← Chapters

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အခန်း (၈၅-၈၆)

Vol. 9 Ch. 85-86

အပိုင်း (၈၅) လည်ပတ်ခြင်း

လယ်ကွင်းများနှင့်မြေယာတစ်ခုမှမရှိသော စန်းလော့သည် စီရင်စုတွင် မည်သည့်အရာများ ရောင်းနိုင်မည်နည်း။

လီရှီသည် တောင်ပေါ်ရှိတောဟင်းရွက်များ၏တန်ဖိုးကို မယုံကြည်ပေ။ မြို့နေလူများသည် အရူးများမဟုတ်သောကြောင့် ထိုကဲ့သို့သောအရာများမှ အကျိုးအမြတ် အများအပြားမရနိုင်ပေ။

ဧကန္တ တောင်ပေါ်မှ အခြားအရာတစ်ခုခုများ ဖြစ်နေမည်လား။

သူတို့မကြာခဏသွားဖူးသည့်တောင်များတွင် မည်သည့်အရာများ တွေ့နိုင်သည်ကို စဉ်းစားကြည့်တော့ စန်းလော့သည် ရှန်းလီကဲ့သို့ အမဲလိုက်စွမ်းရည်များ ရုတ်တရက် တိုးတက်လာသည်လားဟု သိချင်မိ၏။ သိူ့သော် ထိုသို့သာဖြစ်မည်ဆိုပါက ယခင်ကကဲ့သို့ တောဟင်းရွက်ဟင်းချိုပေါ်တွင် အားကိုးအားထား မပြုကြလောက်ပေ။

လီရှီသည် အထပ်အခါခါစဉ်းစားနေသော်လည်း အဓိပ္ပာယ်မရှိဘဲဖြစ်နေ၏။

ရှန်းစန်းသည် ‌အမှောင်ထဲတွင်ငြိမ်သက်ကာ တူညီသောအကြောင်းအရာကို အချိန်ယူစဉ်းစားနေသည်။

လင်မယားနှစ်ယောက် အိပ်မပျော်ဘဲရှိနေကြ၏။ ဝေလီဝေလင်းအချိန်တွင် လီရှီသည် နိုးလာကာ သူမ၏စိတ်ထဲတွင် ဤအတွေးများဖြင့်နစ်မြုပ်နေပြီး ပြန်အိပ်မပျော်တော့ပေ။ သူမက အိမ်နီးချင်း ချန်းမိသားစု၏ ခြံထဲမှ အသံတစ်ခုခုကို အာရုံစိုက်နားထောင်နေလေသည်။

တစ်နာရီ၊ တစ်နာရီကျော်ကျော်လောက်ကြာပြီးနောက် သူမသည် ဘေးအိမ်မှဆူညံသံများကြားရ၏။ တံခါးမင်းတုတ်ပွင့်သံနှင့် ခွေးကတက်ပေါ်သို့လှည်းကို ဆွဲတင်သံများဖြစ်သည်။

လီရှီသည် သူမ၏အဝတ်များကိုစမ်းရင်း ထလိုက်ပြီး အလျင်အမြန် လွှမ်းခြုံလိုက်ကာ ခြံဝင်းထဲသို့ချွတ်နင်းသွားလိုက်၏။ သူမက တံခါးချက်ကို ဂရုတစိုက်ဖွင့်လိုက်ပြီး အပြင်ဘက်သို့ အကွဲသေးသေးလေးမှ ချောင်းကြည့်လိုက်လေသည်။

ကိုးလပိုင်းကုန်သည် ရှစ်လပိုင်းနှင့်မတူပေ။ သည်လိုနာရီတွင် ယခင်ကထက် သိသိသာသာပင်မှောင်လာပြီး လမ်းကိုမြင်ရန်ပင်ခက်ခဲလှသည်။

စီရင်စုရှိ မနက်အစောဈေးသို့သွားရန် စောစောထွက်ခွာဖို့လိုပြီး ချင်ဖန်းညန်က လှည်းကိုဆွဲလာစဉ်ထဲက ဖန်းလျိုညန်နှင့်အခြားသူများသည် မီးတုတ်ကိုထွန်းညှိပြီးဖြစ်သည်။ ပုံမှန်အားဖြင့် ဖန်းလျိုညန် သို့မဟုတ် ကန်းမိသားစုသည် ဤမီးတုတ်ကိုပြင်ဆင်တတ်ကြ၏။

လီရှီက တံခါးအပေါက်လေးနှင့် သူမမျက်နှာကိုဖိကပ်လိုက်စဉ် ကန်းရှီနှင့်ဖန်းရှီတို့သည် ချန်းမိသားစု၏တံခါးဝသို့ရောက်နေပြီဖြစ်ပြီး အရမ်းပြည့်ပုံ မပေါ်သော ခြင်းတောင်းတစ်ခုစီကို သယ်ဆောင်ထားကြသည်။

လှည်းကိုဆွဲထုတ်လိုက်ပြီး ခြင်းတောင်းများကို ထိုအပေါ်သို့တင်လိုက်၏။ ထို့နောက် လီရှီသည် ချန်းယိုထျန်းက အမျိုးသမီးသုံးယောက်ကို ဦးဆောင်ကာ ဘာမှမပါသော်လည်း ခြင်းတောင်းသုံးခုတင်ထားသောလှည်းတစ်စီးကို တောင်ဆီသို့ တွန်းသွားသည်ကိုစောင့်ကြည့်နေသည်။

သူတို့က ပင်မမိသားစု၏ တောင်ထိပ်တည်နေရာသို့ ဦးတည်သွားခြင်းဖြစ်သည်။

လှည်းကို တောင်ခြေတွင် ထားခဲ့လိုက်ပြီး အုပ်စုလိုက် တောင်ပေါ်သို့ တက်ကြလေသည်။ ဒါကိုမြင်တော့ လီရှီက သူမနောက်မှတံခါးကို ညင်သာစွာပိတ်လိုက်ပြီး ရပ်ထားသောလှည်းဆီသို့ ခြေလှမ်းခပ်သွက်သွက် လှမ်းထွက်သွားတော့၏။

လှည်းနားသို့ချဥ်းကပ်သွားတော့ သူမသည် တောဟင်းရွက်အချို့နှင့် အိမ်စိုက်ဟင်းရွက်အချို့သာပါဝင်သည့် ခြင်းတောင်းများကို‌တွေ့လေသည်။ ခြင်းတောင်းတစ်ခုအထဲတွင် ခြင်းတောင်းအသေးတစ်လုံးရှိပြီး ကြက်ဥ ၁၅လုံးမျှရှိ၏။

ဒါဆို ရောင်းချမယ့်အဓိကပစ္စည်းတွေက စန်းလော့ဆီက ရနေသေးတာဖြစ်ရမယ်။

ဒါကိုတွေးမိတော့ သူမသည် သူခိုးတစ်ယောက်ကဲ့သို့ပင် ပုန်းစရာနေရာ ရှာမတွေ့သောကြောင့် အိမ်သို့အမြန်ပြန်လာလေသည်။

ခြံထဲသို့ပြန်ဝင်ကာ ပုန်းနေသော လီရှီသည် တောင်ပေါ်လမ်းမှ မီးတုတ်အလင်းရောင်ကိုမြင်လိုက်ရ၏။ ချန်းယိုထျန်းနှင့်အခြားသူများသည် ပစ္စည်းများကိုတစ်ယောက်စီထမ်းပိုးလာကြပြီး သူတို့သယ်လာသည့်အရာများကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း သူမသည် ထိုအရာများကိုလှည်းပေါ်သို့တင်သည်အထိ စောင့်‌ကြည့်နေလိုက်သည်။

လီရှီက တိတ်ဆိတ်စွာဖြင့် လှည်းကိုရွာထဲမှ ဆွဲသွားသောအဖွဲ့ကို စူးစိုက်ကြည့်နေတော့သည်။

အထဲပြန်ရောက်တော့ နိုးနေပြီဖြစ်သောရှန်းစန်းက မေးလိုက်၏။

"ဘာတွေ့ခဲ့လဲ"

လီရှီသည် သူမတွေ့ရှိလာသည်များကို အသံတိုးတိုးလေးဖြင့် ကောက်ချက်ချလိုက်တော့သည်။

"သူတို့က တစ်ကယ်ပဲ မြို့မှာရောင်းဖို့ စန်းလော့ရဲ့နေရာကနေ ပစ္စည်းတွေကို ယူနေကြတာ"

ရှန်းစန်းသည် အချိန်ကြာကြီး တိတ်ဆိတ်နေ၏။

လီရှီသည် သူမအပေါ်ထပ်ကိုချွတ်ရင်း အိပ်ယာထဲသို့တွားသွားလာပြီး လှဲလျောင်းမည့်အစား ထိုင်လိုက်၏။

