← Chapters

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အခန်း (၉၃-၉၄)

Vol. 10 Ch. 93-94

အပိုင်း (၉၃) ဝါးစာလိပ်များ

ထိုနေ့အတွင်း စန်းလော့သည် သူမအိမ်အနားဝန်းကျင်တွင် နေထိုင်ပြီး တောင်များသို့စွန့်စားသွားလာသော်လည်း ရွာအနီးနားတွင်သာ သွားလာရဲကာ သူမသွားနေကျအတိုင်း အခြားရွာအနီးက တောင်တန်းများသို့ ရှည်လျားသည့်လမ်းခရီးကို မသုံးရဲတော့ချေ။

သူမသည် ချန်းမိသားစုအိမ်တွင် သုံးညနေထိုင်ပြီး လေးရက်မြောက်နေ့တွင် ချင်ဖန်းညန်သည် ဆိုင်ရှင်ရွှီဆီမှ စာတစ်စောင်ကို သယ်လာလေသည်။

စာထဲတွင် စီရင်စုရုံးသည် ပတ်ဝန်းကျင်ဒေသများကိုရှာဖွေနေပြီး နောက်ထပ်ဒုက္ခသည်များကိုရှာဖွေနေကာ ရွာမျိုးစုံရှိရွာသားများထံ စုံးစမ်းမေးမြန်းနေ၏။ သူသည် အိမ်နီးချင်းစီရင်စုများရှိ တုန်းဖူစားသောက်ဆိုင် တော်တော်များများမှ တာဝန်ခံများနှင့် ဆက်သွယ်ထားကာ သူတို့သည်လည်း ဒုက္ခသည်များကို ထပ်မတွေ့ကြတော့ပေ။ ထိုနေ့က သူတို့ဆုံခဲ့သူများသည် ပိတ်ထားသည့်လမ်းကို ဖြတ်ကာ တောင်များကိုဖြတ်ကျော်လာသူများ ဖြစ်နိုင်သဖြင့် ဒုက္ခသည်အများအပြား စုပုံလာနိုင်ဖွယ်မရှိပေ။

ဤသတင်းသည် ရွာသားများကို စိတ်သက်သာရာရစေ၏။

စန်းလော့၏ဘဝသည် ပုံမှန်အတိုင်း ပြန်ဖြစ်လာလေသည်။ သို့သော် ယခုအချိန်တွင် စွံပလွန်သီးများ တုန်းသွားပြီဖြစ်၏။ သူမသည် တောဇီးသီးရိုင်းခူးခြင်းနှင့် ဝဥကိုသာတူးနိုင်လေသည်။ ဝေးဝေးလံလံသို့ မစွန့်စားရဲဘဲ ဝိဉာဉ်ကူးပြောင်းပြီးစဉ်ထဲက သူမတွင် အားလပ်ချိန်အချို့ ရှိလာပုံပေါ်၏။

ကံကောင်းစွာဖြင့် လွန်ခဲ့သည့်သုံးလတာကြိုးစားမှုမှာ အောင်မြင်လေသည်။ သူမသည် ပုံစံခွက်ထဲတွင် အခြောက်ခံနေဆဲဖြစ်သော အတုံး၄၀၀နှင့်အတူ စွံပလွန်ကိတ်၁၀အိုးကို စုဆောင်းထားနိုင်၏။ ဤသိုလှောင်ထားသောမုန့်ကို ယုံဖန်းကျိုင်သို့ လေးရက်တစ်ခါ သို့မဟုတ် ငါးရက်တစ်ခါကျ အိုးနှစ်လုံးပို့ပေးပါက နောက်ထပ်တစ်လ သို့မဟုတ် ထို့ထက်ပိုကြာရှည်ခံနိုင်သည်။ ထို့အပြင် သူမက မိသားစု၏သရေစာအဖြစ် ဝါးလှေ့ခြင်းတောင်းထဲတွင်လည်း အတုံးရေ ၁၀၀ကျော် အခြောက်ခံထားသေးသည်။

ဝဥအခြောက်များ သိမ်းရန်အသုံးပြုသည့် မီးဖိုချောင်ထဲရှိအိုးကြီးသည် အခုတော့ ပြည့်နေပြီဖြစ်သည်။ ဝဥအချပ်များကို အိတ်ဖြင့်ထုတ်ပြီးနောက် အိုးထဲတွင် သိမ်းထားလိုက်၏။ သက်သက်လွတ်အူကြမ်းပြုလုပ်ရန် သူမက လှီးထားသည့်အချပ်အနည်းငယ်ကို ထုတ်ယူပြီး အမှုန့်များညက်သွားသည်အထိ ကျောက်ကြိတ်စက်ဖြင့် ကြိတ်ခြေကာ သက်သက်လွတ်အူကြမ်းအဖြစ် တိုက်ရိုက်ပြင်ဆင်လိုက်သည်။

ဝဥအမှုန့်တွင် ရေကိုစုပ်ယူနိုင်အား ကောင်းသည့်အစွမ်းရှိပြီး ဝဥအမှုန့်နှစ်အောင်စသည် သက်သက်လွတ်အူကြမ်း ၇ပေါင်နီးပါးအထိ ပြုလုပ်နိုင်သည်။ တုန်းဖူစားသောက်ဆိုင်တစ်ခုထဲအတွက် သီးသန့်ဖယ်ထားသည့် ဤတစ်အိုးသည် လုံလောက်သည်ထက် ပိုလေသည်။ သည်အိုးကြီးကို ကြည့်နေရုံနှင့်ပင် စန်းလော့၏စိတ်ထဲတွင် လုံခြုံမှုတစ်ခုနှင့် ပြည့်နက်သွားတော့သည်။

သို့သော် ဝဥကို နောက်ထပ်ဆယ်ရက်ခန့်အထိ တူးဖော်နိုင်သေးသည်။ သေချာသည့်အရင်းအမြစ်များကိုတွေ့တော့ စန်းလော့သည် မဖြုန်းတီးလိုပေ။ အိုးများမှာ ဈေးကြီးသောကြောင့် သူမက နောက်ထပ်အိုးကြီးတစ်လုံး မဝယ်ဖို့ ဆုံးဖြတ်လိုက်၏။ ကျေးလက်မှ ရိုးရာဓလေ့အတိုင်း ထားသိုခြင်းနည်းလမ်းကိုမှတ်မိတော့ သူမသည် သစ်သားအခြောက်လှမ်းစင်ကို အသုံးပြုရန်စဉ်းစားလေသည်။ သူမက ထိုအရာကို မီးဖိုနှင့်မဝေးသည့်နေရာတွင် ထားလိုက်ပြီး လောလောလတ်လတ် တူးလာသောဝဥများကို ထောင်ထားသော အခြောက်လှန်းသည့် သစ်သားစင်ပေါ်သို့ ဆင့်ရင်း ကြာရှည်အထားခံရန် ကောက်ရိုးများဖြင့် ဖုံးထားလိုက်သည်။

အသစ်တူးလာသည့် ဝဥများစုပုံထားသည့်နေရာဖြစ်သော မီးဖိုအနီးတွင် စန်းလော့ကိုယ်တိုင် သစ်သားအခြောက်လှန်းစ င်ရိုးရိုးရှင်းရှင်းတစ်ခုကို ဆောက်လုပ်ထားပြီး သိုလှောင်ရန်အတွက် ထိုအရာကို ကောက်ရိုးဖျာဖြင့် ဖုံးထား၏။

သို့သော် ဤအရာသည် မီးဖိုချောင်ကို အပြည့်အဝနေရာယူထားပြီး နေရာလွတ်မရှိတော့သည့် သဘောပင်။ ထိုနေရာတွင် တို့ဟူးပြုလုပ်သည့် ဘောင်များ၊ သစ်သားပြားများ၊ စည်ပိုင်းများ၊ ကျောက်ကြိတ်စက်တစ်ခု၊ တို့ဟူးအရည်စစ်သည့်စင်၊ အိုးကြီးတစ်လုံး၊ သစ်သားအခြောက်လှန်းစင်နှစ်ခုနှင့် စားပွဲအရှည်တစ်ခုဖြင့် ရွေ့လျားသွားလာရန်ပင် နေရာမလုံလောက်ပေ။

ပြည့်ကျပ်နေသောနေရာကို လှမ်းကြည့်ပြီးနောက် စန်းလော့သည် ကလေးနှစ်ယောက်နှင့်အတူ ထမင်းစားစားပွဲအသေးကို ပင်မအိမ်သို့ရွှေ့ရန် ဆုံးဖြတ်လိုက်လေသည်။

၁၁လပိုင်းစသည်နှင့် လူမှုဝန်ထမ်း တာဝန်ထမ်းဆောင်ရသော ရွာသားများသည် ပြန်ရောက်လာကြ၏။ စန်းလော့သည် သူတို့နှင့်တွေ့ရန် တောင်အောက်သို့ ဆင်းလာလေသည်။ သူတို့သန့်ရှင်းရေးမလုပ်ရသေးခင်တွင် ချန်းယိုထျန်းနှင့်အခြားသူတို့သည် ထိုနေ့က သူတို့ မြင်ခဲ့ရသည့် အလွန်အမင်းပိန်လှီပြီး ညစ်ပတ်နေသည့် ငှက်သိုက်ဆံပင်များနှင့် ဒုက္ခသည်များနှင့် အများကြီးမကွာလှပေ။

ဒုက္ခသည်များနှင့်မတူသည် သိသာသည့်အချက်မှာ သူတို့၏စိတ်ဓာတ်နှင့် အမူအရာပင်။

ယခုတော့ စန်းလော့ပင် ထို့နေ့က သူမနှင့်ထိပ်တိုက်တွေ့ခဲ့သော သူများမှာ အမှန်ပင် အလုပ်ကြမ်းလုပ်ရန် ဖိအားပေးခံရပြီး ဆိုးဆိုးရွားရွားနှိ ပ်စက်ခံရသော အပြစ်ကင်းသည့် ရွာသားများလားဟု သိချင်နေမိသည်။

ဒုက္ခသည်၏အရိပ်သည် စန်းလော့၏စိတ်ထဲတွင် သိသိသာသာ လျော့သွားပြီး သူမတစ်ကိုယ်လုံးကို သက်တောင့်သက်သာ ဖြစ်သွားလေသည်။

နောက်ထပ်ဆယ်ရက်မျှ အလုပ်များပြီးသောအခါ ဝဥများနှင့်စွံပလွန်သီးများ ကုန်သွားသဖြင့် တို့ဟူး၊ ပဲအနှစ်နှင့် သက်သက်လွတ်အူကြမ်းပြုလုပ်ခြင်းနှင့် စီရင်စုမြို့သို့ အပတ်စဉ် ခရီးသွားရခြင်းမှလွဲ၍ စန်းလော့၏နေ့ရက်များသည် လုံးဝအားလပ်သွား၏။ နောက်ဆုံးတွင် သူမဝယ်ခဲ့သော စာရေးသည့်ပစ္စည်းများကို သတိရသွားလေသည်။

