အခန်း (၁၃၇-၁၃၈)
Vol. 14 Ch. 137-138
အပိုင်း (၁၃၇) တကိုယ်ရည်စိတ်ကူး
အချိန်သည် လျှိုမြောင်ထဲတွင် ဖြည်းညင်းစွာစီးဆင်းနေသယောင်။ လယ်ကွင်းများထဲတွင် ထွန်ယက် ပြီးစီးသွားသည့်နောက် ခွန်အားသုံးရသည့်အလုပ်များက နည်းပါးလာကာ စန်းလော့ကလဲ ဘက်စုံသုံး သစ်သားဇလုံလေးခုကို ထွင်းထုပြီးခဲ့လေသည်။
နောက်ထပ်ကြီးမားသည့် အပြောင်းအလဲမှာ ရှန်းအန်းနှင့် တခြားကလေးများသည် ယခုတော့ အလုပ်မရှိချိန်တွင် သစ်ပင်အောက်တွင် စုဝေးကြကာ စာဖတ်ခြင်းနှင့် လေ့လာခြင်းများကို ပြုလုပ်လိုက်ကြသည်။
ရှုမျှော်ခင်းကြည့်အဆောင်၊ စားပွဲနှင့် ကုလားထိုင်များ မရှိသော်ငြားလည်း ဒါက ကိစ္စမရှိပေ။ ကလေးများက ကျောက်တုံးများနှင့် သစ်ငုတ်တိုများကို စုဆောင်းလိုက်ကြပြီး ဝိုင်းဝန်းထိုင်လိုက်ကြကာ အတူတူစာဖတ်ပြီး ကိုယ့်ဟာကိုယ် ပျော်ရွှင်နေကြလေသည်။
ကလေးများ၏လိုအပ်ချက်က တော်သင့်ရုံမျှဖြစ်သည်။ သူတို့သည် ဒီလိုရိုးရှင်းသည့် အနေအထားလေးကိုပင် ကျင့်သားရနေကြသည်။
ရွှီမောင်နှမ၃ယောက်ကပင် ဒီလိုကျေးလက်ဆန်ဆန် စာဖတ်ခြင်း အခြေအနေကို ကောင်းကောင်းအသား ကျလာပြီး ပုံမှန်စာလေ့လာခြင်းတစ်ခုတွင် သူတို့ ရှာမတွေ့နိုင်သည့် လွတ်လပ်ပြီး အသစ်အဆန်းဆန်သည့် ခံစားချက်တစ်ခုကို တွေ့ကြုံနေရလေသည်။
စန်းလော့သည် အလည်ရောက်လာချိန်တွင် ကလေးများက အုပ်စုသုံးစုခွဲထားသည်ကို မြင်လိုက်ရသည်။ ရှန်းအန်းနှင့်ရှီလီရွာက ကလေးများက စာလုံးပေါင်းတစ်ထောင်ကျမ်းကို ဖတ်နေကြပြီး ဒီအုပ်စုကြားထဲတွင် ရွှီဝမ်ယင်နှင့်ရှန်းနဥ်တို့ကလဲ ပါဝင်သည်။ ဝမ်ယွင်ကျန့်နှင့် ရွှီဝမ်ပေါ်တို့က မတူညီသည့် လေ့လာခြင်း အဆင့်တစ်ခုဖြစ်ရာ အချင်းချင်းမနှောက်ယှက်ကြဘဲ သီးခြားစီ စာလေ့လာကြလေသည်။
ပင်ပန်းသည့် ရုပ်ပိုင်းဆိုင်ရာလုပ်အားများ မရှိတော့သဖြင့် စန်းလော့သည် တခြားမိသားစုများနည်းတူသူတို့၏ထမင်းကို တနေ့သုံးနပ်မှ နှစ်နပ်သို့ ပြောင်းလဲလိုက်သည်။ ထမင်းစားချိန်တွင် ရှန်းအန်းက ရွှီညီအစ်ကို ဖတ်နေသည့် စာအုပ်အကြောင်းကို ပြောပြလေသည်။
"ယွင်ကျန့်နှင့်ဝမ်ပေါ်က ကျွန်တော့်ကို သူတို့ရဲ့စာအုပ်တွေကို ပြတယ်။ ရေထားတာကလေ ချောမွတ်နေတာပဲ၊ စုတ်တံတစ်ခုနဲ့ ချောမွေ့တဲ့ အဖြူရောင်ပိုးထည်ပေါ်မှာ ရေးထားပြီး လိပ်ပြီးတော့ သေတ္တာထဲမှာ ထည့်သိမ်းထားတာ၊ ယွင်ကျန့်က အဲဒီ့ဟာကို သူ အမြဲတမ်း သယ်လာတဲ့အထုပ်ထဲမှာ သယ်လာတာလေ” ရှန်းအန်းက ဝမ်းသာအားရ ရှင်းပြလေသည်။
"ပိုးထည်ကျမ်းစာ"
စန်းလော့က မအံ့သြဘဲ ခေါင်းငြိမ့်ပြလိုက်လေသည်။ ထိုခေတ်အခါက စာအုပ်များကို လက်ရေးဖြင့်ရေးသားမှန်း သူမ သိထားလေသည်။ သူမက သူတို့ယူလာသည့် စာအုပ်နာမည်များကို ရှန်းအန်းအား မေးလိုက်သည်။
သူတို့တွင် စာလုံးပေါင်းတစ်ထောင်ကျမ်းနှင့် စာစသင်သူများအတွက် စာအမြန်တတ်မြောက်ရေး သင်ပုန်းကြီးစာအုပ်အပြင် ကွန်ဖြူးရှပ်၏ စာပေစုဆောင်းမှုနှင့် ဓလေ့ထုံးတမ်းစာအုပ်များလို အဆင့်မြင့် သင်ကြားရေးအတွက် ကျမ်းများလဲ ပါလေသည်။
"ကျွန်တော် စာဖတ်တာ တိုးတတ်လာရင် စာအုပ်တွေကို တစ်အုပ်ပြီးတစ်အုပ် ငှားလို့ရတယ်လို့ သူတို့က ပြောတယ်” သူက တောက်ပစွာဖြင့် ထပ်ဖြည့်ပြောသည်။
ရှန်းအန်း၏မျက်လုံးများက ထိုစာအုပ်များကို ငှားရမ်းနိုင်မည့် မျှော်လင့်ချက်ဖြင့် လင်းလက်နေသည်။
စန်းလော့က အသာအယာ ပြုံးလိုက်၏။
"သူတို့တွေကို ကျေးဇူးတင်စကား သေချာပြောလိုက်နော်၊ ပြီးရင် ဒီစေတနာကိုလဲ မှတ်ထားရမယ်။ အခုခေတ်က ဒီလိုစာအုပ်မျိုးက ရှားပါးပြီးတော့ ရတနာလိုတန်ဖိုးထားရမဲ့ ပိုင်ဆိုင်မှုပဲ၊ ဝယ်ဖို့ဆိုတာကလဲ ခက်တယ်"
စန်းလော့ကိုယ်တိုင်က တရုတ်စာပေများကို အပြည့်အဝ လေ့လာခဲ့ခြင်း မဟုတ်ဘဲ နှစ်ပေါင်းများစွာ ကြာလာသဖြင့် မေ့လျော့နေပြီဖြစ်သည်။ စာလုံးပေါင်းတစ်ထောင်ကျမ်းကတော့ သူမ၏ မှတ်ဉာဏ်ထဲတွင် ရှင်းလင်းနေသည်။ သို့သော်ငြားလည်း ကလေးများအတွက် ဖတ်စာအုပ်များကို ထပ်ပြီးဖန်တီးပေးဖို့ရန်ကတော့ စိန်ခေါ်မှုတစ်ရပ် ဖြစ်လာလိမ့်မည်။
ရှန်းအန်းက ဒီစာအုပ်များ၏တန်ဖိုးကို နားလည်သဖြင့် အားတက်သရော ခေါင်းငြိမ့်ပြလိုက်သည်။
စန်းလော့က သူတို့၏ အကျင့်စာရိတ္တ ကိုယ်ရည်ကိုယ်သွေးနှင့် ပတ်သတ်ပြီး သိပ်ပြီးမစိုးရိမ်လေရာ ရှန်းအန်းက စာလုံးပေါင်းတစ်ထောင်ကျမ်းကို မည်မျှတိုးတက်ပြီဖြစ်ကြောင်း မေးမြန်းလိုက်သည်။
ရှန်းအန်းက သူသည် ဒီစာအုပ်ကိုဖတ်နိုင်သည်ဆိုတာကလဲ စန်းလော့၏ သင်ကြားပြသပေးခြင်းကြောင့်ဟု ရှက်ရှက်ဖြင့် ဝန်ခံရသည်။ သို့သော်ငြားလည်း သူသည် အလွတ်ရွတ်ဆိုနိုင်သော်လည်း စာအုပ်ကို မကြည့်ဘဲ စာလုံးပေါင်း၁၇၀ကိုသာ ရေးနိုင်သေးသည်ဟု ဆိုသည်။
စန်းလော့က သူ့ကိုချီးမွမ်းလိုက်သည်။ "ဒါက အထင်ကြီးစရာပဲလေ၊ အမဲလိုက်တာတွေနဲ့ တောဟင်းရွက် တွေရှာရတဲ့ အလုပ်တွေကြားထဲက ၃လကျော်အတွင်းကို ဒီလောက် လေ့လာနိုင်တယ်ဆိုတာကို စဥ်းစားကြည့်လေ၊ တကယ် အထင်ကြီးစရာ ကောင်းတယ်"
ထို့နောက်တွင် သူမက ရှန်းနဥ်ဘက်သို့ လှည့်လိုက်သည်။ "အားနဥ် နင်ကရော"
ရှန်းနဥ်ကတော့ တိုးတိုးလေးပြောကာ အနည်းငယ် ရှက်ရွံ့နေသည်။
"ဒီနေ့ပဲ ဒုတိယအစ်ကိုက ညီမလေးကို စစ်ဆေးပေးတယ်လေ၊ ညီမလေးက သူ့လောက် မတော်ဘူးလေ၊ စာလုံးပေါင်းတွေ ရေးတဲ့အခါ ဆွဲချက်တွေ ခဏခဏ ကျန်နေတာရှိတယ်။ အမှားအယွင်းမရှိပဲနဲ့ အလုံး၇၀လောက်ကိုပဲ ပြန်ရွတ်နိုင်တယ်"
စန်းလော့က ပြုံးလိုက်သည်။ ဒါသည် ဉာဏ်ရည်ဉာဏ်သွေးကြောင့် မဟုတ်ဘဲ အားစိုက်ထုတ်မှုကြောင့် ဖြစ်မှန်း နားလည်လေသည်။ ရှန်းအန်းက တောင်ထဲတွင်နေရသည့်တိုင် ဝီရိယရှိရှိဖြင့် လေ့ကျင့်ပြီး ညပိုင်းတွင် စာလုံးများကို တိုးတိုးလေး ရေရွတ်နေတတ်သည်။ သူနှင့် ဝမ်ယွင်ကျန့်တို့နှစ်ယောက်သာ ဒီလောက်အထိ စိတ်နှစ်ထားကြသည်။
အားပေးစကားအနည်းငယ် ပြောလိုက်ပြီးနောက်တွင် စန်းလော့က ညနေစာအတွက် ပဲပိစပ်နှင့် ပဲပင်ပေါက်ရောထားသည့် ဟင်းအနှစ်နှင့်အတူ ဆန်ပြုတ် ကို တည်ခင်းပေးလိုက်သည်။
