← Chapters

ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပတဲ့ မျက်နှာလေးပဲ...

Vol. 16 Ch. 211

ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပတဲ့ မျက်နှာလေးပဲ...

Vol. 16 Ch. 211

ထိုနက်မှောင်ဟူသော အသံကို မည်သူမှ မကြားလိုက်ရပေ။ ထိုအသံကိုကြားလိုက်ချိန်တွင် ခဏတာအံ့သြသွားခဲ့ရသည့် စုမင်အပြင် ဤဧရိယာတစ်ဝိုက်ရှိလူများထဲတွင် ထျန်းရှဲ့ကျီတစ်ဦးတည်းသည်သာ ထိုအသံကိုကြားလိုက်ရလေသည်။ အခြားသူများ၏စွမ်းအားသည် ထိုအသံကိုကြားနိုင်လောက်သည်အထိ မမြင့်မားကြပေ။

သူတို့သည် ထိုအသံကိုမကြားနိုင်သော်လည်း  လက်ငါးချောင်းပုံစံတောင်ကြီးထံမှ မယုံနိုင်ဖွယ်အစွမ်းထက်သော အရှိန်အဝါကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး လူများအားလုံးကိုဖိနှိပ်နေသည့် ကြီးမားသောဖိအားကြီးတစ်ခုက ပျံ့နှံ့လာခဲ့သည်ကိုတော့ ခံစားလိုက်ကြရသည်။

ထိုဖိအားသည် အစောပိုင်းက ပုချန့်တောင်ပေါ်သို့ ကျရောက်ခဲ့သည့်ဖိအားထက် အဆပေါင်းများစွာ ပိုမိုသန်မာနေခဲ့သည်။ ထိုဖိအားနှင့်ရင်ဆိုင်လိုက်ရချိန်တွင် အရောင်စုံရေကန်မျိုးနွယ်စုမှ ပုံရိပ်ခုနစ်မျိုးလှုပ်ရှားမှု၏ မာန်အမှတ်အသားများသည် လက်ငါးချောင်းပုံစံ နက်မှောက်တောင်ကြီးနှင့် ဆူညံစွာတိုက်မိသွားခဲ့သည်။

အရပ်မျက်နှာအနှံ့သို့ ပေါက်ကွဲသံများ ပျံ့နှံ့သွားခဲ့ပြီး ကလေးငယ်သည် တုန်ယင်သွားခဲ့သည်။ သူ့လက်များထဲမှ ငါးမျှားတံသည်လည်း ချက်ချင်းပြုတ်ကျသွားခဲ့ပြီး သူသည်လည်း လေမုန်တိုင်းတစ်ခုဖြင့် ရိုက်ခတ်ခံလိုက်ရသကဲ့သို့ ဘေးဘက်သို့လွင့်ထွက်သွားကာ အစအနပင်မကျန် ပျောက်ကွယ်သွားတော့သည်။

လက်ငါးချောင်းပုံစံတောင်ကြီးနှင့် တိုက်မိသွားချိန်တွင် မြွေနဂါးအသွင်သို့ပြောင်းလဲထားခဲ့သည့် ရွှေငါးသည်လည်း စူးရှစွာအော်မြည်လိုက်သည်။ ၎င်း၏ခန္ဓာကိုယ်သည် တစ်လက်မချင်း အက်ကွဲလာခဲ့ပြီး အဆုံးတွင်လုံးဝပြိုကွဲပျက်စီးသွားခဲ့ချေသည်။

စုမင်ကို ဖြစ်ညှစ်သတ်ရန်ရှေ့သို့တိုးလာနေခဲ့သည့် မြစ်ကြီးထံမှ အလွှာများသည်လည်း ဆူပွက်လာခဲ့ပြီး အဖြူရောင်မြူများအဖြစ်ပြောင်းလဲကာ အရပ်မျက်နှာအနှံ့ လွင့်ပါးပျောက်ကွယ်သွားခဲ့ကြသည်။ ဘူးသီးခြောက်ကြီးတွင်လည်း  အက်ကြောင်းများစွာဖြစ်ပေါ်လာခဲ့ပြီး ကျယ်လောင်သောပေါက်ကွဲသံတစ်ချက်နှင့်အတူ မရေမတွက်နိုင်သော အပိုင်းအစများအဖြစ် ်ပြောင်းလဲသွားခဲ့ပြီး သဲလွန်စပင်မကျန် ပျောက်ကွယ်သွားခဲ့ရလေသည်။

နောက်ဆုံးတွင် ဖီးနစ်ငှက်အသွင်ပြောင်းလဲသွားခဲ့သည့် မိန်းကလေးသည်ပင် လက်ငါးချောင်းပုံစံ ံနက်မှောင်တောင်ဆီမှ ထွက်ပေါ်လာသောဖိအားကို တောင့်မခံနိုင်ဟန်ဖြင့် အေးခဲသွားခဲ့သည်။ ထို့နောက် နောက်တစ်ကြိမ်တွန့်လိမ်သွားခဲ့ပြီး အနက်ရောင်မြူခိုးအစုအဝေးတစ်ခုအဖြစ် ပြောင်းလဲသွားကာ လေထဲတွင် ပြန့်ကျဲပျောက်ကွယ်သွားတော့သည်။

နက်မှောင်တောင်ပေါ်လာချိန်မှာပင် အရောင်စုံရေကန်မျိုးနွယ်စုမှ မာန်ပုံရိပ်ယောင်ကြီးသည် လုံးဝပျက်စီးသွားခဲ့ရလေသည်။ ကောင်းကင်မှ ထူးဆန်းသောမြင်ကွင်းများသည်လည်း ပျောက်ကွယ်သွားခဲ့ပြီး သာမန်ပြန်ဖြစ်သွားခဲ့သည်။ လက်ငါးချောင်းပုံစံ နက်မှောင်တောင်ကြီးသည်သာ ကောင်းကင်တွင်ကျန်ရစ်ခဲ့ပြီး မြင်ရသူတိုင်းကို စိတ်ဝိညာဉ်အတွင်းမှပင် ကြောက်ရွံ့သွားစေပြီး ဦးညွှတ်ကိုးကွယ်လိုစိတ်များ ဖြစ်ပေါ်နေခဲ့စေ၏။