သူမသည် ထိုအရာများကို ကလေးနှစ်ယောက်အတွက် သင်ပုန်းတစ်ခု ဖန်တီးရန် ဝယ်ထားခြင်းဖြစ်၏။ ယခင်က သူမသည် ကလေးများကို ရိုးရှင်းသောစာလုံးများ၊ နာမည်များနှင့်နေရာများကို သင်ပေးထားလေသည်။ သူတို့ပညာရေးကို ဆက်လက်သင်ကြားရန် နောက်ထပ်မည်သည့်အရာ သင်ရမည်ကို အစီအစဉ်ဆွဲဖို့လို၏။

ဤခေတ်စာလုံးများသည် သူမ၏ယခင်ဘဝက စာလုံးများနှင့် ကွဲပြားလေသည်။ သူမသိသော စာလုံးတစ်ချို့သည် ဤနေရာတွင် မှားယွင်းသည်ဟု ယူဆရနိုင်သည်။ သူမသည် မူလခန္ဓာကိုယ်ပိုင်ရှင် သိသည့်အရာများကိုသာ သင်ကြားပေးနိုင်ပြီး အမျိုးသမီးတစ်ယောက်အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် မသင်ကြားပေးနိုင်ပေ။ သို့သော် "အက္ခရာတစ်ထောင်ကျမ်း"ကဲ့သို့ စာလုံးများသည် ကလေးများ၏ အခြေခံပညာရေးအတွက်တော့ လုံလောက်ပါသည်။

ဤခေတ်တွင်လည်း အနည်းငယ် ကွဲပြားသော်ငြားလည်း "အက္ခရာတစ်ထောင်ကျမ်း"ရှိ၏။ ပြောင်းလဲမှုအနည်းငယ်သည် မတူညီသော အချိန်များနှင့်နေရာများကြား လျို့ဝှက်ဆန်းကျယ်စွာ ချိတ်ဆက်ပေးသည့် သဘောပဲ။

မှင်နှင့်စုတ်တံကိုဝယ်ခဲ့ပြီးသဖြင့် စန်းလော့က ကလေးများအတွက် သင်ပုန်းတစ်ခုအဖြစ် ပြောင်းပေးရန် စီစဉ်ထားလေသည်။ ယခုတော့ သူမသည် စက္ကူနှင့်မှင်တုံးကို သာလိုအပ်တော့၏။

ခြံဝင်းထဲတွင် ကလေးအုပ်တစ်စုသည် သဲပုံ ၅ပုံပတ်ပတ်လည်တွင် စုဝေးနေကြသည်။ ဆရာငယ်လေးများအဖြစ် လုပ်ဆောင်နေကြသည့် ရှန်းအန်းနှင့်ရှန်းနဉ်တို့က စာသင်ပေးလိုက် ကစားလိုက်နှင့် တစ်လှည့်စီပြုလုပ်နေကြ၏။ စန်းလော့က သူတို့ကို ဝမ်းမြောက်စွာကြည့်နေပြီးနောက် စမ်းချောင်းရှိသည် တောင်အပိုင်းသို့ ဦးတည်သွားလေသည်။

သူမသည် မှင်တုံးအတွက် သင့်တော်မည့်ကျောက်တုံးတစ်ခုကို ရှာရန်လိုအပ်ပေသည်။

စန်းလော့သည် အထူးသဖြင့် မှင်တုံးပြုလုပ်ခြင်းကဲ့သို့ လက်မှုပညာတွင် အရည်အချင်းမရှိသူဖြစ်၏။ သို့သော် ချီယန်စီရင်စုသည် တောင်ထူထက်ပြီး ကျောက်ဆောင် စမ်းချောင်းများစွာရှိသဖြင့် မှင်တုံးတစ်ခုအတွက် ချိုင့်ခွက်ပါပြီး အတော်လေးပြားသည့် ကျောက်တုံးတစ်ခုကို ရှာတွေ့ဖို့ရန် မခက်ခဲပေ။ စမ်းချောင်းလေးအနည်းငယ်တွင် ရှာတွေ့ထားသော သင့်တော်သည့် ကျောက်တုံးအများအပြားထဲမှ အလှဆုံးတစ်ခုကို ရွေးချယ်ပြီး ဆေးကြောကာ အိမ်ကိုသယ်လာလေသည်။

မကြာသေးမီက သစ်သားစင်များပြုလုပ်နေစဉ် သူတို့သည် ဝါးအပိုများ ထွက်လာသည်။ စန်းလော့က ချန်းယိုထျန်းဆီမှ ဓားကောက်တစ်ခုနှင့် ရွေပေါ်တစ်ခုကို ငှားလိုက်ကာ စက္ကူအစားထိုးအနေဖြင့် ဝါးစာလိပ်များ ပြုလုပ်ရန် စီစဉ်ထားလေသည်။

ဤနေ့ရက်များတွင် ချန်းယိုထျန်းသည် အိမ်၌အနားယူနေ၏။ စန်းလော့တစ်ယောက် ပစ္စည်းကိရိယာများငှားရန် ရောက်လာပြီး ကလေးများ စာဖတ်သင်ပေးရန် ဝါးစာလိပ်များကို ပြုလုပ်နေသည့်အကြောင်းကိုကြားတော့ သူသည် ပစ္စည်းကိရိယာများကို ချက်ခြင်းကောက်ယူကာ သူမနှင့်အတူပါဝင်လေသည်။

"ငါလည်း လုပ်ကူပေးမယ်လေ"

ထို့နောက် ခြံထဲရှိကလေးအုပ်စုသည် ရှန်းအန်းနှင့်ရှန်းနဉ်တို့၌ သူတို့ကိုယ်ပိုင်စာအုပ်များရှိ လာတော့မည့် စိတ်လှုပ်ရှားစရာသတင်းကို ကြားသိရလေသည်။ ဦးလေးယိုထျန်းနှင့် ရှန်းမောင်နှမ၏မရီးတို့သည် စာရေးရန် ဝါးစာလိပ်များကို ပြုလုပ်နေကြ၏။

ရုတ်တရက်ဆိုသလို ကလေးများသည် ကြက်များကိုကျီစယ်ခြင်း၊ ဘဲများကိုကျီစယ်ခြင်းနှင့် ကျောက်ခဲများကို အဝေးသို့ပစ်ခြင်းကဲ့သို့ သူတို့၏ပုံမှန်ကစားနည်းများကို စိတ်ဝင်စားမှုနည်းသွားကြပြီး ဝိုင်းလာကာ စာအလုပ်လုပ်နေသည်ကို စောင့်ကြည့်နေကြတော့သည်။

ထိုကဲ့‌သို့လက်မှုပစ္စည်းများတွင် အတွေ့အကြုံရှိလှသည့် ချန်းယိုထျန်းက အနုစိတ်ပစ္စည်းများကို ရွေးချယ်ထားပုံက စန်းလော့၏ ဗဟုသုတထက် သာလွန်နေသည်။ သူသည် ဝါးကိုရွေးပြီးဖြတ်လိုက်ကာ ပြုတ်ပြီးနောက် အခြောက်ခံလိုက်၏။ ပြုတ်နေစဉ်တွင် စီချွမ်ငရုတ်ကောင်းစေ့အချို့ကိုပင် ထည့်လိုက်သေးသည်။ ပြီးပြည့်စုံသော အချက်အပြုတ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတစ်ခု နီးပါးဖြစ်၏။

ချန်းယိုထျန်းက အလုပ်လုပ်နေစဉ်တွင် လုပ်ငန်းစဉ်ကို ရှင်းပြ၏။ ဤအဆင့်များမပါပါက ဝါးစာလိပ်များမှာ အက်ကွဲခြင်း၊ ပုံပျက်ခြင်းနှင့် ပိုးမွှားများကြောင့် ပျက်စီးခြင်းတို့ဖြစ်တတ်ကြောင်းကို စန်းလော့သည် လေ့လာလိုက်ရလေသည်။

စန်းလော့အိမ်တွင် စီချွမ်ငရုတ်ကောင်းစေ့ မရှိပေ။ သူတို့နှစ်ယောက်လုံးသည် ကြိုးကြိုးစားစားလုပ်နေပြီး ကြည့်ရှုနေကြသော ကလေးများကို စိတ်ဝင်စားနေကြသည်။ သို့သော် ဝါးကိုတစ်နာရီကြာ ပြုတ်ရန်လိုအပ်သည်ကို သိလိုက်ရပြီးသည်နှင့် တစ်နာရီ၏လေးပုံတစ်ပုံ (၁၅မိနစ်)ကြာပြီးနောက် သူတို့၏စိတ်ရှည်မှုမှာ ကျဆင်းသွားပြီး ရှန်းအန်း၊ ရှန်းနဉ်နှင့်ရှောင်ယာတို့မှလွဲ၍ အကုန်ပြေး ထွက်သွားတော့သည်။

ဝါးခြမ်းများကို အပိုင်းအတိုလေးများအဖြစ်ဖြတ်ရင်း အပေါက်များဖောက်ကာ သူတို့ကို အတူတကွ တွဲချည်ထားလိုက်ပြီး ဝါးစာလိပ် ၃၆ခု ပြုလုပ်ရန် နှစ်နာရီကျော်ကြာသွားသည်။ စန်းလော့သည် ရှေးခေတ်စာရေးခြင်း၏ အခက်အခဲအတွက် တန်ဖိုးထားမှု အသစ်တစ်ခုကို ရရှိလိုက်၏။

ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် စာရေးရခြင်း မရှိသေးသော်လည်း ပြီးစီးသွားသော ဝါးစာလိပ်များကိုကြည့်ရုံဖြင့်ပင် စိတ်လှုပ်ရှားနေကြသည်။ အထူးသဖြင့် ရှန်းသည်သည် ထိုအရာများကို ကောက်ယူပြီး စစ်ဆေးကြည့်ရင်းက လက်ထဲမှ ပြန်မချထားနိုင်ပေ။

သူ့အပိုင်းပြီးမြောက်သွားတော့ ချန်းယိုထျန်းက ကျန်သည်များကို စန်းလော့ကိုလွှဲလိုက်ကာ ပြန်သွားတော့သည်။ သူမသည် ဝါးစာလိပ်များကို ပင်မအိမ်သို့ယူသွားကာ လုံလောက်သော အလင်းရောင်ရရှိစေရန် ကျယ်ကျယ်လေး ဖွင့်ထားသည့် တံခါးနားက စားပွဲခုံအသေးပေါ်တွင် နေရာချထားလိုက်၏။ ထို့နောက် သူမသည် မသုံးရသေးသော စုတ်တံအသစ်ကို ပြင်ဆင်ပြီး မနက်က သူမ ရှာတွေ့ထားခဲ့သည့် မှင်တုံးကို ရေထည့်က မှင်သွေးလိုက်သည်။

ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် ပထမဆုံးအကြိမ်အဖြစ် စုတ်တံနှင့်မှင်ဖြင့် စာရေးခြင်းကို တွေ့ကြုံရခြင်းဖြစ်ပြီး အသက်မရှူရဲလောက်အောင်ပင် စူးစူးစိုက်စိုက် ကြည့်နေကြ၏။

