← Chapters

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အပိုင်း(၉၉) တောင်းဆိုမှုတစ်ခု

ရှန်းလီက ရေမြန်မြန်ချိုးလိုက်ပြီး မီးဖိုချောင်ထဲတွင် ဆံပင် အခြောက်ခံလိုက်လေသည်။ ထိုအချိန်တွင် ကောင်းကင်သည် မှောင်မိုက်နေပြီး ညဦးပိုင်းတွင် နှင်းကမ္ဗလာဖြင့် တောက်ပနေ၏။

အေးသောကြောင့် သူတို့နှင့်အပြင်သို့လိုက်ပါမည့်အစား ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် သူတို့ယောင်းမ စန်းလော့ လျှော်ကြိုးကျစ်ရာတွင် ကူညီရန် အိမ်တွင်နေကြလေသည်။ ထို့ကြောင့် စန်းလော့နှင့်ရှန်းလီတို့သာ အပြင်သို့သွားကြ၏။

ထိုအချိန်တွင် ရှန်းလီနှင့်စန်းလော့တို့သည် သူစိမ်းများထက် အနည်းငယ် ပိုရင်းနှီးရုံသာဖြစ်ပြီး ယခုအခါတွင် ရှန်းလီ၏ပုံမှန်အခြေအနေကြောင့် အနည်းငယ်တိုးတက်လာပြီး သူ့နားရွက်များမှာလည်း နီရဲခြင်းမရှိတော့ပေ။

သူတို့နှစ်ယောက်လုံးက စကားမပြောကြပေ။ သူတို့သည် တိတ်တိတ်လေး လမ်းလျှောက်ရင်း နှုတ်ဆိတ်ကာ တောင်းတစ်လုံးကို ဖြတ်လာချိန်တွင်တော့ နောက်ဆုံးတွင် ရှန်းလီသည် သူမနာမည်ကိုမေးပြီး တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်တော့သည်။

ယနေ့တွင် သူသည် အနည်းငယ် စဉ်းစားဉာဏ်မရှိသလို ခံစားရပြီး အထူးသဖြင့် အနေရခက်သော အခြေအနေဖြင့် အိမ်ပြန်လာရခြင်း ကြောင့်ပင်။ သူမနာမည်ကို မသိရခြင်းက အဆင်မပြေမဖြစ်သော်လည်း သူသည် ရှန်းအန်းနှင့်ရှန်းနဉ်တို့အား မေးရန်မစဉ်းစားခဲ့ဖူးပေ။

စန်းလော့ကပြုံးလိုက်၏။

"ကျွန်မရဲ့မျိုးရိုးနာမည်က စန်း၊ နာမည်က လော့"

"ပိုးစာပင်က စန်း နဲ့ ဆေးဖက်ဝင်အပင်အမက လော့"

စန်းလော့။

ရှန်းလီသည် ဤစာလုံးနှစ်လုံးကိုသာ သူ့စိတ်ထဲတွင် ထပ်ခါထပ်ခါရွတ်နေပြီး ခေါင်းညိတ်နေ၏။ စန်းလော့ကို နောက်တစ်ခါ စကားပြောလိုက်သောအခါ သူသည် မတော်တဆ စန်းရှီဟု ခေါ်လိုက်မိတော့သည်။

စန်းလော့က သူ့ကို သိချင်စိတ်ဖြင့် ကြည့်လိုက်၏။

"ရှင် ကျွန်မကို စန်းလော့ ဒါမှမဟုတ် အားလော့လို့ ခေါ်လို့ရပါတယ်"

တောင်ခြေသို့ရောက်သောအခါ သူမသည် ရှန်းလီသာ သူမကို စန်းရှီဟု ခေါ်သည်ကို ကျိုးရွာသူကြီး၊ ချန်း၊ လုနှင့်ရှီမိသားစုများ၏ အံ့ဩသွားမည့်ပုံစံကို စိတ်ကူးယဉ်ကြည့်မိ၏။

သူတို့သည် အမည်ခံလင်မယားသာ ဖြစ်ကြသည်။

ရှန်းလီ၏နှုတ်ခမ်းများသည် ခေတ္တမျှပြုံးယောင်သန်းသွားပြီး အလျင်အမြန် ပြန်ထိန်းပြီးနောက် အသာအယာ ခေါင်းညိတ်ပြလိုက်လေသည်။

"ကောင်းပါပြီ"

စန်းလော့သည် သူ့ကိုတစ်ချက်ကြည့်ပြီးနောက် ခေါင်းစဉ်ပြောင်းကာ လက်ရှိစီးပွားရေးနှင့်ပတ်သက်ပြီး မေးမြန်းလိုက်၏။

"မြောက်ပိုင်းက အခြေအနေနဲ့ပတ်သက်ပြီး ရွာသားတွေကို အသိပေးဖို့ ကျိုးရွာသူကြီးကို ဖိတ်ထားတယ်ဆိုတော့ လူတိုင်းက ပြင်ဆင်နိုင်တာပေါ့ ဟုတ်တယ်မလား"

"ဟုတ်တယ်၊ ပြင်ဆင်ထားတာက အမြဲတမ်းပိုပြီး မျှော်လင့်ချက်တွေ ယူလာပေးတယ်"

စန်းလော့က ခေါင်းညိတ်ပြလိုက်၏။ သူမသည် ယခင်က ပုံစံတူတစ်ခုခုကို လုပ်ဖူးသော်လည်း ကျိုးရွာသူကြီးက ဝိုင်းဖွဲ့သောအခါတွင် ထိရောက်မှု အနည်းငယ်သာရှိသည်။ သူမက ရှီလီရွာရှိရွာသားများသည် အ‌တော်လေး မစည်းလုံးသလိုခံစားရပြီး တစ်ချို့ဆိုလျှင် သူများ၏ကံဆိုးမှုအပေါ်တွင် စိတ်သာယာမှု ခံစားပုံပေါ်သည်။

အစက သူမသည် လူများကို စပါးဝယ်ရန် တိုက်တွန်းခဲ့ချိန်က လူအနည်းငယ်ကသာ ဝယ်ခဲ့ကြပြီး တခြားသူများကတော့ သူမလို စပါးလှောင်ထားကြသူများကိုသာ အာရုံစိုက်နေခဲ့ကြသည်။

သို့သော် သူမသည် သူတို့ကို သတိမပေးမိသည့်အတွက် စိတ်မသက်မသာဖြစ်ရသောကြောင့် နောက်ပိုင်း စပါးဝယ်သည့်အခါတွင် သူတို့၏ရည်ရွယ်ချက်ကောင်းများကြားမှ ဒုက္ခမရောက်စေရန်ပို၍ သိုသိုသိပ်သိပ် လုပ်ခဲ့ရသည်။

သူမက ယခင်က အတွေ့အကြုံနှင့် အတွေးများကို အသေးစိတ်မျှဝေပေးပြီး ရှန်းလီသည် ခေါင်းညိတ်ပြလိုက်၏။

"ကျွန်တော် နားလည်ပါတယ်။ ဒီကိစ္စကို ဦးလေးကျိုးကိုပဲ ကိုင်တွယ်ခိုင်းလိုက်ပြီး ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ကိုယ်ကျင့်တရားကိုပဲ ကောင်းအောင်လုပ်ရမယ်။ ကျန်တာကတော့..."

သူမကို စိတ်အေးသွားအောင် ပြောလိုက်လလေသည်။

"စိတ်မပူပါနဲ့၊ ကျွန်တော်နဲ့သရှန်က စပါးတွေသိမ်းဆည်းဖို့‌ နောက်ထပ်နေရာကို ရှာမှာပါ"

မြောက်ပိုင်းခရီးစဉ်တွင် လူသားစားခြင်းကဲ့သို့ ပြင်းထန်သော ခက်ခဲမှုများကို တွေ့ကြုံခဲ့ရပြီး ရှန်းလီနှင့်သူ့အပေါင်းအပါများသည် လူ့သဘာဝအပေါ် သိပ်ပြီးမယုံကြည်ရဲတော့ပေ။

ဖရိုဖရဲအခြေအနေများသာ အမှန်တကယ်ပေါ်ပေါက်လာပါက တစ်ခုတည်းသော သူတို့အပြည့်အဝ ယုံကြည်နိုင်သည့်သူများသည် စစ်ထဲတွင် အတူတူအမှုထမ်းရင်း သေဘေးမှလွတ်မြောက်လာ‌ကြသော လေးဦးသာဖြစ်၏။ သူတို့၏သက်ဆိုင်ရာ မိသားစုအပေါ် သစ္စာရှိမှုနှင့် ထိုအရာကိုကျော်လွန်၍ ရှန်းလီသည် စွန့်စားမှုများကို မလုပ်ဆောင်ဝံ့ပေ။

သူသည် သူရဲကောင်းတစ်ယောက်‌ မဟုတ်ပေ။ လူအများကို မကယ်တင်နိုင်ဘဲ သူ့အတွက် အရေးအပါဆုံးသောသူများကို ကာကွယ်ရန် အကောင်းဆုံး ကြိုးစားနေခြင်းဖြစ်သည်။

ဤသည်ကိုကြားတော့ စန်းလော့သည် သူမ၏အစောပိုင်းရွေးချယ်မှုသည် ကံကောင်းသည်ဟု ခံစားလိုက်ရ၏။ ဝန်ထုပ်ဝန်ပိုးကိုထမ်းမည့် အခြားသူတစ်ယောက်ရှိခြင်းသည် ခြားနားမှုအစစ်တစ်ခုဖြစ်သည်။ တစ်စုံတစ်ယောက်က သူမထက် ပိုတွေးနေလိမ့်မည်။ သူမပုခုံးထက်မှ ဝန်ထုပ်ဝန်ပိုးများ လျော့သွားသလိုခံစားရပြီး မရေရာသောစိုးရိမ်ပူပန်မှုသည် သိသိသာသာ လျော့နည်းသွား၏။

သူမက ပြုံးလိုက်လေသည်။

"ကောင်းပါပြီ"

……

ချန်းမိသားစု၏အိမ်ကိုရောက်တော့ မိသားစုအတော်များများမှ အဓိကအဖွဲ့ဝင်များသည် စုဝေးနေကြပြီဖြစ်သည်။

အဓိကအဖွဲ့ဝင်များသည် ယေဘုယျအားဖြင့် လုလောင်ဟန်၊ လုဘွားဘွား၊ ဖန်းလျိုညန်အပါအဝင် လုသလန်နှင့် လုအာ့လန်တို့လို အိမ်ထောင်စုတွင် ပေါက်ရောက်သူများကိုဆိုလိုပြီး မကြာခဏဆိုသလို အပြင်ထွက်လေ့ရှိကြသည်။

ယခုအချိန်တွင် ဖန်းလျိုညန်သည် သည်ကိစ္စများကို ဝင်ရောက်ပြောဆိုဖို့ရန် လုမိသားစုတွင် သည်လိုအခွင့်အာဏာ ရှိသည်တော့ မဟုတ်ချေ။ သို့သော်ငြား ထိုကိစ္စထက် သေဆုံးသွားပြီဟု ထင်ထားခဲ့သည့် ယောက်ျားဖြစ်သူက ပြန်ရောက်လာပြီး တခြားမိသားစုများနှင့် မခွဲချင်သလို သူတို့ မည်သည့်နေရာသို့ သွားသည်ဖြစ်စေ မခွဲခွာလိုခြင်းပင်။

အခြေအနေသည် ရှီမိသားစုနှင့်အတူတူပင်ဖြစ်သည်။ ထို့အပြင် ရှီသလန်နှင့် ရှီအာ့လန်၊ ကန်းရှီတို့လည်းရှိနေ၏။

ကျိုးရွာသူကြီးသည် ပိုရိုးရှင်းပြီး တစ်ယောက်ထဲလာလေသည်။

ချန်း၊ ရှီနှင့်လုမိသားစုများမှလူများသည် သိနေကျအကြောင်းအရာကို မျှဝေထားကြပြီး သူတို့၏မျက်လုံးများမှာ ငိုထားသောကြောင့် နီရဲရောင်ကိုင်းနေသည်။ မျက်ရည်များမှာ အဆက်မပြတ်စီးကျနေသော်လည်း သူတို့မျက်နှာတွင် ပေါ်နေသည့်ပျော်ရွှင်မှုကိုတော့ ဖုံးကွယ်မထားနိုင်ပေ။