ယန်လွမ်၏ပါးစပ်ထောင့်မှ သွေးများစီးကျလာခဲ့ပြီး ဖြူရော်နေသည့်မျက်နှာလေးဖြင့် သူမသည် လျင်မြန်စွာနောက်ပြန်ဆုတ်လိုက်မိသည်။ စုမင်ပတ်လည်မှ ရုပ်နယ်လွန်မာန်စွမ်းအားရှင် ခြောက်ဦးသည်လည်း အလားတူ သနားစဖွယ်အခြေအနေမျိုးတွင် ကျရောက်လျက်ရှိကြသည်။ လွတ်မြောက်လာခဲ့သော သူတို့မျက်နှာများပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နေခဲ့လေသည်။

အဆုံးထိအောင်ပင် စုမင်သည် တိုက်ခိုက်ရန် မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပဲ ခုခံကာကွယ်ရုံသာပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လူအုပ်သည် နောက်သို့ဆုတ်ခွာသွားချိန်မှာပင် သူ့မျက်လုံးများထဲတွင် အေးစက်သည့်အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

စုမင် ရှေ့သို့ခြေတစ်လှမ်းလှမ်းလိုက်သည်။ သူ၏ထူးခြားချက်မှာ အစတည်းကပင် အမြန်နှုန်းဖြစ်ပြီး ယခုသူ ရုပ်နယ်လွန်ခဲ့ပြီးသဖြင့် သူ့အမြန်နှုန်းသည် အဆပေါင်းများစွာ ပိုမိုတိုးတက်လာခဲ့ပြီဖြစ်သည်။ သူသည် ကောင်းကင်တွင်ဖြစ်နေခဲ့သော်လည်း လှုပ်ရှားမှုတစ်ခုတည်းနှင့်ပင် အလင်းတန်းတစ်ခုအသွင် ပြောင်းလဲသွားခဲ့ပြီး ရုပ်နယ်လွန်မာန်စွမ်းအားရှင် ်ခြောက်ဦးထဲမှ တစ်ဦးထံသို့ တိုးဝင်သွားခဲ့ချေသည်။

ထိုလူသည် အဘိုးအိုတစ်ဦးဖြစ်ပြီး ပြန်ဆုတ်ခွာနေသည့်သူ၏မျက်နှာတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ရှိနေခဲ့သည်။ သူလှမ်းကြည့်လိုက်ချိန်တွင် စုမင်သည် သူနှင့်အလွန်ဝေးကွာသောနေရာတွင် ရှိနေသေးသော်လည်း ခဏအကြာမှာပင် အန္တရာယ်ရှိသည်ဟူသော အသိက သူ့တစ်ကိုယ်လုံးတွင် ပြည့်နှက်သွားခဲ့သည်။ သို့သော် သူပြန်လည်မတုံ့ပြန်နိုင်မီမှာပင် သူ့မျက်ခုံးများအလယ်သို့ အေးစက်သောလက်ချောင်းထိပ်တစ်ခုက ကျရောက်လာခဲ့သည်။

မြည်ဟည်းသံတစ်ခုနှင့်အတူ အဘိုးအိုသည် ပါးစပ်အပြည့်သွေးတို့ အန်ထုတ်လိုက်ရပြီး အပြင်းအထန်ဒဏ်ရာရသွားပြီး နောက်သို့ယိမ်းယိုင်သွားရချေသည်။

စုမင် သူ့ကိုမသတ်ခဲ့ခြင်းကြောင့်သာ မဟုတ်လျှင် သူသေချာပေါက် ဆုံးသွားခဲ့လိမ့်မည်ပင်ဖြစ်သည်။

စုမင် သူ့လက်ချောင်းကို သူပြန်ရုတ်လိုက်ပြီး နောက်ထပ်ခြေတစ်လှမ်းထပ်လှမ်းလိုက်သည်။

သူရှေ့သို့ပြေးလွှားသွားခဲ့ပြီး သူ့အရိပ်တစ်ခုပေါ်လာသည့်အချိန်မှာပင် အဝေးမှ သက်လတ်ပိုင်းအရွယ်အမျိုးသမီးထံမှလည်း အော်ဟအော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူမ၏မျက်ခုံးများအလယ်တွင် သွေးစွန်းနေသောအမှတ်အသားတစ်ခု ကျန်ရှိနေခဲ့ချေသည်။

ယန်လွမ်တစ်ယောက် ထိတ်လန့်တုန်လှုပ်သွားမိပြီး သူမ၏ဆုံးဖြတ်ချက်အတွက် စတင်နောင်တရလာမိ၏။ စုမင်သည် ဤမျှအစွမ်းထက်နေလိမ့်မည်ဟု သူမလုံးဝထင်မထားခဲ့မိပေ။ ထိုလူ၏ခွန်အားသည် သူ့ကျင့်ကြံဆင့်မှ ထွက်ပေါ်လာရုံတင်မကပဲ သူမ မယုံကြည်နိုင်ဖြစ်နေမိသည့်  သူ၏တောင်တန်းအမှတ်အသားထံမှလည်း ထွက်ပေါ်လာနေခြင်းဖြစ်သည်။

သူမအမြင်တွင် ၎င်းသည် သာမန်တောင်တန်းအမှတ်အသား တစ်ခုသာလျှင်ဖြစ်သည်။ ထို့ကြောင့် ၎င်းတွင် ယခုလိုထိတ်လန့်တုန်လှုပ်ဖွယ်စွမ်းအားမျိုး မည်သို့ရှိနေရသနည်း။