ဝါးစာလိပ်များ လုပ်ရသည့် အခက်အခဲကိုသိပြီး မည်သည့်အမှားကိုမဆို မှင်ကိုဓားဖြင့် ခြစ်ထုတ်ရန်လိုအပ်သောကြောင့် စန်းလော့သည် အလုပ်ကို အထူးဂရုစိုက် လုပ်ဆောင်ပေးလေသည်။ ဤစာလိပ်သည် ကလေးနှစ်ယောက်အတွက်သာမကဘဲ အခြားကလေးများအတွက်ပါ စာရေးရန် သင်ယူနိုင်ပြီး သူတို့၏စာအုပ်အဖြစ်အသုံးချပြီး လေ့ကျင့်ရန်အတွက် ကူးယူလို့ရ၏။

သူမ၏ကိုယ်ပိုင်လက်ရေးသည် လှသော်လည်း ဘောပင်နှင့်မှပင်။ မိဘမဲ့ဂေဟာတွင် ကြီးပြင်းလာခဲ့ခြင်းက လက်ရေးလှရေးခြင်းကဲ့သို့ သင်ရိုးပြင်ပကျွမ်းကျင်မှုများကို သင်ယူရန်အခွင့်အရေး မရခဲ့သည့် အဓိပ္ပါယ်ပင်။

သူမသည် ကြိုးစားက ပြန်စဉ်းစားထားရသည့် မူလခန္ဓာကိုယ်ပိုင်ရှင်၏ ဦးနှောက်နှင့်ကြွက်သားများ၏ မှတ်ဉာဏ်များကို အားကိုးနေရသည်။

ဝါးစာလိပ်များပေါ်တွင် တိုက်ရိုက်စရေးရန် တုံ့ဆိုင်းမိနေသဖြင့် သူမသည် စုတ်တံကို မှင်ထဲသို့နှစ်ပြီးနောက် သူမကိုယ်သူမ ယုံကြည်ချက်မရှိမချင်း ဝါးဖြတ်စပေါ်တွင် အရင်လေ့ကျင့်လေသည်။

စာလုံးရေတစ်ထောင်ကျော် ရေးရသဖြင့် အချိန်တော်တော် ပေးလိုက်ရသည်။ အဆုံးတွင်တော့ သူမလက်နှင့်လည်ပင်များ တောင့်နေသည်ကို သိရှိသွားတော့သည်။

သူမသည် အလွန်မှ တောင့်တင်းနေ၏။

ရှန်းအန်းသည်လည်း စန်းလော့၏စုတ်ချက်များကို စောင့်ကြည့်ရင်း အလွန်စိတ်ဝင်စားနေကာ အနားယူရန်ပင်မေ့နေ၏။ သူသည် မှင်များချောမွေ့စွာစီးဆင်းပြီး ဝါးစာလိပ်ပေါ်တွင် စာလုံးများ ဖြစ်ပေါ်လာသည်အထိ ညှို့ယူထားသော စုတ်တံအဖျားလေးကို စိုက်ကြည့်နေလေသည်။

သူ့တွင် ကိုယ်ပိုင်စာအုပ် ရှိတော့မည့်မျှော်လင့်ချက်ဖြင့် စိတ်လှုပ်ရှားနေပြီး ဝါးပေါ်ရှိမှင်၏အလှတရားကြောင့် အံ့ဩနေမိကာ ရှန်းအန်းသည် ခံစားချက်များကို ကောင်းစွာမဖော်ပြနိုင်တော့ပေ။

ရှန်းနဉ်၏လေးစားအားကျပုံကတော့ ရိုးသားပြီး မရှက်မကြောက်ပင်ဖြစ်၏။

"ယောင်းမက အရမ်းအံ့ဩစရာကောင်းတာပဲ"

"စာလုံးရေအများကြီးကို လှလှပပ ရေးနိုင်တယ်နော်"

စန်းလော့သာ ကောင်မလေး၏အတွေးကိုကြားနိုင်လျှင် သူမလက်ရေးသည် အမှန်တကယ် မလှပကြောင်းကို သေချာပေါက် ပြောပြမိလိမ့်မည်။ နောက်ဆုံးတော့ သူမသည် မူလခန္ဓာကိုယ်၏ပိုင်ရှင် မဟုတ်ပေ။ မူလပိုင်ရှင်၏ မှတ်ဉာဏ်များနှင့် ကြွက်သားမှတ်ဉာဏ်များအပြင် သူမ၏ယခင်ဘဝမှ ဘောပင်နှင့် အတွေ့အကြုံ ထပ်ပေါင်းလိုက်လျှင်ပင် အမှန်တကယ် လက်ရာမြောက်သော စုတ်ချက်ကို မထုတ်လုပ်နိုင်ပေ။

တစ်ယောက်ယောက်၏ ကိုယ်ပိုင်မဟုတ်သည့်အရာကို ကြာရှည်လေ့ကျင့်ခြင်းမရှိဘဲ အမှန်ပင် ကိုယ်ပိုင်အရာဖြစ်မလာနိုင်လေရာ ပြီးပြည့်စုံမှုကို မည်သို့လွယ်ကူစွာရရှိနိုင်မည်နည်း။

မူလပိုင်ရှင်၏လက်ရေးသည် ထူးထူးခြားခြား မဟုတ်သော်လည်း သပ်ရပ်ပြီး လှပသည်။ စန်းလော့၏လက်ရေးကတော့ အသေသပ်ဆုံးဖြစ်အောင် ကြိုးစားထားခြင်းပင်။

သို့သော် ကလေးနှစ်ယောက်အတွက် သင်ပုန်းတစ်ခုအဖြစ်တော့ လုံလောက်သည်ထက် ပင်ပိုပါသည်။

ပြီးမြောက်သွားသောဝါးစာလိပ်များကို ကြည့်ရင်း စန်းလော့တစ်ယောက် စိတ်ကျေနပ်နေလေသည်။

"အခု ဒါတွေကို မထိသေးဘဲ မှင် လုံးဝခြောက်သွားတဲ့ အထိစောင့်ရအောင်"

ကလေးနှစ်ယောက်သည် ထပ်ခါထပ်ခါ ခေါင်းညိတ် သဘောတူကြလေသည်။

သူ၏စူးစမ်းချင်စိတ်ကို မထိန်းနိုင်တော့သည့် ရှန်းအန်းက စားပွဲနားတွင်ရပ်ကာ မေးလိုက်၏။

"မရီး၊ စာလုံးတွေကို ဘယ်လိုရေးရလဲဆိုတာ သားကို အခုပဲ သင်ပေးပါလား"

စန်းလော့က ပြုံးလိုက်၏။

"သင်ပေးမှာပေါ့။ ဒါက အထူးသဖြင့် မင်း စာတတ်အောင် ကူးပေးထားတာပဲလေ။ ဒါကို အက္ခရာတစ်ထောင်ကျမ်းလို့ခေါ်တယ်။ စုစုပေါင်းစာလုံးရေ တစ်ထောင်ရှိပြီး တစ်လုံးဆီတိုင်းက ထူးခြားတယ်။ ဒီစာလုံးရေ တစ်ထောင်ကိုသိတာက နေ့စဉ်သုံးစကားလုံးအများစုမှာ အကျုံးဝင်တယ်။ ဒါကို အသံထွက်ဖတ်တတ်အောင် အရင်စသင်ပေးမယ်။ တစ်နေ့ကို အကြိမ်ရေများများ ရွတ်ပေးပြီးရင် အဲ့တာကိုမှတ်မိတာနဲ့ အလားတူစာလုံးတွေကို မှတ်နေအောင် ဝါးစာလိပ်တွေကို အသုံးပြုလို့ရပြီ"

မောင်နှမနှစ်ယောက်သည် ဝမ်းသာအားရဖြင့် ထိုင်ခုံများကို ချက်ခြင်းယူကာ ကျိုးကျိုးနွံနွံထိုင်လိုက်ကြပြီး စာသင်ရန် အဆင်သင့်စောင့်နေလေသည်။

စန်းလော့က ရယ်မောလိုက်ပြီး ကလေးများကို စာကြောင်းတစ်ကြောင်း ချင်းရွတ်ဆိုရန် စတင်သင်ကြားပေးလိုက်၏။ သူမက စာကြောင်းတစ်ကြောင်း ပြောသည်နှင့် ကလေးများလည်း နောက်မှလိုက်ရွတ်ကြပြီး သူတို့၏အသံများသည် ခြံအပြင်ဘက်သို့ ပျံ့လွင့်လာကာ အေးစက်သောလေထုကိုပင် လျော့ပါးသွားစေသည်။

ရှန်းအန်းသည် စာဖတ်ခြင်းနှင့် စာရေးရာတွင် ပြင်းပြသောဆန္ဒရှိပြီး အလွန်ကြီးမားသော အခွင့်အလမ်းကို တန်ဖိုးထား၏။ ကလေးများ မှတ်ရလွယ်ကူစေရန် စန်းလော့သည် အက္ခရာစာလုံးတစ်ထောင်ကို အပိုင်းများစွာဖြတ်ကာ သူတို့ကို နည်းနည်းချင်းသင်ပေးလေသည်။

ရှန်းအန်းသည် စာသင်ကြားရာတွင် ဝီရိယရှိပြီး အခြားအလုပ်များ လုပ်ကိုင်ရင်းက မကြာခဏရွတ်ဆိုလေ့ရှိ၏။ တစ်ခုခုကို မမှတ်မိသည့်အခါတိုင်း သူနှင့်အတူ စာလိုက်သင်နေသည့် ရှန်းနဉ်နှင့် ဆွေးနွေးလေသည်။ သူမလည်းမသိပါက သူတို့သည် စန်းလော့ဘက်လှည့်ကာ အကူအညီတောင်းကြရသည်။

……

တစ်ရက်တွင် ရှီလီရွာရှိ အားနျို၊ ရှီထိုနှင့် ရှောင်ယာကဲ့သို့ ကလေးများသည် တစ်စုံတစ်ခုကို အဆက်မပြတ် စတင်ရွတ်ဆိုနေကြလေ၏။ ရွာရှိလူကြီးအများစုပင် နားမလည်နိုင်သော ချောချောမွေ့မွေ့နှင့် သာယာဖွယ်စာလုံးများ ဖြစ်သည်။

သို့သော် ထိုအရာသည် ဆန်းကြယ်သည်ဟုထင်ရပြီး ကလေးများသည် လေးနက်သောအရာတစ်ခုခုကို သင်ယူနေပုံပေါ်သည်။

ရှန်းကျင့်သည်လည်း သတိထားမိလေသည်။

သူသည် အခြားသူများကဲ့သို့သင်ယူခြင်းအ‌ပေါ်တွင် အာရုံမစိုက်သော်လည်း အခြေအနေကို အားကျနေ၏။ တစ်ခြားသူများသာ လုပ်နိုင်ပါက သူသည် ဘာကြောင့် မလုပ်နိုင်ရမည်နည်း။

