← Chapters

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အခန်း (၁၂၉-၁၃၀)

Vol. 13 Ch. 129-130

အပိုင်း (၁၂၉) မြွေကိုခြောက်လှန့်ခြင်း၊ အသံကိုစမ်းသပ်ခြင်း

ရှန်းကျင့်နှင့်ရှန်းယင်တို့သည် အလျင်အမြန် ပြန်ရောက်လာကြပြီး လောလောလတ်လတ် ဆေးကြောထားသည့် ဆေးပင်များကိုကြိတ်ရန် မီးဖိုချောင်ထဲမှ ကျောက်ငရုတ်ဆံကို ယူလိုက်လေသည်။ ဆေးလိမ်းခါနီးသောအခါတွင် လီရှီသည် ကုသရန်အတွက် သူမအင်္ကျီများကိုချွတ်ရန် ရုန်းကန်နေရသောကြောင့် ကလေးများကို အပြင်သို့ လွှတ်လိုက်ပြီး တံခါးပိတ်ခိုင်းထားလိုက်သည်။

သူမနောက်ကျောကို မမှီသော်လည်း သူ့သားများကို ဆေးကူမထည့်စေချင်သောကြောင့် ထိုနေရာကို မလိမ်းဘဲ ချန်ထားလိုက်လေသည်။

သူမကို ဂရုအစိုက်သင့်ဆုံးသောသူသည် ထွက်ပြေးပျောက်ကွယ်သွား၏။ ယခုနှစ်အစောပိုင်းက သူမကြံ့ကြံ့ခံခဲ့ရသည့် နှစ်လတာ တာဝန်ထမ်းဆောင်ခြင်းကို ပြန်စဉ်းစားကြည့်တော့ လီရှီ၏နှလုံးသားထဲတွင် အေးစက်သွားပြီး ထိတ်လန့်အားငယ်နေလေသည်။

တစ်ချိန်က သူမသည် ရှန်းစန်း၏ဥပေက္ခာပြုခြင်းနှင့် တစ်ကိုယ်ကောင်းဆန်မှုကိုပင် အားပေးခဲ့ပြီး အကြိုက်တွေ့ခဲ့လေသည်။ ယခုအချိန်တွင် သူမနည်းလမ်းများ၏မိုက်မဲမှုများကို မြင်တွေ့လိုက်ရ၏။

ပြန်စဉ်းစားကြည့်လျှင် ရီစရာကောင်းလှသည်။ သူမ ဘေးနားရှိလူကို အမှန်တကယ်ပင် နားလည်ဖူးရဲ့လား။ ထိုနှစ်များအားလုံးတွင် သူမ၏ရန်လိုမှုများကို အမှန်ပင် လိုအပ်ခဲ့ပါရဲ့လား။

ယခုမှပင် လီရှီသည် သူမ၏မိုက်မဲမှုကို နားလည်လာလေသည်။

သူမ၏ချည်အပေါ်ထပ်ကို ပြန်ဝတ်လိုက်ပြီး အိပ်ယာထဲ၌လှဲကာ စောင်ခြုံလိုက်ပြီး မျက်လုံးများကို မှိတ်ထားကာ နောက်ထပ် ပြန်မဖွင့်ချင်တော့ပေ။

တံခါးကို အကြိမ်များစွာ ခေါက်နေ၏။ ထျန်းယာကို ခေါ်လာပြီး သူမကို လာတွေ့သည့် ရှန်းထျယ်ပင်။ သူမက ပြန်ထူးလိုက်ပြီး သူတို့ကို ဝင်ခွင့်ပြုပြီးနောက် အိပ်ချင်ယောင်ဆောင်ကာ တိတ်ဆိတ်နေလိုက်၏။

ရှန်းထျယ်သည် ထျန်းယာနှင့်အတူ အခန်းထဲတွင်ရှိနေစဉ် ရှန်းကျင့်နှင့်ရှန်းယင်တို့သည် မိသားစု၏ အစာသိုလှောင်ထားရာ နေရာဖြစ်သော သူတို့၏ကိုယ်ပိုင်အိမ်သို့ သွားကြလေသည်။

ညီအစ်ကိုနှစ်ယောက်သည် မစို့မပို့ စပါးပမာဏကို တိတ်တဆိတ်ဖြင့်‌ စိုက်ကြည့်နေမိကြ၏။

ရှန်းယင်သည် စိုးရိမ်မှုအရိပ်အမြွက်ဖြင့် သူ၏ပူပန်မှုကို ပြောလေသည်။

"အစ်ကို၊ ဒီစပါးနည်းနည်းလေးနဲ့ နောက်ကျရင် ငါတို့ ဘာလုပ်ကြမလဲ"

ရှန်းကျင့်သည် စိတ်အေးအေးထားနေရင်း သူ့ညီကို စိတ်အေးသွားအောင် ပြောလိုက်၏။

"စိတ်မပူပါနဲ့။ ငါတို့ တောဟင်းရွက်တွေ လိုက်ရှာလို့ရတယ်လေ။ အစ်ကိုကြီးနဲ့မရီးက စားလို့ရတဲ့ အမျိုးအစားအားလုံးကို သင်ပေးထားတယ်။ လတ်ဆတ်ပြီးတော့ သိုလှောင်ဖို့ အခြောက်ခံထားလို့ ရတယ်။ အခုတော့ တောဟင်းရွက်တွေကို မှီခိုပြီး တကယ် သေရေးရှင်ရေးအတွက် လိုအပ်နေတဲ့အချိန်အတွက် စပါးကို သိုလှောင်ထားကြမယ်။ တောဟင်းရွက်တွေကို သိုလှောင်ထားဖို့ ထပ်ပြီးအခြောက်ခံထားရအောင်"

ထိုအရာအားလုံးကို သူ့အစ်ကိုကြီးနှင့်မရီးက သင်ပေးထားခြင်းဖြစ်ပြီး တောင်များဝန်းရံနေသောကြောင့် သူတို့ ရှင်သန်နိုင်မည်ဟု ယုံကြည်ချက်ရှိလေသည်။

ရှန်းယင်က သဘောတူခေါင်းညိတ်လိုက်ပြီး ညီအစ်ကိုနှစ်ယောက်သည် ခြင်းတောင်းတစ်ခု၊ ပေါက်တူးအသေးတစ်လက်နှင့် တံစဥ်တစ်ချောင်းဖြင့် မထွက်သွားခင်တွင် သူတို့၏အစီအစဉ်ကို ရှန်းထျယ်အား တိတ်တဆိတ် အသိပေးလိုက်၏။

အပြင်ရောက်သည်နှင့် ရှန်းယင်က မရွှင်မပြဖြင့် မှတ်ချက်ပေးလိုက်၏။

"အစ်ကို၊ ငါတို့ရဲ့အခုအခြေအနေက မနှစ်က ငါတို့မိသားစုက နေခွဲထွက်သွားတဲ့ ဒုတိယအစ်ကိုနဲ့မရီးတို့ ခံစားခဲ့ရတဲ့ အတွေ့အကြုံလိုပဲနော်"

သူတို့၏အခြေအနေများမှာ လုံးဝပြောင်းပြန်ဖြစ်နေသည်။

ရှန်းကျင့်သည် ထိုအချိန်က သူ၏နုံအခြင်းကို ပြန်တွေးရင်း အသိအမှတ်ပြုကာ ညည်းလိုက်မိ၏။

သူ၏မျှော်လင့်ချက်ကို မဖော်ပြခင်တွင် ခဏတာ ငြိမ်သက်နေလေသည်။

"အစ်ကိုကြီးနဲ့ တစ်ခြားသူတွေကို တောထဲမှာဘေးကင်းဖို့ပဲ မျှော်လင့်ပါတယ်"

……

ယွင်တောင်ကြားတွင် ရှန်းနဉ်သည် သူမကစားဖော်များ၏ ချုပ်တည်းထားသည့် ခံစားချက်ကို သတိပြုမိပြီး ထိန်းချုပ်ရန် ဆုံးဖြတ်လိုက်လေသည်။ သူမက လက်ထဲရှိသစ်ရွက်များကို လွှတ်ချရင်း တက်ကြွစွာဖြင့် ပြောလိုက်၏။

"တောဟင်းရွက်တွေ သွားခူးကြရအောင်။ ငါတို့ ဂူတွေကို စစ်ဆေးနေတုန်းက တောင်အော်ရွက်နဲ့ မုန်ညင်းစိမ်းပင်တစ်ချို့ကို တွေ့ခဲ့တယ်။ အဲ့တာတွေက တစ်ကယ်အရသာရှိတယ်"

သူမ၏အကြံပြုချက်က အခြားကောင်မလေးများ၏အာရုံကို အောင်မြင်စွာ လွှဲပြောင်းနိုင်ပြီး ချက်ခြင်းမတ်တပ်ရပ်ကာ သူမနှင့်ပါဝင်ရန် အဆင်သင့်ဖြစ်နေကြသည်။

ရွှီဝမ်ယင်းသည် မုန့်ညင်းစိမ်းကို ယခင်က စားဖူးသော်လည်း သိချင်နေမိ၏။

"တောင်အော်ရွက်ဆိုတာ ဘာလဲ"

ဤသည်ကို စဉ်းစားရင်း သူမက မေးလိုက်သည်ကို ချန်းရှောင်းယာက အပြုံးနှင့် ဖြေလေသည်။

"အဲ့တာက နွေဦးရာသီမှာ ပေါက်တဲ့အပင်တစ်မျိုးပဲ။ ချက်စားလို့ရတယ်။ တစ်ကယ်အရသာရှိတာ"

ကလေးမလေး ၄ယောက်သည် လက်တွဲထားရင်း ခြင်းတောင်းအသေးများကို ယူရန် ဂူထဲသို့ပြေးသွားကြလေသည်။

ပိုကြီးသောတောင်းများနှင့် ကျောပိုးအိတ်များသည် အထဲတွင် မဆံ့သော်လည်း ကလေးများသယ်ရန် လုံလောက်သည့် ခြင်းတောင်းအသေး အနည်းငယ်ရှိနေ၏။

ရှန်းနဉ်၊ ချန်းရှောင်းယာနှင့် ရှီချောင်တို့သည် သူတို့၏ပစ္စည်းများကို အလျင်အမြန်ရွေးယူပြီး ခြင်းတောင်းများကို ရှင်းကာ ရွှီဝမ်ယင်းကို ဆွဲခေါ်ရင်း အပြင်သို့အတူပြေးထွက်ကြလေသည်။

ရှီအာ့လန်၏မိန်းမသည် သူတို့ကိုကြည့်ကာ မေးလိုက်၏။

"ဘယ်သွားကြမလို့လဲ"

ရှီချောင်က ပြုံးပြလိုက်၏။

"အမေ၊ သမီးတို့က တောဟင်းရွက်တွေ သွားခူးမလို့"

လူတိုင်းက ပြုံးနေပြီး အဘွားချန်းက ညွှန်ကြားလိုက်လေသည်။

"လူကြီးတွေနဲ့ နီးတဲ့နေရာမှာပဲနေနာ်။ မြက်ခင်းထူတဲ့နေရာတွေထဲကို မစွန့်စားနဲ့၊ မြွေတွေရှိနေနိုင်တယ်"

ကလေးများသည် ခပ်ပြတ်ပြတ် အသိအမှတ်ပြုကြပြီး မကြာမီတွင် လူကြီးများ ပေါင်းသင်ထားသည့်နေရာသို့ ရောက်ရှိလာကြပြီး စတင်ရှာဖွေကြလေသည်။

လူကြီးများသည် သူတို့၏နေ့စဉ်အလုပ်များကို အမှန်ပင် သတိထားကြ၏။ လွှင့်ပစ်ထားသောမြက်များကို စားလို့ရသော တောဟင်းရွက်များနှင့် သီးခြားစုပုံထားခြင်းက ကလေးများခူးယူရာတွင် လွယ်ကူစေသည်။

