← Chapters

အခန်း (၆၀၉-၆၁၀)

Vol. 44 Ch. 609-610

အခန်း (၆၀၉-၆၁၀)

Vol. 44 Ch. 609-610

အခန်း ၆၀၉ - ချွတ်စွပ်တူသောမှော်ဆရာနှစ်ဦး၊ ရူးသွပ်ဆေးက ကွဲပြားမှုကိုဖြစ်စေတယ်

ရှောင်းယီသည် ချူဖုန်းမြို့ ရေတပ်စခန်း၏ နောက်ဆက်တွဲကိစ္စများကို အလွယ်တကူ စီစဉ်ပေးပြီးနောက် ချက်ချင်းပင် မြို့ပြန်ကျောက်ဖြင့် ရှုံးတိဆီသို့ တည်နေရာကူးပြောင်းလိုက်သည်။

“အစ်ကိုကျန်း ဘယ်မှာလဲ”

ရှောင်းယီက မေးလိုက်သည်။

“သူ သင်္ဘောခန်းထဲမှာပါ။ နာ့နာက သူတို့ကို ကုပြပေးနေပါတယ်။ ဒီတစ်ကြိမ် ရှောင်းပိုင်ရဲ့ အမြန်နှုန်းအသားချက်သာမရှိရင် ပြန်လည်ရုန်းထွက်ဖို့ ခက်ခဲခဲ့မှာပဲ။”

ရှုံးတိက ပြန်ဖြေလိုက်သည်။

ရှောင်းယီ ခေါင်းညိတ်ကာ မေးလိုက်သည်။

“အဲ့ဒီမှော်ဆရာက လိုက်မလာဘူးလား။”

“လိုက်လာတယ်။ ကျုပ်တို့ရဲ့ သံချပ်ကာစစ်သင်္ဘောက ကမ်းရိုးတန်းနဲ့ အတော်လေးဝေးပြီး အမြောက်တွေနဲ့ပစ်ခတ်မှုက ကျုပ်တို့ကိုလွှမ်းခြုံထားတာကြောင့် သူကြောက်ပြီးထွက်သွားခဲ့တယ်။”

ရှုံးတိက ပြန်ဖြေလိုက်သည်။

“ကံကောင်းတာက နည်းပြက အမြောက်ရဲ့ ပေါက်ကွဲမှုကွန်ယက်ကို ကြိုတင်စီစဉ်ထားခဲ့တာပဲ။”

ရှောင်းယီက ခေါင်းညိတ်ပြပြီး သင်္ဘောခန်းထဲသို့ဝင်သွားလိုက်သည်။ ထို့နေရာတွင် နာ့နာမှာ အလုပ်များနေဆဲပင်။

“ဘယ်လိုနေသေးလဲ။”

ရှောင်းယီက မေးလိုက်သည်။

“အာရုံကြောဆဲလ်တွေ ပြင်းပြင်းထန်ထန်ထိခိုက်ထားပြီး အနားယူပြီးကုသဖို့လိုတယ်။ ကျွန်းပိုင်ရှင် မစိုးရိမ်ပါနဲ့။ အသက်အန္တရာယ်မရှိပါဘူး။”

နာ့နကက ပြန်ဖြေလိုက်သည်။

ရှောင်းယီက ရှောင်ပိုင်ကိုကြည့်ကာ ပြောလိုက်သည်။

“ဒီတစ်ကြိမ်တော့ မင်းကို တကယ်ကျေးဇူးတင်ရမယ်။ မင်းတို့ ဘာတွေကြုံခဲ့ရတာလဲ။”

ရှောင်ပိုင်သည် အသံတိုးတိုးဖြင့် ဟိန်းဟောက်လိုက်ပြီး မှော်ဆရာနှင့် တွေ့ဆုံခဲ့ရသည့် အခြေအနေများကို ရှင်းပြလိုက်သည်။

သူတို့သည် ဒေသခံတပ်ဖွဲ့အများစုကို ရှင်းလင်းပြီးချိန်တွင် လူအိုကြီးတစ်ယောက် ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ရှောင်ပိုင်၏ ဖော်ပြချက်အရ ထိုလူအိုကြီးသည် ယခင်က သူတို့နှင့်တိုက်ခိုက်ခဲ့သော လူအိုကြီးနှင့် တစ်ပုံစံတည်းပင်။

ရှောင်းယီ လုံးဝကြောင်အသွားခဲ့သည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ အဲဒီလူအိုကြီးက ငါနဲ့ ပင်လယ်ထဲမှာ တိုက်ခိုက်နေခဲ့တာမဟုတ်ဘူးလား။ ငါ သူ့ကိုဖမ်းတောင်ဖမ်းထားသေးတယ်လေ။”

ရှောင်ပိုင်၏ မျက်လုံးများတွင် သံသယများဖြင့် ပြည့်နှက်သွားပြီး ခပ်တိုးတိုးဟိန်းဟောက်ကာ ပြောလိုက်သည်။

“လူတိုင်း မြင်ခဲ့ကြတယ်။ တကယ်ပဲ သူက ကျုပ်တို့ အရင်ကတိုက်ခိုက်ခဲ့တဲ့ လူအိုကြီးပဲ။”

ရှောင်းယီက ခေါင်းညိတ်ပြီး ထပ်မေးလိုက်သည်။

“ဒါဆို မင်းတို့ ဘယ်လိုထွက်ပြေးနိုင်ခဲ့တာလဲ။”

“တပိုင်က ရှေ့ဆုံးကနေ စိတ်ဝိဉာည်တိုက်မှုအားလုံးနီးပါးကို ခံယူခဲ့ရတယ်။ အဲ့ဒါကြောင့် ကျုပ်က အခွင့်အရေးရသွားပြီး သူတို့နှစ်ယောက်လုံးကို ပြန်ခေါ်လာနိုင်ခဲ့တာ။ အဲ့ဒီမှော်ဆရာက ကျုပ်လောက်တော့ မမြန်ဘူး။”

ရှောင်ပိုင်က ပြန်ဖြေလိုက်သည်။

“ဟုတ်ပြီ...”

