← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အပိုင်း (၁၁၇) ရှန်းကျင့်ကရော ဘယ်လိုလုပ်မှာလဲ

လူတိုင်းက စပါးသယ်ပို့ခြင်းဖြင့် အလုပ်များနေပြီး သက်သက်လွတ်အူကြမ်းအပါအဝင် တို့ဟူးနှင့်တို့ဟူးခြောက်များကို မလွဲမသွေ ရပ်ထားရလေသည်။ စီရင်စုအပြင်ဘက်တွင် ဒုက္ခသည်များ စုပြုံနေသည်ကို ထည့်စဉ်းစားမိတော့ စန်းလော့သည် စီးပွားရေးလုပ်ငန်းများကို ရပ်ထားရန်ဆုံးဖြတ်လိုက်၏။

ယနေ့တွက် မနက်စောစော စုဝေးမှုကြောင့် စားသောက်ဆိုင် တချို့ကို စန်းလော့ အမြဲတမ်းပို့ပေးနေရသည့် တို့ဟူးကိုပင် မပြင်ဆင်ရသေးဘဲ တို့ဟူးခြောက်များနှင့် သက်သက်လွတ်အူကြမ်းကိုသာ ရနိုင်လေသည်။

မူလက ချန်းလောင်ဟန်၊ ချန်းယိုထျန်း၊ လုလောင်ဟန်နှင့် ရှီသလန်တို့သည် ပို့ဆောင်ရန်အတွက် အတူတကွသွားကြ၏။ ယခုတော့ တောထဲတွင် လူတိုင်းရှိသောကြောင့် စီရင်စုသို့သွားရောက်ရန်မှာ စန်းလော့နှင့် ရှန်းလီထံသို့ ကျရောက်လေသည်။ သူတို့သည် ဟန်ဆောင်မှုကိုထိန်းကာ သားမွေးပစ္စည်းတစ်ချို့ကို ရောင်းခြင်းပြီး ဆေးဖက်ဝင်အပင်များကို စုဆောင်းကြရသည်။ ယခုအချိန်တွင် သူတို့သည် တို့ဟူးခြောက်များကို စားသောက်ဆိုင်များသို့ သယ်သွားကာ တို့ဟူးအတွက် စရန်ငွေများ ပြန်အမ်းပြီး နောက်ပိုင်းထောက်ပံ့မှုများ ရပ်ဆိုင်းထားမည့်အကြောင်း သူတို့ကို အသိပေးလိုက်လေသည်။ ရှန်းလီသည် မြို့တံခါးအပြင်ဘက်ရှိ အခြေအနေကို ကိုယ်တိုင်ကိုယ်ကျ အကဲဖြတ်ချင်နေ၏။

အရာအားလုံးကို သဘောတူလိုက်ကြပြီး ဝေလီဝေလင်းအချိန် ရောက်လာတော့မည် ဖြစ်သဖြင့် ရွာသားများ၏အာရုံစိုက်ခံရလျှင် မကောင်းတော့ချေ။ ထို့ကြောင့် လူတိုင်းသည် နှုတ်ဆက်စကားများကို မြန်မြန်ပြောပြီး လမ်းငယ်လေးများမှတစ်ဆင့် လူစုခွဲသွားကြလေသည်။

အိမ်သို့ပြန်ရောက်တော့ ရှန်းအန်းက ချီတုံချတုံမေးလိုက်၏။

"အစ်ကိုကြီး၊ မရီး၊ ဟူကျီ့အမေက ဘာဖြစ်တာလဲ"

နားလည်ဘ အိပ်ပျော်သွားကြသည့် မောင်နှမနှစ်ယောက်သည် နိုးတဝက် အိပ်တဝက်ဖြစ်သွားပြီး အပြင်ဘက်ရှိ စကားဝိုင်း၏ တစ်စိတ်တစ်ပိုင်းကိုသာ ကြားလိုက်ရလေသည်။ သူတို့သည် လူတိုင်း၏ တင်းမာနေသော အမူအရာများကို သတိထားမိပြီး သူတို့အမေ အမှားလုပ်မိသောကြောင့် ခြံထောင့်နားတွင် စိတ်ဓာတ်ကျနေကြဟန်တူသည့် ရွှမ်းကျူးနှင့်ထျယ်ကျိုးတို့ကို တွေ့လေ၏။

စန်းလော့က သူ့ခေါင်းကို အသာလေးပွတ်လိုက်လေသည်။

"သူက ငါတို့မိသားစုတွေ စပါးသိုလှောင်ထားတာကို မတော်တဆ ပြောမိတာပါ။ အဲ့တာကြောင့် အခု ငါတို့ရဲ့စပါးတွေကို တတ်နိုင်သမျှ မြန်မြန်ဖွက်ဖို့လိုတယ်။ အန်းနဲ့အားနဉ်လည်း မှတ်ထားနော်။ ငါတို့မိသားစုရဲ့ကိစ္စတွေကို တစ်ခွန်းမှမပြောမိစေနဲ့။ အဲ့လိုမှမဟုတ်ရင် ငါတို့အသက်တွေကိုပါ အန္တရာယ်ဖြစ်စေမယ့် ကြီးမားတဲ့ပြသာနာ ဖြစ်လာနိုင်တယ်"

မောင်နှမနှစ်ယောက်သည် အခြေအနေ၏လေးနက်မှုအား အပြည့်အဝ နားမလည်သည်ကို သဘောပေါက်သည့်တိုင် ခေါင်းညိတ်ပြလိုက်လေသည်။ သူတို့သည် သတင်းပေါက်ကြားခြင်းက အသက်အန္တရာယ် ဖြစ်စေနိုင်သည့် အကျိုးဆက်များကို ဦးတည်စေသည်ကို စပ်ဆက်မတွေးနိုင်သော်လည်း သူတို့၏မရီးသည် သူတို့ကို လျို့ဝှက်မထားသောကြောင့် မိသားစု၏ကိစ္စတစ်ချို့ကို သတိထားမိကြ၏။

ရိုးရှင်းသောမနက်စာဖြစ်သည့် ပဲနို့နှင့်ကြက်ဥပန်ကိတ်ကို စားပြီးနောက် စန်းလော့သည် တံခါးကို သော့ခတ်လိုက်ပြီး ရှန်းလီနှင့်အတူ စီရင်စုသို့ ကပျာကယာ မထွက်ခွာမီတွင် ရှန်းအန်းနှင့်ရှန်းနဉ်တို့ကို ချန်းသရှန်တို့မိသားစုအိမ်တွင်နေရန် မှာကြားလိုက်လေသည်။

သူတို့၏မောင်နှမအငယ်များကို ခေါ်မသွားလိုခြင်းမဟုတ်ချေ။ သို့သော် ဤတစ်ကြိမ်တွင် စီရင်စုမြို့ အပြင်ထက်စာလျှင် ရွာသည် အများကြီး ပို၍လုံခြုံလေ၏။ ရှန်းလီနှင့်စန်းလော့တို့သည် ထိုနေရာသို့ အသွားအပြန်ခရီးတိုအတွက် အပြည့်အဝပြင်ဆင်ထားလေသည်။

စီရင်စုဂိတ်တံခါးသို့ ရောက်သွားတော့ နေ့အလင်းရောင်ပင် ကောင်းကောင်းရနေပြီဖြစ်သည်။ စီရင်စုအပြင်ဘက်တွင် ယာယီတဲများ ၂၀ မှ ၃၀ခန့်ကို ဖွဲ့ထားပြီးဖြစ်၏။ ချမ်းသာသော စီရင်စုအိမ်ထောင်စုများမှ ပေးသည့် အဝတ်အစားများကို ဝတ်ဆင်ထားပကြဟန်တူသည့် ဒုက္ခသည်များသည် တဲများအနီးတွင် ထိုင်ရင်း၊ မတ်တပ်ရပ်ရင်းဖြင့် တံခါးဝကို မလှုပ်မယှက်ကြည့်နေကြပြီး ယနေ့အတွက် ဝေမျှမည့် ဆန်ပြုတ်ကို စောင့်မျှော်နေကြလေသည်။ သို့သော်လည်း တစ်ချို့ကတော့ မြို့ထဲသို့ ဝင်သွားကြသည့် ဖြတ်သွားဖြတ်လာများကို မခွာတမ်း ကြည့်နေကြသည်။

စပါးရောင်းချခြင်းကို ကန့်သတ်ထားသောကြောင့် စပါးဝယ်နိုင်သော ရွာသားများသည် စီရင်စုသို့ နေ့တိုင်းသွားနေကြသော်လည်း အများအားဖြင့် သန်မာသောယောက်ျား အများအပြားပါသည့် အုပ်စုဖြစ်သည်။

ရှန်းလီနှင့်စန်းလော့တို့သည် တံခါးဝသို့ပင် မရောက်သေးပေ။ ရန်လိုပြီး လောဘကြီးသည့် အကြည့်များဖြင့် ပိတ်ဆို့ခံလိုက်ရသည်။

အထူးသဖြင့် အကြည့်များသည် ရှန်းလီတစ်ယောက် သယ်ဆောင်လာသည့် အရာပေါ်တွင် ကျရောက်နေလေသည်။ ပုံမှန်ထမ်းပိုးတစ်ခုအစား သူသည် လက်နက်တစ်ခုအဖြစ် ထပ်သုံးနိုင်သည်ကို သိသောကြောင့် ပေါက်ပြားကို အသုံးပြုခဲ့၏။ ဝန်၏တစ်ဖက်တွင် ပုဆိန်ဖြင့်ဖုံးအုပ်ထားသော သစ်သားဘောင်တစ်ခုရှိပြီး တစ်ဖက်တွင် ဝက်ဝံနှင့် ဝံပုလွေသားရေများပါဝင်သော တိရစ္ဆာန်သားရေထုပ်ကြီးတစ်ခုဖြင့် ပြည့်လျှံနေသော ခြင်းတောင်းတစ်ခုရှိလေသည်။

မုဆိုးတစ်ယောက်လား။

တစ်စုံတစ်ယောက်သည် ဖိတ်ဖိတ်တုန်နေ၏။

"သူက ဝံပုလွေတစ်အုပ်လုံးကို အမဲလိုက်လာတာလား"

ရှန်းလီ၏ စူးရှပြီး ထိုးဖောက်တော့မည့်အကြည့်နှင့်ဆုံတော့ သူတို့သည် ချက်ခြင်းတွန့်ဆုတ်သွားပြီး ဣန္ဒြေရရနေလိုက်ကြလေသည်။