စားနေရင်းက ရှန်းနဥ်သည် တစ်ခုခုကို သတိရသွားသယောင် ခေါင်းလေးကို စောင်းလိုက်ပြီး နေ့ရက်များကို ရေတွက်လိုက်သည်။
"ယောင်းမ အစ်ကိုကြီးနဲ့တခြားသူတွေ သွားလိုက်တာ ၆ရက်၊ ၇ရက်လောက် ရှိသွားပြီနော်"
စန်းလော့သည် ခဏတုံ့ဆိုင်းသွားပြီး ရက်အတိအကျကို သူမကိုယ်တိုင် သေချာမသိမှန်း သဘောပေါက်သွားသည်။ သူတို့သည် တောင်ထဲက ထွက်လာပြီးကတည်းက သူမ၏ အချိန်မှတ်တတ်သည့်အာရုံမှာ ဝေဝါးလာခဲ့သည်။ အစောပိုင်းက အန္တရာယ်များနှင့် ပြည့်နေသည်။ ထို့နောက်တွင် လုပ်စရာများကို ဖြည့်တင်းနေရသည့် ထိုနေ့ရက်များသည် အေးချမ်းသည့် နေ့စဥ်လုပ်ငန်းတစ်ခုအဖြစ် အခြေကျလာချိန်တွင်တော့ သူမသည် အချိန်ကိုသိရှိဖို့ရန် မတတ်နိုင်တော့ပေ။
သူတို့သည် ၂လပိုင်းဒုတိယနေ့ အလယ်လောက်တွင် ထွက်ပြေးလာသည်မှန်း သိသော်ငြားလည်း ယခုအချိန်တွင် ၂လပိုင်းကုန် သို့မဟုတ် ၃လပိုင်းအစောပိုင်းများ ဖြစ်နေမလားကိုတော့ မသိတော့ပေ ။၃လပိုင်းဆိုလျှင်ပင် နေ့အတိအကျက ဘယ်နှစ်ရက်ဖြစ်ပါမည်နည်း။
စန်းလော့သည် လုံးဝမသိနိုင်အောင် ဖြစ်သွားတော့သည်။
သူမ၏ တူကိုရပ်ထားလိုက်ပြီး နောက်ဆုံးတော့ ပြောလိုက်သည်။
"၇ရက်လောက်ရှိသွားပြီ၊ တကယ်လို့ အားလုံး အဆင်ပြေတယ်ဆိုရင်တော့ သူတို့တွေက နောက်ထပ် ၂ရက် ၃ရက်လောက် နေရင် ပြန်လာကြလိမ့်မယ်"
သူမသည် ပြီးခဲ့သည့် ဒီကာလကို စိတ်ထဲတွင် တွေးတောမနေသော်ငြားလည်း ထိုကိစ္စကို မှတ်ထားလိုက်သည်။ ညနေစာစားပြီးနောက်တွင် သူမက ပန်းကန်များကို ဆေးကြောရင်း ချင်ဖန်းညန်ကို မေးလိုက်၏။
ချင်ဖန်းညန်က တခစ်ခစ် ရယ်မောလိုက်သည်။
"၃လပိုင်း၂ရက်နေ့ရှိပြီလေ၊ ငါလဲမမှတ်မိပါဘူး၊ ဒါပေမဲ့ ငါ့မိဘတွေနဲ့ ရွာသူကြီးကျိုးကတော့ စိုက်ပျိုးရေး ရည်ရွယ်ချက်အတွက် အချိန်ကို မှတ်ထားတယ်လေ"
စန်းလော့သည် စိတ်အေးသွားကာ သက်ပြင်းရှည်ကြီးတစ်ချက် ချမိသွား၏။ အချိန်ကိုမှတ်ထားသည့် တစ်စုံတစ်ယောက်ကို ကျေးဇူးတင်မိတော့သည်။
သူမသည် တောင်ထဲတွင် နေ့ရသည့်နှစ်များတွင် အချိန်များပျောက်ဆုံးပြီး မရေမရာ နေထိုင်ရမည်ကို စိုးရိမ်ခဲ့မိသည်။
သည်အရေးကြောင့် မဆိုင်းမတွပင် သူမက ချန်းယိုထျန်းထံမှ ဝါးအပိုင်းအစလေး တချို့ကို တောင်းလိုက်သည်။ အိမ်ရောက်သည်တွင် သူမက ဝါးများကို အချောင်းလေးများဖြစ်အောင် ခွဲလိုက်ပြီး ရှန်းလီ လုပ်ပေးထားသည့် သိုလှောင်စင်ထဲက အချုပ်အလုပ်ခြင်းတစ်ခုကို ထယူလိုက်သည်။ ထိုနောက်တွင်တော့ သူမက ဖိနပ်ချုပ်ရာတွင် သုံးလေ့ရှိသည့် ဆူးချွန်တစ်ခုကိုသုံးပြီး ဝါးချောင်းလေးများပေါ်တွင် လက်ရှိနေ့စွဲကို ရေးသားထားလိုက်သည်။
ထိုနေ့ကစပြီး သူမသည် နေ့တနေ့ကုန်ဆုံးသွားလျှင် မျဥ်းတစ်ကြောင်းကို မှတ်သားထားတတ်ပြီး အခါအားလျော်စွာ နေ့ရက်အတိအကျကို ချရေးထားလိုက်ပြီး ထပ်ပြီး အချိန်ပျောက်ဆုံးမသွားအောင် သေချာလုပ်ထားလိုက်သည်။
ရှန်းလီနှင့်သူ၏အဖွဲ့သည် ၃လပိုင်း၆ရက်နေ့မတိုင်ခင်အထိ ပြန်မလာသေးဘဲ မျှော်လင့်ထားသည်ထက် တစ်ရက်နှစ်ရက်ပိုပြီးတော့ နောက်ကျလေသည်။
ပထမရက် နောက်ကျနေသည်တွင် မသိသာသော်ငြားလည်း ဒုတိယနေ့ ရောက်လာသည်တွင်တော့ စိတ်ပူရသည့်အမူအယာကို ပေါ်ပေါ်ထင်ထင် မပြနေသော်ငြားလည်း လျှိုမြောင်ထဲတွင် နေထိုင်နေသူများသည် စိုးရိမ်စိတ်များ တိုးပွားလာပြီး ခရီးတွင်ကံဆိုးပြီး ထိခိုက်မှုများ ရှိလာမည်ကို စိုးရိမ်လာကြသည်။ ၆ရက်နေ့ မနက်အစောပိုင်း အရောက်တွင် ကလေးများက လျှိုမြောင်ဝင်ပေါက်ကို အလှည့်ကျ စောင့်ကြည့်ပေးကြပြီး ကျောက်တုံးကိုခေါက်နေသည့် စည်းချက်အသံကို ကြားလိုက်သည့်အခါမှ စိတ်အေးရကာ စပါးသယ်သူများကို ပြန်ဖြေသည့်အနေဖြင့် အချက်ပြလိုက်လေသည်။
တချို့က သူတို့ပြန်အလာကို အားတက်သရော စောင့်မျှော်နေကြပြီး တခြားသူများကတော့ လျှိုမြောင်ထဲက မိသားစုများကို အကြောင်းကြားဖို့ရန် အလျင်အမြန် ပြေးဝင်သွားကြသည်။
စန်းလော့သည် သတင်းကိုကြားလိုက်ပြီး လျှိုမြောင်ဝင်ပေါက်ဆီသို့ အလောတကြီး ရောက်အလာတွင် ပိတ်ဆို့ထားသည့်ကျောက်တုံးများကို ဖယ်ရှားနှင့်ပြီးဖြစ်နေသည်။ ရှန်းလီသည် စပါးအိတ်တစ်အိတ်ဖြင့် ကျဥ်းမြောင်းလှသည့် လမ်းသွယ်လေးထဲမှပေါ် ထွက်လာပြီး အန္တရာယ်ကင်းဟန်ရှိသည်။ သူမက စိတ်အေးသွားပြီး စပါးများကို ကူရွှေ့ပေးဖို့ရန် အသင့်ပြင်လိုက်သော်လည်း ရှန်းလီက သူမကို တားမြစ်လိုက်သည်။
"ဒါတွေက အိတ်အကြီးကြီးတွေ၊ မင်းအတွက်ဆို အရမ်းလေးမှာ၊ မင်း လာစရာမလိုပါဘူး၊ ကျွန်တော်တို့တွေက ခရီးနှစ်ထောက်လောက် လုပ်လိုက်ရင် ပြီးမှာပါ"
အိတ်များသည် တစ်အိတ်စီတွင် ၁၂၀ပေါင်ခန့်ရှိပြီး စန်းလော့အတွက် အမှန်ပင် အလွန်လေးလံလေသည်။ ထို့ကြောင့် သူမက ဆက်ပြီးတိုက်တွန်းမနေတော့ဘဲ ဘေးတွင် ရပ်နေလိုက်သည်။
ချန်ထားသည့်စပါးအိတ်မှာ အကြီးကြီးဖြစ်နေသည်ကို စဥ်းစားမိလိုက်သည်။ ဒါသည် ရွှီမိသားစု၏ စပါးများကိုသယ်ပြီးနောက် လုမိသားစု၏ ရိက္ခာကိုပင် သယ်ဆောင်လာသည့် အဓိပ္ပါယ်ပင်။ ရွှေ့ပြောင်းပေးဖို့ရန် စပါးအများကြီး မကျန်တော့သည့် သဘောပင်။
စန်းလော့ခန့်မှန်းချက်က မှန်ကန်သွားသည်။ ရှန်းလီနှင့်သူ့အဖွဲ့သည် အထဲသို့ပစ္စည်းအားလုံးကို သယ်ယူပို့ဆောင်လိုက်ပြီး လျှိုမြောင်၏ ဝင်ပေါက်ကို သေသေချာချာ ပိတ်ဆို့လိုက်ပြီးနောက်တွင် သူက သူမကို အကြောင်းကြားလေသည်။
"အစောင့်တွေအပါအဝင် ကျန်တဲ့စပါးတွေကိုတော့ နောက်ဆုံး ခရီးတစ်ခေါက်ဆိုရင် လုံလောက်ပြီ ထင်ပါတယ်။ ဒါကြောင့် စပါးသယ်ယူမဲ့တာဝန်အတွက် ကျွန်တော်တို့တွေက နောက်ထပ်တစ်ခေါက်ပဲ ထပ်သွားဖို့လိုတယ်"
ဒီတစ်ကြိမ်တွင် အစောင့်များက ပြောင်းလဲသွားသည်ကို စန်းလော့ သတိထားမိလိုက်သည်။ ဒါကလည်း ဖြစ်နိုင်ပေသည်။ တောထဲတွင် တချိန်လုံး သတိဖြင့်ရှိနေရသည်က ဘေးအန္တရာယ်ဖြစ်နိုင်ပြီး အလင်းရောင် မှိန်ပြပြသာရသည့် ကျဥ်းမြောင်းသည့်ဂူလေးထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ရခြင်းကလဲ မကောင်းနိုင်ပေ။ အလှည့်ကို ပြောင်းလဲလိုက်ခြင်းက အားလုံးအတွက် အကျိုးရှိလေသည်။
