← Chapters

အခန်း (၅၀၇-၅၀၈)

Vol. 41 Ch. 507-508

အခန်း (၅၀၇-၅၀၈)

Vol. 41 Ch. 507-508

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၅၀၇)

"တောင်းပန်ပါတယ်ရှင့်၊ ဘာများ ကူညီပေးရမလဲ"ရှန်းမင်းက အိမ်စာလုပ်နေရာမှ ချက်ချင်းထရပ်ကာ မေးလိုက်သည်။

"အံ့သြစရာကောင်းတာက လူလေးယောက်ကို ခွက်နှစ်ခွက်ပဲ ပေးတယ်၊ ပြီးတော့ တစ်ခွက်နဲ့ တစ်ခွက်ကလည်း ပုံစံချင်း မတူဘူး"

မစ္စတာချင်က သူ့ရှေ့က တခြားခွက်များနှင့် သိသာစွာ ကွဲပြားနေသည့် အဖြူရောင် ကြွေခွက်လေးကို လက်ညှိုးထိုးပြကာ မကျေမနပ် မေးလိုက်သည်။

"အဘိုး... ကျွန်မတို့ဆိုင်မှာက အရက်တစ်အိုးမှာ ခွက်တစ်ခွက်ပဲ ပေးတာပါ။ အရက်နဲ့တွဲစားတဲ့ အမြည်းတွေကိုတော့ သီးခြားမှာယူရပါမယ်။ အခု စားပွဲပေါ်က မြေပဲနဲ့ ငရုတ်သီးကလွဲလို့ ကျန်တဲ့ ဟင်းတွေကိုတော့ ယင်းယာမမက သူဌေးဖန် ဆီမှာ သီးသန့်မှာထားပေးတာပါ" ရှန်းမင်းက ယဉ်ကျေးစွာ ရှင်းပြလိုက်သည်။

"မစ္စတာချင်... အရက်လည်း ရောက်ပြီဆိုတော့ အရင်ဆုံး မြည်းစမ်းကြည့်ပါဦးလား" ဒါရိုက်တာက ယင်းယာကိုယ်စား ကြားဝင်ဖြတ်ပြောလိုက်သည်။

"ခင်ဗျားက ဘာလို့ အဲဒီလောက် စိတ်ဝင်စားနေတာလဲ" ဒါရိုက်တာက အရက်အိုးကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်ကို မြင်သောအခါ မစ္စတာချင်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဒီလိုပါ မစ္စတာချင်... ခင်ဗျားက ဝိုင်ကို အရမ်းနှစ်သက်တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကြွေထည်အနုပညာကိုတော့ ခင်ဗျား သိပ်သတိမထားမိသေးဘူး ထင်တယ်။ ဒီအရက်အိုးနဲ့ ခွက်က... တကယ်ကို အဆင့်မြင့်တယ်၊ အရမ်းကို ကောင်းမွန်လွန်းတယ်" ဒါရိုက်တာက စိတ်လှုပ်ရှားစွာဖြင့် ချီးကျူးလိုက်သည်။

"ပန်းပုံစံလေးတွေနဲ့ ဆေးခြယ်ထားတဲ့ ဒီအိုးလေးကို ဆိုလိုတာလား" မစ္စတာချင်က အရက်ကိုသာ စိတ်ဝင်စားသူဖြစ်သဖြင့် အိုး၏တန်ဖိုးကို သိပ်နားမလည်ပေ။

"ဟုတ်ပါတယ်... ဒီအရက်အိုး တစ်အိုးတည်းရဲ့ တန်ဖိုးတင် ကျွန်တော်တို့ ဟိုတစ်နေ့က သောက်ခဲ့တဲ့ ဘော်ဒိုးဝိုင် ထက်တောင် ပိုဈေးကြီးနိုင်တယ်" ဒါရိုက်တာက အလေးအနက် ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ မစ္စတာချင်သည် သူ့ကို နေရာညံ့ညံ့သို့ ခေါ်လာခြင်းမဟုတ်ဟု ခံစားရကာ အနည်းငယ် စိတ်အေးသွားသည်။

"ကောင်းပြီလေ... ဒါဆိုရင်တော့ ကျွန်တော် မြည်းစမ်းကြည့်ပါရစေ"

အမှန်တော့ မစ္စတာချင်သည် ဆိုင်ထဲသို့ ရောက်စကပင် စိတ်ပျက်နေသဖြင့် အရက်သောက်ရန် တွန့်ဆုတ်နေခြင်း ဖြစ်သည်။ သို့သော် စီးပွားရေးအရ အားနာမှုကြောင့်သာ အောင့်အည်းနေခဲ့ရသည်။

"ငါ့ကိုငါပဲအပြစ်တင်ရတော့မယ်... အရက်ကောင်းရှိတယ်ဆိုတာနဲ့ ခြေထောက်တွေက အငြိမ်မနေနိုင်တော့ဘူး" စိတ်ထဲမှ သက်ပြင်းချရင်း အိုးအဖုံးကို ဖွင့်ရန် ပြင်လိုက်သည်။

