အခန်း (၆၀၇-၆၀၈)
Vol. 44 Ch. 607-608
အခန်း ၆၀၇ - ဒေသခံတွေက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို တန်ဖိုးထားနေတုန်းပဲ
ကမ္ဘာ့စည်းမျဉ်းများသည် မူလကတည်းက ရှောင်းယီနှင့် အခြားအသက်ရှင်ကျန်ရစ်သူများ ဤနေရာတွင် ယှဉ်ပြိုင်ရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။
ကမ္ဘာ့စည်းမျဉ်းများသည် နှစ်ဦးနှစ်ဖက်ကြား ပဋိပက္ခများ ပေါ်ပေါက်လာခြင်းကို ပျော်ရွှင်စွာဖြင့်ပင် ကြည့်နေကြမည်ဖြစ်သည်။
၎င်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကြောင့်ဖြစ်နိုင်ကြောင်း သိလိုက်ရပြီးနောက် လူအိုကြီးသည် ချက်ချင်းပင် ကမ်းခြေသို့ အပြေးပြန်သွားကာ သင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ ရှေ့တန်းတွင် တပ်စွဲထားသော ခေါင်းဆောင်ထံသို့ သတင်းပို့လိုက်သည်။
“ငါတို့မှာရှိတဲ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို သိမ်းပိုက်ဖို့ လူဆယ်ယောက်ကို အခုချက်ချင်းစီစဉ်လိုက်။ ပြီးရင် တည်နေရာကူးပြောင်းပြီး ပြန်လာခဲ့။”
လူအိုကြီးက အမိန့်ပေးလိုက်သည်။
ခေါင်းဆောင်သည် ထိုအမိန့်ကို ရရှိလိုက်သောအခါ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“မှော်ဆရာ အခြားသူတွေကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို သိမ်းပိုက်စေချင်တယ်ဆိုတာ သေချာလား။”
ခေါင်းဆောင်က မသေချာမရေရာဖြင့် မေးလိုက်သည်။
“အပိုတွေမပြောနဲ့ ငါပြောတဲ့အတိုင်းလုပ်စမ်း။”
လူအိုကြီးက ကြိမ်းမောင်းလိုက်သည်။
“ဟုတ်ကဲ့”
ခေါင်းဆောင်သည် ပြန်ဖြေလိုက်ပြီးနောက် သတိထားကာ မေးလိုက်သည်။
“ကျုပ်တို့ရှာတွေ့ထားတဲ့ အပြင်လူတွေရဲ့ကျွန်းကို ရောက်လုနီးပါးဖြစ်နေပါပြီ။ ခင်ဗျားကိုယ်တိုင် လာချင်သေးလား။”
လူအိုကြီးသည် အနည်းငယ်စဉ်းစားပြီး သူ့ရှေ့ရှိ ကျယ်ပြန့်ပြီးနက်ရှိုင်းလှသည့် တောအုပ်ကြီးကို ကြည့်ကာ ပြန်ဖြေလိုက်သည်။
“အင်း ငါလာခဲ့မယ်။”
“ဟုတ်ကဲ့ ကျုပ်တို့ ပန်းတိုင်ကို ရောက်ခါနီးရင် အချိန်မီ အသိပေးပါ့မယ်။”
ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။
ဤတောအုပ်ကြီးဟာ ကြီးမားကျယ်ပြန့်လွန်းပြီး အပြင်လူများအနေနှင့် နေရာအားလုံးကို အလျင်အမြန် စူးစမ်းလေ့လာရန်မှာ မဖြစ်နိုင်သလို သစ်တော၏နက်ရှိုင်းရာတွင် အဆင့်မြင့်သားရဲများလည်း ရှိနေဦးမည်ဖြစ်သည်။
ဒေသခံများအတွက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုထပ်တိုးလာလျှင် ရတနာသေတ္တာများ ရှာဖွေနိုင်သော အဖွဲ့တစ်ဖွဲ့ ထပ်မံတိုးပွားလာမည်ဖြစ်သည်။
ထို့ကြောင့် လူအိုကြီးသည် ပထမဦးစွာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များ ပိုမိုသိမ်းပိုက်ရန် ဆုံးဖြတ်လိုက်သည်။
ခေါင်းဆောင်၏ပါးစပ်ထဲရှိ ပန်းတိုင်သည် အမှန်တကယ်ပင် ချင်ရှီဟွမ်မဟာမိတ်အဖွဲ့၏ မူလတည်နေရာဖြစ်သည်။
သို့သော် ယခုအခါ ထိုနေရာသည် ကျယ်ပြန့်သော ပင်လယ်ပြင်ကြီးသာဖြစ်နေပြီး ထိုပင်လယ်နယ်နိမိတ်နှင့် အနီးကပ်ဆုံးလမ်းကြောင်းပေါ်တွင် သင်္ဘောတစ်စီးသာ ရပ်နားထားပေသည်။
ထိုသင်္ဘောသည် ချူဖုန်းမြို့၏ လှုပ်ရှားမှုများကို စောင့်ကြည့်ရန် ရှောင်းယီမှ အထူးစီစဉ်ထားခဲ့ခြင်းဖြစ်သည်။
