အခန်း (၅၁၅-၅၁၆)
Vol. 42 Ch. 515-516
ယွမ်ကျိုး ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၅၁၅)
"ငတုံးပဲ... တကယ့်ငတုံး"
ဆိုင်ထဲမှ ထွက်လာသည့်တိုင်အောင် လီဝမ်တောင်၏ နားထဲတွင် မာစတာချန်၏ ဆူပူသံများက ပဲ့တင်ထပ်နေဆဲဖြစ်သည်။ သို့သော် လီဝမ်တောင်သည် စိတ်ဆိုးမည့်အစားပြုံးလျက် ရေရွတ်လိုက်မိသည်။
"မာစတာချန်က တကယ်ကို စိတ်တိုလွယ်တာပဲ။ ဒါပေမဲ့ သူဌေးယွမ်ကတော့ တော်တော်သဘောကောင်းတဲ့သူပဲ"
ဆန်ခွံချက်နည်း ပြဿနာ ပြေလည်သွားသဖြင့် သူ၏ခြေလှမ်းများပင် ပေါ့ပါးနေတော့သည်။
ဆိုင်ထဲတွင် ယွမ်ကျိုးက မာစတာချန်ဘက်သို့ လှည့်ပြောလိုက်သည်။
"ခင်ဗျားလည်း အခု ပြန်လို့ရပြီ"
"မာစတာယွမ်... ဒီရက်ပိုင်းအတွင်း ဆန်ခွက်ကြော် ကို တမင်သက်သက် ဖြည်းဖြည်းချင်း လုပ်ပေးနေတာ မဟုတ်လား" မာစတာချန်က ရိုးသားသော မျက်နှာပေးဖြင့် တည့်တည့်မေးလိုက်သည်။
"မဟုတ်ပါဘူး... ကျွန်တော် အမြဲတမ်း ဒီနှုန်းနဲ့ပဲ လုပ်တာပါ" ယွမ်ကျိုးက တည်ငြိမ်စွာ ငြင်းဆိုသည်။
"မဟုတ်တာ... ပုံမှန်ဆို ဆန်ခွက်တစ်ပွဲကို (၄) မိနစ်ခွဲပဲ ကြာတာပါ။ တခြားဟင်းတွေနဲ့ပါ တွဲချက်နိုင်သေးတယ်။ အခုတော့ တစ်ပွဲကို (၈) မိနစ်တောင် ကြာတာလေ" ယွမ်ကျိုး၏ လက်လှုပ်ရှားမှုကို နေ့တိုင်း အသေးစိတ် လေ့လာနေသူ မာစတာချန်က ထောက်ပြလိုက်သည်။
ယွမ်ကျိုးသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရုပ်တည်ဖြင့်ဟန်ဆောင်လျက် ပြောလိုက်သည်။
"ခင်ဗျား တကယ်ပဲ ဂရုတစိုက် ကြည့်နေတာပဲ။ ဒါဆိုရင် နောက်တစ်ခါ ဆန်ခွက်ကြော်ချက်တဲ့အခါ ခင်ဗျားပါ ဝင်ကူညီပေးမလား"
"ကူညီရတာ ဝမ်းသာပါတယ် မာစတာယွမ်" မာစတာချန်က စိတ်လှုပ်ရှားစွာ ဖြေကြားပြီးနောက် လေးစားစွာ နှုတ်ဆက်၍ ထွက်ခွာသွားသည်။
---
ဆိုင်ထဲတွင် ယွမ်ကျိုး တစ်ယောက်တည်း ကျန်ရစ်သောအခါမှ သူသည် သက်ပြင်းရှည်ကြီး တစ်ချက်ချလိုက်သည်။
"ကံကောင်းလို့ ငါက ဉာဏ်ကောင်းလို့..." သူဌေးထိုင်ခုံတွင် မှီရင်း ကိုယ့်ကိုယ်ကိုယ် ချီးကျူးလိုက်မိသည်။
နောက်ရက်များတွင် ယွမ်ကျိုးသည် လက်ဖက်ရည် မဖျော်ဖြစ်တော့ပေ။ ပြီးခဲ့သည့်အကြိမ်က လက်ဖက်ခြောက် (၅၀) ဂရမ်ကို အသုံးပြုခဲ့သော်လည်း အနည်းငယ်သာ သောက်ဖြစ်ပြီး အများစုမှာ အလဟဿ ဖြစ်သွားခဲ့သည်။ သူသည် ချက်ပြုတ်ခြင်းတွင် ပါရမီရှိသလောက် လက်ဖက်ရည် တည်ခင်းခြင်းတွင် များစွာ လိုအပ်ချက်ရှိနေသေးကြောင်း ဝန်ခံလိုက်ရသည်။
