဆီသို့ပို့လိုက်သည့် အတုံး၆၀၀မှာ ချက်ခြင်းဆိုသလို ပျောက်ကွယ်သွားသည်ကို ပြန်သတိရသွား၏။ သူတို့၏မိသားစု အရွယ်အစားကြီးမားသော်လည်း ယုံဖန်းကျိုင်တွင် သူမ၏ဖောက်သည်အများစုမှာ ကြွယ်ဝသောအိမ်ထောင်စုများမှဖြစ်ကြောင်း သူမသိလေသည်။

ပုံစံခွက်များ၏အရေအတွက်ကို ကန့်သတ်ခြင်းတွင် သူမ၏အမှားကို နားလည်၏။

စန်းလော့သည် တို့ဟူးနှင့် တုန်းဖူစားသောက်ဆိုင်ဖြင့် ဆက်ဆံရာတွင် အလွန်အလုပ်များနေပြီး မုန့်ရေကြည်များကို မကြာခဏပြုလုပ်ပါက အတုံး၂၀၀မှာ မည်မျှကြာကြာခံမည်နည်း။

"ဒါက ကိုယ့်ကိုယ်ကိုယ်သွယ်ဝိုက်ပြီးတော့ တားမြစ်နေတာမလား"

ဆိုင်ရှင်အမျိုးသမီးက အပြုံးဖြင့် ချက်ခြင်းသဘောတူလိုက်၏။

"သေချာတာပေါ့၊ ကျွန်မ နောက်ထပ်သွားယူနေတဲ့အချိန်လေး ခဏလောက်စောင့်ပါဦး”

နောက်ဆုံးတော့ သူမသည် တစ်သုတ်လျှင် အတုံး‌လေးရာကျော် ထုတ်နိုင်မည့် နောက်ထပ်ပုံစံခွက်ဆယ်ခုကို ယူလာလေသည်။

စီးပွားရေးကိစ္စများ အခြေကျသည်နှင့် ဆိုင်ရှင်သည် စန်းလော့ကိုထိုင်ရန်နှင့် လက်ဖက်ရည်နှင့်မုန့်များ သုံးဆောင်ရန်ဖိတ်ကြားလိုက်၏။ သူမကိုယ်သူမ အပြုံးနှင့် မိတ်ဆက်လိုက်၏။

"ကျွန်မရဲ့မျိုးရိုးက ယန် ပါ။ ကျွန်မကို တာဝန်ခံယန်လို့ခေါ်နိုင်ပါတယ်။ ရှင့်ရဲ့နာမည်နဲ့ဘယ်မှာနေလဲဆိုတာကို မေးကြည့်လို့ရမလား"

သူမက စန်းလော့၏နောက်ခံနှင့်ပတ်သက်၍ စတင်မေးမြန်တော့သည်။

ယခုအချိန်တွင် သူတို့မှာ စီးပွားဖက်ဖြစ်သောကြောင့် စန်းလော့က မျှဝေရာတွင် အန္တရာယ်မရှိသည်ကို သိလေသည်။

"ကျွန်မရဲ့မျိုးရိုးက စန်းပါ၊ နာမည်ကတော့ လော့။ တာဝန်ခံယန်က ကျွန်မကို စန်းရှီ ဒါမှမဟုတ် အားလော့လို့ ခေါ်လို့ရပါတယ်။ ကျွန်မက ချင်းဖူမြို့နယ်၊ ရှီလီရွာမှာနေပါတယ်"

တာဝန်ခံယန်က ဤအချက်များကိုမှတ်သားပြီးနောက် မေးလိုက်၏။

"ပစ္စည်းပထမအသုတ်ကို ဘယ်အချိန်မှာပို့ပေးနိုင်မလဲ သိပါရစေ"

ခေတ္တစဉ်းစားပြီးနောက် စန်းလော့ကပြန်ပြောလိုက်၏။

"လေးရက်လောက်အတွင်းမှာ ပထမအသုတ်ကိုပို့ပေးဖို့ အဆင်ပြေနိုင်တယ်"

ဤပစ္စည်းများကိုထုတ်လုပ်ခြင်းသည် ရာသီဥတုအပေါ်တွင်မှီတည်သည်။ နေရောင်ကောင်းကောင်းအောက်တွင် နှစ်ရက်လောက်အတွင်း ခြောက်သွေ့သော်လည်း မိုးရွာသည့်နေ့များတွင် အိမ်တွင်းအခြောက်ခံရပါက သူတို့သည် ကြာကြာထားရန်လိုအပ်ပေသည်။

ပို့ဆောင်မည့်အကြမ်းဖျင်းအစီအစဉ်ကို သဘောတူရင်း စန်းလော့က သူမ၏အိုးများနှင့် တာဝန်ခံယန်မှ ပေးခဲ့သောအချိုပွဲပုံစံခွက်များကို စုလိုက်ကာ ထွက်ခွာရန်ပြင်ဆင်လိုက်၏။

ဧည့်ဝတ်ကျေလှသည့် တာဝန်ခံယန်က ဆိုင်ဝင်ပေါက်အထိ တစ်လမ်းလုံးသူမနှင့်အတူ လိုက်ပါသွားလေသည်။

ယုံဖန်းကျိုင်မှထွက်လာတော့ တစ်ခြားမည်သည့်နေရာကိုမျှမဝင်ရန်နှင့် ချန်းယိုထျန်းနှင့်အခြားသူများ တန်းစီနေသောစပါးဆိုင်သို့ တန်းသွားရန်ဆုံးဖြတ်လိုက်၏။

စောနေသေးသော်လည်း စပါးဆိုင်အပြင်ဘက်တွင် တန်းစီနေသော လူတန်းရှည်ကြီးဖြစ်‌ပေါ်နေသည်။ ချန်းယိုထျန်းနှင့်အခြားသူများသည် လူတန်း၏အလယ်တွင် ရောက်နေပြီဖြစ်သည်။ စန်းလော့က ချဉ်းကပ်သွားကာ သူမအိတ်ထဲမှ ငွေတွဲများကိုဆွဲထုတ်ကာ စပါးအိတ်များနှင့်အတူရှိနေသော ချန်းယိုထျန်း၊ ရှီအာ့လန်နှင့် လုသလန်တို့ထံ သုံးတွဲပေးလိုက်၏။

"အားစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျေးဇူးပြုပြီး ကျွန်မအတွက် စပါးသုံးပြည်ဝယ်ပေးပါဦးနော်။ တစ်တွဲဆီမှာ ၈၈ ဝမ်အတိအကျပါပါတယ်"

စန်းလော့ကို စပါးဝယ်ရာတွင် ကူညီရန်ကြိုတင်စီစဉ်ထားသည်။ ချန်းယိုထျန်းနှင့်အခြားသူများသည် ဝယ်ယူမှုကန့်သတ်ချက်များကြောင့် ခရီးတစ်ခေါက်ကို တစ်ယောက်လျှင် တစ်ပြည်ခွဲသာဝယ်နိုင်သည်။ စန်းလော့သည် တန်းစီရန်အတွက် ပစ္စည်းများရောင်းခြင်းဖြင့် အလွန်အလုပ်များနေသောကြောင့် သူမကိုယ်စား စပါးဝယ်ပေးရန် အကူအညီတောင်းရခြင်းဖြစ်သည်။