"ရွာမှာ မြို့ထဲက စပါးဝယ်ဖို့ စီစဉ်ထားတဲ့ မိသားစုနည်းနည်းလောက် မရှိဘူးလား"

ရှန်းစန်းက သူ့မိန်းမကိုကြည့်လိုက်၏။

"စစ်ဆေးဖို့အတွက် တစ်ယောက်ယောက်က ဈေးကိုသွားတယ်လို့ ပြောချင်တာလား"

လီရှီကခေါင်းညိတ်ပြလိုက်၏။

"ဟုတ်တယ်၊ ရွာထဲကတစ်ခြားသူတွေက မစူးစမ်းချင်ဘူးဆိုတာကို ကျွန်မတော့ မယုံဘူး"

"လူတိုင်းက လယ်လုပ်တဲ့အပေါ်မှာ အားထားနေရပြီး တန်းတူကြုံနေကြရတာ။ အခုမှ ချန်းမိသားစုရဲ့အခြေအနေက ဘာလို့ ကွားခြားနေတာလဲ"

ရှန်းစန်းက ခေါင်းခါလိုက်၏။

"စပါးဈေးက တစ်ပြည်ကို ဝမ်၁၅၀အထိတက်နေပြီ။ အဲ့တာကို ဘယ်သူက တတ်နိုင်မှာလဲ။ ဘယ်သူမှ ထပ်မသွားတော့ဘူး"

လီရှီသည် မယုံကြည်‌နိုင်လောက်အောင်ပင် ထိတ်လန့်သွားတော့သည်။

"တစ်ပြည်ကို ဝမ်၁၅၀၊ ဘယ်သူပြောတာလဲ။ ချင်ဖန်းညန်နဲ့ တစ်ခြားသူတွေဆီကရတဲ့ သတင်းလား"

ယုံကြည်မှုကင်းမဲ့သည်မှာ ထင်ရှားသော သူမက ထပ်ပြောလိုက်၏။

"ဈေးနှုန်းတက်တယ်ဆိုတာ မြို့ကိုသွားမယ့်ငါတို့ကို တမင်တားတဲ့ ပရိယာယ်သက်သက်ပဲ မဟုတ်လား"

"မနှစ်ကဆိုရင် ဝမ် ၁၅၀နဲ့ စပါး သုံးပြည်နီးပါးဝယ်လို့ရတယ်"

ရှန်းစန်းက ပြန်ပြောလိုက်၏။

"လိမ်နေတာ မဟုတ်ဘူး။ ချင်ဖန်းညန်တို့အုပ်စုကရတဲ့ သတင်းပဲ မဟုတ်ဘူး။ အနီးနားရွာကလူတွေလဲ မြို့ကိုသွားကြတယ်လေ။ အခု ဒီဈေးနှုန်းကို ဘယ်သူမှ မတတ်နိုင်ကြဘူး။ ကျိုးရွာက ကျန့်မိသားစုတောင် ဝယ်တာကိုရပ်လိုက်တာ သတိမထားမိဘူးလား။ လူတိုင်းက ချွေတာစားနေရတာမလို့ နောက်နှစ်မှာတော့ ပိုကောင်းတဲ့ရိတ်သိမ်းမှုတစ်ခု ဖြစ်ဖို့မျှော်လင့်နေကြတာပဲ။ ကျိုးလိုင်ကျီရဲ့မိသားစုလို မိသားစုတွေကလွဲရင် ငါတို့မှာ ဆောင်းဦးအထိ လုံလောက်မယ့် ရိက္ခာနည်းနည်းတော့ရှိသင့်တယ်"

စန်းလော့ စီးပွားရေးကို ဖော်ထုတ်ရန် အာရုံစိုက်နေသည့် လီရှီမှာ စပါးဈေးထိုးတက်လာမှုကို မယုံကြည်နိုင်ဖြစ်ရပြီး အာရုံပြောင်းသွားတော့သည်။

ဈေးနှုန်းတွေ ဒီလောက်ထိမြင့်တက်လာအောင် တစ်ခြားဘယ်နေရာတွေမှာများ ပြင်းထန်တဲ့ကပ်ဘေးတွေဖြစ်နေပါလိမ့်။

သူမက တိုးတိုးလေးညီးတွားလိုက်၏။

"ငါတို့ထွက်ပြေးလာတဲ့ ငတ်မွတ်ခေါင်းပါးတဲ့နှစ်တွေတုန်းကဆိုရင် ဒီကစပါးဈေးတွေက ဒီလောက်မမြင့်ဘူးမဟုတ်လား"

ရှန်းစန်းက ခေါင်းညိတ်ပြလိုက်၏။

"ငါတို့ဒီကို စရောက်တုန်းက တစ်ပြည်ကို ၉၈ ဝမ်ပဲရှိတယ်"

လီရှီ၏နှုတ်ခမ်းများ တုန်ယင်ကာ

"ဒါဆို အခုက ...."

ရှန်းစန်းက စောင်ကို သူ့ကိုယ်ပေါ်သို့ဆွဲခြုံကာ လှဲလျောင်းလိုက်၏။

"ဘယ်သူသိမှာလဲကွာ၊ အိပ်ကြရအောင်ပါ"

လီရှီသည် အိပ်မပျော်နိုင်ဘဲ မိုးသောက်မရောက်ခင်အချိန်အထိ ဟိုလှည့်ဒီလှည့်လုပ်နေလေသည်။

နောက်တစ်နေ့မနက်တွင် မနက်စာပြင်ဆင်နေစဉ် သူမသည် မသိလိုက်ဘဲ ခါတိုင်းထက် ထမင်းကိုလျော့ချက်မိ၏။ ဆယ်ပုံတစ်ပုံ၊ ဆယ်ပုံနှစ်ပုံ၊ ဆယ်ပုံသုံးပုံလျော့ကာ ခပ်ယူပြီးနောက် ပြန်လောင်းထည့်လိုက်လေသည်။

ပိုမိုကောင်းမွန်သောနေ့ရက်များအတွင်း သူမ မေ့ပျောက်လုနီးပါးဖြစ်ခဲ့သည့် နှစ်ပေါင်းများစွာ ခက်ခဲမှုအမှတ်တရများသည် ယခုအခါတွင် ကွက်ကွက်ကွင်းကွင်း ပြန်လည်ရောက်ရှိနေပြီ။

အနည်းငယ်အိပ်ရေးပျက်နေသည့် လီရှီတစ်ယောက် မီးဖိုထဲတွင်ဆန်ဆေးနေရင်း ရှန်းယင်၊ရှန်းထျယ်တို့နှင့်အတူ ခြံထဲသို့ပြေးဝင်လာသော ရှန်းကျင့်ကို သတိထားမိလေသည်။

သူသည် လယ်လုပ်သည့်မည်သည့်ပစ္စည်းကိုမျှ မကိုင်‌ထားပေ။

တစ်ခုခုကိုသဘောပေါက်မိတော့ လီရှီ၏မျက်လုံးများ လင်းလက်သွားတော့သည်။ မနက်စာစားစဉ် ကလေးများက သူတို့ဟင်းရွက်ဆန်ပြုတ်ကို သောက်နေစဉ် အကြောင်းအရာကို ချက်ခြင်းမပြောင်းမီ သူမသည် ပေါ့ပေါ့ပါးပါးဖြင့် စကားစမြည်ပြောပြီး မေးလိုက်၏။

"အခုတလော ရှန်းအန်းနဲ့ရှန်းနဉ်တို့နဲ့အတူတူ နင်တို့ ညီအစ်ကိုသုံးယောက် ကစားကြသေးလား"

စိတ်အားထက်သန်စွာစားနေသောရှန်းကျင့်သည် ရပ်လိုက်ပြီး ပန်းကန်လုံးပေါ်ရှိ သူ၏မျက်လုံးများမှာ သူ့အဖေနှင့်အမေကြားသို့ သတိဖြင့်ပြောင်းသွား၏။ ဖခင်၏လှုပ်ရှားမှုများ ရပ်တန့်ခြင်းနှင့် သူ့‌အမေ၏မျက်နှာထက်ရှိ ထူးဆန်းသော အမူအရာများကိုသတိထားမိတော့ စတင် သတိကြီးကြီးထားလိုက်လေသည်။

ရှန်းကျင့်၏ပထမဆုံးအတွေးမှာ ရှန်းအန်းတို့ကို လျှော်ကူခုတ်ပေးတာ သူ့အမေ သိရှိသွားတာများလား ဟူ၍။

သူသည် နောက်တစ်ကြိမ် အပြစ်ပေးခံရတော့မည်လား။ သို့မဟုတ် လယ်ထဲသို့ ထယ်ထိုးရန် အပို့ခံရမည်လား။

