အခန်း (၈၉-၉၀)
Vol. 9 Ch. 89-90
အပိုင်း (၈၉) လူမှုဝန်ထမ်း
ကျိုးအုပ်ချုပ်ရေးမှူးသည် စိတ်ကျေနပ်စွာပြုံးရင်း တော်ဝင်အမိန့်ကဲ့သို့သော ကြေညာချက်တစ်ခုကို ကိုင်ဆောင်ထားလေသည်။
စန်းလော့သည် ကျိုးအုပ်ချုပ်ရေးမှူး၏ အမူအရာကို သတိမထားမိဘဲမနေနိုင်ပေ။
စပါးနယ်သည့်တလင်းနယ်သို့ ရောက်ရှိနေကြသော ထိုလူများသည် ကျိုးလီကျန့်(ကျိုးအုပ်ချုပ်ရေးမှူး)၏အမူအရာကို သိချင်စိတ်ဖြင့်ကြည့်နေကြ၏။
ကျိုးလီကျန့်က ပြုံးလိုက်လေသည်။
"ရွာသူရွာသားအပေါင်းတို့ လွန်ခဲ့တဲ့နှစ်တွေတုန်းက ဧကရာဇ်ရဲ့ တိုင်းပြည်အနှံ့လည်ပတ်မှုတွေနဲ့ ပတ်သက်ပြီး အကုန်လုံးသိကြတယ်မလား"
ရှီလီရွာသူရွာသားများသည် စိတ်မဝင်စားပုံပေါ်ပြီး သူတို့က အသေအချာသတိထားမိကြ၏။ ဧကရာဇ်သာ လည်ပတ်ခြင်းကို နှစ်သက်မှုမရှိပါက သူတို့သည်လည်း နှစ်ပေါင်းများစွာကြာ အလုပ်ကြမ်းဖြင့် တာဝန်ထမ်းဆောင်စရာမလိုပေ။ ဤအရာမှာ အောင်ပွဲခံစရာ တစ်စုံတစ်ခု ဖြစ်နိုင်ပါ့မလား။
သို့တိုင် ကျိုးလီကျန့်သည် ဝမ်းမြောက်ဖွယ်ပွဲတစ်ခုအဖြစ် ပြုမူနေပြီး အထက်လူကြီးများအနေဖြင့် ရာထူးတိုးမြှင့်ခြင်းများနှင့် ဂုဏ်ပြုခြင်းများကို ဆောင်ယူနိုင်သည်ကို စိတ်ကျေနပ်နေ၏။ သူ့လို ရွာငယ်က ခေါင်းဆောင်လေးတစ်ယောက်အတွက် အခွင့်အလမ်းမှာနည်းသော်လည်း ဤအခွင့်အလမ်းမျိုးများကို တစ်ခါမျှမသိခဲ့ပေ။
ကြေညာချက်ကိုကိုင်ထားရင်း သူက ရွှင်မြူးစွာဖြင့်ကြေညာလိုက်လေသည်။
"ဧကရာဇ်က မကြာသေးမီနှစ်များအတွင်းမှာ တောင်ဘက်ကို လှည့်လည်ခဲ့တယ်။ ငါတို့ စီရင်စုတရားသူကြီးက သူကငါတို့ဒေသကို နောက်တစ်နှစ် ဒါမှမဟုတ် နှစ်နှစ်အတွင်း လာလည်ပတ်နိုင်တယ်လို့ ခန့်မှန်းထားတယ်။ သူ လာလာ မလာလာ စပြီးကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ ဒါကြောင့် အားလုံးမြင်ကြတဲ့အတိုင်းဘဲ ဧကရာဇ်ရဲ့အလည်အပတ်ကို ကြိုဆိုဖို့ ဒီဆောင်းမှာ လမ်းတွေကို ပြုပြင်ဖို့လိုတယ်။ တစ်လ လုပ်အားပေးဖို့အတွက် မိသားစုတိုင်းက ကျန်းမာသန်စွမ်းတဲ့လူတစ်ယောက်ဆီ ဝင်ရမယ်"
ယာယီနန်းတော်ဆောက်လုပ်ခြင်းသည် နောက်မှလာနိုင်သော်လည်း လမ်းများပြုပြင်ခြင်းကို ချက်ခြင်းစတင်ဖို့လိုအပ်သည်။
ကျိုးသလန်နှင့်ကျိုးအာ့လန်တို့သည် စိတ်ပျက်သွားကြ၏။ သူတို့သည် လျော့ပေါ့စွာဖြင့် ခေတ္တလေးမျှအနားယူခြင်းမရှိဘဲ နောက်ထပ်စစ်မှုထမ်းရခြင်းပင်။ သူတို့ကို ဝန်တင်တိရစ္ဆာန်များ အဖြစ်ဆက်ဆံကြပြီး ပင်ပင်ပန်းပန်း အလုပ်လုပ်ကြရသည်။
တိရိစ္ဆာန်များထက်ပင် ဆိုးရွားပါသေးသည်။ ယနေ့ခေတ်တွင် ခြံမွေးတိရစ္ဆာန်များနှင့် မည်သူမဆို သူတို့ကိုအလွန်ဂရုစိုက်ကြပြီး အလွန်ချစ်ခင်ကြကာ မနိုင်မကန်လုပ်ကြရသည်။
ကျိုးသလန်နှင့်ကျိုးအာ့ရှန်တို့က ဤသည်ကိုတွေးနေတုန်း ရှီလီရွာသားများက ကြက်သေသေကာကြည့်နေကြစဉ် ကျိုးလီကျန့်သည် ကြေညာချက်ကို စတင်အော်ဖတ်တော့သည်။
အရာရှိများသည် အလုပ်သမား လိုအပ်သည့်အခါတိုင်း စစ်မှုထမ်းရန် သတိပေးချက်ထုတ်ရုံဖြင့် ပြန်ခုခံမှုမရှိပေ။ တစ်နှစ်ပြီးတစ်နှစ် သူတို့ကျင့်သားကြလာရသည်။
ပြောရလျှင် သူတို့သည် လမ်းပြင်ရန်အတွက်အချိန်တစ်လဟုပင် ယုံကြည်နေကြ၏။
သူတို့သည် မြစ်များတူးဖော်ခြင်းနှင့် သဲများသယ်ယူရသည့်အလုပ်များတွင် စစ်မှုထမ်းရသည်မှာ သုံးနှစ်ကြာပြီး လွန်ခဲ့သောခုနစ်နှစ်ကထက် အများကြီးကောင်းမွန်ပါသေးသည်။ သဲသယ်ရာတွင် ဆုံးရှုံးခဲ့ရသော
တစ်ဦးတည်းသော ယောက်ျားလေးမိသားစုကို ဆုံးရှုံးလိုက်ရသည့် ရွာထဲရှိမိသားစုတစ်စုသည် ပျောက်ကွယ်သွား၏။
လွန်ခဲ့သောလေးနှစ်ကနှင့်မတူပေ။ အရည်အချင်းရှိသော လက်သမားအနည်းငယ်သည် တောင်ပိုင်းရှိရုံးတော်၏ ချောဆွဲခြင်းခံရကာ စစ်သင်္ဘောများပြုပြင်ရန်စစ်မှုထမ်းခဲ့ရသည်။ အရေးတကြီး တောင်းဆိုမှုများကြောင့် ထိုအဆွဲခံရသည့်သူများမှာ နေ့ရောညပါ အလုပ်လုပ်ကြရ၏။ တစ်ချို့မှာ သင်္ဘောကျင်းကြောင့် ပင်ပန်းနွမ်းနယ်ကာ သေဆုံးကြပြီး အခြားသူများသည် အချိန်ကြာမြင့်စွာရေငုပ်ရခြင်း၊ ပြင်းထန်သောရောဂါကူးစက်မှုများခံစားရခြင်း၊ ပိုးမွှားများပြန်ပွားသည့် ဒဏ်ရာများကြောင့် သေဆုံးကြရသည်။
ချန်းယိုထျန်းလည်း ထိုအချိန်အတောအတွင်း စစ်မှုထမ်းခဲ့ရသည်။ သူသည် ကံကောင်းစွာဖြင့် ဘဝသက်တမ်းတစ်ဝက်ကျန်ရှိချိန်တွင် အိမ်သို့ ပြန်ရောက်လာလေသည်။ သူ့မိသားစုသည် သူ့ကိုကုသဖို့ သူတို့၏ပိုင်ဆိုင်မှု အရင်းအမြစ်များအားလုံး ကုန်သွားကာ သူ့ကို အန္တရယ်ကင်းသည်ဟု သတ်မှတ်ရန် တစ်နှစ်မျှအချိန်ယူလိုက်ကြရ၏။
လမ်းပြင်ရန် တစ်လသာကြာမည်ဟုကြားတော့ ရွာသားများက တစ်ပြိုင်နက် သက်ပြင်းချကြတော့သည်။
အလွန်အမင်း စိတ်လှုပ်ရှားနေသော လူအုပ်ထဲရှိတစ်ယောက်က မေးလိုက်၏။
"ကျိုးအုပ်ချုပ်ရေးမှူး၊ တစ်နေ့ကို ထမင်းဘယ်နှစ်နပ်စားရမှာလဲ"
ထိုအမျိုးသား၏အသံမှ စိတ်အားထက်သန်မှုကြောင့် စန်းလော့တစ်ယောက် အံ့ဩသွားလေသည်။ သူရှိရာနေရာကို ကြည့်လိုက်စဉ် အနီးနားက အမျိုးသမီးက တိုးတိုးလေးပြောလိုက်၏။
"အဲ့တာ ကျိုးလိုင်ကျီလေ၊ သူ့မိသားစုက ဒီနှစ်အတွက်အခွန်ပေးဆောင်ပြီးပြီ။ ဒါပေမယ့် နောက်နှစ်အတွက်စီစဉ်နိုင်ဖို့ကိုတော့ ရုန်းကန်ရမယ့်ပုံပေါ်တယ်။ အလုပ်သမားတာဝန်ထမ်းတာကနေ မကောင်းတဲ့အစားအစာတွေကို ထောက်ပံ့ပေးတယ်ဆိုပေမယ့် အနည်းဆုံးတော့ စားစရာတစ်ခုခုရှိပြီး စပါးတစ်ချို့ကို စုဆောင်းထားနိုင်တယ်လေ"
ဒါဆို ဒါက ကျိုးလိုင်ကျီပေါ့။
ကျိုးအုပ်ချုပ်ရေးမှူးသည် အလုပ်သမားတာဝန်ထမ်းဆောင်ဖို့ကြေညာသည့်အခါ သုန်မှုန်နေသောမျက်နှာထားများ၊ ထေ့ငေါ့မှု သို့မဟုတ် ကြောင်အအအမူအရာများကိုသာ တွေ့ဖူး၏။ တစ်ယောက်ယောက်က အရမ်းစိတ်ပါဝင်စားနေသည်ကို မြင်ရရန်မှာ ရှားပါးလွန်းလှသည်။
သူက အပြုံးဖြင့်ပြန်ပြောလိုက်၏။