သူတို့က ခေါင်းညိတ်ပြကာ ပိုက်ဆံကိုအိတ်ထဲလိုက်ပြီး စန်းလော့သည် ဘေးတွင်စောင့်နေလေ၏။

မနက်ခင်းတွင် ဤနေရာသို့လာစဉ်တွင် ကျိုးရွာသူကြီးသည် စန်းလော့၏ ဖောင်းနေသောပိုက်ဆံအိတ်ကို သတိထားမိသော်လည်း စီရင်စုတွင် ပစ္စည်းများရောင်းခြင်းမှ ငွေရရှိကြောင်းကို သဘောမပေါက်ပေ။

သူသည် စန်းလော့ခြင်းထဲရှိ မုန့်ပုံစံခွက်များကို တော်တော်လေးသိချင်နေသည်။ ထိုအရာတော်တော်များများမှာ အိုးထဲတွင်မဆံ့ဘဲ အပြင်ထွက်နေလေသည်။

……

မနက်နေမြင့်ချိန်တွင် သူတို့သည် စပါးဝယ်ပြီးကြပြီး တစ်လီတာလျှင် ၂၄ဝမ်ပေးရသော ဆားကို ဆက်လက်ဝယ်ယူကြ၏။ ကျိုးရွာသူကြီးသည် ၅လီတာ တိုက်ရိုက်ဝယ်လိုက်ပြီး စန်းလော့က သူ့ကို အကြိမ်ပေါင်းများစွာ အံ့ဩသင့်စွာကြည့်ရန် တိုက်တွန်းနေသ‌ယောင်။ ထိုပမာဏသည် တစ်‌နှစ်ကျော်အထိ ကောင်းကောင်းအထားခံသည်။

စန်းလော့သည် ကျိုးရွာသူကြီး၏မိသားစုမှာ အတော်လေးကြီးသည်ကို မှတ်မိသော်လည်း ဂရုတစိုက်အသုံးပြုခြင်းဖြင့် ဆားသည် တစ်နှစ်ထက်ပို၍ လုံလောက်ပါသည်။

သူ၏ရေရှည်အထားခံသည့် ကုန်ပစ္စည်းအဖြစ်လူသိများသော ဆားများမှာ နှစ်နှစ်မှ သုံးနှစ်အထိ အလွယ်တကူအထားခံသောကြောင့် သိုလှောင်ရန်လည်း ထည့်သွင်းစဉ်းစားလေသည်။ သို့သော် ပိုက်ဆံအိတ်၏အလေးချိန်ကို ခံစားမိတော့ ဆိုင်ရှင်ကို တစ်လီတာသာ တောင်းလိုက်‌၏။

ထိုအရာသည် သူမတတ်နိုင်သမျှအရာအားလုံးဖြစ်သည်။ ဤတစ်လီတာ ဝယ်ယူခြင်းသည် သူမလက်ထဲတွင် ဝမ်၂၀သာ ကျန်ရှိစေတော့၏။

ချန်း၊ ရှီ နှင့် လုမိသားစုတို့သည်လည်း စန်းလော့နှင့် အလားတူအခြေအနေဖြစ်ပြီး ဆား တစ်လီတာကို အံကြိတ်ကာ ဝယ်ယူကြရသည်။

သူတို့၏ဝယ်ယူမှုများပြီးသည့်နောက် ချင်ဖန်းညန်နှင့်သူမ၏အုပ်စုအား မစောင့်တော့ဘဲ လူတိုင်းသည် သူတို့၏လယ်ထဲသို့ ပြန်သွားရန်လောနေကြသည်။ သူတို့သည် အိတ်များကို မြှောက်တင်ကာ ခရီးစတင်ကြလေသည်။

ချန်းယိုထျန်းနှင့်အခြားသူများအတွက် သူတို့ဝယ်ယူသည့်ပစ္စည်းများကို သယ်ယူရန်မှာ အခက်အခဲမရှိပေ။ လက်ဖြင့်အလွယ်တကူသယ်လို့ရနိုင်သည်။ သို့သော် စန်းလော့၏စုစုပေါင်းစပါးကိုးပြည်ကို အိတ်သုံးအိတ်ဖြင့်ခွဲထား၏။ ကံကောင်းထောက်မစွာဖြင့် ချန်းယိုထျန်းနှင့် သူ၏မိတ်ဆွေများသည် ထိုအရာများသယ်ရာတွင်ကူညီပေးကြလေသည်။

ငါးယောက်အုပ်စုတွင် စန်းလော့သည် ထမ်းပိုးပေါ်တွင် အထုတ်ကိုသယ်လျက် ကျန်သည့်သူများမှာ စပါးနှင့်အိတ်များကို ထမ်းကာ ရွာသို့ပြန်လာသောအခါ မလွဲမရှောင်သာပဲ အာရုံစိုက်ခံကြရ၏။

"တစ်ကယ်ပဲ ဈေးတက်နေတဲ့စပါးတွေကိုဝယ်ခဲ့တာလား၊ ဟမ်။ ဘာအတွက်လဲ။ ဒါက ဒီနှစ်အခွန်အတွက်သက်သက်ပဲလေ။ အဲ့လိုမှမဟုတ်ရင် တစ်ချို့ကို စပါးကုန်သည်တွေကို ရောင်းဖို့မက်လုံးပေးခံရလိမ့်မယ်"

တစ်စုံ‌တစ်ယောက်က မှတ်ချက်ပေးလိုက်၏။

"ကျစ်... ခရိုင်မှာ ဈေးဆိုင်ဖွင့်ပြီး တကယ် ဝင်ငွေရှာနေတာပဲ"

"ချန်းယိုထျန်း၊ မင်းရဲ့မိန်းမ‌ကရော စီရင်စုမှာ ဘာရောင်းတာလဲ။ သူလဲ နည်းနည်းတော့ ငွေရမှာပဲမလား"

ချန်းယိုထျန်း : “တောဟင်းရွက်တွေ၊ မှိုတွေ၊ အိမ်မှာစိုက်ထားသမျှ ဟင်းသီးဟင်းရွက်‌တွေပေါ့။ ငါတို့မှာရှိသမျှ အကုန်ရောင်းတယ်။ မင်းသာ အလုပ်ကြိုးစားရင်၊ စီရင်စုမှာရောင်းဖို့ ပစ္စည်းတွေသယ်သွားလို့ရတယ်"

သူသည် ချန်းယိုထျန်းကိုစကားပြောရင်း သရော်ပြုံးပြုံးလိုက်သော်လည်း သူ၏မျက်လုံးများမှာ စန်းလော့ထမ်းလာသော ခြင်းတောင်းများ၊ အထူးသဖြင့်ထိုအုပ်‌ထားသော အိုးများသို့ စူးစိုက်ကြည့်လိုက်လေသည်။

စန်းလော့က ဆားအိတ်များကို တစ်စိတ်တစ်ပိုင်းဖုံးကွယ်ကာ အပေါ်မှတင်လာသောကြောင့် အချိုပွဲပုံစံခွက်များမှာ မမြင်သာတော့ပေ။

စန်းလော့သည် ထိုတုံ့ပြန်မှုများကို သတိပြုမိပြီး စိတ်ပူသောမျက်နှာဖြင့် ပြုံးကာ တုံ့ပြန်လိုက်သည်။

