← Chapters

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အခန်း (၁၄၅-၁၄၆)

Vol. 15 Ch. 145-146

အပိုင်း (၁၄၅) ပုံကြမ်း

ဂူအတွင်းပိုင်းကို လေ့လာလိုက်သည်တွင် အခုတော့ဂူထဲတွင် စပါးအိတ်၁၂အိတ်ကျော်ကို နေရာချထားသည်ကို ရှန်းလီက သတိထားမိလိုက်သည်။ ဘယ်ဖက်တွင် စင်သုံးစုံကို နေရာချထားပြီး စပါးအိတ်များနှင့် အိမ်သုံးပစ္စည်းနှစ်ခုစလုံးကို သိုလှောင်ထားသည်။ အစိုပြန်ခြင်းမှ ကာကွယ်ရန် စင်များကို ဂူနံရံနှင့် နည်းနည်းလေး ခွာကာ ထားရပြီး ထိုအဖြစ်က သေးငယ်နှင့်ပြီးသား ဂူကလေးကို ပိုပြီး ကျဥ်းကြပ်သွားသလို ခံသားရစေလေသည်။

ဒါကိုလေ့လာမိသည်တွင် ရှန်းလီ၏ မျက်ခုံးများက မသိမသာ တွန့်ချိုးသွားတော့သည်။

ကျန်သည့်နေရာကို မီးဖိုတစ်လုံးနှင့် သစ်သားစားပွဲတစ်လုံးက နေရာယူထားသည်။ အကယ်၍များ ထိုင်ခုံနှင့်စားပွဲများကို ထပ်ထည့်လိုက်လျှင် ဂူက ကုတင်နှစ်လုံးဆန့်နိုင်သော်ငြားလည်း ပိုပြီးကြပ်ညှပ်သွားပေလိမ့်မည်။ ကျဥ်းမြောင်းသည့် ကုတင်လေးနှစ်ခုကို ဘေးချင်းယှဥ်လျှက် ထားမည်ဆိုလျှင်တောင် ဒါက တယောက်အိပ် ကုတင်လေးတစ်လုံးထက်ပင် ပိုပြီးနေရာယူနေသည်။

ဒါကို မည်သို့ စီမံရပါမည်နည်း။

စန်းလော့က သူ၏ တွန့်ချိုးနေသည့်မျက်ခုံးကို သတိထားမိလိုက်ပြီး သူ့အတွေးကို ခန့်မှန်းမိလိုက်သည်။ သူမက ကိုယ်ကိုပြန်လှည့်လာပြီး သူ့ကို စာ ရွက်တစ်ချို့လှမ်းပေးလိုက်ကာ ပြောလိုက်သည်။

"ဂူကို ဘယ်လိုနေရာချမလဲလို့ စဥ်းစားလာခဲ့တာ ဒီနေ့မှပဲ ဒီဆွဲထားတာတွေကို ပြီးသွားတယ်။ တချက်လောက်ကြည့်ပါအုံး တကယ်လို့ ဒီလိုကုတင်မျိုးကို လိုချင်တယ်ဆိုရင် ရှင် ဒါတွေကို လုပ်ပေးနိုင်မယ်လို့ ထင်လား"

ရှန်းလီက စာရွက်များကိုယူလိုက်ပြီး တအံ့တသြ ငေးကြည့်လိုက်လေသည်။

"ဒါက မင်းဆွဲထားတာလား"

သူ့မှာ ဆွံ့အရလေသည်။ စန်းလော့၏ အထင်ကြီးစရာကောင်းသည့် ပန်းချီဆွဲသားနိုင်သည့် အရည်အချင်းနှင့် ပန်းချီပုံစံကိုယ်တိုင်ကပဲ တအံ့တသြ ဖြစ်ရသည်။

"ဒါက အိပ်ယာတစ်လုံးလုပ်ဖို့လား"

ဒါသည် သူသိထားသမျှကုတင်များနှင့် လုံးဝကိုခြားနားလေသည်။ ဒါသည် အခန်းတဝက်စာနှင့် ပိုပြီးဆင်တူလှသည်။

ရှုပ်ထွေးလှသည့် အသေးစိတ်အခန်းတစ်ခုပင် မျက်နှာကျက်တစ်ခု၊ နံရံများ၊ ကွပ်ပျစ်တစ်ခုပင် ပါဝင်လေရာ ကုတင်သည် ဒီဇိုင်းတစ်ခုလုံး၏ လိုအပ်ချက်တစ်ခုသာဖြစ်ပြီး သူတွေ့ခဲ့ဖူးသည့် အရာတိုင်းနှင့် လုံးဝမတူပေ။

ဂူအမြင့်ကိုမော့ကြည့်လိုက်ပြီး စန်းလော့၏ဒီဇိုင်းက အသုံးပြုရသည့်နေရာကို နှစ်လွှာခွဲထားမှန်း သဘောပေါက်လိုက်လေသည်။ သူစိုးရိမ်နေသည့် ပြသာနာကို ဖြေရှင်းပြီးသွားတော့သည်။

"ဟုတ်တယ်"

စန်းလော့က ခေါင်းငြိမ့်ပြလိုက်ပြီး သူမ၏ဒီဇိုင်းကို ခေတ်သစ်တွင် အိမ်ယာမြေစျေးကြီးသည့်အတွက် ပေါ်ပေါက်လာသည့် နှစ်ထပ်ကုတင် ဘက်စုံသုံးကလေးအခန်းတစ်ခု၏ အယူအဆများအပေါ် အခြေခံထားခြင်းပင်။

ကုတင်ကို နှစ်ထပ်ပုံစံ ဒီဇိုင်းဆွဲထားသည်။ အောက်တစ်ထပ်ကို အလျားလိုက်ထားပြီး ဘယ်ဘက်တွင် အဝတ်ဗီဒိုကြီးထားကာ ညာဘက်တွင်တော့ ဒုတိယထပ်ကို တက်မည့်လှေကား လုပ်ထားသည်။ အပေါ် ထပ်ကုတင်ကို ရေပြင်ညီအတိုင်းလုပ်ထားပြီး လုံခြုံရေးအတွက် လက်ရမ်းများကို ထည့်သွင်းထားသည်။ လှေကားများကို အံဆွဲများအဖြစ် ထည့်သွင်းထားပြီး ရရှိထားသည့်နေရာနှင့် အသုံးဝင်ပုံပေါ်မူတည်ပြီး အမြင်များကို ပေါင်းစပ်ထားသည်။

နေရာအကန့်အသတ်ဖြစ်နေသည့် ဂူလေးသည် အခုတော့ စပါးများနှင့် ပြည့်နှက်နေပြီး သက်တောင့်သက်သာဖြစ်မည့် လူနေမှုအခြေအနေကို သေချာအောင် ပြင်ဆင်ဖို့ရန် နေရာများကို ကျွန်းကျွမ်းကျင်ကျင် စီစဥ်ဖို့လိုအပ်လေသည်။

အယူအဆက စာရွက်ပေါ်တွင် ရှင်းလင်းသယောင် ရှိလှသော်ငြားလည်း အမှန်တကယ် တည်ဆောက်ခြင်းကတော့ တော်တော်လေး ရှုပ်ထွေးလိမ့်မည်။

ဒါသည် သာမန် ဗျက်ကုတင်မဟုတ်ပေ။ ဒါကို ကောင်းကောင်းလေး ဖြေရှင်းနိုင်ခဲ့လျှင် နေရာတစ်ခုလုံးအတွက် အပြည့်အဝစိတ်တိုင်းကျ ပြုလုပ်နိုင်သည့် အဖြေတစ်ခုအဖြစ် မြင်နိုင်လေသည်။

ပုံများကိုဆွဲနေစဥ် စန်းလော့သည် သံသယ ဖြစ်မိသော်ငြားလည်း သူမ၏အမြင်အတိုင်း အကောင်းဆုံးဖြစ်အောင် ဆွဲသားဖို့ ရွေးချယ်လိုက်ပြီး ကောင်းမွန်သည့်ပုံစံတစ်ခုက ဖန်တီးမှုကို ကန့်သတ်ထားလိမ့်မည် မဟုတ်သော်ငြားလည်း ဖြစ်လာနိုင်ချေ ရလာဒ်တစ်ခုကိုတော့ ဖော်ထုတ်ပေးနိုင်လေသည်။ နောက်ဆုံး ရလာဒ်ကတော့ လက်တွေ့တွင် ရရှိနိုင်မည့်အပေါ် မူတည်လေသည်။

ရှန်းလီက ဆွဲထားသည့်ပုံကို အနီးကပ် သေသေချာချာ လေ့လာနေသည်ကို တွေ့လိုက်သဖြင့် သူမက မဝံ့မရဲ မေးလိုက်သည်။

"ဒါက တော်တော်လေး ရှုပ်ထွေးတဲ့ အခန်းငယ်လေးတစ်ခု နီးပါးပဲ ဒါကို ရှင်လုပ်နိုင်မယ်လို့ ထင်လား"

ရှန်းလီက ခေါင်းငြိမ့်ပြသည်။

"အင်း အချိန်ပိုယူရလိမ့်မယ်၊ နောက်ပြီးတော့ မင်းဆွဲထားတဲ့ ပုံလောက်တော့ ကောင်းမယ် မထင်ဘူး။ ဒါပေမဲ့လည်း ဒီလောက်နီးနီး ရနိုင်တဲ့တခုကိုတော့ ကျွန်တော် လုပ်နိုင်ချင်ပါတယ်"

အဆင်ပြေလောက်သည်ဟု ကြားရသည်တွင် စန်းလော့၏ မျက်လုံးများမှာ အပြုံးတစ်ခုဖြင့် လင်းလက်သွားတော့သည်။

"ဒါနဲ့ ဆင်တူယိုးမှားတစ်ခုကို လုပ်နိုင်တယ်ဆိုရင်တောင် တော်တော်လေးလေးစားဖို့ ကောင်းနေပါပြီ အခု နောက်တစ်ခုကို ကြည့်လိုက်ပါအုံး"

ရှန်းလီက နောက်တစ်မျက်နှာသို့ ရောက်နှင့်နေပြီဖြစ်သည်။

ဒီစာရွက်ပေါ်က ပုံများကတော့ တော်တော်လေး ရိုးရှင်းသည့် စားပွဲတစ်ခုဖြစ်ပြီး ရွာတွင် သူတို့သုံးနေကြ လေးထောင့်စားပွဲနှင့် ကွာခြားကာ တုန်းဖူစားသောက်ဆိုင်တွင် တွေ့ရတတ်သည့် စားပွဲဝိုင်းများလောက်လဲ မကြီးပေ။ သို့သော် လေးထောင့်စတုဂံပုံစံဖြစ်သည်။ ထင်ရှားသည့်လက္ခဏာမှာ ထိုင်ခုံ နေရာတွင်ဖြစ်ပြီး သာမန်ခုံတန်းရှည်မျိုးမဟုတ်ပဲ စားပွဲတစ်လုံးလောက်ကျယ်သည့် နံရံပါသည့် ဆိုဖာတစ်ခုလို ထိုင်ခုံ ဖြစ်လေသည်။

ဒါသည် သလွန်တစ်ခုမဟုတ်ဘဲ ကျောမှီတစ်ခုနှင့် ပိုတူသည်။

တခြားဘက်တွင်တော့ ထိုင်ခုံငယ်လေးနှစ်ခုရှိသည်။

စန်းလော့က ရှင်းပြလိုက်၏။

"ဒီစားပွဲကို ထမင်းစားတာနဲ့ စာလုပ်ဖို့အတွက် သုံးလို့ရတယ်။ နံရံဘက်ကို မှီထားတဲ့ဟာကတော့ ကျောမှီပေါ့၊ သူ့ကိုတော့ အလုပ်မများတဲ့အချိန်ကြရင် အနား ယူဖို့ သုံးလို့ရတယ်။ ကျောမှီလေးတစ်ခုရှိတော့ ဂူနံရံကိုမှီထားစရာ မလိုတော့ဘူးလေ။ မျက်နှာချင်း ဆိုင်ဘက်က ထိုင်ခုံတွေကိုတော့ သုံးချင်တဲ့အချိန်ကြရင် ဆွဲထုတ်ထားပြီး မလိုအပ်တဲ့အချိန်ကြရင်တော့ စားပွဲအောက်ကို ပြန်ထည့်ထားလို့ရတယ်။ နေရာသက်သာတာပေါ့"

