← Chapters

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အခန်း (၉၇-၉၈)

Vol. 10 Ch. 97-98

အပိုင်း(၉၇) မြောက်ပိုင်းရှိအခြေအနေ

ချန်းသရှန်သည် ပဟေဠိဖြစ်နေပုံပေါ်ပြီး ခေါင်းခါပြလိုက်၏။

"မင်းက ဆေးကြောခဲ့တယ်လို့ပြောတာလား"

"နှစ်နှစ်ကျော်ကြာမှထွက်လာတဲ့အချိန် ကျွန်တော်ဆို လူရိုင်းတစ်ယောက်လိုညစ်ပတ်နေတာမှ တော်တော်ဆိုးဆိုး။ အခု ယှဉ်ကြည့်လိုက်ရင်တော့ တစ်ကယ်ကို တော်တော်လေး သန့်ရှင်းသွားပါပြီ"

ရှန်းလီစိတ်ချသွားပြီး ပြောလိုက်၏။

"ဒါဆိုလည်း အခု ကျွန်တော် ပြန်တော့မယ်။ ထမင်းတစ်ဝက်ပဲ စားရသေးတယ်"

ထိုအရာနှင့်အတူ သူသည် ခြေလှမ်းကျဲကျဲဖြင့် လှည့်ထွက်သွားလေတော့သည်။

ထို့နောက် ချန်းဘွားဘွားသည် ရှန်းမိသားစုခြံဝင်းထဲမှပေါ်လာပြီး ချန်းသရှန်သည် အလျင်စလိုဖြင့် သူ့အဘွားအား တိတ်တိတ်လေး ကပ်မေးလိုက်၏။

"အဘွား၊ ရှန်းလီရဲ့မိန်းမနဲ့ ဘာကိစ္စရှိလို့လဲ"

စန်းလော့နှင့်ပတ်သက်ပြီး သူ့မြေးကမေးသည်ကိုကြားတော့ ချန်းဘွားဘွားက ရယ်မောလိုက်၏။

"ရှန်းလီရဲ့ဇနီးလား"

သူမက အရင်ဆုံးပြုံးပြပြီး ပြောလိုက်၏။

"အဲ့ကောင်လေး ရှန်းလီက တစ်ကယ်ကို ကံကောင်းတယ်"

သူ့မြေးကိုအနားသို့ဆွဲရင်း ရှန်းမိသားစုခြံဝင်းဆီသို့အမူအရာပြကာ တိုးတိုးလေးပြောလိုက်၏။

"သူတို့နှစ်ယောက်က မကောင်းခဲ့ပေမယ့် ဒီတစ်ခုကတော့ သူတို့မတော်တဆ တစ်ခုခုကိုမှန်အောင်လုပ်ခဲ့တယ်"

အဘွားအိုသည် စန်းလော့ကို နောက်ထပ်ယောက်ျားရှာပေးမည့်အကြံနှင့် လုံးပန်းနေစရာမလိုတော့ဘဲ သူ့အပြစ်မှစိတ်သက်သာရာရသွားကာ စိတ်ကြည်နူးနေ၏။

ချန်းသရှန်သည် သူ့အဘွားက ရှန်းလီမိန်းမအကြောင်း ပြောရင်း‌ရွှင်မြူးနေသည်ကို မြင်တော့ အံ့ဩကာမေးလိုက်၏။

"သူမက တစ်ကယ်ပဲ အဲ့လောက်ကောင်းတာလား"

ချန်းဘွားဘွားသည်လှိုက်လှိုက်လှဲလှဲရယ်မောလိုက်၏။

"ကောင်းလားဆိုတော့ သူမက ပိုပြီးတော့တော့မကောင်းနိုင်ဘူး။ သူမထက်ပိုကောင်းတဲ့သူတစ်ယောက်ယောက်ကိုလည်းကို ရှာတွေ့မှာမဟုတ်ဘူး"

သူမသည် မုဆိုးမအဖြစ်နေထိုင်သော ထိုမိန်းမချောလေး စန်းလော့အတွက် အလွန်စိုးရိမ်ပူပန်နေခဲ့ပြီး သူမအား နောက်အိမ်ထောင်ပြုရန်အတွက် ဆွဲဆောင်ရန် စဉ်းစားနေခဲ့သည်။ ရှန်းအန်းနှင့်ရှန်းနဉ်အတွက်သာ မစိုးရိမ်ပါက မကြာမီတွင်လုပ်ဆောင်ပေးမည်ဖြစ်၏။

"အခုတော့ ငါမလုပ်ခဲ့မိတာကိုပဲ ကျေးဇူးတင်ရမယ်။ ရှန်းလီပြန်ရောက်လာပြီး အပြည့်အဝပြည့်စုံသွားပြီ"

ဤသည်ကိုပြန်စဉ်းစားကြည့်ရင်း အသက်ရှင်နေခြင်း၏ ကံတရားကိုလက်ခံရင်း တမင်တကာမဟုတ်ဘဲ သက်ပြင်းချလိုက်မိလေသည်။ တော်တော်များများသည် အိမ်နှင့်ဝေးရာတွင် သေကြေပျက်စီးကြရ၏။

ချန်းဘွားဘွား၏ သူ့မြေးလက်မောင်းကို ဆုပ်ကိုင်ထားသည့်လက်က တင်းကျပ်သွားပြီး ကျန်းကျန်းမာမာလုံခြုံစွာနှင့် သေလုနီးပါးဖြစ်ရာမှ ပြန်ရောက်လာသော သူ့ကံကြမ္မာအား ကျေးဇူးတင်မိတော့သည်။

……

အငြင်းအခုံဖြစ်ပြီးနောက် ရှန်းလီသည် သူတို့အိမ်အနီးရှိ စမ်းပေါက်နားတွင်ရပ်ပြီး သူ့လက်ဆေးရန် အရည်ပျော်နေသောရေများကို အသုံးပြုလိုက်၏။

ရှန်းလီပြန်ရောက်လာသောအခါ စန်းလော့နှင့်ကလေးများသည် ညစာစားပြီးပြီဖြစ်သည်။ ရာသီဥတုအေးသောကြောင့် သူ့ဝေစုကို မီးဖိုပေါ်တွင်တင်နွှေးထားလိုက်၏။

ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် ခြံဝင်းထဲ၌ သူတို့အစ်ကိုကြီးကို စိတ်အားထက်သန်စွာစောင့်မျှော်နေကြသည်။ သူပြန်ရောက်လာတော့ သူတို့သည် အစားအသောက် ယူပေးရန် စိတ်လှုပ်ရှားစွာဖြင့် ကမ်းလှမ်းသော်လည်း ရှန်းလီသည် မီးဖိုချောင်မှ သူကိုယ်တိုင်သွားယူရန် ခိုင်ခိုင်မာမာပြောလိုက်၏။

ဤအစီအစဉ်ကိုနှစ်သက်သော မောင်နှမနှစ်ယောက်က ပျော်ရွှင်စွာဖြင့် သူတို့အစ်ကိုနောက်မှ အမှီးလှုပ်ယမ်းသကဲ့သို့ မီးဖိုချောင်ထဲသို့ လိုက်သွားလေသည်။

မီး‌ဖိုချောင်ဝင်ပေါက်ကိုရောက်တော့ ရှန်းလီသည် အံ့ဩမှုကြောင့် ရပ်တန့်လိုက်၏။

မီးဖိုတစ်ခုသည် စင်များ၊ အိုးများ၊ အိုးကြီးများ၊ ကြိတ်ခွဲစက်တစ်ခုနှင့် အမည်မသိသစ်သားစင်တစ်ခုတို့ဖြင့် တစ်ပုံတစ်ခေါင်းဖြစ်နေသည်ကို မကြုံဖူးပေ။

ခြံဝင်းထဲ၌ မောင်နှမများစကားပြောနေစဉ် စန်းလော့သည် ပန်ကန်များကိုဆေးကြောနေ၏။ ရှန်းလီ၏ကြောင်အနေသောအကြည့်ကို လှည့်ကာ ရှင်းပြလိုက်၏။

"ဒါတွေက ကျွန်မတို့ အသက်မွေးဝမ်းကျောင်းအတွက် ရည်ရွယ်ထားတာတွေပါ။ ကျွန်မတို့ ပြည့်စုံလောက်ငဖို့ အဲ့တာတွေအပေါ်မှာ မှီခိုနေရတယ်။ ပြီးတော့ အဲ့တာက ကျွန်မတို့ပစ္စည်းဥစ္စာတွေ ဘယ်လိုစုဆောင်းလဲဆိုတာပါပဲ"

မီးဖိုဆီသို့ညွှန်ပြရင်း သူမက ထပ်ပြောလိုက်၏။

"ရှင့်ရဲ့ထမင်းကို ပေါင်းတဲ့အိုးထဲမှာ နွှေးထားတယ်။ ကိုယ့်ဘာသာယူလိုက်ပါ။ နောက်မှ ဆေးဖို့အတွက် ရေးနည်းနည်းထည့်ကျိုဖို့ အိုးကြီးတစ်လုံးနဲ့ အစားထိုးလိုက်မယ်"

သူတို့၏စီးပွားရေး အတိအကျနှင့်ပတ်သက်ပြီး မရှင်းလင်းသေးသော်လည်း ရှန်းလီသည် စန်းလော့၏ညွှန်ကြားချက်များကို အလိုအလျောက် လုပ်ဆောင်ကာ ထမင်းပွဲစီစဉ်ခြင်းနှင့် မီးကြည့်သည့်တာဝန်များကို ချောမွေ့စွာ လက်လွှဲယူလိုက်လေသည်။

စန်းလော့သည် သူ၏ကျွမ်းကျင်သော လှုပ်ရှားမှုများကိုတွေ့ရှိပြီး သူ့ထံတွင် သခင်တစ်ယောက်၏ တောင်းဆိုနေသည့်လေသံမျိုး မရှိသောကြောင့် စိတ်သက်သာရာရသွားတော့၏။

ရှန်းလီ တောင်အောက်ကိုဆင်းသွားစဉ်တွင် စန်းလော့သည် သူမ၏နောက်ထပ်အဆင့်များကိုချင့်ချိန်စဉ်းစားနေလေသည်။ အခင်မင်မပျက်ဘဲ သူတို့၏အိမ်ထောင်စုစာရင်းမှခွဲထွက်ကာ ရွာအနောက်ပိုင်းရှိ အပြီးစွန့်ခွာလာခဲ့သည့်အိမ်သို့ ပြန်ပြောင်းရန် ရှန်းလီနှင့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးရမည်လား၊ သို့မဟုတ် ဆောင်းရာသီပြီးပါက မည်သို့ဖြစ်လာမည်ကို စောင့်ကြည့်ရုံသာဖြစ်သည်။ စန်းလော့သည်ယခုထိ ဆုံးဖြတ်ရခက်နေလေ၏။