"ဦးလေးယိုထျန်းနဲ့တစ်ခြားသူတွေက ကျွန်မကို စပါးကူသယ်ပေးကြတာပါ။ ဒီနှစ်မှာ ကျွန်မတို့မိသားစုက စပါးလေးတင်းနဲ့လေးပြည်ကို အခွန်ပေးရမယ်။ အဲဒီ့ပမာဏနဲ့ ကိုက်ညီဖို့ လိုနေပါသေးတယ်"

ချန်းယိုထျန်းနှင့် အခြားသူများသည် စန်းလော့ စပါးသယ်ယူရာတွင် အမှန်ပင်ကူညီပေးခဲ့ပြီး သူမ၏အခွန်အတွက် စပါးအလုံအလောက် သိမ်းဆည်းထားပြီး လာမည့်ဆောင်းဦးရာသီအထိ စားသုံးရန်ဖြစ်ကြောင်းပင် သိကြ၏။ ယနေ့ဝယ်လာသော ကိုးပြည်သည် သူမသတိထားမိပြီး နောက်ထပ်ပို၍ သိုလှောင်ထားချင်ရုံသာဖြစ်သည်။

ရွာကိုပြန်လာသောလမ်းတွင် သူတို့သည် တမင်တကာ တောင်ပေါ်လမ်းကိုမရွေးဘဲ ကြိုးပမ်းမှု၏ရလဒ်ကိုပြသရန် ရွာထဲမှဖြတ်သွားကြ၏။ ထိုသို့မဟုတ်ပါက အခွန်ပေးရမည့်အချိန် ရောက်လာသည့်အခါ စပါးလေးတင်းမှာ ရုတ်တရက် မည်သို့ထွက်လာနိုင်မည်နည်း။

ဖြတ်ထိုးဉာဏ်ရှိသူ ရှီအာ့လန်သည် စန်းလော့၏ တုံ့ပြန်မှုနှင့်အတူ ချက်ချင်းဆိုသလို သရုပ်ဆောင်ပြီး ပြောလိုက်၏။

"အရမ်းကြီး စိတ်မပူပါနဲ့။ ကိုးလပိုင်း၁၄ရက်နေ့အထိ စပါးအလုံအလောက် မစုဆောင်းနိုင်ဘူးဆိုရင် ငါတို့မိသားစုက ကူညီပါ့မယ်"

ချန်းယိုထျန်းနှင့်လုသလန်တို့သည် တဒင်္ဂမျှကြောင် အ သွားကြသော်လည်း မြန်မြန်ရိပ်စားမိကာ သဘောတူခေါင်းညိတ်လိုက်ကြသည်။

"ဟုတ်တယ်၊ ဟုတ်တယ်၊ မိသားစုတစ်စုချင်းဆီက နည်းနည်းဆီပေးနိုင်ပါတယ်။ စပါးဝယ်ဖို့ပိုက်ဆံ အလုံအလောက်ရမှ ပြန်ပေးလို့ရတယ်"

ဟန်ဆောင်မှုကို သတိမထားမိသောကျိုးရွာသူကြီးက သူတို့၏သရုပ်ဆောင်မှုကို အတည်ယူလေသည်။ သူသည် တို့ဟူးပြုလုပ်ခြင်းမှ အမြတ်အစွန်းရနိုင်သော်လည်း ရင်းနှီးငွေလိုအပ်သည်ကို လည်းသိ၏။ စန်းလော့သည် အခြားမိသားစုသုံးစုကို ထောက်ပံ့ပေးပြီး အိမ်ဆောက်စရိတ်နှင့် အခြားကုန်ကျစရိတ်များကိုပါ ထည့်သွင်းစဉ်းစားခြင်းဖြင့် စပါးဝယ်ရန် ရုန်းကန်နေခြင်းမှာ ယုတ္တိရှိသည်ဟုထင်ရသည်။

စန်းလော့သည် သေဆုံးသွားသောခင်ပွန်းဖြစ်သူ၏အခွန်ဝေစုကို ပေးဆောင်နေရဆဲဖြစ်သည်ကို စဥ်းစားရင်း ချန်း၊ ရှီနှင့် လုမိသားစုများ၏ အလားတူအခြေအနေများကို တွေးတောကာ ကျိုးရွာသူကြီးသည် စိတ်ထဲလေးလံသွားသည်ကို ခံစားလိုက်၏။ ရှန်းမိသားစု ခွဲထွက်သွားသောအခါ သူသည် ဝင်ရောက်မစွက်ဖက်နိုင်ပေ။ သို့သော်ယခုအချိန်တွင် အခွန်ပေးဆောင်မှုနှင့် ပတ်သက်၍ ကူညီပေးနိုင်သည်ဟု ခံစားရ၏။

ဤအတွေးဖြင့် ကျိုးရွာသူကြီးက ကမ်းလှမ်းလိုက်၏။

" အများကြီးခက်ခဲနေသေးရင် ငါတို့မိသားစုလည်းပဲ ကူညီပြီး ပံ့ပိုးပေးနိုင်ပါတယ်။ နောက်မှစပါးထပ်ဖြည့်ဖို့ကို အတည်ပြုပါ"

မူလက သရုပ်ဆောင်ရုံသက်သက်ဖြစ်သော စန်းလော့သည် သူ၏ကမ်းလှမ်းမှုကြောင့် ခေတ္တမျှအံ့ဩသွားပြီးနောက် ယဉ်ကျေးပျူငှာစွာ ပြုံးပြလိုက်၏။

"ကျေးဇူးတင်ပါတယ်၊ ဦးလေးကျိုး"

စန်းလော့သည်အမှန်တစ်ကယ်ပင် ဤအကူအညီကိုမလိုအပ်သော်လည်း

ကျိုးရွာသူကြီး၏ ကမ်းလှမ်းမှုသည် စိတ်ရင်းမှန်ဖြင့် ကူညီလိုသောဆန္ဒ သို့မဟုတ် သူမ၏တို့ဟူးပြုလုပ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုတွင် ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်စေရန် ကမ်းလှမ်းမှုဖြစ်နိုင်သည့်တိုင် သူမအား သဘောကျသည့် အမူအရာတစ်ခုပင် ဖြစ်လေသည်။

...

