အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
အပိုင်း (၈၁) သတ္တိ
ရှန်းမိသားစု၏ခြံအပြင်ဘက်တွင် ကလေးအုပ်စုကြီးသည် ကိုးနှစ် ၊ ဆယ်နှစ်အရွယ်ကလေးများနှင့် ငါးနှစ်၊ ခြောက်နှစ်အရွယ်ကလေးများကို ဦးဆောင်လျက် အရှိန်ဖြင့်ပြေးတက်လာနေကြရာ အတော်လေး စည်ကားနေ၏။
ရှန်းအန်းက လျှော်ပင်များခြစ်နေသည်ကိုမြင်တော့ ကလေးများသည် အရင်ဆုံး စိတ်အားထက်သန်မှုကို ပြလိုက်ကြပြီး တက်တက်ကြွကြွ ဝိုင်းကူကြလေသည်။
ရွာရှိကလေးတိုင်းသည် လျှော်ခြစ်ရာတွင်အတွေ့အကြုံရှိကြပြီး ငါးနှစ်၊ ခြောက်နှစ်အရွယ်ကလေးများပင်လျှင် အချိုးမကျသောလှုပ်ရှားမှုများကြားမှ စစ်မှန်သောအားထုတ်မှုကိုပြသရင်း ကိုးရို့ကားယားဖြင့် လုပ်နိုင်ကြလေသည်။
ရှန်းနဉ်က ပြုံးပြီးကြည့်နေ၏။
"ဆက်လုပ်ထားကြနော်။ နင်တို့အားလုံးအတွက် သကြားရည်တစ်ချို့ ယူလာမယ်"
ထို့နောက် သူမက ပျော်ပျော်ရွှင်ရွှင်ဖြင့် ခြံထဲသို့တစ်လှမ်းချင်း ခုန်သွားလေသည်။
ရှန်းအန်းက ရှန်းကျင့်ကိုပေးထားသော ကောင်းသည့်အရာမှန်သမျှကို ဝေမျှပေးမည်ဟူသော ကတိအား မမေ့ပေ။ ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး ရှန်းကျင့်နှင့်သူ့ညီများကို မတွေ့တော့ ထူးဆန်းနေ၏။ ချန်းအိမ်ထောင်စုနှင့် ကပ်လျက်ရှိပြီး ရှန်းကျင့်၏ အစားအသောက်ခုံမင်မှုကို စဉ်စားကြည့်လျှင် သူသည် ကောင်းသည့်အရာတစ်ခုခုဆိုလျှင် အရင်ဆုံး မြန်မြန်ရောက်လာတတ်သည်က ပုံမှန်ပင်။
သို့သော် အံ့ဩစရာကောင်းသည်မှာ သူ ရောက်မလာခြင်းပင်။
သူက ဟူကျီကို လှမ်းခေါ်လိုက်၏။
"ပန်းကန်လုံးတွေကူသယ်ဖို့ အထဲကိုသွားလိုက်ဦးမယ်"
ထို့နောက် သူသည် ခြံထဲသို့ဝင်သွားလေသည်။
သူက သိချင်နေသည့်ရုပ်ဖြင့် သူ့ညီမအား မေးလိုက်၏။
"ရှန်းကျင့်ကို မတွေ့မိဘူးလား"
"သူ့ကို တွေ့ခဲ့သားပဲ"
ဝါးကျည်တောက်နှင့်ပန်းကန်လုံးများကိုကိုင်ထားရင်း ရှန်းနဉ်က ပြန်ပြောလိုက်လေသည်။
"သူက ညီမတို့ကိုတွေ့တယ်၊ ဒါပေမယ့် မလာဘူးလေ။ အဲ့တာက ရှန်းကျင့်နဲ့ကို မတူဘူး"
ရှန်းနဉ်က သူ့အစ်ကိုကို စောင်းငဲ့ကြည့်လိုက်၏။
"ငါသိပါတယ်၊ ငါတို့မှာစားစရာရှိရင် သူ့ကို မမေ့ဖို့ပြောထားပေမယ့် သူကိုယ်တိုင် ပေါ်မလာဘူး။ ငါ သူ့ကို မခေါ်ချင်ဘူး။ နောက်ဆုံးတစ်ကြိမ်၊ အဒေါ်ချန်းဆီကို ပဲအနှစ်သွားပို့တော့ တတိယအဒေါ်က ငါ့နောက်ကနေဆဲရေးတိုင်းထွာနေတာ။ ရှန်းကျင့်လည်း အဲ့မှာရှိနေတာဆိုတော့ ရှက်သွားလောက်တယ်"
"သူတို့က အတူတူကြီးပြင်းလာကြပြီး တစ်ခါတစ်ရံအပျော်သဘောနဲ့ စရင်းနောက်ရင်းရန်ဖြစ်ကြသေးတယ်။ ရှန်းကျင့်က ကောင်းတာဆိုးတာကိုလည်း ဂရုမစိုက်ဘူး။ ငါမှတ်မိပါသေးတယ်၊ ငါတို့ငယ်ငယ်တုန်းက တတိယအဒေါ်က ငါတို့အတွက် ကြက်ဥထမင်းကြော်ကို တိတ်တိတ်လေးလုပ်ပေးခဲ့တာ။ သူက ငါနဲ့ငါတို့ဒုတိယအစ်ကိုကို ခိုးပြီးတော့ နည်းနည်းပါးပါး ကျွေးခဲ့သေးတယ်။ ဒါပေမယ့် အတော်လေးကြာခဲ့ပါပြီ၊ ရှန်းကျင့် ငါးနှစ်၊ ခြောက်နှစ်အရွယ်ကဖြစ်မယ်ထင်တယ်"
သူသည် တစ်ခါတစ်ရံအလွန်စိတ်ရှုပ်စရာကောင်း၏။ အထူးသဖြင့် အသက်ကြီးလာသည်နှင့်အမျှ ကလေးတုန်းက ကဲ့သို့ ချစ်စရာကောင်းမှုများ ပျောက်ဆုံးသွားလေသည်။ သူ၏ပါးစပ်မှာ အဆိုးဆုံးဖြစ်နိုင်သည်။
"တတိယအဒေါ်က စားတောင်မစားရသေးခင်မှာပဲ ငါနဲ့ငါ့ဒုတိယအစ်ကိုကို ဆူတာကို ရှန်းကျင့်တွေ့တယ်လေ။ ဒါပေမယ့်အခုတော့ သူတို့အိမ်မှာ စားစရာပိုလာတာကြောင့် ရှန်းကျင့်က မကြာခဏရောက်ရောက်လာတယ်။ အစားစားခြင်းက နှလုံးသားကို ပျော့ပျောင်းစေတယ်။ သံယောဇဉ်ဖြစ်လာပြီး အခုတော့ ရှက်ကိုးရှက်ကန်းဖြစ်တယ်ဆိုတာ ဘာလဲသိလာတာနေမှာပေါ့"
ရှန်းနဉ်ပြောသည်ကိုကြားပြီးနောက် ရှန်းအန်းက အကြောင်းပြချက်ကို နားလည်လေသည်။ သူသည် တတိယအဒေါ်ကို ကောင်းစွာနားလည်ပြီး သူမ၏ပြောစကားများမှာလဲ မည်သည့်အခါမျှ သာယာဖွယ်မရှိပေ။ သူက သူ့ညီမ၏ခေါင်းလေးကို ချော့မော့ပွတ်သပ်လိုက်၏။
"နင် အဲအကြောင်းကိုလဲ တခါမှ မပြောခဲ့ဘူး။ နင် မခေါ်ချင်ဘူးဆိုရင်လဲ သူ့ကို မခေါ်နဲ့လေ၊ စိတ်မကောင်းလဲ မဖြစ်နဲ့"
သူ့ညီမလေးက မတရားမခံရသင့်ပေ။
ရှန်းနဉ်ကမေးငေါ့လိုက်ပြီး
"စိတ်မကောင်းမဖြစ်ပါဘူး။ ပြောဖို့ကလဲ ဘာမှကောင်းတာမှမဟုတ်ဘူးလို့ပဲ စဉ်းစားတာ၊ အစ်ကိုနဲ့ယောင်းမက ဘာလို့ အဲစကားကို နားထောင်စရာမလိုမှာလဲ။ အခု ငါတို့က သူတို့ထက် ပိုကောင်းတာတွေလုပ်နေပြီ။ တကယ်တော့ သူစိတ်တိုပြီး အဆင်မပြေဖြစ်နေတာကို ကြည့်ရတာကြိုက်တယ်"
ကလေးမလေးသည် မျက်ခုံးပင့်ကာပြောလိုက်ပြီး ရယ်မောကာ မျက်လုံးထဲတွင်လည်း အားရမှုများထင်ရှားနေသည်။
ရှန်းအန်းလည်း မထိန်းနိုင်ပဲ လိုက်ပြုံးမိလေသည်။
ရှန်းကျင့်အတွက်ကတော့ နောက်မှတွေ့တာပေါ့။ သကြား ကျန်ပါသေးတယ်။ နဉ်က ဝေမျှပေးဖို့တော့မငြင်းဆန်ဘူး။ သူ့ကိုမခေါ်ဖို့ ခေါင်းမာနေရုံသက်သက်ပါပဲ။
အင်းပါ၊ ဒီအကြောင်း စဉ်းစားကြည့်မယ်ဆိုရင်လဲ လွန်ခဲ့တဲ့ရက်အနည်းငယ်က တတိယအဒေါ်ရဲ့ဆူပူကြိမ်းမောင်းတာကို ကြားခဲ့ရမယ်ဆိုရင် ငါလည်း ရှန်းကျင့်နဲ့ စကားပြောချင်မယ်မထင်ဘူး။
သကြားရည်အိုးတစ်ဝက်အပြည့်သည် လေးလံ၏။ ရှန်းအန်းက ပန်းကန်လုံးများထဲသို့ သကြားရည်များကို လောင်းထည့်ရန် အိုးကို ကိုင်ထားပြီး ရှန်းနဉ်က ထိုအရာများကို ဝေပေးရန်သယ်သွားလေသည်။
ယခုတော့ အိမ်တွင် ဝါးကျည်တောက်အနည်းငယ်နှင့် ပန်းကန်လုံးအများအပြား ရှိနေပြီဖြစ်ပြီး လူတိုင်းအတွက် လုံလောက်နေသည်။
စန်းလော့ပြန်ရောက်လာသောအခါ သူမခြံအပြင်ဘက်တွင် အရွယ်အစားမျိုးစုံနှင့် ချစ်စဖွယ်ကလေးအုပ်စုသည် ပန်းကန်လုံးများကို ကိုင်ထားကြပြီး သကြားရေကိုစွေပြီး ငုံ့ကြည့်ရင်း တစ်ငုံသောက်ပြီးတိုင်း သူတို့၏မျက်နှာမှာ ကြည်နူးမှုအပြည့်ဖြစ်သွားသည်ကို တွေ့လေ၏။ လိုအပ်နေသည်မှာတော့ သူတို့အတွက် နောက်လွဲထိုင်ခုံလေးများပင်။
ကလေးများက စန်းလော့ကိုမြင်သည်နှင့် တစ်ပြိုင်ထဲနှုတ်ဆက်လိုက်ကြ၏။