နောက်ဆုံးတွင် သူမသည် ဤအိမ်ကို တစ်ကိုယ်တည်းတည်ဆောက်ခဲ့ရပြီး ရှန်းအန်းနှင့်ရှန်းနဉ်တို့အား လအတော်ကြာစောင့်ရှောက်ခဲ့ရသောကြောင့် အပိုင်းအစများမှဖန်တီးထားသောအိမ်မှခွဲထွက်ရန်ခက်ခဲနေလေသည်။

နောက်ဆုံးဆုံးဖြတ်ချက်တစ်ခုခုမချမီတွင် သူမက သူတို့၏အပြန်အလှန် တုံ့ပြန်မှုများအား မနှစ်မြို့စရာမရှိသည်ကို မျှော်လင့်ရင်း ရှန်းလီနှင့်အတူ တွဲနေထိုင်ရန်လိုသည်ကိုသိလေ၏။

စန်းလော့၏ဆင်ခြင်သုံးသပ်မှုကိုသတိမထားမိသော ရှန်းလီသည် မီးဖိုထဲသို့လောင်စာထည့်ရင်း သူမပန်းကန်ဆေးနေသည်ကို မြင်ရအောင် တစ်ချက်လှမ်းကြည့်လိုက်ပြီး အကြံပေးလိုက်လေသည်။

"ပန်းကန်တွေကိုထားလိုက်ပါ။ ကျွန်တော် စားလို့ပြီးတာနဲ့ တစ်ခါထဲ ဆေးလိုက်လို့ရတယ်"

စန်းလော့က သူမအလုပ်ကိုမရပ်ဘဲ ဆက်လုပ်နေ၏။

"ရပါတယ်၊ ပြီးလုနီးပါပြီ။ အဲ့တာကို နွေးနေတဲ့အချိန်လေးစားသင့်တယ်နော်"

သူမ မမှုသည်ကိုမြင်တော့ ရှနလီသည် ထပ်ပြီးအတင်းမတောင်းဆိုတော့ပေ။ သူသည် ထမင်းပွဲကို ပေါင်းသည့်အိုးထဲမှယူကာ စားပွဲတစ်ဖက်တွင် စစားလေသည်။

တောထဲတွင်လအတော်ကြာ ခရီးသွားခဲ့ရသောကြောင့် ကောင်းမွန်သောထမင်းမစားရသည်မှာ လအတော်ကြာခဲ့ပြီဖြစ်သည်။ အစပိုင်းတွင် သူ့မိသားစုနှင့်ပတ်သက်ပြီး လေ့လာရန် အလွန်စိုးရိမ်ပူပန်နေသော်လည်း ယခုတော့ ထမင်းပွဲကောင်းတစ်ပွဲ ဖြည့်တင်းခြင်းဖြင့် အရသာခံနေလေ၏။

ရှန်းအန်းတစ်ယောက် ရည်ညွှန်းပြောဆိုသောတို့ဟူးဟုခေါ်သည့်ဟင်းပွဲသည် အရသာရှိပြီး နွှေးပြီးနောက် ကြွပ်ရွခြင်းမရှိသော အစိမ်းရောင်အရွက်များသည် ယခင်က သူမြည်းစမ်းဖူးခဲ့သည်ထက် ပို၍အရသာရှိနေဆဲဖြစ်ပြီး မြိန်ရေယှက်ရည်စားရန် လက်ခံရမည်ဖြစ်သည်။

စန်းလော့က မသိမသာဖြင့် တစ်ချက်ဝေ့ကြည့်လိုက်၏။ ရှန်းလီသည် ရိပ်ခနဲဖမ်းမိပြီးနောက် အစာကိုဖြည်းဖြည်းချင်းစားကာ သိသိသာသာပင်ထိန်းသိမ်းထားလိုက်လေသည်။

ရှန်းအန်းက သူ့အစ်ကိုသည်ညစာစားနေပြီး သူ့မရီးလည်း အလုပ်များနေသည်ကိုမြင်တော့ ကြိတ်ခွဲစက်နားသို့လျှောက်သွားလိုက်ပြီး စည်ပိုင်းထဲတွင်စိမ်ထားသောပဲများကို ကြည့်လိုက်၏။

"မရီး၊ ပဲတွေစိမ်ထားတာရလောက်ပြီလား။ ဒါတွေကို ခဏနေရင် စပြီးကြိတ်လို့ရပြီလား"

စန်းလော့က ခေါင်းညိတ်ပြလိုက်၏။

"ရပြီ၊ နောက်ထပ် ဆယ့်ငါးမိနစ် ဒါမှမဟုတ် အဲ့ထက်နည်းနည်းကြာအောင် အနားယူလို့ရသေးတယ်။ အေးတဲ့ရာသီဥတုမှာ ပဲစေ့တွေကို နည်းနည်းကြာအောင် စိမ်ထားဖို့လိုတယ်"

ရှန်းအန်းကိုစကားပြောနေစဉ် ခွဲထွက်ရန် သူမသာအကြံပြုပါက ရှန်းလီတစ်ယောက်သဘောတူပါ့မလားဟူသော သူမ၏အ‌တွေးများမှာ အဝေးသို့ပျံ့လွင့်သွားလေသည်။ နောက်ဆုံးတွင် ယခင်က အထောက်အထားနှင့်အတူ သူမသည် ကလေးနှစ်ယောက်ကို ခြောက်လကြာပြုစုပျိုးထောင်ခဲ့ပြီး သက်တောင့်သက်သာရှိသော အိမ်တစ်လုံးကို ဖန်တီးထားခဲ့၏။

စန်းလော့ကိုယ်တိုင်ပင် သူမတည်ဆောက်ထားသည်များကို လက်လွှတ်ရန်ခက်ခဲကြောင်း နားလည်လေသည်။

ဟင်းချက်ကျွမ်းကျင်မှုများအတွက်တော့ ကလေးနှစ်ယောက်လုံးသည် သူမထံမှ ကောင်းစွာသင်ယူခဲ့ပြီး တို့ဟူးပြုလုပ်ခြင်းနှင့် ပဲအနှစ်အခြောက်ကို အတူတကွစီမံနိုင်လေ၏။

သူမစုဆောင်းထားသည့်ဝဥများဖြင့် အသေးစားလုပ်ငန်းကို ချဲ့ရန်စဉ်းစားထားပြီး တုန်းဖူစာသောက်ဆိုင်သို့ သက်သက်လွတ်အူကြမ်းကို သီးသန့်ထောက်ပံ့ပေးနေ၏။ ချန်း၊ ရှီနှင့် လု မိသားစုများနှင့် ဆက်ဆံရေးကြောင့် ရွာတွင် စီးပွားရေးတစ်ခု ထူထောင်နိုင်ပုံရသည်။

အစားအစာနှင့်ငွေအတွက်တော့ စပါးများသည်ဈေးကြီးသောကြောင့် စန်းလော့သည် တစ်စိတ်တစ်ပိုင်းကို ယူရန်သာဆုံးဖြတ်ထားပြီး ကျန်သည်ကို မျှဝေကာ ထိုအရာများကို ကလေးများ၏အနာဂတ်အတွက် ရင်နှီးမြှုပ်နှံရန် ယူဆထား၏။ သူမသည် ရိုးသားပြီး လောဘမကြီးပုံပေါ်သော ရှန်းလီကို ယုံကြည်ခြင်းက ကျန်ရှိသောငွေများကို သိမ်းဆည်းထားစေသည်။

သူမသည် ပန်းကန်ဆေးနေစဉ် ရှန်းမိသားစုမှ သီးသန့်အိမ်ထောင်စုတစ်ခု ခွဲထူထောင်မည့် ဖြစ်နိုင်ခြေများကို တွက်ချက်နေ၏။

သူမအတွေးများကိုသတိမထားမိသော ရှန်းလီက ရှန်းအန်းပြောခဲ့သော ပဲကြိတ်ခြင်းကို သတိရကာ ကမ်းလှမ်းလိုက်လေသည်။

"ရေချိုးပြီးရင် ချန်းမိသားစုဆီကို သွားလည်ဦးမယ်။ အရေးမကြီးဘူးဆိုရင် ကျွန်တော် ပြန်ရောက်လာရင် ပဲစေ့တွေကိုကြိတ်ပေးမယ်လေ"

ရှင်းရမည်ဆိုလျှင် သူသည် တာဝန်ယူမှုကို ခေါင်းမရှောင်ဘဲ ထပ်ပြောလိုက်၏။

"မြောက်ပိုင်းကအခြေအနေက ဒုက္ခရောက်နေပုံပေါ်တယ်။ ရှီနဲ့လုမိသားစု၊ ကျိုးချွမ်းကျန့်တို့ကို ဆွေးနွေးညှိနှိုင်းဖို့ သရှန်ကို ဖိတ်ခိုင်းထားတယ်။ မင်းရော ကျွန်တော်တို့နဲ့ပါဝင်ဦးမလား"

သူ့စကားထဲမှ "မင်း" သည် စန်းလော့ကိုရည်ညွှန်းသည်မှာထင်ရှား၏။

စန်းလော့စိတ်ထဲရှိအစီအစဉ်သည် သူ့စကားများကြောင့် ရပ်တန့်သွားလေသည်။ သူမ ပန်းကန်ဆေးနေသည်ကိုရပ်ကာ မေးမြန်းလိုက်၏။

"မြောက်ပိုင်းမှာ ဘာတွေဖြစ်နေလို့လဲ"

အမှန်တရားကိုဖုံးကွယ်ရန်မလိုတာကြောင့် ရှန်းလီသည် ထုတ်ဖော်ပြောပြလိုက်၏။

"မကြာသေးခင်က နှစ်တွေတုန်းက အလွန်အကျွံစစ်မှုထမ်းခြင်းနဲ့ စစ်ရေးလှုပ်ရှားမှုတွေ၊ အထူးသဖြင့် မကြာသေးမီက ကျယ်ကျယ် ပြန့်ပြန့်နယ်ချဲ့တာတွေကြောင့် စစ်သားတွေနဲ့ အလုပ်သမားတွေကြားမှာ သေဆုံးမှု တစ်သန်းနီး‌ပါးလောက် ရှိခဲ့တယ်။ ပြည်သူတွေရဲ့မကျေနပ်မှုကလဲ အကြီးအကျယ်ပဲ။ မြောက်ပိုင်းပြည်နယ်တွေက ဘေးအန္တရာယ်တွေက အစိုးရရဲ့အရေးယူဆောင်ရွက်မှု မရှိတာတွေနဲ့ယှဉ်တွဲပြီး တော်တော်များများက ပုန်ကန်ကြတယ်။ အပြန်လမ်းမှာလဲ တောင်တန်းတွေကို ထိန်းချုပ်ဖို့တောင်းဆိုခံထားရတဲ့ သီးခြားသူပုန်တပ်ဖွဲ့သုံးပွဲနဲ့ တွေ့ခဲ့ရသေးတယ်"