သူမနားထဲသို့ အခြားနားကျင်စွာအော်ဟစ်သံတစ်ခု ထပ်မံဝင်ရောက်လာခဲ့ပြန်သည်။ ထိုအသံသည် ထွက်ပြေးနေသော အရောင်စုံရေကန်မျိုးနွယ်စု၏ အခြားရုပ်နယ်လွန်မာန်စွမ်းအားရှင်တစ်ဦး၏ မျက်ခုံးများအလယ်သို့ စုမင်လက်ချောင်းဖြင့် ထိကပ်လိုက်ချိန်တွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ယန်လွမ် တွန့်ဆုတ်စွာနောက်ဆုတ်လိုက်မိသည်။ သို့သော်သူမခပ်ဝေးဝေးမရောက်သေးခင်မှာပင် အခြားနာကျင်စွာအော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။ သူမနှလုံးသားက တုန်လှုပ်သွားခဲ့ရပြီး ဤအချိန်သည် မည်သို့မှတုန့်ဆိုင်းနေသင့်သော အခိုက်အတန့်မဟုတ်မှန်း သူမသိလိုက်မိသည်။ ထိုအော်ဟစ်သံထွက်ပေါ်လာချိန်မှာပင် ယန်လွမ်သည် သူမ၏လျှာကိုကိုက်လိုက်ပြီး ပါးစပ်အပြည့်သွေးတို့ကို ထွေးထုတ်လိုက်သည်။

ထို့နောက် သူမလက်တို့ကို ရှေ့သို့ မြှောက်လိုက်သည်။

“အရောင်စုံရေကန် မာန်နတ်ဘုရားရုပ်တု၊ ကျေးဇူးပြုပြီး ရှေ့ထွက်လာပေးပါ”

ယန်လွမ်၏အသံတွင် ပြတ်သားမှုတစ်ခု ရှိနေခဲ့သည်။ ထိုအချိန်တွင် သူမမျက်နှာသည် အသက်ရှူမှားလောက်ဖွယ် လှပနေဆဲပင်ဖြစ်သော်လည်း သူမမျက်နှာအရောင်သည်တော့ ပြောင်းလဲသွားခဲ့ပြီးဖြစ်သည်။

သူမအော်ဟစ်လိုက်ချိန်တွင် မြည်ဟည်းသံကြီးတစ်ခုနှင့်အတူ အရောင်စုံရေကန်တောင် တစ်ခုလုံး အပြင်းအထန် တုန်ခါလာခဲ့သည်။

နေရာအနှံ့မှ အနီရောင်မြူများထွက်ပေါ်လာခဲ့ပြီး ဧရာမမျက်နှာကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ကြသည်။ အမျိုးသမီးတစ်ယောက်၏ မျက်နှာကြီးပင်ဖြစ်သည်။

အရောင်စုံရေကန်မျိုးနွယ်စု၏ မာန်နတ်ဘုရားရုပ်တုပေါ်လာသည်နှင့် တစ်ချိန်တည်းမှာပင် စုမင်သည်လည်း နောက်ဆုံးလူအား ဒဏ်ရာရသွားစေပြီး ထိုသူ၏မျက်ခုံးများအလယ်တွင် သွေးအမှတ်အသားတစ်ခုကို ချန်ထားလိုက်ပြီးဖြစ်သည်။

ထို့နောက် ယန်လွမ်၏အနောက်ဘက်မှ ဧရာမမျက်နှာကြီးကို စုမင်လှည့်ကြည့်လိုက်ပြီး  သူမထံ လျှောက်သွားလိုက်သည်။

ထိုအချိန်တွင် အရောင်စုံရေကန်မျိုးနွယ်စုရှိ အေးခဲကောင်းကင်ကလန်မှ အမျိုးသားနှင့်အမျိုးသမီးတို့၏ မျက်နှာများမှအမူအယာများသည်တော့ အပြင်းအထန်ပြောင်းလဲနေခဲ့ကြချေသည်။ သူတို့သည် စုမင်ကိုငေးကြည့်နေရင်း တည်ငြိမ်နေစေရန်ခက်ခက်ခဲခဲ ကြိုးစားနေခဲ့ကြသော်လည်း သူတို့နှလုံးသားထဲတွင် မုန်တိုင်းထန်နေခဲ့ပြီဖြစ်သည်။

“အဲဒီ အမှတ်အသားက ဘာလဲ”

“ကြည့်ရတာတော့ အဲဒါက တောင်တန်းအမှတ်အသားပဲ။ ဒါပေမဲ့ တောင်တန်းအမှတ်အသားတွေက ကမ္ဘာလောကမာန်အမှတ်အသား အမျိုးအစားတွေက ရိုးရှင်းတဲ့အမျိုးအစားတစ်ခုပဲ။ အဲဒါမှာ အခုလိုမယုံနိုင်လောက်တဲ့ စွမ်းအားမျိုး ရှိနေစရာအကြောင်းမရှိဘူး”

ပုချန့်တောင်ပေါ်တွင် အကြီးအကဲနှင့် ပိန်သွားသောအမျိုးသားတို့သည် တစ်ဦးကိုတစ်ဦးကြည့်လိုက်မိပြီး အသက်ပြင်းပြင်းရှူရှိုက်လိုက်မိကြသည်။ သူတို့မျက်နှာများတွင် ထိတ်လန့်တုန်လှုပ်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ကံကောင်းသည်ဟု ရုတ်ခြည်းခံစားလိုက်ကြရသည်။ ယခင်က သူတို့နှင့်တိုက်ခိုက်ချိန်တွင် တောင်တန်းအမှတ်အသားအပြည့်အစုံကိုသာ စုမင်သုံးခဲ့လျှင် သူတို့... ထိုအရာကို သေချာပေါက် ခုခံနိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

