← Chapters

အခန်း (၆၁၇-၆၁၈)

Vol. 45 Ch. 617-618

အခန်း (၆၁၇-၆၁၈)

Vol. 45 Ch. 617-618

အခန်း ၆၁၇: ပုံမှန်မဟုတ်သောချစ်ပ်ပြား၊ အဂ္ဂရတ်ပညာအား လမ်းညွှန်ထောက်ပြခြင်း၊ တည်နေရာကူးပြောင်းခြင်းအစီအရင်

ယီထျန်းဂရုထဲရှိ တောင်းဆိုမှုများကို မြင်လိုက်ရသောအခါ ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီး ဂရုထဲတွင် ပြန်ဖြေလိုက်သည်။

“ကျုပ် ဒီနေရာမှာ အပ်ဒိတ်လုပ်ထားတဲ့ ဝန်ဆောင်မှုဝန်ထမ်းတွေကို စီစဉ်ပေးပါ့မယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာ လဲလှယ်မှုအောင်မြင်ပြီးရင် ဝန်ဆောင်မှုဝန်ထမ်းဆီကို စခရင်ရှော့ပို့ပေးလိုက်ပါ။ ဒါဆို ငွေပေးချေမှုကာလကိုစောင့်စရာမလိုဘဲ ချက်ချင်းလွှဲပြောင်းပြီးစီးနိုင်ပါတယ်။ ဒါပေမယ့် ဝန်ဆောင်မှုဝန်ထမ်းတွေကို အသုံးပြုမယ်ဆိုရင် ကုန်သွယ်မှုတန်ဖိုးရဲ့ ၁၀% ကို လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်အဖြစ် ကျသင့်မှာဖြစ်ပြီး ဝယ်သူအကောင့်ထဲကနေ ဖြတ်တောက်ခံရပါမယ်။”

ဤစီစဉ်မှုသည် ရောင်းသူ၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက်ဖြစ်သည်။ ဝယ်သူသည် သူ၏ကိုယ်ပိုင်အကျိုးစီးပွားကာကွယ်ရန်အတွက် ငွေလွှဲပေးချေမှုကာလကို အသုံးပြု၍ ငွေပေးချေမှုကိုပယ်ဖျက်နိုင်သော်လည်း ရောင်းသူ၏အကျိုးစီးပွားကိုမူ ကာကွယ်ရန် နည်းလမ်းမရှိပေ။

တစ်ချိန်တည်းမှပင် လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်ကို ထည့်သွင်းလိုက်ခြင်းသည် လူတိုင်းအနေဖြင့် အခြားသူများ၏ပစ္စည်းများကို အလွယ်တကူခိုးယူခြင်းမှလည်း တားဆီးပေးမည်ဖြစ်သည်။

အကယ်၍ သင်သည် အခြားသူ၏ပစ္စည်းကို ခိုးယူလိုပါက မူလပစ္စည်း၏ငွေကိုသာမက အပို ၁၀% ကိုပါ ဆုံးရှုံးရလိမ့်မည်ဖြစ်သည်။

ရှောင်းယီ၏တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ လူတိုင်း ထပ်မံဆွေးနွေးလိုက်ကြသည်။

“၁၀%လား။ ဒါက အရမ်းများလွန်းတယ်။”

“များတာကောင်းတယ်။ ဒါဆို လူတိုင်းက နိမ့်ကျတဲ့လှည့်ကွက်တွေနဲ့ ကစားရဲတော့မှာမဟုတ်ဘူး။ တရားဝင်ကုန်သွယ်မှုဆိုရင်တော့ ဒီ ၁၀% ဆုံးရှုံးမှုက လုံးဝမရှိဘူး။”

“မှန်တယ်။ သူဌေးက တကယ်ကို အရမ်းဉာဏ်ပညာကြီးတာပဲ အခုလိုမျိုးပေါ့။”

“သူဌေးက ဉာဏ်ပညာရှိတယ်ဆိုပေမယ့် ဒီချစ်ပ်ပြားလေးက ဒီလိုလုပ်ဆောင်မှုမျိုးကို လုပ်ဆောင်နိုင်ပါ့မလား။”

ဤအကျိုးသက်ရောက်မှုကို ရရှိနိုင်ရန် ဆိုလိုသည်မှာ ဝယ်သူသည် ကုန်သွယ်မှုအတွင်း စျေးနှုန်းထည့်သွင်းသောအခါ ချစ်ပ်ပြားအတွင်းရှိ ရန်ပုံငွေ၏ ၁၀% သည် အလိုအလျောက်အေးခဲသွားရမည်ဖြစ်သည်။ ထို့အပြင် မလုံလောက်ပါက မည်သို့လုပ်ရမည်ကိုလည်း ထည့်သွင်းစဉ်းစားရပေမည်။

ဥပမာအားဖြင့် တစ်စုံတစ်ယောက်သည် တန်ဖိုး ၁၀၀ ယွမ်တန်သော ပစ္စည်းကို ဝယ်ယူလိုသည်။ သို့သော် သူ၏ချစ်ပ်ပြားတွင် ၁၀၅ ယွမ်သာရှိသည်။ ဤအချိန်တွင် စနစ်သည် သူတို့၏လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ် သို့မဟုတ် အာမခံပစ္စည်းဟုခေါ်ဆိုသည့်အရာမှာ မလုံလောက်သည်ကို အသိအမှတ်ပြုရမည်ဖြစ်သည်။