အပိုင်း (၇၄) ပထမဆုံးဆီးနှင်း

စိတ်လုပ်ရှားစွာဖြင့် ထိုနေရာတွင် ရပ်ကြည့်နေကြသည့် ရွာသားများက ချန်းယိုထျန်းနှင့် တစ်ခြားသူများ သယ်လာသည့် စပါးများသည် သူတို့၏ စပါးများမဟုတ်ပဲ စန်းမိသားစု က သူတို့၏ အခွန်အတွက် ဝယ်လာသည့်စပါးများ ဖြစ်ကြောင်း ကြားလိုက်ရလေသည်။

စန်းမိသားစု ဝယ်လာသည့် စပါးပမာဏက လိုအပ်သည့်အခွန်ငွေကို ပေးချေဖို့ရန်အတွက် အများကြီး လိုသေးကြောင်း ချက်ခြင်းသိလိုက်ရသည်။ စန်းမိသားစုက သူတို့ကိုယ်တိုင်လောက်ပင် မချမ်းသာ လေဘူးဟု ထင်မိသွားတော့သည်။

သူတို့သည် အနည်းဆုံးတော့ အခွန်များကို ပေးနိုင်သေးသည်။

သာလွန်သည့် ခံစားချက်တစ်ခုက ချက်ခြင်းဆိုသလို သူတို့စိတ်ထဲတွင် ပြည့်နှက်လာတော့သည်။

ချန်းယိုထျန်းနှင့် တစ်ခြားသူများ သယ်လာသည့် အရာမျာက စပါး၁၀ကျင်း ပြည့်ရုံလောက်သာရှိသည်ကို မြင်လိုက်သည်တွင် သူတို့ဝယ်စုလာသည့် ထိုစပါးများက စျေးကြီးပေးရသည့် စပါးများဖြစ်ရမည်ဟု ထင်လိုက်ကြလေသည်။ ကျွတ် ကျွတ် အများကြီးလဲ မဟုတ်ပါဘူး။ သူတို့တွေက တစ်ခုခုကို ကြီးကြီးမားမား လုပ်တဲ့ပုံစံနဲ့ နေ့တိုင်း စီရင်စုကို ပြေးလွှားနေရတာတဲ့။

လူအုပ်​ကြီး၏ အားကျတဲ့လေသံက ရုတ်တရက်ဆိုသလို ပေါ့ပါးသွားပြီး မူလက စပ်စုသည့်အပြုအမူနှင့် စကားများကို တတွတ်တွတ် ပြောနေသည့်ဘက်သို့ ရောက်သွားတော့သည်။

သို့​သော်ငြား ​လီရှီကတော့ စန်းလော့က ဦးလေးအရွယ်ရှိသည့် ယောက်ကျားတစ်အုပ်နှင့် သွားလိုက်လာလိုက် လုပ်နေသည်ကို မြင်ရပြီး သူမ၏ စပါးခွန်အတွက် ပိုက်ဆံချေးငှားရသည်ကို ကြားလိုက်ရသည်တွင် သူမက ဆန်းစစ်လိုက်ပြီး နောက်ဆုံးတော့ မနေနိုင်ပဲ တံတွေးကို တွေးလိုက်တော့သည်။

ကြိမ်ဆဲလိုက်ချင်သော်လည်း ပြီးခဲ့သည့်တစ်ခေါက်က စန်လော့နှင့်စကားအချေအတင် ဖြစ်ခဲ့သည်ကို သတိရသွားပြီး သူမက သူမ၏စကားလုံးများကို မြိုသိပ်ထားလိုက်ရတော့သည်။

စန်းလော့က သူမကို လာထိလျှင် သနားညှာတာမှု မပြခဲ့လျှင်တောင် လီရှီပြောရဲသည့် ထို ဖျားယောင်းနေတတ်သည့် မိန်းမဟူသည့် စကားလုံးသည် သူ့စိတ်ထဲတွင်သာ နာနာကျည်းကျည်းဖြင့် ရေရွတ်ရဲလေတော့သည်။

စန်လော့ကတော့ ဦးလေးအရွယ် တစ်ခြားယောက်ကျားများနှင့် ချန်းယိုထျန်းနှင့်အတူ လျှောက်သွားသည်ကို တွေ့လိုက်ရသည်တွင် လီရှီ၏ ညစ်ညမ်းလှသည့် အတွေးများကို သတိမထားမိလိုက်ပေ။ မျက်နှာချင်းဆိုင် ဖြတ်သွားသည့်တိုင် လီရှီကို ဂရုလုံးဝမစိုက်ချေ။ လမ်းကို ဖြတ်သွားဖြတ်လာစဥ်တွင် သူမက နှုတ်လဲ နှုတ်မဆက်တော့ပေ။ ထို့ကြောင့် သူမက လီရှီကို တစ်ချက်ကလေးမှ မကြည့်သလို လီရှီ၏ မုန်းတီးနေသည့် အမူအယာကိုလဲ သတိမထားမိလိုက်ချေ။

စပါးသယ်လာပေးသည့်အတွက် အားလုံးကို ကျေးဇူးတင်စကား ပြောလိုက်ပြီးနောက် စန်းလော့က သိပ်မပြည့်လှသေးသည့် အိတ်များကို သိမ်းဆည်းလိုက်ကာ ကလေးနှစ်ယောက်နှင့်အတူ စပါးများကို အိတ်ထဲသို့ ရွှေ့ပြောင်းလိုက်လေသည်။

နောက်ထပ်ဆန်အိတ် သယ်လာသည်ကို တွေ့လိုက်ရသည်တွင် ရှန်းအန်းက မုန့်ရေကြည်မှနောက်ထပ် ပိုက်ဆံရလိုက်မှန်း သိလေသည်။ သူက ဆောင်းတွင်းအတွက် အစားအသောက် သိုလှောင်နေသည့် ရှဥ့်ကြွက်လေးတစ်ကောင်လို ဝမ်းသာအားရ ထုတ်ပြောလိုက်တော့သည်။

"မကြီး ဒီနေ့ မကြီးယူသွားတဲ့ မုန့်ရေကြည်တွေ အားလုံး ရောင်းခဲ့ရသလား"

“အကုန်ရောင်းထွက်သွားတယ် အခုအချိန်ကစပြီး ငါတို့ မိသားစုက ယုံဖန်းကျိုင်နဲ့လဲ သီးသန့်လက်တွဲ လုပ်ရလိမ့်မယ်၊ ငါတို့က ငါတို့ရဲ့ မုန့်ရေကြည်တွေကို သူတို့ဆိုင်မှာ ရောင်းဖို့ ပို့ပေးရမှာ"

"ယုံဖန်းကျိုင် ဟုတ်လား၊ အဲဒါက စီရင်စုက အကောင်းဆုံးမုန့်ဆိုင် မဟုတ်လား"

မောင်နှမနှစ်ယောက်က ဝမ်းသာသွားတော့သည်။ရှန်းနဥ်က မေးလိုက်၏။

"သူတို့တွေက သမီးတို့ရဲ့ မုန့်ရေကြည်ကို ဘယ်​ လောက်စျေးနဲ့ ရောင်းမှာတဲ့လဲ"

စန်းလော့က ခေါင်းကာပြလိုက်သည်။

"မသိဘူး ဒါပေမဲ့ ငါတို့တွေ သူတို့ကို ရောင်းတဲ့စျေးနှုန်းထက် အများကြီး ပိုပြီး စျေးကြီးမှာတော့ သေချာတယ်"

ယုံဖန်းကျိုင်က ပစ္စည်းတွေက လက်ရာမြောက်အောင် ထုတ်ပိုးထားပြီး ဗူးလေးတွေနဲ့ ရောင်းချတာ သူတို့ထဲက ဘယ်ပစ္စည်းကမှ စျေးမပေါဘူး လက်လီရောင်းစျေးကလဲ သူတို့အပေါ်ပဲ မူတည်တာပေါ့။

ရှန်းအန်းက မှတ်ချက်ပေးလေသည်။

"သူတို့တွေက တစ်တုံးကို၁ဝမ်နဲ့ ရောင်းတယ်ဆိုရင်တောင် အမြတ်ကောင်းကောင်း ကျန်သေးတယ်၊ မကြီး ကျွန်တော်တို့တွေ ခဏနေကြရင် တောထဲကို ထပ်ဝင်အုံးမှာလား"