တဖြည်းဖြည်းဖြင့် သူသည် ကလေးများ စာသင်နေသည့် ပင်မအိမ်အနီးရှိ တောင်ခြေသို့ စတင်ချဉ်းကပ်သွားလေသည်။ ရှန်းအန်း၏ဦးဆောင်မှုဖြင့် ခြံထဲတွင်ကလေးများစွာသည် စာကို အော်ဖတ်နေကြ၏။ သူတို့၏အသံများမှာ ကျယ်လောင်ပြီး တညီတညာထဲဖြစ်သောကြောင့် တောင်အခြေကနေပင်လျှင် ကြားနိုင်လေသည်။

နှစ်ရက်ကြာ ခိုးနားထောင်ပြီးနောက် ပိုင်နက်တွင် ကင်းလှည့်နေသည့် ငန်းတစ်ကောင်က ညီအစ်ကိုသုံးယောက်ကို ရှာတွေ့သွားလေသည်။

ငန်းသည် ချန်းရှောင်ယာနှင့် သူမ၏ပုံမှန်အုပ်စုကို မှတ်မိသော်လည်း ရှန်းကျင့်နှင့်သူ့ညီနှစ်ယောက်ကို မမှတ်မိပေ။ သူစိမ်းတွေက ပတ်ဝန်းကျင်မှာ ခိုးကြောင်ခိုးဝှက်လုပ်နေရင် အတောင်ပံတွေခတ်ပြီး တစ်ဟုန်ထိုးတိုက်ခိုက်ရုံကလွဲပြီး တစ်ခြားဘာလုပ်စရာရှိပါမည်နည်း။

ငန်းက အဝေးတွင် ရှိနေဆဲဖြစ်သော်လည်း ရှန်းထျယ်သည် ကြောက်လန့်တကြားဖြင့် အော်ဟစ်ကာ စတင်ငိုလေတော့သည်။

သူ့မိဘများသည် ငန်းကိုက်ခံရသောကြောင့် သွေးထွက်ပြီး ပွန်းပဲ့ဒဏ်ရာရကာ နှစ်ရက်ကြာမျှ အိပ်ယာထဲမှမထနိုင်ပေ။ ငန်းများကို ကြောက်လန့်နေသော ရှန်းထျယ်သည် ပြေးဖို့ကိုမစဉ်းစားမိတော့ဘဲ သူ့ဒုတိယအစ်ကိုနှင့် အစ်မကို အော်ဟစ်တော့သည်။

ရှန်းအန်း၊ ရှန်းနဉ်နှင့်အခြားသူများသည် ရုန်းရင်းဆန်ခတ် ဖြစ်သည်ကိုကြားတော့ ရှန်းကျင့်ကို လိုက်နေသည့် ငန်းကို ခြောက်လှန့်ပြီး မောင်းထုတ်ရန် အချိန်မီပြေးထွက်လာကြ၏။

ညီအစ်ကိုသုံးယောက်သည် တောင်ခြေရင်း၌ ခိုးနားထောင်နေသည့်ကိစ္စမှာ ပေါ်လာလေသည်။

ရှန်းနဉ်သည် မဖြေသိမ့်နိုင်ဘဲ ငိုနေဆဲဖြစ်သည့် ရှန်းထျယ်ကိုနှစ်သိမ့်ရန် စွံပလွန်ကိတ်တစ်တုံးကို သွားယူလိုက်ပြီး သူ့ကို ခြံဝင်းထဲသို့ ခေါ်သွားလိုက်၏။

ရှန်းကျင့်: “…”

ထိုနေရာတွင် မလှုပ်မယှက်ရပ်နေ‌သော သူ့ကိုမြင်တော့ ချန်းရှောင်ယာက ချဉ်းကပ်သွားလိုက်ပြီး ပြောလိုက်လေသည်။

"ရှန်းကျင့်၊ လာလေဟာ၊ ဘာတွေကြောက်နေတာလဲ။ နင့်အမေက အိမ်မှာမရှိဘူး။ ပြီးတော့ နင့်အဖေကလဲ နင်နဲ့ပတ်သတ်ပြီး ဂရုမစိုက်ဘူးမလား။ နင် ဒီကိုရောက်နေတာ သူ သိမှာမဟုတ်ပါဘူး"

ချန်းရှောင်းယာနှင့်အခြားသူများက ရှန်းကျင့်မလာတော့ခြင်းမှာ သူ့မိဘများဆီမှ အရိုက်ခံရမည်ကို ကြောက်သောကြောင့်ဖြစ်မည်ဟု တွေးလိုက်ကြ၏။ တစ်ရွာလုံးက ရှန်းကျင့်၏မိဘများနှင့် ရှန်းအန်း၏မိသားစုကြားရှိ ရန်စကို သိထားကြလေသည်။

ထိုအရာမှာ မှန်ကန်ပါသည်။ လူမှုဝန်ထမ်းတာဝန်မှ တစ်လကြာပြီးနောက် ရှန်းစန်းတစ်ယောက် အခြားရွာသားများနှင့်အတူ ပြန်ရောက်လာ၏။ ပင်ပန်းနွမ်းလျမှုကြောင့် ကြောင်တောင်တောင် ဖြစ်နေပြီး လုံးဝပင်ပန်းနွမ်းနယ်လို့ပင်။

တစ်လလောက်သာ အလုပ်လုပ်ပြီး ပြန်လာနိုင်သည်တဲ့လား။ လုံးဝမဟုတ်ချေ။ ရှန်းစန်းက တစ်လကြာအပြစ်ပေးခံရစဉ် လီရှီ၏မိသားစုက သူ့နေရာကို တစ်လလောက်ယူမှ တရားမျှတသည်ဟု တွေးလေ၏။

ထုံးစံအတိုင်း သူသည် လီမိသားစုထံသို့ ထိုအရာကို မပြောနိုင်ပေ။ သူသည် အမျိုးသားများအတွက်အလုပ်မှာ အရမ်းပင်ပန်းပြီး ရေနွေးကျိုခြင်းနှင့် ချက်ပြုတ်ခြင်းကဲ့သို့သော အမျိုးသမီးများ၏ အလုပ်သည် သက်သာသောကြောင့် သူက ခဏအနားယူဖို့ ထိုက်တန်သည်ဟု ဆိုသည်။

သူကိုယ်တိုင်မသွားနိုင်သော ရှန်းစန်းက လူမှုဝန်ထမ်းတာဝန်ကို ထမ်းဆောင်ရန် တစ်လကြာပြီးနောက်ပြန်လာမည်ဟု ကတိပေးလိုက်ပြီး သူ့ဇနီးလီရှီကို လွှတ်လိုက်လေသည်။ ထို့ကြောင့် ကလေးများကို အိမ်တွင် စောင့်ရှောက်ရမည့်သူမှာ လီရှီမဟုတ်ဘဲ ရှန်းစန်းဖြစ်တော့သည်။

သူ့လက်ကိုဆောင့်ဆွဲရင်း ချန်းရှောင်းယာသည် သူ့အား ခြံဝင်းငယ်ဆီသို့ ဦးဆောင်ခေါ်သွားလိုက်၏။

"လာပါ၊ သွားရအောင်။ ငါတို့က နင့်အဖေနဲ့ပတ်သတ်ပြီး မပြောရင် သူလဲသိမှာ မဟုတ်ဘူး"

ချန်းရှောင်းယာမှာ သိပ်မသန်မာသော်လည်း ရှန်းကျင့်ကိ အတိုင်းအတာတစ်ခုအထိ ဆွဲခေါ်သွားနိုင်သည့် အင်အားတော့ရှိလေသည်။

...

အပိုင်း (၉၄) အသက်ရှင်နေသေးတယ်။

ခြံဝန်းငယ်လေးသည် အရင်ကနှင့်အတူတူဖြစ်သော်ငြားလည်း တမူထူးခြားလေးနက်သည်။ အစောပိုင်းက ဘယ်သူမှဝင်ခွင့်မရှိသည့် နေရာတစ်ခုသည် အခုတော့ အရှေ့ဘက်ခြံဝန်းထဲတွင် ကစားခွင့်ပေးထားသည့် ရှန်းအန်း၏သူငယ်ချင်းတစ်စုတို့ မကြာခဏ ဝင်ထွက်ရာနေရာ ဖြစ်လာသည်။

ထို့အပြင် ကလေးများက ရှန်းအန်နှင့်ရှန်းနဥ်တို့နှင့်အတူ လာကစားရင်း စာလုံးတစ်ချို့ကို သင်ယူနိုင်သည့်အတွက်ကြောင့် ချန်းယိုထျန်းက ခွေးခြေခုံပုလေးများကို အရင်ဆုံး လုပ်ပေးထားလိုက်လေသည်။ ထို့ကြောင့် ခြံဝန်းထဲတွင် ထိုင်စရာနေရာ ရှိလာလေသည်။ ရှန်းကျင့်နှင့် ရှန်းယင်တို့သည် ခြံဝန်းထဲသို့ ဝင်လာသည်တွင် သူတို့သည် ရင်းနှီးပြီးသား သူငယ်ချင်းများကို တွေ့လိုက်ရသည်။ မြေရှင်းလင်းတုန်းက ခင်မင်ခဲ့ကြသည့်သူငယ်ချင်း၊ ကျောက်တုံးသယ်တုန်းက ခင်မင်ခဲ့သည့်သူငယ်ချင်း၊ လျှော်ခွာတုန်းက ခင်မင်ခဲ့ကြသည့်သူငယ်ချင်းများ ဖြစ်လေသည်။ ညီအစ်ကိုများကို ထူးဆန်းသည့်အကြည့် ဘာတစ်ခုမှမပါဘဲ ကြိုဆိုလိုက်ကြသည်။

သန့်ရှင်းရေးလုပ်ပေးထားသည့် ရှန်းထျယ်၏မျက်နှာသည် ချိုချဥ်အရသာ မုန့်ရေကြည်လေးကို စားနှင့်ပြီဖြစ်ရာ သူ့မျက်ရည်များက မခြောက်ခမ်းသေးဘဲ သူ၏ရှိုက်သံကလဲ လုံးဝရပ်တန့်မသွားသေးချေ။ သို့သော်ငြားလည်း ဒါက သူ့ကို မုန်ရေကြည်အား ဂရုတစိုက် စားသောက်ဖို့ရန် တားဆီးနိုင်ခြင်းမရှိပေ။

အိမ်ထဲသို့ဝင်သွားပြီး ခဏပျောက်သွားသည့် ရှန်းအန်းက ပြန်ထွက်လာပြီး မုန့်ရေကြည်တစ်တုံးစီကို ရှန်းကျင့်နှင့်ရှန်းယင်တို့အား ပေးလိုက်လေသည်။

ဝမ်းကွဲမောင်နှမများသည် ၉လပိုင်းကုန်ကာနီးကတည်းက အတူတူ မကစားကြတော့သည်မှာ တစ်လခွဲခန့် ရှိနေပြီဖြစ်သည်။ အလွန်မှ ရင်းရင်းနှီးနှီးနေခြင်းက ရှန်းကျင့်ကို အရိုက်ခံရစေနိုင်ကြောင်း သိထားသောကြောင့်ပင်။ အစောပိုင်းက သူ့အတွက် မုန့်မျိုးစုံကို ချန်းရှောင်ယာကတစ်ဆင့် တိတ်တိတ်လေး ပို့ပေးခဲ့ရသည်။