ဤလူငယ်ကို ပြက်ချော်ချော်မလုပ်သင့်ပေ။

အမှန်ပင် သူ့ထံတွင် အရည်အချင်း အစစ်အမှန်များမရှိပါက ဤအချိန်တွင် မိန်းမငယ်လေးနှင့်အတူ စီရင်စုသို့မည်သူက လာရဲမည်နည်း။

ရှန်းလီသည် မြို့တံခါးအပြင်ဘက်ရှိနေရာကို လေ့လာလိုက်၏။ ချီယန်စီရင်စု အနီးဝန်းကျင်တွင် လူအယောက်၂၀၀ထက်နည်းနိုင်ပြီး ၁၀၀ခန့်ရှိသော ဒုက္ခသည်များရှိနေလေသည်။

အချို့သည် အငြှိုးဖြင့် မကောင်းသောရည်ရွယ်ချက်များ ရှိပုံပေါ်သော်လည်း အများစုသည် မလှုပ်မရှားဘဲ ဆန်ပြုတ်ဝေငှမည့်အချိန်ကို စောင့်နေကြပြီး အရာရှိများထဲမှ ထောက်ပံ့မှုအချို့ကို မျှော်လင့်နေကြ၏။

ရှန်းလီသည် ထိုမြင်ကွင်းမျိုးဖြင့် ရင်းနှီးနေပြီး ချီယန်စီရင်စု၏ မငြိမ်သက်မှုများသည် ငြိမ်သက်နေသော ရေမျက်နှာပြင်အောက်မှ ရေစီးကြောင်းကဲ့သို့ဖြစ်နေပြီး မပေါက်ကွဲသေးသော်လည်း တစ်စတစ်စဖြင့် အဆင်သင့်ဖြစ်နေလေသည်။

မြို့တံခါးအစောင့်များကို ပုံမှန်ထက် ၅ဆမှ ၆ဆအထိတိုးမြှင့်ထားပြီး ယာယီစစ်မှုထမ်းသူ အများအပြားလဲ ပါဝင်၏။ ရှန်းလီ၏ပေါက်တူးနှင့်ပုဆိန်သည် စေ့စေ့စပ်စပ် ကြည့်ရှုနေကြသည့် အကြည့်များကို ဆွဲဆောင်နေသော်လည်း အပြင်ဘက်ရှိအခြေအနေအရ လက်နက်ကိရိယာများဖြင့်လာသော လင်မယားနှစ်ယောက်ကို သာမန်ဟုယူဆသောကြောင့် လက်ပြ၍ သွားခိုင်းလိုက်လေသည်။

စန်းလော့သည် ပစ္စည်းများကိုသယ်ပြီး တုန်းဖူစားသောက်ဆိုင်သို့ အရင်သွားရန် လိုအပ်လေသည်။ ပိုင်ရှင်ရွှီသည် ထိုနေရာတွင် မရှိသော်လည်း စားဖိုမှူးယွီက ထိုအရာများကို လက်ခံယူထား၏။ ရှန်းလီသယ်ဆောင်လာသော တိရစ္ဆာန်သားရေအထုပ်ကို တွေ့တော့ စားဖိုမှူးယွီသည် အံ့ဩသွားလေသည်။

"ဝက်ဝံကို အမဲလိုက်ခဲ့တာလား"

သူ၏ပထမဆုံးတုံ့ပြန်မှု: ဝက်ဝံရဲ့လက်ကရော ဘယ်မှာလဲ။

သူတို့သည် အဆိပ်ကိုသုံးထားသည့်အတွက် အသားကို စားမရသော်လည်း ရှန်းလီသည် အသေးစိတ်ကိုတော့ ရှင်းလင်းမဖော်ပြလိုပေ။ သူသည် ခေါင်းကို အသာလေးခါလိုက်၏။

"မသိမ်းထားလိုက်ဘူး"

စားဖိုမှူးယွီက ရှန်းလီသည် အမဲလိုက်ခြင်းကို အခြားသူများကို ပေးလိုက်ရပြီး သူ၏ဝေစုကို လက်လွှတ်လိုက်ရသောကြောင့် သနားစရာကောင်းသည်ဟု ယူဆလိုက်လေသည်။

လူများသည် မီးဖိုချောင်ထဲတွင် စုဝေးနေပြီး အမဲလိုက်ခြင်းနှင့်ပတ်သတ်ပြီး စူးစမ်းချင်နေကြ၏။ ရှန်းလီသည် အသေးစိတ်မပြောပြဘဲ အဖြေများကိုမရေမရာသာ ဖြေထားလေသည်။

သူတို့၏ကုန်ပစ္စည်းများကို ပို့ဆောင်ပြီး ငွေချေပြီးနောက် သူတို့သည် ဆိုင်ရှင်အား စီရင်စုသို့ နောက်ထပ်ပစ္စည်းများ လာပို့တော့မည် မဟုတ်သည့်အကြောင်း အသိပေးလိုက်၏။

စားဖိုမှူးယွီနှင့်စာရင်းကိုင်က သက်ပြင်းချလိုက်ကြလေသည်။

"ဒီရက်တွေက မပို့တာဘဲ ကောင်းပါတယ်။ စီရင်စုအပြင်ဘက်က မလုံခြုံဘူး။ မြို့ထဲမှာနေတဲ့ ငါတို့တွေတောင် ကြောက်လန့်နေရတယ်။ ဒီအခြေအနေကို ကိုင်တွယ်ဖို့ စီရင်စုအောက်ရုံးတရားသူကြီးက ဘယ်လို စီစဉ်ထားလဲဆိုတာကို သိချင်တယ်။ မြို့တံခါးမှာ ထားထားရုံနဲ့က မသင့်တော်ဘူး"

ဤလူနည်းစုသည် အစိုးရ၏ကိစ္စရပ်များကို ပြောခွင့်မရှိသောကြောင့် သူတို့သည် အနည်းငယ်သာ ညည်းညူလိုက်ကြ၏။

သူတို့၏တာဝန်များဖြင့် အလုပ်များနေကြသော ရှန်းလီနှင့် စန်းလော့တို့သည် ခဏတာစကားပြောပြီးနောက် အခြားစားသောက်ဆိုင်များသို့ သွားရန်ထွက်လာလိုက်ကြသည်။ အားလုံး ပို့ဆောင်ပြီးသွားသည်နှင့် စန်းလော့သည် ရှန်းလီကိုမေးလိုက်၏။

"ဒီတိရစ္ဆာန်သားရေတွေကို ကျွန်မတို့ ဘယ်နေရာမှာရောင်းရမလဲ"

ရှန်းလီသည်လည်း ဤအရာနှင့်ပတ်သက်ပြီး အတွေ့အကြုံ အများကြီးမရှိပေ။ စစ်ထဲသို့မဝင်မီ သူနှင့်ချန်းသရှန်တို့သည် အဓိကအားဖြင့် သားကောင်ငယ်များကို အမဲလိုက်ခဲ့ကြ၏။ အကြီးဆုံးဖမ်းမိသည့်အရာက တောဝက်ဖြစ်ပြီး အများစုကို တုန်းဖူစားသောက်ဆိုင်ကို ပေးပြီး တောဝက်အသားကိုတော့ သားသတ်သမားထံသို့ ရောင်းချခဲ့ကြသည်။ သူသည် သားရေများကို ယခင်က စင်စစ် တစ်ခါမျှမရောင်းဖူးပေ။

"အထည်ဆိုင်မှာ ကြိုးစားကြည့်ရင်ရော ဘယ်လိုလဲ"

သားရေများကို အမှန်တစ်ကယ်ဝယ်သော စီရင်စုရှိ အကြီးဆုံးအထည်ဆိုင်ကို ဦးတည်သွားလိုက်၏။ ဆိုင်ရှင်က သားရေကို စစ်ဆေးကြည့်ပြီးနောက် ပြောလိုက်လေသည်။

"အရည်အသွေးကကောင်းပေမယ့် သားရေထုတ်ထားတာက တော်တော်လေး ဆိုးတယ်၊ ငါ ဒါတွေကိုယူလိုက်ရင် ပြန်ပြင်ဆင်ဖို့လိုတယ်။ ဒါ့အပြင် မြောက်ပိုင်းက ဆူပူမှုတွေကြောင့် နောက်မှာ ဘာဆက်ဖြစ်မလဲဆိုတာ ဘယ်သူသိမှာလဲ။ အခုတော့ ပစ္စည်းတွေအပေါ်မှာ ငွေသုံးရမှာကို ဝန်လေးနေတယ်။ မင်း တကယ်ရောင်းချင်တယ်ဆိုရင် ဝံပုလွေသားရေအတွက် ၁ လျန်ခွဲနဲ့ ဝက်ဝံသားရေအတွက် ၅လျန်ပေးမယ်။ ယူချင်ယူ မယူချင်နေပါ။ တစ်ခြားဆိုင်တွေမှာ သွားရောင်းလို့ရပေမယ့် တစ်ခြားသူတွေက ဝယ်ရဲပါ့မလား"

"တစ်လျန်ခွဲ"

ချန်းဘွားဘွား ပြောစကားအရ သူတို့မိသားစုသည် ယခင်က ဝံပုလွေတစ်ကောင်ကို အမဲလိုက်လို့ရပါက အရည်အသွေးကောင်းသော သားရေသည် ငွေ၇လျန်၊ ၈လျန်ကိုပင် ရနိုင်သည်ဟုဆို၏။ ထိုဈေးနှုန်းသည် ဈေးချခံရပုံပေါ်သည်။

သို့သော် ရှန်းလီသည် သူနှင့်ချန်းသရှန်တို့သည် သားရေများကို ပြုပြင်ရာတွင် မကျွမ်းကျင်ကြောင်းကို သိလေသည်။ ထိုအချိန်တုန်းက သူတို့သည် အလျင်လိုပြီး အကြမ်းထည်နည်းလမ်းကိုသာ ရရှိကြ၏။ သားရေများပျက်စီးသွားသည်မှာ အမှန်ဖြစ်ပြီး လက်ရှိအခြေအနေ မဟုတ်ပင်လျှင် ၄လျန်ဝန်းကျင်လောက်ကိုသာ လက်ခံရန်သာ တွန်းအားပေးခံရမည်ဖြစ်သည်။