စန်းလော့၏ပန်းကန်ကိုဆုပ်ကိုင်ထားမှုမှာတင်းကျပ်သွားတော့၏။

"သူပုန်တွေလို့ပြောတာလား"

ရှန်းလီက ခေါင်းညိတ်ပြလိုက်၏။

"သူတို့က လမ်းမှာ ကျွန်တော်တို့နဲ့တွေ့ခဲ့တဲ့အဖွဲ့သက်သက်ပဲ။ တစ်ခြားနေရာတွေမှာလဲ ရှိကောင်းရှိနိုင်ပေမယ့် ပမာဏကိုတော့ မသိရသေးဘူး"

ရှန်းလီသည် စန်းလော့နှင့်မောင်နှမနှစ်ယောက်ကို ကြည့်လိုက်ပြီး မြောက်ပိုင်းရှိအခြေအနေနှင့် သူအိမ်ပြန်နောက်ကျရသည့် အကြောင်းအရင်းကို ရှင်းပြနေလေသည်။

"စစ်ပွဲအတွင်းမှာ ကျွန်တော်တို့က ရန်သူ့နယ်မြေထဲမှာ ကတုတ်ကျင်းနဲ့ အကာအကွယ်ယူရတဲ့ ရှေ့တန်းတပ်မှာရှိနေတာ။ နောက်တန်းက စစ်သားတွေပြန်ဆုတ်ခွာတော့ ကျွန်တော်တို့ရှေ့တန်းတွေကို လက်လွှတ်လိုက်ရလုနီးပါပဲ။ ဦးလေးရှီက လက်တစ်ဖက်ဆုံးရှုံးလိုက်ရပြီး ဦးလေးလုလည်း အပြင်းအထန်ဒဏ်ရာရခဲ့တယ်။ သရှန်နဲ့ငါက ရန်သူရှာဖွေရေးအဖွဲ့တွေကိုရှောင်ဖို့ နှစ်လကျော်လောက် တောနက်ထဲမှာ ပုန်းရင်း ရှောင်တိမ်းနေခဲ့ရတာ။ ကျွန်တော်တို့ဒဏ်ရာတွေ သက်သာလာမှပဲ ကျွန်တော်တို့အိမ်ပြန်လာရဲတယ်"

"ရှာတွေ့သွားမှာကိုကြောက်လို့ တရားဝင်လမ်းတွေကိုမသုံးရဲလို့ တောတွေထဲကနေဖြတ်ပြီး သွားလာခဲ့ကြရတာ။ အဲ့တာက သချန်နယ်မြေကို‌ ပြန်ဝင်ရောက်ဖို့တစ်လကျော်ကြာသွားစေတာလေ။ အဲ့အချိန် မြောက်ပိုင်းပြည်နယ်တွေမှာက ဘေးအန္တရာယ်ပြင်းထန်နေပြီ။ အခက်အခဲတွေကြားက အခွန်နဲ့အတင်းအကျပ်ခိုင်းစေတာတွေကို မလျော့ဘဲ ပြည်သူတွေကို ဓားပြအဖြစ်ပြောင်းလဲပြီး အစိုးရကို တော်လှန်စေခဲ့တာ။ အစားအစာနဲ့သောက်စရာလိုအပ်နေတဲ့ ဒီပြည်သူတွေက စည်းကမ်းမရှိဘဲ မီးရှို့မှု၊ ခိုးမှု၊ လူသတ်မှုတွေကို အများအပြားကျူးလွန်ခဲ့ကြတယ်။ အခုတော့ မြောက်ပိုင်းက ဖရိုဖရဲဖြစ်နေပြီ။ သူပုန်တွေကိုရှောင်ဖို့ တောနက်ထဲကို ဖြတ်ဖို့လိုတာကြောင့် ဒီကိုပြန်လာဖို့ အခုချိန်ထိ အချိန်ယူခဲ့ရတာ"

"တစ်ကယ်တော့ တောင်တွေဆီကိုပြန်ဆုတ်သွားတုန်းက အစိုးရကို ပုန်းရှောင်နေတဲ့ သူပုန်တစ်ချို့နဲ့ မလွဲသာပဲ ကြုံတွေ့ခဲ့ရသေးတယ်။ တစ်ခါတော့ ကျွန်တော်တို့ကို ပြင်းထန်တဲ့တိုက်ပွဲမှာ ပါဝင်ဖို့တွန်းအားပေးခံရပြီးတဲ့နောက် သူတို့က သူတို့ရဲ့အဆင့်အဖြစ်နဲ့ တပ်သားသစ်စုဆောင်းချင်နေကြတာ"

"ထွက်မပြေနိုင်ရင် သေတာပဲ ဒါမှမဟုတ် သစ္စာခံပြီး သူတို့နဲ့ပူးပေါင်းဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး။ ကျွန်တော်တို့က သူပုန်တွေနဲ့အမာခံနယ်မြေမှာ ရက်နှစ်ဆယ်ကျော်ကြာနေခဲ့ရပြီး သူတို့ခေါင်းဆောင်တွေရဲ့ယုံကြည်မှုကိုရခဲ့တယ်။ သူတို့က ကျွန်တော်တို့ကို ခရိုင်ငယ်လေးကိုတိုက်ခိုက်ဖို့စေလွှတ်ခဲ့ပြီး ဗရမ်းဗတာဖြစ်နေတဲ့ကြားကပဲ လွတ်မြောက်ဖို့အခွင့်အရေးကို ဆုပ်ကိုင်ထကြရတာ"

"ကျွန်တော်ကတော့ သူတို့ရဲ့ စည်းစိမ်တွေ၊ ရာ‌ထူးတွေ စစ်တပ်ဆိုင်ရာအဆင့်တွေကို စိတ်မဝင်စားပါဘူး။ ကျွန်တော်တို့မိသားစုတွေဆီကို တတ်နိုင်သမျှ မြန်မြန်ပြန်ရောက်ဖို့ပဲ တောင့်တတယ်။ ကျွန်တော်တို့စိုးရိမ်တာတစ်ခုက အိမ်ကို လုံလုံခြုံခြုံပြန်ရောက်လာဖို့ပဲ"

"ကျွန်တော်တို့ခရီးသွားနေတဲ့အချိန် မြောက်ပိုင်းက ဗရမ်း‌ဗတာအခြေအနေတွေက ထင်ရှားလာတယ်။ ကျွန်တော်တို့ရဲ့ အကြီးမားဆုံးအကြောက်တရားက တောင်ပိုင်းကလဲ ဖရိုဖရဲဖြစ်ပြီး ကျွန်တော်တို့ချစ်ရတဲ့သူတွေရဲ့ လုံခြုံမှုကို ခြိမ်းခြောက်မှာကိုပဲ။ စိုးရိမ်ပြီး ကျွန်တော်တို့ မြန်မြန်ပြန်လာခဲ့ကြတာ။ ကံကောင်းချင်တော့ တောင်ပိုင်းက ကျွန်တော်တို့ပြန်ရောက်လာတော့ တော်တော်လေးငြိမ်းချမ်းနေတယ်လေ"

စန်းလော့သည် လွန်ခဲ့သောတစ်လလောက်က စီရင်စုတံခါးနားတွင်တွေ့ခဲ့သော သံသယရှိသည့် ဒုက္ခသည်များကို ပြန်စဉ်းစားရင်း ရှန်းလီကိုမေးလိုက်၏။

"ရှင့်လိုမျိုး မြောက်ပိုင်းကနေ တောင်ပိုင်းကို ထွက်ပြေးလွတ်မြောက်လာတဲ့သူတွေ အများကြီးပဲလား"

ရှန်းလီက ခေါင်းခါလိုက်၏။

"မထိမခိုက်ဘဲ လွတ်မြောက်လာတဲ့သူက အများကြီးတော့မရှိဘူး။ မြောက်ပိုင်းကသူတွေက အိမ်နဲ့နီးတာမလို့ ပိုကောင်းတဲ့အခွင့်အရေးရှိပြီး သူတို့ရဲ့ရွာတွေကို ရောက်နိုင်တယ်။ ဒါပေမယ့် အိမ်ကိုရောက်ဖို့ ကြိုးစားနေတဲ့သူက ကျွန်တော်တို့လိုမျိုး စိတ်မချရတဲ့သစ်တောတွေကို ဖြတ်ကျော်ပြီး သားရဲတွေရဲ့ဖမ်းစားတာကိုမခံရဖို့ စွန့်စားရင်း မျှော်လင့်ချက်အသေးလေးကပဲ ဒါကိုဖြစ်မြောက်စေတာလေ။ တောအစပ်လမ်းတွေကို ရွေးချယ်တဲ့သူတွေက သူပုန်တပ်ဖွဲ့တွေနဲ့ မကြာခဏတွေ့ဆုံတတ်တယ်။ ဝန်းရံပိတ်ဆို့မှုတွေ၊ ရောဂါ၊ ငတ်ပြတ်မှုတွေကြောင့် အများစုက သူပုန်အဖွဲ့ထဲဝင်ကြပြီး လမ်းမှာတင် သေကြေကုန်တယ်။ လူနည်းနည်းပဲ ပြန်လာနိုင်တယ်"

"ကျွန်တော်တို့ရဲ့ရှင်သန်မှုက ကျွန်တော်တို့ရဲ့ အမဲလိုက်စွမ်းရည်ကြောင့်ပဲ။ ချန်းသရှန်ရဲ့ အမေဘက်ကမိသားစုက မုဆိုးတွေ၊ သူက သူ့ဦးလေးတွေဆီက နေသင်ယူခဲ့တာ။ တောင်ပိုင်းကိုထွက်ပြေးလာတော့ ၁၆နှစ်အရွယ် ချန်းသရှန်နဲ့ ၁၄နှစ်အရွယ် ကျွန်တော်က တောင်တွေထဲမှာစပြီး အမဲလိုက်ရတယ်။ အမဲကောင်ငယ်လေးတွေကနေ စတင်ပြီး တဖြည်းဖြည်းချင်း တောနက်ထဲကို စွန့်စားသွားရတယ်"