ရှောင်းယီသည်လည်း စနစ်အား ထိုအကြောင်း မေးမြန်းပြီးဖြစ်သည်။ ထို့ကြောင့် ဉာဏ်ရည်တုချစ်ပ်ပြားသည် ဤကဲ့သို့အလွန်ရိုးရှင်းသောလုပ်ဆောင်ချက်များကို လုံးဝပြီးမြောက်အောင်မြင်နိုင်ကြောင်း သိရှိထားခဲ့သည်။

“လူတိုင်းပဲ စိတ်မပူပါနဲ့။ ဒါကို လုပ်ဆောင်ပေးနိုင်ပါတယ်။ ကျုပ် ဒီကနေ သတ်မှတ်ထားပြီးပါပြီ။ လူတိုင်း စမ်းကြည့်နိုင်ပါတယ်။”

ရှောင်းယီက ဂရုထဲတွင် ပြောလိုက်သည်။

ဂရုထဲမှ တစ်စုံတစ်ယောက်သည် ချက်ချင်းပင် စမ်းသပ်ကြည့်လိုက်ပြီး ဧကန်မုချ အာမခံပစ္စည်းအေးခဲမှုလုပ်ဆောင်ချက် ထွက်ပေါ်လာခဲ့သည်။

ယခုအခါ လူတိုင်းသည် ယီရန်ပင်း၏စွမ်းအားကို ပို၍ပင် အံ့အားသင့်သွားခဲ့ကြသည်။

“ဒီဟာက အရမ်းမြန်တာပဲ။ ပရိုဂရမ်တစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်တာ ဒီလောက်မမြန်သင့်ဘူးမဟုတ်လား။”

“ဟုတ်တယ်။ ဒီမှာပြောနေတုန်းပဲရှိသေးတယ် သူဌေးက ဟိုကနေပြီး ဒီလုပ်ဆောင်ချက်ကို အကောင်အထည်ဖော်လိုက်ပြီ။ မသိရင် သူဌေးရဲ့နောက်ကွယ်မှာ ပရိုဂရမ်မာထောင်ပေါင်းများစွာ အလုပ်လုပ်နေတယ်လို့တောင် ထင်ရတယ်။”

“သူဌေးရဲ့အပျော်စီးရွက်သင်္ဘောမှာလည်း ဉာဏ်ရည်တုရှိတယ်‌လေ။ ဆိုတော့ ဒီပရိုဂရမ်နည်းနည်းလောက်က ဘာမှမဟုတ်ပါဘူး။”

“အမှန်ပဲ။ ဘာမှပြောစရာ မလိုတော့ဘူး။ သူဌေးက အရမ်းတော်တယ်။ ကျုပ် ငွေနည်းနည်းလောက် မြန်မြန်လဲလှယ်ရမယ်။ အရင်က ပစ္စည်းကောင်းတချို့ကို ကျုပ်မျက်စိကျနေခဲ့တာ။ ဒါပေမယ့် ဝယ်ဖို့အချိန်မရခဲ့သေးဘူး။”

ရှောင်းယီသည် အန်းယွဲ့အား ဝန်ဆောင်မှုဝန်ထမ်းများစီစဉ်ပေးရန် တောင်းဆိုပြီးနောက် ဝန်ဆောင်မှုကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ရန်ပုံငွေလဲလှယ်ရန်အတွင် စာတိုများစွာ ထွက်ပေါ်လာခဲ့သည်။

ရေရှည်တရားဝင်လည်ပတ်မှုမှတစ်ဆင့် စုဆောင်းထားသော ဂုဏ်သတင်းသည် ထိုအသက်ရှင်သန်ကျန်ရစ်သူများအား အလွန်အမင်းစိတ်ချမှုကို ရရှိစေခဲ့သည်။ ရှောင်းယီက အုတ်မြစ်ကျောက်များကိုယူပြီး ငွေမပေးဘဲထားမည်ကို သူတို့ကြောက်ရွံ့နေဟန်မတူပေ။

သူတို့အားလုံးသည် အုတ်မြစ်ကျောက်များကို တိုက်ရိုက်လဲလှယ်ကာ ငွေဖြည့်သွင်းခဲ့ကြသည်။

ထိုနေရာတွင် ဝန်ဆောင်မှုဝန်ထမ်းငါးဦးကို စီစဉ်ပေးထားပြီး သူတို့သည် တစ်ဦးနှင့်တစ်ဦး ကြီးကြပ်ကွပ်ကဲနေခဲ့ကြသည်။ ငွေဖြည့်သွင်းမှုတစ်ခုစီကို လူနှစ်ဦးမှ အတည်ပြုရမည်ဖြစ်သည်။

သေချာသည်မှာ ဤငွေဖြည့်သွင်းသူများအားလုံးသည် ၎င်းတို့လက်ထဲတွင် ဉာဏ်ရည်တုချစ်ပ်ပြားများရှိကြသူချည်းသာဖြစ်သည်။ အိုင်ဒီကတ်မရှိသောမဟာမိတ်အဖွဲ့များသည် ရှောင်းယီ၏ဒစ်ဂျစ်တယ်ငွေကြေးကို လျှောက်ထားပြီးမှသာ ကုန်သွယ်နိုင်မည်ဖြစ်သည်။

ဤကိစ္စရပ်များကို အန်းယွဲ့လက်ထဲသို့ အပ်ထားလိုက်ပြီးနောက် ရှောင်းယီသည် ရှုံးတိထံသို့ စာပို့ကာ မေးလိုက်သည်။

“တိုက်သစ်ကြီးကို လာပြီး စူးစမ်းလေ့လာတဲ့အဖွဲ့က ပစ္စည်းသေတ္တာပြန်လည်ဖြည့်တင်းမှုစံပုံစံကို စာရင်းပြုစုပြီးပြီလား။”