ဒါသည် ထိုစဥ်ကတည်းက သူတို့အတူတူ ရှိကြသည့် ပထဦးဆုံးအကြိမ်ပင်။ ရှန်းကျင့်နှင့်ရှန်းယင်တို့က အတိုင်းအတာတစ်ခုအထိ အနေကြပ်ပြီး ကို့ယို့ကားယား ဖြစ်နေကြသည်။ ရှန်းအန်းက ပြုံးကာ ရိုးသားသည့် စိတ်ရင်းအမှန်ဖြင့် ကျေးဇူးတင်စကားပြောလိုက်ပြီး မုန့်ကိုလှမ်းပေးလိုက်လေသည်။

တခြားသူများက နားမလည်လောက်သော်ငြားလည်း ရှန်းကျင့်ကတော့ ရှန်းအန်းက သူ့ကို ကျးဇူးတင်စကား ပြောရသည့်အကြောင်းအရင်းမှာ ပြီးခဲ့သည့်တစ်ခေါက်က သူ သတိပေးခဲ့သည့်အတွက်ကြောင့်မှန်း သိလေသည်။

သူက ခံစားချက်တစ်ခု ရောနှောသွားပြီး သူ့သတိပေးချက်က မိဘဖြစ်သူများကို လမ်းလုပ်ငန်းအလုပ်သို့ ပို့ဆောင်ပေးသည့် ရလဒ်ဖြစ်သွားမှန်း သဘောပေါက်လိုက်တော့လေသည်။

ရှန်းကျင့်က ပေးလာသည့်မုန့်ရေကြည်ကို လှမ်းယူဖို့ တွန့်ဆုတ်နေသည်။ သို့သော်ငြားလည်း ရှန်းယင်ကတော့ ဆက်ပြီး ထိန်းချုပ်မနေပေ။ အားလုံးက ဘာထူဆန်းသည့် အကြည့်နှင့်မှ သူတို့ကိုကြိုဆိုသည် မရှိလေရာ သက်တူရွယ်တူများဖြစ်သည့် ရှီထို အားရှုနှင့်စန်းနျိုတို့ကလဲ သူ့ကို ခပ်တိုးတိုးလေး ဝမ်းသာအားရ နှုတ်ဆက်ကြလေသည်။ ရှန်းယင်က အလွန်ပျော်သွားတော့သည်။

သူက ရှန်းအန်း၏လက်ထဲက မုန့်ရေကြည်နှစ်တုံးကို လှမ်းယူလိုက်ပြီး တောက်ပစွာ ပြုံးပြလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဒုတိယအစ်ကို"

ထို့နောက်တွင် တစ်တုံးကို သူ့ကိုယ်တိုင်အတွက် သိမ်းထားလိုက်ပြီး ကျန်တစ်တုံးကို ရှန်းကျင့်အားလှမ်းပေးလိုက်ကာ ပြောလိုက်လေသည်။

"အစ်ကိုကြီး ဒီတစ်ခုက မင်းအတွက်"

ရှန်းအန်းက ရယ်မောလိုက်ပြီး သူတို့အဖွဲ့လေးက စိတ်အားထက်သန်စွာ စာဖတ်ကြပြန်သည်။

ကောင်းကောင်းဖတ်နိုင်သူများက ညနေခင်းတွင် အိမ်၌ သူတို့၏မိဘနှင့်အဘိုးများကို ပြန်ရွတ်ပြလိုက်ကြသည်။ သူတို့သည် ချီးကျူးစကားများကို လက်ခံရသည့်အပြင် ဆုလာဘ်အနေဖြင့် ကြက်ဥတစ်လုံးကိုလဲ ရနိုင်ပေသည်။ ထို့အပြင် ထိုလုပ်ဆောင်ချက်လေးက အိမ်တွင်ကစားရသလို ပျော်စရာကောင်းပေသည်။ ထိုကြောင့် ကလေးများက သူတို့ရွတ်ဆိုနေသည့်အရာကို အပြည့်အဝ နားမလည်သော်ငြားလည်း သူတို့က အင်မတန်မှ ပျော်ရွှင်ကြလေသည်။

ရှန်းအန်းက အားလုံးကို စာဖတ်ရန် သင်ပေးရာတွင် စိတ်အားအထက်သန်ဆုံးသူ ဖြစ်ပေသည်။ အကြောင်းမှာ သူကိုယ်တိုင်ကလဲ သင်ယူလေ့လာနေရခြင်းကြောင့်ပင်။ သူက သင်ပေးရလေလေ ပိုပြီး မှတ်မိလေလေပင်။ မှားယွင်းစွာ သင်ကြားပေးမိမည် စိုးရိမ်သဖြင့် သူက ညပိုင်းတွင် သူ့မရီးနှင့် အကြိမ်ကြိမ် အဖန်ဖန် ပြန်ဖတ်ပြီး ကြီးမားသည့် စိတ်အားထက်သန်မှုဖြင့် မနားမနေ သင်ကြားပြီး သင်ယူလေသည်။ အခုတော့ သူက အားလုံးကို လာထိုင်ဖို့ ခေါ်လိုက်လေသည်။

ကလေးတစ်ယောက်ချင်းစီက သူတို့၏ ကိုယ်ပိုင်ခွေးခြေခုံလေးများ ရှိကြသည်။ ဟူကျီက ရှန်းကျင့်တို့အတွက် သစ်သားပြားလေးကို ယူလာပေးပြီး သူ့ဆီကို ဆွဲခေါ်လိုက်သည်။

"ဒီကိုလာခဲ့၊ မင်းက ဒီမှာထိုင်"

ရှန်းယင်ကလဲ သူငယ်ချင်းတစ်ယောက်စီက သစ်သားပြားလေးကို ရခဲ့သည်။ ဒီအချိန်တွင် ရှန်းထျယ်ကတော့ သက်တောင့်သက်သာ အရှိဆုံးပင်။ ရှန်းနဥ်က အိမ်ထဲမှ ခွေးခြေခုံလေးတစ်ခုကို သူ့ကို ပေးထားလေသည်။

စာဖတ်သည့်အချိန်က ပြန်ပြီးစတင်လိုက်သည်။ ဒီအချိန်တွင် လူသစ်သုံးယောက်ကို အထူးအာရုံစိုက်ပေးကာ ရှန်းအန်းက ပထမဦးဆုံးစာကြောင်းကို စပြီးရွတ်ပြလေသည်။

မုန့်ရေကြည်တုံးလေးကို ကိုင်ထားသည့် ရှန်းကျင့်က သစ်သားအပြားလေးပေါ်တွင် ထိုင်လိုက်ပြီး လက်ထဲက ဝါးဖြင့်ပြုလုပ်ထားသည့် စာလိတ်တစ်ခုကိုင်ရင်း ခေါင်းလေးကိုလှုပ်ကာ စိတ်အားထက်သန်စွာ သင်ကြားနေသည့် ရှန်းအန်းကို ကြည့်နေမိလေသည်။

သူက ဟူကျီတို့လို သက်တူရွယ်တူလေးများက ရယ်မောပြီး အသံထွက်ကာ စာဖတ်နေကြသည်ကို လေ့လာမိလိုက်ပြီး သူ့နှုတ်ခမ်းများကလဲ အရင်ဆုံး ချီတုံချတုံဖြင့် လှုပ်ရှားလာလေသည်။ သို့သော်ငြားလည်း ရှန်းအန်းက "ဆောင်းဦးမှေးမှိန်ကာ နွေဦးရောက်လာ” ဟူသည့် စကားစုကို ရောက်သည့်အချိန်တွင် ဟူကျီက တတောင်ဖြင့် လှမ်းတွတ်လိုက်ပြီး ရှန်းကျင့်က အသံထွက်ကာ စာဖတ်လိုက်သော်လည်း အသံကတော့ တိုးညှင်းလို့နေသည်။

စာကြောင်းအနည်းငယ် ဖတ်ပြီးနောက်တွင် ဒါက သူ့အတွက် ဝင်ပါလာဖို့ ပိုပြီးလွယ်ကူသယောင် ထင်ရလေသည်။

စန်းလော့က ကျူးရိုအခြောက်တစ်စည်းဖြင့် ပြန်လာချိန်တွင် ခြံဝန်းအပြင်ဘက်က သည်မြင်ကွင်းကို မြင်လိုက်ရသည်။ သူမက အသံမပေး အထဲသို့မဝင်တော့ဘဲ ကျူးရိုးအစည်းကို ကြက်ခြံဆီသို့ တိတ်တိတ်လေး သယ်သွားလိုက်လေသည်။

တနေ့တခြား ပိုပြီး အေးလာသည်တွင် ကြက်များနှင့်ဘဲများ၏ အသိုက်ကလဲ အပိုအခင်းလေးများ ထည့်ပေးဖို့ရန် လိုအပ်ပေသည်။ ထူထဲစွာယက်လုပ်ထားသည့် ကျူရိုးဖျာကို နံရံနှင့်အမိုးအတွက် လုပ်ပေးရန်လိုအပ်သည်။ ဘဲငန်းများအတွက် အကာအရန်တစ်ခုကလဲ လိုအပ်ပေသည်။ သူတို့၏ ရှိပြီးသားခြံလေးနှင့်ဆိုလျှင် ဆောင်းတွင်းကို သည်းခံနိုင်လိမ့်မည် မဟုတ်ချေ။ ဒါက ရေစိုခံနိုင်သော်လည်း လေဒဏ်ကိုတော့ မခံနိုင်ပေ။ သူတို့သည် လေအေးကြောင့် အေးခဲသွားနိုင်ပေသည်။

ခြံဝန်းထဲတွင် ခွေးခြေခုံငယ်လေးများရှိပြီး အပြင်ဘက်တွင်တော့ အာ့နျို၊ ဟူကျီနှင့် တခြားကလေးကြီးများက ယာယီထိုင်ခုံများလုပ်ရန် သယ်လာသည့် ကျောက်တုံးကြီးများ ရှိလေသည်။ စန်လော့က ထိုကျောက်တုံးထဲက တစ်ခုပေါ်တွင်ထိုင်လိုက်ပြီး ကျူဖျာများကို ယက်လုပ်လိုက်သည်။

ကျူဖျာများကိုယက်လုပ်သည်က အထူးတလည် ခက်ခဲခြင်းတော့မဟုတ်ပေ။ အထဲက ကလေးများ၏စာဖတ်သံကို နားထောင်းရင်း သူမက ကျူရိုးအစည်းကြီးတစ်စည်းကို ကျူဖျာသုံးခု မြန်မြန်လေး ယက်လုပ်ပြီးလေသည်။ စန်းလော့က ကျူဖျာနှစ်ခုကို ဘဲခြံအမိုးလုပ်ပေးလိုက်ပြီး တတိယတစ်ခုကိုတော့ ကြက်ခြံအမိုး ကာပေးလိုက်ကာ ကျူရိုးများကို ထပ်ပြီးဖြတ်ဖို့ ပြန်ထွက်သွားတော့သည်။