နံရံကိုမှီထားသည့်ထိုင်ခုံ သလွန်တစ်ခုဟု ခေါ်သော်ငြားလည်း ဆိုဖာတစ်ခု၏ ရိုးရှင်းသည့်ဗားရှင်းနှင့် ပိုတူသည်။ ခေတ်သစ် အနောက်တိုင်းစားသောက် ဆိုင်များ၏ ရိုးရှင်းသည့် သီးသန့်အခန်းလေးနှင့် တူလေသည်"

အိပ်ချိန်မှလွဲလျှင် တနေ့တာ အချိန်များစွာရှိနေသဖြင့် ပုံမှန်ခုံတန်းရှည်များနေရာတွင် ဒီလိုထိုင်ခုံအမျိုးအစားကို အစားသွင်းနိုင်လျှင် တော်တော်လေး အပန်းပြေလောက်သည်။ အနုစား ပရိဘောဂများအတွက် ဒေသအတွင်းရနိုင်သည့် ပစ္စည်းများကိုသုံးခြင်းဖြင့် သူတို့သည် ထိုင်စရာအခင်းခုံတစ်ခုကို ရက်လုပ်နိုင်ပြီး ခေါင်းအုံးတစ်လုံးကိုလဲ ရက်လုပ်နိုင်ကာ နေ့ခင်းဘက်တွင် အပန်းဖြေဖို့ရန် သက်တောင့်သက်သာရှိသည့် နေရာတစ်ခုကို ပြုလုပ်ပေးနိုင်လေသည်။

ရှန်းလီသည် အမှန်တကယ် အံ့အားသင့်ရပြီး သူမက ဒီလိုစိတ်ကူးမျိုး မည်သို့ ပုံဖော်ခဲ့ပါသနည်းဟု မေးချင်ခဲ့လေသည်။ သို့သော်ငြားလည်း သူက လေးလေးနက်နက် ခေါင်းငြိမ့်ပြလိုက်ပြီး ထိုအရာကို အမှန်ပင်လုပ်နိုင်ကြောင်း ပြောလိုက်ရသည်။

ခဏလောက်တုံ့ဆိုင်းသွားပြီးမှ သူက ထပ်ပြောလိုက်သည်။

"တကယ်လို့ ကျွန်တော်တို့တွေ ဒီလိုနှစ်စုံ ဖန်တီးနိုင်မယ်ဆိုရင် ဂူက တော်တော်လေးကို ကြည့်လို့ ကောင်းသွားမှာ"

သူသည် စန်းလော့ကို ချီးမွမ်းစကားပြောဖို့ရန် ရည်ရွယ်သော်လည်း သူ၏ချီးကျူးစကားက အတိုင်း အတာတစ်ခုအထိ ကျစ်လစ်သိုသိပ်နေသည်။

ချီးကျူးစကားကို အသားမကျဘဲ စန်းလော့က သူတို့သည် ဒါကိုပြုလုပ်နိုင်သည်ဟု သူက ပြောလာသဖြင့် ဝမ်းသာရလေသည်။ သူမက သူမ၏ကိုယ်ပိုင်စိတ်ကူးကို ချီးကျူးစကားပြောလေသည်။

"ဟုတ်တယ်မလား ကျွန်မလဲ အဲလိုပဲတွေးတယ်။ ဒါက တော်တော်လေးကို ရှုပ်ထွေးပုံရတယ် ဒါပေမဲ့လည်း အရှေ့ဘက်နဲ့ ညာဘက်ခြမ်းအပေါ်နဲ့ အောက်ဘက်မှာ သစ်သားနံရံတွေ ရှိနေတယ်ဆိုရင်တော့ အားလုံးက သဘာဝ သစ်သားအရောင်တွေပဲလေ၊ ဒါက ဂူတစ်ခုလုံးကို လင်းသွားစေမှာ အလင်းရောင်ကိုလဲ ပိုပြီးရလာစေမှာ ပိုပြီးတော့ အရေးအကြီးဆုံးကတော့ သန့်ရှင်းအောင် ထားနိုင်တယ်လေ"

"ကျွန်မကလဲ ရှင့်ကို ဒီနေရာတွေကို လုပ်ကူပေးနိုင်ပါတယ်။ ကျွန်မက ကြီးမားတဲ့တာဝန်တွေကို မကိုင်တွယ်နိုင်ဘူး ဆိုပေမဲ့လည်း ဒီလို ရိုးရှင်းတာတွေကိုတော့ လုပ်နိုင်ပါသေးတယ်။ ကျွန်မ လတ်တလောမှာ ဦးလေးယိုထျန်းနောက်ကိုလိုက်ပြီး တော်တော်လေးကို သင်ယူထားခဲ့တာ အတူတူလုပ်မယ်ဆိုရင် ကျွန်မတို့တွေ ပိုပြီးတော့ မြန်မြန်ဆန်ဆန် ပြီးနိုင်လောက်တယ်"

ရှန်းလီက အမြဲတမ်း ကြမ်းပြင်ပေါ်တွင် အိပ်နေရသည်ဖြစ်သဖြင့် စန်းလော့သည် ထိုကိစ္စနှင့်ပတ်သတ်ပြီး တော်တော်လေး စိတ်မအေးရသလို ခံစားမိလေသည်။

ရှန်းလီသည် လက်ဟန်ခြေဟန်ဖြင့် စကားပြောနေသည့် စန်းလော့ကိုကြည့်လိုက်ရင်း သူ့မျက်လုံးထဲတွင် အပြုံးတစ်ခု လင်းလက်လာတော့သည်။ သူမ သူ့ကိုပေးခဲ့သည့် ပုံဆွဲစာရွက်ကို ပြန်စဥ်းစားလိုက်ပြီး သူက သူမ၏နောက်ကျောကို လှမ်းကြည့်လိုက်ကာ အဖုံးပါသည့်သစ်သားဆန်အိုးတစ်ခုလို စည်တစ်ခုကို သတိထားမိလိုက်သည်။ မြေကြီးပေါ်က ထိုပစ္စည်း၏ဘေးတွင် ယက်ထားသည့် ကောက်ရိုးဖျာတစ်ခုကို သတိထားမိလိုက်သည်။

ဂူ၏မှိန်ပျပျအလင်းရောင်နဲ့ စည်၏သေးငယ်သည့် အရွယ်အစားကြောင့် မထင်မရှား အရွယ်အစားတစ်ခုဖြစ်လေရာ သူသည် ထိုအရာကို အစပိုင်းတုန်းက သတိမထားမိခဲ့ခြင်းပင်။

"ဦးလေးယိုထျန်းက မင်းကို လုပ်ပေးထားတာလား"

စန်းလော့က အပြုံးတစ်ခုဖြင့် ခေါင်းငြိမ့်ပြသည်။

"မဆိုးဘူးနော် ဟုတ်တယ်မလား၊ ကျွန်မက သစ်သားတွေကို ရွေပေါ်ထိုးပေးထားတာလေ ဦလေးယိုထျန်းက ဒီလိုသစ်ကတိုးအသားက ပိုမွှားတွေကို ကာကွယ်ပေးနိုင်တော့ စပါးထည့်ဖို့အတွက် အကောင်းဆုံးပဲတဲ့၊ အဖုံးကတော့ အပေါ်မှာ ကောက်ရိုးဖျာလေးခင်းလိုက်ရင် စားပွဲတစ်ခုလို နှစ်ဖက်သုံးလို့ရတယ်။ အဲဒီနေရာမှာ ကျွန်မက ပုံတွေကိုဆွဲခဲ့တာပေါ့"

အစပိုင်းတွင် သူမသည် ဝဥခြောက်များကိုသို လှောင်ဖို့ရန်အတွက် စည်ပိုင်းများကို ထွင်းထုဖို့ရန် ပိုပြီးလုပ်အားသုံးရသည့် ချဥ်းကပ်မှုမျိုးကို စဥ်းစားခဲ့လေသည်။ သို့သော်ငြားလည်း သစ်များကို ရွေပေါ်ထိုးရသဖြင့် အလေအလွင့်ကို စဥ်းစားမိလေရာ သူမက ချီတုံချတုံ ဖြစ်လေသည်။ ချန်းမိသားစုအိမ်သို့ လွှတစ်ချောင်း သွားငှားသည့်ခရီးအတွင်း သူမက ချန်းယိုထျန်းနှင့် တိုင်ပင်လိုက်သည်။

ရေစည်များကိုပြုလုပ်သည့် ချန်းယိုထျန်း၏ အရည်အချင်းက သာမန်မျှသာဖြစ်ပြီး ယိုပေါက်အနည်းငယ်မျှပါနေရာ သို့တိုင် ထိုအရာများကို စပါးသိုလှောင်ဖို့အတွက် သင့်တော်လေသည်။ ထို့ကြောင့် သူတို့သည် ဒါကို တူတူလုပ်ဖို့ဖြစ်လာကြသည်။

စန်းလော့က ဂူ၏ဒီဇိုင်းကို သေသေချာချာ စဥ်းစားလာခဲ့ပြီး တကယ့်စားပွဲတစ်ခု မရခင်အချိန်အထိ ရက်လုပ်ထားသည့် ဖျာတစ်ခုနှင့် စားပွဲငယ်လေးတစ်ခုအဖြစ် အသုံးချနိုင်သည်။ ဆန်ထည့်သည့်စည်တစ်ခုကို ပြုလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

ရှန်းလီက ချီးကျူးစကားပြောလိုက်သည်။

"တော်တော်လေးကို ကောင်းတာပဲ"

သူက စန်းလော့၏လက်ကို တိတ်တိတ်ကလေး လှမ်းကြည့်လိုက်သည်။

တချို့သောသစ်သားဖြင့်လုပ်ရသည့် အလုပ်က လက်များကို ကြမ်းတမ်းနိုင်စေသည်ကို သတိထားမိရာ သူမက ချန်းယိုထျန်းနှင့် မည်သို့သောအလုပ်များ တာဝန်ယူပါသနည်းဟု စဥ်းစားမိလေသည်။

စန်းလော့သည် ကြက်ခြံတစ်ခုကို တည်ဆောက်ရင်း ဝါးအစအနများ စူးခဲ့မိသည့်အကြောင်း ရှန်းအန်းပြောခဲ့သည်ကို သတိရမိလေသည်။

သူတို့စကားပြောနေစဥ်အတွင်း ရှန်းအန်းနှင့်ရှန်းနဥ်တို့က ခြင်းများနှင့် မီးမွှေးစာများကိုယူကာ ဝင်လာသည်။

ရှန်းနဥ်က မြေအိုးကို ကျွန်းကျွမ်းကျင်ကျင် ချထားလိုက်ပြီး မေးလိုက်လေသည်။

"အစ်ကိုကြီး အစ်ကိုကြီး ဘာစားချင်လဲ"

ကလေးမလေးသည် အချက်အပြုတ်တွင် အရည်အချင်းတစ်ခု ပိုင်ဆိုင်ထားပြီး သူမ၏အစ်ကိုကြီးအတွက် တစ်ခုခုကို ချက်ပြုတ်ပေးဖို့ ပြင်ဆင်ကာ ယောင်းမဖြစ်သူကို မီးဖိုချောင်တာဝန်မှ ကင်းလွတ်အောင် လုပ်ပေးလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ရပါတယ် ဒီတိုင်း ရိုးရိုးရှင်းရှင်းလေးပေါ့"

"ဟုတ်ပြီ ညီမလေးက အစ်ကို့အတွက် ဂျုံဖတ်စွပ်ပြုတ် လုပ်ပေးမယ်ဆိုရင် ဘယ်လိုလဲ"

