← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အပိုင်း(၉၅) ပထမဆုံးတွေ့ဆုံခြင်း

အိမ်နှင့်နှစ်နှစ်ကျော်ဝေးကွာနေသည့်ကာလအတွင်း ရှန်းလီသည် သူ့ညီနှင့်ညီမတို့နှင့် မည်သို့ဝေးကွာနေပုံကို မကြာခဏစဉ်းစားနေတတ်၏။

သူအိမ်မှာမရှိသောကြောင့် ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် အခက်အခဲများကို ကြံ့ကြံ့ခံနေရမည်လားဟု စဉ်းစားမိ၏။ သူသည် တတိယဦးလေးနှင့် အဒေါ်တို့သည် အစပိုင်းတွင် အပြစ်ရှိသလို ခံစားခဲ့ပြီးနောက်တွင် သူတို့၏ဗီဇအစစ်အမှန်သို့ ပြောင်းလဲကာ ဆဲရေးတိုင်းထွာသော စကားလုံးများနှင့် စောင့်ကြည့်သောမျက်လုံးများဖြင့် တွန်းအားပေးမည်ကို စိုးရွံ့နေလေသည်။ သူက သူတို့သည် ဗိုက်ဆာခြင်း သို့မဟုတ် အအေးမိခြင်းတို့ ဖြစ်နိုင်သည်ဟု တွေးမိခဲ့၏။ သူသည် တော်တော်များများ တွေးနေသော်လည်း တိုက်ပွဲတွင် သေဆုံးသွားသောကြောင့် သူ့တတိယဦးလေးနှင့်အဒေါ်သည် ရှန်းအန်းနှင့်အားနဉ်တို့ကို နှင်ချလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။

သူ့နှလုံးသားသည် နာကျင်မှု၊ စိုးရိမ်ပူပန်မှုနှင့် ဒေါသများသည် ထွက်ပေါက်မရှိသော ရေဝဲတစ်ခုထဲတွင် အားလုံးရောမွှေနေသလိုပင် ဝရုန်းသုန်းကားဖြစ်နေ၏။

ထိုကဲ့သို့ နှင်းသည်းထန်စွာကျနေပြီး ယိုယွင်းနေသောတဲလေးတွင် မည်သူက နေထိုင်နိုင်မည်နည်း။

နွေရာသီတွင် တောင်များရှိ မြွေများနှင့်အင်းစက်ပိုးမွှားများ၊ နှင်းထူထပ်သည့်အချိန်တွင် တောရိုင်းတိရစ္ဆာန်တွေက ဆာလောင်နေတာကြောင့် အမဲလိုက်ထွက်လာလျှင်ရော မည်သို့လုပ်မည်နည်း။

မိသားစုကွဲသွားသည်မှာ တစ်နှစ်ခွဲခန့်ရှိပြီဖြစ်သည်။ ယခုအချိန်တွင် ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် မည်သို့သောအခက်အခဲများကို ကြံ့ကြံ့ခံနေရမည်နည်း။

သူတို့မှာ နွေးထွေးတဲ့အဝတ်အစားတွေရော ရှိရဲ့လား။ သူတို့မှာ ဆောင်းရာသီအတွက် စောင်တွေရောရှိရဲ့လား။

ရှန်းလီသည် ကိုးနှစ်အရွယ်တူနှင့်တူမကို အကြင်နာမဲ့စွာဖြင့် မောင်းထုတ်ခဲ့သည့် သူ့တတိယဦးလေးနှင့်အဒေါ်တို့က လုံလောက်သည့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးဖို့မျှော်လင့်လို့ ရနိုင်ပါမည်လား။

အတွေးများက တရစပ်ထိုးနှက်နေပြီး သူ၏စိတ်ထဲတွင် သူ့ညီငယ်နှင့် ညီမလေးသည် စုတ်ပြတ်နေသောအဝတ်အစားများဖြင့် ဖျော့တော့ပြီးပိန်ချုံးနေကာ ကောက်ရိုးတဲလေးထဲတွင် ခိုက်ခိုက်တုန်နေလေသည်။ သူ့နှာဖျားတွင် တစ်ခဏမျှ ဝမ်းနည်းမှုတစ်ခု ရုတ်တရက် ဝင်ရောက်လာသည်ကို ခံစားလိုက်ရပြီး လွန်ခဲ့သည့်နှစ်များအတွင်း သူတို့ကြံ့ကြံခံခဲ့ရသည့် ဒုက္ခများကို တွေးနေမိ၏။

သူ၏စိတ်ခံစားမှုများတိုးလာသည်နှင့်အမျှ သူ့ခြေလှမ်းများ မြန်ဆန်လသည်။ နှင်းထဲတွင်ခြေရာများ ကျန်ခဲ့ပြီး တောင်တန်းများသွားမည့် ခြေလှမ်းကို အလျင်အမြန် အရှိန်မြှင့်လိုက်လေသည်။

သူသည် သူ့မောင်နှမများ မည်သို့ကြီးပြင်းလာသည်ကို သိရရန်နှင့် သူ အသက်ရှင်လျက် ပြန်ရောက်လာသည်ကို သိစေချင်နေရာ သူ့ညီလေးနှင့် ညီမလေးကို အသည်းအသန် တွေ့ချင်လာတော့သည်။

ကလေးများမကြာခဏ ကူးသန်းလေ့ရှိသည့် တောင်သုံးလုံးပေါ်မှ လမ်းများသည် ကောင်းစွာနင်းထားသောကြောင့် ပင်ခြေပိတ်ပေါင်းများ ရှင်းလင်းနေပြီး နှင်းထပ်အောက်တွင်ပင် ရှင်းလင်းစွာမြင်နိုင်လေသည်။

ရှန်းလီသည် အလျင်လိုနေသောကြောင့်လား သို့မဟုတ် ရင်းနှီးပြီးသား နယ်မြေသို့ ရောက်လာခြင်းကြောင့်လား မပြောတတ်ပေ။ ပုံမှန်ဆိုလျှင် အသေးစိတ်ကို ဘယ်တော့မှ မလွတ်တတ်သူသည်က သည်တစ်ခါတော့ မျက်စိလျှမ်းသွားတော့သည်။

နောက်ဆုံးတောင်ကြောကိုဖြတ်ပြီး လမ်းငယ်လေးမှ ထွက်လာသောအခါ တောင်ခါးပန်းပေါ်က ကောက်ရိုးတဲလေးအား စိတ်အားထက်သန်စွာဖြင့် မျှော်ကြည့်လိုက်လေသည်။

သူသည် ထိုမြင်ကွင်းကြောင့် အလွန်အံ့အားသင့်မိလေသည်။ ယခု သူရပ်နေသည့်နေရာတွင် မြေသားနံရံတစ်ခုရှိပြီး ကောက်ရိုးတဲသုံးလုံး ပြုလုပ်ထားသည်ကို ရေးတေးတေးမြင်နိုင်ပြီး ထိုထဲမှတစ်ခုသည် မီးခိုးခေါင်းတိုင်မှ အငွေ့ပါးပါးထွက်လာနေ၏။

တောင်တန်းသည် သေချာပေါက် သူတို့အပိုင်ဖြစ်သော်လည်း အိမ်က လုံးဝပြောင်းလဲနေသည်။

ရှန်းလီသည် တောင်ခါးပန်းရှိ ခြံဝင်းငယ်လေးထဲသို့ မလျှောက်သွားခင် ခဏမျှ ရပ်လိုက်လေသည်။ ယိုယွင်းနေသော ကောက်ရိုးတဲအဖြစ်မှ အသစ်စက်စက် မြေသားအိမ်အဖြစ်ပြောင်းလဲမှုသည် အရမ်းထူးဆန်းပုံပေါ်သောကြောင့် သူ့ခြေလှမ်းများကို အလိုအလျောက် နှေးကွေးသွားတော့သည်။

အခြားသူများက ခြံဝင်းထဲသို့ရောက်ရန် ခြေလှမ်း (၅၀)၊ (၆၀) လှမ်းရသော်လည်း သူ့အရပ်နှင့် ရှည်လျားသော ခြေလှမ်းကျဲများကြောင့် ခြေလှမ်း(၂၀)၊ (၃၀)သာ လှမ်းရလေသည်။ သူ့မိသားစု အချိန်အကြာကြီးနေထိုင်ခဲ့သည့် ညီညာသော လှေကားထစ်နားသို့ ချဉ်းကပ်လာသည်နှင့်အမျှ ရင်းနှီးကျွမ်းဝင်မှုသည် ထူးဆန်းမှုနှင့်ရောကာ ပို၍ပြင်းထန်လာ၏။

မြေအနေအထားသည် အတူတူဖြစ်သော်လည်း နှင်းများအောက်တွင်ပင် ပစ္စည်းအသစ်များမှာ ထင်ရှားနေသည်။ အရွယ်အစားကြီးမားသော ခြံဝင်းတစ်ခု၊ စမ်းရေသွယ်တန်းထားသော ဝါးပိုက်တစ်ခု၊ ကျူဖျာထူထူများဖြင့် ဖုံးထားပြီး ကောင်းစွာထိန်းသိမ်းထားသော ကြက်နှင့်ဘဲခြံများ၊ နှင်းများကင်းစင်ပြီး ကျောက်ပြားများဖြင့် ခင်းထားသောလမ်းတစ်ခုတို့ဖြစ်၏။

ဤအသေးစိတ်အချက်များကို တစ်ချက်ကြည့်ရုံနှင့် တွေ့နိုင်လေသည်။ သို့သော် တစ်ဝက်ဖွင့်ထားသော ခြံတံခါးကို အာရုံစိုက်လိုက်တော့ ဝဝဖိုင့်ဖိုင့်၊ ကျောက်တုံးမျက်လုံးများနှင့်နှာခေါင်း၊ သစ်ကိုင်းလက်များဖြင့် တံခါးနားရှိ အနည်းငယ်ရယ်စရာကောင်းသည့် နှင်းလူသားက ပေါ်လာလေ၏။

