← Chapters

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အခန်း (၁၀၉-၁၁၀)

Vol. 11 Ch. 109-110

အပိုင်း (၁၀၉) ကြွက်ခေါင်းပင်

စန်းလော့လည်း ရွာသားများတွင် အထည်တစ်ခုခု ရောင်းရန်ရှိသေးလားဟု မေးရန်လိုအပ်သောကြောင့် ရှန်းလီနှင့်အတူ တောင်အောက်သို့ လိုက်ဆင်းလေသည်။

သူတို့ပထမဆုံးရပ်သည့်နေရာသည် ချန်းမိသားစု၏အိမ်ဖြစ်သည်။ မြှားခေါင်းတွင် အဆိပ်လူးမည်ကို ကြားတော့ ချန်းသရှန်တွင် ပြောစရာမရှိသော်လည်း အံ့ဩစရာကောင်းလောက်အောင်ပင် မမျှော်လင့်ဘဲ အဘွားချန်းတွင် ရှိလေသည်။

အဘွားအိုက ဂုဏ်ယူစွာဖြင့်ပြောလိုက်၏။

"ငါ့အဖေ ဒါနဲ့လုပ်တာကို မြင်ဖူးတယ်။ ကြွက်ခေါင်းလို့ခေါ်တဲ့ ဆေးပင်တစ်မျိုးဖြစ်ပြီး ငါတို့တောင်တွေထဲမှာ ရှာလို့ရတယ်။ ငါ့အဖေနဲ့သူ့အစ်ကိုတွေက နှစ်တိုင်း အဲ့တာတစ်ချို့ကို လုပ်လေ့ရှိတယ်လေ။ သူတို့က ပုံမှန်ဆိုရင် ဒါကို မသုံးကြဘူး၊ သားကောင်တွေက စားလို့မရတော့လို့လေ၊ ဒါပေမယ့် တောရဲသားကောင် အကြီးတွေနဲ့ ထိပ်တိုက်တွေ့တဲ့အခါမှာတော့ အဲ့တာက အသက်ကယ်ပစ္စည်းပဲ။ အဲ့တာက မြှားပေါ်မှာ မြန်မြန် အာနိသင်ပြတယ်၊ ပြင်ထားတဲ့အိုးထဲကို နှစ်လိုက်ရုံပဲ။ အဲ့အဆိပ်မြှားက သားကောင်ကို ထိတာနဲ့ ခြေလှမ်းအနည်းငယ်အတွင်းသေစေတယ်"

ချန်းသရှန်သည် ခေါင်းခြောက်သွားပုံပေါ်၏။

"အဲလောက်တောင် အစွမ်းထက်တာလား၊ အရင်က ဘာလို့တစ်ခါမှ မပြောဖူးတာလဲ”

အဘွားချန်းက သူ့အား ကြည့်လိုက်၏။

"နင်က အနီးနားက တောကြက်တွေလောက်ပဲ ထောင်ဖမ်းဖူးတယ်လေ။ မြွေဆိပ်ကာကွယ်တဲ့ တချို့ဆေးမှုန့်တွေလိုပဲ ထင်နေတာမလား။ အဲ့ပစ္စည်းက သေစေနိုင်တယ်။ ငါ နင့်ကို ဘယ်လိုလုပ်သင်ပေးရဲမလဲ။ နင်နဲ့အားလီနဲ့ တောင်ထဲကို တိတ်တိတ်လေးသွားပြီး တောဝက်ထီးကို ယူလာတာနဲ့တင် တော်တော်ကြောက်နေပြီ။ ငါမင်းကို သင်ပေးချင်တယ် ဒါပေမယ့် ဒီနားမှာ ဆေးပင်မရှိဘူး။ ဆေးဆိုင်မှာ မေးကြည့်ဖို့ စဉ်းစားသေးပေမယ့် ငါမမေးရသေးခင် မင်းက စစ်မှုထမ်းလိုက်ရတယ်လေ"

ထို့နောက် သူမက ရှန်းလီဘက်သို့လှည့်လိုက်၏။

"ဒီအပင်ကို ရှာနေတယ်ဆိုရင် ဆေးဆိုင်က အကောင်းဆုံးပဲဆိုတာ ကျိန်းသေတယ်။ ဘယ်လိုလုပ်ရလဲဆိုတာကို မှတ်မိပေမယ့် ဆေးဆိုင်က ဘာပြောလဲဆိုတာကို နားထောင်လာလိုက်။ မှတ်ထားရမှာက ကလေးတွေနဲ့ ဝေးတဲ့နေရာမှာ သိမ်းထားရမယ်။ အဲ့တာက အရမ်းအဆိပ်ပြင်းတယ်။ ကလေးတစ်ယောက်က အဲ့တာကို မတော်တဆ ထိမိတာပဲဖြစ်ဖြစ်၊ စားမိတာပဲဖြစ်ဖြစ် ဒါမှမဟုတ် မြှားကို ထိမိရင်ပဲဖြစ်ဖြစ် သေစေနိုင်တယ်"

ရှန်းလီက ခေါင်းညိတ်ပြလိုက်ပြီး စိတ်ထဲတွင် မှတ်သားထားလိုက်၏။

"ကောင်းပါပြီ၊ မနက်ဖြန်စီရင်စုကို သွားတဲ့အခါ ကျွန်တော် မေးကြည့်လိုက်ပါ့မယ်"

သူတို့သည် မနက်ဖြန်နေ့လည်တွင် စပါးများထပ်သယ်ရန် စီရင်စုသို့ မသိမသာ ခရီးသွားရန် စီစဉ်ထားလေသည်။ ချန်းယိုထျန်းနှင့် အခြားသူများ သယ်လာသောလှည်းများကို မိုးသောက်မရောက်မီတွင် တုန်းဖူစားသောက်ဆိုင်၌ စပါးသိုလှောင်ရန် ချန်ထားခဲ့ပြီး ဆိုင်သွားခင်းကြသည့် အမျိုးသမီးများကို စောင့်ကြပ်လာကြပြီးနောက် နေ့လည်ပိုင်းတွင် ပြန်လာကြ၏။ ထို့နောက် မြို့တံခါးများမပိတ်မီ စပါးများကို ပြန်သိမ်းကာ လက်ဗလာဖြင့် ပြန်သွားကြပြီး ညမိုးချုပ်မှသာ အိမ်သို့သယ်သွားကြလေသည်။

ကြွက်ခေါင်းဆေးပင်အတွက်တော့ အခြားနေရာများသို့ သွားရန်မလိုအပ်ပေ။ သူတို့ဆေးဝယ်ခဲ့သော ဆေးခန်းတွင် မေးမြန်းခြင်းဖြင့် စတင်နိုင်သည်။

ညွှန်ကြားချက်များပေးပြီးနောက် အဘွားချန်းသည် တောရိုင်းတိရစ္ဆာန်များအတွက် မိသားစု၏ အဆိပ်ပြုလုပ်နည်းလမ်းကို တိုက်ရိုက်မျှဝေလိုက်၏။

ဟုတ်ပါတယ်။ သူမက တိုက်ရိုက်မျှဝေလိုက်တာပါ။

မိသားစု၏လျှို့ဝှက်ချက်ဖြစ်သော်လည်း တောင်ပေါ်ရှိလူတိုင်း၏ လုံခြုံရေးအတွက် မဟုတ်ပေလော။ ယခုအချိန်တွင် ဖုံးကွယ်ထားစရာ မလိုတော့ပေ။ ထို့အပြင် မည်သူမျှအနားတွင်မရှိဘဲ သူမ၏မြေး၊ ချန်းသရှန်နှင့်ရှန်းလီသာ ရှိသောကြောင့် မျှဝေပေးရာတွင် သက်တောင့်သက်သာရှိခြင်းဖြစ်သည်။

ထို့အပြင် ပြုလုပ်နည်းအသေးစိတ်ကို ဖော်ပြခြင်းသည် ရှန်းလီတစ်ယောက် ဆေးခန်းတွင် မေးခွန်းများစွာကို ပို၍မေးနိုင်သည်ဟု ဆိုလို၏။

တစ်ခုမျှမသိပါက ပြုလုပ်နည်းကို ဆေးဆရာမှသင်ပေးရန် မည်သို့ မျှော်လင့်နိုင်မည်နည်း။

ဆန္ဒတစ်ခုသာပင်။

နာမည်ကြီး သမားတော်တစ်ယောက်ထံမှ နောက်ထပ် အကြံအဉာဏ်ကို လိုချင်လျှင် ကနဦးအသိပညာတစ်ချို့ ရှိနေရန် လိုအပ်သည်။

ရှန်းလီ၏တာဝန် ပြီးမြောက်သွားတော့ စန်းလော့၏ အထည်ဝယ်မည့်အချိန်ကို ရောက်လာသည်။

အဘွားချန်းက ခေါင်းခါလိုက်၏။

"ငါတို့မှာ အထည်အများကြီး မကျန်တော့ဘူး။ ငါတို့သုံးဖို့အတွက် တစ်ချို့ကို သိမ်းထားဖို့လဲလိုသေးတယ်။ ဦးလေးကျိုးရဲ့အိမ်မှာ သွားမေးကြည့်ပါလား။ သူ့ချွေးမတွေက ကျွမ်းကျင်တဲ့ ရက်ကန်းသမတွေလေ"

လုမိသားစု၏အထည်များသည် ယခင်ကကောင်းမွန်သော်လည်း မကြာသေးမီက သူတို့သည် ရက်လုပ်သူများကို ပြောင်းလဲထားလေသည်။ ဝမ်ချွန်းညန်၏ ရက်ကန်းကျွမ်းကျင်မှုသည် ဖန်းလျိုညန်နှင့် တန်းတူမဟုတ်သောကြောင့် အဘွားချန်းသည် လုမိသားစုကို အကြံမပေးရဲပေ။