စန်းလော့က အပြုံးဖြင့်တုံ့ပြန်လိုက်လေသည်။ သူမက ရှန်းအန်းနှင့်ရှန်းနဉ်သည် အားလုံးကို ထိန်းချုပ်နိုင်သောကြောင့် ကလေးများကစားခြင်းနှင့် ပတ်သတ်၍ စိုးရိမ်မှုမရှိပေ။ နေ့လည်စာစားချိန် မရောက်သေးသည်ကိုတွေ့တော့ အစောက သူမ ဖြတ်ခဲ့သောအဝတ်စများကိုယူပြီး မီးဖိုချောင်ထဲရှိ တစ်ခုတည်းသောထိုင်ခုံတွင် ထိုင်ပြီးချုပ်ရန် ဆုံးဖြတ်လိုက်လေသည်။
သူမ ချုပ်လုပ်နေစဉ်တွင် အပြင်ဘက်ရှိကလေးများ၏ စကားစမြည်ပြောဆိုသံသည် ရုတ်တရက် ကြက်မများအော်သံနှင့် ရောသွား၏။ စန်းလော့က နားထောင်နေပြီး တစ်ကောင်ထဲအသံမဟုတ်ဘဲ နှစ်ကောင်ဖြစ်ပြီး သူတို့၏အသံများမှာ ဆက်လက်ထွက်ပေါ်နေသည်။
ရှန်းနဉ်က စိတ်လှုပ်ရှားစွာဖြင့် ပြေးသွားလိုက်၏။
"ယောင်းမ၊ တစ်ခြားကြက်မနှစ်ကောင်က ဥတွေ ဥတော့မယ့်ပုံပဲ"
စန်းလော့က ထွက်ကြည့်လိုက်တော့ ကြက်မနှစ်ကောင်၏မျက်နှာများမှာ ထူးဆန်းစွာနီမြန်းနေပြီး အဆက်မပြတ်အော်မြည်နေကာ ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်ကို တွေ့လိုက်၏။
စန်းလော့က ကြက်မများ၏မျက်နှာ နီနေသည်ကို ကြည့်ပြီး အမှန်ပင် ပြောနိုင်လေသည်။
"သူတို့ ဥ ဥကြတော့မယ့်ပုံပဲ။ သူတို့ကို မလန့်စေနဲ့နော်"
ကလေးများအားလုံးက တိတ်ဆိတ်သွားကြပြီး လက်ထဲရှိသကြားရေပန်းကန်လုံးများနှင့်အတူ ခေါင်းညိတ်ပြလိုက်ကြသည်။ ကြက်မများ ဥဥနေချိန်တွင် အလန့်တကြားဖြစ်အောင်မလုပ်ရန် ပြောလိုက်သည့် စန်းလော့၏စကားများက ပြင်းထန်ပြီးလေးနက်သည့်ကိစ္စတစ်ခု ဖြစ်သွားအောင် လုပ်နေသယောင်။
ကျောက်ရုပ်လေးများလို ငြိမ်ငြိမ်လေးရပ်ကာ ကြက်မများကို စောင့်ကြည့်နေကြပြီး၊ အနားမှ ချောင်းကြည့်နေကြပုံကြောင့် စန်းလော့မှာ တခစ်ခစ်ရယ်မောလိုက်ပြီး ခြံဝင်းထဲသို့ အပ်ချုပ်ရန် ပြန်သွားလိုက်တော့၏။
သကြားရေတစ်ပန်းကန်စီဖြင့် ကလေးများသည် တစ်နာရီ၏လေးပုံတစ်ပုံလောက် အချိန်ယူလိုက်ပြီး တစ်ငုံချင်း သောက်ကြလေသည်။ ထို့နောက် သူတို့သည် အပြင်ဘက်ရှိစမ်းချောင်းလေးတွင် ပန်းကန်လုံးများနှင့် ဝါးကျည်တောက်များကို တိတ်တိတ်ဆိတ်ဆိတ်လေး ဆေးကြောနေကြ၏။ ရှန်းနဉ်နှင့်ရှန်းအန်းတို့လည်း ပန်ကန်းလုံးများကို မီးဖိုချောင်ထဲသို့ ပြန်ထားလိုက်လေသည်။ ထို့နောက် ကလေးများက နောက်တစ်ကြိမ်စုဝေးကာ လျှော်ပင်များကို စတင်ခြစ်ကြလေ၏။
ဤလုပ်ငန်းဆောင်တာများကို လုပ်နေစဉ်အတွင်း ဆူညံသံတစ်ခုမျှပင် ထွက်မလာပေ။
ကြက်မနှစ်ကောင်သည် အပြင်ဘက်တွက် ပတ်ပြီး အတော်ကြာ အော်နေကြသော်လည်း နောက်ဆုံးတွင် အလုံခြုံဆုံးအသိုက်ကို ရှာတွေ့သွားပုံပေါ်သည်။ နောက်ဆုံးတော့ ကြက်ခြံထဲသို့ဝင်သွားကြ၏။
နေ့လည်ရောက်ခါနီးတော့ ကြက်မတစ်ကောင်သည် တက်တက်ကြွကြွ အော်မြည်ရင်း အမွှေးများကို ခါယမ်းကာ ထင်ရှားသည့်ဂုဏ်ယူဝံ့ကြွားခြင်းဖြင့် ထွက်ပေါ်လာလေသည်။
ကလေးများက အချင်းချင်း မျက်ရိပ်ပြလိုက်ကြပြီး ကြက်ခြံကို စစ်ဆေးကြည့်ချင်နေ၏။ ရှန်းနဉ်သည် အတွင်းထဲ၌ ကြက်မရှိနေသေးသည်ကို သတိကပ်ကာ သူမ၏သိချင်စိတ်ကို ထိန်းထားနိုင်လေသည်။
သူမက အကြာကြီးစောင့်စရာမလိုပေ။ ဒုတိယကြက်မသည်လည်း လှောင်အိမ်ထဲမှထွက်လာကာ ခေါင်းမော့ရင်ကော့ပြီး စတင်အော်မြည်လေသည်။
ကြက်မနှစ်ကောင်လုံး ထွက်လာသည်ကိုမြင်တော့ ရှန်းနဉ်နှင့်ကလေးမလေးများသည် ရယ်မောပြီး စန်းနျို၏အစ်မ၊ ချောင်အာနောက်မှလိုက်ကာ ကြက်ခြံဆီသို့ပြေးသွားကြ၏။
မိန်းကလေးသုံးယောက်သည် ကြက်ခံနားတွင်ဆောင့်ကြောင့်ထိုင်ကာ ရွှင်မြူးမှုဖြင့် ခေါင်းများ စောင်းလိုက်ကြသည်။
ရှန်းနဉ်တစ်ယောက် အသိုက်ထဲကိုရောက်တော့ ကြက်ဥသုံးလုံးကို ထုတ်ကာ တက်ကြွစွာဖြင့် ခြံဝင်းထဲသို့ပြေးသွားလိုက်၏။
"ယောင်းမရေ၊ ဒီနေ့ ကြက်ဥသုံးလုံးရပြီ"
ဒါကိုကြားတော့ စန်းလော့က ပြုံးလိုက်၏။
"ကောင်းတာပေါ့၊ ငါတို့ ဒါကို နေ့လည်စာအတွက် ပေါင်းစားကြမယ်"
ရှန်းနဉ်က ပျော်ရွှင်စွာဖြင့် သဘောတူလိုက်ပြီးနောက် ယခုအခါ တစ်နေ့လျှင် ကြက်ဥသုံးလုံးရလာသောကြောင့် ကြက်ဥများကို သိမ်းဆည်းရန် တစ်ခုခုရှာရန် လိုအပ်သည်ကိုတွေးရင်း ကြက်ဥများဖြင့် မီးဖိုချောင်ထဲသို့ပြေးသွားလေသည်။
အပြင်ဘက်ရှိကလေးများသည် စန်းလော့ပြောသည့် နေ့လည်စာအတွက် ကြက်ဥပေါင်းကို နားစွန်နားဖျားကြားလိုက်ရတော့ သွားရည်ကျလာကြ၏။ ဟူကျီက ရှန်းနဉ်ကို အားကျစိတ်ဖြင့် ကြည့်လိုက်လေသည်။
"နင်တို့ မရီးက အရမ်းသဘောကောင်းတာပဲနော်၊ ကြက်ဥတွေကို ကိုယ်တိုင်စားခိုင်းတယ်"
သူတို့၏မိသားစုတွင် ဥများကို အများအားဖြင့် ငွေရှာရန်သိမ်းထားလေ့ရှိပြီး စားခဲသည်။
ရှန်းအန်းသည် မျက်လုံးမှိတ်ပြကာ ဟူကျီအား တိုးတိုးပြောလိုက်၏။
"ငါ့မရီးက ပြောတယ်၊ ဒါတွေက ယွမ်ယင်းဥတွေ၊ ကျန်းမာရေးအတွက် ကောင်းတယ်တဲ့။ ဒီမနက်တုန်းက ကြက်ဥဆန်ပြုတ်ကိုသကြားနဲ့စားတာ၊ အရသာအရမ်းရှိတာပဲ"
ဟူကျီ: အခုတော့ ပိုလို့ပင်အားကျနေသည်။
အားနျိုသည် နောက်ထပ်ထင်ရှားသောအချက်ကို ကြားလေ၏။
"နေ့လည်မှာနောက်တစ်ခါ စားသေးတာလား။ တစ်နေ့ကို သုံးနပ်ပေါ့"
ရှန်းအန်းက သူငယ်ချင်းကောင်းများနှင့် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များကြားတွင် လျှို့ဝှက်ထားရန် မလိုသည်ကိုမြင်သောကြောင့် ခေါင်းညိတ်ပြလိုက်လေသည်။
"အရင်က အာဟာရချို့တဲ့လို့ ခန္ဓာကိုယ်အားနည်းသွားတယ်လို့ မရီးက ပြောတယ်။ ပြန်ကျန်းမာလာအောင် ဖြည်းဖြည်းချင်း အာဟာရဖြည့်ဖို့လိုတယ်တဲ့။ အဲ့လိုမှမဟုတ်ရင် နောက်ကျရင် ကျန်းမာရေးကောင်းမှာ မဟုတ်ဘူးတဲ့"
ဤသည်ကိုကြားတော့ အားနျိုနှင့်ဟူကျီတို့က ရှန်းအန်းကို လေးလေးနက်နက် ကြည့်လိုက်ပြီးနောက် အကြည့်ချင်းဖလှယ်လိုက်ကြ၏။
အားနျို: "ရှောင်အန်းက နည်းနည်းဝလာတာလား"
ဟူကျီက ခေါင်းညိတ်ပြလိုက်၏။
"နည်းနည်းဝလာတယ်၊ သူ အရင်က အရမ်းပိန်ခဲ့တာပဲ"
ယခင်က ပြင်းထန်သောဆာလောင်မှုနှင့် ခန္ဓာကိုယ်ဆုတ်ယုတ်မှုကြောင့်မှန်း သိလိုက်ကြပြီး သူတို့ကိုယ်တိုင်မတွေ့ကြုံဖူးသော အခက်အခဲများကို ရှန်းအန်းတစ်ယောက် ကြံ့ကြံ့ခံခဲ့ရသည်ည်ကိုနားလည်တော့ သူတို့၏အားကျမှုများမှာ ပျောက်ကွယ်သွားလေသည်။
စန်းလော့ နေ့လည်စာစတင်ပြင်ဆင်နေချိန်တွင် အားနျိုနှင့်ဟူကျီတို့က နေ့လည်ခင်းတွင် ပြန်လာပြီး လျှော်ခြစ်ရာတွင်ကူညီမည်ဟုကတိပေးကာ သူတို့ရွာဆီသို့ ကလေးအုပ်စုကိုဦးဆောင်ရင်း တောင်ပေါ်မှ ဆင်းသွားကြတော့သည်။
