← Chapters

အခန်း (၅၀၅-၅၀၆)

Vol. 41 Ch. 505-506

အခန်း (၅၀၅-၅၀၆)

Vol. 41 Ch. 505-506

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၅၀၅)

ကားကလေးသည် လမ်းသွယ်လေး၏ အဝင်ဝတွင် ရပ်တန့်သွားပြီး ယင်းယာက တက္ကစီပေါ်မှ အရင်ဆင်းကာ လမ်းပြပေးလိုက်သည်။

"ဒီထဲမှာလား" မစ္စတာချင်က သူမကို မေးမြန်းလိုက်သည်။

သူသည် စီးပွားရေးဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားပြီး မျက်နှာဝိုင်းဝိုင်းနှင့် ချစ်စရာကောင်းသော အသွင်ရှိသော်လည်း အခုအချိန်တွင် သူ၏ မျက်နှာထားမှာ အနည်းငယ် စိုးရိမ်ပူပန်နေပုံရသည်။ အမှန်တော့ ယခုအချိန်သည် ည (၇) နာရီ (၅၅) မိနစ် ရှိနေပြီဖြစ်ရာ မစ္စတာချင်မှာ ညစာပင် မစားရသေးဘဲ ဝိုင်ကောင်းကောင်းသောက်ရမည်ဆိုသော မျှော်လင့်ချက်ဖြင့်သာ လိုက်လာခဲ့ခြင်း ဖြစ်သည်။

သူတို့နှစ်ဦး ဆိုင်ရှေ့သို့ ရောက်သောအခါ ဝူဟိုင်းမှာလည်း အပေါ်ထပ်မှ ဆင်းလာပြီး ယင်းယာကို အနီရောင် ဘောလုံးလေးပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဝူအစ်ကို... ကျွန်မ ဘဏ်ကနေ ငွေလွှဲပေးလိုက်ပါပြီ" ယင်းယာက ပြုံး၍ နှုတ်ဆက်လိုက်သည်။ ဝူဟိုင်းက ပေါ့ပေါ့ပါးပါးပင် ပြန်‌ဖြေပြီးနောက် ပြန်တက်သွားတော့သည်။

"မစ္စတာချင်... အထဲကို ဝင်ကြရအောင်လား" ယင်းယာက ဖိတ်ခေါ်လိုက်သော်လည်း မစ္စတာချင်မှာ မလှုပ်မယှက် ရပ်နေဆဲပင်။ သူသည် ဆိုင်းဘုတ်ပင်မရှိဘဲ ဟောင်းနွမ်းစုတ်ပြတ်နေသော ဤစားသောက်ဆိုင်လေးကို ကြည့်ကာ အလွန်ပင် စိတ်ပျက်သွားပုံရသည်။

"ခဏလေး..." မစ္စတာချင်က လက်ကိုမြှောက်ကာ တားလိုက်ပြီး တည်ကြည်သော မျက်နှာထားဖြင့် မေးလိုက်သည်။

"ဒီဆိုင်က ဝိုင်ကောင်းကောင်း ရောင်းတယ်ဆိုတဲ့ ဆိုင်လား။ ဆိုင်းဘုတ်တောင် မရှိတဲ့ ဒီဆိုင်လေးလား"

"ဟုတ်ပါတယ်... ဒီဆိုင်က သေးပေမဲ့ အစားအသောက်နဲ့ အရက်ကတော့ တကယ့်ကို ထူးကဲပါတယ်။ ကျွန်မကို ယုံပါ" ယင်းယာက အခိုင်အမာ ပြောကြားသည်။

"ဟေး... ဝိုင်ကောင်းတွေက နေရာမရွေးဘူးဆိုတာ ကြားဖူးပေမဲ့၊ ဒီလောက် ဟောင်းနွမ်းတဲ့ ဆိုင်လေးမှာ အဆင့်မြင့်ဝိုင် ရနိုင်တယ်ဆိုတာတော့ ငါ တစ်ခါမှ မကြားဖူးဘူး" မစ္စတာချင်၏ လေသံမှာ မယဉ်ကျေးတော့ဘဲ ပြောင်းလဲသွားသည်။

ထိုစဉ် ဒါရိုက်တာနှင့် ဂျိုလီတို့ ရောက်ရှိလာကြသည်။

"လက်ထောက်ယင်း... ဘာတွေ ဖြစ်နေတာလဲ"ဒါရိုက်တာက လှမ်းမေးလိုက်ရာ ယင်းယာက အကျိုးအကြောင်းကို အကျဉ်းချုပ် ရှင်းပြလိုက်သည်။