ဂျုံများသည် ပိုမိုကောင်းမွန်သည့် ကောက်နှံတစ်ခု ဖြစ်သော်ငြားလည်း ချက်ပြုတ်ရာတွင် အမြန်ဆန်ဆုံးဖြစ်သည်။ စန်းလော့က ထိုအရာများကို အိတ်ကြီးတော်တော်များများဖြင့် သိုလှောင်ထားခဲ့သည်။

ရှန်းလီက ခေါင်းငြိမ့်လိုက်သည်။

"တော်တော်လေး ကောင်းတာပဲ"

သစ်ကိုင်းခြောက်လေးတစ်ခုကို သယ်ထားသည့် ရှန်းအန်းက ဆီးမီးအိမ်ကို မီးထွန်းပေးဖို့ရောက်လာပြီး အစ်ကိုဖြစ်သူနှင့် မရီးဖြစ်သူတို့ကို ဖြတ်အသွားတွင် အစ်ကိုဖြစ်သူ၏လက်ထဲက ပုံများကို သတိ ထားမိလိုက်သည်။

"အစ်ကို မရီးဆွဲထားတဲ့ပုံတွေက တကယ်ကောင်းတယ်နော်၊ အစ်ကိုတကယ်ပဲ ဒါတွေကို လုပ်နိုင်လား"

ရှန်းလီက ပြုံးလိုက်ပြီး သူက ထိုအရာများကို လုပ်နိုင်သည်ဟု ပြောလိုက်ချိန်တွင် စန်းလော့၏မျက်လုံးထဲက တူညီသည့် အလင်းရောင်များကို ပြန်စဥ်းစားမိလိုက်ကာ

"အင်း ငါလုပ်နိုင်တယ်"

"တကယ်လား အရမ်းကောင်းတာပဲ"

ရှန်းအန်းက ဝမ်းသာအားရ ဝင်ပြောလေသည်။ စန်းလော့ ပုံဆွဲနေသည်ကို တနေ့လုံးမြင်လာခဲ့ရာ ပုံစံများက သူတို့၏ အရင်အိမ်ထက်ပင် အများကြီးပိုပြီးလှသည်ဟု စဥ်းစားမိသည်။

မောင်နှမနှစ်ယောက်သည် အလွန်မှဝမ်းသာအားရ ဖြစ်သွားပြီး ကိုယ့်ဟာကိုယ် မထိန်းနိုင်တော့ဘဲ ပျော်ပျော်ရွှင်ရွှင်ဖြင့် ခုန်ဆွခုန်ဆွလေး လုပ်နေကြသည်။ စန်းလော့က သူတို့၏စိတ်အားထက်သန်ပုံကို ရယ်မောလိုက်ပြီး ရှန်းလီ၏ မျက်လုံးများလဲ ပျော်ရွှင်မှုဖြင့် သွက်သွက်လက်လက် ဖြစ်နေလေသည်။

စာရွက်များကို စန်းလော့ထံသို့ ပြန်ပေးလိုက်ရင်း

"အခုလောလောဆယ်တော့ မင်းဒါတွေကို သိမ်းထားလိုက်ပါ"

စန်းလော့က စာရွက်များကို ပြန်ယူလိုက်ပြီး သစ်သားစည်၏ အဖုံးပေါ်တွင် တင်ထားလိုက်ကာ စာရွက်များအပေါ်တွင် လက်လုပ်မီးသွေးခဲတံ တစ်ချောင်းကို ဖိထားလိုက်သည်။

ရှန်းလီက နောက်တစ်ချက် ပြန်ကြည့်လိုက်၏။

သူ့အကြည့်ကို သတိထားမိလိုက်သည်တွင် စန်းလော့က ခဲတံကိုလှမ်းပေးလိုက်ပြီး

"ကျွန်မ ဒါကို မီးသွေးကနေ လုပ်ထားတာလေ ပန်းချီဆွဲတုန်းက ဒါကိုသုံးခဲ့တာပေါ့"

ရှန်းလီက မီးသွေးခဲတံကို လှမ်းယူလိုက်ပြီး အဖျားကို သေသေချာချာလေး ချွန်ထားပြီး ကိုယ်ထည်ကို နွယ်ကြိုးများဖြင့် ရစ်ပတ်ထားပြီး ကိုင်လိုက်လျှင် လက်များကိုသန့်ရှင်းနေအောင် ထားပေးသည်ကို သတိထားမိလိုက်သည်။

"တကယ်ကောင်းတဲ့ လက်ရာပဲ"

ရှန်းနဥ်က ညစာကိုပြင်ဆင်ပေးလိုက်ပြီး မစားခင်တွင် သူမက သူ့မ၏အစ်ကိုဆီ ရေချိုးဖို့အတွက် ရေနွေးများကို ယူလာပေးလိုက်သည်။

သန့်စင်ခန်းထဲတွင် ကျောက်ပြားများကို ခင်းထားပြီး ယာယီပြောင်းရွှေ့လာသည့် ရေချိုးကန်တစ်ခုက ကသီလင်တ မဖြစ်ပေ။ ရေများသည် မြောင်းအတွင်းမှ မြန်မြန်စီးဆင်းသွားပြီး ကျောက်ပြားများက မြန်မြန်ဆန်ဆန် ခြောက်သွေ့သွားသည်။

ထို့ကြောင့် ရေချိုးရန်ပြင်ဆင်ပြီးနောက်တွင် ရှန်းလီက ရေချိုးဖို့အတွက် သန့်စင်ခန်းဘက်သို့ ဦးတည်သွားလိုက်ပြီး ရေကိုခပ်နေစဥ် ရှန်းအန်းက ဇလုံနှင့်သဘက်များကို ကူသယ်လာပေးသည်။

ဂူအပြင်သို့ လှမ်းထွက်လိုက်သည်တွင် ရှန်းလီသည် ခဏလောက်တုံ့ဆိုင်းသွားပြီး သူမရှိသည့်၁၀ရက်တာအတွင်းတွင် သူတို့၏အိမ်လေးက သိသိသာသာ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။

စည်တစ်ခုနှင့်ဖျာများ ပိုလာသည်ကတစ်ကြောင်း သို့သော်ငြား မီးအလင်းရောင်အောက်တွင် သူတို့၏တံခါးအပြင်ဘက်က သစ်ပင်နှစ်ပင်အောက်တွင် အသစ်ပြုလုပ်ထားသည့် သစ်သားစင်များကို သတိထားမိလိုက်သည်။ အရွယ်အစားအမျိုးမျိုး၊ အမြင့်အမျိုးမျိုးရှိသည့် စင်ပေါင်း၁၁ခု ၁၂ခုလောက်ရှိပြီး နိမ့်သည့်စင်က နှစ်ထပ်ဖြစ်ကာ ပိုမြင့်သည့်စင်ကလေးထပ်ဖြစ်သည်။ ထိုစင်များကို မြေဆွေးများဖြည့်ထားသည့် သေးငယ်သည့် သစ်သားဗူးလေးများနှင့် သေသေချာချာလေး စီရီထားသည်။

သူ့အကြည့်ကို လိုက်ကြည့်မိသည်တွင် ရှန်းအန်းက ရှင်းပြလိုက်၏။

"မရီးက ဒီစိတ်ကူးကို ရလာတာလေ၊ အားနဥ်နဲ့ကျွန်တော်က သူ့ကိုကူပေးခဲ့တာ၊ နေရာအများကြီးမလိုအပ်တဲ့ အသီးပင်အရွက်ပင်တွေက ဒီလို သစ်သားသေတ္တာလေးထဲမှာ စိုက်နိုင်တယ်လို့ ပြောတယ်၊ အနိမ့်ဆုံးအထပ်က ကြက်နဲ့ဘဲတွေ မမှီနိုင်လောက်အောင် မြင့်တယ်။ ဒီလိုဆိုရင် ဒီနေရာမှာပဲ နောက်ထပ် သီးပင်စားပင်တွေကို စိုက်ပျိုးနိုင်ပြီး တောင်ဘေးကနေရာမှာကိုတော့ နေရောင်ခြည်ကြိုက်တဲ့ အသီးအရွက်တွေနဲ့ ပဲစေ့တွေကို စိုက်ပျိုးနိုင်ပြီး ကျွန်တော်တို့ရဲ့အဓိက အစားအသောက်ရိက္ခာကိုလဲ တိုးလာအောင် လုပ်နိုင်တယ်တဲ့"

ဂုဏ်ယူပြီး လေးစားမှုက သူ့အသံထဲတွင် လင်းလက်နေသည်။

"မရီးကလေ တကယ်ဉာဏ်ကောင်းတာ၊ အခုဆိုရင် တခြားမိသားစုတွေက ကျွန်တော်တို့ရဲ့နည်းလမ်းကို အတုခိုးယူပြီး အသီးအရွက်စိုက်ပျိုးဖို့ ဒီလိုသစ် သားစင်တွေကို ဆောက်ထားကြတယ်လေ"

ရှန်းလီ၏နှုတ်ခမ်းများသည် အပြုံးတစ်ခုအသွင် ကွေးသွားတော့သည်။

"အမှန်ပဲ အရမ်းဉာဏ်ကောင်းတယ်"

အိပ်ယာဝင်ချိန်တွင် ရှန်းလီက ကြမ်းခင်းပေါ်တွင် အိပ်ဖို့ရန် ပြင်ဆင်လိုက်သော်လည်း ရှန်းအန်းက ကြားဖြတ်ပြောလိုက်သည်။

"အစ်ကိုကြီး အရင်ဆုံး အိပ်ယာခင်းသစ်သားပြားကို ရွှေ့ရအောင်"

ထိုအခါမှ သူသည် သဘောပေါက်သွားတော့သည်။ သူ့တွင် ကုတင်တစ်ခု မရှိသေးသဖြင့် စန်းလော့က ကလေးများ၏ အကူအညီဖြင့် သူ့အတွက် အိပ်ရာပျဥ်ပြားကို ပြုလုပ်ထားပေးသည်ဖြစ်ရာ အစောပိုင်းတွင် စပါးလှောင်ထားသည့်စင်၏ အနောက်ဘက်တွင် ထားထားခြင်းဖြစ်လေသည်။

ရှန်းလီက တခစ်ခစ် ရယ်မောလိုက်သည်။ သူ့မိသားစုသည် သူမရှိသည့်တိုင် အရာအားလုံးကို သေသေချာချာ စဥ်းစားပေးထားသည်။

ရှန်းအန်းက ပျော်ပျော်ရွှင်ရွှင်ဖြင့် အိပ်ယာခင်းကူလိုက်ပြီး ထို့နောက်တွင် သူ့အစ်ကိုဘေးက အိပ်သည့်နေရာလေးသို့ တက်သွားလေသည်။

စန်းလော့က ရှန်းလီအတွက် အိပ်ယာပျဥ်ပြားတစ်ခုကို လုပ်ပေးထားသဖြင့် ရှန်းအန်းက ထိုပျဥ်ပြားလေး၏ဘေးက ကြမ်းပြင်ပေါ်တွင် သူ့ကိုယ်ပိုင်အိပ်ယာလေးကို စတင်ပြုလုပ်ပြီး ယောက်ကျားနှင့်မိန်းမကြားက ကွာခြားချက်အကြောင်းကို ပိုပြီးနားလည်လာသည်။ အထူးသဖြင့် သူသည် ထိုအရာများကို နားလည်သည့် ဝမ်ယွင်ကျန့်နှင့်ရွှီမောင်နှမတို့နှင့်အတူ နေ့ရက်များကို ကုန်ဆုံးခဲ့ခြင်းကြောင့်ပင်။

ညပိုင်းတွင် အိပ်ယာပေါ်၌လဲလျောင်းရင်း ရှန်းလီက ကိုယ့်ဟာကိုယ် ရစ်ငှက်များကို ထောင်ဖမ်းတတ်နေပြီဖြစ်သည့် ရှန်းကျင့်၏ အခြေအနေအပါအဝင် အပြင်လောကက အကြောင်းအရာများကို ဝေငှလိုက်လေသည်။ ဒါက ရှန်းအန်းနှင့်ရှန်းနဥ်တို့ကို တအံ့တသြ ဖြစ်ရစေပြီး သူတို့ကို စမ်းကြည့်ဖို့ရန် စိတ်အားထက်သန်လာစေရာ သို့သော်ငြားလည်း ဒီနေရာက နက်ရှိုင်းလှသည့် သစ်တောဖြစ်ပြီး ရွာနှင့်ကွာခြားကြောင်းကို နားလည်ပြီး မကြာခဏဆိုသလို ညပိုင်းတွင် ဟိန်းသံများကိုလဲ ကြားရလေသည်။