“နက်မှောင်... အဲဒီဟာရဲ့ နာမည်က နက်မှောင်တဲ့လား..” ပုချန့်မျိုးနွယ်စု အကြီးအကဲက ခပ်တိုးတိုးရေရွတ်လိုက်မိသည်။

ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုသည်သာ ဆက်လက်တိတ်ဆိတ်နေဆဲဖြစ်သည်။ သူတို့သည် ထိုအရာကို ပထမတည်းကပင် ခန့်မှန်းထားခဲ့ပြီးဖြစ်ဟန်ဖြင့် ထိုနေရာမှ အံ့အားသင့်အော်ဟစ်သံ တစ်ခုတစ်လေလေးပင် ထွက်ပေါ်လာခဲ့ခြင်း မရှိပေ။

ထိုအစား ဟန်တောင်တန်းမြို့တော်ထဲတွင်တော့ အံ့အားသင့်စွာအော်ဟစ်သံများဖြင့် ဆူညံနေခဲ့သည်။ ဖြစ်ပျက်နေသောအရာများကို မြင်တွေ့နေရသည့် မြို့တော်အတွင်းမှလူများအားလုံးသည် ထိတ်လန့်တုန်လှုပ်စွာ ခံစားနေကြရသည်။ အထူးသဖြင့် တည်းခိုခန်းအတွင်း စုမင်နှင့် အတူတူသောက်ခဲ့ကြသူများပင် ဖြစ်သည်။ သူတို့သည်မယုံနိုင်လောက်ဖွယ် စိတ်လှုပ်ရှားနေမိကြချေသည်။

ထိုစိတ်လှုပ်ရှားနေသော လူအုပ်နှင့်ယှဉ်လျှင် ယန်လွမ်သည်တော့ စုမင်သူမထံလျှောက်လှမ်းလာနေသည်ကို မြင်လိုက်ချိန်တွင် သူမခေါင်းထဲတွင် မြည်ဟည်းသံတစ်ခု ကျယ်လောင်စွာထွက်ပေါ်လာသည်ဟု ခံစားလိုက်ရလေသည်။ သူမမျက်နှာသည် ဖြူရော်သွားခဲ့ပြီး သွေးရောင်တို့ ကင်းမဲ့သွားခဲ့ရ၏။ သူမသည် အလျင်အမြန်နောက်ဆုတ်နေရင်းဖြင့် အရောင်စုံရေကန်တောင်ပေါ်ရှိ ဧရာမမျက်နှာကြီးကို လက်ဖြင့် ညွှန်ပြလိုက်သည်။

ထိုဧရာမမျက်နှာကြီးသည် မယုံနိုင်လောက်ဖွယ် အမြန်နှုန်းဖြင့် ချက်ချင်းရွေ့လျားလာခဲ့ပြီး ယန်လွမ်၏ခန္ဓာကိုယ်အား ဖြတ်သန်းလျက် စုမင်ထံတိုးဝင်သွားခဲ့သည်။

စုမင်သည် တည်ငြိမ်နေဆဲပင်ဖြစ်သော်လည်း သူ့ခြေလှမ်းများကတော့ ခဏတာရပ်တန့်သွားခဲ့သည်။ သူ့မျက်လုံးထဲတွင် ယန်လွမ်ခန္ဓာကိုယ်ကို ဖြတ်သန်းလာခဲ့သည့် ဧရာမမျက်နှာကြီး၏ မျက်လုံးများကပွင့်လာခဲ့သည်။ သူမက ထိုကဲ့သို့မျက်လုံးများဖွင့်လိုက်သည်နှင့် မျက်နှာကပြောင်းလဲသွားချေသည်။

ဧရာမမျက်နှာကြီးသည် စုမင်နှင့်ရင်းနှီးနေခဲ့ပြီး သူ့စိတ်ဝိညာဉ်ထဲထိပင် စွဲမြဲနေခဲ့သော မျက်နှာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုမျက်နှာသည်တော့ အရိုင်းဆန်ဆန်အလှတရားတို့ဖြင့် ပြည့်နေခဲ့သည့်... ပိုင်လင်း၏ မျက်နှာပင်ဖြစ်သည်။

သက်ပြင်းဖွဖွ ချလိုက်ရင်း ဧရာမမျက်နှာကြီးသူ့အနီး ရောက်လာချိန်မှာပင် နက်မှောင်တောင်သည် စုမင်နောက်တွင် နောက်တစ်ကြိမ်ထပ်မံဖြစ်ပေါ်လာခဲ့ပြီး မြည်ဟည်းသံတစ်ချက်နှင့်အတူ ၎င်းက အမျိုးသမီးမျက်နှာကြီးနှင့် တိုက်မိသွားခဲ့သည်။

လှိုင်းဂယက်အလွှာများ ပျံ့နှံ့သွားခဲ့ပြီး အမျိုးသမီးမျက်နှာနှင့်အတူ စုမင်၏တောင်တန်းအမှတ်အသားသည်လည်း ပျောက်ကွယ်သွားတော့သည်။

လှိုင်းဂယက်ငယ်များကြားမှပင် စုမင်ရှေ့ဆက်လျှောက်လာခဲ့သည်။ ပြတ်သားသောအမူအယာဖြင့် ယန်လွမ်ထံ ဆက်လက်လျှောက်လှမ်းသွားလိုက်သည်။

“မင်း ရှုံးပြီ” ယန်လွမ်က နောက်သို့ဆုတ်ခွာနေရင်းမှ အော်ဟစ်သည်။ “စည်းမျဉ်းတွေအရ မင်းက ရုပ်နယ်လွန်မာန်စွမ်းအားရှင်တွေကို တစ်ကွက်ပဲတိုက်ခွင့်ရှိတာ။ အခုလေးတင် မင်းလှုပ်ရှားမှုတစ်ခု လုပ်လိုက်တာဆိုတော့  ထပ်တိုက်တာနဲ့ မင်းရှုံးပြီ”