နောက်ဆုံးတွင် ရွှီဝမ်ယင်းသည် တောင်အော်ရွက်၏ပုံစံကိုသိရပြီး မုန်ညှင်းစိမ်း၏အရိုင်းပုံစံကို မြင်ရကာ ရွှင်မြူးစွာဖြင့် ရှန်းနဉ်နှင့် ချန်းရှောင်းယာတို့နှင့်အတူ လိုက်လံရှာဖွေလေ၏။

လိုက်ရှာရသည့် လုပ်ငန်းစဉ်သည် ပေါင်းသင်ခြင်းထက် အများကြီးပိုမြန်ပြီး လူကြီးများ၏ ကြိုးစားအားထုတ်မှုကိုပင် ကျော်လွန်သွားလေသည်။ ကလေးများ၏ ပေါ့ပါးသောအလုပ်သည် ခရီးရောက်သည့် အလုပ်တစ်ခုဖြစ်လာပြီး သူတို့သည် ပေါင်းသင်နေသည့် လုစန်းလန်ကိုပင် မြန်မြန်မှီလာလေ၏။

လုစန်းလန်သည် ဘေးဖယ်ထားသည့် ဟင်းရွက်များကို စုဆောင်းနေသောကလေးများကို မြင်တော့ ပြုံးလိုက်၏။

"ကိုယ်ရပ်နေတဲ့နေရာကို သတိထားနော်၊ ပြီးရင် ငါတို့ တူးထားပြီးသားနေရာတွေကိုပဲ သွား"

တောဟင်းရွက်ခူးခြင်းသည် အမှန်ပင် သူတို့၏လယ်ထဲရှိအလုပ်ထက် အများကြီးပိုလွယ်ကူလေသည်။ သူတို့လေးယောက်သည် ရွှင်မြူးစွာဖြင့် သဘောတူလိုက်ပြီး ပြေးထွက်သွားကြ၏။

ရှန်းအန်း၊ ဟူကျီ၊ အားနျိုနှင့် သူတို့၏ ယောက်ျားလေးများအုပ်စုသည် ရှေ့ပိုရောက်နေကြသည်။ ရှန်းနဉ်နှင့် သူမ၏သူငယ်ချင်းများသည် တောဟင်းရွက်များကို ခူးယူရင်း နှုတ်ဆက်ရန် သူတို့ထံသို့ ချဉ်းကပ်သွားသောအခါတွင် ရုတ်တရက် အထိတ်တလန့် အော်ဟစ်သံများကို ကြားလိုက်ရ၏။

"မြွေ၊ မြွေတစ်ကောင် ရှိတယ်"

ရွှီဝမ်ယင်းသည် ထိတ်လန့်သွားပြီး ရုတ်တရက် ရပ်တန့်ကာ သူမ၏မျက်နှာမှာလည်း ဖြူဖျော့နေလေသည်။

"မြွေက ဘယ်မှာလဲ"

အထိတ်တလန့်ဖြစ်ချိန်တွင် ဘာလုပ်ရမည်ကိုမသိဘဲ သူမသည် ထိုနေရာတွင်သာ တောင့်ပြီးရပ်နေမိလေသည်။ ထို့နောက် သူမသည် ရှန်းအန်းနှင့် အခြားကောင်လေးများက လူစုခွဲပြီး တစ်ခုခုကိုဆွဲရန် ငုံ့လိုက်ကြ၏။

သူတို့သည် ကျောက်တုံးများကို ကောက်ယူပြီး တည်နေရာတစ်ခုထဲသို့ စတင်ပစ်ကြ၏။ ရွှီဝမ်ယင်းက သူတို့သည် မြွေရှိမည့် အဓိကနေရာကို ရည်ရွယ်နေသည်ကို သဘောပေါက်လေသည်။

ပစ်နေစဉ်တွင် သူတို့သည်အော်နေကြ၏။

"မြန်မြန်၊ သေချာချိန်ထား"

"ဒီမှာ၊ ဒီလမ်းကနေလာနေတယ်"

ပိုကြောက်တတ်သူများက အော်ဟစ်ကြသော်လည်း သူတို့၏ကြောက်ရွံ့မှုက ကျောက်တုံးဖြင့် ပစ်ပေါက်ခြင်းကို နှေးမသွားစေဘဲ ပို၍ပင် ပြင်းထန်လာစေသည်။ သူတို့သည် ကျောက်တုံးများ ကုန်သွားသည်နှင့် ကျောက်တုံးများကို တတ်နိုင်သမျှ အလျင်အမြန် ကောက်ယူကြ၏။ ဤနေရာသည် ကျောက်တုံးများ ပေါများသောကြောင့် အဆက်မပြတ် ထောက်ပံ့မှု ရနေသည်။

အထိတ်တလန့်ဖြစ်နေဆဲဖြစ်သည့် ရွှီဝမ်ယင်းသည် ပြန်ဆုတ်ရမည်လား သို့မဟုတ် ရှန်းနဉ်နှင့်အခြားသူများကို အကူအညီတောင်းရမည်လားဟု မရေရာနေပေ။ သူမသည် တစ်စက္ကန့်မျှပင် မတွေးတော့ဘဲ ကျောက်တုံးများကို စတင်ရှာဖွေလိုက်ကြသည့် သူတို့ကို မြင်လိုက်ရ၏။ အငယ်ဆုံးဖြစ်သည့် ရှီချောင်ပင်လျှင် ကူညီပေးရန် ကောင်လေးများအနားသို့ သတိကြီးစွာဖြင့် သွားနေ၏။

ရွှီဝမ်ယင်းနှင့်ယှဉ်လျှင် သူမသည် အထူးသတိထားပြီး ပိုရဲရင့်သော်လည်း ယောက်ျားလေးများနှင့် သူမ၏အကွာအဝေးကို ထိန်းထားဆဲ။

ထို့နောက် ရွှီဝမ်ယင်းက သူမသူငယ်ချင်းသုံးယောက်သည် လှုပ်ရှားမှု၏အလယ်ဗဟိုသို့ ကျောက်တုံးများဖြင့် လျင်မြန်စွာပစ်နေသည်ကို စောင့်ကြည့်နေ၏။

"မြန်မြန်၊ မြန်မြန်၊ လှုပ်နေတယ်"

"သူ့ကို ဝိုင်းထား၊ ဒီနေရာကိုဆက်ပစ်နေ။ အနားကိုမကပ်လာစေနဲ့၊ အားးး"

သူတို့သည် ကြောက်လန့်နေကြသလို ခက်ထန်နေကြပြန်သည်။

သူတို့၏ရက်စက်ကြမ်းကြုတ်မှုသည် ကြောက်လန့်ခြင်းမှ ထွက်ပေါ်လာပုံရပြီး မြွေကို မည်သူနှင့်မျှ မနီးကပ်စေရန် ထိန်းထားဖို့ ဆုံးဖြတ်ထားလေသည်။

သူမ သူငယ်ချင်းများ၏ရဲရင့်မှုက ရွှီဝမ်ယင်းကို အံ့ဩသွားစေ၏။

သူမသည် မြွေကို တစ်ခါမျှမမြင်ဖူးသော်လည်း လူတိုင်းသည် ခရီးစဉ်အတွင်း သူတို့ကို သတိထားကြပြီး ခြေထောက်များနှင့် ဖိနပ်များတွင် အမှုန့်များကို ဆက်တိုက်လိမ်းကာ ရပ်နားရာနေရာများနှင့် ညအခါတွင်လဲ သစ်ပင်အိမ်ပတ်ဝန်းကျင်၌ ဖြန့်ကျဲထားကြလေသည်။

မြွေများသည် ရွှီဝမ်ယင်းအတွက် ကြောက်စရာကောင်းပုံပေါ်၏။ သူတို့သည် ထွက်ပြေးမည့်အစား ဤမျှကြောက်စရာကောင်းသော သတ္တဝါအား အဘယ့်ကြောင့် ရင်ဆိုင်ရသည်ကို သူမမှာ နားမလည်နိုင်ပေ။

စိတ်ထဲတွင် ဒွိဟဖြစ်နေပြီး သူမသည် ပြေးရမည်လား၊ ဆက်ပြီးရပ်နေရမည်လား သို့မဟုတ် ပါဝင်ပြီး ကျောက်တုံးတစ်ချို့ကို ပစ်ရမည်လားဟု စဉ်းစားနေမိသည်။

သူမ တုံ့ဆိုင်းနေချိန်တွင် ရှန်းနဉ်နှင့်အခြားသူများသည် သူတို့၏တတိယအကြိမ်မြောက် ကျောက်ခဲများကို ကောက်ယူနှင့်ပြီးဖြစ်၏။ တစ်ဒါဇင်ရှိသည့်ကလေးများမှ တစ်ယောက်ချင်းဆီသည် အနည်းဆုံး ကျောက်ခဲတစ်ဒါဇင်ဖြင့် ပစ်ပေါက်ကြလေသည်။

ရွှီဝမ်ယင်းသည် ယခုအချိန်တွင် မြွေသေသွားပြီလားဟု သိချင်နေ၏။

စူးစမ်းလိုစိတ်သည် သူမ၏အာရုံကိုလျော့သွားစေပြီး ခုခံရန်အတွက် ကျောက်တုံးအကြီးတစ်ခုကို ကောက်ယူရန် သတိထားပြီး ငုံ့လိုက်လေသည်။ ထို့နောက် အရှေ့သို့တစ်လှမ်းပြီး တစ်လှမ်းတိုးကာ တဖြည်းဖြည်းဖြင့် ရှန်းနဉ်နှင့် အခြားသူများအနားသို့ ရွေ့သွားတော့၏။

ယခုတော့ ပိုပြီးနီးကပ်လာပြီး သူမသည် နောက်ဆုံးတွင် မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်ရလေသည်။ စိတ်ထိခိုက်သွားသည့် ရွှီဝမ်ယင်းသည် မျက်ရည်များစီးကျလာပြီး အော်ငိုတော့ကာ သူမ ကိုင်ထားသော ကျောက်တုံးများကို လွှတ်ချလိုက်သည်မှာ ခြေထောက်ပေါ်ကျဖို့ နည်းနည်းလေး သာလိုတော့သည်။

သူမ၏ ရုတ်တရက် ငိုသံကိုကြားတော့ လူကြီးများသည် သူမများ မြွေကိုက်ခံ လိုက်ရပြီလားဟု စိုးရိမ်သွားကာ ထိုနေရာသို့ အ‌ပြေးအလွှား သွားလိုက်ကြလေသည်။

ရွှီဘွားဘွားနှင့် ဝေ့ချင်းဟယ်တို့၏ လာရာလမ်းတွင် ရွှီဝမ်ယင်း၏ အော်ငိုသံကြောင့် ထိတ်ထိတ်ပျာပျာဖြစ်သွားကာ ရွှီဘွားဘွားသည် သူမ၏အလျင်လိုမှုကြောင့် ခလုတ်တိုက် မိမလိုပင်ဖြစ်သွား၏။

ရောက်ရှိသွားသောအခါတွင် မြွေသည် သူတို့၏မြေးမလေးနှင့် အနည်းဆုံး တစ်ကိုက် အကွာအဝေးတွင် ရှိနေသည်ကို သိလိုက်ရပြီး မမှတ်မိနိုင်အောင်ပင် ခေါင်းကို ထုရိုက်ခံထားရသည်။

ဤနေရာတွင် အခြားမြွေများ ရှိနေနိုင်သောကြောင့် စိုးရိမ်သွားသည့် သူတို့သည် ရွှီဝမ်ယင်းကို အလျင်အမြန်စစ်ဆေးကြပြီး အထူးသဖြင့် သူမ၏ခြေထောက်များနှင့် လက်များကို စစ်ဆေးကြ၏။