"ကျွန်တော် လုပ်ပေးပါ့မယ်"

ဒါရိုက်တာက အိုးကို လှမ်းယူလိုက်သည်။ အခြေအနေများ ပြေလည်သွားသည်ကို မြင်သောအခါ ရှန်းမင်းသည်လည်း သတိရှိရှိဖြင့် အသာအယာ ဆုတ်ခွာသွားခဲ့သည်။

"ဒီအိုးကို ကိုင်လိုက်ရတာက... ကျောက်စိမ်းအစစ်ကို ထိတွေ့နေရသလိုမျိုး တကယ်ကို နူးညံ့ချောမွေ့တာပဲ" ဒါရိုက်တာက တအံ့တသြ ရေရွတ်လိုက်သည်။

ကျန်သည့်သူများကတော့ ဒါရိုက်တာကို ကြည့်ကာ ဘာမှမပြောကြပေ။ သူတို့သည် ကြွေထည်အနုပညာကို နားမလည်သည့် လူသာမန်များသာ ဖြစ်သောကြောင့်ဖြစ်သည်။ ယွမ်ကျိုး၏ ဆိုင်တွင်မူ အစားအသောက်က ထူးကဲသလို၊ ထည့်ထားသည့် အိုးခွက်ပန်းကန်များမှာလည်း အစားအသောက်၏ အရသာကို ပိုမိုပေါ်လွင်စေရန် အကောင်းဆုံး ပံ့ပိုးပေးထားခြင်းပင်။ သို့သော် ယွမ်ကျိုးကိုယ်တိုင်ပင်လျှင် ထိုအိုးခွက်များ၏ တကယ့်ကာလပေါက်ဈေးနှင့် တန်ဖိုးကို အတိအကျ မသိရှိလှပေ။

ဒါရိုက်တာက အရက်အိုးအဖုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည့် အခိုက်အတန့်တွင်ဖြစ်သည်။

“ဘို”

ဒါရိုက်တာက အိုးအဖုံးကို ဖွင့်လိုက်သော အသံလေးနှင့်အတူ သင်းပျံ့လှသော အရက်ရနံ့က လေထုထဲမှာ တခဏချင်း ပြန့်လွင့်သွားပါတော့တယ်။

"အမ်" မစ္စတာချင် တစ်ယောက် မကျေမနပ်ဖြစ်နေ‌ေသာအမူအရာများ ချက်ချင်းပျောက်ကွယ်သွားပြီး ဒါရိုက်တာလက်ထဲမှ အရက်အိုးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိ၏။

"မစ္စတာချင်... အနံ့က တကယ်ကို ထူးခြားတာပဲနော်" ဒါရိုက်တာကိုယ်တိုင်လည်း အံ့သြတကြီး ပြောလိုက်မိသည်။ သူသည် အရက်ကျွမ်းကျင်သူမဟုတ်သော်လည်း ထိုရနံ့က သာမန်အရက်များနှင့် မတူဘဲ စိတ်ကိုလန်းဆန်းစေသော သဘာဝရနံ့မျိုးဆိုတာ ခံစားမိ‌သောကြောင့်ပင်။

"ဟုတ်တယ်... အရမ်း... အရမ်းကောင်းတဲ့ အနံ့ပဲ" မစ္စတာချင် ခေါင်းညိတ်ပြရင်း စကားတွေတောင် ထစ်ငေါ့ကုန်‌၏။

ဒါရိုက်တာက အရက်အိုးကို မြှောက်ပြီး ဇီးပန်းရောင်ခြယ်ထားတဲ့ ကြွေခွက်လေးထဲကို ဖြည်းဖြည်းချင်း လောင်းထည့်လိုက်ပါတယ်။ ခွက်ရဲ့ (၇၀) ရာခိုင်နှုန်းခန့် ပြည့်သွားချိန်တွင် ကြည်လင်လွန်းလှသောအရက်ကြေင့် ခွက်၏အောက်ခြေမှ ပန်းပုံစံလေးများသည်အရက်ထဲတွင် ပွင့်လန်းနေသယောင်ပင် ထင်မှတ်ရ‌တော့သည်။

"ကောင်းတယ်... တကယ်ကို ကောင်းတယ်။ ရနံ့က သင်းပျံ့နေပြီးတော့ ပျံ့လွင့်မသွားဘူး။ အနံ့က ကြာရှည်ခံပေမဲ့ ပြင်းရှရှဖြစ်မနေဘူး။ အနည်းဆုံး ဆယ်စုနှစ်တစ်ခုလောက် သိမ်းဆည်းထားတဲ့ အရက်မျိုးပဲ" မစ္စတာချင်က မျက်လုံးလေးမှိတ်ပြီး အရသာခံ ရှူရှိုက်ရင်း မှတ်ချက်ပေးလိုက်၏။

