← Chapters

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အခန်း (၁၃၉-၁၄၀)

Vol. 14 Ch. 139-140

အပိုင်း (၁၃၉ ) အမဲလိုက်ခြင်း

လျှိုမြောင်ထဲက လူအားလုံးသည် စောစောစီးစီး နိုးလာကြပြီး ကြက်ဖတွန်သံ မရှိသော်ငြားလည်း သစ်တောထဲက ငှက်ကလေးများ၏ ကျီကျီကျာကျာ မြည်သံက အာရုံမတက်ခင်မှာပင် သဘာဝ၏ အချက်ပေး ခေါင်းလောင်း ဖြစ်နေလေသည်။

မနက်စာမှာ ရတနာ၈ပါး(လပါး)ဆန်ပြုတ်ဖြစ်သည်။ ဆန်ပြုတ်ကို မတူညီသည့် ပါဝင်ပစ္စည်း၈ခုဖြင့် ပြုလုပ်ထားခြင်း မဟုတ်သော်ငြားလည်း ဗိုလ်စားပဲ၊ ပဲနက်၊ ပဲနီ၊ မြေပဲ၊ ဆန်နှင့် ကောက်ညှင်းတို့ပါဝင်သည်။ စပါးနှင့်မြေပဲများကို သူတို့၏ ရိက္ခာခြောက် အစိတ်အပိုင်းတစ်ခုအဖြစ် သိုလှောင်ထားခဲ့ခြင်းဖြစ်သည်။ ပါဝင်ပစ္စည်းများက စျေးမကြီးသော်ငြားလည်း စန်းလော့က ဟင်းလျာကို ဂရုတစိုက်ဖြင့် ပြင်ဆင်ပေးထားပြီး ပဲများကို အရင်ဆုံးလှော်လိုက်ပြီးမှ နာရီဝက်ကျော်လောက် ပွက်ပွက်ဆူအောင် တည်ထားလိုက်သည်။ ဆန်ပြုတ်၏ နှစ်လိုဖွယ်အရောင်အသွေးနှင့် ချိုမြသည့်ရနံ့က သူ၏အရသာကို သက်သေဖြစ်စေလေသည်။

ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် သူတို့၏ မနက်ခင်းဝေယျဝစ္စများကို ပြီးမြောက်သွားပြီးနောက်တွင် မနက်ခင်း စာဖတ်ဖို့ရန်အတွက် လျှိုမြောင်၏အတွင်းဆုံးအပိုင်းက သစ်ပင်အောက်တွင် ရွှီမောင်နှမနှင့်သွားပြီး စုပေါင်းလိုက်ကြသည်။ သူတို့သည် မနက်စာအတွက် အိမ်ပြန်လာချိန်တွင်တော့ အဝေးမှပင် အရသာရှိသည့်ရနံ့ကို ရှူရှိုက်မိလေရာ သူတို့၏ခြေလှမ်းများမှာ မြန်ဆန်လာတော့သည်။

မောင်နှမနှစ်ယောက်စလုံးက ရတနာ၈ပါးဆန်ပြုတ်ကို မြင်လိုက်သည်တွင် မနေနိုင်ဘဲ သရေများကျလာတော့သည်။

"မကြီး ဒီနေ့မနက် ရတနာ၈ပါးဆန်ပြုတ်လုပ်တာလား"

ရွာထဲတွင် လူများသည် အလျှံပယ်အစားအသောက်ကို ပုံမှန်ဆိုလျှင် စိတ်အလိုလိုက်ပြီး မစားသောက်ကြဘဲ အများစုက ရိုးရှင်းပြီး ပေါ့ပါးသည့် အစားအသောက်ကိုသာ စားသောက်ကြသည်။ ပဲများက ဆန်ထက် ပိုစျေးသက်သာသော်ငြားလည်း အရသာရှိသည့် ဆန်ပြုတ်တစ်ပွဲလုပ်ဖို့ရန် သေသေချာချာပြင် ဆင်ရပြီး ပါဝင်ပစ္စည်းများကလဲ လိုအပ်လေသည်။ ထို့ကြောင့် ထိုအစားအသောက်ကို လပါးပွဲတော်အတွင်းမှာသာ အထူးဟင်းလျာအဖြစ် ပုံမှန်ဆိုလျှင် ပြင်ဆင်ကြသည်။

စန်လော့က ခေါင်းငြိမ့်ပြလိုက်ပြီး သူတို့၏အစ်ကိုကြီးကို မေးလိုက်သည်။

ရှန်းအန်းက ပြန်ဖြေလိုက်၏။

"သူ ရေကန်ဘေးနားမှာ အလုပ်လုပ်နေတာပဲ၊ သူလုပ်နေတာပြီးသွားရင် ပြန်လာခဲ့မယ်လို့ ပြောတယ်"

ရှန်းလီက အိမ်နီးချင်းချန်းမိသားစုထံမှ ပစ္စည်းများကို ငှားရမ်းရာမှ ပြန်မလာသေးဘဲ ရေကန်နားတွင် အလုပ်လုပ်နေသည်ဟု ကြားလိုက်ရသည်တွင် သူသည် အလုပ်နှစ်ခုကို တပြိုင်တည်းလုပ်နေပြီး အလုပ်လုပ်ရင်း ကလေးများစာဖတ်နေသည့်အနီး အနားတွင် တိတ်တိတ်ကလေး သွားနားထောင်နေမှန်း စန်းလော့ သိလိုက်သည်။

သူမက တခစ်ခစ် ရယ်မောလိုက်ပြီး အိမ်ထဲက အကြီးဆုံး ဟင်းရည်ပန်းကန်ထဲသို့ ဆန်ပြုတ်များကို ထည့်ပေးလိုက်ကာ ထိုပန်းကန်လုံးသည် ဇလုံငယ်လေးတစ်ခုနှင့်ပိုတူပြီး သာမန်ဆန်ပြုတ်ပန်းကန်လုံး လေးငါးလုံးစာရှိပြီး ရှန်းလီ၏ အားရပါးရစားနိုင်သည့် ခံတွင်းအပါအဝင် သူမ၏မိသားစုအတွက် လုံလောက်ပေသည်။ ပန်းကန်လုံးကြီးထဲသို့ ပန်းကန်အနား ပြည့်ကာနီးအထိ ဖြည့်ပြီးနောက်တွင် အိုးထဲတွင် ဆန်ပြုတ်တစ်ချို့ ကျန်နေသေးသည်ကို သတိထားမိလိုက်သည်။ ပန်းကန်လုံးထဲသို့ ထပ်ဖြည့်ရမည့်အစား သူမက ပန်းကန်ငယ်လေးနှစ်လုံးထဲသို့ဖြည့်ရန် ဆုံးဖြတ်လိုက်ပြီး ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို ချန်းမိသားစုနှင့် ရွှီမိသားစုတို့ဆီသို့ သွားပို့ပေးခိုင်း လိုက်သည်။

ဆန်ပြုတ်က အများကြီးမဟုတ်ဘဲ မိသားစုတစ်ခုစီအတွက် ပန်းကန်လုံးငယ်လေးတစ်ခုသာဖြစ်သော် ငြားလည်း ဆန်ပြုတ်ကိုချက်ပြုတ်ရာတွင် အင်အားအများအပြားသုံးရပြီး ပုံမှန်ပြင်ဆင်ထားခြင်းမ ဟုတ်သည့်အတွက် ဒါသည် ကလေးများအတွက် ပျော်ပျော်ရွှင်ရွှင်စားသောက်နိုင်ဖို့ ကောင်းမွန်သည့်အစားအစာ ဖြစ်ပေသည်။

ချန်းမိသားစုအိမ်တွင် ချန်းအာ့ရှန်နှင့်ရှောင်ယာတို့က အစားအသောက် ပန်းကန်ကို နှစ်ယောက်သားခွဲပြီးစားလိုက်ကြကာ ရွှီမိသားစုတွင်တော့ ကလေး၃ ယောက်ရှိလေသည်။ စန်းလော့သည် ရွှီဆိုင်တာဝန်ခံ သုံးသည့် စားသောက်သည့်ပန်းကန်လုံးများမှာ တော်တော်လေးသေးငယ်ကာ လက်တဝါးစာပင်မပြည့်မှန်း သိနေသည်။ ထို့ကြောင့် ပန်းကန်လုံးကြီး တစ်လုံးက မိသားစု၅ယောက် ဝေမျှစားဖို့ရန် လုံလောက်ပေသည်။

ရှန်းမိသားစုနှင့် ချန်းမိသားစုတို့သည် နီးကပ်သည့် အိမ်နီးချင်းများ ဖြစ်လေရာ မကြာခဏဆိုသလို အစားအသောက်များ အပြန်အလှန် ပေးကမ်းတတ်ကြသည်။ သူတို့သည် တခုခုကောင်းမွန်ပြီး လတ်ဆတ်သည့် အစားအသောက်များကို ပြင်ဆင်သည့်အချိန်တိုင်း အချင်းချင်း ဝေငှပေးတတ်ကြကာ ဆိုင်တာဝန်ခံရွှီ၏ စောင့်ရှောက်မှုအောက်တွင်ရှိသည့် ရွှီမိသားစုအတွက်လဲ ထိုနည်းတူစွာ ဖြစ်ပေသည်။

မောင်နှမငယ်လေးများက အစားအသောက်များကို သွားပို့သည့်တာဝန်ပြီးသွားချိန်တွင် ပြန်လာခဲ့ကြသည်။ စန်းလော့က ထင်းများကို ဖယ်ရှားလိုက်ပြီး အနီးအနားက ကျောက်တုံးငယ်လေးများကို တန်းစီထားလိုက်ပြီး သူမ အစောပိုင်းကမြေအိုးများကို တိုက်ချွတ်ဖို့ရန်အတွက် ပြင်ဆင်ထားသည့် ရေနွေးတစ်ချို့ကို ခပ်လိုက်သည်။ ထို့နောက် သူမသည် သစ်သားသေတ္တာပေါ်က ဇလုံထဲတွင် တမြန်နေ့က သူမဆေးကြောထားသည့် တောကြက်သွန်တစ်ဆုပ်စာကို လှမ်းဆုပ်လိုက်ပြီး သေသေချာချာလေးလှီး ဖြတ်လိုက်ကာ ကောက်နှံအိတ်၏ ဒုတိယစင်ပေါ်က ဂျုံတစ်ချို့ကို သန့်ရှင်းသည့် ပန်းကန်တစ်လုံးဖြင့် ခပ်လိုက်လေသည်။

ပန်းကန်လုံးထဲသို့ ကြက်ဥတစ်လုံး ဖောက်ထည့်လိုက်ပြီး ဆားအနည်းငယ်နှင့် လှီးဖြတ်ထားသည့် တောကြက်သွန်များကို ထည့်လိုက်ပြီးနောက်တွင် သူမက ရေလေးထည့်ကာ မုန့်အနှစ်တစ်ခု ဖြစ်လာအောင် ပြုလုပ်လိုက်သည်။ ထို့နောက်တွင်တော့ သူမက အိုးအောက်ခြေကို ဆီထည့်ကာ အပူပေးလိုက်ပြီး မီးအေးအေးဖြင့် ကြက်ဥပန်ကိတ်ကို ဂရုတစိုက်စပြီး ချက်ပြုတ်တော့သည်။

ရှန်းလီ၊ ချန်းတရှန်နှင့် မိသားစုတခုချင်းစီက လူငယ်များသည် ရွှံ့နှင့်နှုံးကျောက်များကို အပြင်ထွက်ပြီးသွားသယ်ရမည်ဖြစ်သဖြင့် ညမမှောင်ခင်အထိပြန် လာမည်မဟုတ်ပေ။ အချိန်ကုန်သက်သာပြီး လမ်းခရီး မနှောင့်နှေးစေရန် ဒီပန်ကိတ်များက ရှန်းလီအတွက် ခရီးတွင် ရိက္ခာခြောက်များအဖြစ် အဓိက စားသောက်နိုင်ပေသည်။

မြေအိုးထဲတွင် ကြက်ဥပန်ကိတ်များကိုပြုလုပ်ရင်း စန်းလော့သည် မီအပူချိန်ကို အလွန်မှ သတိထားနေရသည်။ မြေအိုးက သံအိုးကဲ့သို့ ခံနိုင်ရည်မရှိလေရာ မြန်မြန်ပူပြီး မြန်မြန်အေးသွားခြင်းမရှိအောင် ဂရုတစိုက် ကိုင်တွယ်ရသည်။ သို့မဟုတ်လျှင် အိုးများက ကွဲအက်သွားပေနိုင်သည်။