အရာအားလုံးကို ရွှေ့ပြောင်းပြီးနောက်မှ စန်းလော့သည် ရှန်းလီ၏အဖွဲ့က စပါးအပြင် ပစ္စည်းများကို ပိုပြီးသယ်လာသည်ကို သတိထားမိလိုက်သည်။
အပြင်သို့ စွန့်စားသွားခဲ့ကြသည့် လုပ်နိုင်စွမ်းရှိသည့် ယောကျ်ားသား တစ်ယောက်ချင်းစီက တောထွက်ပစ္စည်းများကို စုဆောင်းလာပြီး မိုးမခသစ်ကိုင်းများဖြင့် ယက်လုပ်ထားသည့် ခြင်းငယ်လေးများကို တစ် ယောက်နှစ်ခြင်းစီသယ်လာကာ ထိုခြင်းတောင်းထဲတွင် မှိုအမျိုးမျိုးနှင့် တခြားတောဟင်းရွက်များ အပြည့်ပါလေသည်။
သူတို့၏မိသားစုကို လာရောက်ကြိုဆိုသူများက ချွေးမနှင့်အမေများ ဖြစ်လေရာ လတ်ဆတ်သည့်ပစ္စည်းများကို မြင်လိုက်သည်တွင် အားလုံးက ဝမ်းသာအားရဖြစ်သွားပြီး ထမင်းစားဖို့ရန် ချက်ပြုတ်ဖို့ပြင်ဆင်သည်နှင့် အချိန်မှီလေးဖြစ်လေသည်။ သူတို့သည် လက်ထဲက ခြင်းတောင်းများနှင့် မြန်မြန်ပြန် သွားကြပြီး အစားအသောက်များကို ပြင်ဆင်ဖို့ပြုလုပ်တော့သည်။
နောက်မှလိုက်လာသည့်ရှန်းလီက သူစုဆောင်းလာသည့်အရာများကို စန်းလော့အား ဂုဏ်ယူဝင့်ကြွားစွာပြသရင်း ပြောလေသည်။
"လျှိုမြောင်ထဲမှာ မင်းက လတ်ဆတ်တဲ့အသီးအရွက်တွေကို စားရမှာမဟုတ်ဘူးလို့ စဥ်းစားမိတာနဲ့ ကျွန်တော်က တောဟင်းရွက်တွေနဲ့ မှိုတွေကို အများကြီးခူးလာခဲ့တာ၊ ဒါတွေအားလုံးက မှတ်မိလွယ်ပြီး စားလို့ရတဲ့အသီးအရွက်တွေပဲ၊ တစ်ချက်လောက် ကြည့်ကြည့်လိုက်လေ၊ တစ်နပ်၊ နှစ်နပ်အတွက်တော့ သူတို့ကို လတ်လတ်ဆတ်ဆတ် အစိမ်းချက်ပြုတ်ပြီး စားလို့ရတယ်၊ ကျွန်တော်တို့တွေ ကျန်တာကိုတော့ အခြောက်လှန်းထားလို့ရတယ်"
စန်းလော့၏မျက်လုံးများက ထိုမြင်ကွင်းကြောင့် လင်းလက်သွားတော့သည်။ နောက်ပိုင်းတွင် သူမ၏ အစားအစာက အခြောက်ခံထားသည့် ဟင်းသီးဟင်းရွက်များနှင့် ပဲပိစပ်များကို ရေဓာတ်ပြန်ဖြည့်ပေးရသည်အထိ ချွေတာပြီး စားနေရသည်။ မှိုများအပြည့်ဖြစ်နေသည့် ခြင်းတောင်းနှစ်ခုကို မြင်လိုက်သည်တွင် အမှန်ပင် အံ့သြဝမ်းသာရလေသည်။
သူမက ရှန်းလီနားသို့ ပိုပြီးကပ်သွားပြီး ခြင်းများထဲကတစ်ခုကို ကိုင်ရင်း သူမ၏ စိတ်ပျက်မှုအကြောင်းကို တိတ်တိတ်လေး ပြောပြလေသည်။
"အမှန်ပဲ၊ တောထဲက အလျှံပယ်ဖြစ်နေတဲ့ အသီးအရွက်တွေကို အပြင်ထွက်ပြီး မရှာနိုင်တာကလွဲရင် ဒီမှာ အားလုံး အဆင်ပြေပါတယ်"
ရှန်းလီက တဟင်းဟင်း ရယ်လေသည်။
"နောက်ဆုံးတခေါက် စပါးသယ်ပို့ပြီးသွားရင်တော့ ဂူဝင်ပေါက်ရဲ့ ပိုပြီးတော့မြင့်တဲ့နေရာမှာ တဲအိမ်လေးတစ်ခုဆောက်ဖို့ စဥ်းစားထားတယ်။ အဲဒီကနေဆိုရင် ကျွန်တော်တို့တွေက အလွယ်တကူ သတိမထားခံရဘဲ အပြင်ဘက်ကို အန္တရာယ်ကင်းကင်းနဲ့ စောင့်ကြည့်နိုင်တယ်။ တောင်တွေထဲမှာ လူသူကင်းရှင်းနေတုန်း ကျွန်တော်က မင်းနဲ့အမျိုးသမီးတစ်ချို့ကို သစ်တောထဲမှာ လမ်းလျှောက်ဖို့ ခေါ်သွားပေးမယ်။ မင်းက သစ်ပင်တက်တဲ့နေရာမှာ တော်တော်လေး အသားကျလာပြီဆိုရင်တော့ ကျွန်တော်တို့တွေက ကိုယ့်ဟာကိုယ် သွားလို့လဲရတယ်"
မတ်စောက်သည့် ဂူ၏တည်နေရာကို စဥ်းစားလိုက်ပြီး သူက မေးမြန်းလိုက်လေသည်။
"ဟိုနားလောက်မြင့်တဲ့ဂူကို တက်ရဲလား၊ အဲဒီနားမှာ ခြေထောက်တင်ဖို့ အပေါက်လေးတွေ ရှိတယ်။ ကျွန်တော် မင်းကို ကြိုးတစ်ချောင်းနဲ့ ထိန်းထားပေးနိုင်တယ်။ အဲဒီနေရာက လုံခြုံပြီးတော့ဝင်ပေါက်နေရာကို သတိထားမိနိုင်ခြေ အနည်းဆုံးနေရာပဲ၊ အပြင်လူတွေ ရှာဖွေတွေ့ဖို့ ခက်ခဲတယ်"
စန်းလော့သည် ကျောက်ဆောင်ပေါ်တက်ခြင်းနှင့် ဆင်တူသည့် ကိုယ်လက်လှုပ်ရှားမှုအကြောင်းကို စဥ်းစားလိုက်သည်။ ထို့အမြင့်ကို တွေဝေနေမိသော်ငြားလည်း ခေါင်းငြိမ့်လိုက်လေသည်။
"အခုထိတော့ မတက်ရဲသေးပါဘူး၊ ဒါပေမဲ့ အချိန်တစ်ခုအထိ လေ့ကျင့်လိုက်ရတော့ တက်ရဲသွားမှာပါ"
ရှန်းလီ၏အပြုံးသည် ထပ်ပြီးကျန်ရှိနေသေးကာ သူမ၏အဖြေတွင် ထိုအပြုံးက ပိုပြီးတော့ ထင်ရှားလာလေသည်။
စန်းလော့ကို သိမ်မွေ့သည့်အမျိုးသမီးတယောက်အသွင် အမှန်ပင် မြင်နိုင်သော်ငြားလည်း တခါတရံ သူမသည် မှတ်သားလောက်သည့် သတ္တိမျိုးကို ထုတ်ပြတတ်သည်။ မြားပစ်ကျွမ်းကျင်ရာတွင်ဖြစ်စေ၊ သစ်ပင်အိမ်ပေါ်မှ အောက်ကတိုက်ခိုက်နေသူများကို ကာကွယ်ပေးရာတွင်ဖြစ်စေ၊ သူမသည် မကြာခဏဆိုသလို အဓိက အင်အားတစ်ခု ဖြစ်လေသည်။ ယခုကဲ့သို့ပင် ပေ၉၀နီးပါးရှိသည့် အန္တရာယ်ရှိသည့် တောင်ထွတ်တစ်ခုနှင့် ရင်ဆိုင်ရသည်တွင် သူမက ဒါကိုစမ်းကြည့်ဖို့ရာ လိုလိုလားလား ရှိလေသည်။
"ဟုတ်ပါပြီ ဒီကိစ္စကိုစိတ်ထဲမှာပဲ ထည့်ထားလိုက်ပါအုံး၊ ကျွန်တော် ပျိုးပင်တွေကို ပြောင်းစိုက်ပြီးရင် အပြင်တခေါက် ထပ်ထွက်ရလိမ့်မယ်။ ၁၀ရက်ထက် မကျော်ပါဘူး၊ ပြီးရင်တော့ ကျွန်တော် မင်းကို အပြင်ခေါ်သွားပေးမယ်"
စုံတွဲနှစ်ယောက်ထက် ရှေ့သို့တစ်လှမ်းကြိုရောက်နေသည့် ချန်းသာ့ရှန်က ရှန်းလီနှင့်စန်းလော့တို့၏ တတွတ်တွတ်ပြောနေသည့်စကားကို လှမ်းကြားလိုက်လေသည်။ ရှန်းလီသည် စကားပြောနေသည့် တစ်လျှောက်လုံးတွင် ပြုံးနေလိမ့်မည်ဟု လှည့်ပင်မကြည့်ဘဲ သူက ခန့်မှန်းနိုင်သည်။
နောက်ပြီးတော့ သူတို့ ပြောနေတဲ့ အကြောင်းအရာကဘာရယ်။ သူက တစ်ယောက်တည်း သွားနိုင်တယ်လို့ ပြောနေတယ်ပေါ့။ ကျန်တဲ့သူတွေက သူ့အတွက် အနှောက်အယှက်ဖြစ်နေတဲ့ပုံပဲ။
ဆက်ပြီးနားထောင်ဖို့ရန် ခံနိုင်ရည်မရှိတော့သည်ကို တွေ့လိုက်ရသည်တွင် ချန်းသာ့ရှန်က သူ့ခြေလှမ်းကို မြန်ဆန်အောင်လုပ်လိုက်ပြီး ရှန်းလီထံမှ အကွာအဝေးတစ်ခု ထားလိုက်လေသည်။
ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး သူက သူ့ကိုယ်ပိုင်အခြေအနေကို စဥ်းစားမိလိုက်သည်။
အသက်၂၁နှစ်ဆိုတဲ့သူက အသက်၁၉နှစ်အရွယ် ရှန်းလီထက်တောင် ကြီးသေးတယ်။ ဒါပေမဲ့လည်း အရင်ဆုံးလက်ထပ်သွားတဲ့သူက ရှန်းလီဖြစ်နေတယ်။ ဟုတ်နေပါပြီ။ လက်ထပ်တယ်ဆိုတာက အသက်အရွယ်နဲ့မဆိုင်ဘဲ ကံတရားနဲ့ပဲဆိုင်တာပဲ။
အကယ်၍များ အပြင်လောကက ဆက်ပြီး ကသောင်းကနင်း ဖြစ်နေမယ်ဆိုရင် သူ့အလှည့်မရောက်ခင် မည်မျှ ကြာလိမ့်ပါမည်နည်းဟု စဥ်းစားနေမိလေသည်။
တကယ်လို့များ ရှန်းလီရဲ့ကလေးက ပဲအနှစ်တွေ ဝယ်တတ်တဲ့အချိန်မှာတောင် သူက မိန်းမတစ်ယောက် မရသေးဘူးဆိုရင်ကော...