စန်းလော့မှာတော့ သူမ၏ကြည်လင်ပြီး ရောင်ကိုင်းမနေသည့် မျက်လုံးများက စုဝေးလာဖို့အတွက် အလွန်တောက်ပနေသယောင် ဖြစ်နေသဖြင့် အနည်းငယ် မလိုက်ဖက်သလို ခံစားမိသွားတော့သည်။

သို့သော်လိုက်ဖက်ခြင်းက ပြဿနာမဟုတ်ပေ။ ယခုအချိန်တွင် သူမသည် ဤမိသားစုများ၏ တန်ဖိုးထားခံရသော ကောင်မလေးစင်စစ် ဖြစ်နေပြီ။ ချန်းမိသားစု၏ပင်မခန်းမကို ဝင်လာတော့ လူများသည် သူမအတွက် ထိုင်ခုံများကို မြန်မြန်ဆွဲယူပေးကြပြီး လက်မှဆွဲကာ စကားဝိုင်းထဲသို့ ခေါ်ကာ မကြာခင်တွင် သူမကို ချန်းအဘိုးအဘွားများက ဝန်းရံထားလေသည်။

ရှန်းလီသည် ဤမြင်ကွင်းကို အံ့အားသင့်စွာဖြင့် ကြည့်ရှုနေတော့၏။ သူသည် ချန်း၊ ရှီနှင့် လုမိသားစုများတွင် ကောင်းမွန်သည့် ဆက်ဆံရေးရှိသည်ကို သိသော်လည်း အပြင်လူဖြစ်သည့် စန်းလော့က တစ်နှစ်ခွဲအတွင်း ရွာသားများနှင့် သဟဇာတ ဖြစ်နေသည်ကို အံ့ဩမိလေသည်။

ချန်းဘွားဘွားသည် ရှန်းလီ၏အမူအရာကို သတိထားမိပြီး ရယ်မောလိုက်၏။

"အားလီက ဒါကိုမသိလောက်သေးဘူး။ ဒီရက်တွေမှာ ငါတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် မင်းရဲ့ဇနီးကို အားလုံးက ကျေးဇူးတင်ရမှာ။ ဒီနှစ်ဆောင်းတော့ ငါတို့မိသားစုသုံးစုလုံး ကောင်းကောင်းစားနိုင်ပြီး နွေးနွေးထွေးထွေးနေနိုင်ပြီ။ အားလုံးက သူ့ကြောင့်ပဲလေ"

သူ့အတွက် အသစ်အဆန်းဖြစ်နေသည်ကို သဘောပေါက်မိတော့ ရှန်းလီသည် စန်းလော့ကို ကြည့်လိုက်မိလေသည်။

လုဘွားဘွားက ပြုံးလိုက်၏။

"ကောင်းကင်က ပေးပို့လိုက်သလိုမျိုး ဇနီးတစ်ယောက်ရှိတာ မင်း အတော်လေး ကံကောင်းတာပဲ"

အဒေါ်များဖြစ်သော ချင်ဖန်းညန်နှင့် ကန်းရှီတို့သည်လည်း ရင်းနှီးဖော်ရွေစွာဖြင့် စနောက်ကြပြီး ချန်းသရှန်သည် ရှန်းလီကို သူ့တံတောင်ဖြင့် တွတ်လိုက်ကာ ကျီစယ်သည့်သဘောဖြင့် မျက်လုံးတစ်ဖက် မှိတ်ပြလိုက်၏။

ကျိုးရွာသူကြီးနှင့် အခြားသူများသည် ရွှင်မြူးစွာဖြင့်ကြည့်နေပြီး သူတို့၏ရယ်မောသံများဖြင့် လေထုက ပေါ့ပါးနေလေသည်။

စိတ်ခံစားချက်များ နွေးထွေးလာပြီးနောက် လူတိုင်းက နေရာယူလိုက်ကြပြီး ကျိုးရွာသူကြီးလက်ရှိ အရေးကြီးသည့်ကိစ္စရပ်ကို ထုတ်ပြောလိုက်၏။

ချန်းသရှန်သည် ရှန်းလီနှင့် အခြားသူများ အဝေးရောက်ချိန်အတွင်းက ဒုက္ခသုက္ခများကို မျှဝေပေးနေပြီး စန်းလော့သည် နောက်ဆုံးတွင် ရှီသလန်၏လက်တစ်ဖက် ဆုံးရှုံးသည်ကို သတိပြုမိရင်း လုအာ့လန်နှင့် ရှီသလန်တို့နှင့် ချိတ်ဆက်မိသွားတော့သည်။

ကန်းရှီသည်ကျေးဇူးတင်ပြီး ကျေနပ်မိလေသည်။ လက်တစ်ဖက်ဆုံးရှုံးခြင်းသည် အသက်ရှင်လျက် ပြန်ရောက်‌လာခြင်းနှင့်ယှဉ်လျှင် အသေးအမွှားပင်။

အမျိုးသားများသည် အရေးကြီးသည့် အကြောင်းအရာများကို ဆွေးနွေးကြပြီး အဓိကအားဖြင့် ဓားပြများ များပြားလာမှုနှင့် မြောက်ပိုင်းရှိ ကိုယ့်ဟာကိုယ် ကြေညာထားသောဘုရင်များ အကြောင်းဖြစ်သည်။ ရှန်းလီက တောင်ပိုင်းသည်လည်း အချိန်ကြာကြာ ငြိမ်းချမ်းမှု မရနိုင်‌တော့ကြောင်းနှင့် လူတိုင်းကို စပါးနှင့်ဆားများ သိုလှောင်ထားဖို့ အကြောင်းကြားရန် ကျိုးရွာသူကြီးအား အလောတကြီးဖြင့် သူ့စိုးရိမ်ပူပန်မှုကို ထပ်လောင်းပြောဆိုလိုက်၏။

ကျိုးရွာသူကြီးက ယခင်က စပါးဈေး ဝမ် ၈၀သာရှိသေးသောအချိန်တွင် စပါးများသိုလှောင်ရန် အကြံပေးခဲ့သော်လည်း ဟက်ဟက်ပက်ပက်မရှိသော တုံ့ပြန်မှုများကို ပြန်စဉ်းစားရင်း သက်ပြင်းချလိုက်လေသည်။

သူက စန်းလော့ဘက်သို့လှည့်ကာ

"ရှန်းလီရဲ့မိန်းမရော စီရင်စုက လက်ရှိစပါးဈေးကိုသိလား"

ရွာသားအများစုက စီရင်စုသို့ မကြာခဏ သွားလည်ကြသော်လည်း စန်းလော့သာလျှင် စပါးဈေးကို သတိအထားမိဆုံးသူဖြစ်‌ပုံပေါ်သည်။

ကျိုးရွာသူကြီးသည် စန်းလော့က စပါးများ သိုလှောင်ထားသလားကို မသိသော်လည်း လက်ရှိကိစ္စရပ်များနှင့် မြှော်မြင်မှုအပေါ် သူမ၏ အာရုံခံစားနိုင်မှုသည် ရွာသားအများစုထက် သာလွန်ပေသည်။

ထိုအတိုင်းပင် စန်းလော့သည် တိကျသောကိန်းဂဏန်းကို ပေးလိုက်လေသည်။

"နောက်ဆုံးတစ်ကြိမ် စီရင်စုမှာ ဝယ်တုန်းက တစ်ပြည်ကို ဝမ် ၃၅၀ ပေးရတယ်"

ဝမ် ၃၅၀တွင် ကျိုးရွာသူကြီး၏လက်ပင် တုန်လှုပ်သွားလေသည်။ စပါးဈေး ၁၅၀ ဝမ်သို့တက်စဉ်ထဲက ရွာသားများသည် စပါးဝယ်ခြင်းကို ရပ်တန့်လိုက်ကြ၏။

"ဝမ် ၃၅၀..."

ရှန်းလီက ချီကျိုးတွင် သူစုံစမ်းခဲ့သောဈေးနှုန်းများကို မျှဝေပေးပြီးနောက် အခန်းထဲတွင် ခဏတာငြိမ်သက်သွား၏။

ခဏမျှရပ်ပြီးနောက် ကျိုးရွာသူကြီး၊ ချန်းလောင်ဟန်နှင့် လုလောင်ဟန်တို့သည် စန်းလော့ကို ကြည့်လိုက်ကြပြီး ကျိုးရွာသူကြီးက မေးလိုက်လေသည်။

"စန်းရှီ၊ ဒီဈေးနှုန်းတွေနဲ့စပါးဝယ်ရတာ တန်သေးတယ်လို့ထင်လား"

အမှန်တွင် သူမသည် အများကြီးမတတ်နိုင်ပေ။ စုဆောင်းငွေတစ်ချို့ရှိသည့်တိုင် စီရင်စုအခြေအနေတွင် သူမသည် နောက်ထပ်ဆင်းရဲသော လယ်သမားတစ်ဦးသာဖြစ်သည်။ စပါးများ ပိုမိုဝယ်ယူခြင်းသည် သူမ အရန်ထားထားသည့် နောက်ဆုံးအရေးပေါ် ရန်ပုံငွေများကို တူးဆွခြင်းဟူသည့် သဘောပင်။

ကျိုးရွာသူကြီးမှာ စန်းလော့၏ထင်မြင်ချက်အတွက် သူမကို အလိုအလျောက် ကြည့်မိသွားလေသည်။ မိသားစုတွင် ဆုံးဖြတ်ချက်ချခြင်း၊ အကြံဉာဏ်ပေးခြင်းတို့သည် ချန်းနှင့်လုမိသားစုတို့၏ ခေါင်းဆောင်အမျိုးသမီးများ၊ သို့မဟုတ် ရှီမိသားစုမှ အကြီးဆုံးယောင်းမကန်းတို့လို အမျိုးသမီးများအတွက် မထူးခြားသော်လည်း ရှီသလန်၊ လုအာ့လန်နှင့် ရှန်းလီတို့အပါအဝင် မကြာသေးမီက ပြန်ရောက်လာသူများကတော့ အတိုင်းအတာတစ်ခုအထိ အနည်းငယ်စိတ်ရှုပ်ထွေးသွားတော့သည်။

အမျိုးသားများ၏ ဆွေးနွေးမှုများကို နားထောင်ခြင်းသည် အမျိုးသမီးများအတွက် ဖြစ်ရိုးဖြစ်စဉ်ဖြစ်ပြီး ချန်းနှင့်လုမိသားစုများမှ သက်ကြီးရွယ်အို အမျိုးသမီးများနှင့် ရှီမိသားစု၏ အမျိုးသမီးခေါင်းဆောင်ဖြစ်သောကန်းတို့ရှီက စံပြအနေဖြင့် သူတို့၏ထင်မြင်ချက်များကို ထုတ်ဖော်ပြောဆိုကြ၏။

ဒါပေမယ့် ရှန်းလီရဲ့မိန်းမကရော။

အမျိုးသားများသည် စိတ်ရှုပ်သွားကာ အကြည့်ချင်း ဖလှယ်လိုက်ကြလေသည်။ သူမသည် အများဆုံးမှ ၁၆နှစ်အရွယ်သာ ရှိဦးမည်မဟုတ်လား။

စန်းလော့ကိုယ်တိုင်လည်း အနည်းငယ်စိတ်ရှုပ်ထွေးနေ၏။ သူမသည် ထိုနေ့တွင်‌လေ့လာသူတစ်ယောက်သာ လုပ်ဖို့ စဉ်းစားထားခဲ့ပြီး အထူးသဖြင့် ကျိုးရွာသူကြီး၏ရှေ့တွင် ဖြစ်သည်။ သူမက ပေါ်လွင်စေရန်မရည်ရွယ်ဘဲ တိတ်တဆိတ်နှင့် မမြင်နိုင်သည့် နေရာတွင်ရှိနေရခြင်းကို ပိုနှစ်သက်၏။

သို့တိုင် သူမကို အံ့ဩရစေသည်က စပါးသိုလှောင်ဖို့ရန်နှင့် ပတ်သက်ပြီး ဆုံးဖြတ်ချက်က သူမထံသို့ အရင်ဆုံးရောက်လာပြီး လူကြီးအားလုံးက သူမ၏လမ်းညွှန်မှုကို စောင့်ဆိုင်းနေကြခြင်းပင်။