လူအိုကြီးသည် ယခုလေးတင် တည်နေရာကူးပြောင်းလာသူတစ်ယောက်ကို ခေါင်းဆောင်အဖြစ် ခန့်အပ်ပြီး သစ်တောအတွင်းသို့ စူးစမ်းရန် အဖွဲ့တစ်ဖွဲ့စီကို ဦးဆောင်စေခဲ့သည်။
သူ အရာအားလုံး စီစဉ်ပြီးသည့်နောက် ရှေ့တန်းရှိခေါင်းဆောင်သည် ၎င်းတို့ မကြာမီ ပန်းတိုင်သို့ ရောက်ရှိတော့မည်ဖြစ်ကြောင်း သတင်းပို့လာခဲ့သည်။
“ခဏစောင့်ဦး။ ငါ့ရဲ့မြို့ပြန်ကျောက်ကို အသုံးပြုနိုင်ဖို့ အချိန်နည်းနည်းလိုသေးတယ်။”
လူအိုကြီးသည် သူ့လက်ထဲက မြို့ပြန်ကျောက်ကို ကြည့်ရင်း ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
ထိုအချိန်တွင်ပင် ရှောင်းယီသည်လည်း ထိုသတင်းကိုရရှိခဲ့သည်။
“ကျွန်းပိုင်ရှင် အရင်က ချင်ရှီဟွမ်မဟာမိတ်အဖွဲ့ရဲ့ ပင်လယ်နယ်နိမိတ်ကို သင်္ဘောတွေ ချဉ်းကပ်လာနေပါတယ်။”
“အင်း ငါသိပြီ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“သူတို့သင်္ဘောတွေနဲ့ အကွာအဝေးကို အာရုံစိုက်ပြီး ထိန်းသိမ်းထား။”
“ဟုတ်ကဲ့”
ရှောင်းယီ အနည်းငယ်စဉ်းစားကြည့်လိုက်သည်။
“မင်းသာ တကယ်ပဲ ချူဖုန်းမြို့ရဲ့ မှော်ဆရာဆိုရင် ဒီမှာနေမှာလား ကျွန်းတွေကို သွားပြီတိုက်ခိုက်မှာလား။”
ဒေသခံများ၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များအပေါ် စွဲလမ်းမှုကို ထောက်ရှုလျှင် မှော်ဆရာသည် ကျွန်းများကို တိုက်ခိုက်ရန်မှာ ပို၍ဖြစ်နိုင်ဖွယ်ရှိသည်။
ထိုအရာကိုတွေးမိသောအခါ ရှောင်းယီက ပြောလိုက်သည်။
“အစ်ကိုကျန်း တပိုင်နဲ့ ရှောင်ပိုင်ကို ခေါ်သွားပြီး သစ်တောထဲကို အခုချက်ချင်းဝင်ပြီး ဒေသခံအဖွဲ့တွေကို ဝိုင်းရံသတ်ဖြတ်ပစ်လိုက်ပါ။”
ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။
“ကျွန်းပိုင်ရှင် မင်းဆိုလိုတာက မှော်ဆရာက ဒီကနေထွက်သွားပြီး ချင်ရှီဟွမ်မဟာမိတ်အဖွဲ့ရဲ့ ပင်လယ်နယ်နိမိတ်ကို သွားပြီလို့ ဆိုလိုတာလား။”
ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဒါက ဖြစ်နိုင်ချေအများဆုံးပဲ။ ငါအခု အဲဒီနေရာကို မြန်မြန်သွားကြည့်လိုက်မယ်။ သူတကယ်ပဲ အဲဒီကိုသွားတယ်ဆိုရင် တပိုင်နဲ့ ရှောင်ပိုင်တို့ကို အချိန်မီပို့ပေးရမယ်။ အဲ့ဒါကြောင့် မြန်မြန်သွားတော့။”
“ဟုတ်ကဲ့ ဂရုစိုက်ပါ။”
ထို့နောက် ကျန်းယွင်ထျန်းသည် ချက်ချင်းထွက်ခွာသွားခဲ့သည်။
ရှောင်းယီသည် ချက်ချင်းပင် ချင်ရှီဟွမ်မဟာမိတ်အဖွဲ့၏ ပင်လယ်နယ်နိမိတ်သို့ တည်နေရာကူးပြောင်းသွားလိုက်သည်။
“သူတို့ အခုဘယ်နေရာမှာလဲ။”
ရှောင်းယီသည် သင်္ဘောကုန်းပတ်ပေါ် လျှောက်သွားရင်း မေးလိုက်သည်။
“ကျွန်းပိုင်ရှင်ကို သတင်းပို့ပါတယ်။ သူတို့ နေရာတစ်ခုတည်းမှာ ရပ်နားနေတာ နည်းနည်းကြာပါပြီ။”
ကင်းထောက်တစ်ဦးက မှန်ပြောင်းတစ်ခုအား သူ့ဆီသို့ လက်ဆင့်ကမ်းပေးလိုက်သည်။
ရှောင်းယီသည် ၎င်းကိုယူပြီး အဝေးကြည့်မှန်ပြောင်းနှင့် အဝေးသို့ကြည့်လိုက်သောအခါ သင်္ဘောကြီးတစ်စီးတည်းသာ ရှိနေကြောင်း တွေ့လိုက်ရလေသည်။
တစ်ချိန်တည်းမှာပင် မျက်နှာချင်းဆိုင်ရှိ သင်္ဘောကြီးသည်လည်း သူတို့ကို သတိထားမိသွားခဲ့သည်။
“အခြားသင်္ဘောတွေလည်း ရှိနေတာလား။ ဒါပေမယ့် ကျွန်းကို ဘာလို့မမြင်ရတာလဲ။”
ခေါင်းဆောင်က မျက်မှောင်ကြုတ်ကာ တွေးလိုက်မိသည်။
“ငါတို့လာနေတယ်ဆိုတာ သူတို့သိသွားပြီး အုတ်မြစ်ကျောက်အားလုံးကို ပြန်သိမ်းလိုက်တာလား။”