"မစ္စတာချင်က ဒီဆိုင်မှာ ဝိုင်ကောင်းကောင်းရမယ်ဆိုတာကို မယုံကြည်လို့ပါ ဒါရိုက်တာ"

ဒါရိုက်တာသည် ဆိုင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယင်းယာ၏ စကားကို နားမထောင်တော့ဘဲ မစ္စတာချင်ကိုသာ ချက်ချင်း တောင်းပန်လိုက်တော့သည်။

"မစ္စတာချင်... ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့ လက်အောက်ငယ်သားက အတွေ့အကြုံ မရှိသေးလို့ ခင်ဗျားရဲ့ အချိန်တွေကို အလဟဿ ဖြစ်အောင် လုပ်လိုက်မိပြီ ထင်တယ်။ ကျွန်တော်တို့ တခြားနေရာကိုပဲ သွားကြရအောင်ပါ"

ဒါရိုက်တာ၏ စကားကြောင့် ယင်းယာမှာ စိတ်ပျက်သွားသော်လည်း သူမ၏ ရည်မှန်းချက်မှာ ပျက်ပြယ်မသွားသေးပေ။

"မင်းက ငါ့အချိန်တွေကို တကယ်ဖြုန်းတီးနေတာပဲ" မစ္စတာချင်က စိတ်ပျက်လက်ပျက် ပြောလိုက်သည်။

သူသည် ချောမောလှပသော အမျိုးသမီးတစ်ဦးအပေါ်တွင် ဒေါသတကြီး အော်ဟစ်ရန် ဝန်လေးနေသော်လည်း၊ သူ၏ လေသံမှာတော့ အတော်လေးကို ပြတ်သားနေပါသည်။

"ဟုတ်တယ်၊ ကျွန်တော့်အမှားပါ။ ဒါပေမဲ့ လက်ထောက်ယင်းက ဒီနေရာကို အလေးအနက် အကြံပြုထားတာဆိုတော့ မစ္စတာချင်အနေနဲ့ ကျွန်တော့်ကို မျက်နှာသာပေးတဲ့အနေနဲ့ ဒီကဝိုင်ကို တစ်ချက်လောက် မြည်းစမ်းကြည့်ပေးစေချင်ပါတယ်" ဒါရိုက်တာက ယင်းယာကို အပြစ်တင်မည့်အစား မစ္စတာချင်ကို ဖျောင်းဖျရန် ကူညီပေးလိုက်သည်။

"ဒါက ဝိုင်ကောင်းကောင်းရှာနိုင်တဲ့ စွမ်းရည်တစ်မျိုးပဲလို့ ကျွန်တော် ပြောပြီးသားလေ။ ခင်ဗျားတို့ဆီက တခြားဘာမှ မလိုအပ်ဘူး၊ ကျွန်တော့်အတွက် ဝိုင်ကောင်းကောင်း ရှာပေးနိုင်ဖို့ပဲ။ အခုလို သေးငယ်တဲ့အရာလေးကိုတောင် စိတ်ကျေနပ်အောင် မလုပ်ပေးနိုင်ရင် ခင်ဗျားတို့က ကျွန်တော့်ထုတ်ကုန်တွေကို ဘယ်လိုများ ရောင်းပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရမှာလဲ" မစ္စတာချင်က စီးပွားရေးအမြင်နှင့် တိုက်ရိုက်ဝေဖန်လိုက်သည်။

"ကြည့်ပါဦး... အခု ၈ နာရီတောင် ခွဲတော့မယ်။ ဒီညတော့ လေယာဉ်မမီတော့ဘူး ထင်တယ်။ အဲဒီတော့ ဒီတစ်ညနေလုံးကို ကျွန်တော်တို့နဲ့အတူ အေးအေးဆေးဆေး ဖြတ်သန်းရင်း ညစာစားကြရအောင်ပါ" ဒါရိုက်တာက နူးညံ့စွာ အကြံပြုလိုက်သည်။ သူသည် မစ္စတာချင်ကို ထပ်မံစိတ်အနှောင့်အယှက် မဖြစ်စေရန် အတတ်နိုင်ဆုံး ကြိုးစားနေခြင်းဖြစ်သည်။