အရောင်စုံရေကန်တောင်ပေါ်သို့ ယန်လွမ်ဆင်းသက်လိုက်သည်။ ထိုသို့ဆင်းသက်လိုက်ချိန်မှာပင် သူမပါးစပ်ထောင့်စွန်းမှ သွေးများစီးကျလာခဲ့ပြီး စုမင်အားလှမ်းကြည့်နေသည့် သူမမျက်လုံးများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများ ရှိနေခဲ့သည်။ သူမထိတ်လန့်နေသည်ဆိုသော်လည်း

လွတ်မြောက်လာခဲ့ခြင်းကြောင့် သူမစိတ်အတွင်း၌ ဂုဏ်ယူမှုများရှိနေခဲ့လေသည်။

“မင်းတိုက်ရင်လည်း ရှုံးမယ်။ မတိုက်ရင်လည်း ရှုံးမှာပဲ။ ဘာလို့လဲဆိုတော့ ငါ၊ ယန်လွမ်က မရှုံးနိမ့်ခဲ့လို့ပဲ”

ယန်လွမ်သည် အရောင်စုံရေကန်တောင်ပေါ်တွင် ရပ်နေရင်းမှ အသက်မြန်မြန်ရှူရှိုက်လိုက်သည်။ သူမနှင့် သိပ်မဝေးသောနေရာတွင် အေးခဲကောင်းကင်ကလန်မှ အမျိုးသားနှင့် အမျိုးသမီးတို့သည် ဟန်ဖေးကျစ်နှင့်အတူ ရပ်နေခဲ့ကြသည်။

စုမင်က ရှေ့ဆက်လျှောက်လာခဲ့ပြီး အရောင်စုံရေကန်တောင်ပေါ်သို့ ဆင်းသက်လာသည်။ သူ ယခင်က တစ်ခါမှဖြတ်သန်းရောက်ရှိဖူးခြင်း မရှိသော ထိုနေရာသို့ ခြေချလိုက်မိစဉ်မှာပင် အရောင်စုံရေကန်တောင်တစ်ခုလုံးက သုသာန်တစပြင်သဖွယ် တိတ်ကျသွားခဲ့သည်။

စုမင်ကိုယ်ပေါ်တွင်သာ အကြည့်များအားလုံး စုရုံးကျရောက်နေခဲ့သလို ဟန်ဖေးကျစ်ကလည်း သူ့အား ငေးမောကြည့်နေခဲ့သည်။ သူ့ဘေးရှိ အေးခဲကောင်းကင်ကလန်မှ အမျိုးသားနှင့် အမျိုးသမီးတို့သည်လည်း အလားတူအပြုအမူမျိုး လုပ်ဆောင်နေခဲ့ကြသည်။

ယန်လွမ်သည်လည်း အလားတူပင်ဖြစ်သည်။

ယန်လွမ်နှင့် သူမ၏ချောမောသော မျက်နှာလေးကို စုမင်လှမ်းကြည့်လိုက်သည်။ ဟန်တောင်တန်းဘိုးဘေး၏ သီးသန့်နယ်မြေထဲ၌ သူနှင့် ဤအမျိုးသမီးတို့ တစ်ကြိမ်တိုက်ခိုက်ခဲ့ဖူးသည်ကို စုမင်သတိရမိနေဆဲဖြစ်သည်။

ယန်လွမ်၏စကားလုံးများကို စုမင် ပြန်လည်ဖြေရှင်း တုန့်ပြန်ခြင်းမပြုပဲ အေးအေးဆေးဆေးသာ ရှေ့ဆက်လျှောက်သွားလိုက်သည်။

ယန်လွမ်တစ်ယောက် ဘာကြောင့်မှန်းမသိသော်လည်း စုမင်သူမထံ လျှောက်လှမ်းလာချိန်တွင် သူ့အပေါ်သို့ လေးစားမှုများတိုးပွားလာသည်ဟု သူမခံစားလိုက်ရ၏။ အကြီးအကဲရှေ့တွင် သူမရှိနေချိန်တိုင်းတွင် ဖြစ်ပေါ်လာသည့် လေးစားမှုမျိုးပင်ဖြစ်သည်။ ဤအရာက သူတို့စွမ်းအားများနှင့်မသက်ဆိုင်ပေ။ ဖော်ပြ၍မရနိုင်သော ခံစားမှုတစ်မျိုးပင်ဖြစ်သည်။ သူမ နောက်ဘက်သို့အလိုအလျောက်ဆုတ်လိုက်မိသဖြင့်

အံကြိတ်လိုက်ရင်း ဆက်မဆုတ်တော့ရန် သူမကိုယ်သူမ ဖိအားပေးလိုက်ရ၏။ သို့သော် သူမမျက်လုံးများထဲတွင် နှစ်လိုချင်ခင်ဖွယ်အမူအယာတစ်ခု ဖြစ်ပေါ်လာခဲ့ပြီး အေးခဲကောင်းကင်ကလန်မှ အမျိုးသားကို တစ်ချက်လှမ်းကြည့်လိုက်မိသည်။

ယန်လွမ်ထံသို့ စုမင်လျှောက်သွားနေချိန်တွင် အေးခဲကောင်းကင်ကလန်မှ အမျိုးသားသည် ရှေ့သို့ခြေတစ်လှမ်းခန့်တိုးထွက်လာခဲ့ပြီး သူ့အား အေးစက်စက်အသံဖြင့် အော်ဟစ်လာခဲ့သည်။ “မင်း ရှုံးပြီ။ အေးခဲကောင်းကင်ကလန် ဝင်ခွင့်ကိုရဖို့ မင်းရှုံးနိမ့်ခဲ့တယ်။ အခုချက်ချင်း နောက်ပြန်ဆုတ်လိုက်”