ခေါင်းဆောင်သည် လက်ရှိအခြေအနေကို ချက်ချင်းပင် မှော်ဆရာထံသို့ သတင်းပို့လိုက်သည်။
ထိုသတင်းကို ကြားလိုက်ရသောအခါ မှော်ဆရာလူအိုကြီးသည် အနည်းငယ်တုန်လှုပ်သွားခဲ့ပြီး ချက်ချင်းအမိန့်ပေးလိုက်သည်။
“သူတို့ကို လိုက်ဖမ်း။ ထွက်ပြေးခွင့်မပေးနဲ့။”
“ဟုတ်ကဲ့”
မြို့ပြန်ကျောက်သည် ယခုချိန်ထိ အေးခဲချိန်မပြည့်သေးသည်ကို ကြည့်ရင်း လူအိုကြီးသည် သူ့ဘေးနားက သစ်သားစားပွဲကို လက်ဝါးဖြင့် ရိုက်ချိုးလိုက်လေသည်။
“သူတို့ကို သေချာပေါက်လိုက်ဖမ်းရမယ်...။”
လူအိုကြီးက တစ်ကိုယ်တည်းတွေးလိုက်သည်။
ချင်ရှီဟွမ်မဟာမိတ်အဖွဲ့ကို တိုက်ခိုက်ခဲ့စဉ်က သူတို့၏စစ်သင်္ဘောတစ်စီးနှင့် လူအနည်းငယ် ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။ သူတို့ကို ထွက်ပြေးခွင့်ပေးလိုက်လျှင် အမှန်တကယ် ဒုက္ခများသွားပေလိမ့်မည်။
ချူဖုန်းမြို့သည် ထိုအပြင်လူများကို တွေ့ခဲ့စဥ်ကတည်းက သူတို့သည် ဤကဲ့သို့ကြီးမားသည့် ဆုံးရှုံးမှုမျိုး မခံစားခဲ့ရဖူးပေ။ လူအိုကြီးသည် ထိုအရာကို မကျေမနပ်ဖြစ်နေခဲ့သည်။
ဒေသခံများ၏သင်္ဘောသည် သူတို့ဆီသို့ ရွက်လွင့်လာသည်ကို တွေ့လိုက်ရသောအခါ ရှောင်းယီက ချက်ချင်းအမိန့်ပေးလိုက်သည်။
“ရန်သူနဲ့ အကွာအဝေးကို ထိန်းထားပြီး လမ်းကြောင်းအတိုင်း ဆက်ပြီးရွက်လွှင့်သွားလိုက်။”
“ဟုတ်ကဲ့”
ဤနည်းအားဖြင့် သူတို့သည် အချိန်အနည်းငယ်ဆွဲထားနိုင်ပြီး ကျန်းယွင်ထျန်း၊ တပိုင်နှင့် အခြားသူများအား သစ်တောအတွင်းရှိ ဒေသခံအဖွဲ့များကို ရှင်းလင်းရန်အတွက် အချိန်အလုံအလောက် ပေးနိုင်မည်ဖြစ်သည်။
ဤကဲ့သို့လိုက်လံဖမ်းဆီးခြင်းနှင့် ထွက်ပြေးခြင်းအကြားတွင် စွန်းယောင်ထံမှ သတင်းကောင်းတစ်ရပ် ရောက်ရှိလာခဲ့သည်။
“ကျွန်းပိုင်ရှင် ကျုပ်တို့ အောင်မြင်သွားပြီ။ ရူးသွပ်ဆေးကို သန့်စင်ပြီးသွားပြီ။”
စွန်းယောင်က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
ထိုသတင်းကို ကြားလိုက်ရသောအခါ ရှောင်းယီ ဝမ်းသာသွားခဲ့သည်။
“လဲလှယ်လိုက် ငါကြည့်ကြည့်မယ်။”
တစ်ချိန်တည်းမှာပင် သူသည် သက်ပြင်းချလိုက်ပြီး စနစ်က ယုံကြည်စိတ်ချရသေးကြောင်း တွေးမိလိုက်သည်။
စွန်းယောင်က ဆေးလုံးတစ်လုံးကို လဲလှယ်ပေးခဲ့သည်။
ရှောင်းယီသည် သူ့လက်ထဲရှိ အဝါရောင်ဖျော့ဖျော့ဆေးလုံးကို ကြည့်ရင်း ရှေးဟောင်းသိုင်းပညာမိသားစုများ၏ ခွန်အားကိုလှုံ့ဆော်ပေးသောဆေးများနှင့် အနည်းငယ်ကွဲပြားပုံရကြောင်း ခံစားလိုက်ရသည်။
“ရူးသွပ်ဆေး - အသုံးပြုသူ၏ ရုပ်ခန္ဓာကို တစ်ဆင့်မြှင့်တင်ပေးနိုင်သည်။ သန့်စင်ဖော်စပ်သူ၏ နည်းပညာအားနည်းမှုကြောင့် အညစ်အကြေးများ လုံးဝမဖယ်ရှားရသေးပါ။ သောက်သုံးပြီးနောက် ခြောက်နာရီကြာ အားနည်းနေလိမ့်မည်။”
ရှောင်းယီ၏ နှုတ်ခမ်းထောင့်များ တုန်ခါသွားပြီး မေးလိုက်သည်။
“နည်းပညာက ပြီးပြည့်စုံမှုရှိတယ်ဆိုရင် အကျိုးသက်ရောက်မှုက ဘာကွာလဲ။”
“ဆေးလုံး၏အကျိုးသက်ရောက်မှုမှာ တူညီသော်လည်း အားနည်းချိန်မှာ အညစ်အကြေးသန့်စင်မှုကို လိုက်၍လျော့ပါးသွားမည်။”
စနစ်က ပြန်လည်ဖြေကြားလိုက်သည်။
“ဝေပေါ်ရဲ့ ဆေးလုံးသန့်စင်ခြင်းနည်းပညာက ပိုပြီးလေ့ကျင့်ဖို့လိုသေးပုံပဲ။”