ရှန်းယင်သည် ဤအရာအတွက် အများကြီးအပြစ် မပေးခံရသော်လည်း သူ့အစ်ကိုမှာ ပြစ်ဒဏ်အနေဖြင့် လယ်အလုပ်လုပ်ရပြီး ခံစားခဲ့ရသည်ကို မြင်သောကြောင့် ထိုအရာသည် သူ့ကို သတိရှိစေသည်။ သို့သော် အငယ်ဖြစ်နေသောကြောင့် ဤအခြေအနေကို မည်သို့ကိုင်တွယ်ရမည်ကို မသေချာသောကြောင့် သဲလွန်စ ရလိုရညား ရှန်းကျင့်ကို အလိုလို ကြည့်လိုက်မိ၏။

သူ့ပန်းကန်လုံးကိုချလိုက်ရင်း ရှန်းကျင့်က သတိကြီးစွာဖြင့်မေးလိုက်၏။

"အမေ ဘာလို့မေးတာလဲ။ သားတို့ အဲ့ကိုသွားတာကို အမေနဲ့အဖေပဲ တားမြစ်ထားတာလေ"

လီရှီက တုံ့ဆိုင်းသွားပြီး အတင်းပြုံးလိုက်၏။

"ဒါဆို ငါတို့ကတားလို့ နင်က မသွားတော့တာပေါ့"

ညီအစ်ကိုအားလုံးက တစ်ပြိုင်နက်ထဲ ခေါင်းခါလိုက်ကြသည်။

"သားတို့မသွားခဲ့ဘူး"

သူတို့၏အသံများမှာ အံ့ဩစရာကောင်းလောက်အောင်ပင် တစ်လေသံထဲ ဖြစ်နေသည်။

ရှန်းထျယ်သည် သူ့အစ်ကိုကြီးများကိုကြည့်ပြီးနောက် ပန်းကန်လုံးကို ခေါင်းနှစ်ကာ သူ့မိဘများကိုမကြည့်ဘဲ ဆန်ပြုတ်ကိုသာ ခပ်တည်တည်ဖြင့် ဆက်စားနေပြီး သူ့နားများစွံ့ကာ ဂရုတစိုက်နားထောင်နေလေ၏။

လီရှီသည် သူတို့၏ရိုးသားမှုကိုသံသယဝင်သော်လည်း နှုတ်ခမ်းများကို စေ့လိုက်ကာ သူတို့ကိုနှစ်သိမ့်ပေးရန် ရွေးချယ်လိုက်တော့သည်။

"နင့်အဖေနဲ့ငါက သူများအတွက် နင်တို့ကို အလုပ်မလုပ်စေချင်ရုံတစ်ခုထဲရှိတာ၊ နင်တို့ကို သွားမဆော့ခိုင်းတာမဟုတ်ဘူး။ နင်တို့က ငယ်နေသေးတယ်။ ငါတို့က နင့်ကို ပင်ပန်းတဲ့အလုပ်တွေကို သူများအိမ်အတွက်ခိုင်းဖို့နေနေသာသာ အိမ်မှာတောင် မလုပ်ခိုင်းသလောက်ပဲလေ"

ရှန်းကျင့်သည် လယ်အလုပ်ကို သူ့ဘက် စတင်ပြီး မကူညီပေးခဲ့ပါက ရှန်းအန်းသည် သူ့ကို လုံးဝ ဂရုစိုက်လိမ့်မည်မဟုတ်ချေ။

သို့သော်ပညာရှိစွာဖြင့် ဤအတွေးကိုအသံမထွက်ဘဲ ထို့အစား သူ့အမေ၏ဦးဆောင်မှုနောက်လိုက်ကာ မေးလိုက်လေသည်။

"ဒါဆို၊ သားက အဲ့ကိုသွားဆော့လို့ရတယ်ပေါ့"

လီရှီက ပြုံးလိုက်လေသည်။

"ရတာပေါ့၊ ကစားတာက အဆင်ပြေပါတယ်။ ငါက အဲ့တာကိုဘာကြောင့် စိတ်ထဲထားရမှာလဲ"

သူမသား၏ ရွှင်မြူးသောအမူအရာများကို မြင်တော့ လီရှီသည် ပေါ့ပေါ့ပါးပါး ထပ်ပြောလိုက်၏။

"ရှန်းအန်းနဲ့ရှန်းနဉ်တို့က ငါတို့ဆီကို သိပ်ပြီးလာမလည်တော့ဘူး။ သူတို့ တစ်နေ့လုံး ဘာတွေလုပ်နေကြတာလဲ။ စန်းလော့က သူတို့ကို ကောင်းကောင်း ဂရုစိုက်ရဲ့လား။ သူတို့ကို ကောင်းကောင်းရောကျွေးရဲ့လား"

သူ့မိခင်၏အစ်အောက်မှုကို သတိမထားမိသောရှန်းကျင့်က ရွှင်မြူးစွာပြန်ဖြေလိုက်၏။

"ဟုတ်တယ်၊ သူတို့ဝမ်းကွဲက ရှန်းအန်းနဲ့ရှန်းနဉ်ကို တစ်ကယ် ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်"

လီရှီနှင့်ရှန်းစန်းတို့ အကြည့်ချင်းဖလှယ်လိုက်ပြီးနောက် သူမက မေးလိုက်၏။

"အဲ့တာက ဘယ်လိုလုပ်ကောင်းနိုင်မှာလဲ။ သူတို့က နေ့တိုင်း ကြိုးကြိုးစားစား အလုပ်လုပ်နေကြရတာ။ သေချာတာက နင်တို့ကောင်လေးတွေလို သက်တောင့်သက်သာရှိမှာ မဟုတ်ဘူး"

ဤမှတ်ချက်သည် ရှန်းကျင့်အပေါ် စာနာစိတ်ဖြစ်လာစေသည်။

"ဘာကိုအလုပ်ကြိုးစားတာလဲ။ ရှန်းနဉ်က ကြက်တွေ၊ ဘဲတွေကိုအစာကျွေးပြီး သူတို့အိမ်အနောက်က ဟင်းရွက်စိုက်ခင်းကို စောင့်ရှောက်ရုံသက်သက်ပဲ။ ရှန်းအန်းကလည်း တောင်တွေဆီကို သူ့ဝမ်းကွဲနဲ့သွားတယ်။ ဒါပေမယ့် သူက သူတို့ကို စားစရာဝယ်ပေးတယ်။ သစ်ကြားသီးကိတ်တွေ၊ မုန့်တွေ၊ သကြားတွေပေါ့။ သားသာ အဲ့တာတွေရမယ်ဆိုရင် ပျော်ပျော်ကြီး အလုပ်လုပ်မှာပေါ့"

သူ့အဖေ၏တင်းမာမှုကိုသာ သတိမထားမပါက ရှန်းကျင့်သည် သူတို့နှင့်ပူးပေါင်းလိုသည့်ဆန္ဒကို ထုတ်ဖော်လုနီးပါး ဖြစ်နိုင်ပါသည်။

သို့သော် တရားမမျှတသည့် အပြစ်ပေးမှုမျိုးကို မလိုချင်သောကြောင့် သူ့ထံတွင် ထိန်းချုပ်ထားနိုင်သည့်အသိဉာဏ် ရှိသေးလေသည်။

"တောင်တွေဆီကို ဟုတ်လား..."

လီ၏မျက်လုံးများမှာ အထင်မြင်သေးသွားပြီး

"တောင်ပေါ်မှာ ဘာတွေရှိမှာလဲ။ တောဟင်းရွက်သက်သက်ပဲလေ။ အများဆုံးမှ မိုးရွာတဲ့အချိန် သူတို့ မှိုစုဆောင်းရုံပေါ့"

ဤအကြောင်းအရာကို စိတ်မဝင်စားသည့်ရှန်းကျင့်က ပြန်မတုံ့ပြန်ဘဲ သူ့ဟင်းရွက်ဆန်ပြုတ်ကိုသာ ရှုံ့သောက်နေ၏။

"နှုတ်ခမ်းကိုက်လိုက်ရင်း လီရှီသည် သူမ၏ချဉ်းကပ်မှုကို ဂရုတစိုက် ပြင်ဆင်လိုက်လေသည်။

"ငါတို့မိသားစုခွဲထွက်သွားထဲက ရှန်းအန်းနဲ့ရှန်းနဉ်က နင်နဲ့ပေါင်းသင်းဖို့ သိပ်ပြီး စိတ်အားထက်သန်ပုံ မပေါ်ဘူးမလား။ ငါသတိထားမိတာကတော့ အာ့ရှန်၊ ရှောင်ယာနဲ့ ဟူကျီတို့နဲ့ပိုရင်းနှီးလာတာပဲ"

ရှန်းကျင့်က နှုတ်ခမ်းစေ့လိုက်ပြီး သူ့ဆန်ပြုတ်မှာ ရုတ်တရက် စားချင်စဖွယ်မရှိတော့ပေ။

သူ့အမူအရာကိုတွေ့ရှိသောလီရှီက ပြုံးလိုက်၏။

"ဘာကြောင့်လဲဆိုတာ မသိဘူးမလား။ ဘာလို့လဲဆိုတော့ ရှောင်ယာ၊ ဟူကျီနဲ့သူတို့ရဲ့မိသားစုတွေက နင့်ရဲ့ဝမ်းကွဲတွေနဲ့ စီးပွားရေးလုပ်နေတာကြောင့်ပဲ။ သူတို့က အလွယ်တကူရင်းနှီးသွားကြတာ။ နင်တို့သွားလည်နေတုန်းက မြို့မှာရောင်းဖို့အတွက် ရှောင်းယာနဲ့ဟူကျီရဲ့ မိသားစုဝင်တွေကို နင်ရဲ့ဝမ်းကွဲအစ်ကိုတို့က ဘာတွေလုပ်ပေးလဲဆိုတာကို မြင်ဖူးလား"

"ရှန်းကျင့်: '???'"