စန်းလော့က ခေါင်းညိတ်ပြသည်။

"ငါတို့တွေ တောထဲသွားဖို့ လိုသေးတယ်၊ လေးရက်လောက်နေရင် တစ်ခေါက်ပို့ပေးမယ်လို့ ကတိပေးထားတယ်၊ ဒါပေမဲ့ အရင်ဆုံး ငါတို့တွေ ရိုးရိုးအခြောက်ခံဖျာလုပ်ဖို့ ဝါးတွေ ဖြတ်ဖို့လိုတယ်"

ယုံစန်းကျိုင်က ပေးလိုက်သည့် ပုံစံခွက် အခုနှစ်ဆယ်ရှိသည်တွင် စန်းလော့သည် ဇကောလေးခု အသုံးပြုမှုကို ချွေတာနိုင်ပေသည်။ ဝဥများကို ထူထူလေး လှီးထားပြီး အခြောက်ခံကာ နောက်ပိုင်း ဝဥအစိမ်း မရနိုင်တော့သည့်အချိန်တွင် ထိုအရာများကို အသုံးပြုနိုင်သည်။

စန်းလော့က ယုံဖန်းကျိုင်၏ ပုံစံခွက်များအတွက် အခြောက်ခံ အပြားလေးများကို လုပ်ချင်သည်။ ဇကောများလုပ်သလို ပါးလွှာသည့်ဝါးမျှင်များကို လုပ်စရာမလိုပေ။ သို့သော်လဲ အပြန့်ကြီးပြီး မျက်နှာပြင်ပြားကာ အခြောက်ခံစင်နှင့် ကွက်တိဖြစ်နိုင်မည့် ဝါးတန်းလေးကိုတော့ လုံလုံလောက်လောက် ထပ်လုပ်ဖို့လိုအပ်ပေသည်။ ထို့မှသာ ပုံစံခွက်ကို ငြိမ်အောင် ထိန်းထားပေးနိုင်လိမ့်မည်။

ပိုလာသည့် ဇကောများကိုတော့ ဝဥလှီးထားသည့် နေရာကို အခြောက်ခံဖို့ သုံးရန် ရည်ရွယ်ထားလိုက်သည်။ ဝဥကလဲ တူးဖို့အချိန် ရောက်နေပြီဖြစ်သည်။

သူမက ရိတ်သိမ်းချိန်မရောက်ခင် သတ်သတ်လွတ်အူကြမ်းများကို ​ ဆက်လက်ပြီးရောင်းဖို့လေ။

အခုအချိန်ကတည်းက ပါဝင်ပစ္စည်းများကို သိုလှောင် ထားဖို့ လိုအပ်သည်။

စန်လော့သည် ယခုဆိုလျှင် ဝါးဖြင့်လုပ်ထားသည့် လက်မှုအလုပ်ကို တော်တော်လေး ကျွမ်းကျင်လာပြီဖြစ်သည်။ သူမ၏အိမ်တွင် ချန်းယိုထျန်း၏ တစ်ချို့ပစ္စည်းများကိုပင် သိမ်းထားလိုက်သေးသည်။ ရိုးရှင်းသည့် အခြောက်ခံပြားများက လုပ်ရန်မခက်ခဲပေ။ သူမက ထိုဖျာများကို နေ့လည်ခင်းအစောပိုင်းတွင် ပြီးစီးသွားတော့သည်။

နောက်လာမည့် အလုပ်များသည့် အချိန်အခါကတော့ ပြောရန်ပင်မလိုချေ။

မကြာမှီတွင် ၉လပိုင်း၇ရက် ရောက်လာပြီး အခွန်သိမ်းဆည်းသူများက ရှီလီရွာသို့ ရောက်လာရန် အချိန်ကျလာတော့သည်။ မနက်ခင်းစောစောစီးစီးတွင် မိသားစုများက ပြင်ဆင်နေပြီး သူတို့၏ စပါးများကို ရွာ၏ အခြောက်ခံကွင်းထဲသို့ ပို့ရန် စောင့်ဆိုင်းနေကြသည်။

စန်လော့အနေဖြင့် အိမ်ထောင်စုတွင် ယောက်ကျားသားလဲ မရှိသလို ဆင်းရဲချင်ဟန်ဆောင်ပြီးကာမှ ရွာထဲတွင် စိတ်ဝင်စားမှုကို မလိုချင်သဖြင့် သူမက မသွားလိုက်ချေ။ သူမက စပါးကိုထပ်ဝယ်ပြီး ၉လပိုင်း ၁၃သို့မဟုတ်၁၄ရက် နေ့လောက်မှသာ အခွန်ကို ပေးမည်ဟု စဥ်းစားထားလိုက်သည်။ စီရင်စုသို့ သွားသည့်အချိန်က သိသာလိမ့်မည် မဟုတ်ချေ။ အခွန် မပေးသေးသော်ငြားလည်း စန်းလော့က မြင်ကွင်းကို လေ့လာဖို့ရန် အခွင့်အရေးကိုတော့ လက်မလွတ်ခဲ့ချေ။

လေ့လာအကဲခတ်ခြင်းက အခွန်လာကောက်သူများ၏ မရိုးဖြောင့်သည့်စိတ်သဘောနှင့် ရွာသားများ၏ အခက်အခဲများကို ပိုမိုပေါ်လွင်ရုံသာ ရှိတော့သည်။ အခွန်ပေးဆောင်ခြင်းတွင် စပါးများကို ပေးအပ်ရသည့်အပြင် အခွန်ကောက်ခံသူများ၏ စိတ်ကို ကျေနပ်စေဖို့ရန်အတွက် သိုသိုသိပ်သိပ် လာဘ်လဲ ပေးရသေးသည်။

အခွန်လာကောက်သူများ၏ အတိုင်းအတာပစ္စည်းက ပြည်တောင်းဝင် သစ်သားပုံးဖြစ်သည်။ စုဆောင်းသည့် စပါးပမာဏက သူ၏ စိတ်သဘောထားအပေါ် မူတည်လေသည်။ လာဘ်ပေးသူများက အလွယ်တကူ ပြီးမြောက်သွားနိုင်သော်လဲ တစ်ခြားသူများကတော့ အခွန်လာစုသူက ပြည်တောင်းကို တက်နင်းပြီး အတိုင်းအတာကို လျှော့ချအောင် လုပ်တတ်သည်နှင့် ကြုံတွေ့ရသည်။

ဟုတ်ပါသည်။ သစ်သားဖြင့်လုပ်ထားသည့် စပါးချင်သည့်ပုံးကို အခွန်ကောက်သူက ဖိပြီး နင်းလိုက်သည်တွင် လျှံထွက်သွားတော့မယောင် စပါးများက သိသိသာသာ လျော့ကျသွားလေသည်။ တစ်ချက်နှစ်ချက်လောက် ဆောင့်နင်းလိုက်သည်နှင့် စပါးပမာဏက သိသိသာသာ ကျဆင်းသွားတော့သည်။