အားနျိုနှင့်ဟူကျီတို့ သတိမထားမိလိုက်သည်က သူတို့သည် တောင်ပေါ်တွင် ရှိနေကြသည့်အတောအတွင်း ရှန်းယင်နှင့်ရှန်းထျယ်တို့သည် သူတို့အိမ်အပြင်ဘက် ရွှံ့ထဲတွင် စိတ်အားထက်သန်စွာဆော့ကစားနေကြပြီး တောင်ဆင်းလမ်းကို စောင့်ကြည့်နေကြခြင်းပင်။
လူများဆင်းလာသည်ကိုမြင်တော့ စိတ်လှုပ်ရှားမှုမှာ ထိုးတက်လာလေသည်။ ရှန်းထျယ်တစ်ယောက် ရွှံ့ထဲတွင်ဆော့ကစားနေစဉ် ရှန်းယင်သည် အိမ်သို့ပြန်ပြေးလေ၏။
"တတိယအစ်ကို၊ တတိယအစ်ကို၊ အားနျိုနဲ့ဟူကျီတို့ ပြန်လာကြပြီ"
ရှန်းကျင့်သည် သတင်းကြောင့် လှုံ့ဆော်ခံလိုက်ရပြီး အိပ်ယာပေါ် ကနေ လှည့်ကာ ထထိုင်လိုက်၏။ သူ့အမေ သူ့ကို ဆူပူကြိမ်းမောင်းခဲ့သည့် ကြမ်းတမ်းသည့်စကားများနှင့် ရှန်းနဉ်၏ သည်နေ့သဘောထားကို ပြန်စဉ်းစားလိုက်မိပြီး သူသည် စိတ်ပျက်ပျက်နှင့် ပြန်လှဲချလိုက်တော့သည်။
ဤသည်ကိုမြင်တော့ ရှန်းယင်သည် နှုတ်ခမ်းဆူကာ အပြင်ဘက်သို့ ပြေးထွက်သွားလေသည်။
သူက အားနျိုနှင့်ဟူကျီတို့နှင့် မရင်းနှီးသော်လည်း စန်းနျို၊ ရှီထိုနှင့် ချန်းရှောင်းယာတို့နှင့် အသက်တူ၏။ စူးစမ်းလိုစိတ်ဖြင့် မျက်လုံးများ ပြူးကျယ်ကာ သူတို့ထံ ချဉ်းကပ်သွားလေသည်။
"နင်တို့တွေ ငါ့ဒုတိယအစ်ကိုအိမ်မှာ စားခဲ့တာလား"
ရှန်းနဉ်ကို လီရှီ ဆူပူခဲ့သည့် ကိစ္စကို မသိခဲ့ကြသည့် စန်းနျိုနှင့်ရှီထိုတို့က ရှန်းကျင့်၊ ရှန်းယင်နှင့် ရှန်းထျယ်တို့သည် သူတို့နှင့်အစားအတူတူ စားလေ့ရှိခဲ့သည်ကို သတိရပြီး ပြောလိုက်၏။
"ငါတို့တွေ သကြားရည် တစ်ယောက်တစ်ပန်းကန်စီ သောက်ခဲ့ရတယ်၊ နင်တို့ ဒီနေ့ ဘာလို့မလာတာလဲ"
ရှန်းနဉ်နှင့်အတူ လမ်းလျှောက်လာစဉ်တွင် လီရှီ၏ပြောဆိုထားသည်များကို နားစွန်နားဖျားကြားထားသည့် ချန်းရှောင်းယာက တိတ်တဆိတ်နေလိုက်၏။
အခုကျတော့ ရောက်မလာတာကလဲ ပုံမှန်ပဲလေ၊ မဟုတ်ဘူးလား။ အစ်မနဉ်က ဒီနေ့ ရှန်းကျင့်ကိုတောင် မခေါ်ဘူးလေ။
ဤအသေးစိတ်အကြောင်းအရာများကို သတိမထားမိလေသည့် ရှန်းယင်က သကြားရေပေါ်တွင်သာ စွဲလမ်းနေပြီး သူ့မျက်နှာမှာ တောင့်တစိတ်များဖြင့် ပြည့်နေပြီး သွားရည်ကျလုနီးပါးဖြစ်နေလေသည်။
"သကြားရေ၊ တကယ် သကြားရေတဲ့။ ဒီနေ့ တတိယအစ်ကိုက ဘာလို့မသွားတာပါလိမ့်"
ထို့နောက် အိမ်ဘက်သို့လှည့်ပြေးလေ၏။
……
"သကြားရည် ဟုတ်လား၊ တစ်ယောက်ကိုတစ်ပန်းကန် ဟုတ်လား"
ရှန်းကျင့်တစ်ယောက် အိပ်ယာထဲတွင် ဆက်မနေနိုင်တော့ပေ။ သကြားကို အရသာခံခဲ့ရသည်မှာ အတော်လေးကြာလှပြီဖြစ်ပြီး အိမ်တွင်မရှိပေ။
သူသည် အိပ်ယာထဲက လှိမ့်ထွက်ပြီး ဖိနပ်ကိုဝတ်ကာ အခန်းတဝိုက်တွင် အကြိမ်ပေါင်းများစွာ လှည့်ပတ်ကာ ယောက်ယက်ခပ်နေလိုက်ပြီးမှ ရပ်လိုက်ကာ
"သူတို့တွေ အပေါ်မှ ဘာလုပ်ခဲ့သေးတယ်ဆိုတာကို ရှီထိုကို မေးကြည့်ခဲ့သေးလား"
ရှန်းယင်က ဇဝေဇဝါဖြစ်သွား၏။
" အဲ့တာကို မေးဖို့လိုလို့လား"
ရှန်းကျင့်က မျက်လုံးလှန်ကြည့်လိုက်လေသည်။
"မင်း ဘယ်လိုထင်လဲ။ သကြားရေလေးတစ်ခွက်သောက်တာကို သူတို့က အဲမှာ အကြာကြီး ရှိနေစရာလိုလို့လား ။ တစ်ယောက်ယောက်က အဲ့နေရာမှာစားတဲ့အခါတိုင်း သူတို့က အလုပ်တစ်ခုခုကို အမြဲကူညီကြတယ် မဟုတ်ဘူးလား"
ရှန်းယင်က ခေါင်းကုတ်လိုက်ပြီး အမှန်တရားကို နားလည်သွားလေသည်။ သူတို့၏ ပထမဝက်ဆီဖက်မှာ မြေကိုရှင်းလင်းရာမှရလာခြင်းဖြစ်သည်။
"ဒါဆို ခဏစောင့်ဦး၊ ငါသွားမေးလိုက်ဦးမယ်"
ထိုစကားကြောင့် သူသည် လှည့်ကာ ပြန်ထွက်သွားလေသည်။
သိပ်မကြာမီတွင် လေပွေကဲ့သို့ ပြန်ရောက်လာလေ၏။
"သိရပြီ။ သူတို့က လျှော်ကူခြစ်ပေးနေကြတာလို့ ပြောတယ်"
"လျှော်ခြစ်နေတာ၊ ဟုတ်လား"
ရှန်းကျင့်၏ မျက်လုံးများသည် အတွေးတစ်ခုဖြင့် လင်းလက်သွား၏။
"သိပြီ၊ လျှော်ခုတ်တဲ့နေရာမှာ ငါ့ကို လာကူပေး"
လျှော်ခြစ်ခြင်းသည် ပစ္စည်းကိရိယာများမလိုအပ်ပေ။ လက်ဗလာဖြင့် သွားရမည်မှာ ရှက်စရာကောင်းသောကြောင့် သကြားရေနှင့်လဲစားရန် လျှော်နှစ်စည်းခုတ်ဖို့ဆုံး ဖြတ်လိုက်လေသည်။ ဤနည်းဖြင့် ရှန်းနဉ်လည်း သူ့ကို နှင်လွှတ်မည်မဟုတ်ပေ။
ထိုအရာနှင့်ပတ်သက်ပြီး ပိုတွေးလေလေ ပိုပြီးသေချာလာလေလေပင်။
ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ် - အလကားနေရင်း ရလာတဲ့အရာတစ်ခုမှ မရှိဘူး။ အဲ့တာအတွက် တစ်ခုခုနဲ့လဲလှယ်ဖို့လိုတယ်။
နောက်ဆုံးအကြိမ်တုန်းက သူ့အမေ ရှန်းနဉ်ကိုဆူခဲ့ခြင်းအတွက် ရှန်းကျင့်က မျက်လုံးများကို မှိတ်ထားရင်း သူ့ကိုယ်သူ အယုံသွင်းလိုက်၏။ အဆူခံရအောင် ငါ မလုပ်ခဲ့ဘူး။ အဆူခံရအောင် ငါ မလုပ်ခဲ့ဘူး။ အဆူခံရအောင် ငါ မလုပ်ခဲ့ဘူး။
သူ့ကိုယ်သူ အောင်မြင်စွာဖြင့် ခေါင်းထဲမှအတွေးဟောင်းများကို ထုတ်ပစ်လိုက်လေသည်။
သူသည် မီးဖိုချောင်ထဲတွင် တံစဉ်ကိုအလျင်အမြန်ရှာလိုက်ပြီး ဝါးတုတ်တစ်ချောင်းကိုဆွဲယူကာ ရှန်းယင်ကိုပေးလိုက်၏။
"လာလေ၊ လျှော်သွားခုတ်ကြရအောင်။ ငါ့ကိုကူပေးဦး"
သူက ရှန်းထျယ်ကိုအိမ်မှာနေပြီး ညီမလေးကို တစ်ယောက်တည်း နိုးနေသည်ကို လွှတ်မထားရန်နှင့် သူနှင့်ရှန်းယင်တို့သွားသည်ကို မိဘများအား ပြန်မပြောရန်လည်း မှာကြားလိုက်၏။ ထို့နောက် ရှန်းယင်နှင့် အလျင်အမြန် ထွက်သွားလေသည်။
သူ့အစီအစဉ်ကို စေ့စေ့စပ်စပ်လုပ်ပြီး သတ္တိမွေးရခြင်းမှာက အားလုံးက သကြားရည် တစ်ငုံသောက်ရန်အတွက်ဖြစ်တော့သည်။
သို့သော် ထိုသတ္တိသည် ခေတ္တမျှသာတည်တံ့၏။ လျှော်တစ်စည်းခုတ်ပြီးနောက် သူတို့သွားလို့ရပြီဟု ရှန်းယင် ထင်လိုက်ချိန်တွင် ရှန်းကျင့်၏သတ္တိသည် ကုန်လုနီးပါးဖြစ်နေလေသည်။
ရှန်းယင်၏ အကြည့်စူးစူးအောက်တွင် ရှန်းကျင့်တစ်ယောက် အံကြိတ်နေ၏။
"နောက်ထပ်တစ်စည်းလောက် ထပ်ခုတ်ရအောင်၊ တစ်စည်းက နည်းလွန်းတယ်"
နောက်တစ်စည်းကို ခုတ်ပြီးနောက် ရှန်းယင်က သွားရမည့်အချိန်ရောက်ပြီဟု တွေးလိုက်၏။ သို့သော် ရှန်းကျင့်က ရှန်းနဉ်သည် သူတို့အိမ်ဘက်သို့ တစ်ချက်မျှပင် မကြည့်ခဲ့ပုံကို ပြန်တွေးကာ တုံ့ဆိုင်းသွားပြန်သည်။
"...မင်းတစ်ယောက်ထဲသွားရင်ရော ဘယ်လိုလဲ"
ရှန်းယင်: ???