ထိုအတွေးတွင် ချန်းသာ့ရှန်သည် ပိုပြီးမြန်မြန်လျှောက်လာကာ နည်းနည်းမြင်ပြီး နည်းနည်းပဲနာ ထောင်ဖို့ ဆုံးဖြတ်လိုက်ပြီး နာကျင်ရသည့်ခံစားချက်မှ သူ့ကိုယ်သူ လွတ်မြောက်အောင် ကြိုးစားလေတော့သည်။
ချန်းသာ့ရှန်က လျှောက်နေသည့်ခြေလှမ်းကို အရှိန်တင်လိုက်သဖြင့် ရှန်းလီနှင့်စန်းလော့တို့သည် နောက်တွင်ကျန်ရစ်ခဲ့ကြပြီး သူ့အတွေးများကို သတိမထားမိခဲ့ကြပေ။
အရေးကြီးကိစ္စတစ်ခုကို သတိရသွားသဖြင့် စန်းလော့က ရှန်းလီကို မေးလိုက်သည်။
"ရှင်တို့တွေ တစ်ရက်နှစ်ရက်လောက် နောက်ကျတယ်နော်၊ လမ်းမှာ ပြသာနာတစ်ခုခု ရင်ဆိုင်ခဲ့ရလို့လား"
ရှန်းလီက ခေါင်းငြိမ့်ပြသည်။
"ကျွန်တော် ဆိုင်တာဝန်ခံရွှီနဲ့ သဘောတူထားတဲ့ဂူကို သွားခဲ့တဲ့ လမ်းတလျှောက်မှာ နေရာတော်တော်များများမှာ လူတွေရဲ့ခြေရာတွေကို သတိထားမိခဲ့တယ် ။ကျွန်တော်တို့ရဲ့ အစားအသောက် သိုလှောင် တဲ့နေရာရဲ့ လုံခြုံရေးနဲ့ နောက်မှာကျန်ခဲ့တဲ့ အစောင့်နည်းနည်းပါးပါးရဲ့ လုံခြုံရေးကို စိုးရိမ်လို့ ကျွန်တော်တို့တွေ ပစ္စည်းတွေအားလုံးကို ညတွင်းချင်းပဲ ပိုပြီးလျှိုဝှက်တဲ့ နေရာတစ်ခုကိုပြောင်းခဲ့ရတယ်"
"အဲလိုလား၊ အခုတောင်ထဲမှာ ကပ်ဘေးရှောင်တဲ့သူတွေ အရမ်းများ နေပြီလား"
အဖြေပြန်မပေးခင်တွင် ရှန်းလီက သူ၏အင်္ကျီလက်ထဲက ဝါးကျည်တောက်လေးတစ်ခုကို ဆွဲထုတ်လိုက်ပြီး စန်းလော့ကို လှမ်းပေးလိုက်သည်။
"ဒါက ဆိုင်တာဝန်ခံရွှီ ဂူထဲမှာ ဝှက်ထားတဲ့စာတစ်စောင်ပဲ၊ စာထဲက စကားအရဆိုရင် စစ်မှုထမ်းတာနဲ့ စပါးခွန်ကိစ္စပြီးသွားတဲ့နောက်မှာ မြို့အသီးသီးက ရွာသားတွေရဲ့သုံးပုံတစ်ပုံက ထွက်ပြေးသွားတယ်တဲ့။ သူက ကျွန်တော်တို့ကို တောင်ထဲမှာ သတိထားဖို့ အကြံပေးလိုက်တယ်။ နောက်ပြီးတော့ ဟဲနန်ပြည်နယ်ကလဲ ကျရှုံးသွားပြီ၊ အဲဒီကလူတစ်ယောက်က သူ့ကိုယ်သူဧကရာဇ်လို့ ကြေငြာထားတယ်တဲ့"
ဟဲနန်ပြည်နယ်သည် သာ့ချန်မင်းဆက်၏ စပါးကျီအများဆုံးထားရာ နေရာဖြစ်လေသည်။
ဒီလောကကြီးရဲ့ ရှောင်လွှဲလို့မရတဲ့ ဖရိုဖရဲအခြေအနေကို ရင်ဆိုင်ရမှတော့ မကြာခင်ပြီးသွားပါစေလို့ပဲ ဆုတောင်းမိတော့တယ်။ အပျက်အစီးတွေ ဖြစ်သွားပြီးမှပဲ ပြန်လည်တည်ဆောက်ခြင်းကို လုပ်နိုင်တော့မယ်။ ဒုက္ခခံစားနေရတဲ့ ပြည်သူပြည်သားတွေကို မျှော်လင့်ချက်အသစ်တစ်ခုမှ အခွင့်အရေးတစ်ခု ပေးစွမ်းနိုင်လိမ့်မယ်။
စန်းလော့သည် ဝါးကျည်တောက်လေးကို အဖုံးဖွင့်လိုက်ပြီး အထဲကစာကို ဆွဲထုတ်လိုက်၏။ သူမက စာကိုမြန်မြန်လေး ဖတ်ကြည့်လိုက်ပြီး ရှန်းလီ ရှင်းပြသည့်အချက်များကို နားလည်သွားတော့သည်။ စာထဲတွင် ရှန်းကျင့်နှင့်တ ခြားသူများ၏သတင်းလဲပါသည်။ ခက်ခက်ခဲခဲ နေထိုင်ရသော်ငြားလည်း အန္တရာယ်ကင်းသည်ဟုဆိုသည်။
စိတ်အေးသွားရပြီး စန်းလော့က စာကိုဝါးကျည်တောက်ထဲ ပြန်လိပ်ထည့်လိုက်ပြီးနောက်တွင် ရှန်းလီက သူမကို ခေါ်သံကြားလိုက်ရသည်။
"အားလော့"
သူ့ဘက်သို့အလှည့်တွင် သူမက ပြန်ဖြေလိုက်သည်။
"ဟင်"
ဘေးတွင်ချထားသည့် ရှန်းလီ၏ လက်ချောင်းများက မသိမသာ ကွေးညွှတ်သွားပြီး သူက မဝံ့မရဲ မေးလိုက်လေသည်။ "မင်း ကျွန်တော့်ကို စာဖတ်သင်ပေးနိုင်မလား"
စန်းလော့၏မျက်ခုံးများက အထူးတဆန်းဖြစ်သွားပြီး "ရှင်က စာဖတ်သင်ချင်လို့လား"
ရှန်းလီက ခေါင်းငြိမ့်ပြပြီး ပြောလိုက်သည်။
"ဒီတစ်ကြိမ် ကျွန်တော်တို့တွေက ကံကောင်းပြီးတော့ ကျွန်တော်တို့နဲ့အတူ ဝေ့ချင်းဟယ်ပါလာလို့လေ၊ တကယ်လို့များ ကျွန်တော်တို့အဖွဲထဲမှာ စာဖတ်တတ်တဲ့ ဘယ်သူမှမပါဘူးဆိုရင် စာကို လက်ခံရရှိရင်တောင် အဓိပ္ပါယ် မရှိတော့ဘူး။ ကျွန်တော်တို့ လာပြီးတော့ မင်းကို ဖတ်ပြခိုင်းရအုံးမယ်"
သူ၏မျက်တောင်များက မသိမသာလှုပ်ခပ်သွားပြီး သူ့မျက်လုံးထဲက အနေကြပ်ရသည့် ခံစားချက်နှင့် သိမ်ငယ်သည့်ခံစားချက်ကို ဖုံးကွယ်ထားလိုက်ပြီး နောက်တော့ စန်းလော့ကို မော့ကြည့်လိုက်လေသည်။
"မင်း ကျွန်တော့်ကို သင်ပေးလို့ရလား"
"ရတာပေါ့ ဘာလို့ မရရမှာလဲ"
စန်းလော့၏နှုတ်ခမ်းများက မသိမသာ ကွေးတက်သွားပြီး သူမ၏မျက်လုံးများက သဘောကျဟန် တလက်လက်ဖြစ်သွားပြီးမှ သူ့ကို ကြည့်လိုက်လေသည်။
"ကျွန်မ အမြဲတမ်းထင်နေတာကလေ၊ ရှင်က ရှန်းအန်းဆီကပဲ သင်ရတာ ပိုကြိုက်တယ်လို့ ထင်နေတာ"
သူမ၏ စာနာသည့်အကြည့်တွင် ပိတ်လှောင်မိသွားသည်တွင် ရှန်းလီသည် သူ၏မျက်နှာက ရုတ်ခြည်းဆိုသလို နွေးတက်လာသည်ဟု ခံစားလိုက်မိသည်။
အမှန်တွင် သူသည် ရှန်းအန်း၏စာဖတ်လေ့ကျင့်ခြင်းကို တိတ်တိတ်လေး လိုက်လုပ်နေခဲ့သည်။ သို့သော်ငြားလည်း သူ့မှာ အချိန်နည်းပါးလေရာ ရှန်းအန်းက ရွာထဲကတခြားကလေးများကို နေ့စဥ်သင် ပြပြီး ညအိပ်ယာဝင်ချိန် တိတ်တိတ်ကလေး ရွတ်ဆိုမှသာ နားထောင်နိုင်လေသည်။
သူက သူ့လုပ်ရပ်များကို လျှိုဝှက်သည်ဟုထင်ထားပြီး စန်းလော့က သိနေသည်ကို သတိမထားမိပေ။
အတိုင်းအတာတစ်ခုအထိ ရှက်ရွံ့သည်ဟု ခံစားလိုက်မိပြီး သူ၏လက်ဖဝါးထဲတွင် ချွေးများထွက်လာကာ သူက ဝန်ခံရတော့သည်။
"အဲဒီတုန်းက ကျွန်တော်က မင်းကို မနှောင့်ယှက်ရဲဘူးလေ"
"ကျွန်တော်က ထုတ်မပြောခဲ့ဘူးဆိုတာကလဲ ကျွန်တော်က သင်ယူတဲ့နေရာမှာ အရမ်းကြီး နှေးကွေးနေမှာစိုးလို့၊ ကိုယ့်ဟာကိုယ်လဲ ရှက်ရတယ်လေ"
ရှန်းလီ၏ နားများက နီရဲနေသည်ကို မြင်လိုက်သည်တွင် စန်းလော့က ရယ်မောလိုက်တော့သည်။
"ဒီတော့ အခုကျတော့ ရှင်က ကျွန်မကို တောင်းဆိုတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်တယ်လို့ မထင်တော့ဘူးပေါ့နော်"
"အခုလား"
"အခုကျတော့ ကျွန်တော့်မှာ နည်းနည်းလေး အတ္တကြီးတဲ့ ရည်ရွယ်ချက်တစ်ခု ရှိလာပြီလေ"
ရှန်းလီ၏ လည်ချောင်းများက စိတ်လှုပ်ရှားကာဖြင့် မသိမသာ လှုပ်ရှားသွားလေသည်။
"အခုဆိုရင် ရှန်းအန်းက နေ့ခင်းဘက်မှာတခြားက လေးတွေကို စာသင်ပေးရင်း အလုပ်များနေတာလေ။ ဒီတော့ သူက ကျွန်တော့ကို သင်ပေးဖို့အချိန်ရှိမှာ မဟုတ်တော့ဘူး၊ ကျွန်တော်ကလဲ ကလေးတစ်အုပ်ထဲမှာ သွားသင်ဖို့ဆိုတာကလဲ နည်းနည်းလေး အဆင်မပြေလောက်ဘူးလေ ဟုတ်တယ်မလား"