ရှောင်းယီက ပြန်ပြောလိုက်သည်။

“ဒါပေမယ့် အဲ့ဒီမှော်ဆရာရဲ့စွမ်းအားက သိပ်ပြင်းထန်လွန်းတယ်။ ကျုပ်တို့ အခုခဏလောက် နောက်ဆုတ်ထားသင့်လား။”

ရှောင်ပိုင်က အကြံပြုလိုက်သည်။

“မစိုးရိမ်ပါနဲ့။ ဒီတစ်ကြိမ် ငါလာခဲ့တာက သူ့ကို လုံးဝဖြေရှင်းဖို့ပဲ။”

ရှောင်ပိုင်က ရှောင်းယီကို ကြည့်လိုက်သည်။ ရှောင်းယီသည် ယခုချိန်တွင် အားနည်းနေသည်မှာ အသိသာကြီးပင်။ ရှောင်ပိုင်သည် ရှောင်းယီအား နားမလည်နိုင်သောပုံစံဖြင့် ကြည့်နေခဲ့သည်။

ရှောင်းယီ၏ ရူးသွပ်ဆေး၏ ဘေးထွက်ဆိုးကျိုးများမှာ စတင်ပြသလာပြီဖြစ်သည်။ သူသည် အမှန်တကယ်ပင် အားနည်းနေသော အခြေအနေတွင် ရှိနေခဲ့သည်။

ဤအခြေအနေတွင် SS-အဆင့် မှော်ဆရာကို မဆိုထားနှင့် S-အဆင့်ကျန်းယွင်ထျန်းပင် သူ၏ပုံမှန်အခြေအနေတွင်ဆိုလျှင် ရှောင်းယီသည် သူ့ကို မရိုက်နှက်နိုင်ပေ။

ရှောင်ပိုင်၏ စိုးရိမ်မှုကို သိသောကြောင့် ရှောင်းယီက ဆက်ပြောလိုက်သည်။

“ခဏနေရင် အဲဒီမှော်ဆရာကို ကိုင်တွယ်ဖြေရှင်းဖို့ မင်းကိုပဲ အားကိုးရမယ်။ မှတ်ထား သူ့ကိုမသတ်ပစ်နဲ့၊ အရှင်အောင်ထား၊ သူက အသုံးဝင်လာလိမ့်မယ်။”

ရှောင်းယီသည် ရှောင်ပိုင်၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်သွားသည် ရှင်းရှင်းလင်းလင်း မြင်လိုက်ရပြီး သိသာစွာပင် သူ့ထံ၌ ယုံကြည်ချက်ရှိမနေပေ။

“ခဏနေလို့ အဲဒီမှော်ဆရာကို ကိုင်တွယ်ပြီးတာနဲ့ တောအုပ်ထဲဝင်ပြီး ဒေသခံတပ်ဖွဲ့အားလုံးကို ရှင်းလင်းပစ်လိုက်။ သူတို့အားလုံးကို သတ်ပစ်စရာ မလိုဘူး။”

ရှောင်းယီက ဆက်ပြောလိုက်သည်။ သူသည် ၎င်း၏ နားမလည်နိုင်ဖြစ်နေသည့်အမူအရာကို လုံးဝလျစ်လျူရှုထားခဲ့သည်။

“သတင်းပို့ပါတယ်။ အဲဒီမှော်ဆရာ ထပ်ရောက်လာပါပြီ။”

ရှုံးတိက သင်္ဘောခန်းထဲသို့ ဝင်ပြေးလာပြီး အော်ဟစ်လိုက်သည်။

ရှောင်းယီက သူ၏အိတ်ကပ်ထဲမှ ရူးသွပ်ဆေးတစ်လုံးကို ထုတ်ယူကာ ပြောလိုက်သည်။

“ထွက်ကြိုကြရအောင်။ သူ့ကို ကိုင်တွယ်ဖို့က လွယ်ပါတယ်။”

ထိုဆေးလုံးကို ကြည့်ရင်း ရှောင်ပိုင်၏ ကျားမျက်နှာတွင် သံသယများဖြင့် ပြည့်သွားခဲ့သည်။

“ငါ့ရဲ့အမိန့်အတိုင်းသာလုပ်။”

ရှောင်းယီက အော်ဟစ်လိုက်သည်။

ရှောင်ပိုင်သည် မတတ်သာဘဲ ကျည်ဆန်ကိုကိုက်ကာ မရဏတွင်းထဲသို့ တိုးဝင်လိုက်ရပြီး သံချပ်ကာစစ်သင်္ဘောပေါ်မှ လှေငယ်ပေါ်သို့ ခုန်ချလိုက်လေသည်။ ထို့နောက် လူတစ်ဦးက လှေကိုလှော်ခတ်ကာ သူ့ကို ကမ်းရိုးတန်းဆီသို့ ပို့ပေးလိုက်သည်။

ကမ်းစပ်နှင့် နီးကပ်လာသောအခါ ရှောင်ပိုင်သည် ရှောင်းယီ၏စကားအတိုင်း ရူးသွပ်ဆေးကို မျိုချလိုက်လေသည်။