“ကျွန်းပိုင်ရှင်ကို အစီရင်ခံပါတယ်။ အချိန်က တော်တော်လေးတိုတောင်းပြီး နမူနာအရေအတွက်ကလည်း နည်းလွန်းတာကြောင့် ပုံစံကို မတွေ့နိုင်သေးပါဘူး။”

ရှုံးတိက ချက်ချင်းပြန်ဖြေလာခဲ့သည်။

“ဟုတ်ပြီ ဆက်ပြီးအာရုံစိုက်ထားပါ။ ပုံစံတွေ့တာနဲ့ ချက်ချင်းပြော။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့။”

ထို့နောက် ရှောင်းယီသည် ထရပ်လိုက်ပြီး အပြင်ဘက်ရှိ ရေကူးကန်သို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင် လင်းရှားအတွက် သေးငယ်သည့်နေရာတစ်ခုကို သီးသန့်ခွဲခြားထားပြီး ပလပ်စတစ်ဖြင့်ဝန်းရံကာ ပင်လယ်ရေများ ဖြည့်သွင်းပေးထားသည်။ လင်းရှာသည် ထိုထဲတွင် ပေါလောမျောနေပြီး သတိလစ်နေဆဲဖြစ်သည်။

နာ့နာသည် သူမကိုကြိုတင်စစ်ဆေးကုသပေးပြီးဖြစ်ပြီး အနားယူရန်လိုအပ်နေသည်။

ရှောင်းယီက ခေါင်းခါကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်လျှောက်သွားပြီး စွန်းယောင်အား မဟာမိတ်အဖွဲ့တောင်ဘက်ကျွန်းသို့ မြို့ပြန်ကျောက်အတွက် တည်နေရာတစ်ခုသတ်မှတ်ပေးရန် တောင်းဆိုလိုက်ပြီးနောက် ထိုနေရာသို့ တည်နေရာကူးပြောင်းသွားခဲ့သည်။

“ကျွန်းပိုင်ရှင်...။”

စွန်းယောင်နှင့် ဝေပေါ်တို့သည် ရှောင်းယီအား တွေ့သည်နှင့် ချက်ချင်းနှုတ်ဆက်လိုက်ကြသည်။

“အခုထိ ဘယ်နှစ်ခုဖော်စပ်ပြီးပြီလဲ။”

ရှောင်းယီက မေးလိုက်သည်။

“စုစုပေါင်း ၂၆ လုံး သန့်စင်ပြီးပါပြီ။”

စွန်းယောင်က အလျင်အမြန်ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် သူတို့သန့်စင်ထားသော ဆေးလုံးများကိုကြည့်ပြီး ၎င်းတို့သည် အပြည့်အဝမသန့်စင်သေးပေ။ ထို့ကြောင့် သူကပြောလိုက်သည်။

“နောက်ထပ်တစ်ခါသန့်စင်လိုက်ပါ။”

“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”

သူတို့နောက်သို့ လိုက်သွားပြီးနောက် ရှောင်းယီသည် ထိုဆေးဝါးပစ္စည်းများနှင့် အခြေခံနည်းလမ်းအချို့ကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

ရှောင်းယီသည် ထိုအခြေခံနည်းလမ်းများကို နားမလည်သော်လည်း ရူးသွပ်ဆေးအား သန့်စင်ဖော်စပ်ရာတွင် မည်သူမဆိုထက် ပိုပြီးစကားပြောခွင့်ရှိသည်။ ထို့အပြင် သူသည် ဝေပေါ်၏ ဆေးလုံးသန့်စင်ခြင်းလုပ်ငန်းစဉ်အတွင်း အမှားများနှင့် ချို့ယွင်းချက်များကိုလည်း ထောက်ပြခဲ့သည်။

ဤသန့်စင်မှုလုပ်ငန်းစဉ်သည် ၁၀ နာရီနီးပါး ကြာမြင့်ခဲ့ပြီးနောက် ဆေးလုံး ၁၀ ခု ရရှိခဲ့ပြီး တစ်ခုမှ အလဟဿမဖြစ်ခဲ့ပေ။

ရရှိလာသော မြေဝါရောင်ရူးသွပ်ဆေးကို ကြည့်ရှုလိုက်သောအခါ စနစ်၏ဖော်ပြချက်များ တဖန်ပြန်လည်ထွက်ပေါ်လာခဲ့သည်။

“ရူးသွပ်ဆေး: အသုံးပြုသူ၏ရုပ်ခန္ဓာကို အဆင့်တစ်ဆင့်မြှင့်တင်ပေးနိုင်သည်။ ဖော်စပ်သူ၏နည်းပညာသည် အခြေခံအားဖြင့် အရည်အချင်းပြည့်မီသည်။ အညစ်အကြေးများကို အခြေခံအားဖြင့် ဖယ်ရှားပြီးဖြစ်သည်။ သောက်သုံးပြီးနောက် သုံးနာရီခန့် အားနည်းချိန်ရှိမည်။”

ဝေပေါ်သည် ထိုဆေးလုံး၏တိကျသောအချက်အလက်များကို မမြင်နိုင်သော်လည်း အရောင်ကိုကြည့်ခြင်းဖြင့် ဤတစ်ကြိမ်သန့်စင်လိုက်သောဆေးလုံးသည် ယခင်အကြိမ်များထက် သေချာပေါက် ပိုမိုကောင်းမွန်သည်ကို သိရှိသွားခဲ့သည်။

“ကျွန်းပိုင်ရှင်ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီဆေးလုံးက အရင်အကြိမ်တွေထက် ပိုကောင်းသင့်တယ်။”