ထို့နေ့ညတွင် အစားအသောက်ခေါင်းစဥ်က အရင်က တခါမှမရှိသည့်အတိုင်း ပါဝင်ထည့်ပြောခြင်းမရှိပေ။ ရှန်းအန်းက မေးချင်ပါသော်ငြားလည်း သူ့အစ်ကိုနှင့်မရီးတို့က သူနှင့်သူ၏ညီမဖြစ်သူကို ဒီအကြောင်းအရာမှ တမင်ဖယ်ထားသည်ကို သတိထားမိလိုက်ပြီး ဒါက မေးမြန်းဖို့ရန် မသင့်တော်သည့်အကြောင်းကိုလဲ သူကသိလေသည်။

နောက်တနေ့တွင် ရှန်းလီနှင့်စန်းလော့တို့က စောစော အိပ်ယာထကြပြီး မနက်စာမစားခင် လူအများက ရောက်လာကာ သူတို့သည် အမဲလိုက်ဖို့ရန် လျှိုမြောင်ထဲက ထွက်နိုင်သလား သို့မဟုတ် တောဟင်းရွက်များကို စုဆောင်းနိုင်မလားဟု လာရောက်မေးမြန်းကြသည်။

လျှိုမြောင်ထဲက လူတိုင်းက လတ်ဆတ်သည့် အစားအသောက်ကို စိတ်အားထက်သန်ကြပြီး အပြင်ဘက်က အခြေအနေကို သတိထားမိသဖြင့် သူတို့တတ်နိုင်သလောက် သိုလှောင်ထားဖို့ရန် မျှော်လင့်နေကြသည်။

အစောဆုံးရောက်လာသူများမှာ လုအဘွားနှင့်လုအဘိုးတို့ ဖြစ်လေသည်။

ရှန်းလီက ပြုံးပြလိုက်ပြီး စိတ်အားထင်သန်နေသည့် ဝမ်ချွန်းဉာဏ်ကို တစ်ချက်ကြည့်လိုက်ပြီး အမဲလိုက်သွားဖို့ရန် သဘောတူခြင်းလဲ မလုပ်သလို ငြင်းပယ်လိုက်ခြင်းလဲ မလုပ်ပေ။ သူက ဒီအတိုင်း ပြောလိုက်လေသည်။

"စောင့်ကြည့်ပါအုံးမယ်၊ မနက်စာစားပြီးသွားရင် အားလုံးက ပြန်လာကြပါ၊ ကျွန်တော်က အမဲလိုက်မသွားခင်နဲ့ တောထဲမှာ ဟင်းရွက်မရှာခင် တိုင်ပင်စရာတစ်ချို့ ရှိပါသေးတယ်"

စန်းလော့သည် မနက်စာပြင်ဆင်နေရင်း သူ့စကားကြောင့် ပြုံးမိလေသည်။

...

အပိုင်း (၁၄၆) ဝမ်ချွန်းညန်က ဘာဖြစ်ချင်တာလဲ။

လမ်းတွင် လုလင်မယားနှင့် လာရောက်ပူပေါင်းသူများက ကျိုးလင်မယား ဖြစ်လေသည်။ ရှန်းလီက အရေးကြီးစကား ပြောရန်ရှိသည်ဟု ကြားလိုက်သည်တွင် သူတို့သည် ထိုကိစ္စကို အများကြီးစဥ်းစားမနေဘဲ ဒီနေ့သည် လူငယ်များအတွက် ပထမဦးဆုံး တရားဝင်အနားယူသည့်နေ့ဖြစ်ကာ လျှိုမြောင်ထဲတွင် နေထိုင်နိုင်သည်ဟုသာ စဥ်းစားလိုက်လေသည်။ အနာဂတ်အစီအစဥ်ကို တိုင်ပင်သည့်အရေးက ကျိုးလင်မယားအတွက်တော့ သာမန်အကြောင်းအရာ ဖြစ်နေသယောင်။

ကျိုးချွမ်ကျန့်က ဒီအတိုင်း သဘောတူလိုက်သည်။

"ကောင်းပြီလေ ငါ့မိသားစုတွေကို အသိပေးပြီးရင် မနက်စာစားပြီး ပြန်လာခဲ့မယ်။ ရွှီမိသားစုကိုလဲ အကြောင်းကြားပေးလိုက်မယ်"

ဒီစကားကိုကြားလိုက်ချိန်တွင် အဘိုးလုကလဲ သူ့မိသားစုကို အကြောင်းကြားပေးဖို့ သဘောတူလိုက်ပြီး မနက်စာစားဖို့ရန် ပြန်လာလိုက်သည်။

အဖွဲ့က ပြန်လှည့်လာကြပြီး ဝမ်ချွန်းညန်က နောက်မှ တရွေ့ရွေ့ လိုက်လာခဲ့သည်။ သူမက ကိုယ်ကိုပြန်လှည့်လိုက်သည်နှင့် နှခေါင်းရှုံ့လိုက်လေသည်။

သူမက စဥ်းစားလိုက်သည်။ အပြင်လေးထွက်ပြီး တောဟင်းရွက်လေး ခူးတာကို ဆွေးနွေးဖို့များ ဘာက ကြီးကြီးကျယ်ကျယ်ဖြစ်နေတဲ့ အတိုင်းပဲ။

ဝမ်ချွန်းညန်သည် သူမကို လျှိုမြောင်ထဲတွင် အသိအမှတ် မပြုကြကြောင်း သိထားသော်ငြားလည်း သူမက ကိုယ့်ဟာကိုယ် မြိုသိပ်ထားလိုက်ကာ သူမ၏ မကျေနပ်ချက်ကို တယောက်တည်း ရေရွတ်နေတတ်ပြီး မသင့်လျော်သည့် အပြုအမူများကို ပေါ်ပေါ်တင်တင် ချမပြပေ။ အထူးသဖြင့် တခြားသူများ၏ နောက်ကွယ်တွင်ဖြစ်သည်။

ရှန်းအန်းနှင့် ဝမ်ယွင်ကျန့်တို့သည် မနက်ခင်း စာဖတ်အပြီးပြန်အလာ သူတို့၏အိမ်နားအရောက်တွင် ဝမ်ချွန်းညန်၏ အထင်သေး ရွံရှာနေသည့် အမူအယာကို ဖြတ်ခနဲမြင်လိုက်ရသည်။ ရှန်းအန်းမှာ တဒင်္ဂ တအံ့တသြဖြစ်သွားပြီး သူ့မျက်လုံးကများ သူ့ကို လှည့်စားနေသလားဟု စဥ်းစားမိကာ နောက်တစ်ချက် ကြည့်လိုက်လေသည်။

ဝမ်ချွန်းညန်သည် မဲ့ရွဲ့လိုက်ရုံရှိသေး ရုတ်တရက် ရှန်းအန်း၏အကြည့်နှင့်တွေ့ဆုံသွားကာ သူမမှာ ရင်တစ်ချက် ခုန်သွားပြီး အလန့်တကြားအော်မိမလို ဖြစ်သွားတော့သည်။

သူမ၏ အော်တော့မည့်ဆဲဆဲအသံကို ခက်ခက်ခဲခဲ မြိုသိပ်ထားလိုက်ရင်း သူမက အတင်းလုပ်ယူကာ ပြုံးလိုက်လေသည်။

"ရှန်းအန်း ရှန်းနဥ် စာဖတ်တာကနေ ပြန်လာကြပြီလား"

ရှန်းအန်းနှင့်ရှန်းနဥ်တို့သည် ခေါင်းငြိမ့်ပြလိုက်ပြီး ရွှီမောင်နှမနှင့်အတူ ကျိုးချွမ်ကျန့်နှင့် တခြားသူများကို ရပ်ကာနှုတ်ဆက်လိုက်သည်။

ကျိုးချွမ်ကျန့်နှင့် လုအဘိုးတို့ ထွက်သွားပြီးနောက်မှ ရှန်းအန်းက ရှန်းနဥ်ကို တိတ်တိတ်ကလေး မေးလိုက်သည်။

"ခုနတုန်းက လုအဒေါ်ရဲ့အမူအယာက နည်းနည်းလေး ထူးဆန်းနေသလိုပဲနော်"

သတိမထားလိုက်မိသည့် ရှန်းနဥ်က ဇဝေဇဝါဖြစ်သွားကာ

"တကယ်လား"

ထွက်သွားသည့် ဝမ်ချွန်းညန်၏ပုံရိပ်ကို ကြည့်နေရင်း ဝမ်ယွင်ကျန့်က ခေါင်းငြိမ့်လိုက်သည်။

"သူ တကယ် မဲ့ရွဲ့သွားတာ"

ရှန်းအန်းက ဝမ်ချွန်းညန်၏ ကျောပြင်ကို ထပ်ကြည့်လိုက်ပြီး သူတွေ့ရှိချက်ကို အတည်ပြုလိုက်လေသည်။

ထိုအချိန်တွင် ရှန်းလီက ဂူထဲပြန်ဝင်လာပြီး စန်းလော့၏ ပုံကြမ်းစာရွက်ကို ကိုင်ကာ ဂူနံရံ၏အတိုင်း အတာနှင့် လိုအပ်သည့် ချိတ်ဆက်မှုများကို စစ်ဆေးလိုက်သည်။ ရှန်းအန်းက အနားတိုးကပ်လာပြီး မေးလိုက်လေသည်။

"အစ်ကို လုအဘိုးနဲ့ဦးလေးကျိုးက ကိစ္စရှိလို့ရောက်လာတာလား"

ရှန်းလီက သူ့ကိုလှမ်းကြည့်လိုက်ပြီး "ဘာလို့မေးတာလဲ"

ရှန်းအန်းက ရှင်းပြလိုက်သည်။

"အခုလေးတင် အဒေါ်လု ထွက်သွားတာလေ ဟုတ်တယ်။မလား။ ရှန်းနဥ် ယွင်ကျန့်နဲ့ကျွန်တော်က ပြန်လာတဲ့အချိန်မှာ သူက ပြန်လှည့်လာတာနဲ့ ကျွန်တော်တို့ မျက်နှာချင်းဆိုင် တွေ့ကြတယ်။ သူ မဲ့ရွဲ့လိုက်တာကို ကျွန်တော်မြင်လိုက်တယ်။၊ ခဏလေးပါပဲ ကျွန်တော်က အမြင်မှားတယ်။လို့ ထင်သွားတာ ဒါပေမဲ့ ယွင်ကျန့်ကလဲ မြင်လိုက်တယ်။တဲ့"

ဒီစကားကို ကြားလိုက်သည်တွင် ရှန်းလီက အံသြဟန်မပြဘဲ သူ၏အထင်သေးစိတ်က ပိုမိုနက်ရှိုင်းသွားတော့သည်။

အရှက်မရှိ ကျေးဇူးကန်းပြီး မတင်းတိမ်တတ်ဘူး။

လျှိုမြောင်အပြင်ဘက်ကို ထွက်ရင်တော့ လုမိသားစုရဲ့ ပထမအိမ်ထောင်စုနဲ့ တတ်နိုင်သလောက် ခပ်ကင်းကင်းနေမှ ဖြစ်မယ်။

သူ၏ခံစားချက်များက သူ့မျက်နှာပေါ်တွင် ခဏတာ ဖျတ်ခနဲ လက်သွားလေသည်။ သို့သော်ငြားလည်း သူ့အသံကတော့ တည်ငြိမ်နေဆဲပင်။

"ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး။ မင်းစာအုပ်ကို သိမ်းပြီး မင်းရဲ့ဦးလေးချန်းနဲ့ အဘွားရွှီတို့ကို သွားပြောလိုက်အုံး၊ မနက်စာစားပြီးရင် လာခဲ့ပေးပါလို့ ငါတို့တွေက လျှိုမြောင်ထဲက ထွက်ဖို့အတွက် နောက်ပိုင်းအစီအစဥ်တွေကို တိုင်ပင်ဖို့ လိုတယ်။လို့ပြောလိုက်"

ကိစ္စကြီး မဟုတ်ဘူးတဲ့လား။

ဇဝေဇဝါဖြစ်သွားပြီး ရှန်းအန်းက ခေါင်းငြိမ့်ပြလိုက်ကာ ဝါးစာလိတ်လေးကို အဝတ်အိတ်လေးတစ်ခု ထဲထည့်လိုက်ပြီး စင်ပေါ်တွင် သိမ်းဆည်းထားကာ ထွက်သွားလေသည်။

သူသည် ဂူအပြင်သို့ရောက်လာပြီး ခြေလှမ်းအနည်းငယ်က ချီတုံချတုံ ဖြစ်သွားလေသည်။

လျှိုမြောင်ထဲကထွက်ဖို့ ချန်းမိသားစုနဲ့ရွှီမိသားစုကိုပဲ အကြောင်းကြားရမယ်။ တခြားမျက်နှာခြင်းဆိုင်က မိသားစု၃ခုကရော...