ယခုတော့ စစ်ပွဲသတင်းများပျံ့နှံ့နေသောကြောင့် လူတိုင်းသည် စိုးရိမ်နေကြ၏။ ချမ်းသာကြွယ်ဝသူများမှလွဲ၍ ထိုသို့သောပစ္စည်းများကို ဝယ်ရန် စပါးနှင့်ငွေများကို မည်သူက ကိုင်ဆောင်ထားမည်နည်း။

ကုန်သည်များ၏ဝယ်ယူလိုသောဆန္ဒသည် ပုန်ကန်ခြင်းနှင့် ပတ်သက်သည့် ကောလဟာလကိုသာ ကြားကြပြီး မြောက်ပိုင်း၏အခြေအနေ အစစ်အမှန်ကိုမမြင် ရသေးသောကြောင့်ပင် ။ သချန်မင်းဆက်သည် သူတို့၏စစ်အင်အားကို ဆယ်စုနှစ်များစွာကြာ ပြည်သူများ၏ နှလုံးသားထဲတွင် အထင်ကြီးစေခဲ့၏။ သူတို့သည် အစိုးရက ပုန်ကန်မှုကို ချေမှုန်းလိမ့်မည်ဟု လောင်းထားသောကြောင့် ထိုကဲ့‌သို့သော ဈေးလျော့ချိန်တွင် ဝယ်ယူလိုစိတ်သည် မရောင်းနိုင်လျှင် အရှုံးရှိမည် မဟုတ်သော်လည်း ရောင်းနိုင်ပါက အမြတ်အစွန်း အများအပြား ရရှိလိမ့်မည်။

သို့သော် ရှန်းလီသည် အပြင်ဘက်တွင် အမှန်တစ်ကယ် ဖြစ်ပျက်နေသော အရာအားလုံးကို ကောင်းစွာသိထား၏။ တစ်လျန်ခွဲကိုမေ့ထားလိုက်ပြီး ယနေ့တွင် တစ်လျန်လျှင်ပင် ရောင်းရမည်ဖြစ်သည်။

သားရေများကို ကိုင်ထားခြင်းသည်အကျိုးမရှိပေ။ ထိုအရာသည် ချန်းမိသားစုအတွက် ဆားနှင့်ဆေးဝါးဝယ်ရန် အသည်းအသန် လိုအပ်နေသောငွေဖြစ်သည်။ ဤသည်မှာ မထွက်ခွာမီတွင် ချန်းသရှန် မှာထားသည့်ကိစ္စပင်။

ရွာ၏အရေးကိစ္စကို အာရုံရောက်နေသဖြင့် ရှန်းလီသည် ဈေးဆစ်ရန်ရည်ရွယ်ချက်မရှိဘဲ ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပါပြီ၊ အကုန်လုံးကို ရောင်းမယ်"

ဆိုင်ရှင်သည် အံ့အားသင့်သွားပြီးနောက် ဈေးထပ်ပြီး မလျှော့လိုက်ရသောကြောင့် နောင်တရနေ၏။ သို့သော် အလွန်မှ နောက်ကျသွားပေပြီ။ သို့သော်ငြား တစ်လျန်ခွဲကို လက်ခံနိုင်ဆဲပင်။ ပြင်ဆင်မှုတစ်ချို့ကြောင့် သားရေကို အများကြီးပိုရောင်းလို့ရနိုင်ပြီး ထိုအရာများသည် မကြာမီတွင် အချိန်မရွေး ပျက်စီးသွားလိမ့်မည် မဟုတ်ပေ။

ဒါကိုထပ်စဉ်းစားကြည့်ရင်း ရှန်းလီကို ပေးချေရာတွင်ပို၍ အေးအေးသက်သာရှိလေသည်။

သားရေထုပ်ပြီး နှစ်ထုပ်ကို ငွေ၇လျန်နှင့်သာ လဲလှယ်လိုက်၏။ ပိုကောင်းသောအချိန်များတွင် သိူ့မဟုတ် မြောက်ပိုင်းတွင် သားရေတစ်ခုသည် ဤဈေးနှုန်းထက်ပိုရလေသည်။

ရှန်းလီနှင့်စန်းလော့တို့သည် ဘာမှမပြောပေ။ ပိုက်ဆံကိုလက်ခံပြီးနောက် သူတို့သည် ဆေးဆိုင်သို့ အလျင်အမြန်သွားလိုက်ကြ၏။

ယခင်က စန်းလော့ဝယ်ခဲ့သောဆေးပမာဏနှင့် ဆေးဆရာကြီးကို ပြောခဲ့သောစကားများသည် နှစ်ပတ်ကြာသွားပြီဖြစ်သည့်တိုင် ဆေးခန်း၏ဆိုင်ရှင်နှင့် ဆေးဆရာကြီးတို့သည် သူတို့ကို ချက်ခြင်းမှတ်မိလေသည်။

အဆိပ်မြှားပြုလုပ်သည့် ပါဝင်ပစ္စည်းများအပါအဝင် တူညီသော ဆေးစာနောက်တစ်သုတ်ကို ဝယ်ယူလိုသည်ကိုကြားတော့ ဆိုင်ရှင်နှင့်ဆေးဆရာနှစ်ယောက်လုံး သက်ပြင်းချလိုက်ကြ၏။

"ငါနဲ့လိုက်ခဲ့ပါ"

ဆေးဆရာက ပြောလိုက်၏။

ထို့နောက် ဆေးဆရာကြီးသည် တစ်ဖက်ကို လှည့်ပြီး ဆေးညွှန်းစရေးလိုက်သည်။

စန်းလော့နှင့်ရှန်းလီတို့သည် ဆေးဆရာကြီးနောက်မှ လိုက်သွားပြီး ဆေးဆရာသည် စုတ်တံကို ကောက်ယူပြီးနောက် မေးလိုက်၏။

"ဒီနေ့ မင်းတို့က ဆေးညွှန်း ဘယ်နှစ်ခုလိုအပ်တာလဲ"

"တစ်ခုပါပဲ"

ဆေးဆရာက ခေါင်းညိတ်ပြလိုက်ပြီး ဆေးစာအကြမ်းကို စတင်ရေးကာ သေသပ်သောစကားလုံးများနှင့် သက်ဆိုင်သောလက္ခဏာများကို အသေးစိတ် ချရေးနေ၏။

ဆေးညွှန်းများကို ရေးပြီးသည်နှင့် နောက်ဆုံးစာလုံး မှင်ခြောက်ရန် စောင့်နေရင်း စန်းလော့နှင့်ရှန်းလီတို့ကို ကြည့်လိုက်လေသည်။

"ဆေးတွေအများကြီး သိုလှောင်တာက ခရီးရှည်ကြီးအတွက်မဟုတ်ဘဲ ကပ်ဘေးကို ရှောင်ဖို့တောထဲကို ဆုတ်ခွာဖို့အတွက်မလား"

ဆေးဆိုင်ထဲတွင် ဆိုင်ရှင်နှင့် အလုပ်သင်ဆေးစပ်သမားမှလွဲ၍ မည်သူမျှမရှိပေ။ ဆေးဆရာသည် အသံတိုးတိုးလေးဖြင့်ပြောသော်လည်း ရှန်းလီနှင့် စန်းလော့တို့သည် တဒင်္ဂသတိအနေအထား ဖြစ်သွားပြီးနောက်မှ ချက်ချင်း စိတ်ပြေလျော့သွားပြီး

"ဆရာကြီးက ဟာသပြောနေပြန်ပါပြီ"

ဆေးဆရာက လက်ကာပြလိုက်၏။

"ငါက စပ်စုတာတော့ မဟုတ်ဘူး။ ငါပြောချင်တာက မင်းက တောင်ပေါ်မှာနေထိုင်ပြီး ဒီဆေးကို အမဲလိုက်ဖို့အတွက်သုံးတဲ့အခါ သားကောင်က စားလို့ရတယ်။ အဆိပ်ရှိတဲ့အပိုင်းကိုပဲ ဖြတ်ထုတ်လိုက်ပြီး ကျန်တာကို ချက်ပြီးတာနဲ့ စိတ်ချလက်ချစားလို့ရတယ်"

အစပိုင်းတွင် သူ့အကြံကို ဝေမျှရန်တုံ့ဆိုင်းနေခဲ့ပြီး ဆေးဆရာကြီးသည် သူတို့၏အသက်အန္တရာယ်ကို စိုးရိမ်မိသဖြင့် ဆေးဝါး၏အကျိုးကျေးဇူးကို တစ်လွဲအသုံးမပြုလိုပေ။

"အသက်ရှင်‌နေထိုင်ရာမှာ စိုးရိမ်စရာရှိရင် ပန်းပင်နဲ့တိရစ္ဆာန်တွေရဲ့ အန္တရာယ်ကို ဘယ်သူက ဂရုစိုက်မှာလဲ"

ရှန်းလီနှင့်စန်းလော့တို့သည် တဒင်္ဂ မှင်သက်အံ့ဩသွားကြပြီး ဝမ်းသာအားရဖြင့် ကျေးဇူးတင်စကား ပြောလိုက်ကြလေသည်။ သို့သော် ဆေးဆရာသည် ကြားဖြတ်ပြောလိုက်၏။

"ကျေးဇူးတင်စရာ မလိုပါဘူး။ မင်းတို့ ငါ့ကို ကျေးဇူးပြန်ဆပ် ချင်တယ်ဆိုရင် ပြန်ပြီး ငြိမ်းချမ်းလာတာနဲ့ ဒီနည်းလမ်းနဲ့ အမဲလိုက်တာကို ရှောင်ပေးပါ။ ဒါမှပဲ ငါအသက်ကြီးလာတဲ့အခါ အပျက်သဘောဆောင်တဲ့ ကံတွေနည်းသွားမှာ"

ဆေးဆရာသည် ကံနှင့်ပြန်ဝင်စားခြင်းကို အသေအချာ ယုံကြည်လေသည်။

ရှန်းလီသည် လေးလေးနက်နက်ဖြင့် ရိုသေစွာဦးညွတ်လိုက်၏။

"သင်ကြားပြသပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ ဆရာ။ ဒါကို ကျွန်တော့စိတ်ထဲမှာ မှတ်ထားပါ့မယ်"

ဆေးဝါးများပြင်ဆင်ပြီးသည်နှင့် ရှန်းလီသည် ထိုအရာများကို သိမ်းဆည်းလိုက်ပြီးနောက် ဆေးဆရာကိုနောက်တစ်ကြိမ်ဦးညွတ်ကာ သူနှင့်စန်းလော့သည် ဆေးဆိုင်မှထွက်ခွာလာကြလေသည်။