"ဒါပေါ့၊ နှစ်နပ်ကျွေးမယ်"
ထမင်းနှစ်နပ်လို့သာကြားတော့ ကျိုးလိုင်ကျီ၏စိတ်လှုပ်ရှားနေမှုသည် အေးခဲသွားတော့သည်။ လူမှုဝန်ထမ်း တာဝန်ထမ်းဆောင်ခြင်းသည် ပြင်းထန်သော ကာယအလုပ်ကို လိုအပ်ပြီး တစ်နေ့ကို ထမင်းနှစ်နပ်မှာ ခက်ခဲမည့်အချိန်များကို ဆိုလိုခြင်းပင်။
သို့သော် အလုပ်သမားတာဝန်ထမ်းဆောင်မှုမှာ မည်သည့်အချိန်ကများ ထမင်းသုံးနပ်ကျွေးခဲ့သနည်းဟု တွေးလိုက်၏။
အစာစားရခြင်းကပင် ကောင်းချီးတစ်ခုဖြစ်နေပြီး အနည်းဆုံး စပါးဖိုးတစ်လစာ စုဆောင်းနိုင်မည်ဖြစ်သည်။
သူ့လက်များကိုပွတ်သပ်ကာ မျှော်လင့်ချက်အလင်းရောင်များဖြင့် တောက်ပနေသော သူ့မျက်နှာမှာ မည်းမှောင်သွားတော့သည်။
လူတိုင်း၏တုံ့ပြန်မှုကိုတွေ့ရှိသော ကျိုးအုပ်ချုပ်ရေးမှူးက ဆက်မပြောခင် ရပ်တန့်လိုက်၏။
"ဒီတစ်ကြိမ်တော့ အရင်ကအဖြစ်အပျက်တွေနဲ့ နည်းနည်းကွဲပြားတယ်။ ခါတိုင်းဆိုရင် မိသားစုတစ်စုဆီကနေ ၁၈နှစ်ပြည့်ပြီးတဲ့ယောက်ျားတစ်ယောက် ပို့ဖို့လိုပြီး သင့်တော်တဲ့ယောက်ျားမရှိတဲ့အိမ်ထောင်စုတွေက ကင်းလွတ်ခွင့်ရတယ်။ ဒီတစ်ကြိမ်က နောက်ဆုံးအချိန်ကို မတင်းကြပ်ထားပေမယ့်လည်း အလုပ်ကကြီးမားတယ်။ အခက်အခဲကို နားလည်တဲ့ ငါတို့စီရင်စုအောက်ရုံးတရားသူကြီးက တရားမျှတမှုကို သေချာအောင်ဆုံးဖြတ်လိုက်တယ်။ အိမ်ထောင်စုတစ်စုဆီတိုင်းက အသက်အရွယ်နဲ့ကျား၊မ မခွဲဘဲ လူတစ်ယောက်ပို့ဆောင်ရမယ်"
ဤစကားများပြောပြီးသည်နှင့် လူအုပ်ကြီး၏ဆူညံသောစကားပြောသံများဖြင့် ကြားဖြတ်ဝင်ရောက်လာသည်။
"အမျိုးသမီးတွေက ဘယ်လိုလုပ်ပြီး လမ်းခင်းတာလို လေးလံတဲ့အလုပ်တွေကို ကိုင်တွယ်နိုင်မှာလဲ"
"ငါတို့မိသားစုမှာ သက်ကြီးရွယ်အိုနဲ့ကလေးတွေပဲကျန်တာ။ အဘိုးကြီးတစ်ယောက်ဖြစ်တဲ့ငါ သွားရမှာလား။ ဒါမှမဟုတ် ကလေးငယ်လေးကို လွှတ်သင့်ရဲ့လား"
ရှန်းအန်းနှင့်ရှန်းနဉ်တို့နှစ်ယောက်လုံး စိုးရိမ်နေကြပြီး ရှန်းနဉ်သည် စန်းလော့၏လက်ကို မရည်ရွယ်ဘဲ ဆုပ်ကိုင်မိသွားလေသည်။
စန်းလော့က မျက်လုံးများကိုမှိတ်ထားကာ တစ်နေ့တွင် လေးလံသည့် ဝန်များထမ်းရမည့် လူမှုဝန်ထမ်းတာဝန်မှာ ဆယ့်ငါးနှစ်အရွယ်မျှသာရှိသော သူမအပေါ်သို့ကျလာလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။
ဒါက ဘယ်လိုကမ္ဘာမျိုးလဲ"
ကျိုးအုပ်ချုပ်ရေးမှူး ပြောစကားအရ သူမရှိနေခြင်းကြောင့်သာမဟုတ်ပါက သူမ၏မွေးချင်းငယ်များဖြစ်သည့် ရှန်းအန်းနှင့်ရှန်းနဉ်တို့ထဲမှ တစ်ယောက်သည် လူမှုဝန်ထမ်းတာဝန် ထမ်းဆောင်ရန်လိုအပ်မည်လား။
ဘယ်လိုတောင် အဓိပ္ပာယ်မရှိလိုက်တာမျိုးလဲ။
ကျိုးအုပ်ချုပ်ရေးမှူးသည် လူအုပ်ကြီးကိုလက်မြှောက်ပြီး ငြိမ်သက်ခိုင်းသည့်အချိန်အထိ ခဏမျှတစီစီဖြစ်စေလိုက်ပြီးနောက် ပြောလိုက်၏။
"ငြိမ်ငြိမ်လေးနေပြီးနားထောင်ကြပါ။ စီရင်စုအောက် တရားသူကြီးက ထုတ်ပြန်ထားပါတယ်။ မိန်းမတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးတွေပါ တာဝန်ထမ်းဆောင်ရမယ်ဆိုရင် သူတို့ကို ရေသယ်တာနဲ့ချက်ပြုတ်တာတို့လို ပေါ့ပါးတဲ့အလုပ်ကိုပဲ အသီးသီးတာဝန် ပေးခံရလိမ့်မယ်။ လမ်းခင်းတာနဲ့ သဲသယ်ရတာတွေမှာ ပါဝင်ရရင်တောင် သူတို့ရဲ့ပမာဏကိုလျှော့ချပေးလိမ့်မယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဘာမှစိုးရိမ်စရာမလိုဘူး"
သူက မစိုးရိမ်ဖို့ပြောသော်လည်း ဤကဲ့သို့ ရုတ်တရက် ဝန်များသည့်ပစ္စည်းများ သယ်ရမည့် လူမှုဝန်ထမ်းတာဝန်ထမ်းဆောင်ခြင်းနှင့်အတူ သူတို့၏ညည်းညူမှုများကို မည်သို့ရပ်တန့်နိုင်မည်နည်း။
ညည်းညူသံများမှာ မရပ်တန့်သွားပေ။
သို့သော် အစောပိုင်းအခွန်ကောက်ခံခြင်းကို အတွေ့အကြုံရှိထားသော စန်းလော့က ပြည်သူများ၏ မကျေနပ်ချက်များ၊ ငိုယိုမှုများနှင့် ဒေါသများကြားမှ သူတို့အသက်ကို ဖက်တွယ်ထားသရွေ့ သူတို့သည် အနည်းငယ်ညည်းတွားရုံ၊ အနည်းငယ်ငိုပြီး နောက်ဆုံးတွင် အာဏာပိုင်ကို လိုက်လျောမည်ဆိုတာအား ကောင်းစွာသိထား၏။
လူတိုင်း၏ဆန္ဒများနှင့် တောင်းဆိုချက်များမှာ အလွန်နိမ့်ပါးသောကြောင့် သူတို့သည် ရှင်သန်ရန်အတွက် မြေမှုန့်များထဲသို့ မြှုပ်နှံထားကြရသည်။
ခွေးတစ်ကောင်ကဲ့သို့ အသက်ရှင်နေလျှင်ပင် ငြိမ်းချမ်းသောအချိန်များတွင် နေထိုင်ပါ။
သူမကိုယ်သူမ ကြည့်လိုက်ရင်း စန်းလော့လည်း အတူတူပဲ မဟုတ်ပါလား။
အရပ်သူအရပ်သားများအနေဖြင့် အသက်ရှင်နေထိုင်နိုင်ရန် အဆုံးစွန်ထိတွန်းအားပေးမခံရပါက တစ်ယောက်ယောက် အသက်ရှူနိုင်သမျှ ကာလပတ်လုံး မည်သူက အမှန်တစ်ကယ် အရေးယူဆောင်ရွက်မည်နည်း။
ထို့ကြောင့် ဆူညံသံများနှင့်ကျွတ်ကျွတ်ညံသံအားလုံးသည် အထက်အဆင့်အဆင့် အရာရှိများမဆိုထားနှင့် လူအုပ်ထဲတွင် ရပ်နေသည့် အရပ်ပုပုကျိုးအုပ်ချုပ်ရေးမှူးနှင့် စီရင်စုအရာရှိများလို အထက်လူကြီးများအပေါ်ပင် ဘာသက်ရောက်မှုမှ မရှိချေ။
စည်းမျဉ်းဟောင်းများကိုလိုက်နာရင်း ကျိုးအုပ်ချုပ်ရေးမှူးက လူမှုဝန်ထမ်းတာဝန်ကို ရှောင်ရှားလိုသူများက အစားထိုးရန်ရှာဖွေနိုင်ပြီး သို့မဟုတ် ကင်းလွတ်ခွင့်ရရန် ငွေပေးနိုင်ကြောင်းပြောဆိုကာ အဆုံးသတ်လိုက်၏။ ထို့နောက် သူသည် နောက်တစ်ရွာသို့ သွားရန်ပြင်ဆင်လေသည်။
ဤအချိန်တွင် ကျိုးရွာသူကြီးက သူ့ကိုလှမ်းခေါ်ကာ သူ ထွက်ခွာတော့မည်ကို လှမ်းတားလိုက်၏
ကျိုးအုပ်ချုပ်ရေးမှူးဆီ ချဉ်းကပ်သွားတော့ သူက ရှန်းစန်းလင်မယား၏ အခြေအနေနှင့်ပတ်သတ်ပြီး အသိပေးလိုက်၏။ စေ့စေ့စပ်စပ်စုံစမ်းရန် လိုအပ်သည့် ကိစ္စဖြစ်သော်လည်း ယနေ့တွင် ကျိုးအုပ်ချုပ်ရေးမှူးက သူတို့အား စာကြောင်းတစ်ခုတည်းဖြင့် ဆုံးဖြတ်လိုက်သည်။