ထိုလူနှင့်ပက်သက်ပြီး စုမင်စိတ်ရှုပ်ခံမနေဘဲ ယန်လွမ်ရှေ့တည့်တည့်သို့ ရောက်သည်အထိ ချဉ်းကပ်သွားခဲ့သည်။ သူ့ရှေ့မှ ဖြူဖျော့နေသော မျက်နှာလေးကို စိုက်ကြည့်လိုက်ချိန်တွင် ယန်လွမ်ကလည်းသူ့ကို ပြန်လည်ငေးကြည့်လာသည်။ သူမမျက်လုံးများထဲတွင် နူးညံ့သိမ်မွေ့မှုတစ်ခုရှိနေခဲ့ပြီး ထိုအရာလေးက အခြားသူများအနေဖြင့် သူမကို သနားသွားစေရန် ပြုလုပ်ပေးနေလေသည်။

“မင်း ဘယ်လိုတောင် အတင့်ရဲတာလဲ”

အေးခဲကောင်းကင်ကလန်မှ အမျိုးသား၏ မျက်လုံးများထဲတွင် အေးစက်စက်အကြည့်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ သူ့ခြေထောက်ကိုမြှောက်လိုက်ရင်း ထိုနေရာသို့လျှောက်သွားတော့မည့်အချိန်မှာပင် စုမင်က သူ့အား အေးစက်စွာလှည့်ကြည့်လာခဲ့သည်။

“မင်း အရမ်းစကားများတာပဲ”

အမျိုးသား၏ခြေထောက်တို့ တုန်ယင်သွားပြီး သူ့ခေါင်းထဲတွင် သတိပေးသံအကျယ်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ သူ့အတွက် စုမင်အကြည့်သည် ချွန်ထက်သောမြားများ ကဲ့သို့ သူ့မျက်လုံးများကို ထွင်းဖောက်လျက် စိတ်နှလုံးထဲအထိပင် ရောက်ရှိသွားပြီး သူ့ဆန္ဒတို့ကို ဖျက်ဆီးပစ်လိုက်နိူင်သည့် စကားလုံးလေးလုံးအသွင် ပြောင်းလဲသွားခဲ့သည်။ ထို့ပြင် သူ့အား ထိတ်လန့်တုန်လှုပ်သွားစေပြီး တွေဝေမိန်းမောနေမှုမှ လွတ်မြောက်သွားစေခဲ့သည်။

ယန်လွမ် တုန်လှုပ်သွားမိသည်။ သူမ အသက်ပြင်းပြင်းရှူလိုက်ပြီး တည်ငြိမ်နေရန် ကြိုးစားလိုက်သော်လည်း သူမရှေ့မှယောကျ်ားသည် တောင်တစ်လုံးသဖွယ် ဖြစ်နေခဲ့ပြီး အနီးသို့ရောက်လာချိန်တွင် သူမအသက်ရှူကျပ်သကဲ့သို့ ခံစားနေရ၏။

“ရင်သပ်ရှုမောဖွယ်ကောင်းအောင် လှပတဲ့မျက်နှာလေးပဲ...” စုမင် ယန်လွမ်ကိုကြည့်လိုက်ပြီး ခဏအကြာ၌ နူးညံ့စွာခပ်တိုးတိုး ပြောလိုက်သည်။ ထို့နောက် ညာလက်ကိုမြှောက်လိုက်ပြီး ယန်လွမ်မျက်နှာကို ညင်ညင်သာသာ တယုတယပွတ်သပ်လိုက်သည်။

“မင်း တစ်ကယ် အရှုံးမပေးချင်တာလား” စုမင် နူးညံ့စွာမေးလိုက်ရင်း သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ တံဆိပ်ခတ်နှိပ်ခြင်းပညာရပ်များက သူ့လက်မှတစ်ဆင့် ယန်လွမ်ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။

ယန်လွမ် အပြင်းအထန်တုန်လှုပ် ချောက်ချားသွားရသည်။ ထိုတုန်လှုပ်မှုသည် သူမခန္ဓာကိုယ်ကြောင့်မဟုတ်ပဲ သူမနှလုံးသားကြောင့်ဖြစ်သည်။ သူမမျက်လုံးများထဲတွင် မိန်းမောတွေဝေမှုတစ်ခု ဖြစ်ပေါ်လာသည်။ ထိုမိန်းမောတွေဝေသော အမူအယာမျိုး သူမထံတွင် ဖြစ်ပေါ်လာခြင်းသည် အလွန်အမင်းရှားပါးလှသည့်အရာ ဖြစ်ပြီး ယောကျ်ားတစ်ယောက်ကြောင့် ဖြစ်ပေါ်လာသည့် စိတ်ရှုပ်ထွေးမှုမျိုးဆိုလျှင် သူမ တစ်ခါမှပင်မကြုံခဲ့ဖူးပေ။

သူမထံတွင် ဖော်ပြမရနိုင်သော ခံစားမှုတစ်မျိုး ဖြစ်ပေါ်လာခဲ့ပြီး ထိုခံစားမှုက သူမအား ငြင်းပယ်ခွင့်မပြုပဲ ဖိအားပေးနေချေသည်။

“ငါ... အရှုံးပေးတယ်... ငါ့ကို... သွားခွင့်ပြုပါ...”