သူမသည် ပန်ကိတ်ကို စတင်ချက်ပြုတ်နေစဥ် ရွှီဝမ်ယင်းက ပြုံးရွှင်နေသည့် အပြုံးတစ်ခုဖြင့် ရောက်လာပြီး ပန်ကိတ်ပန်းကန်ပြားလေးကိုလဲ ကိုင်ထားလေသည်။

"ယောင်းမရှန် သမီးရဲ့အဘွားက တောဂျူးမြစ်ပန်ကိတ် နည်းနည်းလောက်လုပ်ထားလို့ အစ်မစားဖို့ လာပို့ခိုင်းလိုက်တာ"

စန်းလော့သည် အနည်းငယ်အံ့သြသွားပြီး သူမ ဆန်ပြုတ်ပေးလိုက်ခြင်းက အဘွားကြီးကို အပြန်အလှန် ထောက်ပံပေးရမည့် တာဝန်ရှိသည့်ဟု ခံစားမိသွားလေသလား မသိလေရာ သူတို့၏မနက်စာကို လာပို့ပေးသဖြင့် ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလေသည်။

"အဲလောက်အထိ အားနာနေစရာမလိုပါဘူး၊ ငါတို့တွေ ဒီမှာလဲ ပန်ကိတ် လုပ်နေတာလေ၊ ညီမလေးတို့ရဲ့ဟာတွေကို အိမ်မှာပဲ ကိုယ့်ဟာကိုယ် စားဖို့သိမ်း ထားလိုက်ပါ"

သူမက ရွှီဝမ်ယင်းကို အိုးထဲကိုတချက်ကြည့်ဖို့ လက်ဟန်ပြလိုက်သည်။

ရွှီဝမ်ယင်းက ချောင်းကြည့်လိုက်ပြီး ပန်ကိတ်လုပ်နေသည်ကို မြင်လိုက်ရသည်။ သူမက ရယ်မောလိုက်၏။

"ဒါတွေက ယောင်းမ လုပ်ထားတာနဲ့ မတူဖူးလေ၊ ယောင်းမရဲ့ဟာက ကြက်ဥပန်ကိတ်လုပ်နေတာ ဟုတ်တယ်မလား။ အရသာက တူမှာမဟုတ်ဘူး သမီးတို့ဟာကို စမ်းစားကြည့်ပါအုံး"

"သမီးရဲ့အဘွားကလဲ ယောင်းမက ဒါကို လွယ်လွယ် ကူကူနဲ့ လက်ခံမှာ မဟုတ်ဘူးလို့ ခန့်မှန်းထားပြီးသား၊ ဒါကြောင့်မလို့ အဘွားက သမီးကို ပြောခိုင်းလိုက်တယ်။ မနက်ခင်းအစောကြီးတုန်းက အများကြီး လုပ်ထားတာ အစ်မတို့အတွက်ပဲ မဟုတ်ဘူး၊ ချန်းဘွားဘွားတို့အတွက် လဲပါတယ်၊ သမီးတို့မိသားစုမှာလဲ လုံလုံလောက်လောက် ရှိပါတယ်။ အဘွားက ဆန်ပြုတ်အတွက်လဲ ယောင်းမကို ကျေးဇူးတင်စကားပြောဖို့ သမီးကိုမှာ လိုက်သေးတယ်"

ရွှီဝမ်ယင်း၏လေသံသည် ငယ်ရွယ်သော်ငြားလည်း သူမ၏စကားလုံးများကတော့ ပညာသားပါလေရာ သူမ၏အဘွားဖြစ်သူက သေသေချာချာ သင်ထားပေးမှန်း သိသာလေသည်။ သူမ၏အပိုင်းကို ပြောလိုက်ပြီးနောက်တွင် သူမက သစ်သားစားပွဲပေါ်တွင် ပန်းကိတ်ပန်းကန်လုံးကို အလျင်စလို ချထားလိုက်ပြီး ထွက်သွားဖို့ပြင်လိုက်လေသည်။

"ယောင်းမ သမီး အခု မနက်စာစားဖို့ ပြန်တော့မယ်၊ ပန်းကန်ကို ဒီမှာထားခဲ့ပြီးမှ ခဏနေမှပဲ ပြန်လာယူမယ်"

စန်းလော့သည် သဘောကျသွားပြီး လာပေးသည့်ပစ္စည်းများကို ငြင်းမနေတော့ဘဲ ရွှီအဘွားက ဒီကာလအတွင်း သူတို့၏အကူအညီကို ကျေးဇူးတင်စိတ်ဖော်ပြချင်သည်ဟု နားလည်လိုက်လေသည်။ သူမက ပြုံးလိုက်ပြီး အဘွားဖြစ်သူကို ကျေးဇူးတင်စကားပြောပေးဖို့ ကလေးမလေးကို ပြောလိုက်သည်။

ရွှီဝမ်ယင်းက နှစ်လိုဖွယ်ဟန်ဖြင့် ကျေးဇူးတင်စကားကို ငြင်းပယ်လိုက်ပြီး ရှန်းအန်းကို လက်ဝေ့ရမ်းပြလိုက်ကာ အိမ်ပြန်သွားတော့သည်။

ချန်းမိသားစုအိမ်တွင်လဲ ရှန်းနဥ်သည် ပြန်ရောက် လာချိန်တွင် အိမ်လုပ်မုန်လာဥချဥ် တစ်ပန်းကန်ကို ပြန်ယူလာခဲ့ရသည်။

စန်းလော့မှာ အော်ရယ်မိတော့သည်။ "ကောင်းလေစွ၊ ငါတို့ရဲမနက်စာကတော့ ဒီနေ့ စားသောက်ပွဲတစ်ခုနဲ့ကို တော်တော်လေး ဆင်နေပြီ”

ကြက်ဥပန်ကိတ်၆ခုက အဆင်သင့်ဖြစ်လာတော့မည်။ ရှန်းလီက အိမ်ပြန်မလာသေးသည်ကို မြင်လိုက်သည်တွင် စန်းလော့က ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို သူ့ကို သွားခေါ်ခိုင်းလိုက်သော်ငြားလည်း သူမက အပြင်ကို လှမ်းကြည့်လိုက်သည်တွင် ရှန်းလီသည် အိမ်ပြန်လာနှင့်ပြီး ပစ္စည်းများနှင့် တစ်ချို့အရာများကို သယ်လာသည်ကို မြင်လိုက်ရသည်။

ထိုအရာက သစ်သားဇလုံတစ်ခုနှင့် ဆင်တူသော်ငြားလည်း အများကြီးပိုသေးငယ်ကာ ဟင်းရည်ပန်းကန်လုံးထက် အနည်းငယ်သာကြီးပြီး အိမ်ကအကြီးဆုံးပန်းကန်လုံးထက် ပိုပြီးတော့ လှပလေသည်။

ရှန်းလီက ပြန်ရောက်လာပြီး ထိုအရာကို သူမလက်ထဲသို့ လှမ်းပေးလိုက်ချိန်တွင် စန်းလော့သည် အမှန်ပင် ပန်းကန်လုံးတစ်လုံး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ "မနက်ခင်းတုန်းက ဒီဟာကို အရင်ဆုံးလုပ်နေတာလား"

ရှန်းလီက ပြုံးပြလိုက်သည်။

"ဟုတ်တယ် ကျွန်တော်အပြင်သွားမှာဆိုတော့ အချိန်အများကြီး မရှိလို့လေ။ တစ်ခုခု လုပ်ဖို့ဆိုတာကလဲ အချိန်လောက်မှာ မဟုတ်ဘူး၊ ဒါက အသီးအရွက်တွေကိုခူးတဲ့အခါ မင်းသုံးဖို့အတွက်ပေါ့ ကျွန်တော်က ဒီနေ့ ဒီတစ်ခုကိုပဲလုပ်ပေးနိုင်တယ် ဒါပေမဲ့ ကျွန်တော် အချိန်ရလာရင်တော့ ထပ်ပြီးလုပ်ပေးပါအုံးမယ်"

ကြီးမားသည့် မြေအိုးဇလုံများကို အသုံးပြုရခြင်းက အလွန်မှ လေးလံပေသည်။

စန်းလော့က ရယ်မောလိုက်၏။ "ဒါက ကျွန်မ လုပ်ထားတာထက် ပိုပြီးချောမွေ့ပြီးတော့ ကြည့်လို့လဲပိုလှတယ်နော်"

ထိုအရာသည် သူမ၏လက်ထဲတွင်လဲ အလွန်မှပေါ့ပါးပြီး အပြင်ပိုင်းအလွှာကို ထူးခြားသည့်ပုံစံတစ်ခုဖြင့် ထွင်းထုထားသည်။ ချောမွေ့နေအောင် ရွေပေါ်ထိုးထားသည်။ သို့သော်ငြားလည်း စက်ဝိုင်း ခြမ်းပုံစံမျိုးလဲ မဟုတ်ပေ။ အကြမ်းထည်ပုံစံလေးနှင်ံ့ ချစ်စဖွယ်ကောင်းနေသည်။

ရှန်းလီ၏ ရသခံစားချက်က အပြစ်ပြောစရာမရှိပေ။

သူမက လက်ထဲကပစ္စည်းလေးကို အဖက်ဖက်မှ လေ့လာကြည့်ပြီးနောက်တွင် သစ်သားဗီဒိုပေါ် တင်ထားလိုက်ပြီး ရှန်းလီဘက်သို့လှည့်လိုက်ကာ

"ရှင် လက် ဆေးပြီးပြီလား၊ လက်ဆေးပြီးသွားရင် မနက်စာစားကြမယ်"

"ကျွန်တော် ပြန်လာတဲ့လမ်းမှာ လက်ဆေးခဲ့ပါတယ်"

သူက စားပွဲပေါ်ကိုကြည့်လိုက်ပြီး အံ့သြသွားလေသည်။

"မနက်စာက တကယ့်ကို အလျှံပယ်ပါပဲလား"

စန်းလော့က ပြုံးလိုက်သည်။

"ဒီနေ့ ရှင်ကံကောင်းတာပဲ၊ ရွှီမိသားစုကအဘွားနဲ့ အဒေါ်ချန်းတို့ကလဲ ကျွန်မတို့ဆီကို အစားအသောက် နည်းနည်းပါးပါး လာပို့ပေးထားတယ်"

ရှန်းနဥ်က တခစ်ခစ် ရယ်မောလိုက်သည်။ ဆန်ပြုတ်နှင့်ပန်ကိတ်များကို လက်ညှိုးထိုးပြလိုက်ကာ

"ယောင်းမက ဒါတွေကိုလုပ်ထားတာ၊ သမီးတို့တွေက ပုံမှန်ဆိုရင် ဒါကို ကောင်းကောင်း စားကြတာမဟုတ်ဘူး။ ယောင်းမက ဒါတွေကို အစ်ကို့အတွက် သီးသန့်လုပ်ထားပေးတာပဲ ဖြစ်ရမယ်။ အစ်ကိုက တောထဲကိုသွားရင် ကောင်းကောင်း စားရမှာမဟုတ်ဘူးလို့ စဥ်းစားပေးတာလေ"

နွေးထွေးသည့်ခံစားချက်တစ်ခုက ရှန်းလီ၏ရင်ထဲတွင် ပြည့်နှက်သွားပြီး သူသည် အမှတ်တမဲ့ စန်းလော့ကို လှမ်းကြည့်မိလိုက်လေသည်။

သူ၏အကြည့်ကို သတိထားမိလိုက်သည်တွင် စန်းလော့က ကျီစယ်ဟန်မျက်နှာမဲ့မဲ့လေးဖြင့် ရှန်းနဥ်ကို လှမ်းကြည့်လိုက်သည်။

"ငါကရော ပုံမှန်ဆိုရင် နင်တို့ကို ချွေတာနေလို့လား၊ ဒါပေမဲ့ အစားအသောက်ကောင်း လုပ်တယ်လို့ ပြောတယ်ဆိုမှတော့ ငါ့အတွက် တောကြက်သွန်လေးတစ်ချို့ သွားခူးပေးလို့ရမလား"