စန်းလော့က သူမကို အပြုံးဖြင့် ကျေးဇူးတင်စကားပြောပြီးနောက် ရှန်းလီဘက်ကို လှည့်လိုက်လေသည်။

"ဦးလေးကျိုးအိမ်ကို သွားဦးမယ်။ ရှင် အရင်ပြန်နှင့်ချင်လား"

ရှန်းလီက လေးလေးနက်နက် ပြန်ပြောလိုက်၏။

"ငါ့မှာလဲ ဦးလေးကျိုးနဲ့ ဆွေးနွေးစရာတစ်ချို့ရှိသေးတယ်"

ချန်းသရှန်က သူ့ကို ကြည့်လိုက်ပြီး လေ့ကျင့်ရေးတွင် ကျိုးစန်းလန်၊ စစ်လန်နှင့် ဝူလန်တို့ပါဝင်သည်။ အထူးတလည် သွားဖို့ လိုအပ်သည့် အရာတော့မဟုတ်ချေ။

သို့သော် အိမ်ထောင်ကျခါစ လူငယ်လေးရှန်းလီသည် သူ့မိန်းမကို တွယ်ကပ်နေသည်မှာ ပုံမှန်ဖြစ်နေသယောင်။

ချန်းမိသားစု၊ အဘိုးနှင့်မြေးတို့သည် လင်မယားနှစ်ယောက် သူတို့ခြံဝင်းထဲမှ ထွက်သွားသည်ကိုမြင်တော့ ပြုံးလိုက်ကြ၏။

……

စန်းလော့နှင့်ရှန်းလီတို့ ကျိုးအိမ်သို့ဦးတည်သွားစဉ်တွင် ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် အခြားကလေးများနှင့် မြစ်ကမ်းပါးနားတွင် ဆော့နေကြလေသည်။

သူတို့သည် ရှန်းကျင့်နှင့် သူ့ညီများကို ရှာနေကြ၏။

နှင်းကျစဉ်ထဲက ရှန်းကျင့်သည် သူတို့အိမ်သို့ နောက်ထပ်လာမလည်တော့ဘဲ နှင်းများ အရည်ပျော်ပြီးသည့်နောက်တွင်ပင် လာရောက်ခြင်းမရှိသောကြောင့် ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် အကြောင်းပြချက်တစ်ခုခုကို သတိထားမိကြလေသည်။

"အစ်ကိုကြီးက ဦးလေးစန်းကို ရိုက်ပြီးတော့ သူတို့က ဆက်ဆံရေးကို ဖြတ်မယ်လို့ပြောတယ်"

ရှန်းအန်းက ရှင်းပြလိုက်၏။

ထိုကိစ္စကို မျက်မြင်တွေ့ခဲ့ကြသည့် ဟူကျီနှင့်အခြားသူများသည် ဤအရာကို ရှန်းအန်းနှင့်ရှန်းနဉ်တို့အား ထပ်ခါထပ်ခါပြောလေသည်။

ရှန်းအန်းသည် ဦးလေးစန်းကို သိပ်ပြီးဂရုမစိုက်သော်လည်း ရှန်းကျင့်နှင့် သူ့ညီများအတွက် စိုးရိမ်နေဆဲဖြစ်သည်။

"အခုချိန်မှာ ရွာထဲက မိသားစု တော်တော်များများက စီရင်စုမှာ ပဲစေ့တွေဝယ်နေကြပြီ။ မင်းတို့မိသားစုရော ဝယ်သေးလား"

ရှန်းကျင့်က ခေါင်းခါလိုက်၏။

"ငါ့အဖေက အိမ်က အိပ်ယာထဲမှာလှဲနေတုန်းပဲ။ သူက ငါ့တို့မှာ ပဲစေ့တွေရှိတယ်လို့ပြောတယ်။ ငါတို့ထပ်ပြီးလိုအပ်ရင် သူသက်သာလာတာနဲ့ ဝယ်ပေးလိမ့်မယ်"

အမှန်တော့ ရိုက်နှက်ခံရစဉ်ထဲက ရှန်းစန်းသည် ၁၂လပိုင်းတွင် လူမှုဝန်ထမ်းတာဝန်များကို ရှောင်ရှားပြီး အိပ်ယာထဲ၌ နေနိုင်ရန် သူ့ဒဏ်ရာများကို ဆင်ခြေအဖြစ်ပေးလေသည်။ အစောပိုင်း သဘောတူထားသည့် အရာမှာ လီရှီသည် ၁၁လပိုင်း တာဝန်နှင့် ရှန်းစန်းက ၁၂လပိုင်း တာဝန်ကို ထမ်းဆောင်ရမည်ဖြစ်သည်။

ရှန်းစန်းသည် အမှန်ပင် အတော်လေး ဆိုးဆိုးရွားရွား ရိုက်နှက်ခံရပြီး နှစ်ရက်ကြာ အဆက်မပြတ်အော်ငိုနေရ၏။ ယခုတော့ သူ့မိန်းမကို သူ၏၁၂လပိုင်းတာဝန်အား ဆက်လက်ထမ်းဆောင်စေရန် အကြောင်းပြချက်တစ်ခု ရှိနေပြီဖြစ်သည်။

သူသည် ပိုပြီး အားနည်းလာပုံပေါ်ကာ ထိုအရာကို အသုံးချရန် လိုအပ်သည်ဟု ခံစားမိပြီး ရှန်းကျင့်က ခွေးခြေခုံလေးဖြင့် မီးဖိုကို မီအောင် လုပ်နေရပြီး နေ့စဉ် ထမင်းနှစ်နှပ်စာ ချက်နေသည်ကို လွှတ်ထားလေသည်။

ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် အကြည့်ချင်း ဖလှယ်လိုက်လေသည်။

တစ်ဝက်အရွယ်ရောက်ပြီးသော ကလေးများအနေဖြင့် ဤကိစ္စများကို တစ်ဝက်သာနားလည်ပြီး ပြောရမည့်အရာကို သေချာမသိကြပေ။

ကလေးအုပ်စုသည် သက်ပြင်းချရင်း မြစ်ကမ်းဘေးတွင် အတူတကွ ထိုင်နေကြလေသည်။

သူတို့က ရှန်းအန်းနှင့်ရှန်းနဉ်တို့ကို သနားခဲ့ဖူးသော်လည်း ယခုအချိန်တွင် အခြားသူများနှင့် နှိုင်းယှဉ်ကြည့်ပါက ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် ရွာထဲတွင် အကောင်းဆုံးဘဝဖြင့်နေထိုင်နေရပုံပေါ်၏။ အလွန်ဆင်းရဲသော မိသားစုများမှလွဲ၍ ရှန်းကျင့်တို့မိသားစုသည် သနားစရာအကောင်းဆုံး ဖြစ်ပုံပေါ်လေသည်။

ဤကလေးများထဲတွင် မည်သူသည် အိမ်၌စပါးမရှိသနည်း။ သူတို့မိဘများသည် တိတ်တဆိတ် ဝယ်ယူထားကြ၏။ သနျို၊ အားနျို၊ ဟူကျီနှင့် အားရှုတို့ကဲ့သို့ မိခင်ဘက်မှ တော်စပ်သောမိသားစုများသည် အနီးနားရွာများတွင်ရှိပြီး သူတို့၏မိဘများကို ပထမဆုံးနေ့တွင် စပါးနှင့်ပဲစေ့များကို သိုလှောင်ထားရန် အကြောင်းကြားပြီး စပါးကိုတောထဲတွင် ဖွက်ထားရန် အခြားသူများကို မသိမသာ အကြံပေးထားလေသည်။

စပါးဖွက်ရာတွင် ပူးပေါင်းဆောင်ရွက်ရန်အတွက်ကတော့ ဖြစ်မလာနိုင်ပေ။ မိသားစုတစ်ခုစီတွင် သူတို့၏ ကိုယ်ပိုင်နည်းလမ်းရှိကြ၏။

သေချာပါသည်။ ကလေးများသည် ဤရှုပ်ထွေးမှုအားလုံးကို နားမလည်ကြပေ။ ထိုကဲ့သို့တုံ့ပြန်မှုကို မပြသည့် ရှန်းကျင့်၏မိသားစုနှင့်မတူဘဲ သူတို့၏မိဘများ၊ ဦးလေးများနှင့် အဘိုးအဘွားများသည် ကြိုတင်ပြင်ဆင်မှုများဖြင့် အလုပ်ရှုပ်နေကြသည်ကို သာနားလည်လေသည်။

ဘာမှမသိဘဲ အပြစ်ကင်းစင်သော သူ့ဝမ်းကွဲ ရှန်းယင်နှင့်ရှန်ထျယ်တို့ကို ကြည့်ရင်း ရှန်းအန်းသည် စိုးရိမ်မိသောကြောင့် ရှန်းကျင့်ကို ပြောလိုက်၏။

"အပြင်မှာ စစ်ပွဲဖြစ်နေလို့ လူတွေအများကြီးသေနေကြတယ်။ အဲ့စစ်ပွဲက ငါတို့နေရာအထိ ရောက်လာနိုင်တယ်လို့ ငါ့အစ်ကိုကပြောတယ်"

"ဒါဆို မင်းဘယ်လိုစီစဉ်မှာလဲ"