ရှောင်ပိုင်၏အရှန်အဝါသည် ချက်ချင်းပင် အဆင့်တစ်ခု မြင့်တက်သွားခဲ့သည်။

သူ၏ဦးနှောက်အတွင်းရှိ စာချုပ်သည်လည်း ချက်ချင်းပင် မတည်ငြိမ်ဖြစ်လာခဲ့လေသည်။

ရှောင်းယီ၏ဆေးအာနိသင်သည် ပျောက်ကွယ်သွားပြီးနောက် သူသည် SS-အဆင့် သို့ ပြန်ရောက်သွားမည်ကို သိထားရပေမည်။

ရှောင်ပိုင်သည် ထိုဆေးကို သောက်သုံးပြီးနောက် SSS-အဆင့်ဖြစ်သွားခဲ့ပြီး ထို့ကြောင့်ပင် စာချုပ်ကို လုံးဝဖျက်သိမ်းနိုင်ပေသည်။

သို့သော် ရှောင်ပိုင်မပျော်ရသေးခင်မှာပင် သံချပ်ကာစစ်သင်္ဘောပေါ်မှ ရှောင်းယီ၏အသံကို ကြားလိုက်ရလေသည်။

“မင်း စိတ်လိုက်မာန်ပါမလုပ်တာ ပိုကောင်းမယ်။ မဟုတ်ရင် အကျိုးဆက်ကို ခံစားရလိမ့်မယ်။”

ရှောင်းယီ၏ စကားကို ကြားလိုက်ရပြီးနောက် ကျားကို ထိတ်လန့်စေခဲ့သော ရွှမ်းယွမ်ဓားကို ပြန်လည်သတိရသွားခဲ့ပြီး ရှောင်ပိုင်၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်သွားခဲ့သည်။

ထို့အပြင် ဤအဆင့်မြှင့်တင်မှုသည် သူ၏သခင် ရှောင်းယီထံမှ ဆေးတစ်လုံးကြောင့်သာဖြစ်သည်။ အကယ်၍ သူ၏သခင်လက်ထဲတွင် ဆေးလုံးများ ကျန်နေသေးပါက သူသည် သခင်နှင့်ယှဉ်ပြိုင်နိုင်စွမ်း ရှိတော့မည်မဟုတ်ပေ။

အကယ်၍ ပြန်လည်တွန်းလှန်ခြင်း ထပ်မံကျရှုံးခဲ့ပါက ရလဒ်မှာ သေခြင်းတရားသာ ဖြစ်နိုင်ပေသည်။

ရှောင်ပိုင်သည် ချက်ချင်းပင် သူ၏ခံစားချက်များကို ဖော်ပြလိုက်သည်။

“သခင် မင်းစိတ်ချပါ။ ကျုပ် စာချုပ်ကို လုံးဝဖျက်သိမ်းမှာ မဟုတ်ပါဘူး။”

“ကောင်းပြီ။ အဲဒီမှော်ဆရာကို သွားဖြေရှင်းလိုက်။”

ရှောင်းယီက ပြောလိုက်သည်။

တကယ်တမ်းတွင် ရှောင်းယီမပြောလျှင်ပင် ရှောင်ပိုင်သည် ကမ်းခြေရှိ မှော်ဆရာနှင့် စတင် တိုက်ခိုက်တော့မည်ဖြစ်သည်။

ကမ်းခြေရှိ မှော်ဆရာသည် ရှောင်းယီဖမ်းဆီးထားသော လူအိုကြီးနှင့် အမှန်တကယ်ပင် တူညီနေခဲ့သည်။

မှော်ဆရာသည် ရှောင်ပိုင်ကို မြင်သောအခါ ချက်ချင်းပင် ပြေးဝင်သွားခဲ့သည်။ သူ၏မျက်လုံးထဲတွင် ဤကျားတစ်ကောင်တည်းက သူ့ကိုခုခံနိုင်စွမ်းမရှိပေ။ ၎င်းကိုသာ ဖြေရှင်းပြီးပါက သံချပ်ကာစစ်သင်္ဘောများပေါ်တွင် အမြောက်များရှိလျှင်ပင် သူမကြောက်ပေ။

“ဝေါင်း”

ရှောင်ပိုင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

မှော်ဆရာသည် ထိုကျားဟိန်းသံကို ကြားလိုက်ရသောအခါ သူ၏စိတ်ဝိညာဉ်တစ်ခုလုံး မူးဝေသွားခဲ့ပြီး သူ၏မျက်နှာအမူအရာမှာ အပြင်းအထန် အပြောင်းအလဲသွားခဲ့သည်။

“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။”

ယခုအခါ ရှောင်ပိုင်သည် SSS-အဆင့်သို့ရောက်ရှိနေခဲ့ပြီး သားရဲဘုရင်၏ ဂုဏ်သိက္ခာကိုလည်း စော်ကား၍မရနိုင်ပေ။

ရှောင်ပိုင်သည် ပြင်းထန်စွာဖြင့် လွှားခနဲခုန်လိုက်ပြီး မီတာ ၂၀ ကျော်ကို တိုက်ရိုက်ဖြတ်ကျော်ကာ ကမ်းပေါ်သို့ ဆင်းသက်လိုက်သည်။

ရှောင်းယီသည် ရက်စက်ကြမ်းတမ်းလှသော ရှောင်ပိုင်ကို သင်္ဘောပေါ်မှလှမ်းကြည့်ကာ စဉ်းစားနေခဲ့မိသည်။

သူသည် ရှောင်ပိုင်ကို သင်္ဘောပေါ်တွင် ဆေးမတိုက်ခဲ့ရခြင်း၏အကြောင်းရင်းမှာ ရှောင်ပိုင်ပုန်ကန်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