သို့သော် ယွမ်ကျိုး၏ စိတ်ထဲတွင် အစိုးရိမ်ဆုံးမှာ အန်တီတောင်၏ ကိစ္စပင် ဖြစ်သည်။ သူမသည် ဆိုင်ကိစ္စကို ထပ်မပြောတော့သော်လည်း ယွမ်ကျိုးကတော့ စိုးရိမ်နေဆဲဖြစ်သည်။ အန်တီတောင်တွင် ဤနေရာ၌ ဆွေမျိုးမိတ်ဆွေ မရှိသည်ကို သူသိနေသည် မဟုတ်ပါလား။
အခြားတစ်ဖက်တွင် လီဝမ်တောင်သည် နေ့စဉ် ညနေတိုင်း ရောက်လာပြီး ကျောက်စိမ်းဆန်ခွက်ကြော်ကို မှာယူမြဲ ဖြစ်သည်။ သူသည် မာစတာချန်နှင့်အတူ မီးဖိုချောင်အနီးတွင် ရပ်၍ ယွမ်ကျိုး၏ ချက်ပြုတ်ပုံကို အသေအချာ စောင့်ကြည့်လေ့လာသည်။
"မင်္ဂလာပါ မာစတာချန်" လီဝမ်တောင်က အမြဲ ယဉ်ကျေးစွာ နှုတ်ဆက်တတ်သည်။
"စကားအများကြီး မပြောနဲ့... သေချာကြည့်" မာစတာချန်က ခပ်ပြတ်ပြတ် ပြောတတ်သော်လည်း သူ၏ လေသံမှာ တစ်နေ့ထက်တစ်နေ့ ပို၍ ပျော့ပျောင်းလာခဲ့သည်။
လီဝမ်တောင်၏ ယဉ်ကျေးသိမ်မွေ့သော အမူအရာကြောင့် မာစတာချန်ပင် သူ့အပေါ် အမြင်ကြည်လင်လာခြင်းပင်။ ယွမ်ကျိုးကတော့ သူတို့နှစ်ဦး စိုက်ကြည့်နေသည့်ကြားမှ ဆန်ခွက်ကို အဆင့်ဆင့် အသေးစိတ် ကျကျနန ချက်ပြုတ်ပြတော့သည်။
နည်းစနစ်ပိုင်းအရ ပြောရလျှင် ကျောက်စိမ်းဆန်ခွက်ကြော်မှာ ယွမ်ကျိုး၏ အသေးစိတ် သရုပ်ပြမှုများကြောင့် သင်ယူရသည်မှာ အလွန်အမင်း မခက်ခဲလှပေ။ သို့သော် လီဝမ်တောင်မှာ စားဖိုမှူးတစ်ဦး မဟုတ်သဖြင့် သူ့အတွက်တော့ အတန်ငယ် ရုန်းကန်ခဲ့ရသည်။ ကံကောင်းသည်မှာ သူသည် အလွန်ထက်မြက်သူဖြစ်သဖြင့် ခက်ခဲသော နည်းစနစ်အချို့ကို မိမိတတ်ကျွမ်းသော ရိုးရှင်းသည့် နည်းလမ်းများဖြင့် အစားထိုးကာ အောင်မြင်အောင် ကြိုးစားနိုင်ခဲ့ခြင်းပင်။
နောက်ထပ် နှစ်ရက်အကြာ နေလယ်ခင်းအချိန်တွင် လီဝမ်တောင်သည် ယွမ်ကျိုး၏ ဆိုင်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ထိုအချိန်မှာ နေ့လယ်စာစားချိန် ပြီးဆုံးသွားပြီဖြစ်သဖြင့် သူသည် ဟင်းလျာများ မှာယူခြင်း မပြုတော့ဘဲ ဆိုင်ထဲသို့ တိုက်ရိုက်ဝင်လာခဲ့သည်။ မာစတာချန်မှာလည်း ထုံးစံအတိုင်း ထိုနေရာတွင် ရှိနေဆဲပင်။
"ကျေးဇူးအများကြီး တင်ပါတယ် သူဌေးယွမ်... ကျေးဇူးတင်ပါတယ် မာစတာချန်" လီဝမ်တောင်က စိတ်ရင်းမှန်ဖြင့် လှိုက်လှိုက်လှဲလှဲ ပြောလိုက်သည်။
ယွမ်ကျိုးနှင့် မာစတာချန်တို့မှာ အနည်းငယ် ဇဝေဇဝါဖြစ်သွားသော်လည်း တည်ငြိမ်စွာ ပြန်ပြောလိုက်ကြသည်။
"ရပါတယ်... ဘာမှမဟုတ်ပါဘူး"
လီဝမ်တောင်၏ မျက်နှာထက်တွင် ယခင်ကထက် ပိုမိုတောက်ပသော ပျော်ရွှင်မှုများ အထင်အရှား ရှိနေသည်။ အကြောင်းမှာ သူသည် ဇနီးဖြစ်သူ၏ နှစ်ရှည်လများ တောင့်တခဲ့သော ဆန္ဒကို မနေ့ညကပင် ဖြည့်ဆည်းပေးနိုင်ခဲ့သောကြောင့် ဖြစ်သည်။
မနေ့ညက အဖြစ်အပျက်...