ရှန်းနဥ်က တခစ်ခစ် ရယ်မောလိုက်သည်။

"ယောင်းမက သမီးကို ကောင်းကောင်းလေး ချက်ကျွေးပါတယ်။ ယောင်းမက ဘယ်လိုလုပ်ပြီး သမီး အပေါ်ချွေတာနိုင်မှာလဲ၊ သမီးပြောချင်တာကလေ ယောင်းမက အစ်ကိုကြီးအပေါ်လဲ အရမ်းကောင်းတယ်လို့ ပြောတာ"

ရှန်းလီ၏နားများက မသိမသာ နီရဲသွားသည်ကို သတိထား မိလိုက်သည်တွင် စန်းလော့က ရှန်းနဥ်ကို ကျီစယ်ပြီး လှမ်းပုတ်လိုက်လေသည်။

"စားကြမယ်၊ ဒီလောက်များတဲ့ ဟင်းပွဲတွေကို ပြင်ဆင်ထားပြီး စကားတွေ အများကြီး ပြောနိုင်သေးတယ်ဆိုတော့ ဒါက နောက်ပိုင်းကျရင် ငါတို့တွေ ကောင်းကောင်းနေနိုင်မယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ"

ရှန်းအန်းနှင့်ရှန်းနဥ်တို့ နှစ်ယောက်စလုံးက ရယ်မောလိုက်ကြပြီး ရှန်းလီ၏ အပြုံးကတော့ ပိုပြီးသိသာလေသည်။

အမှန်ပင် အချိန်ဆွဲမနေတော့ဘဲ သူတို့သည် ဆန်ပြုတ်များကို ခွဲထုတ်လိုက်ကြပြီး သူတို့၏မနက်စာကို စတင်စားသောက်ရင်းက ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ကြသည်။

ရတနာ၈ပါးဆန်ပြုတ်တွင် သကြားများကိုထည့်မထားသော်ငြားလည်း ပဲ၏ သဘာဝအချိုဓာတ်က ထူးထူးခြားခြား အရသာရှိနေကာ ပန်ကိတ်နှင့် အရံဟင်းများနှင့် တွဲဖက်လိုက်လျှင် ပိုပြီးတော့အရသာ ပြည့်စုံသွားသည်။

ဟုတ်ပါသည်။ လျှိုမြောင်အတွင်းတွင် နေထိုင်ရခြင်းက ဒီလို အလျှံပယ်ထမင်းတစ်နပ်ကို စားရသည်က ခဲယဥ်းလှသည်။ ရှန်းလီကလဲ ပြန်စဥ်းစားမိလိုက်သည်။ သူ ပြန်လာသည့်အချိန်တိုင်း စန်းလော့က သူ့အတွက် ထူးထူးခြားခြား တစ်ခုခု ပြင်ဆင်ပေးဖို့ရန် အားထုတ်တတ်ဟန်တူသည်။ သူ၏ ညီမလေးဖြစ်သူစကားက မှန်ကန်နေသည်ကို သဘောပေါက်လိုက်သည်။

ထို့ကြောင့် သူသည် အဖွဲ့ကိုဦးဆောင်ပြီး လျှိုမြောင်ထဲက ထွက်လာရသည့်တိုင် ရှန်းလီ၏မျက်နှာက မကြာခဏဆိုသလို အပြုံးဖြင့် လင်းဖြာနေလေသည်။ ဘေးချင်းယှဥ်ကာ လျှောက်လာသည့် ချန်းတရှန်က သူ့ကို အကြိမ်ကြိမ် လှမ်းကြည့်နေလိုက်ပြီး ရှန်းလီ၏ခြင်းထဲက အိတ်လေးကို ကြည့်လိုက်သည်။

"ခယ်မလေးက မင်းအတွက် အရသာရှိတဲ့ဟာ တခုခု လုပ်ပေးလိုက်ပြန်ပြီလား"

ရှန်းလီက သူ့ကိုတချက် ကြည့်လိုက်ပြီး တခါလောက် ရယ်စရာ ပြောလိုက်သည်။

"ကျွန်တော့ရဲ့ ပျော်ရွှင်တဲ့ပုံစံက အစားအသောက်ကြောင့်ပဲ ဖြစ်နေလို့လား"

ချန်းတရှန်: "မဟုတ်လို့လား မနက်ခင်းတုန်းက ဆန်ပြုတ်ကလဲ အရသာရှိတဲ့ပုံပဲ"

သူသည် ဆန်ပြုတ်ကို အရသာမခံလိုက်ရချေ။ တရှန်သည် စားသောက်ဖို့ရန် အလွန်မှရှက်ရွံ့မိသည်ဟု ခံစားမိသဖြင့် စိတ်အလိုလိုက်မနေတော့ဘဲ သူ့အဘွားနှင့် ညီမငယ်လေး စားသောက်နေသည်ကိုသာ ကြည့်နေလိုက်ရတော့သည်။

ချန်းတရှန်၏မျက်လုံးများက ရှန်းလီ၏ ခြင်းတောင်းထဲကို ဝေ့ကြည့်လိုက်ပြီး ဘာဆန်ပြုတ်မှ သယ်မလာသည်ကို သေချာတွေ့လိုက်ရသည်။

သူက စဥ်းစားလိုက်သည်။ သူတို့တွေလိုပဲ ပဲနဲ့ဆန်နဲ့သုံးပြီးလုပ်ထားတဲ့ ဆန်ပြုတ်တစ်ပွဲက စန်းလော့ချက်လိုက်မှပဲ အများကြီးပိုပြီးအရသာရှိတဲ့ပုံ ဘာလို့ပေါက်နေပါလိမ့်။

သူက အချက်အပြုတ်ကောင်းတဲ့မိန်းမတစ်ယောက်ပဲ ရှာလိုက်ရင် ကောင်းမလား ဒါမှမဟုတ် သူ့အမေကိုပြောပြီး စန်းလော့ရဲ့ ဆန်ပြုတ်ချက်နည်းကို မေးခိုင်းလိုက်ရင်ပဲ ကောင်းမလား။

ကျွတ်... ဒုတိယစိတ်ကူးက အခုအချိန်မှာ ပိုပြီးလွယ်ကူတဲ့ ရွေးချယ်မှု ဖြစ်လိမ့်မယ်ထင်တယ်။

ချန်းတရှန်သည် အစားအသောက်စိတ်ကူးဖြင့် အလုပ်များနေချိန်တွင် ရှန်းလီက တိရိစ္ဆာန်မစင်များနှင့်ခြေရာများကို မြေပြင်ပေါ်တွင်ဂရုတစိုက် ရှာဖွေနေလေသည်။

တောထဲတွင် သိသာထင်ရှားသည့်လမ်းကြောင်းများ ဖန်တီးခြင်းမှ ရှောင်ရှားရန် သူတို့သည် အပြင်ထွက်လာတိုင်း အမြဲလိုလို မတူညီသည့်လမ်းကြောင်းကို ရွေးချယ်တတ်ကြသည်။ ပုံမှန်သွားလာသည့်လမ်းကြောင်းက တခုထဲဖြစ်သော်ငြားလည်း သူတို့၏ အစောပိုင်းရှောင်လာသည့် ကာလအတွင်းတွင် လူကြီးနှင့်ကလေးများအတွက် ဆောက်ပေးခဲ့သည့် သစ်ပင်အိမ်များကိုပင် ဒုတိယအကြိမ်လာရောက်ချိန်၌ ထိုအရာများကို ဖျက်ဆီးပစ်လိုက်ပြီး ခြေရာလက်ရာများကိုလဲ သေသေချာချာ ဖယ်ရှားထားလိုက်သည်။

ရိက္ခာများကိုသယ်ပို့သည့် နောက်ဆုံးတစ်ကြိမ်တွင် သူတို့သည် လျှိုမြောင်အတွင်း သိသိသာသာ ဘာမှသတိမထားမိရန် လျှိုမြောင်ဝင်ပေါက်အနီးအနားက မြက်ခင်းစိမ်းကို မသိမသာလေး ပြုပြင်ဖို့ရန်သာ လိုအပ်လေသည်။ ထို့ကြောင့် ဒီနေ့ သူတို့ရွေးခဲ့သည့် လမ်းကြောင်းသည် အရင်ကမသွားလာခဲ့ဖူးသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။ သို့သော် လမ်းကြောင်းပြောင်းလိုက်သည့်တိုင် ဒါသည် ပုံမှန်သွားနေကြလမ်းမှ အနည်းငယ် ကွေ့ဝိုက်သွားရရုံသာဖြစ်ပြီး ကျန်သည့်နေရာများကတော့ တစ်ပုံစံထဲပင်။ မကြာခဏဆိုသလို ဝံပုလွေအုပ်များနှင့် ဝက်ဝံတစ်ကောင်ကိုပင် အမဲလိုက်ခဲ့ရသော်ငြားလည်း သူတို့၏ လက်တလောခရီးများက တော်တော်လေးကို အေးချမ်းလှသည်။

ရှန်းလီက ခရီးလမ်းတလျှောက် သတိဆက်တိုက်ထားလာပြီး သူ့စိတ်က နောက်ထပ်ကိစ္စတစ်ခုအပေါ်တွင်လဲ ရှိနေသေးသည်။ ပစ်မှတ်နေရာကို ရှာတွေ့သွားသည်တွင် သူက ထောင်ချောက်များကို စတင်တပ်ဆင်လိုက်ပြီး ဒါသည် လပါးဆန်ပြုတ်တွင် ရစ်ငှက်၏အရေးပါပုံကို နောက်ဆုံးတော့ ချန်းတရှန်ကို သဘောပေါက်သွားစေသည်။

ထို့ကြောင့် ဒါသည် သူ့အမေ၏အချက်အပြုတ် အရည်အချင်းက စန်းလော့၏ အချက်အပြုတ် အရည်အချင်းကို မမှီနိုင်သည့်အပြင် အမဲလိုက်ခြင်းတွင်ပင် ချန်းတရှန်ကလဲ ရှန်းလီ၏ အာရုံစိုက်မှုကို မယှဥ်နိုင်ပေ။

...

တစ်လမ်းလုံး ခက်သွက်သွက် လမ်းလျှောက်လာကြပြီး ရှန်းလီနှင့်သူ့အဖွဲ့သည် ယွင်တောင်ကြားသို့ မှောင်ရီပျိုးအချိန်တွင် ရောက်လာပြီး နောက်ဆုံးလမ်းပိုင်းကိုတော့ မီးဒုတ်များကို သုံးလိုက်ရသည်။ လျှိုမြောင်ထဲက လူအားလုံးသည် သူတို့၏ခြင်းများ ပစ္စည်းများဖြင့် အပြင်ကပြန်လာမည့်လူများကို ကြိုဆိုဖို့ရန် ပင်မဂူကြီးထဲတွင် စောင့်ဆိုင်းနေကြသည်။

ရှန်းလီက ရွှံ့ဝါအပြင် နှုံးကျောက်များကိုလဲ သယ်လာမည်ကိုသိနေလေရာ စန်းလော့က မမှောင်ခင်မှာပင် ဂူအဝတွင်ရောက်ရှိလာပြီး ရှန်းအန်းနှင့် ရှန်းနဥ်တို့နှင့်အတူ ထိုနေရာတွင် စောင့်ဆိုင်းနေလိုက်သည်။

မြေဆွေးများကို ကူသယ်ပေးဖို့ မျှော်လင့်ထားသော်ငြားလည်း ရှန်းလီက ယက်ထားသည့်ခြင်းနှစ်လုံးကို သူတို့ထံသို့ လှမ်းပေးလိုက်ချိန်တွင် အံ့သြသွားကြလေသည်။ စန်းလော့သည် အထဲဘက်က တောင်ပံခတ်သံတစ်ချို့ကို ခံစားမိလိုက်ရင်း ထိုခြင်းကို လှမ်းယူလိုက်သည်။

ဒီခံစားချက်က အတိုင်းအတာတစ်ခုအထိ ရင်းနှီးလှသည်။

ရှန်းလီက ပြုံးဖြီးကာ ပြောလိုက်လေသည်။

"ရစ်ငှက်တွေလေ။ လေးကောင်ရတယ်၊ သူတို့တွေကို မွေးထားပြီးတော့ အသားစားချင်တဲ့အချိန်ကြရင် တစ်ကောင်ကိုသတ်လိုက်ပေါ့"

ချန်းတရှန်ကလဲ ထိုနည်းတူစွာ ဝမ်းသာကျေနပ်နေပြီး ယက်ထားသည့် ခြင်းတစ်လုံးကို သူ့အမေနှင့်အဘွားထံ လှမ်းပေးလိုက်သည်။

"အမေ၊ အဘွား၊ ကျွန်တော်တို့လဲ အသားအတွက် ဒီအကောင်တွေကို မွေးထားလို့ရတယ်"

အဖော်များ: "..."