ထိုစကားကို ကြားလိုက်ရသည့်အခါမှ ယင်းယာ၊ ဒါရိုက်တာနဲ့ ဂျိုလီတို့ သုံးယောက်လုံး ရင်ထဲမှ အလုံးကြီး ကျသွားသကဲ့သို့ စိတ်သက်သာရာ ရသွားကြတော့၏။ ဒါရိုက်တာက ယင်းယာကို ချီးကျူးသလိုတစ်မျိုး၊ အံ့သြသလိုတစ်မျိုးနှင့် လှမ်းကြည့်လိုက်ပြီး ဂျိုလီကလည်း ယင်းယာဘက်ကို လှည့်ကြည့်ကာ ခေါင်းညိတ်ပြလိုက်ပါတယ်။

"မစ္စတာချင် သဘောကျရင်ပဲ ကျေနပ်ပါပြီ" ဒါရိုက်တာက ပြုံးရွှင်စွာ ပြောလိုက်သည်။

"ဟုတ်ပါတယ်။ ကျေးဇူးတင်ပါတယ်" မစ္စတာချင်က အရက်ခွက်ကို အမြတ်တနိုး လက်ခံယူလိုက်ပါသည်။

"ဒါဆို ကျွန်တော်လည်း မစ္စတာချင်နဲ့အတူ တစ်ခွက်လောက် သောက်ရအောင်" ဒါရိုက်တာက ပြောရင်း နောက်ထပ်ခွက်တစ်ခွက်ထဲကို အရက်ငှဲ့ဖို့ ပြင်လိုက်တဲ့အခါတွင် မစ္စတာချင်က ချက်ချင်း တားလိုက်၏။

"နေဦး... နေဦး အဘိုးကြီးချန်... ခဏစောင့်ပါဦး။ ကျွန်တော် အရင်မြည်းကြည့်ပါရစေ"

မစ္စတာချင်ဟာ အရက်ကောင်းကို မြင်တာနှင့် တစ်ကိုယ်ကောင်းဆန်တတ်သော သူ့၏ဝါသနာက ပေါ်လာ‌၏။ အရက်အိုးက သေးသေးလေး၊ အရက်ကလည်း နည်းနည်းလေးဖြစ်သောကြောင့် တခြားသူကို ဝေမျှရန် ဝန်လေးသွားခြင်းပင်။ ဆိုင်၏စည်းကမ်းအရ တစ်ယောက်တစ်ခွက်ဖြစ်သောကြောင့် တပါးသူအားပေးသောက်လိုက်လျှင် သူ့အတွက် လျော့သွားမှာကို စိုးရိမ်နေ‌လေ၏။

"အာ..."

ဒါရိုက်တာမှာတော့ ကိုယ့်ဖောက်သည်က အရက်ကို ထိုမျှ ကာကွယ်လိမ့်မယ်ဟု မထင်ထားတာသောကြောင့် စကားပင် ဆက်မပြောနိုင်ဘဲ ကြောင်ကြည့်နေမိတော့သည်။

"ဒီမှာ... အရက်နဲ့တွဲစားတဲ့ ဟင်းပွဲတွေကလည်း အရသာရှိပုံရတယ်။ အဘိုးကြီးချန်... ခင်ဗျား ဒါတွေကိုပဲ အရင်မြည်းကြည့်ပါလား" မစ္စတာချင်က အရက်အိုးကို လက်နှင့်အုပ်ထားရင်း စားပွဲပေါ်က မြေပဲနဲ့ ငရုတ်သီးပန်းကန်များကို လက်ညှိုးထိုးပြကာ အကြံပေးလိုက်၏။

"အတူတူ စားကြရအောင်" မစ္စတာချင်က ပြောပြီးနောက် ယင်းယာနှင့် ဂျိုလီတို့ကိုလည်း ဖိတ်ခေါ်လိုက်သည်။

"ကောင်းပါပြီ... အရက်နဲ့ ဟင်းပွဲတွေကို မြည်းစမ်းကြည့်ကြတာပေါ့" ဒါရိုက်တာက မျက်နှာပေါ်တွင် ပျော်ရွှင်မှုများဖြင့် အမြည်းများကို စားရန် ပြင်ဆင်လိုက်သည်။

ယင်းယာသည် တူကို ကိုင်လိုက်သော်လည်း အစားကို အရင်မစားသေးဘဲ အရက်၏ နောက်ခံအကြောင်းကို အချိန်ကိုက် မိတ်ဆက်ပေးလိုက်သည်။

"မစ္စတာချင်... ဒါကို ဝါးအရက် လို့ ခေါ်ပါတယ်။ ဟိုဘက်မှာ မြင်နေရတဲ့ ဝါးတောထဲက ဝါးတွေထဲမှာ အရက်ကို ထည့်သွင်းထားတာပါ။ အသက်ရှင်နေတဲ့ ဝါးပင်တွေနဲ့အတူ ချက်လုပ်ထားတာမို့လို့ သဘာဝအတိုင်း ထူးခြားနေတာပါ"

"တကယ်လား... ဝါးအရက်လား" မစ္စတာချင်က ပြန်မေးသော်လည်း သူ၏ အကြည့်များက အရက်ခွက်ဆီမှ ခွာမသွားပေ။