သူတို့ထွက်ခွာသွားသည်ကိုကြည့်ပြီး ဆေးဆိုင်ပိုင်ရှင်နှင့် ဆေးဆရာတို့သည် အကြည့်ချင်း ဖလှယ်ကြပြီးနောက် စဉ်းစားတွေးတောကာ ပြောလိုက်၏။

"ငါတို့လည်းပဲ အဆိုးဆုံးအတွက် ပြင်ဆင်ထားသင့်တယ်"

အငယ်ဆုံး ဆေးဆိုင်အကူလေးပင်လျှင် ရတက်မအေးဖြစ်နေ၏။

"ဖရိုဖရဲအခြေအနေတွေက တစ်ကယ်ပဲ ဖြစ်လာနိုင်တာလား။ မကြာသေးခင်က စစ်ပွဲတွေ ရှုံးနေပေမဲ့ သချန်မင်းဆက်က အမြဲတမ်းအင်အားကြီးတယ်လေ"

……

ဆားအိတ်ကြီးနှစ်အိတ်ကို ဝယ်ယူပြီးနောက် အိမ်၌ ဂျုံမှုန့်နှင့် ကောက်ညှင်းဆန်များကို သိုလှောင်ထားသည်ကို စဉ်းစားမိတော့ စန်းလော့နှင့် ရှန်းလီတို့သည် ပြန်ထွက်လာကြလေသည်။

မြို့တံခါးနားအရောက်တွင် ရှန်းလီကရပ်လိုက်ပြီး ရွာသားတစ်ချို့ကို အတူတူ ပြန်ကြဖို့ မေးမြန်းလိုက်ပြီး စန်းလီရွာမှ လာသည့်အဖွဲ့နှင့် ပေါင်းကာ လိုက်သွားပြီး သန်မာကြံ့ခိုင်သည် ယောက်ျားသားများ ပါဝင်သည့် မြင်ကွင်းက အပြင်လူများ၏ မကောင်းသည့် စိတ်ကူးများကို အားပျက်သွားစေလေသည်။

အဓိကလမ်းမကြီးအတိုင်း ပြန်လာခဲ့ကြပြီး သူတို့၏သရုပ်ဆောင်ခြင်းကို ပြီးမြောက်အောင် ဆောင်ရွက်ရန် တစ်အိမ်ချင်း အလည်အပတ် သွားလိုက်သည်တွင် ရွာသူရွာသားများသည် သူတို့ရှာတွေ့ထားသော စီရင်စုက ရေရှည်လုပ်ကိုင်နိုင်သည့် အလုပ်အကြောင်းကို အားကျစွာဖြင့် မေးမြန်းကြလေ၏။

စန်းလော့ထံမှ တုံ့ပြန်မှုအနည်းငယ်ကိုရပြီးနောက် သူတို့သည် ချန်းမိသားစု၏အိမ်သို့ ဝင်သွားကြလေသည်။

သူတို့သည် ဆား၊ ဆေးဝါးများနှင့် ကျန်ရှိနေသောငွေများကို ချန်းအဘွားထံသို့ လွှဲပြောင်းပေးလိုက်၏။ ရှန်းလီ ပြန်ရောက်လာသောကြောင့် ကလေးများ၏လေ့ကျင့်ရေးကို ပြန်စတင်ပြီး သတင်းမှာလည်း အခြားမိသားစုများထံသို့ ပျံ့နှံ့သွားလေသည်။ လူငယ်လေးများနှင့် ခိုးကြောင်ခိုးဝှက်လေး လိုက်ပါလာသူမှာ ရှန်းကျင့်ပင်။

စန်းလော့သည် ချန်းမိသားစုအိမ်တွင်နေခဲ့ပြီး ရှန်းကျင့်သည် အဖွဲ့တွင်ပါဝင်ရန် ခိုးကြောင်ခိုးဝှက်လး လုပ်နေရသည်ကို သတိထားမိတော့ စိတ်အနှောင့်အယှက် ဖြစ်သွားလေသည်။ အခြားသူများနှင့် ပြန်ပေါင်းရဖြင့် ဝမ်းသာလုံးဆို့သော သူ၏ပျော်ရွှင်မှုကို ကြည့်ရင်း သူမသည် စိုးရိမ်လာမိ၏။

သူမက ရှန်းမိသားစုအိမ်ဘက်သို့ မသိမသာလက်ဟန်ခြေဟန်ပြကာ အဘွားချန်းကို တိုးတိုးလေး မေးလိုက်လေသည်။

"အဘွား၊ အခုတလော သူတို့တွေ စပါးဝယ်ယူခဲ့သေးလား"

ရှန်းကျင့်ကို သတိထားမိသည့် အဘွားချန်းလည်း စန်းလော့၏မေးခွန်းကို သက်ပြင်းချကာ ခေါင်းခါရင်း တုံ့ပြန်လိုက်လေသည်။

"သနားစရာကောင်းတဲ့ကလေးတွေက အဲ့လိုဂရုမစိုက်တတ်တဲ့ မိဘမျိုးနဲ့ နေနေရတယ်လို့ဟယ်"

ထို့နောက် သူမသည် မကြာသေးခင် ပြန်ရောက်လာသည့် လီရှီနှင့် သူမထွက်သွားထဲက ရှန်းစန်းတစ်ယောက် လုံးဝစိုးရိမ်စရာမရှိတော့ဘဲ အိမ်နားတစ်ဝိုက်တွင် စိတ်လွတ်ကိုယ်လွတ်နေပြီး သူ့တာဝန်များကို လျစ်လျူရှုထားပုံများအား စန်းလော့ကို တိတ်တဆိတ် မျှဝေလိုက်လေသည်။

အငယ်လေးထျန်းယာသည် ဆောင်းတွင်းတစ်တွင်းလုံး သူ့အစ်ကိုများကိုသာ လုံးဝမှီခိုအားထားခဲ့ရ၏။

ဆူပူမှုများအတွင်း ရှန်းမိသားစု၏ တတိယအိမ်ထောင်စု အခြေအနေကို သေချာမသိသော်လည်း ချန်းအဘွားသည် အခြားအိမ်ထောင်စုနှစ်ခု၏ ကိစ္စရပ်များကို ကောင်းစွာသိသောကြောင့် နှုတ်ဆိတ်နေလေသည်။

……

ညနေခင်း၌ ခြံဝင်းထဲတွင် ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် အငယ်လေးနှင့်အတူ ရှန်းကျင့်လဲပါဝင်ကာ စာဖတ်လေ့ကျင့်နေကြပြီး မီးဖိုချောင်ထဲတွ င်ညစာပြင်ဆင်နေသည့်စန်းလော့က ရှန်းလီကို တိတ်တဆိတ် မေးလိုက်၏။

"ဒီမနက်တုန်းက ကျွန်မ အဘွားချန်းကို မသိမသာလေးမေးခဲ့တယ်။ ရှင့်ရဲ့ဦးလေးနဲ့အဒေါ်က စပါးမဝယ်ရသေးဘူးတဲ့။ ရှန်းကျင့်နဲ့တစ်ခြားသူတွေက ဘာဖြစ်သွားမှာလဲ"

လင်မယားနှစ်ယောက်၏ အငြင်းအခုံသည် ဈေးနှုန်းမတက်ခင် ပဲစေ့များဝယ်ရမည့် အခွင့်အရေးလွတ်သွားရာမှ အစပြု၏။ သူတို့၏ရန်ပွဲပြီးချိန်တွင်ပင် လီရှီသည် စပါးဈေးများ အလွန်မြင့်သည်ကို စဉ်းစားရင်း ဝယ်ယူရန်တွန့်ဆုတ်နေလေသည်။ သူတို့သည် ကျန်ရှိနေသော သိမ်းထားသည့် အစေားအသောက်ကို အားကိုးကာ အကောင်းမြင်ရင်း သူတို့၏တာဝန်ကို ဆက်လက်ထမ်းဆောင်ကြ၏။

ရှန်းကျင့်၏ နေ့တိုင်းလာရောက်ခြင်းသည် ရှန်းလီအတွက် စိတ်အေးရစေ၏။ နေ့ဘက်တွင် လေးခွပစ်သည့် အတတ်ပညာများနှင့် ငှက်ထောင်သည့်နည်းများကို သူ့အား သင်ပေးရင်း သူပြုစုပျိုးထောင်ခဲ့သော မောင်နှမငယ်များကို လျစ်လျူမရှုနိုင်ဘဲ စိတ်ထဲတွင်လည်း ပြိုကွဲနေသလိုခံစားရလေသည်။

ရှန်းမိသားစု၏ တတိယအိမ်ထောင်စုကို အတူတူခေါ်သွားဖို့က မဖြစ်နိုင်ပေ။

သူသည် သူ့မောင်နှမဝမ်းကွဲများကို ဂရုစိုက်နိုင်သော်လည်း သူတို့၏မိဘများအပေါ်တွင် နက်ရှိုင်းသောအာဃာတများကို တေးထားလေသည်။ ကလေးများသည် တစ်ကယ်ပင် သူတို့၏မိဘများထံမှ ခွဲထွက်နိုင်မည်လား။

သူ သဘောတူရင်တောင် ရှန်းကျင့်နဲ့သူ့ညီအစ်ကိုတွေကရော သဘောတူနိုင်ပါ့မလား။

ဤလောကကြီးတွင် ထူးထူးခြားခြား ရက်စက်ကြမ်းကြုတ်သော မိဘမျိုးမဟုတ်ပါက သားသမီးများသည် သင်နှင့်မည်မျှပင် ရင်းနှီးစေကာမူ အရေးကြုံလာပါက သူတို့၏မိဘများကိုသာ တမ်းတကြလိမ့်မည်။ ဤသည်မှာ ကလေးများအားလုံး လက်ခံသည့် အမှန်တရားပင်။

ထို့ကြောင့် ရှန်းလီသည် အကြောင်းအရာကို အစပင်မဖော်ခဲ့ပေ။ အမဲလိုက်နည်းကိ သင်ပေးတာက အကြောင်းတစ်ခု။ ဒါပေမဲ့ ထွက်ပြေးဖို့ တိုင်ပင်တာကြတော့ရော။ ဒါကျတော့ ရှန်းကျင့်အတွက် ယူရမဲ့တာဝန်တွေ အရမ်းများသွားလိမ့်မယ်။ ဒီအစီအစဉ်ကိုကော သူ့မိဘတွေကို ဖုံးကွယ်ထားနိုင်မှာလား။