"ဘာဖြစ်တာလဲ။ အဲအကောင် ကိုက်သွားလို့လား"

ရွှီဝမ်ယင်းသည် နောက်ဆုံးတွင် လှုပ်ရှားရဲသွားပြီး သူမအဘွား၏ ပွေ့ဖက်မှုတွင် ခေါင်းကိုမြှုပ်ထားကာ သူမ၏ရှိုက်သံသည် စကားများနှင့် ရောယှက်နေလေသည်။

"မဟုတ်ဘူး။ သမီးကို မကိုက်ခဲ့ပါဘူး။ သမီးကြောက်သွားလို့ပါ အဘွား။ ခေါင်းက မရှိတော့ပေမယ့် အဲ့တာက လှုပ်နေတုန်းပဲ"

ရွှီဘွားဘွားက မြွေကိုလှမ်းကြည့်လိုက်တော့ ခေါင်းနှစ်ပိုင်း ပြတ်သွားသော်လည်း ထိုအရာ၏ခန္ဓာကိုယ်မှာ လှုပ်နေသေး၏။ ထိုအရာကိုမြင်တော့ သူမပင်လျှင် ချမ်းစိမ့်သွားသလိုခံရပြီး သူ့မြေးမလေးကို အလျင်အမြန် နှစ်သိမ့်ပေးလိုက်လေသည်။

"အခုအဆင်ပြေသွားပြီ၊ မကြောက်နဲ့တော့နော်။ ပြန်ကြရအောင်"

သူ့မြေးမလေးကို ကာကွယ်ရင်း သူမကို မြွေရှိနေသည့် မြင်ကွင်း၏ဝေးရာသို့ ခေါ်သွားကာ ဂူကြီးဆီသို့ ပြန်သွားကြလေသည်။

ရွာရှိကြံ့ခိုင်သောကလေးများကို စိတ်ရှုပ်သွားစေ၏။

သူတို့သည် မြွေကိုရိုက်နှက်ခြင်းကိုပင် မေ့သွားကြလေသည်။

အသေအချာပင်။ ထိုအရာကို နောက်ထပ် ရိုက်နှက်ရန်မလိုတော့ပေ။ သူတို့အားလုံးသည် အဝေးတွင် ရပ်နေကြပြီး မြွေခေါင်းတစ်ဝက်လောက်မှာ ကျောက်တုံးကြီးအောက်မှာ ကြေမွနေပြီဖြစ်သည်။ ထိုအရာ၏ခန္ဓာကိုယ်သည် ဆန်းကြယ်စွာ တွန့်လိမ်နေပြီး အတော်လေး မနှစ်မြို့စရာကောင်းပြီး ထိတ်လန့်စရာကောင်းလေ၏။ သို့သော် မြွေများသည် ဤကဲ့သို့ပင်ဖြစ်သည်။ သူတို့သည် မြန်မြန်မသေဘဲ ခဏတာ လူးလွန့်နေတတ်၏။

ဤကလေးများသည် တောင်ကုန်းများပေါ်တွင် မကြာခဏသွားလေ့ရှိပြီး မြွေများနှင့်တွေ့ကြုံရခြင်းမှာ အသစ်အဆန်းမဟုတ်ပေ။ အများအားဖြင့် ကလေးများတင်မက မြွေကလည်း ကြောက်ရွံ့တတ်ကြသည်။ သူတို့သည် အရမ်းနီးကပ်လာပြီး ကျောက်ခဲ အလုံအလောက်သာ အဆင်သင့်ရှိပါက သူတို့သည် ယခုအကြိမ်ပြုလုပ်သလို မျိုးတုံ့ပြန့်ပြီး တိုက်စစ်ဆင်ကြမည်ဖြစ်၏။

ပြီးသည်နှင့်တပြိုင်နက် အသက်အကြီးဆုံးအရွယ်ဖြစ်သည့် ဆယ်နှစ်ဝန်းကျင်မှ အငယ်ဆုံးအရွယ်ဖြစ်သည့် ငါးနှစ်ခြောက်နှစ်အရွယ် ကလေးများအားလုံးသည် ဘာလုပ်ရမည်ကို သိကြလေသည်။ သူတို့သည် အလျင်အမြန် လူစုခွဲလိုက်ပြီးနောက် အဝေးမှခြိမ်းခြောက်မှုကို ဖယ်ရှားရန် သို့မဟုတ် လှန့်ထုတ်ရန် ကျောက်တုံးများကိုအသုံးပြုကြ၏။

သို့သော် မိန်းကလေးများသာမက ရွာရှိမည်သည့်ကလေးမျှ ကြောက်ရွံ့မှုကြောင့် မငိုကြပေ။

သူတို့သည် မကြောက်ကြခြင်းမဟုတ်ဘဲ သူတို့တွင် ထိုအကြောက်တရားကို ပြသရန် ချမ်းသာခြင်း မရှိသောကြောင့်ပင်။ သင်ပိုကြောက်လေလေ၊ သင့်ကိုယ်သင်လုံခြုံအောင် အမြန်လုပ်ဆောင်ဖို့ လိုအပ်လေလေ မဟုတ်ပါလား။

ကျောက်တုံးများကို ဆုပ်ကိုင်ထားသည့်လက်များသည် ယခုတော့ စိတ်ရှုပ်စွာဖြင့် သူတို့၏ခေါင်းကို ကုပ်နေကြ၏။ အရာအားလုံးမှာ ရွှီဝမ်ယင်း၏ ရုတ်တရက် ငိုယိုခြင်းကြောင့် ဖြစ်လေသည်။

ဝမ်ယွင်ကျန့်နှင့် ရွှီဝမ်ပေါ်တို့သည်လည်း ခေါင်းရှုပ်သွားကြ၏။ ဝမ်းကွဲများသည် အစပိုင်းတွင် ဖြစ်ပျက်ေနသည်ကို နားမလည်ကြပေ။ သူတို့၏ကြောက်လန့်ခြင်းမှာ မရပ်တန့်သွားဘဲ အုပ်စုနှင့်အတူ အလိုအလျောက် တုံ့ပြန်ကြလေသည်။ သူတို့၏ဝမ်းကွဲ/ညီမ ကြောက်လန့်နေသည်ကို မြင်တော့ အခြားသူများသည် ပဟေဠိ ဖြစ်နေပုံပေါ်သောကြောင့် ရွှီဝမ်ပေါ်သည် မြန်မြန်ရှင်းပြလိုက်၏။

"ငါ့ညီမလေးက မြွေကိုတစ်ခါမှ မမြင်ဖူးလို့ပါ"

အမှန်တိုင်းပြောရလျှင် သူလဲ မမြင်ဖူးပေ။

ယခုအချိန်တွင် သုံးပိုင်းပြတ်နှင့် လူးလွန့်နေသေးသည့်မြွေကို မြင်ရခြင်းသည် အမှန်ပင် ထိတ်လန့်စရာကောင်းလေသည်။ ရွှီဝမ်ပေါ်သည် ခက်ခက်ခဲခဲမျိုသိပ်ကာ ဆက်မကြည့်ဝံ့တော့ပေ။

"ငါ့ညီမလေးကို သွားကြည့်ဦးမယ်"

ရွှီဝမ်ပေါ်က ဤအရာကိုပြောလိုက်သည်နှင့် လူတိုင်းသည် ဘာဖြစ်ခဲ့လဲဆိုတာကို သိကြလေသည်။ ရှန်းနဉ်သည်လည်း ပြေးလာပြီး ပြောလိုက်၏။

"ဟုတ်ပြီ၊ ဟုတ်ပြီ။ ငါလည်း ဝမ်ယင်းကို သွားကြည့်လိုက်မယ်"

ရှန်းနဉ်သည် ရွှီဝမ်ယင်းတစ်ယောက် ကြောက်လန့်ပြီးငိုလိမ့်မည်ဟု မမျှော်လင့်ထားဘဲ ကူညီရန်ပြေးသွားလိုက်၏။

သူမ ပြန်ပြေးလာရင်း ဘေးတွင်ချထားသောခြင်းတောင်းကို ကောက်ယူဖို့လဲ မမေ့ပေ။ မြွေဟု ယူဆထားသောကြောင့် သူမသည်အနားသို့ မကပ်ရဲဘဲရှိနေေလသည်။ သိူ့သော် လူကြီးများရောက်လာပြီး မြွေကိုနှိမ်နှင်းကြ၏။ ကလေးများအားလုံးသည် ဂူကြီးဆီသို့ ခုန်ပေါက်ပြေးလာကြလေသည်။

ဂူကြီးထဲတွင် ရွှီဝမ်ယင်းသည် ငိုနေဆဲဖြစ်သော်လည်း သူမ၏ရှိုက်သံသည် သိသိသာသာ တိတ်ဆိတ်သွားလေသည်။ မြွေနှင့်ဝေးပြီး လူကြီးများ၏ ဝန်းရံထားခြင်းသည် သူမကို သိသိသာသာ စိတ်ငြိမ်သွားစေ၏။

ကလေးများကို ထပ်မကြောက်တော့စေရန် မြွေကိုဂူအနီးနားသို့ သယ်ယူခြင်းကို ဂရုတစိုက်ရှောင်ရှားရင်း လုအာ့လန်က မြွေရှင်းလင်းလိုက်ပြီး လူကြီးများသည် ဆက်လက် လုပ်ဆောင်ကြလေသည်။

စန်းလော့သည် ရွှီဝမ်ယင်း၏မျက်ရည်များနှင့် မြွေနှင့်ပတ်သက်ပြီး ကလေးများ၏အော်သံများကို ပြန်စဉ်းစားရင်း အရေးကြီးသည့်အရာ တစ်ခုခုကို သဘောပေါက်သွားလေသည်။ သူသည် ရှန်းလီနားသို့ ကပ်သွားပြီး ပြောလိုက်၏။

"လူနဲနဲလောက်စုပြီး ထွက်သွားလိုက်။ ဂူပေါက်တွေကို ပိတ်ပြီး တောင်ပတ်ဝန်းကျင်နားက မတူတဲ့နေရာတွေမှာ အသီးသီးနေရာ ယူကြလေ။ ကလေးတွေရဲ့အသံကို ကြားနိုင်လားဆိုတာကို သိရအောင် နေရာအမျိုးမျိုးကနေ ဆူညံသံကြားရအောင်လုပ်လိုက်မယ်"

ဤသည်မှာ အရေးပါလှသော ဆောင်ရွက်မှုတစ်ခု ဖြစ်သည်။

တောအုပ်၏ကျယ်ပြောမှုအရ သူတို့တစ်ဦးတည်း ဤနေရာတွင် ခိုလှုံရန်ကြိုးပမ်းသည့် သူများမဖြစ်နိုင်ပေ။ တောင်များသည် ထူပြီးမြင့်မားသော်လည်း သူတို့သည် သတိထားရန်လိုအပ်ပြီး ဆူညံသံများ မဖြစ်အောင် ကြက်မွေးမြူခြင်းကို ရှောင်ကြဉ်သင့်သည်။ ဘေးကင်းမှုအရှိဆုံးကို သေချာစေရန် အသံသည် အကြောင်းအမျိုးမျိုးကြောင့် သက်ရောက်မှုရှိနိုင်သဖြင့် ဤပတ်ဝန်းကျင်တွင် အသံမည်သို့ ပျံ့နှံ့သွားသည်ကို သိထားရန်လိုအပ်၏။ ဤစမ်းသပ်မှုမှသာ သူတို့သည် ဆူညံသံအတွက် စိတ်ချရသည့် ကန့်သတ်ချက်ကို ချမှတ်နိုင်မည်ဖြစ်သည်။