ယင်းယာကလည်း အားမလျှော့ဘဲ ရှေ့သို့တက်ကာ ထပ်မံတိုက်တွန်းလိုက်သည်။စ

"မစ္စတာချင်... ခုနကတည်း ကျွန်မနောက် လိုက်လာတာ ဝိုင်ကို စိတ်ဝင်စားလို့‌မဟုတ်လား။ အခု ဆိုင်ရှေ့တံခါးဝတောင် ရောက်နေပြီဆိုတော့ သောက်ကြည့်ပြီးမှပဲ ဆုံးဖြတ်ပါနော်"

"ကောင်းပြီလေ။ ဒီနေ့တော့ ကျွန်တော်က ခရီးသွားတစ်ယောက်ပါပဲ၊ ခင်ဗျားတို့က အိမ်ရှင်အဖြစ် တာဝန်ယူရမှာပေါ့" မစ္စတာချင်သည် ဆိုင်းဘုတ်မရှိသော ယွမ်ကျိုး၏ စားသောက်ဆိုင်လေးထဲသို့ ဝင်ရန် ပြင်ဆင်လိုက်သည်။

စီးပွားရေးလောကတွင် တစ်ဦးကိုတစ်ဦး လေးစားမှုကို အခြေခံသဖြင့် သူသည် ဒေါသထွက်ခဲ့သော်လည်း ယင်းယာတို့၏ မျက်နှာကို ထောက်ထားကာ လိုက်လျောလိုက်ခြင်းဖြစ်သည်။ သို့သော် သူ၏ စိတ်ထဲတွင်မူ "ဒီလိုဆိုင်လေးမှာ ဝိုင်ကောင်းရှိတယ်" ဆိုသည်ကို လုံးဝ မယုံကြည်သေးပေ။

"မစ္စတာချင်က တကယ်ကို ရက်ရောတာပဲ။ ကြွပါခင်ဗျာ... ဂျိုလီ၊ လမ်းပြပေးလိုက်ဦး" ဒါရိုက်တာက ပြုံးရွှင်စွာ ပြောလိုက်ရာ ဂျိုလီက ရှေ့မှ ဦးဆောင်၍ မစ္စတာချင်ကို ဆိုင်ထဲသို့ ခေါ်ဆောင်သွားတော့သည်။

ထိုစဉ် ဒါရိုက်တာသည် ယင်းယာဘက်သို့ လှည့်ကာ မျက်နှာထားတင်းတင်းဖြင့် စိုက်ကြည့်လိုက်ပြီး တည်ကြည်စွာ ပြောလိုက်သည်။

"ဒီကိုလာခဲ့"

ယင်းယာသည် နောက်ဆက်တွဲ ပြဿနာများကို သိနှင့်ပြီးသားဖြစ်သော်လည်း ဒါရိုက်တာထံသို့ ပြုံးလျက် လျှောက်သွားခဲ့သည်။

"တခြားကိစ္စတွေ ခဏထားလိုက်ပါဦး။ ခင်ဗျားက ကုမ္ပဏီရဲ့ အဓိကဖောက်သည်ကို ကိုယ်သဘောနဲ့ ကိုယ်သီးသန့်ဆက်သွယ်ခဲ့တဲ့ကိစ္စအတွက် တရားဝင် ရှင်းလင်းချက် လိုအပ်ပါတယ်။ မနက်ဖြန်ကျရင် ကျွန်တော့်ဆီ စာနဲ့တင်ပြပါ" ဒါရိုက်တာက အမိန့်ပေးလိုက်သည်။

သူသည် မစ္စတာချင်ဘက်သို့ လှည့်ကြည့်ရာတွင် ဖော်ရွေသော အပြုံးရှိသော်လည်း၊ ယင်းယာနှင့် ရင်ဆိုင်ရချိန်တွင်မူ ရုံးစည်းကမ်းကို လုံးဝ လျှော့မပေးသော ရက်စက်သည့် အထက်လူကြီးပုံစံမျိုး ပေါက်နေပါတော့သည်။

"ဟုတ်ကဲ့ပါ" ယင်းယာက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

"ဒီနေ့တော့ ငါတို့ မစ္စတာချင်ကို စော်ကားမိသလို ဖြစ်သွားပြီ။ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ ဂျိုလီနဲ့ ငါ ဆွေးနွေးရဦးမယ်။ ဒီဆိုင်က ဝိုင်က မစ္စတာချင်ကို ကျေနပ်စေပြီး ငါတို့နဲ့ စာချုပ်လက်မှတ်ထိုးဖြစ်အောင် ကူညီပေးနိုင်ပါစေလို့ပဲ ဆုတောင်းလိုက်ပါ။ မဟုတ်ရင်တော့ မင်းရဲ့အဆုံးသတ်က ဘယ်လိုဖြစ်မလဲဆိုတာ တခြားသူတွေထက် မင်းပိုသိမှာပါ"