"ဒါကဆုံးဖြတ်ရလွယ်ပါတယ်။ ငါတို့မှာ အလုပ်သမား နည်းပါးတာမလို့ တစ်ယောက်ဆီအတွက် တစ်လပြစ်ဒဏ်က လုံလောက်တယ်။ သူတို့တာဝန်ထမ်းဆောင်ဖို့ လိုအပ်တဲ့အချိန်အပါအဝင် အားလုံးပေါင်း သုံးလ ထမ်းဆောင်ရလိမ့်မယ်။ သူတို့ဇနှီးမောင်နှံမှာ ဘယ်သူက ထမ်းဆောင်မလဲဆိုတာ ဆုံးဖြတ်ခိုင်းလိုက်"
ဒေသအရာရှိဖြစ်သော ကျိုးအုပ်ချုပ်ရေးမှူးက ရာချီရှိသည့် အိမ်ထောင်စုများကြားက အခြေအနေကို ကောင်းစွာသတိထားမိလေသည်။ ကလေးလေးယောက်ရှိသောကြောင့် ရှန်းလင်မယားနှစ်ယောက်လုံးကို တစ်ပြိုင်ထဲ တာဝန်ထမ်းဆောင်ခိုင်းခြင်းမှာ သဘာဝမကျပေ။ ကလေးများကိုရော မည်သူက ဂရုစိုက်မည်နည်း။
ထို့ကြောင့် သူသည် ထမ်းဆောင်းရမည့် စုစုပေါင်းအချိန်နှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်တစ်ခုကို ထပ်ပြောလိုက်၏။ လမ်းခင်းခြင်းသည် ခြောက်လ သို့မဟုတ် တစ်နှစ်အတွင်း မပြီးစီးနိုင်ပေ။ လူမှုဝန်ထမ်းတာဝန်ကို မတိုက်ဆိုင်အောင် စီစဉ်ထားပြီး ရွာသားများအကြားအလှည့်ကျဖြစ်သည်။
ဤကိစ္စကို အထက်လူကြီးအား သတင်းပို့သည်နှင့်အားလျော်စွာ ကျိုးအုပ်ချုပ်ရေးမှူးက သူ့အတွက် အကျိုးကျေးဇူးတစ်ခုမျှမရှိဘဲ လုပ်ဆောင်ရန် စိတ်မဝင်စားပေ။ ထိုကဲ့သို့ကိစ္စများကို မကြာခဏသတင်းပို့ခြင်းက သူ့လို ဒေသအရာရှိများ၏ တန်ဖိုးများကို အန္တရာယ်ဖြစ်စေနိုင်သည်။ ထိုအရာကို သိုသိုသိပ်သိပ် ဖြေရှင်းနိုင်တာကိုပင် အမြဲတမ်းပိုနှစ်သက်ကြ၏။
သူသည် အထင်အမြင်သေးသည့်အမူအရာဖြင့် ထွက်သွားလိုက်သည်။ ရှန်းလင်မယားအတွက် ဥပဒေအရကြိုးစားစရာမလိုဘဲ ပြစ်ဒဏ်ကို ကျိုးရွာသူကြီးမှ တိုက်ရိုက်အရေးယူနိုင်သည်။
ရှန်းစန်းက ဒါကိုလက်ခံဖို့ငြင်းဆိုနိုင်ပါမည်လား။
သူက ငြင်းနိုင်သော်လည်း တရားဝင်သတင်းပို့ပြီး ဥပဒေအရဆောင်ရွက်မှသာ ပြင်းထန်သောအပြစ်ဒဏ်ကို ခံရမည်ဖြစ်သည်။ ရွေးချယ်မှုသည် သူ့အပိုင်းဖြစ်၏။
ကျိုးရွာသူကြီးက သူမကို ကြည့်လိုက်သောအခါ နားထောင်နေသည့် စန်းလော့က အပြုံးဖြင့်ခေါင်းညိတ်ပြပြီး အပြစ်ဒဏ်ကိုသဘောတူကြောင်း အရိပ်အယောင်ပြလိုက်လေသည်။
သုံးလကြာ လူမှုဝန်ထမ်းတာဝန်ထမ်းဆောင်ရခြင်းက ရှန်းလင်မယားကို သေချာပေါက်ဆုံးရှုံးမှုဖြစ်စေပြီး သူမကို ထပ်နှောင့်ယှက်ရန်အင်အား မကျန်ရှိတော့ပေ။ သူတို့၏သာဓကဖြင့် ရွာရှိအခြားသူများမှာ အစာရေစာ မငတ်ပြတ်သရွေ့ ကမူးရှူးထိုးဆုံးဖြတ်ချက်များကို မချနိုင်တော့ပေ။
နောက်ဆက်တွဲကိစ္စများဖြစ်သည့် ရှန်းလင်မယားနှင့်ညှိနှိုင်းခြင်းဖြစ်စေ သို့မဟုတ် ရွာသားများကိုသတိပေးခြင်းကို ကျိုးရွာသူကြီးက ထုံစံအတိုင်း ကိုင်တွယ်နိုင်၏။ စန်းလော့တစ်ယောက် ကိုယ်တိုင်ပါဝင်စရာမလိုတော့ပေ။
အခု ငါ ဖြေရှင်းဖို့ လိုနေတဲ့ကိစ္စက ငါ့ပေါ်ကိုကျလာတဲ့ လူမှုဝန်ထမ်းကိစ္စပဲ။
အလုပ်သမားတာဝန်ကို ငါကိုယ်တိုင် ထမ်းဆောင်ရမယ်လို့ တစ်ခါမှမတွေးဖူးဘူး။ နေ့တိုင်းတို့ဟူးနဲ့ စွံပလွန်ကိတ်မုန့်လုပ်တာကတွေ လုံလောက်တဲ့ဝင်ငွေရတယ်။ ဘာလို့ငါ့စွန့်လွှတ်ပြီး လမ်းခင်းတဲ့နေရာကိုသွားပြီး အလုပ်လုပ်ရမလဲ။
အခြေအနေနှင့်ပတ်သတ်ပြီး မေးမြန်းမည့် လူထူများဝန်းရံနေသည့် ကျိုးရွာသူကြီးကိုတွေ့တော့ လူမှုဝန်ထမ်းကိစ္စနှင့်ပတ်သတ်ပြီး ချန်း၊ ရှီနှင့် လုမိသားစုများနှင့် ဆွေးနွေးရန်စဉ်းစားထား၏။ သူမ အမှတ်မမှားလျှင် သားရှင်နှစ်ယောက်ဖြစ်သည့်ကန်းရှီသည် သီးခြားအိမ်ထောင်စုတစ်ခုဖြစ်ပြီး အလုပ်သမား ပို့ပေးရန်လိုအပ်ပေသည်။
မဟာမိတ်ဖြစ်နေသော မိသားစုသုံးစုသည် ဤကိစ္စနှင့်ပတ်သက်ပြီး ဆွေးနွေးနေကြသည်။ သူမက ချဉ်းကပ်သွားပြီး မမေးမြန်ရသေးခင်မှာပင် ကန်းရှီက သီးသန့်စကားပြောရန်ခေါ်သွား၏။
"ဒီတစ်ကြိမ်အတွက် လူမှုဝန်ထမ်းတာဝန်ကို အစားထိုးဖို့ တစ်ယောက်ယောက်ကို ငှားမှာလား"
"ဒါက ကျွန်မစိတ်ထဲက မေးခွန်းအတိအကျပါပဲ"
"အစားထိုးဖို့အတွက် တစ်ယောက်ယောက်ကို စဉ်းစားထားတာများရှိလား" ဟုမေးလိုက်၏။
"ရှိတယ်"
ကန်းက ချန်းလောင်ဟန်နှင့် လုလောင်ဟန်တို့နှင့်အတူ မတ်တပ်ရပ်နေသာ ကျိုးလိုင်ကျီနှင့် သူ့သားနှစ်ယောက်ကို ညွှန်ပြရင်း ခေါင်းညိတ်လိုက်လေသည်။
"သူတို့က ဒီနှစ်မှာ စပါးမလုံလောက်တာရယ် ငါက ဈေးဆိုင်တစ်ခုဖွင့်တာရယ်ကို သိကြတယ်လေ။ သူတို့က ငါ့ကို ချဉ်းကပ်လာပြီးတော့ အစားထိုးဖို့ လူလိုလားလို့ မေးတယ်။ သူတို့က တစ်လတာဝန်ထမ်းရတာအတွက် စပါးတစ်တင်းက လုံလောက်တယ်လို့ပြောတယ်"
"စပါးတစ်တင်းရဲ့ လက်ရှိဈေးက ဝမ် ၁၅၀"
"ကျွန်မက ဒီလိုကိစ္စတွေနဲ့အရမ်းမရင်းနှီးဘူး"
သူမက ဝန်ခံလိုက်ပြီးနောက် ကန်း က ရှင်းပြလိုက်၏။
"လူမှုတာဝန်ထမ်းတာက နေလွတ်ကင်းဖို့အစိုးရကို တစ်လကို ငွေနှစ်တွဲ(ဝမ်၂၀၀) ပေးရတယ်။ ကျိုးလိုင်ကျီရဲ့မိသားစုကိုငှားတာက ဝမ်၅၀၀ သက်သာစေတယ်လေ"
"သူတို့က ပိုက်ဆံထက် စပါးကိုပိုပြီး လိုချင်ကြတယ်။ ဘာလို့လဲဆိုတော့ လတ်တလော သူတို့မှာ စပါးပြတ်လပ်နေလို့လေ။ နေ့တိုင်းစပါးဈေးတွေ တက်နေတော့ သူတို့က အဲ့တာကို မြို့ထဲမှာ ဝယ်ဖို့မတတ်နိုင်ဘူး။ သူတို့ရဲ့ပိုက်ဆံကို အဲ့အပေါ်မှာသုံးဖို့လဲ ဆန္ဒမရှိကြဘူး"
ကျိုးလိုင်ကျီ၏ စရိုက်နှင့်ပတ်သတ်ပြီး စန်းလော့ စိုးရိမ်နေနိုင်သည်ကို သတိထားမိတော့ ကန်းရှီက ရှင်းပြလိုက်၏။
"သူတို့မိသားစုက သိက္ခာရှိပြီး အလုပ်လဲ ကြိုးစားတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက ကျိုးလိုင်ကျီရဲ့မိန်းမအတွက် ဆေးဝါးကုသမှု စရိတ်တွေကြောင့် အကြွေးတွေကို ကာမိအောင် သူတို့မြေကို ရောင်းလိုက်ရလို့ ကြပ်တည်းသွားကြတာလေ။ သူတို့က အဲ့ငွေရေးကြေးရေးဆုံးရှုံးမှုကနေ ပြန်မကောင်းလာထဲက မြေငှားရတဲ့လယ်သမားတွေ ဖြစ်လာကြတာ"
ကိုယ်ချင်းစာသင့်သော ဇာတ်လမ်းတစ်ခုပင်။
ကန်းရှီက ကျိုးမိသားစု၏သိက္ခာရှိမှုကို အာမခံလေသည်။ စန်းလော့သည် တစ်ခုနှင့်ပတ်သက်ပြီးသိချင်နေ၏။
"ဘာလို့ သူတို့က သူ့ကို လိုင်ကျီလို့ခေါ်တာလဲ"