သူသည် နောက်ဆုံးအတွေးကို အသံထွက်မပြောဘဲ စိတ်ထဲ၌သာ သိမ်းထားလေသည်။

သူတို့မိသားစုကြားရှိဆက်ဆံရေးသည် ပွင့်ပွင့်လင်းလင်းပြောရန်အထိ မရင်းနှီးတော့ပေ။

ရှန်းကျင့်သည်လည်း စိတ်ဓာတ်ကျနေပုံပေါ်သည်။ ရွာသူကြီးသည် သူ့အစ်ကိုဝမ်းကွဲ ပြန်ရောက်လာသည့်ညက မိသားစုတိုင်းကို ‌အကြောင်းကြားထားပြီးဖြစ်သည်။ ရွာသားများသည် လွန်ခဲ့သောနှစ်ရက်ထဲက ဆွေးနွေးကြပြီး အများစုသည် ထိုနေ့ကပင် ပဲစေ့များ ဝယ်ရန်သွားကြ၏။ သူသည် ထိုအရာကို သူ့အဖေအား အကြိမ်များစွာအကြံပေးသော်လည်း အဆူခံရပြီး နှင်လွှတ်ခံရလေသည်။

သူကိုယ်တိုင် ဘာမှမလုပ်နိုင်ချိန်တွင် ရှန်းကျင့်သည် အခြားမိသားစုများက စပါးပြန်သယ်လာကြသည်ကိုသာ စောင့်ကြည့်နိုင်ပြီး လုံးဝ အကူအညီမဲ့နေသလို ခံစားနေရ၏။

"ငါတို့အမေ ပြန်ရောက်လာတာကို စောင့်ရမယ်ထင်တယ်"

သူ့အမေပြန်ရောက်လာသည်နှင့် သူ့အဖေတာဝန် ထမ်းဆောင်ရသည်ပဲဖြစ်ဖြစ်၊ သူ့အမေထပ်သွားရသည်ပဲဖြစ်ဖြစ် အနည်းဆုံးတော့ အိပ်ယာထဲတွင် တစ်နေ့လုံးလှဲနေသည့် လူကြီးတစ်ယောက် ရှိ‌နေမည်မဟုတ်ပေ။

ရှန်းစန်းသည် အမှန်ပင်ရိုက်နှက်ခံခဲ့ရသော်လည်း ရက်အနည်းငယ် ကြာပြီးနောက် အိပ်ယာမှ မထနိုင်လောက်အောင်အထိ မပြင်းထန်ပေ။ ရှန်းယင်နှင့်ရှန်းထျယ်တို့က သတိမထားမိသော်လည်း ရှန်းကျင့်သည် အခြေအနေကို ရေးတေးတေး နားလည်လေသည်။

သူ့အဖေသည် အထူးသဖြင့် ဆောင်းရာသီတွင် လူမူဝန်ထမ်းတာဝန်ကို မထမ်းဆောင်ချင်ရုံသာဖြစ်ပြီး ရှန်းကျင့်အား သိမ်ငယ်ပြီး အားကိုးရာမဲ့သော အမူအရာတစ်ချို့ဖြင့် မကြာခဏကြည့်တတ်၏။

ရှန်းကျင့်သည် သူသာ အသက်နည်းနည်းပိုကြီးပြီး ၁၂ နှစ်၊ ၁၃နှစ် ဝန်းကျင်ဖြစ်ပါက သူ့အဖေသည် လူမှုဝန်ထမ်းတာဝန် ထမ်းဆောင်ရန် သူ့ကို အစားထိုး စေလွှတ်နိုင်လောက်သည်ဟု ခံစားရလေသည်။

သူ့အဖေက ယခုနှစ်၏ စီရင်စုလူမှုဝန်ထမ်းတာဝန်သည် သူ့လိုအရွယ်ရောက်ပြီးသော ယောက်ျားတစ်ယောက်နှင့်ယှဉ်ပါက အမျိုးသမီးများနှင့် ငယ်ရွယ်သောကောင်လေးများအတွက် အများကြီးပိုသက်သာသည်ဟု ထပ်ခါထပ်ခါ ပြောလေ့ရှိ၏။

နောက်ထပ်စပါးဝယ်ဖို့ ထပ်မပြောတော့ဘဲ ရှန်းအန်းက ရှန်းကျင့်ကို ကြည့်လိုက်ပြီး ချီတုံချတုံဖြင့်မေးလိုက်၏။

"ငါ့အစ်ကိုနဲ့သရှန်တို့က ငါတို့ကို လေးခွဘယ်လိုသုံးရလဲဆိုတာနဲ့ သစ်ပင်တက်နည်းကို သင်ပေးမယ်တဲ့။ မင်းရော... မင်းရော သင်ချင်လား"

"ငါ့အစ်ကိုက ပြောတယ်။ ငါတို့က သေရေးရှင်ရေး အခြေအနေတွေမှာ ငါတို့ဘဝကို ကယ်နိုင်တဲ့ကျွမ်းကျင်မှုတွေကို သင်‌ယူရမယ်တဲ့"

ရှန်းကျင့်၏မျက်လုံးများတောက်ပလာပြီးနောက် ပြန်မှိန်သွားတာ ရေရွတ်လိုက်၏။

"ငါ့အစ်ကိုက ငါ့ကို မသင်ပေးလောက်ဘူးမလား"

သူ့အစ်ကိုပြန်ရောက်သည့်နေ့က သူတို့အိမ်ထဲသို့ အတင်းဝင်လာပြီး သူတို့နှင့်ဆက်ဆံရေးကို အဆုံးသတ်ကြောင်း ကြေညာခဲ့လေသည်။ ထိုအချိန်က ရှန်းကျင့်သည် နေရာတွင်ရှိမနေသော်လည်း သူ့အဖေထံမှ ဆဲရေးတိုင်းထွာသံများနှင့် အခြားသူများ၏မှတ်ချက်များကို ကြားခဲ့ရ၏။

ထို့ကြောင့် နှင်းများအရည်ပျော်သွားသောအခါ ညီအစ်ကိုများသည် ပင်မအိမ်သို့ မချဉ်းကပ်ရဲတော့ခြင်းဖြစ်သည်။

ရှန်းအန်းကိုယ်တိုင်လဲ လုံးဝမသေချာပေ။ သူ့အစ်ကိုသည် သူတို့အပေါ်နှင့် သူ့မရီးအပေါ်တွင် အလွန်ကြင်နာသော်လည်း ဒေါသထွက်သောအခါတွင်လည်း တော်တော်လေး ကြောက်ဖို့ကောင်းသည်။

မျက်တောင်ခတ်ရင်း သူက အကြံပေးလိုက်လေသည်။

"မင်း ဘာလို့ မကြိုးစားကြည့်တာလဲ။ နောက်က တိတ်တိတ်လေး လိုက်လာပြီး ငါ့အစ်ကိုကြီး ခွင့်ပြုပေးမလားလို့ စမ်းကြည့်လေ"

သူက သူ့အစ်ကိုသည် ဦးလေးနှင့်အဒေါ်တို့ကို မကြိုက်သော်လည်း ရှန်းကျင့်နှင့်သူ့ညီများနှင့်တော့ အဆင်ပြေ‌နိုင်သေးသည်ဟု တွေးနေ၏။

ရှန်းယင်နှင့်ရှန်းထျယ်ကို သူနှင့်သူ့ညီမက ပြုစုပျိုးထောင်ပေးခဲ့ပါက သူ၊ သူ့ညီမနှင့် ရှန်းကျင့်တို့သည်လည်း သူ့အစ်ကို၏ဂရုစိုက်မှုအောက်တွင် ပြုစုပျိုးထောင်ခံခဲ့ရခြင်းဖြစ်သည်။

ရှန်းကျင့်သည် တစ်ခါတစ်လေတွင် စိတ်အနှောင့်အယှက် ဖြစ်နိုင်သော်လည်း မကြာခဏဆိုသလို အိမ်သို့အစားအသောက် ယူလာပေးသော သူ့အစ်ကို၏ မျက်နှာသာရအောင် ကြိုးစားရာတွင် တော်လေ၏။

ရှန်းအန်းသည် တော်တော်များများ မှတ်မိလေသည်။ ဆယ်ကြိမ်တွင် ခုနစ်ကြိမ် သို့မဟုတ် ရှစ်ကြိမ်မှာ သူနှင့် သူ့ညီမလေးက ပိုများပြီး ရှန်းကျင့်က ပိုနည်းသော်လည်း ရှန်းကျင့်အတွက်တစ်ခုခု ပါလာတတ်သည်။

ရှန်းကျင့်နှင့်ယှဉ်လျှင် သူ့နှင့် သူ့ညီမသည် အိမ်တွင်စားစရာ နည်းသောကြောင့် သူ့အစ်ကို၏ မျက်နှာ‌သာပေးမှုမှာ ရှင်းလင်းပါသည်။

ထို့ကြောင့် ရှန်းကျင့်သည် အရသာရှိသည့်အရာ တစ်ခုခုစားတိုင်း သူနှင့်သူ့ညီမကို မကြာခဏမျှဝေပေးပြီး သူတို့အစ်ကိုကို စိတ်ကျေနပ်စေ၏။

ရှန်းကျင့် ၆ နှစ်အရွယ်ဝန်းကျင်တွင် သူတို့အစ်ကိုထွက်သွားပြီးနောက် သူသည် သူ့ဦး‌လေးနှင့်အဒေါ်တို့၏ အပြုအမူများကို စတင်အတုယူလာပြီး ပို၍စက်ဆုပ်ဖွယ် ဖြစ်လာလေသည်။

ဤသည်ကိုသတိရတော့ ရှန်းအန်းသည် နှုတ်ခမ်းများစေ့ထားမိ၏။

"ငါ့အစ်ကိုက မင်း ရိုင်းစိုင်းပြီး စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတာကို တစ်ခါမှမမြင်ဖူးသေးဘူး။ အဲ့တော့ မင်းကို ငြင်းမှာမဟုတ်လောက်ဘူး"