ကလေးများက စာဖတ်သည့်အချိန်ပြီးသွားပြီး ကြက်ခြံလေးက ပြောင်းလဲသွားသည်ကို မြင်လိုက်ရပြီးသည့်နောက်တွင် သူတို့တစ်ယောက်စီက အိမ်ပြန်သွားကြပြီး သူတို့၏တံစဥ်များကိုယူကာ ကျူရိုးဖြတ်ရန်အတွက် အဖွဲ့လိုက် ထွက်သွားကြပြန်သည်။ စန်းလော့က ဒုတိယအကြိမ် ကျူဖျာများကို ယက်လုပ်နေစဥ် ကလေးများက တစ်ယောက်ချင်းစီ ကျူရိုးအစည်းကြီးတစ်စည်းစီကို သယ်လာပြီး သူမဆီ ယူလာပေးလေသည်။

ရှန်းအန်းသည် ဆရာငယ်လေးတစ်ယောက် ဖြစ်လာသည်။ သို့သော်ငြားလည်း စန်းလော့ကတော့ တကယ့်ဆရာပင်။ ကလေးအားလုံးက သိလေသည်။ သူတို့၏ မိဘများနှင့်အဘိုးအဘွားများက သတိထားမိလာပြီး သူတို့ကိုကူညီပေးဖို့ အမြဲတမ်း သတိပေးတတ်သည်။ ထို့အပြင် အိမ်ပတ်ဝန်းကျင်က ဝေယျာဝစ္စများကိုလဲ လုပ်ပေးဖို့ပြောတတ်လေသည်။

ကျူရိုးဖြတ်သည်က ပင်ပန်းသည့်အလုပ်တစ်ခု မဟုတ်ချေ။ စန်းလော့က ထိုအရာများကို ကျေးဇူးတင်စိတ်ဖြင့် လက်ခံပေးလိုက်သည်။ သူမက ကလေးများကို ကျေးဇူးတင်စကား ပြောလိုက်ပြီး ကျူဖျာကို ကူယက်ပေးမည့်သူတို့၏ အကူအညီကိုတော့ ငြင်းပယ်လိုက်ကာ သူတို့ကို သွားကစားခိုင်းလိုက်ပြီး သူမတစ်ယောက်ထဲ ဆက်လုပ်လိုက်တော့သည်။

အလုပ်များသည့် နေ့တနေ့အပြီးတွင် ကြက်ခြံနှင့်ဘဲခြံနှစ်ခုစလုံးကို ဆောင်းတွင်းအတွက် အဆင့်မြှင့်တင်ပြီးသွားလေသည်။ သူမက ဘဲငန်းများပြေးလွှားရန်အတွက် ကန့်ထားသည့်အကန့်ကို ဖြတ်ချလိုက်ပြီး တောင်ကျစမ်းရေတွင် ဝါးလုံးများကို ဆေးကြောလိုက်ကာ ခြံဝန်းနံရံနှင့်ကပ်လျက်တွင် အကျယ် နှစ်မီတာပတ်လည်ရှိသည့် ငန်းခြံကို ဆောက်လုပ်ပေးလိုက်လေသည်။ သေးငယ်သည့် တံခါးပေါက်လေးတစ်ခုက လွဲလျှင် ထိုခြံဝန်းလေးကို ဝါးများဖြင့် ဝန်းရံထားပြီး ထူထဲသည့်ကျူဖျာနှစ်ခုကို ထပ်ခင်းပေးထားကာ အစိုဓာတ်ကို ထိန်းသိမ်းပေးဖို့ရန်အတွက် မြေကြီးတွင် ပျဥ်ပြားများကို ခင်းထားပေးလိုက်သည်။ သက်တောင့်သက်သာရှိလှသည့် အခန်းတစ်ခု ဖြစ်လာလေသည်။

ငန်းသုံးကောင်က သူတို့၏သခင်က သူတို့၏ အိမ်အဟောင်းလေးကို ဖြတ်နေသည်ကို စောင့်ကြည့်နေကြပြီး သိလိုစိတ်ဖြင့် ဇဝေဇဝါ ဖြစ်နေတော့သည်။ သို့သော်ငြားလည်း မကြာမှီတွင် သူမက အိမ်အသစ် ဆောက်ပေးနေမှန်း မြင်လိုက်ကြသည်။

အိမ်အသစ်။

စန်းလော့က အထဲဘက်တွင် ကျူရိုးအခြောက်များကို ခင်းပေးနေစဥ် ဘဲငန်းများက သူတို့၏နေထိုင်ရာ အိမ်အသစ်လေးကို မထူးဆန်းဘဲ မနေနိုင်အောင် ဖြစ်နေကြသည်။ သူမက ဘေးကိုဖယ်ပေးလိုက်သည်နှင့်ချက်ခြင်း သူတို့က တန်းစီပြီး သူတို့၏ အိမ်အသစ်လေးထဲသို့ ဝင်သွားကြလေသည်။ သူတို့အတွက် အမိုးမရှိ ကျိုးတိုးကျဲတဲ အိမ်ဟောင်းလေးနှင့်ယှဥ်လိုက်လျှင် ဒါက ပိုပြီးကြီးမားသည့် အဆင့်မြင့်အိမ်တစ်ခုပင်။

သူတို့သည် ဝပ်ဖို့ရန်နေရာ သက်တောင့်သက်သာ နေရာတစ်ခုကို ရှာတွေ့သွားပြီး ထွက်သွားကြတော့သည်။

ကိုယ်ပိုင်အိမ်ရှိကြသည့် အိမ်နီးချင်းများက အကောင်ငယ်လေးများကို ထပ်ပြီးအားကျနေရန် မလိုတော့ပေ။ သူတို့သည် ထိုအကောင်ငယ်လေးများ၏ အိမ်ကို အစောကြီးကတည်းက မက်မောအားကျကြသော်လည်း ထိုတံခါးပေါက်သေးသေးလေးကို ဖြတ်ဝင်ဖို့ရာက မတတ်နိုင်ခဲ့ပေ။ အခုတော့ သူတို့သည် ပိုပြီးဇိမ်ကျလာသည့် နေရာထိုင်ခင်း ကိုယ်ပိုင်အိမ်တစ်ခုလေးကို ပိုင်ဆိုင်ခဲ့ရလေရာ သူတို့၏ရင်များက ဝင့်ကြွားစွာ ဖွင့်ထားတော့သည်။

ဘဲငန်းများ၏ သူတို့၏အိမ်အသစ်ကို နွေးနွေးထွေးထွေး လက်ခံနေကြသည်ကို မြင်လိုက်သည်တွင် စန်းလော့ကလဲ ကျေနပ်ရလေသည်။ သူမက ငန်းအိမ်လေးအတွက် တံခါးတစ်ခုကို လုပ်ထားပြီးဖြစ်သော်လည်း အသုံးမပြုခဲ့ချေ။ မြွေများက ဆောင်းခိုနေကြပြီ ဖြစ်သော်ငြားလည်း ဘဲငန်းများက စူစိမ်းနှင့်တိရိစ္ဆာန်များကို သတိရှိရှိဖြင့် ကာကွယ်ပေးကြလေရာ သူတို့၏ ပါးလျားလှသည့်အကြားအာရုံက အိမ်ကို တက်တက်ကြွကြွ ကာကွယ်ပေးလေသည်။ ထို့ကြောင့် တံခါးကို ဖွင့်လျှက်ထားခြင်းက ငန်းများအတွက် အန္တရာယ်ကို သတိပေးဖို့ရာ ချုပ်တည်းထားလိမ့်မည် မဟုတ်ချေ။

စန်းလော့က သူမ၏ ကြက်၊ဘဲနှင့် ဘဲငန်းများအတွက် နွေးထွေးသည့်နေရာထိုင်ခင်း ပြင်ဆင်ခြင်းက တော်တော်လေး အချိန်ကိုက်ဖြစ်ပေသည်။ ၉လပိုင်းကုန်သို့ ရောက်လာသည်နှင့် အအေးဓာက်က ပိုလာသည်။ အနွေးထည်ထူထူများကို ဝတ်တတ်သည့်သူများပင် သိသာလာသည်။ လူအများစုက ဆောင်းတွင်း၏ အအေးဓာတ်ကို ကာကွယ်ရန် အိမ်ထဲတွင် နေရသည်ကို ပိုပြီး သဘောကျလေသည်။

စန်းလော့၏အိမ်ကလေးသည် ဆောင်းတွင်းအတွက် ကောင်းကောင်းမွန်မွန် ပြင်ဆင်ထားခဲ့သော်ငြားလည်း သူမကိုယ်တိုင်အတွက်တော့ များများစားစား မလုပ်ခဲ့ချေ။ သူတို့တွင် စပါး၊ ဆန်၊ဆီနှင့် ဆားများ လုံလုံလောက်လောက် ရှိပေသည်။ ထင်းမီးအတွက်တော့ ကလေးများက ရှန်းအန်နှင့်အတူ စာစဖတ်ကတည်းက ရက်ခြားဆိုသလို မိသားစုများက သူမ၏အိမ်အတွက် ထင်းများကို ယူလာပေးတတ်ကြသည်။ ထင်းစည်းများ၊ ခွဲထားသည့် သစ်တုံးများ၊ ထင်ရှူးကိုင်းများလဲ ရှိလေသည်။ စန်းလော့၏ အနောက်ဘက်ခြံလေးက အခုဆိုလျှင် အပြည့်ဖြစ်နေသည့် ထင်းတဲလေးတစ်ခု ဖြစ်လာလေသည်။ မိသားစုသုံးခုကလဲ ကြိုတင်တိုင်ပင်ထားသည့်အတိုင်းပင်။ အသီးအရွက်ခြောက်များ ထည့်ထားသည့် ခြင်းတောင်းကို လာပို့ပေးကြလေရာ စန်းလော့က အိုးအလွတ်ထဲတွင် သိမ်းဆည်းထားလိုက်လေသည်။

သူမ၏ ခြံအနောက်ဖက် ဟင်းသီးဟင်းရွက် ခင်းလေးတွင်တော့ အအေးဒဏ်ကိုခံနိုင်သည့် အသီးအရွက်များက ခူးဆွတ်လို့ရနိုင်သည့် အရွယ်အထိ ရောက်လာပြီ။ စန်းလော့က ဆောင်းတွင်းအတွက် သက်တောင့်သက်သာ အခြေချနိုင်ပေသည်။

ဆောင်းတွင်း၏ ပထမဦးဆုံးနှင်းက ၉လပိုင်း၂၂ရက်နေ့ ညသန်းခေါင်တွင် ရောက်ရှိလို့လာသည်။

စန်းလော့သည် ညသန်းခေါင်တွင် အေးသည့်ခံစားချက်ကြောင့် နိုးထလာပြီး ပြတင်းပေါက်အပြင်ဘက်က အလင်းရောင်တစ်ချို့ကို တအံ့တသြ မြင်လိုက်ရသည်။ သူမက အအိပ်လွန်သွားပြီဟု ထင်မိလိုက်ပြီး အိပ်ယာပေါ်က မြန်မြန် ထထိုင်လိုက်လေသည်။