ရှောင်းယီသည် ထိုသို့တွေးမိလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှ ညွှန်းကြားချက်ပေးလိုက်သည်။
“အရမ်းကောင်းတယ်။ ဒီလိုဆေးလုံးမျိုးတွေ ဆက်ပြီးသန့်စင်ထားပါ။ နောက်ပြီး မင်းတို့ရဲ့သန့်စင်ခြင်းနည်းလမ်းကိုလည်း လေ့ကျင့်ရဦးမယ်။”
“ဟုတ်ကဲ့”
စွန်းယောင်နှင့် ဝေပေါ်တို့က ပြန်ဖြေလိုက်ကြသည်။
ဖုန်းခေါ်ဆိုမှု ပြီးဆုံးသွားသောအခါ ဝေပေါ်က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်က ငါ့ရဲ့ဆေးလုံးသန့်စင်ခြင်းနည်းလမ်းက အရမ်းညံ့လွန်းတယ်ဆိုတာကို မြင်သွားခဲ့တာလား။”
“ပြဿနာမရှိပါဘူး၊ ငါတို့က အခုမှအစပဲရှိသေးတာ။ ဆေးလုံးတစ်လုံး သန့်စင်နိုင်တာနဲ့တင် အရမ်းကောင်းနေပါပြီ။ ဖြည်းဖြည်းချင်းလေ့ကျင့်ကြတာပေါ့။”
စွန်းယောင်က နှစ်သိမ့်ပေးလိုက်သည်။
ဝေပေါ်က ခေါင်းညိတ်လိုက်ပြီး ကြီးမြတ်သည့် ဆေးသန့်စင်ဖော်စပ်ခြင်းအမှုထဲသို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။
လူအိုကြီး စိုးရိမ်ပူပန်မှုများဖြင့် စောင့်နေသည့်အခိုက်မှာပင် မြို့ပြန်ကျောက်၏ အေးခဲချိန်မှာ နောက်ဆုံးတွင် ကုန်ဆုံးသွားခဲ့လေသည်။
သူသည် ချက်ချင်းပင် မြို့ပြန်ကျောက်ကို အသုံးပြုပြီး ရှောင်းယီတို့နောက်ကိုလိုက်နေသော သင်္ဘောကြီးဆီသို့ ရောက်ရှိလာခဲ့သည်။
“မှော်ဆရာ...”
ခေါင်းဆောင်သည် လူအိုကြီးကိုမြင်သောအခါ ချက်ချင်းပင် ဒူးထောက်ပြီး အရိုအသေပေးလိုက်သည်။
“ထတော့ အခြေအနေ ဘယ်လိုရှိလဲ။”
လူအိုကြီးက မေးလိုက်သည်။
“ကျုပ်တို့ ဆက်တိုက်လိုက်နေပေမယ့် ဖမ်းမိဖို့ခက်ခဲနေတယ်။”
ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။
“ပြဿနာမရှိဘူး။ သူတို့ကို မျက်ခြေမပြတ်သွားရင် ရပြီ။”
လူအိုကြီးက အပြုံးတစ်ခုဖြင့် ပြန်ပြောလိုက်သည်။
“သတင်းပို့ပါတယ်။ သူတို့ရပ်သွားပါပြီ။”
ဒေသခံတစ်ဦးက ပြေးလာပြီး ပြောလိုက်သည်။
“အရမ်းကောင်းတယ်...။”
လူအိုကြီးက ပျော်ရွှင်စွာပြောလိုက်သည်။
“အခုချက်ချင်း လိုက်ဖမ်းကြ။”
ဒေသခံများ၏သင်္ဘောသည် ရှောင်းယီ၏သင်္ဘောနှင့် အကွာအဝေးကို အလျင်အမြန်ချုံ့လိုက်ပြီး မကြာခင်မှာပင် ရှောင်းယီတို့အမြောက်များ၏ ပစ်ကွင်းအတွင်းသို့ ရောက်ရှိလာခဲ့သည်။
သူတို့၏အမြောက်များသည် သာမန်အဆင့်အမြောက်များသာဖြစ်သောကြောင့် ပစ်ခတ်နိုင်သည့်အကွာအဝေးမှာ ရှောင်းယီ၏အမြောက်များထက် ပို၍တိုတောင်းပေသည်။
ဘုန်း ဘုန်း ဘုန်း
ရှောင်းယီ၏ သင်္ဘောပေါ်ရှိ အမြောက်များမှ ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့သည်။ လူအိုကြီးသည် ထိတ်လန့်တုန်လှုပ်သွားပြီး အော်ဟစ်လိုက်လေသည်။
“ဘာလို့ ငါတို့စစ်သင်္ဘောပေါ်ကအမြောက်တွေက မပစ်သေးတာလဲ။”
“သတင်းပို့ပါတယ်။ မှော်ဆရာ ကျုပ်တို့အမြောက်တွေရဲ့ ပစ်ခတ်နိုင်တဲ့အကွာအဝေးထဲကို မရောက်သေးပါဘူး။”
ခေါင်းဆောင်က ပြန်လည်ဖြေကြားလိုက်သည်။
ခေါင်းဆောင်၏တုံ့ပြန်မှုကို ကြားလိုက်ရသောအခါ လူအိုကြီးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ဒါဆိုရင် သူတို့က ငါတို့ကို ခြောက်လှန့်ဖို့ကြိုးစားနေတာပဲ။”
သို့သော် သူ၏စကားမပြီးမီမှာပင် တဘုန်းဘုန်းပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့ပြီး ဒေသခံသင်္ဘောပေါ်တွင် သစ်သားစများ နေရာအနှံ့သို့ ပျံသန်းသွားခဲ့သည်။