ယန်လွမ် သူမနှုတ်ခမ်းကိုပြန်ကိုက်လိုက်ရင်း သူမမျက်လုံးများထဲ၌ စိတ်ရှုပ်ထွေးမှုအချို့ ဖြစ်ပေါ်လာခဲ့သည်။ ထိုစိတ်ရှုပ်ထွေးမှုများထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများလည်း ပါဝင် ကြီးထွားလာခဲ့လေသည်။

စုမင် ယန်လွမ်ကို စိုက်ကြည့်လိုက်ပြီး ခဏအကြာ၌ အကြည့်ပြန်လွှဲလိုက်သည်။ ထို့နောက် သူ့ကိုယ်ကိုလှည့်ပြီး အေးခဲကောင်းကင်ကလန်မှ အမျိုးသားနှင့် အမျိုးသမီးတို့ကို လှမ်းကြည့်လိုက်သည်။

“မင်းတို့နှစ်ယောက်ကလွဲလို့ ဒီနေရာမှာရှိတဲ့ ရုပ်နယ်လွန်မာန်စွမ်းအားရှင်တွေအကုန် အရှုံးပေးသွားပြီ။ စိန်ခေါ်ရမယ့်အထဲမှာ မင်းတို့ရောပါလား” စုမင် တည်ငြိမ်စွာမေးလိုက်သည်။

စုမင်အကြည့်အောက်တွင် အမျိုးသား၏မျက်နှာက ဖြူရော်သွားခဲ့သည်။ သူက တစ်စုံတစ်ရာပြောလိုဟန်မျိုး ဖြစ်ပေါ်လာခဲ့သော်လည်း ဘာမှတော့ ပြန်မပြောလာပေ။

“ဆရာ၊ မင်းက အရမ်းစွမ်းအားကြီးတယ်။ ငါတို့က မင်းအတွက် ပြိုင်ဘက်မဟုတ်ပါဘူး။ မင်းက အေးခဲကောင်းကင်ကလန်ဝင်ခွင့်ကို ရသွားပါပြီ။ ဒါပေမဲ့...” စကားပြန်ပြောလိုက်သူက အေးခဲကောင်းကင်ကလန်မှ အမျိုးသမီးပင်ဖြစ်သည်။

ထိုအမျိုးသမီးက စုမင်ကိုလှမ်းကြည့်ရင်း သူမမျက်လုံးများ ခဏတာကျဉ်းမြောင်းသွားသော်လည်း ထိုအရာကို သတိပြုမိရန်ခဲယဉ်းချေသည်။

“ဒါပေမဲ့ မင်းက ကျောင်းတော်ဝင်ရောက်ခွင့်ကိုပဲ ရသေးတာ။  စစ်ဆေးမှုတွေကို ဆက်ကျော်ဖြတ်ရဦးမယ်”

“စစ်ဆေးမှုတွေက ဘာတွေလဲ” စုမင်က ပြတ်ပြတ်သားသားပင် ပြန်မေးလာသည်။

“ပထမဆုံး စစ်ဆေးမှုက အတိအကျဆိုရင်တော့ စစ်ဆေးမှုတစ်ခု မဟုတ်ဘူး။ ငါတို့က မင်းပုံစံအစစ်အမှန်ကို စစ်ဆေးတာပါပဲ။ အေးခဲကောင်းကင်ကလန်ကို ဝင်နိုင်ဖို့ စည်းမျဉ်းတွေက ပြောင်းသွားပြီ။ ဒီနေရာကို အခုလေးတင် ရောက်လာတဲ့ဘယ်သူ့ကိုမှ ငါတို့ မလက်ခံတော့ဘူး”

“ဒါကြောင့်ပဲ၊ မင်း ပထမဆုံး စစ်ဆေးမှုကို ကျရှုံးသွားပြီ ဆရာ” အမျိုးသမီးက အပြုံးတစ်ခုဖြင့် ညင်သာစွာပြောသည်။ သူမမျက်လုံးများထဲတွင်တော့ မထီမဲ့မြင်ပြုသည့် အရိပ်အမြွက်အချို့ ရှိနေခဲ့သည်။

သူမနောက်တွင် အေးခဲကောင်းကင်ကလန်ရှိသဖြင့် စုမင်ဒေါသထွက်မည်ကို သူမမစိုးရိမ်ပေ။ အေးခဲကောင်းကင်ကလန်၏ တပည့်တစ်ယောက်ကို သူအန္တရာယ်ပြုရဲလျှင် တောင်ပိုင်းအရုဏ်ဦး နယ်မြေ၌ သူ့အတွက် နေစရာနေရာမရှိဖြစ်သွားပေလိမ့်မည်။

“ဆရာ၊ မင်းမှာထူးခြားသာလွန်တဲ့ စွမ်းအားတွေရှိတယ်။ အေးခဲကောင်းကင်ကလန်က တပည့်တွေခေါ်တဲ့အချိန်မှာ မင်းစောစောလာခဲ့သင့်တာ။ မဟုတ်ရင်တော့ မင်းက ဝင်ခွင့်ရရင်တောင် စစ်ဆေးမှုတွေကို ရှုံးနိမ့်သွားမှာပဲ”

အမျိုးသမီးက အပြုံးဖြင့် ညင်သာစွာဆက်ပြောသည်။

“အရင်တုန်းက ဒီလိုစည်းမျဉ်းမျိုးရှိတယ်လို့ ငါမသိခဲ့မိပါလား”

စုမင် မျက်မှောင်ကြုတ်လျက် အမျိုးသမီးကို လှမ်းကြည့်လိုက်သည်။

“မရှိခဲ့ပါဘူး။ ဒါပေမဲ့ ကျောင်းတော်ဝင်ရောက်ခွင့်အတွက် အခုအချိန်မှာ ငါ့စကားက စည်းမျဉ်းပဲ။ စည်းမျဉ်းတွေကို ငါပြောင်းချင်တယ်ဆိုရင် သူတို့က ပြောင်းလဲရမှာပဲ”

အမျိုးသမီး၏အပြုံးက ဆက်ရှိနေဆဲပင်ဖြစ်ပြီး သူမမျက်နှာပေါ်တွင် မထီမဲ့မြင်ပြုမှုနှင့်အတူ မောက်မာသော အရိပ်အမြွက်တစ်ခုလည်း ဖြစ်ပေါ်လာခဲ့သည်။

စုမင် ခဏတာတိတ်ဆိတ်နေခဲ့ပြီး အမျိုးသမီးကို အေးစက်စွာစိုက်ကြည့်လိုက်သည်။

“ဒါဆို မော့စုကရော စစ်ဆေးမှုကို ကျော်ဖြတ်နိုင်မှာလား”