လီဝမ်တောင်သည် အလုပ်များကို ခေတ္တဘေးဖယ်ထားကာ စောစောစီးစီး အိမ်ပြန်လာခဲ့သည်။ သူသည် မီးဖိုချောင်ထဲတွင် အချိန် (၂) နာရီခန့် အာရုံစိုက်ကာ ဆန်ခွက်ကို တစ်ဆင့်ချင်း ချက်ပြုတ်ခဲ့သည်။ သူ အချောသတ်ပြီးသွားချိန်တွင် ဇနီးဖြစ်သူ အာဟွေ့ အိမ်သို့ ပြန်ရောက်လာသည်။
"ဝမ်တောင်... အိမ်မှာ အစ်မလျို ဘာတွေချက်ထားတာလဲ။ အနံ့လေးက မွှေးနေတာပဲ" သွယ်လျလှပသော အသက်လတ်ပိုင်း အမျိုးသမီးတစ်ဦး အခန်းထဲသို့ ဝင်လာသည်။
"အာဟွေ့... ပြန်လာပြီလား။ ဒီနေ့ အစ်မလျို မရှိဘူး။ ဖိနပ်လဲပြီးရင် ဒါလေးလာမြည်းကြည့်ပါဦး" လီဝမ်တောင်က ခါးစည်းကြိုးကို ဖြည်ရင်း စားပွဲပေါ်မှ အဖုံးအုပ်ထားသော ပန်းကန်လုံးကို ညွှန်ပြလိုက်သည်။
"ဘာတွေ ဒီလောက် လျှို့ဝှက်ချက်တွေ များနေရတာလဲ" အာဟွေ့က ပြုံးစိစိဖြင့် မေးရင်း စပ်စုချင်စိတ်ကြောင့် ဖိနပ်ကို ခပ်မြန်မြန် လဲလိုက်သည်။
"စားကြည့်ရင် သိမှာပေါ့" လီဝမ်တောင်က တည်ငြိမ်အောင် ဟန်ဆောင်ထားသော်လည်း ရင်ထဲတွင် အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။
"ကဲ... အချိန်တန်ပြီ။ အဖုံးကို ငါဖွင့်ရမှာလား... ဒါမှမဟုတ် မင်းဖွင့်ပေးမလား" အာဟွေ့က စားပွဲတွင် ထိုင်ရင်း မေးလိုက်သည်။
"မင်းပဲ ဖွင့်ကြည့်လိုက်ပါ" လီဝမ်တောင်က ဇနီးသည်ကို မျှော်လင့်တကြီး စိုက်ကြည့်နေလေ၏။
"ကျွန်မတို့က နှစ်ပေါင်းများစွာ ပေါင်းလာတဲ့ လင်မယားတွေပဲ ဖြစ်နေပြီကို... ရှင်က အခုထိ ဒီလိုတွေ လုပ်နေတုန်းပဲလား"
ကျန်းဟွေ့ (အာဟွေ့) ၏ မျက်နှာလေးမှာ ရှက်သွေးဖြာကာ နီမြန်းသွားရသည်။ လီဝမ်တောင်ကို ကြည့်ပြီး မကျေနပ်သလို ပြောနေသော်လည်း သူမ၏ မျက်နှာပေါ်က အပြုံးကတော့ ပျော်ရွှင်မှုကို ဖုံးဖိ၍မရအောင် ဖော်ပြနေသည်။
"ကဲပါ... မြန်မြန်လုပ်စမ်းပါ" လီဝမ်တောင်က ပြုံးလျက် တိုက်တွန်းလိုက်သည်။
ကြွေပန်းကန်ချင်း ထိခိုက်မိသံသဲ့သဲ့နှင့်အတူ အာဟွေ့သည် ဟင်းချိုပန်းကန်လုံးအဖုံးကို ဖွင့်လိုက်သည်။ ပန်းကန်လုံးထဲတွင် စက်ဝိုင်းတစ်ဝက်ပုံသဏ္ဌာန် ဆန်ခွံလေးမှာ ဟင်းရည်ကြည်ထဲတွင် ပေါလောမျောနေသည်။ ၎င်းမှာ ကျောက်စိမ်းဆန်ခွက်ကြော်ပင် ဖြစ်သည်။
"တကယ်ပဲ... ကျောက်စိမ်းဆန်ခွက်ကြော်တွေလား"
ဆန်ခွက်နှင့် လီဝမ်တောင်ကို တလှည့်စီ ကြည့်ရင်း အာဟွေ့၏ နှလုံးသားထဲတွင် နွေးထွေးမှုများ လှိုက်တက်လာကာ ခဏတာ စကားပင် မဆိုနိုင်တော့ပေ။ မှန်၏။ လီဝမ်တောင်သည် ဤဟင်းလျာကို တစ်ဦးတည်းသော ဇနီးသည်အတွက်သာ ရည်ရွယ်၍ အပင်ပန်းခံ သင်ယူချက်ပြုတ်ခဲ့ခြင်း ဖြစ်သည်။
ကျန်းဟွေ့ နှင့် လီဝမ်တောင် တို့မှာ အခက်အခဲပေါင်းများစွာကို အတူကျော်ဖြတ်လာခဲ့သည့် စုံတွဲဖြစ်သည်။ လီဝမ်တောင် အလုပ်အကိုင် စတင်ထူထောင်ချိန်၊ ဘဝကို ရုန်းကန်နေရချိန်ကတည်းက သူမသည် သူ၏ဘေးတွင် အမြဲရှိနေခဲ့သူဖြစ်သည်။ ဤကျောက်စိမ်းဆန်ခွက်ကြော်မှာ သူတို့ ချစ်သူဘဝတုန်းက မြို့ငယ်လေးတစ်ခုတွင် လီဝမ်တောင်က သူမကို အထူးတလည် ဝယ်ကျွေးခဲ့ဖူးသည့် အမှတ်တရဟင်းလျာ ဖြစ်သည်။