"ဟုတ်ပါတယ်... စာပေလောကရဲ့ ဘီလူးကြီး ဆူရှီ က သူ့ရဲ့ ကဗျာတစ်ပုဒ်မှာ 'ဒါဘာ (Daba) တောင်တန်းမှာ ဝါးအရက် မတွေ့ရတာ နှမြောစရာပဲ၊ တစ်နေ့နေ့တော့ အတူတူ မူးနိုင်မယ်လို့ မျှော်လင့်တယ်' လို့ ရေးဖွဲ့ခဲ့ဖူးပါတယ်။ သူပြောချင်တာက ဒီလိုမျိုး ဝါးအရက်အကြောင်းပါပဲ" ယင်းယာက သူမ၏ ဗဟုသုတကို အသုံးပြုကာ ယဉ်ကျေးစွာ ရှင်းပြလိုက်သည်။

"ဒါဆိုရင်တော့ ငါ ကောင်းကောင်း မြည်းစမ်းကြည့်ရမှာပေါ့" မစ္စတာချင်သည် အရက်ကို တစ်ငုံချင်း မော့ချလိုက်သည်။

အရက်က လည်ချောင်းထဲသို့ စီးဝင်သွားသောအခါ ရေထက် အနည်းငယ် လေးလံသလို ခံစားရသော်လည်း အလွန်ပင် နူးညံ့လှသည်။ မစ္စတာချင်သည် မိမိကိုယ်ကို အရက်ပြင်း သောက်နေသည်ဟု မခံစားရဘဲ လည်ချောင်းကို သက်သာစေသည့် သစ်တော်သီးဖျော်ရည် သို့မဟုတ် ကြံရည်ကို သောက်နေရသကဲ့သို့ ခံစားလိုက်ရသည်။

"အင်း..." မစ္စတာချင်က ကျေနပ်လွန်းသဖြင့် မျက်လုံးလေးမှိတ်ကာ နှာခေါင်းရှုံ့လိုက်မိသည်။

ဤမြင်ကွင်းကို ကြည့်ပြီး ဒါရိုက်တာနှင့် ဂျိုလီတို့သည် စာချုပ်ချုပ်ဆိုနိုင်ရေးအတွက် ရာနှုန်းပြည့် ယုံကြည်မှု ရှိလာကြသည်။ မစ္စတာချင်သည် အရက်ကောင်းနှင့် တွေ့လျှင် ပေါင်းသင်းရ အလွန်လွယ်ကူသူ မဟုတ်ပါလား။

"ချိုမြိန်တယ်... နူးညံ့တယ်... ရနံ့ကလည်း သင်းပျံ့နေတာပဲ။ တကယ်ကို ကောင်းတဲ့ အရက်ပဲဗျာ" မစ္စတာချင်က ကျယ်လောင်စွာ ချီးကျူးလိုက်တော့သည်။

"မစ္စတာချင် သဘောကျရင် နောက်ထပ်တစ်ခွက် သောက်ပါဦး" ယင်းယာက ဂရုတစိုက်နှင့် နောက်ထပ်တစ်ခွက် ငှဲ့ပေးလိုက်ပြန်သည်။

"ဟုတ်တယ်... ငါ သဘောကျတယ်။ ဒီလို အရက်မျိုးကို ငါ ပထမဆုံးအကြိမ် မြည်းစမ်းဖူးတာပဲ။ တကယ်ကို အံ့သြစရာကောင်းလောက်အောင် ထူးကဲလွန်းတယ်" မစ္စတာချင်က နူးညံ့သိမ်မွေ့စွာ ပြောသည်။

"နောက်ထပ်တစ်ခွက် သောက်ကြည့်ပါဦး။ ဒီအရက်ကို သောက်တဲ့ တခြားနည်းလမ်းတစ်ခုလည်း ရှိသေးတယ်" ယင်းယာက ပြုံးလျက် ကမ်းပေးလိုက်သည်။

"တကယ်လား... တခြားသောက်နည်း ရှိသေးတယ် ဟုတ်လား"

"ဟုတ်တယ်... အဲဒီလို သောက်ရင် အရက်ပြင်းလိုမျိုး ခံစားချက်ကို ပေးပါလိမ့်မယ်"

"အရက်ပြင်းလား ဒီအရက်က နူးညံ့ပြီး ချောမွေ့နေတာပဲကို။ ဘယ်လိုလုပ်ပြီး မီးလောင်နေတဲ့ အရက်ပြင်းလို ဖြစ်သွားမှာလဲ" မစ္စတာချင်က ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ခဏနေရင် သိလာပါလိမ့်မယ်" ယင်းယာက ဇာတ်လမ်းကို ဆွဲဆောင်မှုရှိရှိ ဆက်ပြောရန် ပြင်ဆင်လိုက်သည်။ မစ္စတာချင်ကတော့ သူမပြောသည်ကို သိပ်ဂရုမစိုက်တော့ဘဲ သူ့ရှေ့က အရက်ခွက်ကိုသာ အာရုံအပြည့် ထားနေပါတော့သည်။

အပိုင်း (၅၀၇)

(ပြီးပါပြီ)

ကျွမ်းကျင်စားဖိုမှူးစနစ်

အပိုင်း (၅၀၈)