သူသည် မြေရှင်းလင်းရာတွင်ကူညီခြင်း၊ သတင်းပေးခြင်း၊ စသည့် ရှန်းကျင့်၏ကောင်းသောအပြုအမူအချို့ကို သူ့အစ်ကိုအား ပြောပြသည်ကို ပြန်စဉ်းစားမိနေသော်လည်း ထိုအရာအား ရှန်းကျင့်ကို မပြောပြပေ။

ရှန်းကျင့်က မျက်တောင်ခတ်လိုက်ကာ

"ဒါဆို ငါ စမ်းကြည့်ရမလား"

……

ရှန်းလီ၏လေ့ကျင့်ပေးမည့်အစီအစဉ်သည် နောက်တစ်နေ့မနက်ခင်းတွင် စောစောတွင် စတင်မည်ဖြစ်သည်။

ဤအရာကို မနေ့ညက အိမ်ရှိကလေးတိုင်းအား မနက်ဖြန်မနက်တွင် စောစောထရန် ညွှန်ကြားချက်များနှင့်အတူ ပြောပြထား၏။ သက်လုံကောင်းရန်နှင့် ခံနိုင်ရည်ရှိရန် စီရင်စုသို့သွားနေသောလူကြီးနှင့် ပါဝင်ရမည်ဖြစ်ပြီး အရုဏ်မတက်မီတွင် မီးတုတ်များကိုအသုံးပြုရင်း လှည်းများအနောက်မှ သွေးပူလေ့ကျင့်ခန်းအနေဖြင့် ဖြည်းဖြည်းနှင့် မှန်မှန်ပြေးခြင်းဖြင့် စတင်ပြီးနောက်မှသာ ပေါ့ပါးလာသည်နှင့်ခြေလှမ်းကို အရှိန်တင်ရမည်ဖြစ်သည်။

ထို့ကြောင့် ပထမနေ့တွင် အဖွဲ့ထဲကို ခိုးကြည့်မည့် ရှန်းကျင့်၏အစီအစဉ်မှာ ရှုံးနိမ့်သွားလေသည်။ လူတိုင်းက ညမိုးချုပ်တွင် သင်ယူရသောကြောင့် မြစ်နားရှိ မည်သည့်ကလေးမျှ သူ့အား အကြောင်းကြားရန် အခွင့်အရေးမရပေ။

လေးပစ်ခြင်းနှင့်သစ်ပင်တက်ခြင်းကဲ့သို့ မရှိမဖြစ်လိုအပ်ပြီး သင်ရမြန်သော စွမ်းရည်များကိုသာ သင်ယူရန် သဘောတူခဲ့သောစန်းလော့သည် မနက်ခင်းပြေးခြင်းတွင်ပါဝင်ရန် တိုက်တွန်းခံရသော်လည်း ရှေးခေတ်အတွင်းခံများသည် အဓိကအဟန့်အတား ဖြစ်နေလေသည်။

မူလခန္ဓာကိုယ်၏ ငယ်ရွယ်သောအသက်သည် မကြာခင်တွင် ၁၆နှစ်ပြည့်တော့မည်ဖြစ်သော်လည်း သူ့ထံတွင် လိုအပ်သော ရှိုက်ဖိုကြီးငယ်များရှိနေပြီး အနည်းဆုံးတော့ ယခုအချိန်အထိ မေးခွန်းထုတ်စရာ မရှိတော့ပေ။

ပထမအနေဖြင့် စန်းလော့သည် ခေတ်မီဆိုင်များမှ အတွင်းခံများနှင့်မတူဘဲ ယာယီအတွင်းခံ တစ်ထည်ပြုလုပ်ရန် လိုအပ်ကြောင်းကို ခံစားရပြီး သူမကိုယ်တိုင် တစ်ခုခုကို ဖန်တီးရန်လိုအပ်လေသည်။

ဤသည်ကိုတွေးရင်း သူမ၏ပိုက်ဆံအိတ်ကိုဆွဲယူကာ ရှန်းလီနှင့် အခြားသူများနောက်မှ လိုက်သွားလိုက်၏။

ရှန်းလီက သူမကို အံ့ဩတကြီးဖြင့်ကြည့်လိုက်လေသည်။

"မင်းလဲ သွားမှာလား"

စန်းလော့က ခေါင်းခါလိုက်၏။

"အဒေါ်တို့နဲ့ လမ်းလျှောက်ရုံသက်သက်ပါ။ စီရင်စုမှာ ဝယ်စရာတစ်ချို့ရှိလို့လေ"

စီရင်စု၏အသင့်ချုပ်လုပ်ရောင်းချသည့် အထည်ဆိုင်များသည် အဝတ်အစားများသာမကဘဲ အထည်ဖြတ်စများကိုပါ ရောင်းချ၏။ ယခင်က စန်းလော့သည် ဖိနပ်ခုံများနှင့် ပိုက်ဆံအိတ်များ ပြုလုပ်ခြင်းအတွက် ပိုကြမ်းပြီး ဈေးပိုသက်သာသော အထည်များကို သာဝယ်ယူခဲ့ပြီး ပိုးထည်ကဲ့သို့ အသားကောင်းသည့်အထည်များ ရနိုင်သည်ကိုလည်း သတိပြုမိပြီး တစ်ပိဿာလျှင် ဝမ်အနည်းငယ်သာ ပေးရလေသည်။

သို့သော် သူမသည် သေးငယ်သောအပိုင်းအစများကိုမရှာဖွေဘဲ ဖြတ်စများထက် ဈေးပိုကြီးပြီး အလျားအနံ အပြည့်ဝဘ်သည်ထက် ပိုဈေးသက်သာသည့် ပိုကြီးသည့် ပိုးထည်ဖြတ်စများကို ဝယ်လိုက်သည်။ စန်းလော့သည် သူမနှင့်ရှန်းနဉ်၏ အတွင်းခံအတွက် အပိုင်းအများကြီး ဝယ်ရန်စီစဉ်ထား၏။

ထိုအရာသည် အနည်းငယ်ဈေးကြီးသော်လည်း ကိုယ်ပိုင်အဝတ်အစားအတွက်တော့ အထည်အများကြီးမလိုအပ်ပေ။ သေးငယ်သော အစများကိုဝယ်ပြီး အထည်အနည်းငယ်အတွက် တစ်ပိုင်းချင်း ဆက်ပြီးချုပ်သည်က ပိုသင့်လျော်သည်ဟု ခံစားမိသည်။

အတွင်းခံအတွက်တော့ သူမသည် ရှေးဆန်သောပုံစံဖြင့် စတင်ပြီး ပထမဆုံး အထည်ကြမ်းဖြင့် လေ့ကျင့်ပြီးနောက် ပိုကောင်းသည့်နှစ်ခုကို ပြုလုပ်လို့ရသွားသည်။ သူမသည် မှန်မှန်ကန်ကန် လုပ်တတ်သွားသည်နှင့် အတွင်းမျက်နှာပြင်အတွက် အထည်ကောင်းကို သုံးရမည်ဟုပင် စဉ်းစားထားလိုက်တော့သည်။

ဒါက အစီအစဉ်သက်သက်ပင်။

ရှန်းလီသည် အစောပိုင်းတွင် သူမလိုအပ်သမျှ ဝယ်ပေးလာပေးမည်ဟု ပြောဖို့ စဉ်းစားထားသော်လည်း စိတ်ထဲတွင်တော့ စန်းလော့ကို သူနှင့်အတူ လိုက်လာစေချင်လေသည်။ စဉ်းစားချင့်ချိန်ပြီး သူသည် နှုတ်ဆိတ်နေလိုက်ကာ သူမကို တံခါးများကို ကူညီပြီး ခတ်ပေးလိုက်တော့သည်။

...

အပိုင်း (၁၁၀) ရောနှောဝင်ရောက်ခြင်း

သိပ်မကြာသေးခင်ကမှ အသက်ပြည့်သွားကြသည့် လုစန်းလန်နှင့် ကျိုးစန်းလန်တို့ကဲ့သော လူငယ်လေးများအပါအဝင် အသက်၉နှစ်ကျော်ကလေးများနှင့် မိသားစုများက အပြင်မှ ရွာသို့ပြန်ရောက်လာသည့် လူကြီး၄ယောက်က ဦးဆောင်သည့် လေ့ကျင့်ရေးကို ပါဝင်ခဲ့ကြသည်။ စျေးဆိုင်သွားတည်ကြမည့် သူတို့၏မိန်းမများကို စောင့်ရှောက်ပေးကြသူများနှင့် ကိုယ့်ဟာကိုယ်ပြင်ဆင်လိုသည့် တခြားသူများလည်းပါဝင်ကာ လူများက အမှန်ပင် သိသာသည့်အုပ်စုတစ်ခု ဖြစ်နေလေသည်။

ဒီလိုစုဝေးပုံက ပုံမှန်ထက်ပိုပြီး သိသာနေသော်ငြားလည်း လူကြီးများ၏ ကြီးကြပ်ပေးမှုဖြင့် တော်တော်လေး အဆင်ပြေလေသည်။ သူတို့အားလုံးက တိတ်တိတ်ဆိတ်ဆိတ်နေကြရန် သိထားကြပြီး ရွာနှင့်ဝေးကွာပြီး စန်းလော့မိသားစု၏ အိမ်အပြန်လမ်းအနီးက တောင်ပေါ်လမ်းလေး တစ်ခုတွင် မီးဒုတ်များကိုဝေမျှပြီး တိတ်တဆိတ် စုဝေးကြလေသည်။