လောဘတက်မိသည်။

သို့သော်ငြားလည်း ဒီလူနှစ်ယောက်သည် စပါးသယ်ယူဖို့ရန် တောင်အတွင်းသို့ စွန့်စားသွားလာခဲ့ဖူးပြီး အိမ်ပြန်ရောက်လာသည့် လူငယ်များအတွက်တော့ ပြိုင်ဘက်မဟုတ်ပေ။ သူတို့၏ မြားပစ်စွမ်းရည်နှင့် ထောင်ချောက်ဆင်ခြင်းက မည်ကာမတ်တတ် ဖြစ်နေသေးသော်ငြားလည်း အရေးပေါ်အချိန်ရောက်လာလျှင် သူတို့သည် ပေါက်တူးတစ်ခုကိုပင် လေးတစ်ချောင်းထက်ပိုပြီး သဘာဝကျကျ ဝေ့ရမ်းနိုင်လေသည်။ ဒါသည် ပင်ကိုယ်အရည်အချင်း ဖြစ်ပေသည်။

သူတို့သည် ချန်းတရှန်ကိုအတုယူဖို့ ကြိုးစားခဲ့ပြီး ရှန်းလီကဲ့သို့ပင် စပါးများကိုသုံးကာ ထောင်ချောက်များ ဆင်ခဲ့သော်ငြားလည်း စပါးလဲရှုံးပြီး ဘာရစ်ငှက်မှလဲ မရခဲ့ပေ။

တစ်ကောင်လောက်ဖမ်းနိုင်ခဲ့သေးသည့် လုအာ့လန်မှလွဲလျှင် ကျန်သည့်သူများသည် လက်ဗလာဖြင့် ပြန်လာခဲ့ရသည်။

မြေကြီးများကိုသယ်ရင်း သူ့အစ်ကို ကိုလာရောက်ကူညီပေးသည့် လုအာ့လန်က ရစ်ငှက်များကိုမြင်လိုက်သည်တွင် ငြီးငြူပြောဆိုတော့သည်။

"ငါလဲ ဒီနေ့ သူတို့နဲ့လိုက်သွားသင့်တာပါ၊ ငါရဲ့ ထောင်ချောက်ဆင်တဲ့ အရည်အချင်းနဲ့ မြားပစ်တဲ့အရည်အချင်းက တော်တော်လေး ကောင်းတယ်လို့ ထင်တာပဲ"

"တစ်ကောင်လောက်ဖမ်းဖို့ကတော့ စိတ်ကူးကြည့်ရုံနဲ့တင် အရမ်းကြီး ခက်ခဲမနေသင့်ဘူးလေ ဟုတ်တယ်မလား"

လုစန်းလန်သည် မြားပစ်အရည်အချင်းတွင် အမှန်ပင်ကျွမ်းကျင်လှပြီး လုအာ့လန်က ချက်ခြင်းပင်ရယ်မောကာ ပြောလိုက်လေသည် "နောက်ပိုင်းကြရင်လဲ အခွင့်အရေးတွေအများကြီး ရှိအုံးမှာပါ"

ယောက်ျားဖြစ်သူကို လာရောက်ကြိုဆိုသည့် ဝမ်ချွန်းညန်ကတော့ စိတ်ပျက်သွားလေသည်။

သူမ၏စိတ်ပျက်မှုက သူမယောကျ်ားက ရစ်ငှက်တစ်ကောင် ဖမ်းမလာနိုင်သည့်အပြင် လုအာ့လန်က ရစ်ငှက်တစ်ကောင် ဖမ်းလာနိုင်သည့်အတွက်ကြောင့်ပင်။ သူတို့သည် အိမ်ထောင်စုခွဲလိုက်ပြီးဖြစ်ရာ အစားအသောက်မှအစ ချက်ပြုတ်သည့်နေရာအထိ အားလုံးကို ခွဲခြားလိုက်သည်။

ဂူတစ်ခုထဲတွင် မီးဖိုနှစ်ခုကို တည်ထားပြီး ထမင်းစားလျှင်လဲ ခွဲစားကြကာ တခြားမိသားစုက ကြက် သားများကို စားသောက်နေကြသည်ကို ကြည့်ရင်း သူတို့ကတော့ တောဟင်းရွက်များဖြင့် ဖြေရှင်းနေရသည်က စိတ်ဆင်းရဲစရာကောင်းလှသည်။

ရစ်ငှက်ကို ဝမ်းသာအားရလက်ခံယူနေသည့် သူမ၏ယောင်းမဖြစ်သူ ဖန်းလျိုညန်ကို ကြည့်လိုက်ရင်း ဝမ်ချွန်းညန်၏စိတ်က ပိုလို့ပင် ညှိုးငယ်သွားတော့သည်။

လူအများစုက စိတ်အားတက်ကြွနေကြသဖြင့် ဝမ်ချွန်းညန်၏ ဝမ်းနည်းသည့်စိတ်က မသိသာတော့ပေ။ ဘာအမဲကောင်မှ မဖမ်းနိုင်ခဲ့ကြသည့်သူများကလဲ တောဟင်းရွက် လတ်လတ်ဆတ်ဆတ်များကြောင့် ကျေနပ်နေကြသည်။ ထို့အပြင် အသားအားလုံးကို ကိုယ်တိုင်ကိုယ်ကျ အမဲလိုက်ဖို့ရန် မလိုပေ။ အသားများကိုရရှိဖို့ရန် နည်းလမ်းများစွာရှိပေသည်။

ဥပမာ ရွှီမိသားစုက စန်းလော့နှင့်အပေးအယူလုပ်ဖို့ အဆိုပြုသည်။

"အားလော့ရေ ရစ်ငှက်တစ်ကောင်လောက် လိုချင်လို့ စပါးတစ်ချို့နဲ့ လဲပေးလို့ရမလား"

ကျိုးချွမ်ကျန်း၏မိသားစုကလဲ ကြက်သားတစ်ပိုင်းအတွက် စပါးကို အလဲအလှယ်လုပ်ရန် ချန်းမိသားစုထံသို့ ချဥ်းကပ်ကြသည်။

ကြက်တစ်ကောင်လုံးက အလွန်မှစျေးကြီးလှသော်ငြားလည်း စပါးကလဲ တန်ဖိုးရှိသည့်ငွေကြေးတစ်ခု ဖြစ်နေဆဲပင်။

ရှီအာ့လန်မှာ အစားအသောက်ကို အင်တင်တင်ဖြင့် မြိုသိပ်ထားရသည့် ထိုဆန္ဒကြောင့် သရေများကျနေသည့် သူ့ကလေးများကိုကြည့်ရင်း ရှီအာ့လန်က ချော့မော့ပြောလိုက်သည်။

"ဒီတကြိမ် အဖေက အတွေ့အကြုံမရှိသေးလို့ပါ၊ ထပ်ပြီးလေ့ကျင့်လိုက်ရင် ပိုပြီးကောင်းလာလိမ့်မယ်၊ နောက်တစ်ကြိမ်ကျရင် ငါတို့တွေ တစ်ချို့ကိုဖမ်းချင်ဖမ်းနိုင်မှာပေါ့”

စန်းနျို: "....နောက်တကြိမ်ရော ရှိအုံးမှာလား"

အဖေ... အဖေကဒီအလုပ်နဲ့ တကယ်ကို မလိုက်ဖက်ပါဘူး။

သူက သူ့ဗိုက်ကိုပုတ်လိုက်ပြီး

"ဒါဆိုရင် အဖေ ဆက်ပြီးကြိုးစားနော်"

သားဖြစ်သူက အလွန်မှ တမ်းတနေသည်ကို မြင်လိုက်ရသည်တွင် ရှီအာ့လန်မှာ မျက်စိစုံမှိတ်လိုက်ပြီး ကြက်သားတစ်ပိုင်းအတွက် အစားအသောက်ဝေစုတစ်ခုကို အလဲအလှယ်လုပ်ဖို့ ချန်းတရှန်နှင့် တိုင်ပင်လိုက်ရတော့သည်။ ချန်းတရှန်က ပြန်မဖြေရသေးခင်မှာပင် အားနျိုနှင့်စန်းနျိုတို့က ဝမ်းသာအားရ ထခုန်တော့သည်။

ကြည့်စမ်းပါအုံး။ ဒီနေရာမှာ နှစ်သစ်ကူးပွဲတော်ကျနေတာပဲ။ ငါတို့တွေက လျှိုမြောင်အစွန်းမှာ ရောက်နေပြီး ဆူညံသံကို တားမြစ်ထားတာကို သတိရပေလို့ပဲ။ ဒါကြောင့် သူတို့တွေက နေရာမှာတင်ခုန်ဆွခုန်ဆွလေး ဖြစ်နေကြတော့တာ။

သူက ဘယ်လိုလုပ်ပြီး သဘောမတူနိုင်ဘဲ နေတော့မှာလဲ။

ချန်းတရှန်က အော်ရီလိုက်သည်။ "အားလုံးနဲ့လဲလိုက်၊ အားလုံးကိုလဲပေးလိုက်"

ရှန်းလီက လူအားလုံးက လိုအပ်သည့်ပစ္စည်းများကိုသယ်ရင်း လျှိုမြောင်ထဲသို့ ဝမ်းသာအားရဝင်သွားကြသည်ကို စောင့်ကြည့်လိုက်လေသည်။ လျှိုမြောင်ဝင်ပေါက်ကို သေသေချာချာ ပိတ်လိုက်ပြီးသည်နှင့်တပြိုင်နက် သူတို့က လှည့်ပြန်လာခဲ့ကြသည်။

တောကြက်၄ကောင်တွင် တစ်ကောင်ကိုရွှီမိသားစုထံသို့ ပေးလိုက်သည်။ ရှန်းလီက သင့်တော်သည့်သစ်ကိုင်းကြီးများကို စုဆောင်းလိုက်ပြီး တောကြက်များကို ထည့်ထားဖို့ရန် သီးခြားကြက်ခြံတစ်ခု လုပ်ဖို့ စဥ်းစားလိုက်သည်။ တောကြက်များ၏ အရိုင်းသဘာဝကြောင့် ပိုပြီး အကောင်ငယ်သည့် ကြက်များနှင့် ဘဲများကို တိုက်ခိုက်ပြီး သူတို့ကို ဥများဥပေးနေသည့် ထိုကြက်ပေါက်လေးများကို မှီခိုအားထားရသည့် ဆုံးရှုံးမှုကြီးတစ်ခု ဖြစ်နိုင်သဖြင့် သူက စိုးရိမ်မိသည်။

ရှန်းလီက ကြက်ခြံကို ဆောက်ပေးနေစဥ် စန်းလော့နှင့် တခြားသူများကလဲ ကူညီပေးလေသည်။ စန်းလော့သည် မိသားစု တစ်ခုချင်းစီ၏ ညနေစာခေါ်သံကို မှတ်ထားလိုက်ပြီး ယခုအချိန်အထိ သူတို့၏ အစားအသောက်မှာ အဓိကအားဖြင့် ရိက္ခာခြေက်များနှင့် မကြာခဏဆိုသလို အမဲလိုက်ထားသည့် အသားများဖြစ်သည်ကို သတိရသွားသည်။ ဒါသည် အမဲလိုက်ရာတွင် ထောင်ချောက်များကို တက်တက်ကြွကြွ ပြုလုပ်ကြသည့် ပထမဦးဆုံးအကြိမ်လဲ ဖြစ်ပေသည်။

ထို့အပြင် ပထမဦးဆုံးကြိုးစားမှုတွင် အတွေ့အကြုံရှိပြီးသား မုဆိုးများဖြစ်သည့် ရှန်းလီနှင့်ချန်းတရှန်၊ အရည်အချင်း အသင့်အတင့်ရှိသည့် လုအာ့လန်မှလွဲလျှင် တခြားသူများက ကျရှုံးခဲ့ကြသည်။