"ညဘက်ကြတော့လဲ အရမ်းမှောင်နေတော့ မျက်လုံး ထိခိုက်နိုင်တယ်။ ဒါကြောင့်မလို့ ကျွန်တော်က မင်းဆီကပဲ သင်ယူမယ်လို့ စဥ်းစားလိုက်တာ။ ကျွန်တော်က ရှန်းအန်းစာရွတ်နေတဲ့အသံကို လိုက်နားထောင်နေလို့ရတယ်၊ ဒါပေမဲ့လည်း ကျွန်တော် ရေးထားတဲ့စာတွေကို စစ်ပေးဖို့တော့ မင်းရဲ့အကူအညီလိုတယ်လေ။ ကျွန်တော့ရဲ့အမှားတွေကိုလဲ ထောက်ပြပေးပေါ့ အဆင်ပြေတယ်မလား"
စန်လော့သည် သူ့ကို အနည်းငယ်သာ စနောက်နေခြင်းသာ ဖြစ်ပြီး ကျောင်းသားတစ်ယောက် ပိုလာသည်ကလဲ ပြသာနာမဟုတ်ပေ။ သူမက ပြုံးကာ သဘောတူလိုက်ပြီး သူမ၏လက်ထဲက ခြင်းလေးတစ်လုံးနှင့် ဆက်ပြီး လျှောက်လာလိုက်သည်။
ဘေးသို့ကြည့်လိုက်သည်တွင် ရှန်းလီက ဝမ်းသာအားရပြုံးနေပြီး မကြာခဏ ကြိုးစားပြီး ထိန်းသိမ်းထားသော်ငြားလည်း ပိုပြီးတောက်ပသည့်အပြုံးက ပေါ်လာသည်ကို တွေ့လိုက်ရသည်။
သူ၏ ပါးချိုင့်လေးများက သူ့ပါးပေါ်တွင် ပေါ်လာလိုက်ပျောက်သွားလိုက် ဖြစ်နေတော့သည်။
ငါက သူ့ကို စာသင်ပေးမယ်လို့ သဘောတူလိုက်တာနဲ့ပဲ သူက အဲသလောက် ပျော်နေသတဲ့လား။
...
အပိုင်း (၁၃၈) “သူ ငါ့ကို ဂရုစိုက်သားပဲ”
အမှန်ပင် ရှန်းလီသည် အရိုးခံအတိုင်း.ဝမ်းသာကြည်နူးလေရာ သူ့အပြုံးက သူ့မျက်နှာပေါ်မှ ဘယ်တုန်းကမှ ထွက်ခွာမသွားခဲ့ပေ။
သူတို့သည် သူတို့၏ကိုယ်ပိုင်ဂူလေးဆီသို့ ချဉ်းကပ်လာသည်နှင့် သစ်သားခြံစည်းရိုးထဲတွင် ပိတ်ပြီးစိုက်ပျိုးထားသည့် အသီးအရွက်မြေကွက်လေးထဲတွင် အစိမ်းရောင်ပျိုးပင်လေးများ ထွက်နေသည်ကို မြင်လိုက်ရလေသည်။
ကြက်နှင့်ဘဲများကလဲ ခြံဝင်းအပြင်ဘက်တွင် လွတ်လွတ်လပ်လပ် သွားလာနေကြသည်။
"ဒီခြံစည်ရိုးကို မင်း လုပ်ခဲ့တာလား"
"ဟုတ်တယ်၊ ကျွန်မ လယ်ကွင်းထဲမှာ အသီးအရွက်တချို့ကိုပဲ စိုက်ထားခဲ့တာ နောက်ပြီးတော့ ကြက်နဲ့ဘဲတွေက ဒုက္ခပေးမှာ စိုးရိမ်တယ်လေ၊ ဒါကြောင့်မလို့ ပတ်ဝန်းကျင်မှာ ခြံစည်းရိုးတစ်ခု လုပ်လိုက်တာ။ သစ်ပင်အောက်တည့်တည့်မှာ ရောက်နေတော့ အရမ်းကြီးလဲ မသိသာတော့ဘူးလေ"
သူမသည် အသီးအရွက်ခြံလေး၏ အနီးအနားတွင်ရှိသည့် ရှင်းလင်းထားပြီးသား မြေကွက်လေးတစ်ခုဘေးတွင် ခြင်းတောင်းကို ချလိုက်ပြီး တောဟင်းရွက်များဆီသို့ ချဉ်းကပ်လာသည့် အမွှေးပွပွ သတ္တဝါလေးတစ်ချို့ကို မောင်းထုတ်လိုက်လေသည်။ ထို့နောက်တွင်တော့ သူမက သစ်သားစင်လေး၏အောက်က မြေအိုးဇလုံထဲမှ တောဟင်းရွက်နှင့် မှိုတစ်ချို့ကို ထုတ်ယူဖို့ရန်အတွက် မီးဖိုချောင်ထဲသို့ လှည့်ထွက်သွားလိုက်သည်။
ရှန်းလီကို လှမ်းကြည့်လိုက်ပြီး သူမက ခဏလောက် တွေဝေသွားပြီးမှ အကြံပြုလိုက်သည်။
"ရှင် ခြေလက်ဆေးကြောပြီးတော့ အဝတ်အစားလဲပြီ ခဏလောက် အနားယူလိုက်ပါလား"
အပြင်ဘက်တွင် ၁၁ရက်လောက် အချိန်ကုန်ဆုံးခဲ့ပြီး လေးလံသည့်စပါးများကို သယ်ယူရခြင်းကြောင့် သူသည် သေချာပေါက် ပင်ပန်းနေလိမ့်မည်။
ရှန်းလီက ခေါင်းငြိမ့်ပြလိုက်သည်။ သူသည် မပင်ပန်းသော်ငြားလည်း တောထဲတွင် နေခဲ့ရခြင်းဖြစ်သဖြင့် တော်တော်လေးကို ညစ်ပေနေသည်ဟု အမှန်ပင်ခံစားမိသည်။ တောထဲတွင် သေသေချာချာ လုပ်ဖို့ရန်က ခက်ခဲသော်ငြားလည်း သန့်ရှင်းမှုသည် အိမ်တွင်တော့ အရေးပါလေရာ အထူးသဖြင့် စန်းလော့အတွက်ပင်။
"ရေအေးနဲ့လဲ အဆင်ပြေပါတယ်၊ ကျွန်တော် ကိုယ့်ဟာကိုယ် လုပ်လိုက်ပါ့မယ်” ခြင်းတောင်းလေးကို အောက်ချထားလိုက်ပြီး သူက ရေတစ်ပုံးခပ်ဖို့ လှည့်ထွက်သွားသည်။
"ရှင်က ရေအေးနဲ့ ခြေလက်ဆေးကြောမလို့လား” စန်းလော့က တအံ့တသြ မေးလိုက်၏။
ရှန်းလီက ပြုံးလိုက်၏။ "ကျွန်တော်တို့ အပြင်ဘက်မှာ ရေကန် ဒါမှမဟုတ် ရေအိုင်လေးတွေ့တဲ့အခါကျရင်လဲ ဒီလိုပဲဆေးကြောကြတာ၊ ကျွန်တော်က
အကျင့် ပါနေပါပြီ၊ အခုက မအေးသေးပါဘူး၊ ဒီတော့ အဆင် ပြေပါတယ်"
စကားပြောနေရင်းက ကလေးတချို့က သူတို့ဘက်သို့ ပြေးလာလေသည် ။ရှန်းအန်း၊ ရှန်းနဉ်နှင့် ရွှီမိသားစုက ကလေးများပင်။
သူတို့သည် လျှိုမြောင်၏ အတွင်းအကျဆုံးအပိုင်းတွင် ကလေးတစ်ဖွဲ့နှင့် စာဖတ်နေခဲ့ကြသည်။ သူတို့သည် ချန်းတရှန်ကို အဝေးမှ မြင်လိုက်သည့်အခါမှ စပါးသယ်ဖို့သွားခဲ့သည့်သူများ ပြန်လာကြောင်း သိလိုက်ရသည်။ သူတို့သည် စာဖတ်ခြင်းကို ရပ်ထားလိုက်ပြီး အားလုံးက အိမ်သို့ အပြေးပြန်လာကြသည်။
ညနေစာအတွက် အချိန်ကျရောက်လုနီးပြီ ဖြစ်သဖြင့် ရှန်းအန်နှင့်ရှန်းနဉ်တို့က ညနေစာပြင်ဆင်ဖို့ရန် ခါတိုင်းလိုပင် စန်းလော့ကို ကူညီပေးကြလေသည်။ ဟင်းသီးဟင်းရွက်များကို ရွေးပြီး ဆေးကြောပေးကာ မီးများကို စတင်မွှေးလိုက်ကြသည်။ သူတို့သည် ပုံမှန်ဆိုလျှင် ဒီအချိန်လောက်မှ လူစုခွဲကြသော်ငြားလည်း ဒီနေ့တွင်တော့ သူတို့က နည်းနည်းလေးစောပြီး လက်စသတ်လိုက်ကြသည်။
ရှန်းအန်းနှင့်ရှန်းနဉ်တို့သည် သူတို့၏ အစ်ကိုကြီးကို လှမ်းအော်လိုက်ပြီး ရွှီဝမ်ပေါ်ကလဲ အားတက်သရော မေးလိုက်သည်။ "အစ်ကိုရှန်းလီ ကျွန်တော့်အဖေက ကျွန်တော်တို့ကို စာထည့်ပေးလာသလား"
ရှန်းလီက ပြုံးလိုက်၏။ "ထည့်ပေးလာတယ်၊ မင်းဦးလေး ယူပြန်သွားပြီ အိမ်ပြန်ပြီးတော့ တချက်သွားကြည့်လိုက်အုံး"
စာများကိုယူလာပေးသည့်အပြင် ဝေ့ချင်းဟယ်သည် ဂူထဲတွင်ဝှက်ထားသည့် အထုပ်လေးတစ်ထုပ်ကိုလဲ ယူလာပေးသေးသည်။
ရွှီဝမ်ပေါ်နှင့်ရွှီဝမ်ယင်တို့သည် ရှန်းလီကို ကျေးဇူးတင်စကားပြောလိုက်ပြီး ဝမ်ယွင်ကျန့်ကို တခါထဲဆွဲခေါ်သွားကာ သူတို့၏ မိသားစုဂူဆီသို့ အလျင်စလို သွားလိုက်ကြတော့သည်။
ရှန်းလီက ရေနှစ်ပုံးဖြင့်ပြန်လာချိန်တွင် စန်းလော့က ရှန်းအန်းကို မီးဖိုထဲမီးထပ်ထည့်ခိုင်းပြီး ရေဖြည့်ကာ ရေနွေးတည်ပေးဖို့ အသင့်ဖြစ်နေသည်။
"ကျွန်မက ရှင် တခြားလုပ်မဲ့ကိစ္စတွေကိုတော့ ဝင်မနှောက်ယှက်ပါဘူး၊ ဒါပေမဲ့ ခေါင်းလျှော်ဖို့ဆိုရင်တော့ ရေနွေးလဲ နည်းနည်းရောသင့်တယ်။ မဟုတ်ဘူးဆိုရင် နောက်ပိုင်းကျရင် ခေါင်းကိုက်တတ်တယ်"
သူမ၏အရင်ဘဝတွင် စန်းလော့သည် ဖျားနာမှုကို လုံလောက်အောင် ခံစားခဲ့ဖူးသည်ဖြစ်ရာ သူမသည် ကျန်းမာရေးကိစ္စကို အထူးတလည် ဂရုစိုက်တတ်လေသည်။
ရှန်းလီက ခဏလောက်တုံ့ဆိုင်းသွားပြီးနောက် ပြုံးကာ လက်ခံလိုက်သည်။ "ကောင်းပါပြီ"
ရှန်းအန်းနှင့်ရှန်းနဉ်တို့က အကြည့်ချင်းဖလှယ်လိုက်ကြပြီး ပြုံးဖြီးသွားကြသည်။ ဟုတ်နေပါပြီ။ သူတို့ရဲ့အစ်ကိုက အမြဲတမ်းပဲ သူတို့ရဲ့ယောင်းမရဲ့ အကြံပေးချက်ဆိုရင် လုံးဝမငြင်းဘဲနဲ့ လိုက်လျောပေးတယ်။