ရှန်းလီသည် အရေးကြီးပုံကို ချက်ချင်းသဘောပေါက်ပြီး ပြောလိုက်၏။

"ချောက်အနားက ဒီတောင်တွေက အတော်လေးမြင့်ပြီး တစ်ချို့ဆို ၂၀၀ကနေ ၃၀၀မီတာ လောက်အထိရှိတယ်။ တောင်ထိပ်ကို တက်ဖို့အချိန်ယူရမယ်။ကျွန်တော်အရင်က ကြိုတင်စမ်းသပ်ပြီးပြီ။ တောင်ထိပ်ကရော၊ လမ်းခုလတ်ကရော၊ တောင်ခြေကနေတောင် ဘာမှမကြားရဘူး။ ဒါပေမယ့် ဝင်ပေါက်နှစ်ခုအပြင်ဘက်က နေရာတွေက အတော်လေးထိခိုက်လွယ်တယ်"

တောင်များသည် ၆မီတာ၊ ၇မီတာမှ တစ်ကီလိုမီတာနီးပါး မြင့်သည်ကိုကြားတော့ စန်းလော့သည် အလွန်အံ့အားသင့်သွားပြီး တောင်ထိပ်များကိုအောက်ခြေမှ ဘာကြောင့်မမြင်ရသည်ကို နားလည်သွားလေသည်။ ရှန်းလီကဲ့သို့သူမျိုးအတွက်ပင် ထိုကဲ့သို့မတ်စောက်ပြီး စိတ်မချရသည့်တောင်များက အခက်အခဲတစ်ခုဖြစ်နိုင်ပြီး နာရီဝက်မပြည့်ခင် ရောက်ဖို့ဆိုလျှင် ဆိုဖွယ်ပင်မရှိချေ။

ရှန်းလီက ဤအရာကိုစမ်းသပ်ပြီးပြီဆိုထဲက စန်းလော့က အကြံပြုလိုက်လေသည်။

"ဒါဆိုလည်း တစ်ခြားနေရာတွေဖြစ်တဲ့ တောင်ခြေနဲ့ လမ်းခုလတ်မှာ စမ်းသပ်ကြည့်ရအောင်"

ရှန်းလီသည် တုံ့ဆိုင်းမှုမရှိဘဲ သဘောတူလိုက်၏။ သူနှင့်ချန်းသရှန်တို့ စမ်းသပ်ခြင်းသည် လူဒါဇင်ပေါင်းများစွာကို အမျိုးမျိုးသော အတွင်းပိုင်းနှင့်အပြင်ပိုင်း တည်နေရာများအား ပျံ့နှံ့သွားစေသကဲ့သို့ ထိရောက်မှုမရှိပေ။ ဖြစ်နိုင်ချေရှိသည့်နေရာများကို စန်းလော့နှင့် ဆွေးနွေးပြီးနောက် သူနှင့်အတူပါဝင်ရန် အပျော်တမ်း ပြုလုပ်မည့်သူများကို ခေါ်လေသည်။

အသံစမ်းသပ်ခြင်းကိုကြားတော့ ရွှီဝမ်ယင်းသည် ငိုနေခြင်းကို ရပ်လိုက်ပြီး သူမငိုသံသည် ကျယ်လောင်လွန်းပြီး လုံခြုံမှုမရှိနိုင်သည်ကိုသိလေ၏။

စန်းလော့က သူမကိုစနောက်လိုက်၏။

"နောက်မှ စမ်းသပ်နေတဲ့အချိန်အတွင်း ထပ်ငိုလို့ရတယ်"

ရွှီဝမ်ယင်းသည်တွေဝေနေပုံပေါ်ပြီး မသိစိတ်ဖြင့် နှာတစ်ရှုပ်ရှုပ်ဖြစ်နေ၏။

"သမီး ထပ်မငိုနိုင်တော့ဘူး"

အဘွားရွှီသည် မပြုံးဘဲမနေနိုင်တော့ပေ။

ရှန်းနဉ်နှင့် အခြားသူများသည်လည်း ရီမောကြလေသည်။ သို့သော် ရှီထိုနှင့်စန်းနျိုတို့သည် ပြုံးရင်း ချဉ်းကပ်လာကြ၏။

"မကြီးအားလော့၊ ငိုဖို့အတွက် တစ်ယောက်ယောက်လိုအပ်လား။ မျက်ရည်မကျလဲ ကိစ္စမရှိဘူးမလား။ သားတို့လဲ လုပ်နိုင်ပါတယ်"

ငိုဟန်ဆောင်ခြင်းကို မည်သို့ပြုလုပ်ရသည်ကို သူတို့အားလုံးသိကြ၏။

အားလော့က ပြုံးလိုက်၏။

"မျက်ရည်ကျစရာ မလိုဘူး။ အော်ငိုလို့ရတာကပဲ လုံလောက်နေပြီ။ နောက်ပိုင်း ငိုဖို့ပြောရင် စပြီး ငိုလို့ရပြီ"

ကလေးနှစ်ယောက်သည် အရေးကြီးသည့်အလုပ်တစ်ခုကို လက်ခံလိုက်ပုံပေါ်ပြီး ရင်ဘတ်ကိုကော့လိုက်ကာ ယုံကြည်ချက်ရှိစွာဖြင့် ခပ်ဖွဖွပုတ်လိုက်၏။

"ကောင်းကောင်းငိုမယ်လို့ ကတိပေးပါတယ်"

ဤသည်ကိုမြင်တော့ အငယ်ဆုံးအားရွှီသည်လည်း ပါဝင်လေ၏။

"မကြီးအားလော့၊ သားလဲ ငိုနိုင်တယ်လေ"

သူတို့၏စိတ်အားထက်သန်မှုသည် ဖုန်းလျိုညန်ကို ရယ်မောစေပြီး ဟူကျီ၊ အားနျိုနှင့် သနျိုကဲ့သို့ အသက်ကြီးသောကလေးများသည်လည်း ဟက်ဟက်ပက်ပက် ရီမောကြလေသည်။

အသက်ပိုကြီးသည့်ကောင်လေးများက အငယ်သုံးယောက်ကို ရီနေသည်ကိုမြင်တော့ အားလော့က လက်ညှိုးထိုးလိုက်ပြီး အပြုံးနှင့်ပြောလိုက်၏။

"မင်းတို့ထဲကလဲ ဘယ်သူမှ မလွတ်ဘူးနော်။ တစ်နေရာစီမှာရပ်ပြီး ငိုဖို့ပြောတဲ့အခါ အားလုံးငိုကြရမယ်"

ဤအရာသည် အခြေအနေကို ပြောင်းပြန်လှန်ပစ်လိုက်ပြီး အသက်ကြီးသည့်ကောင်လေးများ၏ ရီသံကို ရပ်တန့်သွားစေ၏။ ရှီထိုနှင့်တစ်ခြားသူများသည် သူတို့၏တခစ်ခစ်ရီသံများကို ထိန်းကာ ပါးစပ်ကို အုပ်ထားကြလေသည်။

အားလော့သည် ဖုန်းလျိုညန်နှင့်အခြားသူများကို သတိပေးလိုက်၏။

"နောက်ကျရင် အဒေါ်တို့ရော ဂရုစိုက်ပါ။ မြွေတွေနဲ့ထိပ်တိုက်ရင်ဆိုင်တာ ဒါမှမဟုတ် ဒီလိုမျိုးထပ်မဖြစ်အောင် ရှောင်ကြရအောင်"

ဆယ့်ငါးမိနစ်၊ မိနစ်နှစ်ဆယ်မျှ စောင့်ပြီးသောအခါ လူတိုင်းသည် ထွက်ခွာသွားကြ၏။ တောင်ကြားအတွင်းရှိ အမျိုးသမီးများနှင့် ကလေးများကို စည်းရုံးပြီး ဂူများ၏အတွင်းဘက် အပါအဝင် တောင်ကြားတစ်လျှောက် ကြားကာလတွင် နေရာယူထားကြလေသည်။ အရာအားလုံး အဆင်သင့်ဖြစ်သည်နှင့် အားလော့သည် အပြင်ဘက်ရှိ ရှန်းလီနှင့် အလွယ်တကူပူးပေါင်းဆောင်ရွက်ရန် ချောက်၏ဝင်ပေါက် ၌နေရာယူထားလိုက်၏။

ရှန်းလီသည် လူတိုင်းက သူတို့၏နေရာများသို့ ရောက်မည့်အချိန်ကို မှတ်ထားပြီး ဂူဝင်ပေါက်တွင်ကျန်ရှိသော အပေါက်သေးသေးလေးမှ ဆက်သွယ်ကာ ညွှန်ပြရင်း စတင်နိုင်လေသည်။

အားလော့သည် ကျိုးချွမ့်ကျန့်ကို တိုက်ရိုက်မှာကြားကာ အထဲရှိကလေးများကို ကျယ်လောင်စွာ စတင်ငိုခိုင်းလိုက်၏။

ကလေးငယ်များဖြစ်သည့် ရှီထို၊ စန်းနျို၊ အားရွှီ၊ ချောင်အာနှင့် ရှောင်ယာတို့သည် ခိုင်းသည့်အတိုင်း အများဆုံး ပူးပေါင်းဆောင်ရွက်ကြလေသည်။ အကြီးကလေးများမှာ အစပိုင်းတွင် အနည်းငယ် ရှက်နေကြသော်လည်း ပထမတစ်ခါ ငိုပြီးသောအခါ အသားကျသွားပြီး သူတို့၏လည်ပင်းများကိုမော့ကာ ပျော်ရွှင်နေကြ၏။

အားလော့သည် စိတ်ထဲတွင် အချိန်မှတ်လိုက်ပြီး သုံးမိနစ်လောက် အော်ငိုပြီးနောက် သူမသည် ကလေးများ အတူတကွ စုဝေးရန် ကျိုးချွမ်ကျန့်ကို ထပ်ဆင့် အသိပေးလိုက်လေသည်။ သူတို့သည် အခြားဘာမျှမလုပ်ရသော်လည်း ရှန်းအန်း ဦးဆောင်ပြီး အက္ခရာတစ်ထောင်ကျမ်းကို တစ်ညီတစ်ညွတ်ထဲ ရွတ်ဆိုခိုင်းလိုက်၏။

တောင်ကြား၏ အနက်ရှိုင်းဆုံးနေရာမှ သူတို့သည် တစ်နေရာမှ တစ်နေရာသို့ရွေ့လျားရင်း တည်နေရာတစ်ခုဆီ၌ အပိုင်းတစ်ပိုင်းကို ရွတ်ဆိုကြလေသည်။ သူတို့၏ရွတ်ဆိုမှုသည် ချောမွေ့ပြီး သူတို့၏အသံများမှာလဲ တစ်ညီထဲထွက်လာ၏။

ဝမ်ယွင်ကျန့်၊ ရွှီဝမ်ပေါ်နှင့် ဝေ့ချင်းဟယ်တိူ့သည် အံ့အားသင့်နေကြ၏။

"ဆယ်မိုင်(ရှီလီ)ရွာက ကလေးတွေက ဒီလောက်အထင်ကြီးစရာ ကောင်းတာလား။ သူတို့အားလုံး ဘယ်လိုလုပ်ပြီး ရေးနိုင် ဖတ်နိုင်ကြတာလဲ"

အဘွားရွှီသည်လည်း ကြောင်အနေလေသည်။ သူမက ဤကလေးများသည် သူတို့မိသားစုများ၏ အသင့်အတင့်ရှိသည့် ဥစ္စာများဖြင့် ကိုယ်ပိုင်ကျောင်းများကို တက်ရောက်နိုင်မည်ဟု မယုံကြည်ပေ။ သို့သော် သူ့သားသည် အရင်က မည်သို့ပြောခဲ့သနည်း။

အားလော့သည် လေးစားဖွယ်ကောင်းသည့် နောက်ခံတစ်ခုမှ မွေးဖွားလာခြင်းပေလော။

ရှန်းမိသားစုမှ ရှန်းအန်းက ဦးဆောင်နေသည်ကိုမြင်တော့ ကလေးမရှန်းနဉ်ပင်လျှင် ထိုအရာကို ကောင်းစွာသိသောကြောင့် သူမထံတွင် အဖြေရှိသည်ဟု ခံစားရလေသည်။ ဤကလေးများကို စာရေးစာဖတ်သင်ပေးသူမှာ အားလော့ဖြစ်ရမည်။