ဝေပေါ်သည် စိတ်လှုပ်ရှားစွာပြောဆိုလိုက်ရင်း စိတ်ရှုပ်ထွေးမှုအနည်းငယ်ကိုလည်း ခံစားနေခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် ရှောင်းယီမေးမြန်းခဲ့သည့် နည်းပညာဆိုင်ရာမေးခွန်းအချို့သည် အလွန်အခြေခံကျသောမေးခွန်းများဖြစ်သော်လည်း ဖော်စပ်မှုလုပ်ငန်းစဉ်အတွင်း၌မူ သူသည် ချိတ်ဆက်မှုအားလုံးနှင့် ရင်းနှီးကျွမ်းဝင်ပြီး ဆရာတစ်ဦးကဲ့သို့ မိမိကိုလမ်းညွှန်ပေးနိုင်ခဲ့သည်။

ရှောင်းယီသည် သူ၏စိတ်ရှုပ်ထွေးမှုများကို လျစ်လျူရှုကာ ပြောလိုက်သည်။

“ဟုတ်တယ်၊ ဒီတစ်ကြိမ်ချက်လုပ်တဲ့ဆေးလုံးတွေက တကယ်ပဲ ပိုကောင်းတယ်။ သောက်ပြီးနောက် အားနည်းချိန်က ၆ နာရီကနေ ၃ နာရီအထိ ပြောင်းလဲသွားတယ်။ ဒါပေမယ့် ထပ်ပြီးတိုးတက်အောင်လုပ်ရမယ့်နေရာတွေ ရှိနေသေးတယ်။ မင်းရဲ့နည်းပညာကို ဆက်ပြီးလေ့ကျင့်ထားပါ။”

“ဟုတ်ကဲ့”

စွန်းယောင်နှင့် ဝေပေါ်တို့သည် ချက်ချင်းပင် ပြန်ဖြေလိုက်ကြသည်။

ရှောင်းယီသည် အခြေခံအားဖြင့် အရည်အချင်းပြည့်မီသော ရူးသွပ်ဆေးလုံး ၁၀ ခုကို ယူဆောင်သွားပြီး ထွက်ခွာသွားခဲ့သည်။

သူဗီလာသို့ပြန်ရောက်သောအခါ ကျန်းယွင်ထျန်း ရောက်လာခဲ့သည်။

“မင်းရဲ့ ဒဏ်ရာက အရှင်းမပျောက်သေးဘူး။ ပိုပြီးအနားယူဖို့လိုတယ်။”

ရှောင်းယီသည် ကျန်းယွင်ထျန်း၏ ဖြူဖတ်ဖြူရော်ဖြစ်နေသေးသောမျက်နှာကိုကြည့်ကာ ပြောလိုက်သည်။

ထိုအခါ ကျန်းယွင်ထျန်းက လက်ခါကာ ပြန်ပြောလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ စိတ်ဝိဉာည် ထိခိုက်သွားရုံပါပဲ၊ လူက အရမ်းကျန်းမာနေတုန်းပဲ။”

“ဒါလည်း အဆင်မပြေဘူး။ မဖြစ်မနေအနားယူရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

ကျန်းယွင်ထျန်း ကူကယ်ရာမဲ့နေဟန်ဖြင့် ပြောလိုက်သည်။

“ကောင်းပြီ ဒါပေမယ့် ငါ့အလုပ်ကိစ္စကို ပြီးအောင်တင်ပြပြီးမှ မင်းပြောရမယ်။”

“ပြောပါ”

ရှောင်းယီက ပြောလိုက်သည်။

“ငါတို့သိမ်းပိုက်ထားတဲ့ ချူဖုန်းမြို့မှာ တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခု တွေ့ခဲ့တယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ငါ သူတို့ကို အရင်ပိတ်ခိုင်းထားပြီးပြီ။ ဒါပေမယ့် အသေးစိတ်အခြေအနေကိုတော့ သွားကြည့်ဖို့လိုသေးတယ်။”

“တည်နေရာကူးပြောင်းခြင်းအစီအရင်လား။”

ရှောင်းယီသည် အနည်းငယ်အံ့အားသင့်သွားခဲ့သော်လည်း ထိုတိုက်ကြီးသည် အလွန်ကြီးမားကျယ်ပြန့်ကြောင်း တွေးမိသွားခဲ့သည်။ အကယ်၍ သူတို့သည် လှည်းများကိုသာ အားကိုးပါက အမှန်တကယ်ပင် ပင်ပန်းနွမ်းနယ်မှုကြောင့် သေဆုံးကြရပေလိမ့်မည်။

“ဟုတ်တယ်။ အဲ့ဒါက လင်းရှားပြောခဲ့တဲ့ တည်နေရာကူးပြောင်းခြင်းအစီအရင်နဲ့တူတယ်လို့ ငါသံသယရှိနေတယ်။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီ ငါသွားကြည့်လိုက်မယ်။”

ရှောင်းယီသည် ချက်ချင်းပင် ဧည့်ခန်းထဲရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လျှောက်သွားလိုက်ပြီး ရှုံးတိအား မြို့ပြန်ကျောက်အတွက် တည်နေရာကိုပြင်ဆင်သတ်မှတ်ပေးရန် ပြောလိုက်သည်။

ဘေးနားတွင်ရှိနေသော ကျန်းယွင်ထျန်းသည်လည်း နောက်မှလိုက်သွားကာ ပြောလိုက်သည်။

“ငါလည်းလိုက်မယ်။”

“မင်းကို မဖြစ်မနေအနားယူရမယ်လို့ ငါမပြောခဲ့ဘူးလား။”