စန်းလော့နှင့်ရှန်းလီ၏မိသားစုက လမ်းကြောင်းကလေးပေါ်တွင် ပေါ်လာသည်တွင် သူတို့အားလုံးကို မီးဒုတ်များ၏မီးရောင်အောက်တွင် လူပင်လယ်တစ်အုပ်က ဆီးကြိုနှုတ်ဆက်လိုက်ကြသည်။ ဦးလေးရှီအာ့လန်ကပင် ရောက်ရှိလာပြီး ကျိုးမိသားစုကလဲ လူစုံတက်စုံဖြစ်ကာ အိမ်ထောင်သည်ကျိုးသလန်မှအစ ကျိုးသလန် ကျိုးအာ့လန်တို့မှအစ အငယ်ဆုံးဝူလန်အထိ စျေးသို့သွားရောက်ကြသည့် အမျိုးသမီးများပါ ထည့်တွက်လိုက်လျှင် စုစုပေါင်းလူ၃၀နီးပါး ရှိလေသည်။

ကျိုးသလန်က အတိုင်းအတာတစ်ခုအထိ ရှက်ရှက်ဖြင့် ပြောလိုက်သည်။

"ငါတို့တွေလဲ အသက်ရှင်သန်ရေးနည်းလမ်းတွေကို သင်ကြားရမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ငါတို့တွေက တောထဲမှာဆိုရင် စန်းလန် စစ်လန်နဲ့ဝူလန်တို့လောက်တောင် အများကြီးမတော်ကြဘူးလေ"

ရှီအာ့လန်က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

"ငါ့ကိုရော ထည့်တွက်ပေး တောထဲရောက်ရင် ငါ့မိသားစုကို ကာကွယ်ပေးဖို့ ငါ့တူလေးတွေကိုပဲ အားကိုးနေလို့ မဖြစ်ဘူး"

ရှန်းလီက ပြုံးလိုက်၏။

"ဝမ်းသာစရာပဲ သွေးပူသွားအောင် ခက်သွက်သွက်လေး လမ်းလျှောက်တာကနေ စမယ်။ နည်းနည်းလေး ပေါ့ပါးလာပြီဆိုတာနှင့် ကျွန်တော်တို့တွေက ခြေလှမ်းတွေကို နည်းနည်းမြန်ကြမယ်။ ကျွန်တော်တို့တွေ ဒါကို လေ့ကျင့်ရတဲ့အကြောင်းအရင်းက သက်လုံကောင်းဖို့နဲ့ တောင်ထဲမှာသွားလာရင် လိုအပ်တဲ့အမြန်နှုန်းကြောင့်ပဲ"

ချင်ဖန်းညန်နှင့်တခြားအမျိုးသမီးများက တခစ်ခစ် ရယ်မောကြပြီး လေ့ကျင့်ခြင်း၏ အဓိကအကြောင်းအရာကို အပြည့်အဝ သတိမထားမိကြချေ။ သူတို့သည် ချန်းယိုထျန်း၏အဖွဲ့နှင့်အတူ မီးဒုတ်တစ်ခုနှင့် အရင်ဆုံးထွက်လာကြသည်။ အပြေးလေ့ကျင့်ရာတွင် ပါဝင်ခြင်းမရှိသည့် စန်လော့က ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို လက်ဝေ့ပြလိုက်ပြီး ချင်ဖန်းညန်အဖွဲ့နှင့် လိုက်ပါသွားလေသည်။

ရှန်းလီနှင့်တခြားသူများ လုပ်နေသည့်အရာကို မသိကြဘဲ စန်းလော့၏အဖွဲ့က ကျန်လူများ အမှီလိုက်မလာခင် ၂နာရီလောက် ရှေ့ကလျှောက်နှင့်ပြီး ဖြစ်လေသည်။ တခါက အဖွဲ့နှင့်မတူသည့် လူအုပ်ကြီးက အခုဆိုလျှင် သိသာထင်ရှားသည့် အုပ်စုနှစ်ခုဖွဲ့ပြီးသား ဖြစ်လာကာ တစ်ဖွဲ့ဆီကို ရှန်းလီနှင့်သူ၏အပေါင်းအပါများက ဦးဆောင်လာကြသည်။

လူအရေအတွက် များပြားသော်ငြားလည်း သူတို့၏ ပြေးနေသည့်ခြေလှမ်းများက မညီမညာဖြစ်နေကြသည်။ သို့သော်လည်း ပြန်လှည့်ကြည့်လိုက်ချိန်တွင် စန်းလော့နှင့်ချင်ဖန်းညန်တို့ကို သူတို့၏ခြေလှမ်းကို လိုက်မှီနိုင်ကြသဖြင့် ချီးကျုးနေကြလေသည်။

ကလေးများကို အစီအစဥ်တကျ အဖွဲ့များဖွဲ့စည်းခြင်းနှင့် ရှန်းလီနှင့်ချန်းသရှန်တို့ ရှင်းပြထားသည့်အတိုင်း သူတို့ကို နည်းပညာအမျိုးမျိုး သင်ကြားပေးရခြင်းက အချိန်တစ်ခု ပေးရလေသည်။ သူတို့သည် ချင်ဖန်းညန်၏အဖွဲ့နောက် လိုက်မှီလာချိန်တွင် ကလေးများက ဝမ်းသာရွှင်လန်းနေကြပြီး သူတို့၏အဒေါ်များကို လှမ်းခေါ်နေကြကာ ရှန်းအန်းနှင့်ရှန်းနဥ်တို့ကလဲ ဝမ်းသာအားရဖြင့် လက်ဝေ့ရမ်းပြကာ သူတို့၏မရီးကို လှမ်းခေါ်လိုက်ကြပြီး စည်ကားသည့်မြင်ကွင်းတစ်ခု ဖြစ်နေတော့သည်။

ရှန်းလီက တင်းကြပ်သည့်ထိန်းချုပ်မှုကို မလုပ်ထားချေ။ ဒါသည် သူတို့၏ ပထမဆုံးနေ့ဖြစ်ကာ သူတို့သည် စစ်တပ်အတွင်း တကယ်လေ့ကျင့်ရေးကို ဆင်းနေကြသည် မဟုတ်ချေ။ ထို့ကြောင့် သူက သူတို့ကို လွှတ်ထားပေးလိုက်လေသည်။

လူငယ်အဖွဲ့က အမှန်တွင်တော့ စီရင်စုမြို့ဘက်သို့ ပြေးသွားကြသည် မဟုတ်ချေ။ မြို့စောင့်များ၏အာရုံကို ဆွဲဆောင်မိကာ ပြသာနာကို ဖြစ်စေလိမ့်မည်။ သူတို့သည် စန်းလီရွာလောက်သာ ပြေးကြပြီးနောက် ပြန်လှည့်လာကာ ခရီးတစ်ပတ်ပြည့်အောင် လုပ်လိုက်ကြပြီးနောက်တွင် နောက်ထပ်လေ့ ကျင့်ခန်းများအတွက် ရွာဘက်သို့ ပြန်လာခဲ့ကြလေသည်။

သို့သော်ငြားလည်း အပြန်လမ်းကို ဦးဆောင်လာကြသည့် ရှန်းလီနှင့်ချန်းသရှန်တို့က ကလေးအဖွဲ့နှစ်ဖွဲ့ကို အမိန့်ပေးဖို့ရန် ရှီသလန်နှင့်လုအာ့လန်တို့ကို တာဝန်လွှဲပြောင်းပေးလိုက်ပြီး သူတို့က စန်းလော့အဖွဲ့ကို စီရင်စုမြို့သို့ အဖော်လိုက်ပါသွားပေးဖို့ရန် လိုအပ်လေသည်။

ချင်ဖန်းညန်က သိလိုစိတ်ဖြင့် မေးလိုက်၏။

"ဒီတခါရော စီရင်စုကို ဘာဖြစ်လို့ သွားကြမှာလဲ"

သူတို့သည် ညနေခင်းရောက်သည်အထိ စပါးများကို မသယ်နိုင်ခဲ့ကြပေ။

ချန်းသရှန်က အပြုံးတစ်ခုဖြင့် ပြန်ဖြေလေသည်။

"ကျွန်တော်တို့က လေးကြိုးတွေဝယ်မလို့လေ၊ ကျွန်တော်တို့ ပြန်လာတုန်းက ကလေးတွေအတွက် လေးခွတွေ စပြီးတော့ လုပ်နေကြတာ"

ထိုခေတ်အခါက လေးကြိုးများကို ပိုးချည်၊ ကျွဲ နွားတိရိစ္ဆာန်များ၏ အရွတ်များနှင့် ငါးကော်များကို အကြိမ်ကြိမ် သန့်စင်ပြီး ပြုလုပ်ခြင်းမှ ရရှိလေသည်။ သူတို့သည် ထိုအရာများကို ကိုယ်တိုင်မလုပ်နိုင်ကြသဖြင့် စီရင်စုထဲက သီးသန့်ဆိုင်များဆီမှ ဝယ်ယူရလေသည်။

ဒီရှင်းလင်းချက်က ချင်ဖန်းညန်ကို အသိပညာတိုးပွားလာစေသည်။

ကန်းရှီကလဲ ထပ်ပြီး မေးလိုက်၏။

"ဦးလေးရှီက နင့်ကို ငွေပေးလိုက်လို့လား၊ မဟုတ်ရင်လဲ ကုန်ကျစရိတ်ကို ငါ့ကိုပြောလိုက်လေ၊ ငါ ထည့်ဝင်ပေးနိုင်ပါတယ်"