အနီးကပ်ကြည့်လိုက်မှ ပြတင်းပေါက်အပြင်ဘက်က ကောင်းကင်ပေါ်တွင် နှင်းပွင့်လေးများက တဖွဲဖွဲ သိမ်သိမ်မွေ့မွေ့ ကျနေသည်ကို မြင်လိုက်ရတော့သည်။

သူမက အနွေးထည်လေးကို ဝတ်လိုက်ပြီး ကုတင်ပေါ်ကဆင်းကာ တံခါးကိုနည်းနည်းလောက် ဟလိုက်ပြီး အပြင်ဘက်ကို ကြည့်လိုက်သည်။ ခြံဝန်းလေးက ထူထဲသည့်နှင်းလွှာတစ်ခုဖြင့် လွှမ်းခြုံထားသည်ကို မြင်လိုက်ရလေသည်။

စန်းလော့မှာ အတိုင်းအတာတစ်ခုအထိ တအံ့တသြ ဖြစ်သွားရသည်။ တောင်ပိုင်းက သူမ၏အရင်ဘဝတွင် နှင်းများက ရှားရှားပါးပါး ကျတတ်သည်။ မြေကြီးပေါ်တွင် စုပုံလေ့မရှိပေ။ အွန်လိုင်းပေါ်တွင် သူငယ်ချင်းများတင်ထားသည့် ပို့စ်များဆီကသာ မြင်ဖူးခဲ့လေသည်။

ဒီအချိန်ကာလတွင် တောင်ပိုင်း၌ နှင်းများက ဒီလို ထူထူထဲထဲ ကျရောက်တတ်သည်တဲ့လား။

ဝမ်းသာခြင်းနှင့် စိတ်လှုပ်ရှားခြင်းတို့ ရောနှောသည့် ခံစားချက်တစ်ခုတွင် သူမ၏ ပထမဦးဆုံး အတွေးမှာ ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို နှင်းများကျနေသည်ကို ပြဖို့ရန် နိုးလိုက်ခြင်းပင်။ သို့သော်ငြားလည်း သူတို့က နှစ်နှစ်ခြိုက်ခြိုက် အိပ်နေကြသည်ကို မြင်လိုက်သဖြင့် သူမ၏ စိတ်အားထက်သန်မှုကို ထိန်းချုပ်ထားလိုက်ရလေသည်။ သူမက တံခါး၏ ကျဥ်းကျဥ်းလေးဟထားသည့်နေရာမှ နှင်းများကို ကြည့်နေလိုက်ပြီး လေအေးဝင်မလာအောင် ဂရုတစိုက် လုပ်ထားလိုက်ပြီးနောက် တံခါးကိုပြန်ပိတ်လိုက်ပြီး အိပ်ယာသို့ ပြန်လာခဲ့လေသည်။

မနက်အစောပိုင်းတွင် တို့ဟူးလုပ်ရခြင်းကြောင့် စောစောလေးနိုးထတတ်သည့် အကျင့်ရှိနေသည့် ရှန်းအန်းနှင့်ရှန်းနဥ်တို့က ပုံမှန်အတိုင်း အိပ်ယာထလာသည်တွင် ပြတင်းပေါက်အပြင်ဘက်က ထူးခြားသည့်အလင်းရောင်ကို သတိထားမိလိုက်သည်။ နှင်းကျနေသည့်အကြောင်း စန်းလော့၏ ဝမ်းသာအားရ ကြေငြာသံကို ကြားလိုက်သည်တွင် သူတို့က စိတ်လှုပ်ရှားကာ အဝတ်အစားများကို ဝတ်စားလိုက်ကြပြီး အပြင်သို့ ပြေးထွက်သွားလိုက်သည်။

အစပိုင်းတွင်တော့ နည်းနည်းလေး အေးနေသေးသည်။ သို့သော်ငြားလည်း တို့ဟူးကြိတ်ရသည့် အလုပ်က ခွန်အားသုံးရသည့် အလုပ်တစ်ခုဖြစ်ပြီး တို့ဟူးမကြိတ်သည့်သူများကလဲ မီးဘေးတွင်ဆက်တိုက် အလုပ်များနေရသည်ဖြစ်ရာ သူတို့သည် အလွန်မှ အေးသည်ဟု မခံစားခဲ့ရပေ။ မောင်နှမနှစ်ယောက်က ပဲများကိုကြိတ်နေရင်း မိုးလင်းပြီးနောက်တွင် သူငယ်ချင်းများနှင့် နှင်းထဲတွင်ကစားကြဖို့ စိတ်အားထက်သန်စွာ စဥ်းစားနေကြလေသည်။

ပထမဦးဆုံးကျသည့်နှင်းက ဆောင်းတွင်းအတွက် သေသေချာချာ ကြိုတင်ပြင်ဆင်ထားသည့် မိသားစုအတွက် ဝမ်းသာ လှပစရာမြင်ကွင်းတစ်ခု ဖြစ်သော်ငြားလည်း သေချာပြင်ဆင်မထားရသည့် မိသားစုများအတွက်တော့ တောင့်ခံရမည့် ရာသီတစ်ခုဖြစ်ပေသည်။

ရွာထဲက အိမ်ခြေ၇ခု ၈ခုလောက်ကတော့ အအေးဓာတ်ကို တောင့်ခံရလေသည်။ အများစုက အဝတ်အစားအတွက် ဝါဂွမ်းနှင့်လုပ်ထားသည့် အဝတ်အစား တစ်ထည်နှစ်ထည်သာ ရှိကြပြီး သူတို့၏ အပေါ်ထပ်အနွေးထည်နှင့် ဂွမ်းစောင်များကိုတော့ ထိရောက်မှုမရှိသည့် ကျူရိုးနှင့်ကျူပင်ဖူးများကို ရွာထဲတွင် ပတ်ပြီးစုဆောင်းထားသည့် ကြက်မွှေးနှင့်ဘဲမွှေးများနှင့်ရောကာ ထပ်သိပ်ထားကြလေသည်။

ဟုတ်ပါသည်။ တိရိစ္ဆာန်မွေးမြူရေးကို မတတ်နိုင်ကြသည့်သူများကတော့ ရွာထဲက ကြက်များ၊ဘဲများနှင့်ငန်းများက ကျွတ်လာသည့် အမွှေးများကို မကြာခဏ ရှာဖွေရလေသည်။ သည်အမွှေးများက ထိုကောင်လေးများ၏ အဆက်မပြတ် လှုပ်ရှားပြီး မကြာခဏ ရန်ဖြစ်ကြခြင်းကြောင့် ကျလာသည့်ငှက်မွှေးများဖြစ်သည်။ ဆင်းရဲသားကလေးများက သူတို့တွေ့ခဲ့သည့် တခုချင်းစီကို တန်ဖိုးထားကြသည်။ တနှစ်ကျော်လာသည့်တိုင် သူတို့သည် များများစားစား မစုဆောင်းနိုင်ခဲ့ကြသော်လည်း ကျူရိုးနှင့်ကပ်တေးများနှင့် ပေါင်းလိုက်လျှင်တော့ အနည်းငယ်ပိုသည့် အနွေးဓာတ်လေးကို ရရှိနိုင်ပေသည်။

သို့သော်ငြားလည်း သည်ငှက်မွှေးထည့်ထားသည့် အနွေးထည်နှင့် ဂွမ်းစောင်များကို အသုံးပြုဖို့ရန်က သက်တောင့်သက်သာ ရှိလှသည်တော့ မဟုတ်ပေ။ ကျေးလက်က အိမ်ထောင်စုအများစုသည် ငှက်မွှေးများကို ပြန့်နေပြီး အောက်သို့မကျအောင် မထိန်းထားနိုင်သည့် လျှော်ကြမ်းအင်္ကျီများကိုသာ တတ်နိုင်လေရာ ထိုငှက်မွှေးလေးများက မကြာခဏဆိုသလို ဟိုတိုးဒီတိုးဖြင့် ယားယံစေလေသည်။

သို့သော်ငြားလည်း ထိုသက်တောင့်သက်သာ မရှိလှသည့် ခံစားချက်ကို မည်သူက စိတ်ထဲထည့်နိုင်ပါမည်နည်း။ ထိုကာလအချိန်တွင် အနွေးဓာတ်လေး နည်းနည်းပါးပါးကပင် ကံကောင်းခြင်းတစ်ခုဖြစ်လေသည်။

ပိုပြီးဆင်းရဲလှသည့် အိမ်ထောင်စုများအတွက် ညသန်းခေါင်တွင် အရေးတကြီး စိတ်ပူရမည့်အရာက သူတို့၏ ခေါင်မိုးများပင်။ နှင်းများက သဲသဲမဲမဲ ကျလာသည်တွင် ခေါင်မိုးက ကျိုးကျတတ်သည့်အန္တရာယ်လည်း ရှိလေသည်။

အလင်းရောင်ပေါ်လာသည်နှင့် တပြိုင်နက် ပထမဦးဆုံး အလုပ်က မြေကြီးနှင့်ခေါင်မိုးများပေါ်တွင် နှင်းများကိုဖယ်ထုတ်ရသည့် တာဝန်ပင်။ မနက်ခင်းတွင် အားလုံးက သူတို့၏ကိုယ်ပိုင်အိမ်ရှေ့တွင် နှင်းများကိုရှင်းလင်းကြပြီး လှေကားများဖြင့် ခေါင်မိုးပေါ်က နှင်းများကို တက်ရှင်းကြလေသည်။

နေ့လည်ခင်းတွင် ကျိုးရွာသူကြီးက အိမ်ခြေတစ်ခုစီကို လှည့်ပတ်သွားလာပြီး အနွေးထည်များရှိကြပြီး အပြင်ထွက်နိုင်ကြသည့် ယောက်ကျားသားများကို ပတ်ခေါ်လေသည်။ သူတို့သည် အသက်ကြီးရွယ်အို အမျိုးသမီးများနှင့်ကလေးများသာနေထိုင်ကြသည့် ယောက်ကျားအင်အားမရှိသည့် အိမ်များ၏ခေါင်မိုးထက်က နှင်းများကို ကူညီရှင်းလင်းပေးရလိမ့်ည်။ ယိုယွင်းနေသည့် ကောက်ရိုးခေါင်မိုးများနှင့် အိမ်အတွက်ကိုတော့ သူတို့သည် ကောက်ရိုးများကို ထပ်ပြီးစုဆောင်းပေးကာ အစားထိုးအဖြစ် ကောက်ရိုးဖျာများကို တင်းတင်းကြပ်ကြပ် သေချာလေးလုပ်ပေးဖို့ လိုပေသည်။ တစ်အိမ်ပြီးတစ်အိမ် သွားလာပြီးနောက် ရွာအဝင်ဝက နောက်ဆုံးတစ်အိမ်သို့ ရောက်လာချိန်တွင် နေ့လည်စာ ထမင်းစားချိန်ပင် ရောက်နေလေသည်။