ရှန်းမိသားစု၏ တတိယအိမ်ထောင်စုနှင့် လီရှီတို့နှင့် ပတ်သက်လိုသောဆန္ဒကို မေ့ထားလိုက်တော့သည်။ ဤအစီအစဉ်ပေါက်ကြားသွားပါက အကျိုးဆက်များကို တွေးရုံမျှဖြင့် အထူးသဖြင့် သူတို့၏သဘောသဘာဝကို စဉ်းစားကြည့်ခြင်းကပင် တုန်လှုပ်စရာကောင်းပေသည်။

မိသားစုငါးစုသည် အတူတကွ ပေါင်းစည်းထားကြ၏။ သူသည် သူကိုယ်တိုင်နှင့် အခြားသူများအတွက် အန္တရာယ်ဖြစ်စေနိုင်မည်ကို မစွန့်စားဝံ့ပေ။ ထိုသို့မဟုတ်ပါက သူသည် ဝမ်ချွင်းညန်နှင့် ထူးမခြားနားဖြစ်သွားပေလိမ့်မည်။

ခြံဝင်းထဲရှိ ရှန်းကျင့်၏ မသိနားမလည်ပဲ ပျော်ရွှင်နေပုံကို မျက်မြင်တွေ့နေရသည်တွင် နှစ်ယောက်လုံးသည် ငေးစိုက်ကြည့်ရင်း ငြိမ်သက်သွားကြလေသည်။

……

လပြက္ခဒိန်၏ ၁၂လမြောက် ၂၃ရက်နေ့၌ နှစ်သစ်ကူးပွဲတော်အကြိုတွင် မိသားစုငါးစုလုံးသည် မိသားစုဝင် အများစုက တောထဲတွင် ရောက်နေကြသဖြင့် အများကြီးမပြင်ဆင်ခဲ့ပေ။ သည်နေ့တွင်တော့ လုမိသားစု၏ ခမည်းခမက်အဖြစ် ရွာသားများက ကောင်းစွာသိကြသော ရှီလီရွာမှ အမျိုးသမီးနှစ်ဦးသည် သူတို့၏ဆွေမျိုးများထံသို့ ခြင်းတောင်းတစ်လုံးဖြင့် အလည်အပတ် ‌ရောက်လာလေတော့သည်။

...

အပိုင်း (၁၁၈) ခမည်းခမက်နှစ်ယောက် ပွတ်တိုက်မှု

သမီးယောက္ခမနှစ်ယောက်က ရွာထဲတွင် ဖြတ်လျှောက်လာစဥ် ဟန်ရေးပြပြီး သူတို့နှင့်တွေ့သမျှလူတိုင်းကို ဖော်ဖော်ရွေရွေ နှုတ်ဆက်နေသည်။ သူတို့မြေးလေးထံ အလည်လာသလားဟု မေးကြသသည်တွင် ဝမ်ရှီက နွေးနွေးထွေးထွေးဖြင့် ပြန်ဖြေသည်။

"ဟုတ်ပါ့ မတွေ့တာကြာပြီလေ၊ ကျွန်မသူ့ကို တော်တော်လေး သတိရနေလို့ပါ"

သူမ၏ အသံက ထူးထူးခြားခြား နွေးထွေးကာ ဖော်ရွေလို့နေသည်။

လူမရောက်သေးခင်မှာပင် သူတို့၏အသံက လုအိမ်အထိပင် ရောက်နေတော့သည်။ လုအဘွားက အသံကိုကြားလိုက်သည်တွင် ချက်ခြင်း နားစွင့်ထားလိုက်၏။

ဝမ်မျိုးနွယ် သမီးယောက္ခမနှစ်ယောက်ကို အချိန်တော်တော်လေးကြာအောင် စောင့်လိုက်ရသည်။

လုအဘွားက သူမ၏ အဝတ်အစားများကို ပြင်ဆင်လိုက်ပြီး စပါးသိုလှောင်ထားသည့်တံခါးကို သေချာအောင် လုပ်ထားလိုက်သည်။ သူမ၏ အဝတ်အစားများကို ပြန့်နေအောင်ဆွဲဆန့်လိုက်ပြီး သူမ၏ မျက်နှာထားကိုလဲ တည်ထားလိုက်သည်။

ဝမ်မျိုးနွယ် သမီးယောက္ခမက ခြံဝန်းထဲသို့ဝင်လာသည်နှင့် သူတို့က နွေးနွေးထွေးထွေး နှုတ်ဆက်ကြသည်။

"ခမည်းခမက်"

လုအဘွားက သူမ၏ ဆယ်စုနှစ်ကြာအောင် မကျေနပ်ချက်များကို ဖုံးကွယ်ထားလိုက်ကာ ခါတိုင်းလိုပဲ အပြုံးတစ်ခုဖြင့် ကြိုဆိုလိုက်သည်။

"အိုး ကလေးတွေရဲ့အဘွားနဲ့အဒေါ် ရောက်လာပြီလား။ လာပါအုံး ထိုင်ကြပါ"

အပြုံးတစ်ခုဖြင့် သူတို့ကို ပင်မဆောင်ဆီသို့ ခေါ်လာရင်း သူမက ဝမ်အဘွားသယ်လာသည့်ခြင်းတောင်းကို လှမ်းကြည့်လိုက်သည်။ ပိတ်စဖြင့် အုပ်ထားသဖြင့် အထဲကပါဝင်ပစ္စည်းကို မတွေ့ရချေ။

ဝမ်အဘွားက တော်တော်လေး ဉာဏ်များလှသည်။ သူမသည် သူမချွေးမ၏ မိသားစုများကို မည်သို့ဆက်ဆံသည်ကိုတော့ လုအဘွားက မသိချေ။ သို့သော်ငြားလည်း သူမက လုမိသားစုသို့ အလည်အပတ် လာသည့်အချိန်၌ အမြဲတမ်း ခြင်းတစ်လုံးကို ယူလာတတ်သည်။ ရွာသားများကတော့ ဒါကို လေးစားသမှုရှိသည်ဟု ထင်ကြပေလိမ့်မည်။ သူမက အမှန်တွင်တော့ အထဲက ဘာပစ္စည်းကို ဘယ်တုန်းကမှ ထုတ်မလာသည်ကိုတော့ သိကြလမ့်မည်မဟုတ်ပေ။

သူမက အလင်းရောင်အကောင်းဆုံး ရရှိသည့် ပင်မဆောင်၏ တံစက်မြိတ်အောက်ဆီသို့ သမီးယောက္ခမနှစ်ယောက်ကို ခေါ်ထိုင်လိုက်သည်။ ရွာထဲတွင် အလည်လာသူများကို တံစက်မြိတ်အောက်တွင် ထိုင်ပြီးစကားစမြည်ပြောသည်က ပုံမှန်ပင်။

လုအဘွားက ရေနွေးနှစ်ခွက်ထည့်ပေးရန် မီးဖိုဆောင်ဆီသို့ သွားလိုက်ပြီး ရယ်ရယ်မောမော ပြောလေသည်။

"ဒီနေ့က နှစ်သစ်ကူးအကြိုနေ့ပဲ ရှင်တို့မိသားစုက အလုပ်မများကြဘူးလား၊ ဘယ်လိုဖြစ်ပြီး ကျွန်မတို့ဆီကို အလည်ရောက်လာဖို့ အချိန်ရရှိလေသလဲ"

ပင်မဆောင်က မီဖိုချောင်မှ ခြေလှမ်းအနည်းငယ်သာ ကွာဝေးလေသည်။ ဝမ်ရှီက သိသိသာသာ ပတ်ပြီးတော့ လျှောက်မသွားရဲချေ။ သူတို့က လုအဘွားမီးဖိုချောင်ထဲမှ ထွက်မလာမချင်း အခန်းကို စူးစမ်းကြည့်နေကြသည်။ သူတို့၏အမူအယာကို မြန်မြန် ပြန်ပြင်ထားလိုက်ပြီး ရယ်ရယ်မောမော ပြောလိုက်၏။

"သန့်ရှင်းရေးလုပ်တာနဲ့ မီးဖိုချောင်ကိစ္စတွေကို ချွေးမက တာဝန်ယူထားတယ်လေ။ ချွန်းညန်က အိမ်ကိုမလာတာ ၂ပတ်ကျော်သွားပြီဆိုတော့ ကျွန်မက သူ့ကိုလာတွေ့တာ။ ရှင်တို့အိမ်က တိတ်ဆိတ်နေပါလား၊ အားလုံးက ဘယ်ရောက်နေကြတာလဲ၊ ချွန်းညန်ရော သူ့ယောင်းမရော မရှိကြဘူးလား"

လုအဘွား၏ မျက်နှာက အပြုံးဖြင့် လင်းလက်နေသည်။

"ကျွန်မတို့မိသားစုက ကံကောင်းတယ်လို့ ပြောရမယ်။ စီရင်စုမှာ လုပ်ငန်းလေးတစ်ခုရှိတဲ့အကြောင်းကို ကျွန်မတို့ ရှင့်ကိုပြောပြဖူးတာ မှတ်မိတယ် မဟုတ်လား။ ချွန်းညန်က ဒီအကြောင်းကို သေချာပေါက် ပြောပြမှာပါ"

ဝမ်ရှီနှင့်သူမ၏ချွေးမမှာ အလန့်တကြား ဖြစ်သွားတော့သည်။

ယောက္ခမဖြစ်သူ၏ ငွေနှင့်ပတ်သတ်လာလျှင် လျှို့ဝှက်ပြီးသူမကို သူခိုးတစ်ယောက်လို နှိုင်းယှဥ်ကာ စကားတစ်ခွန်းမှ အပြင်ကို ဘယ်တော့မှ ထုတ်ပြောခွင့်မပြုသည့်အကြောင်း ဝမ်ချွန်းညန်က ငြီး ငြီးငြူငြူ ပြောတတ်သည်ကို သူတို့က မကြာခဏ ကြားကြသည်။

ဝမ်ရှီသည် အောင့်သက်သက် ဖြစ်သွားသော်ငြားလည်း သမီးဖြစ်သူက ခမည်းခမက်ဆီကို တခုခုများ ထုတ်ပြောမိလေသလား သေချာမသိလေရာ နောက်ထပ်ပြောမည့်စကားကို သိချင်သွားသဖြင့် သူမက မသဲမကွဲ ရယ်မောလိုက်လေသည်။