သူ့ကို ကမ်းပေါ်သို့ပို့ပြီးနောက် မှော်ဆရာက ၎င်းနှင့်တိုက်ခိုက်မည်မှာ သေချာပေသည်။ သူ၏သံချပ်ကာစစ်သင်္ဘောပေါ်ရှိ အမြောက်များကလည်း ၎င်းကို ထပ်မံချဉ်းကပ်လာခြင်းမှ တားဆီးနိုင်ပေသည်။ နာရီဝက်ခန့် အချိန်ဆွဲထားနိုင်ပါက သူ၏ဆေးအာနိသင်မှာ ကုန်ဆုံးသွားမည်ဖြစ်ပြီး ရှောင်ပိုင်ကို အလွယ်တကူ ဖမ်းဆီးနိုင်မည်ဖြစ်သည်။

SSS-အဆင့်သို့ မရောက်မချင်း သူသတိထားရန် လိုအပ်ပေသည်။

အဆင့်၏ဖိနှိပ်မှုအောက်တွင် ကမ်းခြေရှိ မှော်ဆရာသည် ရှောင်ပိုင်၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။ ရှောင်းပိုင်သည် သူ့ကို ကြိမ်ဖန်များစွာ ရိုက်နှက်ခဲ့လေသည်။

မှော်ဆရာသည် အကြိမ်ကြိမ် ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ရှောင်ပိုင်က အလွယ်တကူ လိုက်မီသွားပြီး သူ့ကို ကမ်းပေါ်သို့ ပြန်ရိုက်ချခဲ့သည်။

အနိုင်လည်းမတိုက်နိုင်၊ ထွက်ပြေး၍လည်းမရနိုင်၊ ဤသည်မှာ မှော်ဆရာ၏ လက်ရှိအခြေအနေဖြစ်သည်။

သူသည် ရှောင်ပိုင်၏ ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် ရိုက်နှက်ခြင်းကို ခံလိုက်ရပြီးနောက် ရှောင်းယီက ပြောလိုက်သည်။

“သူ့ကို သတိလစ်အောင်လုပ်လိုက်။”

“ဝေါင်း”

ရှောင်ပိုင် တုံ့ပြန်ပြီး ထိုလူအိုကြီးကို ရိုက်နှက်လိုက်လေသည်။

ခရက်

သူ့ရှေ့ရှိ မှော်ဆရာ၏လက်မောင်းများ ချက်ချင်း ပင် ကျိုးကြေပြီး လေထဲသို့ ပျံသန်းသွားလိုက်ရကာ ပါးစပ်အပြည့်သွေးအန်လိုက်ရပြီးနောက် သတိလစ်သွားခဲ့သည်။

“ရှောင်ပိုင် တောအုပ်ထဲဝင်ပြီး ဒေသခံတပ်ဖွဲ့တွေကို ရှင်းပစ်လိုက်။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

ရှောင်ပိုင်သည် ခေါင်းငြိမ့်ပြပြီး တောအုပ်ထဲသို့ ချက်ချင်းပင် ပြေးဝင်သွားခဲ့သည်။

“အဲဒီမှော်ဆရာကို ခေါ်လာခဲ့။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

ရှုံးတိသည် ချက်ချင်းပင် လူများကိုခေါ်ဆောင်ပြီး ထိုမှော်ဆရာအား သင်္ဘောပေါ်သို့ ခေါ်ဆောင်လာခဲ့သည်။

ယခင်မှော်ဆရာကဲ့သို့ပင် နာ့နာအား ကိုင်တွယ်ဖြေရှင်းစေလိုက်ပြီး အချိန်တိုအတွင်း ၎င်းတို့ သတိရလာနိုင်ခြင်းမရှိစေရန် သေချာစေလိုက်သည်။

“ဒီလူနှစ်ယောက်ရဲ့ပုံစံက အရမ်းတူတယ်။ အမွှာတွေပဲဖြစ်ရမယ်။”

ရှောင်းယီ စိတ်ထဲမှ တွေးလိုက်မိသည်။

သို့သော်လည်း ယခုအချိိန်သည် ဤမေးခွန်းကို စူးစမ်းရန် အချိန်မဟုတ်သေးပေ။ ရှောင်းယီက ရှုံးတိကိုခေါ်ပြီး ပြောလိုက်သည်။

“ချူဖုန်းမြို့မှာရှိတဲ့ သူလျှိုအားလုံးကို အခုချက်ချင်းအမိန့်ထုတ်ပြန်လိုက်။ သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ထုတ်ဖော်ပြသရမယ်ဆိုရင်တောင် အဆင့်မြင့် တိုက်ခိုက်ရေး စွမ်းအားတွေအပါအဝင် ချူဖုန်းမြို့မှာရှိတဲ့ လက်ရှိကာကွယ်ရေးအင်အားကို ရှာဖွေရမယ်။”

“ဟုတ်ကဲ့”

ရှုံးတိက တုံ့ပြန်လိုက်ပြီး သူလျှိုများအား စတင်လှုပ်ရှားစေလိုက်သည်။

ရှောင်းယီ၏အမြင်တွင် ချူဖုန်းမြို့တွင် SS-အဆင့် မှော်ဆရာနှစ်ဦးရှိခြင်းမှာ အလွန်ပင်ထူးဆန်းနေပြီဖြစ်သည်။ တတိယမြောက် SS-အဆင့် မှော်ဆရာတစ်ဦးရှိလိမ့်ဦးမည်ဟု သူမယုံချေ။

ယခု သူသည် ထိုနှစ်ဦးစလုံးကို ဖမ်းဆီးထားပြီး နောက်ထပ်မရှိတော့ပါက ယခုအချိန်သည် ချူဖုန်းမြို့ကို သိမ်းပိုက်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။