ရှောင်းယီက ပြောလိုက်သည်။

“ချူဖုန်းမြို့ကို သွားကစားတာကလည်း အနားယူတာပဲမဟုတ်ဘူးလား။”

ကျန်းယွင်ထျန်းက ပြန်မေးလိုက်သည်။

အခန်း ၆၁၈: တည်နေရာကူးပြောင်းသူ၊ အရက်နှင့်အချိုရည်များ

ရှောင်းယီသည် ကျန်းယွင်ထျန်း၏စကားကို ခုခံငြင်းဆန်နိုင်ခြင်းမရှိပေ။ ချူဖုန်းမြို့သို့ သွားရောက်လည်ပတ်ခြင်းသည် အမှန်တကယ်ပင် အနားယူခြင်းတစ်မျိုးဖြစ်ပေသည်။

ဘာမျှမတတ်နိုင်တော့ဘဲ ရှောင်းယီသည် ကျန်းယွင်ထျန်းကိုခေါ်ဆောင်ကာ ရှုံးတိ၏သင်္ဘောဆီသို့ တည်နေရာကူးပြောင်းသွားခဲ့သည်။

ထို့နောက် သူတို့သည် လှည်းဖြင့် ချူဖုန်းမြို့ဆီသို့ ခရီးနှင်ခဲ့သည်။

နာရီဝက်အကြာတွင် ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့သည် စက်ဝိုင်းပုံစင်မြင့်တစ်ခုရှေ့တွင် ရပ်နေခဲ့ကြသည်။

ထိုစင်မြင့်၏အချင်းဝက်မှာ သုံးမီတာခန့်ရှိပြီး ရှုပ်ထွေးစွာ ရေးထွင်းထားသောစာလုံးများဖြင့် ဖုံးလွှမ်းနေခဲ့သည်။

“တည်နေရာကူးပြောင်းခြင်းအစီအရင်: အချင်းသုံးမီတာအတွင်းရှိ လူသားများ သို့မဟုတ် ပစ္စည်းအားလုံးကို အခြားတည်နေရာကူးပြောင်းခြင်းအစီအရင်၏တည်နေရာသို့ ချက်ချင်းကူးပြောင်းနိုင်သည်။ တည်နေရာကူးပြောင်းနေစဉ် မည်သည့်အစိတ်အပိုင်းမဆို အစီအရင်၏အပြင်ဘက်သို့ရောက်ရှိသွားပါက ကူးပြောင်းမှုမအောင်မြင်နိုင်ပါ။”

စနစ်၏ ညွှန်ပြချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီ အံ့အားသင့်သွားခဲ့သည်။ ဤသည်မှာ ချက်ချင်းတည်နေရာကူးပြောင်းခြင်းဖြစ်ပြီး အေးခဲချိန်လိုအပ်သော အခြားတည်နေရာကူးပြောင်းခြင်းနည်းလမ်းများနှင့်မတူပေ။

ဥပမာအားဖြင့် မြို့ပြန်ကျောက်သည် စက္ကန့် ၂၀ ကြာကာ ဦးတည်ချက်ကျောက်သည် နာရီဝက်ခန့်ကြာပြီး မဟာမိတ်ကျွန်းများရွှေ့ပြောင်းခြင်းအတွက်မူ အချိန်တစ်နာရီကြာမြင့်မည်ဖြစ်သည်။

“ဒီဟာနဲ့ ဘယ်လိုတည်နေရာကူးပြောင်းရတာလဲ။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

ထိုအခါ ကာ့တ်သည် ချက်ချင်းပင် ရှေ့သို့တက်လာကာ ပြောလိုက်သည်။

“စွမ်းအင်ကျောက်တုံးတွေ လိုအပ်ပါတယ်။ အဲ့ဒါက ခင်ဗျားတို့ခေါ်တဲ့ ကျောက်မျက်ရတနာတွေနဲ့ ဆင်တူတယ်။”

ထိုသို့ပြောရင်းဖြင့် ကာ့တ်သည် စက်ဝိုင်းစင်မြင့်ပေါ်ရှိ အပေါက်ခြောက်ခုကို ညွှန်ပြပြီး ရှင်းပြလိုက်သည်။

“ဒီအပေါက်တွေထဲကို စွမ်းအင်ကျောက်တုံးတွေထည့်လိုက်ရင် တည်နေရာကူးပြောင်းခြင်းအစီအရင်တစ်ခုလုံး စတင်အလုပ်လုပ်ပါလိမ့်မယ်။ ပြီးရင် ကျွမ်းကျင်သူတွေက အခြားတည်နေရာကူးပြောင်းခြင်းအစီအရင်ရဲ့ ကိုဩဒိနိတ်တွေကို ထည့်သွင်းပြီး တည်နေရာကူးပြောင်းမှုကို ပြီးဆုံးအောင်လုပ်ရပါတယ်။”

ရှောင်းယီက ကာ့တ်ကိုကြည့်ပြီး ပြောလိုက်သည်။

“အရင်ကျွန်းပေါ်မှာတုန်းက မင်းဒီဟာအကြောင်းပြောတာကို ငါမကြားဖူးဘူး။”

“ကျွန်းပိုင်ရှင် ကျေးဇူးပြုပြီး နားလည်ပေးပါ။ ကျုပ်လည်း ဒီအကြောင်းအရာတွေကို ခုမှသိရတာပါ။”

ကာ့တ်က ချက်ချင်းပြောလိုက်သည်။ ကာ့တ်သည် ရှောင်းယီ၏အသံထဲရှိ မကျေနပ်မှုကို ခံစားလိုက်ရသောကြောင့် ကြောက်ရွံ့သွားခဲ့သည်။