"ဘယ်လိုကံမျိုးလဲ၊ ဘယ်လိုကြမ္မာမျိုးလဲ။ ဒီလိုကောင်းခြင်းတွေကို စုဆောင်းဖို့ အတိတ်ဘဝတွေမှာ ဘယ်လိုကောင်းမှုမျိုးကို လုပ်ခဲ့ပါလိမ့်"

စာပေတတ်မြောက်မှု၏တန်ဖိုးကို အလွယ်တကူ နားမလည်‌သောကာလကို နားလည်သည့် အဘွားရွှီသည် ထိုအရာမှ ရရှိနိုင်မည့်အကျိုးကျေးဇူးများကို ကောင်းစွာသိထားလေ၏။ သူမသား၏ စာပေတတ်မြောက်မှုနှင့် စီးပွားရေးအမြင်ရှိမှုသည် သူ့အား ဆိုင်တာဝန်ခံရာထူးအထိ တက်သွားစေလေသည်။

ရွှီမိသားစု၏အံ့ဩမှုကို သတိမထားမိဘဲ စန်းလော့သည် စမ်းသပ်မှု အမျိုးမျိုးဖြင့်အဖွဲ့ကို ဦးဆောင်လေ၏။ ပြီးသွားသည်နှင့် ဝင်ပေါက်ကို ပိတ်ဆို့ထားသော ကျောက်တုံးကြီးကိုဖယ်ရှားကာ တစ်ခြားသူများနှင့်အတူ တောင်ကြားသို့ ပြန်လာလေသည်။

စစ်ဆေးကြည့်လိုက်တော့ ကလေးများ၏စုပေါင်းအော်သံများကို တောင်ပေါ်ရှိအခြားနေရာများတွင် မကြားနိုင်သော်လည်း အသံတိမ်တိမ်များသည် လျိုမြောင်ဝင်ပေါက်သို့ ရောက်ရှိလေသည်။ အလုံပိတ်ထားသည့် လမ်းတစ်ဝက်၌ ကလေးများနှင့် အနီးကပ်ဆုံး အချိန်တစ်ချို့တွင်သာ ကြားနိုင်၏။

အော်ဟစ်ခြင်းမရှိဘဲ ပုံမှန်စာဖတ်သည့်အဆင့်များကို ရှန်းလီရပ်နေသည့် ဝင်ပေါက်နားမှ တောင်ကြား၏ အပြင်ဘက်ဝန်းကျင်တွင်သာ ကြားနိုင်လေသည်။ သို့သော် အတွင်းပိုင်း သို့မဟုတ် အလယ်ပိုင်းတွင်တော့ အသံမရောက်ပေ။

လူကြီးများသည် တောင်ကြားအတွင်း၌ ဆူညံမှုအဆင့်ကို ထိန်းထားခြင်း၏ အရေးပါပုံကို သတိပေးလိုက်ပြီး အကျယ်ကြီးမအော်ဘဲ ပုံမှန်စာဖတ်ခြင်းသည် ဘေးကင်းစေရန်အတွက် လုံလောက်ကြောင်းကိုပါ အသားပေး ပြောပြလိုက်၏။

ရွှီဝမ်ယင်းအပါအဝင် ကလေးများသည် သင်ခန်းစာကို အသိအမှတ်ပြုကြပြီး အနာဂတ်တွင် ပို၍သတိထားမည်ဟု ကတိသစ္စာပြုကြရင်း မငိုတော့ရန်ကတိပေးလိုက်လေသည်။

စန်းလော့သည် ကျိုးချွမ်ကျန့်နှင့် အခြားသူများကို တောင်ကြား၏ အနက်ရှိုင်းဆုံးအပိုင်းအား ကလေးများအတွက် ကစားရန်နှင့် စာသင်ကြားရန်နေရာတစ်ခုအဖြစ် ရှင်းလင်းရန်အကြံမပြုမီတွင် ပြုံးရင်းဖြင့် ရွှီဝမ်ယင်း၏ပါးလေးကို ဖျစ်ညစ်လိုက်၏။ အရိပ်ရသစ်ပင်များအောက်တွင် ဇရပ်တစ်ခု တည်ဆောက်ပြီး လုပ်ငန်းဆောင်တာ အမျိုးအမျိုးအတွက် ထိုင်ခုံများ၊စားပွဲများကို ထည့်သွင်းပေးထားကာ ဆူညံသံ အတန်အသင့်လောက်အတွက် လိုအပ်ချက်များကို အလေးပေးထားလိုက်သည်။

သစ်ပင်များအောက်တွင် ဇရပ်ကိုနေရာချထားခြင်းသည် ရှန်းလီ၏ စကားအရ ထောင်ထိပ်မှ ကြည့်လျှင် မြင်ကွင်းကို ကွယ်ထားနိုင်သည်ကို သတိထားမိသည့် စန်းလော့၏ ဗျူဟာမြောက် ဆုံးဖြတ်ချက်တစ်ခုဖြစ်လေသည်။

သစ်ပင်များအောက်တွင် အခြားအဆောက်အအုံ တည်ဆောက်ခြင်းသည် လက်တွေ့မကျသလို ယူဆထားပြီး လယ်ယာစိုက်ပျိုးခြင်းအတွက် အလွန်အရေးပါသော တောင်ကြားရှိ အကန့်အသတ်ရှိသည့် လယ်မြေများကိုပါ ထည့်သွင်းစဉ်းစားရလေသည်။

ကလေးများ၏ လှုပ်ရှားမှုများအတွက် နေရာတစ်ခုဖန်တီးပေးသည့် စန်းလော့၏စိတ်ကူးကို လူတိုင်းက လက်ခံကြပြီး သူတို့၏ကောင်းကျိုးအတွက် အရေးကြီးကြောင်းကို အသိအမှတ်ပြုကြ၏။

ကျိုးချွမ်ကျန့်သည် အစီအစဉ်ကို အသိအမှတ်ပြုပြီး မကြာမီတွင် စပါးစုဆောင်းရန် လိုအပ်သည်ကို ပြောလိုက်လေသည်။ သူက စပါးသယ်ယူခြင်း ပြီးမြောက်သွားသည်နှင့် သူတို့သည် ဇရပ်နှင့် ပရိဘောဂအတွက် သစ်သားများကို စုဆောင်းမည်ဟု အခိုင်အမာပြောဆိုလိုက်၏။

အထူးသဖြင့် ကျိုးချွမ်ကျန့်သည် ကလေးအားလုံး စာတတ်ခြင်းကို ပီတိဖြစ်မိပြီး ဤပတ်ဝန်းကျင်သည် သူ့ကလေးငယ်များအား ပညာရေးကို တန်ဖိုးထားတတ်စေရန် တွန်းအားပေးလိမ့်မည်ဟု မျှော်လင့်မိပါသည်။

သူသည် ကလေးများ၏ အက္ခရာတစ်ထောင်ကျမ်း ရွတ်ဆိုခြင်းအပေါ် မည်မျှအထင်ကြီးကြောင်းကို သတိထားပြီး ထိုအရာသည် သူ၏ကလေးများကို ပို၍လေးနက်စွာဖြင့် သင်ကြားရန် တွန်းအားပေးမည်ဟု ယုံကြည်ထားလေ၏။

ကျိုးချွမ်ကျန့်သည် သိသိသာသာပင် ဝမ်းမြောက်နေလေတော့သည်။

...

အပိုင်း (၁၃၀) ဝက်သားခြောက်နှင့် တောကြက်သွန်မွှေကြော်

ကလေးများသည် တဖန်စုဝေးလာကြချိန်တွင်တော့ ဝမ်ယွင်ကျန့်နဲ့ရွှီဝမ်ပေါ်တို့သည် ဆွဲဆောင်ခံလိုက်ရတော့သည်။ ရှန်းအန်းနှင့် ရင်းနှီးနေသည်ဖြစ်ရာ ထူးထူးခြားခြား ပွင့်လင်းလာသည့် ရွှီဝမ်ပေါ်က ရှန်းအန်း နားသို့ရောက်လာပြီး မေးလိုက်လေသည်။

"ရှန်းအန်း မင်းတို့အားလုံး ရေးတတ် ဖတ်တတ်တာလား"

ရှန်းအန်း၏မျက်လုံးများက အပြုံးတစ်ခုအသွင် ကွေးညွှတ်သွားပြီး ခေါင်းငြိမ့်ပြလိုက်သည်။

"ငါတို့ရဲ့မရီးက ငါတို့ကို သင်ထားပေးတာလေ၊ သူက ငါ့အတွက် စာလုံးပေါင်းတစ်ထောင်ကျမ်းဆိုတဲ့ စာအုပ်တစ်အုပ်ကိုတောင် လုပ်ထားပေးသေးတယ်။ အဲဒီဟာကို ငါတို့အခုလေ့လာနေတာပေါ့၊ မင်းရော ငါတို့နဲ့အတူ လေ့လာချင်လား၊ စာအုပ်က ဂူကြီးထဲမှာရှိတယ်။ ခဏနေကြရင် ငါ မင်းကို ပြလို့ရတယ်"

ရွှီဝမ်ပေါ်၏မျက်လုံးများက ဝမ်းသာအားရ လင်းလက်သွားသည်။

"ရတာပေါ့၊ ယွင်ကျန့်မှာလဲ စာအုပ်တစ်အုပ် ရှိသေးတယ်၊ အဲဒီအိတ်နဲ့ သူ အမြဲတမ်း သယ်ထားတတ်တဲ့ တစ်ခုလေ၊ ငါတို့တွေက မင်းကိုပြဖို့ ငှားပေးနိုင်တယ်"

ဝမ်းကွဲများနှင့် ရင်နှီးနေသည်ဖြစ်ရာ ဝမ်ပေါ်၏ ကမ်းလှမ်းချက်က အံ့သြစရာ မဟုတ်ပေ။ သူတို့ဘေးတွင်ရပ်နေသည့် ဝမ်ယွင်ကျန့်က ပြုံးကာ ခေါင်းငြိမ့်သဘောတူလိုက်သည်။

ဝမ်ယွင်ကျန့်၏ စာအုပ်အကြောင်းကို ကြားလိုက်ရသည်တွင် ရှန်းအန်း၏မျက်လုံးများက စိတ်လှုပ်ရှားကာ တဖျတ်ဖျတ် လက်လာတော့သည်။ ဝမ်ယွင်ကျန့်နေ့တိုင်း သယ်လာတတ်သည့် အိတ်လေးကို စဥ်းစားမိလိုက်သည်တွင် အထဲ၌စာအုပ် အနည်းဆုံး သုံးလေးအုပ်တော့ ပါလိမ့်မည်ဟု ရှန်းအန်းက ခန့်မှန်းမိလိုက်ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။

သူသည် စာအုပ်တစ်အုပ်ပိုင်ဆိုင်ရသည့် တန်ဖိုးကို သေသေချာချာ နားလည်လေသည်။ သူ၏ မရီးကြောင့်သာမဟုတ်လျှင် သူ့ဘဝတွင် စာအုပ်များကို ပိုင်ဆိုင်ရပြီး ဖတ်တတ်ဖို့ရန် မဖြစ်နိုင်ပေ။

ထို့နောက်တွင် ဝမ်ယွင်ကျန့်က စာလုံးပေါင်းတစ်ထောင်ကျမ်းနဲ့ ပတ်သတ်ပြီး ရှန်းအန်း၏ တိုးတက်မှုအကြောင်းကို မေးမြန်းလိုက်ကာ ရှန်းအန်းက စာလုံးဘယ်နှစ်လုံး ရေးနိုင်သလဲဟုလည်း မေးလိုက်လေသည်။ ရှန်အန်းတင်မကဘဲ ဟူကျီနှင့် တခြားကလေးများကလဲ စကားဝိုင်းတွင်း ဝင်ပါလာကြသဖြင့် စည်ကားသည့် ပတ်ဝန်းကျင်လေးတစ်ခု ဖြစ်နေတော့သည်။