ရေပူလာသည်ကို စောင့်ဆိုင်းနေရင်း ရှန်းလီက အသီးအရွက်များကို ရွေးကူလိုက်သည်။ စိုက်ပျိုးရန် သီခြားအခြေအနေတစ်ခုလိုအပ်သည့် မှိုများမှလွဲလျှင် သူသည် အသီးအရွက်များကို အမြစ်မှနေ၍ တူးလာပြီး ဖြစ်နိုင်လျှင်အမြစ်များကို မထိမခိုက်အောင် သယ်လာလေသည်။ တောင်နံရံတွင် နေရာများရှိသေးသလားဟု စန်းလော့ကိုမေးလိုက်ပြီး အမြစ်များကို ပုံမှန်အတိုင်း စိုက်ထားလိုက်သည်။
တောဟင်းရွက်များသည် အကြမ်းခံပြီး သူတို့ကို အောင်အောင်မြင်မြ င်စိုက်ပျိုးနိုင်လျှင် သူတို့၏အစားအသောက်အတွက် အမျိုးမျိုးသော အာဟာရကို ဖြည့်တင်းပေးနိုင်သည်။
ထိုအခိုက်တွင် ရွှီအဘွားက စန်းလော့အတွက် အထုပ်တစ်ထုပ် ယူလာလေသည်။
"အဘွားရဲ့သား ယွမ်ချန်ဆီကနေပြီးတော့ ကြားထားတာ သမီးက စာရေးဖတ်တတ်တယ်ဆို အဘွားက ဒီမှင် စုတ်တံ စာရွက်နဲ့ မှင်သွေးကျောက်ကို လေ့ကျင့်ဖို့အတွက် ပေးတာမဟုတ်ပါဘူး။ အဘွားတို့က တောင်ထဲမှာ ပုန်းခိုနေရတာဆိုတော့ ရေးကြီးခွင်ကျယ် လုပ်နေလို့မရဘူးလေ။ ဒါက စာအပေးအယူ လုပ်ဖို့အတွက်ပဲ၊ ဒီထဲကတစ်ဝက်ကတော့ သမီးတို့ရဲ့မိသားစုအတွက်၊ တကယ်လို့များ ပြောစရာ၊ တောင်းဆိုစရာ တစ်ခုခုရှိတယ်ဆိုရင် ဝါးစာလိပ်ပေါ်မှာ စာတွေကို ထွင်းရေတာထက် ပိုပြီးတော့ အဆင်ပြေတယ်လေ"
ရွှီယွမ်ချန်သည် ဆိုင်တာဝန်ခံ၏နာမည်ဖြစ်ပြီး စန်းလော့က ရှန်းလီယူပြန်လာပေးသည့် စာထဲမှနေ၍ သိလိုက်ရသည်။
အစပိုင်းတွင်တော့ မှင်၊ စုတ်တံ၊ စာရွက်၊ မှင်သွေးကျောက်စသည့် အဘိုးတန်ပစ္စည်းများကို လက်ခံဖို့ရန် တွန့်ဆုတ်နေသော်ငြားလည်း စန်းလော့သည် ဒီပစ္စည်းများက စာပို့ဖို့ရန်အတွက်ဟု သိလိုက်ရသည်တွင် သူမ၏စိတ်ကို ပြောင်းလဲလိုက်သည်။ သူမသည် သူမ၏ ကိုယ်ပိုင်စုတ်တံနှင့်မှင် ရေးဖို့ရန်အတွက် ဝါးစာလိပ်များကိုယူလာပြီး ထိုအရာများက အဆင်ပြေသော်ငြားလည်း စာရွက်လောက်တော့ အဆင်မပြေပေ။ ဝါးကျည်တောက်ထဲကို သပ်သပ်ရပ်ရပ် လိပ်ပြီးထည့်ထားသည့် ဆိုင်တာဝန်ခံရွီထံမှစာကို မြင်လိုက်ရသည်တွင် စာရွက်၏အရေးပါပုံကို သူမ နားလည်လိုက်သည်။ ထို့အပြင် သူမ၏ကိုယ်ပိုင်မှင်ကလဲ အကန့်အသတ်ဖြစ်နေရာ နေ့စဥ်လိုအပ်ချက်အတွက် အသုံးပြုဖို့ရန်က ခဲယဥ်းပေသည်။ ကျေးဇူးတင်စွာဖြင့်ပင် စန်းလော့က ရွှီအဘွားထံမှလက်ဆောင်ကို လက်ခံလိုက်တော့သည်။
ရွှီအဘွား ပြန်သွားပြီးနောက်တွင် ရေကလဲဆူလုနီးပါး ဖြစ်လာသည်။ ရှန်းအန်းက ဂူအတွင်းပိုင်းက အောက်ဘက်ရှိစင်ထဲက သစ်သားဇလုံနှစ်ခုကို ဂရုတစိုက်ထုတ်ယူလာပြီး ရှန်းလီကို လက်ဟန်ပြလိုက်သည်။
သူက ဇလုံအောက်က အမှတ်အသားများကို လက်ညှိုးထိုးပြလိုက်သည်။ တခုကတော့ အားလုံးကခေါင်းလျှော်ဖို့ရန်အတွက် သတ်မှတ်ထားပြီး ကျန်တခုကတော့ သူနှင့်ရှန်းလီတို့ရေချိုးဖို့ရန် မျှဝေသုံးဖို့ဖြစ်သည်။
ထိုအခါမှ ရှန်းလီသည် စန်းလော့က ဆေးကြောဖို့ရန် ဇလုံအများအပြားကို လုပ်ထားခဲ့မှန်းသိလိုက်ရသည်။
ဇလုံများကို တွေးတွေးဆဆဖြင့် လေ့လာကြည့်လိုက်ပြီး သူက ဘာမှတ်ချက်မှ မပေးလိုက်ပေ။ သူက ခေါင်းလျှော်ရန်သတ်မှတ်ထားသည့် ဇလုံထဲတွင် မြန်မြန်ဆန်ဆန် ခေါင်းလျှော်လိုက်ပြီး သူ့ဆံပင်ကိုပင် အခြောက်မခံတော့ဘဲ ဘေးအိမ်က ချန်းမိသားစုတို့ထံ သွားလိုက်တော့သည်။
မကြာမှီပင် လွှနှင့်ပုဆိန်များကိုင်လာကြသည့် ချန်းတရှန်, ချန်းယိုထျန်း၊ ချန်းအဘိုးနှင့် တခြားသူများက ရှန်းလီထံသို့ ရောက်လာကြသည်။ တခြားမိသားစုများက လူများနှင့်အတူ သူတို့သည် လျှိုမြောင်ထဲက အလွန်မှ အိုးမင်းနေသည့်သစ်ပင်တစ်ပင်ကို ခုတ်လှဲလိုက်ကြသည်။
သစ်ပင်ကြီးက သူ၏ ထူးထူးခြားခြား ထူထဲသည့်ပင်စည်ကြောင့် အိုမင်းနေပြီဟု သိသိသာသာ မြင်နိုင်လေသည်။
စန်းလော့က တောဟင်းရွက်များကို အခြောက်ခံပြီးရေနွေးဖျောကာ ရေထဲစိမ်ခြင်းဖြင့် ကိုယ်တိုင်အလုပ် များနေသည်။ သူမက အလုပ်ပြီးသွားပြီး သစ်ပင်လဲကျသွားသည့်အသံကို ကြားလိုက်ချိန်တွင် ချန်းယိုထျန်းနှင့်ရှန်းလီတို့က သစ်များကို လွှဖြင့်ဖြတ်နေကြပြီ။
သစ်ပင်၏ထူထဲသည့်ပင်စည်က ချန်းယိုထျန်း၏ တော်တော်လေး သေးငယ်လှသည့် လွှအတွက်တော့ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေရာ ဖြတ်ရမည့်အနေအထားကို မကြာခဏဆိုသလို ထိန်းညှိရန်လိုအပ်နေ လေသည်။
အမျိုးသမီးများနှင့် ကလေးများက စိတ်လှုပ်ရှားစွာဖြင့် စုဝေးပြီး လာရောက်ကြည့်နေကြသည်။ စန်းလော့က လုပ်မည့်အလုပ်အကြောင်းကို မေးလိုက်သည်တွင် ကျိုးရွာသူကြီး၏ အကြီးဆုံးချွေးမက ရယ်သံတစ်ခုဖြင့် ရှင်းပြလေသည်။ သူတို့က ရေချိုးကန်တစ်ခု လုပ်နေခြင်းပင်။ စောစောပိုင်းက ခုတ်လှဲထားသည့်သစ်ပင်များသည် အဝတ်လျှော်ဇလုံတစ်ခုလုပ်ဖို့ရန်ကလွဲပြီး မသင့်တော်လေရာ သည်ပိုပြီး အိုမင်းသည့်သစ်ပင်ကြီးကတော့ မှန်ကန်သည့် ရေချိုးခန်းတစ်ခုကို နောက်ဆုံး ပြုလုပ်ပေးနိုင်လိမ့်မည်။
ကျိုးအာ့လန်၏မိန်းမက စန်းလော့နားသို့ ကပ်လာပြီး ခပ်တိုးတိုးဖြင့် ရှန်းလီကို ချီးကျူးစကား ပြောလိုက်၏။
"ရှန်းလီက တကယ်စဥ်းစားပေးတတ်တာပဲ၊ သူက နင့်ကို ဂရုစိုက်တယ်နော်၊ သူပြန်လာတာနဲ့ချက်ချင်းပဲ နင့်မိသားစုအတွက် အသုံးဝင်ပြီး အရေးပါမဲ့ပစ္စည်းတွေကို ဖြည့်ပေးဖို့ စီစဥ်တော့တာပဲ"
စန်းလော့သည် သူမ၏ ကုတင်လေးဖြင့် တော်တော်လေးအစောပိုင်းတွင် သက်တောင့်သက်သာလဲ လျောင်းနေနိုင်ပြီး ချန်းမိသားစုထက်ပင် တစ်ရက်စောပြီး အသုံးပြုနိုင်ခဲ့သည်။ နှိုင်းယှဥ်ကြည့်လျှင် ကျိုးမိသားစုလို တခြားမိသားစုများကပင် ညီအစ်ကိုများမထွက်ခွာခင် လူကြီးများအတွက် ကုတင်တစ်လုံးကိုသာ ပြင်ဆင်ပေးနိုင်ခဲ့သည်။ ကျိုးတလန်၏ ၃နှစ်အရွယ်ကလေးလေးက အဘိုးအဘွားများနှင့် အတူတူအိပ်ပြီး ယောင်းမကတော့ကတော့ အိပ်ယာအဖြစ် သစ်သားပြားကြီးကို အသုံးပြုနေရဆဲပင်။
စန်းလော့သည် ပြုံးမိကာ ခေါင်းငြိမ့်သဘောတူလိုက်ပြီး သူမ၏နှုတ်ခမ်းများက မသိမသာကွေးတက်သွားပြီး သူမ၏မျက်လုံးများကလဲ သဘောကျဟန်ဖြင့် လင်းဖြာသွားလေသည်။
"ဟုတ်တယ် သူကအရမ်းကို ဂရုစိုက်ပေးတတ်တာ"
...