နှင်းလူသားဘေးရှိ နောက်ထပ်ကျောက်တုံးလမ်းတစ်ခုသည် အပြင်ဘက်ရှိလမ်းနှင့်ကွဲပြားပြီး ချောမွေ့သောကျောက်တုံးများဖြင့် ပြုလုပ်ထားကာ အရောင်းမျိုးစုံဖြင့် ကျွမ်းကျင်လှပစွာစီထားလေသည်။ မော့ကြည့်လိုက်တော့ ရင်းနှီးသည့်တစ်ခုတည်းသောမြင်ကွင်းမှာ ကလေးဘဝက နေထိုင်ခဲ့သော ကောက်ရိုးတဲလေးဖြစ်သော်လည်း အတော်လေးပြုပြင်ထား၏။

တဲအပြင် တံခါးတစ်ခုလည်းရှိ၏။

ခြံဝင်းမှာ နောက်ဖေးခြံဝင်းရော ရှိနေတာလား။

သည်လေ့လာမှုက ရှန်းလီအတွက် မြန်မြန်ဆန်ဆန် ပြီးမြောက်သွားသော်လည်း သူ့စိတ်ရှုပ်ထွေးမှုကို ပို၍နက်ရှိုင်းလာစေသည်။ တံခါးပိတ်ထားသောကြောင့် ခြံဝင်း၏တစ်ဖက်ကို မမြင်နိုင်ပေ။ တံခါးကို တွန်းခါနီးတွင် သူသည် ရုတ်တရက် အပြင်ဘက်ရှိခြေသံများချဉ်းကပ်လာသည်ကို အရင်ကြားလိုက်ရ၏။

သူမလှည့်နိုင်ခင်တွင် ဆူညံသံ၏ဇာတ်ဆောင်များသည် ထောင့်ပတ်လည်တွင် ကျယ်လောင်စွာဖြင့် စူးစူးရှရှအော်မြည်ကာ သူ့ဆီသို့ တစ်ဟုန်ထိုး ပြေးလာလေသည်။

ငန်းတွေ။ တစ်ကောင်ကို ၁၄ပေါင်၊ ၁၅ပေါင်လောက် အသာလေးရှိတဲ့ ငန်းထီးသုံးကောင်။

ဒါသည် တောအုပ်ထဲ၌ဖြစ်ခဲ့လျှင်ပင် ထိုအကောင်များကို တစ်နပ်စာအတွက် အလွယ်တကူ ဖမ်းပစ်နိုင်သည်။ သို့သော် သူ့အိမ်ဟု ထင်လိုက်သည့်အချိန်ထဲက ထိုကဲ့သို့သော လုပ်ဆောင်မှုမှာ လုံးဝမသင့်တော်တော့ပေ။

အကောင်းဆုံးအစီအစဉ်မှာ ငန်းများနှင့်ဝေးသော ညာဘက်ရှိတံခါးကို တွန်းဖွင့်ပြီး အထဲသို့ တဟုန်ထိုးပြေးသွားကာ တံခါးကို ပိတ်လိုက်ရန်ဖြစ်သည်။

ဤသည်မှာ ရှန်းလီ၏အတွေးသာဖြစ်ပြီး ထိုအရာကို လုပ်ဆောင်လုနီးပါး ဖြစ်နေ၏။ သူသည် တံခါးကိုတွန်းဖွင့်ပြီး အထဲသို့ခြေလှမ်းလှမ်းစဉ် ပြုတ်ထားသော အစားအစာပန်းကန်ကို ကိုင်ထားသည့် အမျိုးသမီးငယ်လေးတစ်ဦးကို မြင်လိုက်ပြီး သူ့အား သတိနှင့်အံ့ဩမှုများဖြင့် စိုက်ကြည့်နေလေ၏။

ရှန်းလီသည် ရှေ့သို့ လှမ်းနေသည့်ခြေလှမ်းကို ရုတ်တရက်ရပ်လိုက်ပြီး ခြံတံခါးအပြင်ဘက်သို့ ပြန်ဆုတ်လိုက်သည်။

လေအသံနီးလာသည်နှင့်အမျှ ရှေ့ဆုံးမှငန်း၏ လှံတံကဲ့သို့သော သူ့လည်ပင်းအရှည်သည် ညို့သကျည်းကို ချိန်ရွယ်ပြီး နှုတ်သီးမှာလည်း လွှသွားပုံအနားများနှင့် သူ့ထံသို့ ဆတ်ခနဲ‌ ရောက်လာ၏။

ရှန်းလီသည် ခြံဝင်းထဲရှိအမျိုးသမီးငယ်၏တုံ့ပြန်မှုကို လျစ်လျူရှုပြီး အလျင်အမြန်ရှောင်တိမ်းကာ ကျွမ်းကျင်စွာဖြင့် ရန်လိုနေသည့် ငန်းနှုတ်သီးကို ဆောင့်ဆွဲလိုက်ပြီး ဒုတိယတစ်ကောင်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်လိုက်လေသည်။

ရှန်းမိသားစု၏ငန်းနှစ်ကောင်သည် မမျှော်လင့်ဘဲ သူတို့လည်ပင်းမှ ဖမ်းဆွဲခံရသောကြောင့် ဦးနှောက်ရှုပ်သွားပြီး သွေးရူးသွေးတန်းဖြင့် စူးစူးရှရှအော်မြည်ရင်း သူတို့အတောင်များကို တဖျပ်ဖျပ်ခတ်ပြီး လည်ပင်းများကိုဆန့်ထားလေသည်။ သူတို့ထဲမှတစ်ကောင်၏ မျက်လုံးဝိုင်းဝိုင်းသည် သူစိမ်းကို အံ့ဩစွာကြည့်နေ၏။

သူတို့နားသို့ ရောက်လုနီးပါးဖြစ်သော တတိယငန်းသည် သူ့အပေါင်းအဖော်များက လျင်မြန်စွာ ဖမ်းချုပ်ခံရသည်ကိုမြင်တော့ ထိတ်လန့်မှုကြောင့် တုန်လှုပ်သွားလေသည်။ ငန်းဦးနှောက်သေးသေးလေးသည် သူ့အားထိန်းထားရန် ထိုလူတွင် တတိယလက် မရှိသည်ကို မစဉ်းစားနိုင်ဘဲ သူသည် ထိုလူ၏ပြိုင်ဘက်မဟုတ်ဟုသာ နားလည်လိုက်တော့သည်။

သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ငန်းသည် တိုက်ခိုက်ခြင်းနှင့် ဆုတ်ခွာခြင်းကြားတွင် ရှက်စရာကောင်းလောက်အောင် တုံ့ဆိုင်းနေခြင်းဖြစ်သည်။

ထိုအချိန်ခဏလေးတွင် ရှန်းအန်းနှင့်ရှန်းနဉ်တို့က မီးဖိုချောင်ထဲမှထွက်လာကြပြီး စန်းလော့နောက်မှ လိုက်ထွက်လာသည်။ သူတို့၏ခြေသံများကြောင့် အာရုံပြောင်းသွားသော ရှန်းလီက တစ်ချက်ကြည့်လိုက်ပြီး အတိုင်းအတာတစ်ခုအထိ ရင်းနှီးသည့်တိုင် မျက်နှာပုံစံအမျိုးမျိုးဖြစ်နေသည့် ရှန်းအန်းနှင့်ရှန်းနဉ်တို့၏မျက်နှာကြောင့် ယခုတော့ ကြောင်အမ်းအမ်းဖြင့် နှုတ်ဆိတ်နေမိတော့သည်။

လေထုမှာ ရှန်းအန်းနှင့်ရှန်းနဉ်တို့၏မျက်လုံးမှာ တစ်ပြိုင်ထဲ ပြူးကျယ်သွားပြီး ခဏမျှငြိမ်သက်သွားပြီးနောက် သူတို့နှစ်ယောက်လုံးငိုကာ တံခါးဆီသို့ အလျင်စလို ပြေးသွားလိုက်ကြလေသည်။

“အစ်ကိုကြီး”

“အစ်ကိုကြီး”

"အစ်ကိုကြီးပြန်လာပြီ။ အစ်ကိုကြီး အသက်ရှင်နေသေးတယ်"

"ငါသိတယ်၊ ငါသိနေတယ်"

ပထမဆုံးငိုကြွေးခြင်းတွင် စိတ်လှုပ်ရှားမှုနှင့် ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေပြီး ထို့နောက်တွင် ရှိုက်ကြီးတငင်ဖြင့် မျက်ရည်များ စီးကျလာလေသည်။

ရှန်းလီသည် ငန်းများကို လွှတ်ပေးလိုက်ပြီး ရှန်းနဉ်ကိုပွေ့ဖက်ရင်း ရှန်းအန်းကို အနီးနားသို့ဆွဲလိုက်၏။ မောင်နှမသုံးယောက်လုံး မျက်ရည်ဝဲနေပြီး တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားကြတော့သည်။

နောက်ဆုံးတွင် လွတ်မြောက်လာသော ပထမငန်းနှင့်ဒုတိယငန်းတို့သည် ကြောက်လန့်တကြားပြေးသွားကာ ရှန်းလီနှင့် သတိရှိသော အကွာအဝေးတစ်ခုတွင် နေလေ၏။ တတိယငန်းသည် တုံ့ဆိုင်းနေရန် မလိုတော့ကြောင်း သဘောပေါက်သွားသောအခါ သူ့အပေါင်းအဖော်များနောက်မှ အော်မြည်ရင်း လိုက်သွားတော့သည်။

"ရက်စက်လိုက်တာ၊ ရက်စက်လိုက်တာ၊ ဒါပေမယ့်လည်း သူတို့အားလုံးက မိသားစုတွေလေ။ ပြန်ချိန်တန်ပါပြီ"

တို့ဟူးနှပ်ပန်းကန်ကိုင်ထားသည့်စန်းလော့က ရှန်းမိသားစုမှ မောင်နှမသုံးယောက် ပျော်ရွှင်စွာဖြင့် ပြန်ဆုံစည်းသည့်မြင်ကွင်းကြောင့် လုံးဝကြောင်အနေလေသည်။

ရှန်းအန်းနဲ့ရှန်းနဉ်တို့က သူ့ကို ဘယ်လိုခေါ်လိုက်တာလဲ။ အစ်ကိုကြီး??