စန်လော့က ရှန်းကျင့်အကြောင်းကို စဥ်းစားလိုက်မိ၏။

"ရှောင်ကျင့်လေးကရော ဒီလိုငယ်ငယ်ရွယ်ရွယ်လေးမှာ တောကြက်တွေ ယုန်တွေကို ကိုယ့်ဟာကိုယ် ဖမ်းနိုင်မယ်လို့ ထင်လား"

ဒီစကားကိုကြားလိုက်ချိန်တွင် ရှန်းအန်းနှင့်ရှန်းနဥ်တို့ကလဲ ရှန်းလီဘက်သို့ လှည့်ကြည့်လိုက်ကြသည်။

ရှန်းလီက တုတ်ချောင်း၏အစွန်းတစ်ဖက်ကို ချွန်နေအောင်လုပ်လိုက်ပြီး ထိုနောက်တွင် ထိုတုတ်ချောင်းကို မြေကြီးပေါ်သို့ ရိုက်ထည့်ရင်း သူက ပြောလိုက်သည်။

"အင်း တောကြက်တွေဖမ်းတာက ခွန်အားလဲမလိုသလို အသက်အရွယ်နဲ့လဲ မဆိုင်ပါဘူး။ ဒါက မှန်ကန်တဲ့နည်းလမ်းနဲ့ပဲ ဆိုင်တာ၊ ရှောင်ကျင့်က ပထမအကြိမ် ဒုတိယအကြိမ်မှာ မအောင်မြင်နိုင်ပေမဲ့ ၁၀ ကြိမ်လောက် ကြိုးစားလိုက်ရင်တော့ ဖြည်းဖြည်းချင်း တတ်သွားမှာပါ။ ကျွန်တော်လဲ ဒီလိုပဲတတ် မြောက်လာတာပဲ"

သူက ခဏလောက်တုံဆိုင်းလိုက်ပြီးမှ ပြောလိုက်သည်။

"ကျွန်တော်တို့တွေ တောင်ထဲကိုရောက်လာတာ တစ်လကျော်သွားပြီ၊ အရည်အချင်းက ကန့်သတ်ချက် ရှိတယ်ဆိုရင်တောင်မှ ခုချိန်လောက်ဆိုရင် သူက တတ်မြောက်သွားလောက်ပါပြီ"

"နောက်ပြီးတော့ ရှန်းကျင့်က အဲလောက် မအပါဘူး"

...

အပိုင်း (၁၄၀) ဈေးသည်

နောက်တစ်နေ့မနက်ခင်းတွင် ရှီလီရွာ၏အနောက်ဘက် သိပ်မနက်လာသည့် တောင်ထဲတွင် ရှန်းယင်သည် တောကြက်များအတွက် ထောင်ထားသည့် ထောင်ချောက်က လက်ရာမယွင်းနေသည်ကို စိုက်ကြည့်နေရင်း အရေးကြီးသည့်မေးခွန်းတစ်ခုကို ထုတ်မေးလိုက်သည်။

"အစ်ကို မင်းတကယ်ပဲ ဒီဟာကို အစ်ကိုကြီးဆီကနေ သင်ထားခဲ့တာလား"

ရှန်းကျင့်: "..."

"ငါ ဒါကို တကယ်ပဲသင်ခဲ့တာ၊ အစ်ကိုကြီးကိုယ်တိုင်ကလဲ ဒါက မှန်တယ်လို့ ပြောတယ်၊ သူလဲ ၁၀ကာလောက်ကြိုးစားပြီးမှ တောကြက်တစ်ကောင်ကို အောင်အောင်မြင်မြင်နဲ့ ထောင်ဖမ်းနိုင်ခဲ့တာလို့ ပြောခဲ့သေးတယ်။ ထပ်ပြီးလေ့ကျင့်ဖို့ပဲ လိုတာတဲ့"

"ဒါပေမဲ့ မင်းက ၁၆ခေါက် ၁၇ခေါက်လောက် ကြိုးစားခဲ့ပြီးပြီ မဟုတ်လား"

အစောပိုင်းတွင် သူတို့သည် သူတို့အမေ၏ ဖျားနာခြင်းနှင့် တွင်းတစ်ခုတူးခြင်းဖြင့် အလုပ်များနေကြလေသည်။ လတ်တလောကမှ သူတို့သည် တောကြက်များကို ထောင်ဖမ်းမည့်အရေးကို စတင်စဥ်းစားမိခဲ့ကြသည်။ သူတို့သည် ယခုအချိန်အထိ ၁၆ ရက် ၁၇ရက်ခန့် ကြိုးစားလာခဲ့ကြသည်။

ရှန်းယင်သည် သူတို့က ပဲပိစပ်အနှစ်များကို အစာအဖြစ် ဖြန့်ကြဲထားသည့်နေရာကို ဝမ်းပန်းတနည်း ကြည့်နေလေသည်။ တောကြက်များကို မဖမ်းမိသော်ငြားလည်း ပဲအနှစ်များကတော့ လုံးဝပျောက် စင်အောင်ကုန်သွားသည်။ ဒါသည် သူတို့၏ တိတ်တိတ်ကလေး စုဆောင်းထားသည့်အစားအသောက်ဖြစ်သည်။ အစပိုင်းတွင်တော့ ထိုအရာကိုအသုံးပြုရန် တွန့်ဆုတ်နေမိသေးသည်။ သူတို့သည် တောကြက်များကို ထောင်ဖမ်းရန် တခြားအစာဖြင့် ကြိုးစားကြည့်သော်ငြားလည်း အရာမထင်ပေ။ ၁၀ ကာလောက် မအောင်မြင်ခဲ့သည့်နောက်တွင် သူတို့ သည် သူတို့၏ကိုယ်ပိုင် အကန့်အသတ်လေးဖြစ်နေသည့် အစားအသောက်ကိုသုံးဖို့ ဆုံးဖြတ်လိုက်ကြပြီး သည်ရက်ပိုင်းများတွင် လတ်တစ်ဆုပ်စာလေးတစ်ခု သုံးမိသွားသည်။

ရှန်းကျင့်ကလဲ စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ဘာများ မှားယွင်းနေပါသနည်းဟု စဥ်းစားမိသည်။ အစပိုင်းတွင်တော့ အစာက တောကြက်များကို မျှားဖို့ရန် ဆွဲဆောင်မှုမရှိခြင်းကြောင့်ဟု ငြင်းခုန်နိုင်သော်လည်း ပဲပိစပ်အနှစ်သည် လုံးဝကိုကုန်စင်နေအောင် စားသုံးခံရလိုက်သည်။

ဒါဆိုရင် ဖုံးထားဖို့သုံးတဲ့သစ်ရွက်တွေက မလုံလောက်လို့များလား> ဒါမှမဟုတ် သူတို့တွေက အစ်ကိုကြီးပြောထားတဲ့အတိုင်း အတားအဆီးကို သေချာမလုပ်ခဲ့မိလို့လား။ ဒါကြောင့်မလို့ ကြက်တွေက ထောင်ချောက်ထဲမမိဘဲ စားသွားကြတာ ဖြစ်နိုင်လား။

သူသည် ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်လိုက်၏။ သူသည် အကြိမ်တိုင်းတွင် ထောင်ချောက်များကို သေသေချာချာ စေ့စေ့စပ်စပ် ဖြစ်အောင်လုပ်ထားပြီး အစ်ကိုကြီး သင်ထားပေးသည့်အတိုင်း နေရာများကို ရွေးချယ်လာခဲ့သည်။ မြေကြီးများကိုဖွထားသည့်နေရာ၊ ကြက်တောင်မွှေးများ ရှိသည့်နေရာတို့ကဲ့သို့ မြေကြီးပေါ်တွင် တောကြက်များ၏ အမှတ်အသားများရှိနေသည်။

သူသည် သူ့အစ်ကိုကြီးက ထောင်ချောင်ဆင်နည်းကို သင်ပေးထားသည့် အဆင့်တိုင်းကို သေသေချာချာ ပြန်စဥ်းစားလိုက်ပြီး ဘာကမှားယွင်းနေသည်ကို နားမလည်နိုင်ချေ။ သူ့အစ်ကိုကြီးက ထောင်ချောက်ဆင်ဖို့ရန် တောင်အတွင်းပိုင်းသို့သူ့ကို အကြိမ်ကြိမ် ခေါ်သွားခဲ့ဖူးသည်။ ရှန်းကျင့်သည် သူ့အစ်ကိုကြီး၏ သင်ကြားပေးခြင်းနှင့် ပြင်ဆင်ပေးခြင်းအောက်တွင် ထောင်ချောက်များကို ဆင်လာခဲ့ပြီး အကြိမ်တိုင်းဆိုသလို ရစ်ငှက်များကို အောင်အောင်မြင်မြင် ဖမ်းမိးခဲ့သည်။ သူ့ဟာသူလုပ်သည့်အချိန်ကျမှ အဘယ်ကြောင့် မလုပ်နိုင်ပါသနည်း။

"တခြားထောင်ချောက်တွေကိုလဲ သွားစစ်ကြည့်ရအောင်"

ရှန်းယင်သည် စိတ်ဓာတ်ကျကျဖြင့် ထရပ်လိုက်ပြီး ရှန်းကျင့်နောက်က လိုက်သွားတော့သည်။

သူ့ကို ဒီလိုပုံစံမြင်လိုက်ရသည်တွင် ရှန်းကျင့်က သူနှခေါင်းလေးကို ထိလိုက်ပြီး ပြောလိုက်လေသည်။

"စိတ်ဓာတ်ကျမနေပါနဲ့၊ ငါက လေးခွပစ်တဲ့နေရာမှာတော့ တော်တော်လေး တော်ပါတယ်။ ဒီဟာနဲ့ပတ်သတ်လာရင်တော့ ငါတို့တွေက ရစ်ငှက်တွေ ပိုပြီးရှိနိုင်တဲ့ ပိုပြီးအတွင်းကျတဲ့နေရာဘက်ကို သွားလို့ရပါတယ်။ ထောင်ချောက်ကိုသုံးမဲ့အစား ငါက သူတို့တွေကို လေးခွသုံးပြီး ပစ်လို့ရတယ်"

ရှန်းယင်က သူ့ကို လှမ်းကြည့်လိုက်သည်။

"ကျွန်တော်တို့တွေက အရမ်းကို ဆာလောင်မွတ်သိပ်နေတာမျိုး မဖြစ်ရင် တောအတွင်းပိုင်းအနက်ထဲကို မသွားဖို့ အစ်ကိုကြီးကမှာထားတယ် မဟုတ်လား"

ရှန်းကျင့်သည် ခေါင်းလေးကိုငုံ့ထားလိုက်ပြီး ရေရွတ်ကာ ပြန်ဖြေလိုက်သည်။

"သူမှာထားတာ ဟုတ်ပါတယ် ဒါပေမဲ့ ငါက အမေ့ကိုလဲ စိုးရိမ်သေးတယ်လေ သူက ရုံးတော်အရာရှိရဲ့ ကန်ကြောက်တာ ခံရပြီးကတည်းက ချောင်းဆိုးတာက ပိုပြီးတော့ဆိုးလာတယ်"

ရှန်းယင်၏မျက်နှာကလဲ ဖြူဆုတ်သွားလေသည်။ သူသည် အမြဲလိုလို ရှန်ကျင့်နှင့်ရှိနေသဖြင့် ရှန်းကျင့်လုပ်သမျှအရာတိုင်းကို သူက သိနေသည်။

အစပိုင်းတွင် သူတို့၏အမေသည် ချောင်းဆိုးပြီး မောဟိုက်တာ လောက်သာရှိသော်ငြားလည်း ယခုတော့ ညဘက်တွင် အိပ်လို့မရသည်အထိ ဆိုးရွားလာခဲ့သည်။ သူတို့အိမ်တွင် ချောင်းဆိုးသံများ ဆက်တိုက် ပြည့်နှက်နေပြီး တခါတရံ သူတို့အမေသည် အသက်ရှူလို့မရအောင် မောဟိုက်နေဟန်တူသည်။

နှာခေါင်းအောက်တွင် အနှောက်ယှက်ခံနေရပြီး ကောင်းကောင်း မအိပ်နိုင်သဖြင့် သူတို့အဖေကလဲ အစောပိုင်းက သူတို့၏အစ်ကိုနှင့် အစ်မတို့ နေခဲ့သည့်အခန်းဘက်သို့ ပြောင်းသွားသည်။