သို့သော် အာမခံချက်အတွက် သူသည် အခြေအနေအတိအကျကို စုံစမ်းစစ်ဆေးရန်အတွက် သူလျှိုများအား ထပ်မံစေလွှတ်ပြီးမှ ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။

အခန်း ၆၁၀ - ချူဖုန်းမြို့ကို တိုက်ခိုက်ခြင်း

မကြာမီ သူလျှိုများက ထောက်လှမ်းရေးသတင်းများကို ပြန်လည်ပေးပို့လာခဲ့သည်။

ချူဖုန်းမြို့၏ ကာကွယ်ရေးများသည် လက်ရှိတွင် အလွန်နိမ့်ကျနေလေသည်။ အဘယ်ကြောင့်ဆိုသော် မြို့တော်ဝန်သည် မှော်ဆရာ၏ အကြံဉာဏ်ကို နားထောင်ကာ ချူဖုန်းမြို့ကို နောက်ခံထောက်ပံ့ရေးမြို့အဖြစ်သာ သတ်မှတ်ထားသောကြောင့်ဖြစ်သည်။

စစ်သည်အများစုကို အပြင်လူများထံမှ ကျွန်းများကို သိမ်းပိုက်ရန်အတွက် ကမ်းလွန်စခန်းများသို့ စေလွှတ်ထားခဲ့သည်။

ယနေ့ နေ့လယ်မတိုင်မီအထိ မှော်ဆရာသည် မြို့တွင်း၌ ရှိနေသေးသော်လည်း နေ့လယ်ပိုင်းတွင် အကြောင်းတစ်စုံတစ်ရာကြောင့် မြို့ပြင်သို့ ထွက်ခွာသွားဟန်ရှိသည်။

မှော်ဆရာမှလွဲ၍ မြို့တွင်းရှိ အဆင့်အမြင့်ဆုံး စောင့်ကြပ်သူမှာ A-အဆင့်သာဖြစ်သည်။

ဤအဆင့်သည် မနိမ့်လှသော်လည်း ရှောင်းယီအတွက်မူ လုံလောက်မှုမရှိပေ။

“ငါ့အမိန့်ကို ကြေညာလိုက်။ အခုချက်ချင်း ချူဖုန်းမြို့ကို သိမ်းပိုက်ဖို့အတွက် ကျန်းရွှဲ့ကို တပ်ဖွဲ့ကို ဦးဆောင်ဖို့ အမိန့်ပေးလိုက်။ သူမက S-အဆင့် အိမ်မွေးသားရဲထဲက ဘယ်သူ့ကိုမဆို ရွေးချယ်သွားနိုင်တယ်။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့”

ရှုံးတိသည် ဤအမိန့်ကို ချက်ချင်းပင် ထုတ်ပြန်လိုက်သည်။

အမိန့်ကို လက်ခံရရှိပြီးနောက် ကျန်းရွှဲ့သည် လုံးဝမတွန့်ဆုတ်ဘဲ ဝမ်ချိုင်နှင့် သားရဲဘုရင်တို့ကို ခေါ်ဆောင်ကာ ရှောင်းယီထံသို့ အပြေးရောက်လာခဲ့သည်။

“ကျွန်မလည်းသွားမယ်...။”

အန်းရန်က ထိုသတင်းကို သိလိုက်ရပြီးနောက် ချက်ချင်း ပါဝင်လာခဲ့သည်။

ကျန်းရွှဲ့က ခေါင်းညိတ်ပြလိုက်သည်။ အန်းရန်သည် S-အဆင့် စစ်သည်တစ်ဦးဖြစ်ကြောင်း သူမသိထားပြီး သူမကိုခေါ်ဆောင်သွားပါက ပိုမိုအာမခံချက်ရှိလိမ့်မည်ဖြစ်သည်။

ကျန်းရွှဲ့သည် လူအားလုံးကို စစ်သင်္ဘောပေါ်သို့တင်ဆောင်ကာ ကမ်းရိုးတန်းမှ ထွက်ခွာသွားခဲ့သည်။ ထိုအချိန်တွင် ရှောင်းရှန်းသည် ကမ်းရိုးတန်းအနီးရှိ တောအုပ်ထဲမှ ခုန်ထွက်လာပြီး သင်္ဘောကြီးပေါ်သို့တက်ကာ ကျန်းရွှဲ့ထံသို့ အော်ဟစ်လိုက်သည်။

သူသည် ကျန်းရွှဲ့က သူ့အားခေါ်မသွားသည်ကို မကျေမနပ်ဖြစ်နေဟန်ရှိသည်။

ကျန်းရွှဲ့သည် ကူကယ်ရာမဲ့စွာဖြင့် ပခုံးသာတွန့်လိုက်မိသည်။

ကျွန်းမှ အဝေးတစ်နေရာသို့ ရောက်ရှိလာသောအခါ ဦးတည်ချက်ကျောက်ကို အသက်သွင်းလိုက်ပြီး နာရီဝက်အကြာတွင် ကျန်းရွှဲ့သည် ၎င်းတို့ကို တိုက်သစ်ကြီး၏ ကမ်းရိုးတန်းသို့ ခေါ်ဆောင်လာခဲ့သည်။

“အကျဉ်းသားတစ်ဦးကို လမ်းပြခိုင်းလိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်။ ကျုပ်ကိုလုပ်ခွင့်ပေးပါ။ သူတို့ကို တစ်ခါတည်းလက်နက်ချဖို့ ကျုပ်စည်းရုံးပေးပါ့မယ်။”

ကာ့တ်က ဘေးတစ်ဖက်မှထွက်လာပြီး ပြောလိုက်သည်။

“အို မင်းကို သစ္စာဖောက်လို့ အဆဲခံရမှာကို မကြောက်ဘူးလား။”