စန်းလော့: “……”

သူမက ခဏမျှစဉ်းစားပြီးနောက် ရွေးချယ်စရာများကို အလျင်အမြန် ချိန်ဆလိုက်လေသည်။

ဤအခန်းထဲတွင် ကျိုးရွာသူကြီးမှလွဲ၍ အခြားလူတိုင်းသည် လုံးဝအားကိုးလောက်သည်။ ကျိုးရွာသူကြီးအနေနဲ့တော့.... အင်း... သူလည်း သင့်တော်တဲ့သူတစ်ဦးပါပဲ။

ရှန်းလီသည် စပါးသိုလှောင်ရန် နောက်ထပ်နေရာတစ်ခု ရှာဖွေနေကြောင်းပြောခဲ့ပြီး အရေးအခင်းကာလတွင် အခြားနေရာသို့ သွားစရာရှိကြောင်း အကြံပြုထား၏။ ဤအရာက စန်းလော့ကို ရွာထဲရှိမိသားစုအားလုံးထံ အကြောင်းကြားဖို့ ကျိုးရွာသူကြီးကို သတင်းပို့ရန် ယုံကြည်မှုပေးလေသည်။ ထို့ကြောင့် သူမသည် လွန်ကဲစွာ စိုးရိမ်ပူပန်ရန်မလိုပေ။

သူ့အတွေးများကို ထပ်မဖုံးကွယ်ထားဘဲ စန်းလော့က ပြောလိုက်၏။

"ကျွန်မရဲ့ထင်မြင်ချက်ကို ပြောရရင်တော့ တတ်နိုင်ရင် ဝယ်ထားသင့်တယ်။ စပါးနဲ့ဆားတွေကို သိုလှောင်ပြီး အိမ်မှာ သမားတော်ညွှန်းထားတဲ့ အိမ်သုံးဆေးဝါး နည်းနည်းပါးပါး ရှိထားတာကတော့ အကောင်းဆုံးပေါ့"

ဆေးဝါးများ သိုလှောင်ရန်လိုအပ်ခြင်းသည် အိမ်တွင် ပုံမှန်အသုံးပြုရုံသက်သက် မဟုတ်ချေ။ အကြောင်းမှာ တစ်ယောက်ယောက်သာ အိမ်တွင် လုံလုံခြုံခြုံ နေထိုင်နိုင်ပါက ကုသရန်အတွက် ဗိန္နောဆရာထံသို့ အမြဲတမ်း သွားရောက်နိုင်ခြင်းကြောင့်ပင်။

အိမ်မှာ သူတို့မနေနိုင်တဲ့ အနာဂတ် ဖြစ်နိုင်ချေအတွက် ပြင်ဆင်နေတာများလား။

ကျိုးရွာသူကြီးသည် မတ်တပ်ရပ်ပြီး ခန်းမပတ်လည်တွင် အကြိမ်အရေအတွက်များစွာ ဟိုလျှောက်ဒီလျှောက်လုပ်နေ၏။ သူသည် ချန်းအိမ်ခန်းမ ဝင်ပေါက်နားတွင် ရပ်လိုက်ပြီး ညကောင်းကင်သို့ ငေးကြည့်နေလေသည်။

ထိုဦးတည်ချက်သည် အတိုင်းမသိ နက်ရှိုင်း ကျယ်ပြန့်လှသည့် တောင်တန်းများဆီသို့ မျက်နှာမူထားသည်။ သူ အသိများထဲတွင် ဘယ်သူမှ ထိုတောင်များ၏ အဆုံးဘက်ကို မရောက်ဖူးချေ။ တောင်အတွင်းပိုင်းသို့ စွန့်စားရမည်ဆိုလျှင်တော့ ပြောရန်ပင် မလိုချေ။

"ဒါပေမယ့် သချန်မင်းဆက် မထူထောင်ခင်ကကို ကမ္ဘာကြီးက အကြီးအကျယ် ဝရုန်းသုန်းကားဖြစ်နေတာ။ ထိုအချိန်က ငါက တော်တော် ငယ်သေးတယ်။ ငါ့မိဘတွေ၊ ဦးလေးတွေနဲ့နဲ့ အချိန်အကြာကြီးတောထဲမှာ ပုန်းရှောင်နေခဲ့ရတယ်"

"တောင်တွေက အဆိပ်ပြင်းတဲ့မြွေတွေ၊ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတွေနဲ့ ကြောက်စရာကောင်းတယ်။ ငါ့ဝမ်းကွဲတွေထဲက တစ်ယောက်က သားရဲတစ်ကောင်ရဲ့ပါးစပ်ဝမှာပဲ သေသွားတာလေ။ ကလေးတစ်ယောက်အနေနဲ့ အရမ်းကြောက်လို့ ငိုယိုနေပြီး တောထဲကနေထွက်သွားချင်တာပဲ သိတယ်။ ဒါပေမယ့် ငါ့မျက်ရည်တွေကို သုတ်ပေးနေရင်း အမေပြောခဲ့တဲ့စကားတွေက အခုထိ စိတ်ထဲမှာ ရှင်းရှင်းလင်းလင်း ရှိနေတုန်းပဲ"

"သူက ငါ့ကို မငိုဖို့ပြောတယ်။ ဒီတောအုပ်ထဲကနေ ထွက်သွားလို့မရဘူးတဲ့။ အပြင်ကမ္ဘာလောကက ဒီမှာရှိတဲ့သားရဲတွေထက် အများကြီးပိုပြီး ကြောက်စရာကောင်းတယ်"

ကျိုးရွာသူကြီးက မျက်လွှာချလိုက်ရင်း ပြန်စဉ်းစားနေ၏။

"ငါတို့ တစ်ကယ်ငြိမ်းချမ်းနေခဲ့တာ ဘယ်နှနှစ်လောက်ရှိခဲ့လို့လဲ။ သချန်မင်းဆက်ရဲ့အစမှာ နိုင်ငံက သူရဲ့နာမည်ကြီးခြင်းအတွက် ချီးမွမ်းခံရတယ်။ ငါတို့အားလုံးက ကောင်းတဲ့အချိန်တွေ ရောက်လာမယ်လို့ ထင်ခဲ့ပေမဲ့ ကြာရှည်မခံပြန်ဘူး"

"ဧကရာဇ်က ဘယ်လောက် အသိဉာဏ်ရှိတယ်၊ ကြိုးစားအားထုတ်တယ်၊ ကောင်းကျိုးပြုလဲဆိုတာကိုတော့ ငါ မသိဘူး။ ငါတို့လိုသာမန်လူထုက ထုတ်လည်းမပြောရဲဘူးလေ။ ငါတို့အားလုံး အမြဲတမ်း လိုချင်နေတာက ငြိမ်းချမ်းမှုပဲ"

"ဒါပေမယ့်အခုတော့ ငြိမ်းချမ်းမှုကိုတောင် လက်လွှတ်ရတော့မယ့်ပုံပဲ"

"ငါနဲ့ငါ့မောင်နှမ‌တွေလို ငါ့မိန်းမနဲ့ကလေးတွေ သည်းခံရတော့မယ့် ကိစ္စကို တွေးရင်း စိတ်‌တွေလေးလံမိတယ်"

သူ ပြန်အလှည့်လာတွင် သူ့ပုခုံးများမှာလည်း ရုတ်တရက် ပို၍လက်ပြင်ကုန်းလာသယောင်။

"ရှန်းလီရဲ့မိန်းမ ပြောတာ မှန်တယ်။ ငါတို့ဝယ်နိုင်တာတွေဝယ်ဖို့ ငွေကို သုံးကြရအောင်။ ကမ္ဘာကြီးသာ ဖရိုဖရဲဖြစ်သွားရင် ငွေအနည်းငယ်လောက် ကိုင်ဆောင်ထားတာကရော ဘာ‌များ ကောင်းမှာမလို့လဲ"

"အဲ့တာက ငါတို့ကို အစာလဲမကျွေးနိုင်သလို ရေငတ်လဲ‌မပြေစေနိုင်ဘူး"

သူတို့ခေတ်က စစ်ပွဲ၏အခက်အခဲများကို အတွေ့အကြုံရှိခဲ့ဖူးသော ချန်းလောင်ဟန်နှင့် အခြားသူများကလည်း ခေါင်းညိတ် သဘောတူလိုက်ကြသည်။

"ဒါပေမယ့် အခုအချိန်မှာ စီရင်စုစပါးဆိုင်တွေကနေ နေ့တိုင်း စပါးဘယ်လောက်ဝယ်လို့ရလဲ"

ဤမေးခွန်းသည် ချန်းလောင်ဟန်ထံမှ လာခြင်းဖြစ်သည်။

"လူတစ်ယောက်ကို တစ်ကြိမ်မှာ နို့ဆီဘူးနှစ်ဘူးပဲ ဝယ်ယူခွင့်ပြုထားတယ်" စန်းလော့က ပြန်ဖြေလိုက်၏။

"နို့ဆီဘူးနှစ်ဘူးက မိသားစုဝင်များရင် တစ်နေ့စာတောင် မလောက်ဘူး။ အရန်ထားထားတဲ့စပါးတွေ မရှိဘူးဆိုရင် လုံ‌လုံလောက်လောက် စားရဖို့က မိသားစုဝင်တော်တော်များများက စပါးဝယ်ဖို့ တန်းစီရမည့်သဘောပင်"

"အဲ့တာက လူတိုင်းကို စိုးရိမ်စေတာ။ တန်းစီဖို့လူတွေ အများကြီးပို့လိုက်လည်း ဖြတ်သန်းခွင့်အများ ယူရမဲ့သဘောပဲ၊ နေ့စဉ်မြို့ဝင်ကြေးကလည်း မနည်းဘူးလေ"

လူတိုင်း၏အမူအရာကို သတိထားမိတော့ စန်းလော့က ပြောလိုက်၏။

"ရက်အနည်းငယ်အတွင်း စီရင်စုကိုသွားပြီး ပိုဝယ်လို့ရတဲ့နည်းလမ်း ရှိမလားဆိုတာကို ကြည့်ရမယ်။ အစက စပါးဈေးတွေ သိပ်မတက်သေးတော့ ဖြစ်နိုင်ချေရှိတယ်။ ဒါပေမယ့် အခုတော့ သံသယဝင်မိတယ်။ စပါးကုန်သည်တွေက အများကြီးရောင်းဖို့ကို ဝန်လေးနေတာ သေချာသလောက်ပဲ"

ချင်ဖန်းညန်နှင့်အခြားသူများသည် စန်းလော့က ကိုးပြည်ပမာဏဖြစ်သည့် စပါးအများအပြားကို ပထမဆုံးဝယ်ပြီး လှည်းနှစ်စီးနှင့် ပြန်သယ်လာခဲ့သည်ကို သိထားကြ၏။ ထိုအချိန်က စီရင်စုရှိ စပါးဆိုင်များသည် ခွဲတမ်းစနစ်ဖြင့်ရောင်းချခြင်းကို စတင်နေပြီဖြစ်ပြီး လူတစ်ဦးလျှင် ၅ပြည်ကျရောင်းချကာ နေ့လည်ဘက်တွင် ပိတ်သိမ်းလေသည်။

ချင်ဖန်းညန်သည် တုန်းဖူစားသောက်ဆိုင်သို့ တို့ဟူးပို့ပေးသော်လည်း စန်းလော့သည် တာဝန်ခံရွှီအပေါ် လွှမ်းမိုးမှု တစ်ချို့ရှိသည်တွင် ငွေပေးချေမှုအတွက် သူမက မီးဖိုချောင်ဝန်ထမ်းများနှင့် စာရင်းကိုင်များနှင့်သာ ဆက်ဆံခဲ့သည်။

စန်းလော့၏ စုံစမ်းမေးမြန်းနိုင်သည့် ကမ်းလှမ်းချက်ကို ကြားတော့ လူတိုင်း၏မျက်လုံးများသည် မျှော်လင့်ချက်ဖြင့် အရောင်တောက်လာကြသည်။

ဤအသေးစိတ်အချက်များ မသိသည့်တိုင် ကျိုးရွာသူကြီးသည် တုန်းဖူစားသောက်ဆိုင်နှင့် စန်းလော့၏ဆက်သွယ်မှုများကိုတော့ သိလေ၏။ သူမ၏အဆိုပြုချက်ကို ကြားတော့ စိတ်လှုပ်ရှားမှုများ ထိုးတက်‌လာလေသည်။