အခန်း ၆၀၈ - ပြဿနာဖြေရှင်းခြင်း၊ ချူဖုန်းမြို့၏ ပင်လယ်အခြေစိုက်စခန်းကို သိမ်းပိုက်ခြင်း
လုံးဝမျှော်လင့်မထားခဲ့သောကြောင့် ဒေသခံများသည် ပေါက်ကွဲမှုကြောင့် ထိတ်လန့်သွားခဲ့ကြသည်။ စွမ်းအားကြီးမားသော မှော်ဆရာပင် ပျံထွက်လာသော သစ်သားစများကြောင့် လျှပ်ထိသွားပြီး သွေးစို့သွားသောဒဏ်ရာများ ကျန်ရစ်ခဲ့လေသည်။
“ဘာတွေဖြစ်နေတာလဲ”
လူအိုကြီးက ဟိန်းဟောက်လိုက်သည်။
ခေါင်းဆောင်သည် သွေးများဖြင့်ဖုံလွှမ်းနေသော မျက်နှာဖြင့် ပြေးဝင်လာပြီး ပြောလိုက်သည်။
“မှော်ဆရာ သူတို့အမြောက်တွေရဲ့ ပစ်ခတ်နိုင်တဲ့အကွာအဝေးက ကျုပ်တို့ထက် အများကြီးပိုနေတယ်။”
သူတို့ကြားရှိအကွာအဝေးသည် နှစ်ဆထက်ပိုမနေခဲ့ပါက သူတို့ဒီလောက်ထိ လျစ်လျူရှုမိလိမ့်မည်မဟုတ်ချေ။
“ဟမ့် ဒါဆိုရင်တော့ သူတို့ကို ပိုပြီးတော့တောင် နင်းချေပစ်ရမယ်။”
လူအိုကြီးသည် တင်မာခက်ထန်နေသောအမူအရာဖြင့် ကြမ်းတမ်းစွာပြောလိုက်သည်။
သူတို့ကိုသာ နင်းခြေနိုင်ခဲ့လျှင် ထိုအဆင့်မြင့်ပစ္စည်းများအားလုံး သူတို့၏ပိုင်ဆိုင်မှုများ ဖြစ်သွားပေလိမ့်မည်။
ထိုအကြောင်းကိုတွေးရင်းဖြင့် လူအိုကြီး၏နှလုံးသားမှာ ကြီးမားလှသည့်လောဘတရားကြောင့် ပူလောင်လာခဲ့သည်။
“ကျွန်းပိုင်ရှင် ဒေသခံတွေရဲ့သင်္ဘောက အမြောက်နဲ့အပစ်ခံလိုက်ရပြီးတာတောင်မှ အမြန်နှုန်းနဲ့ ဆက်ပြီးချဉ်းကပ်လာနေပါတယ်။ အမြောက်တွေနဲ့ ဆက်ပစ်သင့်လား။”
စစ်သားတစ်ယောက်က ရှောင်းယီအား သတင်းပို့လိုက်သည်။
“ဆက်ပစ်”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ဤသင်္ဘောကိုသာ သိမ်းပိုက်လိုက်နိုင်လျှင် ရှောင်းယီသည် ချူဖုန်းမြို့၏ ပင်လယ်အခြေစိုက်ခန်းကို ရှာတွေ့နိုင်မည်ဖြစ်မည်။ ရရှိမည့်အကျိုးကျေးဇူးမှာ အမြောက်ဆန်အချို့ ဆုံးရှုံးလိုက်ရသည်ထက် ပိုများမည်မှာသေချာပေသည်။
ထို့ပြင် ထိုဒေသခံသင်္ဘောကြီးပေါ်တွင် မှော်ဆရာတစ်ယောက် ရှိနိုင်ခြေများပေသည်။ ဤကဲ့သို့အမြောက်များနှင့် ပစ်သတ်နိုင်ရင် ရူးသွပ်ဆေးကို သုံးစွဲစရာမလိုတော့ပေ။
ဘုန်း ဘုန်း ဘုန်း
ရှောင်းယီ၏သင်္ဘောပေါ်ရှိ အမြောက်များမှ နောက်တစ်ကြိမ်ဟိန်းဟောက်သံများ ထွက်ပေါ်လာခဲ့ပြန်သည်။
ဤတစ်ကြိမ်တွင် ၎င်းတို့သည် ဒေသခံများ၏ သင်္ဘောကြီးကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်သည်။ ၎င်းကို နောက်ထပ်တစ်ခါ ထပ်မံပစ်ခတ်လိုက်သည်နှင့် နစ်မြုပ်သွားမည်ဟုပင် ထင်ရသည်။
ထိုအချိန်တွင် ရှုံးတိက မက်ဆေ့ချ်ပေးပို့လာခဲ့သည်။
“ကျွန်းပိုင်ရှင် နည်းပြက ဒေသခံတွေရဲ့ တပ်ဖွဲ့ဝင်တွေရဲ့ တစ်ဝက်နီးပါးကို ရှင်းလင်းပြီးပါပြီ။ ကျုပ် တပိုင် ကို ကျုပ်ဆီ ပြန်ခေါ်ထားပါတယ်။ ခင်ဗျားကို ကူညီဖို့ တိုက်ရိုက်ပို့ပေးလိုက်ရမလား။”
“မလိုပါဘူး။ တပိုင်ကို သူ့နောက်လိုက်သွားခိုင်းလိုက်။ ဒီကမှော်ဆရာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ငါ့မှာအကြံရှိတယ်။”
ရှောင်းယီက ပြန်ပြောလိုက်သည်။
“ဟုတ်ကဲ့”
ရှုံးတိက ပြန်ဖြေလိုက်သည်။
“အစ်ကိုကျန်း ဒီလောက်ထိမြန်လိမ့်မယ်လို့ မထင်ထားမိဘူး။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