ဒါရိုက်တာက ယင်းယာကို ပြင်းပြင်းထန်ထန် သတိပေးလိုက်သော်လည်း စိတ်ထဲတွင်မူ မျှော်လင့်ချက်အလင်းတန်းလေးတော့ ထားရှိနေဆဲဖြစ်သည်။

"ဒါရိုက်တာ... ကျွန်မကို ယုံပါ။ ဒီကဝိုင်က မစ္စတာချင်ကို ကျေနပ်စေမှာ သေချာပါတယ်" ယင်းယာက သူမ၏ အလုပ်ပြုတ်နိုင်ခြေရှိသော ခြိမ်းခြောက်မှုကို ဂရုမစိုက်ဘဲ ယုံကြည်မှုအပြည့်ဖြင့် ကတိပေးလိုက်သည်။

"ဒီလိုဆိုရင်တော့ အကောင်းဆုံးပေါ့။ မဟုတ်ရင်တော့ မင်း ဒီကုမ္ပဏီမှာ နှစ်နှစ်တာ ကြိုးစားခဲ့သမျှတွေက ဒီဆုံးရှုံးမှုနဲ့အတူ အလကားဖြစ်သွားလိမ့်မယ်" ဒါရိုက်တာသည် ဆိုင်ထဲသို့ အရင်ဝင်သွားတော့သည်။

ယင်းယာသည် သူ့ကို ပြန်မဖြေတော့ဘဲ သူမ၏ အလှဆုံး အပြုံးလေးဖြင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

"ကျွန်မကတော့ ကိုယ့်ဆုံးဖြတ်ချက်ကိုယ် ယုံကြည်တယ်"

ထို့နောက် သူမသည် ယဉ်ကျေးသိမ်မွေ့သော အမူအရာဖြင့်ပင် ဒါရိုက်တာ၏ နောက်မှ ဆိုင်ထဲသို့ လိုက်ဝင်သွားခဲ့သည်။

"လူတိုင်း ရောက်ပြီပဲ။ ရှန်းမင်း... သူတို့ကို ဒုတိယထပ်ကို ခေါ်သွားပေးလိုက်ဦး" ယွမ်ကျိုးက ယင်းယာကို မြင်သည်နှင့် နူးညံ့သော လေသံဖြင့် ပြောလိုက်သည်။

ယွမ်ကျိုးသည် အကဲခတ် အလွန်တော်သူဖြစ်သည်။ မစ္စတာချင်၏ မကျေနပ်သော မျက်နှာထား၊ ဘေးမှ နှစ်သိမ့်နေသော ဂျိုလီ၊ တင်းမာနေသော ဒါရိုက်တာနှင့် နောက်ဆုံးမှဝင်လာသော ယင်းယာတို့ကို ကြည့်ခြင်းဖြင့် ဤအရက်သောက်သည့်ကိစ္စမှာ သာမန်ထက် ပို၍ ရှုပ်ထွေးနေကြောင်း သူ ချက်ချင်း ရိပ်မိလိုက်သည်။

"စည်းမျဉ်းတွေက အရင်အတိုင်းပဲနော်။ မင်း မှတ်မိတယ် မဟုတ်လား" ယွမ်ကျိုးက ယင်းယာကို သီးသန့် သတိပေးလိုက်သည်။ ယငယာသည် ယခင်က ကျန်းချန်ရှီနှင့်အတူ အရက်တစ်ကြိမ်သာ သောက်ဖူးသဖြင့် ဆိုင်၏ "တစ်ဦးလျှင် တစ်ခွက်သာ" ဟူသော ကန့်သတ်ချက်ကို မမေ့ရန် ပြောခြင်းဖြစ်သည်။

"ကျွန်မ သိပါတယ်... ကျေးဇူးတင်ပါတယ် သူဌေးယွမ်" ယင်းယာက ပြုံးရွှင်စွာ ပြန်ပြောသည်။

"ကြည့်စမ်း... တစ်ခါတလေ သူဌေးယွမ်က တကယ်ကို နူးညံ့တတ်တာပဲ" ဖန်ဟန်က ဘေးမှနေ၍ ယင်းယာကို စနောက်လိုက်သည်။