လီရှီ၏အခြေအနေကို စဥ်းစားလိုက်မိသည်တွင် ရှန်းယင်၏နှုတ်ခမ်းများမှာ တုန်ရင်သွားပြီး သူ၏ မျက်လုံးများကလဲ မျက်ရည်များဖြင့် ဝေ့တက်လာတော့သည်။

သို့တိုင် မျက်ရည်များက ဒီအချိန်တွင် အချည်းနှီးသာဖြစ်ကြောင်းကိုလဲ သူက သိနေသည်။ မျက်ရည်များကို ချက်ခြင်းသုတ်ပစ်လိုက်ပြီး သူ့မျက်လုံးဝန်းကျင်က စိုစွတ်သည့် အခိုက်အတန့်လေးသည် တောင်လေကြောင့် ပျောက်ကွယ်သွားပြီး အေးစက်သည့် အငွေ့အသက်တစ်ခုသာ ကျန်ရစ်ခဲ့တော့သည်။

အမေသာ အစကတည်းက သူတို့နဲ့အတူတူထွက်သွားဖို့ သဘောတူခဲ့မယ်ဆိုရင် ပိုင်မိသားစုနဲ့အိမ်နီး ချင်းရွာကတခြားသူတွေကလဲ သူတို့ဟာသူတို့တောင်ထဲကို ထွက်ပြေးသွားကြမှာပဲ။

အကယ်၍များ သူတို့သည်မနေခဲ့ကြလျှင် ထိုမျှလောက်ရက်စက်လှသည့် ရုံးတော်အရာရှိများနှင့်လဲ ရင်ဆိုင်ရလိမ့်မည်မဟုတ်ချေ။ သူတို့သည် စားရမဲ့ သောက်ရမဲ့ အခြေအနေလဲဖြစ်မှာ မဟုတ်သလို အမေကလဲ ကန်ကြောက်ခံရခြင်းဖြင့် နာတာရှည် ချောင်းဆိုးရောဂါဖြစ်လာလိမ့်မည် မဟုတ်ပေ။

ရှန်းယင်သည် အမေဖြစ်သူ၏ မရပ်မနားချောင်းဆိုးပြီး နေ့တွင်လဲ မနားရသလို ညတွင်လဲ မလှဲချနိုင်ဘဲ ကုတင်ပေါ်တွင် ထိုင်လျှင်ထိုင် မထိုင်လျှင်မှီထားရပြီး တခါတရံ ပြင်းထန်သည့်ချောင်းဆိုးမှုကြောင့် နာကျင်နေသည့်ဗိုက်ကို ဆုပ်ထားရပုံကို စဥ်းစားနေမိသည်။ သူသည် ရုံးတော်အရာရှိများအပေါ် နက်ရှိုင်းသည့် အမုန်းတရားတစ်ခုကို ခံစားမိလိုက်သည်။ သို့တိုင် ငယ်ရွယ်ပြီးအားအင်ချိနဲ့သဖြင့် သူ၏အမုန်းတရားက သူတို့အပေါ် ဘာမှမတတ်နိုင်ခဲ့ချေ။

သို့သော်ငြား အမှန်တရားကတော့ ဘဝတွင် ‘အကယ်၍များ’ ဟူသည့်အရာ မရှိပေ။

သူတို့၏အဖေနှင့်အမေတို့သည် ရုံးတော်အရာရှိများက ထိခိုက်ဒဏ်ရာ ရသွားပြီးနောက်တွင်ပင် ရှန်းကျင့်က သူတို့ကိုထွက်သွားဖို့ တိုက်တွန်းသော်ငြားလည်း ရှန်းစန်းနှင့်လီရှီတို့ နှစ်ယောက်စလုံးက ထွက်သွားဖို့ မလိုလားကြပေ။

ထို့ကြောင့် ရှန်းကျင့်က ပြန်ဖြေမနေတော့ဘဲ နှုတ်ဆိတ်ကာ နောက်ထပ်ထောင်ချောက်တစ်ခုဆီသို့ ဆက်ပြီးသွားလိုက်တော့သည်။ နီးကပ်လာသည်တွင် ရှန်းကျင့်က ရုတ်တရက်ရပ်သွားပြီး လှုပ်ရှားသံတစ်ခုကို အာရုံခံမိလိုက်သည်။

သူတို့၏ခြေလှမ်းများကို မြန်မြန်ဆန်ဆန် လျှောက်လာပြီး သူတို့သည် ခြုံပုတ်တစ်ခုကို ကွေ့ပတ်လာပြီးနောက်တွင် ဆူညံသံ၏အရင်းအမြစ်ကို တွေ့လိုက်ရသည်။ ရစ်ငှက်တစ်ကောင်သည် သူ့ခြေထောက်ကို ရစ်ပတ်နေသည့် လျှော်ကြိုးထဲမှလွတ်မြောက်ရန် ရုန်းကန်နေခြင်းပင်။

ရှန်းကျင့်နှင့်ရှန်းယင်တို့၏မျက်လုံးများက လင်းလက်သွားတော့သည်။ တွေဝေမနေဘဲ သူတို့က ထောင်ချောက်ထဲတွင် ပိတ်မိနေသည့် ငှက်ဆီသို့ အလျင်အမြန် ပြေးသွားကြတော့သည်။

ရစ်ငှက်သည် သူတို့ချဥ်းကပ်လာသည်ကို မြင်လိုက်သည်တွင် သူ့၏ရုန်းကန်မှုက ပိုပြီးပြင်းထန်လာပြီး ရုတ်တရက် ထပြန်လေသည်။ ရှန်းကျင့်က ခုန်အုပ်လိုက်ပြီး ကြိုးကို တင်းနေအောင်ဆွဲထားလိုက်ကာ ရစ်ငှက်ကို အားဖြင့်ပြန်ဆွဲချထားစဥ် ရှန်ယင်ကခုန်အုပ်လိုက်ပြီး ငှက်ကို ဖိထားလိုက်သည်။

"ရစ်ငှက်၊ ရစ်ငှက်ကြီး၊ အစ်ကို ကျွန်တော်တို့ ရစ်ငှက်တစ်ကောင်ကို ဖမ်းမိသွားပြီ"

ရှန်းကျင့်သည်လဲ အလွန်ဝမ်းသာသွားတော့သည်။

"ငါသိသားပဲ၊ အစ်ကိုကြီး သင်ပေးသမျှ အရာအားလုံးကို သေသေချာချာ မှတ်မိနေပါတယ်လို့"

ရှန်းယင်က ရစ်ငှက်ကို အတောင်မှနေ၍ တင်းကြပ်နေအောင် ဖမ်းဆုတ်ထားပြီး အဆိတ်မခံရအောင် ဂရုစိုက်ထားလိုက်သည်။ ရှန်းကျင့်က ရစ်ငှက်ခြေထောက်ကကြိုးများကို မြန်မြန်ဖြည် လိုက်ပြီး ထောင်ချောက်ကို ပြန်ပြင်ထားလိုက်ကာ ရှုပ်ပွသွားသည့်နေရာကို သပ်သပ်ရပ်ရပ် ဖြစ်အောင်ပြန်လုပ်ထားလိုက်ပြီး ထောင်ချောက်အပေါ်မှ သစ်ရွက်များကို ပြန့်ကြဲထားလိုက်ပြီး ထောင်ချောက်ပတ် ဝန်းကျင်တွင် ခြုံပုတ်တစ်ချို့ကို နေရာပြန်ချထားလိုက်သည်။

ထို့နောက်တွင် သူ့အိတ်ကပ်ထဲက ပဲပိစပ်အကြွင်းအ ကျန်များကို ထောင်ချောက်ပတ်ဝန်းကျင်တွင် ဖြူးထားပေးလိုက်သည်။

"သွားကြမယ်< အိမ်ပြန်ရအောင်"

ရှန်းယင်သည် ရစ်ငှက်များကို ကိုင်ထားဆဲဖြစ်ကာ ဝမ်းသာအားရစွာဖြင့် နောက်မှလိုက်လာလေသည်။

"အစ်ကို ငါတို့တွေ ဒီနေ့ဒီကြက်ကို ချက်စားကြမှာလား"

"ဘယ်ဟုတ်ပါ့မလဲ< ငါတို့တွေက အစားအသောက်ကို သိုလှောင်ထားဖို့ လိုသေးတယ်လေ< ပြီးတော့အမေကလဲ သမားတော်ပြဖို့ ပိုက်ဆံလိုသေးတယ်"

လတ်တလောတွင် အစားအသောက်သည် အိမ်၌ အရှားပါးဆုံး ဖြစ်နေလေသည်။ သူတို့နှစ်ယောက် ပုန်းခိုကြမည့်နေရာထဲတွင်လဲ အလွန်မှ ခြောက်ကပ်နေသည့် တောဟင်းရွက်တချို့ကိုသာ သိုလှောင်ထားနိုင်ပြီး စပါးကတော့ လုံးဝမရှိပေ။

နေ့တိုင်းချက်ပြုတ်နေရပြီး အစားအသောက်ကို အလွယ်တကူ ရယူနိုင်သင့်သည့် ရှန်းကျင့်မှာ သူတို့၏ ဆင်းရဲလှသည့်အိမ်ထဲတွင် ဘာမှပိုလျှံမနေသည်ကို တွေ့လိုက်ရကာ သိုလှောင်ထားဖို့ရန် စပါးမဆိုထားနှင့် ပဲများပင် အများအပြားမရှိပေ။

ရှန်းကျင့်က ပြောလိုက်သည်။

"အရင်ဆုံး ငါတို့တွေ အမေ့ကိုသမားတော်ဆီ ခေါ်ပြဖို့လိုတယ်"

"ဟုတ်ပြီ” ရှန်းယင်က သဘောတူလိုက်သော်ငြား လည်း တွန့်ဆုတ်နေသေးသည်။

"သမားတော်က ရစ်ငှက်ကို ခြေကြွခအဖြစ် လက်ခံပါ့မလား"

မေးခွန်းကြောင့်တုံ့ဆိုင်းသွားပြီး ရှန်းကျင့်က ခဏလောက် ရပ်လိုက်ပြီးနောက်တွင် သူ့ခေါင်းလေးကို ကုတ်လိုက်ပြီး ရုတ်တရက် သတိရသွားလေသည်။

"တခြားလမ်းက သွားရအောင်၊ ရွာစဥ်ပတ်ပြီးစျေးရောင်းတဲ့သူက နေ့တိုင်း ငါတို့ရွာကို လာတယ် မဟုတ်လား။ ရွာအပြင်ဘက်က အစ်ကိုကြီးရဲ့ အိမ်နားက လမ်းကနေပြန်ပြီးတော့ တောင်လမ်းကြားမှာ သူ့ကို သွားစောင့်ရအောင်၊ သူက ရစ်ငှက်ကို ယူမလား မေးကြည့်ကြတာပေါ့"

ဟုတ်ပါသည်။ ခေါင်းရွက်ဗျက်ထိုးသည်တစ်ယောက်သည် လတ်တလောတွင် ရှီလီရွာသို့ မကြာခဏ လာရောက်တတ်ပြီး တခြားပစ္စည်းများအပြင် စပါးနှင့်ပဲများကိုလဲ လက်ခံပေးလေသည်။ သည်နေ့လို ခေတ်အခါမျိုးတွင် မည်သူက သူ့ကိုစပါးနှင့် ပဲများရောင်းပါမည်နည်း။ သို့သော်ငြားလည်း သူသည် နေ့တိုင်းပေါ်လာတတ်သည်။

ကံအားလျော်စွာ ခေါင်းရွက်ဗျက်ထိုးသည်၏ပစ္စည်းများထဲတွင် ခေါင်းဘီးနှင့်ဆံပင်စည်ကြိုးများကို ရောင်းချသည်ဟု အပြင်ပန်းအားဖြင့် ပြောသော်ငြားလည်း သူသည် ဆားခဲများကို သိုသိုသိပ်သိပ်ရောင်း ချလေသည်။ လွန်ခဲ့သည့်နှစ်ဝက်လောက်က ရွာထဲက လူနည်းစုလောက်ကသာ ဆားခဲများကို အသုံးပြုကြသည်။ သို့သော်ငြားလည်း အခုကတော့ အခြေအနေပြောင်းလဲသွားပြီး ခေါင်ခိုက်နေသည့် ဆားစျေးများအပြင် လူများကလဲ အလွန်မှဆင်းရဲသွားရာ ဆားကို မတတ်နိုင်တော့ဘဲ သူတို့တွင်ပိုင်ဆိုင်ထားသည့် မဖြစ်စလောက် ငွေလေးကိုသာ စုဆောင်းဖို့ရန် ပိုပြီးရွေးချယ်ကြသည်။