ရှောင်းယီက အံ့အားသင့်စွာဖြင့် ကာ့တ်ကို လှမ်းကြည့်လိုက်သည်။

ကာ့တ်သည် ရှောင်းယီ ပထမဆုံးအကြိမ် ချူဖုန်းမြို့တပ်ဖွဲ့နှင့် ကြုံတွေ့ခဲ့ရချိန်က ဖမ်းဆီးရမိခဲ့သော မြင်းတပ်၏ဗိုလ်ချုပ်တစ်ဦးဖြစ်သည်။

“မကြောက်ပါဘူး။ ကျွန်းပိုင်ရှင်နောက်ကို လိုက်ရခြင်းက ကျုပ်တို့ချူဖုန်းမြို့ကို ပိုပြီးကောင်းကောင်းမွန်မွန်နဲ့ မြန်မြန်ဆန်ဆန် ဖွံ့ဖြိုးတိုးတက်လာစေမှာပါ။”

ကာ့တ်က လေးလေးနက်နက် ပြန်ဖြေလိုက်သည်။

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီ သူ့ကို လမ်းပြခိုင်းလိုက်ပါ။ အချိန်က တင်းကျပ်နေတယ်။ အခုချက်ချင်းထွက်ခွာကြ။”

“ဟုတ်ကဲ့”

ကျန်းရွှဲ့က တုံ့ပြန်လိုက်သည်။

အန်းရန်သည်လည်း အဖွဲ့ထဲတွင် ပါဝင်နေသည်ကို တွေ့လိုက်ရသောအခါ ရှောင်းယီက “ဂရုစိုက်ပါ” ဟု သတိပေးလိုက်သည်။

“မစိုးရိမ်ပါနဲ့”

အန်းရန်က တုံ့ပြန်လိုက်သည်။

“အကျဉ်းသား နှစ်ယောက်ထပ်ရှာလိုက်ဦး။”

ရှောင်းယီက နောက်ဆုံးတွင် ကျန်းရွှဲ့ထံသို့ တိုးတိုးကပ်ပြောလိုက်သည်။

ကျန်းရွှဲ့က ခေါင်းအနည်းငယ်ငြိမ့်လိုက်ပြီး အကျဉ်းသားများကို ဆွဲယူကာ ခေါ်ဆောင်သွားလိုက်သည်။

ကုသခြင်းထက် ကာကွယ်ခြင်းက ပို၍ကောင်းပေသည်။ ကာ့တ်သည် သူနှင့်စာချုပ်ချုပ်ဆိုထားခြင်းမရှိပေ။ သူ့ဆီတွင် အခြားအကြံအစည်များရှိနေပါက မည်သို့ဖြစ်မည်နည်း။ ရှောင်းယီသည် သူ၏မိသားစုနှင့်မိတ်ဆွေများကို ထိခိုက်စေလိုခြင်းမရှိပေ။

ကာ့တ်သည် လမ်းတစ်လျှောက်လုံး မည်သည့်အသေးအဖွဲ လှုပ်ရှားမှုကိုမျှ မပြုလုပ်ခဲ့ပေ။ သူသည် အတိုဆုံးလမ်းကြောင်းမှ ကျန်းရွှဲ့နှင့် သူမ၏တပ်ဖွဲ့ကို ချူဖုန်းမြို့သို့ ခေါ်ဆောင်သွားခဲ့သည်။

လက်ရှိအချိန်၌ ရှောင်းယီတွင် စစ်သားများကို သယ်ဆောင်ပေးသည့်ယာဉ်များ မရှိသော်လည်း အမျိုးမျိုးသော လှည်းပုံစံကွက်များ ရှိပေသည်။

စစ်သည်များ ပန်းတိုင်သို့ရောက်ရှိပြီးနောက် တိုက်ခိုက်ရာ၌ လုံလောက်သော စွမ်းအင်များရှိစေအောင် သေချာစေရန်အလို့ငှာ လူတိုင်းသည် ခရီးသွားရာ၌ လှည်းများကို အသုံးပြုခဲ့ကြသည်။

သို့သော်လည်း ထိုလှည်းများကို အဆင့်မြင့် နွားရိုင်းများက ဆွဲလာခဲ့ခြင်းဖြစ်သည်။ ၎င်းသည် သူတို့ကိုယ်တိုင် လမ်းလျှောက်သည်ထက် ပိုမြန်ပေသည်။

“အရမ်းမြန်တာပဲ။ ကျုပ်တို့ လမ်းမှာ အနားယူလို့တောင်ရတယ်။ ပြီးရင် ရောက်တာနဲ့ စတိုက်လို့ရပြီ။”

“ဟုတ်တယ်။ ငါ ခဏမှေးလိုက်ဦးမယ်။ ရောက်ခါနီးရင် နှိုးလိုက်။”

“ကောင်းပြီ လူတိုင်းပဲ အားဖြည့်ထားကြပါ။ ဒါက ကျုပ်တို့ရဲ့ ပထမဆုံးခရီးစဉ်ပဲ။ လူတိုင်း နည်းပြရော၊ ကျွန်းပိုင်ရှင်ကိုပါ မျက်နှာပျက်စေလို့မရဘူး။”

“မှန်တယ်...လူတိုင်းပဲ မြန်မြန်အနားယူကြ။ ချူဖုန်းမြို့ကို တစ်ချက်တည်းနဲ့ သိမ်းပိုက်ကြမယ်။”

“ဟုတ်ကဲ့”

သူတို့သည် မူလက ဆယ်နာရီခန့် အချိန်ယူရခဲ့သော ခရီးစဉ်ကို လေးနာရီကျော်အတွင်း ပြီးဆုံးအောင် လုပ်ဆောင်နိုင်ခဲ့ကြသည်။