ထိုစဉ်က စားခဲ့ရသော အရသာကို သူမ ယနေ့တိုင် မမေ့နိုင်သေးပေ။ ကြွပ်ကြွပ်ရွရွ၊ နူးညံ့ပြီး စေးကပ်ကပ် အရသာရှိသည့်အပြင် ဟင်းရည်မှာလည်း ချိုမြိန်မွှေးပျံ့လှသည်။ မင်္ဂလာသက်တမ်း (၂၀) ပြည့် အထိမ်းအမှတ် နီးကပ်လာချိန်တွင် Zheng Hui က ဤဟင်းလျာကို သတိရပြီး စားချင်စိတ် ပေါက်လာခဲ့သည်။ သူမက ပေါ့ပေါ့ပါးပါး နှစ်ကြိမ်ခန့် ပြောမိခဲ့သော်လည်း လီဝမ်တောင်ကတော့ အလေးအနက် မှတ်ထားခဲ့ခြင်းဖြစ်သည်။
သူတို့စုံတွဲသည် ကြယ်ငါးပွင့်ဟိုတယ်များမှသည် နာမည်ကြီး လမ်းဘေးဆိုင်များအထိ လိုက်လံရှာဖွေခဲ့သော်လည်း ဤအရသာစစ်စစ်ကို မတွေ့ခဲ့ရပေ။ အချို့ဆိုင်များမှာ နာမည်သာတူပြီး ကြက်စွပ်ပြုတ်ကို ဆန်ခွက်
က်ပေါ် လောင်းထည့်ထားသည့် ပုံစံမျိုးသာ ဖြစ်သဖြင့် ကျန်းဟွေ့မှာ စိတ်ပျက်ပြီး နောက်ပိုင်းတွင် ရှာမစားတော့ရန်ပင် ဆုံးဖြတ်ခဲ့သည်။
"ဝမ်တောင်... ဒါ ရှင်ကိုယ်တိုင် ချက်ထားတာလား" ကျန်းဟွေ့က အံ့သြဝမ်းသာစွာ မေးလိုက်သည်။
"ဟုတ်တယ်လေ... မြည်းကြည့်ပါဦး" လီဝမ်တောင်က ဂုဏ်ယူစွာ ပြောလိုက်သည်။
"ရှင်က ခရမ်းချဉ်သီး ကြက်ဥကြော်ပဲ ချက်တတ်တာ မဟုတ်လား... ဘယ်တုန်းက ဒါတွေ တတ်သွားတာလဲ" ကျန်းဟွေ့က မကျေနပ်သလို ဟန်ဆောင်ပြောရင်း လက်ထဲမှ တူဖြင့် ဆန်ခွံကို ညင်သာစွာ ဖဲ့ယူလိုက်သည်။
"စားကြည့်လိုက်ပါ... မင်းလိုချင်တဲ့ အရသာစစ်စစ် ဖြစ်စေရမယ်လို့ ငါ အာမခံတယ်" လီဝမ်တောင်က ယုံကြည်မှုအပြည့်ဖြင့် ဆိုလေသည်။
ယွမ်ကျိုး ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၅၁၅)
ပြီးပါပြီ။
၅၁၆ မှ ၅၂၀
ယွမ်ကျိုး ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၅၁၆)
"ရှင် ကိုယ့်ကိုယ်ကိုယ် အဲ့လောက်တောင် ယုံကြည်မှု ရှိနေတယ်ပေါ့" ကျန်းဟွေက စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"ဟုတ်တယ်လေ... ဒီတစ်ခါငါ့ကို သင်ပေးမယ့် ဆရာကောင်းတစ်ယောက် တွေ့ခဲ့တယ်လေ" လီဝမ်တောင်က ပြုံးလျက် ခေါင်းညိတ်ပြသည်။
"ကောင်းပြီလေ... ဒါဆိုရင် ကျွန်မ မြည်းကြည့်ရမှာပေါ့"
ကျန်းဟွေသည် ဆန်ခွက်ကို ပါးစပ်ထဲ ထည့်ကာ ဂရုတစိုက် ဝါးစားလိုက်သည်။ အပြင်ဘက်က နူးညံ့ပြီး အတွင်းက ကြွပ်ရွနေသည့် အသားစိုင်လေးမှာ ဆန်၏ မွှေးရနံ့နှင့်အတူ လျှာပေါ်တွင် ပျံ့နှံ့သွားသည်။ ကြည်လင်နေသော ဟင်းရည်ကလည်း ဆန်ခွက်၏ အရသာကို ပိုမိုပေါ်လွင်စေသည်။
"ဝမ်တောင်... ဒါက ကျွန်မ ရှာနေတဲ့ အရသာ မဟုတ်ဘူး" ကျန်းဟွေက ပြုံးလျက် ခေါင်းခါလိုက်သည်။
"ဟင်... မဟုတ်ဘူးလား။ ဘယ်လိုဖြစ်နိုင်မှာလဲ... ငါ မြည်းကြည့်တုန်းက သူဌေးယွမ်ရဲ့ လက်ရာလောက် မကောင်းပေမဲ့ အရသာကတော့ အများကြီး မကွာဘူးလို့ ထင်တာပဲ" လီဝမ်တောင်က မျက်မှောင်ကြုတ်ကာ တိုးတိုးလေး ရေရွတ်မိသည်။
"ရှင်ကိုယ်တိုင် မြည်းကြည့်လိုက်" ဇနီးဖြစ်သူက ဆန်ခွက်တစ်ခုကို လီဝမ်တောင်၏ ပါးစပ်ထဲသို့ အတင်းထည့်ပေးလိုက်သည်။
“ကျလွ... ကျလွ... ကျလွ...”