ထို့ကြောင့် စျေးသည်၏ဆားခဲတစ်ချို့ကို ထည့်သွင်းရောင်းချခြင်းကို ရွာထဲတွင် လျှို့ဝှက်ထားကြသည်။ လူတိုင်းက ဒီပစွည်းများကို လိုအပ်ကြသည်။ စျေးသည်၏ကုန်ပစ္စည်းကို ဖြတ်ချလိုက်ခြင်းက သူတို့ကိုယ်ပိုင်၏ အသက်သွေးကြောကို ဖြတ်ချလိုက်သည့်သဘောပင်။

ဆားဝယ်ဖို့ရန် စီရင်စုသို့သွားရခြင်းကလဲ အဆင်မပြေလှပေ။ စီရင်စု၏ ထိုးဖောက်လာမည့် ကပ်ဘေးဒုက္ခသည်များကို ကြောက်ရွံခြင်း၊ တင်းကြပ်သည့်ပုံစံ စစ်ဆေးမှုများနှင့် ဝင်ကြေးကလဲ လူတစ်ယောက်လျှင် ၃ဝမ်အထိ တိုးလိုက်သဖြင့် ဒါက တတ်နိုင်သည့်အရာ မဟုတ်ပေ။ ထို၃ဝမ်သည် စျေးသည်ဆီမှ ဆားခဲတစ်ခဲလေးကို ဝယ်ယူနိုင်လေသည်။

ထို့ကြောင့် ရှီလီရွာသို့ မကြာခဏ ရောက်လာတတ်သည့် စျေးသည်ကို ကြိုဆိုကြပြီး ဘယ်သူကမှ သူ့ကို သတင်းပို့ဖို့ မစဥ်းစားကြပေ။ သူတို့၏ ကိုယ်ပိုင်အကျိုးအမြတ်ကို ထိထိရောက်ရောက် ကာကွယ်ထားကြလေသည်။

ရွာသူကြီးက ထွက်ပြေးသွားပြီး တခြားရွာများကလဲ လူတော်တော်များများက ထွက်ပြေးသွားကြကာ ဒေသခံအစိုးရကလဲ ဓားပြကိစ္စများလို ပြသာနာများဖြင့် အလုပ်များနေကြလေရာ ဆားခဲများကို ရောင်းချနေသည့်လူကို စိတ်မဝင်စားနိုင်ကြပေ။ ဒီမင်းဆက်၏ ဆားအပေါ်ထိန်းချုပ်မှုသည် အစကတည်းက တင်းကြပ်နေသည်မဟုတ်ပေ။

ရှန်းကျင့်နှင့်ရှန်းယင်တို့သည် ရွာအပြင်ဘက်တွင် စျေးသည်ကို ဖြတ်စောင့်ဖို့ရန် လိုအပ်လေသည်။ အကြောင်းမှာ သူတို့သည် ရစ်ငှက်က အာရုံစိုက်စရာဖြစ်လာမည် စိုးရိမ်သောကြောင့်ပင်။ အကယ်၍များ ရွာသားများက သူတို့ကို စတင်စောင့်ကြည့်နေကြလျှင် နောက်ပိုင်းတွင် ရလာမည့်အမဲကောင်များကိုလဲ ယူသွားခံရနိုင်ကာ သူတို့ပုန်းခိုမည့်နေရာကိုလဲ ရှာတွေ့သွားနိုင်ပြီး ဒါသည် ဒုက္ခများဖြစ်လာပေလိမ့်မည်။

သူတို့၏ အစားအသောက်ရနိုင်သည့် လျှိုဝှက်ချက်ကို ထိန်းသိမ်းထားကာ ရွာသားများကိုလဲ သူတို့သည် ရစ်ငှက်များကို အမဲလိုက်နိုင်သည့် အရည်အချင်းရှိသည်ဟု အသိမပေးရန် သူတို့အစ်ကိုအကြီးဆုံးက အစောကြီးကတည်းက သတိပေးထားလေသည်။

ရှီလီရွာသို့ ဦးတည်သွားသည့် လမ်းသွယ်လေးပေါ်တွင် ရွှီမိသားစု၏ အစေခံဦးကြီးသည် ကပ်ဘေးဒုက္ခသည်တစ်ယောက်နှင့်မခြား ဖာထေးရာအပြည့်ရှိနေသည့် အဝတ်အစားနှင့် ဖိနပ်များကို ဝတ်ဆင်ထားပြီး သူ၏ ပစ္စည်းဟောင်းများကို သယ်ပြီး ရွာလမ်းသို့ရောက်လာသည်။

သူသည် ရှီလီရွာသို့ အဓိကရောက်လာပြီး သူ၏သ ခင်လေးအတွက် တောင်အတွင်းပိုင်းမှာ ပစ္စည်းများကို မကြာခဏ သယ်ပို့ပေးရလေသည်။

ခါတိုင်းလိုပင် သူသည်ရှီလီရွာသို့ ဦးတည်လာစဥ် တစ်စုံတစ်ယောက်က တောင်ပတ်လမ်းပေါ်မှ လှမ်းခေါ်လိုက်လေသည်။

"စျေးသည်ကြီး.. ဗျို့ ..စျေးသည်ကြီး"

အစေခံဦးကြီးက ခေါင်းကို လှည့်ကြည့်လိုက်သည်တွင် သခင်လေးက နေ့စဥ်စောင့်ရှောက်ပေးဖို့ ပြောထားသည့် ရှန်းကျင့်ကို မှတ်မိသွားလေသည်။ သူသည် လမ်းသွယ်လေးကို မှတ်မိသွားလေသည်။ ထိုလမ်းသွယ်လေးက ရှန်းကျင့်၏အိမ်ဘက်သို့ ဦးတည်သွားသည့်လမ်းကြောင်းပင်။

အစေခံအိုက ရပ်ကာ ပြုံးပြလိုက်သည်။

"သခင်လေး ကျွန်တော့်ကို ခေါ်လိုက်သလား"

"ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်"

ရှန်းကျင့်က အားတက်သရော ခေါင်းငြိမ့်ပြလိုက်ပြီး အနီးအနားတွင် မည်သူမှမရှိသည်ကို အတည်ပြုလိုက်လေသည်။သူနှင့်ရှန်းယင်တို့က လမ်းသွယ်လေးထဲကထွက်လာကြပြီး စျေးသည်ကြီးကို မေးလိုက်သည်။

"ဦးလေး ရစ်ငှက်တွေကိုရော ဝယ်လား"

ရွှီမိသားစု၏ အစေခံဦးကြီးသည် ရှန်းယင်၏လက်ထဲက ရူန်းကန်နေသည့် ရစ်ငှက်ကိုမြင်လိုက်သည်တွင် တအံ့တသြဖြစ်သွားပြီး ညီအစ်ကိုနှစ်ယောက်ကို အံ့သြဟန်ဖြင့် မျက်ခုံးပင့်ပြလိုက်သည်။

ရှန်းလီသည် ဝက်ဝံနှင့်ဝံပုလွေများကို အမဲလိုက်ခြင်းဖြင့် သူ၏အမဲလိုက်ခြင်းစွမ်းရည်ကြောင့် နာ မည်ကြီးလေသည်။ သူ၏သခင်က သူ့အဘွားနှင့် လူငယ်လေးနှစ်ယောက်ကို တောင်အတွင်းပိုင်းသို့ ပို့ရန်စဥ်းစားခဲ့သည့် အကြောင်းအရင်းက မထူးဆန်းတော့ပေ။ သို့သော်ငြားလည်း ဒီငယ်ရွယ်သည့်က လေးနှစ်ယောက်က သူတို့ဟာသူတို့ ရစ်ငှက်တစ်ကောင်ကိုဖမ်းခဲ့သည်ကိုတော့ သူ့မှာ ထင်မထားပေ။

ရှန်းမိသားစု၏ မိသားစုခွဲနှစ်ခုကြားက တင်းမာသည့်ဆက်ဆံရေးကို စဥ်းစားမိသည်တွင် ရှန်းကျင့်ကို သူ့အစ်ကိုက ထွက်မသွားခင် သင်ပေးခဲ့တာဖြစ်မည်ဟု စဥ်းစားလိုက်သည်။

အစေခံက ခေါင်းငြိမ့်ပြီး မေးလိုက်၏။

"မင်းတို့က ပိုက်ဆံအတွက်လဲမှာလား၊ စပါးအတွက်လဲမှာလား၊ ဒါမှမဟုတ် တခြားပစ္စည်းအတွက် လဲမှာလား"

စျေးသည်က ပစ္စည်းများကို လဲလှယ်မည်ဟုအတည် ပြုပေးလိုက်သည်တွင် ရှန်းကျင့်နှင့်ရှန်းယင်တို့၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။ သူတို့နှစ်ယောက်စလုံးက တပြိုင်တည်း မေးလိုက်ကြသည်။

"ငွေအတွက်ပါ၊ ကျွန်တော်တို့တွေ ဒီရစ်ငှက်ကို ဘယ်လောက်ရနိုင်မလဲ"

စျေးသည်ကြီးကတွေဝေသွားပြီး အံ့သြသွားလေသည်။

ရှန်းကျင့်၏မိသားစု၏ သေရေးရှင်ရေးတမျှ အခြေအနေကို သိနေသဖြင့် ပဲများနှင့် တောဟင်းရွက်များကိုသာ အဓိကမှီခိုအားထားနေရသည်ဖြစ်ရာ သူတို့သည် ဘာကြောင့်များ စပါးအတွက် မလဲလှယ်ရပါသနည်းဟု သူ့မှာ စဥ်းစားမိလေသည်။

ခြင်း၏အောက်ခြေတွင်ဝှက်ထားသည့် စပါးများကိုစဥ်းစားမိလိုက်ပြီး သူ့သခင်လေး၏ မှာကြားချက်အတိုင်း ကလေးများအတွက် အရေးပေါ် အကူအညီအတွက် ရည်ရွယ်ထားလေရာ သူက ကမ်းလှမ်းဖို့ စဥ်းစားလိုက်လေသည်။

စျေးသည်ကြီးက အကြံပြုလိုက်သည်။

"မင်းတို့တွေ ဒါကို စပါးနဲ့လဲဖို့ စဥ်းစားကြည့်ပါအုံးလား၊ အခုအချိန်က စပါးက ငွေထက်ပိုပြီးတော့ တန် ဖိုးရှိတယ်လေ"

စျေးသည်ကြီး၏စေတနာကို နားလည်လိုက်သည်တွင် ရှန်းကျင့်သည် ဆာလောင်နေပါသော်လည်း ခေါင်းမာနေလိုက်သည်။

"ကျွန်တော့်အမေက နေမကောင်းလို့ပါ၊ ကျွန်တော်တို့က သူ့ရဲ့ ကုသစရိတ်လိုအပ်နေတယ်။ဒါကြောင့်မလို့ ကျွန်တော်တို့က ငွေအတွက်ပဲ လဲချင်ပါတယ်"

ကလေးမရှိသည့် သက်လတ်ပိုင်းအရွယ် စျေးသည်ကြီးမှာ ကလေးများ၏ဆွဲဆောင်မှုကို ခုခံနိုင်သည့်စိတ်ဓာတ်၊ ဆာလောင်သော်ငြားလည်း သူတို့အမေ၏ မကောင်းသတင်းများကိုသိထားသည့်တိုင် သူတို့၏အမေအတွက် ကုသစရိတ်ကိုဦးစားပေးသည့်စိတ်ဓာတ်ကြောင့် ရင်ထဲမှာလှိုက်ခနဲ ဖြစ်သွားတော့သည်။

သူသည် ကလေးများကို ကူညီဖို့ဆုံးဖြတ်လိုက်တော့သည်။ ရှန်းမိသားစု၏ တတိယအိမ်ထောင်က မိဘများကိစ္စကို ဝင်မစွက်ဖက်ဖို့ရန် သတိပေးထားသည့်တိုင် ဒီကလေးများကို အရည်အချင်းများ သင်ကြားပေးခြင်းကလဲ သူတို့အတွက် သွယ်ဝိုက်နည်းအားဖြင့် အကျိုးအမြတ်ရရှိစေလေသည်။ မိသားစုဆက်ဆံရေး၏ ရှုပ်ထွေးမှုများက တခါတရံ ခွဲခြားလို့မရနိုင်ပေ။