"စစ်တပ်ထဲမှာ တစ်ခြားသူတွေက တပ်ရဲ့ရိက္ခာကို လုံးဝမှီခိုနေရချိန် ကျွန်တော်တို့က အစားအစာထောက်ပံ့ဖို့အတွက် တောင်တွေဆီကို မကြာခဏစွန့်စားသွားကြတယ်။ ပြီးရင် ရှာလို့ရလာတာတွေကို ကျွန်တော်တို့နဲ့အတူတူတပ်ချထားတဲ့ ရှီသလန်နဲ့လုအာ့လန်တို့ကို မျှဝေပေးတယ်"

နှစ်ပေါင်းများစွာကြာအတွေ့အကြုံနှင့်အတူ ရက်စက်ကြမ်းကြုတ်သည့် သားရဲများကိုတိုက်ခိုက်ရန်မလိုအပ်သော်လည်း သူတို့နှစ်ဦးသည် အန္တရာယ်ရှိသော တိရစ္ဆာန်များ မကြာခဏလာရောက်လေ့ရှိသည့် နေရာများကို ရှောင်ရှားရာတွင်နှင့်အစာရှာဖွေရာတွင် ကျွမ်းကျင်ကြသည်။ ဤကျွမ်းကျင်မှုအစုံသည် သူတို့လေးယောက်အုပ်စုအား လုံခြုံစွာဖြင့်အိမ်ပြန်ရောက်စေ၏။

ဟုတ်ပါသည်၊ ဤအရာသည်အန္တရာယ်မရှိဘဲ မဖြစ်နိုင်ပေ။ အနွေးဓာတ်အတွက် သူတို့ဝတ်ဆင်ထားသောဝံပုလွေအရေသည် အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် တွေ့ဆုံမှုများမှရရှိလာသော ဆုလာဘ်များဖြစ်လေသည်။

ရှန်းလီ၏ဇာတ်ကြောင်းကို ကြားတော့ စန်းလော့သည် လွန်ခဲ့သည့်တစ်လက တွေ့ဆုံခဲ့သောသူများသည် ရန်သူ‌နယ်မြေမှ ထွက်ပြေးလွတ်မြောက်ရန် စီစဉ်ကြသောသူတစ်ချို့ဖြစ်မည်ဟု သုံးသပ်နေ၏။

သူမက မဝံ့မရဲမေးလိုက်၏။

"ရှင်ရော တောင်ပိုင်းကပါ ဖရိုဖရဲအခြေအနေတွေကို ကျရောက်လိမ့်မယ်လို့ ထင်လား"

ရှန်းလီသည် တုံ့ဆိုင်းနေ၏။

"ဒါက ပြောဖို့ခက်တယ်။ တောင်ပိုင်းကဘဝက မြောက်ပိုင်းကဘဝတွေထက် တော်တော်ကောင်းမွန်တယ်။ လူအများစုကတော့ အသက်မွေးဝမ်းကြောင်း ပြုနိုင်သရွေ့ ပုန်ကန်ဖို့တွေးကြမှာမဟုတ်ဘူး။ ဒါပေမယ့် မြောက်ပိုင်းသူပုန်တွေသာ အရှိန်နဲ့ရောက်လာရင်တော့ ဂယက်ထနိုင်ပြီး အုံကြွမှုတွေ ပိုများလာအောင် လှုံ့ဆော်နိုင်တယ်"

"ထင်ရာစိုင်းတဲ့ မြောက်ပိုင်းသားတွေနဲ့ ရန်သူ့နယ်မြေကနေ သေဘေးက လွတ်လာတဲ့လူတွေကြားက လက်ရှိမငြိမ်သက်မှုတွေက သူတို့မိသားစုဝင်တွေသေတာ၊ အိမ်ပစ်ရာ ပစ်ပြေးရတာလားဆိုတာကို ရှာဖို့ပဲ။ ဒါပေမယ့် မင်းမျိုးမင်းနွယ်နဲ့ မျိုးနွယ်စုကြီးတွေကရော။ သူတို့မှာရောရည်ရွယ်ချက် မရှိဘူးလား"

"သူတို့က စောင့်ကြည့်နေရုံသက်သက် ဖြစ်ကောင်းဖြစ်နိုင်တယ်"

သချန်မင်းဆက်တွင် ယခင်ကမင်းဆက်များလိုပင် သူကောင်းမျိုးများအတွက် အာဏာကိုလုယူပြီး သူတို့ကိုယ်သူတို့ ဧကရာဇ်ဟုကြေညာခြင်းသည် မထူးခြားပေ။ ဒေသအတွင်း ဇာတ်ကြောင်း ပြောပြသူများ၏ပြောကြားချက်အရ ရှန်းလီကဲ့သို့သာမန်လူများကြားတွင်ပင် ဧကရာဇ်ဖြစ်လာသည့်မြို့စားနယ်စားများ၏ ဇာတ်ကြောင်းသည် ထင်ရှားပြီး လက်ခံနိုင်ကြလေသည်။

ဤဩဇာညောင်းသော မိသားစုများသည် အချိန်မှန်ကို ဆုံးဖြတ်ပါက သာမန်လူထုသည် ပုန်ကန်ဖို့ရွေးချယ်မည်လားဟူသော ကိစ္စရပ်တစ်ခုခု သက်သက် မဖြစ်နိုင်တော့ပေ။

"ဒါ့အပြင် လက်ရှိဧကရာဇ်က သူ့ပြည်သူတွေရဲ့ကောင်းကျိုးကို အထူးတလည်စိတ်ဝင်စားနေပုံလဲမပေါ်ဘူး။ ငြိမ်းချမ်းတဲ့နေ့ရက်တွေ ဘယ်လောက် ကျန်နေသေးလဲဆိုတာကို ဘယ်သူသိမှာလဲ"

ထို့နောက် စန်းလော့သည် ငြိမ်ကျသွားပြီး ခဏကြာမှ ပြောလေ၏။

"တောင်ပိုင်းက ဘာဝကလဲ ခက်ခဲတာပါပဲ။ ဒီနှစ်မှာ ကျွန်မတို့က လေးကြိမ်လူမှုဝန်ထမ်းတာဝန်ထမ်းဖို့နဲ့ နောက်နှစ်အခွန်အတွက်ကြိုပြီး အခွန်စည်းကြပ်ခံရတာကြောင့် နှစ်ကြိမ်အခွန်ပေးဆောင်ဖို့ ဖိအားပေးခံရတယ်။ အစိုးက ဒီဦးတည်ချက်ကို စတင်ရင်၊ ပြတ်လပ်မှုတွေ ဆက်ရှိနေရင် နောက်နှစ်ရဲ့နှစ်တွေအတွက်ရော အခွန်ကြိုတင်စည်းကြပ်မယ်ဆိုတာကို ဘယ်သူသိမှာလဲ"

ရှန်းလီသည် ကြောင်အသွား၏။

"နှစ်ကြိမ်မြောက် အခွန်ငွေကောက်ခံတာလား"

ရှန်းအန်းက ခေါင်းညိတ်ပြလိုက်၏။

"နှစ်ကြိမ်သက်သက် မဟုတ်ဘူး။ တိုက်ပွဲအတွင်းမှာ သေသွားတဲ့မိသားစုဝင်ရှိတဲ့ မိသားစုတွေကပါ အခွန်တွေပေးရတယ်။ အစိုးရကနေ ထုတ်ပြန်ထားတဲ့ တရားဝင်သေဆုံးကြောင်း စာရွက်စာတမ်းလည်း မရှိဘူး။ ဒါပေမယ့် ဘယ်သူ့မှာမှလည်း အဲ့တာတွေမရှိဘူး"

"သားတို့ရွာက ပြန်မရောက်လာတဲ့ရွာ‌သွားတွေလဲ အခွန်ပေးရတာပဲ"

သူက မိသားစုဝင်များ၏ဒုက္ခများကိုမီးမောင်းထိုးကာ ထပ်ပြောလိုက်လေသည်။

သူ့လက်သီးများကိုဆုပ်လိုက်ရင်း ရှန်းလီသည်မတရားမှုကို ခံစားလိုက်ရ၏။ သူသည် အသက်ရှင်ကျန်သော်လည်း အများစုမှာ တိုင်းတစ်ပါးမြေတွင် မြှပ်နှံခံရခြင်းမရှိဘဲ သေကြေပျက်စီးသွားကြရသည်။ ထိုအချိန်များတွင် သူတို့၏မိသားစုများသည် စွန့်စားရန် ပုန်ကန်မှုကို လှုံ့ဆော်ကြလေ၏။

သက်ပြင်းတစ်ချက်ချရင်း စန်းလော့က ပြောလိုက်လေ၏။

"တွေ့ဆုံတဲ့အခါ ကျွန်မလိုက်ပါ့မယ်။ ရှင်သွားတဲ့အခါ ကျွန်မကို ခေါ်လိုက်ပါ"

သူမသည် အခြေအနေကိုနှင့် ရွာသားများ၏အစီအစဉ်ကို နားလည်ရန်လိုအပ်သည်။

ရှန်းလီထံမှ ခွဲထွက်မည့် သူမ၏ယခင်က အတွေးများကို ပြန်စဉ်းစားရင်း ပဋိပက္ခအချိန်များတွင် အတူတကွနေထိုင်ခြင်း၏ အကျိုးကျေးဇူးများကို ပြန်စဉ်းစားနေမိသည်။

သူမဘဝ၏အလိုချင်ဆုံးကို တန်ဖိုးထားရင်း စန်းလော့သည် သူမလုံခြုံမှုကိုသာ အမြဲတမ်း ဦးစားပေးလေသည်။

သူမနှလုံးသား၏ ရုတ်ချည်းပြောင်းလဲမှုကို သတိမထားမိသော ရှန်းလီသည် ပြုံးပြပြီး သူမကို ခေါင်းညိတ်သဘောတူလိုက်၏။

မထွက်ခွာမီတွင် စန်းလော့ ရှန်းအန်းကို သူတို့၏အစ်ကိုအတွက် ရေသုတ်ပုဝါ ပြင်ဆင်ပေးရန် ညွှန်ကြားလိုက်ပြီး သူ့ကို သက်တောင့်သက်သာရှိစေသည်။

မီးဖိုချောင်ထဲမှထွက်လာသောအခါ စန်းလော့သည် ဖြည်းဖြည်းချင်း အသက်ရှူလိုက်တော့၏။ သူမက ယနေ့ညတွင် မည်သည့်နေရာတွင် အိပ်ရမည်နှင့် ယခုအချိန်တွင် လင်မယားအစစ်ကဲ့သို့မပြုမူရန် ရှန်းလီအားမည်သို့ သွေးဆောင်ရမည်ကိုစဉ်းစားရင်း ပင်မအိမ်တံခါးကို လှမ်းကြည့်လိုက်လေသည်။

ရှန်းလီသည် အတော်လေးကြည့်ကောင်းပြီး သူ့လုပ်ဆောင်ချက်များနှင့် စကားများမှာ မျှတသော်လည်း ချက်ခြင်းပင် လင်မယားအစစ် ဖြစ်နိုင်သည်ဟု မဆိုလိုပေ။ ယခုတော့ စန်းလော့သည် လက်မထပ်ဘဲ အတူတူနေခြင်းကို သာလက်ခံနိုင်လေသည်။

...