ထိုအချိန်တွင် ဒေသခံသင်္ဘောကြီးပေါ်ရှိ လူအိုကြီး၏အသွင်အပြင်မှာ ပို၍ဆိုးရွားလာခဲ့သည်။ သူတို့နှင့် ရှောင်းယီတို့ကြားရှိ လက်ရှိအကွာအဝေးအရ သူတို့သင်္ဘော နစ်မြုပ်မသွားမီ ၎င်းတို့ကို ဖမ်းဆီးနိုင်မည်မဟုတ်ပေ။
သူတို့ကိုအမီမလိုက်နိုင်လျှင် လူအိုကြီးတွင် ကောင်းကင်ကို ဆန့်ကျင်နိုင်သည့် စွမ်းရည်များရှိလျှင်ပင် မျက်စိအပြူးသားဖြင့်သာ ငေးကြည့်နေရမည်ဖြစ်သည်။
“လှေငယ်လေးတွေရှိလား။”
လူအိုကြီးက မေးမြန်းလိုက်သည်။
“ဟုတ်ကဲ့ သင်္ဘောပဲ့ပိုင်းမှာပါ။”
ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။
လူအိုကြီးသည် သင်္ဘောပဲ့ပိုင်းသို့ အပြေးလွှားသွားလိုက်ကာ ကြိုးကိုဓားနှင့်ဖြတ်လိုက်ပြီးနောက် လှေငယ်လေးသည် ပင်လယ်ထဲသို့ ကျသွားခဲ့လေသည်။ ထို့နောက် သူသည် ဒိုင်းနှစ်ခုကိုဆွဲယူပြီး ထိုလှေထဲကိုခုန်ချလိုက်လေသည်။
သူသည် မည်သူ့ကိုမျှမခေါ်ဘဲ ဒိုင်းများကို လှော်တက်များအဖြစ်အသုံးပြုကာ သစ်သားလှေငယ်လေးကို မယုံနိုင်လောက်သည့်အမြန်နှုန်းဖြင့် လှော်ခတ်သွားခဲ့သည်။
သစ်သားလှေငယ်လေး၏ အမြန်နှုန်းသည် လှော်ခတ်သူ၏အင်အားနှင့် များစွာဆက်စပ်နေသည်။ SS အဆင့်ကျွမ်းကျင်သူတစ်ဦးအနေနှင့် လူအိုကြီး၏လှော်ခတ်နှုန်းသည် သင်္ဘောကြီး၏အမြန်နှုန်းကို လုံးဝကျော်လွန်သွားခဲ့သည်။
ယခင်ဘဝကနှစ်ယောက်စီးကယပ်လှေ ၁ ကီလိုမီတာပြိုင်ပွဲတွင် ကယပ်လှေ၏အမြန်နှုန်းသည် တစ်နာရီလျှင် ၁၉ ကီလိုမီတာခန့်ရှိသည်။
ယခုအချိန်တွင်မူ လူအိုကြီး၏ အမြန်နှုန်းသည် ထိုအမြန်နှုန်းကို လုံးဝကျော်လွန်သွားပြီး တစ်နာရီလျှင် ကီလိုမီတာ ၃၀ ခန့်အထိ ရောက်ရှိသွားခဲ့သည်။
ရှောင်းယီ၏ သင်္ဘောပေါ်ရှိ ကင်းထောက်သည် ထိုလှေငယ်လေးကို မြင်သောအခါ ရှောင်းယီအား ချက်ချင်းသတင်းပို့လိုက်သည်။
“ကျွန်းပိုင်ရှင် တစ်စုံတစ်ယောက်က လှေငယ်လေးနဲ့ အမြန်ဆုံးချဉ်းကပ်လာနေပါတယ်။”
ရှောင်းယီသည် ပင်လယ်ပြင်ပေါ်ရှိ လှေငယ်လေးတစ်စီး အလျင်အမြန်ချဉ်းကပ်လာသည်ကို ကြည့်လိုက်ပြီးနောက် လှေပေါ်ရှိ လူအိုကြီးပါ မြင်လိုက်ရလေသည်။
“တကယ်ကို သူပဲ။”
ထို့ကြောင့် ရှောင်းယီက အမိန့်ပေးလိုက်သည်။
“သူ့ကို ငါ့အတွက်ပစ်ချလိုက်။”
သင်္ဘောပေါ်ရှိ စစ်သင်္ဘောများသည် ချက်ချင်းပင် လှေငယ်လေးကို ပစ်မှတ်ထားကာ ပစ်ခတ်လိုက်ကြသည်။
သို့သော် လှေငယ်လေးသည် အရွယ်အစားသေးငယ်လွန်းပြီး SS-အဆင့်ကျွမ်းကျင်သူတစ်ဦးကပါ ထိန်းချုပ်ထားသောကြောင့် အလွန်ကျွမ်းကျင်စွာဖြင့် ပေါ့ပေါ့ပါးပါးရွေ့လျားပြီး ရောက်ရှိလာနိုင်ခဲ့သည်။
ထို့အပြင် ရှောင်းယီ၏သင်္ဘောကြီးသည် စစ်သင်္ဘောမဟုတ်ပေ။ သင်္ဘောပေါ်ရှိ အမြောက်တပ်ဆင်နိုင်သည့်နေရာများမှာ ကန့်သတ်ချက်ရှိပေသည်။ ပြီးလျှင် အမြောက်များကို စိတ်ကူးပေါက်သလို ထပ်ထည့်ထားခြင်းဖြစ်သောကြောင့် ဧရိယာတစ်ခုလုံးကို အပြည့်အဝ ဖုံးအုပ်နိုင်ခြင်းမရှိပေ။
ထို့ကြောင့် လှေငယ်လေးကို ပစ်ခတ်လိုက်သည့် အမြောက်များသည် အနီးအနားကိုသာ ကျရောက်သွားကြပြီး ပေါက်ကွဲမှု၏သက်ရောက်မှုက လှေငယ်လေးကို တုန်ခါသွားစေခြင်းကလွဲ၍ တကယ့်ပျက်စီးဆုံးရှုံးမှုများကို မဖြစ်စေခဲ့ပေ။
“မြှားတွေ အသင့်ပြင်။”
ရှောင်းယီက အော်ဟစ်လိုက်သည်။
သင်္ဘောပေါ်ရှိ ဒုံးပျံများသည် ချက်ချင်းပင် လှေငယ်လေးပေါ်က လူအိုကြီးကို ပစ်မှတ်ထားလိုက်ကြသည်။