လီဝမ်တောင် ဝါးစားပြီးနောက် ပို၍ ဇဝေဇဝါ ဖြစ်သွားရသည်။
"နူးညံ့မှု၊ ကြွပ်ရွမှုနဲ့ အနံ့ပိုင်းမှာ သူဌေးယွမ်လောက် မပြည့်စုံဘူးဆိုတာ ငါသိတယ်၊ ဒါပေမဲ့ သိပ်တော့ မကွာပါဘူး" သူက ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်သည်။
"အရသာက လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က စားခဲ့ရတာနဲ့ တော်တော့်ကို ကွာနေတယ်" ကျန်းဟွေက ပြုံးလျက် ထပ်ပြောပြန်သည်။ လီဝမ်တောင် တစ်ခုခု ပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် သူမက ဆက်ပြောလိုက်သည်။
"အရင်ကစားခဲ့တဲ့အရသာ မဟုတ်ပေမဲ့... ကျွန်မကတော့ အရင်အရသာထက် ဒီအရသာကို ပိုကြိုက်တယ်။ မနက်ဖြန်ကျရင်လည်း ထပ်ချက်ပေးဖို့ မမေ့နဲ့နော်"
မနက်ဖြန်သည် သူတို့၏ မင်္ဂလာသက်တမ်း (၂၀) ပြည့် နှစ်ပတ်လည်နေ့ ဖြစ်သည်။
"ကောင်းပြီ... မင်းကြိုက်တယ်ဆိုရင် ငါကျေနပ်ပြီ" လီဝမ်တောင်က ဝမ်းသာအားရ သဘောတူလိုက်သည်။
ကျန်းဟွေသည် ဆန်ခွက်ကို ဆက်လက် စားသုံးနေခဲ့သည်။ မှတ်ဉာဏ်ထဲရှိ အရသာနှင့် မတူသော်လည်း သူမရှေ့ရှိ လီဝမ်တောင်၏ မေတ္တာများ ပါဝင်သော ဤဆန်ခွက်ပန်းကန်လုံးက သူမ၏ အမှတ်တရဟောင်းများကို ဖုံးလွှမ်းသွားခဲ့ပြီ ဖြစ်သည်။
"ဝမ်တောင်... တကယ် အရသာရှိပါတယ်" သူမက လှိုက်လှိုက်လှဲလှဲ ပြုံးပြလိုက်ပါတော့သည်။
---
စားသောက်ဆိုင်တွင်
"ပြီးခဲ့တဲ့ နှစ်ရက် ဆိုင်ကို မလာဘူးနော်... ဟင်းချက်နည်း တတ်သွားပြီလား" မာစတာချန်၏ အသံက လီဝမ်တောင်၏ အတွေးများကို ဖြတ်တောက်လိုက်သည်။
"ဟုတ်တယ်... တတ်သွားပြီ။ ဒါကြောင့် ဒီနေ့ သူဌေးယွမ်ကို ကျေးဇူးတင်စကား ပြောဖို့ ရောက်လာတာ" လီဝမ်တောင်က ယဉ်ကျေးစွာ ပြောလိုက်သည်။
"မလိုပါဘူး... ကျွန်တော် ခင်ဗျားကို ဘာမှ မသင်ပေးဖူးဘူး" ယွမ်ကျိုးက ခါတိုင်းကဲ့သို့ပင် တည်ငြိမ်အေးစက်စွာ ပြောလိုက်သည်။
"ဟုတ်ပါတယ်... ဒါပေမဲ့ ကျွန်တော့်ခိုးသင်နေတာကို မတားခဲ့တာပဲ ကျေးဇူးတင်လှပါပြီ" လီဝမ်တောင်က ပြုံးရွှင်စွာ ပြန်ပြောသည်။
"ဟားဟား... ဒါက တော်တော်ထူးခြားတဲ့ ခံယူချက်ပဲ" မာစတာချန်က သူ၏ ပြည့်ဖြိုးသော ပါးပြင်ကို ပွတ်သပ်ရင်း ရယ်မောလိုက်သည်။