အပိုင်း (၉၈) သူ့အိန္ဒြေ

မီးဖိုခန်းထဲတွင် ရှန်းလီ၏ နားများက ဆတ်ခနဲလှုပ်ရှားသွားသည်။ တံခါးဘက်သို့အလှည့်တွင် စန်းလော့သည်ခဏလောက်ရပ်နေပြီးမှ တခြားတံခါးပေါက်ဆီသို့ သွားလိုက်သည်ကို မြင်လိုက်ရ၏။

သူက ရှန်းအန်းကို မေးလိုက်သည်။

" ဒီတစ်နှစ် ငါတို့မိသားစုက အခွန်ဘယ်လောက်ပေးလိုက်ရလဲ”

ရှန်းအန်းက အတိအကျသိလေသည်။

" စပါးလေးတင်း။ စပါးကအရမ်းကိုဈေးကြီးတာ၊ ကျွန်တော်တို့အိမ်မှာ အများကြီးမရှိဘူးလေ။ မရီးက ကျွန်တော်တို့ ပစ္စည်းကိုဝယ်နေတဲ့ ဆိုင်တာဝန်ခံဆီကနေ ငွေချေးပြီးတော့ အခွန်ပေးခဲ့ရတာ။ အဲဒီနောက်မှာ လူမှုဝန်ထမ်းခေါ်ပြန်ရောလေ။ အိမ်မှာ လုပ်နိုင်ကိုင်နိုင်တဲ့ ယောကျာ်းသားတွေ မရှိတော့ မရီးက ဦးလေးကျိုးမိသားစုကို ကျွန်တော်တို့အစား သွားပေးဖို့ လူတစ်ယောက်ငှားတာ စပါးတစ်တင်း ပေးလိုက်ရတယ်လေ"

လူလေးယောက်စာ ငါးတင်း။

ရှန်းလီမှာ ဖြန်းကနဲဆိုသလို မလုံမလဲ ခံစားလိုက်ရတော့သည်။ မိသားစု၏ အခွန်ပေးဆောင်ရသည့်တာဝန်က သူမအပေါ်ကျရောက်သွားခဲ့ပြီး သူကပင် မသိလိုက်ပါပဲ သူမအတွက် ဆန်နှစ်တင်းတာဝန်ဖြစ်စေခဲ့သည်။

" အခု ဒီနေရာမှာ လက်ရှိစပါးဈေး ဘယ်လောက်ရှိတယ်ဆိုတာ မင်းတို့သိလား”

စန်းလော့က အိမ်ထောင်စုကိစ္စများနှင့်ပတ်သက်လျှင် ကလေးများကို ဘယ်တော့မှ လျှိုဝှက်မထားခဲ့ချေ။ ရှန်းအန်နှင့် ရှန်းနဉ်တို့က စပါးဈေးကိုသိကြလေသည်။

" တစ်ပြည်ကို သုံးရာငါးဆယ်ဝမ်လေ၊ မရီးက ဖြေးဖြေးချင်း လှောင်ထားတာ။ ဒါပေမဲ့ အရမ်းဈေးကြီးတယ်”

ရှန်းလီက ခေါင်းညိတ်ပြလိုက်ပြီး ပင်မအိမ်ထဲက စုပုံထားသည့် အရာအားလုံးက စပါးများဖြစ်သလား ဟု မေးလိုက်၏။

ကလေးနှစ်ယောက်က တပြိုင်တည်း ခေါင်းညိတ်ပြလိုက်၏။

" အများစုကတော့ ‌ကောက်နှံတွေ၊ နောက်ပြီးတော့ ဂျုံအိတ်တချို့လဲပါတယ် "

ရှန်းလီက စိတ်ထဲက တွက်ချက်ကြည်လိုက်သည်။ နောက်တစ်နှစ်ကျော်ထိ ခံမည့်စပါးများက ခုတော့ သူ့ကိုပါထည့်တွက်လိုက်လျှင် နောက်တစ်နှစ် နွေရာသီနှောင်းပိုင်ထိသာ ခံ‌ပေတော့မည်။

သူက ထမင်းကို မြန်မြန်လက်စသတ်လိုက်ပြီးတွင် ပန်းကန်ကို ဆေးလိုက်ပြီးနောက် စန်းလော့က ကျူရိုးတစ်စည်းနဲ့ လျှော်ချည်သုံးလိပ်ကို တင်ထားသည့် စားပွဲနားတွင် ထိုင်နေသည့် ပင်မအိမ်ထဲက စန်းလော့ဆီသို့ ဦးတည်လာခဲ့လိုက်၏။

ရှန်းလီက ဖွင့်ထားသည့်တံခါးကို ခေါက်လိုက်ပြီး စန်းလော့ မော့ကြည့်လာသည်ကိုမြင်လျှင် သူသည် အခန်းထဲသို့ဝင်လာခဲ့သည်။

သူအကြည့်က ကျူရိုးချောင်းများပေါ်ရောက်သွားပြီး အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသော်လည်း စားပွဲဘေးတွင် ချထားသည့် သူ့အိတ်ကြီးဆီသို့ အရင်ဆုံး ရောက်သွားလိုက်သည်။

စန်းလော့သည် သူကရေချိုးဖို့ရန် အဝတ်များကို ထုတ်လိုက်သည်ဟု ထင်သဖြင့် ဘာမှမပြောတော့ဘဲ လျှော်မျှင်များကိုလိပ်ပြီး ပိုသေးသည့်ကြိုးတစ်ချောင်းဖြစ်အောင် ကျစ်နေသည်ကို အာရုံစိုက်ထားလိုက်သည်။

သို့သော်ငြားလည်း ရှန်းလီက အဝတ်အစားကိုထုတ်လာသည်မဟုတ်ပဲ ထိုအစားအဝတ်အိတ်တစ်ခုကို ထုတ်လာပြီး စန်းလော့ရှေ့တွင် ချပေးလိုက်ကာ သေသေချာချာထုတ်မထားသည့် သစ်သားဘူးလေးတစ်ခုကို ထုတ်ပြလိုက်လေသည်။

စန်းလော့က ဇဝေဇဝါဖြင့်ရှန်းလီကို ကြည့်လိုက်သည်။

" ဒါက ဘာလဲ"

သူက ဘူးကိုဖွင့်လိုက်ပြီး အထဲက သက်တမ်းရင့်ရင့် ဂျင်ဆင်းမြစ်တစ်ခုကို ထုတ်ပြလိုက်သည်။

စန်းလော့က တအံတဩဖြစ်သွား၏။

ရှန်းလီက ရှင်းပြလိုက်၏

" ပြီးခဲ့တဲ့ ရှစ်လ၊ ကိုးလလောက်အများစုမှာ ကျွန်တော်က တောင်အတွင်းပိုင်းမှာပဲ နေခဲ့ရတာ။ ကံကောင်းပြီးတော့ ဒီဂျင်းဆင်းကို ရှာတွေ့ခဲ့တယ်။ အိမ်ထောင်စုကအခွန်နဲ့ လူမှုဝန်ထမ်းအတွက် စပါး ငါးတင်းပေးလိုက်ရတယ်လို့ ရှန်းအန်းဆီက ကျွန်တော် ကြားထားတယ်။ မင်းကလည်း စပါးတွေကိုဝယ်ဖို့ ငွေချေးလိုက်ရတယ်တဲ့၊ ကျွန်တော်က ဒီဂျင်ဆင်းကို မင်းကို ပေးချင်လို့ပါ”

စန်းလော့က ဂျင်ဆင်းကိုကြည့်လိုက်ပြီး ထိုနောက်တွင် ရှန်းလီကို ကြည့်လိုက်သည်။

"ဒီဂျင်ဆင်းရဲ့သက်တမ်းကို သိလား"

သက်တမ်းရင့်နေသည့်အခွံ၊ ရင့်မာနေသည့်အရောင်နှင့် သိပ်သိပ်သည်းသည်း ရှိလှပုံကိုကြည့်လျှင် စန်း‌လော့သည် သူ၏သက်တမ်းအတိအကျကို မဆုံးဖြတ်နိုင်‌သော်လည်း အတိုင်းအတာတခုအထိ တန်ဖိုးရှိမည်ကို‌တော့ သိလေသည်။

ရှန်းလီက ခေါင်းညိတ်လိုက်၏။

" ကျွန်တော် ဒါကိုတူးခဲ့တုန်းက လက်‌ချောင်းပုံစံ သစ်ရွက်သုံးခုကို တွေ့လိုက်တယ်။ သရှန်က ဒီလိုကိစ္စတွေကို နားလည်တယ်လေ။ သူပြောတာကတော့ အနည်းဆုံး သက်တမ်းသုံးဆယ်လောက်ရှိပြီးတဲ့” စန်းလော့က တအံတဩမေးလိုက်၏။

" ရှင်က ဒါကို ကျွန်မကို ပေးမလို့လား”

ရှန်းလီက သူမ၏မေးခွန်းကြောင့်အံဩသွားတော့သည်။ အိမ်ထောင်စုက စပါးအများကြီးဝယ်ခဲ့ရပြီး ဒီဂျင်ဆင်းက သူ့တွင်ရှိသမျှ တန်ဖိုးအားလုံးထဲတွင် အများဆုံးဖြစ်လေသည်။ ဒါကို သူ့ကိုပေးရမည့် လုပ်ပိုင်ခွင့်ရှိသည် မဟုတ်ပါလား။