ထိုနေ့ညနေခင်းတွင် ညနေစာသည် အိမ်ထာင်စုတိုင်းအတွက် နောက်ကျသွားလေသည်။ စန်းလော့က ရှန်းလီနှင့်ချန်းတရှန်တို့က ရှည်လျားသည့် သစ်သားပိုင်းတစ်ခုနှင့် ပြန်လာသည့်အချိန်အထိ စောင့်ဆိုင်းလိုက်ပြီးမှ သူမက အစားအသောက်ကို စတင်ပြင်ဆင်လေသည်။
သစ်သားအပိုင်းကြီးကို နေရာချပြီးနောက်တွင် ရှန်းလီက စန်းလော့ကို လာနှုတ်ဆက်ပြီး သူသည် ရွှီမိသားစုအတွက် နောက်ထပ်သစ်သားတစ်ပိုင်းကို ကူပြီးသယ်ပေးဖို့ရန် လိုအပ်သည့်အကြောင်း လာပြောလေသည်။ ထို့နောက်တွင် သူက ချန်းတရှန်နှင့်အတူ ထွက်သွားလေသည်။
ဝေ့ချင်းဟယ်သည် တောင်တစ်လျှောက်တွင် လမ်းလျှောက်လာခဲ့ရပြီး ခရီးကိုလဲ ခက်ခက်ခဲခဲ သွားလာခဲ့ရသည်။ ပြန်ရောက်လာချိန်တွင်တော့ သူသည် သူ့ဂူထဲတွင် ပစ်လှဲလိုက်ပြီး ဆူညံသံကို လာရောက်ကြည့်ရှုသူက ရွှီအဘွားဖြစ်နေသည်။ သူမတစ်ယောက်ထဲကို မထားခဲ့နိုင်သဖြင့် ရှန်းလီနှင့်ချန်းယိုထျန်းတို့က ရွှီမိသားစု၏ သစ်သားအပိုင်းအစကို အရင်ဆုံးလွှဖြင့်ဖြတ်ပေးလိုက်ပြီး ချန်းတရှန်က ထိုသစ်သားအပိုင်းအစကို သယ်ပြန်လာပေးလေသည်။
သိချင်စိတ်ဖြင့် ချောင်းကြည့်လိုက်သည်တွင် စန်းလော့သည် တစ်မီတာခန့်ရှိသည့် သိသာထင်ရှားသည့် အရှည်တစ်ခုရှိသည့် သစ်သားပိုင်းကြီးကို သတိထားမိလိုက်သည်။
ဧကန်တ ရေချိုးကန်တစ်ခု ရေချိုးကန်နှစ်ခုလောက် လုပ်မလို့လား။
ထိုကိစ္စကို စဥ်းစားမနေတော့ဘဲ သူမက အချက်အပြုတ်ကို အာရုံစိုက်ထားရင်းမှ ထိုသစ်များသည် တခြားရည်ရွယ်ချက်အတွက် ချန်ထားလေသလားဟု စဥ်းစားမိပြန်သည်။
ရှန်းလီ ပြန်ရောက်လာချိန်တွင် ဟင်းပွဲများကိုစားပွဲပေါ်တွင် တည်ခင်းထားနှင့်ပြီးဖြစ်သည်ကို တွေ့လိုက်ရပြီး လတ်ဆတ်သည့် ထျန်းခွေဟင်းအအေး၊ အသားခြောက်နှင့် ဒရင်ကောက် ဟင်းရွက်မွှေကြော်၊ တောင်အော်ရွက်နှင့် ကြက်ဥဟင်းရည် ပန်းကန်ကြီးတစ်လုံးတို့ ပါသည်။
နွေးထွေးသည့်တစ်နပ်စာကို စားသောက်ပြီးနောက်တွင် ရှန်းလီက အိမ်ထဲက ပုဆိန်တစ်ခုကိုလှမ်းဆွဲကာ အလုပ်များနေပြန်သည်။
သူ့ရည်ရွယ်ချက်က ရေချိုးကန်အဝိုင်းနှစ်ခု လုပ်ရန်မဟုတ်ဘဲ ရှည်လျားပြီး လေးထောင့်ကျသည့် ရေချိုးကန်တစ်ခုကိုလုပ်နေမှန်း ထိုအခါမှ စန်းလော့ နားလည်လိုက်သည်။
ပုဆိန်ဖြင့်အကြမ်းဖျဥ်းအရာပေးခြင်းမှစကာ ထို့နောက်တွင် ဆောက်တစ်ခုဖြင့် အချောသပ်ပုံဖော်လေသည်။ စန်းလော့သည် ရေချိုးကန်တစ်ခု၏ပုံပေါ်လာသည်ကို တဖြည်းဖြည်း မြင်တွေ့လာရသည်။
ဒါက ခေတ်သစ်က ရေချိုးကန်ငယ်လေးတစ်ခုနဲ့ ဆင်တူတာပဲ။ ထိုင်ပြီးတော့ ရေစိမ်ဖို့အတွက် လုံလောက်အောင်ကြီးတယ်။ ရေကို အများကြီး ဖြည့်စရာမလိုဘူးဆိုရင်တောင် ရေဖြည့်လိုက်ရင် ရင်ဘတ်အထိ ရောက်နိုင်တယ်။
စန်းလော့သည် သူတို့၏ကြိုးစားမှုကြားက ဒီလိုဇိမ်ခံပစ္စည်းတစ်ခုထွက် တအံ့တသြ ဖြစ်နေဆဲဖြစ်ကာ စဥ်းစားလိုက်လေသည်။ "ဒီပစ္စည်းကို ဘယ်နေရာမှာထားဖို့ စဥ်းစားထားလဲ"
"ကျွန်မတို့ရဲ့ဂူက ဒီဟာနဲ့ဆိုရင် အရမ်းသေးတယ်၊ ပိုပြီးတော့ဆိုးတာက ကျွန်မ ရေတွေကိုလဲ အဲလောက်အများကြီး သယ်နိုင်မှာ မဟုတ်ဘူး"
ရှန်းလီက ရေချိုးခန်းဘက်ကို လက်ညှိုးထိုးပြပြီး ရှင်းပြလိုက်သည်။
"ရေချိုးခန်းထဲမှာလေ၊ ကျွန်တော် အခွင့်အရေးရရင် ကျောက်နံရံကို နေရာလေးနည်းနည်း ပိုချဲ့လိုက်မယ်။ ဒီနေရာကနေ သိပ်မဝေးလှတဲ့လမ်းတစ်လျှောက်မှာ ရွှံ့အဝါတွေနဲ့ ထုံးကျောက်တွေကို တွေ့ခဲ့တယ်၊ မနက်ဖြန်မနက်ကျရင် ကျွန်တော် နည်းနည်းလောက် သွားယူလာလိုက်မယ်။ တရှန်နဲ့တခြားသူတွေကိုလဲ ခေါ်သွားရမယ်။ ရေချိုးခန်းအတွက် ပိုပြီးကောင်းမွန်တဲ့ မျက်နှာပြင်တစ်ခုရအောင် နှုံးကျောက်တွေနဲ့ခင်းထားလိုက်ပြီး အောက်ဖက်မှာတော့ ရေထွက်ပေါက်တစ်ခုနဲ့ သစ်သားအဆို့တစ်ခုကို တပ်ထားလိုက်မယ်။ ဒီလိုဆိုရင် ရေကိုရှင်းထုတ်ဖို့လဲ မပင်ပန်းလောက်တော့ဘူး။ ဒါက မင်းနဲ့အားနဥ်အတွက်လေ"
“ရှန်းအန်းနဲ့ကျွန်တော့်အတွက်ကတော့ ရေဝင်ပေါက် အသစ်တစ်ခုနဲ့ ရေချိုးခန်းထဲမှာပဲ ဆေးကြောလိုက်ရင် အဆင်ပြေပါတယ်။ နှုံးကျောက်တွေကို ခင်းထားလိုက်ပြီး နံရံတစ်လျှောက်မှာ ကျွန်တော်တို့ လုပ်ထားခဲ့တဲ့ ရေထွက်ပေါက်နဲ့ ပေါင်းလိုက်တယ်ဆိုရင် အဲဒီ့မှာ ရေချိုးတဲ့အခါ နံရံတွေကိုစိုရွှဲနေမှာ စိတ်ပူစရာမလိုဘဲ အဆင်ပြေပြေလေး အသုံးပြုနိုင်မယ်”
...