စုမင် ထိုသို့ပြောလိုက်ပြီးသည်နှင့် သူ့ရင်ဘတ်ထဲမှ အနက်ရောင်မျက်နှာဖုံးတစ်ခုကို ထုတ်ကာ မျက်နှာပေါ်တွင် ဝတ်ဆင်လိုက်သဖြင့် ဟန်တောင်တန်းတစ်ခုလုံး ထိတ်လန့်တုန်လှုပ်သွားခဲ့ရလေသည်။

မျက်နှာဖုံးကို ဝတ်ဆင်လိုက်သည်နှင့် စုမင်အရှိန်အဝါတစ်ခုလုံးက ချက်ချင်းပင်ပြောင်းလဲသွားခဲ့သည်။ သူ၏တောင်တစ်လုံးသဖွယ် အရှိန်အဝါသည် ထူးဆန်းသောလေထုတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့ပြင် သူ့ခန္ဓာကိုယ်မှ အနက်ရောင်မြူများ စိမ့်ထွက်လာခဲ့ပြီး ပတ်ဝန်းကျင်ဧရိယာတစ်ခုလုံးကို လွှမ်းခြုံသွားသဖြင့် အရောင်စုံရေကန်မျိုးနွယ်စုကို နက်မှောင်သောလေထုအတွင်း ချက်ချင်းကျရောက်သွားစေခဲ့သည်။

“အချိန်တွေတောင် တော်တော်ကြာသွားပြီနော်၊ ဟန်ဖေးကျစ်”

မျက်နှာဖုံးတပ်လိုက်သည်နှင့် စုမင်အသံကပါ အက်ကွဲကြမ်းရှသောအသံတစ်ခုအဖြစ် ပြောင်းလဲသွားကာ ထိုကြမ်းရှရှအသံက အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားခဲ့သည်။ ၎င်းမှာ မော့စု၏အသံပင်ဖြစ်သည်။

စုမင် မျက်နှာဖုံးကို တပ်ဆင်လိုက်ချိန်တွင် ဟန်ဖေးကျစ်သည် ထိတ်လန့်သွားခဲ့ပြီး စုမင်အား အံ့အားသင့်တုန်လှုပ်စွာ ငေးကြည့်လိုက်မိကာ သူမအသက်ရှူသံတို့ လျင်မြန်လာရသည်။

ယန်လွမ်သည်လည်း အံ့အားသင့်စွာဖြင့် အော်ဟစ်မိလုနီးပါးပင်။ သူမကိုပြန်လွှတ်ပေးရန် တောင်းပန်ခဲ့ရသည့် သူမရှေ့မှယောကျ်ားသည် ဟန်တောင်တန်းဘိုးဘေး၏ သီးသန့်နယ်မြေထဲတွင် သူမနှင့်တွေ့ဆုံခဲ့ပြီး သူမတွဲဖက်အဖြစ် ဖမ်းဆီးခေါ်ဆောင်လိုခဲ့သူ ဖြစ်နေလိမ့်မည်ဟု ယန်လွမ် ထင်မထားခဲ့မိပေ။

“မင်း... မင်း...”

ယန်လွမ်သည် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် အလိုအလျောက်ဆုတ်လိုက်မိပြီး သူမမျက်လုံးများထဲ၌ မယုံကြည်နိုင်မှုများ အထင်းသားပေါ်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် ဟန်တောင်တန်းမြို့တော်တစ်ခုလုံး စိတ်လှုပ်ရှားသွားကြပြီး လေထဲတွင် ရုန်းရင်းဆန်ခတ်အသံများဖြင့် ပဲ့တင်ထပ်သွားခဲ့သည်။ မရေမတွက်နိုင်သော လူများ လိုက်လံရှာဖွေခဲ့ကြပြီး ရုပ်နယ်လွန်မာန်စွမ်းအားရှင်များအားလုံးထဲတွင် အထူးခြားအဆန်းကြယ်ဆုံး မော့စုဆိုသောလူသည် ယခုလိုပုံစံမျိုးဖြင့် သူတို့မျက်စိရှေ့တွင် ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

“ဘုရားသခင်... သူက တစ်ကယ်မော့စုလား”

“ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုက အရှုံးပေးလိုက်တာ မအံ့သြမိတော့ဘူး။ သူက အရင်တုန်းက ငြိမ်းအေးရာ အရှေ့အရပ်မျိုးနွယ်စုရဲ့ ဧည့်သည်ဖြစ်ခဲ့တာကိုး။  သူ... သူက တစ်ကယ်မော့စုပေါ့”

“ဟန်တောင်တန်းလျှို့ဝှက်နယ်မြေထဲမှာ အကုန်လုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး ဘယ်သူမှ သူ့မျက်နှာကို မမြင်ဖူးခဲ့တဲ့ မော့စုဆိုတာ သူလား”

ဟန်တောင်တန်းမြို့တော်တွင် ရပ်နေသော နန်ထျန်းသည်လည်း လုံးဝအံ့အားသင့်နေလေသည်။ သူသည် အရောင်စုံရေကန်တောင်ပေါ်မှ စုမင်ကို ငေးကြည့်နေရင်း မိနစ်အနည်းငယ်ကြာအောင်ပင် စကားမပြောနိုင်ဖြစ်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်တွင် သူ့ကိုယ်သူ ထိတ်လန့်သွားမိစေသော ယူဆချက်တစ်ခုသည် သူ့ထံ၌ ဖြစ်ပေါ်လာခဲ့ခြင်းကြောင့်ပင်...

“ဟန်တောင်တန်းမြို့တော်မှာ ငါ နှစ်ပေါင်းများစွာ နေခဲ့ဖူးတယ်။ ဒီလိုဆိုရင်ရော လုံလောက်ပြီလား”

အေးခဲကောင်းကင်ကလန်မှ အမျိုးသမီးကို စုမင်လှည့်ကြည့်လိုက်သည်။

***

All Chapters