...
အပိုင်း (၈၂) ဖောင်းကားနေတဲ့ဗိုက်နဲ့ တောင်ပေါ်က ဆင်းလာကြလေရဲ့
ရှန်းယင်က တင်းကြပ်နေအောင် စည်းထားသည့် လျှော်စည်းနှစ်စည်းကို ကြည့်လိုက်ပြီး ကြောင်အမ်းအမ်းဖြင့် ပြောလိုက်လေသည်။
"တတိယအစ်ကို မင်း ဘာတွေပြောနေတာလဲ ငါဒီနှစ်ခုစလုံးကို မသယ်နိုင်ဘူးလေ"
ဒါက လျှော်ရိတ်သိမ်းချိန် ဆောင်းဦးရာသီ တတိယအကြိမ်ဆိုပေမဲ့ သိပ်မရှည်တော့ဘူးဆိုပေမဲ့လဲ သူ့အရပ်ထက်တော့ မြင့်နေသေးတယ်လေ။ တတိယအစ်ကိုက ဒီလောက်အများကြီး စည်းထားတာ တစ်စည်းဆိုရင် သူ့ထက်တောင်ပိုပြီးတော့ ကြီးသေးတယ်။ တစ်စည်းထဲဆိုရင် ဆွဲသွားလို့ရသေးတယ်။ ဒါပေမဲ့ နှစ်စည်းဆိုရင်ကျတော့...
ရှန်းကျင့်: "တစ်စည်းကိုတောင်ခြေအထိ မင်းအတွက် ဆွဲကူသွားပေးမယ်၊ ပြန်သွားပြီးရင် ရှောင်ထျယ်ကို သွားကူပေးလိုက်"
ရှန်းကျင့်က ပြောရင်းဆိုရင်း လျှော်စည်းကြီးတစ်စည်းကို သူ့ကျောပေါ်မတင်လိုက်ကာ လျှောက်ပြန်သွားလေတော့သည်။
ရှန်းယင်: ဟင်
ရှန်းယင်က သူ၏ လျှော်စည်းကို သယ်လာသည်ထက် ဆွဲလာသည်နှင့် ပိုတူကာ နောက်မှ ရုန်းကန်ရင်း လိုက်လာပြီး သူ့ကိုစောင့်နေသည့် ရှန်းကျင့်ကို မေးလိုက်လေသည်။ နောက်ဆုံးတော့ လိုက်မီလာပြီး သူကသိချင်စိတ်ဖြင့် မေးလိုက်တော့သည်။
"တတိယအစ်ကို မင်းဘာဖြစ်နေတာလဲ၊ ငါတို့ ဒုတိယအစ်ကိုရဲ့အိမ်ကို သွားပြီးတော့ သကြားရည်နဲ့ လဲမစားတော့ဘူးလား"
တတိယအစ်ကိုက ဒီနေ့တစ်နေ့လုံး ထူးထူးဆန်းဆန်းတွေ လုပ်နေတာပဲ။
ပုံမှန်ဆိုရင် သူက သူများတွေထက် ပိုပြီး မြန်မြန်ဆန်ဆန် ပြေးသွားတတ်တဲ့သူကိုး။
"ငါမသွားဘူး၊ မင်းနဲ့ရှောင်ထျယ်တို့ပဲသွား"
ရှန်းယင်က သူ့ကို မသင်္ကာသလို ကြည့်လိုက်သည်။
"မင်း ပေါက်ကရတွေ ပြောခဲ့တာတော့ မဟုတ်ဘူးမလား"
တခါတုန်းက သူ့ရဲ့ မဆင်မခြင် စကားတွေကြောင့် တတိယအစ်ကိုနဲ့အစ်မကြီးတို့က ရန်ဖြစ်ခဲ့ဘူးတာ ကောင်းကောင်း မှတ်မိနေသေးတယ်လေ။
ရှန်းကျင့်က သူ့ကို ဒေါသထွက်သည့်ဟန်ဖြင့် ကြည့်လိုက်သည်။
"မဖြစ်ခဲ့ပါဘူး"
ငါ့ရဲ့ မဆင်မခြင် စကားတွေကြောင့် မဟုတ်ဘူးကွ။
သူက တယောက်ထဲ ပြန်ရေရွတ်လိုက်လေသည်။ သူ့အမေကို ထပ်မပြောတော့ဖို့ ကြိုးစားပြီး တားလိုက်သည့်နေ့က လက်တွင် အရိုက်ခံလိုက်ရသည်ကို သတိရသွားတော့သည်။
ဒီအကြောင်းကို စဥ်းစားမိတော့ သူက တစ်နည်းနည်းဖြင့် မတရားခံရလေခြင်းဟု ခံစားရလေသည်။
ရှန်းနဥ်က သူ့အရိုက်ခံလိုက်ရတာကိုလဲ တွေ့တဲ့ပုံမပေါ်ဘူး။ မဟုတ်ဘူးဆိုရင် သူက ငါ့ကို ဘာဖြစ်လို့မခေါ်ပဲ နေမှာလဲ။ သူတို့တွေက ပြီးခဲ့တဲ့တခေါက်တုန်းက သဘောတူပြီးသားကို။
အားထုတ်မှုကြောင့် မောပန်းလာ၏။ သူသည် တောင်ခြေအထိ လျှော်စည်းများကို သယ်လာလိုက်ကာ ရှန်းထျယ်ကို သွားခေါ်ပေးမည်ဟုပြောပြီး ရှန်းယင်ကို စောင့်ခိုင်းထားလိုက်လေသည်။
ရှန်းထျယ်မှာ အိမ်တွင် ထျန်းယာကို ထိန်းကြောင်းပေးနေရင်း စောင့်ကြည့်နေရာ သူ့မှာ ငိုက်မြည်းလုနီးပါး ဖြစ်နေတော့သည်။ ရုတ်တရက် အနိုးခံလိုက်ရပြီး ရှန်းယင်နှင့်တောင်ပေါ်သို့သွားပြီး သကြားရည်အတွက် လျှော်စည်းများကို အလဲအလှယ်လုပ်ဖို့ ပြောလိုက်သည်တွင် သူ့မှာ ရုတ်တရက် နိုးနိုးကြားကြား ဖြစ်သွားတော့သည်။
အိပ်ယာပေါ်မှ ခုန်ဆင်းလိုက်ပြီး သူ့ဖိနပ်ထဲကို လျှိုသွင်းလိုက်ကာ သူက ခြေလှမ်းအနည်းငယ် ပြေးထွက်သွားပြီးနောက်မှ ပြန်လှည့်ကြည့်လိုက်သည်။
"တတိယအစ်ကို မင်းရော မသွားဘူးလား"
"ဟင့်အင်း ငါ မသွားဘူး "
"ဒါဆိုလဲ ဟုတ်ပြီလေ"
ရှန်းထျယ်က ပြန်ပြောလိုက်ပြီး ပြေးထွက်သွားကာ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားတော့သည်။
ရှန်းကျင့် : “...”