သို့သော် ယွမ်ကျိုး ပြန်မဖြေရသေးမီမှာပင် မစ္စတာချင်၏ ကျယ်လောင်သော အသံ ထွက်ပေါ်လာသည်။

"ဒီဆိုင်မှာ တကယ်ပဲ ကောင်းတဲ့ဝိုင် ရှိလို့လား"

အပိုင်း (၅၀၅)

(ပြီးပါပြီ)

၅၀၆ မှ ၅၁၀

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၅၀၆)

မစ္စတာချင်၏ ခပ်ရင့်ရင့်မေးခွန်းကြောင့် ဆိုင်တစ်ဆိုင်လုံး ခဏတာ တိတ်ဆိတ်သွားသည်။

ဖန်ဟွမ်ကမူ ဤမြင်ကွင်းကို ကျင့်သားရနေပြီဖြစ်သည်။ ယခင်ကလည်း မယုံကြည်နိုင်ဘဲ ရောက်လာကြပြီး နောက်ဆုံးတွင် ယွမ်ကျိုး၏ လက်ရာအောက်တွင် ဒူးထောက်သွားရသည့် လူပေါင်းများစွာကို သူ မြင်ဖူးနေကျ မဟုတ်ပါလား။ ဝတ္ထုရေးဆရာကတော့ စကားတစ်ခွန်းမှပင် မပြောဘဲ အရက်သောက်ရမည့်အချိန်ကိုသာ စိတ်မရှည်စွာ စောင့်နေတော့သည်။

ဂျိုလီနှင့် ဒါရိုက်တာမှာမူ ယွမ်ကျိုးထံမှ ခိုင်မာသော အာမခံချက်တစ်ခုခုကို မျှော်လင့်နေကြသည်။ သို့သော် ယင်းယာက မည်သည့်စကားမှ မလိုအပ်ဘဲ ယွမ်ကျိုးကို ယုံကြည်မှုအပြည့်ဖြင့် ကြည့်နေခဲ့သည်။

"ဟုတ်ပါတယ်... ရှိပါတယ်။ ရှန်းမင်း၊ သူတို့ကို အပေါ်ထပ်ကို ခေါ်သွားပေးလိုက်ပါ" ယွမ်ကျိုးက ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။

"ဒါပဲလား..." မစ္စတာချင်၏ စိတ်ထဲတွင် ပို၍ပင် မကျေမနပ် ဖြစ်သွားသည်။ ဆိုင်ရှင်၏ အေးစက်စက် အမူအရာက သူ့ကို အလေးမထားသလို ခံစားရစေသည်။ လူတစ်ယောက်ကို အမြင်မကြည်သောအခါတွင် အရာရာကို အပြစ်မြင်တတ်သည်မှာ သဘာဝပင်။ ယွမ်ကျိုးကလည်း သူ့ကိုယ်သူ ရှင်းပြနေမည့်သူ မဟုတ်ပေ။

"ရပါတယ် မစ္စတာချင်... အပေါ်ထပ်ကို အရင်သွားကြရအောင်ပါ။ ဒီအောက်ထပ်က နည်းနည်း ကျဉ်းလို့ပါ" ဟု ဂျိုလီက အခြေအနေကို ထိန်းကာ ပြောလိုက်သည်။

"တကယ်ကို ကျဉ်းတာပဲ။ နံရံက တံခါးလေးကပဲ ကြည့်ကောင်းတယ်လို့ ပြောရမှာပဲ" ဟု ရှန်းမင်း နံရံရှုခင်းတံခါးကို ဖွင့်လိုက်သည်ကို ကြည့်ကာ မစ္စတာချင်က ခနဲ့တဲ့တဲ့ ချီးကျူးလိုက်သည်။

ရှန်းမင်းသည် သူတို့ကို နောက်ဖေးခြံထဲသို့ ဦးဆောင်ခေါ်သွားသည်။ တံခါးထဲသို့ ဝင်လိုက်သည်နှင့် အကိုင်းအခက်များတွင် ချိတ်ဆွဲထားသော တရုတ်ဇီးသီးများ၏ အလှအပကို မြင်တွေ့လိုက်ရသည်။ ကောက်ကွေ့သော လမ်းကလေး၏ ဘေးတစ်ဖက်တစ်ချက်တွင် နန်းတော်သုံး မီးအိမ်လေးများက မှိန်ပျပျ လင်းထိန်နေပြီး ပန်းရနံ့များက သင်းပျံ့နေသည်။