အငယ်လေးနှစ်ယောက်ရဲ့ အစ်ကိုကြီးဆိုတာ စစ်ပွဲအတွင်းမှာ သေသွားပြီလို့ ပြောတဲ့တစ်ယောက်မလား။

ဒါက သူ ငါ့ယောက်ျား ဖြစ်လာတော့မလား။

ငါရဲ့မုဆိုးမဘဝကရော။

ဤသည်မှာ လွန်ခဲ့သောဆယ်စုနှစ်များစွာက ချုံးယောင်ဇာတ်လမ်းတွဲမှ မယုံကြည်နိုင်မှုဖြင့် တုန်လှုပ်သွားကာ သူမလက်ထဲမှ ပန်းကန်လုံးကျကွဲသည့် အခိုက်အတန့်ဖြစ်နိုင်သည်။

အမှန်ပင် သူမသည် တုန်လှုပ်ခြောက်ခြားသွားတော့သည်။ ထို့ကြောင့် သူမ စိတ်လှုပ်ရှားနေသော်လည်း ပန်းကန်လုံးကိုင်ထားသောလက်သည် ထူးဆန်းစွာဖြင့် တည်ငြိမ်နေ၏။

ရှန်းနဉ်သည် သူမ အစ်ကိုကြီးဘေး၌ နေရာယူနှင့်ပြီးဖြစ်လေသည်။ ယခုအချိန်တွင် သူမသည် ကိုးနှစ်ရှိပြီဖြစ်ပြီး ချီပိုးပေးရန် မလိုတော့ချေ။

ကလေးမလေးသည် သိသိသာသာစိတ်လှုပ်ရှားနေပြီး သူမမျက်တောင်များပေါ်တွင် မျက်ရည်စက်များ ရှိနေသေးသော်လည်း သူမ၏မျက်နှာထက်တွင် တောက်ပသောအပြုံးရှိနေလေသည်။ သူမက စန်းလော့ဘက်ကိုလှည့်ကာ

"ယောင်းမ၊ ဒါက သမီးရဲ့အစ်ကိုကြီးလေ။ သူ တစ်ကယ်ပဲ မသေခဲ့ဘူး၊ အသက်ရှင်ရက် ပြန်ရောက်လာပြီ"

ထို့နောက် သူမက သူမအစ်ကိုကြီးကိုမော့ကြည့်ကာ ပြုံးလိုက်လေသည်။

"အစ်ကိုကြီး၊ ဒါက အစ်ကို့ဇနီးလေ"

ရှန်းလီသည် ကြောင်အနေပြီး စန်းလော့မှာလည်း စိတ်ရှုပ်ထွေးနေကာ လုံးဝ အံ့အားသင့်သွားစေသည်။

ဘဝက အခုမှ လမ်းကြောင်းပေါ် ရောက်ရုံသေး ယောက်ျားတစ်ယောက်က ရုတ်တရက်ကြီး ဘယ်ကပေါ်လာရတာလဲ။

အခုတော့ ငါ ဘာလုပ်သင့်လဲ။

သို့သော် ရှန်းအန်းနှင့်ရှန်းနဉ်တို့၏အစ်ကိုကြီး၏ အသက်ရှင်လျှက် ပြန်ရောက်လာခြင်းမှာ သူတို့အတွက် ကြီးမားသော ကောင်းချီးတစ်ခုဖြစ်သည်။ သူ ပြန်မလာပါစေနှင့်ဟု သူမက ဆန္ဒမပြုနိုင်ပေ။

စန်းလော့သည် သူမကိုင်ထားသော ပန်းကန်လုံးကိုမြှောက်ရင်း အားယူပြုံးပြလိုက်လေသည်။

"ကျွန်မ ဒါကို အိမ်ထဲကိုအရင်ဆုံးထည့်လိုက်မယ်နော်"

သူမသည် စိတ်ကိုလျော့ချရန် အချိန်ခေတ္တမျှလိုအပ်၏။

ရှန်းလီက အိမ်ထဲသို့ဝင်သွားသည့် အမျိုးသမီးလေးကို ကြည့်ပြီးနောက် သူ့အာရုံစိုက်မှုကို ရှန်းအန်းနှင့်ရှန်းနဉ်ဆီသို့ပြောင်းလိုက်ကာ အခွင့်အရေးတစ်ခုကို အသုံးချလိုက်ပြီး သူတို့ကို သေသေချာချာ ကြည့်လိုက်၏။

သူတို့သည် သူတွေးထားသည့်ထဲကအတိုင်း တစ်ခုမျှမဟုတ်ပေ။

အာဟာရချို့တဲ့ခြင်း၏လက္ခဏာများနှင့် ဟောင်းနွမ်းနေသည့် အဝတ်အစားများကို မတွေ့ရပေ။ ဆန့်ကျင်ဘက်အနေဖြင့် မောင်နှမနှစ်ယောက်သည် နေပူဒဏ်ခံထားရသော်လည်း ကျန်းမာသောပါးများရှိနေပြီး ထူထဲသည့် အပေါ်ထပ်များနှင့် ဘောင်းဘီများကို ဝတ်ဆင်ထားကြ၏။ သူတို့၏ဖိနပ်များပင်လျှင် အသစ်ဝတ်ဆင်ထားသော ဖိနပ်များဖြစ်ပုံပေါ်သည်။

အားနဉ်၏ဆံပင်မှာ အနီရောင်ဖဲပြားဖြင့် သပ်သပ်ရပ်ရပ် ချည်နှောင်ထားပြီး ကြက်သွေးရောင် ခေါင်းစည်းကြိုးနှစ်ခုကို သူမဆံပင်ထဲသို့ ကျစ်ဆံမြီးကျစ်ထားပြီး လှပသောအထုံးလေးအဖြစ် ချည်ထား၏။

ဤသည်မှာ ကောင်းကောင်း ပြုစုစောင့်ရှောက်ခံရသည့် ကလေးများ၏ ပုံသဏ္ဌန်ဖြစ်သည်မှာ ထင်ရှားသည်။

သူ့ကို နှစ်နှစ်ကျော်မျှဆွဲချထားသော ရှန်းလီ၏နှလုံးသားထဲရှိ လေးလံသော အစိုင်အခဲကြီးသည် နောက်ဆုံးတွင် ပေါ့ပါးသွားတော့၏။ သူသည် ပြုံးလိုက်ပြီး တယုတယဖြင့် ကလေးများ၏ဆံပင်ကို ဖွလိုက်လေသည်။

"ကျေးဇူးပါပဲ"

"မင်းတို့နှစ်ယောက်လုံး ကောင်းကောင်းရှိနေလို့ ကျေးဇူးပါပဲ"

"အရပ်ပိုရှည်လာပြီး ကြီးလာတာပဲ"

ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် အနည်းငယ်ရှက်ရွံ့သွားကြ၏။ ရှန်းအန်းတွင် မေးခွန်းများစွာရှိသော်လည်း အိမ်ထဲတွင် သူ့မရီးတစ်ယောက်ထဲ ရှိနေသည်ကို စဉ်းစားမိကာ သူ့အစ်ကိုလက်ကိုဆွဲပြီး အထဲသို့ ဝင်သွားလေသည်။

"အစ်ကိုကြီး၊ အပြင်မှာအေးတယ်၊ အထဲမှာသွားပြောရအောင်။ ညစာစားပြီးပြီလား။ သားတို့လည်း စားတော့မလို့ပဲ။ မရီးလုပ်ထားတဲ့ တို့ဟူးနှပ်က တစ်ကယ်ကို အရသာရှိတယ်"

ကလေးများမှ သူမအား "မရီး"ဟု ထပ်ခါထပ်ခါ ပြောနေသည်ကိုကြားတော့ ရှန်းလီသည် သူ့တတိယဦးလေးနှင့် အဒေါ်တို့က သူ့အတွက် လက်ထပ်ပွဲတစ်ခု စီစဉ်ထားသည်နှင့်ပတ်သတ်ပြီး ကျိုးရွာသူကြီး၏စကားများကို သတိရသွားလေသည်။

ပင်မအိမ်နှင့် ခြံဝင်းတံခါးသည် ခြေလှမ်းအနည်းငယ်သာ ကွာဝေးပြီး သိပ်မကြာမီတွင် ရှန်းလီသည် အထဲရှိအမျိုးသမီးငယ်နှင့် ထပ်ပြီး မျက်နှာချင်းဆိုင်ဖြစ်သွား၏။

စင်စစ်သူစိမ်းနှစ်ယောက်သည် သူတို့မှာ လက်ထပ်ထားပြီးသား ဆက်ဆံရေးရှိသည်ကို သိသော်လည်း ထိုအရာသည် စန်းလော့နှင့်ရှန်းလီအား အလွန်စိတ်မသက်မသာဖြစ်စေပြီး တစ်ယောက်နှင့်တစ်ယောက် မည်သို့တုံ့ပြန်ရမည်ကို သေချာမသိကြပေ။

ရှန်းနဉ်သည် ထိုင်ခုံယူရန်အတွက် လျင်မြန်စွာပြေးသွားလေသည်။ ပုံမှန်အားဖြင့် စတုရန်းပုံထိုင်ခုံသုံးလုံးကိုသာ အခန်းထဲတွင်ထားလေ့ရှိပြီး ပဲများကြိတ်ရန် မကြာခဏအသုံးပြုသော နောက်ခုံတစ်လုံးသည် မီးဖိုထဲတွင် အမြဲတမ်းရှိ၏။

သို့သော် ရှန်းအန်းသည် သူ့မရီး၏ခံစားချက်များကို ပိုပြီး သတိထားမိလေသည်။ ခင်ပွန်းသည်တစ်ယောက်ရှိခြင်းနှင့် နှိုင်းယှဉ်ကြည့်ပါက မုဆိုးမတစ်ယောက်ဖြစ်ရခြင်းကို ပိုမိုနှစ်သက်နိုင်ကြောင်း သူသည် နားမလည်သော်လည်း သူ့မရီးနှင့်အစ်ကိုကြီးတို့သည် လုံးဝသူစိမ်းဖြစ်ကြသည်ကိုသိပြီး အိမ်ကိုလဲ သူမမှ တဖြည်းဖြည်းချင်း ဆောက်ပေးခဲ့ခြင်းဖြစ်သည်။ သူ့အစ်ကိုနှင့်ပတ်သတ်သည့် ဆုံးဖြတ်ချက်မှန်သမျှကို သူမနှင့် အရင်ဆုံး တိုင်ပင်သင့်သည်ဟု အလိုလိုခံစားမိလာ၏။