တောင်ပေါ်သို့ ရောက်လာသည်တွင် စန်းလော့မှာ နေ့လည်စာ ပြင်ဆင်ပြီးစသာရှိသေးသည်။ သူမက ခြံဝန်းထဲတွင် လျှော်များကိုကျစ်နေသည့် ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို အပြင်ထွက်ခေါ်လိုက်လေသည်။
သူမက ထွက်လာသည်တွင် ပထမဦးဆုံး မြင်ရသည့်အရာမှာ ခြံဝန်း၏ဘေးတစ်ဘက်က ရှန်းအန်းနှင့်ရှန်းနဥ်တို့ မဟုတ်ဘဲ သူမ၏ မြင်ကွင်းထဲတွင် တောင်ခြေမှနေ၍ ပုံရိပ်သေးသေးလေးနှစ်ခုက ကိုယ်တိုင်ထက် ပိုပြီးရှည်လျားသည့် အစည်းနှစ်စည်းကို ဆွဲလာသည်ကို တွေ့လိုက်ရလေသည်။
ထင်းတွေများလား။
ထင်းတွေလား။
အနီးကပ်ကြည့်လိုက်တော့ ဟုတ်ဟန်မတူဘူး။
စန်းလော့က မောင်နှမနှစ်ယောက်ကို သတိပေးလိုက်၏။
"ရှောင်ယင်နဲ့ရှောင်ထျယ်တို့ လာနေတယ်၊ သူတို့တွေ ဘာဆွဲလာသလဲ မြင်ရလား"
ရှန်းအန်းနှင့်ရှန်းနဥ်တို့က ထရပ်လိုက်ပြီး တောင်အောက်ကို လှမ်းကြည့်လိုက်သည်တွင် ရှန်းယင်နှင့်ရှန်းထျယ်တို့က တစ်ခုခု အစည်းကြီးနှစ်စည်းကို ဆွဲလာသည်ကို သတိထားမိသွားလိုက်လေသည်။ မောင်နှမနှစ်ယောက်က တောင်စောင်းတစ်လျှောက် မြန်မြန် လျှောက်ဆင်းသွားကြသည်။
တောင်ခြေတွင် ရှန်းယင်က ရှန်းအန်းနှင့်ရှန်းနဥ်တို့ ဆင်းလာပြီး သူတို့ကိုလာခေါ်သည်ကို မြင်လိုက်သည်တွင် အားရဝမ်းသာဖြင့် လက်ဝှေ့ပြလိုက်ပြီး သူ၏ ဒုတိယအစ်ကိုနှင့်အစ်မတို့ကို လှမ်းခေါ်လိုက်လေသည်။
ရှန်းယင်က အဝေးမှနေ၍ ဝင့်ကြွားစွာဖြင့် ကြေငြာလေသည်။
"ဒုတိယအစ်ကို ငါတို့ လျှော်တွေ နည်းနည်းပါးပါး ဖြတ်လာတယ်"
ရှန်းထျယ်က ထပ်ပြောလေသည်။ "တတိယအစ်ကိုကပြောတယ်၊ ငါတို့တွေ ဒါနဲ့ သကြားရည်ကို လဲစားလို့ရတယ်တဲ့"
စန်းလော့မှာ မနေနိုင်ပဲ အော်ရယ်မိတော့သည်။
တော်လိုက်တဲ့ ကလေးတွေ။
ဒီလိုပြောလို့ ရှန်းကျင့်က ဘယ်ရောက်နေပါလိမ့်။
စန်းလော့က ကလေးနှစ်ယောက်၏ အနောက်ဘက်က တောင်လမ်းလေးကို လှမ်းကြည့်လိုက်သည်တွင် ဤသို့ စဥ်းစားမိလိုက်လေသည်။ ဟိုတခေါက်တုန်းက ငန်းတွေကြောင့်များ သူက သူ့ဟာသူတစ်ယောက်ထဲ ထပ်ပြီး ပုန်းနေပြန်တာလား။
"ငါက ဒီလူရှုပ်လေးကို နည်းနည်းလေးပဲ တခါလေးပဲ ဆူငေါက်မိတာလေ၊ သူက တကယ်ကြီး ငါ့ကို အဲလောက်တောင် ကြောက်သွားတာလား"
ဒီအတွေးက သူမကို ရုတ်တရက် သတိရသွားစေတော့သည်။ အစောပိုင်းက ကလေးအုပ်စုတို့ သကြားရည်သောက်နေစဥ်တွင် ရှန်းညီအစ်ကိုသုံးယောက် မမြင်မိချေ။
စန်းလော့၏မျက်ခုံးများက မသိမသာ မြင့်တက်သွားပြီး လတ်တလောကမှ ညီအစ်ကိုတတွေ ဝက်ဆီဖက်ကိုမျှစားရင်း ကောင်းတဲ့အစာလေးများရှိရင် အချင်းချင်း ဝေမျှမည်ဟု သဘောတူထားကြသည့် ကိစ္စကို ပြန်စဥ်းစားမိလေသည်။
ဒီတော့ သူတို့တွေက ကျန်ခဲ့ကြတာလား။
စန်းလော့က ရှန်းယင်နှင့်ရှန်းထျယ်တို့ကို ကျော်ကြည့်လိုက်ပြီး ရှန်းအန်းနှင့်ရှန်းနဥ်တို့က တစ်ပုံစံထဲ တုံ့ပြန်ကြလေသည်။ အထူးသဖြင့် ရှန်းနဥ်ပင်။ တောင်လမ်းလေး၏အဆုံးကို လှမ်းကြည့်ပြီးနောက် မည်သူ့ကိုမျှ မမြင်လိုက်သည်တွင် သူမက ရှန်းယင်နှင့်ရှန်းထျယ်တို့ဘက်ကို လှည့်ကာ
"ရှန်းကျင့် ရော"
ရှန်ယင်က မျက်တောင်လေး ပုတ်ခပ်ပုတ်ခပ်ဖြစ်ပြီး စကားပြောမည် ပြင်လိုက်သော်လည်း ရှန်းထျယ်က သူ့ကို ပုတ်လိုက်ကာ
"တတိယအစ်ကိုက ပြောတယ် သူလာမှာ မဟုတ်ဘူး တဲ့"
ရှန်းယင်က သူ့ညီလေးကိုကြည့်လိုက်ပြီး သူ့အစ်ကိုဖြစ်သူက သူတို့၏ အကြီးဆုံးအိမ်က မောင်နှမနှစ်ယောက်ကို အနှောက်အယှက် ပေးခဲ့သည်ဟု ခံစားမိလေသည်။
ဟုတ်နေပါပြီ။ ရှန်းနဥ်က ဒီအတိုင်း ပြောလိုက်တော့သည်။
"သူက မလာဘူးဆိုလျှင်လဲ မလာနဲ့ပေါ့"
ရှန်းယင်က အခြေအနေတစ်ခုလုံးကို နားမလည်သော်ငြားလည်း သူက မြန်မြန် ရှင်းပြလိုက်လေသည်။
"အစတုန်းကတော့ သူက လာမယ်လို့ပြောသေးတယ်။ ဒီလျှော်ပင်တွေကလဲ သူပဲခုတ်ထားပေးတာ ဒါပေမဲ့ လျှော်ပင်တွေကိုခုတ်ပြီးမှ သူက ရုတ်တရက်ကြီး မလာတော့ဘူးလို့ ဆုံးဖြတ်လိုက်ပြီး ငါနဲ့ရှောင်ထျယ်ကိုပဲ လွှတ်လိုက်တာ”
သည်စကားကို ကြားလိုက်သည်တွင် ရှန်းနဥ်က လျှော်စည်းနှစ်စည်းကို လှမ်းကြည့်လိုက်ပြီး တစ်စည်းကိုကူသယ်ပေးလိုက်ကာ အငယ်လေးများကို ခေါ်လိုက်လေသည်။
"တက်လာခဲ့ ငါတို့တွေမှာ သကြားရည်ရှိတယ်လို့ ဘယ်သူက ပြောလိုက်တာလဲ"
ရှန်းယင်က နည်းနည်းလေးမှ မရှက်ရွံချေ။ သူက ပြန်ဖြေလိုက်သည်။
"ကျွန်နော် ရှီထိုဆီ မေးလိုက်တာ"
"ဒီတော့ သူတို့တွေက အဲဒီ့နေရာမှာ ဘယ်လောက်တောင် အကြာကြီး ထိုင်နေကြတာလဲ"
ရှန်းနဥ်မှာ မအောင်ရယ်ပဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။
ရှန်းနဥ်က အော်ရယ်လိုက်သည်ကို မြင်လိုက်သည်တွင် ရှန်းယင်က စိတ်အေးသွားပြီး လွှတ်ခနဲထွက်သွားတော့တယ်။
"အစ်မ ကျွန်တော့အစ်ကိုက မဆင်မခြင်တွေ ပြောလိုက်လို့လား၊ အစ်မတို့နှစ်ယောက် ရန်ဖြစ်ထားကြတာလား"
ရှန်းနဥ်က ပြုံးလိုက်သည်။
"ဟင့်အင်း၊ ငါတို့ ရန်မဖြစ်ထားပါဘူး"
ရှန်းယင်: "ဒါဆိုရင် သူက တောင်ပေါ်တက်လာဖို့ ဘာလို့ အဲလောက်ကြောက်နေတာလဲ"
ရှန်းထျယ်က ဘေးမှ အားတက်သရော ခေါင်းညိတ်လေသည်။
"သူက ငါတို့ကိုလဲ တောင်ပေါ်မတက်ဖို့ တားမြစ်ထားသေးတယ်လေ"
ရှန်းနဥ်၏ မျက်လုံးများက ကွေးညွှတ်သွားပြီး သူမတစ်ယောက်ထဲ စဥ်းစားလိုက်လေသည်။ သူက မလာရဲဘူးဆိုတော့လဲ ကောင်းတာပဲ။
ဒီအတွေးက သူမ၏ မကျေမနပ် ဖြစ်နေသည့်စိတ်ကို အနည်းငယ် မေ့လျော့သွားစေလေသည်။ သူမ၏ တတိယဦးလေးနှင့်အဒေါ်တို့ကို မကျေမနပ် ဖြစ်နေ သော်ငြားလည်း ရှန်းကျင့်ကိုလဲ တခါတလေ စိတ်ပျက်မိသော်ငြားလည်း ရှန်ယင်နှင့်ရှန်းထျယ်တို့အပေါ်ထားသည့် သူမ၏ သဘောထားကတော့ အများကြီး ပိုပြီး နွေးထွေးလေသည်။ သူမက သူတို့အမေနှင့်ဖြစ်ခဲ့သည့် စိတ်ညစ်စရာကိစ္စကို ထုတ်မပြောတော့ဘဲ ဒီအတိုင်း ပြုံးကာ ပြောလိုက်လေသည်။
"ဒီတော့ သူက ဒီလိုပြောတာနဲ့ပဲ နင်တို့တွေက မတက်လာရဲကြတော့ဘူးပေါ့"