ထိုသို့သောအမည်ပြောင်သည် ပုံမှန်အားဖြင့် မေးခွန်းထုတ်စရာ ဇာတ်ကောင်တစ်ဦးအတွက် အထင်အမြင်သေးခြင်းကို ရည်ညွှန်းသည်။
ဒါကိုကြားတော့ ကန်းရှီက ရယ်မောလိုက်၏။
"အော်၊ အဲ့တာက ဟိုးအရင်ထဲက သေသွားတဲ့သူ့မိထွေးက ပေးခဲ့တဲ့နာမည်လေ။ ဒါပေမယ့် နာမည်က စွဲနေတော့ အဲ့တုန်းထဲက ခေါ်လာကြတာပဲ"
ဤအရာသည် စန်းလော့၏ရှုပ်ထွေးမှုကို ရှင်းလင်းသွားစေသည်။
ပြုံးရင်းဖြင့် စန်းလော့ကပြောလိုက်၏။
"ဒါဆို လူမှုတာဝန်ထမ်းဆောင်စရာ မလိုတော့ဘူး။ အဒေါ်က သူတို့ကို အာမခံပေးထဲက ယုံကြည်ပါတယ်။ ကျွန်မနေရာမှာ ထမ်းဆောင်ဖို့ ကျိုးမိသားစုကို ပြောလိုက်ပါ့မယ်။ ကျိုးလိုင်ကျီနဲ့ ဒါကို စာရင်းမှတ်ဖို့လိုသေးလား"
ကန်းရှီကပြုံးပြီး ပြန်ပြောလိုက်၏။
"ရတယ်၊ ကျိုးလိုင်ကျီကိုပဲ အသိပေးလိုက်။ ငါလဲပဲ သူတို့အကြီးဆုံးသားကို ငါ့ကိုယ်စား တာဝန်ထမ်းဆောင်ပေးဖို့ တောင်းဆိုမလို့ပဲ။ အတူတူသွားကြရအောင်"
……
အခြောက်လှန်းသည့်ကွင်းရှိ လူအုပ်စုကြီး တဖြည်းဖြည်း လူစုကွဲသွားချိန်တွင် စန်းလော့နှင့်ကန်းရှီတို့က ကျိုးလိုင်ကျီနှင့် သူ့သားတို့နှင့်ကိစ္စရပ်များကို ပြီးပြတ်စေရန် ကျိုးရွာသူကြီးအိမ်သို့ အတူတူဦးတည်သွားလိုက်၏။
အမှုမဲ့အမှတ်မဲ့လွတ်မြောက်လာပြီး အညိုအမဲစွန်းထင်းကာ ဖရိုဖရဲဖြစ်နေပုံပေါ်သော ရှန်းစန်းနှင့်လီရှီတို့က တစ်ညလုံးနီးပါး ချည်နှောင်ထားခံကြရသည်။
သူတို့၏တာဝန်ထမ်းဆောင်ရမည့် အပြစ်ဒဏ်ကိုသတိပြုမိတဲ့ လီရှီက စန်းလော့ကိုမြင်တော့ စန်းလော့မျက်နှာကို ကုတ်ရန်လက်လှမ်းမှီလုနီးပါးအထိ အမုန်းဖြင့် တစ်ဟုန်ထိုးဝင်တိုက်ခိုက်လေသည်။
ကျိုးလိုင်ကျီနှင့်သူ့သားတို့သည် စန်းကိုကာကွယ်ရန် ကြားဝင်လိုက်ပြီး သူမအနားတွင် တင်းကျပ်သည့်အကာအရံဖြစ်စေလိုက်၏။
စန်းက သရော်လိုက်ကာ
"ဆက်ပြီး ကျွန်မကို ကုတ်ဖို့ကြိုးစားကြည့်လေ၊ စီရင်စုက လုပ်သားအများကြီး လိုနေတယ်ဆိုတာကိုပါ မှတ်ထားနော်"
ဤပြောကြားချက်သည် လီရှီ၏ပေါက်ကွဲသံကို ရုတ်တရက် ရပ်တန့်သွားစေကာ အခြောက်လှန်းသည့်ကွင်းအလယ်ရှိ မြေပြင်ပေါ်သို့အင်အားချည့်နဲ့စွာဖြင့် ပြိုကျသွားပြီး အော်ဟစ်ငိုနေတော့သည်။
"စန်းလော့၊ နှလုံးသားမရှိတဲ့ အယုတ်တမာမ။ နင်က မိုးကြိုးပစ်ခံရသင့်တယ်။ နင်က အကြီးတွေကို လေးစားမှုမရှိဘူး။ စိတ်မချမ်းသာစရာ အဆုံးသတ်နဲ့ ကြုံရလိမ့်မယ်"
ကျိုးရွာသူကြီးက အော်ပြောလိုက်၏။
"တော်လောက်ပြီ။ စန်းလော့သာ မကျေနပ်ဖူးဆိုရင် လုပ်အား အပြစ်ဒဏ်နှစ်လဆိုတာကို မမျှော်လင့်နဲ့။ ဒါသာ စီရင်စုအောက်ရုံး တရားသူကြီးဆီကို ရောက်သွားရင် ထောင်အပြစ်ဒဏ်လောက်ကို မေ့လိုက်တော့၊ မင်းက အလုပ်ကြမ်းကို တစ်နှစ်လောက် ပင်ပင်ပန်းပန်း လုပ်ရလိမ့်မယ်"
ရုတ်ချည်းထွက်ပေါ်သော လီရှီ၏ရှည်ကြာသည့်ငိုကြွေးသံမှာ ရပ်တန့်သွားပြီး သူမ၏မျက်ရည်အစစ်များမှာ စန်းလော့နှင့်ကျိုးရွာသူကြီးတို့ကိုကြည့်ရင်း စီးကျလာလေသည်။
အစပိုင်းတွင် သူတို့၏လူမှုဝန်ထမ်း တာဝန်ထမ်းဆောင်ရမည့်ဒုက္ခများကြောင့် စိတ်မဝင်စားကြသော ရွာသားများသည် သူမ၏ ငိုကြွေးမှုကြောင့် ပြန်ပြီးအာရုံစိုက်လာကြ၏။
ရှန်းစန်းက အရှက်ရမှုကို သည်းမခံနိုင်ပေ။ ငန်းများကိုက်ထားသည့်သူ၏ ရောင်ကိုင်းနေသောတင်ပါးနှင့် ထိတွေ့ခြင်းမဖြစ်စေရန် သူ့ဘောင်းဘီအပြဲလေးကို ဂရုတစိုက်ဖုံးအုပ်လိုက်၏။ သူ့ဘောင်းဘီကို လက်တစ်ဖက်ကကိုင်ထားရင်း လီရှီကိုအခြားလက်ဖြင့်ဆွဲကာ လူအုပ်ကြီး၏ တစ်မူထူးသောအကြည့်များအောက်တွင် ရှက်ရွံ့စွာဖြင့်ပြန်ဆုတ်လာလေသည်။
စန်းလော့က ကျိုးလိုင်ကျီနှင့်သူ့သားများဘက်ကို လှည့်လိုက်ပြီး သူမကိုအစောပိုင်းက အလိုအလျောက်ကူညီပေးခြင်းအတွက် ကျေးဇူးတင်လိုက်၏။
"ကျွန်မ ကျိုးရွာသူကြီးကို သတင်းပေးလိုက်မယ်။ အိမ်မှာ ဆန်တစ်ချို့ရှိတယ်။ အဲ့တာကို နေရာရွှေ့လိုက်ကြရအောင် ဦးလေးကျိုး"
ကိုယ်စားတာဝန်ထမ်းဆောင်မှုအတွက် သူမ၏အစီအစဉ်ကိုသိရှိခြင်းကို ရွာတွင်လျှို့ဝှက်ချက်တစ်ခု အဖြစ်ထားမည်မဟုတ်ဘဲ စန်းလော့က ပွင့်လင်းစွာကိုင်တွယ်ရန် ရွေးချယ်လေသည်။
ကျိုးလိုင်ကျီသည် အလွန်ကျေးဇူးတင်သောကြောင့် သူမကို ထပ်ကာထပ်ကာ ကျေးဇူးတင်စကားပြောလေသည်။
အခုတော့ သူနှင့်သူ့သားများသည် လေးစားသမှုရှိသော အကွာအဝေးတစ်ခုကို ထိန်းရင်း စန်းလော့နှင့်ကန်းရှီနောက်မှ အမှတ်တမဲ့ဖြင့်လျှောက်သွားကြ၏။
အိမ်ထောင်စုနှစ်စုအတွက် ကိုယ်စားတာဝန်ထမ်းဆောင်ခြင်းကို စီစဉ်နေသော ကျိုးလိုင်ကျီနှင့်သူသားတို့သည် အစိုးရ၏ထောက်ပံ့မှုဖြင့် တစ်လကြာ ထမင်းစားနိုင်သည်။
အစားအသောက်ညံ့ဖျင်းခြင်း၊ အလွန်ခက်ခဲသောအလုပ်များနှင့် မျက်တွင်းကျကာ ပြန်ရောက်လာမည်ကို မျှော်လင့်ထားသော်လည်း ဤစီစဉ်မှုသည် လူသုံးဦးအတွက် တစ်လစာအစားအစာကို ချွေတာနိုင်မည်ဖြစ်သည်။
နောက်ထပ်စပါးနှစ်တင်းရရှိမှုနှင့် ဆောင်းရာသီအတွက် ကလေးများစုဆောင်းထားသော တောဟင်းရွက်များကြောင့် ကျိုးလိုင်ကျီက ယခုအချိန်၌ သူ့မိသားစုသည် ဆောင်းဦးရာသီအထိရှင်သန်နိုင်မည်ဟု မျှော်လင့်နေမိသည်။
ကျိုးလိုင်ကျီက ဒီနေ့ကစပြီး သူ့မိန်းမသည် နေ့တိုင်းငိုနေစရာမလိုတော့ဘဲ နောက်တစ်နှစ်တွင် ကလေးများ ရောင်းစားခံရမည်ကို ကြောက်စရာ မလိုတော့ဘူးဟု တွေးလိုက်၏။
ထို့ကြောင့် ကျိုးလိုင်ကျီက ကန်းရှီနှင့်စန်းလော့ကို အမှန်ပင်ကျေးဇူးလေသည်။ ရွာတွင်လူအနည်းစုသည် အထူးသဖြင့် ဤကဲ့သို့လူမှုတာဝန်များအတွက် အသက်အန္တရယ်ဖြစ်နိုင်သည်ကို ခံနိုင်ရည်ရှိသော ကိုယ်စားအလုပ်သမားများကို ရှာဖွေကြပြီး ရွာလူကြီးကျိုးသည်ပင် ကိုယ်တိုင်ထမ်းဆောင်ရ၏။
အစောပိုင်းက စန်းလော့၏ သားအဖများအပေါ် ကာကွယ်မှုသည် သူတို့မိသားစု၏ရှင်သန်မှုကို ကာကွယ်ပေးသောကြောင့် အူလှိုက်သည်းလှိုက်ခံစားရလေသည်။
...