"ဒီနေရာလေးက မြို့ပြင်က အိမ်လေးတွေလို ခံစားရတယ်" မစ္စတာချင်က မှတ်ချက်ပေးလိုက်သည်။

"ဟုတ်ကဲ့... ဝိုင်သောက်ဖို့က အေးချမ်းတဲ့ ပတ်ဝန်းကျင် လိုအပ်တာကိုး" ဒါရိုက်တာက လိုက်လျောညီထွေ ပြောလိုက်သည်။

"ဒါပေမဲ့ ဒီနေရာက တကယ်ကို သေးလွန်းတယ်" မစ္စတာချင်က နှာခေါင်းရှုံ့ကာ ပြောသည်။ ဤမျှ ဗဟုသုတ ကြွယ်ဝသော သူဌေးကြီးအတွက် ဤခြံဝင်းလေးမှာ အံ့သြစရာ မရှိလှပေ။

"အရက်သောက်မယ့်နေရာက ဒုတိယထပ်မှာပါ" ယင်းယာက အပေါ်ထပ်ရှိ စိမ်းလန်းသော ဝါးတောကို ညွှန်ပြကာ ပြောလိုက်သည်။ မစ္စတာချင်က ဝါးနံရံကို တစ်ချက်ကြည့်ကာ ဘာမှမပြောဘဲ ခေါင်းညိတ်ပြရုံသာ ပြုသည်။

အပေါ်ထပ်သို့ တက်နေစဉ်အတွင်း ယင်းယာသည် ဒါရိုက်တာနှင့် ဂျိုလီတို့ကို ယွမ်ကျိုး၏ စားသောက်ဆိုင်တွင် လိုက်နာရမည့် စည်းမျဉ်းများကို တိုးတိုးလေး သတိပေးနေပါတော့သည်။

"ဒါရိုက်တာ၊ အတွင်းရေးမှူးချုပ်... ဒီဆိုင်က သူဌေးက တစ်နေ့ကို ဝိုင် (၃) အိုးပဲ ရောင်းတာပါ။ တစ်အိုးမှာ ၂၀၀ ဂရမ်ပဲ ပါဝင်ပြီး တစ်ယောက်ကို တစ်ခွက်ပဲ သောက်ခွင့်ပေးပါတယ်။ အရက်နဲ့တွဲစားဖို့ကလည်း ဆီကြော်ငရုတ်သီးနဲ့ မြေပဲစပ်ပဲ ရှိတယ်" ယင်းယာက အပေါ်ထပ်သို့တက်ရင်း ဆိုင်၏ ကန့်သတ်ချက်များကို တစ်ခါတည်း ဖွင့်ပြောလိုက်သည်။

"လက်ထောက်ယင်း... မင်း တကယ်ကို အလုပ်လုပ်ပုံ က သဘာဝမကျဘူး။ ငါတို့ရဲ့ အရေးကြီးတဲ့ဧည့်သည်ကို ဧည့်ခံဖို့ ဒီလောက်နည်းနည်းနဲ့ လုံလောက်မယ်လို့ မင်းထင်နေတာလား။ အဲဒီသူဌေးကို အခုချက်ချင်းသွားပြောပြီး နောက်ထပ်ပြင်ဆင်ခိုင်းလိုက်ပါ။ အရသာရှိရှိ၊ မရှိရှိ ပမာဏလုံလောက်ဖို့က အဓိကပဲ" ဂျိုလီက မျက်မှောင်ကြုတ်ကာ ယင်းယာကို တိုက်ရိုက်ပင် ငေါက်ငမ်းလိုက်သည်။

ဂျိုလီက ယင်းယာ၏ အထက်လူကြီးဖြစ်ရာ ယင်းယာကို လူပုံအလယ်တွင် ဆူပူရန် ဝန်မလေးပေ။ ဒါရိုက်တာကလည်း ပို၍ပင် စိတ်မရှည်ဖြစ်လာကာ အေးစက်စက် ပြောလိုက်သည်။

"ဟုတ်တယ်... ဒီထမင်းစားစရိတ်အတွက် ပြေစာတောင်းထားလိုက်။ ဘဏ္ဍာရေးဌာနမှာ ပြန်ထုတ်ဖို့ ငါပြောပေးမယ်"

ဒါရိုက်တာ၏ အမြင်တွင် ယင်းယာသည် ပေါ့လျော့ရုံသာမက ကုမ္ပဏီကိုပါ လှောင်ပြောင်နေသကဲ့သို့ ခံစားနေရသည်။ ဖောက်သည်ကို ညစ်ပတ်သည်ဟု သူယူဆသော ဆိုင်ထဲခေါ်လာရုံမက၊ အခုတော့ ဝိုင်ကလည်း ၂၀၀ ဂရမ် (၄ ကျပ်သားခန့်) သာ ရှိသည်ဟု ဆိုနေပြန်သည်။