သူ့အစ်ကိုအတွက် ပန်းကန်လုံးအပိုနှင့် တူများ ချပေးလို့ရမလားဟု စန်းလော့ကို မေးလိုက်လေသည်။

စန်းလော့က မည်သို့ မရဘူးဟုပြောနိုင်မည်နည်း။ သူမက ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။

"ရတာပေါ့။ သွားယူလေ"

ရှန်းအန်း၏မျက်နှာသည် အပြုံးကြောင့်တောက်ပသွားပြီး သူ့အစ်ကိုအတွက် ပန်းကန်လုံးနှင့်တူများယူရန် ပျော်ရွှင်စွာဖြင့် အပြေးအလွှားသွားတော့သည်။

ယခုအချိန်တွင် အခန်းထဲ၌ ရှန်းလီနှင့်နှစ်ယောက်ထဲရှိနေပြီး နှစ်ယောက်လုံးက မလှုပ်ကြပေ။ အမှန်တော့ ရှန်းလီဝင်လာချိန်ထဲက နှစ်ယောက်လုံးသည် တိတ်တဆိတ် တစ်ယောက်ကိုတစ်ယောက် စူးစမ်းလေ့လာနေကြ၏။

ခဏလောက်ငြိမ်သက်ပြီးနောက် ရှန်းလီသည် ဖြည်းဖြည်းချင်း ညွတ်ကိုင်းကာ ဖြည်းဖြည်းချင်း စတင်ပြုံးပြလိုက်လေသည်။

"ရှန်းအန်းနဲ့ရှန်းနဉ်ကို ကောင်းကောင်း ပြုစုစောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ်"

သူသည် သူမကို သူ့ဇနီးဖြစ်လာစေသည့် အခြေအနေများကို မသိသော်လည်း ရှန်းအန်းနှင့်ရှန်းနဉ်တို့ ကောင်းစွာကြီးပြင်းလာသည်ကို မြင်တော့ သူ၏တတိယဦးလေးနှင့်အဒေါ်တို့၏ လုပ်ရပ်မဟုတ်သည်မှာ အသေအချာဖြစ်ပြီး သူ့မောင်နှမများ၏ သာမန်ထက်ထူးကဲသော စွမ်းဆောင်ရည်များကိုလည်း မှတ်ယူ၍မရနိုင်ပေ။ သူစဉ်းစားနိုင်သည့် တစ်ဦးတည်းသောသူမှာ သူ့ရှေ့မှ အမျိုးသမီးဖြစ်သည်။

ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် သူမနှင့်အလွန်ရင်းနှီးသည်မှာထင်ရှားပြီး ခိုင်မာသောဆက်ဆံရေးတစ်ခုကို ဖော်ပြနေသည့် သက်သေပင်။

ဤကျေးဇူးတင်စကားသည် အမှန်ပင်သင့်လျော်ပါသည်။

...

အပိုင်း (၉၆) ကိုယ့်ဟာကို ဦးလေးတစ်ယောက်လို့ ခေါ်သေးသလား။

စန်းလော့အတွက်တော့ ရှန်းလီသည် သူတို့၏မိသားစု အိမ်ထောင်စုစာရင်းထဲက စာလုံးနှစ်လုံး ဖြစ်တည်မှုသာ ဖြစ်လေသည်။

သို့သော်ငြား သူမသတိရဖို့ရန် ခဲယဥ်းလွန်းခဲ့သည့် ဒီစာလုံးနှစ်လုံးက ရုတ်တရက် ဖြတ်ခနဲဆိုသလို သူမ၏ မျက်လုံးရှေ့တွင် ရုက်လုံးပေါ်လာလေသည်။

သူက အနည်းငယ်ဦးညွှတ်လိုက်ပြီး လအနည်းငယ်လောက် အတူတူနေခဲ့ပြီးနောက် စန်းလော့က သူမကာကွယ်ပေးရမည့် သူမ၏ပိုင်ဆိုင်မှုဟု သဘောထားခဲ့သည့် ကလေးနှစ်ယောက် ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို စောင့်ရှောက်ပေးသည့်အတွက် သူမကိုစိတ်ရင်းဖြင့် ကျေးဇူးတင်စကား ဆိုနေလေသည်။

စန်းလော့မှာ အတိုင်းအတာတစ်ခုအထိ စိတ်ရှုပ်ထွေးသွားတော့သည်။သူမက ပင်ပင်ပန်းပန်း အားသွန်ခွန်စိုက် တံတားတစ်ဆင်းကို တည်ဆောက်ခဲ့ပြီးမှ သူမက အလယ်သို့ရောက်လာချိန်တွင် တစ်စုံတစ်ယောက်က တံတား၏အုတ်မြစ်နှင့်ပျဥ်ပြားတို့က သူ့ပိုင်င်ဆိုင်မှုဟု ထွက်လာပြီး ကြေငြာနေသလို ခံစားရလေသည်။ သူက အပြီးသတ်ထားသည့်တံတားကို စိတ်ကျေနပ်စွာ ကျေးဇူးတင်စွာဖြင့် ကြည့်နေပြီး ထိုတံတားကို ကူညီတည်ဆောက်ပေးသည့်အတွက် သူမကို ဦးညွှတ်ပြီး ကျေးဇူးတင်စကား ပြောနေသည့်ဟန် တူလေသည်။

သူကျေးဇူးတင်စကားက စိတ်ရင်းမှန်ပုံပေါ်ပြီး သူသည်လဲ ဖြောင့်မတ်သည့်သူတစ်ယောက် ဖြစ်ဟန်တူခါ သူမကို အန္တရာယ်ပြုမည့်ဟန် မရှိပေ။သို့သော်ငြားလည်း ထိုခံစားချက်ကို မည်သို့ဖော်ပြရပါမည်နည်း။

သူမ အားသွန်ခွန်စိုက် တည်ဆောက်ထားခဲ့သည့် တံတားက ရုတ်တရက် ပိုင်ရှင် ပြောင်းသွားသလိုပင်။သူသည် သူမကို တံတားပေါ်မှ လွတ်လွတ်လပ်လပ် ဖြတ်သွားခွင့်ပေးနိုင်သော်လည်း သူ့တွင် တံတားပေါ်က ပျဥ်ပြားများကို ဖယ်ရှားနိုင်သည့် အခွင့်အာဏာ အချိန်မရွေး ရှိလေသည်။သူမ တည်ဆောက်ခဲ့သည့်တံတားက အမည်ခံသက်သက်ဖြစ်ပြီး သူ၏ တရားဝင်ပိုင်ဆိုင်မှုဟန် ဖြစ်နေလေသည်။

လက်တွေ့တွင်တော့ ဒီတံတားသည် အိမ်တစ်လုံးကို ကိုယ်စားပြုနိုင်ပြီး သူမ ဇွဲလုံ့လရှိရှိဖြင့် တည်ဆောက်ခဲ့သည့် အိမ်ပင်ဖြစ်လေသည်။သည်လောကတွင် သူမကိုယ်တိုင် တည်ဆောက်ခဲ့သည့် အသိုက်အမြုံလေး ဖြစ်ပေသည်။

ဒီခံစားချက်က အမှန်ပင် မကြုံစဖူးဖြစ်ခါ ခံစားလို့မကောင်းမိချေ။

သို့တိုင် သူမသည် သူမ၏ဒေါသများကို သူ့အပေါ် တိုက်ရိုက်ပုံချလို့လဲ မရနိုင်ပေ။သည်ခံစားချက်ကို အစားထိုး ဒေါသအဖြစ်သာ ဖော်ပြနိုင်ပေသည်။အကြောင်းမှာ ဒီအိမ်က နဂိုကတည်းက ရှန်းလီ၏အိမ်ဖြစ်နေပြီး ရှန်းအန်းနှင့်အားနဥ်တို့မှာ သူ့၏ ညီနှင့်ညီမလေးများ ဖြစ်နေလေသည်။ ထိုအစား ကပ်ဘေးဒုက္ခသည်တယောက်မှာ တရားဝင်မြို့သားတယောက်အဖြစ် ကူးပြောင်းလာပြီး သူ၏ အခြေအနေနှင့် အိမ်ထောင်စုဇယားကို မှီခိုအားထားရသည့် အခြေအမြစ်မရှိသည့် ရေမျောကမ်းတင် သစ်ပင်လေးတစ်ခုက သူမပင်ဖြစ်လေသည်။သူမ၏ အခြေချရာနေရာကို ရှီလီရွာ၏ တောင်ဘေးနားက တဲအိမ်ကလေးထဲတွင် စတင်ခဲ့ခြင်းလဲဖြစ်သည်။

ရှန်းလီသာ စောစောအိမ်ပြန်ခဲ့လျှင် သူမက ဒီလောကသို့ ပထမဦးဆုံး ရောက်လာချိန်တွင် သူမသည် ထွက်သွားဖို့နည်းလမ်းကို ရှာဖွေလိမ့်မည်ဖြစ်သည်။လုံးဝကိုမသိသည့် ယောက်ကျားတယောက်ကို လက်ထပ်ဖို့ရာ လက်ခံလိမ့်မည် မဟုတ်သလို ထိုလူက သူမဘာအကြောင်းအရာမှ မသိသေးသည့် လူငယ်တယောက်လဲ ဖြစ်လေသည်။

သို့တိုင် သူမသည် မည်သူ့ကိုမှ အပြစ်တင်လို့မရမှန်းလဲ သိနေသေးသည်။ အလွန်ဆုံး ကံတရားကိုပင် အပြစ်တင်လို့မရပေ။အကြောင်းမှာ ထိုကံတရားကပင် သူမကို တဖန် အသက်ရှင်ဖို့ အခွင့်အရေး ပေးအပ်ခဲ့သောကြောင့်ပင်။ ဒီလို လက်ဆောင်တစ်ခု ပိုင်ဆိုင်ထားနှင့်ပြီးဖြစ်ရာ သူမသည် ဘာငြီးငြူမှုကိုမှ စိတ်ထဲမထားနိုင်ဘဲ ကျေးဇူးတင်စိတ်ကိုသာ သိမ်းထားရလေသည်။