အရက်အနည်းငယ် သောက်ပြီးနောက် မစ္စတာချင်၏ မျက်နှာမှာ သိသိသာသာ ကြည်လင်ဝင်းပလာပြီး နူးညံ့ပျော့ပြောင်းသော အမူအရာ ပေါ်ပေါက်လာသည်။

"အရက်တစ်ခွက် ထပ်သောက်ပါရစေဦး" မစ္စတာချင်က မျက်လုံးလေးမှေးစင်းကာ ကျေနပ်စွာ ပြောလိုက်သည်။

"ကောင်းပါပြီရှင့်" ယင်းယာက ခေါင်းညိတ်ပြရင်း ကြွေဖြူရောင် အရက်အိုးလေးကို မကာ ဂရုတစိုက် ငှဲ့ပေးလိုက်သည်။ အရက်ပမာဏက နည်းလွန်းသည့်အပြင် ယွမ်ကျိုး၏ စည်းကမ်းကလည်း တင်းကျပ်လှသဖြင့် သူမသည် ခွက်၏ (၆၀) ရာခိုင်နှုန်းခန့်သာ ပြည့်အောင် ငှဲ့ပေးလေ့ရှိသည်။

"တကယ်ကို ကောင်းတဲ့အရက်ပဲ။ ဒီလို ဆိုင်လေးမှာ ဒီလောက် အဆင့်မြင့်တဲ့ အရက်ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ထားဘူး။ မယုံနိုင်စရာပဲ... တကယ့်ကို မယုံနိုင်စရာပဲ"

မစ္စတာချင်၏ အံ့သြမှုမှာ အထပ်ထပ် ပြောဆိုနေသည့် စကားလုံးများတွင်ပင် သိသာလှသည်။ သူသည် အရက်ခွက်ကို ဖွဖွလေး လှုပ်ယမ်းကြည့်လိုက်ရာ အရက်၏ ကြည်လင်မှုက ပို၍ပင် တောက်ပြောင်လာသည်။

"ဒီဆိုင်က သေးပေမဲ့ ဒီမှာရှိတဲ့ အစားအစာတွေကတော့ ရတနာတွေလိုပါပဲ 'အမူးသမားမြေပဲ' လေးကို မြည်းကြည့်ပါဦးလား" ယင်းယာက ညွှန်ပြလိုက်သည်။

"ကောင်းပြီလေ... အရက်ကောင်းရှိရင်တော့ မြည်းစမ်းစရာ အမြည်းလည်း ရှိရမှာပေါ့"

မစ္စတာချင်က သဘောတူလိုက်သည်။ အရက်ကောင်းနှင့် တွေ့ထားသဖြင့် ယခုဆိုလျှင် မစ္စတာချင်နှင့် စကားပြောရသည်မှာ အလွန်ပင် လွယ်ကူချောမွေ့နေတော့သည်။

"ဟားဟား... ဒီနေရာက သေးပေမဲ့ အရက်ကတော့ အရှုံးမပေးဘူး မဟုတ်လား မစ္စတာချင်" ဒါရိုက်တာက ပြုံးရွှင်စွာ ပြောလိုက်သည်။

"ဟုတ်ပရှင်... ကျွန်မတောင် ဒီအရက်ရနံ့ကို ရှူရင်း သောက်ချင်စိတ်တွေ တဖွားဖွား ပေါ်လာတယ်"

ဂျိုလီက ဝန်ခံလိုက်သည်။ သူမသည် အလုပ်သဘောအရ အရက်မျိုးစုံ သောက်ဖူးသော်လည်း ယွမ်ကျိုး၏ ဝါးအရက်ကဲ့သို့ သင်းပျံ့ထူးခြားသော ရနံ့မျိုးကို တစ်ခါမှ မကြုံဖူးပေ။ ယွမ်သောင်းချီတန်သည့် ဝိုင်နီများပင်လျှင် ဤရနံ့ကို မမီနိုင်ဟု သူမ ခံစားရသည်။

"အို... အဲဒီလိုတော့ မလုပ်ပါနဲ့ မစ္စစ်ဂျိုလီ။ ဒီက ဟင်းပွဲလေးတွေကိုပဲ ပိုစားဖို့ အကြံပေးပါရစေ။ ဟင်းလေးတွေက အရမ်းလှတာပဲ မဟုတ်လား"

မစ္စတာချင်က သူ၏ အရက်ခွက်ကို လက်ဖြင့် အမြန်ကာကွယ်ရင်း နောက်ပြောင်ကာ တားဆီးလိုက်သည်။

"ဟားဟား... ဂျိုလီရေ၊ မစ္စတာချင်ကို သွားမစနဲ့တော့။ ငါကိုယ်တိုင်တောင် တစ်ငုံမှ မြည်းခွင့်မရတာ မင်းမြင်သားပဲ" ဒါရိုက်တာက ရယ်မောလျက် ပြောလိုက်သည်။

"မဟုတ်ပါဘူး... ဒီအရက်က အရမ်းနူးညံ့ပြီးတော့ မူးစေတာမျိုး မရှိလို့ပါ။ ခင်ဗျားတို့ သောက်ဖို့ မလိုပါဘူး" မစ္စတာချင်က အတည်ပေါက် ပြောလိုက်ရာ ဒါရိုက်တာမှာ ပို၍ပင် ရယ်မောသွားတော့သည်။