TN: ကျိုးလီကျန့် (ကျိုးအုပ်ချုပ်ရေးမှူး)နဲ့ ကျိုးချွမ်ကျန့် (ကျိုးရွာသူကြီး) တို့ကို အမျိုးဝေးတဲ့ ဆွေမျိုးတွေပါ။ ကျိုးလိုင်ကျီကတော့ ရွာသားပါ။ သုံးယောက်လုံးက ကျိုးမျိုးနွယ်တွေဆိုပေမဲ့ အိမ်ထောင်စုတစ်ခုစီပါ။
အပိုင်း (၉၀) စီရင်စုသို့ ဆောင်းရာသီခရီး
၁၀လပိုင်းရောက်လာသည်တွင် ကျိုးသူကြီးခေါင်းဆောင်သည့် ရှီလီရွာမှ လူအယောက်နှစ်ဆယ်သည် လူမှုဝန်ထမ်းတာဝန်အတွက် ထွက်လာခဲ့ကြလေသည်။
ရွာငယ်လေးဖြစ်သည့်အပြင် ယခုအခါတွင် လုပ်အားပေးမည့် လူဦးရေကလဲ ရှားပါးလေရာ အခြေခံအားဖြင့် အသက်အရွယ်ကြီးရင့်သူ အားနည်းသူအမျိုးသမီးများနှင့် ကလေးများသာ ကျန်ခဲ့လေသည်။
ထူးထူးဆန်းဆန်းပင် ပိုပြီးငြိမ်သက်သွားကာ အပြုံးများကို နည်းပါးစွာ မြင်လိုက်ရသည်ကလွဲရင် ဘဝကြီးက ဘာမှထူးမခြားနေသယောင်။ မကြာခဏဆိုသလို စုဝေးကြပြီး လုပ်အားပေးကာလအတွင်း သူတို့၏ အမျိုးသား၊ သားနှင့်မိခင်များက အခက်အခဲများကို ရင်ဆိုင်ရသည့်အကြောင်း တမ်းတမ်းတတ ပြောဆိုကြလေသည်။
ခြုံပြောရလျှင် စန်းလော့သတိထားမိသည့် ကမ္ဘာငယ်လေးမှာ ရေကန်တစ်ခုနှင့်ယှဥ်လိုက်လျှင် မျက်နှာပြင်ပေါ်တွင် တော်တော်လေး တည်ငြိမ်နေသည်ကို တွေ့ရလေသည်။
သူတို့၏ စီးပွားရေးလုပ်ငန်းများက ခါတိုင်းလိုဆက်သွားနေပြီး မနက်ခင်းများတွင် အမျိုးသမီးများကို လိုက်ပါစောင့်ကြပ်ပေးသူက ချန်းယိုထျန်းအစား ချန်းလောင်ဟန် ပြောင်းသွားသည်။
ဒီကာလအတွင်းတွင် စန်လော့က စီရင်စုသို့ လေးကြိမ်ထက်ပိုပြီး သွားရောက်ခဲ့ပြီး စပါးနှင့်ဝါဂွမ်းများအတွက် ဝယ်ယူကာ ပိုလျှံနေသည့်ငွေများကိုတော့ ငွေတုံးအဖြစ်ပြောင်းလဲပြီး အိပ်ယာအောက်ကအိုးထဲတွင် သိမ်းထားလိုက်သည်။
တစ်ခုခုအပြောင်းအလဲ ဖြစ်ရမည်ဆိုလျှင်တော့ ရှန်းကျင့်နှင့် သူ့ညီအစ်ကိုများသည် အချိန်တော်တော်ကြာသွားသည်အထိ အလည်အပတ် မလာခဲ့ကြတော့ခြင်းပင်။
ရှန်းအန်းနှင့်ရှန်းနဥ်တို့ကလဲ တခါတရံ နည်းနည်းလောက် သတိရမိသော်ငြားလဲ သူတို့ကိုသူတို့ မြန်မြန်ပင် ထိန်းချုပ်နိုင်ခဲ့ကြလေသည်။
သူတို့သည် ရှန်းကျင့်၏သတိပေးခြင်းကို ကျေးဇူးတင်ရပြီး သူလာမလည်တော့သည့် အကြောင်းအရင်းကိုလဲ နားလည်လိုက်လေသည်။ အထူးသဖြင့် သူတို့၏အဖေက လုပ်အားပေးတာဝန်အတွက် အပြစ်ပေးခံလိုက်ရသည်ကို မြင်လိုက်ရပြီး သူတို့၏အမေကလဲ ဆက်တိုက်ဆိုသလို အကြီးဆုံးရှန်းမိသားစုကို ပြစ်တင်ပြောဆိုနေသည်ကို ကြားနေရခြင်းကြောင့်ပင်။
သို့သော်ငြားလည်း သိပ်မကြာခင်မှာပင် သူတို့သည် သည်အတွေးများတွင် ဆက်ပြီး နေထိုင်ဖို့အချိန်မရှိတော့ပေ။ ၁၀လပိုင်းအလယ် ရောက်လာသည်တွင် စွန်ပလွန်သီး ခူးဆွတ်သည့်ရာသီကလဲ ကုန်ဆုံးလုနီးပါးဖြစ်လာပြီး တနေ့လျှင် အသီးက ပိုပြီးနည်းနည်းလေးသာ ရလာတော့သည်။
စန်းလော့က ချန်းမိသားစုထံမှ ခြင်းတစ်လုံးကိုငှားယူလိုက်ပြီး ကလေးနှစ်ယောက်နှင့်အတူ တောင်ပေါ်သို့ နေ့စဥ်ခရီးအနည်းငယ် ထွက်ရတော့သည်။ ဘဲငန်းများရှိပြီး သော့ကိုခတ်ထားသည့် အခါအကွယ်အပြင် ရှန်းစန်း၏အခြေအနေကလဲ ရွာသားများကို သတိပေးသလို ဖြစ်နေကာ စန်းလော့က အနီးအနားရှိရွာများက တောင်များဆီသို့ပင် ဝဥတူးပြီး တောဇီးသီး၊ စွန်ပလွန်သီးများကို ခူးဖို့ရန် ယုံယုံကြည်ကြည်ဖြင့် စွန့်စားသွားလာနိုင်လေတော့သည်။
တောဟင်းရွက်များဖြင့် ခြင်းများကိုဖုံးအုပ်ထားခြင်းက သံသယစိတ်ကို မဆွဲဆောင်နိုင်သလို လူအများစုကလဲ ရုန်းကန်နေရပြီး ဆောင်းတွင်းအတွက် တောဟင်းရွက်များကို တာရှည်ခံအောင်လုပ်နေရသည်။
အခုတော့ စန်းလော့သည် ပိုပြီးအလုပ်များလာလေသည်။ ဆောင်းရာသီက ၁၀လပိုင်းအရောက်တွင် မြန်မြန်ပင်ဝင်လာခဲ့သည်။ သူမ၏နေ့ရက်များက တောင်ပေါ်ထဲသို့ ချဥ်းနင်းဝင်ရောက်ကာ ရှာဖွေခြင်းနှင့်သူမကိုယ်တိုင်နှင့် ကလေးများအတွက် ဆောင်းတွင်းအဝတ်အစားနှင့် ဖိနပ်များကို လုပ်ပေးရသည့်အပြင် ခုနှစ်ပေါင်အလေးချိန်ရှိသည့် ဂွမ်းစောင်ကိုလဲ ချုပ်လုပ်နေရလေသည်။
ထည့်စရာအိုးရှစ်လုံးလုံး ပြည့်သွားသည့်အခါမှ စန်းလော့က စီရင်စုသို့ ခရီးတခေါက်သွားဖို့ရန် စီစဥ်ထားပြီး အလုပ်ပါးသည့်အချိန်တွင် မြို့သို့အလည်ခေါ်သွားပေးမည်ဟု မောင်နှမနှစ်ယောက်အား ပေးထားသည့်ကတိကိုလဲ သတိရလိုက်လေသည်။
အိမ်ထောင်စုစာရင်းအတွက် ကျသင့်ငွေ ဝမ်၅ဝမ်ကို စိုးရိမ်မှုမရှိသလို အိမ်ကိုမစောင့်ကြပ်ဘဲ ထားခဲ့ရသည်ကိုလဲ စိုးရိမ်စရာမရှိလေရာ စန်းလော့က အချိန်တစ်ခုကတည်းက သူမ၏ကတိကိုဖြည့်ဆည်းပေးဖို့ ပြင်ဆင်ထားလေသည်။
သူမက ကလေးများ၏ အိမ်ထောင်စုကို စာရင်းသွင်းရန်အတွက် ကျိုးသူကြီးဆီသို့ ကြက်ဥအနည်းငယ် ယူလာခဲ့တော့သည်။
၁၀လပိုင်း ၁၉ရက်နေ့တွင် အိမ်ထောင်စုစာရင်းက ပြီးဆုံးသွားလေသည်။ ၂၁ရက်နေ့တွင်တော့ သူတို့၏မရီး လုပ်ထားပေးသည့် အဝတ်အစား အသစ်နှင့် ဖိနပ်များကို ဝတ်စားထားပြီး ရှန်းအန်းက သေသေချာချာ ဂရုတစိုက်ဖြင့် ရှန်းနဥ်၏ ဆံပင်ကို သပ်သပ်ရပ်ရပ် ဖြီးလိမ်းပေးလေသည်။
မနက်ခင်းသည် အထူးသဖြင့် အာရုဏ်မတက်ခင်အချိန်တွင် လည်တိုင်ဆီသို့ ဖြတ်တိုက်သွားသည့်လေက ချမ်းစိမ့်ကာ အေးနေလေသည်။
ဆောင်းတွင်းအဝတ်အစားများကို ဝတ်ဆင်ထားကြသည့် ချန်းလောင်ဟန်နှင့် ချင်ဖန်းညန်တို့က မောင်နှမနှစ်ယောက် ထိုင်ဖို့ရန်အတွက် လှည်းပေါ်တွင် နေရာလေးတစ်ခု ပြင်ဆင်ပေးရန် ပစ္စည်းများကို နေရာပြန်ချနေစဥ် စန်းလော့ကလဲ နွေးထွေးရန်အတွက် စောင်ပါးလေးတစ်ထည်ဖြင့် သူတို့ကို ခြုံးထားပေးလိုက်လေသည်။
အေးစိမ့်နေသော်ငြားလည်း ကလေးများက နွေးထွေးပြီး စိတ်လှုပ်ရှားနေကြသည်။ သူတို့၏ ခရီးလေးကို မီးတုတ်တစ်ခုတည်းနှင့် အလင်းရောင်ပေးထားပြီး သူတို့ပတ်ဝန်းကျင်က အမှောင်ရိပ်များက အရာအားလုံးကို စိတ်လှုပ်ရှားအောင် လုပ်နေသယောင်။
ဖန်းလျိုညန်က အပြုံးတစ်ခုဖြင့် မှတ်ချက်ပေးလေသည်။
"နင်တို့နှစ်ယောက် အရင်ဘဝက ကောင်းမှုကုသိုလ်တွေ အများကြီး လုပ်ထားခဲ့ပုံရတယ်၊ နင်တို့ရဲ့ယောင်းမ စန်းလော့နဲ့ တွေ့ရအောင်လေ"
စီရင်စုမြို့သို့ သွားဖို့ရန်အတွက် ကလေးများအတွက် အိမ်ထောင်စုစာရင်းတစ်ခုကို ပြင်ဆင်ပေးခြင်းက ကျေးလက်ဒေသများတွင် ထူးထူးခြားခြား ရှားရှားပါးပါးပင်။
ရှန်းအန်းနှင့်ရှန်းနဥ်တို့က တောက်ပသည့်မျက်လုံးများဖြင့် ပြုံးလိုက်ကြလေသည်။
"ဒေါ်ဒေါ်... ဒေါ်ဒေါ်လဲ ငွေတွေပိုရှာသင့်တယ်၊ ပြီးရင် နောက်တခါကျရင် အားရှုကို ကျွန်တော်တို့နဲ့အတူ ခေါ်လာလို့ရတာပေါ့ အားရှုလဲ စိတ်လှုပ်ရှားနေလိမ့်မယ်"
ဖန်းလျိုညန်က သူမ၏သားဖြစ်သူက စီရင်စုသို့သွားသည့် ခရီးတွင် ရှန်းအန်းနှင့်ရှန်းနဥ်တို့နှင့်အတူ လိုက်ပါလာခဲ့လျှင် သူကလည်း ထိုနည်းတူ စိတ်လှုပ်ရှားလိမ့်မည်ဟု စဥ်းစားမိလေသည်။ သူမက ရယ်မောလိုက်၏။
"ဟုတ်တယ် ငါအလုပ်ကြိုးစားရမယ် ဒါမှ အားရှုကလဲ နင်တို့နဲ့အတူတူလိုက်လာပြီး စီရင်စုမှာ အတွေ့အကြုံတွေရနိုင်မှာ"
ကန်းရှီနှင့်တခြားသူများ အပါအဝင် အားလုံးက သဘောကျကာဖြင့် ကြည့်နေလိုက်ကြလေသည်။ ကန်းရှီနှင့်ဖန်းလျိုညန်တို့သည် စီရင်စုတွင် တို့ဟူးစရောင်းကတည်းက လွန်ခဲ့သည့် နှစ်လအတွင်းမှာပင် ဖန်းလျိုညန်သည် ပိုပြီး နွေးနွေးထွေးထွေး ရှိလာပြီး မကြာခဏဆိုသလို ပြုံးလာတတ်လာသည်။