သူမက နက်နက်နဲနဲ သက်ပြင်းချလိုက်မိပြီး သူ့ ကျေးဇူးတင်စကားကို ခေါင်းငြိမ့်လိုက်ခံလိုက်ပြီးနောက်တွင် နှုတ်ဆိတ်နေလိုက်မိသည်။

ကံအားလျော်စွာ ပင်မအိမ်က မီးဖိုခန်းနှင့်နီးကပ်နေသည့် ရှန်းအန်းနှင့်ရှန်းနဥ်တို့က ခွေးခြေခုံလေးများကို ယူလာနှင့်ပြီး စားပွဲပေါ်တွင် ပန်းကန်လုံးများနှင့်တူများကို ပြင်ဆင်ထားလေသည်။

ပျော်ရွှင်မှုဖြင့် လင်းလက်နေသည့်ရှန်နဥ်က ထိုင်ခုံများကို စီရီခါချပေးလိုက်ပြီး အစ်ကိုဖြစ်သူကို စားပွဲနားတွင် လာထိုင်ဖို့ အားတက်သရော လက်ယက်ခေါ်လိုက်ခါ သူမ၏မျက်လုံးများကတော့ ပျော်ရွှင်မှုဖြင့် တောက်ပနေလေသည်။

သူမသည် အစ်ကိုကြီးဖြစ်သူ ပြန်ရောက်လာသည်ကို အင်မတန် ပျော်ရွှင်နေမိပြီး ဘာကိုမှ မစဥ်းစားနိုင်တော့ချေ။အသက်၉နှစ်အရွယ် သူမသည် နက်နက်နဲနဲ စဥ်းစားဖို့ရန်လဲ သတိထားမိလိမ့်မည် မဟုတ်ချေ။သို့သော်ငြားလည်း ရှန်းနဥ်နားမလည်ခဲ့သည့် အရာကို ရှန်းလီက နားလည်လေသည်။သူက အမျိုးသမီးငယ်လေး၏ စိတ်ဓာတ်ကျနေသော စိတ်ရှုပ်နေပုံနှင့် အနေရခက်နေပုံတို့ကို ရှင်းရှင်းလင်းလင်း မြင်နေရသည်။

အခန်းကို ရိုးရိုးလေး တချက်လှမ်းကြည့်လိုက်ရုံဖြင့် အိပ်ယာဟောင်းတစ်ခု အိပ်ယာသစ်တစ်ခု အိပ်ယာနှစ်ခုစလုံးကို အသစ်ပြုလုပ်ထားသည့် အိပ်ယာခင်းထူထူတို့ဖြင့် ဖုံးလွှမ်းထားပြီး သက်တောင့်သက်သာရှိခါ နွေးထွေးမည်က သေချာကြောင်း ဖော်ပြနေလေသည်။

အပြင်ဘက်က စင်များပေါ်တွင် အမည်မသိ ပါဝင်ပစ္စည်းများ ထည့်ထားသည့် အိတ်များရှိနေသည်။သို့သော်ငြားလည်း ရှန်းလီကတော့ ထိုအရာများကို စပါးများအား သေသေချာချာ သိမ်းဆည်းထားသည်ဟုသာ ခန့်မှန်းလိုက်လေသည်။

ခြံဝန်းထဲမှ ဒီအခန်းထဲကို ဝင်လာပြီး စားပွဲပေါ်က အစားအသောက်များကို ကြည့်လိုက်ရုံဖြင့် ရှန်းလီသည် သူမက အိမ်မှုကိစ္စကို အထူးတလည် ကောင်းကောင်းနိုင်နင်းမှန်း ဝန်ခံရပေသည်။လွန်ခဲ့သည့်နှစ်နှစ်က သူလုပ်ပေးနိုင်ခဲ့သည်ထက်ပင် ပိုပြီးကောင်းမွန်လေသည်။

သူမက မိသားစုထဲသို့ လက်ထပ်လာပြီး တစ်လခွဲအကြာတွင် အိမ်ထောင်စုခွဲခဲ့ရသည်ဟု ကျိုးရွာသူကြီးက ပြောခဲ့သည်။ထို့ကြောင့် နှစ်ဝက်ပင်ရှိလိမ့်အုံးမည်။

နှစ်ဝက်အတွင်း ဒီလိုအိမ်ထောင်တစ်ခုကို တည်ဆောက်ဖို့ လုပ်နိုင်သည်က အင်မတန်မှ ခက်ခဲပင်ပန်းပေလိမ့်မည်။သူမအတွက်တော့ သူသည် အကျိုးအမြတ်ကို ရိမ်းသိမ်းဖို့ရာ ပြန်ရောက်လာခဲ့သည့် တစ်စုံတစ်ယောက်ဟု ထင်မှတ်ဖွယ်ရာရှိလေသည်။

ရှန်းလီကလဲ အနေရ ခက်နေသည်။သူက အမှတ်တမဲ့ လည်ချောင်းကိုရှင်းလိုက်ပြီး ရှန်းနဥ်ကို ပြောလိုက်၏။

"အစ်ကိုကြီးက အလောတကြီး ပြန်လာရတာဆိုတော့ စားပွဲမှာထိုင်ဖို့က အရမ်းညစ်ပတ်နေတယ်"

ပန်းကန်လုံးနှင့်တူများကို ကိုင်ထားသည့် ရှန်းအန်းဘက်သို့ လှည့်လိုက်ပြီး ရှန်းနဥ်ကို ပြောလိုက်လေသည်။

"ရှန်းအန်း အစ်ကိုကြီးအတွက် အစားအသောက်တချို့ ယူလာပေးလို့ရလား အစ်ကိုကြီးက အပြင်မှာဘဲ ရပ်ပြီးစားလိုက်မယ်"

ဒီစကားကြောင့် ရှန်းအန်းနှင့်ရှန်းနဥ်တို့ နှစ်ယောက်စလုံးက တအံ့တသြ တုံ့ဆိုင်းသွားပြီး စန်းလော့က ရှန်းလီကို မော့ကြည့်မိလေသည်။သူတို့၏မျက်လုံးများ ဆုံသွားချိန်တွင် သူက သူမကို ရင်းနှီးဖော်ရွေသည့် အပြုံးတစ်ခု ပြုံးပြလေသည်။

သူမျက်ခုံးနှင့်မျက်လုံးများက ရှန်းအန်းနှင့်တောတော်လေးမှ ဆင်လှသည်။

စန်းလော့

သူမကတော့ ရုတ်တရက်ကြီး လူဆိုးတစ်ယောက် ဖြစ်လာသလို ခံစားလိုက်ရလေသည်။

ထရပ်လိုက်ပြီး သူမက ပြောလိုက်၏။

"ကျေးဇူးပြုပြီး ထိုင်စားလိုက်ပါ အစားအသောက်က လုံလောက်မှာတော့ မဟုတ်ဘူး ဒီတော့ ရှင်စားလိုက်ပါ ကျွန်မက ကိုယ့်ဟာကိုယ် ခေါက်ဆွဲရည်တစ်ပွဲ လုပ်လိုက်ပါ့မယ် ရှင်တို့မောင်နှမတွေအချင်းချင်း မတွေ့ကြာတာ နှစ်ပေါင်းတော်တော်ကြာပြီဘဲ ရှင်တို့မှာ ပြောစရာစကား အများကြီး ရှိမှာဘဲ ထမင်းစားရင်းနဲ့ စကားပြောကြပါ"

ဒီလိုပြောလိုက်ပြီး သူမက မီးဖိုချောင်ဘက်သို့ ဦးတည်သွားလိုက်တော့သည်။

ယောင်းမဖြစ်သူက တစ်ခုခုကို ထပ်ပြီး ချက်ပြုတ်တော့မည်ဟု ကြားလိုက်သည်တွင် ရှန်းနဥ်က အလောတကြီး အကူအညီပေးဖို့ ပြောလိုက်၏။

"ယောင်းမ ညီမလေး မီးမွှေးကူမယ်နော်"

စန်းလော့က အပြုံးတစ်ခုဖြင့် သိမ်သိမ်မွေ့မွေ့ တိုက်တွန်းလိုက်သည်။

"ထိုင်ပြီးတော့ ထမင်းစားလိုက်ပါ ပြီးတော့ အစ်ကိုနဲ့လဲ စကားပြောလိုက်အုံးနော် ဒါက လွယ်လွယ်လေးဆိုတော့ ငါလုပ်တတ်ပါတယ်"

ထိုအပြင် သူမသည် အခန်းထဲတွင် လူပိုတစ်ယောက်ဖြစ်နေသည်ဟု ခံစားမိလေသည်။ရှန်းလီက သူမရှိသည့် ကာလအတောအတွင်း ဖြစ်ပျက်သွားခဲ့သည့်အရာအားလုံးကို သိချင်လိမ့်မည်ဟု သူမက ယုံကြည်လေသည်။ရှန်းမိသားစု အိမ်ခွဲခြင်းမှအစ သူမက သူ၏မိန်းမတယောက်အဖြစ် မမျှော်လင့်ဘဲ ရောက်ရှိလာသည့်အကြောင်း အထိပင်။ဒီကိစ္စများတွင်တော့ သူမက ကိုယ်တိုင် ဝင်မပါလိုချေ။မောင်နှမများကဘဲ သူ့ကို ရှင်းပြဖို့ရန် လွှတ်ထားလိုက်လေသည်။

ရှန်းလီက တံခါးနားတွင်ရပ်နေပြီး စန်းလော့ဖြတ်သန်းသွားဖို့ရန်အတွက် နောက်သို့တစ်လှမ်း ဆုတ်ပေးလိုက်လေသည်။