“အဟမ်း...” ယွမ်ကျိုးက ရှက်ကိုးရှက်ကန်း ဖြစ်သွားသဖြင့် ပါးစပ်ကို အုပ်ကာ ချောင်းဟန့်လိုက်သည်။
"မာစတာယွမ်... ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးလား" မာစတာချန်က စိုးရိမ်တကြီး မေးမြန်းသည်။
"သူဌေးယွမ်... နေမကောင်းရင် ဆေးမြန်မြန်သွားဝယ်နော်။ ကျွန်တော် ခင်ဗျားကို ထပ်ပြီး မနှောင့်ယှက်တော့ဘူး" လီဝမ်တောင်ကလည်း စိုးရိမ်တကြီးနှင့် နှုတ်ဆက်လိုက်သည်။
"ကိစ္စမရှိပါဘူး... ကျွန်တော် ညစာအတွက် ပါဝင်ပစ္စည်းတွေ ပြင်ဆင်ရဦးမယ်" ယွမ်ကျိုးက မျက်နှာတည်တည်ဖြင့် ပြောလိုက်သော်လည်း စိတ်ထဲတွင် စကားပင် မပြောချင်လောက်အောင် ဖြစ်နေသည်။
"မာစတာယွမ်ကတော့ တကယ်ကို တာဝန်ကျေပွန်တာပဲ။ နေမကောင်းဖြစ်နေတာတောင် ပါဝင်ပစ္စည်းတွေ ပြင်ဆင်ဖို့ကိုပဲ အာရုံစိုက်နေတယ်" မာစတာချန်က ချီးကျူးလိုက်ပြန်သည်။
---
"သူ တကယ် လည်ချောင်းယားနေတာလည်း ဖြစ်နိုင်တာပဲ။ သူဌေးယွမ်ကတော့ တကယ့်ကို လေးစားရတဲ့ ဆရာတစ်ယောက်ပဲ" လီဝမ်တောင်က ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
ယွမ်ကျိုးသည် ထိုစကားကို ကြားလိုက်ရသည့်အခါ အမှန်ပင် အသက်ရှူရပ်မလို ဖြစ်သွားရသည်။
"အာဏာရှိတဲ့သူတွေ ချောင်းဟန့်ရင် လက်အောက်ငယ်သားတွေက အဓိပ္ပာယ်ကို ချက်ချင်းနားလည်ကြတယ်ဆို... ငါချောင်းဟဟန့်တာကျတော့ ဘာလို့ အအေးမိတာတို့၊ လည်ချောင်းနာတာတို့ ပြောနေကြတာလဲ" ယွမ်ကျိုးက စိတ်ထဲတွင် စကားမပြောနိုင်တော့သည်အထိ ကိုယ့်ကိုယ်ကိုယ် ပြန်လှောင်ပြောင်လိုက်မိသည်။
"ဒီလူနှစ်ယောက်က EQ (စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်) နိမ့်လွန်းလို့ ငါ့ရဲ့ ဆိုလိုရင်းကို နားမလည်ကြတာ သေချာတယ်" သူက အကြောင်းပြချက် ရှာလိုက်သည်။ အမှန်တော့ သူချောင်းဟန့်လိုက်ခြင်းမှာ ဤကိစ္စမှာ သူ့အတွက် အလွန်လွယ်ကူကြောင်းနှင့် သူ၏ လက်စွမ်းမှာ အလွန်မြင့်မားကြောင်း သွယ်ဝိုက်၍ ကြွားဝါချင်ခြင်းသာ ဖြစ်သည်။
---
တစ်ချိန်တည်းမှာပင် ဆိုင်အပြင်ဘက်၌...