ခဏလောက် တုန့်ဆိုင်းသွားပြီးနောက် သူကထပ်ပြောလိုက်သည်။

" အခု လောလောဆယ် ကျွန်တော့်မှာရှိတာ ဒါအကုန်ပဲ” စန်းလော့က အော်ရယ်မိမတတ် ဖြစ်သွားသော်ငြားလည်း သူ့ကို မမြင်စေချင်ရာ သူမက ခဏလောက် မျက်လွှာချထားလိုက်‌တော့သည်။ သူမက တဖန်မော့အကြည့်တွင် ပြန်ပြောလိုက်၏။

" စပါးဝယ်တဲ့ကုန်ကျစရိတ်က စုစုပေါင်း ဆယ့်တစ်လျန်ကျော် လောက်ပဲရှိမှာ"

သူမက နံရံနားတွင်ထောင်ထားသည့် စပါးအိတ်များကို လက်ဟန်ဖြင့်ပြလိုက်ပြီး

" အဲတာတွေအပါအဝင်ပေါ့"

ရှန်းလီက သူမကို ကြည့်လိုက်ပြီး ထပ်ပြောမည့်စကားကို စောင့်နေလိုက်သည်။

စန်းလော့၏မျက်လုံးများက အပြုံးတစ်ခုတွင်ကွေးတက်သွားပြီး

" ဒီတော့ ကျွန်မတို့တွေ ဒီဂျင်ဆင်းကို မလိုဘူးလေ။ တကယ်လို့ ရှင့်ကအိမ်ထောင့်တာဝန်ကို ကူညီပေးချင်တယ်ဆိုရင်တော့ ဂျင်ဆင်းကိုရောင်းပြီးရင် ကျွန်မကို ငွေခြောက်လျန်ပေးရုံနဲ့ လုံလောက်ပါတယ်။”

သူမကလည်း စပါးတချို့ကို စားရလိမ့်မည်ကို စဉ်းစားမိသဖြင့် ငွေဆယ်တစ်လျန်လုံးကို မတောင်းလိုက်တော့ချေ။

ရှန်းလီက သူမ၏စကားကိုအံဩသွားပြီး သူမ၏တွက်ချက်ပုံကို စဉ်းစားမိလေသည်။ ဆယ့်တစ်လျန်တွက် သူမက ခြောက်ယွမ်တသာ လိုချင်သေးသည်တဲ့လား။

သူက အခိုက်အတန့် အံ့ဩမိသလိုဖြစ်သွားသော်လည်း ထိုအရာကို စိတ်ထဲမထားတော့ချေ။

" မလိုပါဘူး ကျွန်တော်က ဒါတွေအားလုံးကို မင်းကို ပေးမှာပါ။ တကယ်လို့ ငွေပိုတယ်ဆိုရင်လည်း ဆိုင်ကနေပြီး စပါးထပ်ဝယ်လိုက်ပေ့ါ။ ပြီးခဲ့တဲ့လအနည်းငယ်တုန်းက ချီကျိုးကို ဖြတ်လာတုန်းက စပါးဈေးတွေက တစ်ပြည်ကို ချောက်ရာခြောက်ဆယ်ဝမ် တောင်ရှိနေပြီးလေ။ အခု ဘယ်လောက်တောင်ရှိနေမလဲ မသိတော့ဘူး။ လောကကြီးကလည်း ဖရိုဖရဲဖြစ်တော့မှာ နှစ်အနည်းငယ်အတွင်း တည်ငြိမ်တော့မှာ မဟုတ်ဘူး။ ဒီက စပါးဈေးတွေက သင့်တင့်တဲ့ ပမာဏရှိနေတော့ ပိုပြီးစိတ်ချရအောင် စပါးကို ထပ်ဝယ်ထားတာ ပိုကောင်းတယ်”

စန်းလော့သည် တစ်ပြည်ကို ခြောက်ရာခြောက်ဆယ်ဈေးဟု ကြားလိုက်ရသည်တွင် အသက်ရူကြပ်သွားတော့သည်။

" ပြီးခဲ့တစ်လတုန်းက စပါးတစ်ပြည်ကို ဝမ်ခြောက်ရာခြောက်ဆယ်လို့ ရှင်ပြောလိုက်သလား”

ရှန်းလီက ခေါင်းညိတ်ပြလိုက်ပြီး

"ဟုတ်တယ် လွန်ခဲ့တဲ့လေးလလောက်တုန်းကပေါ့”

လွန်ခဲ့သည့်လေးလ‌လောက်ကဆိုလျှင် သူမ၏မူလခန္ဓာကိုယ်ပိုင်ရှင် ရှိနေသည့်အချိန်ကာလကပင်။

စန်းလော့သည် ရှစ်လပိုင်းတွင် ရောက်လာခဲ့သည့်အချိန်ကပင် စပါးဈေးက ထိုးတက်နေပေသည်။ သို့သော်ငြားလည်း အဆမတန်တော့ မဟုတ်သေးပဲ စပါးတစ်ပြည်ကို ဝမ်ခုနှစ်ဆယ် ပတ်ဝန်းကျင်သာရှိသည်။ သို့သော်ငြားလည်း ကိုးလပိုင်းအရောက်တွင် စပါးဈေးက ဝမ်ရှစ်ဆယ်မှ ဝမ်တစ်ရာငါးဆယ်ထိ တိုးတက်သွားပြီး ဝယ်လိုအားကိုလည်း ကန့်သတ်ထားလိုက်သည်။ ‌မြောက်ပိုင်းနှင့်ယှဉ်လျှင် တောင်ပိုင်းက တစ်လလောက် နောက်ကျမည်ဟုထင်ရသည်။ အခုတော့ ချီယန်စီရင်စုတွင်ပင် စပါးဈေးက ဝမ်သုံးရာကျော်ရောက်ရှိနေသည်။ မြောက်ပိုင်းတွင် မည်သည့်ပမာဏလောက်များ မြင့်တက်နေပါမည်နည်း။

ထိုအကြောင်းကို စဉ်းစားလိုက်သည်နှင့် စန်းလော့၏ဦးရေပြားမှာ တင်းကနဲ ဖြစ်သွားတော့သည်။

အစောပိုင်းကတော့သူမသည် အကောင်းဘက်က စဉ်းစားပေးခဲ့လေသည်။ စပါးကုန်သည်များက ရောင်းအားကို ကန့်သတ်ထားသော်ငြားလည်း အလွန်အကျွံစုဆောင်းထားခြင်းမဟုတ်သလို မြောက်ပိုင်းသို့လည်း ဆန်များကို သယ်ယူပို့ဆောင်ကြခြင်းမဟုတ်ပေ။ ရှန်းလီ၏မြောက်ပိုင်းက အကြောင်းကို ကြားသိလိုက်ရသည်တွင် ဒါသည် ဆန်ကုန်သည်များက မရောင်းချင်၍မဟုတ်ဘဲ ဓားပြများ သောင်းကျန်ပြီး ဆူပူလှုပ်ရှားမှုကြောင့် ထိုနေရာသို့ စပါးသယ်ယူပို့ဆောင်ဖို့ရာက စွန့်စားရလွန်းခြင်းကြောင့် ဖြစ်မှန်းသိလိုက်ရ‌တော့သည်။

စပါးကို ထိန်းထားရသည့်စီရင်စုက စပါးဆိုင်များသည် စပါးဈေးကို စောင့်ဆိုင်းနေခြင်းမဟုတ်လျှင် နောက်ပိုင်း လိုအပ်ချက်အတွက် သိမ်းဆည်းထားခြင်းဖြစ်လိမ့်မည်။

စန်းလော့က ဂျင်ဆင်းထည့်ထားသည့် သစ်သားဘူးကို ပိတ်လိုက်ပြီး အဝတ်နှင့်ထုတ်လိုက်ကာ ပြောလိုက်သည်။

" ကောင်းပြီးလေ တစ်ရက် နှစ်ရက်လောက်နေရင် ဒီဂျင်ဆင်းကိုရောင်းပြီး စပါးဝယ်ဖို့အတွက် စီရင်စုကိုသွားကြတာပေါ့။ ကျွန်မလည်း ငွေတစ်ချို့စုထားတာရှိတယ်။ ကျွန်မတို့‌တွေ အိမ်သုံးနေကြ ဆေးတွေနဲ့ တချို့ဆေးတွေကိုလည်း စုဆောင်းထားဖို့ဝယ်ရမယ်"

ဖရိုဖရဲဖြစ်နေသည့်ကာလတွင် စပါးနှင့်ဆေးဝါးများက အရှားပါးဆုံးဖြစ်သည်။ စပါးသည် အသက်ရှင်နေထိုင်ဖို့ရန်အတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်ပြီး ဆေးဝါးများက အရေးပေါ်ကာလာအတွင်း အရေးကြီးပေရာ ငွေကတော့ အသုံးမဝင်ဆုံးအရာ ဖြစ်လာလိမ့်မည်။

ရှန်းလီမှာ သူမက ထိုမျှလောက် မြန်မြန်ဆန်ဆန် တုန့်ပြန်လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။ သူမက စပါးတစ်ပြည်ကို ဝမ်သုံးရာငါးဆယ်‌ဈေးကို မျက်တောင်ပင်မခတ်ချေ။ ဒါက သူ့အတွက် အထင်ကြီးစရာ ကောင်းနေ‌ပေတော့သည်။ ရှန်းအန်းနှင့်ရှန်းနဉ်တို့က သူမ စပါးသိုလှောင်သည့်အကြောင်းကို ပြောသည့်‌အ‌ကြောင်း စဉ်းစားလိုက်မိသည်တွင် သူမသည် အရေးကြီးကိစ္စကို စိတ်အားထက်သန်စွာ အမြဲတမ်းသတိရှိနေမှန်း သိလိုက်လေသည်။

သူမက ဂျင်ဆင်းကို သေချာသိမ်းထားပြီးနောက်တွင် ရှန်းလီက ရေချိုးဖို့အတွက် သူ့အဝတ်အစားများကို ထုတ်ဖို့ပြင်ဆင်လိုက်သည်။ ထရပ်လိုက်ပြီး သူက စားပွဲပေါ်က ကျူရိုးတန်များကို လှမ်းကြည့်လိုက်သည်။

" ဒါတွေနဲ့တခုခု လုပ်မလို့လား"

စန်းလော့က ဂျင်ဆင်းကို သိမ်းဆည်းပြီးခါစရှိသေးသည်။ သူ့မေးခွန်းကို ကြားလိုက်ရသည်တွင် သူမက မည်သို့ပြန်ဖြေရမည်မှန်း သေချာမသိတော့ချေ။