လုမိသားစုနဲ့ ကျိုးမိသားစုတို့က ခုနတုန်းက ဒီကိုရောက်လာတယ်။ ကြည့်ရတာရွှီမိသားစုက သူတို့ကနေတစ်ဆင့် ကြားသွားမယ် ထင်တယ်။ ဒါဆိုရင် အစ်ကိုကြီးက ဂူအဝင်အဝမှာ အဘိုးလုကို ပြောနေတဲ့အကြောင်းအရာက မနက်စာစားပြီး စုဝေးမယ်ဆိုတာ လျှိုမြောင်အပြင်ဘက်ကိုထွက်ဖို့ တိုင်ပင်ဖို့များလား။

ဒီလောက်သာမန်စကားလေးကို ဘာဖြစ်လို့အဒေါ်လုက မဲ့ရွဲ့နေတာလဲ။

ရှန်းအန်းသည် သူ့အစ်ကို၏စကားနှင့်ပတ်သတ်ပြီး သေသေချာချာ စဥ်းစားလိုက်ပြီးနောက်တွင် သူတွေ့ခဲ့လိုက်သည့် ဝမ်ချွန်းညန်၏ မျက်နှာပေါ်က အမူအယာကို စဥ်းစားလိုက်လေသည်။ ဒါက လှောင်နေတာများလား။

သူ့နှုတ်ခမ်းများမှာ တင်းမာသွားပြီး စိတ်ထဲတွင်တော့ မကျေမနပ် ဖြစ်သွားတော့သည်။

သူ့အစ်ကိုနဲ့ အစ်ကိုတရှန်က လူတိုင်းအတွက် လပေါင်းများစွာ ပင်ပင်ပန်းပန်းနဲ့ ဦးဆောင်ပေးရတာ မနေ့ညတုန်းကမှ အနားယူရတာ အခုကြတော့ သူတို့တွေက အစားအသောက်အတွက် လူတွေကို ဦးဆောင်ပြီး အပြင်ထပ်ထွက်ရအုံးမယ်တဲ့။ အပြင်မထွက်ခင် စကားလေး နည်းနည်းပါးပါးက လှောင်စရာရှိလို့လား။

ဘာကို လှောင်ချင်နေတာလဲ။ ဘာအတွက်လဲ။

ဒေါသထွက်ထွက်ဖြင့် သူသည် လျှိုမြောင်၏မျက်နှာချင်းဆိုင်က တောင်လမ်းတစ်လျှောက်တွင် လမ်းလျှောက်နေဆဲဖြစ်သည့် ဝမ်ချွန်းညန်ကို လှမ်းကြည့်လိုက်သည်။ သူမသည် ဟူကျီ၏ အမေဖြစ်သည့်တိုင် သူသည် ဒေါသထွက်မိဆဲပင်။

နောက်ပြီးတော့ သူတို့အိမ်က စပါးအိတ်ကိုရော ဘယ်သူ ဖြတ်သွားတာလဲ။ ဒီကိစ္စကလဲ အခုအထိ မဖြေရှင်းရသေးဘူး။ သူ့ရဲ့မရီးက သူ့ရှေ့မှာ ဒီအကြောင်းတိုင်ပင်ဖို့ ရှောင်နေတယ်။ သူလဲ ဒီအကြောင်းကို မစဥ်းစားရဲဘူး။

ယခုတော့ ရှန်းအန်းသည် ဝမ်ချွန်းညန်ကို နောက်တစ်ကြိမ် လှမ်းမကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားတော့သည်။

ဧကန္တ....

သူသည် သူ့နှင့်အတူတူ ကြီးပြင်းလာသည့် ဟူကျီကို စဥ်းစားမိလိုက်သည်။ သူက ထိုအတွေးကို ကြိုးစားပယ်ဖျက်လိုက်ပြီး သေသေချာချာ ထပ်ပြီးမစဥ်းစားရဲတော့ချေ။ သို့သော်ငြားလည်း ဟူကျီ၏အမေက အားလုံး၏စပါးသိုလှောင်ထားသည့် အသေးစိတ် အကြောင်းအရာကို ပေါက်ကြားအောင်လုပ်ခဲ့ပြီး အစီအစဥ်တစ်ခု ဖော်ထုတ်ရန် ညတွင်းချင်းတွေ့ဆုံရသည့်အဖြစ်ကို ပြန်စဥ်းစားမိလေသည်။

သူသည် အရာအားလုံးကို မကြားခဲ့သော်ငြားလည်း ထိုအကြောင်းအရာနှင့်ပတ်သတ်သည့် တစ်ချို့အကြောင်းအရာလေးကို အတူတူ တွဲစပ်ကြည့်မိလိုက်သည်။

လျှိုမြောင်ထဲတွင် ပုန်းခိုနေစဥ် စပါးတော်တော်များများကို သိုလှောင်ထားသော်ငြားလည်း သူတို့သည် စိုက်ပျိုးရေးရာသီ မဟုတ်ချိန်တွင် ချွေချွေတာတာ စားသောက်ခဲ့ကြသဖြင့် အစားအသောက်က ရိုးရှင်းခဲ့သည်။

ဒီနေ့တွင် စန်းလော့ကလဲ မနက်စာအတွက် ပဲဆန်ပြုတ်ကိုလုပ်ခဲ့ပြီး ပဲပိစပ်ကိုအဓိကသုံးထားကာ ပဲနီနှင့်စပါးအနည်းငယ်ကို ဖြည့်စွက်စာအဖြစ် ထည့်သွင်းထားသည်။

မနက်စာစားပြီးသည်နှင့်ချက်ခြင်း ရှန်းနဥ်က ပန်းကန်များကို ဆေးကြောနေချိန်တွင် မိသားစုအသီးသီးက လူများသည် စတင်ရောက်ရှိလာကြသည်။ တခြားဘက်က ကျိုးမိသားစုမှ စတင်ကာလမ်းတစ်လျှောက်က တခြားသူများကို ဝင်ခေါ်လာပြီး သူတို့သည် ရှန်းမိသားစု၏ဂူသို့ ရောက်လာချိန်တွင် အားလုံးက ရွှီမိသားစုရောက်အလာနှင့် စုဝေးလိုက်ကြသည်။

ရှန်းလီက ပြောစရာတစ်ချို့ ရှိသည်တဲ့ အမှန်ပင် လူအများကြီး ရောက်လာကြသည်။ လူကြီးတိုင်းနှင့်ကလေးတိုင်းက စိတ်ဝင်စားသွားကြသည်။ ကံအားလျော်စွာ မိသားစုတစ်ခုချင်းစီ၏ ဂူအပြင်ဘက်တွင် အခြောက်ခံထားသည့် သစ်တုံးကြီးများ ရှိနေသည်။ ထို့ကြောင့် အားလုံးက ထိုင်ပြီးဆွေးနွေးဖို့ရန် သစ်တုံးတစ်ခုချင်းစီကို ယူလိုက်ကြသည်။

အားလုံးရောက်ရှိလာသဖြင့် ရှန်းလီက သွယ်ဝိုက်ပြီး ပြောမနေတော့ချေ။

"ကျွန်တော်က မနေ့တုန်းကအပြင်ဘက်က အခြေအနေကို အကြမ်းဖျင်း ရှင်းပြပြီးသွားပြီ၊ ဖရိုဖရဲ မဖြစ်လာခင်မှာ အားလုံးက အစားအသောက်ကို တတ်နိုင်သလောက် စုစည်းချင်တယ်။ဆိုတာ ကျွန်တော် သိတယ်။ ဒါတွေပြီးသွားတာနဲ့ ကျွန်တော်တို့တွေက တတ်နိုင်ရင် လျှိုမြောင်ထဲကထွက်ဖို့ ရှောင်ကြဥ်သင့်တယ်။”

"ဒီနေ့ ကျွန်တော် အားလုံးကို ခေါ်လိုက်ရတဲ့ အကြောင်းအရင်းကတော့ ကျွန်တော်အရင်ဆုံး တိုင်ပင်ချင်တဲ့ ကိစ္စနှစ်ခု ရှိလို့ပဲ"

အားလုံးက ခေါင်းငြိမ့်သဘောတူလိုက်ပြီး အဘိုးချန်းက မေးလိုက်လေသည်။

"ငါတို့တွေက ဘာတွေကို သတိထားဖို့ လိုအပ်သလဲ"

ရှန်းလီက ပြုံးလိုက်ပြီး ရှင်းပြလိုက်သည်။

"ကျွန်တော်က အခြေအနေကို ရှင်းလင်းအောင် လုပ်ထားချင်လို့ပါ။ လျှိုမြောင်အပြင်ဘက် ထွက်တယ်။ဆိုတာ အန္တရာယ်များတယ်။ မိသားစုတစ်ခုချင်းစီက ထွက်ခွာတဲ့အတွက်ကြောင့်မလို့ အန္တရာယ်ကို ချိန်ဆကြည့်ဖို့လိုတယ်။"

ဒီစကားကြောင့် အားလုံးက တအံ့တသြ ဖြစ်သွားကြသည်။ သူတို့သည် ဒီရှုထောင့်ကို မျှော်လင့်မထားပေ။ သို့သော်ငြားလည်း အများစုကတော့ ဒါကို အလွန်အကျွံ အလေးအနက်မထားခဲ့ခြင်းပင်။ ရှီအာ့လန်၏မိန်းမက ရယ်စရာပြောလေသည်။ "ငါတို့ သိပါတယ်။ ဒါပေမဲ့ ငါတို့မှာက နင်နဲ့တရှန်ပဲရှိတယ်လေ။ နောက်ပြီးတော့ လုအာ့လန်နဲ့ လုစန်းလန်ကလဲ အရည်အချင်းရှိကြပါတယ်။ ဒါပေမဲ့ သတိထားဖို့ကတော့ တကယ်လိုတယ်။ ဟုတ်တယ်နော်။ ငါတို့တွေက ဒီနည်းလမ်းက ဒီလိုနဲ့မှပဲ အမြဲတမ်း အဆင်ပြေနိုင်မှာ"

ရှန်းလီက ခေါင်းခါပြလိုက်သည်။

"အဒေါ်ရှီအာ့လန် ကိစ္စက အဲလောက်မရိုးရှင်းဘူး။ ကျွန်တော်တို့တွေ စပါးသယ်တဲ့ခရီးကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ် ဆိုတာကလည်း အတွေ့အကြုံရှိတဲ့ ခေါင်းဆောင်တွေနဲ့ အင်မတန်မှ သတိထားခဲ့လို့လဲပါတယ်။ ဒါပေမဲ့ အများစုကတော့ အဆိပ်မြှားကြောင့်ပါ"