စန်းလော့က သူ့ဘက်လှည့်ကာ ပြောလိုက်၏။

"ဦးလေးကျိုး၊ ဒါကို အဆင်ပြေအောင် စီစဉ်နိုင်မယ်ဆိုတာကိုတော့ ကျွန်မ အာမ မခံပါဘူး။ ကျွန်မ ပွင့်ပွင့်လင်းလင်း ပြောရတယ်ဆိုတာလည်း ဦးလေးကို ယုံကြည်လို့ပါ။ ဒါကဖြစ်နိုင်ခြေရှိလားဆိုတာကို ကျွန်မ အရင်ဆုံး မေးမြန်းဖို့လိုတယ်။ ဒါပေမယ့် တစ်ခုတော့ ကြိုပြောနိုင်တယ်"

ကျိုးရွာသူကြီးသည် စန်းလော့ပြောမည့်အရာများကို အာရုံ ခံမိသည်တွင် ခေါင်းညိတ်ပြလိုက်၏။

"ဆက်ပြောပါ"

စန်းလော့က ရှင်းပြလိုက်လေသည်။

"ဒါသာ အလုပ်ဖြစ်တယ်ဆိုရင် ဦးလေးတို့မိသားစုအတွက် ကူဝယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဦးလေးတို့မိသားစုတစ်စုထဲအတွက်ပါ။ တစ်ခြားရွာသားတွေ ဒါမှမဟုတ် ဦးလေးရဲ့ဆွေမျိုးမိသားစုတွေကိုတော့ မကူညီပေးနိုင်ဘူး။ ပြီးတော့ ဒါကို အပြင်မှာမပြောဖို့လဲ မျှော်လင့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်တော့ ဖိအားတွေမဖန်တီးချင်ဘူး"

ဒေသခံဖြစ်နေသောကျိုးမိသားစုသည် ချန်းနှင့်ရှန်းမိသားစုများကဲ့သို့ ဒုက္ခသည်မိသားစုများနှင့် ကွဲပြားလေသည်။ ကျိုးမိသားစုသည် ယခင်မင်းဆက်ထဲက ဒေသအလိုက် ကောင်းစွာထူထောင်ခဲ့ပြီး ဤမင်းဆက်ကို တည်ထောင်ချိန်တွင် မြေယာများကိုခွဲဝေပေးချိန်မှ အနီးနားရှိရွာများသို့ ပျံ့နှံ့လာလေ၏။

ရှီနှင့်လု မိသားစုများသည် ဒေသခံများဖြစ်သော်လည်း ကျိုးမိသားစုနှင့် မနှိုင်းယှဉ်နိုင်ပေ။

စန်းလော့တစ်ယောက်သည် ရှန်းလီမှာ ကျိုးရွာသူကြီးထံမှ သင်္ချာသင်ယူခြင်းအကြောင်းကို ကလေးများဆီမှ ကြားထားသဖြင့် ကျိုးမိသားစုအပေါ်တွင် လေးစားသည့်သဘောထား ရှိသောကြောင့် ယနေ့စပါးဝယ်ယူခြင်း ဆွေးနွေးမှုတွင် သူ့ကို မပယ်ထုတ်လိုပေ။

သို့သော် ကျိုးရွာသူကြီးကို ကူညီရန်ဆန္ဒရှိသော်လည်း ကျိုးလီကျန့်၏မိသားစုနှင့် ဆက်နွယ်နေသည့် အမည်မသိသော အန္တရာယ်များကို သူမကိုယ်တိုင် မဖော်ထုတ်လိုပေ။

သူတို့ နောက်ဆုံးအကြိမ် စပါးဝယ်စဉ်က ကျိုးလီကျန့်၏သားများသည် ကျိုးရွာသူကြီးနှင့် သူ့သားတို့နှင့်အတူ စီရင်စုသို့လိုက်ပါလာကြ၏။ စန်းလော့သည် ကျိုးလီကျန့်နှင့် အပြန်အလှန်ဆက်ဆံရေးကို ကန့်သတ်ထားပြီး ရုံးတော်ကိစ္စများ၊ အစောပိုင်းအခွံနှင့် လူမှုဝန်ထမ်း စည်းကြပ်သည့် ကိစ္စများကြောင့် သူက သူ့အ‌ပေါ် အမြင်မကြည်ခဲ့ချေ။

သူမပြောစကားများကိုကြားတော့ ကျိုးရွာသူကြီးက အလျင်အမြန် အာမခံလိုက်၏။

"စိတ်ချပါ၊ စန်းရှီ၊ မင်းရဲ့အကူအညီအတွက် ကျေးဇူးတင်ပြီး အရှက်ရအောင်ပြုမူမှာလဲ မဟုတ်ပါဘူး။ ဒါက အလုပ်ဖြစ်တာ မဖြစ်တာကိုတော့ အိမ်မှာတောင် စကားတစ်ခွန်းမှ မပြောပါဘူး"

စန်းလော့သည် သူ့ကိုယုံကြည်၏။ ကျိုးမိသားစုသည် သူတို့၏နှုတ်လုံမှုအတွက် ကျော်ကြားပြီး သူမ တို့ဟူးရောင်းနေသောလများအတွင်း စကားလုံးတစ်လုံးပင် အပြင်သို့မပေါက်ကြားခဲ့ပေ။ မိသားစုတစ်ခုလုံး၏ လျို့ဝှက်ချက်များကို ထိန်းသိမ်းနိုင်သောစွမ်းရည်မှာ ကျိုးရွာသူကြီးသည် ချီးကျူးထိုက်ပြီး အိမ်ထောင်ဦးစီးအဖြစ် သိသိသာသာ အာဏာရှိသောကြောင့်ပင်။

စန်းလော့က ခေါင်းညိတ်ကာ ငြင်ညာစွာပြုံးပြလိုက်၏။

"ကျေးဇူးတင်ပါတယ်၊ ဦးလေးကျိုး။ ဒါက အလုပ်ဖြစ်မလား မဖြစ်ဘူးလားကတော့ အတတ် မပြောနိုင်ဘူး။ ကျွန်မက ဦးလေးရဲ့ သမာဓိကို အသိအမှတ်ပြုပါတယ်။ ကျွန်မက ဖြစ်နိုင်ခြေရှိတဲ့ အုံကြွမှုတွေကို ကြိုပြီး သတိထားရုံသက်သက်ပါ"

ကျိုးရွာသူကြီးသည် ထပ်ခါထပ်ခါ ခေါင်းညိတ်ပြလိုက်၏။

"ဒီလိုမှပဲ မှန်ပါတယ်။ ဒီထဲမှာ ငါ့မိသားစုကို ထည့်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျေးဇူးပါပဲ"

သူသည် ကျေးဇူးကန်းလိမ့်မည်မဟုတ်ပေ။

အစီအစဉ်ကိုသဘောတူလိုက်ကြပြီး စန်းလော့သည် အိမ်ပြန်ဖို့ လိုအပ်နေသည်။ ချမ်းအေးသည့် ဆောင်းရာသီ ညတစ်ညဖြစ်ပြီး သူမသည် အိမ်တွင် သက်သက်လွတ်အူကြမ်းနှင့် တို့ဟူးအချဉ်ဖောက်ခြင်းအတွက် ပြင်ဆင်ရန်လိုအပ်နေဆဲ။

သို့သော် သူတို့ထွက်လာသည်နှင့် ကျိုးရွာသူကြီးသည် သူတို့နောက်မှ အမြန်လိုက်လာကာ တားလိုက်၏။

ရှန်းလီက လှည့်လိုက်၏။

"ဦးလေးကျိုးလား။ တစ်ခြားဟာရှိသေးလား"

ခဏလောက် အသက်အောင့်လိုက်ပြီး ကျိုးရွာသူကြီးက ပတ်ဝန်းကျင်ကို ကြည့်လိုက်လေသည်။ နှင်းကျနေသောညတွင် ပတ်ဝန်းကျင်သည် လူသူကင်းမဲ့‌နေပြီး အနီးဆုံးအိမ်မှာ အတော်လေးအလှမ်းဝေး၏။ ထို့နောက် သူက တီးတိုးပြောလိုက်၏။

"စပါးဝယ်တာနဲ့ အဲ့တာကို သိမ်းဆည်းဖို့နေရာ ရှာဖို့လိုတယ်မလား။ ပြီးတော့ ငါတို့ရဲ့အရေးပေါ်ကိစ္စတွေအတွက် အစီအစဉ်ကရော"

ရှန်းလီမျက်ခုံးများက တွန့်ချိုးသွားလေသည်။ ကျိုးရွာသူကြီးက ဆက်ပြောလိုက်၏။

"စော်ကားလိုစိတ်နဲ့ ပြောတာမဟုတ်ပါဘူး၊ တစ်ကယ်တော့ လူတိုင်းကလည်း အရံအစီအစဉ်ကို ရှာဖွေထားပြီး အတူတူပဲလုပ်ကြမှာ။ ငါမေးချင်တာက ငါတို့ရဲ့မိသားစုကရော မင်းရဲ့အရေးပေါ်အစီအစဉ်မှာ ပါဝင်လို့ရနိုင်မလား"

ရှန်းလီသည် သူ့ကို မပြောခင်တွင် ခဏမျှတိတ်ဆိတ်စွာကြည့်လိုက်၏။

"ဦးလေးကျိုး၊ ဦးလေးက ဒီမှာဆွေမျိုးတွေ အများကြီး ရှိတယ်မလား။ သူတို့နဲ့ မနေဘူးလား"

ဤအရာကို မျှော်လင့်ထားသော ကျိုးရွာသူကြီးက ခေါင်းညိတ်ပြလိုက်၏။

"ငါ့မှာဆွေမျိုးတွေရှိတယ်။ ဒါပေမယ့် ငါတို့က အရမ်းကြီး မရင်းနှီးကြဘူး။ ဒါ့အပြင် ငါတို့ အမျိုးဘက်မှာကျတော့ ငါ့မိသားစုပဲ ကျန်တော့တာ၊ ငါ့ရဲ့မိသားစုခွဲထက်တောင် မင်းကို ပိုပြီးယုံကြည်တယ်။ ငါ့မှာ အကြောင်းပြချက်တွေ ရှိတယ်။ မင်းနောက်က လိုက်တာက ပိုပြီး လုံခြုံမယ်လို့ထင်တယ်"

ရှန်းလီသည် သူ့မိသားစုအတွက်သာ မဟုတ်သောကြောင့် တုံ့ပြန်ရန်ခက်ခဲသည်။ ပါဝင်ပတ်သက်သည့် မိသားစုလေးစုလုံးအတွက် အန္တရာယ်အနည်း အကျဉ်းရှိနိုင်သည်။

ကျိုးရွာသူကြီးသည် ရှန်းလီ၏စိုးရိမ်မှုများကို နားလည်လေသည်။ ရှန်းလီကို ချဉ်းကပ်ရခြင်းမှာလည်း စစ်တပ်ထဲတွင် အငယ်ဆုံးဖြစ်သော်လည်း ရှန်းလီသည် သူ့၏ပေါ့ပါးဖျတ်လတ်မှုနှင့် ကျွမ်းကျင်မှုကြောင့် ခေါင်းဆောင်ဖြစ်လာကြောင်းကို ရှီသလန်နှင့် တခြားသူများထံမှ သိထားခဲ့ခြင်းကြောင့်ပင်။

စစ်ပွဲတွင် ရှန်းလီ၏ လျင်မြန်သောတွေးခေါ်မှုကြောင့် သူအပါအဝင် ချန်းသရှန်နှင့် တခြားရဲဘော်ရဲဘက်များနှင့်အတူ အပြင်းအထန် ဒဏ်ရာရခဲ့သည့် ရှီသလန်နှင့် လုအာ့လန် ကို ကယ်တင်နိုင်ခဲ့ပြီး သူတို့၏အသက်ရှင်သန်ခြင်းကို အာမခံပေးနိုင်ခဲ့သည်။