သူက ကလေးများ၏ လိမ်မာသိတတ်သည့် ကြိုးစားအားထုတ်မှုကို ကူညီဖို့ရန် ရွေးချယ်လိုက်ပြီး သူတို့အမေအပေါ် သူတို့၏ ချစ်ခင်မြတ်နိုးမှုကိစ္စကိုတော့ သူတို့အပိုင်းသာ ချန်ထားပေးလိုက်သည်။

စျေးသည်ကြီးက ရှန်းကျင့်နှင့် ရှန်းယင်တို့၏ စပါးအစား ငွေအတွက် ရစ်ငှက်ကို လဲလှယ်လိုသည့်ဆန္ဒကို စဥ်းစဥ်းစားစားဖြင့် အတည်ပြုပေးလိုက်သည်။ သူက ငှက်ကိုချိန်ဆကြည့်လိုက်ပြီး ပြောလိုက်သည်။

"ရစ်ငှက်တွေက တောရွာမှာဆိုရင် စျေးကောင်းနဲ့ ရောင်းရမှာမဟုတ်ဘူး။ ဒါပေမဲ့ စီရင်စုကစားသောက်ဆိုင်တွေနဲ့ လူချမ်းသာအိမ်တွေမှာတော့ ဒီဟာတွေကို ဝယ်ကြသေးတယ်။ အချိန်လဲ ရှိသေးတယ်၊ ဒါက မင်းတို့အမေရဲ့ ကုသစရိတ်အတွက်ဆိုတော့ ငါက ဒီအပေါ်မှာ အမြတ်မယူတော့ဘူး။ အမှန်အတိုင်းပြောရရင် လက်ရှိစပါးစျေးနဲ့ဆိုရင် ဒီရစ်ငှက်ရဲ့တန်ဖိုးကလဲ မြင့်တက်သွားနိုင်တယ်။ သူ့အလေးချိန်က ဝမ်၁၁၀ ဖိုးလောက်ရှိမယ်။ ငါက မြို့ဝင်ခနည်းနည်းလေးကို အကုန်အကျခံလိုက်ပြီး မင်းတို့ကို ဝမ်၁၁၀ပြန်ပေးမယ်။ ဒါကို ငါ့ရဲ့တနေ့တာအတွက် ကုသိုလ်ကောင်းမှုလုပ်တယ်လို့ မှတ်လိုက်"

အစားအသောက်စျေးများက မြင့်တက်နေရာ ဝမ် ၁၁၀သည် စီရင်စုတွင် ဒီအရွယ်အစား ရစ်ငှက်တစ်ကောင်၏ လက်ရှိတန်ဈေးဖြစ်လေသည်။

စျေးသည်ကြီးက ရှန်းမိသားစု၏ တတိယအိမ်ကကလေးများကို ကူညီလိုသော်ငြားလည်း အလွန်မှမသိသာနေအောင် သတိထားရလေသည်။ အထူးသဖြင့် ကလေးများသည် သေရေးရှင်ရေး အခြေအနေတစ်ခုအထိ မရောက်ရှိသေးသော်ကြောင့်ပင်။

"ဝမ်၁၁၀ လား"

ရှန်းကျင့်နှင့်ရှန်းယင်တို့၏ မျက်လုံးများမှာ ဝိုင်းစက်သွားပြီး သူတို့၏ပါးစပ်များကလဲ အဝိုင်းသားဖြစ်သွားကာ ကြက်ဥတစ်ခြမ်း ဝင်ဆန့်လောက်သည်အထိ ပွင့်ဟသွားလေသည်။

"ဟုတ်တယ်၊ ဒီစျေးက မင်းတို့အတွက် သီးသန့်ပေးတာ၊ မင်းတို့အမေရဲ့ ကုသစရိတ်ကို စဥ်းစားပေးတဲ့အနေနဲ့ပေါ့၊ ဒီအကြောင်းကို တခြားနေရာမှာ မပြောနဲ့နော်။ ငါက လူတိုင်းအပေါ်ကို ဒီလိုကူညီနေတာ မဟုတ်ဘူး"

နောက်ဆုံးတွင် နားလည်သွားကြပြီး ရှန်းကျင့်နှင့်ရှန်းယင်တို့က စျေးသည်ကြီးကို အကြိမ်ကြိမ်ဦးညွှတ်ကာ ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ်၊ လူကြီးမင်း ကျေးဇူးအများကြီးတင်ပါတယ် ခင်ဗျာ"

စျေးသည်ကြီးက ပြုံးလိုက်ပြီး ငွေနှစ်တွဲကို ထုတ်ယူလိုက်ကာ ငွေတစ်တွဲကို ရှန်းကျင့်ထံ တန်းပေးလိုက်ပြီး ကျန်တစ်တွဲဆီမှ ၁၀ဝမ်ကို ရေတွက်ပြီး သူ့ကို ထပ်ပေးလိုက်သည်။

ငွေကို ရေတွက်ခြင်းနှင့် ရင်းနှီးနေသည့် ရှန်းကျင့်က ပြန်ရေဖို့ရန် စိတ်မဝင်စားတော့ပေ။ သူက ငွေကို အားတက်သရော ယူလိုက်ပြီး အားလုံးကိုလက်ထဲတွင် သေသေချာချာလေး ဆုပ်ကိုင်ထားပြီးမှ သူ့အိတ်ကပ်ထဲသို့ မြန်မြန်ထိုးထည့်လိုက်လေသည်။

သူ၏နှလုံးသားလေးသည် စိတ်လှုပ်ရှားမှုဖြင့်ခုန်နေတော့သည်။

"၁၁ဝ ဝမ်"

"၁၁၀ ဝမ်"

အလွန်ပျော်နေသည့် ရှန်းကျင့်သည် ပြုံးနေသည်ကို မရပ်တန့်နိုင်ဘဲ သူ့လက်များက မသိမသာ တုန်ရင်နေလေသည်။ မဆိုင်းမတွပင် သူနှင့်ရှန်းယင်တို့သည် စျေးသည်ကြီးကို လေးလေးနက်နက် ဦးညွှတ်ကာပြောလိုက်သည်။

"ဦးလေးက တကယ့်ကို လူကောင်းတစ်ယောက်ပါပဲ ကျွန်တော့်ညီလေးနဲ့ ကျွန်တော်က ဦးလေးရဲ့စေတနာကို အမြဲတမ်းမှတ်ထားပါ့မယ်၊ ကျေးဇူးတင်ပါတယ်ခင်မျာ ကျေးဇူးတင်ပါတယ်"

သူတို့သည် ကျေးဇူးတင်စကားကို ၄ကြိမ်လောက် ဆက်တိုက်ပြောလိုက်ပြီး ရိုးရှင်းသော်ငြားလည်း ရင်ထဲကအတိုင်း ဖြစ်လေသည်။ ရွှီမိသားစု၏အစေခံဦးကြီးက သူသည် ချီးမွမ်းခံထိုက်ခြင်း မဟုတ်ချေ။ ထိုအရာကိုလဲ ရှင်းပြလို့မတတ်နိုင်သဖြင့် ထိုအကြောင်းကို ဒီအတိုင်း စဥ်းစားမိလေသည်။ လက်တဖက်တွင် ရစ်ငှက်ကိုကိုင်ထားပြီး ကျန်သည့်လက်တဖက်က ကလေးများကို ဆွဲထူပေးလိုက်ကာ သူက အကြံပြုလိုက်လေသည်။

"တိတ်တိတ်လေးနေကြနော်။ သတိထားတာက ပိုကောင်းတယ်။ အခုပြန်ကြတော့"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့ပါခင်ဗျာ၊ ကျွန်တော်တို့ အခုပဲပြန်ပါတော့မယ်"

ရှန်းကျင့်သည် ထွက်သွားတော့မည့်ဆဲဆဲတွင် ရုတ်တရက် တခုခုကိုသတိရသွားပြီး စျေးသည်ကြီးကို ပြောလိုက်၏။

"ဦးလေးခင်မျာ ရွာထဲမှာ ကျွန်တော်တို့ ရစ်ငှက်ရောင်းတဲ့အကြောင်းကို မပြောလို့ရမလား ခင်ဗျာ"

ကလေးက တော်တော်လေးပါးနပ်သည်ဟု အစေခံဦးကြီးက စဥ်းစားလိုက်ပြီး ပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။

"သေချာတာပေါ့၊ တကယ်လို့ မင်းတို့တွေ နောက်ထပ်ရစ်ငှက်တစ်ကောင်ကို ဖမ်းမိခဲ့တယ်ဆိုရင် ငါ့ကိုရွာလမ်းပေါ်က ဒီနေရာမှာပဲစောင့်ကြ၊ ဒါပေမဲ့ ငါမင်းတို့ကို အကြံပေးလိုက်မယ်။ တကယ်လို့ မင်းတို့တွေက ဒီရစ်ငှက်ကို စပါးအတွက် လဲလှယ်ထားလိုက်တာက ပိုပြီးတော့ အဆင်ပြေမယ်။ ဆောင်းဦးရောက်ရင် ငါတို့တွေက စပါးကို ရိတ်သိမ်းနိုင်မယ်ဆိုပေမဲ့လဲ ဒါက တော်တော်လိုသေးတယ်။ အခုအချိန်မှာ ဘာဖြစ်လာမလဲဆိုတာကို ဘယ်သူမှ သိတာမဟုတ်ဘူး။ လောကကြီးက ကြိုတင်ခန့်မှန်းလို့ မရဘူးဆိုတာက သခင်လေးက သေချာပေါက် နားလည်ရမယ်"

ရှန်းကျင့်သည် ‘လောကကြီးက ကြိုတင်ခန့်မှန်းလို့မရပါ’ဟူသည့် စကားကို ဘယ်တုန်းကမှ သေသေချာချာ မသင်ယူခဲ့ဖူးသော်ငြားလည်း သူသည် ဒီအကြောင်းကို ကောင်းကောင်းလေး နားလည်နေသည်။ အထူးသဖြင့် သူ၏ လတ်တလော အတွေ့အကြုံများကို စဥ်းစားကြည့်လျှင် သိလေသည်။ ပြီးခဲ့သည့်လအနည်းငယ်အတွင်းက သူ့မိသားစု၏ဘဝသည် ဒီလိုပြောင်းလဲသွားလိမ့်မည်ဟု မည်သို့များ စဥ်းစားခဲ့ဖူးပါမည်နည်း။ သို့မဟုတ်လျှင် သူ့ရွာထဲက အိမ်ထောင်စုတော်တော်များများက တောင်အတွင်းပိုင်းသို့ ထွက်ပြေးသွားရမည်ဟု မည်သို့ စဥ်းစားမိပါမည်နည်း။

သူသည် နားလည်ပြီး ကျေးဇူးတင်ကြောင်း ခေါင်းငြိမ့်ပြလိုက်ပြီးနောက်တွင် ရှန်းယင်ကိုဆွဲကာ ရွာထဲသို့ဦးတည်သွားသည့်လမ်းဆီသို့ ပြန်သွားလေသည်။

စျေးသည်ကြီးသည် ညီအစ်ကိုများက အဝေးသို့ပျောက်ကွယ်သွားသည်ကို စောင့်ကြည့်ပေးလိုက်ပြီးနောက်တွင် လမ်းဘေးက မာကျောသည့် မြက်ပင်တစ်ချို့ကို ဆွဲနှုတ်လိုက်သည်။ သူက ရစ်ငှက်၏ အတောင်နှင့် ခြေထောက်များကို ပူးချည်ထားလိုက်ပြီး သူ၏နောက်ထပ်ခြင်းတစ်လုံးကို ဖွင့်ကာ ငှက်ကို အထဲသို့ ထည့်ထားလိုက်သည်။

ရွာထဲသို့မဝင်တော့ဖို့ ဆုံးဖြတ်လိုက်ပြီး သူက သူ့ပစ္စည်းများကို ပုခုံးပေါ်ထမ်းကာ သတင်းပို့ရန်အတွက် စီရင်စုသို့ တန်းတန်းမတ်မတ် ပြန်လာလိုက်တော့သည်။

...

All Chapters