ရှန်ထျယ်က ဒီစကား၏အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်လေရာ သူ့အစ်ကိုဦးဆောင်မှု နောက်ကိုသာ လိုက်လာခဲ့ခြင်း ဖြစ်လေသည်။ ရှန်းယင်က ရှန်းနဥ်ကို လှမ်းကြည့်လိုက်ပြီး သူ့ပါးစပ်ထဲက သူ့စကားလုံးများက တုန်ရင်နေကာ သူက တိုးတိုးလေး ပြောလိုက်လေသည်။
"အစ်မက ငါတို့ကို မခေါ်ခဲ့ဘူးလေ"
လူအများကြီးကို ခေါ်ခဲ့ပေမဲ့ သူတို့ကိုပဲ ချန်ထားခဲ့တာလေ။
ဒီအချိန်တွင် ရှန်းယင်က ခေါင်းကိုငုံ့ထားလေသည်။ အသက်၆နှစ်သာ ရှိသေးသော်ငြားလည်း သူသည် သူ့မိဘများ၏ ရှန်းအန်းနှင့် ရှန်းနဥ်တို့အပေါ် မနှစ်သက်မှုကို ခံစားမိလေရာ ထုတ်မပြောဘဲ နားလည်တတ်လာသည်။
ထို့ကြောင့် ရှန်းနဥ်သည် သူတို့၏ အစ်မဖြစ်သော်ငြားလည်း သူမက သူတို့ထက် တစ်ခြားကစားဖော်ကစားဖက်များနှင့် ပိုပြီးရင်းနှီးနေသည်ဟု ထင်ရသည်။
သည်အကြောင်းကို နားလည်လိုက်သည်တွင် ရှန်းယင်၏ ငုံ့ထားသောခေါင်းက ဝမ်းပမ်းတနည်းဖြင့် ငိုက်စိုက်ကျသွားတော့သည်။
ရှန်းနဥ်က ပုံမှန်မဟုတ်သည့် မသက်မသာခံစားချက်တစ်ခုကို ခံစားလိုက်ရလေ၏။ သို့သော်ငြားလည်း မြန်မြန်ဆန်ဆန်ပင် လွှတ်ထားလိုက်၏။
သူမကတော့ မှားတယ်လို့ မထင်ခဲ့ပါဘူး။ သူမရဲ့ တတိယဦးလေးနှင့်အဒေါ်တို့ကပဲ ပြသာနာရှိတဲ့သူတွေလေ။
သူမက ပြောလိုက်သည်။
"နောက်တစ်ခါ ငါမခေါ်ရင် နင်တို့ဟာနင်တို့ တက်လာခဲ့ကြ၊ ငါက နင်တို့ခြံဝန်းဘက်ကို မလာချင်ဘူး"
ရှန်းယင်က တုံ့ဆိုင်သွားပြီး အခြေအနေကို ဖြည်းဖြည်းချင်း နားလည်လိုက်ကာ သူ၏တတိယအစ်ကိုက ခပ်ဝေးဝေးနေရသည့် အကြောင်းအရင်းကို နားလည်လိုက်ပြီး အတိုင်းအတာတစ်ခုထိ စိတ်ညစ်သွားသလို ခံစားရတော့သည်။
ရှန်းအန်းက သူ၏ ဇဝေဇဝါ ဖြစ်နေသည့်စိတ်ကို သတိထားမိလိုက်ပြီး အချိန်ကိုက် မေးလိုက်လေသည်။
"ဒီလျှော်စည်းနှစ်ခုက တော်တော်လေး လေးမဲ့ပုံပဲ၊ မင်းတို့တွေ ဒါတွေကို ဒီနေရာအထိ ဘယ်လိုဆွဲလာကြတာလဲ"
ရှန်းယင်က မေးခွန်းကို အာရုံရောက်သွားပြီး အမှန်အကန် ပြန်ဖြေလိုက်လေသည်။
"တတိယအစ်ကိုက ဒါတွေကို ဒီနားအထိ သယ်လာပေးတာလေ၊ အဲဒီ့နောက်မှ ငါနဲ့ရှောင်ထျယ်တို့က ကျန်တဲ့ လမ်းတစ်ဝက်ကို ဆွဲလာကြတာ"
အော်... ဒီတော့ ရှန်းကျင့်က ရောက်လာပြီးမှ လှည့်ပြန်သွားတာကိုး။
ရှန်းအန်းနှင့်ရှန်းနဥ်တို့က အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ရှန်းနဥ်ကတော့ နှုတ်ဆိတ်ကာနေလိုက်လေသည်။
အပေါ်မှနေပြီး နားထောင်နေသည့် စန်းလော့က ဖြစ်ပျက်သွားသည့် အခြေအနေကို အကြမ်းဖျင်းနားလည်လိုက်သော်လည်း ဘာပြောရမည်မသိအောင် ဖြစ်သွားတော့သည်။
ငါ့မှာက ဆွေမျိုးလဲမရှိ မောင်နှမလဲမရှိဘူးလေ မိဘမဲ့တစ်ယောက်ရဲ့ အတွေ့အကြုံပဲ ရှိတာဆိုတော့.. အင်း.. တော်တော်လေးကို ကွာခြားပါတယ်။
ထို့ကြောင့် စန်းလော့က မောင်နှမဆက်ဆံရေးကြားက ခံစားချက်များကို နားမလည်ချေ။
သို့သော်ငြားလည်း ရှန်းအန်းနှင့်ရှန်းနဥ်တို့က သူတို့၏ဝမ်းကွဲလေးများကို တော်တော်လေး ကြင်နာတတ်သည်ကို လေ့လာမိလေသည်။ ကလေးများအကြားတွင် နက်ရှိုင်းသည့် နာကျည်းမှု မုန်းတီးမှုတို့ တစ်ခုမှမရှိကြပေ။ မကြာခဏဆိုသလို အထိအခိုက်မခံပဲ စဥ်းစားတတ်လွန်းသည့် ရှန်းအန်းကပင် ထိုအချက်ကို မေ့လျော့သွားဟန် တူသည်။ သူသည် ရှန်းကျင့်ကို ဝက်ဆီဖတ်လေးအတွက် မြေကို ကူညီရှင်းခိုင်းခဲ့ပြီး ရှန်းကျင့်ကို သူတို့အိမ်ထဲခိုးဝင်ပြီး သူတို့၏ နတ်သမီးတို့ဟူးအကြောင်း သိသွားမှာကိုတားမြစ်ရန် အဓိကအကြောင်းရင်း ဖြစ်လေသည်။
ကလေးများက ရန်ဖြစ်လိုက် မခေါ်လိုက် ဖြစ်ခဲ့ကြသော်လည်း နည်းနည်းလောက် ချော့မော့ပြောလိုက်သည်တွင် အတူတူပြန်ကစားခြင်းက သူတို့၏ခင်မင်မှုကို ပြန်လည် အဆင်ပြေသွားစေလေသည်။
သို့သော်ငြားလည်း ရှန်းကျင့်၏မိဘများ၏ လွှမ်းမိုးမှုကလဲ ရှိနေသေးရာ ရှန်းအန်း၊ ရှန်းနဥ်နှင့်ရှန်းကျင့်တို့မိသားစု၏ ဆက်ဆံရေးက မကြာခဏဆိုသလို တင်းမာမှုများ ရှိလာပေလိမ့်မည်။
စန်းလော့က ကလေးများ၏ကိစ္စကို ဝင်မစွက်ဖက်ဖို့ ရွေးချယ်လိုက်ပြီး သူတို့ကို ကိုယ်တိုင်ဖြေရှင်းဖို့ ခွင့်ပြုထားလိုက်သည်။ သူမက ပြုံးသာ နေလိုက်သည်။ ရှန်းယင်နှင့်ရှန်းထျယ်တို့က တောင်တက်လမ်းတဝက်တွင် သူမကို မရီးကြီးဟု လှမ်းနှုတ်ဆက်လိုက်သည်တွင် သူမက ပြန်နှုတ်ဆက်လိုက်လေသည်။
ရှန်းအန်းနှင့်ရှန်းနဥ်တို့ ကူညီသယ်လာပေးသည့် လျှော်စည်းကြီးနှစ်စည်းကို ကြည့်လိုက်ပြီးလျှင် စန်းလော့က ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို ကလေးများကို လက်ဆေးပေးဖို့ ခေါ်သွားခိုင်းလိုက်ပြီးနောက် သူမက အထဲဝင်သွားကာ ပန်းကန်တစ်လုံး သွားယူလိုက်ပြီး လတ်လတ်ဆတ်ဆတ် ပေါင်းထားသည့် ကြက်ဥပေါင်းကို ဇွန်းသုံးဇွန်းအပြည့် ခပ်ထုတ်လိုက်ပြီး ရှန်းယင်ကို ကမ်းပေးလိုက်လေသည်။
"အများကြီးတော့ မရှိဘူး၊ ရှောင်ထျယ်နဲ့မျှပြီးတော့ စားလိုက်နော်"
သူမက ရှန်းအန်းနှင့်ရှန်းနဥ်တို့ကိုလဲ နေလည်စာစားဖို့ ခေါ်လိုက်လေသည်။
ရှန်းယင်နှင့်ရှန်းထျယ်တို့၏ ပါးစပ်များက သွားရေများတက်လာပြီး သူတို့၏မျက်လုံးများက တဖျတ်ဖျတ် လင်းလက်သွားကြလေသည်။
"ကြက်ဥပေါင်း"
သူတို့က တပြိုင်တည်း ပြောလိုက်ကြသည်။ "ကျေးဇူးတင်ပါတယ် မရီးကြီး"
ထို့နောက်တွင် သူတို့က အတူတူ ပူးကပ်လိုက်ကြပြီး တစ်ယောက်တစ်ဇွန်း မျှစားကြတော့သည်။
ရှန်းအန်းနှင့်ရှန်းနဥ်တို့က သူတို့၏ နေ့လည်စာစားဖို့ အထဲကိုဝင်သွားလိုက်ပြီး သူတို့၏ ဝမ်းကွဲလေးများကို အပြင်ဘက်တွင် ထားခဲ့လိုက်ကြသည်။ ရှန်းအန်းကိုယ်တိုင်က ပန်းကန်တစ်လုံးနှင့်ဟင်းတစ်ချို့ကို ထည့်လိုက်ပြီး ခြံဝန်းအပြင်ဘက်တွင် မတ်တပ်ရပ်စားဖို့ စဥ်းစားလိုက်လေသည်။
ခြံဝန်း၏ တံခါးဝသို့အရောက်တွင် ရှန်းယင်ပြောလိုက်သည့် စကားကို ကြားလိုက်ရလေသည်။
"ဒုတိယအစ်ကိုက ငါတို့ကို ကြက်ဥပေါင်းကျွေးတယ်လို့များ တတိယအစ်ကို ကြားသွားရင် သူ အားကျပြီး ငိုနေမလား မသိဘူးနော်"
ရှန်းထျယ်က သူ့ပါးစပ်ထဲသို့ ကြက်ဥပေါင်းတစ်ဇွန်းကို ထည့်လိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။
"သေချာတာပေါ့"