"မယ်မိုင်... ဒီစားသောက်ဆိုင်က ဟင်းတွေ တကယ်အရသာရှိတယ်လို့ ကြားတယ်" တန်ဆောင်က သူ၏ရည်းစားဖြစ်သူ လျိုမေကို လမ်းညွှန်ရင်း ပြောလိုက်သည်။
"ဒီတစ်ခါကော ဆိုင်ရှာဖို့ ဘယ်လောက်ကြာသွားလဲ" လျိုမေက တန်ဆောင် ၏ မျက်နှာကို ကြည့်ရင်း စနောက်ကာ မေးလိုက်သည်။
"စားသောက်ဆိုင်တွေ ရှာရတာ လေ့ကျင့်ခန်းလုပ်ရသလိုပဲ။ ဒီဆိုင်ကို တွေ့ဖို့ဆိုရင် တစ်ရက်ပဲ အချိန်ပေးလိုက်ရတယ်" တန်ဆောင်က ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
"ဟုတ်ပါပြီရှင်... မင်းက အမြဲမှန်ပါတယ်" လျိုမေက မျက်လုံးလေးများ ကွေးသွားသည်အထိ ပြုံးရွှင်စွာ ပြန်ပြောလိုက်သည်။
"အရင်စားကြည့်ရအောင်... တကယ်လို့ အရသာမရှိရင် တခြားဆိုင်ပြောင်းစားမယ်။ ဒီနားက အနောက်တိုင်း စားသောက်ဆိုင်မှာလည်း ဟင်းတွေ ကောင်းတယ်လို့ ကြားတယ်" တန်ဆောင်က လျိုမေ၏ ခေါင်းလေးကို ပွတ်သပ်ရင်း အလေးအနက် ဆိုသည်။
"အင်း... မင်းရှာတဲ့ဆိုင်ဆိုရင် ဘာမဆို အရသာရှိမှာပါ"
သူတို့စုံတွဲသည် စကားတပြောပြောနှင့် ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ ရောက်ရှိလာကြသည်။ သို့သော် ဆိုင်ကို မြင်လိုက်ရသည့်အခါ တန်ဆောင်မှာ အနည်းငယ် အံ့အားသင့်သွားသည်။ အင်တာနက်ပေါ်တွင် လူပြောများနေသော ဆိုင်တစ်ဆိုင်မှာ ဤကဲ့သို့ သေးငယ်ပြီး ရိုးရှင်းနေလိမ့်မည် သူ မထင်ထားခဲ့ပေ။ အနီးနားက ခမ်းနားထည်ဝါသော ဟိုတယ်ကြီးများနှင့် ယှဉ်လျှင် ဤဆိုင်လေးမှာ အတော်ပင် ရိုးစင်းလွန်းလှသည်။
"အင်တာနက်မှာ လူတွေက ဒီဆိုင်ကို အမွှမ်းတင်ဖို့ ပိုက်ဆံတွေ အများကြီး သုံးထားတာလား မသိဘူး" တန်ဆုန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
"အမ်... ဘာပြောလိုက်တာလဲ" လျိုမေက ဇဝေဇဝါဖြင့် မေးသည်။
"အာ... ဘာမှမဟုတ်ပါဘူး။ ဒီဆိုင်က သေးပေမဲ့ ဟင်းတွေကတော့ အရသာရှိမှာပါ" သူက မဝံ့မရဲ ပြောလိုက်ရသည်။
"အင်း... ကြည့်ရတာ တကယ်ကောင်းပါတယ်။ အရမ်းသန့်ရှင်းတယ်လို့ ခံစားရတယ်" လျိုမေမှာ မျှော်လင့်ချက် အလွန်အမင်း မထားထားသဖြင့် တန်ဆောင်လောက် စိတ်ပျက်ခြင်း မရှိပေ။
"အိုကေလေ..." တန်ဆောင်က ခေါင်းညိတ်ပြလိုက်သော်လည်း စိတ်ထဲတွင် ဤဆိုင်မှ ဟင်းများ အရသာမရှိပါက ရည်းစားဖြစ်သူကို လျော်ကြေးပေးသည့်အနေဖြင့် ရှေ့က အနောက်တိုင်း စားသောက်ဆိုင်သို့ ခေါ်သွားရန် ဆုံးဖြတ်ထားလိုက်ပါတော့သည်။
---
"အရသာရှိမယ့်ပုံပဲ... မြန်မြန်သွားရအောင်" လျိုမေက ပျော်ရွှင်စွာဖြင့် ဆိုင်ထဲသို့ ဝင်ရန် ပြင်လိုက်သည်။
"ဆိုင်မဖွင့်သေးဘူးရှင့်၊ ခဏစောင့်ရဦးမယ်" ဘေးတွင် ထိုင်နေသော အမျိုးသမီးတစ်ယောက်က ရုတ်တရက် လှမ်းပြောလိုက်သည်။ သူမမှာ အပင်သိပ္ပံပန်းချီဆရာမ ဇောင်ကျင်းဖြစ်ပြီး ယွမ်ကျိုး၏ ဆိုင်သို့ လာနေကျဖောက်သည်တစ်ဦးပင် ဖြစ်သည်။
"ဟမ် ဒါပေမဲ့ အခုက (၄) နာရီ ထိုးနေပြီလေ" လျိုမေက နားမလည်နိုင်စွာ မေးလိုက်သည်။