"နည်းနည်းပါးပါး ဟိုတစ်လုံးဒီတစ်လုံးတော့ ကြားပါတယ်။ ဒါပေမဲ့ အတိအကျတော့ မဟုတ်ပါဘူး။ ဒါနဲ့ အိမ်မှာ ဘယ်သူမှမရှိတာက ဘာဆိုင်လို့လဲ"

အဘွားလုက သူမ သရုပ်ဆောင်နေသည်ကို သတိ ထားမိသော်လည်း မသိချင်ဟန်ဆောင်ကာ နွေးနွေး ထွေးထွေး ပြုံးလေသည်။

“အင်းလေ ကျွန်မတို့မိသားစုက စီရင်စုမှာ လုပ်ငန်းငယ်လေးတချို့ လုပ်နေတာ ကျွန်မတို့က ကံကောင်းပြီး လူနည်းစုနဲ့ တွေ့ဆုံခဲ့တယ်လေ။ အခုတလော ကျွန်မတို့က ပစ္စည်းသယ်ပေးတဲ့ အလုပ်လုပ်နေတာ၊ အသိတစ်ယောက်ရဲ့ မိတ်ဆွေက ဥယျာဥ်ကြီးတစ်ခု ဆောက်ဖို့ လုပ်အားလိုနေတယ်တဲ့။ ဒါတွေအားလုံးကလဲ အလုပ်ကြမ်းပါပဲ။ ကျွန်မတို့ အသိတစ်ယောက်ဆီက သတင်းကြားလိုက်တာလေ၊ စီရင်စုမှာလဲ ဖရိုဖရဲဖြစ်နေတာဆိုတော့ အဲဒီ့ကိုနေ့တိုင်းသွားလာနေတာက မလုံခြုံဘူးလေ။ အခု အလုပ်သမားသွားလုပ်တာက ပိုပြီးတော့ လုံခြုံတာပေါ့၊ ကျွန်မတို့အိမ်မှာ အလုပ်လုပ်နိုင်တဲ့သူတွေအားလုံး သွားကြတယ်လေ၊ ချွနးညန်နဲ့လျိုညန်ကလည်း သဲနဲ့မြေကြီးတွေကို သယ်ကူပေးကြတာပေါ့၊ လုပ်အားခကတော့ ယောက်ကျားသားတွေထက် နည်းပါတယ်။ ဒါပေမဲ့လည်း ဒါကလဲ ငွေပဲမဟုတ်လား။ ကျွန်မတို့တွေက ဒါကိုစုဆောင်းထားရတာ စပါးထပ်ဝယ်နိုင်အောင်လို့လေ၊ စပါးကလဲ အခုအရမ်းစျေးကြီးနေတာပဲ”

ခဏလောက် ရပ်တန့်လိုက်ပြီးနောက် သူမက စကားလမ်းကြောင်း လွဲလိုက်တော့သည်။

"ဒါနဲ့ စကားမစပ်၊ ခမည်းခမက်ကရော စပါးတွေဝယ်ထားတာ ရှိသလား"

ဝမ်ရှီက ခေါင်ခိုက်နေသည့် စပါးစျေးကို မတတ်နိုင်မှန်း သိလေသည်။ ဒီလောက်အများကြီးကို မည်သူက သုံးနိုင်ပါမည်နည်း။ အထူးသဖြင့် သမီးဖြစ်သူ၏မိသားစုက စပါးများကို သိုလှောင်ထားပြီးပြီ မဟုတ်ပါလား။ သူတို့၏ လိုအပ်သည့်ပမာဏကို စဥ်းစားမိရုံဖြင့် သူမမှာ ရင်ခုန်လာတော့သည်။ သူမ၏မျက်လုံးများက အဘွားလု သေသေချာချာ သော့ခတ်ထားသည့် အနောက်ဘက်အခန်းဆီသို့ ခိုးကြည့်မိတော့မတတ် ဖြစ်သွားတော့သည်။ သို့သော်ငြားလည်း သူမက ကိုယ့်ဟာကိုယ် အိဒ္နြေပြန်ဆယ်ထားလိုက်ပြီး

"ကျွန်မတို့တွေ လှောင်ထားပါတယ်။ ဒါပေမဲ့လည်း ရဖို့က လွယ်တော့ မလွယ်ဘူးပေါ့။ အရမ်းစျေးကြီးတယ်လေ၊ သူတို့တွေက တနေ့ကို နည်းနည်းလေးပဲ ကျွန်မတို့ကို ပေးဝယ်တာ၊ နောက်ပြီးတော့ စီရင်စုကို သွားတဲ့လမ်းကလဲ အခုဆိုရင် မလုံခြုံတော့ဘူး"

ဝမ်မိသားစု၏ချွေးမအကြီးက ယောက္ခမဖြစ်သူက လွတ်သွားသည့်နေရာကို မြင်လိုက်သည်တွင် စကားကိုဖြတ်ပြီး ပြောလိုက်လေသည်။

"အဒေါ်ရယ် အဒေါ်တို့မိသားစုက ဘာအလုပ်ကြမ်းမျိုးလုပ်နေတာလဲ၊ သူတို့တွေက နေ့တိုင်း ဘယ်လောက်ရကြလဲ၊ တခြားသူတွေရော ဝင်လုပ်လို့ရလား"

အဘွားလုက ပြန်ဖြေသည်။

"အလုပ်ရဖို့က မလွယ်ဘူး၊ ကျွန်မတို့တောင်မှ ဒီအလုပ်ရဖို့ဆိုတာ မိတ်ဆွေတစ်ယောက်ရဲ့ ကျေးဇူးကြောင့်ပါ။ အခုဆိုရင် ၁၀ရက်တောင် ကျော်သွားပြီလေ နေရာအားလုံးက ပြည့်သွားပြီ"

ထို့နောက်တွင် သူမက သိမ်မွေ့သော်ငြားလည်း အားတက်သရောဟန်ဖြင့် ဝမ်ရှီကို တိုက်တွန်းလိုက် လေသည်။

"ခမည်းခမက်ရယ် စပါးဝယ်တယ်ဆိုတာက အရေးကြီးတဲ့ကိစ္စပဲ၊ ကျွန်မသားက ရှင့်ကို သတင်းကြိုပို့ခဲ့တယ် မဟုတ်လား။ ကျွန်မတို့ဒုတိယသားက ပြောထားတယ်လေ၊ မြောက်ပိုင်းမှာ ဖရိုဖရဲဖြစ်နေပြီး ပြည်သူတွေကလဲ အုံကြွနေကြပြီး သူတို့ကိုသူတို့ ဘုရင်တွေလို့ ကြေငြာနေကြသတဲ့။ တကယ့်ကို ဗရမ်းဗတာဖြစ်နေပြီလေ ဟုတ်တယ်မလား။ ကျွန်မတို့တွေတောင် အခု ဒီမှာ ကပ်ဘေးဒုက္ခသည်တွေ ဖြစ်နေတာလေ၊ ကျွန်မတို့တွေက စပါးကို သေချာပေါက် သိုလှောင်ထားမှဖြစ်မှာ၊ နောက်တနှစ်အတွက် စားဖို့တောင် မလောက်ဘူးလေ၊ တကယ်လို့များ ပိုဆိုးလာရင် ဘယ်လိုလုပ်မလဲ"

ဝမ်ရှီ၏မျက်လုံးများက ပတ်ဝန်းကျင်ကို ဝေ့ထွက်သွားတော့သည်။

"ရှင်ပြောတာမှန်ပါတယ်၊ ရှင်တို့ကရော ဘယ်လောက် စပါးတွေကို ဘယ်လောက်လှောင်ထားလဲ"

"ကျွန်မတို့က လှောင်ထားပါတယ်"

လုအဘွားက စပြောလိုက်သော်ငြားလည်း နည်းနည်းလောက် ပြောလိုက်အပြီးတွင် သူမက ဇဝေဇဝါဖြစ်သွားပြီး သူမ၏မျက်နှာပေါ်တွင် သတိဖြစ်သွားဟန်တစ်ခု ပေါ်လာပြီးနောက် မြန်မြန်လေး ပြန်ဖုံးထားလိုက်ကာ အင်တင်တင်ဖြင့် ပြောလိုက်လေသည်။

"မများပါဘူး၊ တကယ်ပါ"

ဝမ်မိသားစု၏ သမီးယောက္ခမနှစ်ယောက်: "အင်းပါ ကျွန်မတို့ရှင့်ကို ယုံပါတယ်"

သို့သော်ငြားလည်း နှစ်ယောက်စလုံးက အလိုလိုနားလည်သွားကာ နှုတ်ဆိတ်နေလိုက်ကြပြီး ထိုအကြောင်းအရာကို ဆက်ပြီးတော့ မပြောကြတော့ချေ။ သူတို့ ဒီနေ့ရောက်လာခြင်းကလဲ ဝမ်ချွန်းညန်က အမေအိမ်ကို အချိန်တော်တော်ကြာသည့်တိုင် အလည်မရောက်လာတော့သဖြင့် စိတ်မအေးရလေကာ အခြေအနေကို စူးစမ်းချင်သဖြင့် ဖြစ်လေသည်။ လုမိသားစုက စပါးကိုဘယ်လောက် သိုလှောင်ထားသနည်းဆိုတာကိုလဲ သိချင်ကာ တယောက်ယောက်ကို သတိမဖြစ်စေလိုပေ။

ဝမ်အဘွားက ရယ်မောလိုက်ပြီး သူမ၏ပါးစပ်ကို ကွယ်ထားလိုက်ကာ

"ကျွန်မ မမေးသင့်တာပါ၊ ကျေးဇူးပြုပြီး ကျွန်မပြောတဲ့စကားတွေကို မေ့လိုက်ပါနော်"

လုအဘွားက ရှက်ရွံနေသည့် အပြုံးတစ်ခု ပြုံးပြလိုက်သည်။

"တကယ်တော့လေ၊ ကျွန်မကစိုးရိမ်လို့ သတိမထားမိဘဲ တုံ့ပြန်မိသွားတာပါ။ ကျွန်မတို့တွေက ဒီအသက်အရွယ်အထိ ဖရိုဖရဲဖြစ်တဲ့ အခြေအနေကို မျှဝေခဲ့ကြတာပဲမဟုတ်လား။ ကျွန်မတို့က ခမည်းခမက် မိသားစုတွေပဲလေ ဒီလိုသံသယဖြစ်စရာ မရှိပါဘူး။ အမှန်အတိုင်းပြောရရင် ကျွန်မတို့လုမိသားစုက ရှင်တို့ဝမ်မိသားစုနဲ့ မယှဥ်နိုင်ပါဘူး။ အင်း.. ကျွန်မတို့တွေ အရင်နေခဲ့တဲ့ရွာက စစ်သားတွေဖျက်ဆီးတာ ခံလိုက်ရတယ်လေ။ ကျွန်မရဲ့ယောက်ကျားကလဲ သူ့ရဲ့မျိုးဆက်မှာ တယောက်ထဲ ကျန်တော့တာပေါ့ သူ့မှာ ညီအစ်ကိုတွေ မရှိတော့သလို အားကိုးစရာ ဦလေးနဲ့ယောက်ကျားလေးတူလေးတွေလဲ မရှိကြဘူး။ ကျွန်မတို့မိသားစုမျိုးရိုးက တကယ်ပဲ ပြတ်တော့မှာပါ။ တကယ်လို့များ ဖရိုဖရဲကာလသာ တကယ်ဖြစ်လာခဲ့ရင်..."