အာရုံဏ်တက်လာသည်တွင် ရှန်းအန်းနှင့်ရှန်းနဥ်တို့က လှည်းပေါ်တွင် ဆက်ပြီး မထိုင်ချင်ကြတော့ဘဲ လမ်းလျှောက်ဖို့ ရွှေးချယ်လိုက်ကြကာ သုံးမိုင်ခရီးကို တချက်ကလေးမှ မောပန်းသည်ဟု မငြီးငြူကြဘဲ လျှောက်လာကြလေသည်။ သူတို့သည် မြို့တံခါးဝတွင် တန်းစီနေရင်းကပင် အထူးတလည် စိတ်လှုပ်ရှားနေကြတော့သည်။
နှစ်ယောက်စလုံးက သေးသေးကွေးကွေးများဖြစ်နေရာ သူတို့သည် ခြေဖျားထောက်ပြီး အတွင်းဘက်သို့ ချောင်းကြည့်နေရသည်။
"နှစ်ထပ်အဆောက်အအုံတစ်ခု ငါ တွေ့ပြီ"
ရှန်းအန်းက ဝမ်းသာအားရဖြင့် အော်ပြောလေသည်။
"ဒီတော့ အဆောက်အအုံတွေက. ဒီလောက်အထိမြင့်နိုင်ပြီး အိမ်တွေကလဲ ဒီလိုပုံစံမျိုး ဖြစ်နေနိုင်တယ်ပေါ့"
သူက အားကျမှုနှင့် တက်ကြွမှုအပြည့်ဖြင့် ရှန်းနဥ်ကို တီးတိုးပြောလိုက်လေသည်။
"ငါတို့မိသားစုမှာ ပိုက်ဆံတွေရှိလာတဲ့အခါကြရင် ငါတို့မိသားစုလဲ ဒီလိုအိမ်တစ်လုံးကို ဆောက်နိုင်တော့မှာမလား"
"ဒီလောက်ကြီးတဲ့ အဆောက်အအုံကြီးမှာ နေရရင် သက်တောင့်သက်သာ ဖြစ်နေတော့မှာဘဲနော်"
"အရမ်းကို သက်တောင့်သက်သာ ဖြစ်နေမှာသေချာတယ်"
စကားပြောလိုက်ရင်းဖြင့် မောင်နှမနှစ်ယောက်သည် လူတန်းကြီး၏ရှေ့သို့ အနည်းငယ် ရောက်လာနှင့်ပြီ ဖြစ်လေသည်။ ရှန်းအန်းက ခေါင်းလေးကိုပြူပြီး မြို့ထဲကို ဝင်သွားသည့် လူအရေအတွက်ကို ကြည့်နေလေသည်။
အရင်က မြို့တံခါးရှေ့တွင် စောင့်ရသည့်အတွေ့အကြုံ ရှိနေနှင့်ပြီးဖြစ်ရာ ရှန်းနဥ်ကရှန်းအန်းကို တီးတိုးပြောလိုက်လေသည်။
"ငါတို့တွေက စစ်ဆေးဖို့အတွက် ငါတို့ရဲ့ အိမ်ထောင်စုစာရင်းကဒ်ပြားကို ပေးဖို့လိုတယ်။ အဲဒါပြီးရင် ဝင်ဖို့အတွက် ၁ ဝမ်ပေးရမှာ"
အခြေအနေကို လေ့လာပြီးနောက်တွင် ရှန်းအန်းက စန်းလော့ဘက်သို့ လှည့်လိုက်ပြီး အပြုံးတစ်ခုဖြင့် မေးလိုက်လေသည်။
"မရီး ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အိမ်ထောင်စုကဒ်ပြားနဲ့ငွေတွေကို ကိုယ့်ဟာကိုယ် ကိုင်ထားလို့ရလား"
မြို့တံခါးသို့ ဝင်ရမည့်အရေးကို စိတ်လှုပ်ရှားစရာကောင်းသည့် စွန့်စားမှုတစ်ခုလို သတ်မှတ်လေရာ သူသည် ကိုယ်ဟာ့ကိုယ် ဝင်ဆန့်ကြည့်ဖို့ စိတ်အားထက်သန်နေသည်။
စန်းလော့က သဘောတူပေးလိုက်ပြီး သူမရဲ့အင်္ကျီလက်ထဲက သစ်သားပြားလေးသုံးခုကို ထုတ်လိုက်ကာ တစ်ခုကို ယူထားလိုက်ပြီး ကျန်သည့်နှစ်ခုကို ရှန်းအန်းလက်ထဲသို့ ထည့်ပေးလိုက်လေသည်။
အခုအချိန်တွင် ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် စာလုံးအများအပြားကို မှတ်မိနိုင်ပြီဖြစ်ရာ သူတို့၏နာမည်များနှင့် ချီယွမ်စီရင်စု၏ တော်တော်များများက နာမည်များအပြင်ခ ချင်ဖူမြို့နယ်နှင်လ ရှီလီရွာ စသည့်စကားလုံးများကိုလဲ မှတ်မိလေသည်။
ကဒ်ပြားလေးကို ကိုင်ထားပြီး မောင်နှမနှစ်ယောက်က ကိုယ်ကိုကုန်းကာ အနီးကပ် စစ်ဆေးကြည့်လိုက်ကြသည်။ ရှန်းနဥ်က တစ်ခုကို ယူလိုက်ပြီး ပြောလိုက်သည်။
"ဒီတစ်ခုပေါ်မှာ ငါ့နာမည်ရေးထားတယ် ဒါကငါ့ဟာ"
"ဒီတစ်ခုမှာငါ့နာမည်ရှိတယ် ဒါကငါ့ဟာ"
စန်းလော့ကို မေးဖို့ရန်မလိုအပ်ဘဲ မောင်နှမနှစ်ယောက်က သူတို့အချင်းချင်း အိမ်ထောင်စုကဒ်ပြားကို အလွယ်တကူ ခွဲဝေလိုက်ကြလေသည်။
စန်းလော့နောက်တွင်ရပ်နေသည့် ကန်းရှီက ဒီမြင်ကွင်းကို တအံ့တသြဖြင့် စောင့်ကြည့်နေပြီး စန်းလော့ကို မေးလိုက်လေသည်။
"ရှောင်အန်းနဲ့ရှောင်နဥ်တို့က ရေးတတ်ဖတ်တတ်ကြတာလား"
စန်းလော့က ပြုံးကာ ခေါင်းငြိမ့်ပြလိုက်၏။
"ကျွန်မက စာလုံးတစ်ချို့ကို သိတယ်လေ အိမ်မှာလဲ နည်းနည်းပါးပါး သူတို့ကိုသင်ထားပေးတာ"
ကန်းရှီက ခဏလောက်တုံ့ဆိုင်းသွားလိုက်ပြီး စန်းလော့သည် အမှန်ပင် ရေးတတ်ဖတ်တတ်သည့် အကြောင်းကို ချက်ခြင်း သတိရသွားတော့သည်။
သူစိတ်ထဲတွင် အတွေးသစ်တစ်ခုက ပေါ်ထွက်လာပြီး သူမ၏ ကလေးလေးယောက်ကလဲ စန်းလော့ထံမှ စာလုံးနည်းနည်းလောက် သင်ယူနိုင်ရလျှင် ကောင်းမည်ဟု စဥ်းစားမိလေသည်။
ဒီစိတ်ကူး ထွက်လာသည်နှင့်တပြိုင်နက် မြိုသိပ်ထားဖို့ရန်က ခက်ခဲသွားတော့သည်။
စာပေတတ်မြောက်ခြင်းနှင့် အတွက်အချက်တတ်ခြင်းက ကြီးမားသည့် အရည်အချင်းတစ်ခု ဖြစ်လေသည်။ သူတို့၏ရွာထဲတွင် သူကြီးနှင့်သူ့ကလေးများသာ ရေးဖတ်တတ်ကြသည်။ စာပေတတ်မြောက်ခြင်းက ကွာခြားချက်တစ်ခုကို ပြုလုပ်ပေးနိုင်သည်။ ကျိုးမိသားစု၏ ကလေးများက လယ်စိုက်ပြီး တခြားသူများလို သူ့တို့၏ လုပ်အားတာဝန်ကို ဖြည့်ဆည်းနေရသည့်တိုင် ကန်းရှီ က ကျိုးသူကြီး အနားယူသွားလျှင် နောက်တက်မည့် ကျိုးရွာသူကြီးက ကျိုးမိသားစုကသာ ဖြစ်လိမ့်မည်ဟု ယုံကြည်လေသည်။
အကြောင်းမှာ ကျိုးမိသားစုက ကလေးများသာ စာပေတတ်မြောက်ခြင်းကြောင့်ပင်။
ရွာထဲတွင် လက်မှတ်ထိုးဖို့လိုအပ်သည့် စာချုပ်တစ်ခုဖြစ်စေ၊ တစ်ခုခု ရေးရန် လိုအပ်လာသည်ဖြစ်စေ အားလုံးက ကျိုးမိသားစုဘက်သို့ လှည့်ရလေသည်။ လက်ဗွေနှိပ်သည့်ကိစ္စအတွက်ပင် သူတို့သည် ယုံကြည်အားကိုးရသည့် တယောက်ယောက်၏ ပြန်လှန်စစ်ဆေးပေးခြင်းမပါလျှင် ထိုကိစ္စကို မလုပ်ရဲကြချေ။ နောက်ဆုံး စာမတတ်သူများက သူတို့မိသားစုဝင်များကို မသိလိုက်ပါဘဲ လက်မှတ်ထိုးပေးခဲ့ခြင်းကိစ္စရပ်များလဲ ရှိပေသည်။
သို့သော်ငြား ကန်းရှီသည် ချက်ခြင်းဆိုသလို သတိရသွားတော့သည်။ စန်းလော့က အလုပ်အရမ်းများနေတာလေ အနားယူဖို့တောင်မှ ခပ်ရှားရှားပဲ။
ထို့အပြင် သူမ၏အကြီးဆုံးသားဖြစ်သူ သညိုက ၁၂နှစ်အရွယ် ရှိနေပြီဖြစ်ရာ စန်းလော့နှင့်အသက်က သိပ်မကွာချေ။ သင့်တော်လိမ့်မည် မဟုတ်ပေ။ သူမ၏ သမီးအငယ်လေးချောင်အာက အလွန်ငယ်သေးလေရာ အသက်ငါးနှစ်သာ ရှိသေးလေသည်။ စန်းလော့က သူမ၏ကလေးများကို သင်ကြားပေးဖို့ အင်အားပိုလိမ့်မည် မဟုတ်ပေ။
ထို့နောက်တွင် သူမက သူမ၏အာရုံကို ရှန်းအန်းနှင့်ရှန်းနဥ်ဘက်သို ပြောင်းလိုက်ပြီး ခဏလောက် စဥ်းစားလိုက်ပြီးနောက်တွင် စန်လော့ကို မေးလိုက်တော့သည်။
"ရှောင်အန်းနဲ့ရှောင်နဥ်တို့က အဒေါ့်ရဲ့ကလေးတွေ သညို၊ အာ့ညို၊ စန်းညိုနဲ့ချောင်အာတို့ကို သင်ပေးနိုင်မလား၊ နင်တို့အားတဲ့အချိန်ကြရင် စာလုံးတစ်လုံးနှစ်လုံးလောက်ပေါ့၊ အများကြီးတော့ မဟုတ်ပါဘူး၊ သူတို့ရဲ့နာမည်တွေ့နဲ့ သုံးနေကျ စကားလုံးတစ်ချို့ကို မှတ်မိရင်ရပါပြီ။ ဒါမှ သူတို့တွေက စာချုပ်သို့မဟုတ် အချက်အလက်တွေကို ဖတ်တဲ့အခါ အလိမ်မခံရတော့မှာပေါ့"
စန်းလော့က အခိုက်အတန့် အံ့အားသင့်သွားပြီးနောက် ပြုံးလိုက်တော့လေသည်။
"ရတာပေါ့ ကလေးတွေက သင်ချင်တဲ့စိတ်ရှိတယ်ဆိုရင်လေ"
ကန်းရှီက ရှန်းအန်းနှင့်ရှန်းနဥ်တို့ဘက်ကို မြန်မြန် လှမ်းကြည့်လိုက်လေသည်။
မောင်နှမနှစ်ယောက်က ကန်းရှီ၏စကားလုံးများကို သေသေချာချာ ကြားလိုက်ကြသည်။ ရှောင်အန်းက ပြုံးလိုက်ပြီး "ရတာပေါ့ ကျွန်တော်သိတဲ့ဟာတွေကို သင်ပေးနိုင်ပါတယ်၊ ကျွန်တော် အလုပ်နည်းသွားတဲ့အထိ နည်းနည်းလေးလောက် စောင့်လိုက်ကြတာပေါ့၊ ဒေါ်ဒေါ် ...ဒေါ်ဒေါ်ကနေပြီးသူတို့အတွက် အရေးလေးကျင့်ဖို့ သဲဗန်းလေးတစ်ခုကို ပြင်ဆင်ထားပေးလိုက်ပါ”
ဒီရက်ပိုင်းတွင် သူတို့သည်တောင်တန်းများဆီမှ စွန်ပလွန်သီးများကို ကောက်နေရသည်ဖြစ်ကာ သူတို့သည် ကုန်ကြမ်းများကို ပိုမိုစုဆောင်းနိုင်ရန် အာရုံစိုက်ထားဖို့ လိုအပ်ပေသည်။
ကန်းရှီက အလွန်ပျော်သွားတော့သည်။
.