ချူဖုန်းမြို့၏အပြင်ဘက်သို့ ရောက်လာသောအခါ ည ၇ နာရီကျော်ပြီဖြစ်ကာ ကောင်းကင်သည်လည်း လုံးဝမှောင်မိုက်နေခဲ့ပြီဖြစ်သည်။

“အရှင်မ ကျုပ်ကို သူတို့နဲ့ စကားပြောခွင့်ပေးပါ။”

ကာ့တ်က တောင်းပန်လိုက်သည်။

ကျန်းရွှဲ့က မေးဆတ်ပြကာ ပြောလိုက်၏။

“သွားပါ”

အကယ်၍ သူတို့ကို တိုက်ရိုက်လက်နက်ချရန် စည်းရုံးနိုင်ခဲ့ပါက စွမ်းအင်များစွာချွေတာနိုင်မည်ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်...။”

ကာ့တ်က ပြောလိုက်ပြီး မြို့တံခါးဆီသို့ တည့်တည့်လျှောက်သွားကာ ကျယ်လောင်စွာပြောလိုက်သည်။

“ချူဖုန်းမြို့က ညီအစ်ကိုတို့။ ကျုပ်က ကာ့တ်ပါ။ ကျုပ်တို့ရဲ့ကျွန်းပိုင်ရှင်က ချူဖုန်းမြို့ရဲ့ မှော်ဆရာကို ဖမ်းထားပြီးပြီ။ ညီအစ်ကိုတို့ မခုခံကြဖို့မျှော်လင့်ပါတယ်။ ကျွန်းပိုင်ရှင်နောက်ကိုသာ လိုက်မယ်ဆိုရင် ကျုပ်တို့ဘဝတွေ ပိုပြီးကောင်းမွန်လာလိမ့်မယ်။”

“မြို့ရိုးအောက်က ဘယ်သူလဲ။”

“အဲ့ဒါက အရင်က မြင်းတပ်ဗိုလ်ချုပ် ကာ့တ်နဲ့တူသလိုပဲ။”

“တကယ်ပဲသူလား။ သူက ဘာလို့ ငါတို့ကို လက်နက်ချခိုင်းနေတာလဲ။ သူက ငါတို့ကို သစ္စာဖောက်သွားတာလား။”

ကာ့တ် မြို့တံခါးရှေ့တွင်ရပ်ပြီး အော်ဟစ်နေသည့် သတင်းသည် မြို့တော်ဝန်ဂျိုးဇက်ထံသို့ အလျင်အမြန် ရောက်ရှိသွားခဲ့သည်။

“သစ္စာဖောက်ကောင်...ဒီကာ့တ် သေသင့်တယ်။”

ဂျိုးဇက်က ဟိန်းဟောက်လိုက်ပြီး တိုက်ရိုက်ပင် မြို့ရိုးပေါ်သို့ တက်သွားခဲ့သည်။

မြို့ရိုးပေါ်မရောက်မီကတည်းက ဂျိုးဇက်သည် ကာ့တ် ကျွန်းပိုင်ရှင်၏ကျေးဇူးတော်ကို ဆက်လက်အော်ဟစ်နေသည့်အသံကို ကြားလိုက်ရလေသည်။

“ပါးစပ်ပိတ်ထားစမ်း”

ဂျိုးဇက်က အော်ငေါက်လိုက်သည်။

“လာကြစမ်း ဒီမကောင်းဆိုးဝါးကို သတ်ပစ်လိုက်။”

မြို့ရိုးပေါ်ရှိ အစောင့်များသည် တဒင်္ဂထိတ်လန့်သွားခဲ့သည်။ သူတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ဘာလုပ်ရမှန်းမသိဖြစ်နေကြသည်။

“မင်းတို့က ငါ့အမိန့်ကိုတောင် မနာခံတော့ဘူးလား။”

ဂျိုးဇက်က အော်ဟစ်လိုက်သည်။

“မြို့တော်ဝန် သူပြောတာက မှော်ဆရာကို သူတို့ကျွန်းပိုင်ရှင်က ဖမ်းထားပြီးပြီတဲ့။ ဒါကို ကျုပ်တို့ ဒီလိုလုပ်မယ်ဆိုရင် ကိုယ့်ကိုယ်ကို အရမ်းအထင်ကြီးသလိုဖြစ်နေသလားလို့ ထင်မိပါတယ်။”

မြို့ရိုးပေါ်ရှိ အစောင့်တပ်ခေါင်းဆောင်က လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“အဓိပ္ပာယ်မရှိတာ...။ မှော်ဆရာကို သူတို့က ဘယ်လိုလုပ်ပြီးဖမ်းဆီးနိုင်မှာလဲ။ အခုချက်ချင်းလုပ်ကြစမ်း။”

ဂျိုးဇက်က အော်ဟစ်လိုက်၏။

“ငါ မင်းကို စိတ်လိုက်မာန်ပါမလှုပ်ရှားဖို့ အကြံပေးလိုက်မယ်။”

ထိုအချိန်တွင် အမျိုးသမီးတစ်ဦး၏အသံသည် ဂျိုးဇက်၏ဘေးတစ်ဖက်မှ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

အစောင့်တပ်သားများ လန့်ဖျန့်သွားခဲ့ကြသည်။ သူတို့ မသိလိုက်ဘဲ တစ်စုံတစ်ဦးသည် မြို့ရိုးပေါ်သို့ မည်သို့တက်လာနိုင်မည်နည်း။

သူတို့သည် စိုးရိမ်ထိတ်လန့်စွာဖြင့် လက်ထဲရှိ လက်နက်များကို မြှောက်ကာ ထိုလူအား ချိန်ရွယ်လိုက်ကြသည်။