လီရှီက သူ့ကိုအနီးကပ်ကြည့်လိုက်ကာ

"နင် တစ်ခုခုတွေ့ခဲ့သေးလား"

ရှန်းကျင့်က အလျင်အမြန်ခေါင်းခါလိုက်လေသည်။

"မတွေ့ဘူး။ သားတို့က အပြင်မှာပဲဆော့နေကြတာ"

ထို့နောက် လီရှီသည် ခေါင်းလိုက်ခါလိုက်သည့်ရှန်းယင်ဘက်သို့ လှည့်လိုက်၏။

"သားတို့က ခြံအပြင်မှာပဲ အမြဲတမ်းဆော့ကြတာ"

ရှန်းထျယ်ကိုကြည့်လိုက်တော့ သူသည် ဆန်ပြုတ်ပန်းကန်လုံးကိုချကာ သူ့အစ်ကိုများကို တုပလေသည်။

အထူးသဖြင့် အငယ်ဆုံးဖြစ်နေသောကြောင့် သူ၏မျက်လုံးများမှာ ရိုးသားနေသေးသည်။

သူတို့အမှန်တိုင်းပြောနေခြင်းသည် အမှန်ပင်စစ်မှန်၏။

ဤအရာသည် လီရှီနှင့်ရှန်းစန်းတို့အား လက်ခံယုံကြည်သွားစေသည်။

လီရှီသည် အံကြိတ်လိုက်ပြီးနောက် ကလေးများကို သိမ်းသွင်းလိုက်၏။

"နင်တို့ ဘာလို့ တစ်နေ့လောက်အထဲကိုဝင်ပြီး မကြည့်ကြတာလဲ။ နင်တို့ဝမ်းကွဲအစ်ကို ဘာတွေအလုပ်ရှုပ်နေလဲဆိုတာကြည့်လေ"

ရှန်းယင်နှင့်ရှန်းထျယ်တို့၏ အံ့အားသင့်နေသော အကြည့်များနှင့် ရှန်းကျင့်၏ မျက်လုံးများ ပြူးကျယ်သွားသည်ကို မြင်လိုက်ရသဖြင့် လီရှီက ပြုံးကာ တိုးတိုးလေးပြောလေသည်။

"နင်တို့ရဲ့ဝမ်းကွဲအစ်မက ဝင်ငွေရအောင် ပစ္စည်းတွေကိုလုပ်နေတာ။ အဲ့တာကြောင့် သူက ရှန်းအန်းနဲ့ရှန်းနဉ်တို့ကို သစ်ကြားသီးကိတ်မုန့်တွေ၊ မုန့်တွေနဲ့ သကြားတွေဝယ်ဖို့တတ်နိုင်တာပေါ့။ သူတို့လိုမျိုး နင် စားချင်ရင် သူ ဘာလုပ်လဲဆိုတာကို သွားကြည့်လိုက်။ ပြန်လာပြီး ငါ့ကို တိတ်တိတ်လေးပြောပြ"

"ငါသာ တူညီတဲ့အရာတွေကိုလုပ်နိုင်ရင် နင်တို့လဲ ရှန်းအန်းနဲ့ရှန်းနဉ်တို့လို မြို့က အချိုပွဲနဲ့ကိတ်မုန့်တွေလို စားစရာကို စားရမှာ"

ညီအစ်ကိုသုံးယောက်လုံးသည် ပဟေဠိဖြစ်ကာ အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။

လီရှီက နွေးထွေးစွာပြုံးပြပြီး ပြောလိုက်၏။

"ရှန်းအန်းနဲ့ရှန်းနဉ်တို့ စိတ်ဆိုးမှာ စိုးရိမ်နေရင် နင် အမြဲတမ်း တိတ်တိတ်လေး ချောင်းကြည့်လို့ရတယ်လေ။ သူတို့အာရုံမစိုက်တဲ့အချိန်မှာ ခိုးကြည့်လိုက်ရုံပဲ"

"ဒါဆို ကစားတဲ့အချိန်လည်း မလျော့သွားဘူးလေ"

ရှန်းထျယ်: ရှုပ်ထွေးနေ၏။

ရှန်းယင်: နားလည်ပုံပေါ်သော်လည်း ထို့နောက်တွင် နားမလည်တော့သယောင်။ သူက သဲလွန်စအတွင် သူ့အစ်ကိုကြီးကို လှမ်းကြည့်လိုက်တော့သည်။

ရှန်းကျင့်: “..."

ရှန်းကျင့်သည် အနည်းငယ်စိတ်ရှုပ်နေ၏။

သူသည် ပန်းကန်လုံးထဲရှိဆန်ပြုတ်ကို သောက်ဖို့ပင် မေ့သွားလေသည်။

ညီအစ်ကိုသုံးယောက်ကို ဤကဲ့သို့ မြင်ရပြီး အငယ်နှစ်ယောက်မှာ ရိုးအနေ‌ဆဲဖြစ်သည်ကို‌သိတော့ လီရှီက ရှန်းကျင့်ဘက်သို့လှည့်လိုက်လေ၏။

"နားလည်လား ရှောင်ကျင့်"

ချီတုံချတုံဖြစ်နေသော ရှန်းကျင့်က 'ဟုတ်'ဟုပြောကာ ခေါင်းညိတ်လိုက်၏။

စိတ်ကျေနပ်သွားသည့်လီရှီက ရှန်းကျင့်ခေါင်းကို အသာလေးပုတ်လိုက်ကာ

"မှတ်ထားနော်၊ စားပြီးသွားရင် မင်းရဲ့ညီလေးတွေနဲ့သွားဆော့ချည်"

ခေါင်းကိုပုတ်ခံလိုက်ရသဖြင့် ရှန်းကျင့်၏ခေါင်းမှာ အောက်သို့ငိုက်သွားလေသည်။ သူသည် ပန်းကန်လုံးကိုကိုင်ကာ ကျန်ရှိနေသည့်ဆန်ပြုတ်များကို ဖြည်းဖြည်းချင်း စားလိုက်တော့သည်။

...

အပိုင်း (၈၆) အရှက်တရားကို သိခြင်း

လီရှီက ပင်မအိမ်ထောင်စုသို့ ကလေးသုံးယောက်ကို အလည်သွားခွင့်ပေးသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး ကလေးများက ခြံဝန်းထဲမှ ထွက်သွားသည်ကို ပြုံးကာ ကြည့်နေလေသည်။

ဖြစ်ပျက်နေသည်များကို သေချာမသိပဲ အတိုင်းအတာတစ်ခုအထိ ဇဝေဇဝါ ဖြစ်နေသည့် ရှန်းထျယ်က သူ့အစ်ကိုနှစ်ယောက်မှာ ခါတိုင်းနှင့်မတူဘဲ စိတ်အားတက်ကြွစွာ ပြေးထွက်မသွားသည်ကို သတိထားမိလေသည်။

ဇဝေဇဝါ ဖြင့် ရှန်းထျယ်က ခြံအပြင်ရောက်လာပြီး အကွာအဝေးတစ်ခုထိ ရောက်လာပြီးနောက်တွင် ရှန်းကျင့်နှင့်ရှန်းယင်တို့ကိုကြည့်ပြီး သူက နောက်ဆုံးတော့ မနေနိုင်တော့ဘဲ ရှန်းကျင့်ဘက်သို့ လှည့်လိုက်လေသည်။

"တတိယအစ်ကို အမေက ကျွန်တော်တို့ကို မုန့်တွေသကြားလုံးတွေ ဝယ်ကျွေးမယ်လို့ပြောတာ အမှန်ဘဲလား”