"ငါက နင်တို့ကို သာညို၊ အာ့ညို၊ စန်းညိုနဲ့ ချောင်အာတို့ကိုယ်စား ကျေးဇူးတင်ပါတယ်"
ချင်ဖန်းညန်နှင့် ဖန်းးလျိုညန်တို့ကလဲ စိတ်ဝင်စားလာကြပြီး လှည့်ကာ မေးလိုက်လေသည်။
ရှန်းအန်းက အလိုက်သင့် သဘောတူပေးလိုက်ပြီး ရှန်းနဥ်က အပြုံးဖြင့် ထပ်ပြောလိုက်လေသည်။
"ရှောင်ယာက သမီးနဲ့အတူတူ လေ့လာနေတာလေ၊ သူက သူရဲ့နာမည်ကိုတောင် ရေးတတ်နေပြီ ဒေါ်ဒေါ်... ဒေါ်ဒေါ် ကမသိသေးဘူး ထင်တယ် ဟုတ်တယ်မလား"
ချင်ဖန်းညန်သည် အမှန်ပင် သတိမထားမိလေရာ ပျော်ရွှင်မှုဖြင့် လင်းဖြာသွားတော့သည်။
""ကောင်းတာပေါ့၊ ဒါဆိုရင်လဲ ငါတို့က အန်းနဥ်ကို တကယ်ပဲ ကျေးဇူးတင်ရတော့မှာပဲ"
လူတန်းကြီးက ရှေ့သို့ ရွေ့လျားသွားသည်နှင့်အမျှ အားလုံးက သူတို့၏ ဖြတ်သန်းခွင့်ကဒ်ပြားကို တစ်လှည့်စီပြလိုက်ကြပြီး မြို့ထဲသို့ဝင်ဖို့ရန် မြို့ဝင်ကြေးကို ပေးလိုက်သည်။ ရဲမက်က ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို တွေ့လိုက်သည်တွင် အနည်းငယ် အံသြသွားပြီး သူတို့ကို ဒုတိယအကြိမ် ထပ်ကြည့်လိုက်လေသည်။ လုပ်ငန်းစဥ်အတိုင်း ဆောင်ရွက်လိုက်ပြီးနောက် သူက သူတို့၏ ဖြတ်သန်းခွင့်ကို စစ်ဆေးလိုက်ပြီး ငွေကိုသိမ်းလိုက်ကာ ကလေးများကို ဝင်ဖို့ လက်ရမ်းပြလိုက်လေသည်။
မောင်နှမနှစ်ယောက်သည် သူတို့က ကြီးကျယ်ခမ်းနားလှသည့် စစ်ဆေးရေးဂိတ်ကြီးတစ်ခုကို ဖြတ်ခဲ့ရသည်နှယ် စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် ဝင်လာသည်နှင့် ချက်ခြင်း အပြုံးဖြင့်ရပ်နေကြပြီး သူတို့၏ မရီးကို စောင့်နေလိုက်ကြသည်။ စန်းလော့ဝင်လာသည်နှင့် ချက်ခြင်း သူတို့က ဖြတ်သန်းခွင့်ကဒ်ပြားကို သူမထံ ဝမ်းသာအားရ ပြန်ပေးလိုက်ကြလေသည်။
စီရင်စုမြို့ထဲတွင် စန်းလော့က သတ်သတ်လွတ်အူကြမ်းကို ကိုယ်တိုင် သွားပို့ပေးလေ့ရှိသည်။ ဒါက ပုံမှန်လုပ်နေကြ အလုပ်တစ်ခုတင် မဟုတ်ပေ။ ဆိုင်တာဝန်ခံရွှီနှင့် သူမ၏ ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့ရန်လဲ အရေးကြီးလေသည်။
ဒီလောက်ကြီးမားသည့် စားသောက်ဆိုင်တစ်ခုကို အရင်က တခါမှမဝ်ခဲ့ဘူးကြသည့် မောင်နှမနှစ်ယောက်က အံသြမှုအပြည့် ဖြစ်နေတော့သည်။ ရှန်းအန်းက အတိုင်းအတာတစ်ခုအထိ အိန္ဒြေဆယ်ထားပြီး ပတ်ဝန်းကျင်ကို သိုသိုသိပ်သိပ် လေ့လာနေစဥ် ရှန်းနဥ်ကတော့ သူမကိုယ်သူမ သတိမထားမိဘဲ တအံ့တသြ ဖြင့် မျက်လုံးအဝိုင်းသားဖြင့် ပတ်ပြီးကြည့်နေတော့သည်။
သူမက နှစ်ထပ်အဆောက်အဦး၏ အလှအပနှင့် ခမ်းနားထည်ဝါမှုကို စိတ်ထဲတွင် မှင်သက်အံသြမိလေသည်။
ဆိုင်တာဝန်ခံရွှီက စန်းမိသားစုအိမ်မှ ကလေးနှစ်ယောက်အကြောင်းကို သူ့ဝန်ထမ်းဆီက ကြားပြီးသည်တွင် ဒီနေ့တော့ ပထမဦးဆုံးအကြိမ် သူတို့ကို တွေ့လိုက်ရလေသည်။ သူတို့၏ ရိုးရှင်းသည့်အဝတ်အစားနှင့် နေလောင်ထားသည့် အသားအရေများ ပိုင်ဆိုင်ထားကြသော်လည်း သူတို့၏ ရုပ်အသွင်က ဆွဲဆောင်မှုရှိပြီး ချစ်ခင်ဖွယ်ရာ ဖြစ်နေလေသည်။
ကလေးများကို မြင်လိုက်သည်တွင် ဆိုင်တာဝန်ခံရွှီက ရှဲရှန်းတွင် ကျန်ခဲ့ကြသည့် သူ့မိသားစုကို သတိရမိတော့သည်။ အထူးသဖြင့် ရှန်းအန်နှင့်ရှန်းနဥ်တို့နှင့် အရွယ်တူရှိသည့် သူ၏ အငယ်ဆုံးကလေးများကို သတိရမိလေသည်။
သူသည် ကလေးများထံ အလည်အပတ် မပြန်ရသည်မှာ အလွန်မှ ကြာမြင့်နေပြီဖြစ်သည်။ သူသည် ကလေးများကို အလွန်တရာ လွမ်းဆွတ်သတိရနေမိမှန်း ကိုယ့်ဟာကိုယ် သတိထားမိလိုက်တော့သည်။
ဆိုင်တာဝန်ခံရွှီက အချိန်တစ်ခုလောက်ပေးပြီး အိမ်သို့ ခဏလောက်လည်ပတ်မည်ဟု တွေးထားလိုက်တော့သည်။ ရက်ပိုင်းလေးပင်ဖြစ်စေ ဒါက လုံလောက်ပေသည်။
သူ၏ကလေးများကို သတိရနေသည့် ခံစားချက်ကြောင့်လားတော့ မပြောတတ်ပေ။ ဆိုင်တာဝန်ခံရွှီက ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို အထူးတလည် နွေးနွေးထွေးထွေး ဆက်ဆံလေသည်။ သူက သူ၏ဧည့်ဝတ်ကျေပွန်မှုကို စန်းလော့အား ငြင်းပယ်ခွင့်မပေးတော့ပဲ သူ့ဝန်ထမ်းကို သီးသန့်ခန်းထဲတွင် ဧည့်ခံပေးဖို့ စားသောက်ဆိုင်၏ မီးဖိုချောင်ကို မနက်စာပြင်ဆင်ပေးဖို့ ခိုင်းလိုက်လေသည်။
"တစ်လမ်းလုံး လမ်းအကြာကြီး လျှောက်လာရတာဆိုတော့ သေချာပေါက် ပင်ပန်ပြီး ဗိုက်ဆာနေကြမှာပဲ၊ ကြိုက်တာမှာ စားလို့ရတယ်နော်၊ ဒါပေမဲ့ ကလေးတွေက မြို့ထဲမလည်ပတ်ခင် ကိုယ့်ဟာကိုယ် အားပြည့်အောင်တစ်ခုခုတော့ စားသင့်တယ်။ သူတို့ကို ကျွန်တော်တို့ရဲ့ တုန်းဖူစားသောက်ဆိုင်က ဟင်းလျာတွေကို ပေးမြည်းလိုက်ပါ"
စန်းလော့က ပြုံးလိုက်ကာ လက်ဟန်ခြေဟန်ဖြင့် ကျေးဇူးတင်ဟန် ဖော်ပြလိုက်ပြီး စီရင်စုထဲက အကြီးဆုံး စားသောက်ဆိုင်သို့ အလည်အပတ် ရောက်လာပြီး ထိုနေရာတွင် ထမင်းတစ်နပ် စားသောက်ခြင်းက သူတို့၏ ခရီးကို အမှန်ပင် တန်ဖိုးရှိလိမ့်မည်ဟု ထင်လေသည်။
သူမက ကမ်းလှမ်းချက်ကို ဝမ်းသာအားရ လက်ခံပေးလိုက်ကာ ပြောလိုက်လေသည်။
"ဒါဆိုရင်တော့ ကျွန်မက ထပ်ပြီးမငြင်းပယ်တော့ပဲ ရှင့်ရဲ့ စေတနာကို လက်ခံလိုက်ပါ့မယ်” သူတိူ့သည် လူမှုရေးနှင့်ပတ်သတ်သည့် ကောင်းမွန်သည့်စကားများကို ကျင့်သားမရသေးလေရာ ထို့ကြောင့် သူတို့က အန္တရာယ်အကင်းဆုံး စကားလေးလုံးကိုသာ ပြောလိုက်တော့သည်။ စန်းလော့က ဆိုင်တာဝန်ခံရွှီကို ယောကျားလေးများ ပုံမှန်လုပ်နေကြအတိုင်း ဦးညွှတ်ကာ နှုဆက်လိုက်လေသည်။ ကလေးများက ဒီအပြုအမူကို မြင်လိုက်ရသည်တွင် ထိုအမူအယာကို လုက်အတုခိုးလိုက်ကြပြီး ပြောလိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ဦးလေး ခင်ဗျာ"