ထိုအခိုက်တွင် လာဘ်ပေးခြင်းကပင် အသုံးမဝင်တော့ပေ။ စပါးလာကောက်သူက ပမာဏလုံလောက်မှု မရှိလျှင် လက်ခံလိမ့်မည် မဟုတ်ချေ။ မတတ်သာတော့ပဲ စပါးကို ထပ်ဖြည့်ပေးရပြီး မျက်ရည်ကလဲ အကူအညီ မဖြစ်နိုင်တော့ပေ။

ဒီအဖြစ်အပျက်က တစ်ရွာလုံးကို သိသိသာသာ သတိပေးချက်တစ်ခုလို ဖြစ်သွားတော့သည်။ ဘယ်သူကမှ စပါးလာကောက်သူများကို စိန်မခေါ်ရဲကြတော့ချေ။ သူတို့၏ မျက်နှာများက မကျေနပ်ဟန်သိသာစေသော်ငြားလည်း အခွန်ကောက်ခံသူရှေ့တွင်တော့ ယဥ်ကျေးသည့် အမူအရာကို အားတင်းပြီး ဆောင်ထားရလေတော့သည်။

စန်လော့သည် မတရားမှုကြောင့် မွန်းကြပ်သလို ခံစားလာရပြီး ရှန်းနဥ်နှင့်အတူ အိမ်ပြန်လာခဲ့တော့သည်။

၉လပိုင်း၉ရက်နေ့တွင် စန်းလော့သည် စီရင်စုသို့ တဖန်သွားလိုက်သည်။ယုံဖန်းကျိုင်၏ ပုံသွင်းသစ်သားဖြင့် ပြုလုပ်ထားသည့် မုန့်ရေကြည်ပထမအသုတ်ကို သွားပို့လိုက်သည်။ ပစ္စည်းများက အင်မတန်မှ ကောင်းမွန်သည်။ ဆိုင်တာဝန်ခံယန်က အင်မတန် ဝမ်းသာသွားပြီး ချက်ခြင်းဆိုသလို သူ့တို့အတွက် ဝမ်၄၀၀ကို ထုတ်ပေးလိုက်သည်။

ချန်းယိုထျန်း ရွာသူကြီးကျိုးနှင့်တစ်ခြားသူများသည် စပါးဝယ်ရန် စီရင်စုသို့ လာခဲ့ကြသေးသည်။ သည်အချိန်တွင်တော့ စပါးတစ်ပြည်ကို ၉၂ဝမ်အထိ တက်သွားလေသည်။

စပါးစျေးက ရက်အနည်းငယ်တိုင်း ထိုးတက်လို့နေသည်။ ကြောက်လန့်နေသည့် ခံစားချက်တစ်ခုက စီရင်စု၏မိန်းလမ်းမပေါ်က လူများ၏မျက်နှာပေါ်တွင် အတိုင်းသား ဖြစ်နေတော့သည်။ ဆန်ဆိုင်ရှိ လူတန်းကြီးကလဲ ပိုလို့ပင် ရှည်လျားလာခဲ့သည်။ ချန်းယိုထျန်းနှင့်သူ့အဖွဲ့သည် မြို့တံခါး ဖွင့်လျှင်ဖွင့်ခြင်း မြို့ထဲသို့ဝင်ရလေသည်။ သို့မဟုတ်လျှင် သူတို့ရောက်သွားသည့်အချိန်တွင် ထိုနေ့၏ စပါးက ရောင်းကုန်သွားပေလိမ့်မည်။

အစပိုင်းတွင် ချန်းမိသားစု ရှီမိသားစုနှင့်လုမိသားစုတို့သည် ရွာသူကြီးကျိုးနှင့် စန်းလော့၏ အကြံပေးချက်နောက်ကို လိုက်နာကာ စပါးများကိုသိုလှောင်ဖို့ ဝယ်ယူခဲ့ကြခြင်းပင်။ သို့သော်လဲ စ​ပါးစျေးက မြန်မြန်ဆန်ဆန်ကြီး ထိုးတက်သွားသည်ကို မြင်လိုက်ရပြီး မြို့နေလူထုများအကြားတွင် စိုးရိမ်ပူပန်မှုများ ဆွေးနွေးစကားများကို ကြားလိုက်ရသည်တွင် သူတို့၏ စပါးလှောင်ခဲ့သည့် ဆုံးဖြတ်ချက်က ပိုပြီး ပြတ်သားလာတော့သည်။

အမှန်တွင်တော့ စပါး တစ်ပြည်နှစ်ပြည်လောက်ကိုဝယ်ရန် နေ့တိုင်းဒီလို အချိန်ဖြုန်းရခြင်းကလဲ များများစားစားတော့ စုမိခြင်းမဟုတ်ချေ။ မတတ်နိုင်ပေ။ သူတို့သည် အများကြီးဝယ်ဖို့လဲ မတတ်နိုင်ကြချေ။ စပါးစျေးက နေ့တိုင်းလိုလို တက်နေလေသည်။ နောက်ပိုင်းတွင် သူတို့သည် တစ်ကြိမ်ကို ၇ပြည်၈ပြည်လောက်သာ ဝယ်နိုင်တော့သည်။ သူတို့မှာ စပါးစျေးက နောက်ထပ် ထိုးတက်သွားမည်ကိုလဲ ကြောက်ရသဖြင့် တစ်ရက်မှ မနားရဲချေ။

စန်းလော့က ပြီးခဲ့သည့်ရက်ပိုင်းများတွင် တိုးဟူးရောင်းရသည့်ငွေမှ စုဆောင်းထားသည့် ငွေအားလုံးနီးပါးကို ထုတ်လာခဲ့လိုက်သည်။သို့ သော်လည်း ထိုငွေက စပါး ၁တင်းနှင့်၄ပြည်ဖိုးသာ လောက်ပေသည်။

သို့သော် ရာသီဥတုက အချိန်မရွေး ပိုပြီးအေးလာနိုင်သည်ကို စဥ်းစားမိသည်တွင် စန်းလော့က ငွေကို သိမ်းထားဖို့ ဆုံးဖြတ်လိုက်ပြီး ၁တင်းလောက်သာ ဝယ်ဖို့ စဥ်းစားလိုက်တော့သည်။

ကျိုးရွာသူကြီး၏ မိသားစုတွင်တော့ စပါးလာဝယ်သူက သူတစ်ယောက်ထဲ မဟုတ်တော့ပေ။ သူသားနှစ်ယောက်အပါအဝင် ဝင်ခွင့်ကဒ်ပြားကို ရရှိလာသည့် သူနှင့်အတူ ကောင်လေးနှစ်ယောက်ကို ထပ်ခေါ်လာကာ ကျိုးသူကြီး၏ သားများဟု သတင်းလွှင့်ထားလိုက်လေသည်။

စပါးစျေးတက်လာသည့် သတင်းက အနီးအနားရှိရွာများအထိ တဖြည်းဖြည်းနှင့် ပြန့်သွားလေသည်။ရှီလီရွာအပြင် ရှီလီရွာအပါအဝင် အစောပိုင်းက ဂရုမစိုက်ကြသည့် လူများကပင် စိုးရိမ်လာကြတော့သည်။

ချန်းမိသားစု လုမိသားစုနှင့်ရှီမိသားစုတို့ကို စကားလာပြောကြသည့်သူများက အကြံအဉာဏ်များလာတောင်းကြပြီး ရွာသားအများအပြားကလဲ ကျိုးသူကြီး၏ မိသားစုဆီသို့သွားကာ အကြံအဉာဏ် စတင် တောင်းခံကြတော့သည်။