"ဒါနဲ့ လက်ထောက်ယင်း... ဒီလောက် လူမသိသူမသိတဲ့ စားသောက်ဆိုင်လေးကို ခင်ဗျား ဘယ်လိုလုပ် ရှာတွေ့တာလဲ" မစ္စတာချင်က မေးခွန်းထုတ်လိုက်သည်။

သူ၏ အမြင်တွင် ဤဆိုင်မှာ ဆိုင်းဘုတ်လည်းမရှိ၊ ၂၀ စတုရန်းမီတာထက် မပိုသော နေရာကျဉ်းကျဉ်းလေးသာ ဖြစ်သည်။ ဆိုင်ရှင်က ထိုင်ခုံတစ်လုံးပင် ထပ်မဝယ်နိုင်လောက်အောင် ကပ်စေးနှဲသည်ဟု သူထင်နေဆဲပင်။

"ကျွန်မက ဒီဆိုင်ရဲ့ ပုံမှန်ဖောက်သည် တစ်ယောက်မို့လို့ပါ မစ္စတာချင်။ တစ်ပတ်ကို တစ်ခါလောက်တော့ လာဖြစ်ပါတယ်။ ဒီထက်ပိုပြီး လာချင်ပေမဲ့လည်း သူဌေးယွမ်က ခွင့်မပြုလို့ပါ" ယင်းယာက ပြုံးလျက် ဖြေကြားလိုက်ပါတော့သည်။

"အိုး... ဒီက ပစ္စည်းတွေက ဈေးကြီးတာလား" ဟု မစ္စတာချင်က စိတ်ဝင်တစား မေးမြန်းလိုက်သည်။

"ဟုတ်ကဲ့... မစ္စတာချင်ရော ဒီအရက်တစ်အိုးကို ဘယ်လောက်တန်မယ်လို့ ထင်လဲရှင့်" ယင်းယာက အခြေအနေကောင်းနေသည်ကို ကြည့်ကာ ပြုံးရွှင်စွာဖြင့် နောက်ပြောင်၍ မေးလိုက်သည်။

"ဈေးနှုန်းကို ခန့်မှန်းရတာ တကယ်ခက်တယ်... တကယ်ကို ခက်တယ်။ ဒီအရက်မျိုးကို အိုးကြီးတစ်လုံးလောက်သာ ရနိုင်ရင် ဘယ်လောက်ကောင်းမလဲ" မစ္စတာချင်က နှမြောတသစွာဖြင့် ခေါင်းကို တရစပ် ခါယမ်းနေတော့သည်။

"အနည်းဆုံးတော့ ယွမ် ၂၀,၀၀၀ (နှစ်သောင်း) ကျော်မှာပေါ့" ဟု ဒါရိုက်တာက ရဲရင့်စွာ ခန့်မှန်းလိုက်သည်။ သူကတော့ အရက်အိုး၏ ကြွေထည်တန်ဖိုးကိုပါ ထည့်တွက်ပြီး ပြောလိုက်ခြင်း ဖြစ်သည်။

"ယွမ် ၁၀,၀၀၀ (တစ်သောင်း) လောက်တော့ ရှိမယ် ထင်တယ်။ အရက်ပမာဏက နည်းပေမဲ့ အဆင့်အတန်းကတော့ တကယ်မြင့်တာကိုး" ဂျိုလီကလည်း သူမ၏ အမြင်ကို မျှဝေသည်။

ဤသူနှစ်ဦးမှာ အရက်၏ စစ်မှန်သောတန်ဖိုးကို သိနားလည်၍မဟုတ်ဘဲ မစ္စတာချင်၏ တုံ့ပြန်မှုကို ကြည့်ကာ ဈေးနှုန်းကို မြှင့်၍ ခန့်မှန်းနေကြခြင်းသာ ဖြစ်သည်။ မစ္စတာချင်ကဲ့သို့ အရက်ကျွမ်းကျင်သူကပင် "ဒါမျိုး တစ်ခါမှ မသောက်ဖူးဘူး" ဟု အမွှမ်းတင်နေသဖြင့် သူတို့က ဂဏန်းကြီးကြီးများကိုသာ ရွေးချယ်ခဲ့ကြသည်။

"မဟုတ်ဘူး... မဟုတ်ဘူး... ခင်ဗျားတို့က ဒီအရက်ရဲ့ တန်ဖိုးကို တကယ်ကို လျှော့တွက်ထားတာပဲ"မစ္စတာချင်က တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

"ဒီအရက်က အဖိုးမဖြတ်နိုင်တဲ့ ရတနာပဲဗျ။ သောက်လေ ကုန်လေ ဖြစ်မယ့်အရာကို ယွမ်ထောင်ဂဏန်းလောက်နဲ့ ဘယ်လို တန်ဖိုးဖြတ်လို့ ရပါ့မလဲ"