ဒုံးပျံများသည် လူအိုကြီး၏ လှုပ်ရှားမှုများကို ကြိုတင်ခန့်မှန်းနိုင်လောက်သည်အထိ ပြောင်းလွယ်ပြင်လွယ်ရှိလှပေသည်။
ဆွစ် ဆွစ် ဆွစ်
မြားများ မိုးရွာသလို ပျံသန်းထွက်လာပြီး လှေငယ်လေးကို ဖုံးလွှမ်းသွားခဲ့သည်။ သို့သော်လည်း လူအိုကြီးသည် သူ၏ဒိုင်းကို ဝှေ့ယမ်းကာ တစ်ချက်လှည်းကျင်းလိုက်သည်နှင့် မြားမိုးများမှာ ချက်ချင်းဆိုသလို ကျိုးပျက်သွားခဲ့သည်။
ပစ်ခတ်မှုများအကြားတွင်ပင်လျှင် လှေငယ်လေးသည် သူတို့ဆီသို့ အလျင်အမြန် ချဉ်းကပ်လာနေဆဲပင်။
ရှောင်းယီသည် အလျင်အမြန် ချဉ်းကပ်လာနေသော လူအိုကြီးကို ကြည့်ကာ တွေးလိုက်မိသည်။
“ရူးသွပ်ဆေးရဲ့ စွမ်းအားကို စမ်းကြည့်ရတော့မယ့်ပုံပဲ။”
“လှေငယ်လေး ငါတို့သင်္ဘောကြီးနားကို ရောက်လာတဲ့အခါကျရင် မင်းတို့အားလုံး တတ်နိုင်သမျှ ဝေးဝေးပြေးကြ။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
သင်္ဘောပေါ်ရှိလူများက ပြန်ဖြေလိုက်ကြသည်။
အနီးကပ်လာပြီဖြစ်သော လှေငယ်လေးကို ကြည့်ရင်း ရှောင်းယီသည် ရူးသွပ်ဆေးကို သူ၏ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။
ရှောင်းယီ၏အရှိန်အဝါမှာ ချက်ချင်းပင် မြင့်တက်လာခဲ့သည်။
သင်္ဘောကြီးနားကို ရောက်ရှိလာပြီဖြစ်သော လူအိုကြီးသည် ထိုအရှိန်အဝါကြောင့် ထိတ်လန့်သွားပြီး သင်္ဘောကြီးပေါ်သို့ ခုန်တက်ဖို့ကိုပင် မေ့သွားခဲ့သည်။
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။”
လူအိုကြီးသည် စိတ်စွမ်းအားအလွန်ကောင်းတဲ့သူတစ်ယောက်ဖြစ်ရာ သင်္ဘောပေါ်ရှိ တစ်စုံတစ်ယောက်သည် သူ့ထက်အဆင့်ပိုမြင့်ကြောင်း သိမြင်နိုင်ခဲ့သည်။
သူထိတ်လန့်သွားစဉ်မှာပင် ရှောင်းယီသည် သင်္ဘောကြီးပေါ်မှ တိုက်ရိုက်ခုန်ချလိုက်လေသည်။
ရှောင်းယီကို မြင်လိုက်ရသောအခါ လူအိုကြီး ပို၍တုန်လှုပ်သွားခဲ့သည်။
“ဘာလို့ မင်းဖြစ်နေတာလဲ။”
“ကျုပ်တို့တွေ့ဆုံဖို့အတွက် တကယ်ကို ကံကြမ္မာက ဆုံးဖြတ်ပေးထားသလိုပဲ။ အထူးသဖြင့် ဒီအခြေအနေမျိုးမှာပေါ့...။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“မဖြစ်နိုင်ဘူး...။ မင်းရဲ့အဆင့်က အရင်က ဒီလောက်မမြင့်ဘူး။”
လူအိုကြီးက အော်ဟစ်လိုက်သည်။
ရှောင်းယီသည် ဆက်ငြင်းခုံမနေတော့ဘဲ တိုက်ရိုက်ပင် ရှေ့တက်သွားလိုက်၏။
လူအိုကြီးသည် တုန်လှုပ်သွားပြီး နောက်သို့ခုန်ဆုတ်သွားကာ တစ်ချိန်တည်းမှာပင် စိတ်ဝိဉာည်တိုက်ခိုက်မှုကို ထုတ်လွှတ်လိုက်လေသည်။
သို့သော် ရူးသွပ်ဆေးကို သောက်သုံးပြီးသားဖြစ်သည့် ရှောင်းယီသည် သူ၏စိတ်ဝိဉာည်တိုက်ခိုက်မှုကို လုံးဝလျစ်လျူရှုထားခဲ့သည်။
လှေငယ်လေးပေါ်ရှိနေရာမှာ ကန့်သတ်ချက်ရှိပြီး လူအိုကြီးအတွက် နောက်ပြန်ဆုတ်ရန်နေရာမှာ အလွန်နည်းလွန်းနေခဲ့သည်။
နောက်အခိုက်တွင် ရှောင်းယီ၏လက်သည် လူအိုကြီး၏လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီဖြစ်သည်။
“ခင်ဗျားက ချူဖုန်းမြို့က မှော်ဆရာ အိုင်ဖန်ဖြစ်သင့်တယ်။”
ရှောင်းယီက ပြောလိုက်သည်။
လူအိုကြီးသည် အနည်းငယ်ကြောင်အသွားခဲ့သည်။
“ဟမ့် မင်း SSS အဆင့်ကို ဒီလောက်ထိမြန်မြန်ဆန်ဆန် ဘယ်လိုတိုးတက်အောင်လုပ်ခဲ့လဲဆိုတာတော့ ငါမသိဘူး။ ဒါပေမယ့် မင်းဒီအခြေအနေကို ထာဝရထိန်းထားနိုင်မယ်လို့တော့ ငါမယုံဘူး။ အိုင်ဖန်က မင်းကိုလာရှာလိမ့်မယ်။”