အဆိပ်မြှားအကြောင်းပြောလိုက်သည်တွင် အားလုံးက ငြိမ်သက်သွားကြသည်။

ဟုတ်ပါသည်။ အဆိပ်မြှားအတွက် အသုံးပြုထားသည့် စျေးကြီးလှသည့် ဆေးဝါးများကို ရှန်းလီနှင့်စန်းလော့တို့က ဝယ်ခဲ့ခြင်းပင် သွားလာကြသည့်ခရီးတိုင်းတွင် ရှန်းလီသို့မဟုတ် တရှန်တို့က အရေးပေါ်အသုံးပြုရန်အတွက် ပုလင်းငယ်လေးတစ်လုံးစီကို ဝေမျှပေးထားပြီး ခရီးကပြန်လာမှ ပြန်ပြီးစုဆောင်းကြသည်။

သူတို့သည် သူတို့၏ခရီးတွင် ကြောက်စရာကောင်းသည့် သားရိုင်းတိရိစ္ဆာန်များ ဝံပုလွေများနှင့်ခွေးအများကိုလဲ ရင်ဆိုင်ခဲ့ရသည်။ အပြင်သို့တခေါက်တည်းသာ ခရီးသွားခဲ့ကြသည့် အမျိုးသမီးများနှင့် ကလေးများပင် အန္တာရာယ် တော်တော်များများနှင့် ရင်ဆိုင်ခဲ့ရသည်။ သူတို့သည် သူတို့၏လုံခြုံရေးကို သတ္တိရှိခြင်းအသေးစိတ်ကို အာရုံစိုက်ခြင်းနှင့် ရှန်းလီနှင့်သူ့အဖော်များ၏ အရည်အချင်းနှင့်အတူ ထိုအဆိပ်မြှား၏ အသုံးဝင်မှုကြောင့်လဲ အရင်းခံသည်။

"အမှန်ပဲ"

ရှန်းလီက ဆက်ပြောသည်။

"အဆိပ်မြှားက စျေးကြီးတယ်။ ပြီးခဲ့တဲ့လပိုင်းတွေတုန်းက စပါးတွေကို သယ်ယူပို့ဆောင်တော့ အများကြီး သုံးလိုက်ရတယ်။ ဒီနေ့ ကျွန်တော့်မှာ အဆိပ်မြှားတွေအများကြီး မကျန်တော့ဘူး ဆိုတဲ့အကြောင်းကို အားလုံးကိုသေချာပေါက် ပြောပြရမယ်၊ ဒီလိုဖရိုဖရဲ ဖြစ်နေတဲ့ကာလမှာ နောက်ဖြစ်လာမဲ့ ဟာတွေက မသေချာဘူး။ ကျွန်တော့်မှာ နည်းနည်းပဲကျန်တော့တာမလို့ ဒါကို အရေးပေါ်အတွက် သိမ်းထားဖို့ စဥ်းစားထားတယ်။"

“ဒါကြောင့်မလို့ ကျွန်တော်က ဒီနေ့ သေချာပေါက်ရှင်းပြရမယ်။ အခုအချိန်ကစပြီး ကျွန်တော်တို့တွေက လျှိုမြောင်အပြင်ဘက်ကို ထွက်တဲ့အခါ အားလုံးအတွက် အဆိပ်မြှားတွေကို သုံးတော့မှာ မဟုတ်ဘူး။ အကာအကွယ်အတွက် အားလုံးက ကိုယ့်ခွန်အားကို အားကိုးရမယ်။ တကယ်လို့များ မိသားစုဝင်တွေကို ခေါ်သွားဖို့ စဥ်းစားတယ်ဆိုရင် သူတို့တွေရဲ့လုံခြုံ ရေးကို သေချာအောင် လုပ်ဖို့လိုတယ်။ မဟုတ်ဘူးဆိုရင်တော့ သေသေချာချာ စဥ်းစားကြပါ”

ဒီလိုထုတ်ပြောလိုက်သည်တွင် အားလုံးက မတူညီသည့်ဟန်ဖြင့် တုံ့ပြန်ကြလေသည်။ အများစုကတော့ လန့်ဖြန့်သွားကြသည်။ သူတို့သည် အစားအသောက်အတွက် လျှိုမြောင်မှထွက်ခွာဖို့ရန် စိတ်လှုပ်ရှားခဲ့ကြသည်။ သို့သော် ရုတ်တရက်ကြီး သူတို့၏ အကာအကွယ်က မရှိတော့ပါဟု ကြားလိုက်ရသည်။ အများစုက ဆွံအသွားကြလေသည်။

စန်းလော့က ဝမ်ချွန်းညန်ကို လှမ်းကြည့်လိုက်ပြီး အစပိုင်းက အထိတ်တလန့် ဖြစ်နေသည့် သူမသည် နောက်ပိုင်းတွင် ဖြူဖတ်ဖြူရော် ဖြစ်သွားသည်ကို သတိထားမိလိုက်ပြီးမှ သူမ၏အကြည့်ကို မသိမသာ လွှဲထားလိုက်တော့ သည်။

ချန်းအဘိုး၊ ချန်းအဘွားအပါအဝင် ချန်းတရှန်တို့က ရှန်းလီကို တအံ့တသြ ကြည့်လိုက်ကြသည်။

အကြောင်းကောင်းကောင်းသိနေသည့် အထူးသဖြင့် ရှန်းလီနှင့် အရင်ကတည်းက အဖွဲ့ကျခဲ့သည့် ချန်းတရှန်က တစ်ချက်ကြည့်လိုက်ရုံဖြင့် အခြေအနေ၏ အတိမ်အနက်ကို နားလည်သွားကာ သူ၏တုံပြန်မှုကို မြန်မြန် ဖုံးကွယ်ထားလိုက်သည်။

ချန်းအဘွားနှင့်ချန်းအဘိုးတို့သည် ပါးနပ်ကြပြီး စန်းလော့၏ တည်ငြိမ်သည့် အမူအယာနောက်တွင် အားလုံးက တစ်ခုခုကို ထုတ်မပြောဖို့ရန် နှုတ်ဆိတ်ကာ သဘောတူလိုက်ကြပြီး မထုံတက်သေးမျက်နှာများကို ထိန်းထားလိုက်ကြသည်။

ချန်းမိသားစု၏ ရုတ်တရက်တုံ့ပြန်ပုံကို သတိမထားမိလိုက်ကြပေ။

ရှီမိသားစုဝင်များထဲက ပိုပြီး အရာရောက်သူတစ်ဦးဖြစ်သည့် ကန်းရှီက ရှန်းလီကို မေးလိုက်သည်။ "ဒါဆိုရင် အဆိပ်မြှားတွေ မရှိဘူးဆိုရင် အပြင်ဘက်ကိုသွားလာတာက အန္တရာယ်ပိုပြီး များလာမယ်ပေါ့"

ယွင်တောင်ကြားထဲသို့ ဝင်လာပြီးကတည်းက သူတို့သည် အကာအကွယ်ထဲတွင်သာ နေခဲ့ရပြီး အပြင်လောက၏အကြောင်းကို အနည်းအကျဥ်းသာ သိကြလေသည်။

ရှန်းလီက ရှီတလန်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။

"ကျွန်တော်တို့နဲ့အတူတူ နှစ်ဝက်လောက် တောအတွင်းပိုင်းထိ ခရီးသွားလာခဲ့တဲ့ဦးလေးရှီက အန္တရာယ်တွေကို အသိဆုံးဖြစ်မှာပါ။ စစ်တပ်ထဲမှာ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲနေလာတဲ့ ကျွန်တော်တို့တွေတောင်မှ တောရိုင်းတိရိစ္ဆာန်တွေနဲ့တွေ့ရင် အန္တရာယ်အနည်းအကျဥ်း ရကြသေးတယ်။ ဒါကြတော့ ကျွန်တော်တို့တွေ့ သီးသန့်သွားတာက အကြောင်းအရာတစ်ခု ဖြစ်သွားပြီ အန္တရာယ်များပေမဲ့ ဖြေရှင်းနိုင်သေးတယ်။ တခြားသူတွေကို ခေါ်သွားမယ်ဆိုရင်တော့ အန္တရာယ်ကိုဂရုတစိုက် ချိန်ဆမှရမယ်"

" ကျွန်တော်တို့တွေ ဒီလျှိုမြောင်ကိုတွေ့ခဲ့ရတဲ့ အကြောင်းအရင်းက ဝက်ဝံမည်းနဲ့ တွေ့ကြုံခဲ့ရတယ်ဆိုတဲ့အကြောင်းကို မပြောသေးဘူး။ နောက် ပြီးတော့ ဝံပုလွေအုပ်တွေကလဲ တကယ်ကိုအများကြီး ကျွန်တော်က ဝံပုလွေသရေတွေကို အများကြီးရောင်းချခဲ့ပြီး ကျွန်တော့်ရဲ့ဂူထဲမှာတောင် တစ်ချို့ကျန်သေးတယ်။ ကျွန်တော်တို့တွေက ဒီနေရာမှာ အန္တရာယ်ကင်းတယ် ဆိုတာကလဲ ကျွန်တော်တို့ရဲ့ နေရာအားသာချက်ကြောင့်ပဲ၊ တောရိုင်းတိရိစ္ဆာန်တွေက ဝင်လာလို့မရဘူးလေ၊ ညညဆိုရင် ဝံပုလွေအူသံကို မသဲမကွဲကြားရသေးတယ်။ ဟုတ်တယ်မလား။ တောဝက်တွေကလဲ အပြင်ဘက်မှာ ရှိနေကြတယ်။ ကျွန်တော်တို့တွေ အပြန်လမ်းမှာတုန်းက တောင် တောဝက်တစ်အုပ်ကိုနဲ့ တွေ့ခဲ့ရသေးတယ်။ အတွင်းပိုင်းနေရာတွေကတော့ လူတွေ လုံးဝမရှိသလောက်ပဲ"

ဝမ်ချွန်းညန်၏မျက်နှာက ဖြူဆုတ်သည်ထက်ပိုပြီး ဖြူဆုတ်လာတော့သည်။

စန်းလော့က သူမကိုလှမ်းကြည့်လိုက်ပြီး ချက်ခြင်း မျက်လွှာချထားလိုက်ကာ မျက်လုံးထဲကအပြုံးများကို ဖုံးကွယ်ထားလိုက်သည်။

ရှန်းလီက သူ့တံခါးအပြင်ဘက်က သစ်ပင်နှစ်ပင်အောက်က စင်များကို လက်ညှိုးထိုးပြလိုက်ပြီး

"ဟင်းသီးဟင်းရွက် စိုက်ဖို့အတွက် အားလော့ လုပ်ထားတဲ့စင်တွေကို မြင်လိုက်ပြီး အားလုံးကလဲ ဒီအတိုင်းလိုက်လုပ်ထားကြတာပဲ။ ကျွန်တော်တို့တွေက ပဲစိုက်ဖို့အတွက် တောင်နံရံကို နေရာလွတ်အောင်လုပ်ရမယ်။ အားလုံးရဲ့စိုက်ပျိုးမြေခွဲတမ်းနဲ့ သိုလှောင်ထားတဲ့စပါးတွေ ရှိနေတယ်ဆိုရင် ချွေချွေတာတာ စားမယ်ဆိုရင် နည်းနည်းလောက် ဗိုက်ဆာချင်ဆာနိုင်ပေမဲ့လဲ ငတ်သွားမှာတော့ မဟုတ်ဘူး"

သူက ပြောရင်းဆိုရင်း ဝမ်ချွန်းညန်ကို မသိမသာ လှမ်းကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

"ဒါကြောင့်မလို့ လျှိုမြောင်အပြင်ဘက်ကို စွန့်စားပြီးသွားမယ် မသွားဘူးဆိုတာကို သေသေချာချာ စဥ်းစားကြပါ။ အပြင်ဘက်က အန္တရာယ်များတယ်။ ဒဏ်ရာရနိုင်သလို သေသွားနိုင်တဲ့ အန္တရာယ်လဲရှိတယ်။ ဒါပေမဲ့ ကံကောင်းရင်တော့ အသားကို ရလာနိုင်တယ်။ လျှိုမြောင်အထဲဘက်မှာတော့ ခက်ခဲပေမဲ့လည်း လုံခြုံတယ်"