ရှောင်းယီက ခေါင်းညိတ်ကာ မေးလိုက်သည်။

“ဒီတည်နေရာကူးပြောင်းခြင်အစီအရင်ကို တာဝန်ယူတဲ့ ကျွမ်းကျင်သူတွေက ဘယ်မှာလဲ။”

“သူပါ”

ကာ့တ်သည် ချက်ချင်းပင် လူအိုကြီးတစ်ဦးကို ရှေ့သို့ဆွဲထုတ်လိုက်သည်။

“တည်နေရာကူးပြောင်းပေးသူ (C အဆင့်): လေဟာနယ်စွမ်းအားကို အခြေခံအားဖြင့် နားလည်ထားသူဖြစ်သည်။ လေဟာနယ်စွမ်းအားရှိသူများသာ တည်နေရာကူးပြောင်းခြင်းအစီအရင်နှစ်ခုကို ချိတ်ဆက်နိုင်သည်။”

စနစ်၏ညွှန်ပြချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီသည် အနည်းငယ် ကြောင်အသွားပြီး မေးလိုက်သည်။

“ခင်ဗျားနာမည်ဘယ်လိုခေါ်လဲ။”

“ရှီခုန်း”

ထိုလူအိုကြီးက အေးဆေးတည်ငြိမ်စွာဖြင့် ပြန်ဖြေလာခဲ့သည်။

“ချူဖုန်းမြို့က ပြိုလဲသွားပြီ။ ခင်ဗျားဆီမှာ စိတ်ပူတာမျိုး ဒါမှမဟုတ် ကြောက်နေတာမျိုး မတွေ့ရပါလား။”

ရှောင်းယီက ပြောလိုက်သည်။

“ကျုပ်က ဘာလို့ကြောက်နေရမှာလဲ။”

ရှီခုန်းက ပြန်ပြောလိုက်သည်။

“ကျုပ်က အရိုးအိုကြီးတစ်ချောင်းပါပဲ။ မင်းအတွက် ဘာအန္တရာယ်မှမရှိဘူး။ ပြီးတော့ နည်းနည်းတောင် အသုံးဝင်သေးတယ်။ မင်းက အာဏာရှင်တစ်ယောက်လည်း မဟုတ်ပါဘူး။ ဒါကြောင့် ကျုပ်ဘက်က ကောင်းကောင်းပြုမူနေသရွေ့ အသက်ရှင်သွားမှာပါ။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ဒါအမှန်ပဲ။ ဒီတည်နေရာကူးပြောင်းခြင်းအစီအရင်ကို ဘယ်မြို့တွေနဲ့ ချိတ်ဆက်ထားလဲ။”

“ဆီးနှင်းသစ်ရွက်မြို့နဲ့ အနီးက လူပုပြည်ထောင်စုတို့နဲ့ပါ။”

ရှီခုန်းက ပြန်ဖြေလိုက်သည်။

“လူပုပြည်ထောင်စုလား။”

ရှောင်းယီက မေးလိုက်သည်။

“လူပုမျိုးနွယ်စုတစ်ခုလား။”

ရှီခုန်းက ခေါင်းညိတ်ပြလိုက်သည်။ သူသည် အပြင်လူများက ဤတိုက်ကြီး၏ကိစ္စရပ်များနှင့် မရင်းနှီးကြောင်း သိထားပုံရသည်။ ထို့ကြောင့် သူက ဖြည်းဖြည်းချင်း ရှင်းပြလိုက်သည်။

“မှန်ပါတယ်။ သူတို့က မျိုးနွယ်စုတစ်ခုဖြစ်ပြီး ပန်းပဲပညာနဲ့ ပုံသွင်းမှုမှာ ကျွမ်းကျင်ကြတယ်။ သေနတ်တွေက သူတို့ဆီကနေ အစပြုခဲ့တာပါ။”

ထို့နောက် ရှောင်းယီက ထပ်မေးလိုက်သည်။

“ဘီလူးကြီးတွေရောရှိလား။”

“ဘီလူးကြီးတွေလား။”

ရှီခုန်း အနည်းငယ်အံ့အားသင့်သွားခဲ့သည်။

“ကျုပ် အဲ့အကြောင်းတော့ မသိပါဘူး။ ဒီတိုက်ကြီးက အရမ်းကျယ်ပြောလွန်းတယ်။ လူအများစုက သူတို့ရဲ့တစ်သက်တာကို တိုက်ကြီးရဲ့တစ်နေရာတည်းမှာပဲ ကုန်ဆုံးခဲ့ကြတာ။ တခြားနေရာတွေမှာ ဘာတွေရှိလဲဆိုတာ ဘယ်သူမှမပြောနိုင်ကြဘူး။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ကျေးဇူးတင်ပါတယ်။ နောင်လာမယ့်ကာလတွေမှာ တည်နေရာကူးပြောင်းခြင်အစီအရင်ကို ဆက်ပြီးတာဝန်ယူဖို့အတွက် ခင်ဗျားကိုလိုအပ်တယ်။ အခုချိန်မှာ ဆီးနှင်းသစ်ရွက်မြို့နဲ့ လူပုပြည်ထောင်စုဆီကိုသွားတဲ့ တည်နေရာကူးပြောင်းခြင်းချိတ်ဆက်မှုတွေကို ပိတ်ထားလိုက်ပါ။ သတင်းရမှ ပြန်ဖွင့်မယ်။”

“အင်း”

ရှီခုန်းက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ ဒီမြို့ထဲကို တစ်ပတ်လောက်လျှောက်ကြည့်လိုက်ဦး။”

ရှောင်းယီက ကျန်းယွင်ထျန်းကိုကြည့်ကာ ပြောလိုက်သည်။

ကျန်းယွင်ထျန်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ထွက်ခွာသွားခဲ့သည်။