သူသည် လီရှီက သူ့ကိုခြံဝန်းထဲတွင် လေ့လာဖို့ရန်ပြောခဲ့သည်ကို အမှတ်မရသော်ငြားလည်း သူ့စိတ်ထဲတွင်တော့ ကိတ်မုန့်နှင့် သကြားလုံးများအကြောင်း ကတိပေးထားသည်ကိုသာ စွဲနေလေသည်။ မုန်နှင့်သကြားလုံးအကြောင်း ပြောလိုက်သည်ကို ကြားလိုက်သည်တွင် ရှန်းကျင့်က အိမ်သို့ပြန်လှည့်အကြည့်တွင် သူ့အမေက ချောင်းကြည့်နေသည်ကို သတိထားမိလိုက်လေသည်။ သူက မြန်မြန် အကြည့်ပြန်လှည့် လာတော့သည်။

အသက်၆နှစ်အရွယ် ရှန်းယင်က အနည်းငယ် ရိုးအနေသော်ငြားလည်း ရှန်းထျယ်ထက်တော့ နည်းနည်းလေး ပိုပြီးထက်မြတ်လေသည်။ နားလည်သယောင်ယောင်ရှိသော်လည်း ကိစ္စကို အပြည့်အဝတော့ နားမလည်ချေ။

သူက ဇဝေဇဝါ ဖြစ်နေဟန်တူသည်။

"တတိယအစ်ကို အမေကဘာဖြစ်လို့ ကျွန်တော်တို့ကို မကြီးဆီသွားပြီး စောင့်ကြည်ခိုင်းနေတာလဲ၊ ချန်းရှောင်ယာနဲ့တစ်ခြားသူတွေက အစ်ကိုနဲ့အစ်မနဥ်ရဲ့ ခွင့်ပြုချက်မရရင် ခြံဝန်းထဲ ဘယ်တော့မှ မဝင်ကြဘူးလေ၊ ကျွန်တော်တို့က ခိုးဝင်ခဲ့ရင် သူတို့က စိတ်တိုသွားကြမှာမလား"

ရှန်းကျင့်၏ မျက်နှာက ပိုပြီး တင်းမာလာကာ သူ့မှာ စကားပြောချင်စိတ်ပင် မရှိတော့ချေ။

...

ရှန်းမိသားစု ပင်မအိမ်ထောင်၏ အပြင်ဘက်ခြံဝန်းနားတွင် စည်ကားလို့နေသည်။ နေ့လည်စာစားပြီးနောက်တွင် လုပ်စရာမရှိကြသည့် ချန်းရှောင်ယာနှင့် တခြားကလေးငယ်လေးများက ဟိုဟိုဒီဒီ ပြေးလွှားလို့နေသည်။ ယခုအချိန်တွင် ရှန်းနဥ်က ချန်းရှောင်ယာ စန်းနျို၊ ရှီထို နှင့်အားရှုတို့ကို သဲပေါ်တွင်စာရေးပြီး သင်ကြားပေးနေလေသည်။

အဝေးက ရှန်းကျင့်နှင့်ရှန်းယင်တို့ကို မြင်လိုက်သည်တွင် ရှီထိုက ထရပ်ကာ လက်ဝှေ့ပြလေသည်။

"ရှန်းကျင့် ရှန်းယင် ဒီကို လာခဲ့ကြ"

ရှန်းနဥ်က ရေးလက်စကို ခဏရပ်ထားလိုက်ပြီး ရှန်းညီအစ်ကိုတို့ နီးကပ်လာသည်ကို လှည့်ကြည့်လိုက်သော်ငြားလည်း ဒီနေ့တွင်တော့ သူတို့က နည်းနည်းလေး စိတ်နှင့်ကိုယ်မကပ်ဟန် တူသည်။ ပုံမှန်ထက်ပိုပြီး လမ်းလျှောက်ပုံက နှေးနေသည်။

ပုံမှန်ဆိုရင် သူတို့တွေက မျှားတစ်စင်းလို အမြန်နှုန်းနဲ့ အပြေးလာတတ်ကြတာ မဟုတ်လား။

သကြားရည်ကျွေးတုန်းက ရှန်းကျင့်ကို မခေါ်ခဲ့ခြင်းကလွဲလျှင် ရှန်းနဥ်သည် ရှန်းကျင့်က ဒီလောက်အထိ စိတ်ဓာတ်ကျနေသည့်ပုံကို တစ်ခါမှမမြင်ခဲ့ဘူးချေ။ ရှန်းယင်နှင့်ရှန်းထျယ်တို့ကလဲ ထူးခြားနေပြီး မကြာခဏဆိုသလို သူမ၏အိမ်ထဲသို့ လှမ်းကြည့်နေကြလေသည်။

သိချင်စိတ်ဖြင့် ရှန်းနဥ်က မေးလိုက်၏။

"နင်တို့သုံးယောက် ဘာဖြစ်လာတာလဲ"

သူတို့က နှုတ်ဆိတ်နေသည်ကို မြင်လိုက်သည်တွင် သူမက စဥ်းစားလိုက်လေသည်။

"နင်တို့တွေ အိမ်မှာ အဆူခံလာရတာလား"

သူမ၏မေးခွန်းကြောင့် ရှန်းယင်နှင့်ရှန်းထျယ်တို့က အကြည့်လွှဲသွားလိုက်ကြပြီး အချင်းချင်း ကြည့်လိုက်ကြပြီးနောက်တွင် ရှန်းကျင့်ဘက်သို့ ကြည့်လိုက်လေသည်။

တစ်လမ်းလုံး နှုတ်ဆိတ်နေလာပြီးနောက်တွင် ရှန်းကျင့်၏မျက်နှာက အခုတော့ ထူးထူးခြားခြား နေရခက်လို့နေသည်။ အသက်၈နှစ်အရွယ် ရှန်းကျင့်က သူ့အမေ သူ့ကို တိုက်တွန်းလိုက်သည့်ကိစ္စကို နားလည်လောက်သည်အထိ သိနေသည်။

ရှန်နဥ်နှင့်ချန်းရှောင်ယာတို့က သူ့ဘက်သို့ လှည့်ကြည့်လိုက်သည့်အချိန်တွင် ရှန်းကျင့်သည် သူ့အရေပြားကို တစ်ခုခုက ပြတ်ရှသွားသလို ခံစားလိုက်ရပြီး သူ့နဖူးပေါ်တွင် တင်းခနဲခံစားချက် ဖြစ်သွားကာ သူ့ပါးနှင့်နားဆီသို့ရောက်လာပြီး သူ့လည်ပင်းမှတစ်ဆင့် သူ့အဝတ်အစားအောက်က ဖုန်းကွယ်ထားသည့် နေရာတိုင်းသို့ ခံစားချက်များက ပြန့်နှံ့သွားတော့သည်။

ဒီနေရာသို့ရောက်လာသည့် သူ့ဆုံးဖြတ်ချက်ကို နောင်တရမိလေရာ သူ့အမေက သူ့ကို တွန်းထည့်ပေးလိုက်သည့် အနေရခက်သည့် အခြေအနေကို ရှောင်ရှားဖို့ရန်အတွက် သူ့မှာ ထွက်ပြေးပြီး ပုန်းရှောင်ချင်နေတော့သည်။

ရှန်းကျင့်၏စိတ်များသည် သူအရိုက်ခံရသည့်နေသို့ ပြန်ရောက်ရှိသွားပြီး ရှန်းအန်းက ကြာဖက်တစ်ခုတွင် ထည့်ပြီးထုတ်ထားသည့် ဝက်သားနှပ်တစ်တုံးနှင့် အသီးအရွက်များကို သူ့အတွက် သိမ်းထားပေးခဲ့သည့်အကြောင်းကို ပြန်ပြီးစဥ်းစားမိလေသည်။

သူသည် ရှန်းအန်းကို ဟူပင်မုန့်၏ အရသာအကြောင်း မေးခဲ့ပုံကို ပြန်သတိရမိသွားပြီး နောက်တနေ့တွင် သူတို့၏မရီးက စီရင်စုဆီမှ ဟူပင်မုန့်နှစ်ခုကို ဝယ်ပြန်လာကာ ကလေးများအကြားတွင် ဝေကျွေးသည်။ သူနှင့်သူ့ညီတို့အတွက် တစ်တုံးအပါအဝင် ထည့်ပေးလေသည်။

ထို့နောက်တွင် အသားဆန်ပြုတ်နှင့်မုန့်ရေကြည်တို့ကိုလဲ ကျွေးသေးသည်။

သူ့မရီးက သူတို့ကို သူမ၏ အိမ်တက်ပွဲသို့ဖိတ်ခဲ့ပြီး သူတို့က ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်သည့်အနေဖြင့် အစားအသောက် အများကြီးကို ကလေးများအတွက် သီးသန့်စားပွဲတွင် ပြင်ဆင်ခဲ့ပေးသေးသည်။