ထိုစကားကို ကြားလိုက်ရသောအခါ ယင်းယာသည် ရုတ်တရက်ဆိုသလို သူဌေးယွမ်မှာ အတော်လေးကို စိတ်ကောင်းရှိလှသည်ဟု ခံစားလိုက်ရသည်။ ဒီအရက်က ယွမ် ၅,၈၈၈ (ငါးထောင်ရှစ်ရာကျော်) သာ ကျသင့်သည်ဟု သူတို့ကို ပြောပြလိုက်လျှင် သူတို့ မည်သို့ တုံ့ပြန်ကြမည်နည်း။

"ငါ ဘာဖြစ်သွားတာလဲ... သူဌေးယွမ်က စိတ်ကောင်းရှိတဲ့သူလို့ ဘာလို့ ထင်မိသွားတာလဲ။ ငါ တကယ်ပဲ ရူးများသွားတာလား"

ယင်းယာက အပြင်ပန်းတွင် ရယ်ပြနေသော်လည်း ရင်ထဲမှာတော့ ကိုယ့်ကိုယ်ကိုယ် ပြန်၍ လှောင်ပြောင်နေမိသည်။

"ဒါက အရက်တွေထဲမှာ ရတနာပဲ။ ကောင်းမွန်တဲ့ အရက်ကို ငွေကြေးနဲ့ပဲ တိုင်းတာလို့ မရဘူး" မစ္စတာချင်က ထပ်မံ၍ သက်ပြင်းချရင်း ချီးမွမ်းပြန်သည်။

"ဟုတ်ကဲ့ပါ... ရှင်က ချမ်းသာတော့ ရှင့်စကားက အမြဲမှန်နေတာပေါ့" ယင်းယာက စိတ်ထဲကနေ ခနဲ့လိုက်သည်။

"တကယ့်ကို သာယာတဲ့ အတွေ့အကြုံပဲဗျာ ဝါးတောဘေးမှာ ဝါးနံ့သင်းနေတဲ့ အရက်ကို သောက်ရတာ တကယ်ကို ဇိမ်ကျပါတယ်"

မစ္စတာချင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ပြောလိုက်သည်။

"ဟုတ်ပါတယ်... ဒီပတ်ဝန်းကျင်လေးက တကယ်ကို တိတ်ဆိတ်ပြီး လှပတာပဲ" ဒါရိုက်တာကလည်း ဘေးကနေ ချက်ချင်း ထောက်ခံသည်။

"ကျိန်စာတိုက်ချင်တယ်...စောနကမှ ဒီဆိုင်က ညစ်ပတ်ပါတယ်၊ ညံ့ဖျင်းပါတယ်လို့ ပြောခဲ့ပြီးတော့ အခုကျမှ လှပပါတယ်တဲ့လား။ မရှက်ကြဘူးလား" ယင်းယာက တွေးနေမိသော်လည်း မျက်နှာတွင်မူ နှိမ့်ချသော အပြုံးလေးကိုသာ ဆက်လက် ထိန်းသိမ်းထားသည်။

ကောင်းမွန်သော အရက်တစ်ခွက်သည် လူတို့၏ အမြင်များကို ဤမျှအထိ ပြောင်းလဲစေနိုင်သည်မှာ အံ့သြစရာပင်။ ထို့နောက်တွင် ယင်းယာသည် ယွမ်ကျိုးထံမှ ကြိုတင်မေးမြန်းထားသော အရက်သောက်နည်း နောက်တစ်မျိုးကို မစ္စတာချင်အား သင်ပေးရန် ပြင်ဆင်လိုက်ပါတော့သည်။

"ဟူးးးး... တကယ်ကို အရမ်းစပ်တာပဲ၊ ဒါပေမဲ့ အရမ်းလည်း မွှေးတာပဲဗျာ"

မစ္စတာချင်မှာ ငရုတ်သီးအရှိန်ကြောင့် တွန့်ဆုတ်သွားသော်လည်း လက်ကမူ အစားအသောက်ဆီမှ မခွာနိုင်ဘဲ ဖြစ်နေသည်။

"ဟုတ်ပါတယ်... ဒါကို စားပြီးတာနဲ့ အရက်ကို ချက်ချင်းသောက်လိုက်ပါ၊ ထူးခြားတဲ့ အရသာကို သိလာပါလိမ့်မယ်" ယင်းယာက ဘေးမှနေ၍ ဂရုတစိုက် လမ်းညွှန်ပေးလိုက်သည်။

"ဒီလို နူးညံ့တဲ့အရက်က ဘယ်လိုနည်းနဲ့ ပြင်းရှရှဖြစ်သွားမလဲဆိုတာ ငါ တကယ် သိချင်လာပြီ" မစ္စတာချင်က စပ်စုချင်စိတ်ဖြင့် ပြောလိုက်သည်။

"အခု အဆင်ပြေပြီ... သောက်လို့ရပါပြီရှင့်" ယင်းယာက အချိန်ကိုက် ပြောလိုက်သည်။ မစ္စတာချင်မှာ စီချွမ်သားမဟုတ်သဖြင့် အစပ်သိပ်မခံနိုင်သည်ကို သူမ သိထားသည်။ ယခု ငရုတ်သီးစားထားသည့် အရှိန်မှာ အရက်၏ အရသာကို ပြောင်းလဲရန် အသင့်တော်ဆုံး အခြေအနေပင်။

"ရှလွပ်..."