"ဒါက ကပ်ဘေးဒုက္ခ တစ်ခုပဲ မဟုတ်ဘူးလား။ ကျွန်တော်တို့ရဲ့ ကျယ်ပြောလှတဲ့ တိုင်းပြည်ကြီးက နှစ်တိုင်း နှစ်နေရာဒါမှမဟုတ် သုံးနေရာလောက်က ကံဆိုးနေကြတာပဲလေ၊ ဟုတ်တယ်မလား။ အရင်တုန်းက စပါးစျေး တက်သွားပေမဲ့လည်း သူတို့စျေးနှုန်းက ဒီလိုမျိုး ထိုးတက်သွားတာမျိုး မရှိခဲ့ဘူးလေ"

ကျိုးရွာသူကြီးက ဘာ ပြောနိုင်ပါမည်နည်း။ ဒီခေတ် တွင် လူများသည် အဝေးဆုံးသွားကြသည့် နေရာက စီရင်စုမြို့သာ ဖြစ်သည်။ တစ်ချို့ဆိုလျှင် အကွာအဝေးကြောင့် မြို့ထဲသို့ပင် ခြေမချခဲ့ကြဘူးချေ။ ထို့ကြောင့် တစ်ခြားပြည်နယ် သို့မဟုတ် တစ်ခြားစီရင်စုများက သတင်းများသည် အလွယ်တကူ မရောက်လာနိုင်ချေ။ ပိုပြီး ဝေးကွာသည့် ဒေသက သတင်းများဆိုလျှင်တော့ ထည့်ပြောရန်ပင် မလိုချေ။ သူကတော့ သူသိသမျှ အရာအားလုံးကို ပြောပြထားပြီးသား ဖြစ်လေသည်။

ထိုနေ့ညတွင် ရှီလီရွာထဲက လူအများစုသည် အိပ်မပျော်ကြတော့ပေ။

စန်းလော့အတွက်ကတော့ သူမသည် ဆိုင်တာဝန်ခံရွှီ၏ ချေးငွေကြောင့် နောက်တစ်နှစ် ဆောင်းဦးအတွက်ပါ လုံလုံလောက်လောက် စပါးများကို သိုလှောင်ထားခဲ့ပြီးဖြစ်ကာ စပါးကို ဆက်ပြီး စုဆောင်းဖို့ကလဲ နည်းလမ်းတကျ အစီအစဥ်ဖြစ်လေသည်။ သူမသည် စိတ်အေးရလေသည်။ ဒီနေ့အတွက် မုန့်ရေကြည်တစ်သုတ်စာနှင့် နတ်သမီးတို့ဟူး များကို ပြုလုပ်ပြီးသည့်နောက်တွင် သူမနှင့်ကလေးနှစ်ယောက်တို့က ဆေးကြောသန့်စင်လိုက်ပြီး စောစောစီးစီး အိပ်ယာဝင်လိုက်ကြသည်။

ညအလယ်လောက်ရောက်သည်တွင် သူမသည်အအေးဓာတ်ကြောင့် တုန်ရီပြီးနိုးလာတော့သည်။ အပြည့်အဝ နိုးလာဖို့ရန်အတွက် အချိန်အနည်းငယ် ယူလိုက်ရသေးသည်။ သူမ၏ အေးစက်နေသည့် လက်မောင်းနှင့်ခန္ဓာကိုယ်များကို ပွတ်သပ်လိုက်ပြီး သူမက သတိထားမိလိုက်သည်။ ဝိုးတဝါး လရောင်လေး ထိုးဝင်လာသည့် အလင်းရောင်ဖြင့် ထိုမောင်နှမနှစ်ယောက်ကလဲ ပုဇွန်လေးကိုကွေးကာ အတူတူ တိုးဝှေ့အိပ်နေကြလေသည်။

နောက်တစ်ကြိမ် ဆက်တွေးမနေတော့ပဲ စန်းလော့က သူမ၏ စောင်ပါးလေးကိုယူကာ ရှန်းအန်း၏ အိပ်ယာအသစ်လေးထဲတွင် တိုးဝင်လိုက်တော့သည်။ သုံးယောက်သားက ပါးလွှာသည့်စောင်ပါးလေး နှစ်ထည်အောက်တွင် အတူတူ တိုးဝှေ့လိုက်ကြကာ နောက်ဆုံးတော့ အနွေးဓာတ်တစ်ချို့ကို ရလာတော့သည်။

စန်းလော့သည် စောင်၏အထူအပါးကို ခံစားမိလိုက်တော့ လျှော်ဖြင့်ပြုလုပ်ထားသည့် နှစ်လွှာထပ်ထားသည့် နွေရာသီသုံး အပါးလေးတစ်ထပ် ဖြစ်နေပြီး အိပ်ယာခင်းတစ်ခုလောက်ပင် မထူကြောင်း သိလိုက်ရတော့သည်။ တော်ပါသေးရဲ့။ စီရင်စုကိုသွားလာတဲ့ ခရီးကနေ ဝမ်၄၀၀လောက် ချန်ထားပေလို့ပဲ။ နောက်ထပ်ဝမ်၂၄၀လောက်စုလိုက်ပြီးရင်တော့ ဝမ်၇၀၀နီးပါး ရလာတော့မယ်။

တို့ဟူးနှင့်မုန့်ရေကြည်မှ ရမည့်ဝင်ငွေကို စဥ်းစားလိုက်ပြီး စန်းလော့သည် စပါးအတွက် ဆက်ပြီး သုံးလို့မရတော့မှန်း နားလည်လိုက်လေသည်။ ထိုအစား သူမသည် အဝတ်အစားနှင့်စောင်များကို စုဆောင်းဖို့လိုလာသည်။ ၉လပိုင်းကုန်သွားပြီး ၁၀လပိုင်းရောက်လာသည်နှင့် ဆောင်းတွင်းက ဝင်လာတော့မည်။

ဒီနေရာက တောင်ပိုင်းဆိုသော်ငြားလည်း တောင်ပေါ်ဒေသက မြေပြန့်ဒေသထက် အပူချိန်ပိုပြီး နိမ့်လေသည်။

တို့ဟူးလုပ်ရမည့် မိုးသောက်ယံ မရောက်ခင်မှာပင် နိုးထလာခြင်းက ပုံမှန်ထက် အနည်းငယ် သိသိသာသာ ပိုအေးလာသည်ဟု ခံစားမိလိုက်သည်။ သူမသည် အစောပိုင်းကတော့ သတိမထားမိခဲ့ချေ။ သို့သော်ငြား ချန်းယိုထျန်းနှင့်တစ်ခြားသူများက တို့ဟူးလာယူသည့်အချိန်တွင် မီးတုတ်များကိုသယ်လာပြီး သူမ၏ ခြံအပြင်ဘက်က ​တောရိုင်းမြက်လေးပေါ်တွင် အဖြူရောင်ဆီးနှင်းအလွှာက အလင်းရောင်ထဲတွင် ပေါ်လာတော့သည်။

"နှင်းတောင်မှ ကျနေပြီပဲ” သူမက မှတ်ချက်ပေးလိုက်သည။"