ချန်းယိုထျန်း၊ ကျိုးလိုင်ကျီနှင့် အဘိုးချန်းတို့လို လူကြီးများက မြေကြီးပေါ်တွင် ကောက်ရိုးဖျာများကို လုပ်ပေးနေသည်။ ပိုငယ်ရွယ်ပြီး သွက်လက်သည့် ရွာသားများဖြစ်ကြသည့် ကျိုးစန်းလန်နှင့် လုစန်းလန်တို့က လှေကားဖြင့် ခေါင်းမိုးပေါ်တက်ပြီး အနည်းငယ် ပိုသန်မာကြသည့် ရှီအာ့လန်၊ လုသလန်နှင့်ကျိုးသလန်တို့က လှေကားတဝက်ပေါ်တက်ကာ ကောက်ရိုးဖျာများကို လက်ဆင့်ကမ်းပေးကြသည်။

ကျိုးစန်းလန်က ကောက်ရိုးဖျာတစ်ခုကို ရှီအာ့လန်ဆီလှမ်းပေးပြီး ခေါင်းမိုးပေါ်မှနေရာတစ်ခုသို့ လှည့်အကြည့်တွင် သူသည် အဝေးမှချဥ်းကပ်လာသည့် ပုံရိပ်လေးခုကို မြင်လိုက်ရပြီး တစ်ယောက်ချင်းစီက အထုပ်ကြီးတစ်ထုပ်နှင့် တူလှသည့်အရာတချို့ကို သယ်လာသည်ကို မြင်ရလေသည်။

ကျိုးစန်းလန်က တုံ့ဆိုင်းသွားပြီး ခေါင်မိုးပေါ်က တခြားလူများကို သတိပေးလိုက်ကာ လှေကားပေါ်က လုသာ့လန်ကို လှမ်းပြောလိုက်သည်။

"ကြည့်စမ်း၊ သူစိမ်းတွေလား"

ကျိုးရွာသူကြီးသည် သြဇာသက်ရောက်ပြီး ကျိုးမိသားစုက သူစိမ်းများနှင့် ပတ်သက်လာလျှင်လည်း အမြဲတမ်း သတိရှိလေသည်။

ထိုစကားကို ကြားလိုက်သည်တွင် အားလုံးက လှည့်ကြည့်လိုက်ကြသည်။ ပုံရိပ်များက ပိုပြီး နီးကပ်လာသည်တွင် ရှီအာ့လန်၏မျက်လုံးများက အထိတ်တလန့် ပြူးပြဲသွားတော့သည်။

"အဲဒါ... အဲဒါက..."

သူက မျက်လုံးများကို ပွတ်လိုက်ကာ ပိုပြီး ရှင်းရှင်းလင်းလင်း သေချာအောင် ကြည့်လိုက်လေသည်။ ထိုလူ၏ဆံပင်များက ရှုပ်ပွနေပြီး မုတ်ဆိတ်များကိုလဲ မရိတ်ထားပေ။ သူသည် တိရိစ္ဆာန်သရေကို ဖြစ်သလို ဝတ်စားထားသယောင် ရှိသော်ငြားလည်း ထိုလူက သူ၏အစ်ကိုကြီးနှင့် အမှန်ပင် ဆင်တူနေလေသည်။

"ကျွန်တော့အစ်ကို... ကျွန်တော့အစ်ကို နဲ့တူတယ်ဗျ"

သူက လှေကားပေါ်မှ လျှောဆင်းလာလေရာ နောက်ဆုံးတစ်လှမ်းတွင် ယိုင်သွားမလို ဖြစ်သွားပြီး နောက်ဆုံးတစ်စက္ကန့်တွင် ထိန်းမထားလျှင် လဲကျသွားနိုင်ပေသည်။

အားလုံးက မှင်သက်အံသြသွားကြတော့သည်။ ခေါင်းမိုးပေါ်က လုစန်းလန်ကလဲ ရုတ်တရက် ထအော်လိုက်သည်။

"အစ်ကို... အစ်ကိုဗျ... ကျွန်တော့ရဲ့ ဒုတိယအစ်ကိုပဲ"

ရုတ်တရက်ဆိုသလို ခေါင်းမိုးပေါ်ကနှင့် လှေကားပေါ်ကလူများက အလောတကြီး ဆင်းလာကြလေသည်။ ကောက်ရိုးဖျာများကို ယက်နေကြသည့် အဘိုးချန်း၊ ချန်းယိုထျန်း၊ အဘိုးလုနှင့် ကျိုးရွာသူကြီးတို့လို လူကြီးကပင် ဖြစ်ပျက်နေသည်များကို ချက်ခြင်း သဘောပေါက်လိုက်ပြီး နီးကပ်လာသည့်လူအုပ်ကြီးကို အမြန် လှည့်ကြည့်လိုက်ကြလေသည်။

မြင်ကွင်းက လုံးဝကို ရုန်းရင်းဆန်ခတ်ပင်။

တချို့က သတင်းသွားဖြန့်ရန် ရွာထဲသို့ အလောတကြီး ပြေးဝင်သွားကြပြီး ကျန်သည့်သူများက သူတို့၏ ပြန်ရောက်လာသည့်ဆွေမျိုးများကို ပွေ့ဖက်ပြီး အသံထွက် အော်ငိုကြလေသည်။ နောက်ထပ် ရောက်လာသည့်သူများက ဆူဆူညံညံ ဖြစ်သည့်အကြောင်းအရာကို ကြည့်ရှုရန်အပြေး လာခဲ့ကြလေသည်။

ရှန်းလီက လှမ်းကြည့်လိုက်သော်ငြားလည်း သူ့မိသားစုကို မမြင်ရချေ။ စိုးရိမ်စိတ်ဖြင့် သူသည် သူ၏အိမ်ရှိရာဘက်သို့ ခြေလှမ်းကို သွက်သွက်လှမ်းလိုက်သော်ငြားလည်း သူ၏ဝန်ထုပ်ဝန်ပိုးများကို သယ်ထားရဆဲပင်။

ကျိုးရွာသူကြီးက နောက်ဆုံးတော့ သူ့ကို မှတ်မိသွားပြီး လက်မောင်းမှနေ၍ သူ့ကို ဖမ်းဆွဲထားလိုက်ကာ "အားလီ မင်းလား၊ မင်းအသက်ရှင်နေသေးတယ်နော်"

သူသည် အလွန်မှ အရပ်မြင့်လာပြီး သူ၏ရုပ်သွင်ပြင်ကလဲ ထင်ရှားပြတ်သားလာကာ သူ၏ ကိုယ်ရောင်ကိုယ်ဝါ တစ်ခုလုံးက သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ ကျိုးရွာသူကြီးက သူမှတ်မိထားခဲ့သည့် လူငယ်လေးနှင့်ဒီလူကို ဇဝေဇဝါဖြင့် နှိုင်းယှဥ်ကြည့်မိလေသည်။

ရှန်းလီက ခေါင်းညိတ်ပြလိုက်ပြီး သူ့အကြည့်မှာ သူ့အိမ်ဘက်သို့ ရံဖန်ရံကာ ရောက်သွားလေသည်။ ရှန်းအန်းနှင့်ရှန်းနဥ်တို့က ဆူညံသံကိုကြားလိုက်ကြပြီး သူတို့များ အပြင်ထွက်လာလေမလားဟု စဥ်းစားမိလေသည်။

"ဟုတ်ပါတယ် ဦးလေးကျိုး၊ ကျွန်တော် ရှန်းအန်းနဲ့ရှန်းနဥ်တို့ကို အရင်ဆုံး သွားရှာမှဖြစ်မယ်"

ကျိုးရွာသူကြီးက ပြန်မဖြေရသေးခင်မှာပင် ဝိုင်းအုံလာသည့်ရွာသားများက ကြားဖြတ်ပြောလိုက်လေသည်။

"အားလီ နင်အသက်ရှင်နေသေးတယ်နော်၊ အားလုံးက နင်သေသွားပြီလို့ ထင်ထားတာ၊ နင်ရဲ့ညီလေးနဲ့ညီမလေးက အိမ်ခွဲခံလိုက်ရတယ်လေ၊ သူတို့တွေက အခု နင်တို့ရဲအိမ်အဟောင်းမှာ နေနေကြတယ်"

ရှန်းလီ၏ မျက်လုံးအိမ်များက ကျဥ်းမြောင်းသွားပြီး သူ၏အကြည့်ထဲတွင် ထက်ရှသည့်ခံစားချက်တစ်ခု ဖြတ်ပြေးသွားလေသည်။

"ဘာပြောလိုက်တယ်၊ ရှန်းအန်းနဲ့အားနဥ်တို့ ဘယ်မှာ..."

သူက ကျိုးရွာသူကြီးဘက်ကို ချက်ခြင်း လှည့်မေးလိုက်သည်။

ကျိုးရွာသူကြီးက အလျင်စလို ရှင်းပြရလေသည်။

"နွေရာသီတုန်းကပေါ့၊ မင်းရဲ့ တတိယဦးလေးနဲ့အဒေါ်တို့က မင်းအတွက် မင်္ဂလာပွဲတစ်ခု စီစဥ်ပေးခဲ့တယ်လေ၊ အဲဒီ့နောက် လဝက်လောက်တောင် မကြာပါဘူး၊ ရှန်းအန်းနဲ့အားနဥ်တို့က မင်းရဲ့သတို့သမီးနဲ့အတူ သူတို့ရဲ့ ကိုယ်ပိုင်အိမ်မှာနေဖို့ အိမ်ခွဲလိုက်ရတယ်၊ အခု အိမ်ထောင်စုခွဲနှစ်ခု ဖြစ်သွားပြီပေါ့”

ရှန်းလီသည် ဇနီးတစ်ယောက်ဟု ပြောလိုက်သည့်စကားကို လုံးဝ မကြားလိုက်သလောက်ပင်။ သူကြားလိုက်သည့် အရာအားလုံးမှာ သူ၏ ၉နှစ်အရွယ် ညီလေးနှင့်ညီမလေးတို့က နွေရာသီကတည်းက အိမ်ခွဲလိုက်ရပြီး တောင်ပေါ်က ယိုယွင်းနေသည့်တဲကလေးသို့ ပြောင်းရွှေ့ရသည်ဟူသည့်အကြောင်းပင်။

သူက အလောတကြီး ခေါင်းညိတ်ပြလိုက်ပြီး လူအုပ်ကြီးကိုတိုးဝှေ့ကာ သူ့လမ်းလေးကို ဖွင့်လိုက်ပြီး သူ၏ အိမ်အဟောင်းရှိရာဘက်သို့ ဦးတည်လိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီးနောက်တွင်တော့ အပြေးအလွှား သွားလုမတတ် ဖြစ်သွားလေသည်။

မျက်နှာချင်းဆိုင် ဦးတည်ဘက်က ချဥ်းကပ်လာသည်က ချန်းအဘွား၊ ချင်ဖန်းညန်၊ ကန်းရှီနှင့်လုအဘွားတို့ပင်။

ရှန်းလီက ဂရုစိုက်ဖို့ အာရုံမရှိပေ။ သူ့နားထဲတွင် လေများနှင့်ရွာသားများ၏ အတင်းပြောသံ တတွတ်တွတ် အသံများကိုသာ ကြားရလေသည်။

"ရှန်းလီက အသက်ရှင်နေသေးတဲ့ တဲ့လား။ ရှန်းစန်းတော့ သွားပါပြီ"

...

All Chapters