သူမက ဒီနေရာတွင် ချီတုံချတုံ ရပ်ထားလိုက်ပြီး ဆက်ပြောရနိုးနိုး မသေချာအောင် ဖြစ်လေသည်။

ဝမ်မိသားစု၏ အမျိုးသမီးများတွင် အထူးသဖြင့် အကြီးဆုံးချွေးမက ဖြတ်ထိုးဉာဏ်ကောင်းလေရာ ချက်ခြင်းဆိုသလို တုံ့ပြန်လိုက်သည်။

"စိတ်မပူပါနဲ့ ခမည်းခမက် အဒေါ်ရယ်၊ တကယ်လို့ ဖရိုဖရဲကာလ ဖြစ်သွားတယ်ဆိုရင် နောက်ဆုံးတော့ ကျွန်မတို့တွေက အမျိုးတွေပဲ။ ကျွန်မတို့တွေက ဘယ်လိုလုပ်ပြီး အဒေါ်တို့မိသားစုကို ဂရုမစိုက်ပဲနေရက်မှာလဲ"

လုအဘွားက သူတို့ကိုကြည့်လိုက်ပြီး ချီတုံချတုံဖြစ်နေသည်။

"ကျွန်မက ရှင်တို့ကိုယုံပါတယ်၊ ဒါပေမဲ့ ဝမ်မိသားစုကလဲ အကြီးကြီး မဟုတ်လား။ ရှင်တို့တွေက ကျွန်မတို့လို အပြင်လူတွေကို တကယ်ပဲ ခေါ်ဝင်နိုင်မှာလား"

ဝမ်အဘွားက ပြန်ဖြေလေသည်။

"ရှင်တို့တွေက ဘယ်လိုဖြစ်ပြီး အပြင်လူဖြစ်ရမှာလဲ။ လူတိုင်းမှာ ဆွေမျိုးတွေရှိကြတာပဲ မဟုတ်လား။ ခက်ခဲတဲ့အချိန်မှာ ကျွန်မတို့တွေက အချင်းချင်း ထောက်ပံ့ပေးသင့်တယ် မဟုတ်လား။ ဒါပေမဲ့ တကယ်တမ်းကျတော့ ဒီနေရာမှာ အခြေအနေတွေက ဗရမ်းဗတာ ဖြစ်လာလိမ့်မယ်လို့ ရှင်က ထင်နေသလား"

သူမသည် အတိုင်းအတာတစ်ခုအထိ သံသယဖြစ်နေဆဲပင်။

သူမ၏အမူအယာကို လေ့လာလိုက်ပြီး လုအဘွားက သက်ပြင်းချလိုက်သည်။

"မယုံမရှိနဲ့နော်၊ ပုန်ကန်နေကြတဲ့သူတွေက အများကြီး၊ ကျွန်မတို့က ဒီအကြောင်းကို ပေါ်ပေါ်တင်တင် မပြောကြဘူး။သတိပေးကြတဲ့အနေနဲ့ပဲ ရွာထဲကလူတွေနဲ့ ဆွေမျိုးနီးစပ်တွေကိုပဲ ပြောပြတာ၊ ဒါပေမဲ့ အခုတော့ ကျွန်မတို့အတွက် ပြောစရာတောင်မလိုတော့ဘူးလေ။ သတင်းက စီရင်စုတစ်ခုလုံးကို ပြန့်နေပြီးပြီ"

ဝမ်မိသားစု၏ သမီးယောက္ခမနှစ်ယောက်က အကြည့်ချင်း ဖလှယ်လိုက်ကြပြီး မြောက်ပိုင်းက အခြေအနေနှင့် ပတ်သက်ပြီး ပိုပြီးအသေးစိတ် အကြောင်းအရာများကို လုအဘွားထံ မေးဖို့လိုလာသည်ဟု ခံစားမိကြသည်။

လုအဘွားက ပွင့်ပွင့်လင်းလင်း သူမသိသမျှအရာအားလုံးကို ပြောပြလိုက်ကာ အစောပိုင်းက စိတ်အေးနေသည့်အခြေအနေတွင် စပါးများကို လာစစ်ဆေးကြသည့် ဝမ်မိသားစုက အမျိုးသမီးများကို စိုးရိမ်စိတ်ဖြင့် မျက်နှာများဖြူဆုပ်သွားအောင် ပြောလိုက်တော့သည်။

သူတို့သည် စိုးရိမ်နေကြသော်ငြားလည်း လုမိသားစု၏ စပါးအကြောင်းကိုတော့ စဥ်းစားနေကြဆဲပင်။ ဝမ်အဘွားက လုအဘွား၏လက်ကို ပုတ်ပေးလိုက်ပြီး

"စိတ်မပူပါနဲ့လေ၊ ဗရမ်းဗတာ တကယ်တမ်းဖြစ်လာခဲ့လျှင် ကျွန်မတို့ ဝမ်မိသားစုဆီကို လာခဲ့လိုက်၊ ကြွားတာတော့မဟုတ်ပါဘူးလေ၊ ကျွန်မတို့ဝမ်မိသားစုက ချို့ငဲ့မနေပါဘူး၊ ကျွန်မရဲ့ယောက်ကျားကလဲ သူတို့ညီအစ်ကိုတွေကြားမှာ စကားတစ်ခွန်းဆိုတစ်ခွန်း ပြောလို့ရတဲ့အခြေအနေပါ။ ကျွန်မတို့တွေက ရှင်တို့မိသားစုကို သေချာပေါက် ခေါ်ဝင်မှာပါ"

လုအဘွားက ငြီးငြူလိုက်ပြီး ဝမ်အမျိုးသမီးများ၏ စိတ်အားထက်သန်သည့် အာမခံသည့် စကားအောက်တွင် အောင့်သက်သက်ဖြင့် ပြန်မေးလိုက်လေသည်။

"ကျွန်မတို့ ရှင်တို့တွေကို စပါးဝယ်ဖို့ ပထမဦးဆုံး ပြောလိုက်တုန်းက ရှင်တို့မိသားစုတွေက ရှင်တို့ရဲ့မျိုးနွယ်တွေကိုရော အသိပေးခဲ့သေးလား။ ဝမ်မျိုးနွယ်က စပါးတွေကို ဝယ်ခဲ့သေးသလား"

ဒါသည် သူတို့နောက်လိုက်လာလျှင် အစားအသောက် အထောက်အပံ့နှင့်ပတ်သတ်ပြီး စိတ်မချရသဖြင့် စိုးရိမ်မှုတစ်ခုဖြစ်မှန်း သိသာလေသည်။

ဝမ်မိသားစုက အမှန်ပင် ထိုသတင်းကို ပြန်ပြောပေးခဲ့သော်ငြားလည်း လုအာ့လန် အန္တရာယ်ကင်းကင်းပြန်လာသည့် သတင်းလောက်ပင် အရေးမကြီးလှချေ။ လုအာ့လန်ပြန်လာချိန်တွင် စီရင်စုတွင် စပါးစျေးများက ထိုးတက်နေနှင့်ပြီဖြစ်လေသည်။ မည်သူက ထိုမျှလောက် အများကြီးပေးပြီး လိုလိုလားလား ဝယ်ယူပါမည်နည်း။

ပုန်ကန်မှုက နေ့စဥ်ဖြစ်နေသည်ဖြစ်ရာ ဓားပြတစ်ချို့က အစိုးရကို စိန်ခေါ်ကြသော်ငြားလည်း ပုံမှန်ဆိုလျှင် မြန်မြန်ဆန်ဆန်ပင် နှိမ်နှင်းချေမှုန်းပြီးဖြစ်လေသည်။ အစပိုင်းတွင် မည်သူကမှ သည်ကိစ္စကိုအလေးအနက် မထားခဲ့ပေ။ သူတို့က အလေးအနက်ထားလျှင်ပင် မတန်တဆစျေးနှုန်းကြောင့် ဝယ်ယူဖို့ရန် တွန့်ဆုတ်နေကြသည်။ မငြိမ်မသက်မှုများက မြောက်ပိုင်းတွင်သာဖြစ်ပြီး တောင်ပိုင်းကို သက် ရောက်မှုမရှိခဲ့ပါလျှင်ရော။ လူတစ်ယောက်၏ အသက်ကို အာမခံဖို့ရန်အတွက် စပါးတစ်ခုထဲတွင်သာ ရင်းနှီးမြှုံနှံထားပြီးမှ စျေးကျလာလျှင် ဘယ်သူကမှ ပြန်အမ်းပေးလိမ့်မည် မဟုတ်ပေ။

သို့သော်ငြားလည်း ဝမ်အဘွားက အာကျယ်အာကျယ်ဖြင့် ပြောလေသည်။

"ကျွန်မတို့တွေ ဝယ်ထားတာပေါ့၊ သလန်က ကျွန်မတို့ကို အကြောင်းကြားပြီးတာနဲ့ ချက်ခြင်း ကျွန်မတို့တွေက ကျွန်မတို့မျိုးနွယ်စုက မိသားစုအားလုံးကို အကြောင်းကြားလိုက်တယ်လေ။ နောက်တနေ့မှာပဲ ချွန်းညန်ရဲ့ ဦးလေးနဲ့အဒေါ်တွေက စီရင်စုမှာ စပါးတွေကို ဝယ်နေကြတာ။ ကျွန်မတို့တွေက အများကြီးတော့ မတတ်နိုင်ပါဘူး၊ ဒါပေမဲ့ ပဲတွေကိုတော့ သေချာပေါက် လှောင်ထားတယ်လေ"