ကျန်းရွှဲ့နှင့် အန်းရန်သည် အိမ်မွေးသားရဲတစ်စုကို ခေါ်ဆောင်ကာ အရိပ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

ကျန်းရွှဲ့၏အဆင့်သည် B-အဆင့်သာရှိသော်လည်း သူမသည် ယခင်က ကျန်းယွင်ထျန်း၏ နည်းပြဖြစ်ခဲ့ပြီး ခိုးဝင်ခြင်း၊ စိမ့်ဝင်ခြင်း၊ လုပ်ကြံခြင်းနှင့် ဖျက်ဆီးခြင်းစသော လုပ်ငန်းများကို ကျန်းယွင်ထျန်းထက် ပိုမိုကျွမ်းကျင်ပေသည်။

မြို့ရိုးပေါ်ရှိ အစောင့်တပ်သားအများစုသည် သာမန်လူများဖြစ်ပြီး C-အဆင့်လူတစ်ဦးပင် ကျန်းရွှဲ့၏ စိမ့်ဝင်လာမှုကို မသိနိုင်ပေ။

အန်းရန်နှင့် အိမ်မွေးသားရဲအားလုံးသည် စစ်မှန်သော S-အဆင့်များဖြစ်ကြပြီး မြိုရိုးပေါ်ရှိ အစောင့်တပ်များက ၎င်းတို့ကို သဘာဝအတိုင်း ရှာတွေ့နိုင်မည်မဟုတ်ပေ။

အစောင့်တပ်သားများသည် သူ့တို့လက်ထဲရှိ လက်နက်များကို မြှောက်ကာ ကျန်းရွှဲ့နှင့် ၎င်းတို့အား ချိန်ရွယ်လိုက်ကြသည်။ သူ့တို့အနီးတွင် ဘာသာပြန်တစ်ဦးလည်း ရှိသေးသည်။

“ဟမ့် မင်းတို့က တကယ်ကို တံခါးဝထိ ဝင်လာရဲတာပဲ။ ငါ့အတွက် သူတို့ကိုသတ်ပစ်လိုက်စမ်း။”

ဂျိုးဇက်က နောက်ဆုတ်ရင်း အော်ဟစ်လိုက်သည်။

ထိုအစောင့်တပ်သားများသည် ချက်ချင်းပင် ပြေးဝင်သွားခဲ့ကြသည်။ အန်းရန်သည် လေးနှင့်မြားကို ကိုင်ဆောင်ထားပြီး စက်သေနတ်ပစ်သကဲ့သို့ မြားများသည် လေးညို့မှ ဆက်တိုက်ပေါက်ကွဲထွက်လာခဲ့သည်။

ဝှစ်ရှ် ဝှစ်ရှ် ဝှစ်ရှ်

ထိုပျံသန်းလာသော မြားများသည် မျက်လုံးများပင်ရှိနေသယောင်ထင်ရပြီး ထိုတိုးဝင်လာသော အစောင့်တပ်သားများ၏ လက်မောင်းများကို တည့်တည့်ထိမှန်သွားခဲ့သည်။

ကလန်

ထိုအစောင့်တပ်သားများ၏ လက်ထဲရှိ လက်နက်များသည် မြို့ရိုးပေါ်သို့ တစ်ခုပြီးတစ်ခု ပြုတ်ကျသွားကာ ကြွပ်ဆတ်ဆတ်အသံများ ထွက်ပေါ်လာခဲ့သည်။

ထိုအစောင့်တပ်သားများသည် သူတို့၏လက်မောင်းများကို ဆုပ်ကိုင်ကာ ညည်းတွားလိုက်ရသည်။

သူတို့သည် ပြူးကျယ်နေသော မျက်လုံးများဖြင့် အန်းရန်ကို စိုက်ကြည့်နေခဲ့ကြသည်။ အန်းရန်သည် စောစောက သူမ၏လေးအား မည်သို့ဆွဲလိုက်သည်ကိုပင် သူတို့ ရှင်းရှင်းလင်းလင်း မမြင်ခဲ့ကြရပေ။ ကောင်းကင်သည်လည်း မှောင်မိုက်နေသောကြောင့် ပျံသန်းနေသော မြားများကို မြင်နိုင်ခဲ့ပေ။

သို့သော် သူတို့၏ လက်မောင်းအားလုံး ထိခိုက်ဒဏ်ရာရသွားခဲ့ကြသည်။ သူတို့ပတ်ဝန်းကျင်ရှိ အဖော်များကို ကြည့်လိုက်သောအခါ လူတိုင်း၏ထိခိုက်ဒဏ်ရာရသွားသော နေရာများပင် တူညီနေခဲ့သည်။

“ရပ်လိုက်...။”

အစောင့်တပ်ခေါင်းဆောင်က အော်ဟစ်လိုက်သည်။

“မရပ်နဲ့ ဆက်တိုက်စမ်း။”

ဂျိုးဇက်က အမိန့်ပေးလိုက်သည်။

“မြို့တော်ဝန် သူမက ကျွမ်းကျင်တဲ့လေးပစ်သမားပဲ။ ဒီတစ်ကြိမ်မှာ တစ်ခါတည်းမပစ်သတ်ဘဲ ကျုပ်တို့ကို သတိပေးတဲ့အနေနဲ့ ဒဏ်ရာပဲရစေခဲ့တာ။ ကျုပ်တို့သာ ရှေ့ဆက်တိုးမယ်‌ဆိုရင် အားလုံးသေကြေပျက်စီးကြရလိမ့်မယ်။”

အစောင့်တပ်ခေါင်းဆောင်က လေးနက်သည့်လေသံဖြင့် ပြောလိုက်သည်။

All Chapters