ထို့ကြောင့် ကျိုးရွာသူကြီးသည် ရှန်းလီထံသို့ အရင်ဆုံး လာရခြင်းဖြစ်သည်။

သူက ထပ်ပြောလိုက်၏။

"မင်း ဘာတွေကိုစိုးရိမ်နေလဲဆိုတာ ငါသိတယ်။ စပါးကိုဖွက်ဖို့နဲ့ ခိုလှုံဖို့နေရာ ရှာတာနဲ့ပတ်သတ်ပြီး ဘယ်နေရာလဲဆိုတာကို အတိအကျ မမေးပါဘူး။ ငါတို့ရဲ့စပါးတစ်ဝက်ကို မင်းကို အပ်နှံထားမယ်။ အဲ့နေ့ကိုရောက်လာရင် ငါ့မိသားစုကို မင်းနဲ့အတူခေါ်သွားပေးပါ။ ငါ့သားတွေက သန်မာပြီး အားကိုးလို့ရတဲ့လူငယ်တွေလေ။ လူများတော့ ပိုပြီးသန်မာတာပေါ့ကွာ မဟုတ်ဘူးလား"

နေရာအတိအကျကို ဖွင့်ပြောဖို့ မလိုခြင်းသည် အန္တရာယ်ကို အတော်လေး လျော့ကျစေပါသည်။ ထွက်ပြေးသည့်အချိန်များတွင် ကျန်းမာသန်စွမ်းသောလူများရှိခြင်းက အမှန်ပင်လုံခြုံမှုကိုတိုးစေ၏။ ကျိုးမိသားစုသည် ချမ်းသာပြီး စပါးထောက်ပံ့မှု အလုံအလောက်ရှိပုံပေါ်ပြီး အနည်းဆုံးတော့ သူတို့အား ဝန်ထုပ်ဝန်ပိုး မဖြစ်စေပေ။

ရှန်းလီ၏စိုးရိမ်မှုများမှာ သိသိသာသာ လျော့ကျသွာတော့သည်။ သူသည် ခဏလောက် စဉ်းစားပြီး မသိမသာခေါင်းညိတ်ကာ သဘောတူလိုက်သည့် စန်းလော့ကို ကြည့်လိုက်၏။

သူမသဘောတူသည်ကို မြင်တော့ ရှန်းလီသည် ကျိုးရွာသူကြီးကို ပြောလိုက်၏။

"ကောင်းပါပြီ၊ မနက်ဖြန်ကျရင် ဒါကို သရှန်နဲ့အခြားသူတွေနဲ့ ဆွေးနွေးလိုက်ပါ့မယ်။ လူတိုင်းက ဦးလေးရဲ့ ကိုယ်ကျင့်တရားကို သိကြပါတယ်။ ဒါကြောင့် ပြသာနာတစ်ခုမှ မရှိနိုင်ပါဘူး"

ထိုစကားများကြောင့် ကျိုးရွာသူကြီးသည် သိသိသာသာပင် စိတ်အေးသွားလေသည်။ သူသည် အသက်အရွယ်ကွာခြားမှုကို မေ့ထားရင်း ရှန်းလီကို ဦးညွှတ်လိုက်၏။

"ကျေးဇူးအများကြီးတင်ပါတယ်"

ရှန်းလီထံသို့ မိသားစု၏ကောင်းကျိုးကိုအပ်နှံခြင်းသည် စိတ်ချရစေလေသည်။

ရှန်းလီက လက်ဟန်ခြေဟန်ဖြင့် ပြန်ပြောလိုက်၏။

"လုပ်ရိုးလုပ်စဉ်တွေအတွက် မလိုပါဘူး ဦးလေးကျိုးရယ်။ အေးတယ်၊ ကျေးဇူးပြုပြီး ပါတော့နော်"

ရှန်းလီ၏အမဲလိုက် ခရီးစဉ်အပြီးတွင် စီရင်စုသို့ သွားမည်ကို ပြန်စဉ်းစားမိလိုက်ပြီး ကျိုးရွာသူကြီးက မေးလိုက်၏။

"နောက်ထပ် အမဲလိုက်ဖို့စီစဉ်နေတာလား။ ပြောချင်တာက ဖြတ်သန်းခွင့်အတွက် စီစဉ်ပေးရမလား"

ထိုအရာသည် အမှန်ပင် လိုအပ်ပါသည်။

ရှန်းလီက ပြန်ပြောလိုက်၏။

"မနက်ဖြန်မနက်ကျရင် ကျိုးလီကျန့်ရဲ့အိမ်ကို သွားမလို့စီစဉ်နေတာ"

ကျိုးရွာသူကြီးကပြုံးလိုက်၏။

"ငါ လုပ်ပေးထားလိုက်မယ်။ အဲ့တာက ပိုမြန်ပြီးတော့ ဗျာမများပါဘူး။ နောက်မှ သရှန်နဲ့တစ်ခြားသူတွေကိုပါ ဖြတ်သန်းခွင့် လိုသေးလားလို့ မေးလိုက်မယ်။ စန်းလော့သာ စပါးအလုံအလောက်ကို မဝယ်နိုင်ဘူးဆိုရင် ဖြတ်သန်းခွင့် စောစောရထားတော့ စီရင်စုကို လူတွေများများ ပိုသွားနိုင်တဲ့သဘောပဲလေ"

ကျိုးလီကျန့်ကို ဗျူရိုကရက်တစ်အရာရှိတစ်ဦးအဖြစ်သိကြပြီး အထူးသဖြင့် ဆိုးဝါးသောရာသီဥတုတွင် နှောင့်နှေးပြီး အချိန်ဆွဲနိုင်တတ်လေသည်။

ရှန်းလီသည် မနက်ဖြန်တွင်သွားရမည်ဖြစ်သော်လည်း ယနေ့ညတွင် တို့ဟူးပြုလုပ်ရာတွင် ကူညီဖို့လိုသည်။ ကျိုးရွာသူကြီးသာ ဒါကို မြန်မြန်ဆန်ဆန် ကိုင်တွယ်နိုင်ခဲ့လျှင် ပိုပြီး အဆင်ပြေလိမ့်မည်။

ရှန်းလီက ပြုံးလိုက်၏။

"ကျွန်တော့အတွက် ဂရုစိုက်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ဦးလေးကျိုး။ ခဏနေကျရင် အိမ်ထောင်စုစာရင်းစာရွက်နဲ့ ပိုက်ဆံယူခဲ့ပါ့မယ်"

ကျိုးရွာသူကြီးက ပြုံးလိုက်၏။

"ရပါတယ်ကွာ။ မင်းပြန်လာတဲ့အကြောင်း မျိုးနွယ်ကို အကြောင်းကြားရမယ်။ ဒီလိုပဲ ငါ့ဝမ်းကွဲအတွက်လဲ ကူညီတောင်းရမယ်။ သူက ဒါကို မြန်မြန်ပြီးအောင် လုပ်ပေးနိုင်လောက်တယ်။ ဒါပေမယ့် စိတ်ချပါ။ ငါ မပြောသင့်တာကို မပြောပါဘူး"

ရှန်းလီသည် ကျိုးရွာသူကြီး၏နှုတ်လုံမှုနှင့်ပတ်သက်ပြီး စိတ်ချသွားလေသည်။ ရွာသူကြီးသည် အခြားသူများ၏ ဖြတ်သန်းခွင့်များနှင့် ပတ်သက်ပြီး ဆွေးနွေးရန် ချန်းမိသားစုအိမ်သို့ ပြန်သွားရမည်ဖြစ်ပြီး ရွာထဲရှိမိသားစုများထံသို့ သွားလည်ရန် လိုအပ်သေး၏။ သူတို့က ရှန်းလီသည် အိမ်ထောင်စုစာရင်းကို ချန်းမိသားစု၏အိမ်သို့ တိုက်ရိုက်ပေးပို့မည်ဟု သဘောတူပြီးနောက် လမ်းခွဲကြလေသည်။

...

အပိုင်း (၁၀၀) "အစ်ကိုကြီး၊ ကိုကြီးက ကိုကြီးရဲ့မိန်းမကို ကြောက်နေတာလား"

ရှန်းလီသည် အိမ်ပြန်ရောက်လာချိန်တွင် အိမ်ထောင်စုစာရင်းကို ယူလာခဲ့လေသည်။ ဖြတ်သန်းခွင့်အတွက် ၅ ဝမ်ကို စန်လော့က ထုတ်ပေးထားခြင်းပင်။

ပြန်လာသည့် ပထမဦးဆုံးရက်မှာပင် ရှန်းလီသည် မိန်းမဖြစ်သူ၏ပိုက်ဆံကို တော်တော်လေး ရှုပ်ထွေးရသည့်ခံစားချက်တစ်ခုဖြင့် သုံးလိုက်ရလေသည်။ ကံအားလျော်စွာ စန်းလော့က သူ့ကို အိမ်ထောင်စုစာရင်းစာအုပ်နှင့်ငွေကို တပါတည်း ပေးလိုက်သည်ဖြစ်ရာ သူ့မိန်းမဆီက ငွေကိုတောင်းဖို့ရန် အောင့်သက်သက်ဖြစ်ရသည့် ခံစားချက်မှ လွတ်မြောက်သွားလေသည်။

နီရဲနေသည့်မျက်နှာဖြင့် ရှန်းလီက သူမကို မြန်မြန် ကျေးဇူးတင်စကား ပြောလိုက်ပြီး ငွေနှင့် အိမ်ထောင်စုဇယား စာအုပ်ကို မြန်မြန် ယူသွားလိုက်လေသည်။

"ငါ မြန်မြန်လေး ငွေ စရှာမှဖြစ်မယ်"

...

ရှန်းလီ၏ လုပ်အားရလာသည်တွင် စန်းလော့သည် သူမက အပြည့်အဝ အနားယူနိုင်သည်ကို တွေ့လိုက်ရလေသည်။ အမှန်ပင် အခုတော့ တို့ဟူးနှင့်တို့ဟူးခြောက်လုပ်ရသည့် အပင်ပန်းဆုံးအလုပ်ကို တို့ဟူးကို ကောင်းကောင်းကြိတ်ပေးနိုင်သည့် ရှန်းလီက တာဝန်ယူလိုက်သည်ဖြစ်ရာ စိတ်အေးရသည်။

စန်းလော့က မီးဖိုချောင်ထဲတွင် ဝဥတို့ဟူးကို ပြင်ဆင်နေစဥ် ရှန်းလီ၏ ပဲကြိတ်သည့်နှုန်းက လုံးဝမနှေးနေသည်ကို သတိထားမိသည်။ သူမက အကြိမ်ကြိမ် ကူလုပ်ပေးဖို့ ပြောသော်ငြားလည်း သူက အကြိမ်တိုင်းတွင် ငြင်းပယ်ကာ မပင်ပန်းဘူးဟုသာ ပြောနေလေသည်။

သူမက သူ့လက်မောင်းများနှင့် သူအမူအယာများကို အကြိမ်ကြိမ် လေ့လာကြည့်လိုက်ပြီး သူကအမှန်ပင် မပင်ပန်းသည်လား ပင်ပန်းနေသည်ကို ဝန်ခံရမည်အား ရှက်ရွံ့နေသည်လား ဆိုသည့်အဖြစ်ကို ကြိုးစားပြီး ခွဲခြားနေမိတော့သည်။

ရှန်းလီ၏မျက်နှာက သူမ၏ စေ့စေ့စပ်စပ် စူးစမ်းနေသည့် အကြည့်အောက်တွင် ပူနွေးလာကာ သူမကဆက်ကြည့်နေလျှင် သတိထားမိသွားမည် စိုးသဖြင့် သူက ပြန်ပြောလိုက်ရလေသည်။

"တကယ်ပါ၊ ကျွန်တော် မပင်ပန်းပါဘူး ကျွန်တော်က တောင်ပေါ်ကနေတောင်မှ တောဝက်တွေကို သယ်လာနိုင်သေးတာပဲ"

ရှန်းအန်းက အားတက်သရော ခေါင်းညိတ်ပြသည်။

"ကိုကြီးက အရင်တုန်းက တောဝက်တွေကိုလဲ အမဲလိုက်ခဲ့သေးတယ်လေ။ ကျွန်တော်တို့ရဲ့ ဝါဂွမ်းအနွေးထည်တွေနဲ့ ဂွမ်းစောင်တွေကို တောဝက်သားကိုရောင်းပြီးမှ ဝယ်ခဲ့ကြတာလေ"