အားလုံးက နှုတ်ဆိတ်သွားကြသည်။

လုအာ့လန်နှင့် ရှီတလန်တို့က ဘာမှထူးခြားချက်ကို မတွေ့ရပေ။ တောင်ထဲသို့သွားလာကြဖူးသူသာ ရှန်းလီပြောစကားထဲက အမှန်တရားကို နားလည်နိုင်ပေသည်။

လူအုပ်ကြီးတစ်ခု အပြင်ထွက်မည်ဆိုလျှင် အမှန်ပင် စီမံရန်မလွယ်ကူနိုင်ပေ။ သူတို့တွင် အားလုံးကိုကာကွယ်ဖို့ လုပ်နိုင်စွမ်းမရှိပေ။

ရှန်းလီသုံးထားသည့်ဆေးများကလဲ အများကြီးရှိနေပြီဖြစ်သည်။ သူတို့သည် သူ့ထံမှ အကန့်အသတ်မရှိ ဆက်ပြီးထောက်ပံ့နေခြင်းကို မျှော်လင့်လို့မရနိုင်ပေ။

လုအာ့လန်က မှတ်ချက်ပေးလိုက်သည်။

"ရှန်းလီရဲ့စကားက မှန်တယ်။ တောင်တွေထဲမှာက အားလုံး ထင်ထားတာထက် ပိုပြီးတော့ အန္တရာယ်များတယ်။ ဥပမာ အဆိပ်မြှားရှိတယ်ဆိုရင် ဝံပုလွေတွေကို မြှားတစ်ချောင်းနဲ့ပစ်ပြီး သူတို့ကို မြန်မြန်ဖြေရှင်းလိုက်လို့ရတယ်။ အဆိပ်မြှား မရှိဘူးဆိုရင်တော့ သူတို့ကိုသတ်ဖို့က ခက်သွားပြီ၊ သေလုသေခင်ဖြစ်နေတဲ့ ဝံပုလွေတစ်ကောင်က အလွယ်တကူ ကုတ်ဖဲ့နိုင်ပြီး အားနည်းတဲ့လူတစ်ယောက်ချင်းစီ တော်တော်များများကို ဒဏ်ရာရအောင်လုပ်နိုင်တယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့တွေက အထဲဘက်မှာနေရင်တော့ တော်တော်လေး အေးချမ်းနိုင်တယ်။ ကျွန်တော်တို့ထဲက တစ်ချို့က ကျွန်တော်တို့ မိသားစုတွေကို ကာကွယ်ပေးနိုင်တယ်။ ဒါပေမဲ့ သာမန်အရည်အချင်းလောက်ကတော့ ကိုယ့်ဟာကိုယ် ကာကွယ်နိုင်ရုံလောက်ပဲ တတ်နိုင်မှာ"

ရှီတလန်က ခေါင်းငြိမ့်ကာ ရှန်းလီကို မေးလိုက်သည်။

"မင်း တိုင်ပင်ချင်သေးတဲ့ နောက်ကိစ္စတစ်ခုက ဘာလဲ"

ရှန်းလီက လျှိုမြောင်အစွန်းဘက်ကို လက်ဟန်ပြလိုက်သည်။

"ဒုတိယကိစ္စကတော့ ကျွန်တော်တို့တွေရဲ့ ပုံမှန်ဝင်ပေါက်နဲ့ ထွက်ပေါက်။ ဒီနေ့ကစပြီး သေရေးရှင်ရေး အန္တရာယ် မဟုတ်ဘူးဆိုရင် ကျွန်တော်တို့တွေက ဝင်ပေါက်ရဲ့နေရာနိမ့်ပြီး သိသာတဲ့နေရာကြောင့် ဒါကိုဆက်ပြီး အသုံးပြုမှာမဟုတ်ဘူး။ ဆက်ပြီးအသုံးပြုနေရင် ကျွန်တော်တို့ရဲ့ လျှိုမြောင် ပေါ်ပေါက်သွားနိုင်တဲ့ အန္တရာယ်ရှိပြီး လုံခြုံတော့မှာ မဟုတ်ဘူး။ ချန်းတရှန်နဲ့ ကျွန်တော်တို့က အပြင်ဘက်ကို ဖုံးကွယ်ထားပြီး မတူညီတဲ့ထွက်ပေါက်တစ်ခုကို ပြောင်းထားမယ်”

ရှီတလန်က သူ၏လက်တဆန့်စာလောက်ပင် မရောက်နိုင်သည့် လျှိုမြောင်၏အကြီးဆုံးနှင့် အမြင့်ဆုံးဂူဘက်ကို လှမ်းကြည့်လိုက်သည်။

"အဲတစ်ခုက ပေ၃၀လောက်မြင့်မယ် ဟုတ်တယ်မလား"

ရှန်းလီက ခေါင်းငြိမ့်ပြသည်။

"ဒါက အန္တရာယ်တော့များတယ်။ ဒါပေမဲ့လည်း လုပ်လို့ရနိုင်တယ်။ ချန်းတရှန်နဲ့ကျွန်တော်က အပေါ်ကနေပြီးတော့ ကြိုးနဲ့ ထိန်းထားပေးနိုင်တယ်။ ကျွန် တော်တို့တွေက ပတ်ပတ်လည်ကိုလဲ ဖုံးကွယ်ထားနိုင်ပြီး အလွယ်တကူ ပုန်းကွယ်လို့ရပြီး သယ်ယူဖို့အတွက် တခြားဂူဝင်ပေါက်ကို ပြုပြင်လိုက်လို့ရတယ်"

“တောင်ကြားဝင်ပေါက်ရဲ့ အောက်ဘက်ခြမ်းက အရမ်းကို ကျဥ်းမြောင်းပြီးတော့ တဖြောင့်တည်းဖြစ်နေတယ်။ ပြုပြင်မွမ်းမံဖို့အတွက် မသင့်တော်ဘူး။ ဒါ ပေမဲ့ တောင်အလယ်ပိုင်းကတစ်ခုကတော့ အဆောက်အအုံ ပုံစံအသစ်တစ်ခုလို လုပ်ဖို့သင့်တော်တယ်။ ခြင်းကြီးတွေ ဆောင်းတွင်းအတွက် ခြင်းတွေနဲ့ ဂူထဲကိုတိုက်ရိုက်သယ်မဲ့ တခြားပစ္စည်းတွေကို သိုလှောင်ဖို့ ပိုပြီးတော့ လွယ်ကူစေမယ်။ လျှို မြောင်ရဲ့အောက်ပိုင်းကိုလဲ နေရာပိုပြီးတော့ လွတ်လာစေမယ်”

"ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ၊ ကျွန်တော်နဲ့တရှန်တို့ကပဲ ဝင်ပေါက်နှစ်ခုအတွက် အလုပ်သွားလုပ်လိုက်ကြမယ်၊ တကယ်လို့ အမဲလိုက်ဖို့အတွက်ပဲဖြစ်ဖြစ် ဟင်းရွက်တွေရှာဖို့ပဲဖြစ်ဖြစ် လျှိုမြောင်ထဲက ထွက်ဖို့အစီအစဥ်ရှိတယ်ဆိုရင် မနက်ဖြန်မှ စလုပ်မယ် ဒီနေ့ကိုတော့ အပြင်ထွက် မထွက်ကို သေချာအချိန်ယူပြီး စဥ်းစားလိုက်ပါ၊ ဒါကလည်း အားလုံးအပေါ်မူတည်ပါတယ်"

ထိုစကားသည် ဒီနေ့အတွက် တိုင်ပင်ခြင်းကို ထိထိရောက်ရောက် အဆုံးသတ်လိုက်လေသည်။ မိသား စုများက တမင်တကာ အိမ်သို့ပြန်သွားဖို့ရန် မလိုအပ်ခဲ့ပေ။ သူတို့သည်ထိုနေရာမှာပင် ချက်ခြင်း တိုင်ပင်ဆွေးနွေးလိုက်ကြသည်။

ရှီမိသားစုအိမ်တွင်တော့ ရှီတလန်က စီမံနိုင်သည်ဟု ခံစားရသည်။ လက်တစ်ဖက်မရှိတော့သော်ငြားလည်း သူ့ညီငယ်လေးနှင့်အတူ အပြင်ထွက်လျှင် လုံခြုံမည်ဟု ခံစားမိသည်။

လုအာ့လန်သည် သူ့မိသားစုတွင် လုအာ့လန်က သူ့ညီကို လှမ်းကြည့်လိုက်ပြီး "ငါမင်းကို ငါနဲ့အတူခေါ်သွားမယ်ဆိုရင် အဆင်ပြေလောက်တယ်” ကျိုးမိသားစုကတော့ ဇဝေဇဝါ ဖြစ်နေဟန်တူသည်။ ကျိုးရွာသူကြီးနဲ့ သူ့မိန်းမက အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့၏သား၃ယောက်ကို စဥ်းစားလိုက်ကာ သူတို့၏မျက်နှာပေါ်တွင် မသေချာပါဟု ရေးထားနေသယောင်။

ကျိုးမိသားစု၏ ချွေးမက အကြံပြုလိုက်သည်။ "ကျွန်မတို့တွေက အသီးအရွက် ပိုပြီးစိုက်ပြီး ကြက်တွေမွေးမြူတာကို အာရုံစိုက်ထားရင် ကောင်းမလား။ ပဲကို ထပ်စိုက်လိုက်ရင် လောက်သွားမယ်ထင်ပါတယ်။ ဟုတ်တယ်မလား"

သူတို့တွင် လုံလောက်သည့် အစားအသောက်များကို သိုလှောင်ထားပြီး တောဟင်းရွက်များကလဲ မရှားပါးပေ။

ကျိုးတလန်က အတိုင်းအတာတစ်ခုအထိ စိုးရိမ်နေမိသည်။ သူကိုယ်တိုင်ကလဲ အလွန်မှကျွမ်းကျင်နေသည် မဟုတ်ပေ။ ကျိုးအာ့လန်က သူ့မိဘများနှင့်မိန်းမကို ကြည့်လိုက်ပြီး အကြံပြုလိုက်သည်။

"ကျွန်တော်တို့တွေက အကြိမ်တိုင်းသွားကြမှာ မဟုတ်ဘူးလေ။ ဒါပေမဲ့ တခါတလေလောက်သွားရင်တော့ အဆင်ပြေပါတယ်။ ဟုတ်တယ်မလား"

ဤတွင် ကျိုးမိသားစုကလဲ ဆုံးဖြတ်ချက်တစ်ချို့ထွက်လာလေသည်။

ရွှီမိသားစုကတော့ အမဲလိုက်ဖို့ စိတ်ကူးမရှိခဲ့ချေ။ လုံလောက်သည့် စပါး ကြက် ဘဲနှင့်အသီးအရွက်များ ရှိနေသဖြင့် သူတို့က အပြင်ထွက်ဖို့ မလိုဟုခံစားမိသည်။

ချန်းမိသားစုတွင်တော့ ချန်းတရှန်ရှိလေရာ သူတို့က စိုးရိမ်စရာမလိုပေ။ သူသည် သူ့မိဘများထဲက တစ်ယောက်စီကို အတူတူခေါ်သွားလျှင်ပင် အလွယ်တကူ ကိုင်တွယ်နိုင်ပေသည်။

လုမိသားစု၏ အကြီးဆုံးအိမ်ထောင်စုတွင်တော့ လုတလန်က နှုတ်ခမ်းများတုန်ရင်နေကာ စကားပြောဖို့ရန် ချီတုံချတုံ ဖြစ်နေလေသည်။

၁၅နှစ်အရွယ် ရွှမ်းကျူးက သူ့အဖေကို လှမ်းကြည့်လိုက်ပြီး သူ့အမေကို ထပ်ကြည့်လိုက်ကာ မဝံ့မရဲဖြင့်အကြံပြုလိုက်သည်။

"ကျွန်တော် သွားလို့ရမယ်ထင်တယ်"