သူမက လိုက်ကာနှစ်ခုရက်လုပ်ဖို့ စဉ်းစားနေခြင်းပင်။

ရှန်းလီက ပြန်ရောက်လာပြီး သူ့ကိုတခြားနေရာမှာ သွားနေခိုင်းဖို့ကလည်း မဖြစ်သလို ဆောင်းတွင်းကာလအတွင်း မီးဖိုချောင်းက ကြမ်းခင်းပေါ်တွင် အိပ်ခိုင်းဖို့ရန်ကလည်း မဖြစ်နိုင်ပေ။ သူသည် ခရီးသွားသည့်ကာလအတွင်း အိမ်အပြင်ဘက်တွင် အိပ်ခဲ့ရသည် ဆိုသော်ငြားလည်း သူ့အိမ်တွင်တော့ အိပ်ယာတခုတွင် အိပ်စက်ရမှသာ မျှတပေလိမ့်မည်။

စန်းလော့က ဒီလိုကျိုးကြောင်းမဆီလျော်သည့် တောင်းဆိုမှုမျိုးကိုတော့ လုံးဝမစဉ်းစားခဲ့ချေ။

သူမက ရှန်းလီကို ရှန်းအန်းနှင့်တစ်အိပ်ယာတည်းအိပ်ခိုင်းပြီး ရှန်းနဉ်ကိုတော့ သူမနှင့်အတူအိပ်ခိုင်းဖို့စဉ်းစားထားသည်။ သူတို့သည် အိပ်ယာနှစ်ခုကြားတွင် သီးသန့်ထားပြီး အဆင်ပြေသည့် အကွာအဝေးတခုကို ထိန်းထားဖို့ရန် ကြားတွင် လိုက်ကာတစ်ခုကို ချိတ်ထားဖို့စဉ်းစားထားသည်။

စန်းလော့က အကျင့်စရိုက်များကိုဆုံးဖြတ်ရာတွင် သူမ၏ဝေဖန်ပိုင်ခြားနိုင်ပုံကို ယုံကြည်လေသည်။ သူမသည် ရှန်းလီကို ကောင်းကောင်း မသိသော်ငြားလည်း သူမနှင့်ခဏတာ အပြန်အလှန်စကားပြောခြင်းက သူသည် တော်တော်လေးကို ရည်မွန်သည်ဟု သူမကို ယုံကြည်ပေလေသည်။ အရေးအကြီးဆုံးမှာ သူမတွင် တခြားရွေးစရာ အများအပြားမရှိနေခြင်းပင်။

ထို့ကြောင့် ဒါသည် အလျော့အတင်း လုပ်ခြင်းပုံစံတစ်မျိုးပင်။

ရှန်းလီကမေးလာသည့်အချိန်တွင်တော့ စန်းလော့က သူမ၏နှုတ်ခမ်းများကို နည်းနည်းလောက် တင်းထားလိုက်ပြီး သူမကိုယ်သူမ အားတင်းလိုက်ကာ အကြံပြုလိုက်လေသည်။

" ကျွန်မက ကျွန်မတို့အိပ်ယာနှစ်ခုကြားမှာ ချိတ်တင်လို့ရမဲ့ လိုက်ကာနှစ်ခု လုပ်မလို့စဉ်းစားနေတာ။ ကျွန်မတို့တွေ နေ့ခင်းကျရင်လိုက်ကာကို လိပ်တင်ထားပြီး ညပိုင်းကျတော့လိုက်ကာကို ပြန်ချထားလို့ရတယ်"

ရှန်းလီ၏မျက်ခုံးများက မသိမသာတွန့်ချိုးသွားပြီး သူက စန်းလော့ ဆက်ပြောမည့်စကားကို နားထောင်နေလိုက်သည်။

" တကယ်တော့ ကျွန်မမှာ ရှင်နဲ့တိုင်ပင်စရာ တချို့ကိစ္စရှိသေးတယ်”

ရှန်းလီက တစ်ခုခုအရေးကြီးသည့်ကိစ္စ ဖြစ်မှန်းခံစားမိလိုက်သော်လည်း အလွှာ‌လေးတစ်ခုခြားထားသလို မရေမရာဖြစ်နေလေသည်။ ဘာလုပ်ရမည်ကို သေချာမသိသည်တွင် သူက ပြန်ထချလိုက်ပြီး သူမ ဆွေးနွေးမည့်အရာကို နားထောင်နေလိုက်သည်။

" ဆက်ပြောပါ” သူကပြောလိုက်သည်။

စန်းလော့က သူ့အမူအရာကို ကြည့်လိုက်ပြီး သတိဖြင့် ထုတ်ပြောလိုက်သည်။ “ရှန်းအန်းနဲ့အားနဉ်က ရှင့်ကို ဘာပြောထားလည်းတော့ ကျွန်မ မသိဘူး။ ဒါပေမဲ့ ကျွန်မက မြောက်ပိုင်းကနေ ထွက်ပြေးလာတဲ့ ကပ်ဘေးဒုက္ခသည်တစ်ယောက်ပါ”

ရှန်းလီက သိရှိကြောင်း ခေါင်းညိတ်ပြလေသည်။

ထိုနောက်တွင် စန်းလော့ဝန်ခံလိုက်၏။

" ကျွန်မတို့လက်ထက်တုန်းက ရှင် ဆုံးသွားခဲ့ပြီးလို့ပဲ ကျွန်မက သိထားခဲ့တာ"

သူမ၏စကားလုံးက အနည်းငယ် နားထောင်မကောင်းနေသည်ကို သိလိုက်ရသည်တွင် သူမက စကားကို ပြန်ပြင်ပြောလိုက်လေသည်။

" ကျွန်မပြောချင်တာက.. ရှင် တိုက်ပွဲမှာကျသွားတယ်လို့ ကြားလိုက်လို့ပါ”

ရှန်းလီက အလွန်အကျွံစိတ်ပူနေဟန်မပြဘဲ စန်းလော့ကို ဆက်ပြောဖို့ လက်ဟန်ပြလိုက်သည်။

စန်းလော့ကရှင်းပြလိုက်၏။

" အဲဒီတုန်းက ဒီမှာဆက်နေမယ့်ကျွန်မရဲ့ဆုံးဖြတ်ချက်က အခြေချမဲ့ သေချာတဲ့ရပ်တည်ချက်တခုရဖို့ရယ်၊ အိမ်ထောင်စုဇယားထဲမှာ နေရာတစ်ခုရဖို့ရယ်၊ တစ်နေရာမှာ အခြေချဖို့ရယ်က အဓိက အကြောင်းအရင်းပေါ့"

စကားဝိုင်းက ဒီအခြေအနေထိရောက်လာသည်တွင် ရှန်းလီသည် တစ်ခုခုကို စတင်နားလည်လာလိုက်သည်။ သူမသည် သူ့ကို လက်မထပ်ခဲ့ပေ။ သို့သော်ငြားလည်း အိမ်ထောင်စုဇယားက သူ့နာမည်နှင့် ဖြစ်နေသည်။

ထို့ကြောင့် အခုတွင် သူက အသက်ရှင်လျက် ပြန်လာသည်ဖြစ်ရာ သည်အတွေးတွင် သူ့လက်ချောင်းများက မသိမသာကွေးသွားပြီး နှုတ်ဆိတ်ကာရှိနေပြီး သူမကို စောင့်ကြည့်နေရင်က သူမ ထပ်ပြောလာမည့်စကားကို စောင့်နေလိုက်သည်။ စန်းလော့ကလည်း အနည်းငယ် အနေခက်သွားသလို ခံစားလိုက်ရ၏။ သို့သော်ငြားလည်း သူမက ရှန်းလီ၏တုန့်ပြန်ပုံကို ဆက်တိုက်စောင့်ကြည့်လာရာ သူ့အမူအရာတွင် မသိသာသည့် အပြောင်းအလဲကို သတိထားမိလိုက်ပြီး သူက နားလည်သွားပြီးဟု ထင်လိုက်မိသည်။

သူမက အသာအယာ လည်ချောင်းရှင်းလိုက်ပြီး ‌ပြောလိုက်၏။

" ရှင် ပြန်လာနိုင်တာ ဝမ်းသာစရာပါပဲ။ ဒါပေမဲ့လည်း ကျွန်မတို့တွေက သူစိမ်းတွေ ဖြစ်နေသေးတာဆိုတော့ ကျွန်မစဉ်းစားထားတာက ကျွန်မတို့တွေ အရင်ဆုံး အချင်းချင်း အကြောင်းသိအောင် အချိန်တစ်ခုယူသင့်တယ်။ ကျွန်မတို့တွေ ဆက်ပြီး အတူတူ နေမလားဆိုတာကို မဆုံးဖြတ်ခင် အရင်ဆုံး သဟဇာတ ဖြစ်မလားဆိုတာကို ကြည့်ရမယ်။ ရှင် ဘယ်လိုထင်လဲ"

ကျန်သည့် ဒီစကားပြောနေသည့် တလျှောက်လုံးတွင် သူမက သူ့အမူအရာကို ဂရုတစိုက် စောင့်ကြည့်နေခဲ့လေသည်။

သူက သူ့သဘောထားကိုမေးမြန်းရင်း သူမ၏မျက်လုံးထဲတွင်လည်း မျှော်လင့်ချက်အပြည့်ဖြင့် မျှော်လင့်တကြီးဖြစ်နေလေသည်။

သူ သဘောတူပေးမည့် မျှော်လင့်ချက်ပင်။

ရှန်းလီက သူမ၏စကားများကို နားလည်အောင်ကြိုးစားလိုက်၏။ အထူးသဖြင့် အနာဂတ်တွင်ဆက်ပြီး အတူတူနေနိုင်ဖို့ ဆုံးဖြတ်ရမည့်ကိစ္စတွင် သူ့မျက်လုံးများက စားပွဲ‌ပေါ်ရှိ ကျူရိုးများထံ ထပ်ရောက်သွားချိန်မှာ သူမ၏တကယ့်ရည်ရွယ်ချက်ကို နားလည်သွားပြီး အိပ်ယာနှစ်ခုကြားတွင် လိုက်ကာတစ်ခုခြားထားမည့် သူမပြောသည့် အကြောင်းအရာကို စဉ်းစားမိသွားတော့သည်။

အသက်ဆယ်ရှစ်နှစ်သာ ရှိသေးသော်လည်း စစ်တပ်ထဲတွင် နှစ်နှစ်လောက် အချိန်ကုန်ဆုံးခဲ့ပြီး ထိုနေရာတွင် တခြားသူများက သူ၏လက်ထပ်သည့် ကိစ္စကို တခြားသူများက တော်ရုံမပြောကြသော်လည်း အကြောင်းအရာ အမျိုးမျိုးကိုတော့ မကြာခဏပြောကြသဖြင့် ရှန်းလီသည် သူမ တကယ်ပြောချင်သည့် အဓိပ္ပါယ်ကို နားလည်ဖို့ရန် လုံလောက်သွားတော့သည်။