စန်းလော့သည် သူက ထိုအရာများကို လုပ်ခဲ့ချိန်က သူ့အသက် ဘယ်လောက်ရှိမည်နည်းဟု စဥ်းစားပြီး တအံ့တသြ ဖြစ်သွားတော့သည်။ သူ စစ်မှုထမ်းမသွားခင်ကဆိုလျှင် ၁၆နှစ်လောက်ဖြစ်နေမည်လား။

"အသက်၁၆နှစ်မှာ တောဝက်တွေကို အမဲလိုက်ပြီး သယ်ခဲ့တယ်ဆိုတော့ အဲဒီ့ဟာတွေက တောဝက်ငယ်လေးတွေပဲ ဖြစ်မှာပေါ့ ဟုတ်လား"

သို့သော်ငြားလည်း ညီအစ်ကိုနှစ်ယောက်စလုံးက အတည်ပြုပေးနေသည်တွင် စန်းလော့က နောက်ဆုံးတော့ မေးမည့်စကားကို ရပ်ထားလိုက်တော့သည်။

"ဟုတ်ပါပြီ ကျွန်မ ကျူရိုးလိုက်ကာတွေကို သွားလုပ်လိုက်အုံးမယ်၊ ရှင်ပင်ပန်းလာရင် ကျွန်မကိုခေါ်လိုက်နော်"

ရေစိမ်ထားသည့် ပဲများကိုခပ်ပြီး ကျောက်သားကြိတ်စက်ထဲသို့ ရေထည့်ပေးရသည်က ပညာလိုလေသည်။ ရေထဲသို့ထည့်ရမည့် ပဲအချိုးအစားက အရေးကြီးသည်။ ရှန်းလီက ပထမဦးဆုံးအကြိမ် ပဲကြိတ်ခြင်းဖြစ်ရာ ဒီပညာကိုကျွမ်းကျင်ဖို့ရာက မဖြစ်နိုင်ပေ။ ထို့ကြောင့် ရှန်းအန်းက သူ့ဘေးတွင်နေကာ ကူညီပေးရလေသည်။

ရှန်းလီက ခေါင်းညိတ်သဘောတူလိုက်ပြီး အားလုံးက မီးဖိုချောင်ထဲမှ ထွက်သွားပြီးနောက်မှ သက်ပြင်းတိုးတိုးချလိုက်တော့သည်။

မော့ကြည့်လိုက်မိသည်တွင် ရှန်းအန်းက သူ့ကို သိလိုစိတ်ဖြင့် စိုက်ကြည့်နေသည်ကို မြင်လိုက်ရတော့သည်။

"မင်းက ဘာကြည့်နေတာလဲ၊ ပဲတွေကိုထည့်လေ"

ပဲများကိုထည့်ပေးရမည့်အစား ရှန်းအန်းက အနားသို့ပိုကပ်လာပြီး တိုးတိုးလေး ပြောလေသည်။

"ကိုကြီး၊ ကိုကြီးက မရီးကို ကြောက်နေတာလား"

ရှန်းလီ: ...

သူက ရှန်းအန်း၏နဖူးကို ခေါက်ပေးလိုက်ပြီး

"ပေါက်ကရ၊ အလုပ်လုပ်တော့"

ရှန်းအန်းက တခစ်ခစ်ရယ်မောလိုက်ကာ ကြိတ်စက်ထဲသို့ ပဲများကို ပြန်ထည့်ပေးလိုက်ရင်းက တိုးတိုးလေး ရေရွတ်လေသည်။

"မရီးက တကယ် အရမ်းကောင်းပါတယ်၊ တကယ် တကယ်နော်၊ အရမ်းကောင်းတာ"

ရှန်းလီက သူ့ကိုလှမ်းကြည့်လိုက်ပြီး ဘယ်လိုကောင်းတာလဲဟု စဥ်းစားမိလိုက်သော်ငြားလည်း ပင်မအိမ်ထဲကပင် အသံကိုကြားနိုင်သည်ကို သတိရလိုက်သဖြင့် သူ့ညီလေး၏ဆံပင်ကို ဖွလိုက်ပြီး နှုတ်ဆိတ်ကာ အလုပ်ဆက်လုပ်ဖို့သာ ရွေးချယ်လိုက်တော့သည်။

စန်းလော့က အိမ်ထဲသို့ပြန်ဝင်လာသည်တွင် ရှန်းနဥ်က သူမသင်ထားပေးသည့်အတိုင်း ကျူရိုးများကိုရွေးနေပြီး အထူအပါးတူညီသည့် ဖြောင့်တန်းသည့်ကျူရိုးများကို ရွေးနေလေသည်။ စားပွဲပေါ်တွင် လိုက်ကာလုပ်ဖို့ရန် သင့်တော်သည့်ကျူရိုးများက ပုံလို့နေသည်။

စန်းလော့သည် အရင်က ကျူရိုးလိုက်ကာကို တခါမှ မလုပ်ခဲ့ဘူးသော်ငြားလည်း မြင်ခဲ့ဖူးကာ လုပ်နည်းကိုလဲ သိလေသည်။ သူမက လိုက်ကာကို လုပ်နိုင်လိမ့်မည်ဟု စဥ်းစားထားလိုက်သည်။

တကိုယ်ရည်သုံးဖို့ရန်အတွက် ကျူရိုးလိုက်ကာလုပ်ရခြင်းက သူမအတွက်တော့ အရမ်းခက်ခဲလိမ့်မည်ဟု မထင်ပေ။ သူမက ရွေးချယ်ထားသည့် ကျူရိုးများကို ကြိုးသုံးလေးချောင်းကိုသုံးကာ သေချာအောင် ချည်ထားလိုက်ပြီး ကျူရိုးများကို ကွေးစရာမလိုပဲ အပေါ်အောက်လိပ်လို့ရသည့် လိုက်ကာတစ်ခုဖြစ်အောင် သေချာချည်ထားလိုက်ကာ ကျူရိုးများကို တင်းတင်းကြပ်ကြပ် သပ်သပ်ရပ်ရပ်ဖြစ်အောင် စီထားလိုက်လေသည်။

သူမ၏ လက်ဖြင့် စမ်းသပ်ကြည့်ပြီးလိုက်နောက်တွင် စန်းလော့သည် ဒါက အမှန်ပင်လုပ်နိုင်သည်ကို တွေ့လိုက်ရလေသည်။ ကျူရိုးအနည်းငယ်ကို သေချာအောင် စီစဥ်ထားလိုက်ပြီးနောက်တွင် ရှန်းနဥ်က လေ့လာရင်း မြန်မြန်သင်ယူလိုက်ပြီး စားပွဲ၏တခြားဘက်တွင် နောက်ထပ် လိုက်ကာတစ်ခုကို စတင်လုပ်လိုက်လေသည်။

အလုပ်လုပ်နေရင်းက ရှန်းနဥ်က သိလိုစိတ်ဖြင့်မေးလိုက်၏။

"ယောင်းမ ညီမလေးတို့တွေ ဒါတွေကို ဘာအတွက် လုပ်နေတာလဲ"

စန်းလော့က အိပ်ယာဘက်ကို မေးငေါ့ပြလိုက်သည်။

"ကုတင်နှစ်ခုကြားထဲမှာ ကာဖို့လေ"

ရှန်းနဥ်က ဇဝေဇဝါ ဖြစ်သွားသည်။

"ကုတင်နှစ်ခုကြားမှာ ဘာဖြစ်လို့ လိုက်ကာကိုချထားမှာလဲ၊ ဒါဆိုရင် စကားပြောရတာ အဆင်မပြေတော့ဘူး မဟုတ်လား"

ပုံမှန်ဆိုလျှင် မောင်နှမနှစ်ယောက်က အိပ်ယာအသစ်တွင်အိပ်ပြီး စန်းလော့က အိပ်ယာအဟောင်းတွင်အိပ်သည်။ မအိပ်ခင် သူတို့သည် သူတို့၏ အိပ်ယာအသီးသီးပေါ်တွင် တင်ပျဥ်ခွေထိုင်ပြီး စကားစမြည်ပြောရင်း စန်းလော့ထံမှ စာလုံးပေါင်းတစ်ထောင်ကျမ်းကို သင်ယူပြီး သူမကသူတို့အတွက် လုပ်ပေးထားသည့် သင်္ချာပုစ္ဆာများကို ဖြေရှင်းကြလေသည်။

အလယ်တွင် လိုက်ကာတစ်ခုခြားထားလျှင် သူတို့အချင်းချင်း မြင်ကွင်းကို ပိတ်ထားနေမည် မဟုတ်ပါလား။

စန်းလော့က ကျား၊မ ကွာခြားမှုကြောင့် သီးခြားခွဲထားရသည့် လိုအပ်ချက်ကို အတိအကျ မရှင်းပြနိုင်သလို သူမအစ်ကို၏ စောင့်ကြည့်ခံနေရသည်ဟု ခံစားရသည်ကလဲ အနေရခက်လှသည်။ ထို့ကြောင့် သူမက ပြုံးကာပြောလိုက်သည်။

"အဆင်မပြေ မဖြစ်ပါဘူး၊ လိုက်ကာကိုချထားလဲ အသံကိုတော့ ကြားနိုင်သေးတာပဲ၊ ကြည့်လို့လဲရတယ်လေ လိုက်ကာကို ချိတ်ပြီးသွားတဲ့အထိ စောင့်ကြည့်လိုက်ပေါ့"

ရှန်းနဥ်က သူမတဝက်လုပ်ပြီးသွားသည့် လိုက်ကာကိုကြည့်လိုက်ပြီး လိုက်ကာချိတ်ထားသည့်ပုံစံကို ကြိုးစားစိတ်ကူးကြည့်လိုက်ကာ အိပ်ယာနှစ်ခုကို လှမ်းကြည့်လိုက်လေသည်။ လိုက်ကာကို အလယ်တွင် ချထားသည်ထက် နံရံနှင့်ကပ်ပြီးချိတ်ထားလဲ ပိုပြီး ကောင်းလေမလားဟု သူမက စဥ်းစားမိသည်။

သို့သော်ငြားလည်း ငယ်ရွယ်သည့် ကလေးမလေးတစ်ယောက်ဖြစ်ရာ သူမ၏သံသယများက တဒင်္ဂအတွင်း ပျောက်ကွယ်သွားတော့သည်။ သူမ၏ ယောင်းမဖြစ်သူက အလယ်တွင် ချိတ်ရတာကြိုက်သည်ဆိုလျှင် သူမကလဲ မရီး၏ဦးဆောင်မှုနောက်ကို လိုက်လိုက်ရုံပင်။

ရှန်းလီ၏ ပဲကြိတ်နိုင်သည့် လုပ်ဆောင်နိုင်စွမ်းက စန်းလော့နှင့် ကလေးနှစ်ယောက်က မကြာခဏဆိုသလို တစ်လှည့်စီအလုပ်လုပ်ပြီး သူတို့၏ လက်မောင်းများကို ပွတ်သပ်နေရသည်ထက် အများကြီး သာလွန်လေသည်။

စန်းလော့က ကျူရိုးလိုက်ကာလေးကို တဝက်သာလုပ်ပြီးရုံရှိသေးသည် ရှန်းအန်းက ပဲနို့အဆင်သင့်ဖြစ်ပြီဟု အော်ပြောလေသည်။

နောက်ပိုင်းအဆင့်များက စန်းလော့၏ ကျွမ်းကျင်မှုကို လိုအပ်လေသည်။ ထို့ကြောင့် သူမက ရှန်းနဥ်ကို လိုက်ကာဆက်လုပ်ထားခိုင်းပြီး ချန်ထားလိုက်သည်။ မီးဖိုချောင်ထဲတွင် လုပ်စရာမရှိတော့သဖြင့် ရှန်းအန်းက ပင်မအခန်းသို့ ပြန်လာဖို့ ဆုံးဖြတ်လိုက်ကာ သူ၏ညီမဖြစ်သူထံက သင်ယူပြီး စန်းလော့ချန်ထားခဲ့သည့်လိုက်ကာကို ဆက်ပြီးလုပ်ပေးလေသည်။

တချိန်တည်းတွင် ရှန်းလီက မီးဖိုချောင်ထဲတွင် စန်းလော့ ရောက်လာသည်အထိ တစ်ယောက်ထဲ စောင့်နေလိုက်သည်။