သို့သော်ငြားလည်း စန်းလော့၏အာရုံကို ဖမ်းစားလိုက်သည့်အရာမှာ သူ၏ အဝတ်အစားများပင်။သူသည် ပါးလွှာသည့်အတွင်းအင်္ကျီ တထပ်တည်းနှင့် တိရိစ္ဆာန်အရေခွံတစ်ခုကိုသာ ဝတ်ဆင်ထားသည်။ဝံပုလွေ သို့မဟုတ် ထိုအမျိုးအစား တိရိစ္ဆန်သရေပင်။ထိုအရာက သူ၏နွေးထွေးမှုအတွက် တစ်ခုတည်းသော အရင်းအမြစ် ဖြစ်နေသယောင်။ သူ့ခန္ဓာကိုယ်ကို ရစ်ပတ်ထားပြီး ခါးတွင် ကြိုးတစ်ချောင်းဖြင့် စည်းနှောင်ထားလေသည်။သူက ကျောပေါ်တွင် ကြီးမားသည့် အထုတ်ကြီးတစ်ခုကိုလဲ သယ်ထားသေးသည်။

ကံအားလျော်စွ သူသည် ခရီးပန်းလာသော်ငြားလည်း အထူးတလည် ညစ်ပတ်နေခြင်း မရှိသလို ထူးဆန်းသည့်အနံ့များလဲ ထွက်မနေပေ။

သူတို့အချင်းချင်း ဖြတ်သွားသည့် ထိုအချိန်တိုလေး အတွင်းတွင် သူတို့သည် လေ့လာမှုကလွဲလျှင် သူမသည် ဘာတစ်ခုမှ သတိမထားမိချေ။မီးဖိုချောင်ထဲသို့ တန်းသွားလိုက်ပြီး ပင်မအဆောင်ကို ရှန်းလီနှင့်သူ့မောင်နှမများအတွက် ထားပေးလိုက်လေသည်။

အမြဲတမ်း သတိရှိသည့်ရှန်းအန်းက သူ့မရီးဖြစ်သူ အနေရခက်ပြီး ပင်မအဆောင်ထဲသို အချိန်တခုအထိ ပြန်လာလိမ့်မည်မဟုတ်မှန်း သတိထားမိလိုက်သည်။ထို့ကြောင့် သူက သူမထိုင်ခဲ့သည့် ခွေးခြေခုံလေးကို မီးဖိုချောင်ထဲသို့ မြန်မြန် ယူဝင်လာလိုက်သည်။

မီးဖိုချောင်ထဲသို့ ဝင်လာသည်တွင် စန်းလော့က တငွေ့ငွေ့ လောင်ကျွမ်းနေသေးသည့် မီးဖိုထဲသို့ ထင်းများကိုထည့်နေသည်ကို မြင်လိုက်ရ၏။သူက ထိုင်ခုံကိုချထားပေးလိုက်ပြီး သတိနှင့်အနားသို့ တိုးသွားခါ သူ့ပါးစပ်ထဲတွင် စကားလုံးများကို ရွေးချယ်လိုက်ပြီး ပြောလိုက်လေသည်။

"မရီး ကျွန်တော့ရဲ့ အစ်ကိုကြီးက တကယ့်ကို လူကောင်းတစ်ယောက်ပါ စိတ်မသက်မသာ မဖြစ်ပါနဲ့နော်"

စန်းလော့က အတိုင်းအတာတစ်ခုအထိ အံသြသွားလေသည်။ထို့နောက် သူမက တခစ်ခစ် ရယ်မောလိုက်၏။ အဓိပ်ပါယျရှိပသေညျ ရှန်းအန်းက အမြဲလိုလို အကင်းပါးပြီး သတိရှိလေသည်။

သူမက ပြုံးခါ ခေါင်းငြိမ့်ပြလိုက်သည်။

"အင်းပါ ငါက ဒါကို အသားမကျသေးလို့ပါ နောက်ပြီးတော့ နင်တို့မှာလဲ တိုင်ပင်စရာကိစ္စတွေ ရှိမယ်လို့ ငါထင်တယ်လေ ပြန်သွားပြီးတော့ စားလိုက်ပါ ငါ ဒီမှာဘဲ နည်းနည်းလောက် စားလိုက်မယ် ပြီးရင် နင့်ရဲ့ အစ်ကိုကြီး သန့်ရှင်းရေးလုပ်ဖို့ ရေနွေးနည်းနည်းလောက် တည်ထားပေးမယ်"

သူမ မှတ်မိထားသည့် အချက်များအရဆိုလျှင် နန်းတွင်းတပ်များသည် ပြီးခဲ့သည့်နှစ်နှစ်အတွင်း ကြီးမားသည့်ပမာဏတစ်ခုကို အသုံးချထားခါ တချန်မင်းဆက်၏ အရှေ့မြောက်ပိုင်းတွင် စခန်းချထားပြီး သည်နေရာသို့ပြန်လာရန် နိုင်ငံတစ်ဝက်လောက် ခရီးသွားရပေမည်။ယခုအချိန်တွင် ပိတ်ဆို့ခံထားရသည့် မြောက်ပိုင်းပြည်နယ် အများအပြားကို ဖြတ်သန်းလာရမည်။စန်းလော့က သူ မည်သို့ပြန်ရောက်လာသည့်အကြောင်းနှင့် တစ်ချို့သော ရောဂါကူးစက်ခံရသည့် နေရာများကို ဖြတ်လာခဲ့သလားဟု စဥ်းစားမိလေသည်။ သူ့အနေဖြင့် သေသေချာချာ သန့်ရှင်းဆေးကြောသည်က အကောင်းဆုံး ဖြစ်လိမ့်မည်။

တခုတည်းသော ရေချိုးခန်းနှင့် နေစရာအခန်းတစ်ခုတည်း ရှိသည်ဟု စဥ်းစားလိုက်မိသည်တွင် သူမသည် စတင်စိတ်ပူလာမိပြန်သည်။

ရှန်းအန်းကတော့ သူမက ရှေ့ကိုကြိုပြီး စိတ်ပူနေသည့်အကြောင်းကို သိလိမ့်မည်မဟုတ်ပေ။သူမက သူ့အစ်ကိုကြီးနှင့် မရင်းနှီးသေးဘဲ သူ့အတွက် သန့်ရှင်းရေးလုပ်ဖို့ရန် ရေနွေးတည်ပေးဖို့ပင် ဆန္ဒရှိသည်ဟု ကြားလိုက်သည်တွင် သူ၏ တဝက်လေးလံနေသည့်စိတ်နှလုံးက အေးချမ်းသွားပြီး သူက ဝမ်းသာအားရ ပြန်ပြောလိုက်လေသည်။

"ဒါဆိုရင် ကျွန်နော် အရင်ဆုံး ပြန်သွားလိုက်မယ်နော်"

စန်းလော့ ခေါင်းငြိမ့်ပြန်ဖြေသည်ကို စောင့်နေလိုက်ပြီး သူက ပင်မအိမ်ထဲသို့ မြန်မြန် ပြေးဝင်သွားတော့သည်။

ပင်မအိမ်ထဲတွင် ရှန်းလီက စားပွဲနားကထိုင်ခုံပေါ်တွင် နေရာယူပြီးဖြစ်လေသည်။စန်းလော့နှင့် ရှန်းအန်းတို့ကြားက စကားများက မကျယ်လှသော်လည်း တောင်ပေါ်က တိတ်ဆိတ်နေလေရာ ပင်မအိမ်နှင့်မီးဖိုချောင်တို့၏ အကွာအဝေးကလဲ နီးကပ်နေရာ နားထောင်ဖို့ စိတ်ကူးမရှိသော်ငြားလည်း ရှန်းလီသည် အားလုံးကို ကွားနသေညျ့အဓိပ်ပါယျပငျ။

ရှန်းအန်းပြန်ရောက်လာချိန်တွင် မောင်နှမသုံးယောက်က အတူတူထိုင်လိုက်ကြပြီး အစားအသောက်ကိစ္စက ဒုတိယနေရာရောက်သွားခါ ရှန်းလီ သိချင်သည့်အရာများက များပြားနေလေတော့သည်။

အဆက်မပြတ် တိုးညှင်းသည့် စကားသံများက အခန်းထဲတွင် ပြည့်နေသဖြင့် စန်းလော့က မနှောက်ယှက်ဖို့ ရွေးချယ်လိုက်တော့သည်။သူမက ရိုးရိုးရှင်းရှင်း ဂျုံခေါက်ဆွဲတစ်ခုကို ပြင်ဆင်လိုက်ပြီး သူမကိုယ်တိုင်အတွက် ပန်းကန်ငယ်လေးတစ်လုံး ချက်ပြုတ်လိုက်သည်။စားနေရင်းတဝက်တွင် သူမက ပင်မအိမ်ထဲက ထူးခြားသည့်လှုပ်ရှားမှုတစ်ချို့ကို သတိထားမိလိုက်သည်။ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်တွင် အစားစားနေရမည့်ရှန်းလီက အိမ်ထဲမှမြန်မြန်ထွက်သွားပြီး ခြံဝန်းအပြင်ဘက်သို့ ဦးတည်သွားသည်ကို တွေ့လိုက်ရတော့သည်။

စန်းလော့

သိပ်မကြာခင်တွင် ရှန်းအန်းနှင့်ရှန်းနဥ်တို့ကလဲ ပင်မအိမ်ထဲက ထွက်လာသည်။စန်းလော့က သူမ၏ ပန်းကန်လုံးကို ချထားလိုက်ပြီး မီးဖိုထဲက ထွက်လာခါ မေးလိုက်သည်။

"ဘာဖြစ်တာလဲ"

ရှန်းအန်းက မျက်တောင်လေး ပုတ်ခပ်ပုတ်ခပ်ဖြင့်

"ကျွန်တော်တို့က မရီးဒီကိုရောက်လာတဲ့အကြောင်းနဲ့ အိမ်ခွဲလိုက်တဲ့အကြောင်း မရီးက သေလုမတတ် ဖြစ်ခဲ့သည့်အကြောင်းကို အစ်ကိုကြီးကို ပြောပြလိုက်တာ"

"ကိုကြီးရဲ့အမူအယာက အဲဒီ့တုန်းက အရမ်းကိုဆိုးရွားသွားတာ သူက ပန်းကန်လုံးကို ချထားလိုက်ပြီး သူ အပြင်သွားအုံးမယ်လို့ ရုတ်တရက်ကြီး ပြောပြီးထွက်သွားတာ"