ဒီအပြုအမူက ဆိုင်တာဝန်ခံရွှီထံမှ လှိုက်လှဲသည့် ရယ်မောသံတစ်ခုကို ဆွဲထုတ်ပေးလိုက်ပြီး သူကပြောလိုက်လေသည်။
"ကောင်းတယ် ကောင်းတယ် သီးသန့်အခန်းထဲကို မင်းတို့ရဲ့မရီးနဲ့ လိုက်သွားလိုက်ကြ၊ ငါက မင်းတို့အတွက် လမ်းပေါ်က မြင်ကွင်းတစ်ခုပါတဲ့ အခန်းတစ်ခုကို ရွေးထားပေးတယ်"
လမ်းပေါ်က မြင်ကွင်းဟု ပြောလိုက်သည်တွင် မောင်နှမနှစ်ယောက်၏ မျက်နှာက ရုတ်ခြည်းဆိုသလို ပါးပါးသွားတော့သည်။ သူတို့သည် ဒီအကြိမ်တွင်တော့ ယဥ်ကျေးမှုကို ချန်ထားလိုက်ပြီး လင်းဖြာနေသည့် အပြုံးများဖြင့် ပြောလိုက်ကြတော့သည်။
စိတ်အားတက်ကြွနေသည့် ဆိုင်တာဝန်ခံရွှီက. ဆက်ပြီး တွယ်ရစ်မနေတော့ဘဲ စားပွဲထိုးတယောက်ကို စန်းလော့နှ့င် ကလေးများအား အခန်းဆီသို့ခေါ်သွားပေးရန် ပြောကြားလိုက်လေသည်။
ရှန်းအန်းသည် နှစ်ထပ်အဆောက်အဦးတစ်ခုကို တွေလိုက်ရုံသာမက ဒုတိယအထက်သို့ပင် ဝင်လိုက်ရကာ သီးသန့်ခန်းထဲက ပြတင်းပေါက်ဘေးတွင် ရပ်လိုက်ပြီး အောက်ကို ငုံ့ကြည့်လိုက်လေသည်။
ဒီလို အသစ်အဆန်းမြင်ကွင်းက သူအရင်က တခါမှမရခဲ့ဘူးသည့် အတွေ့အကြုံတစ်ခု ဖြစ်လေရာ သူ့စိတ်ထဲတွင် စိတ်လှုပ်ရှားမှုများဖြင့် လှိုင်းခတ်နေတော့သည်။
မောင်နှမနှစ်ယောက်စလုံးက စိတ်လှုပ်ရှားနေကြပြီး စန်းလော့ကို ခဏခဏ လှမ်းခေါ်လိုက်ပြီး သူတို့နဲ့လာကြည့်ဖို့ တိုက်တွန်းကာ မြင်ကွင်းကိုမျှဝေလေသည်။
စန်းလော့သည် ဒီလိုနှစ်ထပ်အဆောက်အဦးများက အနာဂတ်ကာတွင် သာမန်နေရာများဖြစ်သည်ကို သိထားလေရာ သူတို့၏ တုံ့ပြန်မှုများကို သဘောကျနေမိတော့သည်။ သို့သော်ငြားလည်း ကလေးနှစ်ယောက်က အရင်က စီရင်စုသို့ တခါမှ မရောက်ဘူးခဲ့သည်ကို သိနေသဖြင့် နှစ်ထပ်အဆောက်အအုံတစ်ခုက အမှန်ပင် အံ့သြစရာဖြစ်နေမှန်း နားလည်လေသည်။
သူမက သူတို့၏ သိလိုစိတ်ကို အလိုလိုက်ပေးလိုက်ပြီး မရင်းနှီးလှသည့် မြင်ကွင်းနှင့်ပတ်သတ်ပြီး မဆုံးနိုင်သည့် သူတို့၏မေးခွန်းများကို ပြန်လည်ဖြေကြားပေးလိုက်ရင်း သူတို့၏ စိတ်လှုပ်ရှားမှုများကို ဝမ်းသာအောင် လုပ်ပေးလိုက်တော့သည်။
သူတို့၏ ဆက်တိုက်မေးမြန်းသည့် စကားလုံးများ ရပ်တန့်သွားသည်တွင် သူမက နောက်ဆုံးတော့ စားပွဲတွင် ပြန်လာထိုင်လိုက်ပြီး မောင်နှမနှစ်ယောက်ကို ဆက်ပြီးကြည့်ခိုင်းထားလိုက်တော့သည်။ စီရင်စုထဲက အရာအားလုံးက သူတို့ကို စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်နေစေပြီး ဖြတ်သွားဖြတ်လာများကအစ ယဥအမျိုးမျိုးထိတိုင် ကျွဲ၊ လားတို့လို တိရိစ္ဆာန်များကို မြင်ကွင်းထိအပြင် သူတို့ကို ဝမ်းသာအောင် လုပ်ပေးနေတော့သည်။
စားပွဲထိုးကသာ သူတို့၏ အစားအသောက်များကို စပြီး ယူမဝင်လာပေးခဲ့လျှင် သူတို့သည် ပြတင်းပေါက်နားတွင်သာ သေချာပေါက် နေကြပေလိမ့်မည်။
သရေစာအမျိုးမျိုးနှင့် ဆန်ပြုတ်များကို စီးဆင်းနေသည့်ရေအလား ဆက်တိုက် သယ်ခဲ့ပေးကြလေသည်။ သူတို့သုံးယောက်သာ ရှိသော်ငြားလည်း ဆိုင်တာဝန်ခံရွှီက သွားရေစာအမျိုးမျိုးပါသည့် ရှစ်မျိုးကို မှာပေးထားသည်။ စားသောက်ဆိုင်က ဟင်းလျာတစ်မျိုးစီကို သင်တင့်မျှတသည့်ပမာဏဖြင့် သေသေချာချာ ပြင်ဆင်ပေးထားပြီး ဟင်းလျာရှစ်မျိုးကို စားရသည်က တော်တော်လေးပင် ပွဲတော်တစ်ခု ဖြစ်နေတော့သည်။
စန်းလော့ကတော့ ၇၀ရာခိုင်နှုန်းလောက် ဗိုက်ပြည့်သွားသည်နှင့် စားနေသည်ကို ရပ်လိုက်လေသည်။ သို့သော်ငြားလည်း ကလေးနှစ်ယောက်ကတော့ အနည်းငယ် ဗိုက်ပြည့်သွားသည်အထိ စားသောက်လိုက်ကြပြီး စားပွဲပေါ်တွင် ဟင်းအများအပြား ကျန်နေသေးသဖြင့် ရှန်းအန်းက စန်လော့ကို မေးမြန်းလိုက်ပြီးနောက်တွင် ဟင်းအကျန်များကို ဆီစိမ်စက္ကူအိတ်ဖြင့် ထုတ်ပေးဖို့ စားပွဲထိုးအား တောင်းဆိုလိုက်လေသည်။
သီးသန့်ခန်းမှ ထွက်လာပြီးနောက် ဆိုင်တာဝန်ခံရွှီထံသို့သွားကာ နှုတ်ဆက်စကားပြောဖို့ရန် ကောင်တာဆီသို့ ရောက်လာသည်တွင် သူက သူတို့အတွက် အချိုပွဲနှစ်ဘူးကို ပြင်ဆင်ထားခဲ့ပေးမှန်းကိုတော့ မျှော်လင့်မထားမိခဲ့ချေ။
"ဒါတွေကို ကောင်းကောင်းသိမ်းထားလိုက်နော်၊ ကလေးတွေ သွားရေစာစားလို့ရအောင် ဒါကိုလဲ ယူသွားလိုက်ပါ"
ပုံမှန်ဆိုလျှင် ယဥ်ယဥ်ကျေးကျေး ငြင်းပယ်တတ်သူမဟုတ်သည့် စန်းလော့က ဒီတစ်ကြိမ်တွင်တော့ အနည်းငယ် ရှက်ရွံမိသလို ခံစားရလေသည်။
"ဒီနေ့ အစားအသောက်က ကျွန်မကလည်းအရမ်းကို အခွင့်အရေးယူနေတယ်လို့ ခံစားရအောင် လုပ်နေတာလေ"
ဆိုင်တာဝန်ခံရွှီက ဦးညွှတ်လိုက်ပြီး ပြန်ဖြေလိုက် လေသည်။
"စန်းရှီရဲ့ တို့ဟူးနဲ့သတ်သတ်လွတ်အူကြမ်းက ကျွန််တော်တို့ရဲ့ တုနျးဖူစားသောကျဆိုငျ ရဲ့ နာမည်ကို ဒီနှစ်အတွင်းမှာ အကြီးကြီး ချဲ့ထွင်နိုင်ခဲ့ပါတယ်။ ပုံမှန်ဆိုရင် ကျွန်တော့ရဲ့ ကျေးဇူးတင်စိတ်ကို ဖော်ပြဖို့ အခွင့်အရေး မရှိဘူးလေ၊ ဒီတော့ စန်းရှီက ဒီနေ့ ကလေးတွေကိုခေါ်လာတဲ့အခါ ကျွန်တော့အတွက် ပြီးပြည့်စုံတဲ့ အခွင့်အရေးတစ်ခု ဖြစ်သွားတာပေါ့”
သူက ထိုသို့ပြောလိုက်ချိန်တွင် သူ့အသံကိုပင် နှိမ့်ထားလိုက်ပြီး သတ်သတ်လွတ်အူကြမ်း၏ ရင်းမြစ်ကိုဖော်ထုတ်ဖို့ စိတ်အားထက်သန်နေသည့် တဖက်က ပြိုင်ဘက်အကြောင်းကို ပြောပြလိုက်လေသည်။
စကားနည်းနည်းပါးပါး ပြောလိုက်ပြီးနောက်တွင် ဆိုင်တာဝန်ခံရွှီကလဲ ဧည့်သည်များကို မကြာခဏ ဧည့်ခံပေးရသည်။ ထို့ကြောင့် စန်းလော့က သူ့ကိုဆက်ပြီး ဆွဲထားဖို့ ဆန္ဒမရှိတော့ပေ။ သူမက သူမ၏ ပစ္စည်းများကို ကောက်ယူလိုက်ပြီး ကလေးနှစ်ယောက်နှင့်အတူ နှုတ်ဆက်ကာ ဆိုင်ထဲမှထွက်လာခဲ့ကြလေတော့သည်။
...