လူအိုကြီးရှီခုန်းသည် ထောင့်တစ်ခုတွင် ပြန်ထိုင်ကာ ဘေးနားရှိ ဘူးသီးဝိုင်အိုးကိုကောက်ယူလိုက်သည်။ ထို့နောက် တစ်ငုံမော့သောက်ကာ နှုတ်ခမ်းကို အသံမြည်အောင်စုပ်လိုက်၏။ သူသည် ဝိုင်းရနံ့နှင့် အရသာကို ခံစားနေသကဲ့သို့ပင်။

ရှောင်းယီသည် လေထဲတွင် ဘီယာအနံ့တစ်မျိုးကို ရှုရှိုက်မိလိုက်သော်လည်း ၎င်းမှာ သိပ်မပြင်းလှပေ။

ရှောင်းယီသည် အနည်းငယ်စဉ်းစားလိုက်ပြီး ဘေးနားရှိ ယွမ်ရှီကို အမိန့်ပေးလိုက်သည်။

“ဒူခန်းကို B အဆင့်ဘီယာနည်းနည်းလောက် ထုတ်လာခိုင်းလိုက်။”

“ဟုတ်ကဲ့။”

ယွမ်ရှီသည် ချက်ချင်းပင် ပင်လယ်ကမ်းခြေဆီသို့ ထွက်သွားခဲ့သည်။ သူသည် ရှုံးတိ၏သင်္ဘော‌ပေါ်တွင် တပ်ဆင်ထားသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ဘီယာများကို လဲလှယ်ရန် လိုအပ်ပေသည်။

ယွမ်ရှီဆီမှ ပေးပို့လိုက်သော အချက်အလက်ကို လက်ခံရရှိပြီးနောက် ဒူခန်းသည် B အဆင့်ဘီယာပုံးတစ်ပုံးကို အလျင်အမြန်ပြင်ဆင်ပြီး ပို့ပေးလိုက်သည်။

ထို့နောက် ယွမ်ရှီသည် ဘီယာပုံးတစ်ပုံးနှင့်အတူ အလျင်အမြန်ပြန်ပြေးလာခဲ့သည်။

ရှောင်းယီထံသို့ ပြန်ရောက်သောအခါ ရှောင်းယီသည် ဘီယာပုံးကိုယူကာ ရှီခုန်းထံသို့ လျှောက်သွားလိုက်သည်။

“အရှင် ကိစ္စတစ်ခုခုရှိသေးလို့လား။”

ရှီခုန်းက စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“ကျုပ် ခုနက ခင်ဗျားသောက်နေတဲ့ဘီယာနံ့ကို ရလိုက်တယ်။”

ရှောင်းယီက ပြောလိုက်သည်။

ရှီခုန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလာခဲ့သည်။

“ဟုတ်တယ်။ လူပုပြည်ထောင်ကနေ ဝယ်ထားတာလေ။ မင်းက လူပုပြည်ထောင်နဲ့ဆက်သွယ်ထားတဲ့ချိတ်ဆက်မှုတွေကို ဖြတ်တောက်လိုက်တော့ နောင်လာမယ့်ကာလမှာ ကျုပ်အတွက်ဘာမှမရှိတော့တာ ဝမ်းနည်းစရာပဲ။”

“အဲဒီအဆင့်နဲ့ဘီယာမျိုးကို မသောက်တာပိုကောင်းတယ်။”

ရှောင်းယီက ပြောလိုက်သည်။

ရှီခုန်းက ရှောင်းယီကိုတစ်ချက်ငဲ့ကြည့်ကာ နှာမှုတ်လိုက်သည်။

“လူငယ်လေး မင်း အရင်က ဘီယာမသောက်ဖူးဘူးမလား။ ကျုပ်တို့ ချူဖုန်းမြို့မှာ ဒီလိုမျိုးအရက်မချက်နိုင်ဘူး။”

ရှောင်းယီသည် ပခုံးကိုသာ အသာတွန့်လိုက်ပြီး ဘာမှပြန်မပြောဘဲ ထိုအစား B အဆင့်ဘီယာပုလင်းတစ်လုံးကို ထုတ်ယူကာ အဖုံးကိုဖွင့်လိုက်သည်။ ထိုအခါ မုယောစပါး၏ အနံ့ပြင်းပြင်းက လျှံထွက်လာတော့လေသည်။

ယခင်ကတည်းက ဤကဲ့သို့သောက်စရာမျိုးကို နှစ်သက်သူဖြစ်သည့်ရှီခုန်းသည် ချက်ချင်းပင် သူ၏မျက်လုံးများကို ထိုနေရာတွင် ကော်နှင့်ကပ်ထားသကဲ့သို့စွဲမြဲသွားခဲ့သည်။

ယခင်က အရာရာကို ဘာမှမဟုတ်သလို လျစ်လျူရှုထားတတ်သည့်ရှီခုန်းသည် ယခုအခါ အစာရှာနေသော တစ္ဆေတစ်ကောင် အစာကိုမြင်လိုက်ရသည့်ပုံစံမျိုး ဖြစ်နေခဲ့သည်။

ရှောင်းယီက ၎င်းကို တစ်ငုံမြည်းစမ်းပြီးနောက် ရှီခုန်းကိုကြည့်ကာ ပြောလိုက်သည်။

“ခင်ဗျား ခုနက ဘာပြောလိုက်တာလဲ။”

“မဟုတ်ဘူး ကျုပ် ဘာမှမပြောခဲ့ဘူး။ မင်းသောက်နေတဲ့အရက်က ဘယ်လိုအရက်မျိုးလဲ။ ဘာလို့ဒီလောက်တောင် မွှေးနေရတာလဲ။”