သူတို့သည် စကားပြောနေရင်းက နေရောင်ခြည်မှာ တိမ်လေးတွေကို ထိုဖောက်ပြီးဝင်လာလေသည်။ ရှန်းနဥ်က မြေကြီးပေါ်က အရိပ်များကို အရင်ဆုံး သတိထားမိလိုက်ပြီး အပြောင်းအလဲကို သဘောပေါက်သွားသည်။ အပေါ်ကို မော့ကြည့်လိုက်သည်တွင် လျှိုမြောင်အထက်က တိမ်များက နောက်ဆုံးတော့ ကျဲသွားပြီး နေရောင်ထွက်လာသည်ကို တွေ့လိုက်ရလေသည်။

"နေ ထွက်လာပြီ"

အားလုံးက မော့ကြည့်လိုက်ကြပြီး ပထမဦးဆုံးအကြိမ်အဖြစ် လျှိုမြောင်ပတ်ဝန်းကျင်က တိမ်များ၏ မတ်စောက်သည့်အမြင့်ကို သိရှိသွားရာ တအံ့တသြ ဖြစ်သွားကြတော့သည်။

ဂူကြီးထဲကို ပြန်လာကြသည့် စန်းလော့နှင့်တခြားသူများကလဲ ထိုအပြောင်းအလဲကို သတိထားမိလိုက်ပြီး လျှိုမြောင်ထိပ်ဘက်သို့ မော့ကြည့်လိုက်သည်။ နေ့လည်ခင်းရောက်တော့မည်ကို သိလိုက်သည်တွင် သူတို့က ယောက်ကျားသားများက သူတို့၏ခရီးကို မကြာခင်စတင်ထွက်ဖို့ လိုအပ်သည့်အကြောင်း အလေးပေး ပြောကြားလိုက်ပြီး အစားအသောက်များကို ပြင်ဆင်ဖို့ရန် မြန်မြန်ပြန်လာလိုက်ကြသည်။

လူအများကြီးရှိနေလေရာ နေ့လည်စာတစ်နပ်ကိုတော့ ဂူထဲတွင် ရပ်ပြီးတော့ စားလိုက်ရသည်။ အစားအသောက်များကို မြေအိုးများထဲတွင် တည်ခင်းပေးထားပြီး ဂူအပြင်ဘက် တော်တော်လေး အလင်းပိုရသည့်နေရာနားတွင် စင်လွတ်တခုပေါ်တွင် စီစဥ်ထားပေးလိုက်ပြီး ဖြစ်သလို စားပွဲတစ်လုံးအဖြစ် အသုံးပြုလိုက်ကြသည်။

အစားအသောက်များက မိသားစုတစ်ခုချင်းစီမှ စုပေါင်းအားထုတ်ထားသည့် အရာပင်။ သူတို့၏ ဂူအသီးသီးတွင် အခြေမချခင် လက်ထဲတွင် တာဝန်များစွာရှိနေပြီး စပါးသယ်ယူပို့ဆောင်ခြင်းကိုသာ အဓိကအာရုံစိုက်ထားရသဖြင့် အားလုံးက စုပေါင်းပြီး ထမင်းတစ်နပ် စားလိုက်ကြသည်။ ဘယ်သူကမှ ရွှီမိသားစုကို သူတို့၏ အစားအသောက်များကို ထည့်ဝင်ဖို့ မပြောကြသော်ငြားလည်း သခင်မကြီးရွှီက အမြဲတမ်း တာဝန်သိလေရာ စန်းလော့ထံမှ စပါးအနည်းအကျဥ်းကို ချေးငှားလိုက်ပြီး သူတို့မိသားစု ၏ဝေစုကို ထည့်ဝင်လိုက်လေသည်။

နေ့လည်စာထဲတွင် ရွှီမောင်နှမသုံးယောက် တော်တော်လေးကို တုန်လှုပ်သွားသည့် မြွေဟင်းရည် အထူးဟင်းလျာတစ်ခု ပါလာသည်။ သူတို့သည် ထိုဟင်းလျာကို ဖယ်ထားလိုက်ကြပြီး ထိုအစား မုန်ညှင်းရွက်ကိုသာ စားလိုက်ကြကာ လုံခြုံသည့်အကွာအဝေးတစ်ခုကို ထိန်းထားလိုက်သည်။

တခြားကလေးများကတော့ အခက်အခဲကို သီးခံလာခဲ့ကြရသဖြင့် ပိုပြီးတော့ အလိုက်သင့်နေနိုင်ကြသည်။ အသားဆိုသည်မှာ သူတို့ ကျော်သွားလို့မရနိုင်သည့် ဇိမ်ခံပစ္စည်းတစ်မျိုးပင်။

ကလေးများသည် သူတို့၏ အဖေနှင့်ဦးလေးများက မကြာမှီတွင် စပါးများကို တောင်အတွင်းသို့ သယ်ယူပို့ဆောင်ရန် နေ့ရက် တော်တော်များများ အသုံးပြုရမည်ဖြစ်ကာ အင်မတန်မှ ပင်ပန်းသည့်တာဝန်တစ်ခုမှန်း သတိထားမိကြသည်။ အနည်းငယ်သာ အနားယူရပြီး လေးလံသည့်စပါးများကို သယ်ယူရခြင်းက ထိတ်လန့်စရာပင်။ ပေါ့ပါးသည့်ပစ္စည်းလေးများကိုသာ သယ်ဆောင်လာရသည့် သူတို့၏ ပင်ပန်းလှသည့်ခရီးနှင့်တော့ ယှဥ်လို့ပင်မရပေ။ သူတို့ လူကြီးများ၏ ပင်ပန်းမှုကို နားလည်ကြသည်တွင် ကလေးများက တယောက်မှ အသားများကိုမထိကြဘဲ ဂူအပြင်ဘက်တွင် သူတို့၏ အသီးအရွက်များကိုသာ စားသောက်ဖို့ ရွေးချယ်လိုက်ကြသည်။

အချင်းချင်း ဂရုစိုက်ပေးနေကြပြီး လူကြီးများကလဲ ကလေးများကို အစားအသောက်အားလုံးကို နည်းနည်းချင်းစီ နှိုက်စားဖို့ အားပေးလိုက်ကြပြီး ရွှီမောင်နှမတို့ကိုလဲ မမေ့မလျော့ပင် ဝမ်ယွင်ကျန့်နှင့် တခြားသူများကို လှမ်းပြောလိုက်လေသည်။

"မင်းတို့တွေ နည်းနည်းလောက် မစားကြည့်ကြဘူးလား၊ တကယ် အရသာရှိတာနော်"

မြွေဟုပြောလိုက်သည်တွင် ရွှီဝမ်ယင်းမှာ ဖြူဆုတ်သွားပြီး အလန့်တကြား နောက်ကို ခြေလှမ်းအနည်း ငယ် ဆုတ်မိသွားတော့သည်။

ကြောက်လန့်နေသည့်အပြင် နောက်သို့ အင်တင်တင်ဖြင့် ဆုတ်သွားသည်ကို မြင်လိုက်သည်တွင် ရှန်းနဥ်က နှစ်သိမ့်ပေးရန် ဘေးသို့ရောက်လာပြီး ရှင်းပြလိုက်သည်။

"စိတ်မပူပါနဲ့ အသားတွေအားလုံးက အတူတူပါပဲ၊ အဲဒီ့ဟာကို မြင်ရတာနဲ့ မမြင်ရတာပဲကွာတာ၊ နောက်ပြီးတော့ မှတ်ထားရမှာက ဒီလို သေရေးရှင်ရေးအချိန်မှာ စပါးတစ်စေ့ကတောင်မှ လူတွေရဲ့အသက်ကို ကယ်တင်ပေးနိုင်တယ်လေ"

သူမသည် သူမ၏မိသားစုက စားသောက်ဖို့ရန် လုံလောက်သည့် အစားအစာများကို ရှာဖွေဖို့ ရုန်းကန်ခဲ့ရချိန်ကို သတိရသွားလေသည်။

ရွှီဝမ်ယင်းမှာ ရှန်းနဥ်၏မိသားစုက အစားအသောက်ရှားပါးသည့် ပြသာနာနှင့် ရင်ဆိုင်ခဲ့ရသည်ကို မသိချေ။ သို့သော်ငြားလည်း မြောက်ပိုင်းက ငတ်မွတ်ခေါင်းပါးမှုနှင့် ပုံကန်မှုများအကြောင်းကို ကြားခဲ့ဖူးသည့် ထိုနေရာတွင် လူအများစုက ဆာလောင်ငတ်မွတ်မှုဖြင့် သေဆုံးကြရသည်။ လူတချို့က ကြံမိကြံ ရာဖြင့် တောပုန်းဓားပြများအဖြစ် ပြောင်းလဲ သွားသည်။

သူမက ခေါင်းငြိမ့်လိုက်သည်။

"ငါနားလည်ပါပြီ၊ ဒါကလဲ ရင်းနှီးဖို့ အချိန်ယူရတာလေးပဲ ရှိတာပါ။ ခဏနေကြရင်တော့ အသားကျသွားမှာပါ"

သူမ၏ တိုးတက်လာသည့်အပြုအမူကို မြင်လိုက်သည်တွင် ရှန်းနဥ်ကပြုံးကာ သူမ၏အစားအသောက်ကို ဆက်စားလိုက်သည်။ ရွှီဝမ်ယင်းအနေဖြင့်တော့ မြွေဟင်းရည်ကို ပထမဦးဆုံးအကြိမ် စမ်းစားကြည့်ရမည်ဖြစ်ရာ အတွေးလွန်မနေတော့ဘဲ သူမက ထိုဟင်းရည်က အံ့သြစရာကောင်းလောက်အောင် အရသာရှိနေသည်ကို တွေ့လိုက်ရသည်။ သူတို့ကိုယ်တိုင် စုဆောင်းထားသည့် တောဟင်းရွက်များကို စားသောက်ရသည့် ဝမ်းသာစိတ်က အရသာကို ပိုပြီးကောင်းမွန်စေသည်။

နေ့လည်စာစားသောက်ပြီးနောက်တွင် ရှန်းလီနှင့်တခြားသူများ ထွက်ခွာရမည့်အချိန်သို့ ရောက်လာသည်။

လျှိုမြောင်ကို လေ့လာကြည့်ပြီးနောက်တွင် ကြိုတင်မှန်းဆလို့မရနိုင်သည့် မြွေကင်းများကလွဲလျှင် ဝင်ပေါက်ကို ပိတ်ဆို့ထားခြင်းက တောရိုးတိရိစ္ဆာန်များ တိုးဝင်မလာနိုင်အောင် အကာအကွယ် ဖြစ်လိမ့်မည်ဟု ရှန်းလီက မှတ်ချက်ပေးလိုက်သည်။ သူက စန်းလော့ကို ပြောလိုက်၏။