မနေ့က ရှန်းနဥ်ကလဲ သူ့အတွက် သကြားရည်ဝါးကျည်တောက်တစ်ခုကို ရှန်းယင်နှင့် ထည့်ပေးခဲ့သည့်အကြောင်းကိုလဲ ပြန်စဥ်းစားမိသည်။ အစောပိုင်းတွင် ချန်ထားခဲ့ခံရသော်လည်း နောက်ဆုံးတော့ သူ့က ငိုမိလုနီးနီး ဖြစ်တော့မည့်အချိန်တွင် သကြားရည်က ထူးထူးခြားခြား ချိုမြနေသည်ကိုလဲ ခံစားမိနေလေသည်။

ထိုအတွေးများတွင် နစ်မြောနေစဥ် သူသည် အမှတ်တမဲ့ပင် ဒီနေရာသို့ ရောက်လာခဲ့လေသည်။

အခုတော့ အားလုံး၏အကြည့်ကို ခံစားမိသည်တွင် သူသည် ဇဝေဇဝါ ဖြစ်လာတော့သည်။

အသက်၈နှစ်အရွယ်က ရှက်တတ်သည့်ခံစားချက်ကို သိနှင့်နေပြီးသားဖြစ်ရာ ရှန်းကျင့်သည် အလိုလို သူ့အမေ၏စိတ်ကူးများကို မထုတ်ဖော်လိုခဲ့ချေ။

မသိနားမလည်သည့် ရှန်းနဥ်ကို တွေ့လိုက်သည်တွင် သူသည် ရှင်းမပြတတ်သည့် အသိတစ်ချို့ကို စုစည်းထားလိုက်ပြီး အံကိုကြိတ်ကာ ရှန်းနဥ်ကို ခြံ၏တစ်ဖက်ခြမ်းသို ခေါ်သွားလိုက် တော့သည်။

ရှန်းနဥ်က လုံးဝကို ဇဝေဇဝါ ဖြစ်နေဟန်တူသည်။

"နင် ငါ့ကို ဘယ်ခေါ်သွားမလို့လဲ"

“ငါတို့တွေက အဲလောက် ရင်နှီးနေလို့လား”

စကားတစ်ခွန်းမှမပြောဘဲ ရှန်းကျင့်က ရှန်းနဥ်ကို ခြံဝန်း၏ ပိုပြီး ဝေးသည့်နေရာသို့ ခေါ်လာလိုက်သည်။ သူတို့နောက်သို့ ဘယ်သူမှ လိုက်မလာသည်ကို သေချာ စစ်ဆေးလိုက်ပြီးနောက်တွင် သူက နောက်ဆုံးတော့ ရှန်းနဥ်နှင့် မျက်နှာချင်းဆိုင်လိုက်ပြီး သူ့ပါးစပ်များက အကြိမ်ကြိမ် ဖွင့်လိုက်ပိတ်လိုက်လုပ်ပြီးမှ သူက ဒီလိုပြောလိုက်လေသည်။

"နင်တို့မိသားစုက စီရင်စုမှာ ရောင်းချဖို့ပစ္စည်းတွေ လုပ်နေတာလား"

ရှန်းနဥ်၏ မျက်လုံးအိမ်များက မသိမသာ ကျုံ့လာတော့သည်။

သူမ၏ တုံ့ပြန်ပုံကို မြင်လိုက်သည်တွင် ရှန်းကျင့်က သူအမေပြောသည့် စကားသည် အမှန်တရားတချို့အပေါ် အခြေခံထားမှန်း သဘောပေါက်သွားတော့သည်။ သူက နှုတ်ခမ်းကို တင်းနေအောင် စေ့ထားပြီးမှ ပြောလိုက်တော့သည်။

"နင်တို့ ဘာလုပ်နေလဲဆိုတာတော့ ငါမသိဘူး။ ဒါပေမဲ့ နင်တို့အိမ်မှာ ဂရုစိုက်သင့်တယ်၊ နင်အိမ်မှာ တစ်ယောက်ထဲရှိနေရင် တံခါးကို သော့ခတ်ထားတာ အကောင်းဆုံးပဲ”

အကြံအဉာဏ်တစ်ချို့ ပေးလိုက်ပြီးနောက်တွင် ရှန်းနဥ်က သူ့ကို ထပ်မေးလာမည် စိုးရိမ်သဖြင့် ကြာကြာဆက်မနေရဲတော့ဘဲ လှည့်ထွက်လာလိုက်တော့သည်။

ရှန်းယင်နှင့်ရှန်းထျယ်တို့က သူတို့ရှိနေသည့်နေရာတွင်ပင် ရပ်နေဆဲဖြစ်ကာ အိမ်၏တောင်ဘက်သို့ ကြည့်နေလေသည်။ ရှန်းကျင့်ပေါ်လာသည်ကို မြင်လိုက်သည်တွင် ညီအစ်ကိုနှစ်ယောက်စလုံးက တခုခုမေးမည်ဟု အားခဲထားကြသော်လည်း ရှန်းကျင့်က သူတို့ကို ပြန်ဖို့ လက်ဟန်ပြလိုက်ပြီး တစ်ယောက်ကို လက်မှလှမ်းဆွဲကာ တောင်ပေါ်က ဆင်းသွားကြတော့သည်။

"သူတို့တွေ တောင်ပေါ်က ဆင်းသွားကြတာလား"

ချန်းရှောင်ယာနှင့်တခြားသူများက အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားကြပြီး တစ်ခုခုမေးချင်သော်လည်း သူတို့ သတိပြန်ဝင်လာသည့် အချိန်တွင် ရှန်းကျင့်က မြန်မြန် လျှောက်သွားနှင့်ပြီဖြစ်ရာ တောင်ခြေသို့ ရောက်လုနီးပါးဖြစ်နေလေသည်။

ရှန်နဉ်က နောက်မှ ထွက်လာသည့်အချိန်တွင် ချန်းရှောင်ယာက သိလိုစိတ်ဖြင့် မေးလိုက်တော့သည်။

"ရှန်းကျင့်က ဘာဖြစ်နေတာလဲ၊ ရောက်ရောက်ခြင်းပဲ ဘာလို့ ပြန်သွားတာလဲ၊ နင်တို့နှစ်ယောက် ရန်ဖြစ်ထားကြပြန်ပြီလား"

ရှန်းနဥ်က တောင်ခြေကို လှမ်းကြည့်လိုက်ပြီး ခေါင်းကာပြလိုက်လေသည်။

"မဖြစ်ထားပါဘူး"

...

တစ်နာရီကြာပြီးနောက်တွင် စန်းလော့နှင့်ရှန်းအန်းတို့က တောင်ပေါ်မှ ပြန်လာချိန်တွင်တော့ ရှန်းနဥ်က ဒီကိစ္စအကြောင်းကို သူမ၏ ယောက်မနှင့်အစ်ကိုထံ ပြန်ပြောပြဖို့ အိမ်ထဲသို့ လိုက်ဝင်လာတော့သည်။

စန်းလော့က မျက်ခုံးများကို အနည်းငယ် တွန့်ချိုးထားလိုက်တော့သည်။ "ရှန်းကျင့်က တကယ်ဘဲ ဒီလိုပြောခဲ့တာလား"

ရှန်းနဥ်က ခေါင်းငြိမ့်ပြသည်။

"သူက ညီမလေး မေးခွန်းထပ်မေးမှာကိုတောင် မစောင့်ဘဲ ရှန်းယင်နဲ့ရှန်းထျယ်တို့ကို ဆွဲပြီးပြန်သွားတာ။ ယောက်မ တတိယဦးလေးနဲ့တတိယအဒေါ်တို့က ညီမတို့ရဲ့ တို့ဟူးလုပ်နည်းကို သိသွားကြတာလား"

"သူတို့ သိသွားခဲ့တယ်ဆိုရင်လဲ အံ့သြစရာမှမဟုတ်ဘဲလေ"

စန်းလော့သည် ဒီလိုနေ့မျိုးကို မျှော်လင့်ထားပြီး ဖြစ်လေသည်။ အစကတော့ သူတို့သည် တို့ဟူးကို စတင်လုပ်ဆောင်ချိန်က ဒေသအတွင်းတွင်သာ ရောင်းချဖို့ စဥ်းစားထားသဖြင့် လျို့ဝှက်ချက်တစ်ခုကို ထိန်းသိမ်းထားဖို့ရန်က လုံးဝ စိတ်ကူးမရှိချေ။

အလုပ်များသည့် ရိတ်သိမ်းကာလ ပြီးမြေက်သွားသည့်ကာလအတွင်းတွင် အသားဆိုင်ရှင်ဘေးတွင် ရောင်းချစဥ်က ကျိုးချွမ်ကျန့်၏မိန်းမက သူတို့နှင့်တစ်ကြိမ် မမျှော်လင့်ဘဲ တွေ့ခဲ့သည်။ စန်းလော့က ရွာထဲကလူများက ထိုကိစ္စကို သိသွားမည့်အဖြစ်ကို ကြိုတင် ပြင်ဆင်ထားသော်လည်း အံသြစရာကောင်းသည်က ကျိုးမိသားစုက ထိုအကြောင်းကို တစ်လုံးမှ ထုတ်မပြောခဲ့ခြင်းပင်။