ဒီလိုပစ္စည်းမျိုးက စျေးမသက်သာပေ။ အရည်အသွေး အများကြီး ပိုညံ့သည့် အမျိုးသမီးနှင့်ကလေးများ သုံးရာတွင် ကလေးများသုံးသည့် ခေါင်းစည်းကြိုးများကပင် သိသာသည့်ငွေပမာဏတစ်ခုကို ကုန်ကြစေသည်။ လေးကြိုးများက ပိုပြီးစျေးကြီးလိမ့်မည်က သံသယဖြစ်ဖွယ် မရှိပင်။ ရှန်းလီက တစ်ခစ်ခစ် ရယ်မောလိုက်သည်။

"အဲဒီအတွက် စီစဥ်ပြီးသွားပါပြီ"

"အားလုံးပဲ ရှိကြတဲ့ကလေးအရေအတွက် ပေါ် မူတည်ပြီး တိကျတဲ့ခွဲတမ်းတစ်ခု လုပ်ထားပြီးပါပြီ။ ငွေတွေကို မနေ့က ကြိုပြီးပေးထားပြီးပြီ၊ ကန်းရှီနဲ့တခြားသူတွေကလဲ ဒီအကြောင်းကို မသိကြသေးတာက အရမ်းအလုပ်များနေလို့ပါ"

ထိုသို့ပြောလိုက်ပြီးနောက် သူက စန်းလော့၏ဘေးသို့ ပိုပြီးတော့ ကပ်သွားလေသည်။

စန်းလော့က သူ့ကို တီးတိုးပြောလိုက်သည်။

"ကျွန်မတို့တွေ အရင်ဆုံး လေးခွကို စလုပ်ကြမှာလား"

ရှန်းလီက ခေါင်းညိတ်ပြလိုက်ပြီး သူ့ခေါင်းကို စန်းလော့ရှိရာဘက်သို့ မသိမသာ စောင်းလိုက်ကာ တိုးရှရှလေသံတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။

"အခုလောလောဆယ်တော့ နည်းနည်းပါးပါး တစ်သုတ်လောက်အရင်လုပ်မယ်၊ ကလေးတွေက တလှည့်စီ သုံးလို့ရတယ်လေ၊ ကျွန်တော်တို့တွေက ကျန်တာကို ချန်ထားပြီး နောက်ပိုင်း ပိုပြီးထိရောက်တဲ့ဟာတွေကို လုပ်ကြမှာ"

နောက်ထပ်လုပ်မည့်အရာကို ရှင်းလင်းနေအောင် ဖော်ပြရန်မလိုအပ်ပေ။

စုံတွဲလေးနှစ်ယောက်က နီးနီးကပ်ကပ် တီးတိုးပြောနေကြသည်ကို မြင်လိုက်သည့် ချင်ဖန်းညန်က အားကျသလို ခံစားလိုက်ရလေသည်။ သူမက ရှန်းလီထက်နှစ်နှစ်ကြီးသည့် သူ့သားအရင်းကို လှမ်းကြည့်လိုက်ပြီး ချွေးမလေးတစ်ယောက် စဥ်းစားပေးဖို့အချိန်ရောက်ပြီဟု စဥ်းစားမိလေသည်။

ဒီလို ဒုက္ခများသည့် လောကတစ်ခုပင်။

သို့သော်ငြားလည်း ဒီအတွေးများက သူမ စဥ်းစားဖို့ရန် ခဲယဥ်းသည့်အရာပင်။

စီရင်စုသို့ရောက်သွားသည်တွင် ချင်ဖန်းညန်နှင့်တခြားသူတို့က သူတို့၏လုပ်ငန်းများကို ကိုယ်စီသွားလုပ်လိုက်ကြသည်။ ချန်းသရှန်အပါအဝင် စန်လော့နှင့်ရှန်းလီတို့ကတော့ မတူညီသည့်လမ်းများကို လျှောက်လာကြပြီး စန်းလော့က ချည်ထည်များကို ဝယ်ယူရန်ဖြစ်ကာ ရှန်းလီက ချန်းသရှန်နှင့်အတူ လေးကြိုးများကို ဝယ်ယူရန်ဖြစ်သည်။ သူတို့၏ဝယ်စရာကိစ္စများ ပြီးသွားသည့်နောက်တွင် သိပ်မဝေးလှသည့် ဆေးပေးခန်းတွင် တွေ့ဆုံကြလေသည်။

ရှန်းလီနှင့်ချန်းသရှန်တို့ နှစ်ယောက်စလုံးက စန်းလော့ကို အတူတူ စောင့်နေလိုက်ကြသည်။

အကြောင်းအရင်းမှာ ရိုးရှင်းလှပေသည်။ ဆေးဝါးအတွက် ပေးချေရမည့်ငွေက စန်းလော့ထံမှ တောင်းရမည်ဖြစ်သောကြောင့်ပင်။ ဒါက ရှန်းလီနှင့် စန်းလော့တို့ကြားတွင် တနေ့က သဘောတူညီထားသည့် ကိစ္စပင်။ သူတို့သည် သည်ကုန်ကျစရိတ်အတွက် တခြားမိသားစုထံမှ အထောက်အပံ့ကို မတောင်းဆိုတော့ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ပထမဦးဆုံးအချက်မှာ မိသားစုများက စပါးဝယ်ယူရန်အတွက် သူတို့၏ စုဆောင်းငွေများကို သုံးနေရပြီး ဆားနှင့်ဆေးဝါးများကိုလဲ သိုလှောင်ဖို့ရန် လိုအပ်လေသည်။ ကျိုးရွာသူကြီးမိသားစုမှ လွဲလျှင် တခြားမိသားစုများက ငွေအများကြီးသုံးဖို့ မဖြစ်နိုင်ပေ။

ဒုတိယအချက်မှာ အဆိပ်ဖော်စပ်သည့် ဆေးညွှန်းအမယ်က အဘွားချန်း၏ မိသားစုဘက်မှလာသည့် မိသားစုလျို့ဝှက်ချက်တစ်ခု ဖြစ်သည်။ ထို့အကြောင်းအရာကို ရှန်းလီနှင့်စန်းလော့တို့အား မျှဝေခြင်းက သူတို့က ဒီအညွှန်းကို ဒီအတိုင်းပိတ်မထားလိုသည့် ရည်ရွယ်ချက်ဖြစ်ပြီး သူတို့ဝယ်ယူလာသည့် အရာများကို တခြားမိသားစုများအား အကြောင်းကြားပြီး ရှင်းပြဖို့ကလဲ လိုအပ်ပေလိမ့်မည်။

အဘွားချန်း၏အဆိုအရ ဒီဆေးပင်များကို တောင်ထဲတွင် ရှာဖွေနိုင်သော်လဲ ခူးဆွတ်ဖို့ရန်က မှန်ကန်သည့်ရာသီ မဟုတ်သေးချေ။ အိမ်တွင် လုံလောက်သည့် ငွေကြေးရှိနေသဖြင့် ရှန်းလီနှင့်စန်းလော့တို့က ကိုယ်တိုင်ပထမဦးဆုံးအသုတ်ကို ဝယ်ယူဖို့ ဆုံးဖြတ်လိုက်ပြီး အခုလောလောဆယ်တော့ သီးသန့်သိမ်းထားဖို့ ရည်ရွယ်လိုက်လေသည်။

ချန်းသရှန်က အတိုင်းအတာတစ်ခုအထိ ရှက်ရွံ့သွားပြီး သူ့နှခေါင်းကိုပွတ်သပ်လိုက်သည်။

"ခယ်မလေး ကျွန်တော်လဲ အမဲကောင်တွေကို ရောင်းပြီးသွားရင် ဆေးဖိုးတစ်ဝက် စိုက်ပေးပါ့မယ်"

စန်းလော့က ပြုံးကာ သူ့ကမ်းလှမ်းချက်ကို ဆန့်ကျင်မနေဘဲ လက်ခံလိုက်ပြီး ရိုးရိုးရှင်းရှင်း တုံ့ပြန်လိုက်လေသည်။

"ကောင်းပါပြီ"

၃ယောက်သားက သူတို့ကို မှတ်မိနေကြသည့် ဆိုင်ရှင်၏ ဆေးပေးခန်းထဲသို့ ဝင်သွားပြီး တမြန်နေ့က သူတို့ရောက်လာခဲ့ခြင်းကြောင့် သမားတော်နှင့်အလုပ်သင်ကလေးကလဲ သူတို့ကို မှတ်မိနေသည်။

သူတို့က မနက်စောစောစီးစီး ပြန်ရောက်လာသည်ကို မြင်လိုက်သည်တွင် ဝန်ထမ်းက တဒင်္ဂ တအံ့တသြဖြစ်သွားပြီး မနေ့ကဝယ်ယူခဲ့သည့် ဆေးတွင်ပြသာနာတစ်စုံတစ်ရာများ ရှိခဲ့လေသလားဟု စဥ်းစားမိသွားလေသည်။ ထိုသို့လဲ ဟုတ်ဟန်မတူချေ။

သူတို့ကို နှုတ်ဆက်လိုက်ပြီးနောက် ဆေးခန်းဆိုင်ရှင်က သူတို့ရောက်လာခြင်းမှာ နောက်ထပ်ဆေးဝါးများဝယ်ယူရန် ဖြစ်ကြောင်း သိလိုက်သည်တွင် စိတ်အေးသွားကာ သက်ပြင်းချလိုက်တော့သည်။

"ဒီနေ့ရော ဘာဆေးတွေလိုလို့လဲ"

ချန်းသရှန်က ရှေ့မှဦးဆောင်လိုက်ကာ။

"ကျွန်တော်တို့တွေက ကြွက်ခေါင်းလို့ တဲ့ဆေးပင်တစ်မျိုးကို ဝယ်ချင်လို့ပါ"