"ဒါရိုက်တာ၊ အတွင်းရေးမှူးချုပ်... ဒီဆိုင်က သေးပေမဲ့ စည်းကမ်းက အရမ်းတင်းကျပ်ပါတယ်။ သူဌေးက ဘယ်သူ့မျက်နှာမှ မကြည့်ဘဲ စည်းမျဉ်းကို မပြောင်းလဲပါဘူး။ အဲဒါကြောင့် အရက်နဲ့တွဲစားဖို့အတွက် Fang Family Pub က သူဌေးကို ကျွန်မ သီးသန့်ချက်ခိုင်းထားပါတယ်" ယင်းယာက စိတ်ရှည်စွာ ရှင်းပြသည်။

"လက်ထောက်ယင်း... မင်း စီစဉ်ပြီးပြီဆိုမှတော့ ဝိုင်လုံလောက်အောင်တော့ သေချာလုပ်ရမယ်လေ" ဂျိုလီက ခက်ထန်စွာ ကြည့်လိုက်သည်။

"တောင်းပန်ပါတယ်... အဲဒီတောင်းဆိုချက်ကလွဲလို့ ကျန်တာ အကုန်လုပ်ပေးနိုင်ပေမဲ့ ဝိုင်တိုးပေးဖို့ကတော့ ကျွန်မ လုံးဝ မတတ်နိုင်ပါဘူး" ယင်းယာက တုံ့ဆိုင်းခြင်းမရှိဘဲ ငြင်းဆိုလိုက်သည်။

ဂျိုလီသည် ယင်းယာကို အရည်အချင်းမရှိဟု သတ်မှတ်ကာ ထပ်မံပြောဆိုရန် ပြင်စဉ် ယင်းယာက ကြားဖြတ်ပြောလိုက်သည်။

"ဒါရိုက်တာ... မီချီလင် သုံးပွင့်စားဖိုမှူး ချူးရှောင် ကို သိတယ်မဟုတ်လား။ သူတောင် ဒီဆိုင်မှာ လာစားဖူးပြီး စည်းမျဉ်းတွေကို လိုက်နာရတာပါ။ ဘယ်လောက်ပဲ ချမ်းသာတဲ့သူဖြစ်ဖြစ် သူဌေးယွမ်ရဲ့ စည်းကမ်းကို မချိုးဖောက်နိုင်ခဲ့ပါဘူး"

"ချူးရှောင် ဟုတ်လား..." ဒါရိုက်တာက ထိုနာမည်ကြောင့် အံ့အားသင့်သွားသည်။ သူ နိုင်ငံခြားသွားစဉ်က ချူးရှောင်၏ ဆိုင်တွင် ဧည့်ခံရန် ကြိုးစားသော်လည်း (၃) နှစ်စာ ကြိုတင်စာရင်း ပေးထားရသဖြင့် မအောင်မြင်ခဲ့ဖူးပေ။

"ဟုတ်ပါတယ်" ယင်းယာက အလေးအနက် ခေါင်းညိတ်ပြသည်။

"ကောင်းပြီလေ... အရင်စမ်းကြည့်ကြတာပေါ့"

ဒါရိုက်တာက အနည်းငယ် စိတ်အေးသွားကာ ဆုံးဖြတ်လိုက်သည်။ ထိုအချိန်တွင် သူတို့အားလုံး ဒုတိယထပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

ယင်းယာသည် ဒါရိုက်တာကို ကြည့်ကာ မျက်နှာတွင် ရှက်ရွံ့မှု အနည်းငယ်ရှိသော်လည်း ခိုင်မာစွာ သတိပေးလိုက်သည်။

"ဒါရိုက်တာ... ကျွန်မ အခုလို ကြိုပြောထားတာက မစ္စတာချင်နဲ့ အရက်သောက်တဲ့အခါ အလွန်အကျွံ မသောက်မိဖို့ပါပဲ။ ဝိုင်အိုးထဲမှာ ၂၀၀ ဂရမ်ပဲ ရှိတာမို့လို့ပါ"

"ကျွန်တော်က ဝိုင်ကို လောဘကြီးတတ်တဲ့သူ မဟုတ်ပါဘူး" ဒါရိုက်တာက အရှက်ပြေ ဒေါသတကြီးဖြင့် ပြန်ပြောလိုက်သည်။