ထိုစကားကိုကြားလိုက်သောအခါ ရှောင်းယီ၏မျက်နှာသည် အနည်းငယ် တင်းမာသွားခဲ့သည်။ လူအိုကြီး၏စကားအရ သူသည် အိုင်ဖန်မဟုတ်ကြောင်း သိသိသာသာ ဖော်ပြနေလေသည်။
အခြားမမျှော်လင့်ထားသော အခြေအနေများကို ကာကွယ်ရန်အတွက် ရှောင်းယီသည် လူအိုကြီးကို ချက်ချင်းသတိလစ်အောင်လုပ်လိုက်ပြီး သင်္ဘောပေါ်သို့ ပစ်ချလိုက်သည်။
“နာ့နာ သူ့ကိုဂရုစိုက်ထားလိုက်။ သတိရမလာစေနဲ့။”
“ဟုတ်ကဲ့”
နာ့နာ၏အသံက သင်္ဘောထဲမှ ထွက်လာခဲ့သည်။
ရှောင်းယီသည် ထိုလူအိုကြီးလာခဲ့သည့်နည်းအတိုင်း ဒိုင်းများနှင့် လှေငယ်လေးကို ဒေသခံများ၏ သင်္ဘောကြီးဆီသို့ လူအိုကြီးထက်ပင် ပိုလျင်မြန်စွာ လှော်ခတ်သွားခဲ့သည်။
သင်္ဘောကြီးပေါ်တွင် ဒေသခံများသည် ပျက်စီးနေပြီဖြစ်သောသင်္ဘောကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ရံဖန်ရံခါ အမြောက်များဖြင့် တိုက်ခိုက်ခံနေရခြင်းကြောင့် အလုပ်များနေကြပြီး ရှောင်းယီ၏ချဉ်းကပ်လာမှုကို ဂရုမစိုက်နိုင်ခဲ့ကြပေ။
ရှောင်းယီသည် ဒေသခံများ၏ သင်္ဘောကြီးပေါ်သို့ အတားအဆီးမရှိ တက်ရောက်လာခဲ့သည်။
သင်္ဘောပေါ်သို့ တက်ပြီးနောက် မည်သူမှ ရှောင်းယီကို မတားဆီးနိုင်တော့ပေ။ တစ်မိနစ်အတွင်းမှာပင် သင်္ဘောတစ်စီးလုံးရှိ ဒေသခံများအားလုံးကို ဖမ်းဆီးနိုင်ခဲ့သည်။
သို့သော် ရှောင်းယီသည် အမြဲတမ်း အနည်းငယ်မသက်မသာဖြစ်မှုတစ်ခုကို ခံစားနေခဲ့ရသည်။ အထူးသဖြင့် လူအိုကြီး၏စကားက သူ့ကို အနည်းငယ်စိတ်ပူစေခဲ့သည်။
စိတ်ပူနေသော်လည်း ရှောင်းယီသည် တုံ့ဆိုင်းနေခြင်းမရှိဘဲ သင်္ဘောပေါ်က ခေါင်းဆောင်ကို ချက်ချင်းပင် စစ်ဆေးမေးမြန်းလိုက်လေသည်။
“ဦးတည်ချက်ကျောက်ကို အပ်လိုက် မဟုတ်ရင် သေ...။”
ရှောင်းယီသည် သူ၏ SSS-အဆင့် အရှိန်အဝါကို အသုံးပြုပြီး ဖိနှိပ်လိုက်သည်။
ခေါင်းဆောင်ကိုယ်တိုင်က B-အဆင့်သာရှိသောကြောင့် ရှောင်းယီ၏ အဆင့်မြင့်မားလှသည့်အရှိန်အဝါကို လုံးဝခံနိုင်ရည်မရှိပေ။ သူက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
“အရှင် ကျုပ်အသက်ကို ချမ်းသာပေးပါ။ ကျုပ် အခုချက်ချင်း ပေးပါ့မယ်။”
ဦးတည်ချက်ကျောက်ကို ရရှိပြီးနောက် ၎င်းသည် အေးခဲနေဆဲဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။ ရှောင်းယီသည် ဦးတည်ချက်ကျောက်ကို စွမ်းအင်ဖြည့်သွင်းရန် စွမ်းအင်ပြွန်ကို အသုံးပြုလိုက်ပြီး သင်္ဘောနှစ်စီးလုံးကို ချူဖုန်းမြို့၏ ပင်လယ်အခြေစိုက်စခန်းသို့ တည်နေရာကူးပြောင်းလိုက်သည်။
ထိုအရာမှာ သူတို့သိမ်းပိုက်ထားသည့် ကျွန်း၏တည်နေရာဖြစ်သည်။
ချူဖုန်းမြို့၏စခန်းတွင် ကာကွယ်ရေးအင်အားအနည်းငယ်ကျန်ရှိနေသေးသော်လည်း အမြောက်များဖြင့်ပစ်ခတ်မှုနှင့် ရှောင်းယီ၏ ပြင်းထန်သည့်တိုက်ခိုက်မှုများအောက်တွင် ချက်ချင်းပင် ပြိုလဲသွားခဲ့သည်။
ချူဖုန်းမြို့၏အခြေစိုက်စခန်းကို သိမ်းပိုက်ပြီးနောက် ပျော်ရွှင်ရန်ပင် အချိန်မရမီ ရှုံ့တိသည် သူ့ဆီသို့ ချက်ချင်းပင် သတင်းစကားတစ်ခု ပေးပို့လာခဲ့ပြီး ၎င်းက သူ့ကိုမပျော်မရွှင်ဖြစ်သွားစေခဲ့သည်။
“နည်းပြက အဆင့်မြင့်မှော်ဆရာတစ်ယောက်နဲ့ တွေ့ခဲ့ရပြီး နည်းပြရော၊ တပိုင်ပါ အပြင်းအထန်ဒဏ်ရာရခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးကိုတော့ ရှောင်းပိုင်က ပြန်ခေါ်လာခဲ့ပြီးပါပြီ။”