ပဲပိစပ်ကို ဤနည်းအားဖြင့် ပြုလုပ်နိုင်သည်ကို ပထမဦးဆုံးအကြိမ် သိလိုက်ရသဖြင့် ရှန်းလီက တော်တော်လေးကို သိချင်စိတ်ဖြစ်မိသည်။ စန်းလော့က သူနှင့်အားနဥ်တို့ကို ဒီလုပ်နည်းများသင်ပေးသည်ဟု ရှန်းအန်းထံက ကြားလိုက်သည်တွင် သူတို့ခေါ်နေကြဖြစ်သည့် တို့ဟူးဆိမ့်လုပ်သည့်နည်းလမ်းကို လေ့လာဖို့ တွန့်ဆုတ်မနေတော့ချေ။

သူက အနားတွင်ရှိနေသည်ကို သတိထားမိနေသည့်စန်းလော့ကလဲ သူ့တည်ရှိမှုကို စိတ်ထဲထည့်မနေဘဲ လိုအပ်လျှင် သူ့ကို ချက်ခြင်းခိုင်းလိုက်သည်။ သူမက ဒီအခွင့်အရေးကို အသုံးချပြီး တို့ဟူးလုပ်နည်းနှင့်ပတ်သတ်သည့် အဓိကအချက်များနှင့် နည်းလမ်းများကို ရှန်းလီအား သင်ပေးလိုက်၏။

ပဲနို့ထဲသို့ အခဲခံအမှုန့် မထည့်ရသေးခင်တွင် စန်းလော့က ရှန်းလီနှင့်ကလေးနှစ်ယောက်အတွက် ပန်းကန်တစ်လုံးစာ ခူးထားပေးလိုက်သည်။ သူမက ရှန်းလီကို အကြံပြုလိုက်၏။

"စည်ပိုင်းနားက စင်ပေါ်မှာ သကြားညိုထည့်ထားတဲ့ အိုးငယ်လေးတစ်လုံး ရှိတယ်၊ ပဲနို့ထဲကို သကြားနည်းနည်းလေးထည့်လိုက်၊ အရသာ ပိုကောင်းသွားတယ်၊ ရှင်ရယ်၊ ရှန်းအန်းရယ်၊ အားနဥ်ရယ် တစ်ယောက် တစ်ပန်းကန်စီ"

ရှန်းလီက ဒီအစားအသောက်ထဲတွင် သူ့ကို ထည့်တွက်ပေးသဖြင့် တအံ့တသြဖြစ်ရကာ အနည်းငယ် ဇဝေဇဝါဖြစ်သလို ခံစားလိုက်ရလေသည်။

"ကျွန်တော် ဒါကိုသောက်ဖို့မလိုပါဘူး၊ မင်းတို့တွေပဲ သောက်ကြပါ"

သူသည် ပဲနို့၏အရသာကို သေချာမသိသည့်တိုင် ဒါက ရောင်းဖို့ရန်အတွက် ပစ္စည်းမှန်း နားလည်လေသည်။ သကြားထည့်ရသည့် အစားအသောက်မှန်သမျှက ကလေးများအတွက် ပိုပြီးသင့်တော်သယောင်ပင်။ သူက အဘယ်ကြောင့်များ ဒါကို သုံးဆောင်ရပါမည်နည်း။

စန်းလော့က တခစ်ခစ် ရယ်မောလိုက်သည်။

"လုပ်ပါ၊ မြည်းကြည့်လိုက်ပါ၊ ကျွန်မတို့လုပ်ထားတဲ့ဟာတွေက အရသာ အရမ်းကောင်းတယ်၊ ကျွန်မက ညနေပိုင်းဆိုရင် အများကြီးစားတတ်တဲ့ အကျင့်မရှိဘူးလေ၊ ဒါကြောင့်မလို့ ကျွန်မက ကျွန်မကိုယ်တိုင်အတွက်တော့ မနက်ခင်းမှစားဖို့ တို့ဟူးပျော့ လတ်လတ်ဆတ်ဆတ် တစ်ပန်းကန်ကိုပဲ သိမ်းထားတတ်တယ်။ ဒါက အရမ်းကို အဟာရဖြစ်တာ၊ ဒါပေမဲ့လည်း နေ့တိုင်း အလွန်အကျွံ စားရင်တော့ မသင့်တော်ဘူးပေါ့”

ဒါသည် သူမနှင့်ကလေးများက သူတို့၏ကျန်းမာရေးကို တဖြည်းဖြည်း တိုးတက်အောင် လုပ်လာခဲ့သည့် နည်းလမ်းပင်။ ပဲနို့သည် အကျိုးများစွာ ရှိသော်ငြားလည်း နေ့တိုင်း ပမာဏအများကြီး သောက်သုံးဖို့ရန်တော့ အကြံမပြုလိုပေ။

သို့သော်ငြားလည်း ရှန်းလီ၏ အာရုံက မနက်ခင်းတို့ဟူးလုပ်ရသည့် သူမ၏ မှတ်ချက်အပေါ်သို့ ပြောင်းသွားလေသည်။

"မင်းတို့တွေ ဒါကို မနက်ခင်းကြရင်လဲ ထပ်လုပ်ရသေးတာလား"

စန်းလော့က ခေါင်းညိတ်ပြလိုက်သည်။

"မနက်ခင်းတိုင်း ကျွန်မတို့တွေ တို့ဟူးပျော့လုပ်တယ်လေ၊ သူ့ထဲမှာ ရေတွေပိုပါပြီး နေ့တနေ့ကို နောက်ကျမှလုပ်တာက အလတ်ဆတ်ဆုံးရတယ်"

ဒီအခါမှ စန်းလော့သည် ရှန်းအန်းနှင့်ရှန်းနဥ်တို့နှင့်အတူ သူတို့၏ လက်ရှိစားဝတ်နေရေးအတွက် စုဆောင်းရသည်မှာ မည်မျှ ပင်ပန်းလှသည်ဖြစ်ကြောင်း ရှန်းလီမှာ သဘောပေါက်သွားတော့သည်။ သူသည် မနေနိုင်ပဲ အပြစ်ရှိသည့် ခံစားချက်တစ်ခု ဖြစ်ရလေသည်။

ဒါကိုမြင်လိုက်သည်တွင် စန်းလော့က ပြုံးကာ မေးလိုက်၏။

"ရှင် မနက်ဖြန်မနက်ကျရင်ကော ပဲနို့တွေကို ကြိတ်ပေးအုံးမှာလား"

ရှန်းလီက တွန့်ဆုတ်မနေဘဲ ခေါင်းညိတ်ပြလိုက်၏။

"လုပ်ပေးမှာပေါ့၊ ကျွန်တော် အိမ်မှာရှိနေသရွေ့ ကျွန်တော် ဒီတာဝန်ကို လုပ်ပေးနိုင်ပါတယ်"

စန်းလော့က ထင်ရှားသည့်အပြုံးတစ်ခုကို ပြုံးပြလိုက်လေသည်။ အတူတူနေထိုင်ရခြင်းက အနေခက်သည့် တချို့အကြောင်းအရာများ ရှိသော်ငြားလည်း အကျိုးကျေးဇူးကတော့ ပိုများသယောင်ထင်ရသည်။

သူမက ခေါင်းညိတ်သဘောတူလိုက်၏။

"ကောင်းပြီလေ"

ရှန်းလီက သကြားကိုသွားရှာလိုက်ပြီး ရှန်းအန်းနှင့်ရှန်းနဥ်တို့အတွက် ပဲနို့ကို ချိုအောင်လုပ်ပေးလိုက်ကာ သူ့ကိုယ်ပိုင်ဝေစုကို အထဲသို့ သယ်သွားပေးလိုက်သည်။ စန်းလော့ရှေ့တွင် အရသာချိုသည့် အစားအသောက် တစ်ခုခုကို စားသောက်ဖို့ရန် တော်တော်လေး ရှက်မိနေသည်ကို ဝန်ခံရပေမည်။

မီးဖိုထဲတွင် အလုပ်များနေသည့် စန်းလော့ကတော့ ပင်မအိမ်ထဲက မောင်နှမတစ်တွေက ပန်းကန်တစ်လုံးစီဖြင့် ပဲနို့ကို အရသာခံ သောက်နေသည်ကို လွှတ်ထားပေးလိုက်သည်။ သူ၏ ပထမဦးဆုံး တစ်ငုံကို စမ်းသောက်ကြည့်လိုက်သည်တွင် ရှန်းလီ၏ မျက်လုံးများက လင်းလက်လာလေသည်။

"အရသာက တကယ် အံသြဖို့ကောင်းတာပဲ"

သွားများပေါ်နေသည်အထိ ပြုံးကာ ရှန်းအန်းနှင့်ရှန်းနဥ်တို့က သူတို့၏ ပူပူနွေးနွေး ပဲနို့လေးကို မှုတ်နေကာ ဝင်ထောက်လိုက်လေသည်။

"ကိုကြီး နောက်တကြိမ်ကျရင် ပဲအုံးနှောက်ကိုလဲ စမ်းစားကြည့်၊ နှစ်ခုစလုံးက ချိုပြီးအရသာရှိတဲ့ အမျိုးအစားဖြစ်ပြီး တော်တော်လေး အရသာရှိတယ်"

"ပဲအုံးနှောက်ဟုတ်လား"

ရှန်းနဥ်က ရှင်းပြလိုက်သည်။

"ဒါက အခဲခံမှုန့်နဲ့လုပ်ထားပြီး ပိုနေတဲ့ရေတွေကို မစစ်ထုတ်ရသေးတဲ့ တို့ဟူးအမျိုးအစားလေ၊ တကယ်အရသာရှိတယ်"

ရှန်းလီမှာ အမှန်ပင် အံအားသင့်ရလေသည်။ စန်းလော့က အများကြီး သိသည်ပုံပင်။

သူက ထိုအကြောင်းစဥ်းစားနေသည်တွင် ရှန်းနဥ်က တိုးတိုးလေး သူမကို ချီးကျူးလေသည်။

"မကြီးကလေ အရမ်းကို အရည်အချင်း ရှိတာ၊ သူက အများကြီးလဲသိတယ်၊ ငါးဖမ်းတာ၊ ပုဇွန်ဖမ်းတာ၊ ကြက်ခြံလုပ်တာ၊ နတ်သမီးတို့ဟူးလုပ်တာ၊ မုန့်ရေကြည်၊ သကြားနဲ့ သတ်သတ်လွတ်အူကြမ်းတွေလဲ လုပ်တတ်သေးတယ်၊ သူသိတာအများကြီးပဲ"

ရှန်းအန်းက ထပ်ဖြည့်ပြောလေသည်။

"နောက်ပြီးတော့ သူက စာလုံးတွေလဲ အများကြီးမှတ်မိသေးတာ၊ စာအုပ်တွေအများကြီး ဖတ်ခဲ့တယ်တဲ့"

ရှန်းလီ

လုံးဝကို ဇဝေဇဝါ ဖြစ်သွားတော့သည်။

"မင်းတို့ရဲ့မကြီးက စာရေးစာဖတ် တတ်တယ်ပေါ့"

"ဟုတ်တယ်” ရှန်းအန်းနဲ့ရှန်းနဥ်တို့က တပြိုင်တည်း ခေါင်းညိတ်ပြလိုက်သည်။

ရှန်းအန်းက သူ့ပန်းကန်လုံးကိုချထားလိုက်ပြီး သူအမြတ်တနိုး တန်ဖိုးထားရသည့် ဝါးစာလိပ်ကို အစ်ကိုဖြစ်သူအား ပြဖို့ စိတ်အားထက်သန်စွာဖြင့် သွားထုတ်လာလေသည်။

"ကိုကြီး ဒီမှာကြည့်၊ မကြီးက ဒါတွေကို ကျွန်တော့အတွက် လုပ်ပေးထားတာလေ၊ ဦးလေးယိုထျန်းက ဝါးချောင်းလေးတွေကို လုပ်ကူပေးထားတာ၊ ဒါပေမဲ့ သူက ဒီပေါ်က စာလုံးတွေအားလုံးကိုတော့ သူကိုယ်တိုင်ပဲ ရေးထားပေးတာလေ"