ပိုင်ရှင်က တအံ့တသြဖြစ်သွားပြီး ဆေးခန်းထဲသို့ အခုလေးတင်မှ ဝင်လာသည့် သမားတော်က အနားသို့ရောက်လာလေသည်။

"မင်းတို့တွေပြောတာက ချောင်ဝူကိုပြောတာလား၊ ဘာအတွက်သုံးဖို့လဲ၊ ဆေးတမျိုးဆိုပေမဲ့လည်း အရမ်းကို အဆိပ်ပြင်းတယ်နော် အဆိုတောင်ရှိသေးတယ် ကြက်ပေါက်လေးတွေရဲ့ အဆိပ်ထက် ပိုပြီး ပြင်းထန်တဲ့အဆိပ်ဆိုတာ မရှိတော့ဘူးတဲ့။ အဲဒါက ချောင်ဝူမြက်ကို ပြောတာပဲ"

ဒီတော့ ဆေးခန်းထဲမှာက ဒီအပင်ကို ချောင်ဝူမြက်လို့ ခေါ်တာကိုး။

ရှန်းလီက တခစ်ခစ် ရယ်မောကာ ရှင်းပြလိုက်လေသည်။

"အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့က သူ့ရဲ့အဆိပ်ကို လိုချင်တာ။ ခင်များတို့သိတဲ့အတိုင်း ကျွန်တော်တို့က မုဆိုးတွေလေ။ ကျွန်တော်တို့သွားမဲ့ ခရီးက တောင်တွေကို ဖြတ်သန်းသွားလာရမှာ ဝံပုလွေ ဒါမှမဟုတ် ကျားတွေလို ဖြစ်လာနိုင်တဲ့ အန္တရာယ်ကိုကာကွယ်ဖို့ လိုအပ်တယ်”

သူတို့က မုဆိုးများဖြစ်သည်ကို ကြားလိုက်သည်တွင် ဆေးခန်းပိုင်ရှင်နှင့် သမားတော်က နားလည်သွားလေသည်။

ထိုဆေးပင်ကို မုဆိုးများနှင့် တခါတလေ စစ်တပ်ထဲတွင်ပင် အသုံးပြုနေကြဖြစ်သည်။ မြားထိပ်တွင်သုတ်လိုက်လျှင် သေလုနီးပါး ဖြစ်စေသည်။

သမားတော်က ခေါင်းခါလိုက်သည်။

"မင်းတို့တွေ ဒါကိုရှောင်နိုင်ရင်တော့ အကောင်းဆုံးပဲပေါ့၊ ဒါက သဘာဝဖြစ်စဥ်နဲ့ ဆန့်ကျင်နေတယ်လေ။ ဒါပေမဲ့ မင်းတို့တွေက တောင်ထဲအနက်ပိုင်းကို စွန့်စားသွားကြမယ် ဆိုတော့လဲ..."

သူက သက်ပြင်းချလိုက်သည်။ "နည်းနည်းပါးပါး ယူသွားတာကလဲ ဉာဏ်ရှိတဲ့အလုပ်ပါပဲ"

"လူသားတွေက ကျားတွေကို မကောင်းတဲ့အကြံအဉာဏ် သဘောထားတွေ မရှိပေမဲ့လဲ ဒါတွေကတော့ လူသားတွေကို အန္တရာယ်ပြုနိုင်သေးတယ်လေ၊ ကြိုတင်သတိထားပြီး ယူသွားတာက အာမခံချက်ရှိတာပေါ့"

ဆိုင်ရှင်က လိုချင်သည့်ပမာဏကို မေးမြန်းလိုက်သည်။ စန်းလော့က ကြွေပုလင်းလေးများနှင့်လုပ်ထားပြီးသား ကုန်ပစ္စည်းလေးငါးခုလောက် ထည့်ဖို့ဆိုလျှင် လိုအပ်သည့်ဆေးပမာဏက မည်မျှရှိနိုင်မည့်အကြောင်း သမားတော်ကို မေးလိုက်သည်။

သမားတော်၏မျက်နှာက အနည်းငယ်အံ့အားသင့်သွားပြီး စန်းလော့က ရှင်းပြလိုက်ကာ ချန်းသရှန်ကလဲ ထပ်ပြောလိုက်လေသည်။

"ဒါက ကျွန်တော့်အမေမိသားစုဘက်က လျို့ဝှက်နည်းလမ်းလေ။ ဒါက ကျွန်တော်တို့ ပထမဦးဆုံးလုပ်တာပါ"

သမားတော်: "... "

"ဒါကို ဘယ်လိုလုပ်ရမယ်ဆိုတာ မင်းတို့တွေ သိတာ သေချာပါတယ်နော်"

ရှန်းလီနှင့်ချန်းသရှန်တို့ကို သေသေချာချာ မေးမြန်းလိုက်ပြီးနောက်တွင် ပြသာနာမရှိသည်ကို ခံစားမိလိုက်ပြီး သမားတော်က ပိုင်ရှင်ကို ဆေးဝါးများပြင်ဆင်ပေးဖို့ ခွင့်ပြုလေသည်။သူသည် မတတ်သာတော့ပဲ မျက်မှောင်ကျုံ့ကာ ထပ်ပြောလိုက်သည်။

"ကိုယ်ဟာ့ကိုယ် ကာကွယ်ဖို့အတွက်ပဲကို ဒီလောက်အများကြီး လိုလို့လား"

သမားတော်၏ စိုးရိမ်စိတ်ကို မြင်လိုက်ရသည်တွင် စန်းလော့က ပြန်ဖြေလိုက်သည်။

"ကျွန်မတို့တွေက တောင်တွေထဲမှာ အချိန်အကြာကြီး နေရလောက်တယ်၊ ကျွန်မတို့ကြားထဲမှာက မုဆိုးတွေ အရည်အချင်းရှိတဲ့မုဆိုးတွေ အများကြီး ရှိတယ်လေ၊ တကယ်လို့ ကျွန်မတို့က ဝံပုလွေတစ်အုပ်နဲ့ ရင်ဆိုင်ခဲ့ရမယ်ဆိုရင် လူတစ်ယောက်စီက ဆေးတစ်ပုလင်းလောက် ဆောင်ထားတာ အကောင်းဆုံးပဲ"

သမားတော်က သူမကို ခဏလောက်ကြည့်လိုက်ပြီးနောက်တွင် ခေါင်းညိတ်ကာ သူ့စားပွဲဆီသို့ ပြန်လျှောက်သွားလေသည်။

စန်းလော့က ပြုံးပြလိုက်၏။ အလုပ်သင်ကလေးက ဆေးဝါးကို ထုတ်ပိုးပေးလာပြီး သူမက ငွေချေလိုက်ပြီးနောက်တွင် သမားတော်အနားသို့ ချဥ်းကပ်သွားကာ လေသံဖြင့်ပြောလိုက်လေသည်။

"ဆရာ စီရင်စုထဲက စပါးစျေးက ဆက်ပြီးတက်သွားဖို့ရှိတယ်။ မြောက်ပိုင်းမှာလဲပဲ တဖြည်းဖြည်းနဲ့ မတည်ငြိမ်တော့ဘူးတဲ့၊ တကယ်လို့ ဖြစ်နိုင်မယ်ဆို စပါးတွေကို ပိုပြီးလှောင်ထားတာက ဉာဏ်ရှိရာကြတယ်"

ထိုစကားကိုပြောလိုက်အပြီးတွင် သမားတော်၏ မသိမသာ ကြောင်အမ်းအမ်း ဖြစ်သွားသည့်အကြည့်အောက်တွင် သူမကပြုံးပြကာ အနည်းငယ်ဦးညွှတ်လိုက်ပြီး ရှန်းလီနှင့်ချန်းသရှန်တို့နှင့်အတူ ပြန်လာခဲ့လိုက်လေသည်။

"မြောက်ပိုင်းမှာ အခြေအနေတွေက မတည်ငြိမ်တော့ဘူး"

စန်းလော့က ထိုစကားများကို တီးတိုးပြောလိုက်ပြီး သမားတော်တစ်ယောက်သာ ကြားလိုက်ရလေသည်။

သမားတော်က တံခါးမှထွက်သွားသည့် သူတို့ကို စောင့်ကြည့်လိုက်ပြီး အချိန်တစ်ခုအထိ စဥ်းစားနေလိုက်ပြီးနောက် ကောင်တာနားက ဆိုင်ရှင်ဘက်သို့လှည့်ကြည့်လိုက်လေသည်။

ရှန်းလီနှင့်တခြားသူများသည် မနက်ခင်းအလယ်လောက်အချိန်တွင် အိမ်သို့ပြန်ရောက်လာကာ စန်းလော့က ကိုယ့်ဟာကိုယ် အချုပ်အလုပ်လုပ်ငန်းများနှင့် အလုပ်များနေပြီး ရှန်းလီနှင့်ချန်းသရှန်တို့ ကတော့ ချန်းအိမ်တွင် မြားအဆိပ်လုပ်သည့်အလုပ်ကို တိုးတိုးတိတ်တိတ် လုပ်နေကြသည်။

နေ့လည်ခင်းရောက်လာကာနီးအချိန်မှာ အဘွားချန်းကို မေးမြန်းလိုက်ပြီးနောက်တွင် ရှီသလန်နှင့်လုအာ့လန်တို့က အဖွဲ့ကို တောနက်ထဲသို့ ဦးဆောင်သွားကာ လေးခွလုပ်ဖို့အတွက် ဝါးများကို သွားခုတ်ကြသည့်အကြောင်း သိလိုက်ရလေသည်။ သူတို့က တချက်လောက် သွားကြည့်လိုက်ကြသည်။

ထိုနေရာတွင် ကလေးတစ်အုပ်ကြားတွင် ထင်သာမြင်သာရှိလှသည့် လူငယ်လေးသုံးယောက်က အားတက်သရော အကူအညီပေးနေကြပြီး ပစ္စည်းများကို လက်ဆင့်ကမ်းပေးနေသည်ကို မြင်လိုက်ရလေသည်။

ရှန်းကျင့်က သူ့ဝမ်းကွဲအစ်ကိုကို မြင်လိုက်ရချိန်တွင် ရှန်းအန်းနောက်သို့ အလိုလို ပုန်းအောင်းနေမိသည်။ ရှန်းယင်နှင့်ရှန်းထျယ်တို့ကလဲ နောက်မှ လိုက်သွားကြလေသည်။

သူတို့တစ်တွဲလုံးက နောက်တွင် ကိုယ်ကိုကျုံ့ထားလိုက်ကြပြီး အားလုံးထံမှ ဖုံးကွယ်ပေးထားသယောင်။ အထူးသဖြင့် အငယ်ဆုံးလေးက အသိသာဆုံးဖြစ်နေတော့သည်။

ရှန်းလီ: "..."