သူမစကား၏ အဓိပ္ပါယ်အမှန်ကို သဘောပေါက်သွားသည့်နောက် သူမ၏မျှော်လင့်တကြီးအကြည့်နှင့် တွေ့ဆုံလိုက်ရသည်တွင် ရှန်းလီသည် ပထမဦးဆုံးအကြိမ် ရှက်ရွံ့သည့်ခံစားချက်ကို ပကတိအတိုင်း ခံစားမိလိုက်သည်။ သူ့မျက်နှာနှင့်နားများက ပူတက်လာကာ သူ့လည်ပင်းအထိ ရောက်လာသည်ကို ခံစားလိုက်ရ‌တော့သည်။

သူ့မျက်နှာ၊နားများနှင့်လည်ပင်းက မီးတောက်သလိုခံစားနေရတော့သည်။

ပထမဦးဆုံးအကြိမ်အဖြစ် တောင်ထဲတွင် အနေကြာခဲ့သည့်အတွက် မဲနက်နေသည့် သူ့အသားအရေ ကို ကျေးဇူးတင်မိသည်။ ထိုအသားအရေက သူ့မျက်နှာပေါ်က သိသိသာသာ နီရဲနေသည့်အဖြစ်ကို ဖုံးကွယ်ပေးနိုင်ဖို့ မျှော်လင့်မိတော့သည်။

သူမ၏မျှော်လင့်တကြီး အကြည့်နှင့်ဆက်ပြီး တွေ့ဆုံဖို့ရန် မတတ်နိုင်တော့လေရာ သူက အလျင်စလို ခေါင်းညိတ်ပြလိုက်လေသည်။

" ကောင်းပါပြီ"

" ကျွန်တော် ရေသွားချိုးလိုက်အုံးမယ်"

ရှန်းလီမှာ သူက ထရပ်ပြီး သူ့အိတ်ထဲကအဝတ်အစားများကို ရှာမိလေသလားဟုပင် သေချာမသိ‌ပေ။ သူက အဝတ်အစားလဲဖို့ရန် သူ့အိတ်ကို အပြင်သို့ယူသွားပြီး အထဲတွင် ဆက်နေဖို့ရန်ရှောင်ချင်ကာ သူ၏နီရဲနေသည့်နားနှင့် ရှက်ရွံ့စိတ်များပို မထုတ်ပြမိဖို့ စဉ်းစားလိုက်မိတော့သည်။

သို့သော်ငြားလည်း သူက ထိုသိုဖြစ်နေသည်တိုင် သူ၏အိန္ဒြေကို ကြောင်တောင်တောင်ဖြင့် ထိန်းထားလိုက်သေးသည်။ သူက တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်ပြသည်။ တည်တည်ငြိမ်ငြိမ်ဖြင့် လက်ခံပေးသည်။ တည်တည်ငြိမ်ငြိမ်ဖြင့် ထရပ်ပြီး ကိုယ်ကိုလှည့်ကာ သူ့အိတ်ကိုလည်း တည်တည်ငြိမ်ငြိမ်ဖြင့် ယူပြီး ရှောင်ထွက်လာပြီး တည်တည်ငြိမ်ငြိမ်ဖြင့် သူ့အဝတ်အစားကိုရှာဖွေကာ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် လျှောက်ပြီးထွက်လာလေတော့သည်။

သူသည်အမှန်ပင် အိန္ဒြေရလေသည်။

ထိုအကြောင်းကို စဉ်းစားလိုက်မိပြီး ရှန်းလီသည် သူ့မျက်နှာကို အားရပါးရ ပွတ်သပ်လိုက်ပြီး သူ၏ပူလောင်နေသည့်နားကို ဆွဲမိတော့သည်။

အမြတ်တနိုးချစ်ရသည့် ကြက်ပေါက်လေးများနှင့်ဘဲများကို အစာကျွေးပြီး အခုလေးတင်မှ ပြန်ရောက်လာသည့် ရှန်းအန်းနှင့်ရှန်းနဉ်က သူတို၏အစ်ကိုကြီးက အိမ်၏တံဆိတ်မြိတ်အောက်တွင် ရပ်‌ကာ သူ့နားများကို ဆွဲနေသည်ကို မမျှော်လင့်ဘဲ တွေ့လိုက်ရလေသည်။

ရှန်းနဉ်က မေးလိုက်၏။

" အစ်ကိုကြီး နားမှာ နှင်း ကိုက်လို့လား"

နှင်းကိုက်ခံရလျှင် ဆိုးဆိုးဝါးဝါး ယားနာမိလိမ့်မည်။ သူမနှင့် ဒုတိယအစ်ကိုက ထိုအရာများကိုလည်း ခံစားခဲ့ဖူးသည်။ သူတို့၏ယောင်းမက မြို့တတ်ပြီး နှင်းကိုက်ခံနာအတွက် လိမ်ဆေးဝယ်ပေးရသည့် အချိန်မှ သက်သာလာခဲ့သည်။

ရှန်းလီက အားနဉ်၏အော်သံကို ကြားလိုက်သည်တွင် အငွေ့ပျံတော့မတတ် အလွန်မှရှက်ရွံ့သွားလေသည်။ အထဲကလူကတော့ သူ အပြင်ဘက်တွင် ရပ်နေသေးသည့်အကြောင်းကို သေချာပေါက် သိနေပေတော့မည်။

သူ့နားများက တဖန်အငွေ့ပျံတော့မလို ခံစားလိုက်ရပြန်သည်။

" မဟုတ်ပါဘူး။ ငါရေသွားချိုးမလို့ ငါတို့အိမ်မှာ ဘယ်နားမှာ ရေချိုးကြတာလဲ"

" ရေချိုးခန်းထဲမှာ"

ရှန်းနဉ်က ရေချိုးခန်းရှိရာကို လက်ညှိုးထိုးပြပြီးပြောလိုက်လေသည်။

" အစ်ကိုကြီး၊ ကျွန်တော် အစ်ကိုကြီးအတွက် ရေချိူးတဘက် သွားယူလာပေးမယ်” ရှန်းအန်းက အိမ်ထဲသို့ မြန်မြန်‌ပြေးဝင်လာသည်။ သူ့မရီးက ဆောင်းတွင်းမဝင်ခင်တွင် ရေချိုးတဘတ်‌လေးထည်ကို သူ့အတွက် ပြုလုပ်ပေးထားသည်။ အသစ်တစ်ခုမှာ ရေချိုးဖို့ရန်ဖြစ်ပြီး ဖာထေးထားသည့် သုံးထည်ကတော့ ဆံပင်ကို ခြောက်အောင်သုတ်ရန်ဖြစ်သည်။

သူက သူ့တဘတ်များ သိမ်းထားသည့်နေရာဆီသို့ တည့်တည့် လျှောက်သွားလိုက်သည်။ သူသည် ထိုတဘတ်လေးများကို အင်မတန်မှ တန်ဖိုးထားကာ အမြဲတစေလျှော်ဖွပ်ပြီး တစ်ခုကိုသုံးပြီးတိုင်းတွင် သူ၏သန့်ရှင်းသည့် အဝတ်များနှင့်သေသေချာချာ သိမ်းဆည်းထားတတ်သည်။

ရေချိုးတဘတ်ကို ရှာဖွေနေစဉ်တွင် သူက စန်းလော့ကို အကြောင်းကြားလိုက်သည်။

" မရီး၊ ကျွန်တော် ကြက်ရယ်၊ ဘဲရယ်၊ ငန်းရယ်ကို အားနဉ်နဲ့အတူတူ အစာကျွေးပြီးတော့ သူတို့တွေကို ကြက်ခြံနဲ့ဘဲခြံထဲ ထည့်ပြီးသွားပြီ”

စန်းလော့ပြုံးလိုက်၏။

" တော်တယ်။ အလုပ်ကြိုးစားပေးလို့ ကျေးဇူးပဲနော်”

ရှန်းအန်းက သူ့မရီးသည် ရွာထဲက တခြားသူများနှင့် မတူမှန်း စဉ်းစားမိလေသည်။ အမြဲတစေ အလွန်မှယဉ်ယဉ်ကျေးကျေး ရှိလှသည်။ သူနှင့်အားနဉ်တို့က သူတို့၏ဝေယျာဝစ္စတာဝန်များ ပြီးသွားသည့်အချိန်တိုင်း သူတို့သည် သူတို့၏အလုပ်ကြိုးစားမှုအတွက် သူမထံမှ ကြင်နာတတ်သည့် အသိအမှတ်ပြုခြင်းကို ရရှိသည်။ မဟုတ်လျှင် ချီးကျူးစကား ပြောဆိုခံရသည်။

ရှန်းအန်းက ထိုအဖြစ်ကို အလွန်မှ သဘောကြလေသည်။ သွားများပေါ်သည်အထိ ပြုံးလိုက်ပြီး သူမျက်လုံးများကလည်း တလက်လက်တောက်ပနေကာ သူကပြောလိုက်၏။

" မပင်ပန်းပါဘူး။ မရီးကသာ နေ့တိုင်း အလုပ်ပင်ပန်းနေတဲ့သူပါ။ ကျွန်တော် ဒီရေချိုးတဘတ်ကို အစ်ကိုကြီးအတွက် ယူသွားပေးလိုက်အုံးမယ်နော်”

စန်းလော့ အလုပ်များနေသည်ကို မြင်လိုက်သည်တွင် သူက မေးလိုက်၏။

" မရီး ဘာလုပ်နေတာလဲ။ ကျွန်တော် အားနဉ်နဲ့ လာကူပေးမယ်နော်”

သူမ၏အဖြေကို စောင့်မနေတော့ပဲ သူက ဝမ်းသာအားရဖြင့် ရေချိုးတဘတ်ကို ယူကာ ပြေးထွက်သွားတော့သည်။

စန်လော့မှာ မနေနိုင်ပဲ ခပ်တိုးတိုးရယ်မောမိလေသည်။

ဟုတ်ပါသည်။ သူမတွေဝေပြီး ထွက်မသွားချင်ရသည့် အကြောင်းအရင်းမှာ ပကတိနွေးထွေးပြီး ဂရုစိုက်တတ်ကာ ချစ်ဖို့ကောင်းသည့် ဒီကလေးနှစ်ယောက်ကြောင့်လည်း ပါလေတော့သည်။

...

All Chapters