ရှီခုန်းက မေးလိုက်သည်။

“ဘီယာ...။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ခင်ဗျားလက်ထဲမှာရှိတဲ့ဘီယာက ဘီယာရဲ့ စစ်မှန်တဲ့အရသာမဟုတ်ဘူးလို့ ကျုပ်ခံစားမိလို့ ကျွန်းပေါ်ကနေ တစ်စုံတစ်ယောက်ကို ပြန်ယူခိုင်းလိုက်တာလေ။”

“ဆိုလိုတာက ဒါတွေအားလုံး ကျုပ်အတွက်လား။”

ရှီခုန်းက ရှောင်းယီကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

ယခင်က လူပုပြည်ထောင်စုမှ ဝယ်ထားသော ဘီယာသည် အလွန်ကိုနည်းပါးလှပြီး သူသည် တစ်ခါတလေမှ ပါးစပ်ထဲသို့ တစ်ငုံစီသာ သောက်နိုင်ခဲ့ကြောင်း သိထားရမည်ဖြစ်သည်။ သူ၏ဘူးသီးအိုးထဲရှိ ဘီယာများသည် လွန်ခဲ့သည့်ရက်ပေါင်းများစွာကတည်းက ရှိနေခဲ့ခြင်းပင်။

သူ့ရှေ့တွင်ရှိနေသော ထိုဘီယာများသည် သူ၏ဘူးသီးအိုး ၁၀ အိုးလောက်ကို ဖြည့်ထားနိုင်ပေသည်။

“သေချာတာပေါ့။ နောင်လာမယ့်ကာလမှာ ခင်ဗျား ကောင်းကောင်းအလုပ်လုပ်မယ်ဆိုရင် ခင်ဗျားရဲ့လစာ၊ ဒါမှမဟုတ် ခင်ဗျားရဲ့ထောက်ပံ့ကြေးက နေ့တိုင်း ဒါကိုသောက်ခွင့်ပေးလိမ့်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ထိုအခါ ရှီခုန်းသည် ချက်ချင်းပင် မတ်တပ်ထပြီး ပြောလိုက်၏။

“အရှင် စိတ်မပူပါနဲ့။ ကျုပ် အလုပ်ကြိုးစားမှာပါ။ လေဟာနယ်စွမ်းအားရှိသူတွေကိုလည်း စစ်ဆေးရွေးချယ်ပေးပါမယ်။ နှစ်ပေါင်းတစ်ရာအတွင်း ကျုပ်သေသွားခဲ့ရင်တောင်မှ တစ်စုံတစ်ယောက်က ကျုပ်ရဲ့အလုပ်ကို အမွေဆက်ခံလိမ့်မယ်။”

ရှောင်းယီ မျက်ခုံးပင့်လိုက်မိသည်။

“လေဟာနယ်စွမ်းအားရှိသူတွေကို ခင်ဗျား စစ်ဆေးနိုင်တယ်လား။”

ရှီခုန်းက ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။

“ယေဘုယျအားဖြင့်ပြောရရင် အရင်တာဝန်ရှိသူက အမွေဆက်ခံသူတစ်ဦးကို ရွေးချယ်ပြီး သူတို့ရဲ့အချိန်မကုန်ဆုံးခင်မှာ လေ့ကျင့်ပေးကြတယ်။”

“ဒါဆို ဘာလို့ လူနည်းနည်းလောက်ပိုပြီး မလေ့ကျင့်ပေးတာလဲ။”

ရှောင်းယီက စူးစမ်းစွာ မေးလိုက်သည်။

“ဘာကြောင့်လဲဆိုတော့ ရုပ်ခန္ဓာမှာ အာကာသနဲ့သဟဇာတဖြစ်မှုရှိတဲ့သူက အလွန်ရှားပါးပြီး ဉာဏ်အလင်းပွင့်အောင်လုပ်ပေးရတာကလည်း အရင်တာဝန်ရှိသူရဲ့ စွမ်းအင်အမြောက်အမြားကို သုံးစွဲရလို့ပါ။ ဒါပေမယ့် ဒီစွမ်းအင်တွေကို သုံးစွဲဖို့အတွက် ကျုပ်ဆန္ဒရှိပါတယ်။”

ရှီခုန်းက ပြန်ဖြေလိုက်သည်။

ရှီခုန်းသည် အရက်ကို အသက်ထက်ပို၍ နှစ်သက်ပုံရသည်။

ရှောင်းယီသည် ဘီယာအချို့သာ ထုတ်ယူရသေးသော်လည်း သူ့ကိုလုံးဝသိမ်းပိုက်လိုက်နိုင်ပြီဖြစ်သည်။

“ကောင်းပြီ။ ကျုပ်နားလည်ပြီ။ အချိန်ယူပြီးလုပ်ပါ။ ကျုပ်ရဲ့ကျွန်းမှာ ဒီထက်ပိုကောင်းတဲ့အရက်တွေ ရှိသေးတယ်။ အချိန်ရတဲ့အခါ မြည်းစမ်းကြည့်ပေါ့။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ဒီထက်ပိုကောင်းတဲ့အရက်တွေ ရှိသေးတာလား။”

ရှီခုန်း၏မျက်လုံးများ ချက်ချင်းပင် တောက်ပသွားခဲ့သည်။

“တည်နေရာကူးပြောင်းခြင်းအစီအရင်ကို ယာယီပိတ်ထားတယ်ဆိုတော့ ကျုပ် အခုသွားကြည့်လို့ရမလား။”

All Chapters