"ဒီခရီးမှာ ကျွန်တော်တို့က ဆိုင်တာဝန်ခံရွှီမိသားစုရဲ့ စပါးတွေကို ပထမစပါးသိုလှောင်တဲ့နေရာကို သယ်ပို့ပေးဖို့ ဆိုင်တာဝန်ခံရွှီနဲ့ အရင်ဆုံးတွေ့ဖို့လိုတယ်။ တကယ်လို့ အပြင်ဘက်မှာ ဖရိုဖရဲကိစ္စတွေ ဖြစ်သွားတယ်ဆိုရင် သူတို့တွေအတွက် ချိန်းဆိုထားတဲ့နေရာကို စပါးတွေ အန္တရာယ်ကင်းကင်း လာပို့ပေးဖို့က လွယ်မှာမဟုတ်ဘူး။ ဒီခရီး ကြာမဲ့အချိန်ကတော့ ရွှီမိသားစုပြင်ဆင်ထားတဲ့ စပါးပမာဏအပေါ်မှာ မူတည်လိမ့်မယ်။ ခရီးက တခေါက်ပဲဖြစ်ဖြစ် နှစ်ခေါက်ဖြစ်ဖြစ် ကျွန်တော်တို့တွေက ၁၁ရက်ကနေ၁၄ရက်လောက်အထိ ကြာနိုင်တယ်။ အခြေအနေပေါ်မူတည်ပြီးလဲ ပြောင်းလဲသွားနိုင်တယ်"

ဒါသည် လုပ်နိုင်ကိုင်နိုင်သည့် လူငယ်လေးများသာ သွားခြင်းဖြစ်ပြီး လူကြီးများ အမျိုးသမီးများနှင့်ကလေးများက နောက်တွင် ကျန်ရစ်ခဲ့သည်ဖြစ်ရာ ခရီးကအများကြီး ပိုမြန်ဆန်ပေမည်။ သူတို့အားလုံး အတူတူသွားလျှင် ဒီခရီးက နှစ်ဆသုံးဆလောက် ပိုပြီးတော့ ကြာသွားလိမ့်မည်။ ရွှီမိသားစု၏ စပါးက အများအပြားဖြစ်နေလျှင် ခရီးကို လေးခေါက်လောက်သွားဖို့ လိုအပ်လိမ့်မည်။

သူတို့ကိုလည်း အကြံပေးရသည်။

"ကိုယ့်ဟာကိုယ်လဲ သတိထားပေါ့၊ ကျင်းကျဲ့(ဆောင်းရာသီကာလ) ပြီးသွားရင် မြွေနဲ့ပိုးမွှားတွေက တွင်းအောင်းရာကနေ ထွက်လာနိုင်တယ်။ ညပိုင်းရောက်ရင် ဂူတံခါးကို သေသေချာချာလေးပိတ်ပြီး အဝင်ဝမှာ မြွေနှင်အမှုန့်ပြန့်ထားဖို့ မမေ့နဲ့ တခြားကိစ္စတွေအတွက် လျှိုမြောင်ထဲမှာပဲ နေဖို့ ကြိုးစားကြည့်"

စန်းလော့က ခေါင်းငြိမ့်သဘောတူလိုက်သည်။

"ကောင်းပါပြီ ကျွန်မတို့အတွက် စိတ်မပူပါနဲ့၊ ရှင်ကပဲ သတိထားဖို့လိုတာ၊ တောရိုင်းတိရိစ္ဆာန်တွေအပြင် စစ်မှုထမ်းတာနဲ့စပါးခွန်တွေကြောင့် လူတွေက တောင်အတွင်းပိုင်းမှာ ပုန်းနေတတ်တယ်။ သတိထားပြီးတော့ သတိလက်လွတ်တွေ မဖြစ်စေနဲ့"

ရှန်းလီက ပြုံးကာ ခေါင်းငြိမ့်ပြလိုက်ပြီး စန်းလော့ပြင်ဆင်ပေးထားသည့် အစားအသောက်နှင့်ရေကို လှမ်းယူလိုက်သည်။ သူက ရှန်းအန်းနှင့်ရှန်းနဥ်ကို လိမ်လိမ်မာမာနေဖို့ သတိပေးလိုက်ပြီး ထွက်ခွာဖို့ရန် အားလုံးကိုအချက်ပြလိုက်ပြီး ဖြတ်လတ်မှု နွေးကွေးနေသေးသည့် ဝေ့ကျင်းဟယ်ကိုပါ ခေါ်လိုက်သည်။

ဒီတကြိမ်တွင် ရှန်းလီက လျှိုမြောင်ဝင်ပေါက်ကို ကျောက်တုံးများဖြင့် နှစ်လွှာလောက်ပိတ်ထားလိုက်ပြီး လျှောက်လမ်းအနီး အတွင်းပိုင်းတစ်လွှာကို ထပ်ထည့်ထားလိုက်သည်။ သူတို့က ကျောက်တုံးများအကြားတွင် ဟနေသည့်နေရာကို သေသေချာချာလေး ဖြည့်ထားလိုက်ပြီး ကျောက်နံရံအက်ကွဲကြောင်းများကို ရွှံနှင့်သဲများကိုသုံးကာ ဖုံးကွယ်ထားလိုက်သည်။

ဒီလို နှစ်ဆင့်ပိတ်ဆို့ထားသဖြင့် အသံတစ်ခုခုက အပြင်ဘက်သို့ ထွက်လာနိုင်ဖို့ အများကြီးပိုနည်းပါးသွားသည်။

အမျိုးသားများ ထွက်သွားပြီးနောက်တွင် စန်းလော့နှင့် တခြားအမျိုးသမီးများက အနားမယူကြပေ။ တူရွင်းများကို ယောက်ကျားသားများက လက်နက်များအဖြစ် ယူသွားသည်ဖြစ်ရာ သူတို့က ကျန်သည့်လယ်ယာသုံးပစ္စည်းများကို ကောက်ယူကာ ပေါင်းမြက်များကို ရှင်းလင်းရန် လျှိုမြောင်အတွင်းပိုင်းသို့ ဦးတည်သွားလိုက်ကြသည်။

ရွှမ်းကျူးက စပါးသယ်ဖို့ရန် အဖွဲ့နောက် လိုက်သွားသော်ငြားလည်း အနည်းငယ်ကြီးသည့် ကလေးများဖြစ်သည့် ထျယ်ကျူးနှင့် ချန်းအာ့ရှန်တို့ကတော့ နေခဲ့ကြသည်။ ပိုငယ်ကြသည့် ကလေးတအုပ်နှင့်အတူ သူတို့၏ ပေါင်းမြက်များရှင်းလင်းပြီး မြက်များကိုခုတ်ထွင်ခြင်း စုပေါင်းအင်အားက လျှော့တွက်လို့မရပေ။

လူကြီး၁၀ယောက်နှင့် ကလေး၁၇ယောက်တို့က အတူတူ အလုပ်လုပ်လိုက်ကြသည်။ တချို့က ပေါက်ပြားများဖြင့် မြက်များကို ပေါက်လိုက်ကြပြီး တခြားသူများက တံစဥ်များကိုသုံးကာ မြက်များကို ဖြတ်လိုက်ကြသည်။ ပစ္စည်းကိရိယာမပါသည့် သူ များကတော့ မြက်များကို ဒီအတိုင်းလက်ဖြင့် ဆွဲနှုတ်ကြသည်။ စန်းလော့က သစ်ပင်အောက်ရှိ မြက်ပင်များဖြင့် စိမ်းစိုနေသည့်နေရာတစ်ခုကို ရွေးချယ်လိုက်သည်။ သူတို့သည် အသီးအပင်စိုက်ပျိုးဖို့ရန်အတွက် ပြင်ဆင်နေကြခြင်းမဟုတ်ဘဲ မြွေကင်းများပုန်းအောင်းမနေအောင် မြက်များကို ရှင်းလင်းလိုက်ခြင်းသာဖြစ်သည်။ ထိုအလုပ်က တစ်နာရီခန့်အကြာတွင် ပြီးမြောက်သွားကြသည်။

ကလေးများက တော်တော်လေး ဝမ်းသာရွှင်လန်းနေကြသော်ငြားလည်း လူကြီးများကတော့ တိုင်ပင်ဖို့ရန် လေးနက်သည့် တခြားကိစ္စများ ရှိနေသေးသည်။

စိုက်ပျိုးရေး အလုပ်ပင်။

ကျင်းကျဲ့ကာလပြီးသွားလျှင် စိုက်ပျိုးရေးကို အချိန်ဆွဲနေလို့ မရတော့ချေ။ ယခုပင် ကျင်းကျဲ့အချိန်ပြီးဖို့ရန် လဝက်လောက်သာ လိုတော့သည်။ လျှိုမြောင်က ပေါင်းမြက်များဖြင့် ပြည့်နှက်နေလေသည်။ မိသားစုတစ်ခုချင်းစီအတွက် စိုက်ပျိုးရေးရာသီကို လွတ်မသွားစေရန် သူတို့၏မြေများကို စတင်ပြင်ဆင်ဖို့ရန်က အချိန်ကြပ်နေသည်။

ချန်းအဘွားနှင့်လုအဘွားတို့က စိုက်ပျိုးရေးတွင် ကျွမ်းကျင်ကြသလို ကျိုးချွမ့်ကျန့်၏မိန်းမနှင့် အိမ်မှုကိစ္စကို စီမံကြသည့် ကျိုးချွမ့်ကျန့်၏မိန်းမနှင့် ကန်းရှီတို့ကလဲ ကျွမ်းကျင်ကြသည်။ လုပ်စရာရှိသည်များကို သိလိုက်ကြသည်တွင် သူတို့အားလုံးက မြေအရည်အသွေးကို အရင်ဆုံးစစ်ဆေးပြီး တိုင်ပင်ကြဖို့ စုဝေးလာကြသည်။

ရှင်းလင်းပြီးထားသည့် လမ်းကလေးကို လေ့လာကြည့်လိုက်သည်တွင် မြေအရည်အသွေးက အင်မတန်မှ ကောင်းမွန်နေသည်ကို တွေ့လိုက်ရသည်။ နှစ်ပေါင်းများစွာ မထိမကိုင်ဘဲ ချန်ထားသည့် ဒီမြေက စိုဆွတ်ပြီး အမဲရောင်မြေဆီလွှာအဖြစ် ပြောင်းသွားသည့်ဆွေးမြေ့နေသည့် သစ်ရွက်များဖြင့် အားပြည့်နေကာ ရှီလီရွာထဲက မြေများထက်ပင် အများကြီးပိုကောင်းနေသည်။

တခုတည်းသော ပြသာနာမှာ ဒီမြေနေရာများတွင် ကျောက်တုံးများ အရမ်းများပြားနေသဖြင့် မြေဆီလွှာကတိမ်နေခြင်းပင်။ တချို့ကျောက်တုံးများက ရွှံ့များထဲတွင်မြှုပ်နေပြီး တချို့ကျောက်တုံးများကတော့ မြေကြီးပေါ်တွင် ထိုးထွက်နေသည်။ အမြစ်တွယ်နေသည့်မြက်များနှင့် ဒီကျောက်တုံးများကို ရှင်းလင်းခြင်းက စိုက်ပျိုးခြင်းတစ်ခု စတင်ဖို့ရန်အတွက် စိန်ခေါ်မှုများဖြစ်လာလိမ့်မည်။ သူတို့သည် စပါးစိုက်ဖို့ရန် စဥ်းစားထားလျှင် မြေဆီလွှာများကို ပိုမိုလိုအပ်လာလိမ့်မည်ဖြစ်ရာ ထိုမြေများကို အပြင်မှထပ်ယူရမည့် နည်းလမ်းတစ်ခု ရှာဖွေရမည့်အဓိပ္ပါယ်ပင်။

အိမ်နားက မြေအသစ်တချို့ကို လတ်တလောမှ ရှင်းလင်းထားခဲ့ရသည့် စန်းလော့က ရှေ့တွင် ကြိုနေသည့်တာဝန်၏ အရေးပါမှုပမာဏကို ချက်ခြင်းနားလည်လိုက်သည်။

ကန်းရှီက လူကြီးအမျိုးသမီးများကို မေးလိုက်၏။

"ကျွန်မတို့တွေ ဒီမြေနဲ့ ဘယ်လိုစိုက်ပျိုးကြမှာလဲ"