ယင်းယာမှာ ဘာမှ ထပ်မပြောတော့ဘဲ ဂျိုလီကသာ သူမကို မျက်စောင်းထိုး၍ စိုက်ကြည့်နေပါတော့သည်။ နောင်တစ်ချိန် ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင် ထိုစကားများအတွက် ပါးရိုက်ခံရသလို အရှက်ရရမည့် ကိစ္စကိုတော့ သူတို့ အခုထိ မသိကြသေးပါ။

"နေစမ်းပါဦး... စားပွဲနဲ့ထိုင်ခုံတစ်လုံးတည်းပဲ ရှိနေတာလဲ" မစ္စတာချင်က စိတ်ပျက်လက်ပျက် မေးလိုက်ပြန်သည်။ ပတ်ဝန်းကျင်က မြို့ပြနဲ့ဝေးရာ အေးချမ်းတဲ့ ခံစားချက်ပေးပေမဲ့ ရှေးရိုးဆန်တဲ့ ကျောက်စားပွဲဘေးမှာ ပလတ်စတစ်ထိုင်ခုံ (၃) လုံး ချထားတာက ကြည့်ရတာ အတော်လေး အရသာပျက်လှသည်။

"အဘိုး... ကျောက်စားပွဲတစ်ခုအတွက် ထိုင်ခုံတစ်လုံးပဲ မူလက ပြင်ဆင်ထားလို့ပါ" ရှန်းမင်းက လျှောက်လာပြီး ရှင်းပြသည်။

"လူတစ်ယောက်ထက် ပိုလာရင် မတ်တပ်ရပ် သောက်ရမှာလား"

"ဟုတ်ကဲ့... ဖောက်သည်က ထိုင်ခုံကို ကိုယ်တိုင် ယူလာလို့လည်း ရပါတယ်" ရှန်းမင်းက အတည်ပေါက် ပြန်ဖြေလိုက်ရာ မစ္စတာချင်မှာ ဒေါသတကြီးဖြင့် သရော်ပြုံး ပြုံးလိုက်ရတော့သည်။

"ကောင်းပြီလေ... မင်းတို့ဝိုင်က ဘာများ ထူးခြားနေလို့ ဒီလောက်တောင် မာနကြီးနေရလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့" မစ္စတာချင်က အေးစက်စက် နှာခေါင်းရှုံ့ရင်း ထိုင်ခုံမှာ ထိုင်လိုက်သည်။

ဒါရိုက်တာနှင့် ဂျိုလီတို့မှာလည်း အတော်လေး ရှက်ရွံ့သွားကာ ယင်းယာကိုသာ အပြစ်တင်သလို စိုက်ကြည့်နေကြသည်။ သူတို့လည်း စိတ်ထဲတွင် ယွမ်ကျိုးကို ကျိန်ဆဲနေမိကြသည်။

"ဘာလို့ ဒီလောက် မာနကြီးရတာလဲ"

ရှန်းမင်းက ဘာမှထပ်မပြောဘဲ ဝါးအရက်အိုးငယ်လေးများကို ယူဆောင်လာသည်။

"ယင်းယာမမ... ဟင်းပွဲတွေကို ဝိုင်နဲ့အတူ တစ်ခါတည်း ချပေးရမလား"

"ဟုတ်တယ်... နှစ်မျိုးလုံး ချပေးလိုက်ပါ"

ယင်းယာ ပိုက်ဆံရှင်းပြီးနောက် ရှန်းမင်းက 'အရက်သမားမြေပဲ' နှင့် 'ဆီကြော်ငရုတ်သီး' တို့ကို ချပေးကာ သူမ၏ နေရာသို့ ပြန်သွားပြီး အေးအေးဆေးဆေး အိမ်စာထိုင်လုပ်နေတော့သည်။

"တကယ်ကို ညစ်ပတ်တဲ့ စားသောက်ဆိုင်ပဲ စားပွဲထိုးမလေးက အိမ်စာလုပ်ဖို့ ထွက်သွားတယ်တဲ့လား" မစ္စတာချင်မှာ ဝါးအိုးငယ်လေးနှင့် ကြွေပန်းကန်လုံးကြမ်းများကို ကြည့်ကာ ပြင်းပြင်းထန်ထန် ညည်းညူလိုက်ပါတော့သည်။

အပိုင်း (၅၀၆)

(ပြီးပါပြီ)

All Chapters