ချင်ဖန်းညန်က ခေါင်းညိတ်လိုက်၏။

"အမှန်ပဲ တောင်ပေါ်လမ်းကလဲ ချော်နေပြီလေ"

သူမက စန်းလော့ကို ထပ်မေးလိုက်သည်။

"ရှင့်မိသားစုက ဆောင်းတွင်းအဝတ်အစားနဲ့ စောင်တွေကို မပြင်ဆင်ရသေးဘူးနော် ဟုတ်လား"

စန်းလော့က ခေါင်းညိတ်ပြသည်။ သူမရှာထားသည့် ငွေနည်းနည်းလေးက စပါးဝယ်ဖို့ရန်အတွက် စပါးကုန်သည်များနဲ့ ယှဥ်ပြိုင်ပြီး သုံးရသလောက်ဖြစ်နေသည်။ သူတို့လို ကျေးရွာကလူများ၏ နွေရာသီနှင့်ဆောင်းရာသီ အဝတ်အစားများက ကွာခြားမှုသိပ်မရှိလှပေ။ ဆောင်းတွင်းနီးကပ်လာမှသာ သူတို့က ဖြည်းဖြည်းချင်း အလွှာများကို ထပ်ဖြည့်လေသည်။

"အဒေါ်တို့မိသားစုက အထည်လေးတွေ ရှိတယ်ဆိုရင် တို့ဟူးအမှာစာအတွက် အဲဒီ့ဟာကို သုံးလို့ရပါတယ်၊ မဟုတ်ရင်လဲ ကျွန်မက စီရင်စုကို နောက်တစ်ကာ သွားရလိမ့်အုံးမယ်” စန်းလော့က အကြံပေးလိုက်သည်။

ချင်ဖန်းညန်က ချက်ခြင်း ပြန်ဖြေလိုက်သည်။ “ရပါတယ်" ကျွန်မတို့မှာ ရက်ထည်တွေရှိတယ်”

အတူတူလာကြသည့် ကန်းရှီနှင့်ဖန်းလျိုညန် တို့ကလဲ အလိုက်သင့် သဘောတူလိုက်ကြသည်။ ကန်းရှီက ပြောလိုက်၏။

"ကျွန်မတို့ပြန်အလာကို စောင့်မနေနဲ့နော်၊ ကိုယ့်ဟာကိုယ်ပဲ သွားယူလိုက် လိုသေးတယ်ဆိုရင် နောက်ကျရင် ကျွန်မအိမ်ကိုသာ လာခဲ့ပါ၊ နေ့တိုင်းတို့ဟူးကို လာယူမှာဆိုတော့ စာရင်းကိုတော့ ပြန်ရောက်မှပဲ ရှင်းလို့ရပါတယ်"

စန်းလော့ကလဲ ထိုသို့လုပ်ရန် စဥ်းစားထားပြီး ဖြစ်လေရာ အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်လေသည်။

တစ်ခြားသူများကို လိုက်ပို့ပေးလိုက်ပြီး ကလေးများနှင့် မနက်စာစားပြီးနောက်တွင် ကောင်းကင်ကလဲ စတင်ပြီး လင်းထိန်လာလေရာ စန်းလော့က ရှန်းအန်းကိုခေါ်ပြီး တောင်အောက်သို့ဆင်းကာ မိသားစုသုံးခုစီမှ အထည်များကို သွားယူလာလိုက်သည်။

ဆောင်းဦးနှင့်ဆောင်းတွင်းအတွက် အဝတ်အထည်များဖြစ်သည်ဟု သိလိုက်ရသည်တွင် မိသားစုသုံးခုလုံးကလဲ ထူထဲပြီးကြာရှည်ခံသည့် ဆောင်းဦးရက်အထည်များကို ထုတ်ပေးလိုက်သည်။ စန်းလော့နှင့်ရှန်းအန်းတို့က မိသားစု၏ မိသားစုဝင်သုံးယောက်ထဲက တစ်ယောက်စီအတွက် ဆောင်းဦးအဝတ်အစား သုံးစုံလုပ်ဖို့ရန် လုံလောက်သည့်ပစ္စည်းများကို သယ်လိုက်ကြပြီးနောက်တွင် အိမ်သို့ပြန်လာခဲ့ကြတော့သည်။

ဆောင်းဦးကလဲ နီးကပ်လာပြီ ဆောင်းတွင်းကလဲ ရောက်လာတော့မယ်။ ဆိုတော့ကာ ဆောင်းဦးအတွက် အဝတ်အစားသုံးစုံကို ဘာလို့ ပြင်ဆင်နေအုံးမှာလဲ။ ဆင်းရဲပါတယ်ဆိုမှ။

ထိုအချိန်က လူများသည် ပုံမှန်ဆိုလျှင် ကြောင်မြီး သစ်ခွအဖူးနှင့် ကျူရိုးအပွင့်များကို ထည့်ကာ အနွေးထည်ပွပွ အင်္ကျီတစ်စုံကို လုပ်တတ်ကြပြီး ပွယောင်းယောင်း ဆောင်းဦးအဝတ်အစားများကို ဝတ်စားကြလေသည်။ အပြင်ဘက် အင်္ကျီနှစ်ထည်ကိုသာ ပုံမှန် လဲလှယ်ကြသည်။ အတွင်းဘက်က ဝါသို့မဟုတ် အနွေးဓာတ်ထိန်းပေးသည့် အဝတ်အစားကိုတော့ ရံဖန်ရံကာ ဝတ်တတ်ကြသည်။ ချည်သားရက်ထည်ဖြစ်စေ ဝါချည်ဖြစ်စေ စျေးပေါသည်မဟုတ်ချေ။ ထို့ကြောင့် တတ်နိုင်သလောက် ချွေ တာသည်ကလဲ စံနှုန်းတစ်ခု ဖြစ်လာတော့သည်။

စန်းလော့သည်လဲ ထိုနည်းတူ လုပ်ရပေသည်။ သူမရှာထားသည့် ငွေက အိမ်၏အသုံးစရိတ်နှင့် စပါးအတွက်သာရှိရာ တစ်ခြားရွာသားများထက် ပိုပြီးချမ်းသာအောင် မလုပ်ပေးနိုင်ချေ။ သူမ၏ ဆောင်းတွင်းအဝတ်အစား ပြင်ဆင်ပုံကလဲ ထိုပုံစံအတိုင်း လိုက်လုပ်ရသည်။ အတွင်းဘက် ပွယောင်းယောင်း အနွေးထည်တစ်ထည်နှင့် အပြင်လွှာနှစ်ထည်ကို လုပ်ရသည်။

သို့သော်ငြားလည်း စန်းလော့ကတော့ သူမကိုယ်တိုင်နှင့် ကလေးနှစ်ယောက်အတွက်ဆောင်းတွင်းကို ကျော်ဖြတ်ဖို့ရန် ကျူရိုးပွင့်များဖြည့်ထားသည့် အဝတ်အစား ဝတ်ဖို့တော့ စိတ်ကူးမရှိချေ။ ဝါချည်က စျေးကြီးသော်ငြားလည်း သူမသည် ဝါချည်အဝတ်အစား ဘောင်းဘီနှင့်ဂွမ်းစောင်များအတွက် ပိုက်ဆံစုဖို့ ဆုံးဖြတ်လိုက်တော့သည်။

...

All Chapters