မစ္စတာချင်သည် ပါးစပ်ထဲမှ ပူလောင်မှုကို သက်သာစေရန် အရက်တစ်ခွက်လုံးကို ချက်ချင်း သောက်ချလိုက်သည်။ ခဏအတွင်းမှာပင် ပါးစပ်ထဲ၌ ပူလောင်မှုနှင့် အရက်၏ရနံ့တို့ ရောယှက်ကာ ထူးခြားသော ခံစားချက်တစ်ခု ပေါ်လာသည်။ သူသည် ပါးစပ်ကို ဟကာ အသက်ရှူထုတ်ချင်သော်လည်း—

"ပါးစပ်ကို မဟနဲ့ဦး... ပိတ်ထားပါ။ ပြီးမှ ဖြေးဖြေးချည်းမျိုချလိုက်ပါ" ယင်းယာက သတိပေးလိုက်သည်။

"ဂလု... ဂလု..."

မစ္စတာချင်သည် ညွှန်ကြားချက်အတိုင်း တိုက်ရိုက်မျိုချလိုက်သည်။ အရက်၏ အငွေ့အသက်များမှာ လည်ချောင်းမှတစ်ဆင့် ဝမ်းဗိုက်ထဲသို့ နွေးခနဲ စီးဝင်သွားသည်။ ထို့နောက်မှ သူ၏ပါးစပ်ကို ဖွင့်ကာ ပြင်းပြင်းထန်ထန် အသက်ရှူထုတ်လိုက်တော့သည်။

"အရမ်းကောင်းတာပဲ" မစ္စတာချင် တစ်ယောက် အားရပါးရ အော်ဟစ်လိုက်မိသည်။

"ဒီလို သောက်ရတာမျိုး တစ်ခါမှ မကြားဖူးဘူး။ အစပိုင်းမှာ ငရုတ်သီးကြောင့် ပူလောင်နေပေမဲ့ အရက်နဲ့တွေ့လိုက်တဲ့အခါ ချက်ချင်းဆိုသလို နူးညံ့ချောမွေ့သွားတယ်... တကယ့်ကို အံ့သြစရာကောင်းလိုက်တာ"

မစ္စတာချင်မှာ မျက်လုံးများ အရောင်တောက်ကာ အရက်အိုးကို အားမလိုအားမရ စိုက်ကြည့်နေတော့သည်။ သူသည် ဤဝါးအရက်၏ အစွမ်းအောက်တွင် လုံးဝ အရှုံးပေးသွားရပြီ ဖြစ်သည်။

သို့သော် ပြဿနာက အရက်အိုးမှာ သေးလွန်းနေခြင်းပင်။ ဝါးအရက်က အစပိုင်းတွင် သစ်တော်သီးဖျော်ရည်ကဲ့သို့ သောက်ကောင်းနေပြီး နောက်ပိုင်းတွင်လည်း နည်းလမ်းသစ်ဖြင့် သောက်လိုက်ရာ ၂၀၀ ဂရမ်မျှသာရှိသော အရက်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

"ဒါပဲလား... ကုန်ပြီလား" မစ္စတာချင်က မယုံနိုင်စရာ အကြည့်ဖြင့် အရက်အိုးကို မကာ ကြည့်လိုက်သည်။

"ဟုတ်ပါတယ်ရှင့်... သဘောကျရင် နောက်တစ်ခါ လာသောက်လို့ ရပါတယ်" ဒါရိုက်တာက အခြေအနေကြည့်၍ ဝင်ပြောလိုက်သည်။

"နောက်တစ်ခါ ဟုတ်လား ငါအခုမှ အရှိန်တက်ကာစ ရှိသေးတာ၊ ဘာလို့ ဒီလောက်မြန်မြန် ကုန်သွားရတာလဲ။ ဒါက လှည်ဘစားနေတာ" မစ္စတာချင်မှာ အရက်ငတ်နေသော လူတစ်ယောက်ကဲ့သို့ ဂျီကျလာတော့သည်။

"ခုနက ဘယ်သူပြောတာပါလိမ့်... နောက်ထပ်တစ်အိုး မှာလို့မရဘူးဆိုတာ ငါ့မှာ ပိုက်ဆံရှိတယ်၊ ပိုက်ဆံ တကယ်ရှိတာပါဆို"

"ရှင် ပိုက်ဆံရှိတာကို ကျွန်မတို့ သိပါတယ် မစ္စတာချင်... ဒါပေမဲ့ ဒီက သူဌေးယွမ်ကတော့ 'သံလိုက်အိမ်မြှောင်' လို့ နာမည်ကြီးတဲ့သူလေ" ယင်းယာက အကူအညီမဲ့စွာ ပြုံးရင်း ပြောလိုက်သည်။

အပိုင်း (၅၀၈)

(ပြီးပါပြီ)

All Chapters