ဝမ်ချွန်းညန်၏ အမူအရာက ရုတ်တရက်ပြောင်းလဲသွားပြီး သူ့သားကို ပြန်ဆွဲထားလိုက်ကာ မရဘူးဟု လွှတ်ခနဲ ထွက်သွားလေသည်။

သူမက မြန်မြန် ပြန်စဥ်းစားလိုက်သည်။ အားကိုးရနိုင်သည့် တစ်စုံတစ်ယောက် အဖော်ပါရှိခြင်းက ကောင်းမွန်သည့်စိတ်ကူး ဖြစ်လိမ့်မည်။ သူမက ရှန်းလီနှင့်ချန်းတရှန်ကို ကြည့်လိုက်ပြီးနောက် သူမ၏ အကြည့်ကို လုအာ့လန်ဆီသို့ ပြောင်းလိုက်သည်။

ဝမ်ချွန်းညန်၏နှုတ်ခမ်းများက အနည်းငယ်တုန်ရင်နေပြီးသူမက သတ္တိကိုဟုစည်းကာ မေးလိုက်သည်။

"ဦးလေးအာ့လန် ဦးလေးနဲ့အဒေါ်တိူ့ ရွမ်းကျူးကိုခေါ်သွားပေးဖို့ စဥ်းစားလို့ရမလား"

မိသားစုတစ်ခုထဲမှာ အိမ်ထောင်စုနှစ်စု ခွဲပြီးသွားပြီပြီဆိုတော့ သူတို့ဘက်က ဘယ်သူမှမပါဆိုရင် မဟုတ်သေးဘူးလေ။ ဟုတ်တယ်မလား။

ရှန်းလီ၏ နှုတ်ခမ်းများက မသိမသာ ကွေးညွှတ်သွားသည်။ လုအာ့လန်နှင့်လုမိသားစုက အကြီးဆုံးမိသားစုတွင် အထူးသဖြင့် ဝမ်ချွန်းညန်သည် သူ့မိသားစုသို့မဟုတ် တတိယမိသားစုထက် ပို၍အများကြီး အဆင်ပြေနေသည် မဟုတ်ပေ။ တူ တူမများကို စောင့်ရှောက်ပေးသည်က အကြောင်းအရာတစ်ခုဖြစ်သော်လည်း သူ့အစ်ကိုနှင့် ယောင်းမများအတွက်ကတော့...

သူက ဒီအတိုင်းသာ ပြုံးနေလိုက်သည်။

ကြိုတင်ခန့်မှန်းထားသည့်အတိုင်းပင် လုအာ့လန်က အေးစက်စက် အမူအယာတစ်ခုဖြင့် ပြန်ဖြေလိုက်သည်။

"မရီးက ရယ်စရာပြောနေပြန်ပါပြီ။ ကျွန်တော်က လူအများကြီးကို စောင့်ရှောက်ဖို့ မတတ်နိုင်ပါဘူး"

ဝမ်ချွန်းညန်က တအံ့တသြဖြစ်ကာ ပြန်ချေပလိုက်သည်။

"ငါပြောချင်တာကလေ ငါတို့တွေက ဦးလေးငယ်ကိုထားခဲ့ပြီး သူ့အစားရွှမ်းကျူးကို ခေါ်သွားမယ်ဆိုရင်ကော ဒီလိုဆို အလုပ်ဖြစ်မလား"

ရှင်းရှင်းဘွင်းဘွင်းသာ ပြောတတ်သည့် လုစန်းလန်က မျက်လုံးကို စွေပြီးကြည့်လိုက်သည်။ အဓိပ္ပါယ်မရှိတာပဲ။ ရှေ့တန်းသွားရမဲ့ အချိန်တုန်းကလဲ အစ်ကိုကြီးရဲ့အသက်ကတော့ အရေးပါပေမဲ့ အစ်ကိုလတ်ရဲ့အသက်ကတော့ အရေးမပါဘူးတဲ့။

အကျိုးအမြတ်ရမဲ့အချိန် ကြတော့လဲ သူတို့ကရွှမ်းကျူးကိုရှေ့ပို့ပြီး သူနဲ့နေရာချင်းလဲဖို့ ကြိုးစားနေပြန်တယ်။

တော်တော်လဲ တတ်နိုင်ပါပေတယ်။

ဒီလောက် ဒုက္ခတွေအများကြီး ပေးပြီးတဲ့နောက်မှာတောင် သူက ဒုတိယအစ်ကိုက အရင်လိုပဲ သဘောတူပေးဖို့ မျှော်လင့်နေသေးတယ်တဲ့။

လုအာ့လန်က သူမကို လစ်လျူရှုထားပြီး လုတလန်ဘက်သို့ လှည့်လိုက်ကာ "အစ်ကိုကြီးရော ဒီလို စဥ်းစားသလား"

လုတလန်မှာ မျက်နှာများနီရဲသွားပြီး အထစ်ထစ်အငေါ့ငေါ့ ဖြစ်သွားတော့သည်။

"မထင်ပါဘူး မထင်ပါဘူး"

သူက ဝမ်ချွန်းညန်ကို လှမ်းဆွဲထားလိုက်သည်။

ရွှမ်းကျူးက မျက်မှောင်ကြုတ်ကာပြောလိုက်၏။

"အမေ ကျွန်တော်ပြောချင်တာက ကျွန်တော် ကိုယ့်ဟာကို သွားလိုက်မယ်လို့ ပြောချင်တာပါ"

ဝမ်ချွန်းညန်က သူ့ကို ရုတ်တရက်ဖမ်းဆွဲထားလိုက်ပြီး

"အဓိပ္ပါယ်မရှိတာ"

သူမက လုအာ့လန်ကို ထပ်ကြည့်လိုက်ပြီး တစ်ခုခု ပြောစေချင်သော်ငြားလည်း သူမ၏ အကြံအစည်ကို စိတ်ကုန်နေပြီဖြစ်သည့် လုအဘွားက စကားဖြတ်ပြောလိုက်သည်။

"တော်ပြီ ပြန်ကြမယ် တကယ်လို့ မင်းတို့မှာ အရည်အချင်း မရှိဘူးဆိုလဲ လယ်ပဲစိုက်ကြ ငါတို့တွေက ငတ်သေသွားမှာ မဟုတ်ဘူး။ ဘာဖြစ်လို့ အသားကို အဲလောက်ကြီး တောင့်တနေတာလဲ။ နင်တို့တွေက အိမ်မှာလဲလျောင်းနေရုံနဲ့ အသားက မိုးပေါ်ကကျလာဖို့ မျှော်လင့်နေတာလား။ နင်တို့တွေက ဒါကိုဖမ်းနိုင်ဖို့ အရည်အချင်းရှိမှဖြစ်မှာပေါ့"

သူမက ပြန်လှည့်လိုက်ပြီး ရှန်းလီနှင့် ချန်းတရှန်တို့ကို ပြုံးပြလိုက်သည်။

"ငါတို့မိသားစုကတော့ လုအာ့လန်နဲ့စန်းလန်ပဲသွားလိမ့်မယ်"

ဒီလိုဖြင့် ကိစ္စများကို ဖြေရှင်းလိုက်ကြသည်။

လုတလန်က တိုင်ပင်နေသည့်တလျှောက်လုံးတွင် နှုတ်ဆိတ်နေကာနေခဲ့သည်။

မိသားစုတိုင်းက လုပ်စရာ အိမ်ထောင်ပရိဘောဂများ ရှိသေးသည်ဖြစ်ရာ တွေ့ဆုံခြင်းကို လူစုခွဲလိုက်ကြပြီး ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ကြသည်။

စန်းလော့က သတိမဝင်သေးခင်မှာပင် ချန်းအဘွားက အနားသို့ကပ်လာကာ တီးတိုးပြောလိုက်သည်။

"ဝမ်ချွန်းညန်က ဘာလုပ်ခဲ့တာလဲ"

စန်းလော့၏မျက်ခုံးများမှာ ထိုအသံကြောင့် တွန့်ချိုးသွားတော့သည်။

အဘွားကတော့ နှစ်၈၀၀သက်တမ်းရှိတဲ့ မျက်လုံးတစ်စုံများ ပိုင်ဆိုင်ထားလေသလားပဲ”

သူမ၏ အမူအရာက အလွန်မှ ရှင်းလင်းသွားပြီး ချန်းအဘွားက တခစ်ခစ်ရယ်မောလိုက်ကာ သူမကိုဂူထဲသို့ ခေါ်သွားလေသည်။

"အဖြေကိုစောင့်ကြည်ရုံပဲ မဟုတ်လား။ သူတို့မိသားစုပဲ အခု ဂူထဲက ထွက်မသွားနိုင်တာဆိုတော့ နောက်ပြီး..."သူမက ဂူအပြင်ဘက်သို့ လှမ်းကြည့်လိုက်ပြီး ရှန်းလီနှင့်သူမ၏မိသားစုသာ ကျန်တော့သည်ကို မြင်လိုက်သည်တွင် လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်"

"ငါတို့မှာ ဆေးတွေ အများကြီးလုပ်ထားတာပဲ။ အခုထက်ထိ အားလုံးသုံးလို့ကုန်သွားတာ မဟုတ်ဘူး။ ငါက အဲဒီဆေးပင်တွေကိုလဲ မှတ်မိတယ်။ နင်နဲ့ရှန်းလီကလဲ ဒီကိုလာတဲ့လမ်းတစ်လျှောက်မှာ ဆေးပင်တွေကို မှတ်ထားပြီးသား။ ၃လလောက်နေရင် အဲဒါတွေက ခူးဖို့အဆင်သင့်ဖြစ်လာပြီး နင်တို့နှစ်ယောက် ဘာလုပ်နေတယ်ဆိုတာကို ငါသိသားပဲ"

စန်းလော့ကအော်ရယ်လိုက်ပြီး ချန်းဘွားဘွား၏လက်မောင်းကို ပွေ့ဖက်ထားလိုက်ကာ

"ကျေးဇူးတင်ပါတယ် အဘွားရယ်။ ကျွန်မတို့ကို မဖော်ထုတ်လိုက်တာပဲ"

ချန်အဘွားက သူမ၏ပါးလေးကို ညင်ညင်သာသာ ဆွဲညှစ်လိုက်ပြီး

"သူက ပြသာနာမရှာခဲ့ဘူးဆိုရင် ညည်းနဲ့ရှန်းလီကလဲ ဒီလိုအပြည့်အဝလုပ်မှာ မဟုတ်ဘူးလေ။ ကဲပါ၊ အခုငါ့ကိုပြောစမ်း ဝမ်ချွန်းညန် ဘာလုပ်ခဲ့တာလဲ"

စန်းလော့က အဘွားကြီးကို ကြည့်လိုက်ပြီး ပြုံးလိုက်သည်။

"ရှန်းလီပြောတာက မှန်တယ်။ ကျွန်မတို့တွေက လူအများကြီးကို တကယ်ပဲခေါ်သွားလို့ မရဘူးလေ တခါတည်းမှာ အားလုံး ထွက်သွားတာက တခုခုဖြစ်လာခဲ့ရင် နောင်တရစရာတွေပဲ ဖြစ်လာလိမ့်မယ်"

လေးနက်သည့်အကြည့်တဝက် ရယ်မောနေသည့် အကြည့်တစ်ဝက်ကို လက်ခံရလိုက်ပြီးနောက်တွင် စန်းလော့က အဘွားကြီးကို ခဏလောက်စောင့်ခိုင်းထားလိုက်ပြီး စင်ပေါ်မှာ ခေါက်တင်ထားသည့်အိတ်နှစ်လုံးကို ဆွဲထုတ်လာလိုက်သည်။

"သူ ဘာလုပ်ခဲ့လဲတော့ ကျွန်မ မသိပါဘူး။ ကျွန်မက ဘာမှလဲမမြင်ခဲ့သလို သက်သေလဲမရှိဘူး။ ဒါပေမဲ့ ဒါတွေကို တချက်လောက်ကြည့်ပြီးတော့ အဘွားတို့အိမ်က ကြွက်ကိုက်ထားတဲ့ အိတ်တွေနဲ့ ယှဥ်ကြည့်ပါအုံးလား"

...

All Chapters