သူမ၏မေးခွန်က ထိုမျှလောက် မရိုးရှင်းချေ။ သူမက မြေများကို ခွဲဝေပုံအကြောင်း မေးမြန်းလိုက်ခြင်းပင်။ စိုက်ပျိုးရေးကို စုပေါင်းလုပ်ဆောင်မည် သို့မဟုတ် မိသားစုတစ်ခုချင်းစီက သူတို့၏ကိုယ်ပိုင်မြေကွက်ကို စိုက်ပျိုးမည်။ ထိုအကြောင်းကို သိချင်ခြင်းပင်။

ချန်ဘွားဘွားက သေသေချာချာ စဥ်းစားလိုက်ပြီးနောက် အခိုင်အမာ ဆုံးဖြတ်လိုက်သည်။

"ငါတို့တွေ ဒါကိုအတူတူ စိုက်ပျိုးကြပြီးမှ ရလာတဲ့ဟာတွေကို ပြန်ခွဲကြမယ်"

အကန့်အသတ်နှင့်ဖြစ်နေသည့် မြေပမာဏက ဥယျာဥ်စိုက်ပျိုးခြင်းအတွက်သာ အသုံးပြုမည်ဆိုလျှင် အလွန်အဖိုးတန်လေသည်။ သူတို့က ကောက်ပဲသီးနှံများကို စိုက်ပျိုးဖို့ရန်အတွက် ဒီမြေအားလုံးကို မြန်မြန်ဆန်ဆန် ရှင်းလင်းဖို့လိုအပ်သည်။

မိသားစုများ၏ အဓိက လုပ်နိုင်ကိုင်နိုင်သူအများစုက စပါးသယ်ပိုးဖို့ရန် အလုပ်များနေသည်ဖြစ်ရာ အလုပ်များကို ခွဲထုတ်ဖို့က မဖြစ်နိုင်ပေ။ ပူးပေါင်းဆောင်ရွက်မှသာလျှင် ထိရောက်ပေမည်။

ပုံမှန်ဆိုရင် ပိုပြီးခွဲထွက်တတ်သည့် ဝမ်ချွန်းညန်အပါအဝင် အားလုံးက ဒီနည်းလမ်းကို သဘောထားတိုက်ဆိုင်ကြသည်။ သို့သော်ငြားလည်း ဝမ်ချွန်းညန်က ဒီတကြိမ်တွင်တော့ ငြင်းဆန်ဖို့ရန် ဘာအသံမှ မထွက်မလာချေ။

ကလေးများကလဲ မြေယာရှင်းလင်းခြင်း၏ ခက်ခဲပင်ပန်းသည့်အလုပ်ကို ပါဝင်ကြသည်။ ထိုအလုပ်က သစ်ပင်အောက်တွင် ရှင်းလင်းရသည်ထက် ပိုပြီးခက်ခဲလေသည်။ အကြောင်းမှာ အမြစ်အားလုံးနှင့် ကျောက်တုံးများအားလုံးကို ဖယ်ရှားဖို့ရန် လိုအပ်ခြင်းကြောင့်ပင်။ လူကြီးများက လေးလံသည့်ပစ္စည်းများနှင့် ရှေ့မှဦးဆောင်သွားကြပြီး ကလေးများကတော့ နောက်မှလိုက်လာကာ ပစ္စည်းအငယ်လေးများကို သုံးပြီး ကျောက်တုံးများနှင့်ကျန်နေသည့် အမြစ်များကို ဖယ်ရှားပေးကြသည်။

ရွှီမိသားစု၏ ဝမ်းကွဲလေးများအတွက်တော့ ဒါသည် သူတို့အတွက် ဒီလိုအလုပ်ကို ပထမဦးဆုံး တာဝန်ယူရခြင်းပင်။ အားလုံးအတွက် ဒီမြေ၏အရေးပါမှုနှင့် သူတို့မိသားစုကလဲ အကျိုးအမြတ်ရလိမ့်မည်ကို အသိအမှတ်ပြုလေရာ သူတို့တွေကလဲ အင်္ကျီလက်ကို လိပ်တင်ကြပြီး ပါဝင်လာကြကာ မငြီးမငြူဘဲ မပင်မပန်း အလုပ်လုပ်ကြလေသည်။ တနေ့တာကုန် ဆုံးလာချိန်တွင်တော့ သူတို့အားလုံးသည် ပင်ပန်းနွမ်းနယ်သွားကြပြီး ကျောများကိုက်ခဲကာ လက်များနာကျင်ခြင်းဖြင့် ပင်မဂူကြီးသို့ ပြန်ရောက်လာသည်နှင့် အကုန်လုံး လှဲချလိုက်ကြသည်။

ထိုနေ့ညက ညစာထဲတွင် ထမင်းဖြူပေါင်း၊ နေ့လည်ခင်းက သူတို့ရှင်းလင်းထားသည့် တောဟင်းရွက်မွှေကြော်နှစ်အိုး၊ သူတို့၏ရောက်လာသည့်ခရီးက အစောပိုင်းတွင် အမဲလိုက်ထားသည့် အမဲကောင်များ၏ ကြပ်တိုက်ထားသည့် အသားလွှာများ ပါဝင်လေသည်။ ကွင်းထဲတွင်ရှာတွေ့ခဲ့သည့် တောကြက်သွန်များက အသား၏အရသာကို ပိုမိုလေးသွားစေသည်။

ချက်ပြုတ်ရာမှ ထွက်လာသည့်ရနံများက ကလေးများကို မြူဆွယ်နေကာ သူတို့မှာ သရေကျလာတော့သည်။ အစောပိုင်းက ပင်ပန်းနွမ်းနယ်နေကြသော်ငြားလည်း သူတို့သည် အစားအသောက်များကို တည်ခင်းကြသည့် ဂူဝင်ပေါက်က သစ်သားစင်လေးနားသို့ အားတက်သရော စုဝေးလာကြကာ သူတို့၏ ကိုက်ခဲနာကျင်မှုများကို မေ့လျော့သွားကြတော့သည်။

ရုတ်တရက်ဆိုသလို သိသာထင်ရှားသည့် မြည်သံတစ်ခုက တစ်စုံတစ်ယောက်၏ ဗိုက်ထဲမှ ထွက်လာလေသည်။

အားလော့က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်တွင် ကလေးတော် တော်များများက သူတို့၏ ဝမ်းဗိုက်များကို ပွတ်သပ်နေသည်ကို တွေ့လိုက်ရတော့သည်။

သူမမှာ မပြုံးဘဲမနေနိုင်အောင် ဖြစ်သွားကြသည်။ အလုပ်က အမှန်ပင် ပင်ပန်းလှသည်။ အခုတော့ အားလုံးက သေချာပေါက် ဗိုက်ဆာနေကြမည်။ သူမက သူတို့ကို ဒီအတိုင်းရပ်မနေခိုင်းတော့ဘဲ လက်သွားဆေးခိုင်းလိုက်ကာ အစားအသောက် ပြင်ဆင်ခိုင်းလိုက်သည်။

တောကြက်သွန်နှင့် ဝက်သားမွှေကြော်၏ရနံ့ကို ဆွဲဆောင်ခံလိုက်ရသည့် သခင်မကြီးရွှီကလဲ မနေနိုင်တော့ဘဲ စားချင်စိတ်တွေ ဖြစ်လာတော့သည်။ လမ်းခရီးတွင် ၉ရက်ကာလ ရိက္ခာခြောက်များကို စားသောက်ပြီးနောက်တွင် တခါတလေမှ ပူပူနွေး နွေးအစားအသောက် သို့မဟုတ် အသားကင်များကို စားခဲ့ကြရသည်ဖြစ်ရာ ဟင်းခတ်အမွှေးအကြိုင်နှင့် မီးဖိုပေါ်တွင် သေသေချာချာ ချက်ပြုတ်ထားသည့် ဟင်းတစ်မယ်က ဘာနှင့်မှ နှိုင်းယှဥ်လို့မရပေ။ အထူးသဖြင့် တောကြက်သွန်ကို ထည့်ထားရာ သူ့အနံ့က စားချင်စဖွယ် ဖြစ်နေတော့သည်။

သူမက စိုးရိမ်စိတ်ဖြင့် အားလော့ကို လှမ်းမေးလိုက်သည်။

"ငါတို့တွေ ဒီနေရာမှာ ချက်ပြုတ်နေတဲ့အချိန်ကြရင် အနံ့က အပြင်ကို ထွက်မသွားလောက်ပါဘူးနော်"

အားလော့က မော့ကြည့်ပြီး ခေါင်းကာပြလိုက်သည်။

"အဲလိုမဖြစ်လောက်ပါဘူး၊ ကျွန်မတို့ရဲ့ လျှိုမြောင်က အတွင်းထဲရောက်ပြီး ကျဥ်းမြောင်းတယ်။ နှစ်ဘက်စလုံးမှာလဲ သစ်ပင်တွေအများကြီး ဝိုင်းရံထားတာပဲ၊ အနံ့ကအပြင်ကို မရောက်ခင်မှာဘဲ ပျောက်သွားလိမ့်မယ်"

အနံ့များ၏ပြန့်နှံ့ပုံက လေ၏လှုပ်ရှားမှုအပေါ် မှီခိုရသည်ဖြစ်ရာ သစ်ပင်များလို အတားအဆီးများကြောင့် အနှောက်အယှက်ခံရပြီး သစ်ပင်များ၏ စုပ်ယူခံရနိုင်သည်။ လျှိုမြောင်များ၏ အနေအထားက ကောင်းမွန်သည့် အကာအကွယ်တစ်ခုကို ဖန်တီးပေးသည်။

သခင်မကြီးရွှီက ရှေ့ကိုမျှော်ကြည့်လိုက်သည်တွင် မြင့်မားလှသည့်တောင်များက သူတို့ကိုဝန်းရံထားသည်ကို သတိထားမိလိုက်သည်။ သူမက အားလော့၏စကားကို ထောက်ခံလိုက်ပြီး စိတ်အေးသွားသလို ခံစားရကာ အစားအသောက်အတွက် ဝမ်းသာအားရ ပြင်ဆင်လိုက်တော့သည်။

တနေ့လည်ခင်းလုံး ရုပ်ပိုင်ဆိုင်ရာ အားထုတ်မှုများ ပြုလုပ်ပြီးနောက်တွင် အရသာရှိသည့် ဟင်းလျာသုံးအိုး လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်များနှင့် တောကြက်သွန်များထည့်ထားသည့် ဝက်သားမွှေကြော်၏ရနံက ထင်ထားတာထက်ပင် ပို၍ဆွဲဆောင်မှုရှိနေသည်။ အားလော့နှင့် ရွာကကလေးများအတွက်သာမကဘဲ ပုံမှန်ဆိုလျှင် ပေါ့ပေါ့ပါးပါး စားတတ်ကြသည့်ရွှီမိသားစုပင် အစားအသောက် ပန်းကန်လုံးကြီးများဖြင့် မြိန်ရေယှက်ရေ စားသောက်လိုက်ကြသည်။

လေးစားလောက်ပါပေသည်။

သူတို့သည် ကပ်ဘေးမှရှောင်ရှားလာရကာ အစားအသောက်ကိုခြွေတာဖို့ လိုအပ်သည့်အပြင် တောင်များထဲတွင် မည်မျှကြာကြာ ပုန်းခိုနေရမည်ကို မသေချာကြသဖြင့် ထိုကိစ္စကြောင့်သာ မဟုတ်လျှင် အားလုံးက ဒုတိယတစ်ပန်းကန်ကို ထပ်စားကြပေလိမ့်အုံးမည်။ အစားအသောက်ကို ခြွေတာဖို့ လိုအပ်ချက်နှင့် ညစာအတွက် အများကြီးစားသုံးခြင်းက ဉာဏ်ရှိသည့်အလုပ် မဟုတ်ပေရာ ထိုအချက်ကသာ သူတို့၏စိတ်ကို ထိန်းထားပေးနိုင်လေသည်။

...

All Chapters