သူပြန်လာသည့်ပထမနေ့တွင် ရှန်းလီသည် စန်းလော့နှင့်ရှန်းနဥ်တို့အတွက် ရေချိုးခန်းတစ်ခုထွင်းထုရင်း နောက်ကျသည်အထိ နေလိုက်ရသည်။ သို့တိုင် ထိုပစ္စည်းကို ရေချိုးခန်းထဲတွင် ချက်ခြင်း ထည့်သွင်းလို့ မရနိုင်သေးချေ။ အုတ်နံရံက ချဲ့ထွင်ဖို့ရန် ဆိုင်းငံ့ထားရသေးသည်။ ထိုပစ္စည်းကို ဂူထဲတွင်သာ ယာယီသိမ်းဆည်းထားရသည်။
ရေချိုးခန်းထဲတွင် ရေချိုးသန့်စင်ပြီး သန့်ရှင်းသည့်အဝတ်များကို လဲလှယ်ပြီးနောက်တွင် ရှန်းလီသည် ဂူထဲသို့ဝင်လာချိန်တွင် စန်းလော့က အိပ်ယာခင်းပေးနေသည်ကို မြင်လိုက်ရလေသည်။
စန်းလော့က သူ့အတွက် အိပ်ယာခင်းပေးနေသည်ကို မြင်လိုက်ရသဖြင့် ရှန်းလီမှာ ရင်တစ်ချက်ခုန်သွားပြီး တဒင်္ဂတုံ့ဆိုင်းသွားတော့သည်။
စန်းလော့ကတော့ ထိုကိစ္စအပေါ် အတွေးလွန်မနေဘဲ ကလေးများက ရေချိုးခန်းကို အသုံးပြုပြီးပြီလားဟု လှမ်းမေးလိုက်သည်။ သူတို့က ပြီးစီးသွားသည်ဟု ကြားလိုက်ရချိန်တွင် သူမက ရှန်းလီကို တံခါးပိတ်ခိုင်းလိုက်ပြီး သူ့ခေါင်အုံးကို ဆက်ပြီးပြင်ဆင်ပေးလိုက်ပြီးမှ သူမ၏အိပ်ယာဆီသို့ ပြန်သွားလိုက်သည်။
ရှန်းလီက နေရာတွင်ပင်အေးခဲနေသည်ကို သတိထားမိလိုက်သဖြင့် သူမက သူ့ကို သိလိုသည့် အကြည့်တစ်ခု လှမ်းပေးလိုက်သည်။ ထိုအခါမှ တံခါးပိတ်ပေးဖို့ရန် တောင်းဆိုထားသည့် သူမ၏တောင်းဆိုချက်ကို သတိရလာပြီး မြန်မြန်သွားပိတ်လိုက်တော့သည်။
စန်းလော့က သူ့ကို ကျောပေးထားလိုက်ပြီး သူမ၏ အပြင်အဝတ်ကို ချွတ်လိုက်ကာ သူမ၏ အိပ်ယာထဲသို့ဝင်သွားပြီး စောင်ခြုံလိုက်ပြီးနောက်တွင် ရှန်းလီ တံခါးပိတ်ပြီးသည်အထိ စောင့်ဆိုင်းလိုက်ပြီးမှ အကြံပေးလိုက်လေသည်။
"ရှင် အချိန်ရတဲ့အခါကျရင် အရင်ဆုံး ကုတင်လုပ်လိုက်ပါ၊ ကျန်တာတွေက စောင့်လို့ရသေးတယ်။ စိုထိုင်းတဲ့အခြေအနေမှာ ဆက်တိုက် အိပ်စက်နေတာက ရှင့်ကျန်းမာရေးအတွက် မကောင်းနိုင်ဘူးနော်"
ဒီလို သိသာထင်ရှားသည့်စိုးရိမ်မှုက ရှန်းလီ၏ မျက်နှာပေါ် သို့ အပြုံးတစ်ခုကို ပုံမှန်အတိုင်း သယ်ဆောင်လာပေးလေသည်။ သို့သော်ငြားလည်း ဒီနေ့တွင်တော့ ထူးထူးခြားခြား သူသည် မပြုံးမိခဲ့ပေ။
ပျော့ပျောင်းသည့်အရာတစ်ခုက သူ့နှလုံးသား၏ အနူးညံ့ဆုံး အပိုင်းတစ်ပိုင်းကို လာပြီး ဆောင့်မိသလိုခံစားလိုက်ရလေသည်။
ဒီခံစားချက်က ရှန်းလီအတွက် မရင်းနှီးနေသည်တော့မဟုတ်ပေ။ စန်းလော့က သူ၏ စိုစွတ်နေသည့်ဖိနပ်ကို သတိထားမိချိန်က သူ့အတွက် စိုးရိမ်စိတ်ကို ဖော်ပြခဲ့ချိန်၊ သူ့ကို ဆောင်းတွင်းအဝတ်အစား ဝယ်ပေးခဲ့ချိန်၊ သူ့အတွက် အင်္ကျီချုပ်ပေးခဲ့ချိန်တွင် သူသည် ဤကဲ့သို့ တွေ့ကြုံခဲ့ရဖူးသည်။ သို့သော်ငြားလည်း ဒီလိုတွေ့ကြုံရသည်က ဘယ်နှစ်ကြိမ်ပဲ ဖြစ်နေပါစေ ထိုသို့ တလှပ်လှပ်ရင်ခုန်နေရသည်က သူ့ကို တဒင်္ဂအတွင်း အားနည်းချိနဲ့သွားစေကာ လွန်ဆန်နိုင်စွမ်းမရှိတော့ပေ။
အမှန်ပင် သူသည် ခုခံခြင်းကိုလဲ မလုပ်လိုပေ။
ဒီစကားကို စန်းလော့က ပြောလိုက်ခြင်းကြောင့် ဖြစ်နိုင်သည်။ သို့သော်ငြားလည်း သူသည် ထိုစကားကို အမှန်ပင် သဘောကျမိလေသည်။
ထိုအခိုက်အတန့်လေးထဲတွင် ပိတ်မိနေသဖြင့် သူသည် ပျော်ရွှင်ဖို့ပင် မေ့လျော့သွားပြီး ဒီအတိုင်း ဆွံ့အစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
"အမ်း.. အင်း ဟုတ်ကဲ့"
သူသည် အခုလေးတင် ဘာကိုသဘောတူညီခဲ့မှန်း သေချာပင် မသိလိုက်ပေ။
သူ၏ ကသောင်းကနင်းဖြစ်နေသည့် အခြေအနေကို သတိမထားမိသည့် စန်းလော့ကတော့ ပြုံးလိုက်လေသည်။
"ဒါဆိုရင် မီးပိတ်လိုက်တော့နော်၊ ရှင်လဲ တနေ့လုံးပင်ပန်းခဲ့တာလေ အိပ်ရအောင်"
ထိုသို့ပြောလိုက်ပြီးနောက် သူမက လှဲချလိုက်တော့သည်။
ရှန်းလီက စန်းလော့ လှဲချသွားသည်အထိ စောင့်ဆိုင်းလိုက်ပြီး သူ၏ညာဘက်နားရွက်ကို ဖျစ်ညစ်လိုက်ပြီးမှ မီးအိမ်ဆီသို့သွားလိုက်ကာ ရေနံဆီမီးကို မှုတ်လိုက်ပြီး ဂူလေးသည် အမှောင်ထု၏လွမ်းမိုးခြင်းကို ခံလိုက်ရလေသည်။ ထို့နောက်တွင် သူက ဘယ်ဘက်လက်ကိုသုံးပြီး သူ၏နှလုံးသားလေးကို ဖိထားလိုက်တော့သည်။
ထိုအခါမှ အပြုံးတစ်ခုသည် သူ့နှုတ်ခမ်းပေါ်တွင် ကွေးတက်လာပြီး သိမ်မွေ့သည့် အကြည့်တစ်ခုက သူ့မျက်လုံးများကို နူးညံသွားစေတော့သည်။
ကြည့်ရတာ နောက်ဆုံးတော့ သူမက သူ့ကို ဂရုစိုက်သေးသားပဲ။
စန်းလော့ထံမှ မြင်သာသည့်တွန့်ဆုတ်မှုကို မမြင်ခဲ့ရဘဲ နောက်ဆုံး ခရီးထွက်ရသည့်အခေါက်တွင် သူသည် စိတ်ပျက်သလို ခံစားမိခဲ့သေးသည်။
သို့သော်ငြား အခုတော့ ထိုစိတ်ပျက်ရသည့်ခံစားချက်က လုံးဝကို ပျောက်ကွယ်သွားတော့သည်။ သူက ကိုယ့်ဟာကိုယ် ပြန်စဥ်းစားလိုက်သေးသည်။ တကယ်လို့ ငါက ပိုပြီးတော့ကြိုးစားပြီး ကိုယ့်ဟာကိုယ်ထိုက်တန်တယ်လို့ သက်သေပြရင် စန်းလော့က ငါ့ကိုများ သဘောကျလာလေမလား။
ရှန်းလီက သူ့ကိုယ်သူ ဂွမ်းစောင်ကိုဆွဲမလိုက်ပြီး အိပ်ယာပေါ်လှဲချလိုက်ရင်း နေလှန်းပေးထားသည့်အိပ်ယာခင်း၏ ထူးခြားသည့် ရနံ့ကိုရှူသွင်းလိုက်ကာ သူ၏စိတ်များက လန်းဆန်းလာတော့သည်။ သူက ဂွမ်းစောင်ကို သူ့မျက်နှာ တဝက် ဖုံးသည်အထိ ဆွဲတင်လိုက်ပြီး အမှောင်ထဲတွင် အချိန်တော်တော်ကြာသည်အထိ တစ်ယောက်တည်း ပြုံးနေလေတော့သည်။
နောက်တနေ့တွင် ရွှံ့စေးနှင့်နှုံးကျောက်များကို သွားသယ်ရမည်ဖြစ်သဖြင့် စောစောထရမည်ဟု စဥ်းစားလိုက်မိပြီး သူက မြန်မြန်အိပ်ပျော်အောင် ကိုယ့်ဟာကိုယ် ဖိအားပေးလိုက်သော်ငြားလည်း သူ၏ စိတ်အစဥ်တို့က အလွန်မှ လန်းဆန်းတက်ကြွနေရာ သူ့အိမ်မက်ထဲတွင်ပင် သူ့မျက်ခုံးနှင့် မျက်လုံးများက အပြုံးတစ်ခုအဖြစ် ကွေးပြီး ကျန်ရစ်လေသည်။
...