"ဒီဆိုင်သူဌေးက အချိန်ကို အရမ်းတိကျတာ။ နောက်ဆုံးတစ်မိနစ်အထိ မဖွင့်ဘူးလေ" ဇောင်ကျင်းက လေးလေးနက်နက် ပြန်ဖြေသည်။
"ခင်ဗျားက ဘယ်လိုလုပ် သိတာလဲ" တန်ဆောင်က မျက်ခုံးပင့်ကာ မေးလိုက်သည်။
"ကျွန်မလည်း အခုပဲ အတားခံလိုက်ရလို့လေ" ဇောင်ကျင်းက ပုခုံးတွန့်ရင်း အကူအညီမဲ့စွာ ပြောပြသည်။
"ဒီလောက် ဆိုင်သေးသေးလေးက ဖောက်သည်တွေကို တားရဲတယ်ပေါ့လေ။ ဒီလို ဝန်ဆောင်မှုမျိုးနဲ့ဆိုရင် အင်တာနက်မှာ နာမည်ကြီးနေနေသလို မဲလိမ်ထားတယ်ဆိုတာဖြစ်နိုင်တယ်" တန်ဆောင်က စိတ်ထဲမှ ပြင်းထန်စွာ လှောင်ပြောင်လိုက်သည်။
"စိတ်ဝင်စားဖို့ ကောင်းသားပဲ... ထူးထူူးခြားခြား စရိုက်ရှိတဲ့ သူဌေးတစ်ယောက် ဖြစ်ရမယ်" လျိုမေကတော့ စိတ်မဆိုးဘဲ တက်ကြွစွာ ပြောရှာသည်။
"အင်း... တကယ်ကို 'ထူးခြား' တာပဲ" တန်ဆောင်က သရော်သလို ပြန်ပြောလိုက်သည်။
လျိုမေအတွက် ဤစည်းမျဉ်းများက ဆန်းကြယ်နေသော်လည်း သူမ စိတ်မပျက်ပေ။ အမှန်တော့ တန်ဆောင်က သူမကို တခါကခေါ်သွားဖူးသည့် ဘာဘီကျူး (BBQ) ဆိုင်ပိုင်ရှင်မှာ ပို၍ပင် ဆိုးသေးသည်။ ထိုသူဌေးမှာ သရဲတစ်ကောင်ကဲ့သို့ မည်သည့်အချိန်၊ မည်သည့်နေရာတွင် ပေါ်လာမည်မှန်း မသိရဘဲ ဖောက်သည်များက ကံစမ်းနေရသလိုမျိုး ဖြစ်နေတတ်သည်။ ထိုဆိုင်နှင့် ယှဉ်လျှင် ယွမ်ကျိုးမှာ အချိန်တိကျသည်ဟုပင် ဆိုရမည်။
"တန်းစီရမယ်နော်... ခဏနေရင် နံပါတ်ရဖို့ မှတ်ပုံတင် ကို စက်မှာ သွားထည့်ပြီး တန်းစီရလိမ့်မယ်" ဇောင်ကျင်းက ထပ်မံ သတိပေးလိုက်သည်။
"မှတ်ပုံတင်နဲ့ တန်းစီရမယ် ဟုတ်လား" တန်ဆောင်က မျက်မှောင်ကြုတ်သွားသည်။
"ဟုတ်တယ်... အဲ့စက်က တန်းစီဖို့အတွက်လေ" ဇောင်ကျင်းက ငွေရောင် တန်းစီစက်လေးကို ညွှန်ပြသည်။
"ဟမ် ဘဏ်ထဲက စက်နဲ့ တစ်ပုံစံတည်းပဲ" လျိုမေက စပ်စုချင်စိတ်ဖြင့် စက်နားသို့ သွားကြည့်သည်။
"အခု တန်းစီလို့ ရပြီလား" တန်ဆောင်က ဂရုတစိုက် မေးသည်။
"မရသေးဘူး... ဆိုင်ဖွင့်ဖို့ (၁၀) မိနစ် အလိုမှ ရမှာ"
ဇောင်ကျင်းက ယွမ်ကျိုး ပြောပြထားသည်များကို တန်ဆောင်တို့အား ပြန်လည် ရှင်းပြနေခြင်းဖြစ်သည်။ သူမ ဤမျှ စိတ်ရှည်လက်ရှည် ဖြေကြားနေရခြင်းမှာ ယွမ်ကျိုးက သူမကို နံရံပေါ်ရှိရေညှိဓာတ်ပုံများကို ကြည့်ရှုခွင့် ပေးထားသောကြောင့် ဖြစ်သည်။ ၎င်းအပြင် ယွမ်ကျိုး၏ ကြက်ဥထမင်းကြော်အစုံ၏ အရသာကိုလည်း သူမ မေ့မရနိုင်သေးပေ။
"ကောင်းပြီလေ..." တန်ဆောင်က အပြင်ပန်းတွင် အေးအေးဆေးဆေးဟန်ဆောင်နေသော်လည်း ရင်ထဲတွင် ဒေါသများ ပေါက်ကွဲနေပြီ ဖြစ်သည်။
"ခဏစောင့်ဦး... အရသာသာ မရှိလို့ကတော့ မင်းရဲ့ အမှတ်တွေ အနုတ်ပြတဲ့အထိ ငါ ဝေဖန်ပစ်မယ်"
တန်ဆောင်၏ အမြင်တွင် စားသောက်ဆိုင်တစ်ခုက တန်းစီခိုင်းခြင်း၊ အချိန်တိကျလွန်းခြင်းတို့မှာ ဝန်ဆောင်မှု ညံ့ဖျင်းခြင်းသာ ဖြစ်သည်။ ယွမ်ကျိုးသည် မဲလိမ်လည်ခြင်းဖြင့် ဤနေရာသို့ ရောက်လာခြင်းဖြစ်သည် သူက တခါတည်း ဆုံးဖြတ်ထားလိုက်ပါတော့သည်။
ယွမ်ကျိုး ကျွမ်းကျင်စားဖိုမှူးစနစ်
အပိုင်း (၅၁၆)
ပြီးပါပြီ။