နောက်ပိုင်းတွင် သူတို့သည် ချန်းယိုထျန်းက ပစ္စည်းများကို သယ်ပြီး တစ်ခြားရွာများသို့ စတင်ရောင်းချခဲ့သည်။ စန်းလော့က ဒီလျို့ဝှက်ချက်သည် ရက်အနည်းငယ်ထက် ပိုပြီး ကြာမှာမဟုတ်လိမ့်ဘူးဟု မျှော်လင့်ထားလေသည်။ သို့သော်ငြားလည်း အခွန်ကိစ္စဖြစ်လာသည်တွင် ချန်းယိုထျန်းက အချိန်တိုအတွင်းသာ ရောင်းချခဲ့ပြီးနောက် ရပ်လိုက်ကာ စျေးနေ့များတွင်သာ စျေးသို့ ရောင်းချဖို့ရန် အနည်းငယ်ကို ယူသွားတတ်လေသည်။

ဒီလိုဖြစ်လာပြီး ရွာထဲတွင် ငွေရေးကြေးရေး အခြေအနေ ကြပ်တည်းလာသဖြင့် ကျိုးချွမ်ကျန့်မိသားစုက ဆက်ပြီး နှုတ်ဆိတ်နေလေရာ လျို့ဝှက်ချက်က ယခုထိတိုင် ထိန်းသိမ်းထားဆဲ ဖြစ်နေတော့သည်။

သူမက ပြောလိုက်တော့၏။

"နင်တို့ လာမဲ့တစ်ရက်နှစ်ရက်အတွင်း အိမ်ကို သေချာစောင့်ကြည့်ထားကြနော်၊ ငါ မနက်ဖြန် စီရင်စုကိုသွားပြီးတော့ သော့တွေသွားဝယ်မယ်၊ ငါတို့ရဲ့ ဟင်းခတ်အမွှေးအကြိုင်တွေကိုလဲ ထပ်ဖြည့်ပေးဖို့ လိုသေးတယ်”

သူမက ဆောင်းတွင်းအဝတ်အစားနှင့်ဂွမ်းစောင်တို့အတွက်သာ ဦးစားပေးငွေကို စုဆောင်းထားခဲ့ခြင်းပင်။ သို့သော်ငြားလည်း ရှန်းကျင့်ကတော့ အကြောင်းအရင်းမရှိဘဲ သူမကို သတိပေးလိမ့်မည် မဟုတ်ချေ။ ပိုဆိုးသည်က ပိုပြီးဖြစ်နိုင်ခြေရှိသည်က လီရှီသည် သူတို့လုပ်နေသည့် စီးပွားရေးအပေါ် မျက်စိကျနေသည်သာ ဖြစ်နိုင်သည်။

ကြိတ်စက်နှင့်ပဲပိစပ်များက စိတ်ပူစရာမလိုချေ။ သူတို့က တွေ့သွားလျှင်တောင် အလွန်ဆုံး ပဲနို့ကိုသာ သိသွားလိမ့်မည်။ သူတို့က ဆားခါးနှင့်ကျောက်မှုန့်များကို ကောင်းကောင်း ဝှက်ထားနိုင်သရွေ့တော့ တို့ဟူးနှင့်အရသာတွဲထားသည့် ကုန်ကြမ်းပစ္စည်းများကို အလွယ်တကူ အတုယူနိုင်လိမ့်မည် မဟုတ်ချေ။

သို့သော်ငြားလည်း စွန်ပလွန်သီး၊ ဝဥနှင့်တောဇီးသီးများကတော့ အကြောင်းအရာ တစ်ခုပင်။ တောထဲသို့သွားသည့် သူမ၏ ခရီးစဥ်တွင် သူမစုဆောင်းထားသည့် လတ်လတ်ဆတ်ဆတ်ပစ္စည်းများနှင့် တဝက်လုပ်ပြီးသွားသည့် ပစ္စည်းများကို မီးဖိုနှင့်ခြံအနောက်ထဲတွင် သိမ်းဆည်းထားကာ ထိုအရာများကိုတော့ သေချာပေါက် ရှာတွေ့နိုင်လိမ့်မည် မဟုတ်ချေ။ သို့မဟုတ်လျှင် သူမက တောထဲသို့ အချိန်တိုင်းသွားကာ အသီးများ၏ အခွံနှင့်အစေ့များကို မြှုပ်ရသည်အထိ လုပ်ရမည်မဟုတ်ပေ။

ဒီပစ္စည်းသုံးခုလုံးက မသိသာသလို ထင်ရသော်ငြားလည်း သူတို့၏ အကျိုးကျေးဇူးက အမှန်တွင်တော့ ပဲကထုတ်သည့်ပစ္စည်းသုံးမျိုးပေါင်း၏ စုစုပေါင်း တန်ဖိုးထက် ပိုများလေသည်။ တစ်ခုတည်းသော ဆိုးကျိုးမှာ သူတို့ မှီခိုအားထားနေသည့် သစ်တောက ထိန်းသိမ်းထားလို့ရသည့်အရာ မဟုတ်ခြင်းပင်။

ထိုအချက်ကြောင့်ပင် စန်းလော့က သူတို့၏ ဝင်ငွေအရင်းအမြစ်ကို တစ်ခြားသူများအား မသိစေချင်ခြင်းပင်။ ဒီပစ္စည်းက အကျိုးအမြတ်များသည်ဟု အားလုံးက သိသွားကြသည်နှင့် သူမ ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် သူတို့ကို ခူးဆွတ်ဖို့ပင် အခွင့်အရေး ရလိမ့်မည် မဟုတ်တော့ပေ။

စန်းလော့က ဒီအတိုင်း စိတ်ရှုပ်မိသွားတော့သည်။ သူတို့သည် သူတို့၏ အသက်ရှင်သန်ခြင်းကိုပင် ဂရုမစိုက်ပေ။ အကြင်အနာကင်းမဲ့လွန်းစွာ မိသားစုအိမ်ထောင်ခွဲသည့် အမှုကိုအတင်းကာရော ပြုလုပ်ခဲ့သော်ငြားလည်း အခုအချိန်တွင်တော့ သူတို့က သူမ၏ ထမင်းပန်းကန်ကို တက်မက်နေပြန်သည်။

သူတို့က သူမဆီမှ အရာအားလုံးကို လိုချင်နေဟန်တူသည်။

နောက်တနေ့တွင် စီစဥ်ထားသည့်အတိုင်း စီရင်စုသို့သွားမည်ဟု စဉ်းစားထားသဖြင့် စုဆောင်းထားသည့် ငွေများကိုသုံးရမည်ဖြစ်ရာ စန်းလော့က မောင်နှမနှစ်ယောက်နှင့်အတူတူ အိပ်ယာအောက်တွင် ဝှက်ထားသည့် ငွေအိုးကို ယူထုတ်လာတော့သည်။

တုန်းဖူစားသောက်ဆိုင်၏ အကြွေးကို ရှင်းလင်းပြီးသွားကတည်းက နေ့စဥ်ဝင်ငွေသည် သတ်သတ်လွတ်အူကြမ်း ရောင်းချခြင်းမှရရှိသည့် ၃၄၀ ဝမ် နေ့စဥ်ဝင်ငွေသည် သူတို့အတွက် သီးသန့်ဖြစ်လာသည်။ အရသာသွင်းထားသည့် ကုန်ခြောက်ပစ္စည်းများကလဲ စီရင်စုတွင် ကောင်းကောင်းရောင်းရလေသည်။

ချင်ဖန်းညန်နှင့်ကန်းရှီတို့၏ စားသောက်ဆိုင်ကြီးနှစ်ခုမှ အမှာစာအပြင် ဖန်းလျိုညန်ဆီမှ ကြိုကြားကြိုကြား အမှာစာများကလဲ ထည့်တွက်ရလေသည်။ သူမသည် စီရင်စုတွင် စားသောက်ဆိုင်ငယ်လေး တချို့တွင်လည်း တခြားဆိုင်ကြီးနှစ်ခုလောက် မများပြားသော်ငြားလည်း ပုံမှန်ဖောက်သည်များ ရှိလေသည်။

သိုသော်ငြားလည်း စန်းလော့က သူတို့၏ နေ့စဥ်ကုန်ခြောက်ထုတ်ကုန်များကို ကန့်သတ်ထားလေသည်။ ကုန်ခြောက်ပစ္စည်းလေးဘန်း စုစုပေါင်း၂၅၈တုံးကို လက်တွဲနေကြသည့် သုံးယောက်ကြားတွင် ကိုယ့်ဟာကိုယ် ခွဲခိုင်းလိုက်ကြပြီး ဒီအစီအစဥ်မှ ၃၈၄ဝမ်ရလေသည်။