စန်းလော့က မျက်ခုံးတစ်ဖက်ကို တွန့်ချိုးလိုက်ပြီး ပြုံးလိုက်လေသည်။

"အင်းပါ နင်တို့နှစ်ယောက် ဆက်ပြီး စားလိုက်လေ"

"တစ်ချို့လူတွေကတော့ ကံဆိုးတော့မှာဘဲ ရှန်းကျင့်နဲ့တခြားသူတွေကို စဥ်းစားမိတော့လဲ ငါ့မှာ ဝမ်းမသာနိုင်ပြန်ဘူး ဒါပေမဲ့လည်း ရှန်းစန်းရဲ့အကြောင်းကို စဥ်းစားမိပြန်တော့ ကောင်းကောင်းလေး ဆူဆဲခံရမယ့်အဖြစ်က ငါ့ကို တော်တော်လေး ဝမ်းသာစေတယ်လေ"

သူမသည် ရှန်းလီက ရှန်းစန်းကို ကိုင်တွယ်နိုင်မည်မဟုတ်မှန်းကိုတော့ မစိုးရိမ်ပေ။ ရှန်းလီသည်အသက်၁၈နှစ် ၁၉နှစ်တွင် အရမ်းကို အရပ်မြင့်လိမ့်မည်ဟု မသိခဲ့ပေ။သူသည် အမှန်ပင် အရပ်မြင့်မားလာပြီး အနည်းဆုံး ၁၈၈စင်တီမီတာလောက် ရှည်ကာ ပိန်ပိန်ပါးပါး အရပ်မြင့်သည့်ပုံ မဟုတ်ပေ။ ဒါကလဲ စစ်ပွဲထဲက သေရေးရှင်ရေး အတွေ့အကြုံကြောင့် ဖြစ်နိုင်ပေသည်။မည်သို့ဆိုစေ သူသည် သူနှင့်ပတ်သတ်သည့် ဒီ ပြတ်သားမှုကို တမင်ထိန်းချုပ်ထားတာပင် ဖြစ်ရမည်။

သူ့မျက်နှာကတော့ ငယ်ရွယ်သည့်ရုပ်တခုကို ပိုင်ဆိုင်ထားဆဲဖြစ်သည်။တစ်နည်းအားဖြင့် လှည့်စားထားသလိုပင်။သူ၏ ကိုယ်လုံးကိုယ်ထည်နှင့် အရောင်အဝါကို စဥ်းစားလိုက်ရုံဖြင့် သူမက သူ့ကို စောစောကဖြတ်သွားသည့် အချိန်တွင် သူသာနောက်သို မဆုတ်ပေးခဲ့လျှင် သူမသည် အတိုင်းအတာတခုအထိ ချိန်းခြောက်ခံရသည့် ခံစားချက်မျိုး ဖြစ်ပေလိမ့်မည်။

ရှန်းအန်းနှင့်ရှန်းနဥ်တို့က သူတို့၏အစ်ကိုကြီးက မည်သို့သဘောထားရှိသည်ကို သိကြပြီး သူမ၏ အတွေးများကို ဝေမျှပေးခဲ့ခြင်းပင်။သူတို့၏ ဝမ်းကွဲမောင်နှမများ အကြောင်းကို စဥ်းစားပေးသည့်အနေဖြင့် သူတို့က ဆက်ပြီး ဆူပူမှုမဖြစ်အောင် ဆုံးဖြတ်လိုက်လေသည်။တတိယဦးလေးက သူလုပ်ထားသည့်ကိစ္စကို ပြန်ခံရမည်ဟု သိလိုက်သည့်အသိကပင် တော်တော်လေး ဝမ်းသာစရာ ကောင်းနေတော့သည်။

သူ၏ ညီလေးနှင့်ညီမလေးတို့ သီးခံခဲ့ရသည့် ကြမ်းတမ်းသည့် ဘဝအကြောင်းကို သိလိုက်သည်တွင် ရှန်းလီမှာ ဒေါသထွက်လာတော့သည်။အစောပိုင်းက ကလေးများက ကောင်းကောင်းမွန်မွန် နေရပြီး စန်းလော့၏ကိစ္စကြောင့် အာရုံလွှဲသွားသည်တွင် တည်ငြိမ်ပြီးသားဖြစ်နေသည့် သူ့ဒေါသက ပြန်ပြီးမီးတောက်လာတော့သည်။သူက တောင်ပေါ်ကဆင်းလာပြီးနောက်တွင် သူ၏ဦးလေးရှိရာအိမ်သို့ တည့်တည့် ဦးတည်သွားတော့သည်။

ဆောင်းဝင်လာကတည်းထဲ ရှန်းစန်းသည် အိပ်ယာထဲတွင်သာ အများဆုံးရှိနေတတ်ပြီး စားသောက်မည့်အချိန်မှသာ ထွက်လာတတ်ပေသည်။လုံလောက်အောင် ထူထဲသည့်အဝတ်အစားများ ဝတ်ထားပါသော်လဲ သူ၏ပျင်းရိမှုက ထိုင်နေသည်ထက် အိပ်ယာထဲတွင်နေသည်က ပိုများလေသည်။

တနေ့တွင်တော့ အော်သံ အပြင်ဘက်မှ ငိုယိုသံ အော်သံများကို ကြားလိုက်သည်တွင် ရှန်းစန်းက လာရောက်စုံစမ်းသည်ဟု စဥ်းစားလိုက်ပြီး အအေးဓာတ်ကြာင့် အိပ်ယာထဲတွင် ဆက်နေဖို့ ရွေးချယ်လိုက်၏ သူက သားဖြစ်သူများကို လွှတ်လိုက်မည်ဟု စဥ်းစားလိုက်သော်လည်း သူတို့ကအိမ်တွင် မရှိနေချေ။

ပိုပြီး အာရုံတစိုက် နားထောင်လိုက်ပြီးနောက်တွင် ဒါက အန္တရာယ်ရှိသည့်ကိစ္စ မဟုတ်ဘဲ သိလိုစိတ်သက်သက်သာဖြစ်ကြောင်း သိလိုက်သည်။သူက သိလိုစိတ်ကို ကျေနပ်ခွင့်ပေးမည်ထက် အိပ်ယာထဲတွင် နွေးနွေးထွေးထွေး နေဖို့ကိုသာ ရွေးချယ်ခဲ့ပြန်သည်။

သို့သော်ငြားလည်း သူ၏ အေးအေးဆေးဆေး အနားယူသည့်အချိန်က တိုတောင်းပေသည်။ရုတ်တရက်ဆိုသလို သူ့တံခါးသည် ဖြန်းခနဲ ကျယ်လောင်သည့်အသံတစ်ခုနှင့် ကန်ဖွင့်ခံလိုက်ရခါ ရွှံ့နံရံကိုသွားရိုက်မိပြီး ခြောက်သွေ့နေသည့် ရွှံအချပ်များက ကွာကျလာလေသည်။

တံခါးကို ကန်ပြီးဖွင့်လိုက်သူကို မြင်လိုက်သည်တွင် ရှန်းစန်းသည် သူ၏ ပထမဦးဆုံးတုံ့ပြန်မှုမှာ မယုံကြည်နိုင်သည့် အမူအယာပင်။ သူသည် အထိတ်တလန့်ဖြင့် အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားပြီး သူ့တဲထဲကနေဆီက ဖမ်းဆွဲခံလိုက်ရခါ မျက်နှာတွင်လက်သီးဖြင့် အထိုးခံလိုက်ရတော့သည်။

အဝေးမှနေ၍ ဆူညံသံကို လာရောက်ကြည့်ရှုကြသည့် ရွာသားများသည် ရှန်းစန်း၏ ဝက်လိုအော်သံကို ကြားလိုက်ရပြန်သည်။

"ရှန်းလီ ငါက မင်းရဲ့ ဦးလေးနော်"

"ဦးလေးဟုတ်လား ကိုယ့်ဟာကိုယ် ဦးလေးတစ်ယောက်လို့ ခေါ်ရဲသေးတယ်လား အဲဒီ့ ဦးလေးဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တန်တယ်လို့ထင်လို့လား"

ထို့နောက်တွင်တော့ လက်သီးက အသားဖြင့်ထိတွေ့ သွားသည့်အသံကို ကြားလိုက်ရသည့် ရှန်းစန်း၏ အဆက်မပြတ် သနားစဖွယ်အော်သံက အသနားခံနေလေသည်။

"ရပ်တော့ ကျေးဇူးပြုပြီး ရပ်ပါတော့ နာတယ် ငါတော့သေတော့မှာဘဲ အား အ"

ရှန်းစန်းမှာ သူ့ရွေးချယ်မှုကြောင့် နောင်တရမိတော့သည်။သူက အပြင်ထွက်ခါ တာဝန်ကျေကျေလူမှုဝန်ထမ်းခဲ့သင့်သည်။ဒီလိုဆိုလျှင် ထိုလက်ချက်ကို ဒီနေ့ ခံစားရလိမ့်မည် မဟုတ်ပေ။

ဆူပူမှုကြောင့် ဆွဲဆောင်ခံလိုက်ရသည့် လူအုပ်ကြီးက ခြံဝန်းထဲတွင် စုဝေးလို့လာသည်။အခုလေးတင်မှ ပြန်လည်ပေါင်းစည်းခဲ့ကြသည့် အိမ်နီးချင်းချန်းမိသားစုကပင် လူကြီးနဲ့လူငယ် အကုန်လုံးက အလျင်စလို ပြေးထွက်ပြီး ကြည့်လိုက်ကြလေသည်။

ရှန်းစန်းသည် ရှန်းလီ၏ ကြက်ကလေးတစ်ကောင်လို ဆွဲမခံလိုက်ရပြီးနောက်တွင် မြေကြီးပေါ်သို့ ပစ်ထုတ်ခံလိုက်ရတော့သည်။