"ဒီတော့ ငါတို့တွေ ဘာလုပ်ကြမလဲ"
"ငါတို့တွေ သူ့ကို မပြောတော့ဘူးလေ"
ရှန်းအန်းမှာ မနေနိုင်တော့ပဲ သဘောကျသွားတော့သည်။
စန်းလော့က အမှန်ပင် ကြက်ဥပေါင်းလေးကို နည်းနည်းသာ ပြုလုပ်ထားလေသည်။ အကြောင်းမှာ ဒါက သူတို့၏ နေ့လည်စာ၏ တစ်စိတ်တစ်ပိုင်း ဖြစ်သောကြောင့်ပင်။ သူမက ကလေးများကို နည်းနည်းပါးပါး မြည်းကြည့်ဖို့ရန်သာ ပေးနိုင်သည်။ သူတို့ကို ဇွန်းသုံးဇွန်းအပြည့်သာ ပေးနိုင်ခဲ့သည်။ ကလေးများက ဖြည်းဖြည်းချင်း စားနေသည့်တိုင် ထိုဝေစုလေးက မြန်မြန်ဆန်ဆန်ပင် ကုန်သွားတော့သည်။
ပန်းကန်လုံး၏အောက်ခြေက နောက်ဆုံးကျန်သည့်တစ်စက်လေးကို အရသာခံလိုက်ပြီးနောက် ရှန်းကျင့်က ချက်ခြင်းဆိုသလို ပန်းကန်နှင့်ဇွန်း နှစ်ခုစလုံးကို သွားဆေးပေးလိုက်သည်။
အိမ်ထဲသို့ မဝင်ပဲ သူက ဆေးကြောထားသည့် ပန်းကန်လုံးကို သူတို့နှင့်အတူ အပြင်မှာလာစားနေသည့် ရှန်းအန်းကို လှမ်းပေးလိုက်လေသည်။
ရှန်းညီအစ်ကိုသုံးယောက်မှ လွဲလျှင် ကလေးများကို မိဘများက ရှန်းမိသားစု၏ ခြံဝန်းထဲသို့ မဝင်ဖို့ မကြာခဏဆိုသလို သတိပေးတတ်ကြသည်။ ရှန်းကျင့်၊ ရှန်းယင်၊ ရှန်းထျယ်တို့က မိဘများ၏ ဒီလို သင်ကြားခြင်းမျိုး မရှိခဲ့သေးချေ။ သူတို့က တစ်ခြားကလေးများ၏ ဥပမာကို လိုက်နာပြီး အထဲသို့မဝင်ရမှန်း သိနေခြင်းပင်။
ရှန်းအန်းက ပန်းကန်လုံးကို အထဲသို့ ယူသွားလိုက်သည်တွင် ရှန်းယင်က ခြံဝန်းလေးထဲကို ချောင်းကြည့်လိုက်ပြီး ရှန်းထျယ်ကို တီးတိုးပြောလိုက်လေသည်။
"ငါတို့တွေ အရမ်းနောက်ကျမှ ရောက်လာခဲ့တာဆိုတော့ သကြားရည်တွေအားလုံး ကုန်သွားပြီလား မသိဘူးနော်၊ မနက်တုန်းက လူတွေအများကြီးပဲလေ"
ရှန်းထျယ်က ကြက်ဥပေါင်း၏ အရသာရှိသည့် အရသာကို ခံနေဆဲဖြစ်ရာ တုံ့ဆိုင်းသွားပြီး နောက်မှ သူသည် သကြားရည်ကို တမ်းတခဲ့မိသည့်အကြောင်းကို သတိရသွားတော့သည်။
“ဒါပေမဲ့ ဒုတိယအစ်ကိုဆီက ဘာပြောခဲ့လဲ ကုန်သွားပြီတဲ့လား”
ရှန်းထျယ်က မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရကာ ကြောင်အမ်းအမ်းလေး ဖြစ်သွားတော့သည်။
"မဟုတ်ဘူး မဖြစ်နိုင်ပါဘူး မဖြစ်နိုင်ပါဘူးနော်"
သို့သော်ငြားလည်း ဒါက အမှန်ဖြစ်နေလိမ့်မည်ဟု မခံစားပဲ မနေနိုင်ခဲ့ချေ။
နောက်ဆုံး ဘယ်သူကများ သူတို့အတွက် နဲနဲလောက် ချန်ထားပေးမှာမလို့လဲ။
ညီအစ်ကိုနှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အခုလေးတင် အရမ်းကို ကောင်းမွန်လွန်းလှသည့် ကြက်ဥပေါင်း၏ အရသာက ရုတ်တရက်ဆိုသလို ဆွဲဆောင်မှု ပျောက်ဆုံးသွားတော့သည်။
သူတို့မသိလိုက်သည်က ရှန်းအန်းက သူတို့ဆေးထားပေးသည့် ပန်းကန်လုံးကို ယူဝင်လာသည်တွင် ရှန်းနဥ်က သကြားရည်ကို ပြင်ဆင်ထားနှင့်ပြီးသား ဖြစ်လေသည်။ သူမ၏ ဒုတိယအစ်ကိုက ဆေးကြောထားသည့် ပန်းကန်လုံးအလွတ်နှင့် ပြန်ဝင်လာသည်ကို မြင်လိုက်သည်တွင် သူမက ပန်းကန်လုံးကို လှမ်းယူလိုက်ပြီး သကြားရည် ပန်းကန်လုံးအပြည့်တစ်ခုကို ခပ်ထည့်လိုက်လေသည်။ အစောပိုင်းက အားလုံးသောက်ခဲ့ကြသည့် သကြားရည်ထက် အများကြီး အရောင်ရင့်နေသည်။ ထိုနောက်တွင် သူမက နောက်ထပ်ပန်းကန်တစ်လုံးကို ဖြည့်လိုက်ပြီး နှစ်ခုစလုံးကို ရှန်းအန်းလက်ထဲသို့ ထည့်ပေးလိုက်လေသည်။
"ဒါကို သူတို့အတွက် ယူသွားပေးလိုက်အုံး၊ မဟုတ်ရင် သူတို့အတွက် မကျန်ဘူးလို့ ထင်နေအုံးမယ်"
ရှန်းအန်းက သကြားရည်၏ ရင့်နေသည့်အရောင်ကို သတိထားမိလိုက်ပြီး မေးလိုက်လေသည်။
"ဒါက အသစ်ရောထားတဲ့ ဟာလား"
ရှန်းနဥ်: "အိုးထဲမှာက အများကြီး မကျန်တော့ဘူးလေ ပန်းကန်နှစ်လုံးစာအတွက် မလောက်ဘူး"
ရှန်းအန်းက ပြုံးလိုက်ပြီး သူ့ပန်းကန်ကို ချထားလိုက်ကာ သကြားရည်ကို သယ်သွားပြီး သူ့ဝမ်းကွဲညီလေးများဆီကို သယ်သွားပေးလိုက်လေသည်။
ရှန်းယင်နှင့်ရှန်းထျယ်တို့က တောင်ပေါ်တွင် သကြားရည်သောက်နေကြစဥ် ရှန်းကျင့်ကတော့ သူ့အိမ်၏ခြံဝန်းထဲက သစ်သားဘောင်လေးပေါ်တွင် ထိုင်ပြီး သူ့ဒူးကိုဖက်ထားရင်းက ပုရွက်ဆိတ်လေးများနှင့် ကစားနေလေသည်။ သူက စိတ်နှင့်ကိုမကပ်ဘဲ တုတ်ချောင်းသေးသေးလေးနှင့် ပုရွက်ဆိတ်လေးများကို သွားတို့နေပြီး မကြာခဏဆိုသလို ရပ်သွားကာ အဝေးက တောင်ပေါ်လမ်းလေးကို မျှော်ကြည့်လိုက်ပြီးနောက် ခေါင်းကိုပြန်ငုံ့ကာ သူ့ပုရွက်ဆိတ်များနှင့် ပြန်ကစားနေလေသည်။
မြင်ကွင်းထဲတွင် ဘယ်သူမှကို မမြင်ရချေ။
“ရှန်းယင်နဲ့သူတို့တွေ တက်သွားတာ အရမ်းကိုကြာနေပြီပဲ။ ရှန်းယင်နဲ့ ရှန်းထျယ်တို့ကတော့ ဗိုက်ပြည့်နေလောက်ပြီပေါ့ ဟုတ်တယ်မလား”
ရှန်းကျင့်က သူ၏ ချီတုံချတုံ ဖြစ်ခဲ့သည့်စိတ်ကို စပြီး နောင်တရမိတော့သည်။ သူ ဘာဖြစ်လို့ ငြင်းခဲ့မိပါလိမ့်။ လျှော်တွေကို ဖြတ်ခဲ့တဲ့သူကလဲ သူပဲဖြစ်နေရက်သားနဲ့။ အခုကျတော့ သူက ဒီမှာ အလကားနေရင်း ထိုင်ပြီးကျန်ခဲ့ရတယ်လို့။
ပြန်လည်ဆင်ခြင်နေရင်းက သူသည် စဥ်းစားလိုက်လေသည်။ "ကောင်းကောင်းစားဖို့ပဲ ဘယ်လိုဖြစ်ပြီး ရှက်နေလို့ ရမှာလဲ အရေသာမထူရင် ဘယ်လိုလုပ်ပြီး ကိုယ့်ရဲ့ဝေစုကို မျှော်လင့်လို့ရနိုင်မှာလဲ"
သူက အရင်တုန်းက ဒီလို လုံးဝမဟုတ်ခဲ့ပါဘူး။သူက ရှန်းနဥ်ကို မကြောက်ခဲ့ပါဘူး။
တောင်ပေါ်လမ်းလေးကို လှမ်းကြည့်လိုက်ပြီး သူက တစ်ဖန် သက်ပြင်းချမိပြန်သည်။
ဒါပေမဲ့လည်း အခုချိန်ကျမှ လျှောက်ပြောနေလို့လဲ အပိုပဲ။ ငါ နောက်ထပ် လျှော်တစ်စည်းလောက် ဖြတ်ပြီးသွားလိုက်ရင် ကောင်းမလား။ ဒါက အစကတည်းက တောင်ပေါ်တက်သွားတာထက်တောင် ပိုပြီး ရှက်ဖို့ကောင်းသေးတယ်။
စိတ်ရှုပ်ရှုပ်ဖြင့် သူသည် ပုရွက်ဆိတ်က စိတ်ဝင်စားစရာ မကောင်းတော့ဘူးဟု ထင်လာတော့သည်။ တုတ်ချောင်းလေးကို ဘေးသို့ ပစ်ထုတ်လိုက်ပြီး လက်လေးကို ဒူးပေါ်ထောက်ထားကာ မေးတင်ထားလိုက်ပြီး သူ့မျက်လုံးများက လက်များပေါ်တွင် ကျုံ့ထားကာ အဆင်းလမ်းလေးကို ငေးကြည့်နေမိတော့သည်။
"ကြည့် ကြည့် ထပ်ပြီးတော့ ကြည့်နေလိုက် ဆက်ပြီး ကြည့်နေလိုက်အုံး "