တို့ဟူးအတွက်ကတော့ အလွန်မှ အလုပ်များပြားလေရာ သူတို့က သူတို့၏ထုတ်ကုန်များကို တို့ဟူးပျော့ကို နည်းနည်းလျှော့လိုက်ပြီး တို့ဟူးမာကို တိုးလိုက်ကာ ပုံမှန်ထုတ်လုပ်သည့်နှုန်းကို ထိန်းသိမ်းထားလိုက်သည်။

သတ်သတ်လွတ်အူကြမ်းနှင့် မိသားစုသုံးစုဆီမှ အမှာစာများနှင့်ပင် စန်းလော့၏နေ့စဥ်ဝင်ငွေသည် ဝမ်၉၀၀ ကျော်ရှိလေသည်။ သို့သော်ငြားလည်း စပါးစျေး ထိုးတက်သွားသည်တွင် ပဲပိစပ်စျေးကတော့ သိသိသာသာ မတက်သွားချေ။ သူမက အရေးပေါ်ဖြစ်မည့် ခံစားချက်တစ်ခုရှိလေသည်။ လတ်တလောတွင် သူမက ပဲနှင့်ပတ်သတ်သည့် ထုတ်ကုန်အတွက် ငွေပေးချေမှုကို ပဲပိစပ်အား အစိတ်အပိုင်းတစ်ခုအဖြစ် လက်ခံလာခဲ့ပြီး ဒီပစ္စည်းများဆီမှ နေ့စဥ် အသားတင်ဝင်ငွေ ၃၈၈ ဝမ် ဝန်းကျင်ရရှိလေသည်။

သတ်သတ်လွတ်အူကြမ်းမှရသည့် ဝင်ငွေကို ထည့်ပေါင်းလိုက်လျှင် နေ့စဥ် စုစုပေါင်းဝင်ငွေက ၇၂၀ ဝမ်ခန့်ရှိသည်။

ဒီရက်ပိုင်းတွင် ချင်ဖန်းညန်ထံမှတဆင့် ဝယ်လာခိုင်းသည့် စည်ကြီးတစ်လုံးနှင့် ဇကောနှစ်ခုမှလွဲရင် သူတို့သည် ဘာငွေကိုမှ မသုံးသလောက်ဖြစ်ရာ အိပ်ယာအောက်က မြေအိုးဟောင်းလေးက လေးလံပြီး အပြည့်ဖြစ်နေတော့သည်။

ဒီအိုးလေးသည် အရင်က စန်းလော့တို့က ထမင်းချက်သည့်အိုးအဖြစ် သုံးခဲ့ကြပြီး တော်တော်လေးကိုကြီးမားလေသည်။

အထဲတွင် လုံလောက်သည့် ငွေပမာဏကို စဥ်းစားမိသည်တွင် စန်းလော့က ရေနံဆီမီးအိမ်ဘေးက မီးဖိုချောင်ထဲတွင် ငွေကို ရေတွက်ဖို့ ဆုံးဖြတ်လိုက်ပြီး စားပွဲပေါ်သို့ ငွေများကိုလောင်းချလိုက်ကာ သူတို့သုံးယောက်လုံးက ဝိုင်းထိုင်လိုက်ကြပြီး ငွေတွဲများကို အတူတူ ရေတွက်လိုက်ကြတော့သည်။

အံသြစရာ ကောင်းလောက်အောင်ပင် သူတို့ရေတွက်ပြီးသွားသည့် အချိန်၌ ငွေတွဲစုစုပေါင်း ၆တွဲရရှိပြီး ဝမ်အနည်းငယ်ကျန်နေသည်။

အစောပိုင်းက လီရှီ၏ ရှုပ်ပွေမှုကြောင့် စိတ်ချဥ်ပေါက်နေသည့် စန်းလော့၏ စိတ်အခြေအနေက ချက်ခြင်းဆိုသလို တောက်ပသွားတော့သည်။

"မနက်ဖြန်ကျရင် သော့စျေးကိုမေးပြီး နည်းနည်းလောက် ဝယ်လာရမယ်"

သူမက စဥ်းစားကြည့်လိုက်၏။ ခြံအပြင်ဘက် မီးဖိုဆောင် အနောက်ဘက်ခြမ်း အားလုံးက တဝက်ပြီးစီးနေသည့် ကုန်ပစ္စည်းများ သိုလှောင်ထားသဖြင့် သော့ကို လိုအပ်သည့်အပြင် ပင်မအိမ်တွင်လဲ သူတို့၏ ပိုင်ဆိုင်မှုများရှိလေသည်။

ဒါက အနည်းဆုံး သော့လေးခုလောက် လိုမှာပေါ့ ဟုတ်တယ်မလား။

စန်းလော့က ငွေပုံကြီးကို ကြည့်လိုက်ပြီး သူမ၏နှုတ်ခမ်းမှာ အနည်းငယ် တွန့်ချိုးသွားကာ သော့စျေးကထိုမျှလောက် စျေးပေါမည်မဟုတ်ဟု ခန့်မှန်းမိလေသည်။ သို့သော်ငြားလည်း မီးဖိုချောင်ဓားတစ်ခုစျေးကို ခန့်မှန်းမိသည်တွင် ဓားလောက်တော့စျေးကြီးမည် မဟုတ်ဟု ထင်မိလေသည်။

ထိုသို့စဥ်းစားလိုက်ပြီးနောက် သူမက ဝမ်အနည်းငယ်ကို သူမ၏ပိုက်ဆံအိပ်ထဲသို့ ထည့်လိုက်ပြီး ငွေအတွဲများကိုတော့ အဝတ်အစားထဲထည့်ပြီး ထုတ်လိုက်လေသည်။ နောက်တနေ့ တောဇီးသီးသကြားနှင့် စွန်ပလွန်မုန့်များကိုထည့်ကာ သူမက အားလုံးကို သိမ်းရမည့်ထဲတွင် ထည့်ထားလိုက်သည်။ အပေါ်ကကြာရွက်ဖြင့် အုပ်ထားလိုက်ကာ တောဟင်းရွက်များကိုလဲ ထည့်ထားလိုက်လေသည်။

ဒါက သေချာပေါက်သယ်သွားရမဲ့ ပစ္စည်းတစ်ခုလေ။ ပိုက်ဆံအိတ်က မလောက်လောက်ဘူး။

သူမက ပစ္စည်းများကိုထုပ်ပိုးလိုက်ပြီး သူမက နောက်တနေ့တွင် အသုံးစရိတ်ကို စဥ်းစားလိုက်လေသည်။

ဒီငွေတွေကို သော့ရယ် ဟင်းခတ်အမွှေးအကြိုင်ရယ်၊ အိုးနှစ်လုံးရယ်၊ ဝါရယ်၊ ကောက်နှံရယ်၊ ဂျုံရယ်အတွက် ဦးစားပေးပြီး ဝယ်ရမယ်။

ယုံဖန်းကျိုင်က ငွေများအတွက်တော့ သူ့မှာ ဖြည်းဖြည်းချင်း စုဆောင်းသွားမည်ဟု စဥ်းစားထားလိုက်လေသည်။ ဝမ်ငွေများကို တစ်ခုမှချန်မထားဖို့က အရေးကြီးသည်။ ငွေတုံးကတော့ ပိုပြီးသေးငယ်ကာ ပိုပြီးတန်ဖိုးရှိသဖြင့် သိမ်းထားဖို့ ရွေးချယ်လိုက်သည်က သင့်တင့်မျှတသည့် ရွှေးချယ်မှုပင်။

ရှန်းအန်းက သူ့မရီးဖြစ်သူမှ ခြင်းထဲသို့ အိုးနှစ်လုံးသာထည့်လိုက်သည်ကို သတိထားမိသဖြင့် စင်ပေါ်တွင်ချန်ထားသည့် စွန်ပလွန်မုန့်နှင့်တောဇီးသီးသကြား နှစ်အိုးကို ဇဝေဇဝါဖြင့် လှမ်းကြည့်လိုက်ပြီး မေးလိုက်လေသည်။

“မရီး အဲ့ဒီ့အိုးနှစ်လုံးကိုရော မယူသွားဘူးလား”

စန်းလော့က ခေါင်းခါပြသည်။

"ဟင့်အင်း မယူသွားဘူး၊ တောဇီးသီးသကြားနဲ့ စွန်ပလွန်တွေက ရှာရခက်လာပြီလေ၊ ဒီနှစ်ခုကို သိမ်းထားပြီးတော့ နောက်ရက် အနည်းငယ်လောက် စီရင်စုကိုသွားတဲ့အခါမှ သွားပို့ပေးတော့မှာ"

...

All Chapters