ရှန်းလီက ခြံဝန်းထဲတွင် စုစည်းလာသည့် ရွာသားများကို ခေါ်လိုက်၏။

"ဒါကို သက်သေလုပ်ပေးကြပါ ကျွန်တော်ဆိုတဲ့ ရှန်းလီက အသက်၁၆နှစ်မှာ ကျွန်တော့ရဲ့တတိယဦးလေးကိုယ်စား ရှေ့တန်းကိုလွှတ်တာခံခဲ့ရတယ် သူတို့တွေက ကျွန်တော်သေသွားပြီဆိုတဲ့သတင်းကို ကြားလိုက်တဲ့အခါ ကျွန်တော့အတွက် မိန်းမတစ်ယောက်ကို ခေါ်ပြန်လာပြီး ကျွန်တော့ရဲ့ပင်မမိသားစုကို ဆန်နှစ်အိတ်နဲ့အိမ်ခွဲပေးခဲ့ပြီး ကျွန်တော်တို့ကို အစာငတ်ပြီး သေလောက်အောင်အထိ ဖြစ်ခဲ့ရတယ်။

ကျွန်တော်ဆိုတဲ့ရှန်းလီက အသက်ရှင်လျှက်ပြန်လာခဲ့တယ် ဒီလက်သီးကြားက ကျွန်တော့ရဲ့ဒေါသကို ဖွင့်ထုတ်တာသက်သက်ပဲ ဒီနေ့ကစပြီး ကျွန်တော်တို့ ပင်မရှန်းမိသားစုတို့နဲ့ တတိယမိသားစုတို့ကြားမှာ ဘာဆက်ဆံမှုမှ မရှိတော့ဘူး။ကျွန်တော်က တတိယဦးလေးနဲ့အဒေါ်တို့ကိုလဲ ဆက်ပြီးတော့ အသိအမှတ် ပြုမှာမဟုတ်တော့ဘူး။

ဒီအချိန်တွင် သူက မြေကြီးပေါ်တွင် ကွေးနေသည့် ရှန်းစန်းကို စောင်းပြီးကြည့်လိုက်လေသည်။

"ခင်များတို့က ကိုယ့်ဟာကိုယ် ဦးလေးနဲ့အဒေါ်လို့ ခေါ်ရဲတယ်နော် ခင်များတို့က မထိုက်တန်တော့ဘူး"

ကြည့်ရှုနေကြသည့် လူအုပ်ကြီးမှာ တုံ့ပြန်မှုအမျိုးမျိုး ဖြစ်သွားတော့သည်။ တစ်ချို့က ဝမ်းသာအားရ ဖြစ်နေပြီး တစ်ချို့ကတော့ ဆွေးနွေးပွဲလုပ်နေကြတော့သည်။ရှန်းလီက ဂရုမစိုက်ပေ သူက အခုလေးတင်မှပြန်ရောက်လာသည့် ချန်းသာ့ရှန်းကို လှမ်းကြည့်လိုက်ပြီး ထို့နောက်တွင် ရှန်းမိသားစု၏ ခြံဝန်းထဲမှ ထွက်လာခဲ့လိုက်သည်။

ချန်းသာ့ရှန်းသည် အခုလေးတင်မှ အိမ်ပြန်ရောက် လာခဲ့ခြင်းပင် ရွာအဝင်ဝတွင် သူ့အဖေနှင့်အဖိုးတို့က သူ့ဆီသို့ အလောတကြီး ပြေးဝင်လာပြီး အထူးသဖြင့် သူ့အဖေက သူ့ကိုဖက်ရင်းသနားစဖွယ် ငိုကြွေးခဲ့သည်။မကြာမှီတွင် သူ့အဖွား အမေနှင့်မောင်ညီမလေးများက ဝင်လာပြီး မျက်ရည်နှင့်ရယ်သံကြားက မြင်ကွင်းတစ်ခုဖြစ်ခဲ့သည်။သူသည် ကျိုးရွာသူကြီးနှင့်ရှန်းလီတို့ကြားက စကားဝိုင်းကိုမကြားခဲ့ပေ။

သူပြန်ရောက်လာကတည်းက အချိန်တိုလေးအတွင်းတွင် မိသားစုက သူမရှိခင်ကအကြောင်းအရာများကို စကားပြောကြပြီး တစ်ခြားအကြောင်းကို မမေးခဲ့မိချေ။သူသည် ရှန်းအန်းနှင့်ရှန်းနဥ်တို့က အိမ်ခွဲလိုက်သည့်အကြောင်းကို ရှန်းလီထုတ်မပြောခင်အထိ သတိမထားမိသေးရာ သူ့မှာ အထိတ်တလန့် ဖြစ်ရတော့သည်။မြေကြီးပေါ်တွင် ကွေးနေသည့် ရှန်းစန်းကိုမြင်လိုက်သည်တွင် သူသည် ထိုလူကို ကန်ကျောက်ပစ်မတတ်နီးပါး ဒေါသထွက်သွားတော့သည်။

"ရှန်းလီက ခင်များရဲ့ကိုယ်စား ရှေ့တန်းကိုသွားခဲ့ရတယ် အကြိမ်ကြိမ် သေလုနီးပါး ဖြစ်ခဲ့တယ် ခင်များက ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို သေသေချာချာလေးတောင် မပြုစုနိုင်ဘူးတဲ့ ခင်များက အသိတရားရော ရှိသေးရဲ့လား"

ထိုသို့ပြောလိုက်ပြီး သူကရွံရွံရှာရှာဖြင့် တံတွေးထွေးလိုက်ခါ ရှန်းလီနောက်ကအမှီလိုက်သွားတော့သည်။

ရှန်းလီက အဝေးသို့မရောက်သေးခင် ခြံဝန်းအပြင်ဘက် အကွာအဝေးတစ်ခုသာ ရှိသေးသည်။ချန်းသာ့ရှန်းက ထွက်လာသည်ကို မြင်လိုက်သည်တွင် သူကပြောလိုက်၏။

"ငါ အိမ်မှာမြန်မြန်လေး သန့်ရှင်းရေးသွားလုပ်ပြီးရင် မင်းအိမ်ကို တစ်နာရီအတွင်း ပြန်လာခဲ့မယ်။ကျေးဇူးပြုပြီး ဦးလေးကျိုး ရှီမိသားစုနဲ့လုမိသားစုတို့ကိုလဲ ဖိတ်ပေးအုံး မြောက်ပိုင်းကအခြေအနေနဲ့ ပတ်သတ်ပြီး အားလုံးကို အသိပေးဖို့လိုတယ် ဒါမှ သူတို့တွေလဲ စောစောစီးစီး ပြင်ဆင်နိုင်မှာ"

ချန်းသာ့ရှန်းက ခေါင်းငြိမ့်သဘောတူလိုက်၏။ရှန်းလီက ထွက်သွားတော့မည်ပြင်လိုက်စဥ်တွင် သူက ရှန်းလီကို မြန်မြန်ဖမ်းဆွဲထားလိုက်ပြီး မေးလိုက်လေသည်။

"မင်းရဲ့တတိယဦးလေးနဲ့အဒေါ်က မင်းအတွက် မင်္ဂလာပွဲတစ်ခု စီစဥ်ပေးခဲ့တယ်လို့ မင်းပြောလိုက်တာလား"

ရှန်းအန်းပြောပြခဲ့သည့် သူ၏တတိယဦးလေးက သူ့အတွက် မင်္ဂလာပွဲစီစဥ်ရသည့် အကြောင်းအရင်းကို စဥ်းစားမိသည်တွင် ရှန်းလီ၏ မေးရိုးများက တင်းမာလာတော့သည်။ထို့နောက်တွင် တောင်ခါးပန်းပေါ်က သေသေချာချာလေး ဆောက်လုပ်ထားသည့် ခြံဝန်းနှင့် ထိုနေရာတွင်နေထိုင်သည့် အမျိုးသမီးလေးကို စဥ်းစားမိသည်တွင် သူ၏မုန်းတီးနာကျည်းမှုက ကျေးဇူးတင်စိတ်အဖြစ် ပြောင်းလဲသွားပြီး ရှုပ်ထွေးသည့် ခံစားချက်တစ်ခု ဖြစ်လာတော့သည်။

သူက ခေါင်းငြိမ့်ပြလိုက်ပြီး သူလုံးဝမသိသလောက်ရှိသည့် လူတစ်ယောက်အကြောင်းကို ပြောဖို့ရာ သေချာမသိလေရာ ဝိုးတဝါးသာ ပြန်ဖြေလိုက်လေသည်။

"အင်း ငါဒီအကြောင်းကို နောက်မှဘဲပြောပြမယ် အခုတော့ ငါအိမ်ပြန်ဖို့ လိုသေးတယ်"

ရှန်းလီက လှည့်ထွက်တော့မည်ပြင်လိုက်စဥ်တွင် ရှန်းအန်းနှင့်သူမအကြားက စကားဝိုင်းကို ပြန်သတိရသွားပြီး သူမက သူသန့်ရှင်းဆေးကြောဖို့ရန်အတွက် ရေနွေးတည်ပေးမည့်အကြောင်းကို စဥ်းစားမိလေသည်။

အမှတ်တမဲ့ဆိုသလို သူ့လက်က သူ့နှာခေါင်းကို ပွတ်သပ်မိပြီး သူက ချန်းသာ့ရှန်းကို မေးလိုက်၏။

"ငါကိုယ်ပေါ်မှာ ဘာမကောင်းတဲ့အနံ့မှ မရှိပါဘူးနော်"

တောင်များအကြားတွင် သွားလာရသည်ဖြစ်ရာ သန့်ရှင်းရေးလုပ်ဖို့ရန်က ခက်ခဲလေသည်။သူက သူ့ကိုယ်ပေါ်က အနံ့များကို မခံစားမိနိုင်မှာ စိုးရိမ်နေမိလေသည်။

သို့သော်ငြားလည်း လွန်ခဲ့သည့်လေးရက်က သူသည် တောနက်ထဲက မုဆိုးတဲတစ်ခုကို ရှာတွေ့ခဲ့ပြီး ရေနွေးအိုးတည်ရန် ရေနွေးခရားကြီးတစ်ခုလဲ ရှိလေရာ ထိုနေရာတွင် သူတို့သည် ကိုယ့်ဟာကိုယ်သန့်ရှင်းရေးလုပ်ခဲ့ကြသေးသည်။ အခုတော့ ဆောင်းတွင်းလဲဖြစ်လေရာ သူသည် အလွန်မှ ညစ်ပတ်လိမ့်မည်မဟုတ်ဟု ထင်မိလေသည်။

All Chapters