မိသားစုတစ်ခုနှစ်ခုက အမှန်တကယ် ဝယ်ယူသော်ငြားလည်း အားလုံးက ဝယ်ယူသည်ဟု ကြေညာနေခြင်းကတော့ ပေါ်တင်လုပ်ကြံ ပြောဆိုနေခြင်းပင်။

လုအဘွားက ထိုစကားကို ယုံကြည်သွားဟန်ဖြင့် သိသိသာသာ စိတ်အေးသွားလေသည်။

"ဒီလိုကြားရတာ ဝမ်းသာပါတယ်"

"ဖရိုဖရဲကိစ္စတွေက ဖြစ်မလာပါစေနဲ့လို့ ဆုတောင်းရတာပဲ။ ဒါပေမဲ့ တကယ်တမ်း ဖြစ်လာခဲ့ရင်တော့ ကျွန်မတို့တွေက ရှင်တို့မိသားစုဆီမှာ ခိုလှုံပြီး ရှင်တို့ရဲ့အကူအညီကိုပဲ အားကိုးရလိမ့်မယ်” သူမက ချီတုံချတုံဖြင့် ထပ်ပြောလိုက်သည်။

"ဖန်းမိသားစုကလဲ မဆိုးပါဘူး။ သူတို့တွေက လျိုညန်အတွက် ဂရုစိုက်ကြတယ်။ သူတို့တွေမှာ ရှင်တို့မိသားစုထက် သားတစ်ယောက်နည်းပြီး မျိုးနွယ်မိသားစုကလဲ ပိုနည်းတာပဲ ရှိတယ်"

လုပ်နိုင်သည့်စွမ်းရည် ပြိုင်ဆိုင်သည့်စကားကို ကြားလိုက်ရသည်တွင် ဝမ်ရှီက သူမမိသားစု၏ အရေအတွက် များပြားမှုအပေါ် ယုံကြည်မှုရှိလေရာ မှတ်ချက်ပေးလေသည်။

"ဒီလိုအချိန်မျိုးမှာဆိုရင် အင်အားက လူအရေအတွက်ကို အပေါ်မှာပဲ အားကိုးရတာ၊ ရှင်တို့ကလေးတွေက ဟူစီနဲ့ထျယ်ကျူးတို့တွေကလဲ အရမ်းငယ်သေးတယ်လေ၊ ကျွန်မက ကျွန်မရဲ့မြေးငါးယောက်လုံးရဲ့ လုံခြုံရေးကို အာမခံပေးရမှာပေါ့"

လုအဘွားက ဒီအကြောင်းကို သေသေချာချာ စဥ်းစားလိုက်ပြီး ယုံကြည်သွားဟန် ပြလိုက်လေသည်။ သူမက ဝမ်ရှီကို အကြံပေးလိုက်၏။

"ရှင်တို့မိသားစုတွေ နေ့တိုင်းစပါးတွေကို ဆက်ဝယ်ထားသင့်တယ်နော်၊ တကယ်တမ်း ဖရိုဖရဲသာဖြစ်လာရင် ငွေဆိုတာ အသုံးမဝင်တော့ဘူး"

ဝမ်ရှီက အဘွားလု၏ သိသာနေသည့် ပူပင်နေသည့်စိတ်ကို ကြိတ်ပြီးနှာခေါင်းရှုံ့လိုက်ကာ လုအဘွားက သူမ၏ ကိုယ်ပိုင်စပါးများကိုတော့ သိမ်းဆည်းထားပြီး ဝမ်မိသားစု၏ အရင်းအမြစ်ကိုတော့ ခေါင်းပုံဖြတ်ဖို့ ကြိုးစားနေသည်ဟု နားလည်လိုက်လေသည်။

အသံထွက်ကာ သူတို့က ထောက်ခံလိုက်ကြသည်။

"သေချာတာပေါ့ရှင်၊ ရှင်ပြောတာမှန်ပါတယ်။ ကျွန်မတို့တွေက မြောက်ပိုင်းက အခြေအနေကို အဲလောက်ပြင်းထန်ခဲ့မှန်း မသိလိုက်ဘူး။ ကျွန်မတို့တွေ ပြန်ရောက်သွားတာနဲ့ ကျွန်မတို့မျိုးနွယ်စုကို ချက်ခြင်း အသိပေးလိုက်ပါ့မယ်"

စပါးများကိုသိုလှောင်ထားခြင်းက သူတို့၏ကြီးမားသည့်မိသားစုကို အကျိုးဖြစ်ထွန်းစေမည်ဟူသည့် သဘောပင်။

လုအဘွား၏အပြုံးမှာ ထိုနေ့က ဝမ်မျိုးနွယ်နှင့် ရင်ဆိုင်ရပြီးကတည်းက အရိုးသားဆုံး ဖြစ်လာတော့သည်။

ကျေနပ်သွားကြပြီး ဝမ်မိသားစုကလူက သူတို့၏ အလည်အပတ်ကိစ္စမှာ နောက်ဆုံးတော့ လုမိသားစု၏ စပါးများကို သူတို့၏အိမ်သို့ ရွှေ့ပြောင်းနိုင်မည့် အခွင့်အရေးကို အာရုံခံမိသဖြင့် လာရကျိုးနပ်သွားသည်ဟု ခံစားလိုက်လေသည်။

ထိုအတွေးက မြောက်ပိုင်းမှာ မငြိမ်မသက်ဖြစ်နေသည့် သူတို့၏စိုးရိမ်စိတ်များကို ငြိမ်းအေးသွားစေတော့သည်။ နောက်ဆုံး လုမိသားစုတစ်ခုလုံးက စပါးများကိုစုဆောင်းဖို့ အလုပ်လုပ်နေကြရာ ဝမ်မိသားစုအတွက်တော့ အလားအလာရှိသည့် ဆုလာဘ်တစ်ခုပင်။

ရွာသားများအကြားတွင် စီရင်စုက သတင်းကို ဆွေးနွေးနေကြသည်ကို ကြားလိုက်ရသည့်နောက် ဝမ်မျိုးနွယ်က သူတို့၏အစောပိုင်းက စိုးရိမ်စိတ်များက ပျောက်ကွယ်သွားလေသည်။ အခုတော့ သူတို့၏ အခြေခံစိုးရိမ်စိတ်မှာ စပါးများကို သေချာအောင် ပြုလုပ်ပြီး လုမိသားစုက သူတို့၏အရံစပါးများကို ထောက်ပံ့ပေးဖို့ ပြင်ဆင်နေကြလေသည်။

ဝမ်မိသားစုက ကျေနပ်အားရစွာဖြင့် ပြန်သွားပြီး သူတို့သည် လုံးဝ စိတ်အေးချမ်းသာစွာဖြင့် လုမိသားစု ၏ စပါးသိုလှောင်ထားမှုကို အတည်ပြုချင်စိတ်သာ ရှိတော့သည်။

ဆယ်စုနှစ်ကျော်တစ်ခုလောက် ခမည်းခမက်ဖြစ်လာသည်တွင် နှစ်ယောက်စလုံးက အချင်းချင်းအကြောင်းကို ကောင်းကောင်း နားလည်ကြသည်။ ဝမ်အဘွားက ဗိုက်ကိုနှိပ်ထားလိုက်ပြီး မျက်မှောင်ကျုံ့ကာ နှစ်ချက်လောက် ငြီးငြူလိုက်ပြီးမှ ကိုယ်ကိုကုန်းထားလိုက်ကာ

"ဘာတွေစားမိလို့များ ဒီလိုဗိုက်အောင့်နေလဲ မသိတော့ပါဘူး"

သူမက ပျော့ခွေတော့မလို ဖြစ်လာလေသည်။

သူမက လုအဘွား၏လက်ကို ဖမ်းဆုပ်ထားလိုက်ပြီး

"အိုး မရတော့ဘူး၊ ခမည်းခမက်.. ရေအိမ်ဘယ်နားမှာလဲ၊ ကျွန်မကို ရေအိမ်လိုက်ပို့ပေးပါအုံး"

လုအဘွားက သူမ၏မျက်နှာကို အမှန်ပင် တံတွေးဖြင့် ထွေးချင်သွားတော့သည်။ ဆယ်စုနှစ်ကျော်အထိ ခမည်းခမက် ဖြစ်လာပြီးနောက်တွင် သူတို့သည် မကြာခဏ အလည်အပတ် မလာကြသည့်တိုင် သူတို့၏ ရေအိမ်ဘယ်မှာရှိသည်ကို သူမက မသိပဲ အဘယ်မှာရှိပါမည်နည်း။

သို့သော်ငြားလည်း ဝမ်အဘွားက ဟန်ဆောင်နေပြီးဖြစ်ရာ သူမကလဲ စိတ်အားထက်သန်စွာဖြင့် လိုက်ပြီးဟန်ဆောင်ပေးလိုက်ကာ ဘာဖြစ်သွားတာလဲဟူသည့် ဟန်ဆောင်စိုးရိမ်စိတ်ဖြင့် မေးမြန်းလိုက်ရင်း သူမက ထိုလူကို ရေအိမ်ဆီသို့ ခေါ်သွားလိုက်လေသည်။

ဝမ်မိသားစု၏ အကြီးဆုံးချွေးမက နောက်မှခြေလှမ်းအနည်းငယ် လိုက်လာသော်လဲ ခြံဝန်းတံခါးနားအရောက်တွင် ရပ်လိုက်ကာ ဆက်ပြီး မသွားတော့ချေ။

လုအဘွားက ဝမ်အဘွားထက် ရှေ့မှခြေလှမ်းအနည်းငယ် ပိုလျှောက်လိုက်ပြီး ခြံတံခါးဘက်သို့ တိုးတိုးတိတ်တိတ် တချက်လှမ်းကြည့်လိုက်ပြီးနောက်တွင် ထိုလူကအထဲသို့ ပြန်ဝင်သွားလေသည်။

ကြည့်နေလိုက်ကြစမ်း။ အဲဒီ့မှာ အားလုံး အဆင်ပြေတယ်ဆိုတာကို မြင်ပြီးသွားရင် ဝမ်မိသားစုဆီကို မြန်မြန်ပြန်ပေးကြတော့။ ဒီနေရာမှာ ရစ်သီရစ်သီမလုပ်နေဘဲ သူမကို ထပ်ပြီးစိတ်ရှုပ်အောင် မလုပ်တာ အကောင်းဆုံးပဲ။

...

All Chapters