သူမျက်လုံးများမှာ ကြည့်နေရင်းက မျက်လုံးပင် နာလာသယောင် ရှိနေကာ နောက်ဆုံးတော့ သူ၏ညီငယ်လေးနှစ်ယောက်က ဗိုက်အပြည့်ဖြင့် တောင်ပေါ်ကဆင်းလာသည်ကို မြင်လိုက်တော့သည်။
ရှန်းကျင့်က ရုတ်တရက် ထရပ်လိုက်ပြီး သူတို့၏နှေးကွေးသည့် ခြေလှမ်းများကို သတိထားမိလိုက်လေသည်။
"သူတို့တွေ ဗိုက်ပြည့်အောင် ဘယ်လောက်ထိများ စားလာခဲ့ကြလဲ မသိဘူး”
သူက စဥ်းစားလိုက်သည်။
သူက သူတို့ဆီသို့ မြန်မြန်သွားလိုက်ပြီး အဝေးမှလှမ်းအော်လိုက်လေသည်။
"မင်းတို့တွေ သကြားရည် သောက်ခဲ့ရလား"
ရှန်ယင်နှင့်ရှန်းထျယ်တို့က ပန်းပွင့်လေးများ ပွင့်လန်းနေသလို သွားများပေါ်သည်အထိ ပြုံးလိုက်ကာ တပြိုင်နက်ထဲ ခေါင်းညိတ်လိုက်ကြသည်။
"သောက်ခဲ့ရတယ် အရမ်းချိုနေတာပဲ"
ရှန်းထျယ်က သူ၏ ဗိုက်သေးသေးလေးကိုပင် ဖက်ထားလိုက်ပြီး အများကြီး သောက်ခဲ့ရသဖြင့် လမ်းပင် မလျှောက်နိုင်တော့ဘူးဟု ဆိုလေသည်။
ရှန်းကျင့်က သူ၏ ညီလေးများလက်ထဲက ဘာမှမပါလာသည်ကို သတိထားမိလိုက်သည်တွင် တအံတသြ ဖြစ်သွားတော့သည်။
"ရှန်းအန်းက ငါ့အတွက် တစ်ခုခု ယူလာပေးလိုက်လို့ မပြောခဲ့ဘူးလား၊ ငါက လျှာ်ပင်တွေကိုဖြတ်ပေးခဲ့တာလို့ မပြောပြလိုက်ဘူးလား"
ဒီလိုမေးလိုက်ပြီး သူ့ညီလေးနှစ်ယောက်က ပြန်မဖြေပဲ အချင်းချင်း ကြည့်နေကြသည့်ကို မြင်လိုက်သည်တွင် ရှန်းကျင့်သည် စိတ်ထဲတွင် အေးစက်သလို ခံစားလိုက်ရတော့သည်။
"ဒါတော့မတရားဘူး၊ ငါတို့ သဘောတူညီချက် လုပ်ထားတယ်လေ၊ ငါက ပြီးခဲ့တဲ့အခေါက်တုန်းက သူတို့အတွက် ဝက်ဆီဖတ်တွေတောင် ပေးထားပေးခဲ့သေးတာ”
သူက အော်ငိုတော့မည့်ဆဲဆဲတွင် ရှန်ယင်နှင့်ရှန်းထျယ်တို့က တခစ်ခစ် ရယ်မောကြတော့သည်။ ရှန်းယင်က သူ့ပုခုံးပေါ်က လျှော်စည်းကြိုးလေးကို မ,လိုက်ပြီး လျှော်စည်းက အလွန်မှ ကောင်းကောင်းမွန်မွန် လုပ်ထားလေရာ သူ့အဝတ်အစားအရောင်နှင့် တထပ်တည်းကျနေပြီး မမြင်ရသလို ဖြစ်နေတော့သည်။ သူ့ခေါင်းကိုကျော်ကာ ကြိုးလေးကိုဆွဲမလိုက်ပြီး သူ့ကျောနောက်ဘက်တွင် ဝှက်ထားသည့် ဝါးကျည်တောက်တစ်ခုကို ထုတ်ပြလိုက်လေသည်။
"ဒီမှာ ငါတို့ အစ်မနဲ့ဒုတိယအစ်ကိုက ဒါကို အစ်ကို့အတွက် ထည့်ပေးလိုက်တာ"
ရှန်းထျယ်က စနောက်သလိုပြောလိုက်ပြီး ထပ်ပြောလိုက်သေးသည်။
"အစ်မကတောင် ပြောလိုက်သေးတယ်၊ အစ်ကိုက စပြီးငိုတော့မှ ဒါကို ပေးလိုက်ပါတဲ့"
ဝါးကျည်တောက်လေးကို မြင်လိုက်သည်တွင် ရှန်းကျင့်သည် အသံထွက် အော်ရယ်လုနီးနီး ဖြစ်သွားပြီးနောက် ချက်ခြင်းဆိုသလို ကိုယ့်ဟာကိုယ် အိန္ဒြေဆယ်ထားလိုက်လေသည်။
"ငါ့ကို ပေးလာ, ပေးလာခဲ့"
ဝါးကျည်တောက်လေးက သကြားရည်များ အပြည့်ဖြစ်နေသည်။
သကြားရည် သောက်ရတော့မည်ကို သိလိုက်သည်တွင် ရှန်းကျင့်သည် ရှန်းနဥ်၏ ရယ်မောခြင်းခံရသည်ကို ထပ်ပြီး ဂရုမစိုက်တော့ချေ။ သူက ရှန်းယင်ထံမှ ပေးလာသည့် ဝါးကျည်ထောက်ဗူးလေးကို လှမ်းယူလိုက်ပြီး သူမျက်လုံးများက မျှော်လင့်ချက်ဖြင့် လင်းလက်နေတော့သည်။
ဝါးကျည်တောက်လေး၏ အဖုံးကို ဖွင့်လိုက်သည်တွင် ဝါးကျည်တောက်၏ နှုတ်ခမ်းသားအထိ ပြည့်နှက်နေသည့် သကြားရည်များကို မြင်လိုက်ရပြီး သူ့ပါးစပ်နားသို့ မရောက်သေးခင်မှာပင် ချိုမြသည့်ရနံ့က အရင်ရောက်နေလေသည်။ သူက အားတက်သရော စတင် သောက်လိုက်တော့သည်။
တစ်ငုံသောက်ပြီးသည်တွင် ရှန်းကျင့်က ဝမ်းသာမှုကြောင့် ရေရွတ်မိမတတ် ဖြစ်သွားတော့သည်။
"ချိုလိုက်တာ"
သူသောက်ခဲ့ဖူးတဲ့ သကြားရည်တွေထဲမှာ အချိုဆုံးပဲ။ ရှန်းနဥ်က ဒီထဲမှာ သကြားညိုအတုံးအကြီးကြီးကို ထည့်ဖျော်ထားပေးတာ ဖြစ်ရမယ်။
ရှန်းကျင့်က ရွှင်လန်းဝမ်းမြောက်စွာ ပြုံးရယ်လိုက်ပြီးနောက် တစ်ငုံသောက်လိုက်ပြီးနောက် အဖုံးကို ဂရုတစိုက် ပြန်ဖုံးထားလိုက်လေသည်။
"ဒါကို ဖြည်းဖြည်းချင်း အရသာခံဖို့အတွက် သိမ်းထားရမယ်"
ယခုအချိန်တွင်တော့ ရှန်းယင်နှင့်ရှန်းထျယ်တို့က အားကျရမည့်သူများ ဖြစ်သွားကြတော့သည်။ သူတို့သာ တောင်ပေါ်တွင် ဗိုက်ကိုအဝမဖြည့်ခဲ့လျှင် ရှန်းအန်းက သူတို့ကို ထပ်ပြီးတိုက်လျှင်တောင် ဗိုက်က အတော်ပြည့်နေတော့သည်။ သူတို့သည် နောက်မှ တတိယအစ်ကိုထံမှ တစ်ငုံလောက်မျှတိုက်ဖို့ တောင်းဆိုရလိမ့်မည်။
သူတို့အစ်မ လုပ်ထားပေးတဲ့ သကြားရည်က ထူးထူးခြားခြားကို ချိုမြိန်မွှေးကြိုင်ပြီး ပွဲတော်ကာလတုန်းက သူတို့အမေ လုပ်ပေးထားတာထက်တောင် ပိုပြီးချိုသေးတယ်လေ။
ရှန်းယင်က ရှန်းကျင့်နားကပ်သွားကာ ညှိုနှိုင်းတော့သည်။
"တတိယအစ်ကို ငါက ဒါကို ယူပြန်ပေးလာတာလေ ငါ နောက်ကြရင် နည်းနည်းလောက် သောက်လို့ရမလား"
"မင်း သောက်လာပြီးပြီ မဟုတ်လား"
ရှန်းကျင့်၏မျက်လုံးက သူ့ဗိုက်လေးကို ကြည့်လိုက်လေသည်။
"မင်းတို့တွေ တော်တော်များများ သောက်လာကြတာ မဟုတ်ဘူးလား"
ရှန်းယင်က တခစ်ခစ် ရယ်မောလိုက်သည်။
"ငါက ထပ်ပြီး သောက်ချင်သေးတယ်လေ၊ တတိယအစ်ကို အခု မသောက်သေးနဲ့နော်၊ ခဏနေကြရင် ငါ့အတွက် နည်းနည်းလောက် ချန်ထားပေး နည်းနည်းလေးပါ"
ရှန်းထျယ်ကလည်း ဝင်ပြောတော့သည်။
"ငါရော၊ ငါ့ကိုလဲ နည်းနည်းလေးပဲ ချန်ထားပေးနော်"
ရှန်းကျင့်က သူ၏ ဝါးကျည်တောက်ဗူးလေးကို ကာကွယ်ထားကာ ဖက်ထားလိုက်သည်။
"မရဘူး မင်းတို့နှစ်ယောက်စလုံး သောက်လာပြီးပြီပဲ၊ ငါရဲ့ဟာကို ထည့်တောင် မစဥ်းစားနဲ့နော်"
သူက လျှော်အစည်းကြီးနှစ်ခုကို ဖြတ်ထားတာလေ။ ရှန်းနဥ်ရဲ့ ရယ်တာတောင်မှ ခံလိုက်ရသေးတယ်။ သူက သူရဲ့ ဒီဆုလာဒ်ကို ခံစားဖို့ထိုက်တန်တယ်။
ဝါးကျည်တောက်ဗူးလေးကို ကိုင်ထားရင်း ရှန်းကျင့်၏ မျက်နှာက ဝမ်းသာအားရ မျက်နှာထားလေး ဖြစ်နေကာ စိတ်ထဲတွင်တော့ ပိုပြီး ပျော်ရွှင်မိသလို ခံစားရလေသည်။
ရှန်းအန်းနဲ့ရှန်းနဥ်တို့က သူ့ကို ဂရုစိုက်သေးတာပဲ။ သကြားရည်ကို သူ့အတွက် ချန်ထားပေးသေးတယ်။ သူတစ်ယောက်ထဲအတွက် ဒီလောက်ကြီးတဲ့ ဝါးကျည်တောက်ဗူးကြီးကိုတဲ့။ သူက စဥ်းစားလိုက်လေသည်။ သူပါးစပ်ကနေ ဒီ ဝက်ဆီဖတ်လေးကို ကယ်တင်ပေးထားတာ အရမ်းတန်သွားပြီ။
...