ရှန်းလီမှာ လှပလွန်းသည့်စာများကို တွေ့လိုက်သည်တွင် တအံ့တသြ ဖြစ်သွားရလေသည်။ ဖြည်ချလိုက်သည့် ဝါးစာလိပ်တစ်ခုပေါ်တွင် စာလုံးအမျိုးမျိုးဖြင့်ပြည့်နေပြီး လှလှပပ ရေးသားထားလေသည်။

"ဒီထဲမှာ စာလုံးရေ ဘယ်နှစ်လုံးတောင်ပါတာလဲ"

သူက အနီးကပ်သေချာစစ်ဆေးကြည့်လိုက်ပြီး စာလုံးတစ်ချို့ကိုသာ မှတ်မိလေသည်။ ထိုစာလုံးများကလဲ ကျိုးရွာသူကြီးထံမှ ပျင်းပျင်းရိရိဖြင့် သင်ယူထားတာဖြစ်ပြီး သူ့နာမည်နှင့် တချို့သောအခြေခံသုံးနေကြ စကားလုံးတစ်ချို့သာ ဖြစ်သည်။

"ဒါတွေအားလုံးကို မင်းရဲ့မကြီးက ရေးထားပေးတာလား"

ရှန်းအန်းက အားတက်သရော ခေါင်းညိတ်ပြလိုက်ပြီး သူ့မျက်လုံးထဲတွင်လဲ လေးစားအားကျမှုဖြင့် တောက်ပနေလေသည်။

"ဒါက စာလုံးပေါင်းတစ်ထောင်ကျမ်းတဲ့ ဒီထဲမှာ စာလုံးရေ စုစုပေါင်းတစ်ထောင် ရှိတယ်၊ မကြီးက ပြောတာကတော့ ဒီထဲမှာ တစ်လုံးပဲထပ်တယ်တဲ့၊ ဒီစာလုံးပေါင်း ၉၉၉လုံးကို သိသွားပြီဆိုရင် စာလုံးအများစုကိုလဲ သိလာလိမ့်မယ်တဲ့၊ ကျွန်တော်က အခုမှ ၄၂လုံးကိုပဲ မှတ်မိပြီး ရေးနိုင်သေးတယ်"

ရှန်းလီမှာ အားကျသလို ခံစားမိတော့သည်။

သိလိုစိတ်ဖြင့် သူက ထပ်မေးလိုက်၏။

"မင်းတို့ရဲ့မကြီးက ဘယ်လိုဖြစ်ပြီး ဒီလောက်များပြားတဲ့ စာလုံးတွေကို သိနေတာလဲ"

ထိုခေတ်ကာလတွင် စာပေတတ်သူများက ရှားပါးလေသည်။ အနီးအနားရှိ ရွာများတွင်ပင် ကျိုးလီကျန့်နှင့် ကျိုးချန်ကျန့်တို့အပြင် ကျိုးမိသားစုကလေးများသာ နည်းနည်းပါးပါး တတ်မြောက်ကြသည်။ ရွာသူကြီးအများစုက စာ မဖတ်တတ်ပေ။ ထို့ကြောင့် စာရေးရမည့်ကိစ္စများနှင့် ပတ်သတ်လာလျှင် သူတို့သည် ကျိုးလီကျန့်၏ အကူအညီကို သွားတောင်းရလေသည်။

ရှန်းအန်းက ခေါင်းလေးကို စောင်းထားလိုက်ပြီး

"မကြီးက အစ်ကို့ကို မပြောပြရသေးဘူးလား၊ သူ့မိသားစုက တော်တော်လေး ချမ်းသာခဲ့တယ်လေ၊ ဝမ်မိသားစုထက်တောင် ပိုပြီးတော့ ချမ်းသာအုံးမယ်ထင်တယ်"

"အရေးပါတဲ့ မိသားစုတစ်ခုကလား"

ရှန်းအန်းနှင့်ရှန်းနဥ်တို့က အတူတူ ခေါင်းညိတ်ပြလိုက်သည်။

ရှန်းအန်းက ပြန်လည်သုံးသပ်ဟန်ဖြင့် ထပ်ပြောလိုက်သည်။

"မကြီးက ဒီကို ပထမဦးဆုံး ရောက်လာတုန်းက အများကြီး မသိသေးဘူး၊ ခြံလဲမစိုက်တတ်ဘူးလေ၊ ကျွန်တော်တို့သုံးယောက်က အဘွားချန်း ကျွန်တော်တို့ကိုပေးထားတဲ့ ဟင်းသီးဟင်းရွက် ပျိုးပင်တစ်ချို့ကို စိုက်ခဲ့သေးတယ်၊ အားလုံးကသေသွားပြီး ကောင်းကောင်း မကြီးလာဘူးလေ"

"မကြီးက အပြင်ထွက်တယ်ဆိုတာလဲ ရှားတယ်၊ တောင်ပေါ်မှာနေတဲ့ အဲဒီ့လပိုင်းလောက်တုန်းကဆိုရင် သူက အနီးအနားလောက်ပဲ သွားတာ၊ သူက ဆာလောင်ပြီး သေတော့လုနီးပါးရှိတဲ့ အချိန်ကြမှ အဘွားချန်း ယူလာပေးတဲ့ သကြားရည်နဲ့ဆန်ကြောင့် အသက်ရှင်သွားတယ်၊ အဲဒီ့အခါမှပဲ သူက ပြောင်းလဲသွားတာ၊သူက ပိုဝေးတဲ့နေရာကို သွားပြီး ဖိနပ်လဲမပါဘဲနဲ့ စမ်းချောင်းထဲကိုဆင်းပြီး ကျွန်တော်တို့အတွက် ငါးဖမ်းပေးတယ်၊ သူ့ရဲ့မိသားစု ဟင်းချက်နည်းကိုသုံးပြီး စျေးထဲမှာရောင်းဖို့ အစားအသောက်တွေကို စပြီးလုပ်လာတာ၊ အဲလိုနဲ့ ကျွန်တော်တို့အိမ်က တဖြည်းဖြည်းနဲ့ စားသောက်ဖို့ လုံလောက်လာခဲ့တာ"

ရှန်းလီသည် နားထောင်ရင်း သူ့အကြည့်က အောက်ကိုရောက်သွားတော့သည်။ ချမ်းသာသည့်မိသားစုတစ်ခုက မိန်းမငယ်လေးတစ်ယောက်က အမှန်ပင် အများအပြား သင်ယူရပြီး လိုက်နာရမည့် စည်ကမ်းလဲရှိလေသည်။ ဟင်းချက်နည်း အမယ်များအတွက် လက်ဖွဲ့အဖြစ်မပေးလိုက်ပါလျှင် သူတို့သည် တခြားမိသားစုဆီသို့ ပုံမှန်ဆိုလျှင် ယူသွားရလေ့မရှိပေ။

သူတို့၏ မိသားစုသည် စန်းလော့ထံမှ အမှန်ပင် ကြီးမားသည့် အကျိုးကျေးဇူးများ ရရှိခဲ့လေသည်။ အစားအသောက် ချက်ပြုတ်သည့်အမယ်သာမက သူမက ဝါးစာလိပ်ပေါ်တွင် စာလုံးများကိုလဲ ရေးပေးထားသည်။ သူမက ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို ရေးတတ်ဖတ်တတ်အောင် သင်ကြားပေးလိုသည့် ဆန္ဒရှိသည့်အတွက် ကျေးဇူးတင်ရလေသည်။ ဒါက လူတော်တော်များများ တောင့်တကြသည့် အခွင့်အရေးတစ်ခုပင်။

အပြင်လောကသို့ ထွက်ခဲ့ပြီးနောက်တွင် ရှန်းလီသည် စာတတ်မြောက်ခြင်းက အရေးပါမှန်း ပိုလို့ပင်နားလည်လာခဲ့သည်။ စစ်တပ်ထဲတွင် စာတတ်သည်ံ့အရာရှိများက မကြာခဏဆိုသလို စာမတတ်သည့်ပြိုင်ဖက်များထက် မြန်မြန်ဆန်ဆန် ရာထူးပိုတိုးကြသည်။ စာတတ်သူအများစုကလဲ အရေးပါသည့်မိသားစုများမှ ဆင်းသက်လာကြသည်။ သာမန်ကျေးလက်တောသားများက စာသင်ကြားဖို့ရန် အခွင့်အရေးက ရှားပါးလာသည်။

သူက ဝါးစာလိပ်ကို ပြန်လိပ်ပေးလိုက်ပြီး ရှန်းအန်းကို ပြန်ပေးလိုက်၏။

ရှန်းအန်းက ဝါးစာလိပ်များကို အထူးပြုလုပ်ထားသည့် သူ၏ အဝတ်အိတ်လေးထဲတွင် ဂရုတစိုက် သိမ်းဆည်းထားလိုက်သည်။ ရှန်းလီက အားကျမှုအပြည့် ဖြစ်သွားတော့သည်။ သို့နှင့် သူက စဥ်းစားမိလေသည်။ လက်ရှိဖိနှိပ်နေသည့် ကိစ္စများကို ဖြေရှင်းသွားပြီးသည်နှင့် ဘဝကြီးက ပိုပြီး အခြေကျလာသည်တွင် သူကရော စန်းလော့ထံမှ သူ့ကို စာလုံးပေါင်းတစ်ထောင်ကျမ်းအား သင်ပေးဖို့ တောင်းဆိုလျှင် ကောင်းမည်လားဟု စဥ်းစားနေမိတော့သည်။

ဒီအကြောင်းကို စဥ်းစားလိုက်ပြီး သူက ထိုအတွေးကို မြန်မြန် ပယ်ဖျက်လိုက်ကာ ရှန်းအန်းကိုသာ ကြည့်လိုက်လေသည်။

ဟုတ်သားပဲ။ ရှောင်အန်းလေးက သူ့ကိုသင်ပေးတာက ပိုကောင်းလိမ့်မယ်။ အဲလိုဆိုရင် သူက ဖြည်းဖြည်းချင်းသင်ယူပြီး အမှားလုပ်မိရင်တောင် အရမ်း ရှက်စရာမလိုတော့ဘူးပေါ့။

ဒီလိုဆိုရင်တောင် သူရဲ့ ခွင့်ပြုချက်ကိုယူပြီးမှ တိတ်တိတ်လေး သင်ယူသင့်တယ်မလား။

ကိုယ့်သဘောအရဆိုလျှင်တော့ ရှန်းလီက တိုးတိုးတိတ်တိတ် သင်ယူတာက ပိုကောင်းလိမ့်မည်ဟု ထင်မိလေသည်။

သို့သော်ငြားလည်း ဒီပစ္စည်းက စန်းလော့၏ပိုင်ဆိုင်မှု ဖြစ်လေရာ သူမက ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို သင်ကြားပေးပြီးဖြစ်သဖြင့် သူမ၏ခွင့်ပြုချက် တောင်းသင့်သေးသည်ဟု ခံစားမိလေသည်။

ဒီနေ့ညတွင်တော့ ရှန်းအန်း၏စကားက လုံးဝ မှားယွင်းနေသည်တော့ မဟုတ်ချေ။အမှန်တွင် ရှန်းလီသည် စန်းလော့ကို အနည်းငယ် ကြောက်ရွံမိလေသည်။

အင်း ကြောက်တာတော့လဲ ဟုတ်ချင်မှဟုတ်မှာ။

ကြောက်တဲ့ပုံစံက မတူဘူး။ သူ တော်တော်လေးကို နားမလည်နိုင်တဲ့ စိုးရိမ်မှုတစ်ခုပဲ။

ကံကောင်းသည်က ဒါက အလျင်မလိုချေ။ သူသည် အခုလောလောဆယ်တွင်တော့ စာဖတ်တတ်ဖို့သင်ယူဖို့ရန်လဲ အချိန်ရှိလာသေးမည် မဟုတ်ပေ။ ဒီလိုတွေးလိုက်ပြီး ရှင်းမပြတတ်သည့် စိုးရိမ်ပူပန်မှုက မှေးမှိန်သွားတော့သည်။

သူက ပဲနို့ကို မြန်မြန်လက်စသပ်လိုက်ပြီး

"မင်းတို့တွေ ဖြည်းဖြည်း သောက်ကြ၊ ငါ မင်းတို့ရဲ့မကြီးကို သွားကူညီပေးလိုက်အုံးမယ်"

...

All Chapters