ငါ မမြင်ချင်ဟန်ဆောင်ထားလိုက်ရမလား။ ဒါမှမဟုတ် သူတို့ကို တကယ်ပဲမမြင်သလို နေလိုက်ရမလား။

ရှီသလန်နှင့်လုအာ့လန်တို့က ထိုမြင်ကွင်းကို မြင်လိုက်သည်တွင် ရယ်ချင်စိတ်ကို ကြိုးစားပြီး အောင့်ထားလိုက်ရတော့သည်။

သူတို့သည် အဖွဲ့နှင့်ရွာထဲသို့ပြန်လာကြချိန်တွင် ဒီကလေးသုံးယောက်က ပတ်ဝန်းကျင်တွင် ဆောင့်ကြောင့်လေးထိုင်နေကြပြီး လူများပြန်လာသည့်မြင်ကွင်းတွင် မျက်လုံးများကတောက်ပနေကြကာ သူတို့သည် လူတန်းကြီး၏နောက်ဆုံးမှ မသိမသာ ခိုးလိုက်လာလိုက်သည်ဟု စဥ်းစားမိကြလေသည်။

ရှီသလန်နှင့်လုအာ့လန်တို့က ဘာမှမပြောကြသဖြင့် သုံးယောက်သားက နောက်မှ တိတ်တိတ်လေး လိုက်လာကာ လူကြီးနှစ်ယောက်က မမြင်ကြသလိုနှင့် မျက်လုံးအကြည့်ကို ရှောင်ရှားနေကြလေသည်။

ဒါသည် သနားစဖွယ်လဲဖြစ်သလို ချစ်စရာလည်းကောင်းနေတော့သည်။

တခြားမိသားစုက ကလေးများကလဲ နားလည်မှုတစ်ခုရှိနေသည့်ဟန်ဖြင့် မကြာခဏဆိုသလို ရှန်းကျင့်နှင့်သူ့ညီလေးများကို ကာကွယ်ပေးနေကြသည်။ ရှီသလန်နှင့်လုအာ့လန်တို့က ရယ်ချင်စရာဖြစ်နေသည်ကို တွေ့မိကြသော်လည်း စိတ်ထဲတွင်သဘောကျနေမိလေရာ ကလေးများကြားက ကောင်းမွန်သည့်ဆက်ဆံရေးကို သတိထားမိလိုက်ကြလေသည်။

ရှန်းစန်းနှင့်လီရှီတို့၏ ဆိုးဝါးသည့်ဂုဏ်သတင်း ရှိနေသော်ငြားလည်း ရှန်းလီက ဒီကလေးများအပေါ် အငြိုးအတေးထားမည့်သူ မဟုတ်ချေ။ ထို့ကြောင့် လူကြီးနှစ်ယောက်ကလဲ ဘာမှမသိသလို လျစ်လျူရှုထားလိုက်ပြီး အလိုက်အထိုက် နေလိုက်ကြလေသည်။

ရှန်းလီရောက်ရှိလားပြီး ရှန်းကျင့်နှင့်သူ့ညီလေးများ၏ တုံ့ပြန်ပုံကို မြင်လိုက်ရသည်တွင် ရှီသလန်နှင့်လုအာ့လန်တို့က အော်မရယ်မိအောင် ထိန်းချုပ်ထားရတော့သည်။ ချန်းသရှန်ပင် နောက်မှရောက်လာပြီး ရှန်းစန်းနှင့်လီရှီတို့အပေါ် အထင်အမြင်သေးမိသော်လည်း ညီအစ်ကိုသုံးယောက်ကို မြင်လိုက်သည်တွင် မပြုံးပဲမနေနိုင်တော့ချေ။

ရှန်းလီ: "...."

ရှန်းလီက ရှန်းကျင့်နှင့်သူညီလေးများကို လှမ်းကြည့်လိုက်သည်။ အစ်ကိုအကြီးဆုံး၏ အကြည့်နှင့်ဆုံမိသွားသည်တွင် ရှန်းကျင့်က ချိုမြပြီး အပြစ်ကင်းသည့်အပြုံးတစ်ခုကို ခက်ခက်ခဲခဲဖြင့် စုစည်းလိုက်ပြီး ငယ်ငယ်တုန်းက အပြုံးလေးတစ်ခုနှင့် ဆင်တူနေတော့သည်။

သို့သော်ငြားလည်း ညီအစ်ကိုသုံးယောက်စလုံးက ခါတိုင်းလို အစ်ကိုကြီးဟု အော်မခေါ်ရဲကြပေ။

သူတို့၏အစ်ကိုကြီးက သူတို့မိသားစုကို အသိအမှတ်မပြုတော့ပါဟု ကြေငြာထားခဲ့လေသည်။

ရှန်းအန်းနှင့်ရှန်းနဥ်တို့ကလဲ ပြုံးလိုက်ကြသည်။

ရှန်းလီက လှည့်ထွက်သွားပြီး ဒီမြင်ကွင်းကို စိတ်မပါတော့ကာ ဝါးပစ္စည်းများနှင့်ပတ်သတ်ပြီး မေးမြန်းလိုက်လေသည်။

"အသုံးပြုနိုင်တဲ့အရေအတွက် ဘယ်လောက်ရှိလဲ"

လုအာ့လန်က ပြန်ဖြေလိုက်သည်။

"သုံးခု အဲဒါတွေက လေးကြိုးတတ်ဖို့ပဲ လိုတော့တယ်"

ထိုနောက်တွင် ရှန်းလီက ဝယ်လာသည့်လေးကြိုးများကို ထုတ်လိုက်ပြီး ချန်းသရှန်ကို လေးကြိုးများတပ်ဆင်ဖို့ အချက်ပြလိုက်လေသည်။

ယောက်ကျားသားနှစ်ယောက်စလုံးက လေးခွလုပ်နည်းကို တတ်ထားပြီးဖြစ်ရာ နောက်ပိုင်းတွင် ငယ်ငယ်ကတည်းက လေးနှင့်မြားလုပ်နည်းကို တိုးတိုးတိတ်တိတ် သင်ယူခဲ့ပြီး သူတို့၏လှုပ်ရှားပုံများက ကျွမ်းကျင်ကာတိကျလေသည်။

သူတို့၏ဝမ်းကွဲက သူတို့ကို ဘာမှမပြောဘဲ သူတို့ကိုလျစ်လျူရှုထားသော်ငြားလည်း ထွက်မသွားခိုင်းသည်ကို တွေ့လိုက်ရတော့ တခါက စိုးရိမ်နေကြသည့် ရှန်းကျင့်၊ ရှန်းယင်နှင့်ရှန်းထျယ်တို့သည် တက်ကြွလာတော့သည်။

ရှန်းကျင့်က ရှန်းအန်း၏အင်္ကျီလက်ကိုဆွဲလိုက်ကာ သွားသေးသေးလေးများ ပေါ်သည်အထိ ပြုံးပြလိုက်လေသည်။

ရှန်းအန်းက စိတ်ရှုပ်သွားသည့်ဟန်ဖြင့် သူ့နှဖူးကိုတွန့်လိုက်ကာ သူ့နှာခေါင်းကိုပွတ်သပ်လိုက်ပြီး သူ့အမူအယာက ‘ဟိုဘက်မှာ သွားရီချည်၊ ငါမကြည့်နိုင်တော့ဘူး’ဟု ပြောနေသယောင်။

တွန်းထုတ်ခံလိုက်ရသည်ကို စိတ်ထဲတွင် အနှောက်အယှက်မဖြစ်မိပဲ ရှန်းကျင့်က တခြားကလေးကြီးများ၏နောက်သို့ ဝမ်းသာအားရ တိုးဝေ့သွားကာ သူတို့၏ဝမ်းကွဲအစ်ကိုများ လေးခွများလုပ်နေသည်ကို စောင့်ကြည့်နေလိုက်လေသည်။

လေးခွ။

လေးခွတွေကို ရစ်ငှက်တွေနှင့်ယုန်တွေကို အမဲလိုက်တဲ့နေရာများမှာ သုံးလို့ရသည်။

ဟုတ်ပါသည်။ ရှန်းကျင့်တွင် သူ့ကိုယ်ပိုင်တစ်ခုတော့ မရှိပေ။ ဟူကျီနှင့် တခြားသူများက လေးကြိုးအတွက် ငွေများထောက်ပံ့ပေးခဲ့သည်ဟု သူကြားခဲ့သည်။ ကြည့်ရတာတော့ သူက တစ်ယောက်ယောက်ဆီက လေးခွကို ငှားရမ်းပြီး ကြိုးစားသင်ယူရတော့မည်ထင်သည်။

...

All Chapters